🎶Boy,you got me hooked onto something..,who could say that they saw us coming?
Tell me..., do you feel that love?....
Spend the summer of a lifetime with me,let me take you to the place of your dreams..
Tell me....,do you feel that love?......🎶
ဦးညို အိပ်ယာဝင်ခါနီးကိုယ်လက်သန့်စင်ပြီးနောက် ဖုန်းလာသဖြင့်ကြည့်လိုက်ရာ ပြည်ပမှအဝင်ကောတစ်ခုဖြစ်နေသောကြောင့် အမြန်ကိုင်လိုက်သည်။
"ဟယ်လို မေမေ..."
"သားလေး ...နေကောင်းလားဟင်..."
"ဟုတ်မေမေ...သားနေကောင်းပါတယ်...မေမေရော ဘယ်မှာလဲဟင်..."
"ခုမေမေက ဘန်ကောက်လေဆိပ်မှာ .. မြန်မာနိုင်ငံဘုရားဖူးခရီးစဉ်လာမလို့လေ...အစကတော့ သားလေးဆီအရင်ဝင်မယ်စိတ်ကူးထားတာ ခုက လမ်းကြောင်းပြောင်းသွားလို့..ပုဂံအရင်သွားကြမှာ အာ့ကြောင့် ဒေါက်တာNiပေးလိုက်တဲ့စာအိတ်လေးကို မေမေအရင်ပို့ပေးလိုက်တယ်နော် ...မေမေကတော့ အပြန်မှ သားလေးဆီဝင်ခဲ့မယ်...3,4လလောက်တော့ကြာမယ်ထင်တယ်..."
"ဟုတ်မေမေ ဂရုစိုက်နော်...အပြန်ကြရင် သားဆီ ကြာကြာလေးနေပါဦး...သား မေမေကိုလွမ်းနေလို့...."
"မေမေလည်း သားလေးကိုလွမ်းတယ်...လေယာဉ်ထွက်ခါနီးပြီမို့ ဒါပဲနော် သားလေးဦးညို..."
ခွန်ဝနီဒါဖုန်းကိုချလိုက်ပြီးနောက် လက်ထဲမှ ကျန်နေသေးသည့် ဖိုင်တွဲကိုကြည့်လိုက်သည်။
ဒါ ဒေါက်တာNiမှာလိုက်တဲ့ လူတစ်ယောက်ဆီပို့ပေးရမည့်ဟာပင်။
ထို့နောက် လေဆိပ်ရုံးမှတစ်ဆင့် ထိုဖိုင်တွဲအိတ်လေးကို ပို့ပေးလိုက်သည်။
ဦးညိုလေးဟာကတစ်နေရာ ထိုကောင်လေးစာအိတ်ကတစ်နေရာ နေရာမတူကြပေမယ့်
ဦးတည်ရာရည်ရွယ်ချက်ကတော့ တူသည်ဆိုတာ ဒေါက်တာမပြောလည်း ဝနီဒါသဘောပေါက်သည်။
သူမအနေနှင့်နဲ့တော့ အစစအရာရာအဆင်ပြေပါစေပဲ ဆုတောင်းပေးနိုင်လေသည်။
ဦးညို မေမေလေးပို့လိုက်မည့်စာအိတ်က ဘာပါလိမ့်ဟုတွေးနေမိသည်။
ဒေါက်တာNiက သူ့ကိုဘာတွေများပြောပြချင်လို့လဲ ပြီးတော့ အဲ့စာအိတ်ကို မေမေကလည်း သူ့ဆီအရင်ပို့လိုက်တာလဲ သူတကယ်စဉ်းစားမရ။နောက်၃ရက်လောက်နေရင် ထိုစာအိတ်သူ့ဆီရောက်လာလောက်မည်။
*မဟုတ်မှလွဲရော သူကလေးလေးနှင့်ပတ်သတ်တာတစ်ခုခုများလား....*
ထိုအချက်ကိုစဉ်းစားမိခိုက် ဦးညိုသတိလက်လွှတ်ဖြင့် ဖုန်းတောင်အောက်ပြုတ်ကျသွားရသည်။
*မဖြစ်နိုင်တာ...ဒေါက်တာက အဲ့ဒါနဲ့ပတ်သတ်ရင်တော့ မပြောပြလောက်ပါဘူး....*
ဦးညို တုန်တုန်ယင်ယင်နဲ့ပဲဖုန်းကိုကောက်လိုက်ပြီး ကုတင်ပေါ်အသာလှဲလိုက်သည်။
မနက်ဖြန်မနက် ကိုကိုတို့အိမ်ကိုသွားတွေ့ရမည်ဖြစ်သောကြောင့် သူဘာမှမစဉ်းစားပဲ ဒီနေ့ညကောင်းကောင်းအိပ်ပျော်ဖို့လိုသည်လေ။
******************
4:45AM
"သားကုဋေရေ...ဒီနေ့ ဦးညိုလေးကိုအိမ်ခေါ်လာမှာမလားဟင်...မာမီ..သူကြိုက်လောက်မယ်ထင်တာလေးတွေ ဝယ်ထားတယ် ...မာမီကိုယ်တိုင်ချက်ကျွေးချင်လို့...".
5:15AM
"သားကုဋေရေ...ဦးညိုလေးကို ခုသွားခေါ်တော့လေ...နောက်ကျနေလိမ့်မယ်..."
5:45AM
"မင်းမြတ်ကုဋေဟန်...မင်း ဒီလိုဝီရိယမရှိပုံမျိုးနဲ့ဆို ဦးညိုလေးက စိတ်ကုန်တော့မှာပဲ...သွားခေါ်တော့လို့...ကိုယ်ကအရင်ကြိုရောက်နေမှ အမှတ်ပိုရမှာပေါ့...ဪသူက ငါ့ကို ချစ်လွန်းလို့ ချမ်းအေးနေတာတောင် ဂရုမစိုက်နိုင်ဘူး အစောကြီးလာကြိုတယ် ဘာညာ..ဟက်ထိမှာပေါ့လို့...မင်းနဲ့တော့ ခက်ပါတယ်...."
6:30AM
"မင်းမြတ်ကုဋေဟန်ရေ..."
ထိုစကားများဟာဆိုရင်တော့
ဒေါ်မြခတ်ကုဋေနွယ်ရဲ့ သူ့သမက်လေးလာမည်ဆိုသောကြောင့် မနက်၄နာရီကတည်းက ထပြီး လောစော်နေသောအသံများသာဖြစ်ပါသည်။
ကုဋေ အခန်းထဲမှ အဝတ်လဲရင်းနာရီကြည့်လိုက်တော့၆နာရီခွဲရှိသေး၍ အပြင်မှာတောင်အလင်းရောင်ကောင်းကောင်းအရသေး။
အစောကြီးကတည်းက အောက်ထပ်မှအော်လိုက် အခန်းတံခါးလာခေါက်လိုက်နှင့် သမက်လေးအတွက်တက်ကြွနေသော မာမီဖြစ်သူကြောင့် သားရော သူရော နိုးလာရသည်။
သားကြည့်လိုက်တော့လဲ အိပ်ချင်မူးတူးလေးဖြင့် စောင်ပုံလေးထဲငုတ်တုတ်လေးထိုင်ရင်း ပစ်တိုင်းထောင်လေးသဖွယ် ဟိုယိမ်းဒီယိမ်းဖြင့်ငိုက်နေသည်။
"ဟက်..."ကုဋေ သားကို ကြည့်ရင်းရီလိုက်ပြီး မျက်နှာသစ်ပေးဖို့ပြင်လိုက်သည်။
ထပ်အိပ်စေချင်သေးသော်လည်း အဆိုးလေးက သူ့ထားခဲ့ရင် စိတ်ကောက်နေဦးမည်။
"သား...ဧကလေး..."
"ဂျာ..."
မျက်လုံးမဖွှင့်ပဲ သံရှည်ဆွဲထူးနေသော သားဖြစ်သူကိုကြည့်ရင်း
"ဟက်...ထတော့ မျက်နှာသစ်ရအောင် ..."
"ဧတယေး အိပ်ရို့ဝသေးဝူး..."
"အိပ်လို့မဝသေးဘူး...အဲ့ဒါဆို သားပါးပါးဆီမလိုက်တော့ဘူးလား..."
"ပါးပါးရား...ရိုက်မှာယေ..ထထ တွားမယ်..."
သူ့ပါးပါးဆိုသည်နှင့် မဖွှင့်ချင်သည့်မျက်လုံးများကို အတင်းဖွှင့်ပြီး စောင်ပုံထဲမှ အတင်းထဖို့ပြင်နေသည့် အကောင်ပေါက်လေးပင်။
ကုဋေ အသေးလုံးလေးကို စောင်လုံးလေးလိုက် ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲခေါ်သွားလိုက်သည်။
"အာ့ရို့..အေးရက်ရာ...ခစ်ခစ်..."
မျက်နှာကို ရေနွေးနွေးလေးဖြင့် အသာအယာသစ်ပေးနေခိုက် ထွက်ပေါ်လာသောသားအသံလေးကြောင့်
"အေးလို့လား သားရဲ့..."
"ခစ်ခစ် အေးအေး..."
"ဟက်...သွားလေးတွေစိပါဦး သွားတိုက်ရအောင်...ကျန်းမာတဲ့သွားလေးတွေဖြစ်ဖို့ ဘာလုပ်ရမလဲ..."
"တွားတိုက်ရပါရယ်..."
"သွားမတိုက်ရင် ဘာဖြစ်မှာလဲ..."
"တောင်တောင်ယေးတေ တိုက်ယိမ့်ရယ်..."
"အာ လိမ်မာလိုက်တာ..ဒယ်ဒီ့အသဲတုံးလေးက...ရေလေးနဲ့ပလုပ်ကျင်းလိုက်ပါဦး...ဒီထဲကို သေချာလေးထွေး...."
ကုဋေ စိတ်ရှည်လက်ရှည် မျက်နှာသစ်ပေးပြီးနောက် သားကိုပါ သေချာနွေးနွေးထွေးထွေးလေးဖြစ်စေဖို့ ဝတ်ပေးလိုက်ပြီး သားအဖနှစ်ယောက် အောက်သို့ဆင်းခဲ့လိုက်သည်။
"မင်းမြတ်ကုဋေဟန်ရေ...ခုထိဆင်းမလာသေးဘူးလား..."
ဒေါ်မြခတ် ဇွန်းကြီးကိုကိုင်ရင်း အပေါ်ထပ် တက်အော်ဖို့ပြင်လိုက်ရာ လှေကားမှဆင်းလာသော သားအဖနှစ်ယောက်ကြောင့် ကိုယ်ရှိန်သပ်လိုက်သည်။
"လာပါပြီမာမီရာ...လာပါပြီဗျ..."
"တကယ်ထဲ နေရာတကာ လိုက်ပြောနေရတာပဲ...မပြောလိုက်ချင်ဘူး ..သွား ငါ့သားလေးကိုခေါ်ခဲ့...အဖေရောသားရော အချိန်ကိုဆွဲလွန်းတယ်..."
မဆီမဆိုင် ဧကလေးပါအပြောခံလိုက်ရ၍ မေရီးကို မျက်ဝန်းဝိုင်းကြီးများနှင့်လိုက်ကြည့်လိုက်သည်။
"ဟုတ်ကဲ့ မာမီ..ကိုယ်ခုပဲသွားလိုက်ပါ့မယ်..."
"ဒယ်ဒီ..."
"ဗျာ..."
"မေရီး ချိတ်ချိုးနာရား..."
"အွန်း ဒယ်ဒီနဲ့သားက သူ့သမက်လေးကိုသွားခေါ်ဖို့နောက်ကျနေလို့တဲ့..."
"ဝုတ်ရား...အာ့ချို ညန်ညန်တွားမယ်ယေ..."
"အိုကေဗျာ...."
"အိုထေဂျာ...ခစ်ခစ်..."
ထို့နောက် အသေးလုံးလေးနှင့်အသေးလုံးလေး၏ဒယ်ဒီဖြစ်သူတို့ နောက်ထပ်အသေးလုံးလေးတစ်ယောက်ဆီသို့ထွက်ခဲ့ကြသည်။
*********************
သဇင် စောစောထဘုရားပန်းလဲနေရင်း ဆရာဝန်ပြောလိုက်သည့်ကိစ္စကိုစဉ်းစားနေမိသည်။
အကြာဆုံးတစ်ပတ် အမြန်ဆုံး၃ရက်ကြာမည့်DNAရလာဒ်အတွက် သူအတကယ်ပင်စိတ်မရှည်ချင်ပေ။
ဘယ်လောက်ပဲ သိချင်သိချင် ၃ရက်လောက်အောင့်အီးပြီး သူမစောင့်ရပေဦးမည်။
"ဟာ..မမ စောစောစီးစီးဘုရားပန်းလဲနေတာလား..."
သဇင် ဘယ်လောက်တောင်အတွေးလွန်သွားလဲမသိ အိုးတစ်လုံးထဲကိုပဲထပ်ကာထပ်ကာ တိုက်နေမိပြီး ဦးညိုအသံကြားမှ သတိဝင်လာသည်။
"အော်...အင်း...စောစောနိုးနေလို့ ပန်းတွေလဲချင်လို့လေ..."
"အအေးတွေပတ်ကုန်တော့မှာပဲ မမရယ်...နဲနဲလေးနောက်ကျမှလဲလည်း ရတာပဲကို...ခုတော့ လက်တွေနူးနေပြီ..."
ဦးညို မမသဇင်ရဲ့ လက်ကလေးကို ယူကြည့်ရင်းပြောလိုက်သည်။
မမဟာ အမြဲတမ်းကိုယ့်ကိုကိုယ်ဂရုမစိုက်သောကြောင့် ဦးညိုစိတ်ပူနေရသည်။
အိမ်မှုကိစ္စတွေဆို ဦးညိုကို အိမ်သာဆေးပင်မခံ။တစ်ယောက်ထဲအကုန်သိမ်းကြုံးလုပ်သည်။မေမေလေးရဲ့ကျန်းမာရေးကြောင့် သိပ်လှုပ်လှုပ်ရှားရှားမလုပ်နိုင်၍ အိမ်မှုကိစ္စရော ခြံကိစ္စရော အကုန် သူတစ်ယောက်ထဲလုပ်သည်။
ဦးညို အတင်းယူလုပ်ရင် မျက်ရည်တွေဝဲပြီး လာကြည့်သောကြောင့် ဦးညိုမှာမလုပ်ရဲ။
ဘယ်လောက်ပဲ ဦးညိုအပေါ်အမှားတွေလုပ်ခဲ့မိတယ်ဆိုဦးတော့ ဦးညိုမမကိုနားလည်သည်။ဦးညိုသာ မမနေရာမှာဆိုရင် ထိုကဲ့သို့သော တူညီသည့်အမှားများကို မလုပ်ပါဘူးဟူ၍ ဦးညိုဂတိမပေးနိုင်။
*ဘယ်အချိန်ထိများ ကိုယ့်ကိုကိုယ်အပစ်တင်နေဦးမှာလဲ မမရယ်...*
"ရပါတယ် ဦးညိုလေးရဲ့ မမလုပ်နေကြပါ...စိတ်မပူနဲ့နော်...အစောကြီးထနေတာ... ရုံးပိတ်ရက်လေးကို မအိပ်ဖူးလား...အပြင်သွားစရာရှိလို့လား..."
သဇင် အပြင်သွားဖို့ရာ ပြင်ဆင်ထားသော မောင်ငယ်လေးကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း ပြုံးပြီးပြောလိုက်သည်။
သူမထင်တာမမှားဘူးဆိုလျှင် မင်းမြတ်ကုဋေဟန်နှင့် သွားတွေ့ဖို့ရာဖြစ်လိမ့်မည်။
"အဟီးးးကိုကို့အမေက တွေ့ချင်တယ်ဆိုလို့ဦးညို သွားတွေ့မလို့ပါ..."
"ဟုတ်ပါပြီရှင်...အပြန်နောက်ကျမှာလား..."
"မသိသေးဘူးမမ နောက်ကျမယ်ဆိုရင် ဦးညိုဖုန်းဆက်လိုက်ပါ့မယ်..."
"ကောင်းပါပြီရှင်..."
"ဟုတ် အဲ့ဒါဆို ဦးညိုသွားပြီနော်..ကိုကိုရောက်တော့မယ်ပြောလို့..."
"တက်ကြွနေတာပါပဲနော်...."
သဇင် ပြုံးရင်းပြောနေသည့်မောင်ငယ်လေးကိုကြည့်ရင်း ပြုံးပြီးပြောလိုက်သည်။
ဒီအပြုံးလေးတွေ အမြဲတမ်း ရှေရှည်တောက်ပနေစေချင်သည်။
"ဟဲဟဲ...မမကလည်း.."
ဦးညို ရှက်ရီရီလိုက်ရင်း အပြင်ကိုထွက်လာလိုက်သည်။
နှာခေါင်းထဲသို့ အလုအယက်တိုးဝင်လာသည့် သစ်ခွပန်းနံ့၊ဂမုန်းပွင့်နံ့နှင့်အတူ ပြာသိုလရဲ့ လှဘုရင်တစ်ပါးဖြစ်တဲ့ ခွာညိုပန်းရနံ့လေးများကြောင့် နှစ်နှစ်ခြိုခြိုက်ပြုံးရင်း ခြံအပြင်ထွက်လာလိုက်သည်။
"ဒယ်ဒီ...ပါးပါးရာဘီ..."
မျက်ဝန်းပြာဝိုင်းလေးများက ကားပြတင်းပေါက်မှ တစ်ဆင့်ပြောလိုက်သည်။
"အင်းးပါးပါးလာပြီ..."
ကုဋေတို့ ခြံအပြင်ကားပေါ်မှာစောင့်နေရင်း အနွေးတုံးလေးထွက်လာသည်ကိုတွေ့ခိုက် ပြုံးပြီး ကားတံခါးဆင်းဖွှင့်ပေးလိုက်သည်။
"ရောက်နေတာကြာပြီလား...ကိုကို...ဦးညို မမနဲ့စကားနဲနဲပြောနေလို့..."
"မကြာသေးပါဘူး ကိုယ့်အချစ်ရဲ့...အေးတယ် ...အမြန်ဝင်တော့.. "
"ဟုတ်ကိုကို..."
ဦးညို ကားထဲဝင်ရင်း သားကိုပါပေါင်ပေါ်တင်လိုက်သည်။
"ဒွတ်မောရင်း ...ပါးပါး..."
"ဂွတ်မောနင်းပါဗျာ...သားသားလေးက အစောကြီးနိုးနေတာလား...ဟုတ်လား..."
"ဝုတ်..မေရီးတျောင့်ယေ..တူ့တမက်ယေးရာမှာမို့ ချောချောထရဲ့..."
သူကြားသလောက် နားလည်သလောက်ပြန်ပြောပြနေသည့် သားဖြစ်သူကိုကြည့်ပြီး ကုဋေရီလိုက်သည်။
"ဟက်...ဘာတွေပြောနေတာလဲကွ..."
"ကိုကို သားပြောတာက...."
"ဟုတ်တယ် ကိုယ့်အချစ်... မာမီက သူ့သမက်လေးနဲ့တွေ့ရဖို့အရေး ၄နာရီလောက်ကတည်းက တက်ကြွချက်ပြုတ်နေတာ..."
"အမ်...တကယ်ကြီးလား..."
ဦးညိုအံဩသွားရသည်။ကိုကို့မာမီက သူ့ကိုကြည်ဖြူတာသိသော်လည်း ဒီလောက်ထိသဘောကျလိမ့်မယ်တော့ ဦးညိုမထင်ထား။
"ဟုတ်ပါတယ်ဗျာ...ကိုယ့်မာမီက ကိုယ့်ထက်တောင် ကိုယ့်အချစ်ကိုပိုသဲသေးတယ်..."
"အဟင်းးးကိုကိုကတော့နောက်ပြီ..."
ဦးညို ကိုကို့စကားကြောင့် သဘောတကျရီလိုက်သည်။
"သားသားလေးက ဆုမဆိုတော့ဘူးလား..."
"တားရား...ချိုရော့ပါဝူး...."
"ဘာလို့လဲသားရဲ့ ပါးပါးကနားထောင်ချင်လို့ကို...."
"ဟက် ...အဲ့ဒါကိုယ့်ကိုစိတ်ကောက်ပြီး မဆိုတော့တာ...ဟိုတစ်ခါက သူ့ကိုမရဘူးပြောလို့လေ..."
ကုဋေ အဆိုးလေးကို လှည့်ကြည့်ပြီးပြောလိုက်သည်။
အဆိုးလေးကတော့ သူ့ကိုအဖက်တောင်မလုပ် သူ့လက်သေးသေးလေးတွေနဲ့ သူ့ပါးပါးကိုသိုင်းဖက်ထားပုံများ ကုဋေတကယ်ပင်မနာလိုမိသည်။
ကိုယ်တောင် ခုချိန်ထိ လက်လေးဘာလေးပဲကိုင်ဖူးသော်လည်း အဆိုးလေးကတော့ ပါးနမ်းလိုက် ဖက်လိုက် ရင်ခွင်ထဲခေါင်းလေးတိုးလိုက် လည်ပင်းကြားမျက်နှာအပ်လိုက်ဖြင့် တကယ်ကို မနာလိုစရာကောင်းအောင်ကို အခွှင့်အရေးရနေသည်။
မင်းမြတ်ကုဋေဟန်ဘဝက ကိုယ်မွေးထားသည့်သားကို သဝန်တိုနေရသည့်အဖြစ်ဖြစ်ပြီး ကလေးလောက်တောင် ခြေလက်မသွက်သည့်လူကြီးပင်ဖြစ်သည်။
ဦးညိုလဲ သားသားလေးကို ချစ်မဝစွာငုံ့ကြည့်ရင်းပြုံးလိုက်သည်။
သူဒီသားအဖကိုတော့ တကယ်ပင်လက်မလွှတ်နိုင်ပါ။
သားသားလေးကို လက်လွှတ်ပေးလိုက်ရတုန်းကလိုသာ သူလက်လွှတ်လိုက်ရပါက
ပုန်းညက်ဦးညိုဘဝ ကမ်းမရှိလမ်းမရှိသည်ထက်ပိုဆိုးသွားမည်ဆိုတာသေချာသည်။
ဘာတွေဘယ်လိုပဲဖြစ်ဖြစ် သူဒီသားအဖလေးကိုတော့ သူတစ်ယောက်ထဲပိုင်ဆိုင်ချင်သည်။
ဒေါ်မြခတ် အိမ်ရှေ့တွင် တောင်လျှောက်လိုက် မြောက်လျှောက်လိုက်ဖြင့် သမက်လေးကိုမျှော်နေမိသည်။
ထိုအခိုက် အိမ်ရှေ့မှ ကွေ့ဝင်လာသော ကားတစ်စီးကိုမြင်ခိုက် ပျော်သွားပြီး အမြန် အိမ်ထဲဝင်ကာ ဆိုဖာပေါ်မှထိုင်စောင့်လိုက်သည်။
ယောက္ခမဆိုတော့ ရုပ်မပျက်ဖို့ရာလိုသည်လေ။ဒယ်ဒီကြီးကလည်း ခုချိန်ထိဆင်းမလားသေး။
ဒီသားအဖတွေနှင့် သူတကယ်စိတ်မရှည်တော့။
"မာမီ ကိုယ်တို့ရောက်ပါပြီဗျ..."
ကုဋေ ဆိုဖာပေါ်မှာရုပ်တည်ကြီးနှင့်ထိုင်နေသည့် မာမီကိုကြည့်ပြီး ရီချင်သည့်မျက်နှာလေးကိုထိန်းလိုက်သည်။
သူ့ဘုရင်မလေးစိတ်ဆိုးသွားပါက ကုဋေမချော့တက်။
"ဪ... ရောက်လာပြီလား လာ သားလေးဦးညို...မာမီဘေးလာထိုင်..."
"ဟုတ် မာမီ..."
ဦးညို ဧကလေးကို ချီလျှက်ပင် မာမီ့ဘေးဝင်ထိုင်လိုက်သည်။
ကိုကိုတို့ပြောထားသည်နှင့်မတူပဲ ခပ်တည်တည်ပဲဖြစ်နေသဖြင့် ဦးညိုကြောင်သွားရသည်။
ဒေါ်မြခတ် ခပ်တည်တည်နေမည်ဆိုမှပဲ
ထိုကောင်လေးက မျက်ဝန်းပြာပြာတောက်တောက်လေးတွေနှင့် ကြည့်နေသဖြင့် ထိုအစီအစဉ်ဟာလဲ ဖောက်ကနဲ ဖြစ်သွားရသည်။
မျက်ဝန်းပြာ အကြီးလုံးလေးနှင့် အသေးလုံးလေးကိုကြည့်ပြီး သူမအူယားလာရသည်။
"မာမီက သားလေးကိုမျှော်နေတာ...သားကုဋေကလည်း ခေါ်လာမယ်ဆိုပြီး ခေါ်မလာဘူးလေ...အိမ်လာတွေ့ဖို့ကျလည်း..မာမီအားနာလို့...အဟင်းးးဟင်းးးဗိုက်ဆာနေပြီလားဟင်...မာမီ သားလေးကြိုက်တက်လောက်မယ့်ဟာလေးတွေအကုန်ချက်ထားတယ် ...ညနေမှပြန်နော်...ဒါမှမဟုတ် ဒီမှာပဲညအိပ်သွားမလားဟင်...မာမီတို့ကိုအားမနာနဲ့နော် မပြန်တော့ပဲနေမယ်ဆိုလဲရတယ်...ချက်ချင်း လိုက်တောင်းပေးမယ်...သိလား..."
"ဗျာ...ဟီးးဟုတ်ကဲ့ဗျ..."
ခပ်တည်တည်ကနေ ရုတ်တရက် ပြုံးပြီး လက်ကိုဆွဲကိုင်ကာ စကားတွေတရပ်စပ်ပြောပြီး မေးလာသဖြင့် ဦးညိုဘာဖြေရမှန်းမသိပဲ သွားဖြီးပြရင်း ဟုတ်ကဲ့လိုက်ရသည်။
တကယ်ပါပဲ ကိုကို့မာမီက ချစ်စရာကြီးပင်။
"မာမီရယ် ကိုယ့်ကောင်လေး လန့်နေပါဦးမယ် ဖြည်းဖြည်းပြောလဲရပါတယ်...ကိုယ်လုမပြောပါဘူး...ဟက်..."
ကုဋေ အကဲပိုနေသော မာမီ့ကို မနိုင်စွာကြည့်ရင်းပြောလိုက်သည်။
"သားအမိတွေဘာတွေပြောနေကြတာလဲကွ..."
အိမ်ပေါ်ထက်မှ အသံနှင့်အတူ ဆင်းလာသော ခန့်ညားသည့် ပုဂ္ဂိုလ်တစ်ဦးကြောင့် ဦးညိုတအံ့တဩငေးနေမိသည်။
ကိုကိုမင်းမြတ်ကုဋေဟန်ရဲ့ ချောမောခန့်ညားမှုတွေအကုန်ဟာ ထိုပုဂ္ဂိုလ်ဆီမှ အမွေရထားသည့်ပုံပင်။
ဦးမင်းမြတ်ဟန် ကိုယ့်ကိုအံ့ဩတကြီးကြည့်နေသည့် မျက်ဝန်းပြာလေးကိုကြည့်လိုက်ပြီး စိတ်ထဲမှာလဲ မြေးလေးဧကနှင့်အတော်လေးတူသည်ဟူ မှတ်ချက်ပေးနေမိသည်။
"ဒါလေးက ကိုယ်တို့သမက်လေးလားကွ..."
"ဟုတ်ပရှင် ဒါမြတို့ရဲ့ သမက်လေး...ပုန်းညက်ဦးညိုတဲ့...ဦးညိုလေး ဒါဒယ်ဒီ ဦးမင်းမြတ်ဟန်တဲ့...သားယောက္ခထီးကြီးပေါ့..."
"သားစိတ်ဝင်စားတာကောင်လေးတစ်ယောက်ဆိုကတည်းက ဘယ်လိုမျိုးလေးမို့လို့ သားရဲ့ စိတ်ကိုဖမ်းစားနိုင်တာပါလိမ့်လို့ တွေးနေတာ ...လက်တွေ့မြင်လိုက်ရမှ ငါ့သားက တကယ့်အချောလေးကိုတွေ့ထားတာပဲကွ...ဟားးးး"
ဦးညို ကိုကို့ဒယ်ဒီစကားကြောင့် ရှက်သွားရသည်။ကိုကိုက သူ့အကြောင်းတွေတစ်အိမ်လုံးကိုပြောပြထားပုံပင်။
သူကသာ မဝံ့မရဲဖြစ်နေ၍ ကိုကို့ကိုအားနာမိသည်။ကိုကိုအချစ်တွေကို မြင်လေ ကိုကို့ကိုပိုလက်မလွှတ်နိုင်လေ ဖြစ်လာရသည်။
"ဒယ်ဒီကတော့ဗျာ..ကိုယ့်ကောင်လေး ရှက်အောင် စနေပြန်ပါပြီ..."
"ဟားးးဟုတ်ပါပြီကွာ..သားလေး ရှက်စရာမလိုဘူးနော် နောက်လည်း ဒယ်ဒီတို့က မိသားစုတစ်ခုထဲဖြစ်လာမှာပဲ ရင်းရင်းနှီးနှီးနေ...မကြောက်နဲ့..."
"ဟီးးးဟုတ်ကဲ့ဗျ..."
"ရှင်တို့ ကျုပ်ကလေးကို ဝိုင်းစမနေနဲ့ လာ သားလေး မာမီနဲ့လိုက်ခဲ့ မနက်စာစားရအောင် ..."
ဒေါ်မြခတ် အကုန်လုံးရှေ့မှ သမက်ဖြစ်သူလက်လေးဆွဲပြီး ထလာလိုက်သည်။
*အဟင်းးးသူမက အောင်နိုင်သူပင်...*
ဦးမင်းမြတ်ဟန် သမက်ဖြစ်သူလက်ကိုဆွဲပြီး ထွက်သွားသော မိန်းမဖြစ်သူကိုကြည့်ရင်း ပြုံးလိုက်သည်။
ထို့နောက် ကုဋေ့ကိုကြည့်လိုက်ရာ
အလားတူ သူကြည့်ရာဘက်ကြည့်နေပြီး မျက်ဝန်းလေးတွေကအစ နူးနူးညံ့ညံ့ပြုံးနေသည်ကိုတွေ့လိုက်ရသည့်အတွက်သူသဘောကျသွားသည်။
ကျား၊မ စသည့်လိင်ခံယူမှုက တကယ်တမ်းအရေးမပါပဲ အစစ်အမှန်မြတ်နိုးခြင်းတွေနဲ့အချစ်ကသာ အဓိကဖြစ်ကြောင်း
ဦးမင်းမြတ်ဟန် သားဖြစ်သူရဲ့မျက်ဝန်းတွေထဲတွင်နားလည်လိုက်သည်။
ဒီဘဝဒီသံသရာမှာ နောင်တကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ဖို့က တူညီတဲ့နှလုံးသားတစ်စုံနှင့်တွဲလက်လေးသာ လိုအပ်ကြောင်း လူတွေသိနိုင်ကောင်းပါရဲ့။
"သား ဒယ်ဒီတို့လဲ ထမင်းသွားစားကြစို့...မြေးလေးလာ ဖေကြီးဆီ..."
"ဝုတ်ဖေရီး..."
"ဟုတ်ကဲ့ ဒယ်ဒီ...."
ထို့နောက် မိသားစုတစ်စုရဲ့နွေးထွေးစွာတည်ခင်းတဲ့ နံနက်စာလေးအောက်မှာ ရီရီမောမောအသံလေးတွေဖြင့် ဝေဆာသွားရသည်။
******************
သားလေး သူ့အရုပ်တွေနဲ့ဆော့နေတုန်း ကုဋေ ဦးညိုကိုခြံထဲခေါ်သွားလိုက်သည်။
ခြံထဲလမ်းလျှောက်နေရင်း စွယ်တော်ပင်အောက်ရောက်သော်အခါ ခုံတန်းလေးတွင် ဝင်ထိုင်လိုက်ကြသည်။
ဦးညို ခြံလေးတဝိုက်ကို ကြည့်ရင်း သဘောကျမိသည်။
ကိုကို့မာမီက ပန်းပင်စိုက်တာဝါသနာပါပုံရသည်။ တစ်ခြံလုံးတွင်လည်း သစ်ခွ ၊ဂမုန်း၊စံပယ် ၊ဇွန်၊နှင်းဆီ စသည်ဖြင့် စုံလင်နေပြီး
ပိတောက်၊စွယ်တော်၊ခရေ၊ကံကော် စသည့်အပင်ကြီးများကိုတွေ့ရသည်။
ကုဋေ သဘောတကျပြုံးနေသည့် ဦးညိုကို ငေးကြည့်ရင်း
"ကိုယ့်အချစ်..."
"ဗျာ..."
"ကိုယ့်အချစ်..."
"ဗျာ..."
"ကိုယ့်အချစ်..."
"ဗျာ...လို့...ထူးနေတာကိုဘာမှမပြောပဲ..."
ဦးညို ဆူပုတ်ပုတ်လေးကြည့်ရင်း ပြောလိုက်သည်။
*တကယ်ပါပဲ လူကိုလိုက်စနေတယ်...*
"ဟက်...ကိုယ်က ကိုယ့်အချစ်ကို ကိုယ့်အချစ်လို့ခေါ်ရတာကို အရမ်းသဘောကျလို့ပါဗျာ..."
"အဟင်းးးးကိုကိုကတော့တကယ်ပါပဲ...
ကိုကိုကျနော့်ကိုဘာလို့ချစ်တာလဲဟင်..."
"ကိုယ့်အချစ်ဖြစ်နေလို့လေ..."
"တကယ်လို့တစ်နေ့နေ့မှာ စိတ်ကုန်သွားရင်ရော..."
"ကိုယ့်အချစ် ဒီစွယ်တော်ရွက်လေးကိုကြည့်လိုက်..."
ကုဋေ မြေပေါ်ကျနေသည့်စွယ်တော်ရွယ်လေးတစ်ယောက်ကိုကောက်ပြီးပြလိုက်သည်။
"ဒီစွယ်တော်ရွက်လေးက အပင်ပေါ်မှာပဲ ဝေဝေဆာဆာရှိနေပါစေဦးတော့ သူ့ရဲ့နှစ်လွှာထဲကနေ တစ်လွှာလေးကို ဖဲ့ချွေလိုက်ပြီဆိုရင် ကျန်တဲ့တစ်လွှာလေးက ရှင်သန်နိုင်ပါဦးမလား..."
ဦးညိုခေါင်းရမ်းပြလိုက်သည်။
"အဲ့ဒီလိုပဲ ကိုယ့်ဘဝကြီးက ဘယ်လောက်ပဲ ပြည့်စုံလွန်းစွာ ရှင်သန်နေပါစေ..
ပုန်းညက်ဦးညိုလို့ခေါ်တဲ့ ကိုယ်ရှင်သန်နိုင်မယ့်တစ်လွှာ မရှိတော့ရင်... ကျန်နေခဲ့မယ့် စွယ်တော်ရွက်လွှာလေးတစ်လွှာဟာ ကိုယ်ဖြစ်သွားမှာ....ကိုယ့်ဘဝကကလဲ ကျန်နေခဲ့တဲ့တလွှာလေးလို အပင်ပေါ်မှာပဲ ငြှိုးရော်ခြောက်သွေ့ပြီး သေဆုံးသွားရမှာ..."
ဦးညို ကိုကို့စကားများကြောင့် ဝမ်းသာဝမ်းနည်းလွန်းလို့မျက်ရည်တွေပါဝဲလာရသည်။
သူဟာတကယ်ပဲ ကိုကို့အချစ်တွေနဲ့ထိုက်တန်ပါရဲ့လား။
"အကယ်၍များ ဦးညိုက ကိုကိုနားလည်မပေးနိုင်လောက်တဲ့ ကိစ္စတစ်ခုခုအတိတ်မှာရှိခဲ့ရင်ရော...."
"ကိုယ်ဦးညိုကိုယုံတယ်...အဲ့ဒီအတွက် ဦးညိုမှာ လုံလောက်တဲ့အကြောင်းပြချက်ရှိမယ်လို့လဲယုံတယ်...အတိတ်တွေကအရေးမကြီးဘူးဆိုပေမယ့်...ကိုယ့်အတွက်တော့ ဦးညိုအလေးထားတဲ့အတိတ်တိုင်းကအရေးပါပါတယ်...အမှန်တိုင်းပြောရရင် ကိုယ်က
ဦးညိုပေါ်မှာ အလုံးစုံတိမ်းမှောက်နေတဲ့ကောင်ပါ..... ကိုယ့်ရှင်သန်ရာလေးဖြစ်တဲ့ ဦးညိုက ကိုယ့်ကိုစိတ်မပျက်သွားဖို့ပဲကိုယ်မျှော်လင့်ပါတယ်...ချစ်ခြင်းမေတ္တာကို ဘယ်သူတွေဘယ်လိုပုံဖော်ဖော် ကိုယ့်အတွက်ကတော့ ကိုယ့်အချစ်ပါပဲ...."
"ဦးညို ကိုကို့ကိုချစ်တယ်..ခုချိန် ဒီစကားကိုမပြောရရင် ဦးညိုဝမ်းနည်းလွန်းလို့ငိုမိတော့မယ်..."
ကုဋေ မျက်ရည်တွေဝဲနေသော ကောင်ငယ်လေးရဲ့ ကိုယ်လုံးနွေးနွေးလေးကို ရင်ခွင်ထဲဆွဲသွင်းရင်း
"ကိုယ်ကလဲ ကိုယ့်အချစ်ကို အတိုင်းအဆမရှိအောင် ချစ်တယ်..."
ဦးညို ခေါင်းတဆက်ဆက်ငြိမ့်ရင်းပင် ထိုရင်ခွင်ထဲပိုတိုးဝင်လိုက်သည်။
တောင်းဆုတွေသာပြည့်စုံမယ်ဆိုလျှင် ဒီရင်ခွင်ကိုသာ ထာဝရပိုင်ရပါစေသား။
CHANGE 🍁
ဟီး ရှည်တယ်နော် အာဘွားပေး...
ကိုယ့်ကုဋေကြီးကို ကိုယ်ကြွေလို့ရလား🥺
My Universe is Oo Nyo 💫✨
Episode 24
🎶Boy,you got me hooked onto something..,who could say that they saw us coming?
Tell me..., do you feel that love?....
Spend the summer of a lifetime with me,let me take you to the place of your dreams..
Tell me....,do you feel that love?......🎶
ဦးညိဳ အိပ္ယာဝင္ခါနီးကိုယ္လက္သန္႔စင္ၿပီးေနာက္ ဖုန္းလာသျဖင့္ၾကည့္လိုက္ရာ ျပည္ပမွအဝင္ေကာတစ္ခုျဖစ္ေနေသာေၾကာင့္ အျမန္ကိုင္လိုက္သည္။
"ဟယ္လို ေမေမ..."
"သားေလး ...ေနေကာင္းလားဟင္..."
"ဟုတ္ေမေမ...သားေနေကာင္းပါတယ္...ေမေမေရာ ဘယ္မွာလဲဟင္..."
"ခုေမေမက ဘန္ေကာက္ေလဆိပ္မွာ .. ျမန္မာႏိုင္ငံဘုရားဖူးခရီးစဥ္လာမလို႔ေလ...အစကေတာ့ သားေလးဆီအရင္ဝင္မယ္စိတ္ကူးထားတာ ခုက လမ္းေၾကာင္းေျပာင္းသြားလို႔..ပုဂံအရင္သြားၾကမွာ အာ့ေၾကာင့္ ေဒါက္တာNiေပးလိုက္တဲ့စာအိတ္ေလးကို ေမေမအရင္ပို႔ေပးလိုက္တယ္ေနာ္ ...ေမေမကေတာ့ အျပန္မွ သားေလးဆီဝင္ခဲ့မယ္...3,4လေလာက္ေတာ့ၾကာမယ္ထင္တယ္..."
"ဟုတ္ေမေမ ဂ႐ုစိုက္ေနာ္...အျပန္ၾကရင္ သားဆီ ၾကာၾကာေလးေနပါဦး...သား ေမေမကိုလြမ္းေနလို႔...."
"ေမေမလည္း သားေလးကိုလြမ္းတယ္...ေလယာဥ္ထြက္ခါနီးၿပီမို႔ ဒါပဲေနာ္ သားေလးဦးညိဳ..."
ခြန္ဝနီဒါဖုန္းကိုခ်လိုက္ၿပီးေနာက္ လက္ထဲမွ က်န္ေနေသးသည့္ ဖိုင္တြဲကိုၾကည့္လိုက္သည္။
ဒါ ေဒါက္တာNiမွာလိုက္တဲ့ လူတစ္ေယာက္ဆီပို႔ေပးရမည့္ဟာပင္။
ထို႔ေနာက္ ေလဆိပ္႐ုံးမွတစ္ဆင့္ ထိုဖိုင္တြဲအိတ္ေလးကို ပို႔ေပးလိုက္သည္။
ဦးညိဳေလးဟာကတစ္ေနရာ ထိုေကာင္ေလးစာအိတ္ကတစ္ေနရာ ေနရာမတူၾကေပမယ့္
ဦးတည္ရာရည္႐ြယ္ခ်က္ကေတာ့ တူသည္ဆိုတာ ေဒါက္တာမေျပာလည္း ဝနီဒါသေဘာေပါက္သည္။
သူမအေနႏွင့္နဲ႔ေတာ့ အစစအရာရာအဆင္ေျပပါေစပဲ ဆုေတာင္းေပးႏိုင္ေလသည္။
ဦးညိဳ ေမေမေလးပို႔လိုက္မည့္စာအိတ္က ဘာပါလိမ့္ဟုေတြးေနမိသည္။
ေဒါက္တာNiက သူ႕ကိုဘာေတြမ်ားေျပာျပခ်င္လို႔လဲ ၿပီးေတာ့ အဲ့စာအိတ္ကို ေမေမကလည္း သူ႕ဆီအရင္ပို႔လိုက္တာလဲ သူတကယ္စဥ္းစားမရ။ေနာက္၃ရက္ေလာက္ေနရင္ ထိုစာအိတ္သူ႕ဆီေရာက္လာေလာက္မည္။
*မဟုတ္မွလြဲေရာ သူကေလးေလးႏွင့္ပတ္သတ္တာတစ္ခုခုမ်ားလား....*
ထိုအခ်က္ကိုစဥ္းစားမိခိုက္ ဦးညိဳသတိလက္လႊတ္ျဖင့္ ဖုန္းေတာင္ေအာက္ျပဳတ္က်သြားရသည္။
*မျဖစ္ႏိုင္တာ...ေဒါက္တာက အဲ့ဒါနဲ႔ပတ္သတ္ရင္ေတာ့ မေျပာျပေလာက္ပါဘူး....*
ဦးညိဳ တုန္တုန္ယင္ယင္နဲ႔ပဲဖုန္းကိုေကာက္လိုက္ၿပီး ကုတင္ေပၚအသာလွဲလိုက္သည္။
မနက္ျဖန္မနက္ ကိုကိုတို႔အိမ္ကိုသြားေတြ႕ရမည္ျဖစ္ေသာေၾကာင့္ သူဘာမွမစဥ္းစားပဲ ဒီေန႔ညေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔လိုသည္ေလ။
******************
4:45AM
"သားကုေဋေရ...ဒီေန႔ ဦးညိဳေလးကိုအိမ္ေခၚလာမွာမလားဟင္...မာမီ..သူႀကိဳက္ေလာက္မယ္ထင္တာေလးေတြ ဝယ္ထားတယ္ ...မာမီကိုယ္တိုင္ခ်က္ေကြၽးခ်င္လို႔...".
5:15AM
"သားကုေဋေရ...ဦးညိဳေလးကို ခုသြားေခၚေတာ့ေလ...ေနာက္က်ေနလိမ့္မယ္..."
5:45AM
"မင္းျမတ္ကုေဋဟန္...မင္း ဒီလိုဝီရိယမ႐ွိပုံမ်ိဳးနဲ႔ဆို ဦးညိဳေလးက စိတ္ကုန္ေတာ့မွာပဲ...သြားေခၚေတာ့လို႔...ကိုယ္ကအရင္ႀကိဳေရာက္ေနမွ အမွတ္ပိုရမွာေပါ့...ဪသူက ငါ့ကို ခ်စ္လြန္းလို႔ ခ်မ္းေအးေနတာေတာင္ ဂ႐ုမစိုက္ႏိုင္ဘူး အေစာႀကီးလာႀကိဳတယ္ ဘာညာ..ဟက္ထိမွာေပါ့လို႔...မင္းနဲ႔ေတာ့ ခက္ပါတယ္...."
6:30AM
"မင္းျမတ္ကုေဋဟန္ေရ..."
ထိုစကားမ်ားဟာဆိုရင္ေတာ့
ေဒၚျမခတ္ကုေဋႏြယ္ရဲ႕ သူ႕သမက္ေလးလာမည္ဆိုေသာေၾကာင့္ မနက္၄နာရီကတည္းက ထၿပီး ေလာေစာ္ေနေသာအသံမ်ားသာျဖစ္ပါသည္။
ကုေဋ အခန္းထဲမွ အဝတ္လဲရင္းနာရီၾကည့္လိုက္ေတာ့၆နာရီခြဲ႐ွိေသး၍ အျပင္မွာေတာင္အလင္းေရာင္ေကာင္းေကာင္းအရေသး။
အေစာႀကီးကတည္းက ေအာက္ထပ္မွေအာ္လိုက္ အခန္းတံခါးလာေခါက္လိုက္ႏွင့္ သမက္ေလးအတြက္တက္ႂကြေနေသာ မာမီျဖစ္သူေၾကာင့္ သားေရာ သူေရာ ႏိုးလာရသည္။
သားၾကည့္လိုက္ေတာ့လဲ အိပ္ခ်င္မူးတူးေလးျဖင့္ ေစာင္ပုံေလးထဲငုတ္တုတ္ေလးထိုင္ရင္း ပစ္တိုင္းေထာင္ေလးသဖြယ္ ဟိုယိမ္းဒီယိမ္းျဖင့္ငိုက္ေနသည္။
"ဟက္..."ကုေဋ သားကို ၾကည့္ရင္းရီလိုက္ၿပီး မ်က္ႏွာသစ္ေပးဖို႔ျပင္လိုက္သည္။
ထပ္အိပ္ေစခ်င္ေသးေသာ္လည္း အဆိုးေလးက သူ႕ထားခဲ့ရင္ စိတ္ေကာက္ေနဦးမည္။
"သား...ဧကေလး..."
"ဂ်ာ..."
မ်က္လုံးမဖႊင့္ပဲ သံ႐ွည္ဆြဲထူးေနေသာ သားျဖစ္သူကိုၾကည့္ရင္း
"ဟက္...ထေတာ့ မ်က္ႏွာသစ္ရေအာင္ ..."
"ဧတေယး အိပ္႐ို႕ဝေသးဝူး..."
"အိပ္လို႔မဝေသးဘူး...အဲ့ဒါဆို သားပါးပါးဆီမလိုက္ေတာ့ဘူးလား..."
"ပါးပါးရား...႐ိုက္မွာေယ..ထထ တြားမယ္..."
သူ႕ပါးပါးဆိုသည္ႏွင့္ မဖႊင့္ခ်င္သည့္မ်က္လုံးမ်ားကို အတင္းဖႊင့္ၿပီး ေစာင္ပုံထဲမွ အတင္းထဖို႔ျပင္ေနသည့္ အေကာင္ေပါက္ေလးပင္။
ကုေဋ အေသးလုံးေလးကို ေစာင္လုံးေလးလိုက္ ေပြ႕ခ်ီလိုက္ၿပီး ေရခ်ိဳးခန္းထဲေခၚသြားလိုက္သည္။
"အာ့႐ို႕..ေအးရက္ရာ...ခစ္ခစ္..."
မ်က္ႏွာကို ေရေႏြးေႏြးေလးျဖင့္ အသာအယာသစ္ေပးေနခိုက္ ထြက္ေပၚလာေသာသားအသံေလးေၾကာင့္
"ေအးလို႔လား သားရဲ႕..."
"ခစ္ခစ္ ေအးေအး..."
"ဟက္...သြားေလးေတြစိပါဦး သြားတိုက္ရေအာင္...က်န္းမာတဲ့သြားေလးေတြျဖစ္ဖို႔ ဘာလုပ္ရမလဲ..."
"တြားတိုက္ရပါရယ္..."
"သြားမတိုက္ရင္ ဘာျဖစ္မွာလဲ..."
"ေတာင္ေတာင္ေယးေတ တိုက္ယိမ့္ရယ္..."
"အာ လိမ္မာလိုက္တာ..ဒယ္ဒီ့အသဲတုံးေလးက...ေရေလးနဲ႔ပလုပ္က်င္းလိုက္ပါဦး...ဒီထဲကို ေသခ်ာေလးေထြး...."
ကုေဋ စိတ္႐ွည္လက္႐ွည္ မ်က္ႏွာသစ္ေပးၿပီးေနာက္ သားကိုပါ ေသခ်ာေႏြးေႏြးေထြးေထြးေလးျဖစ္ေစဖို႔ ဝတ္ေပးလိုက္ၿပီး သားအဖႏွစ္ေယာက္ ေအာက္သို႔ဆင္းခဲ့လိုက္သည္။
"မင္းျမတ္ကုေဋဟန္ေရ...ခုထိဆင္းမလာေသးဘူးလား..."
ေဒၚျမခတ္ ဇြန္းႀကီးကိုကိုင္ရင္း အေပၚထပ္ တက္ေအာ္ဖို႔ျပင္လိုက္ရာ ေလွကားမွဆင္းလာေသာ သားအဖႏွစ္ေယာက္ေၾကာင့္ ကိုယ္႐ွိန္သပ္လိုက္သည္။
"လာပါၿပီမာမီရာ...လာပါၿပီဗ်.."
"တကယ္ထဲ ေနရာတကာ လိုက္ေျပာေနရတာပဲ...မေျပာလိုက္ခ်င္ဘူး ..သြား ငါ့သားေလးကိုေခၚခဲ့...အေဖေရာသားေရာ အခ်ိန္ကိုဆြဲလြန္းတယ္..."
မဆီမဆိုင္ ဧကေလးပါအေျပာခံလိုက္ရ၍ ေမရီးကို မ်က္ဝန္းဝိုင္းႀကီးမ်ားႏွင့္လိုက္ၾကည့္လိုက္သည္။
"ဟုတ္ကဲ့ မာမီ..ကိုယ္ခုပဲသြားလိုက္ပါ့မယ္..."
"ဒယ္ဒီ..."
"ဗ်ာ..."
"ေမရီး ခ်ိတ္ခ်ိဳးနာရား..."
"အြန္း ဒယ္ဒီနဲ႔သားက သူ႕သမက္ေလးကိုသြားေခၚဖို႔ေနာက္က်ေနလို႔တဲ့..."
"ဝုတ္ရား...အာ့ခ်ိဳ ညန္ညန္တြားမယ္ေယ..."
"အိုေကဗ်ာ...."
"အိုေထဂ်ာ...ခစ္ခစ္..."
ထို႔ေနာက္ အေသးလုံးေလးႏွင့္အေသးလုံးေလး၏ဒယ္ဒီျဖစ္သူတို႔ ေနာက္ထပ္အေသးလုံးေလးတစ္ေယာက္ဆီသို႔ထြက္ခဲ့ၾကသည္။
*********************
သဇင္ ေစာေစာထဘုရားပန္းလဲေနရင္း ဆရာဝန္ေျပာလိုက္သည့္ကိစၥကိုစဥ္းစားေနမိသည္။
အၾကာဆုံးတစ္ပတ္ အျမန္ဆုံး၃ရက္ၾကာမည့္DNAရလာဒ္အတြက္ သူအတကယ္ပင္စိတ္မ႐ွည္ခ်င္ေပ။
ဘယ္ေလာက္ပဲ သိခ်င္သိခ်င္ ၃ရက္ေလာက္ေအာင့္အီးၿပီး သူမေစာင့္ရေပဦးမည္။
"ဟာ..မမ ေစာေစာစီးစီးဘုရားပန္းလဲေနတာလား..."
သဇင္ ဘယ္ေလာက္ေတာင္အေတြးလြန္သြားလဲမသိ အိုးတစ္လုံးထဲကိုပဲထပ္ကာထပ္ကာ တိုက္ေနမိၿပီး ဦးညိဳအသံၾကားမွ သတိဝင္လာသည္။
"ေအာ္...အင္း...ေစာေစာႏိုးေနလို႔ ပန္းေတြလဲခ်င္လို႔ေလ..."
"အေအးေတြပတ္ကုန္ေတာ့မွာပဲ မမရယ္...နဲနဲေလးေနာက္က်မွလဲလည္း ရတာပဲကို...ခုေတာ့ လက္ေတြႏူးေနၿပီ..."
ဦးညိဳ မမသဇင္ရဲ႕ လက္ကေလးကို ယူၾကည့္ရင္းေျပာလိုက္သည္။
မမဟာ အၿမဲတမ္းကိုယ့္ကိုကိုယ္ဂ႐ုမစိုက္ေသာေၾကာင့္ ဦးညိဳစိတ္ပူေနရသည္။
အိမ္မႈကိစၥေတြဆို ဦးညိဳကို အိမ္သာေဆးပင္မခံ။တစ္ေယာက္ထဲအကုန္သိမ္းၾကဳံးလုပ္သည္။ေမေမေလးရဲ႕က်န္းမာေရးေၾကာင့္ သိပ္လႈပ္လႈပ္႐ွား႐ွားမလုပ္ႏိုင္၍ အိမ္မႈကိစၥေရာ ျခံကိစၥေရာ အကုန္ သူတစ္ေယာက္ထဲလုပ္သည္။
ဦးညိဳ အတင္းယူလုပ္ရင္ မ်က္ရည္ေတြဝဲၿပီး လာၾကည့္ေသာေၾကာင့္ ဦးညိဳမွာမလုပ္ရဲ။
ဘယ္ေလာက္ပဲ ဦးညိဳအေပၚအမွားေတြလုပ္ခဲ့မိတယ္ဆိုဦးေတာ့ ဦးညိဳမမကိုနားလည္သည္။ဦးညိဳသာ မမေနရာမွာဆိုရင္ ထိုကဲ့သို႔ေသာ တူညီသည့္အမွားမ်ားကို မလုပ္ပါဘူးဟူ၍ ဦးညိဳဂတိမေပးႏိုင္။
*ဘယ္အခ်ိန္ထိမ်ား ကိုယ့္ကိုကိုယ္အပစ္တင္ေနဦးမွာလဲ မမရယ္...*
"ရပါတယ္ ဦးညိဳေလးရဲ႕ မမလုပ္ေနၾကပါ...စိတ္မပူနဲ႔ေနာ္...အေစာႀကီးထေနတာ... ႐ုံးပိတ္ရက္ေလးကို မအိပ္ဖူးလား...အျပင္သြားစရာ႐ွိလို႔လား..."
သဇင္ အျပင္သြားဖို႔ရာ ျပင္ဆင္ထားေသာ ေမာင္ငယ္ေလးကို ေျခဆုံးေခါင္းဆုံးၾကည့္ရင္း ျပဳံးၿပီးေျပာလိုက္သည္။
သူမထင္တာမမွားဘူးဆိုလွ်င္ မင္းျမတ္ကုေဋဟန္ႏွင့္ သြားေတြ႕ဖို႔ရာျဖစ္လိမ့္မည္။
"အဟီးးးကိုကို႔အေမက ေတြ႕ခ်င္တယ္ဆိုလို႔ဦးညိဳ သြားေတြ႕မလို႔ပါ..."
"ဟုတ္ပါၿပီ႐ွင္...အျပန္ေနာက္က်မွာလား..."
"မသိေသးဘူးမမ ေနာက္က်မယ္ဆိုရင္ ဦးညိဳဖုန္းဆက္လိုက္ပါ့မယ္..."
"ေကာင္းပါၿပီ႐ွင္..."
"ဟုတ္ အဲ့ဒါဆို ဦးညိဳသြားၿပီေနာ္..ကိုကိုေရာက္ေတာ့မယ္ေျပာလို႔..."
"တက္ႂကြေနတာပါပဲေနာ္...."
သဇင္ ျပဳံးရင္းေျပာေနသည့္ေမာင္ငယ္ေလးကိုၾကည့္ရင္း ျပဳံးၿပီးေျပာလိုက္သည္။
ဒီအျပဳံးေလးေတြ အၿမဲတမ္း ေ႐ွ႐ွည္ေတာက္ပေနေစခ်င္သည္။
"ဟဲဟဲ...မမကလည္း.."
ဦးညိဳ ႐ွက္ရီရီလိုက္ရင္း အျပင္ကိုထြက္လာလိုက္သည္။
ႏွာေခါင္းထဲသို႔ အလုအယက္တိုးဝင္လာသည့္ သစ္ခြပန္းနံ႔၊ဂမုန္းပြင့္နံ႔ႏွင့္အတူ ျပာသိုလရဲ႕ လွဘုရင္တစ္ပါးျဖစ္တဲ့ ခြာညိဳပန္းရနံ႔ေလးမ်ားေၾကာင့္ ႏွစ္ႏွစ္ၿခိဳၿခိဳက္ျပဳံးရင္း ျခံအျပင္ထြက္လာလိုက္သည္။
"ဒယ္ဒီ...ပါးပါးရာဘီ..."
မ်က္ဝန္းျပာဝိုင္းေလးမ်ားက ကားျပတင္းေပါက္မွ တစ္ဆင့္ေျပာလိုက္သည္။
"အင္းးပါးပါးလာၿပီ..."
ကုေဋတို႔ ျခံအျပင္ကားေပၚမွာေစာင့္ေနရင္း အေႏြးတုံးေလးထြက္လာသည္ကိုေတြ႕ခိုက္ ျပဳံးၿပီး ကားတံခါးဆင္းဖႊင့္ေပးလိုက္သည္။
"ေရာက္ေနတာၾကာၿပီလား...ကိုကို...ဦးညိဳ မမနဲ႔စကားနဲနဲေျပာေနလို႔..."
"မၾကာေသးပါဘူး ကိုယ့္အခ်စ္ရဲ႕...ေအးတယ္ ...အျမန္ဝင္ေတာ့.. "
"ဟုတ္ကိုကို..."
ဦးညိဳ ကားထဲဝင္ရင္း သားကိုပါေပါင္ေပၚတင္လိုက္သည္။
"ဒြတ္ေမာရင္း ...ပါးပါး..."
"ဂြတ္ေမာနင္းပါဗ်ာ...သားသားေလးက အေစာႀကီးႏိုးေနတာလား...ဟုတ္လား..."
"ဝုတ္..ေမရီးေတ်ာင့္ေယ..တူ႕တမက္ေယးရာမွာမို႔ ေခ်ာေခ်ာထရဲ႕..."
သူၾကားသေလာက္ နားလည္သေလာက္ျပန္ေျပာျပေနသည့္ သားျဖစ္သူကိုၾကည့္ၿပီး ကုေဋရီလိုက္သည္။
"ဟက္...ဘာေတြေျပာေနတာလဲကြ..."
"ကိုကို သားေျပာတာက...."
"ဟုတ္တယ္ ကိုယ့္အခ်စ္... မာမီက သူ႕သမက္ေလးနဲ႔ေတြ႕ရဖို႔အေရး ၄နာရီေလာက္ကတည္းက တက္ႂကြခ်က္ျပဳတ္ေနတာ..."
"အမ္...တကယ္ႀကီးလား..."
ဦးညိဳအံဩသြားရသည္။ကိုကို႔မာမီက သူ႕ကိုၾကည္ျဖဴတာသိေသာ္လည္း ဒီေလာက္ထိသေဘာက်လိမ့္မယ္ေတာ့ ဦးညိဳမထင္ထား။
"ဟုတ္ပါတယ္ဗ်ာ...ကိုယ့္မာမီက ကိုယ့္ထက္ေတာင္ ကိုယ့္အခ်စ္ကိုပိုသဲေသးတယ္..."
"အဟင္းးးကိုကိုကေတာ့ေနာက္ၿပီ..."
ဦးညိဳ ကိုကို႔စကားေၾကာင့္ သေဘာတက်ရီလိုက္သည္။
"သားသားေလးက ဆုမဆိုေတာ့ဘူးလား..."
"တားရား...ခ်ိဳေရာ့ပါဝူး...."
"ဘာလို႔လဲသားရဲ႕ ပါးပါးကနားေထာင္ခ်င္လို႔ကို...."
"ဟက္ ...အဲ့ဒါကိုယ့္ကိုစိတ္ေကာက္ၿပီး မဆိုေတာ့တာ...ဟိုတစ္ခါက သူ႕ကိုမရဘူးေျပာလို႔ေလ..."
ကုေဋ အဆိုးေလးကို လွည့္ၾကည့္ၿပီးေျပာလိုက္သည္။
အဆိုးေလးကေတာ့ သူ႕ကိုအဖက္ေတာင္မလုပ္ သူ႕လက္ေသးေသးေလးေတြနဲ႔ သူ႕ပါးပါးကိုသိုင္းဖက္ထားပုံမ်ား ကုေဋတကယ္ပင္မနာလိုမိသည္။
ကိုယ္ေတာင္ ခုခ်ိန္ထိ လက္ေလးဘာေလးပဲကိုင္ဖူးေသာ္လည္း အဆိုးေလးကေတာ့ ပါးနမ္းလိုက္ ဖက္လိုက္ ရင္ခြင္ထဲေခါင္းေလးတိုးလိုက္ လည္ပင္းၾကားမ်က္ႏွာအပ္လိုက္ျဖင့္ တကယ္ကို မနာလိုစရာေကာင္းေအာင္ကို အခႊင့္အေရးရေနသည္။
မင္းျမတ္ကုေဋဟန္ဘဝက ကိုယ္ေမြးထားသည့္သားကို သဝန္တိုေနရသည့္အျဖစ္ျဖစ္ၿပီး ကေလးေလာက္ေတာင္ ေျခလက္မသြက္သည့္လူႀကီးပင္ျဖစ္သည္။
ဦးညိဳလဲ သားသားေလးကို ခ်စ္မဝစြာငုံ႔ၾကည့္ရင္းျပဳံးလိုက္သည္။
သူဒီသားအဖကိုေတာ့ တကယ္ပင္လက္မလႊတ္ႏိုင္ပါ။
သားသားေလးကို လက္လႊတ္ေပးလိုက္ရတုန္းကလိုသာ သူလက္လႊတ္လိုက္ရပါက
ပုန္းညက္ဦးညိဳဘဝ ကမ္းမ႐ွိလမ္းမ႐ွိသည္ထက္ပိုဆိုးသြားမည္ဆိုတာေသခ်ာသည္။
ဘာေတြဘယ္လိုပဲျဖစ္ျဖစ္ သူဒီသားအဖေလးကိုေတာ့ သူတစ္ေယာက္ထဲပိုင္ဆိုင္ခ်င္သည္။
ေဒၚျမခတ္ အိမ္ေ႐ွ႕တြင္ ေတာင္ေလွ်ာက္လိုက္ ေျမာက္ေလွ်ာက္လိုက္ျဖင့္ သမက္ေလးကိုေမွ်ာ္ေနမိသည္။
ထိုအခိုက္ အိမ္ေ႐ွ႕မွ ေကြ႕ဝင္လာေသာ ကားတစ္စီးကိုျမင္ခိုက္ ေပ်ာ္သြားၿပီး အျမန္ အိမ္ထဲဝင္ကာ ဆိုဖာေပၚမွထိုင္ေစာင့္လိုက္သည္။
ေယာကၡမဆိုေတာ့ ႐ုပ္မပ်က္ဖို႔ရာလိုသည္ေလ။ဒယ္ဒီႀကီးကလည္း ခုခ်ိန္ထိဆင္းမလားေသး။
ဒီသားအဖေတြႏွင့္ သူတကယ္စိတ္မ႐ွည္ေတာ့။
"မာမီ ကိုယ္တို႔ေရာက္ပါၿပီဗ်..."
ကုေဋ ဆိုဖာေပၚမွာ႐ုပ္တည္ႀကီးႏွင့္ထိုင္ေနသည့္ မာမီကိုၾကည့္ၿပီး ရီခ်င္သည့္မ်က္ႏွာေလးကိုထိန္းလိုက္သည္။
သူ႕ဘုရင္မေလးစိတ္ဆိုးသြားပါက ကုေဋမေခ်ာ့တက္။
"ဪ... ေရာက္လာၿပီလား လာ သားေလးဦးညိဳ...မာမီေဘးလာထိုင္..."
"ဟုတ္ မာမီ..."
ဦးညိဳ ဧကေလးကို ခ်ီလွ်က္ပင္ မာမီ့ေဘးဝင္ထိုင္လိုက္သည္။
ကိုကိုတို႔ေျပာထားသည္ႏွင့္မတူပဲ ခပ္တည္တည္ပဲျဖစ္ေနသျဖင့္ ဦးညိဳေၾကာင္သြားရသည္။
ေဒၚျမခတ္ ခပ္တည္တည္ေနမည္ဆိုမွပဲ
ထိုေကာင္ေလးက မ်က္ဝန္းျပာျပာေတာက္ေတာက္ေလးေတြႏွင့္ ၾကည့္ေနသျဖင့္ ထိုအစီအစဥ္ဟာလဲ ေဖာက္ကနဲ ျဖစ္သြားရသည္။
မ်က္ဝန္းျပာ အႀကီးလုံးေလးႏွင့္ အေသးလုံးေလးကိုၾကည့္ၿပီး သူမအူယားလာရသည္။
"မာမီက သားေလးကိုေမွ်ာ္ေနတာ...သားကုေဋကလည္း ေခၚလာမယ္ဆိုၿပီး ေခၚမလာဘူးေလ...အိမ္လာေတြ႕ဖို႔က်လည္း..မာမီအားနာလို႔...အဟင္းးးဟင္းးးဗိုက္ဆာေနၿပီလားဟင္...မာမီ သားေလးႀကိဳက္တက္ေလာက္မယ့္ဟာေလးေတြအကုန္ခ်က္ထားတယ္ ...ညေနမွျပန္ေနာ္...ဒါမွမဟုတ္ ဒီမွာပဲညအိပ္သြားမလားဟင္...မာမီတို႔ကိုအားမနာနဲ႔ေနာ္ မျပန္ေတာ့ပဲေနမယ္ဆိုလဲရတယ္...ခ်က္ခ်င္း လိုက္ေတာင္းေပးမယ္...သိလား..."
"ဗ်ာ...ဟီးးဟုတ္ကဲ့ဗ်..."
ခပ္တည္တည္ကေန ႐ုတ္တရက္ ျပဳံးၿပီး လက္ကိုဆြဲကိုင္ကာ စကားေတြတရပ္စပ္ေျပာၿပီး ေမးလာသျဖင့္ ဦးညိဳဘာေျဖရမွန္းမသိပဲ သြားၿဖီးျပရင္း ဟုတ္ကဲ့လိုက္ရသည္။
တကယ္ပါပဲ ကိုကို႔မာမီက ခ်စ္စရာႀကီးပင္။
"မာမီရယ္ ကိုယ့္ေကာင္ေလး လန္႔ေနပါဦးမယ္ ျဖည္းျဖည္းေျပာလဲရပါတယ္...ကိုယ္လုမေျပာပါဘူး...ဟက္..."
ကုေဋ အကဲပိုေနေသာ မာမီ့ကို မႏိုင္စြာၾကည့္ရင္းေျပာလိုက္သည္။
"သားအမိေတြဘာေတြေျပာေနၾကတာလဲကြ..."
အိမ္ေပၚထက္မွ အသံႏွင့္အတူ ဆင္းလာေသာ ခန္႔ညားသည့္ ပုဂၢိဳလ္တစ္ဦးေၾကာင့္ ဦးညိဳတအံ့တဩေငးေနမိသည္။
ကိုကိုမင္းျမတ္ကုေဋဟန္ရဲ႕ ေခ်ာေမာခန္႔ညားမႈေတြအကုန္ဟာ ထိုပုဂၢိဳလ္ဆီမွ အေမြရထားသည့္ပုံပင္။
ဦးမင္းျမတ္ဟန္ ကိုယ့္ကိုအံ့ဩတႀကီးၾကည့္ေနသည့္ မ်က္ဝန္းျပာေလးကိုၾကည့္လိုက္ၿပီး စိတ္ထဲမွာလဲ ေျမးေလးဧကႏွင့္အေတာ္ေလးတူသည္ဟူ မွတ္ခ်က္ေပးေနမိသည္။
"ဒါေလးက ကိုယ္တို႔သမက္ေလးလားကြ..."
"ဟုတ္ပ႐ွင္ ဒါျမတို႔ရဲ႕ သမက္ေလး...ပုန္းညက္ဦးညိဳတဲ့...ဦးညိဳေလး ဒါဒယ္ဒီ ဦးမင္းျမတ္ဟန္တဲ့...သားေယာကၡထီးႀကီးေပါ့..."
"သားစိတ္ဝင္စားတာေကာင္ေလးတစ္ေယာက္ဆိုကတည္းက ဘယ္လိုမ်ိဳးေလးမို႔လို႔ သားရဲ႕ စိတ္ကိုဖမ္းစားႏိုင္တာပါလိမ့္လို႔ ေတြးေနတာ ...လက္ေတြ႕ျမင္လိုက္ရမွ ငါ့သားက တကယ့္အေခ်ာေလးကိုေတြ႕ထားတာပဲကြ...ဟားးးး"
ဦးညို ကိုကို႔ဒယ္ဒီစကားေၾကာင့္ ႐ွက္သြားရသည္။ကိုကိုက သူ႕အေၾကာင္းေတြတစ္အိမ္လုံးကိုေျပာျပထားပုံပင္။
သူကသာ မဝံ့မရဲျဖစ္ေန၍ ကိုကို႔ကိုအားနာမိသည္။ကိုကိုအခ်စ္ေတြကို ျမင္ေလ ကိုကို႔ကိုပိုလက္မလႊတ္ႏိုင္ေလ ျဖစ္လာရသည္။
"ဒယ္ဒီကေတာ့ဗ်ာ..ကိုယ့္ေကာင္ေလး ႐ွက္ေအာင္ စေနျပန္ပါၿပီ..."
"ဟားးးဟုတ္ပါၿပီကြာ..သားေလး ႐ွက္စရာမလိုဘူးေနာ္ ေနာက္လည္း ဒယ္ဒီတို႔က မိသားစုတစ္ခုထဲျဖစ္လာမွာပဲ ရင္းရင္းႏွီးႏွီးေန...မေၾကာက္နဲ႔..."
"ဟီးးးဟုတ္ကဲ့ဗ်..."
"႐ွင္တို႔ က်ဳပ္ကေလးကို ဝိုင္းစမေနနဲ႔ လာ သားေလး မာမီနဲ႔လိုက္ခဲ့ မနက္စာစားရေအာင္ ..."
ေဒၚျမခတ္ အကုန္လုံးေ႐ွ႕မွ သမက္ျဖစ္သူလက္ေလးဆြဲၿပီး ထလာလိုက္သည္။
*အဟင္းးးသူမက ေအာင္ႏိုင္သူပင္...*
ဦးမင္းျမတ္ဟန္ သမက္ျဖစ္သူလက္ကိုဆြဲၿပီး ထြက္သြားေသာ မိန္းမျဖစ္သူကိုၾကည့္ရင္း ျပဳံးလိုက္သည္။
ထို႔ေနာက္ ကုေဋ႕ကိုၾကည့္လိုက္ရာ
အလားတူ သူၾကည့္ရာဘက္ၾကည့္ေနၿပီး မ်က္ဝန္းေလးေတြကအစ ႏူးႏူးညံ့ညံ့ျပဳံးေနသည္ကိုေတြ႕လိုက္ရသည့္အတြက္သူသေဘာက်သြားသည္။
က်ား၊မ စသည့္လိင္ခံယူမႈက တကယ္တမ္းအေရးမပါပဲ အစစ္အမွန္ျမတ္ႏိုးျခင္းေတြနဲ႔အခ်စ္ကသာ အဓိကျဖစ္ေၾကာင္း
ဦးမင္းျမတ္ဟန္ သားျဖစ္သူရဲ႕မ်က္ဝန္းေတြထဲတြင္နားလည္လိုက္သည္။
ဒီဘဝဒီသံသရာမွာ ေနာင္တကင္းကင္းနဲ႔ ျဖတ္ေက်ာ္ႏိုင္ဖို႔က တူညီတဲ့ႏွလုံးသားတစ္စုံႏွင့္တြဲလက္ေလးသာ လိုအပ္ေၾကာင္း လူေတြသိႏိုင္ေကာင္းပါရဲ႕။
"သား ဒယ္ဒီတို႔လဲ ထမင္းသြားစားၾကစို႔...ေျမးေလးလာ ေဖႀကီးဆီ..."
"ဝုတ္ေဖရီး..."
"ဟုတ္ကဲ့ ဒယ္ဒီ...."
ထို႔ေနာက္ မိသားစုတစ္စုရဲ႕ေႏြးေထြးစြာတည္ခင္းတဲ့ နံနက္စာေလးေအာက္မွာ ရီရီေမာေမာအသံေလးေတြျဖင့္ ေဝဆာသြားရသည္။
******************
သားေလး သူ႕အ႐ုပ္ေတြနဲ႔ေဆာ့ေနတုန္း ကုေဋ ဦးညိဳကိုျခံထဲေခၚသြားလိုက္သည္။
ျခံထဲလမ္းေလွ်ာက္ေနရင္း စြယ္ေတာ္ပင္ေအာက္ေရာက္ေသာ္အခါ ခုံတန္းေလးတြင္ ဝင္ထိုင္လိုက္ၾကသည္။
ဦးညိဳ ျခံေလးတဝိုက္ကို ၾကည့္ရင္း သေဘာက်မိသည္။
ကိုကို႔မာမီက ပန္းပင္စိုက္တာဝါသနာပါပုံရသည္။ တစ္ျခံလုံးတြင္လည္း သစ္ခြ ၊ဂမုန္း၊စံပယ္ ၊ဇြန္၊ႏွင္းဆီ စသည္ျဖင့္ စုံလင္ေနၿပီး
ပိေတာက္၊စြယ္ေတာ္၊ခေရ၊ကံေကာ္ စသည့္အပင္ႀကီးမ်ားကိုေတြ႕ရသည္။
ကုေဋ သေဘာတက်ျပဳံးေနသည့္ ဦးညိဳကို ေငးၾကည့္ရင္း
"ကိုယ့္အခ်စ္..."
"ဗ်ာ..."
"ကိုယ့္အခ်စ္..."
"ဗ်ာ..."
"ကိုယ့္အခ်စ္..."
"ဗ်ာ...လို႔...ထူးေနတာကိုဘာမွမေျပာပဲ..."
ဦးညိဳ ဆူပုတ္ပုတ္ေလးၾကည့္ရင္း ေျပာလိုက္သည္။
*တကယ္ပါပဲ လူကိုလိုက္စေနတယ္...*
"ဟက္...ကိုယ္က ကိုယ့္အခ်စ္ကို ကိုယ့္အခ်စ္လို႔ေခၚရတာကို အရမ္းသေဘာက်လို႔ပါဗ်ာ..."
"အဟင္းးးးကိုကိုကေတာ့တကယ္ပါပဲ...
ကိုကိုက်ေနာ့္ကိုဘာလို႔ခ်စ္တာလဲဟင္..."
"ကိုယ့္အခ်စ္ျဖစ္ေနလို႔ေလ..."
"တကယ္လို႔တစ္ေန႔ေန႔မွာ စိတ္ကုန္သြားရင္ေရာ..."
"ကိုယ့္အခ်စ္ ဒီစြယ္ေတာ္႐ြက္ေလးကိုၾကည့္လိုက္..."
ကုေဋ ေျမေပၚက်ေနသည့္စြယ္ေတာ္႐ြယ္ေလးတစ္ေယာက္ကိုေကာက္ၿပီးျပလိုက္သည္။
"ဒီစြယ္ေတာ္႐ြက္ေလးက အပင္ေပၚမွာပဲ ေဝေဝဆာဆာ႐ွိေနပါေစဦးေတာ့ သူ႕ရဲ႕ႏွစ္လႊာထဲကေန တစ္လႊာေလးကို ဖဲ့ေခြၽလိုက္ၿပီဆိုရင္ က်န္တဲ့တစ္လႊာေလးက ႐ွင္သန္ႏိုင္ပါဦးမလား..."
ဦးညိဳေခါင္းရမ္းျပလိုက္သည္။
"အဲ့ဒီလိုပဲ ကိုယ့္ဘဝႀကီးက ဘယ္ေလာက္ပဲ ျပည့္စုံလြန္းစြာ ႐ွင္သန္ေနပါေစ..
ပုန္းညက္ဦးညိဳလို႔ေခၚတဲ့ ကိုယ္႐ွင္သန္ႏိုင္မယ့္တစ္လႊာ မ႐ွိေတာ့ရင္... က်န္ေနခဲ့မယ့္ စြယ္ေတာ္႐ြက္လႊာေလးတစ္လႊာဟာ ကိုယ္ျဖစ္သြားမွာ....ကိုယ့္ဘဝကကလဲ က်န္ေနခဲ့တဲ့တလႊာေလးလို အပင္ေပၚမွာပဲ ၿငႇိဳးေရာ္ေျခာက္ေသြ႕ၿပီး ေသဆုံးသြားရမွာ..."
ဦးညိဳ ကိုကို႔စကားမ်ားေၾကာင့္ ဝမ္းသာဝမ္းနည္းလြန္းလို႔မ်က္ရည္ေတြပါဝဲလာရသည္။
သူဟာတကယ္ပဲ ကိုကို႔အခ်စ္ေတြနဲ႔ထိုက္တန္ပါရဲ႕လား။
"အကယ္၍မ်ား ဦးညိဳက ကိုကိုနားလည္မေပးႏိုင္ေလာက္တဲ့ ကိစၥတစ္ခုခုအတိတ္မွာ႐ွိခဲ့ရင္ေရာ...."
"ကိုယ္ဦးညိဳကိုယုံတယ္...အဲ့ဒီအတြက္ ဦးညိဳမွာ လုံေလာက္တဲ့အေၾကာင္းျပခ်က္႐ွိမယ္လို႔လဲယုံတယ္...အတိတ္ေတြကအေရးမႀကီးဘူးဆိုေပမယ့္...ကိုယ့္အတြက္ေတာ့ ဦးညိဳအေလးထားတဲ့အတိတ္တိုင္းကအေရးပါပါတယ္...အမွန္တိုင္းေျပာရရင္ ကိုယ္က
ဦးညိဳေပၚမွာ အလုံးစုံတိမ္းေမွာက္ေနတဲ့ေကာင္ပါ..... ကိုယ့္႐ွင္သန္ရာေလးျဖစ္တဲ့ ဦးညိဳက ကိုယ့္ကိုစိတ္မပ်က္သြားဖို႔ပဲကိုယ္ေမွ်ာ္လင့္ပါတယ္...ခ်စ္ျခင္းေမတၱာကို ဘယ္သူေတြဘယ္လိုပုံေဖာ္ေဖာ္ ကိုယ့္အတြက္ကေတာ့ ကိုယ့္အခ်စ္ပါပဲ...."
"ဦးညိဳ ကိုကို႔ကိုခ်စ္တယ္..ခုခ်ိန္ ဒီစကားကိုမေျပာရရင္ ဦးညိဳဝမ္းနည္းလြန္းလို႔ငိုမိေတာ့မယ္..."
ကုေဋ မ်က္ရည္ေတြဝဲေနေသာ ေကာင္ငယ္ေလးရဲ႕ ကိုယ္လုံးေႏြးေႏြးေလးကို ရင္ခြင္ထဲဆြဲသြင္းရင္း
"ကိုယ္ကလဲ ကိုယ့္အခ်စ္ကို အတိုင္းအဆမ႐ွိေအာင္ ခ်စ္တယ္..."
ဦးညိဳ ေခါင္းတဆက္ဆက္ၿငိမ့္ရင္းပင္ ထိုရင္ခြင္ထဲပိုတိုးဝင္လိုက္သည္။
ေတာင္းဆုေတြသာျပည့္စုံမယ္ဆိုလွ်င္ ဒီရင္ခြင္ကိုသာ ထာဝရပိုင္ရပါေစသား။
CHANGE 🍁
ဟီး ႐ွည္တယ္ေနာ္ အာဘြားေပး...
ကိုယ့္ကုေဋႀကီးကို ကိုယ္ေႂကြလို႔ရလား🥺