Episode 1✨🍁

121K 5K 131
                                    

မင်းမြတ်ကုဋေဟန် သူ့ရှေ့တည့်တည့်တွင်ထိုင်နေသည့် ဆရာဝန်နှင့် ဘေးက ကောင်မလေးနှစ်ယောက်ကိုသေချာစိုက်ကြည့်နေမိသည်။တစ်ယောက်ကမူသူ့ကိုပြန်ကြည့်နေသော်လည်း နောက်တစ်ယောက်ကတော့မျက်လွှာချထားသည်။
ခု ကုဋေဟာဆိုရင် Bangkokမှာရှိသည့် နာမည်အကြီးဆုံးဆေးရုံ၏ VVIP ဝန်းထဲတွင် နာမည်အကြီးဆုံး သားဖွားမီးယပ်ဆရာဝန်နှင့်တွေ့စုံနေခြင်းဖြစ်သည် ။

"ဒေါက်တာပြောတဲ့တိုင်းဆို ခုကိုယ့်ရှေ့မှာထိုင်နေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်က ကိုယ့်ရဲ့ကိုယ်ဝန်ကိုဆောင်ပေးမယ်ပေါ့...."

"ဟုတ်ပါတယ် မောင်ကုဋေ ..မောင်ရင်ပြောတဲ့အတိုင်း လိုချင်တဲ့အချက်အလက်အတိုင်းလဲကိုက်ညီပါတယ်..."

"ဟုတ်ပြီ...ဒါနဲ့ ဒေါက်တာ ကိုယ်သူတို့နဲ့ဆွေးနွေးစရာတစ်ခုရှိသေးတယ် ..."

‌"ဘာများလဲမောင်ရင်..."

ကုဋေ သူ့ရှေ့ကmaskတပ်ထားသည့် မိန်းမပျိုနှစ်ဦးကို ကြည့်လိုက်ပြီး
"အဲ့ဒါကတော့ ကိုယ်ပြောထားတဲ့အချက်တွေအတိုင်း
၁။လုံးဝအပျိုစင်ဖြစ်ရမယ်
၂။Geneအရရော လုံးဝကောင်းရမယ်
ကိုယ့်သွေးသားကို geneမကောင်းတဲ့သူဆီမှာဆောင်ခိုင်းဖို့ အစီအစဉ်မရှိဘူး
၃။ဒီတစ်ခုကတော့ လုံးဝရှင်းရှင်းလင်းလင်းလုပ်ချင်တယ် နောင်တစ်ချိန်မှာ ကိုယ့်ကလေးကိုလာမနွယ်ဖို့တစ်ခုပဲ ...
ကိုယ်ပြောတာကိုနားလည်မယ်ထင်ပါတယ်..."

"ဟုတ်ကဲ့..စိတ်ချပါ..အဲ့လိုကိစ္စမျိုးလုံးဝမရှိစေရပါဘူးလို့အာမခံပါတယ်..ကျွန်မတို့ဘက်ကလဲ ဒီကအကိုနဲ့‌သဘောတူထားတဲ့အချက်တွေအတိုင်းလိုက်နာမှာပါ..."

"အိုကေ ..ကောင်းပြီလေ ဒါဆို ကျန်တာဒေါက်တာနဲ့ပဲဆွေးနွေးလိုက်ပါ...ဒေါက်တာ အဲ့ဒါဆိုကိုယ်ပြန်လိုက်ပါဦးမယ်..."

"ကောင်းပါပြီ မောင်ရင်..."

ဒေါက်တာ အပေါက်ဝထိလိုက်ပို့ပေးရင်း
"မောင်ကုဋေ သူတို့ရဲ့ကိုယ်ရေးရာဇဝင်တွေတစ်ချက် ကြည့်ကြည့်ဦးမလား..."

"မကြည့်တော့ပါဘူး ဒေါက်တာ...ကိုယ် ဒေါက်တာကိုယုံပါတယ်..ကိုယ့်ကလေးရဲ့မိခင်ဖြစ်သူဘယ်သူလဲဆိုတာ ကိုယ့်အတွက်အရေးမကြီးပါဘူး..အဓိကက ကိုယ့်ကလေးကျန်းကျန်းမာမာနဲ့ မွေးဖွားလာ‌ရင်ရပြီ..."

My Universe is Oo Nyo 💫✨(Complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα