Episode 14✨🍁

39.2K 3.4K 142
                                    

ကုဋေ ဒီနေ့တော့ ရုံးချုပ်တွင် အရေးကြီးအစည်းအဝေးရှိ၍ သားမနိုးခင်ထွက်လာလိုက်သည်။
လူဆိုးလေးက ရုံးခွဲမသွားပါဘူးပြောလဲ ယုံမည်မဟုတ်ပဲ အတင်းလိုက်နေမည်ဖြစ်ပြီး လင်းမိုလည်းမရှိ သူကလည်း အစည်းအ‌ေဝးမှာပဲ အချိန်ကုန်နေပြီး သားကိုပစ်ထားသလိုဖြစ်နေလိမ့်မည်။
ထို့ကြောင့် မခေါ်တော့ပဲ မာမီတို့နှင့်ပဲထားခဲ့လိုက်မည်ဟုတွေးပြီး အမြန်ထွက်လာလိုက်သည်။

ကားထွက်သွားပြီး သိပ်မကြာမှီ ဧကလေးနိုးလာသည်။နိုးနိုးချင်း ဒယ်ဒီကိုမတွေ့၍ ကုတင်ပေါ်မှ လျှောဆင်းလိုက်ပြီး ‌ဒယ်ဒီစာကြည့်ခန်းထဲသွားကြည့်ရာ မတွေ့။
ဒယ်ဒီသူ့ကိုထားခဲ့ပြီး သွားပြီဆိုတာဧကလေးနားလည်လိုက်သည်။
မင်းမြတ်ဧကဦးမာန်ကို ဒီလိုမျိူးလာလုပ်၍ မရပါ။မေကြီးတို့ခန်းထဲကိုသွားရာ မေကြီးမရှိ ဖေကြီးပဲတစ်ယောက်ထဲအိပ်နေ၍ စားပွဲပေါ်မှ မေကြီးဖုန်းကို ခုံပေါ်တက်အသာ‌လေးယူလိုက်သည်။
ထို့နောက်‌ မေကြီးသင်ပေးထားသည့်အတိုင်း
လက်ကလေးနှင့်အသာတွန်း၍ ဖုန်းကိုဖွှင့်လိုက်ပြီး မျောက်ရုပ်ကလေးဖြင့် မှတ်ထားသည့် နံပတ်ကိုခေါ်လိုက်သည်။

"တွီ...တွီ..."
လင်းမို အိပ်ထောင်ထဲမှ ဖုန်းvibrateအသံမြည်လာသဖြင့် စာရင်းတွေစစ်နေရာမှ ကြည့်လိုက်ရာ Big Bossဟု မှတ်ထားသည့် နံပတ်ကိုတွေ့လိုက်ရသဖြင့် ခေါင်းတွေပါကြိမ်းသွားရသည်။
*သူဌေးကတော်က ဘာဖြစ်လို့ခေါ်တာပါလိမ့်..*ဟုတွေး‌ရင်း ကိုင်လိုက်သည်။
ဟုတ်သည်လေ သူဌေးကတော်က အမြဲbossကို မိန်းမပေးစားဖို့ပဲချောင်းနေပြီး bossဘာသာ မယူတာကို
မင်းအသုံးမကျလို့ ကိုယ့်bossကို ချောချောလှလှလေးတွေနဲ့အောင်သွယ်ပေးမယ်မရှိဘူး အချောအလှလေးတွေမင်းပဲထားနေတာ ဒီထဲ ကလေးကိုမုန့်ပေးပြီးက ကြိုက်သေးတယ်...မင်းတို့bossတစ်သက်လုံး မိန်းမမယူရင် မင်းလဲယူရမယ်မထင်နဲ့ ငါ့အကြောင်းသိတယ်မလား ဆိုကာတစ်မျိုး
ကိုယ့်bossနောက် ပတ်လိုက်နေပြီး လက်ကိုင်ပဝါပိုင်ရှင်လေးတောင် မသိဘူးလား အသုံးကိုမကျဘူး..က တစ်ဖုံဖြင့် အမျိုးမျိုး အနိုင်ကျင့်တက်သည့် သူဌေးကတော်ကြီးပင် မဟုတ်ပါလား။
"ဟယ်လို သူဌေးကတော်ဗျ.."

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now