Episode 10✨🍁

43.7K 3.8K 210
                                    

ဦးညို မီးပွင့်တွေမိနေ၍ အင်တာဗျူးနောက်ကျနေပြီဖြစ်သောကြောင့် ဆိုင်ကယ်ကိုဖြစ်သလိုအမြန်ထိုးလိုက်ပြီး ရုံးထဲပြေးဝင်လာလိုက်သည်။ရုံးထဲရောက်မှ အင်တာဗျူးဖြေရမည့်အခန်း မသိသောကြောင့် တိုင်ပတ်နေခိုက်
ကောင်မလေးတစ်ယောက်ကိုတွေ့သဖြင့်
"ဟို... အင်တာဗျူးဖြေတဲ့အခန်းကဘယ်မှာလဲသိလားဗျ...သိရင် ကျနော့်ကိုတစ်ဆိတ်လောက်ပြောပြပေးလို့ရမလားဗျ ..."

"အော် အင်တာဗျူးလာဖြေတာထင်တယ် ဒီကနေ တည့်တည့်သွားလိုက် ရုံးခန်းဟိုဘက်နှစ်ခန်းကျော်မှာနော်..."

"အော် ဟုတ် ကျေးဇူးပါဗျ..." ဦးညို ပြုံးပြကျေးဇူးတင်လိုက်ပြီး ထိုအခန်းရှိရာသို့ အမြန်သွားလိုက်သည်။

"အားးးးဘာလေးလဲ...."
ချစ်မြတ်နိုးတစ်ယောက် ထွက်သွားသည့်ကောင်လေးကိုကြည့်ရင်း ပြောလိုက်သည်။မျက်ဝန်းပြာပြာဆံပင်ကောက်ကောက်လေးတွေနှင့် ထိုကောင်လေးက ပုဆိုးဝတ်ထားသည့်တိုင်အောင် ‌ကလေးလေးနှင့်တူနေသေးသည်။
သူမက ပထမတစ်သုတ်ခေါ်သည့်ထဲတွင်ပါသောသူဖြစ်၍ ကုမ္ပဏီတွင် နေရာတစ်နေရာရနေပြီးသားဖြစ်သည်။

"ဟဲ့ မြတ်နိုး ဘာတွေငေးနေတာတုန်း..."

"ဟိဟိ..ချစ်စရာလေးတစ်ယောက်ကိုတွေ့လိုက်လို့ပါ အသက်ရေ....ငါ့ရဲ့ဆဌမမြောက် အာရုံအရ သေချာပေါက်...
အဟင်းးဟင်းးးးး"

"ဟယ် ဟုတ်လား...အဲ့ဒါဆို ငါတို့စောင်မကြည့်ရှူပေးရမှာပေါ့...ဟီးးးး"

"အမလေးဟယ် ဒီလိုမျိုးဆို အသက်တို့ကနှစ်ခါပြောစရာမလိုဘူး တန်းသဘောပေါက်တော့တာပဲနော်...."

"ဖူဂျီမအစွမ်းတွေပါ...ဟီးးးး"
သူငယ်ချင်းနှစ်ယောက် သဘောကျစွာပြောရင်း မိမိဌာနရှိရာသို့သွားလိုက်ကြသည်။
ရုံးတွင်းshipမည့်သူရှာနေသော်လည်း ခုချိန်ထိအဖြောင့်ကောင်တွေနဲ့ပဲတွေ့နေရ၍ ဘဝကြီးကနေမပျော်ဖြစ်နေချိန်မှာ ခုတော့ နေပျော်စရာလေးတွေ့ပြီထင်ပါသည်။

******************************************
ရုံးခန်းထဲမှာ လူဆိုးမကြီးရှိနေ၍ ဧကလေး အပြင်ထွက်လာပြီး လျှောက်သွားရင်း တစ်နေရာဆီသို့အကြည့်ရောက်သွားသောအခါ ခြေလှမ်းတွေရပ်တန့်သွားရသည်။
"အဲ......"
ဧက မျက်လုံးပြာပြာစိုစိုဝိုင်းဝိုင်းလေးတွေဖြင့် မမတစ်ယောက်နှင့်စကားပြောနေသော ထိုဦးဦးကိုကြည့်နေမိရင်း ထိုဦးဦးက ဒီဘက်လှည့်လာရာ ဧကမျက်ဝန်းလေးတွေဝိုင်းစက်သွားရသည်။

My Universe is Oo Nyo 💫✨(Complete)Tempat cerita menjadi hidup. Temukan sekarang