My Universe is Oo Nyo 💫✨(Com...

By Change_7

1.9M 154K 9.5K

boy loves More

Episode 1✨🍁
Episode 2✨🍁
Episode 3✨🍁
Episode 4✨🍁
Episode 5✨🍁
Episode 6✨🍁
Episode 7✨🍁
Episode 9✨🍁
Episode 10✨🍁
Hello😄
Episode 11✨🍁
Hee🙆🏼‍♀️😁
Episode 12✨🍁
Episode 13✨🍁
Episode 14✨🍁
Episode 15✨🍁
Episode 16✨🍁
Episode 17✨🍁
Episode 18✨🍁
Episode 19✨🍁
Episode 20✨🍁
Episode 21✨🍁
Episode 22✨🍁
Episode 23✨🍁
Episode 24✨🍁
Episode 25✨🍁
Episode 26✨🍁
Readerလေးတွေဆီသို့
Episode 27✨🍁
Episode 28✨🍁
Episode 29✨🍁
Episode 30✨🍁
Episode 31✨🍁
Episode 32✨🍁🌚
Episode 33✨🍁
Episode 34✨🍁
Episode 35✨🍁
Episode 36✨🍁
Episode 37✨🍁
Episode 38✨🍁
Episode 39✨🍁
Episode 40✨🍁
Episode 41✨🍁
Episode 42✨🍁
Episode 43✨🍁
Episode 44✨🍁
Episode 45✨🍁(Final)
Extra✨🍁1
Extra✨🍁2
Extra✨🍁3
အဟမ်း!! Season 2🌚
ကျေးဇူးတင်လွှာ
Book နဲ့ပတ်သက်တဲ့အကြောင်းလေး❤️
🚨Book Announcement ❤️
Happy Birthday pr Oo Nyo🍁

Episode 8✨🍁

36.7K 3.6K 161
By Change_7

"အာ့ ကျွတ်..ကျွတ်... "
ဦးညို ည11နာရီကျော်မှ ဗိုက်ထဲကနာလာသည်။8လကျော်လာပြီဖြစ်၍ မွေးချိန်လည်း ကပ်နေပြီဖြစ်ရာ သတိထားနေရသည်။

"အာ့ ... "ဗိုက်ထဲက ထိုးနာလာလွန်းလို့ ဦးညိုမျက်ရည်များတောင်ဝဲလာရပြီး ဒူးကိုကွေးထားမိသည်။
ဘေးကုတင်မှာ အိပ်ပျော်နေသည့် မေမေလေးနှင့် မမသဇင်ကို လှမ်းကြည့်ပြီး
"မမ...မမသဇင် ...အာ့.."

"အင်...ဟင် ..ဦးညို ဘာဖြစ်လို့လဲဟင်..."
သဇင်ဦးညို ရုတ်တရက်ဆိုတော့ လန့်နိူးသွားရသည်။

"ဗိုက်နာလို့လား...ဟင် ဦးညို..မွေးချင်လို့လား...."
ဦးညို ခေါင်းကိုသာငြိမ့်ပြလိုက်သည်။
ခုချက်ချင်းပင် ဗိုက်ကြီးက တစ်စစီကွဲထွက်လာမလား အောင့်မေ့ရအောင်အထိကို နာလာသဖြင့် ချွေးသီးများပါပြန်နေပြီး မျက်ရည်များမှာလည်း ထိန်းမရအောင် ကျနေသည်။

သဇင် ဦးညိုခံစားနေရတာကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိတော့ကာ
"မေမေ..မေမေ...ထပါဦး..."
"ဟင်..."ဒေါ်သဇင်မြင့်လည်း သမီးဖြစ်သူ၏ အလန့်တကြားနှိုးမှုကြောင့် လန့်ပြီး ငုတ်တုတ်တောင် ထထိုင်လိုက်မိသည်။

"ဘာဖြစ်လို့လဲဟင်..သမီးလေး..."

"ဦးညိုလေ...ဗိုက်နာလို့တဲ့..အဟင့် .."သဇင် ငိုသံပါကြီးနှင့်ပြောလိုက်ရာ

"ဟောတော်..အဲ့ဒါဆရာဝန်အမြန်ခေါ်မှပေါ့ မွေးတော့မယ်ထင်တယ်..သွား သွား သဇင် သမီးက ဒေါက်တာNiသွားခေါ်ချည် မေမေဦးညိုလေးနဲ့ပြင်ထားလိုက်မယ်..."
"ဟုတ်မေမေ..."
သဇင် အခန်းအပြင်ကိုအမြန်ထွက်သွားလိုက်ပြီး ဒေါက်တာNiကိုသွားခေါ်လိုက်သည်။

ဒေါ်သဇင်မြင့်လည်း ဦးညိုရှိရာဘက်ကိုသွားလိုက်ပြီး ပုခုံးလေးကိုဆုပ်ကိုင်ကာ
"သားလေး ဦးညို အရမ်းနာနေလားဟင်..."
"ဟုတ်..."
မျက်ရည်များအပြည့်ဖြင့် မော့ကြည့်လာသော ဦးညိုလေးကို ကြည့်ပြီး ဒေါ်သဇင်မြင့်ရင်ဘက်ထဲကပါ နာလာရသည်။
ဒီကလေးလေးအပေါ် သူမတကယ်ပဲအမှားတွေအများကြီး လုပ်ခဲ့သလောက် ဒီကလေး‌ လေး ကတော့ တစ်ခါမှ သူ့မကိုမနာကျည်းဖူးပေ။
အရင်ကလို သူမနှင့်တွေလျှင် အမြဲကြည့်တက်သည့် မျက်ဝန်းပြာပြာတောက်တောက်လေးတွေက သူမခွဲစိတ်မှုပြီးတဲ့အချိန်မှစ၍ အမြဲ အရောင်မှိုင်းဖြနေကာ ငြိမ်ကျသွားသည်။အရင်ကလို သွက်လက်တက်ကြွတက်သည့် သူမရဲ့သားငယ်လေး၊ပျော်ပျော်နေ‌တက်သည့်သားငယ်လေး ၊ သူမကိုမျက်ဝန်းတောက်တောက်လေးတွေနှင့်လိုက်ကြည့်တက်သည့် သားငယ်လေးကို သူမဘယ်လို ပြန်ရှာရမလဲ...တကယ်ပင်မသိတော့။

"အဆင်ပြေသွားမှာပါနော်...မေမေလေးကိုကြည့်ပါဦး...ခဏလေးပဲနာမှာနော် ကလေးလေးအပြင်ထွက်လာတာနဲ့သက်သာသွားမှာသိလား...မေမေ့သားလေးက သန်မာပါတယ်..."

"အဟီး...ဟုတ်..."
မေမေလေး၏စကားကြောင့် ဦးညို မျက်ရည်များကြားမှပြုံးလိုက်သည်။
မေမေလေးနှင့်သူ့ကြားမှာ ဆက်ဆံရေးတွေအများကြီးတိုးတက်လာသလောက် သူပျော်ရွှင်ရပါသည်။
သူ့အပေါ်အားနာနေတာလား
သနားနေတာလား
အပြစ်ရှိသလိုခံစားနေရလို့လား
စသည်ဖြင့် ဘာအကြောင်းကြောင့် ခုလိုပြောင်းလဲလာရသလဲဆိုသည့် အကြောင်းအရင်းကိုလည်း သူတွေးမနေတော့ ။ဒီတိုင်းလေး ..ဒီတိုင်းလေးပဲ သူ့ဘဝကိုဖြတ်သန်းသွားချင်လေသည်။
သူ့ဘဝတွင် ဖေဖေကိုဆုံးရှုံးခဲ့ရပြီးသည့်နောက်
ယခု သူနှင့်သက်ဆိုင်ခွင့်မရှိသည့် သားသားလေး ...
နောက်ထပ် မည်သည့်အရာကိုမှမဆုံးရှုံးချင်တော့၍ သူကာကွယ်ရမည်။သူ့ရဲ့ပျော်ရွှင်မှူကို သူကာကွယ်ရမည်။

ဒေါက်တာNi ဦးညိုလေးကို ခွဲခန်းထဲထည့်ရတော့မည်ဖြစ်၍ မင်းမြတ်ကုဋေဟန်ဆီလှမ်းဆက်သွယ်လိုက်သည်။
"ဟယ်လို..မောင်ကုဋေ ..."

ကုဋေ နှစ်ချုပ်စာရင်းများကို စစ်ဆေးနေခိုက် ဒေါက်တာဖုန်းဝင်လာသဖြင့်
ကိုင်လာသည်။
"ဟုတ်ကဲ့ ဒေါက်တာ..."

"အငှားကိုယ်ဝန်ဆောင် မွေးတော့မှာမို့ ဒေါက်တာတို့ခွဲခန်းဝင်တော့မယ် ...အဲ့ဒါမောင်ရင်ကို လှမ်းအကြောင်းကြားတာပါ..."

"အာ..ဟုတ်ကဲ့ ဒေါက်တာ ကိုယ် အခုပဲလိုက်လာလိုက်ပါ့မယ်...."

"ရတယ်မောင်ကုဋေ .. မနက်မှလာလဲရပါတယ်...လမ်းခရီးမှာဂရုစိုက်ပါ..ဒေါက်တာတို့ကိုစိတ်မပူလဲရပါတယ်..."

"မဟုတ်တာပဲ..ဒေါက်တာ ...ကိုယ် ခုပဲလိုက်လာလိုက်မယ် ...ခုမလောကကြီးထဲကိုရောက်လာမယ့် ကိုယ့်ကလေးကို ကိုယ်ကအရင်ဆုံးကြိုဆိုသင့်တာပေါ့..."

"ကောင်းပါပြီမောင်ရင်..."

ဒေါက်တာNiလဲ ခွဲခန်းထဲကိုဝင်လာပြီး ခွဲစိတ်ဖို့ရာပြင်လိုက်သည်။
"သားလေး ဦးညိုမကြောက်နဲ့နော် ..ဒူးကိုကွေးလိုက်သားလေး..."
"ဟုတ်..."
"နဲနဲကွေးဦးသားလေး ..ပုစွန်ထုပ်လေးလို ဒူးခေါင်းနဲ့နှဖူးထိလောက်တဲ့ထိ ရသလောက်လေးကွေးပေးနော် ခါးရိုးထဲကို ထုံဆေးထိုးရမှာမို့...."

"ဟုတ်ကဲ့ ဒေါက်တာ...."
ဦးညို ရသလောက်ကွေးပေးပြီးနောက်
ထုံဆေးနှင့်ပဲ ခွဲလိုက်သည်။
မေ့ဆေးကို ဦးညိုသေချာမပေးခိုင်းပဲ ထုံဆေးနှင့်ပင် ခွဲခိုင်းသည်။
သားလေးရဲ့တည်ရှိမှုကို နောက်ဆုံးအချိန်ထိ သူမှတ်မိနေချင်သည်။
ဗိုက်ကိုဓားနှင့်စ ခွဲစည့်အချိန်မှစ၍ သားလေးကိုထုတ်သွားသည့်အချိန်ထိ သူသတိရှိနေချင်သည်။
သားလေးမျက်နှာလေးကို ပထမဆုံးမြင်သည့်သူက သူပဲဖြစ်ချင်သည်။
သားလေး ကိုယ်နွေးနွေးသေးသေးလေးကို ပထမဆုံးထွေးပွေးမည့်သူမှာလည်း သူပဲဖြစ်ချင်သည်။
သားလေးအပေါ် ပိုင်ဆိုင်ခွှင့်မရှိပေမယ့် ဒီလောက်လေးတော့ သူလောဘတက်ခွှင့်ရှိသည်မဟုတ်ပါလား...။

ဒေါ်သဇင်မြင့်နှင့် သဇင်ဦးညိုမှာလည်း ခွဲခန်းဝတွင် အချင်းချင်း တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီး အားပေးနေမိသည်။
"မေမေ ..ဦးညိုလေး...အဆင်ပြေမှာပါနော်..."

"ဒါပေါ့ သမီးလေးရဲ့...ဦးညိုလေးက သန်မာပါတယ်..သူအဆင်ပြေမှာပါ..."

ဒေါ်သဇင်မြင့်ကိုယ်တိုင် ဘယ်လောက်ထိစိတ်ပူနေမိလည်းဆိုတာ အသိဆုံးပင်ဖြစ်သော်လည်း သဇင်‌ဦးညိုကို အားပေးရင်း ကိုယ့်ကိုကိုယ်ဖြေသိမ့်နေမိသည်။

သူမရဲ့မေတ္တာတွေကြောင့် သားလေးအဆင်ပြေပါစေ...
...........................................................

ကုဋေ ပြင်ဆင်စရာများကိုပြင်ဆင်ပြီးနောက် လင်းမိုဦးဆီ လှမ်းဆက်လိုက်သည်။
"ဟယ်လို ‌boss..."
"ခုပဲ ဘန်ကောက်ကို‌သွားဖို့ flightပြင်ထားလိုက်ပါ..မင်းရောလိုက်ခဲ့ရမယ် နောက်15မိနစ်နေရင် အိမ်ကနေသွားမယ်..."

"ဗျာ..ဟို..."လင်းမို မေးချိန်ပင်မရလိုက်ရ bossဖုန်းက ချသွားပြီဖြစ်၍ အလျှင်အမြန်ပဲပြင်ဆင်လိုက်ရသည်။
Bossကိုအချိန်တိကျကြီးက 15မိနစ်ပဲအချိန်ပေးသည်မဟုတ်ပါလား...။

"ဒေါက်ဒေါက်...
ဒယ်ဒီ..မာမီ...အိပ်နေပြီလား...ကိုယ်ပါ..."
မာမီတို့အခန်းအပြင်ဘက်မှ ‌လှမ်းမေးလိုက်သည်။
"သားလေး ဒယ်ဒီတို့မအိပ်သေးဘူး ဝင်ခဲ့လေ..."

ကုဋေဝင်သွားလိုက်ပြီးနောက်
"သား အရေးကြီးကိစ္စရှိလို့လား..."
ဒေါ်မြခတ် အလျှင်အမြန်ပဲမေးလိုက်သည်။သူမတို့၏သားက ဒီအချိန်ကြီး မိမိတို့အခန်းလာသည့်ကိစ္စမှာ အရေးကြီးကိစ္စမှလွဲ၍ မဖြစ်နိုင်ရာ...။

"ကိုယ် ခုပဲ ဘန်ကောက်ကိုသွားရမယ်..မာမီတို့မြေးလေး ခုပဲခွဲခန်းဝင်နေပြီ..."

"ဟယ် ဟုတ်လား...မာမီတို့ရောလိုက်ခဲ့မယ်..."
ဒေါ်မြခတ် ဝမ်းသာစွာနှင့်ပြောလိုက်သည်။

"မလိုက်ခဲ့ပါနဲ့မာမီ...ဒယ်ဒီလည်း ကျန်းမာရေးသိပ်မကောင်းတော့..မာမီရှိနေမှဖြစ်မှာလေ...ကိုယ့်ကိုစိတ်ချပါ ကိုယ် မာမီတို့မြေးလေးနဲ့အတူ ပြန်လာခဲ့မယ် ...."

"ဟုတ်ပါတယ် မြရယ် သားကုဋေပဲသွားပါစေ..အကိုတို့က ဒီကနေပဲမြေးလေးဖို့ လိုအပ်တာပြင်ဆင်ထားရအောင်..."

"ဟုတ်ပါပြီရှင်...ဂရုစိုက်နော် သားလေး မာမီမြေးလေးကိုရော သားကိုရော မျှော်နေမယ်..."

"ဟုတ်ပါပြီဗျာ မာမီ ကိုယ်သွားပြီနော် ဒယ်ဒီ...."

"ကောင်းပြီသား..."

ကုဋေ ဒယ်ဒီနှင့်မာမီကို အသိပေးလိုက်ပြီး
အောက်ထပ်မှ လင်းမိုဦး ကားသံ‌လည်း ကြားရာ အမြန်ဆင်းလာပြီး လေဆိပ်ကိုဦးတည်သွားလိုက်ကြသည်။
......................................................
"အူဝဲ..အူဝဲ..."

"ကလေး ခြေလက်အင်္ဂါအကုန်စုံပါတယ်..ပေါင်ချိန်လည်းပြည့်တယ်...ကျန်းမာရေးလည်းကောင်းတယ်..."

ဦးညို ဒေါက်တာလက်ထဲမှ သားလေးကိုကြည့်ပြီး မျက်ရည်များပင်ကျမိသည်။

"ဒေါက်တာ သားခဏလောက် ချီချင်တယ်..."

‌ဒေါက်တာ ဦးညိုနားကို ကလေးကို မပြီး ပြလိုက်ရာ ဦးညို လက်လေးကိုအသာအယာဆုပ်ကိုင်ပြီး‌ ထွေးပွေ့ထားမိသည်။
မျက်လုံးကောင်းကောင်းမဖွှင့်သေးသည့် သား‌သားလေးကိုကြည့်ရင်း ဦးညို ပီတိဖြစ်လာရသည်။
တုတ်တုတ်ခိုင်ခိုင်လေးနှင့် နီတာ‌ရဲလေး ဆံပင်လေးက သူ့လိုအခွေလေးကိုမှ အညိုဘက်သန်းချင်သလိုပင်
"ဒီကမ္ဘာကြီးကနေ နွေးထွေးစွာကြိုဆိုပါတယ် သားသားလေး..."
ဦးညို ကလေးလေး၏ နှဖူးလေးကို အသာယာနမ်းပြီးပြောလိုက်သည်။

"ကဲ ချုပ်လိုက်ရအောင်နော် သူနာပြု ကလေးကို အနှီးလေးပတ်ပေးပြီး ခေါ်သွားလို့ရပြီနော်...."
ဒေါက်တာNi သူနာပြုဆီ ကလေးလေးကို လက်လွှဲပေးပြီး ချုပ်စရာရှိတာများကို လက်ဆသတ်လိုက်သည်။
................... .....................................

သူနာပြုချီပြီး ထွက်လာသော ကလေးလေးကို ဒေါ်သဇင်မြင့်နှင့် သဇင်ဦးညိုတို့ လက်လွှဲချီလိုက်ပြီး
"အာ တုတ်တုတ်ခဲခဲလေးပါလား ချစ်စရာကြီး....ဦးညိုလေးရော အဆင်ပြေလားဟင်..."
"ဟုတ်ကဲ့ လူနာလည်း အဆင်ပြေပါတယ်ရှင့် ..."

"ဟုတ် ကျေးဇူးတင်ပါတယ်ရှင့် ..."

ကလေးလေးကို ကြည့်ရင်း သဇင်တစိမ့်စိမ့်ကြည်နူးလာသည်။
လုံးဝ ဦးညိုပေါက်စလေး...

"မေမေ သားလေးက ဦးညိုလေးနဲ့တူတယ်နော်..."

"အင်း ဟုတ်ပ..အတော်လေးကိုတူတာ...ဆံပင်ကောက်ကောင်လေးတွေရော..မပွင့်တပွင့်ဖြစ်နေတဲ့ကြားကမြင်နေတဲ့ မျက်ဝန်းပြာလေးတွေရော..."

"သမီး‌အဲ့လူကိုမပေးချင်တော့ဘူး...အဟင့် သမီးတောင် ဒီလိုခံစားနေရရင် ဦးညိုလေးသာဆို ပိုဆိူမှာပေါ့နော်...အဟင့်..."

"ဟုတ်တယ် သမီးလေး ဒါကြောင့်မေမေတို့က တွယ်တာပုံမပြ‌နဲ့နော် ဦးညိုလေးပိုပြီး စိတ်ထိခိုက်ရလိမ့်မယ် ကလေးလေးက ပင်ပန်းခဲ့ရပြီးပါပြီ ထပ်ပြီး မပင်ပန်းစေချင်ဘူး..."

"ဟုတ်မေမေ..သမီးထိန်းပါ့မယ်...."
ဒေါ်သဇင်မြင့် သက်ပြင်းကိုကြိတ်ချလိုက်သည်။ထပ်ပြီး ဦးညိုလေမနာကျင်စေဖို့ သူတို့ကြိုးစားရမည်လေ..။
......................................................

"ဒေါက်တာ ကိုယ့်ကလေးအခြေအနေရော...."
ကုဋေ ဘန်ကောက်ရောက်ရောက်ချင်း ‌ဆေးရုံကိုအမြန်သွားပြီး ဒေါက်တာဆီမေးလိုက်သည်။
"ကလေးကကျန်းမာတယ် ခြေလက်အင်္ဂါ‌လဲ အကုန်စုံတယ်...."

ကုဋေ ပြုံးလိုက်ပြီး
"ကိုယ့်ကလေးနဲ့ တွေ့လို့ရပြီလား..."

ဒေါက်တာNi မင်းမြတ်ကုဋေဟန်နှင့် တွေ့ဆုံခဲ့သမျှအချိန်တိုင်းတွင် ကုဋေပြုံးသည့်အခါဆိုလို့ ဒီတစ်ကြိမ်ပဲမြင်ဖူးသည်။
"ရပါတယ် မောင်ကု‌ဋေ...
Nurse ‌ကလေးကို ခေါ်လာလိုက်ပါ..."

မကြာမှီ အနှီးထုပ်လေးထဲပတ်ထားသော ကလေးလေးကိုချီလျှက် သူနာပြုမလေးဝင်လာပြီး ကုဋေလက်ထဲသို့ လာထည့်သဖြင့်
ကုဋေ ပြာပြာသလဲ ချီလိုက်ရသည်။
အထုပ်ထဲမှ နီတာရဲလေးကို ကြည့်ပြီး
ကုဋေလှုပ်တောင်မလှုပ်ရဲ ...မျက်တောင်မခတ်တန်းစိုက်ကြည့်နေမိသည်။
ရင်ထဲမှာလည်း တသိမ့်သိမ့်နှင့်ကြည်နူးလာသည်။

ဒေါက်တာNi ကုဋေကိုကြည့်ပြီး ပြုံးလိုက်ကာ
"ရဲရဲချီလို့ရပါတယ် မောင်ကုဋေ..."

"ကိုယ် နည်းနည်းရင်ခုန်နေလို့ပါ ဒေါက်တာ...
အငှားကိုယ်ဝန်ဆောင်ရော အဆင်ပြေရဲ့လား..."

"သူလည်း အဆင်ပြေပါတယ် ခွဲစိတ်ထား‌တာဆိုတော့ ပင်ပန်းပြီး အိပ်နေတယ်...."

‌"ဪ..သူတို့လိုအပ်တာတစ်ခုခုရှိရင် လုပ်ပေးလိုက်ပါဒေါက်တာ..ကိုယ့်ကလေးကို ခုလိုကျန်းကျန်းမာမာလေးရှိစေလို့ ကျေးဇူးတင်ပါတယ်လည်း ပြောပေးပါ...."

"မောင်ရင်က မတွေ့တော့ဘူးလား..."

"မတွေ့တော့ဘူး ဒေါက်တာ ကိုယ် မနက်လင်းတာနဲ့ပြန်ဆင်းမှာ ဟိုမှာအလုပ်တွေ ဒီတိုင်းပဲထားခဲ့တာဆိုတော့....."

"ဒါဆို ကလေးကရော...."

"ကိုယ် ကလေးကိုတစ်ခါထဲခေါ်သွားမယ်လေ အဆင်ပြေတယ်မလား...ပြီးတော့ ကိုယ် လိုရမယ်ရ family doctor တစ်ဦးနဲ့ nurseတစ်ဦးလဲ ခေါ်လာတယ်...."

"ကောင်းပါပြီမောင်ရင်...."
ဒေါက်တာNi သက်ပြင်းကိုကြိတ်ချလိုက်သည်။
ဦးညို‌လေးအတွက် ကလေးကိုနှုတ်ဆက်ခွှင့်မရလိုက်လို့ စိတ်မကောင်းဖြစ်မိပေမယ့် မျက်နှာလေးထပ်မြင်ပြီးမှခွဲရရင် ပိုဆိုးနေဦးမည်ဖြစ်၍ ဒီနည်းလမ်းကအဆင်ပြေသည်လေ။

ထိုအခိုက်
"အဲ..အဲ..."
အနှီးထုပ်လေးထဲမှ ခြေလက်ကလေးများလှုပ်လာပြီး အသံလေးများထွက်လာသဖြင့်
ကုဋေ မျက်တောင်မခတ်ပဲကြည့်နေရာ
တဖြေးဖြေးချင်းဖွင့်လာသည့် မျက်ဝန်းလေးးများ...
"ဟင်.....မျက်ဝန်းပြာလေးတွေ ...
ဒေါက်တာ ကလေးက..."

ဒေါက်တာNiခေါင်းငြိမ့်ပြလိုက်သည်။
ဦးညိုဆီမှ မျက်ဝန်းပြာလေးများကိုအပိုင်ရရှိသွားသည့် ကလေးငယ်လေး...

ကိုယ့်ကို မျက်ဝန်းပြာဝိုင်းဝိုင်းစိုစိုလေးတွေနှင့် ကြည့်နေသောကလေးလေးကို ကုဋေ နှစ်ခြိုက်စွာပြုံးပြီးကြည့်လိုက်ကာ
"ဒယ်ဒီ့သားက လူချောလေးပဲ...အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်ဒေါက်တာ ...."

"ရပါတယ်မောင်ရင်.....ဒါ ဒေါက်တာတို့တာဝန်ပါ..."
.....................................................
ဒေါ်သဇင်မြင့်နှင့် သဇင်ဦးညိုတို့ ကလေးလေးကို သူ့မိဘတွေခေါ်သွားပြီဖြစ်ကြောင်း ဦးညိုနိုးလာရင် ဘယ်လိုပြောပြရမလဲ စဉ်းစားနေကြသည်။
ဦးညိုလေး စိတ်အရမ်းထိခိုက်မှာသိသော်လည်း မပြောပဲနေလို့ရမည့်ကိစ္စလည်းမဟုတ်သဖြင့် အခက်တွေ့နေကြသည်။

ထိုသို့တွေးနေခိုက်မှာပင်....
"မေမေလေး...မမ... "
"ဟင် ...ဦးညိုလေး နိုးလာပြီလားဟင်...နာနေသေးလား...."
ဦးညိုခေါင်းရမ်းပြလိုက်ပြီး
"သိပ်မနာတော့ပါဘူး သားလေးရောဟင်..."

"သားလေးက...."
သဇင်အမေဖြစ်သူကိုကြည့်လိုက်ရာခေါင်းငြိမ့်ပြသဖြင့်

"သားလေးက သူ့မိဘတွေခေါ်သွားပြီ..."

"ဪ..ဟုတ်...သားနားဦးမယ်..."
ဦးညို တစ်ဖက်ကိုလှည့်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်ရာ မျက်လုံးထောင့်စွန်းမှစီးကျလာသော မျက်ရည်များနှင့်
ရှိုက်သံမထွက်အောင် အံကိုကြိတ်ထားမိသည်။
*ငါနဲ့မဆိုင်ဘူး ငါနဲ့မဆိုင်ဘူး..ငါနဲ့ဆိုင်ခွှင့်မရှိဘူး ...ပုန်းညက်ဦးညို မင်းက အငှားကိုယ်ဝန်ဆောင် သပ်သပ်ပဲ မထားသင့်တဲ့မျှော်လင့်ချက်တွေမထားရဘူး တန်လို့လားဟင် မင်းနဲ့...တန်လို့လားလို့. ..မင်းတန်ရာတန်ကြေးယူပြီး မွေးပေးထားတာ မင်းနဲ့လုံးဝမသက်ဆိုင်ဘူး...သားလေးက မင်းပတ်သတ်ချင်လို့မရဘူးဆိုတာ မင်းခေါင်းထဲစွဲနေအောင်မှတ်ထား.....*ဟူ၍
စိတ်ထဲမှ အကြိမ်ကြိမ်အသိပေးနေမိသည်။

ဘယ်လောက်များဝမ်းနည်းနေမလဲမသိ
ကျောပြင်လေးတွေ တုန်တုန်သွားသည်ကိုကြည့်ပြီး သဇင်တို့မှာလည်း ဘာလုပ်ပေးရမှန်းကိုမသိတော့။

ကံဆိုတာကွက်ကြားမိုးလား....
.........................................................
ကုဋေ လေယာဉ်ပေါ်မှ အောက်သို့ခြေချလိုက်သည်နှင့်တပြိုင်နက် သားလေးကို
ငုံ့ကြည့်လိုက်ပြီး

"Warmly welcome to my homeပါ
ဒယ်ဒီ့သားလေး မင်းမြတ်ဧကဦးမာန်..."

CHANGE 🍁
ကဲ ပုစိလေးကိုocလို့ရပါပီလို့
ဟိဟိ ရေးထားတာလေးကိုသဘောကျရင်အများကြီးကျေနပ်ပါတယ်နော်
ခု ကိုယ်သုံးထားတဲ့ဟာက သူများပုံပါနော်
ကုဋေနဲ့ဦးညိုပုံက အပ်ထားတာမို့ မကြာမီ ရပါမယ်နော်🤗

"အာ့ ကြၽတ္..ကြၽတ္... "
ဦးညိဳ ည11နာရီေက်ာ္မွ ဗိုက္ထဲကနာလာသည္။8လေက်ာ္လာၿပီျဖစ္၍ ေမြးခ်ိန္လည္း ကပ္ေနၿပီျဖစ္ရာ သတိထားေနရသည္။

"အာ့ ... "ဗိုက္ထဲက ထိုးနာလာလြန္းလို႔ ဦးညိဳမ်က္ရည္မ်ားေတာင္ဝဲလာရၿပီး ဒူးကိုေကြးထားမိသည္။
ေဘးကုတင္မွာ အိပ္ေပ်ာ္ေနသည့္ ေမေမေလးႏွင့္ မမသဇင္ကို လွမ္းၾကည့္ၿပီး
"မမ...မမသဇင္ ...အာ့.."

"အင္...ဟင္ ..ဦးညိဳ ဘာျဖစ္လို႔လဲဟင္..."
သဇင္ဦးညိဳ ႐ုတ္တရက္ဆိုေတာ့ လန္႔ႏိူးသြားရသည္။

"ဗိုက္နာလို႔လား...ဟင္ ဦးညိဳ..ေမြးခ်င္လို႔လား...."
ဦးညိဳ ေခါင္းကိုသာၿငိမ့္ျပလိုက္သည္။
ခုခ်က္ခ်င္းပင္ ဗိုက္ႀကီးက တစ္စစီကြဲထြက္လာမလား ေအာင့္ေမ့ရေအာင္အထိကို နာလာသျဖင့္ ေခြၽးသီးမ်ားပါျပန္ေနၿပီး မ်က္ရည္မ်ားမွာလည္း ထိန္းမရေအာင္ က်ေနသည္။

သဇင္ ဦးညိဳခံစားေနရတာကိုၾကည့္ၿပီး ဘာလုပ္ရမွန္းမသိေတာ့ကာ
"ေမေမ..ေမေမ...ထပါဦး..."
"ဟင္..."ေဒၚသဇင္ျမင့္လည္း သမီးျဖစ္သူ၏ အလန္႔တၾကားႏိႈးမႈေၾကာင့္ လန္႔ၿပီး ငုတ္တုတ္ေတာင္ ထထိုင္လိုက္မိသည္။

"ဘာျဖစ္လို႔လဲဟင္..သမီးေလး..."

"ဦးညိဳေလ...ဗိုက္နာလို႔တဲ့..အဟင့္ .."သဇင္ ငိုသံပါႀကီးႏွင့္ေျပာလိုက္ရာ

"ေဟာေတာ္..အဲ့ဒါဆရာဝန္အျမန္ေခၚမွေပါ့ ေမြးေတာ့မယ္ထင္တယ္..သြား သြား သဇင္ သမီးက ေဒါက္တာNiသြားေခၚခ်ည္ ေမေမဦးညိဳေလးနဲ႔ျပင္ထားလိုက္မယ္..."
"ဟုတ္ေမေမ..."
သဇင္ အခန္းအျပင္ကိုအျမန္ထြက္သြားလိုက္ၿပီး ေဒါက္တာNiကိုသြားေခၚလိုက္သည္။

ေဒၚသဇင္ျမင့္လည္း ဦးညိဳ႐ွိရာဘက္ကိုသြားလိုက္ၿပီး ပုခုံးေလးကိုဆုပ္ကိုင္ကာ
"သားေလး ဦးညိဳ အရမ္းနာေနလားဟင္..."
"ဟုတ္..."
မ်က္ရည္မ်ားအျပည့္ျဖင့္ ေမာ့ၾကည့္လာေသာ ဦးညိဳေလးကို ၾကည့္ၿပီး ေဒၚသဇင္ျမင့္ရင္ဘက္ထဲကပါ နာလာရသည္။
ဒီကေလးေလးအေပၚ သူမတကယ္ပဲအမွားေတြအမ်ားႀကီး လုပ္ခဲ့သေလာက္ ဒီကေလး‌ ေလး ကေတာ့ တစ္ခါမွ သူ႕မကိုမနာက်ည္းဖူးေပ။
အရင္ကလို သူမႏွင့္ေတြလွ်င္ အၿမဲၾကည့္တက္သည့္ မ်က္ဝန္းျပာျပာေတာက္ေတာက္ေလးေတြက သူမခြဲစိတ္မႈၿပီးတဲ့အခ်ိန္မွစ၍ အၿမဲ အေရာင္မိႈင္းျဖေနကာ ၿငိမ္က်သြားသည္။အရင္ကလို သြက္လက္တက္ႂကြတက္သည့္ သူမရဲ႕သားငယ္ေလး၊ေပ်ာ္ေပ်ာ္ေန‌တက္သည့္သားငယ္ေလး ၊ သူမကိုမ်က္ဝန္းေတာက္ေတာက္ေလးေတြႏွင့္လိုက္ၾကည့္တက္သည့္ သားငယ္ေလးကို သူမဘယ္လို ျပန္႐ွာရမလဲ...တကယ္ပင္မသိေတာ့။

"အဆင္ေျပသြားမွာပါေနာ္...ေမေမေလးကိုၾကည့္ပါဦး...ခဏေလးပဲနာမွာေနာ္ ကေလးေလးအျပင္ထြက္လာတာနဲ႔သက္သာသြားမွာသိလား...ေမေမ့သားေလးက သန္မာပါတယ္..."

"အဟီး...ဟုတ္..."
ေမေမေလး၏စကားေၾကာင့္ ဦးညိဳ မ်က္ရည္မ်ားၾကားမွျပဳံးလိုက္သည္။
ေမေမေလးႏွင့္သူ႕ၾကားမွာ ဆက္ဆံေရးေတြအမ်ားႀကီးတိုးတက္လာသေလာက္ သူေပ်ာ္႐ႊင္ရပါသည္။
သူ႕အေပၚအားနာေနတာလား
သနားေနတာလား
အျပစ္႐ွိသလိုခံစားေနရလို႔လား
စသည္ျဖင့္ ဘာအေၾကာင္းေၾကာင့္ ခုလိုေျပာင္းလဲလာရသလဲဆိုသည့္ အေၾကာင္းအရင္းကိုလည္း သူေတြးမေနေတာ့ ။ဒီတိုင္းေလး ..ဒီတိုင္းေလးပဲ သူ႕ဘဝကိုျဖတ္သန္းသြားခ်င္ေလသည္။
သူ႕ဘဝတြင္ ေဖေဖကိုဆုံး႐ႈံးခဲ့ရၿပီးသည့္ေနာက္
ယခု သူႏွင့္သက္ဆိုင္ခြင့္မ႐ွိသည့္ သားသားေလး ...
ေနာက္ထပ္ မည္သည့္အရာကိုမွမဆုံး႐ႈံးခ်င္ေတာ့၍ သူကာကြယ္ရမည္။သူ႕ရဲ႕ေပ်ာ္႐ႊင္မႉကို သူကာကြယ္ရမည္။

ေဒါက္တာNi ဦးညိဳေလးကို ခြဲခန္းထဲထည့္ရေတာ့မည္ျဖစ္၍ မင္းျမတ္ကုေဋဟန္ဆီလွမ္းဆက္သြယ္လိုက္သည္။
"ဟယ္လို..ေမာင္ကုေဋ ..."

ကုေဋ ႏွစ္ခ်ဳပ္စာရင္းမ်ားကို စစ္ေဆးေနခိုက္ ေဒါက္တာဖုန္းဝင္လာသျဖင့္
ကိုင္လာသည္။
"ဟုတ္ကဲ့ ေဒါက္တာ..."

"အငွားကိုယ္ဝန္ေဆာင္ ေမြးေတာ့မွာမို႔ ေဒါက္တာတို႔ခြဲခန္းဝင္ေတာ့မယ္ ...အဲ့ဒါေမာင္ရင္ကို လွမ္းအေၾကာင္းၾကားတာပါ..."

"အာ..ဟုတ္ကဲ့ ေဒါက္တာ ကိုယ္ အခုပဲလိုက္လာလိုက္ပါ့မယ္...."

"ရတယ္ေမာင္ကုေဋ .. မနက္မွလာလဲရပါတယ္...လမ္းခရီးမွာဂ႐ုစိုက္ပါ..ေဒါက္တာတို႔ကိုစိတ္မပူလဲရပါတယ္..."

"မဟုတ္တာပဲ..ေဒါက္တာ ...ကိုယ္ ခုပဲလိုက္လာလိုက္မယ္ ...ခုမေလာကႀကီးထဲကိုေရာက္လာမယ့္ ကိုယ့္ကေလးကို ကိုယ္ကအရင္ဆုံးႀကိဳဆိုသင့္တာေပါ့..."

"ေကာင္းပါၿပီေမာင္ရင္..."

ေဒါက္တာNiလဲ ခြဲခန္းထဲကိုဝင္လာၿပီး ခြဲစိတ္ဖို႔ရာျပင္လိုက္သည္။
"သားေလး ဦးညိဳမေၾကာက္နဲ႔ေနာ္ ..ဒူးကိုေကြးလိုက္သားေလး..."
"ဟုတ္..."
"နဲနဲေကြးဦးသားေလး ..ပုစြန္ထုပ္ေလးလို ဒူးေခါင္းနဲ႔ႏွဖူးထိေလာက္တဲ့ထိ ရသေလာက္ေလးေကြးေပးေနာ္ ခါး႐ိုးထဲကို ထုံေဆးထိုးရမွာမို႔...."

"ဟုတ္ကဲ့ ေဒါက္တာ...."
ဦးညိဳ ရသေလာက္ေကြးေပးၿပီးေနာက္
ထုံေဆးႏွင့္ပဲ ခြဲလိုက္သည္။
ေမ့ေဆးကို ဦးညိဳေသခ်ာမေပးခိုင္းပဲ ထုံေဆးႏွင့္ပင္ ခြဲခိုင္းသည္။
သားေလးရဲ႕တည္႐ွိမႈကို ေနာက္ဆုံးအခ်ိန္ထိ သူမွတ္မိေနခ်င္သည္။
ဗိုက္ကိုဓားႏွင့္စ ခြဲစည့္အခ်ိန္မွစ၍ သားေလးကိုထုတ္သြားသည့္အခ်ိန္ထိ သူသတိ႐ွိေနခ်င္သည္။
သားေလးမ်က္ႏွာေလးကို ပထမဆုံးျမင္သည့္သူက သူပဲျဖစ္ခ်င္သည္။
သားေလး ကိုယ္ေႏြးေႏြးေသးေသးေလးကို ပထမဆုံးေထြးေပြးမည့္သူမွာလည္း သူပဲျဖစ္ခ်င္သည္။
သားေလးအေပၚ ပိုင္ဆိုင္ခႊင့္မ႐ွိေပမယ့္ ဒီေလာက္ေလးေတာ့ သူေလာဘတက္ခႊင့္႐ွိသည္မဟုတ္ပါလား...။

ေဒၚသဇင္ျမင့္ႏွင့္ သဇင္ဦးညိဳမွာလည္း ခြဲခန္းဝတြင္ အခ်င္းခ်င္း တစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္ၿပီး အားေပးေနမိသည္။
"ေမေမ ..ဦးညိဳေလး...အဆင္ေျပမွာပါေနာ္..."

"ဒါေပါ့ သမီးေလးရဲ႕...ဦးညိဳေလးက သန္မာပါတယ္..သူအဆင္ေျပမွာပါ..."

ေဒၚသဇင္ျမင့္ကိုယ္တိုင္ ဘယ္ေလာက္ထိစိတ္ပူေနမိလည္းဆိုတာ အသိဆုံးပင္ျဖစ္ေသာ္လည္း သဇင္‌ဦးညိဳကို အားေပးရင္း ကိုယ့္ကိုကိုယ္ေျဖသိမ့္ေနမိသည္။

သူမရဲ႕ေမတၱာေတြေၾကာင့္ သားေလးအဆင္ေျပပါေစ...
...........................................................

ကုေဋ ျပင္ဆင္စရာမ်ားကိုျပင္ဆင္ၿပီးေနာက္ လင္းမိုဦးဆီ လွမ္းဆက္လိုက္သည္။
"ဟယ္လို ‌boss..."
"ခုပဲ ဘန္ေကာက္ကို‌သြားဖို႔ flightျပင္ထားလိုက္ပါ..မင္းေရာလိုက္ခဲ့ရမယ္ ေနာက္15မိနစ္ေနရင္ အိမ္ကေနသြားမယ္..."

"ဗ်ာ..ဟို..."လင္းမို ေမးခ်ိန္ပင္မရလိုက္ရ bossဖုန္းက ခ်သြားၿပီျဖစ္၍ အလွ်င္အျမန္ပဲျပင္ဆင္လိုက္ရသည္။
Bossကိုအခ်ိန္တိက်ႀကီးက 15မိနစ္ပဲအခ်ိန္ေပးသည္မဟုတ္ပါလား...။

"ေဒါက္ေဒါက္...
ဒယ္ဒီ..မာမီ...အိပ္ေနၿပီလား...ကိုယ္ပါ..."
မာမီတို႔အခန္းအျပင္ဘက္မွ ‌လွမ္းေမးလိုက္သည္။
"သားေလး ဒယ္ဒီတို႔မအိပ္ေသးဘူး ဝင္ခဲ့ေလ..."

ကုေဋဝင္သြားလိုက္ၿပီးေနာက္
"သား အေရးႀကီးကိစၥ႐ွိလို႔လား..."
ေဒၚျမခတ္ အလွ်င္အျမန္ပဲေမးလိုက္သည္။သူမတို႔၏သားက ဒီအခ်ိန္ႀကီး မိမိတို႔အခန္းလာသည့္ကိစၥမွာ အေရးႀကီးကိစၥမွလြဲ၍ မျဖစ္ႏိုင္ရာ...။

"ကိုယ္ ခုပဲ ဘန္ေကာက္ကိုသြားရမယ္..မာမီတို႔ေျမးေလး ခုပဲခြဲခန္းဝင္ေနၿပီ..."

"ဟယ္ ဟုတ္လား...မာမီတို႔ေရာလိုက္ခဲ့မယ္..."
ေဒၚျမခတ္ ဝမ္းသာစြာႏွင့္ေျပာလိုက္သည္။

"မလိုက္ခဲ့ပါနဲ႔မာမီ...ဒယ္ဒီလည္း က်န္းမာေရးသိပ္မေကာင္းေတာ့..မာမီ႐ွိေနမွျဖစ္မွာေလ...ကိုယ့္ကိုစိတ္ခ်ပါ ကိုယ္ မာမီတို႔ေျမးေလးနဲ႔အတူ ျပန္လာခဲ့မယ္ ...."

"ဟုတ္ပါတယ္ ျမရယ္ သားကုေဋပဲသြားပါေစ..အကိုတို႔က ဒီကေနပဲေျမးေလးဖို႔ လိုအပ္တာျပင္ဆင္ထားရေအာင္..."

"ဟုတ္ပါၿပီ႐ွင္...ဂ႐ုစိုက္ေနာ္ သားေလး မာမီေျမးေလးကိုေရာ သားကိုေရာ ေမွ်ာ္ေနမယ္..."

"ဟုတ္ပါၿပီဗ်ာ မာမီ ကိုယ္သြားၿပီေနာ္ ဒယ္ဒီ...."

"ေကာင္းၿပီသား..."

ကုေဋ ဒယ္ဒီႏွင့္မာမီကို အသိေပးလိုက္ၿပီး
ေအာက္ထပ္မွ လင္းမိုဦး ကားသံ‌လည္း ၾကားရာ အျမန္ဆင္းလာၿပီး ေလဆိပ္ကိုဦးတည္သြားလိုက္ၾကသည္။
......................................................
"အူဝဲ..အူဝဲ..."

"ကေလး ေျခလက္အဂၤါအကုန္စုံပါတယ္..ေပါင္ခ်ိန္လည္းျပည့္တယ္...က်န္းမာေရးလည္းေကာင္းတယ္..."

ဦးညိဳ ေဒါက္တာလက္ထဲမွ သားေလးကိုၾကည့္ၿပီး မ်က္ရည္မ်ားပင္က်မိသည္။

"ေဒါက္တာ သားခဏေလာက္ ခ်ီခ်င္တယ္..."

‌ေဒါက္တာ ဦးညိဳနားကို ကေလးကို မၿပီး ျပလိုက္ရာ ဦးညိဳ လက္ေလးကိုအသာအယာဆုပ္ကိုင္ၿပီး‌ ေထြးေပြ႕ထားမိသည္။
မ်က္လုံးေကာင္းေကာင္းမဖႊင့္ေသးသည့္ သား‌သားေလးကိုၾကည့္ရင္း ဦးညိဳ ပီတိျဖစ္လာရသည္။
တုတ္တုတ္ခိုင္ခိုင္ေလးႏွင့္ နီတာ‌ရဲေလး ဆံပင္ေလးက သူ႕လိုအေခြေလးကိုမွ အညိဳဘက္သန္းခ်င္သလိုပင္
"ဒီကမ႓ာႀကီးကေန ေႏြးေထြးစြာႀကိဳဆိုပါတယ္ သားသားေလး..."
ဦးညိဳ ကေလးေလး၏ ႏွဖူးေလးကို အသာယာနမ္းၿပီးေျပာလိုက္သည္။

"ကဲ ခ်ဳပ္လိုက္ရေအာင္ေနာ္ သူနာျပဳ ကေလးကို အႏွီးေလးပတ္ေပးၿပီး ေခၚသြားလို႔ရၿပီေနာ္...."
ေဒါက္တာNi သူနာျပဳဆီ ကေလးေလးကို လက္လႊဲေပးၿပီး ခ်ဳပ္စရာ႐ွိတာမ်ားကို လက္ဆသတ္လိုက္သည္။
................... .....................................

သူနာျပဳခ်ီၿပီး ထြက္လာေသာ ကေလးေလးကို ေဒၚသဇင္ျမင့္ႏွင့္ သဇင္ဦးညိဳတို႔ လက္လႊဲခ်ီလိုက္ၿပီး
"အာ တုတ္တုတ္ခဲခဲေလးပါလား ခ်စ္စရာႀကီး....ဦးညိဳေလးေရာ အဆင္ေျပလားဟင္..."
"ဟုတ္ကဲ့ လူနာလည္း အဆင္ေျပပါတယ္႐ွင့္ ..."

"ဟုတ္ ေက်းဇူးတင္ပါတယ္႐ွင့္ ..."

ကေလးေလးကို ၾကည့္ရင္း သဇင္တစိမ့္စိမ့္ၾကည္ႏူးလာသည္။
လုံးဝ ဦးညိဳေပါက္စေလး...

"ေမေမ သားေလးက ဦးညိဳေလးနဲ႔တူတယ္ေနာ္..."

"အင္း ဟုတ္ပ..အေတာ္ေလးကိုတူတာ...ဆံပင္ေကာက္ေကာင္ေလးေတြေရာ..မပြင့္တပြင့္ျဖစ္ေနတဲ့ၾကားကျမင္ေနတဲ့ မ်က္ဝန္းျပာေလးေတြေရာ..."

"သမီး‌အဲ့လူကိုမေပးခ်င္ေတာ့ဘူး...အဟင့္ သမီးေတာင္ ဒီလိုခံစားေနရရင္ ဦးညိဳေလးသာဆို ပိုဆိူမွာေပါ့ေနာ္...အဟင့္..."

"ဟုတ္တယ္ သမီးေလး ဒါေၾကာင့္ေမေမတို႔က တြယ္တာပုံမျပ‌နဲ႔ေနာ္ ဦးညိဳေလးပိုၿပီး စိတ္ထိခိုက္ရလိမ့္မယ္ ကေလးေလးက ပင္ပန္းခဲ့ရၿပီးပါၿပီ ထပ္ၿပီး မပင္ပန္းေစခ်င္ဘူး..."

"ဟုတ္ေမေမ..သမီးထိန္းပါ့မယ္...."
ေဒၚသဇင္ျမင့္ သက္ျပင္းကိုႀကိတ္ခ်လိုက္သည္။ထပ္ၿပီး ဦးညိဳေလမနာက်င္ေစဖို႔ သူတို႔ႀကိဳးစားရမည္ေလ..။
......................................................

"ေဒါက္တာ ကိုယ့္ကေလးအေျခအေနေရာ...."
ကုေဋ ဘန္ေကာက္ေရာက္ေရာက္ခ်င္း ‌ေဆး႐ုံကိုအျမန္သြားၿပီး ေဒါက္တာဆီေမးလိုက္သည္။
"ကေလးကက်န္းမာတယ္ ေျခလက္အဂၤါ‌လဲ အကုန္စုံတယ္...."

ကုေဋ ျပဳံးလိုက္ၿပီး
"ကိုယ့္ကေလးနဲ႔ ေတြ႕လို႔ရၿပီလား..."

ေဒါက္တာNi မင္းျမတ္ကုေဋဟန္ႏွင့္ ေတြ႕ဆုံခဲ့သမွ်အခ်ိန္တိုင္းတြင္ ကုေဋျပဳံးသည့္အခါဆိုလို႔ ဒီတစ္ႀကိမ္ပဲျမင္ဖူးသည္။
"ရပါတယ္ ေမာင္ကု‌ေဋ...
Nurse ‌ကေလးကို ေခၚလာလိုက္ပါ..."

မၾကာမွီ အႏွီးထုပ္ေလးထဲပတ္ထားေသာ ကေလးေလးကိုခ်ီလွ်က္ သူနာျပဳမေလးဝင္လာၿပီး ကုေဋလက္ထဲသို႔ လာထည့္သျဖင့္
ကုေဋ ျပာျပာသလဲ ခ်ီလိုက္ရသည္။
အထုပ္ထဲမွ နီတာရဲေလးကို ၾကည့္ၿပီး
ကုေဋလႈပ္ေတာင္မလႈပ္ရဲ ...မ်က္ေတာင္မခတ္တန္းစိုက္ၾကည့္ေနမိသည္။
ရင္ထဲမွာလည္း တသိမ့္သိမ့္ႏွင့္ၾကည္ႏူးလာသည္။

ေဒါက္တာNi ကုေဋကိုၾကည့္ၿပီး ျပဳံးလိုက္ကာ
"ရဲရဲခ်ီလို႔ရပါတယ္ ေမာင္ကုေဋ..."

"ကိုယ္ နည္းနည္းရင္ခုန္ေနလို႔ပါ ေဒါက္တာ...
အငွားကိုယ္ဝန္ေဆာင္ေရာ အဆင္ေျပရဲ႕လား..."

"သူလည္း အဆင္ေျပပါတယ္ ခြဲစိတ္ထား‌တာဆိုေတာ့ ပင္ပန္းၿပီး အိပ္ေနတယ္...."

‌"ဪ..သူတို႔လိုအပ္တာတစ္ခုခု႐ွိရင္ လုပ္ေပးလိုက္ပါေဒါက္တာ..ကိုယ့္ကေလးကို ခုလိုက်န္းက်န္းမာမာေလး႐ွိေစလို႔ ေက်းဇူးတင္ပါတယ္လည္း ေျပာေပးပါ...."

"ေမာင္ရင္က မေတြ႕ေတာ့ဘူးလား..."

"မေတြ႕ေတာ့ဘူး ေဒါက္တာ ကိုယ္ မနက္လင္းတာနဲ႔ျပန္ဆင္းမွာ ဟိုမွာအလုပ္ေတြ ဒီတိုင္းပဲထားခဲ့တာဆိုေတာ့....."

"ဒါဆို ကေလးကေရာ...."

"ကိုယ္ ကေလးကိုတစ္ခါထဲေခၚသြားမယ္ေလ အဆင္ေျပတယ္မလား...ၿပီးေတာ့ ကိုယ္ လိုရမယ္ရ family doctor တစ္ဦးနဲ႔ nurseတစ္ဦးလဲ ေခၚလာတယ္...."

"ေကာင္းပါၿပီေမာင္ရင္...."
ေဒါက္တာNi သက္ျပင္းကိုႀကိတ္ခ်လိုက္သည္။
ဦးညိဳ‌ေလးအတြက္ ကေလးကိုႏႈတ္ဆက္ခႊင့္မရလိုက္လို႔ စိတ္မေကာင္းျဖစ္မိေပမယ့္ မ်က္ႏွာေလးထပ္ျမင္ၿပီးမွခြဲရရင္ ပိုဆိုးေနဦးမည္ျဖစ္၍ ဒီနည္းလမ္းကအဆင္ေျပသည္ေလ။

ထိုအခိုက္
"အဲ..အဲ..."
အႏွီးထုပ္ေလးထဲမွ ေျခလက္ကေလးမ်ားလႈပ္လာၿပီး အသံေလးမ်ားထြက္လာသျဖင့္
ကုေဋ မ်က္ေတာင္မခတ္ပဲၾကည့္ေနရာ
တေျဖးေျဖးခ်င္းဖြင့္လာသည့္ မ်က္ဝန္းေလးးမ်ား...
"ဟင္.....မ်က္ဝန္းျပာေလးေတြ ...
ေဒါက္တာ ကေလးက..."

ေဒါက္တာNiေခါင္းၿငိမ့္ျပလိုက္သည္။
ဦးညိဳဆီမွ မ်က္ဝန္းျပာေလးမ်ားကိုအပိုင္ရ႐ွိသြားသည့္ ကေလးငယ္ေလး...

ကိုယ့္ကို မ်က္ဝန္းျပာဝိုင္းဝိုင္းစိုစိုေလးေတြႏွင့္ ၾကည့္ေနေသာကေလးေလးကို ကုေဋ ႏွစ္ၿခိဳက္စြာျပဳံးၿပီးၾကည့္လိုက္ကာ
"ဒယ္ဒီ့သားက လူေခ်ာေလးပဲ...အစစအရာရာအတြက္ ေက်းဇူးတင္ပါတယ္ေဒါက္တာ ...."

"ရပါတယ္ေမာင္ရင္.....ဒါ ေဒါက္တာတို႔တာဝန္ပါ..."
.....................................................
ေဒၚသဇင္ျမင့္ႏွင့္ သဇင္ဦးညိဳတို႔ ကေလးေလးကို သူ႕မိဘေတြေခၚသြားၿပီျဖစ္ေၾကာင္း ဦးညိဳႏိုးလာရင္ ဘယ္လိုေျပာျပရမလဲ စဥ္းစားေနၾကသည္။
ဦးညိဳေလး စိတ္အရမ္းထိခိုက္မွာသိေသာ္လည္း မေျပာပဲေနလို႔ရမည့္ကိစၥလည္းမဟုတ္သျဖင့္ အခက္ေတြ႕ေနၾကသည္။

ထိုသို႔ေတြးေနခိုက္မွာပင္....
"ေမေမေလး...မမ... "
"ဟင္ ...ဦးညိဳေလး ႏိုးလာၿပီလားဟင္...နာေနေသးလား...."
ဦးညိဳေခါင္းရမ္းျပလိုက္ၿပီး
"သိပ္မနာေတာ့ပါဘူး သားေလးေရာဟင္..."

"သားေလးက...."
သဇင္အေမျဖစ္သူကိုၾကည့္လိုက္ရာေခါင္းၿငိမ့္ျပသျဖင့္

"သားေလးက သူ႕မိဘေတြေခၚသြားၿပီ..."

"ဪ..ဟုတ္...သားနားဦးမယ္..."
ဦးညိဳ တစ္ဖက္ကိုလွည့္ၿပီး မ်က္လုံးေတြကိုမွိတ္ထားလိုက္ရာ မ်က္လုံးေထာင့္စြန္းမွစီးက်လာေသာ မ်က္ရည္မ်ားႏွင့္
႐ိႈက္သံမထြက္ေအာင္ အံကိုႀကိတ္ထားမိသည္။
*ငါနဲ႔မဆိုင္ဘူး ငါနဲ႔မဆိုင္ဘူး..ငါနဲ႔ဆိုင္ခႊင့္မ႐ွိဘူး ...ပုန္းညက္ဦးညိဳ မင္းက အငွားကိုယ္ဝန္ေဆာင္ သပ္သပ္ပဲ မထားသင့္တဲ့ေမွ်ာ္လင့္ခ်က္ေတြမထားရဘူး တန္လို႔လားဟင္ မင္းနဲ႔...တန္လို႔လားလို႔. ..မင္းတန္ရာတန္ေၾကးယူၿပီး ေမြးေပးထားတာ မင္းနဲ႔လုံးဝမသက္ဆိုင္ဘူး...သားေလးက မင္းပတ္သတ္ခ်င္လို႔မရဘူးဆိုတာ မင္းေခါင္းထဲစြဲေနေအာင္မွတ္ထား.....*ဟူ၍
စိတ္ထဲမွ အႀကိမ္ႀကိမ္အသိေပးေနမိသည္။

ဘယ္ေလာက္မ်ားဝမ္းနည္းေနမလဲမသိ
ေက်ာျပင္ေလးေတြ တုန္တုန္သြားသည္ကိုၾကည့္ၿပီး သဇင္တို႔မွာလည္း ဘာလုပ္ေပးရမွန္းကိုမသိေတာ့။

ကံဆိုတာကြက္ၾကားမိုးလား....
.........................................................
ကုေဋ ေလယာဥ္ေပၚမွ ေအာက္သို႔ေျခခ်လိုက္သည္ႏွင့္တၿပိဳင္နက္ သားေလးကို
ငုံ႔ၾကည့္လိုက္ၿပီး

"Warmly welcome to my homeပါ
ဒယ္ဒီ့သားေလး မင္းျမတ္ဧကဦးမာန္..."

CHANGE 🍁
ကဲ ပုစိေလးကိုocလို႔ရပါပီလို႔
ဟိဟိ ေရးထားတာေလးကိုသေဘာက်ရင္အမ်ားႀကီးေက်နပ္ပါတယ္ေနာ္
ခု ကိုယ္သုံးထားတဲ့ဟာက သူမ်ားပုံပါေနာ္
ကုေဋနဲ႔ဦးညိဳပုံက အပ္ထားတာမို႔ မၾကာမီ ရပါမယ္ေနာ္🤗


Continue Reading

You'll Also Like

135K 12.1K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
221K 28.7K 177
(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page nam...
92.7K 10.4K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
2.4M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...