Episode 26✨🍁

30.9K 2.6K 175
                                    

ချမ်းအေးလှသောမနက်ခင်းတစ်ခု ၄နာရီခန့်အချိန်တွင် အညိုလုံးအသေးလေးဟာ‌ဆိုရင်နိုးလာပြီး ငုတ်တုတ်လေးထထိုင်လိုက်သည်။
ညက ပါးပါးရဲ့ရင်ခွှင်ထဲမှာ အိပ်ခဲ့ရသဖြင့် မျက်ဝန်းပြာလေးများဟာ ပျော်ရွှင်ရိပ်လေးသမ်းနေသည်။
ထိုအခိုက် ဧကလေးပါးပါးကို သတိရသွားပြီး ဘေးကိုအမြန်ကြည့်လိုက်ရာ
ဒယ်ဒီ လက်မောင်းနှင့်ရင်ခွှင်ကြားတွင် နစ်မြုပ်စွာ နှစ်နှစ်ခြိုက်အခြိုက်အိပ်ပျော်နေသော ပါးပါးကိုတွေ့လိုက်ရသည်။
ဧကလေးနှုတ်ခမ်းလေးတွေမဲ့ကျသွားရပြီး ဒယ်ဒီ့ကို မျက်မှောင်ကျုံ့ကြည့်လိုက်သည်။
ထို့နောက် စောင်ပုံထဲမှ အတင်းကျုံးထ၍ ပါးပါးနှင့် ဒယ်ဒီ့ကြားကို ခွဝင်ပစ်လိုက်သည်။
သူ့ပါးပါးကို လာလုချင်လို့မရပါ။

ကုဋေ ရင်ဘက်နားမှ လှုပ်စိလှုပ်စိလေးကြောင့် နိုးလာရာ သူနဲ့ဦးညိုလေးအကြား အတင်းတိုးဝင်‌ နေရာယူနေသော အညို‌လုံးအသေးလေး မင်းမြတ်ဧကဦးမာန်ကိုတွေ့လိုက်ရသည်။

“အင်းးးအင့် ..အွန်းးးးဟင့်...”
ဧကလေး ပါးပါးကိုမထိမိအောင် ဒယ်ဒီကိုယ်ကြီးကို အတင်းတိုးသော်လည်း မရသဖြင့် စိတ်ကပေါက်လာသည်။

ကုဋေ အကောင်ပေါက်လေးက သူ့ကိုယ်လုံးကို ခြေကားယားလက်ကားယားဖြင့် အတင်းတိုးနေသော ပေါက်စလေးကြောင့် ရီချင်စိတ်ကိုထိန်းထားလိုက်သည်။
သူ့ပါးပါးကိုမထိအောင် တွန်းနေပုံက ရီချင်စရာကောင်းနေသည်။
တစ်ဖက်က အညို‌လုံးလေးကတော့ ခုချိန်သူ့ကို မ ပြေးသွားရင်တောင်မသိသည့်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

“သား ...ပါးပါးနိုးသွားမယ်လေကွာ...ဘာလို့အတင်းတိုးနေတာလဲ...သားရဲ့....”

“ဝွန့်...ပါးပါးတို ဘာယို့တင်းဖက်ထားရာရဲ...
တားရဲ ဖက်ချင်ရယ်ယေ...”

ကုဋေ မျက်မှောင်ကျုံ့ကြည့်လိုက်သည်။
မဖြစ်သေးပါ ဦးညိုနှင့်တရားဝင်လက်ထက်ပြီးမှက ဒီပေါက်စနကို အခန်းခွဲသိပ်ရမည်။
မဟုတ်ပါက မင်းမြန်ကုဋေဟန်ဟာ
ဝါတွင်းဘုန်းကြီးများထက် ဘဝဆိုးနေလိမ့်မည်။
“သားပါးပါးကို ဒယ်ဒီကချစ်လို့ဖက်တာလေ...ပါးပါးကို မဖက်ရဘူးလား...”

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now