My Universe is Oo Nyo ๐Ÿ’ซโœจ(Com...

By Change_7

1.8M 152K 9.5K

boy loves More

Episode 1โœจ๐Ÿ
Episode 2โœจ๐Ÿ
Episode 3โœจ๐Ÿ
Episode 4โœจ๐Ÿ
Episode 5โœจ๐Ÿ
Episode 6โœจ๐Ÿ
Episode 8โœจ๐Ÿ
Episode 9โœจ๐Ÿ
Episode 10โœจ๐Ÿ
Hello๐Ÿ˜„
Episode 11โœจ๐Ÿ
Hee๐Ÿ™†๐Ÿผโ€โ™€๏ธ๐Ÿ˜
Episode 12โœจ๐Ÿ
Episode 13โœจ๐Ÿ
Episode 14โœจ๐Ÿ
Episode 15โœจ๐Ÿ
Episode 16โœจ๐Ÿ
Episode 17โœจ๐Ÿ
Episode 18โœจ๐Ÿ
Episode 19โœจ๐Ÿ
Episode 20โœจ๐Ÿ
Episode 21โœจ๐Ÿ
Episode 22โœจ๐Ÿ
Episode 23โœจ๐Ÿ
Episode 24โœจ๐Ÿ
Episode 25โœจ๐Ÿ
Episode 26โœจ๐Ÿ
Readerแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€†แ€ฎแ€žแ€ญแ€ฏแ€ท
Episode 27โœจ๐Ÿ
Episode 28โœจ๐Ÿ
Episode 29โœจ๐Ÿ
Episode 30โœจ๐Ÿ
Episode 31โœจ๐Ÿ
Episode 32โœจ๐Ÿ๐ŸŒš
Episode 33โœจ๐Ÿ
Episode 34โœจ๐Ÿ
Episode 35โœจ๐Ÿ
Episode 36โœจ๐Ÿ
Episode 37โœจ๐Ÿ
Episode 38โœจ๐Ÿ
Episode 39โœจ๐Ÿ
Episode 40โœจ๐Ÿ
Episode 41โœจ๐Ÿ
Episode 42โœจ๐Ÿ
Episode 43โœจ๐Ÿ
Episode 44โœจ๐Ÿ
Episode 45โœจ๐Ÿ(Final)
Extraโœจ๐Ÿ1
Extraโœจ๐Ÿ2
Extraโœจ๐Ÿ3
แ€กแ€Ÿแ€™แ€บแ€ธ!! Season 2๐ŸŒš
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ
Book แ€”แ€ฒแ€ทแ€•แ€แ€บแ€žแ€€แ€บแ€แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฑแ€ธโค๏ธ
๐ŸšจBook Announcement โค๏ธ
Happy Birthday pr Oo Nyo๐Ÿ

Episode 7โœจ๐Ÿ

37K 3.5K 92
By Change_7

ဒေါ်မြခတ်ကုဋေ‌နွယ် မင်းမြတ်ကု‌ဋေဟန်၏
လျှော်စရာအိင်္ကျီများကို ဝင်ယူရင်း မမေ့မလျော့ အိတ်ထောင်ထဲသို့စမ်းကြည့်လိုက်သည်။

"ဟယ်....လက်ကိုင်ပဝါမရှိတော့ဘူး..."
သူအံဩပြီး တခြားအိတ်ထောင်များထဲပါလိုက်ရှာလိုက်သည်။

"အယ် ...ဒီကောင်လေး လက်ကိုင်ပဝါကိုတစ်ယောက်ယောက်ကိုပေးလိုက်ပြီထင်တယ်..အဟင်း... တစ်သက်လုံးထုတ်လာတဲ့ အကြံအစည်က ခုတော့အောင်မြင်ပြီးလားမသိဘူး....အဟင်း.. ဒယ်ဒီကြီးကို အမြန်ဆုံးပြောရမယ်...ဒီကောင်လေးကောင်မလေး‌တစ်ယောက်ယောက်ကိုပေးလိုက်တာသေချာပြီ...အဲ့ဒါဆိုရင် အမြန်ဆုံး စုံစမ်းပြီး နီးစပ်အောင်လုပ်ပေးရမယ်...သားကုဋေ လက်ကိုင်ပဝါပေးလိုက်တယ်ဆိုမှတော့ အဲ့ဒီကောင်မလေးက တကယ်ကိုထူးဆန်းလို့ပဲ...အဟင်းဟင်း.. ချွေးမ‌လေးရတော့မယ်....."

ဒေါ်မြခတ် တစ်ယောက် မြူးတူးစွာဖြင့် အိင်္ကျီများကိုယူပြီး ထွက်သွားသည်။
တစ်လောကလုံးမှာ ကုဋေမိန်းမရဖို့အရေးက ဒို့အရေးဖြစ်နေပြီး ဒီရေခဲကျောက်တောင်ကြီးကို အထီးမကျန်စေချင်တာက သူတို့ဆန္ဒဖြစ်သည်။
သူမတို့နှင့်လွဲရင် အပြုံးအရယ်နည်းလှသော သူမတို့ရဲ့တစ်ဦးထဲသောသားလေးကို တစ်‌စုံတစ်ယောက်အတွက် ပြုံးပျော်စေချင်သည်။1500ချစ်ခြင်း‌ မေတ္တာတရားကိုခံစားကြည့်စေချင်သည်။ဆယ်သက်စားမကုန်တဲ့ စည်းစိမ်ဥစ္စာတွေကိုပိုင်ဆိုင်ထားပြီးသားဖြစ်၍ အဆင့်အတန်းတွေဘာတွေကို ဒေါ်မြခတ်မက်မောမနေ။ ကုဋေကိုအမှန်တကယ်ချစ်မြတ်နိုးသူ၊ကုဋေအပြုံးတွေကိုအသက်သွင်းပေးသူ၊ ကန္တရထဲကအိုအေစစ်လေးလို ကုဋေဘဝကိုနွေးထွေးပေးနိုင်မည့်သူဆိုလျှင် အဲ့လူသည် အပျိုတစ်ယောက်မဟုတ်ပဲ အိမ်ထောင်ကွဲအမျိုးသမီးဖြစ်စေဦးတော့ သူမတို့လက်ခံပေးနိုင်လေသည်။
သူမတို့မရှိတော့သည့်အချိန်တွင် သားတစ်ယောက်ထဲ အထီးကျန်နေခဲ့ရမှာကို အရမ်းပဲစိုးရိမ်မိသည်။
............................................................
တစ်ပတ်အတွင်း ဒေါ်သဇင်မြင့်၏ နှလုံးအစားထိုးခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ရလာဒ်ကောင်းဖြင့်အောင်မြင်ခဲ့ရာ သဇင်ဦး‌ညိုနှင့်ပုန်းညက်ဦးညိုတို့နှစ်ဦး ထိုအခါမှ အသက်ကိုဝဝရှူမိသည်။
အပူလုံးတစ်ခုကလျော့ကျသွားပြီဖြစ်သည့်အတွက် ကိုယ်ဝန်ဆောင်ကိစ္စတစ်ခုပဲကျန်တော့လေသည်။

မေမေလေးလည်း ခွဲစိတ်မှုအောင်မြင်သွားပြီဖြစ်၍ ပုန်းညက်ဦးညို ကိစ္စတစ်ခုကိုအသေအချာတွေးနေမိသည်။
‌ထိုအချိန်တွင်..
"သားလေး အန်တီတို့စကားခဏလောက်ပြောလို့ရလားဟင်...."
အပေါက်ဝမှ ထွက်ပေါ်လာသော ဦးညိုမွေးမေရင်း၏ အသံကြောင့် ဦးညိုခေါင်းငြိမ့်ပြလိုက်သည်။

တစ်ပတ်လုံးသူရှောင်ပြေးနေမိသည့် အကြောင်းအရာများသည် သူ့ဆီကို‌တည့်တည့်ရောက်လာပြန်၍ ထပ်ရှောင်ပြေးနေယုံနှင့်ပြီးသွားမည့်ကိစ္စမဟုတ်ဘူးဆိုတာ ဦးညိုနားလည်လိုက်သည်။အမှန်တရား အထူးသဖြင့် ဘယ်သူကမှသူ့ကိုမလိုချင်ခဲ့ဘူးဆိုသည့် အမှန်တရားကို ဦးညိုနားမထောင်ရဲသဖြင့် ရှောင်ပြေးနေခြင်းလည်းဖြစ်သည်။

"အန်တီတို့ ပန်းခြံထဲလမ်းလျှောက်ရင်း ပြောကြမလား...."
ခွန်ဝနီဒါ ဦးညိုလေးရဲ့မျက်နှာလေးကို ကြည့်ရင်းပြောလိုက်သည်။
အမြဲတမ်းတောက်ပနေတက်သည့် မျက်ဝန်းပြာလေးများကအရောင်မှိန်နေပြီး နဂိုကပြည့်ပြည့်ဖောင်းဖောင်းမျက်နှာလေးမှာလည်း အနည်းငယ်ချောင်ကျသွားသည်။
မိဘတွေရဲ့ စိတ်ဒဏ်ရာများကြားမှာ ဓားစာခံဖြစ်ခဲ့ရသည့်ကောင်ငယ်လေး ဘယ်လောက်တောင်များနာကျင်ခဲ့လိုက်ရမလဲ။တစ်ခါတစ်လေ ခွန်ဝနီဒါတွေးမိသည်။
ထိုအချိန်တုန်းကသာ ကိုမာန်ဦးညိုတောင်းဆိုသည့် ကိစ္စကို သူမလက်မခံခဲ့ပါက ခုလို အပြစ်မဲ့သည့်ကလေးတစ်ယောက် နာကျင်ရလိမ့်မည်မဟုတ်။

"ဟုတ် ကျနော်လည်း လမ်းလျှောက်ချင်နေတော့ ပန်းခြံထဲပဲသွားကြတာပေါ့...."
ထို့နောက် နှစ်ယောက်သား ပန်းခြံထဲကို ထွက်ခဲ့ကြသည်။

ခွန်ဝနီဒါ ဗိုက်ကလေးကိုလက်တစ်ဖက်ကပွတ်ရင်း လမ်းလျှောက်နေသော ဦးညိုကိုငဲ့ကြည့်ပြီး ပြုံးလိုက်ကာ...
"အန်တီတုန်းကလေ သားကိုယ်ဝန်ကိုလွယ်ထားရတဲ့အချိန်တုန်းက ထွက်ပြေးဖို့တွေးဖူးတယ်...."
"ဗျာ...."ဦးညို အံဩလွန်း၍ မျက်ဝန်းလေးတွေတောင်ဝိုင်းစက်သွားရသည်။

"အဟင်းးးဟုတ်တယ် အန်တီ ခဏခဏတွေးခဲ့ဖူးတယ်..သားလေးကိုယ်ဝန် တစ်လပြီးတစ်လပြည့်လာလေလေ အန်တီထွက်ပြေးချင်လာလေပဲ...ဒါပေမယ့် အန်တီမလုပ်နိုင်ခဲ့ဘူး...အန်တီကအငှားကိုယ်ဝန်ဆောင်သပ်သပ်ပဲဆိုတော့ လုပ်ပိုင်ခွှင့်လဲမရှိခဲ့ဘူးလေ....ဒါကြောင့် သားလေးမွေးပြီးပြီးချင်း အန်တီထွက်သွားဖို့လုပ်ခဲ့တယ်...
ဒါပေမယ့် အကိုမာန်ဦးညိုက အန်တီကို ဒူးထောက်မတက်တောင်းပန်ခဲ့တယ်...သားလေးတစ်နှစ်ပြည့်တဲ့အထိ သားလေးကိုစောင့်ရှောက်ပေးစေချင်ခဲ့တယ်...ကိုမာန်ဦးညို သားဖေဖေက သားကိုသိပ်ချစ်ပါတယ်...သားလေးမွေးတုန်းက သူငိုခဲ့တယ် ပြီးတော့ သူသိပ်ကိုမှားသွားပြီလားလို့လဲ အန်တီကိုမေးခဲ့တယ်..
သားသိလား သားအဖေက သားကိုမိခင်နို့ကလွဲရင် တခြားဟာမတိုက်ချင်ခဲ့ဘူး...သူ့အပြစ်တွေအတွက် သူရွေးချယ်စရာမရှိခဲ့ယုံသပ်သပ်ပဲ....အမြဲ နောင်တရနေခဲ့တာပါ..."

ဦးညို ဘာမှပြန်မပြောမိ ‌ခေါင်းကိုငုံ့ထားမိသည်။ကျဆင်းလာသည့် မျက်ရည်များကိုလည်း သူထိန်းမထားချင်တော့။
သူမှတ်ဉာဏ်ထဲဆွဲနေခဲ့သည့် ငယ်ငယ်တုန်းကအကြောင်းအရာများတွင် သူတစ်ရေးနိုးလာသည့်အချိန်တိုင်း ဖေဖေ့ရင်ခွင်ထဲမှာရှိနေခဲ့သည်။
သူ့ကိုတင်းကြပ်စွာပွေ့ထားလေ့ရှိသည့် ဖေဖေရဲ့နွေးထွေးသည့် ရင်ခွင်ထဲမှာ အမေဆိုသည့်အရာကို သူမတောင့်တမိအောင်ထိ နေပျော်ခဲ့သည်။
သူ့ကိုငေးကြည့်တက်သည့် ဖေဖေရဲ့မှိုင်းပြပြမျက်ဝန်းတွေမှာ နွေးထွေးမှုတွေအတိနှင့် ...။
သူလဲ မမသဇင်ဦးညိုလို မေမေလေး၏ ရင်ခွင်ထဲ ခိုဝင်ချင်သည်။မေမေလေး၏ ပါးကိုနမ်းရှုပ်ချင်သည်။အမှတ်ပြည့်ရတိုင်း မေမေလေး၏ ချီးကျူးမှုကို သူခံယူချင်သည်။မိုးလင်းလာတိုင်း မေမေလေး၏ အနမ်းအေးအေးကိုခံယူရင်း နိုးထချင်သည်။
သူ့လိုချင်ဆန္ဒများက ရိုးရှင်းစွာပဲ လောဘကြီးခဲ့လေသည်။

"အန်တီ...ဘာလို့သားကိုခေါ်ပြီး ထွက်မပြေးခဲ့တာလဲ.... "
ဦးညို မျက်ရည်အပြည့်ဖြစ်နေသော မျက်ဝန်းလေးများဖြင့် ကြည့်ပြီးမေးလိုက်မိသည်။
"အန်တီ မလုပ်နိုင်ခဲ့ဘူး...အန်တီကြိုးစားခဲ့ပေမယ့် ဘယ်လိုမှမလုပ်နိုင်ခဲ့ဘူး...သားရဲ့ဘဝလေးက အန်တီဆီမှာဆိုရင် ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံထားနိုင်ပါ့မလားဆိုပြီးတွေးပူခဲ့တယ်...ဒီလောကထဲကလေးတစ်ယောက်နဲ့ရပ်တည်နိုင်ဖို့ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှူမရှိခဲ့ဘူး...ဒါကြောင့်ပါသားရယ်... သားအပေါ်မှာရှိတဲ့ အပြစ်တွေအတွက် အန်တီတကယ်ကိုတောင်းပန်ပါတယ်...သားက ဘယ်သူမှမလိုချင်ခဲ့တဲ့ကလေးမဟုတ်ပါဘူးးးးးအန်တီလိုချင်လွန်းတဲ့ လောဘတက်မိလွန်းလို့ မထိုက်တန်ဘူးလို့တောင် တွေးမိတဲ့အထိ အဖိုးတန်လွန်းခဲ့ပါတယ်....."
ခွန်ဝနီဒါ ပြောရင်း ငိုမိသည်။
သူမရဲ့သတ္တိမရှိမှုများအတွက်လည်း တကယ်ပင် နောင်တရခဲ့သည်။

ဦးညို မိမိကိုယ်တိုင် ဝမ်းနည်းလွန်း၍ မျက်ရည်များကျ‌နေသော်လည်း သူ့မွေးမေရင်း၏ မျက်ရည်များကိုတော့ မြင်နိုင်စွမ်းမရှိပဲ အသာအယာထွေးပွေ့ထားမိသည်။
"အန်တီမှာ မှားခဲ့တာတစ်ခုမှမရှိပါဘူး...ကိုယ့်ကိုကိုယ်အပစ်တင်မနေနဲ့နော် သားနားလည်ပါတယ် ...သား ဘယ်သူ့မှလဲအပစ်မတင်ပါဘူး ...ဒါတွေအကုန်လုံးက သားရဲ့ကံကြောင့်ဖြစ်လာခဲ့ရတာလို့ပဲ သားခံယူထားပါတယ်...."

"သား..သား အန်တီကို မုန်းနေခဲ့မှာအရမ်းကြောက်ခဲ့တယ်...သားကို အန်တီဆီက ခေါ်သွားပြီးတဲ့နောက်ပိုင်းမှာလည်း အန်တီ အိပ်မပျော်ခဲ့ဘူး..အမြဲဒီစိတ်ကြီးကခြောက်လန့်နေခဲ့တယ်... "

"သား အန်တီကို မမုန်းခဲ့ပါဘူး တစ်ခါမှတောင် မမုန်းခဲ့လို့...အာ့လိုမျိုးမတွေးနဲ့တော့နော်..."

‌ခွန်ဝနီဒါ ‌ဦးညိုရင်ခွင်ထဲမှ ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်ပြီး
"အန်တီမှာ ခုလိုတောင်းဆိုခွှင့်မရှိတာသိပေမယ်..အန်တီကို မေမေလို့ တစ်ခါလောက်ခေါ်ပေးလို့ရလားဟင်...တစ်ခါထဲပါပဲ....ဒါ..ဒါပေမယ့် သားအဆင်မပြေရင်..."

"မေမေ..."

"ဟင်....."

"မေမေ...."
ဦးညို အားတင်းပြီး ထပ်ခေါ်လိုက်သည်။
သူဘယ်လောက်တောင် ခေါ်ချင်ခဲ့တဲ့နာမ်စားလေးလဲ။သူ့ဘဝမှာ သူ့ကိုမွေးခဲ့တဲ့အမေအရင်းကို တစ်ခါလောက်တော့ တွေ့ချင်ခဲ့ ၊မေမေလို့ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ တစ်ခါလောက်တော့ ခေါ်ဖူးချင်ခဲ့ရသလဲဆိုတာ သူအသိဆုံးပင်ဖြသည်။

"အွန်းးးအွန်းးးမေမေ ဝမ်းသာလိုက်တာ..အဟင့်...ဝမ်းသာလိုက်တာ...တကယ်ပဲ ကြားခွှင့်မရှိတော့ဘူးလို့ပဲထင်ခဲ့တာ..ခု..အဟင့်...."
ခွန်ဝနီဒါ ဝမ်းသာလွန်း၍ ဦးညို၏ ကျောပြင်လေးကိုဖက်တွယ်ရင်းငိုမိသည်။
ဦးညိုလည်း ပြန်လည်ပွေ့ဖက်ထားရင်းငိုမိသည်။

အနည်းဆုံးတော့ သူမွေးအမေရင်းက သူ့ကိုလိုချင်ခဲ့ဖူးသည်‌လေ။
..........................................................

6လခန့်ကြာပြီးနောက်

"ဒီနေ့ သားသားလေးကို ပါးပါးက မိုဟားနားလေးအကြောင်းပြောပြမယ်နော်...သာသားလေး နားထောင်မယ်မဟုတ်လားဟင်..."
ဦးညို ပြောရင် ဗိုက်လေးပေါ်လက်တင်လိုက်ရာ အထဲမှ အသာအယာကန်ပြီး အချက်ပြလာသည် ။
ဦးညိုနှစ်ခြိုက်စွာပြုံးလိုက်ပြီး
"အာ ပါးပါးသားလေးက နားထောင်ချင်နေတယ်ပေါ့..ဟုတ်ပြီ ပါးပါးပြောပြမယ်...
မိုးဟားနားလေးက ကျွန်းစုတစ်ခုပေါ်မှာ နေထိုင်တဲ့ လူမျိုးနွယ်စုလေးရဲ့ အကြီးအကဲဖြစ်သူရဲ့သမီးလေးပေါ့...သူမဟာ ပင်လယ်နတ်သမီးကရွေးချယ်ထားတယ်လို့လဲ မျိုးနွယ်စုကလူတွေကပြောကြတယ်...သိပ်ကိုထူးချွန်ပြီး လွတ်လွတ်လပ်လပ်နေတက်တဲ့သူလေးလဲဖြစ်တယ် ..သူမရဲ့ မိတ်တွေကြက်ကလေးတစ်ကောင်လဲရှိတယ် အဲ့ကြက်လေးကိုလဲ ပင်လယ်ကြီးက ရွေးချယ်ထားတာပဲပေါ့...အာ့လိုနဲ့........"
ဦးညို ဗိုက်ကလေးကိုပွတ်ရင်း ပြောပြနေမိသည် ။ကိုယ်ဝန် 6လ‌ထဲရောက်လာသည့်အချိန်မှစ၍ ဦးညို ပုံပြင်လေးတွေပြောပြလိုက် သီချင်းအေးအေးလေးတွေဆိုပြလိုက်နှင့် ကလေးလေးနှင့်ရင်းနှီးမှုရယူနေမိသည်။

(မိခင်၏ဝမ်းကြာတိုက်သည်သူတို့ကလေးများအတွက်အာရုံများကို သိမြင်ခံစား‌နိုင်သောပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ထိုအတွေ့အကြုံများကိုအခြေခံပြီး မွေးလာချိန်တွင်ကလေးများသည် လောကကြီးတွင် ကြီးပြင်လာရန်အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။ကလေးကိုယ်ဝန်ဆောင်၁၀ပတ်ခန့်မှစ၍ ခြေလက်လေးများလှုပ်ရှားလာပြီဖြစ်ပြီး ကလေးအသက်၂၃ပတ်အကြာတွင်အကြားအာရုံများကိုစတင်ခံစားနိုင်ပြီး ပတ်ဝန်းကျင်ရှိကြားနေရသော အသံများကိုလည်း တုန့်ပြန်နိုင်နေပြီဖြစ်သည်။ထိုအချိန်တွင် အရသာခံအာရုံများလည်းဖွင့်ဖြိုးနေပြီဖြစ်ပြီး မိခင်စားလိုက်သောအစားအသောက်များကို အရသာခံနိုင်လာပြီဖြစ်သည်။မိခင်ဗိုက်ကိုအပြင်မှထိလိုက်လျှင်လည်း တုန့်ပြန်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ထို့ကြောင့် အပြင်ဘက်မှစကားပြောခြင်း၊သီချင်းများဆိုပြခြင်းဖြင် ကလေးငယ်၏ အသိဉာဏ်ကိုပိုပြီးဖွှင့်ဖြိုးအောင်လုပ်ဆောင်နိုင်ပါသည်။သို့သော် မမွေးဖွားသေးသည့်ကလေးငယ်အားထိုသို့သင်ပြချင်းက မွေးပြီးသည့်အချိန်ထိတော့ စွဲမြဲစွာမှတ်ထားနိုင်ချင်းမရှိပေဟုလေ့လာခဲ့ရသည်။
ကလေးငယ်သည်သားအိမ်ထဲတွင် ဘာသာစကားများအနက် မိခင်၏ ဘာသာစကားကိုသင်ယူလေ့လာနိုင်ဆုံးဖြစ်သည်။။)

ဦးညိုလေး၏ကိုယ်ဝန်မှာလည်း 7လကျော်8လထဲရောက်နေပြီဖြစ်၍ ထိုကဲ့သို့သော စကားပြောမှု ၊သီချင်းဆိုပြမှုများကို မကြာခဏဆိုသလိုလုပ်ဖြစ်သည်။
ဘာမှမျှော်လင့်မထားသော်လည်း ကလေးလေး မွေးဖွားကြီးပြင်းလာသည့်အချိန်တွင်တော့ သူ့အသံကိုမှတ်မိနေဖို့ သူအမြဲမျှော်လင့်မိသည်။

"သားသားလေးက ပါးပါးကိုမေ့မသွားနဲ့နော်...မဖြစ်နိုင်တာ ပါးပါးလည်းသိပေမယ့် ပါးပါးရဲ့အသံကိုတော့ သားသားလေးမှတ်မိနေစေချင်တယ်.."
ဦးညိုတိုးဖွဖွလေးရေရွတ်မိသည်။

ဒေါ်သဇင်မြင့်နှင့် သဇင်ဦးညိုတို့လည်း အခန်းအပြင်ဘက်မှ ငြိမ်ပြီးနားထောင်နေမိသည်။ဦးညိုလေး၏ ကလေးလေးအပေါ် တွယ်တာနေစိတ်ကို သူတို့နားလည်ပါသော်လည်း လုပ်ပေးနိုင်သည်မရှိ၍ တိတ်ဆိတ်ခြင်းဖြင့်သာ ကူညီပေးမိသည်။

လွန်ခဲ့သော 2လခန့်က ဒေါ်သဇင်မြင့်ကျန်းမာရေး ထူထူထောင်ထောင် ကောင်းမွန်လာပြီး ပုန်းညက်ဦးညိုက သူမ၏ကျန်းမာရေးကုသမှုအတွက် အငှားကိုယ်ဝန်ဆောင်သည့် အလုပ်ကိုလက်ခံခဲ့သည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ သူမတကယ်ကိုshockရသွားရသည်။
ထိုကောင်ငယ်လေးက သူမဘယ်လောက်ပင်လျစ်လျူရှုပါစေ သူမကိုတွေ့လျှင် မျက်ဝန်းပြာလေးတွေနှင့် လိုက်ကြည့်တက်သည်။ သူမကိုစကားပြော‌ဖို့ကြိုးစားတက်သည်။
ကလေးငယ်လေးကို မုန်း၍ မဟုတ်ပဲ မိမိကိုယ်ကို အပြစ်တင်‌စိတ်များကြောင့် သူကလေးငယ်လေးနှင့်နီးနီးကပ်ကပ်မနေခဲ့။
ထိုကလေးငယ်လေးရဲ့ မျက်ဝန်းပြာပြာတောက်တောက်လေးတွေကိုမြင်လျှင် သူမစိတ်တွေပျော့ပျောင်းသွားရသည်။
တစ်ဆက်ထဲ တုန်လှုပ်မှုကိုလည်းခံစားရသည့်အတွက် တမင်တကာ ရှောင်ဖယ်လျစ်လျူရှူမိသည်။
သူမဆီက ထိုသို့ဆက်ဆံခံရတိုင်း ဖျော့တော့သွားတက်သည့် မျက်ဝန်းပြာလေးများကို မသိချင်ရင်ယောင်ဆောင်သည်။
မေမေလေးဟူ၍ မဝံ့မရဲခေါ်‌သံလေးတွေကို အေးစက်‌စက်ဖြင့်သာ တုန့်ပြန်ခဲ့သည်။
စကားလုံးများနှင့် မနာကျင်ခဲ့စေသော်လည်း အပြုအမူအားဖြင့် သူမဟာ ကလေးငယ်လေးရဲ့ ရင်ထဲထိဒဏ်ရာတွေကိုထည့်ပေးခဲ့သည်ပဲမဟုတ်ပါလား....။
ခွန်ဝနီဒါ၏ ပြောပြချက်အရ ကိုက ဒီကလေးကို အငှားကိုယ်ဝန်ဆောင်နှင့်ယူခဲ့သည်ဟု သိလိုက်ရ‌တုန်းက သူမတကယ်ပဲသွေးပျက်သွားခဲ့ရသည်။
သူမကြောင့် ကို့ဘဝတစ်လျှောက်လုံးနာကျင်ခဲ့ရသည်။
ဖောက်ပြန်ခံရသည်ဟူသော ခေါင်းစဉ်အောက်တွင် သူတို့ရဲ့နွေးထွေးသည့်ဆက်ဆံရေးကိုမြေမြှပ်ပစ်ခဲ့သည်။
အေးစက်သောခေါင်းစဉ်အောက်မှာ
ကိုဟာ နာနာကျင်ကျင်နှင့်ပဲ အိမ်ထောင်ဦးစီးတာဝန်ကိုကျေပွန်ခဲ့သည်။ထို့ကြောင့်ပဲ ကိုဟာ သူမကိုအရင်ဆုံးထားပြီးထွက်သွားခဲ့သည်ပဲ မဟုတ်ပါလား..။
ထို့အပြင် သူမ၏စိတ်ကြောင့်ပဲ ဘာအပြစ်မှမရှိခဲ့သည့်ကလေးငယ်လေး နာကျင်ခဲ့ရသည်။အမှားတွေရဲ့အစကိုပြန်သွားကြည့်လျှင် တွေ့ရမည့်သူက သူမပင်...။
သူမသာ ပိုပွင့်လင်းခဲ့ပါလျှင်
ကို့ကိုသာ ယုံကြည်ခဲ့ပါလျှင်
မိမိအပစ်များကို ဖုံးကွယ်ချင်သည့်စိတ်မရှိခဲ့ပါလျှင်
ခုချိန် သူမတို့မိသားစုလေး ပျော်ရွှင်ကောင်းပျော်ရွှင်နိုင်လိမ့်ဦးမည်လေ။
..........................................................
မင်းမြတ်ကုဋေဟန် ပရောဂျက်ကိစ္စနှင့်ပတ်သတ်၍ အစီအရင်ခံစားများကိုဖတ်နေခိုက်
အာရုံထဲသို့ဝင်လာသည့် ကျောပြင်ငယ်လေးနှင့်မျက်ဝန်းပြာလေး...
သူခေါင်းကို တစ်ချက်မျှ ခါလိုက်ပြီး အစီအရင်ခံစာထဲကိုပဲ အာရုံစူးစိုက်လိုက်သည်။
သို့သော်လည်း ခဏတာမျှသာ..
မကြာခင် ထိုကျောပြင်လေးနဲ့မျက်ဝန်းလေးဆီပဲ စိတ်ကရောက်သွားပြန်သည်။
ခုတလောမှ ပို၍ သတိရနေမိသည်။
ဘာရယ်မဟုတ်သည့် ခဏတာမျှ တွေ့စုံမှုဟာ သူ့ရင်ထဲကိုမည်မျှထိဝင်ရောက်နေပြီး
သူ့အတွေးအာရုံထဲကို ဘယ်လောက်ထိထိုးဖောက်နေသလဲဆိုတာ သူတကယ်ပဲမမှန်းဆနိုင်တော့။

ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏ ကျရှုံးခန်းက
ကျောပြင်ငယ်ဆီမှာလား .....
မျက်ဝန်းပြာလေးဆီမှာလား.....

CHANGE 🍁
ရှည်ရှည်လေးရေးထားတယ်နော်
ကိုယ့်အမကတိုတယ်ပဲအမြဲပြောလို့..
နောက်တစ်ခန်းဆိုရင် ဘေဘီလေးမွေးပါပြီလို့...

ေဒၚျမခတ္ကုေဋ‌ႏြယ္ မင္းျမတ္ကု‌ေဋဟန္၏
ေလွ်ာ္စရာအိက်ႌမ်ားကို ဝင္ယူရင္း မေမ့မေလ်ာ့ အိတ္ေထာင္ထဲသို႔စမ္းၾကည့္လိုက္သည္။

"ဟယ္....လက္ကိုင္ပဝါမ႐ွိေတာ့ဘူး..."
သူအံဩၿပီး တျခားအိတ္ေထာင္မ်ားထဲပါလိုက္႐ွာလိုက္သည္။

"အယ္ ...ဒီေကာင္ေလး လက္ကိုင္ပဝါကိုတစ္ေယာက္ေယာက္ကိုေပးလိုက္ၿပီထင္တယ္..အဟင္း... တစ္သက္လုံးထုတ္လာတဲ့ အၾကံအစည္က ခုေတာ့ေအာင္ျမင္ၿပီးလားမသိဘူး....အဟင္း.. ဒယ္ဒီႀကီးကို အျမန္ဆုံးေျပာရမယ္...ဒီေကာင္ေလးေကာင္မေလး‌တစ္ေယာက္ေယာက္ကိုေပးလိုက္တာေသခ်ာၿပီ...အဲ့ဒါဆိုရင္ အျမန္ဆုံး စုံစမ္းၿပီး နီးစပ္ေအာင္လုပ္ေပးရမယ္...သားကုေဋ လက္ကိုင္ပဝါေပးလိုက္တယ္ဆိုမွေတာ့ အဲ့ဒီေကာင္မေလးက တကယ္ကိုထူးဆန္းလို႔ပဲ...အဟင္းဟင္း.. ေခြၽးမ‌ေလးရေတာ့မယ္....."

ေဒၚျမခတ္ တစ္ေယာက္ ျမဴးတူးစြာျဖင့္ အိက်ႌမ်ားကိုယူၿပီး ထြက္သြားသည္။
တစ္ေလာကလုံးမွာ ကုေဋမိန္းမရဖို႔အေရးက ဒို႔အေရးျဖစ္ေနၿပီး ဒီေရခဲေက်ာက္ေတာင္ႀကီးကို အထီးမက်န္ေစခ်င္တာက သူတို႔ဆႏၵျဖစ္သည္။
သူမတို႔ႏွင့္လြဲရင္ အျပဳံးအရယ္နည္းလွေသာ သူမတို႔ရဲ႕တစ္ဦးထဲေသာသားေလးကို တစ္‌စုံတစ္ေယာက္အတြက္ ျပဳံးေပ်ာ္ေစခ်င္သည္။1500ခ်စ္ျခင္း‌ ေမတၱာတရားကိုခံစားၾကည့္ေစခ်င္သည္။ဆယ္သက္စားမကုန္တဲ့ စည္းစိမ္ဥစၥာေတြကိုပိုင္ဆိုင္ထားၿပီးသားျဖစ္၍ အဆင့္အတန္းေတြဘာေတြကို ေဒၚျမခတ္မက္ေမာမေန။ ကုေဋကိုအမွန္တကယ္ခ်စ္ျမတ္ႏိုးသူ၊ကုေဋအျပဳံးေတြကိုအသက္သြင္းေပးသူ၊ ကႏၲရထဲကအိုေအစစ္ေလးလို ကုေဋဘဝကိုေႏြးေထြးေပးႏိုင္မည့္သူဆိုလွ်င္ အဲ့လူသည္ အပ်ိဳတစ္ေယာက္မဟုတ္ပဲ အိမ္ေထာင္ကြဲအမ်ိဳးသမီးျဖစ္ေစဦးေတာ့ သူမတို႔လက္ခံေပးႏိုင္ေလသည္။
သူမတို႔မ႐ွိေတာ့သည့္အခ်ိန္တြင္ သားတစ္ေယာက္ထဲ အထီးက်န္ေနခဲ့ရမွာကို အရမ္းပဲစိုးရိမ္မိသည္။
............................................................
တစ္ပတ္အတြင္း ေဒၚသဇင္ျမင့္၏ ႏွလုံးအစားထိုးခြဲစိတ္မႈျပဳလုပ္ခဲ့ၿပီး ရလာဒ္ေကာင္းျဖင့္ေအာင္ျမင္ခဲ့ရာ သဇင္ဦး‌ညိဳႏွင့္ပုန္းညက္ဦးညိဳတို႔ႏွစ္ဦး ထိုအခါမွ အသက္ကိုဝဝ႐ွဴမိသည္။
အပူလုံးတစ္ခုကေလ်ာ့က်သြားၿပီျဖစ္သည့္အတြက္ ကိုယ္ဝန္ေဆာင္ကိစၥတစ္ခုပဲက်န္ေတာ့ေလသည္။

ေမေမေလးလည္း ခြဲစိတ္မႈေအာင္ျမင္သြားၿပီျဖစ္၍ ပုန္းညက္ဦးညိဳ ကိစၥတစ္ခုကိုအေသအခ်ာေတြးေနမိသည္။
‌ထိုအခ်ိန္တြင္..
"သားေလး အန္တီတို႔စကားခဏေလာက္ေျပာလို႔ရလားဟင္...."
အေပါက္ဝမွ ထြက္ေပၚလာေသာ ဦးညိဳေမြးေမရင္း၏ အသံေၾကာင့္ ဦးညိဳေခါင္းၿငိမ့္ျပလိုက္သည္။

တစ္ပတ္လုံးသူေ႐ွာင္ေျပးေနမိသည့္ အေၾကာင္းအရာမ်ားသည္ သူ႕ဆီကို‌တည့္တည့္ေရာက္လာျပန္၍ ထပ္ေ႐ွာင္ေျပးေနယုံႏွင့္ၿပီးသြားမည့္ကိစၥမဟုတ္ဘူးဆိုတာ ဦးညိဳနားလည္လိုက္သည္။အမွန္တရား အထူးသျဖင့္ ဘယ္သူကမွသူ႕ကိုမလိုခ်င္ခဲ့ဘူးဆိုသည့္ အမွန္တရားကို ဦးညိဳနားမေထာင္ရဲသျဖင့္ ေ႐ွာင္ေျပးေနျခင္းလည္းျဖစ္သည္။

"အန္တီတို႔ ပန္းျခံထဲလမ္းေလွ်ာက္ရင္း ေျပာၾကမလား...."
ခြန္ဝနီဒါ ဦးညိဳေလးရဲ႕မ်က္ႏွာေလးကို ၾကည့္ရင္းေျပာလိုက္သည္။
အၿမဲတမ္းေတာက္ပေနတက္သည့္ မ်က္ဝန္းျပာေလးမ်ားကအေရာင္မွိန္ေနၿပီး နဂိုကျပည့္ျပည့္ေဖာင္းေဖာင္းမ်က္ႏွာေလးမွာလည္း အနည္းငယ္ေခ်ာင္က်သြားသည္။
မိဘေတြရဲ႕ စိတ္ဒဏ္ရာမ်ားၾကားမွာ ဓားစာခံျဖစ္ခဲ့ရသည့္ေကာင္ငယ္ေလး ဘယ္ေလာက္ေတာင္မ်ားနာက်င္ခဲ့လိုက္ရမလဲ။တစ္ခါတစ္ေလ ခြန္ဝနီဒါေတြးမိသည္။
ထိုအခ်ိန္တုန္းကသာ ကိုမာန္ဦးညိဳေတာင္းဆိုသည့္ ကိစၥကို သူမလက္မခံခဲ့ပါက ခုလို အျပစ္မဲ့သည့္ကေလးတစ္ေယာက္ နာက်င္ရလိမ့္မည္မဟုတ္။

"ဟုတ္ က်ေနာ္လည္း လမ္းေလွ်ာက္ခ်င္ေနေတာ့ ပန္းျခံထဲပဲသြားၾကတာေပါ့...."
ထို႔ေနာက္ ႏွစ္ေယာက္သား ပန္းျခံထဲကို ထြက္ခဲ့ၾကသည္။

ခြန္ဝနီဒါ ဗိုက္ကေလးကိုလက္တစ္ဖက္ကပြတ္ရင္း လမ္းေလွ်ာက္ေနေသာ ဦးညိဳကိုငဲ့ၾကည့္ၿပီး ျပဳံးလိုက္ကာ...
"အန္တီတုန္းကေလ သားကိုယ္ဝန္ကိုလြယ္ထားရတဲ့အခ်ိန္တုန္းက ထြက္ေျပးဖို႔ေတြးဖူးတယ္...."
"ဗ်ာ...."ဦးညိဳ အံဩလြန္း၍ မ်က္ဝန္းေလးေတြေတာင္ဝိုင္းစက္သြားရသည္။

"အဟင္းးးဟုတ္တယ္ အန္တီ ခဏခဏေတြးခဲ့ဖူးတယ္..သားေလးကိုယ္ဝန္ တစ္လၿပီးတစ္လျပည့္လာေလေလ အန္တီထြက္ေျပးခ်င္လာေလပဲ...ဒါေပမယ့္ အန္တီမလုပ္ႏိုင္ခဲ့ဘူး...အန္တီကအငွားကိုယ္ဝန္ေဆာင္သပ္သပ္ပဲဆိုေတာ့ လုပ္ပိုင္ခႊင့္လဲမ႐ွိခဲ့ဘူးေလ....ဒါေၾကာင့္ သားေလးေမြးၿပီးၿပီးခ်င္း အန္တီထြက္သြားဖို႔လုပ္ခဲ့တယ္...
ဒါေပမယ့္ အကိုမာန္ဦးညိဳက အန္တီကို ဒူးေထာက္မတက္ေတာင္းပန္ခဲ့တယ္...သားေလးတစ္ႏွစ္ျပည့္တဲ့အထိ သားေလးကိုေစာင့္ေ႐ွာက္ေပးေစခ်င္ခဲ့တယ္...ကိုမာန္ဦးညိဳ သားေဖေဖက သားကိုသိပ္ခ်စ္ပါတယ္...သားေလးေမြးတုန္းက သူငိုခဲ့တယ္ ၿပီးေတာ့ သူသိပ္ကိုမွားသြားၿပီလားလို႔လဲ အန္တီကိုေမးခဲ့တယ္..
သားသိလား သားအေဖက သားကိုမိခင္ႏို႔ကလြဲရင္ တျခားဟာမတိုက္ခ်င္ခဲ့ဘူး...သူ႕အျပစ္ေတြအတြက္ သူေ႐ြးခ်ယ္စရာမ႐ွိခဲ့ယုံသပ္သပ္ပဲ....အၿမဲ ေနာင္တရေနခဲ့တာပါ..."

ဦးညိဳ ဘာမွျပန္မေျပာမိ ‌ေခါင္းကိုငုံ႔ထားမိသည္။က်ဆင္းလာသည့္ မ်က္ရည္မ်ားကိုလည္း သူထိန္းမထားခ်င္ေတာ့။
သူမွတ္ဉာဏ္ထဲဆြဲေနခဲ့သည့္ ငယ္ငယ္တုန္းကအေၾကာင္းအရာမ်ားတြင္ သူတစ္ေရးႏိုးလာသည့္အခ်ိန္တိုင္း ေဖေဖ့ရင္ခြင္ထဲမွာ႐ွိေနခဲ့သည္။
သူ႕ကိုတင္းၾကပ္စြာေပြ႕ထားေလ့႐ွိသည့္ ေဖေဖရဲ႕ေႏြးေထြးသည့္ ရင္ခြင္ထဲမွာ အေမဆိုသည့္အရာကို သူမေတာင့္တမိေအာင္ထိ ေနေပ်ာ္ခဲ့သည္။
သူ႕ကိုေငးၾကည့္တက္သည့္ ေဖေဖရဲ႕မိႈင္းျပျပမ်က္ဝန္းေတြမွာ ေႏြးေထြးမႈေတြအတိႏွင့္ ...။
သူလဲ မမသဇင္ဦးညိဳလို ေမေမေလး၏ ရင္ခြင္ထဲ ခိုဝင္ခ်င္သည္။ေမေမေလး၏ ပါးကိုနမ္း႐ႈပ္ခ်င္သည္။အမွတ္ျပည့္ရတိုင္း ေမေမေလး၏ ခ်ီးက်ဴးမႈကို သူခံယူခ်င္သည္။မိုးလင္းလာတိုင္း ေမေမေလး၏ အနမ္းေအးေအးကိုခံယူရင္း ႏိုးထခ်င္သည္။
သူ႕လိုခ်င္ဆႏၵမ်ားက ႐ိုး႐ွင္းစြာပဲ ေလာဘႀကီးခဲ့ေလသည္။

"အန္တီ...ဘာလို႔သားကိုေခၚၿပီး ထြက္မေျပးခဲ့တာလဲ.... "
ဦးညိဳ မ်က္ရည္အျပည့္ျဖစ္ေနေသာ မ်က္ဝန္းေလးမ်ားျဖင့္ ၾကည့္ၿပီးေမးလိုက္မိသည္။
"အန္တီ မလုပ္ႏိုင္ခဲ့ဘူး...အန္တီႀကိဳးစားခဲ့ေပမယ့္ ဘယ္လိုမွမလုပ္ႏိုင္ခဲ့ဘူး...သားရဲ႕ဘဝေလးက အန္တီဆီမွာဆိုရင္ ေကာင္းေကာင္းမြန္မြန္ ျပည့္ျပည့္စုံစုံထားႏိုင္ပါ့မလားဆိုၿပီးေတြးပူခဲ့တယ္...ဒီေလာကထဲကေလးတစ္ေယာက္နဲ႔ရပ္တည္ႏိုင္ဖို႔ ကိုယ့္ကိုကိုယ္လဲ ယုံၾကည္မႉမ႐ွိခဲ့ဘူး...ဒါေၾကာင့္ပါသားရယ္... သားအေပၚမွာ႐ွိတဲ့ အျပစ္ေတြအတြက္ အန္တီတကယ္ကိုေတာင္းပန္ပါတယ္...သားက ဘယ္သူမွမလိုခ်င္ခဲ့တဲ့ကေလးမဟုတ္ပါဘူးးးးးအန္တီလိုခ်င္လြန္းတဲ့ ေလာဘတက္မိလြန္းလို႔ မထိုက္တန္ဘူးလို႔ေတာင္ ေတြးမိတဲ့အထိ အဖိုးတန္လြန္းခဲ့ပါတယ္....."
ခြန္ဝနီဒါ ေျပာရင္း ငိုမိသည္။
သူမရဲ႕သတၱိမ႐ွိမႈမ်ားအတြက္လည္း တကယ္ပင္ ေနာင္တရခဲ့သည္။

ဦးညိဳ မိမိကိုယ္တိုင္ ဝမ္းနည္းလြန္း၍ မ်က္ရည္မ်ားက်‌ေနေသာ္လည္း သူ႕ေမြးေမရင္း၏ မ်က္ရည္မ်ားကိုေတာ့ ျမင္ႏိုင္စြမ္းမ႐ွိပဲ အသာအယာေထြးေပြ႕ထားမိသည္။
"အန္တီမွာ မွားခဲ့တာတစ္ခုမွမ႐ွိပါဘူး...ကိုယ့္ကိုကိုယ္အပစ္တင္မေနနဲ႔ေနာ္ သားနားလည္ပါတယ္ ...သား ဘယ္သူ႕မွလဲအပစ္မတင္ပါဘူး ...ဒါေတြအကုန္လုံးက သားရဲ႕ကံေၾကာင့္ျဖစ္လာခဲ့ရတာလို႔ပဲ သားခံယူထားပါတယ္...."

"သား..သား အန္တီကို မုန္းေနခဲ့မွာအရမ္းေၾကာက္ခဲ့တယ္...သားကို အန္တီဆီက ေခၚသြားၿပီးတဲ့ေနာက္ပိုင္းမွာလည္း အန္တီ အိပ္မေပ်ာ္ခဲ့ဘူး..အၿမဲဒီစိတ္ႀကီးကေျခာက္လန္႔ေနခဲ့တယ္... "

"သား အန္တီကို မမုန္းခဲ့ပါဘူး တစ္ခါမွေတာင္ မမုန္းခဲ့လို႔...အာ့လိုမ်ိဳးမေတြးနဲ႔ေတာ့ေနာ္..."

‌ခြန္ဝနီဒါ ‌ဦးညိဳရင္ခြင္ထဲမွ ေခါင္းကိုတစ္ဆတ္ဆတ္ၿငိမ့္ျပလိုက္ၿပီး
"အန္တီမွာ ခုလိုေတာင္းဆိုခႊင့္မ႐ွိတာသိေပမယ္..အန္တီကို ေမေမလို႔ တစ္ခါေလာက္ေခၚေပးလို႔ရလားဟင္...တစ္ခါထဲပါပဲ....ဒါ..ဒါေပမယ့္ သားအဆင္မေျပရင္..."

"ေမေမ..."

"ဟင္....."

"ေမေမ...."
ဦးညိဳ အားတင္းၿပီး ထပ္ေခၚလိုက္သည္။
သူဘယ္ေလာက္ေတာင္ ေခၚခ်င္ခဲ့တဲ့နာမ္စားေလးလဲ။သူ႕ဘဝမွာ သူ႕ကိုေမြးခဲ့တဲ့အေမအရင္းကို တစ္ခါေလာက္ေတာ့ ေတြ႕ခ်င္ခဲ့ ၊ေမေမလို႔ ရင္ထဲကေနလိႈက္လိႈက္လွဲလွဲ တစ္ခါေလာက္ေတာ့ ေခၚဖူးခ်င္ခဲ့ရသလဲဆိုတာ သူအသိဆုံးပင္ျဖသည္။

"အြန္းးးအြန္းးးေမေမ ဝမ္းသာလိုက္တာ..အဟင့္...ဝမ္းသာလိုက္တာ...တကယ္ပဲ ၾကားခႊင့္မ႐ွိေတာ့ဘူးလို႔ပဲထင္ခဲ့တာ..ခု..အဟင့္...."
ခြန္ဝနီဒါ ဝမ္းသာလြန္း၍ ဦးညိဳ၏ ေက်ာျပင္ေလးကိုဖက္တြယ္ရင္းငိုမိသည္။
ဦးညိဳလည္း ျပန္လည္ေပြ႕ဖက္ထားရင္းငိုမိသည္။

အနည္းဆုံးေတာ့ သူေမြးအေမရင္းက သူ႕ကိုလိုခ်င္ခဲ့ဖူးသည္‌ေလ။
..........................................................

6လခန္႔ၾကာၿပီးေနာက္

"ဒီေန႔ သားသားေလးကို ပါးပါးက မိုဟားနားေလးအေၾကာင္းေျပာျပမယ္ေနာ္...သာသားေလး နားေထာင္မယ္မဟုတ္လားဟင္..."
ဦးညိဳ ေျပာရင္ ဗိုက္ေလးေပၚလက္တင္လိုက္ရာ အထဲမွ အသာအယာကန္ၿပီး အခ်က္ျပလာသည္ ။
ဦးညိဳႏွစ္ၿခိဳက္စြာျပဳံးလိုက္ၿပီး
"အာ ပါးပါးသားေလးက နားေထာင္ခ်င္ေနတယ္ေပါ့..ဟုတ္ၿပီ ပါးပါးေျပာျပမယ္...
မိုးဟားနားေလးက ကြၽန္းစုတစ္ခုေပၚမွာ ေနထိုင္တဲ့ လူမ်ိဳးႏြယ္စုေလးရဲ႕ အႀကီးအကဲျဖစ္သူရဲ႕သမီးေလးေပါ့...သူမဟာ ပင္လယ္နတ္သမီးကေ႐ြးခ်ယ္ထားတယ္လို႔လဲ မ်ိဳးႏြယ္စုကလူေတြကေျပာၾကတယ္...သိပ္ကိုထူးခြၽန္ၿပီး လြတ္လြတ္လပ္လပ္ေနတက္တဲ့သူေလးလဲျဖစ္တယ္ ..သူမရဲ႕ မိတ္ေတြၾကက္ကေလးတစ္ေကာင္လဲ႐ွိတယ္ အဲ့ၾကက္ေလးကိုလဲ ပင္လယ္ႀကီးက ေ႐ြးခ်ယ္ထားတာပဲေပါ့...အာ့လိုနဲ႔........"
ဦးညိဳ ဗိုက္ကေလးကိုပြတ္ရင္း ေျပာျပေနမိသည္ ။ကိုယ္ဝန္ 6လ‌ထဲေရာက္လာသည့္အခ်ိန္မွစ၍ ဦးညိဳ ပုံျပင္ေလးေတြေျပာျပလိုက္ သီခ်င္းေအးေအးေလးေတြဆိုျပလိုက္ႏွင့္ ကေလးေလးႏွင့္ရင္းႏွီးမႈရယူေနမိသည္။

(မိခင္၏ဝမ္းၾကာတိုက္သည္သူတို႔ကေလးမ်ားအတြက္အာ႐ုံမ်ားကို သိျမင္ခံစား‌ႏိုင္ေသာပတ္ဝန္းက်င္တစ္ခုျဖစ္သည္။ထိုအေတြ႕အၾကဳံမ်ားကိုအေျခခံၿပီး ေမြးလာခ်ိန္တြင္ကေလးမ်ားသည္ ေလာကႀကီးတြင္ ႀကီးျပင္လာရန္အဆင့္သင့္ျဖစ္ေနၿပီျဖစ္သည္။ကေလးကိုယ္ဝန္ေဆာင္၁၀ပတ္ခန္႔မွစ၍ ေျခလက္ေလးမ်ားလႈပ္႐ွားလာၿပီျဖစ္ၿပီး ကေလးအသက္၂၃ပတ္အၾကာတြင္အၾကားအာ႐ုံမ်ားကိုစတင္ခံစားႏိုင္ၿပီး ပတ္ဝန္းက်င္႐ွိၾကားေနရေသာ အသံမ်ားကိုလည္း တုန္႔ျပန္ႏိုင္ေနၿပီျဖစ္သည္။ထိုအခ်ိန္တြင္ အရသာခံအာ႐ုံမ်ားလည္းဖြင့္ၿဖိဳးေနၿပီျဖစ္ၿပီး မိခင္စားလိုက္ေသာအစားအေသာက္မ်ားကို အရသာခံႏိုင္လာၿပီျဖစ္သည္။မိခင္ဗိုက္ကိုအျပင္မွထိလိုက္လွ်င္လည္း တုန္႔ျပန္ႏိုင္စြမ္း႐ွိေနၿပီျဖစ္သည္။
ထို႔ေၾကာင့္ အျပင္ဘက္မွစကားေျပာျခင္း၊သီခ်င္းမ်ားဆိုျပျခင္းျဖင္ ကေလးငယ္၏ အသိဉာဏ္ကိုပိုၿပီးဖႊင့္ၿဖိဳးေအာင္လုပ္ေဆာင္ႏိုင္ပါသည္။သို႔ေသာ္ မေမြးဖြားေသးသည့္ကေလးငယ္အားထိုသို႔သင္ျပခ်င္းက ေမြးၿပီးသည့္အခ်ိန္ထိေတာ့ စြဲၿမဲစြာမွတ္ထားႏိုင္ခ်င္းမ႐ွိေပဟုေလ့လာခဲ့ရသည္။
ကေလးငယ္သည္သားအိမ္ထဲတြင္ ဘာသာစကားမ်ားအနက္ မိခင္၏ ဘာသာစကားကိုသင္ယူေလ့လာႏိုင္ဆုံးျဖစ္သည္။။)

ဦးညိဳေလး၏ကိုယ္ဝန္မွာလည္း 7လေက်ာ္8လထဲေရာက္ေနၿပီျဖစ္၍ ထိုကဲ့သို႔ေသာ စကားေျပာမႈ ၊သီခ်င္းဆိုျပမႈမ်ားကို မၾကာခဏဆိုသလိုလုပ္ျဖစ္သည္။
ဘာမွေမွ်ာ္လင့္မထားေသာ္လည္း ကေလးေလး ေမြးဖြားႀကီးျပင္းလာသည့္အခ်ိန္တြင္ေတာ့ သူ႕အသံကိုမွတ္မိေနဖို႔ သူအၿမဲေမွ်ာ္လင့္မိသည္။

"သားသားေလးက ပါးပါးကိုေမ့မသြားနဲ႔ေနာ္...မျဖစ္ႏိုင္တာ ပါးပါးလည္းသိေပမယ့္ ပါးပါးရဲ႕အသံကိုေတာ့ သားသားေလးမွတ္မိေနေစခ်င္တယ္.."
ဦးညိဳတိုးဖြဖြေလးေရ႐ြတ္မိသည္။

ေဒၚသဇင္ျမင့္ႏွင့္ သဇင္ဦးညိဳတို႔လည္း အခန္းအျပင္ဘက္မွ ၿငိမ္ၿပီးနားေထာင္ေနမိသည္။ဦးညိဳေလး၏ ကေလးေလးအေပၚ တြယ္တာေနစိတ္ကို သူတို႔နားလည္ပါေသာ္လည္း လုပ္ေပးႏိုင္သည္မ႐ွိ၍ တိတ္ဆိတ္ျခင္းျဖင့္သာ ကူညီေပးမိသည္။

လြန္ခဲ့ေသာ 2လခန္႔က ေဒၚသဇင္ျမင့္က်န္းမာေရး ထူထူေထာင္ေထာင္ ေကာင္းမြန္လာၿပီး ပုန္းညက္ဦးညိဳက သူမ၏က်န္းမာေရးကုသမႈအတြက္ အငွားကိုယ္ဝန္ေဆာင္သည့္ အလုပ္ကိုလက္ခံခဲ့သည္ဟူေသာ စကားကို ၾကားလိုက္ရသည့္အခါ သူမတကယ္ကိုshockရသြားရသည္။
ထိုေကာင္ငယ္ေလးက သူမဘယ္ေလာက္ပင္လ်စ္လ်ဴ႐ႈပါေစ သူမကိုေတြ႕လွ်င္ မ်က္ဝန္းျပာေလးေတြႏွင့္ လိုက္ၾကည့္တက္သည္။ သူမကိုစကားေျပာ‌ဖို႔ႀကိဳးစားတက္သည္။
ကေလးငယ္ေလးကို မုန္း၍ မဟုတ္ပဲ မိမိကိုယ္ကို အျပစ္တင္‌စိတ္မ်ားေၾကာင့္ သူကေလးငယ္ေလးႏွင့္နီးနီးကပ္ကပ္မေနခဲ့။
ထိုကေလးငယ္ေလးရဲ႕ မ်က္ဝန္းျပာျပာေတာက္ေတာက္ေလးေတြကိုျမင္လွ်င္ သူမစိတ္ေတြေပ်ာ့ေပ်ာင္းသြားရသည္။
တစ္ဆက္ထဲ တုန္လႈပ္မႈကိုလည္းခံစားရသည့္အတြက္ တမင္တကာ ေ႐ွာင္ဖယ္လ်စ္လ်ဴ႐ွဴမိသည္။
သူမဆီက ထိုသို႔ဆက္ဆံခံရတိုင္း ေဖ်ာ့ေတာ့သြားတက္သည့္ မ်က္ဝန္းျပာေလးမ်ားကို မသိခ်င္ရင္ေယာင္ေဆာင္သည္။
ေမေမေလးဟူ၍ မဝံ့မရဲေခၚ‌သံေလးေတြကို ေအးစက္‌စက္ျဖင့္သာ တုန္႔ျပန္ခဲ့သည္။
စကားလုံးမ်ားႏွင့္ မနာက်င္ခဲ့ေစေသာ္လည္း အျပဳအမူအားျဖင့္ သူမဟာ ကေလးငယ္ေလးရဲ႕ ရင္ထဲထိဒဏ္ရာေတြကိုထည့္ေပးခဲ့သည္ပဲမဟုတ္ပါလား....။
ခြန္ဝနီဒါ၏ ေျပာျပခ်က္အရ ကိုက ဒီကေလးကို အငွားကိုယ္ဝန္ေဆာင္ႏွင့္ယူခဲ့သည္ဟု သိလိုက္ရ‌တုန္းက သူမတကယ္ပဲေသြးပ်က္သြားခဲ့ရသည္။
သူမေၾကာင့္ ကို႔ဘဝတစ္ေလွ်ာက္လုံးနာက်င္ခဲ့ရသည္။
ေဖာက္ျပန္ခံရသည္ဟူေသာ ေခါင္းစဥ္ေအာက္တြင္ သူတို႔ရဲ႕ေႏြးေထြးသည့္ဆက္ဆံေရးကိုေျမျမႇပ္ပစ္ခဲ့သည္။
ေအးစက္ေသာေခါင္းစဥ္ေအာက္မွာ
ကိုဟာ နာနာက်င္က်င္ႏွင့္ပဲ အိမ္ေထာင္ဦးစီးတာဝန္ကိုေက်ပြန္ခဲ့သည္။ထို႔ေၾကာင့္ပဲ ကိုဟာ သူမကိုအရင္ဆုံးထားၿပီးထြက္သြားခဲ့သည္ပဲ မဟုတ္ပါလား..။
ထို႔အျပင္ သူမ၏စိတ္ေၾကာင့္ပဲ ဘာအျပစ္မွမ႐ွိခဲ့သည့္ကေလးငယ္ေလး နာက်င္ခဲ့ရသည္။အမွားေတြရဲ႕အစကိုျပန္သြားၾကည့္လွ်င္ ေတြ႕ရမည့္သူက သူမပင္...။
သူမသာ ပိုပြင့္လင္းခဲ့ပါလွ်င္
ကို႔ကိုသာ ယုံၾကည္ခဲ့ပါလွ်င္
မိမိအပစ္မ်ားကို ဖုံးကြယ္ခ်င္သည့္စိတ္မ႐ွိခဲ့ပါလွ်င္
ခုခ်ိန္ သူမတို႔မိသားစုေလး ေပ်ာ္႐ႊင္ေကာင္းေပ်ာ္႐ႊင္ႏိုင္လိမ့္ဦးမည္ေလ။
..........................................................
မင္းျမတ္ကုေဋဟန္ ပေရာဂ်က္ကိစၥႏွင့္ပတ္သတ္၍ အစီအရင္ခံစားမ်ားကိုဖတ္ေနခိုက္
အာ႐ုံထဲသို႔ဝင္လာသည့္ ေက်ာျပင္ငယ္ေလးႏွင့္မ်က္ဝန္းျပာေလး...
သူေခါင္းကို တစ္ခ်က္မွ် ခါလိုက္ၿပီး အစီအရင္ခံစာထဲကိုပဲ အာ႐ုံစူးစိုက္လိုက္သည္။
သို႔ေသာ္လည္း ခဏတာမွ်သာ..
မၾကာခင္ ထိုေက်ာျပင္ေလးနဲ႔မ်က္ဝန္းေလးဆီပဲ စိတ္ကေရာက္သြားျပန္သည္။
ခုတေလာမွ ပို၍ သတိရေနမိသည္။
ဘာရယ္မဟုတ္သည့္ ခဏတာမွ် ေတြ႕စုံမႈဟာ သူ႕ရင္ထဲကိုမည္မွ်ထိဝင္ေရာက္ေနၿပီး
သူ႕အေတြးအာ႐ုံထဲကို ဘယ္ေလာက္ထိထိုးေဖာက္ေနသလဲဆိုတာ သူတကယ္ပဲမမွန္းဆႏိုင္ေတာ့။

ဒိတ္ဒိတ္ႀကဲစီးပြားေရးလုပ္ငန္း႐ွင္တစ္ေယာက္၏ က်႐ႈံးခန္းက
ေက်ာျပင္ငယ္ဆီမွာလား .....
မ်က္ဝန္းျပာေလးဆီမွာလား.....

CHANGE 🍁
႐ွည္႐ွည္ေလးေရးထားတယ္ေနာ္
ကိုယ့္အမကတိုတယ္ပဲအၿမဲေျပာလို႔..
ေနာက္တစ္ခန္းဆိုရင္ ေဘဘီေလးေမြးပါၿပီလို႔...

Continue Reading

You'll Also Like

105K 10.2K 200
แ€œแ€”แ€บแ€ธแ€›แ€พแ€ฏแ€ธแ€™แ€ผแ€ญแ€ฏแ€ทแ€›แ€ฒแ€ท แ€แ€ปแ€„แ€บแ€€แ€œแ€”แ€บแ€™แ€พแ€ฌ แ€แ€ปแ€„แ€บแ€”แ€”แ€บแ€€ แ€”แ€ถแ€•แ€ซแ€แ€บแ€แ€…แ€บ แ€‚แ€ปแ€ฎแ€ธแ€”แ€ฎแ€ธแ€šแ€•แ€บแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€–แ€ผแ€…แ€บแ€•แ€ซแ€แ€šแ€บแ‹ แ€’แ€ซแ€•แ€ฑแ€™แ€šแ€ทแ€บ แ€žแ€ญแ€ฏแ€„แ€บแ€ธแ€แ€ญแ€Šแ€ฌแ€‰แ€บแ€”แ€ญแ€ฏแ€ธแ€‘แ€แ€ผแ€„แ€บแ€ธแ€•แ€ฝแ€ฒแ€™แ€พแ€ฌ แ€žแ€ฐแ€ทแ€›แ€ฒแ€ท แ€™แ€ฝแ€ฑแ€ธแ€›แ€ฌแ€•แ€ซ แ€žแ€ญแ€ฏแ€„แ€บแ€ธแ€แ€ญแ€Šแ€ฌแ€‰แ€บแ€€ แ€กแ€”แ€ญแ€™...
113K 18.5K 90
I don't own this story.I just translate it.So, credit to original author. Chinese Name- ๅฐไบบ้ฑผ Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...