My Universe is Oo Nyo 💫✨(Com...
By Change_7
1.8M 152K 9.5K
boy loves More
Episode 2✨🍁
Episode 3✨🍁
Episode 4✨🍁
Episode 5✨🍁
Episode 6✨🍁
Episode 7✨🍁
Episode 8✨🍁
Episode 9✨🍁
Episode 10✨🍁
Hello😄
Episode 11✨🍁
Hee🙆🏼‍♀️😁
Episode 12✨🍁
Episode 13✨🍁
Episode 14✨🍁
Episode 15✨🍁
Episode 16✨🍁
Episode 17✨🍁
Episode 18✨🍁
Episode 19✨🍁
Episode 20✨🍁
Episode 21✨🍁
Episode 22✨🍁
Episode 23✨🍁
Episode 24✨🍁
Episode 25✨🍁
Episode 26✨🍁
Readerလေးတွေဆီသို့
Episode 27✨🍁
Episode 28✨🍁
Episode 29✨🍁
Episode 30✨🍁
Episode 31✨🍁
Episode 32✨🍁🌚
Episode 33✨🍁
Episode 34✨🍁
Episode 35✨🍁
Episode 36✨🍁
Episode 37✨🍁
Episode 38✨🍁
Episode 39✨🍁
Episode 40✨🍁
Episode 41✨🍁
Episode 42✨🍁
Episode 43✨🍁
Episode 44✨🍁
Episode 45✨🍁(Final)
Extra✨🍁1
Extra✨🍁2
Extra✨🍁3
အဟမ်း!! Season 2🌚
ကျေးဇူးတင်လွှာ
Book နဲ့ပတ်သက်တဲ့အကြောင်းလေး❤️
🚨Book Announcement ❤️
Happy Birthday pr Oo Nyo🍁
Episode 1✨🍁
123K 5.1K 131
By Change_7
မင်းမြတ်ကုဋေဟန် သူ့ရှေ့တည့်တည့်တွင်ထိုင်နေသည့် ဆရာဝန်နှင့် ဘေးက ကောင်မလေးနှစ်ယောက်ကိုသေချာစိုက်ကြည့်နေမိသည်။တစ်ယောက်ကမူသူ့ကိုပြန်ကြည့်နေသော်လည်း နောက်တစ်ယောက်ကတော့မျက်လွှာချထားသည်။
ခု ကုဋေဟာဆိုရင် Bangkokမှာရှိသည့် နာမည်အကြီးဆုံးဆေးရုံ၏ VVIP ဝန်းထဲတွင် နာမည်အကြီးဆုံး သားဖွားမီးယပ်ဆရာဝန်နှင့်တွေ့စုံနေခြင်းဖြစ်သည် ။
"ဒေါက်တာပြောတဲ့တိုင်းဆို ခုကိုယ့်ရှေ့မှာထိုင်နေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်က ကိုယ့်ရဲ့ကိုယ်ဝန်ကိုဆောင်ပေးမယ်ပေါ့...."
"ဟုတ်ပါတယ် မောင်ကုဋေ ..မောင်ရင်ပြောတဲ့အတိုင်း လိုချင်တဲ့အချက်အလက်အတိုင်းလဲကိုက်ညီပါတယ်..."
"ဟုတ်ပြီ...ဒါနဲ့ ဒေါက်တာ ကိုယ်သူတို့နဲ့ဆွေးနွေးစရာတစ်ခုရှိသေးတယ် ..."
‌"ဘာများလဲမောင်ရင်..."
ကုဋေ သူ့ရှေ့ကmaskတပ်ထားသည့် မိန်းမပျိုနှစ်ဦးကို ကြည့်လိုက်ပြီး
"အဲ့ဒါကတော့ ကိုယ်ပြောထားတဲ့အချက်တွေအတိုင်း
၁။လုံးဝအပျိုစင်ဖြစ်ရမယ်
၂။Geneအရရော လုံးဝကောင်းရမယ်
ကိုယ့်သွေးသားကို geneမကောင်းတဲ့သူဆီမှာဆောင်ခိုင်းဖို့ အစီအစဉ်မရှိဘူး
၃။ဒီတစ်ခုကတော့ လုံးဝရှင်းရှင်းလင်းလင်းလုပ်ချင်တယ် နောင်တစ်ချိန်မှာ ကိုယ့်ကလေးကိုလာမနွယ်ဖို့တစ်ခုပဲ ...
ကိုယ်ပြောတာကိုနားလည်မယ်ထင်ပါတယ်..."
"ဟုတ်ကဲ့..စိတ်ချပါ..အဲ့လိုကိစ္စမျိုးလုံးဝမရှိစေရပါဘူးလို့အာမခံပါတယ်..ကျွန်မတို့ဘက်ကလဲ ဒီကအကိုနဲ့‌သဘောတူထားတဲ့အချက်တွေအတိုင်းလိုက်နာမှာပါ..."
"အိုကေ ..ကောင်းပြီလေ ဒါဆို ကျန်တာဒေါက်တာနဲ့ပဲဆွေးနွေးလိုက်ပါ...ဒေါက်တာ အဲ့ဒါဆိုကိုယ်ပြန်လိုက်ပါဦးမယ်..."
"ကောင်းပါပြီ မောင်ရင်..."
ဒေါက်တာ အပေါက်ဝထိလိုက်ပို့ပေးရင်း
"မောင်ကုဋေ သူတို့ရဲ့ကိုယ်ရေးရာဇဝင်တွေတစ်ချက် ကြည့်ကြည့်ဦးမလား..."
"မကြည့်တော့ပါဘူး ဒေါက်တာ...ကိုယ် ဒေါက်တာကိုယုံပါတယ်..ကိုယ့်ကလေးရဲ့မိခင်ဖြစ်သူဘယ်သူလဲဆိုတာ ကိုယ့်အတွက်အရေးမကြီးပါဘူး..အဓိကက ကိုယ့်ကလေးကျန်းကျန်းမာမာနဲ့ မွေးဖွားလာ‌ရင်ရပြီ..."
"စိတ်ချပါ မောင်ရင်...."
ကုဋေ ဆရာဝန်ကို နှုတ်ဆက်ပြီး ဟိုတယ်ကိုပြန်လာလိုက်သည်။လေယာဉ်ဆက်တိုက်စီးလာ၍ သူပင်ပန်းပြီး နားချင်နေပြီဖြစ်သည်။
ဒေါက်တာထွက်သွားသည့် ကုဋေကျောပြင်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"မောင်ရင် ဒေါက်တာကို ယုံကြည်မှုအလွဲသုံးစားလုပ်တဲ့အပေါ် ခွှင့်လွှတ်နိုင်ဖို့မျှော်လင့်ပါတယ်...."
ဦးညို ထိုလူထွက်သွားမှအသက်ကိုဝဝရှူရဲတော့သည်။
ဝတ်ထားသည့် အဝတ်အစားများကြောင့်လည်း လူကကြပ်ထုပ်ပြီး အဆင်မပြေဖြစ်နေသည်။
ဘေးက မမသဇင်ဦးညိုကို ကြည့်လိုက်သော်လည်း တစ်ခုခုကိုသေချာစဉ်းစားနေပုံပင်။
ခု့သူ့ဘဝကြီးကတကယ်ပဲ ဘယ်လိုဖြစ်ကုန်တာလဲဆိုတာ သူတကယ်မစဉ်းစားချင်တော့။
ခုချိန်မှာ မေမေလေးရဲ့အသက်အန္တရာယ်ကလွဲရင် ကျန်တာကလည်း အရေးမပါတော့ပေ။
အလောတကြီး လိုအပ်နေသော နှလုံးအစားထိုးကုသမှုအတွက် သူတို့မှာငွေကြေးအတော်လေးကိုကြပ်တည်းလာသည်။‌
ဖေဖေဆုံးသည့်အချိန်မှစ၍ အခြေမပျက်အောင်ရပ်တည်လာသော လုပ်ငန်းတစ်ချို့ကလဲ ခုချိန်မှာ ဒေဝါလီခံလုနီးပါးဖြစ်နေသည်။
$10Milloinဆိုသည့် ငွေပမာဏမှာ မေမေလေးကိုကုသဖို့အပြင် ကျန်သည့်လုပ်ငန်းများကိုလဲလျော်နိုင်ကောင်း‌ လျော်နိုင်လိမ့်မည်။
မွေးကတည်းက ဖေဖေတစ်ယောက်ထဲ၏အသိအမှတ်ပြုမှုကိုခံခဲ့ရသော်လည်း
ဖေဖေဆုံးသည့်အချိန်တွင် သူ့အားနှင်မထုတ်ခဲ့သောမေမေလေးကို သူတကယ်ကိုကျေးဇူးတင်မိ၏။
ခုချိန် သူများများစားစားမတွေးချင်တော့ပဲမွေးရာပါသားအိမ်ပါလာသော သူ့ခန္ဓာကိုယ်ကိုပင် ကျေးဇူးတင်ရမလိုဖြစ်သွားသည်။
မျက်ဝန်းပြာပြာ ဆံပင်ကောက်ကောက်လေးတွေနှင့် သူခန္ဓာကိုယ်သည် မိန်းခလေးတစ်ဦးနှင့်မခြားနား နုနယ်လွန်းလှသည်။
ဗမာ၊ထိုင်း ကပြားတစ်ဦးဖြစ်သည့်အတွက်လည်း အသားအရေမှာ ထိရက်စရာပင်မရှိ။
မေမေလေးသည် ဦးညိုကိုမကြည်ဖြူသော်လည်း နှိပ်စက်ခြင်းတော့မရှိ။လျစ်လျူရှုထားသည်။
မမသဇင်ဦးညိုကတော့
"နင့်ရဲ့မျက်ဝန်းပြာတွေကို ငါသိပ်မုန်းတာပဲ..နင်ကဖေဖေမလိုချင်ပဲရခဲ့တဲ့ကလေး...နင့်ကိုလိုချင်တဲ့သူမရှိဘူး ..."ဟူ၍ ဦးညိုရဲ့ မျက်ဝန်းပြာပြာလေးတွေကိုစိုက်ကြည့်ပြီး ပြောဖူးသည်။
အေးစက်သွားသည့် ဆက်ဆံရေးတစ်ခုဟာ သူ့ကြောင့်အစပြုခဲ့သည်ဟုလည်း တဖွဖွပြောတက်သည်။
မမသဇင်ဦးညိုနှင့်သူက 3နှစ်ပဲ‌ကွာသည့် ဖအေတူမအေကွဲ မောင်နှမဖြစ်ပြီး ဦးညို မမကိုသိပ်ချစ်ပါသည်။ဘယ်လိုပင် မမကဦးညိုကိုမချစ်ဘူးဆိုသော်လည်း ပစ်ပစ်ခါခါတော့တစ်ခါမှမလုပ်ပါ။ကျောင်းပြီးအောင်ထိထားပေးသည်။ ဦးညိုအတွက် အစစအရာရာတာဝန်ယူထားသည်။
ဖေဖေဆုံးသွားသည့်အချိန်မှာလည်း ဦးညိုကိုလုပ်ငန်းခွင်ထဲမဝင်ခိုင်းပဲ သူ့ဘာသာကြိတ်မှိတ်လုပ်သည်။ရအောင်ရုန်းကန်သော်လည်း အတွေ့အကြုံမရှိသည့်အပြင် ရှယ်ယာရှင်တစ်ချို့၏ ယုံကြည်မှုအလွဲသုံးစားလုပ်သည့် ကိစ္စများကြောင့် ကုမ္ပဏီလဲ ဒေဝါလီခံရလုနီးပါး အကြွေးတွေဝိုင်းခဲ့ရသည်။
တစ်ခါလေးမှ ဦးညိုရှေ့ပင်ပန်းတယ်ဟူ၍ မငြီးငြူခဲ့ဘူးသော်လည်း ထိုနေ့ မေမေလေး နှလုံးဖောက်သွား၍ ဆေးရုံတင်လိုက်ရသည့်နေ့တွင် ဦးညိုကိုဖက်၍
"ငါအရမ်းပင်ပန်းနေပြီ ...တောင့်မခံနိုင်အောင်ပင်ပန်းနေပြီ..."ဟူ၍ ငိုခဲ့သည်။
ထိုအချိန်မှစ၍ ပုန်းညက်ဦးညို ဒီအခြေအနေကြီးမှ ရုန်းထွက်နိုင်အောင် လုပ်နိုင်သမျှလုပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ခု ကံကြမ္မာကသူ့ကို အခွှင့်အရေးပေးခဲ့လေပြီ။
အငှားကိုယ်ဝန်ဆောင် ရှာနေသည့်ထိုလူနှင့် ပုံပေးထားသည့် ငွေပမာဏ။
မေမေလေးကိုကုသဖို့အတွက် လက်ထဲတွင်ငွေကြေးအလုံအလောက်မရှိသော်လည်း အရဲစွန့်ပြီး Bangkokထိတက်ခဲ့ကြသည်။
ထိုချိန် ‌ဒေါက်တာNiနဲ့တွေ့ပြီး သူတို့သည်အငှားကိုယ်ဝန်ဆောင်ရှာနေသည်ဖြစ်ပြီး $10millionထိတောင်ပေးမည်ဆိုသည့်အတွက် ဦးညိုတို့လဲစိတ်ဝင်စားသွားသည်။
မမသဇင်ဦးညိုက သူလုပ်မည်ဟုပြောသော်လည်း ဦးညိုသိသည် မမအတွက် ကိုယ်ဝန်ဆောင်ဖို့ဆိုသည်မှာမလွယ်ပေ။အပျိုစင်လေးတစ်ယောက်ဖြစ်သည့်အပြင် ခုချိန်ထိ ရည်းစားဘာညာတောင် ထားဖူးသေးသည့်သူမဟုတ်သည့်အတွက် ထိုကိစ္စမှာ မမအတွက်လွယ်ကူလိမ့်မည်မဟုတ်ပေ။
ဒါကြောင့် ဦးညိုဆုံးဖြတ်၍ မမဆီခွှင့်တောင်းခဲ့သည်။
"မမ ဦးညို အငှားကိုယ်ဝန်ဆောင်ချင်တယ်...."
"ဘာ.....ဦးညို ဘာပြောလိုက်တယ်..."
သဇင် စိတ်ညစ်နေသည့်အထဲ ဦးညိုပြောလိုက်သည့်စကားကြောင့် လန့်သွားသည်။
"ဟို ဦးညို အငှားကိုယ်ဝန်ဆောင်ချင်တယ်..."
"တော်တော့ ဦးညို ဆက်မပြောနဲ့..ဒါမိန်းကလေးတွေလုပ်ရတဲ့ကိစ္စ...နင်က ဘယ်လိုလုပ်ပြီး...ကျေးဇူးပြု၍ နင်ကပါ ငါ့ကိုစိတ်ရှုပ်အောင်လာမလုပ်ပါနဲ့လား...."
ဘယ်လိုပင် သဇင် ဦးညိုကိုမချစ်ချစ် ဦးညိုအတွက် ဒုက္ခရောက်နိုင်သည့် အရာများကိုတော့မလုပ်နိုင်ပေ။
သူ့မောင်ကို ဒီလိုကိစ္စရပ်များအထိ မလုပ်ခိုင်းနိုင်ပေ။
"မမမေ့နေတာတော့မဟုတ်လောက်ပါဘူးနော်...ဦးညိုမှာ မွေးရာပါသားအိမ်ပါတာကို..ဦးညိုကိုယ်ဝန်ဆောင်နိုင်ပါတယ် ပြီးတော့ ဦးညို မေမေလေးရဲ့ကျေးဇူးတွေကိုလဲ ဆပ်ခွှင့်ရချင်တယ်....."
"ပုန်းညက်ဦးညို....ငါသိတယ် နင့်မှာသားအိမ်ပါတာလဲငါသိတယ်....ကိုယ်ဝန်ဆောင်တယ်ဆိုတာ သိပ်လွယ်တယ်များနင်ထင်နေတာလား ..ဟင်...အထူးသဖြင့် ယောက်ျားလေးကိုယ်ဝန်ဆောင် လွယ်မယ်ထင်နေလား အခန့်မသင့်ရင် အသက်အန္တရာယ်ပါဆုံးရှုံးနိုင်တယ်....မရဘူး မလုပ်ရဘူး...."
"မမ ဦးညို တကယ်လုပ်ချင်လို့ပါ ဦးညိုကိုလုပ်ခွှင့်ပေးပါနော်...မမအတွက်လဲ စဉ်းစားပေးပါဦး...မမရဲ့ချစ်ရသူလဲမဟုတ်တဲ့ သူရဲ့သွေးသားကိုဆောင်ရမှာလေ မမအတွက်ပေးဆပ်ရမှာကအရမ်းများတယ်...ဦးညိုက ယောက်ျားလေးပါ ဘာမှထူးပြီးနစ်နာမသွားပါဘူး ဦးညိုကို ခွှင့်ပြုပေးပါနော်...."
"ဖေဖေကို မျက်နှာမပြရဲအောင်မလုပ်စမ်းနဲ့ ဦးညိုရယ် ခေါင်းမမာစမ်းနဲ့ကွယ်...."
"မေမေလေးကို သား စိတ်ရှင်းရှင်းနဲ့မေမေလေးလို့ခေါ်နိုင်ဖို့ မမက လုပ်ခွှင့်ပေးပါနော်..."
"ဦးညိုရာ....."
သဇင် အားမလိုအားမရခေါ်လိုက်မိသည်။‌ဒီကောင်ငယ်လေးကသိပ်ကိုခေါင်းမာလွန်းလှသည်‌။အထိအခိုက်မခံနိုင်လောက်တဲ့ အသားအရေလေးနဲ့နုနယ်သူလေးမို့ မခိုင်းရက် မထိရက်နဲ့ ရွှေလိုဥထားခဲ့ရသည်မဟုတ်လား။
1နှစ်သားလေးကိုအနှီးထုပ်လေးထဲ ပွေ့ချီပြီး ဖေဖေပြန်လာသည့်နေ့က သူ့အတွက် မောင်‌ငယ်လေးရပြီ ဆိုပြီး ဘယ်လောက်တောင်ပျော်ခဲ့လိုက်ရသလဲဆိုတာ သူကိုယ်တိုင်သာအသိဆုံး.။ ပုန်းညက်ပန်းများပွင့်သည့်အချိန်မှာ အိမ်ကိုရောက်လာခဲ့၍
ပုန်းညက်ဦးညို ဆိုပြီး နာမည်ပေးခဲ့ကြသည်။နောက်ပိုင်းမေမေနဲ့ဖေဖေတို့ စကားများနေရာမှ ကြားခဲ့ရသည့် စကားများအရ
ဖေဖေက ‌မိန်းမတစ်ယောက်နှင့်ဖောက်ပြန်ပြီး ရခဲ့သည်တဲ့လေ။
မေမေတို့စကားများရတိုင်း ထိုမျက်ဝန်းပြာကလေးလေးကြောင့်ပဲ ဖြစ်ခဲ့ရသဖြင့် သဇင် စိတ်ထဲ အမြင်မကြည်ဖြစ်လာခဲ့ပြီး မသိစိတ်ကချစ်သော်လည်း သိစိတ်ကမူမုန်းတီးမိခဲ့သည်။
"ကောင်းပြီလေ....ဒေါက်တာNiက ယောက်ျားလေးကိုယ်ဝန်ဆောင်ဖို့ ခွှင့်ပြုတယ်ဆိုရင် လုပ်ပါ...."
"တကယ်နော် မမ ကျေးဇူးတင်ပါတယ်မမ..."
ထို့နောက်သူတို့‌ ဒေါက်တာနှင့်တွေ့ကာ ထိုကိစ္စအတွက်ဆွေးနွေးခဲ့ကြသည်။
အစကပိုင်းတွင် ဒေါက်တာကလက်မခံခဲ့သော်လည်း သူတို့ရဲ့ကိစ္စအရပ်ရပ်ကိုပြောပြပြီးနောက် နောက်ပိုင်းတွင်တော့ လက်ခံခဲ့သည်။
ဦးညိုရဲ့ မျက်ဝန်းပြာလေးတွေကိုကြည့်ပြီးတော့လည်း
"သားက သူနဲ့သိပ်တူတာပဲ.."ဟုပြောခဲ့သည်။
ဒေါက်တာပြောတာကို သူနားမလည်သော်လည်း မမေးဖြစ်ခဲ့ပေ။
"ကဲ စလိုက်ကြတော့မလား...."
ဦးညို အတွေးယာဉ်ကြောတွင်မြောနေခိုက်
ဒေါက်တာအသံကြားမှ သတိပြန်ဝင်လာသည်။
"ဟုတ်ကဲ့...ဒေါက်တာ..."
CHANGE 🍁
‌"ဘာများလဲမောင်ရင်..."
"အိုကေ ..ကောင်းပြီလေ ဒါဆို ကျန်တာဒေါက်တာနဲ့ပဲဆွေးနွေးလိုက်ပါ...ဒေါက်တာ အာ့ဆိုကိုယ်ပြန်လိုက်ပါဦးမယ်..."
"ကောင်းပါပြီ မောင်ရင်..."
"စိတ်ချပါ မောင်ရင်...."
မမသဇင်ဦးညိုကတော့
"ဦးညိုရာ....."
"ကဲ စလိုက်ကြတော့မလား...."
"ဟုတ်ကဲ့...ဒေါက်တာ..."
CHANGE 🍁
Continue Reading
You'll Also Like
45.4K 7.4K 32
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
88.9K 10.2K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
2.3M 317K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
52.8K 3.9K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...