Episode 2✨🍁

43.4K 4.2K 147
                                    

"ကဲ...စလိုက်ကြတော့မလား..."
ဦးညို အတွေးယာဉ်ကြောမှာမြောနေခိုက် ဒေါက်တာအသံကြားမှသတိဝင်လာသည်။

"ဟုတ်ကဲ့...ဒေါက်တာ...."
ဦးညို လက်သီးကိုတင်းတင်းစုပ်၍ စိတ်ကိုတင်းထားလိုက်သည်။
မကြောက်ပါဘူးလို့ပြောရင် လိမ်ရာကြပေလိမ့်မည်။ကြောက်ပါသည် ဦးညိုသိပ်ကိုကြောက်မိပါသော်လည်း ဦးညို လုပ်ကိုလုပ်ရမည်ဟု ဆုံးဖြတ်ထားပြီးသားဖြစ်၍ အသက်ကို ဖြေးဖြေးချင်း ရှူသွင်း ရှုထုတ်လုပ်ပြီး စိတ်ကိုငြိမ်အောင်ထားလိုက်သည်။

အငှားကိုယ်ဝန်ဆောင်ရာတွင် အဓိကအချက်ဖြစ်သော အပျိုစင်ဖြစ်ရမည်ဟူသောအချက်ကြောင့် IUIနည်းပညာကိုအသုံးပြုခဲ့ကြသည်။
IUI(Intrauterine insemination)ဆိုသည်မှာ ပြင်ပတွင် ဆေးဝါးဖြင့်သေချာစီမံထားသော ကျန်းမာသန်စွမ်းသည့် သုတ်ပိုးများကိုသေချာဖန်ပြွန်ထဲထည့်ထားပြီး သားအိမ်ထဲသို့တိုက်ရိုက်ထည့်သွင်းသည့်နည်းလမ်းဖြစ်သည်။

"ဦးညို..ကြောက်နေလားဟင်...."သဇင်‌ ခွဲစိတ်ခန်းသွားသည့်လမ်းတွင် ဇောချွေးတွေပြန်နေသော ဦးညိုကိုကြည့်ပြီး စိတ်မသက်မသာနှင့်ပြောလိုက်မိသည်။

"ဟီးးးးနဲနဲလေးတော့ကြောက်တယ် ဒါပေမယ့် ဦးညိုတို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်...စိတ်မပူနဲ့နော်..."

"အင်းပါ..."
ထို့နောက် ဦးညို ဒေါက်တာNiနဲ့အတူ ခွဲစိတ်ခန်းထဲဝင်ခဲ့လိုက်သည်။

‌ကြောက်သဖြင့် ခြေဖျားလက်ဖျားတွေပါအေးစက်နေသော ဦးညိုကိုကြည့်ပြီး
ဒေါက်တာသည် ပြုံး၍
"အဆင်ပြေသွားမှာပါ ကလေးရဲ့ ဒေါက်တာကိုယုံတယ်မလား...."

"ဟုတ် ဒေါက်တာ..ဦးညို ဒေါက်တာကို ယုံပါတယ်...."
ကိုယ့်ကိုယုံကြည်မှုရှိသော မျက်ဝန်းပြာလေးတွေဖြင့် ကြည့်ပြီးပြောလာသော ဦးညိုလေးကိုကြည့်ပြီး ဒေါက်တာNi ဝနီဒါကို သတိရသွားသည်။

ထိုအမျိုးသမီးလေးကလဲ ခုလိုမျက်ဝန်းပြာဆံပင်ကောက်ကောက်လေးတွေနှင့် သိပ်ကို နှစ်လိုဖွယ်ကောင်းခဲ့သည်‌။ခေါင်းမာပုံမှာလဲ သူရွေးခြယ်ထားသည့်လမ်းအတွက် နောင်တဆိုသည်မှာလည်း မရှိခဲ့။
ခုဆိုသူမ ထွက်သွားသည်မှာ နှစ်20လောက်ရှိလောက်ပြီ။ဘယ်ဆီကိုရောက်၍ ဘယ်မှာပေါက်နေမှန်းတောင် မသိရသည်အထိ အဆက်အသွယ်တွေကိုဖြတ်တောက်သွားသည်။တစ်ချိန်တုန်းက ကိုယ်သိပ်အားကိုးခဲ့ရသည့် သူနာပြုပေါက်စလေးကို ဒေါက်တာNi သမီးလေးတစ်ယောက်လိုချစ်ခဲ့ရသည်လေ.....။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now