နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၁၀၀

8.4K 1.5K 59
By Kay_Wine

{Zawgyi}

က်ိဳးရင္က တိမ္လႊာပ်ံဝဲဂိုဏ္းနဲ႔ အေတာ့္ကိုအကြၽမ္းတဝင္ရွိတာေၾကာင့္ ေထာင္ေျခာက္ေတြကို ေရွာင္တိမ္းရင္းနဲ႔ပဲ ေတာင္ေျခကို သတိရွိရွိနဲ႔ေရာက္လာတယ္။ ႏွစ္ေယာက္သား အကာအကြယ္စည္းဆီကို ေရာက္တဲ့အခါ အတင္းအက်ပ္ျဖတ္မသြားႏိုင္ျဖစ္ေနတယ္။ ဝင္ခြင့္ကဒ္ျပားရွိတဲ့ တပည့္ျဖစ္မွသာ ဝင္ႏိုင္တယ္။

"ပါး မစိုးရိမ္ပါနဲ႔" ပိုင္ရန္ စိုးရိမ္ေနမွာစိုးတာေၾကာင့္ က်ိဳးရင္က ႏွစ္သိမ့္ေပးလိုက္တယ္။ "ႏွစ္နာရီတိုင္းမွာ ကင္းလွည့္ဖို႔အတြက္ တပည့္အုပ္စုတစ္စု ဆင္းလာတတ္တယ္၊ လူကြဲေနတဲ့နည္းနည္းေလာက္ကို ရွာလို႔ရပါတယ္..."

သူဘာကို ဆိုလိုခ်င္မွန္း ပိုင္ရန္ ခ်က္ခ်င္းနားလည္သြားၿပီး ေခါင္းၿငိတ္ျပလိုက္တယ္ "အင္း"

ဘယ္သူ႔ကိုမွ အခ်က္မျပမိဘဲ data packကို ယူႏိုင္တယ္ဆိုရင္ေတာ့ အေကာင္းဆုံးပဲ၊ အဆိုးဆုံးရွိလွ သူတို႔ဖာသာ အတင္းအက်ပ္ ေဖာက္ဝင္လိုက္တာပဲေပါ့။ အရင္ကလည္း မလုပ္ဖူးတာမ်ိဳးမွ မဟုတ္တာ။

ႏွစ္ေယာက္စလုံး သစ္ပင္ႀကီးတစ္ပင္ေပၚမွာ သစ္နက္ေတြလိုမ်ိဳး ပုန္းေနလိုက္ၾကတယ္။

ပ်င္းေနတာေၾကာင့္ျဖစ္ႏိုင္တယ္၊ က်ိဳးရင္က တိုးတိုးေလး ေမးလာတယ္ "ပါး အဲ့အေရးႀကီးတယ္ဆိုတဲ့အရာက အတိအက်ဘာလဲ၊ ဘာနဲ႔တူလဲ?"

ပိုင္ရန္ ေတြးလိုက္တယ္ : 'မင္းေတာင္ ဒီလိုလာေမးရင္ ငါက်ေတာ့ ဘယ္သူ႔သြားေမးရေတာ့မလဲ?'

သူ အေတာ္ေလး တည္ၿငိမ္စြာ ေျပာလိုက္တယ္ "ငါတို႔အဲ့ေရာက္ရင္ သိလိမ့္မယ္"

သူက ဒီအေၾကာင္းကို မေျပာခ်င္မွန္း က်ိဳးရင္ ခန႔္မွန္းမိလိုက္တာေၾကာင့္ သူ ထပ္ေမးလိုက္တယ္။ "နယ္ေျမတိုင္က တိမ္လႊာပ်ံဝဲဂိုဏ္းမွာ တကယ္ရွိတာလား? ဘယ္လိုလုပ္ၿပီး သိတာလဲ?"

ပိုင္ရန္ ေတြးလိုက္တယ္ : 'ဝတၳဳဖတ္ထားလို႔ေပါ့'

သူ ခဏေလာက္ ေတြးဆဆလုပ္ၿပီးေနာက္ ေျပာလိုက္တယ္ "ငါ့ရဲ႕ ရွာေဖြစုံစမ္းမႈေတြကေနေပါ့"

အစကေတာ့ က်ိဳးရင္က သားအဖဆက္ဆံေရးကို ခိုင္မာနက္ရႈိင္းေအာင္ လုပ္ခ်င္တာဆိုေပမယ့္ ပိုင္ရန္က အခြင့္အေရးေလးတစ္ခုေတာင္ မေပးခဲ့ဘူး။ ကသိကေအာက္ေျပာဆိုေနရတာကို မဆက္ႏိုင္ေတာ့ဘဲ သူလည္း ပါးစပ္ပိတ္ကာ ေရွ႕ကလမ္းကိုသာ စိုက္ၾကည့္ေနလိုက္ေတာ့တယ္။

ခဏေနေတာ့ တိမ္လႊာပ်ံဝဲဂိုဏ္းရဲ႕တပည့္လိုမ်ိဳးအဝတ္အစားေတြ ဝတ္ထားတဲ့လူငယ္ေလးႏွစ္ေယာက္ ေပၚလာတယ္။

တိမ္လႊာပ်ံဝဲဂိုဏ္းက ႏွစ္ေယာက္တစ္စုစီ ေနရာတစ္သမတ္တည္း ခြဲၿပီး ကင္းလွည့္ရတယ္။

ေကာင္းတယ္။

က်ိဳးရင္ေတာင္ ဘာမွေျပာေနစရာမလိုဘဲ ပိုင္ရန္က တိတ္တိတ္ေလး ဆင္းခ်သြားကာ တပည့္ႏွစ္ေယာက္ရဲ႕ေနာက္မွာ ေပါ့ေပါ့ပါးပါးေလး ရပ္ၿပီး သတိလစ္ေအာင္လုပ္လိုက္ခ်ိန္မွာ က်ိဳးရင္က "သူတို႔ကို မသတ္နဲ႔!"လို႔ သတိလက္လြတ္ေအာ္လာတယ္။

ပိုင္ရန္ ခါးကိုင္းၿပီး သူတို႔ေပၚက ဝင္ခြင့္ကဒ္ကို ရွာကာ က်ိဳးရင္ဆီ တစ္ခုပစ္ေပးလိုက္တယ္။

"သြားၾကစို႔" ပိုင္ရန္ ေျပာလိုက္တယ္။

ပိုင္ရန္က ခုေလးတင္ သူတို႔ကို သတ္လိုက္မယ္လို႔ တကယ္ထင္သြားတာေၾကာင့္ က်ိဳးရင္ အနည္းငယ္ရွက္သြားရတယ္။

ပိုင္ရန္ကေတာ့ ဂ႐ုစိုက္ပုံမေပၚဘဲ အကာအကြယ္စည္းမွာ ဝင္ခြင့္ကဒ္ကို ဖိကပ္လိုက္တယ္။ အဟေလးတစ္ခု ပြင့္လာၿပီး သူျဖတ္ေလွ်ာက္လိုက္ေတာ့ က်ိဳးရင္ပါ လိုက္ပါလာတယ္။

တိမ္လႊာပ်ံဝဲဂိုဏ္းရဲ႕ အရာအားလုံးနဲ႔ က်ိဴးရင္က အေတာ္ေလးရင္းႏွီးေနတာေၾကာင့္ ပိုင္ရန႔္ကို ဦးေဆာင္ကာ ေထာင္ေျခာက္ေတြအားလုံးကို ေရွာင္တိမ္းၿပီး မၾကာခင္ ေတာင္ကုန္းအေသးေလးတစ္ခုဆီ ေရာက္လာေတာ့တယ္။

ေတာင္ကုန္းေပၚမွာ အိမ္ေတြအမ်ားႀကီးရွိၿပီး အကုန္လုံးကို အခိုင္အခံ့ေဆာက္လုပ္ထားၾကတယ္။ အခန္းငယ္ေလးေတြ အမ်ားႀကီးကန႔္ထားၿပီး တစ္ခန္းမွာ လူႏွစ္ေယာက္က် ေနထိုင္ရတယ္။ အနည္းငယ္ပိုႀကီးတယ္ဆိုရင္ တစ္ဒါဇင္သို႔မဟုတ္ ထိုထက္ပိုၿပီး ေနရတယ္။

တစ္ခ်က္ၾကည့္႐ုံနဲ႔ ဒီမွာက အဆင့္နိမ့္တပည့္ေတြ ေနထိုင္တယ္ဆိုတာကို ပိုင္ရန္ သတိထားမိလိုက္တယ္။

က်ိဳးရင္က ပိုင္ရန႔္ကို အေတာ္ေလးေထာင့္က်တဲ့ အခန္းတစ္ခုဆီ ေခၚသြားၿပီး ေသာ့ကိုဖ်က္ကာ ဝင္လာၾကတယ္။ အခန္းက တကယ့္ကို က်ဥ္းက်ဥ္းေလးနဲ႔ အေတာ္ေလးသန႔္ရွင္းကာ ကုတင္တစ္လုံးတည္းရွိတယ္။

ပိုင္ရန္ မွတ္မိသေလာက္ ဝတၳဳထဲမွာ က်ိဳးရင္က တျခားသူေတြနဲ႔ ေနရတာကို မႀကိဳက္တာေၾကာင့္ ဒီအခန္းထဲ ေနႏိုင္ေအာင္ လုပ္ႏိုင္သမွ်အားလုံး ႀကိဳးစားလုပ္ခဲ့တယ္။

"အဲ့ေတာ့ ဒါက မင္းေနခဲ့တာေပါ့?" ပိုင္ရန္ ေဘးဘီကို ၾကည့္ၿပီး ေမးလိုက္တယ္။

က်ိဳးရင္က ေခါင္းၿငိတ္ကာ "ပါး ဘာကို ရွာေနတာလဲ?"

ပိုင္ရန္ ပတ္ပတ္လည္ကိုၾကည့္ကာ အခန္းထဲမွာ ရွိသမွ်အရာ တစ္ခုခ်င္းစီတိုင္းကို ျမန္ျမန္စစ္ၾကည့္လိုက္တယ္။ ကုတင္တစ္လုံး၊ စားပြဲဝိုင္းေလးတစ္လုံး၊ ထိုင္ခုံရွည္ႏွစ္ခု၊ လူတစ္ေယာက္အရပ္ေလာက္ရွိတဲ့ ဗီဒိုတစ္လုံးနဲ႔ တိုလီမုတ္စေလးေတြထည့္ဖို႔ နံရံကပ္စင္တစ္ခု။

ဘာကိုမွ မရွာေသးဘဲ ပိုင္ရန္တစ္ေယာက္ အိပ္ရာထဲအရင္ဆုံး ရွာလိုက္ၿပီးေနာက္ ဘီဒိုကို ထပ္စစ္ၾကည့္ျပန္ေတာ့လည္း ဘာမွမရွိဘူး။ ေနာက္ဆုံးမွာ နံရံကပ္စင္ေပၚက အရာအားလုံးကို စစ္လိုက္ေပမယ့္ ပုံမွန္မဟုတ္တာ ဘာမွရွာမေတြ႕ဘူး။

ပိုင္ရန္ အနည္းငယ္ဇေဝဇဝါျဖစ္သြားတယ္ "ေရွာင္လင္း data packက ဘယ္မွာလဲ?"

ေရွာင္လင္းလည္း ေယာင္နနျဖစ္ေနတယ္ "သခင္ ကြၽန္မ မသိပါဘူး"

ပိုင္ရန္ "data packက ဘယ္လိုပုံမ်ိဳးလဲ?"

ေရွာင္လင္း "မသိပါဘူး!"

ပိုင္ရန္ "..."

ပိုင္ရန္ အရာအားလုံးကို ထပ္လွန္ေလွာလိုက္ေပမယ့္ ဘာမွမေတြ႕ေသးဘူး။

"ပါး ဘယ္လိုဟာမ်ိဳးကို ရွာေနတာပါလဲ?" က်ိဳးရင္,ေမးလိုက္တယ္ "ကြၽန္ေတာ္ ကူရွာေပးႏိုင္ပါတယ္"

အဲ့တာက ဘာဆိုတာကို ဘယ္လိုရွင္းျပရမွန္းမသိတာေၾကာင့္ ပိုင္ရန္လည္း ေဒါသတႀကီး ေျပာလိုက္ေတာ့တယ္ "ငါ ဘယ္မွာမွရွာမရျဖစ္ေနတာ ေသာက္က်ိဳးနည္း data packတစ္ခုကြ!"

သူ ေျပာလို႔ၿပီးသြားတယ္ဆိုရင္ပဲ စားပြဲေလးေပၚကေန အလင္းတန္းအနည္းငယ္ ေပၚထြက္လာတယ္။ အလင္းတန္းေတြက လွ်င္ျမန္စြာ တိုးပြားလာၿပီး ကြန္ပ်ဴတာတစ္လုံးကေန 2Dပုံတစ္ပုံ ေပၚလာသလိုမ်ိဳး ရႈပ္ေထြးေနတယ္။ ပိုရႈပ္ေထြးေလ ပိုတိုးမ်ားလာေလပဲ။ အလင္းေရာင္ ေပ်ာက္သြားတဲ့ေနာက္ ထိုေနရာမွာ အနက္ေရာင္ေဆးလုံးေလးတစ္ခု ရွိေနတယ္။

ဒါကို ျမင္ေတာ့ ဒီေဆးလုံးက data packျဖစ္မယ္ဆိုတာ ပိုင္ရန္ ခ်က္ခ်င္းနားလည္လိုက္တယ္။

"ရွာေတြ႕ၿပီ" ပိုင္ရန္ ေဆးလုံးကို ေကာက္လိုက္တယ္။

က်ိဳးရင္ကေတာ့ အံ့ဩေနရာက ျပန္မေကာင္းလာေသးဘူး။ ဒီအခန္းက သူ႔အခန္းျဖစ္ၿပီး အထဲမွာ ဘာရွိတယ္ဆိုတာကို လုံးဝရွင္းရွင္းလင္းလင္း သိေပမယ့္ ဒီေဆးလုံးရွိေနတာကိုေတာ့ လုံးဝမသိခဲ့ဘူး။

ခုေလးတင္ ျဖစ္သြားတဲ့ျမင္ကြင္းက သိပ္ကိုနားလည္ရခက္ၿပီး ဒီလိုမ်ိဳးကို ဘယ္တုန္းကမွ မျမင္ဖူးခဲ့ဘူး။

"ဒါက ဘာလဲ?" က်ိဳးရင္ သိလိုစိတ္နဲ႔ ေမးလိုက္တယ္။

ပိုင္ရန႔္မွာေတာ့ ေဆးလုံးကို သူ႔ပါးစပ္ထဲ ထိုးထည့္ပစ္လိုက္ခ်င္လို႔ ယားေနၿပီျဖစ္ေပမယ့္ အခ်ိန္နဲ႔ေနရာက မဟုတ္ေသးဘူး။ သူ ေကာင္ေလးကို ဆြဲေခၚကာ တံခါးကထြက္ၿပီး တိုးတိုးေလးေျပာလိုက္တယ္ "ငါတို႔ ထြက္ၿပီးရင္ ရွင္းျပမယ္"

သူတို႔ေတြ တံခါးဆီ ေလွ်ာက္သြားခ်ိန္မွာ အျပင္ဘက္ကတံခါးက ႐ုတ္တရက္ပြင့္သြားၿပီး အမ်ိဳးသမီးတစ္ေယာက္အသံ ထြက္ေပၚလာတယ္ "ဘယ္သူလဲ?!"

အမ်ိဳးသမီးရဲ႕အသံနဲ႔အတူ ဓားသြားတစ္ခုရဲ႕စူးရွတဲ့အလင္းတန္းက တံခါးကို ျဖတ္ဝင္လာတယ္။

ပိုင္ရန္ အဲ့ကို ေလွ်ာက္သြားမိလုနီးနီးပဲ။

သူတို႔ရဲ႕သဲလြန္စေတြကို ဖုံးကြယ္ဖို႔ရာ သူ႔ရဲ႕ဝိဉာဥ္စြမ္းအင္ကို ထိန္းခ်ဳပ္ထားရတဲ့အတြက္ အျပင္မွာ တစ္စုံတစ္ေယာက္ရွိေနတာကို သတိမထားမိလိုက္ဘူး။ သူ ျမန္ျမန္ဆန္ဆန္ ဓားကို လက္ေခ်ာင္းႏွစ္ေခ်ာင္းနဲ႔ဖမ္းကာ အမ်ိဳးသမီးရဲ႕ တိုက္ခိုက္မႈကို တားဆီးလိုက္တယ္။

အမ်ိဳးသမီးက ထိတ္လန႔္သြားၿပီး ဓားကို ျပန္႐ုတ္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ လႈပ္လို႔ေတာင္မရဘူး။

ထိုအခ်ိန္မွာပဲ က်ိဳးရင္က တိုးတိုးေလးေျပာလာတယ္ "ခ်င္းအာ?"

အမ်ိဳးသမီးလည္း ေတာင့္ခဲသြားတယ္။

ပိုင္ရန္ : 'ခ်င္းအာ? ေက်ာင္ခ်င္းအား?'

မွိန္ဖ်ဖ် လရဲ႕အလင္းေရာင္နဲ႔ အမ်ိဳးသမီးကို ေတြ႕လိုက္ရတယ္။ အနက္ေရာင္ဝတ္စုံ ဝတ္ထားတဲ့ ေက်ာင္ခ်င္းအာပဲ။

ညလယ္ေခါင္ႀကီး က်ိဳးရင္ရဲ႕အခန္းကို လာၿပီး ဘာလုပ္မလို႔လဲ?

"နင္လား?" ေက်ာင္ခ်င္းအား အနည္းငယ္တုန္ရီသြားၿပီး စကၠန႔္ပိုင္းအတြင္းမွာ စၿပီးငိုခ်ေတာ့မလိုမ်ိဳး သူ႔ရဲ႕လွပတဲ့မ်က္လုံးေတြထဲမွာ မ်က္ရည္ေတြျပည့္လာတယ္။

ပိုင္ရန္ သက္ျပင္းခ်ကာ အေမွာင္ထုထဲ ျပန္ဆုတ္လိုက္ၿပီး ဒီအခ်စ္ငွက္ေလးေတြရဲ႕ သူတို႔ခံစားခ်က္ေတြအေၾကာင္းေျပာၿပီး အခ်င္းခ်င္း ခ်စ္လွပါခ်ည္ရဲ႕ဆိုတာ ဝန္ခံေတာ့မွာကိုပဲ ေစာင့္ေနလိုက္တယ္။ သူ တကယ္ပဲ က်ိဳးရင္ကို ဆြဲေခၚၿပီး ပါးစပ္ထဲ ေဆးလုံးထိုးထည့္လိုက္ခ်င္ေပမယ့္ သူက အေဖေကာင္းတစ္ေယာက္ေလ။

ေက်ာင္ခ်င္းအာက ေျပးလာၿပီး သူ႔ကိုယ္သူ က်ိဳးရင္ရဲ႕ရင္ခြင္ထဲ ပစ္ဝင္ကာ ငိုေတာ့တယ္ "ငါ အိမ္မက္,မက္ေနတာလား? နင့္ကို ထပ္ေတြ႕ေနရၿပီ က်ိဳးရင္ တကယ္ပဲ နင္လား? ဒါက အိမ္မက္တစ္ခု မဟုတ္ဘူးလို႔ ငါ့ကို ေျပာစမ္းပါ..."

က်ိဳးရင္လည္း ခဏေလာက္ အကူအကယ္မဲ့သြားရၿပီး သူ႔ကိုျပန္ဖက္ကာ ေျပာလိုက္တယ္ "ကြၽန္ေတာ္ပါ"

ေက်ာင္ခ်င္းအားက သူ႔ရဲ႕လက္သီးဆုပ္ေလးေတြနဲ႔ ရင္ဘတ္ကို ထုရင္းငိုေနတယ္ "နင္ လူလိမ္အ႐ူးေကာင္! ငါ့ကို ဘာလို႔ ျပန္လာမေတြ႕တာလဲ၊ နင္ မသိဘူးလား ငါ..."

က်ိဳးရင္က ရည္႐ြယ္ခ်က္ရွိရွိ ေမးလိုက္တယ္ "ဘာျဖစ္လို႔လဲ?"

ေက်ာင္ခ်င္းအာက သူ႔ကို ထပ္႐ိုက္ကာ ရွက္သြားတယ္ "အ႐ူး~"

"ကြၽန္ေတာ့္ကို လြမ္းေနခဲ့တာလား?" က်ိဳးရင္က ေနာက္တီးေနာက္ေတာက္ ရယ္ေမာလိုက္တယ္။

ေက်ာင္ခ်င္းအာရဲ႕မ်က္ႏွာေလး ရဲတက္လာတယ္။

ေဘးမွာရပ္ေနတဲ့ ပိုင္ရန္ကေတာ့ မ်က္ျဖဴသာဆိုက္ၿပီး သူ႔ရဲ႕'မင္းတို႔ငါ့ကို မျမင္ႏိုင္ဘူး'ဆိုတဲ့ အမူအယာကိုသာ ဆက္လုပ္ေနလိုက္တယ္။ [ T/N : သူ႔အလွည့္က်ေတာ့ ႐ုပ္အမ်ိဳးမ်ိဳးနဲ႔ ]

အခ်ိန္အၾကာႀကီးေနမွ ေနာက္ဆုံးျပန္ဆုံရတာေၾကာင့္ အခ်စ္ငွက္ေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ေကာ္လိုကပ္ေနၿပီး တီးတိုးသဖန္းပိုးလုပ္ေနၾကတယ္။ ဒီလိုမ်ိဳးက အာ႐ုဏ္တက္ခ်ိန္အထိ ျဖစ္ေတာ့မယ့္ပုံကိုျမင္ေတာ့ ပိုင္ရန္ သူတို႔ကိုလူခ်င္းခြဲကာ ေအးတိေအးစက္ေျပာလိုက္တယ္ "ေနာက္က်ေနၿပီ သြားရေတာ့မယ္"

"ဘယ္သူလဲ?!" အခန္းထဲမွာ တျခားတစ္ေယာက္ရွိေနတာကို သတိမထားမိတာေၾကာင့္ ေက်ာင္ခ်င္းအာ လန႔္ျဖန႔္သြားတယ္။

သူက အနီးနားကလူေတြ ႏိုးသြားေအာင္ ေအာ္လိုက္မွာစိုးတာေၾကာင့္ ပိုင္ရန္ေျပာလိုက္တယ္ : "တိုးတိုးလုပ္ပါဟ"

က်ိဳးရင္က သူ႔ကို စိတ္ၿငိမ္ေအာင္လုပ္ေပးလိုက္တယ္ "မေၾကာက္ပါနဲ႔၊ သူက လူဆိုးမဟုတ္ဘူး"

ေက်ာင္ခ်င္းအာ ပိုင္ရန႔္ကို ၾကည့္လိုက္ေပမယ့္ ရွင္းရွင္းလင္းလင္းျမင္ႏိုင္ဖို႔က ေမွာင္လြန္းေနတယ္။ သူ က်ိဳးရင္,ဘက္ကို လွည့္ၿပီး ေမးလိုက္တယ္ "သူက ဘယ္သူလဲ?"

က်ိဳးရင္ အသံတိတ္သြားတယ္။

က်ိဳးရင္က သူ႔ကိုလက္ခံလိုက္ၿပီဆိုေပမယ့္ ပိုင္ရန္က နတ္ဆိုးနယ္ေျမထဲကတစ္ေယာက္ ျဖစ္ေနတာေၾကာင့္ စိတ္ထဲမွာေတာ့ အနည္းငယ္ စိမ္းသလိုခံစားေနရလိမ့္မယ္လို႔ ပိုင္ရန္ ထင္မိတယ္။

ဆိုေပမယ့္ အဲ့ေတာ့ေရာ ဘာျဖစ္လဲ?

ပိုင္ရန္က သူ႔အစား ေအးစက္တဲ့ေလသံနဲ႔ ေျပာေပးလိုက္တယ္ "ငါက က်ိဳးရင္ရဲ႕အေဖ၊ မင္းရဲ႕ ေယာကၡမေလာင္း"

က်ိဳးရင္ "..."

ေက်ာင္ခ်င္းအာ "..."

ပိုင္ရန္က အေမွာင္ထဲကထြက္လာၿပီး သူ႔အသြင္အျပင္ကလည္း ပုံမွန္အတိုင္း အနက္ေရာင္ဆံပင္နဲ႔ အနက္ေရာင္မ်က္လုံးေတြ ေျပာင္းသြားကာ သိပ္ကိုၾကည့္ေကာင္းလွတယ္။

ေက်ာင္ခ်င္းအာ ေလေအးတစ္ခ်က္ရႈိက္ၿပီး လက္ညႇိဳးထိုးကာ "သူက..."

က်ိဳးရင္က သူ႔လက္ကို ဆုပ္ကိုင္ၿပီး "မေၾကာက္ပါနဲ႔၊ သူက တကယ္ကြၽန္ေတာ့္ရဲ႕အေဖပါ"

ေက်ာင္ခ်င္းအာ ေဝခြဲမရျဖစ္သြားတယ္။ အရင္တုန္းက ပိုင္ရန္တစ္ေယာက္ ဓားစာခံအေနနဲ႔ေခၚတုန္းက သူလည္း ပါသြားခဲ့ရၿပီး ခုေတာ့ ျပန္ေပးဆြဲတဲ့သူက သူ႔ရဲ႕ေယာကၡမျဖစ္လာတယ္။ သူ႔ရဲ႕ေလာကအျမင္ကို အားျပင္းျပင္းနဲ႔ ႐ိုက္လိုက္တာပဲ။

ပိုင္ရန္ က်ိဳးရင္ကို ထပ္ၿပီး ႏႈိးေဆာ္လိုက္တယ္ "သြားၾကစို႔ ဒီလိုသာဆို ေနျမင့္လာေတာ့မယ္"

က်ိဳးရင္က တြန႔္ဆုတ္ဆုတ္နဲ႔ ေက်ာင္ခ်င္းအာဘက္လွည့္ကာ ေျပာလိုက္တယ္ "ခ်င္းအာ ကြၽန္ေတာ္ သြားရေတာ့မယ္၊ ကြၽန္ေတာ္... ကြၽန္ေတာ္ ေနာက္က်ရင္ ျပန္လာေတြ႕ပါ့မယ္"

ေက်ာင္ခ်င္းအာက သူ႔အက်ီအစြန္းနားကို ဆြဲထားၿပီး မ်က္လုံးေတြထဲမွာ အေလာတႀကီးႏိုင္မႈေတြ ေပၚလာတယ္ "က်ိဳးရင္... ငါ..."

က်ိဳးရင္ကို ေနဖို႔ေျပာခ်င္ေပမယ့္ အဆုံးမွာေတာ့ ဘာမွမေျပာလိုက္ဘူး။

က်ိဳးရင္က အခုဆိုရင္ ကသိကေအာက္အေနအထားမွာ က်ေရာက္ေနတယ္။ သူ(ေက်ာင္ခ်င္းအာ)ကသာ ဒီမွာေနဖို႔အတင္းအက်ပ္ဖိအားေပးလာရင္ သူ႔အတြက္ ေဘးအႏၲရာယ္က်ေရာက္ဖို႔သာ ရွိမယ္။ ဇာတ္လိုက္ရဲ႕မိန္းကေလးေတြထဲက တစ္ေယာက္ျဖစ္တာနဲ႔အညီ သူ(ေက်ာင္ခ်င္းအာ)က ဘယ္လိုလုပ္ ဒီလိုမ်ိဳးလုပ္ႏိုင္မွာလဲ?

ထို႔ေၾကာင့္ အဆုံးမွာ ေက်ာင္ခ်င္းအာ ဘာမွကို မေျပာခဲ့ဘူး။

ပိုင္ရန္က က်ိဳးရင္ကို ဆြဲၿပီး စထြက္လာလိုက္တယ္။

"က်ိဳးရင္!" ေက်ာင္ခ်င္းအာကလည္း အခန္းထဲက လိုက္ထြက္လာတယ္။

ခ်က္ခ်င္းဆိုသလို က်ိဳးရင္က ကေလးဆန္စြာ ေျခလွမ္းေတြကို ရပ္ပစ္ၿပီး ေက်ာင္ခ်င္းအာဘက္ကို လွည့္လိုက္တယ္။

ေက်ာင္ခ်င္းအာက သူ႔ေဘးကို ေလွ်ာက္လာၿပီး ေခါင္းေမာ့ကာ ေျပာလိုက္တယ္ "ငါ... ငါ နင့္ကို သေဘာက်တယ္"

က်ိဳးရင္ရဲ႕နက္ေမွာင္ေနတဲ့မ်က္လုံးေတြထဲ အံ့ဩမႈ၊ ဝမ္းနည္းမႈနဲ႔ စိတ္ရႈပ္မႈတို႔ ျဖတ္သန္းသြားတယ္။ ေနာက္ဆုံးမွာ သူ႔မ်က္ႏွာေလးကို လက္ခုပ္ထဲထည့္ၿပီး ႏွဖူးေပၚ အနမ္းတစ္ပြင့္ေႁခြကာ ႏူးႏူးညံ့ညံ့ေလး ေျပာလိုက္တယ္ "ကြၽန္ေတာ့္ကို ေစာင့္ေနပါ"

ထို႔ေနာက္မွာေတာ့ ေနာက္ျပန္လွည့္မၾကည့္ဘဲ ထြက္သြားေတာ့တယ္။

ေက်ာင္ခ်င္းအာအၾကည့္က ထြက္သြားတဲ့သူ႔ေနာက္မွာသာ ကပ္ၿငိေနတယ္။

အစကေန အဆုံးထိ လူသားနယ္ေျမထဲက ခ်စ္ျခင္းတရားကဘယ္ေလာက္ေတာင္ ျဖဴစင္တယ္ဆိုတာကိုၾကည့္ၿပီး ပိုင္ရန္ စိတ္ထိခိုက္စြာ သက္ျပင္းသာခ်ႏိုင္တယ္။ သူ႔ကို ခ်က္ခ်င္းခုန္အုပ္တဲ့ နတ္ဆိုးဘုရင္ႀကီးနဲ႔ တျခားစီ။ ခုနက ဇာတ္ကြက္မွာသာ သူနဲ႔ နတ္ဆိုးဘုရင္ႀကီးဆိုရင္ ထြက္သြားမွာကို စဥ္းစားႏိုင္ဖို႔ဆိုတာ အသာထား ေသခ်ာေပါက္ အိပ္ရာထဲကေတာင္ ထႏိုင္ေလာက္မွာ မဟုတ္ဘူး။

နတ္ဆိုးဘုရင္ႀကီး...

ပိုင္ရန္ အမွတ္တမဲ့ သူ႔လည္ပင္းေပၚက အက္ရာေတြျပည့္ေနတဲ့ ေတာင္ပင္လယ္ေရသူမပုလဲကို ဆုပ္ကိုင္မိလိုက္တယ္။ အခု နတ္ဆိုးဘုရင္ႀကီး ဘယ္လိုေတြလုပ္ေနမယ္ဆိုတာ ဘယ္သူသိမွာလဲ...

သူ တအားစိတ္ပ်က္ေနမလား၊ တအားေဒါသထြက္ေနမလား?

ဒီလိုအေတြးေတြနဲ႔အတူ ပိုင္ရန္နဲ႔က်ိဳးရင္ တိမ္လႊာပ်ံဝဲဂိုဏ္းကေန ထြက္လာခဲ့ၾကတယ္။

-နတ္ဆိုးနယ္ေျမႏွင့္ လူသားနယ္ေျမၾကားမွ အဝင္လမ္း-

လူတိုင္းကို ေရတြက္ၾကည့္ၿပီးေနာက္ ေက်ာင္ရႈိ႕နဲ႔ ဟြာေဖးဟြားက ေရွ႕ဆုံးမွာရွိတဲ့လူကို ေျပာလိုက္တယ္ "အရွင္ႀကီးကို တင္ျပပါတယ္၊ လူတိုင္း ေရာက္ပါၿပီ"

နတ္ဆိုးဘုရင္ႀကီးက အနက္ေရာင္ဝတ္႐ုံကို ဝတ္ထားၿပီး ၾကည့္ေကာင္းတဲ့မ်က္ႏွာေပၚမွာ ဘာအမူအယာမွ ရွိမေနဘူး။ သူက အသင့္ျပင္ထားတဲ့ တပ္စုကိုလွည့္ၾကည့္ၿပီး ဩရွတဲ့အသံနဲ႔ ေျပာလာတယ္ "ထြက္ခြာဖို႔ အခ်ိန္က်ၿပီ"

သူ႔အက်ီလက္စကို တစ္ခ်က္ခါလိုက္တာေၾကာင့္ သူ႔ရဲ႕အနက္ေရာင္ၿခဳံထည္က အေမွာင္ထုထဲမွာ ေကာ့ျဖာသြားတယ္။

နတ္ဆိုးဘုရင္ႀကီးက ေရွ႕ဆုံးမွာရပ္ေနၿပီး လမ္းေၾကာင္းတည့္တည့္ကို ေလွ်ာက္သြားလိုက္တယ္။

ဟြာေဖးဟြားက နတ္ဆိုးနယ္ေျမထဲက အဆင့္ျမင့္ေလ့က်င့္ထားအဖြဲ႕ဝင္ေတြနဲ႔အတူ ေနာက္ကလိုက္ပါလာခဲ့တယ္။

ေက်ာင္ရႈိ႕က အေနာက္ကေနၿပီး ပင္မစစ္တပ္ကို ထိန္းခ်ဳပ္တယ္။

ပင္မစစ္တပ္ဆိုတာ ထာဝရအေမွာင္ထုနန္းေတာ္ႀကီးရဲ႕ က်န္ရွိတဲ့ေနရာေပါင္းစုံမွ ေနာက္ဆုံးအဆုံးအျဖတ္တိုက္ပြဲကို ေစာင့္ေနခဲ့ၾကတဲ့ လူေတြကို ေပါင္းစည္းထားလိုက္တာျဖစ္တယ္။

နယ္ေျမတိုင္ပ်က္ဆီးသြားတာနဲ႔အတူ လူသားနဲ႔နတ္ဆိုးနယ္ေျမၾကား အတားအဆီးလည္း ေပ်ာက္ကြယ္သြားၿပီး ပင္မစစ္တပ္က ေက်ာင္ရႈိ႕ရဲ႕ဦးေဆာင္မႈေအာက္မွာ လူသားနယ္ေျမထဲ ေဖာက္ထြင္းဝင္ေရာက္ကာ တိမ္နက္ဂိတ္ေပါက္ရဲ႕ဗဟိုခ်က္နဲ႔အတူ နယ္ေျမတစ္ခုလုံးကို အလ်င္အျမန္သိမ္းပိုက္မွာျဖစ္တယ္။ တိမ္နက္ဂိတ္ေပါက္မွာလည္း အားလုံးကို ေနရာခ်ၿပီးေနၿပီျဖစ္တယ္။ နတ္ဆိုးနယ္ေျမက ထိုေနရာကို သူတို႔ရဲ႕အေျခစိုက္စခန္းအျဖစ္သေဘာထားၿပီး လူသားနယ္ေျမထဲက တျခားေဒသေတြကိုပါ တိုက္ခိုက္မွာျဖစ္တယ္။

သို႔ေပမယ့္ ဒါေတြအားလုံးက သူတို႔ေတြ တိမ္လႊာပ်ံဝဲဂိုဏ္းကို ဝင္ႏိုင္ၿပီး နယ္ေျမတိုင္ကို ဖ်က္ဆီးႏိုင္တဲ့အေျခအေနေအာက္မွာသာ ျဖစ္ေနတယ္။

တိမ္လႊာပ်ံဝဲဂိုဏ္းက တိမ္တိုက္ေတြလိုမ်ိဳး မ်ားစြာေသာကြၽမ္းက်င္သူေတြရွိတဲ့ နံပါတ္တစ္အႀကီးဆုံးဂိုဏ္းႀကီးျဖစ္တယ္။ နတ္ဆိုးဘုရင္ႀကီး သတိမေလ်ာ့ရဲဘူး။ သူ ဟြာေဖးဟြားနဲ႔ နတ္ဆိုးနယ္ေျမထဲက လက္ေ႐ြးစင္အဖြဲ႕သားေတြကို ဦးေဆာင္ကာ ေရွ႕တက္လာၿပီး ေလာ့က်န္းဖန္းနဲ႔ ခ်ိတ္ဆက္ကာ ဂိုဏ္းက ဘာျဖစ္သြားမွန္း မသိလိုက္ခင္ တစ္ခ်က္တည္းနဲ႔ အားလုံးၿပီးသြားႏိုင္ဖို႔ ေမွ်ာ္လင့္လိုက္တယ္။

သူတို႔ေတြ စစ္ပြဲျဖစ္လုနီးနီးျဖစ္ေနၿပီ။

-လူသားနယ္ေျမ-

ေကာင္းကင္ႀကီးက လင္းသထက္လင္းလာတယ္။

ဒီမတိုင္ခင္ ပိုင္ရန္နဲ႔ က်ိဳးရင္တို႔ေတြ ဂူထဲကို ေရာက္သြားၾကတယ္။ ပိုင္ရန္က က်ိဳးရင္ကို ေဆးလုံးကမ္းေပးကာ "ေသာက္လိုက္"

က်ိဳးရင္ စူးစမ္းကာ ေမးလိုက္တယ္ "ပါး ဒါက တကယ္ပဲ ဘာမို႔လို႔လဲ? ဘာလို႔ ကြၽန္ေတာ့္အခန္းထဲ ေရာက္ေနတာလဲ?"

ပိုင္ရန္ ေျပာလိုက္တယ္ "ဒါက မင္းရဲ႕စြမ္းအားကို တိုးေစႏိုင္တဲ့ဟာ၊ ျမန္ျမန္ေလး ေသာက္လိုက္စမ္းပါ၊ မင္းကို ထိခိုက္ေစမွာမ်ိဳးကို ငါက ဘယ္လုပ္ပါ့မလဲ?"

ေျမာက္ျမားစြာ ျဖတ္ေက်ာ္ခဲ့ရၿပီးေနာက္ ႏွစ္ေယာက္သားလည္း ယုံၾကည္မႈတခ်ိဳ႕ေတာ့ တည္ေဆာက္လာႏိုင္ခဲ့ၿပီ။

သံသယေတြမရွိဘဲ က်ိဳးရင္ ေဆးလုံးကိုယူကာ ၿမိဳခ်လိုက္တယ္။

သူ႔မ်က္လုံးေတြ ျပဴးက်ယ္လာတယ္။

တခ်ိန္တည္းမွာပဲ ပိုင္ရန႔္ေခါင္းထဲမွာ က်ီယြမ္ရဲ႕တည္ၿငိမ္တဲ့အသံ ထြက္ေပၚလာတယ္။

"Data pack အသက္ဝင္ပါၿပီ၊ ေရတြက္မႈစတင္ သုံး ႏွစ္ တစ္!"

က်ယ္ေလာင္တဲ့မိုးၿခိမ္းသံတစ္ခုနဲ႔အတူ က်ိဳးရင္ဆီက ပမာဏႀကီးမားလြန္းတဲ့စိတ္ဝိဉာဥ္စြမ္းအင္ေတြ ထြက္ေပၚလာၿပီး ခႏၶာကိုယ္ကေနလည္း မေရမတြက္ႏိုင္တဲ့ dataခ်ိန္းႀကိဳးေတြ ထြက္လာတယ္။ ထိပ္ပိုင္းမွာရွိတဲ့အရာေတြက တိက်တဲ့စံႏႈန္းတစ္ခုထိ တက္သြားၿပီး ေနရာမွာတင္ ေ႐ႊေရာင္dataခ်ိန္းႀကိဳးေတြက တစ္သမတ္တည္းျဖစ္သြားပာ က်ိဳးရင္ရဲ႕ခႏၶာကိုယ္ထဲ ျပန္မဝင္ခင္ အရာအားလုံး ပုံမွန္ျပန္ျဖစ္သြားတယ္။ [ T/N : စေကးေတြ ၾကမ္းသြားေတာ့ ဘာကို ေျပာခ်င္မွန္း နားမလည္ေတာ့ဘူး ]

"ေရွာင္ပိုင္ မင္းလက္ထဲက ေျခရာခံတာကို ခ်က္ခ်င္းယူလိုက္၊ အဲ့တာက မင္းကို ရွဲ႕ဇီထ်န္းရဲ႕တည္ေနရာကို အတိအက်ျပေပးႏိုင္တယ္၊ သူ႔ကို ရွာၿပီး သတ္လိုက္!"

"ကြၽန္ေတာ္... ကြၽန္ေတာ္က ျမစ္ကို ျဖတ္ကူးျခင္းအဆင့္ ေရာက္သြားတာလား?" က်ိဳးရင္ရဲ႕ ထိတ္လန႔္ေနတဲ့အသံ ထြက္ေပၚလာတယ္ "ဘယ္... ဘယ္လိုလုပ္?"

သူက ေဆးလုံးတစ္လုံးတည္း ေသာက္လိုက္တာကို ခ်က္ခ်င္း ျမစ္ကို ျဖတ္ကူးျခင္းအဆင့္ ေရာက္သြားတာေၾကာင့္ က်ိဳးရင္ ဇေဝဇဝါျဖစ္ေနေတာ့တယ္။

ပိုင္ရန္ သူ႔ကို အထက္ေအာင္ စုန္ဆန္ၾကည့္လိုက္တယ္။ က်ိဳးရင္က ပုံေတာင္ေဖာ္ၾကည့္လို႔မရတဲ့စည္းခ်က္တစ္ခုနဲ႔ ျပည့္ႏွက္ေနၿပီး သူ႔မ်က္လုံးေတြက ေတာက္ပ ထက္ျမက္လာတယ္။ ႀကီးမားလွတဲ့စြမ္းအားက သူ႔ကို အနည္းငယ္ဖိအားျဖစ္ေစတယ္။

"ဒါက ဘာလဲ?" က်ိဳးရင္ အလန႔္တၾကား ငုံ႔ၾကည့္လိုက္တယ္။

ပိုင္ရန္ လွမ္းၾကည့္လိုက္တဲ့အခါ က်ိဳးရင္ရဲ႕လက္ထဲမွာ အေရာင္လက္ေနတဲ့ေျခရာခံစက္ေလးတစ္ခုကို ျမင္သြားတယ္။ အႀကိမ္အနည္းငယ္ တတီတီျမည္ၿပီးေနာက္ အမ်ိဳးသမီးစက္႐ုပ္အသံတစ္ခု ထြက္လာတယ္ "ရွဲ႕ဇီထ်န္းကို သင့္ေဘးနားမွာ ရွာေဖြေတြ႕ရွိပါတယ္၊ သူ႔ကို သတ္လိုက္ပါ!"



___________________________________



{Unicode}

ကျိုးရင်က တိမ်လွှာပျံဝဲဂိုဏ်းနဲ့ အတော့်ကိုအကျွမ်းတဝင်ရှိတာကြောင့် ထောင်ခြောက်တွေကို ရှောင်တိမ်းရင်းနဲ့ပဲ တောင်ခြေကို သတိရှိရှိနဲ့ရောက်လာတယ်။ နှစ်ယောက်သား အကာအကွယ်စည်းဆီကို ရောက်တဲ့အခါ အတင်းအကျပ်ဖြတ်မသွားနိုင်ဖြစ်နေတယ်။ ဝင်ခွင့်ကဒ်ပြားရှိတဲ့ တပည့်ဖြစ်မှသာ ဝင်နိုင်တယ်။

"ပါး မစိုးရိမ်ပါနဲ့" ပိုင်ရန် စိုးရိမ်နေမှာစိုးတာကြောင့် ကျိုးရင်က နှစ်သိမ့်ပေးလိုက်တယ်။ "နှစ်နာရီတိုင်းမှာ ကင်းလှည့်ဖို့အတွက် တပည့်အုပ်စုတစ်စု ဆင်းလာတတ်တယ်၊ လူကွဲနေတဲ့နည်းနည်းလောက်ကို ရှာလို့ရပါတယ်..."

သူဘာကို ဆိုလိုချင်မှန်း ပိုင်ရန် ချက်ချင်းနားလည်သွားပြီး ခေါင်းငြိတ်ပြလိုက်တယ် "အင်း"

ဘယ်သူ့ကိုမှ အချက်မပြမိဘဲ data packကို ယူနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပဲ၊ အဆိုးဆုံးရှိလှ သူတို့ဖာသာ အတင်းအကျပ် ဖောက်ဝင်လိုက်တာပဲပေါ့။ အရင်ကလည်း မလုပ်ဖူးတာမျိုးမှ မဟုတ်တာ။

နှစ်ယောက်စလုံး သစ်ပင်ကြီးတစ်ပင်ပေါ်မှာ သစ်နက်တွေလိုမျိုး ပုန်းနေလိုက်ကြတယ်။

ပျင်းနေတာကြောင့်ဖြစ်နိုင်တယ်၊ ကျိုးရင်က တိုးတိုးလေး မေးလာတယ် "ပါး အဲ့အရေးကြီးတယ်ဆိုတဲ့အရာက အတိအကျဘာလဲ၊ ဘာနဲ့တူလဲ?"

ပိုင်ရန် တွေးလိုက်တယ် : 'မင်းတောင် ဒီလိုလာမေးရင် ငါကျတော့ ဘယ်သူ့သွားမေးရတော့မလဲ?'

သူ အတော်လေး တည်ငြိမ်စွာ ပြောလိုက်တယ် "ငါတို့အဲ့ရောက်ရင် သိလိမ့်မယ်"

သူက ဒီအကြောင်းကို မပြောချင်မှန်း ကျိုးရင် ခန့်မှန်းမိလိုက်တာကြောင့် သူ ထပ်မေးလိုက်တယ်။ "နယ်မြေတိုင်က တိမ်လွှာပျံဝဲဂိုဏ်းမှာ တကယ်ရှိတာလား? ဘယ်လိုလုပ်ပြီး သိတာလဲ?"

ပိုင်ရန် တွေးလိုက်တယ် : 'ဝတ္ထုဖတ်ထားလို့ပေါ့'

သူ ခဏလောက် တွေးဆဆလုပ်ပြီးနောက် ပြောလိုက်တယ် "ငါ့ရဲ့ ရှာဖွေစုံစမ်းမှုတွေကနေပေါ့"

အစကတော့ ကျိုးရင်က သားအဖဆက်ဆံရေးကို ခိုင်မာနက်ရှိုင်းအောင် လုပ်ချင်တာဆိုပေမယ့် ပိုင်ရန်က အခွင့်အရေးလေးတစ်ခုတောင် မပေးခဲ့ဘူး။ ကသိကအောက်ပြောဆိုနေရတာကို မဆက်နိုင်တော့ဘဲ သူလည်း ပါးစပ်ပိတ်ကာ ရှေ့ကလမ်းကိုသာ စိုက်ကြည့်နေလိုက်တော့တယ်။

ခဏနေတော့ တိမ်လွှာပျံဝဲဂိုဏ်းရဲ့တပည့်လိုမျိုးအဝတ်အစားတွေ ဝတ်ထားတဲ့လူငယ်လေးနှစ်ယောက် ပေါ်လာတယ်။

တိမ်လွှာပျံဝဲဂိုဏ်းက နှစ်ယောက်တစ်စုစီ နေရာတစ်သမတ်တည်း ခွဲပြီး ကင်းလှည့်ရတယ်။

ကောင်းတယ်။

ကျိုးရင်တောင် ဘာမှပြောနေစရာမလိုဘဲ ပိုင်ရန်က တိတ်တိတ်လေး ဆင်းချသွားကာ တပည့်နှစ်ယောက်ရဲ့နောက်မှာ ပေါ့ပေါ့ပါးပါးလေး ရပ်ပြီး သတိလစ်အောင်လုပ်လိုက်ချိန်မှာ ကျိုးရင်က "သူတို့ကို မသတ်နဲ့!"လို့ သတိလက်လွတ်အော်လာတယ်။

ပိုင်ရန် ခါးကိုင်းပြီး သူတို့ပေါ်က ဝင်ခွင့်ကဒ်ကို ရှာကာ ကျိုးရင်ဆီ တစ်ခုပစ်ပေးလိုက်တယ်။

"သွားကြစို့" ပိုင်ရန် ပြောလိုက်တယ်။

ပိုင်ရန်က ခုလေးတင် သူတို့ကို သတ်လိုက်မယ်လို့ တကယ်ထင်သွားတာကြောင့် ကျိုးရင် အနည်းငယ်ရှက်သွားရတယ်။

ပိုင်ရန်ကတော့ ဂရုစိုက်ပုံမပေါ်ဘဲ အကာအကွယ်စည်းမှာ ဝင်ခွင့်ကဒ်ကို ဖိကပ်လိုက်တယ်။ အဟလေးတစ်ခု ပွင့်လာပြီး သူဖြတ်လျှောက်လိုက်တော့ ကျိုးရင်ပါ လိုက်ပါလာတယ်။

တိမ်လွှာပျံဝဲဂိုဏ်းရဲ့ အရာအားလုံးနဲ့ ကျိူးရင်က အတော်လေးရင်းနှီးနေတာကြောင့် ပိုင်ရန့်ကို ဦးဆောင်ကာ ထောင်ခြောက်တွေအားလုံးကို ရှောင်တိမ်းပြီး မကြာခင် တောင်ကုန်းအသေးလေးတစ်ခုဆီ ရောက်လာတော့တယ်။

တောင်ကုန်းပေါ်မှာ အိမ်တွေအများကြီးရှိပြီး အကုန်လုံးကို အခိုင်အခံ့ဆောက်လုပ်ထားကြတယ်။ အခန်းငယ်လေးတွေ အများကြီးကန့်ထားပြီး တစ်ခန်းမှာ လူနှစ်ယောက်ကျ နေထိုင်ရတယ်။ အနည်းငယ်ပိုကြီးတယ်ဆိုရင် တစ်ဒါဇင်သို့မဟုတ် ထိုထက်ပိုပြီး နေရတယ်။

တစ်ချက်ကြည့်ရုံနဲ့ ဒီမှာက အဆင့်နိမ့်တပည့်တွေ နေထိုင်တယ်ဆိုတာကို ပိုင်ရန် သတိထားမိလိုက်တယ်။

ကျိုးရင်က ပိုင်ရန့်ကို အတော်လေးထောင့်ကျတဲ့ အခန်းတစ်ခုဆီ ခေါ်သွားပြီး သော့ကိုဖျက်ကာ ဝင်လာကြတယ်။ အခန်းက တကယ့်ကို ကျဉ်းကျဉ်းလေးနဲ့ အတော်လေးသန့်ရှင်းကာ ကုတင်တစ်လုံးတည်းရှိတယ်။

ပိုင်ရန် မှတ်မိသလောက် ဝတ္ထုထဲမှာ ကျိုးရင်က တခြားသူတွေနဲ့ နေရတာကို မကြိုက်တာကြောင့် ဒီအခန်းထဲ နေနိုင်အောင် လုပ်နိုင်သမျှအားလုံး ကြိုးစားလုပ်ခဲ့တယ်။

"အဲ့တော့ ဒါက မင်းနေခဲ့တာပေါ့?" ပိုင်ရန် ဘေးဘီကို ကြည့်ပြီး မေးလိုက်တယ်။

ကျိုးရင်က ခေါင်းငြိတ်ကာ "ပါး ဘာကို ရှာနေတာလဲ?"

ပိုင်ရန် ပတ်ပတ်လည်ကိုကြည့်ကာ အခန်းထဲမှာ ရှိသမျှအရာ တစ်ခုချင်းစီတိုင်းကို မြန်မြန်စစ်ကြည့်လိုက်တယ်။ ကုတင်တစ်လုံး၊ စားပွဲဝိုင်းလေးတစ်လုံး၊ ထိုင်ခုံရှည်နှစ်ခု၊ လူတစ်ယောက်အရပ်လောက်ရှိတဲ့ ဗီဒိုတစ်လုံးနဲ့ တိုလီမုတ်စလေးတွေထည့်ဖို့ နံရံကပ်စင်တစ်ခု။

ဘာကိုမှ မရှာသေးဘဲ ပိုင်ရန်တစ်ယောက် အိပ်ရာထဲအရင်ဆုံး ရှာလိုက်ပြီးနောက် ဘီဒိုကို ထပ်စစ်ကြည့်ပြန်တော့လည်း ဘာမှမရှိဘူး။ နောက်ဆုံးမှာ နံရံကပ်စင်ပေါ်က အရာအားလုံးကို စစ်လိုက်ပေမယ့် ပုံမှန်မဟုတ်တာ ဘာမှရှာမတွေ့ဘူး။

ပိုင်ရန် အနည်းငယ်ဇဝေဇဝါဖြစ်သွားတယ် "ရှောင်လင်း data packက ဘယ်မှာလဲ?"

ရှောင်လင်းလည်း ယောင်နနဖြစ်နေတယ် "သခင် ကျွန်မ မသိပါဘူး"

ပိုင်ရန် "data packက ဘယ်လိုပုံမျိုးလဲ?"

ရှောင်လင်း "မသိပါဘူး!"

ပိုင်ရန် "..."

ပိုင်ရန် အရာအားလုံးကို ထပ်လှန်လှောလိုက်ပေမယ့် ဘာမှမတွေ့သေးဘူး။

"ပါး ဘယ်လိုဟာမျိုးကို ရှာနေတာပါလဲ?" ကျိုးရင်,မေးလိုက်တယ် "ကျွန်တော် ကူရှာပေးနိုင်ပါတယ်"

အဲ့တာက ဘာဆိုတာကို ဘယ်လိုရှင်းပြရမှန်းမသိတာကြောင့် ပိုင်ရန်လည်း ဒေါသတကြီး ပြောလိုက်တော့တယ် "ငါ ဘယ်မှာမှရှာမရဖြစ်နေတာ သောက်ကျိုးနည်း data packတစ်ခုကွ!"

သူ ပြောလို့ပြီးသွားတယ်ဆိုရင်ပဲ စားပွဲလေးပေါ်ကနေ အလင်းတန်းအနည်းငယ် ပေါ်ထွက်လာတယ်။ အလင်းတန်းတွေက လျှင်မြန်စွာ တိုးပွားလာပြီး ကွန်ပျူတာတစ်လုံးကနေ 2Dပုံတစ်ပုံ ပေါ်လာသလိုမျိုး ရှုပ်ထွေးနေတယ်။ ပိုရှုပ်ထွေးလေ ပိုတိုးများလာလေပဲ။ အလင်းရောင် ပျောက်သွားတဲ့နောက် ထိုနေရာမှာ အနက်ရောင်ဆေးလုံးလေးတစ်ခု ရှိနေတယ်။

ဒါကို မြင်တော့ ဒီဆေးလုံးက data packဖြစ်မယ်ဆိုတာ ပိုင်ရန် ချက်ချင်းနားလည်လိုက်တယ်။

"ရှာတွေ့ပြီ" ပိုင်ရန် ဆေးလုံးကို ကောက်လိုက်တယ်။

ကျိုးရင်ကတော့ အံ့ဩနေရာက ပြန်မကောင်းလာသေးဘူး။ ဒီအခန်းက သူ့အခန်းဖြစ်ပြီး အထဲမှာ ဘာရှိတယ်ဆိုတာကို လုံးဝရှင်းရှင်းလင်းလင်း သိပေမယ့် ဒီဆေးလုံးရှိနေတာကိုတော့ လုံးဝမသိခဲ့ဘူး။

ခုလေးတင် ဖြစ်သွားတဲ့မြင်ကွင်းက သိပ်ကိုနားလည်ရခက်ပြီး ဒီလိုမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။

"ဒါက ဘာလဲ?" ကျိုးရင် သိလိုစိတ်နဲ့ မေးလိုက်တယ်။

ပိုင်ရန့်မှာတော့ ဆေးလုံးကို သူ့ပါးစပ်ထဲ ထိုးထည့်ပစ်လိုက်ချင်လို့ ယားနေပြီဖြစ်ပေမယ့် အချိန်နဲ့နေရာက မဟုတ်သေးဘူး။ သူ ကောင်လေးကို ဆွဲခေါ်ကာ တံခါးကထွက်ပြီး တိုးတိုးလေးပြောလိုက်တယ် "ငါတို့ ထွက်ပြီးရင် ရှင်းပြမယ်"

သူတို့တွေ တံခါးဆီ လျှောက်သွားချိန်မှာ အပြင်ဘက်ကတံခါးက ရုတ်တရက်ပွင့်သွားပြီး အမျိုးသမီးတစ်ယောက်အသံ ထွက်ပေါ်လာတယ် "ဘယ်သူလဲ?!"

အမျိုးသမီးရဲ့အသံနဲ့အတူ ဓားသွားတစ်ခုရဲ့စူးရှတဲ့အလင်းတန်းက တံခါးကို ဖြတ်ဝင်လာတယ်။

ပိုင်ရန် အဲ့ကို လျှောက်သွားမိလုနီးနီးပဲ။

သူတို့ရဲ့သဲလွန်စတွေကို ဖုံးကွယ်ဖို့ရာ သူ့ရဲ့ဝိဉာဉ်စွမ်းအင်ကို ထိန်းချုပ်ထားရတဲ့အတွက် အပြင်မှာ တစ်စုံတစ်ယောက်ရှိနေတာကို သတိမထားမိလိုက်ဘူး။ သူ မြန်မြန်ဆန်ဆန် ဓားကို လက်ချောင်းနှစ်ချောင်းနဲ့ဖမ်းကာ အမျိုးသမီးရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။

အမျိုးသမီးက ထိတ်လန့်သွားပြီး ဓားကို ပြန်ရုတ်ဖို့ ကြိုးစားလိုက်ပေမယ့် လှုပ်လို့တောင်မရဘူး။

ထိုအချိန်မှာပဲ ကျိုးရင်က တိုးတိုးလေးပြောလာတယ် "ချင်းအာ?"

အမျိုးသမီးလည်း တောင့်ခဲသွားတယ်။

ပိုင်ရန် : 'ချင်းအာ? ကျောင်ချင်းအား?'

မှိန်ဖျဖျ လရဲ့အလင်းရောင်နဲ့ အမျိုးသမီးကို တွေ့လိုက်ရတယ်။ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ ကျောင်ချင်းအာပဲ။

ညလယ်ခေါင်ကြီး ကျိုးရင်ရဲ့အခန်းကို လာပြီး ဘာလုပ်မလို့လဲ?

"နင်လား?" ကျောင်ချင်းအား အနည်းငယ်တုန်ရီသွားပြီး စက္ကန့်ပိုင်းအတွင်းမှာ စပြီးငိုချတော့မလိုမျိုး သူ့ရဲ့လှပတဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေပြည့်လာတယ်။

ပိုင်ရန် သက်ပြင်းချကာ အမှောင်ထုထဲ ပြန်ဆုတ်လိုက်ပြီး ဒီအချစ်ငှက်လေးတွေရဲ့ သူတို့ခံစားချက်တွေအကြောင်းပြောပြီး အချင်းချင်း ချစ်လှပါချည်ရဲ့ဆိုတာ ဝန်ခံတော့မှာကိုပဲ စောင့်နေလိုက်တယ်။ သူ တကယ်ပဲ ကျိုးရင်ကို ဆွဲခေါ်ပြီး ပါးစပ်ထဲ ဆေးလုံးထိုးထည့်လိုက်ချင်ပေမယ့် သူက အဖေကောင်းတစ်ယောက်လေ။

ကျောင်ချင်းအာက ပြေးလာပြီး သူ့ကိုယ်သူ ကျိုးရင်ရဲ့ရင်ခွင်ထဲ ပစ်ဝင်ကာ ငိုတော့တယ် "ငါ အိမ်မက်,မက်နေတာလား? နင့်ကို ထပ်တွေ့နေရပြီ ကျိုးရင် တကယ်ပဲ နင်လား? ဒါက အိမ်မက်တစ်ခု မဟုတ်ဘူးလို့ ငါ့ကို ပြောစမ်းပါ..."

ကျိုးရင်လည်း ခဏလောက် အကူအကယ်မဲ့သွားရပြီး သူ့ကိုပြန်ဖက်ကာ ပြောလိုက်တယ် "ကျွန်တော်ပါ"

ကျောင်ချင်းအားက သူ့ရဲ့လက်သီးဆုပ်လေးတွေနဲ့ ရင်ဘတ်ကို ထုရင်းငိုနေတယ် "နင် လူလိမ်အရူးကောင်! ငါ့ကို ဘာလို့ ပြန်လာမတွေ့တာလဲ၊ နင် မသိဘူးလား ငါ..."

ကျိုးရင်က ရည်ရွယ်ချက်ရှိရှိ မေးလိုက်တယ် "ဘာဖြစ်လို့လဲ?"

ကျောင်ချင်းအာက သူ့ကို ထပ်ရိုက်ကာ ရှက်သွားတယ် "အရူး~"

"ကျွန်တော့်ကို လွမ်းနေခဲ့တာလား?" ကျိုးရင်က နောက်တီးနောက်တောက် ရယ်မောလိုက်တယ်။

ကျောင်ချင်းအာရဲ့မျက်နှာလေး ရဲတက်လာတယ်။

ဘေးမှာရပ်နေတဲ့ ပိုင်ရန်ကတော့ မျက်ဖြူသာဆိုက်ပြီး သူ့ရဲ့'မင်းတို့ငါ့ကို မမြင်နိုင်ဘူး'ဆိုတဲ့ အမူအယာကိုသာ ဆက်လုပ်နေလိုက်တယ်။ [ T/N : သူ့အလှည့်ကျတော့ ရုပ်အမျိုးမျိုးနဲ့ ]

အချိန်အကြာကြီးနေမှ နောက်ဆုံးပြန်ဆုံရတာကြောင့် အချစ်ငှက်လေးတွေက တစ်ယောက်နဲ့တစ်ယောက် ကော်လိုကပ်နေပြီး တီးတိုးသဖန်းပိုးလုပ်နေကြတယ်။ ဒီလိုမျိုးက အာရုဏ်တက်ချိန်အထိ ဖြစ်တော့မယ့်ပုံကိုမြင်တော့ ပိုင်ရန် သူတို့ကိုလူချင်းခွဲကာ အေးတိအေးစက်ပြောလိုက်တယ် "နောက်ကျနေပြီ သွားရတော့မယ်"

"ဘယ်သူလဲ?!" အခန်းထဲမှာ တခြားတစ်ယောက်ရှိနေတာကို သတိမထားမိတာကြောင့် ကျောင်ချင်းအာ လန့်ဖြန့်သွားတယ်။

သူက အနီးနားကလူတွေ နိုးသွားအောင် အော်လိုက်မှာစိုးတာကြောင့် ပိုင်ရန်ပြောလိုက်တယ် : "တိုးတိုးလုပ်ပါဟ"

ကျိုးရင်က သူ့ကို စိတ်ငြိမ်အောင်လုပ်ပေးလိုက်တယ် "မကြောက်ပါနဲ့၊ သူက လူဆိုးမဟုတ်ဘူး"

ကျောင်ချင်းအာ ပိုင်ရန့်ကို ကြည့်လိုက်ပေမယ့် ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့က မှောင်လွန်းနေတယ်။ သူ ကျိုးရင်,ဘက်ကို လှည့်ပြီး မေးလိုက်တယ် "သူက ဘယ်သူလဲ?"

ကျိုးရင် အသံတိတ်သွားတယ်။

ကျိုးရင်က သူ့ကိုလက်ခံလိုက်ပြီဆိုပေမယ့် ပိုင်ရန်က နတ်ဆိုးနယ်မြေထဲကတစ်ယောက် ဖြစ်နေတာကြောင့် စိတ်ထဲမှာတော့ အနည်းငယ် စိမ်းသလိုခံစားနေရလိမ့်မယ်လို့ ပိုင်ရန် ထင်မိတယ်။

ဆိုပေမယ့် အဲ့တော့ရော ဘာဖြစ်လဲ?

ပိုင်ရန်က သူ့အစား အေးစက်တဲ့လေသံနဲ့ ပြောပေးလိုက်တယ် "ငါက ကျိုးရင်ရဲ့အဖေ၊ မင်းရဲ့ ယောက္ခမလောင်း"

ကျိုးရင် "..."

ကျောင်ချင်းအာ "..."

ပိုင်ရန်က အမှောင်ထဲကထွက်လာပြီး သူ့အသွင်အပြင်ကလည်း ပုံမှန်အတိုင်း အနက်ရောင်ဆံပင်နဲ့ အနက်ရောင်မျက်လုံးတွေ ပြောင်းသွားကာ သိပ်ကိုကြည့်ကောင်းလှတယ်။

ကျောင်ချင်းအာ လေအေးတစ်ချက်ရှိုက်ပြီး လက်ညှိုးထိုးကာ "သူက..."

ကျိုးရင်က သူ့လက်ကို ဆုပ်ကိုင်ပြီး "မကြောက်ပါနဲ့၊ သူက တကယ်ကျွန်တော့်ရဲ့အဖေပါ"

ကျောင်ချင်းအာ ဝေခွဲမရဖြစ်သွားတယ်။ အရင်တုန်းက ပိုင်ရန်တစ်ယောက် ဓားစာခံအနေနဲ့ခေါ်တုန်းက သူလည်း ပါသွားခဲ့ရပြီး ခုတော့ ပြန်ပေးဆွဲတဲ့သူက သူ့ရဲ့ယောက္ခမဖြစ်လာတယ်။ သူ့ရဲ့လောကအမြင်ကို အားပြင်းပြင်းနဲ့ ရိုက်လိုက်တာပဲ။

ပိုင်ရန် ကျိုးရင်ကို ထပ်ပြီး နှိုးဆော်လိုက်တယ် "သွားကြစို့ ဒီလိုသာဆို နေမြင့်လာတော့မယ်"

ကျိုးရင်က တွန့်ဆုတ်ဆုတ်နဲ့ ကျောင်ချင်းအာဘက်လှည့်ကာ ပြောလိုက်တယ် "ချင်းအာ ကျွန်တော် သွားရတော့မယ်၊ ကျွန်တော်... ကျွန်တော် နောက်ကျရင် ပြန်လာတွေ့ပါ့မယ်"

ကျောင်ချင်းအာက သူ့အကျီအစွန်းနားကို ဆွဲထားပြီး မျက်လုံးတွေထဲမှာ အလောတကြီးနိုင်မှုတွေ ပေါ်လာတယ် "ကျိုးရင်... ငါ..."

ကျိုးရင်ကို နေဖို့ပြောချင်ပေမယ့် အဆုံးမှာတော့ ဘာမှမပြောလိုက်ဘူး။

ကျိုးရင်က အခုဆိုရင် ကသိကအောက်အနေအထားမှာ ကျရောက်နေတယ်။ သူ(ကျောင်ချင်းအာ)ကသာ ဒီမှာနေဖို့အတင်းအကျပ်ဖိအားပေးလာရင် သူ့အတွက် ဘေးအန္တရာယ်ကျရောက်ဖို့သာ ရှိမယ်။ ဇာတ်လိုက်ရဲ့မိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တာနဲ့အညီ သူ(ကျောင်ချင်းအာ)က ဘယ်လိုလုပ် ဒီလိုမျိုးလုပ်နိုင်မှာလဲ?

ထို့ကြောင့် အဆုံးမှာ ကျောင်ချင်းအာ ဘာမှကို မပြောခဲ့ဘူး။

ပိုင်ရန်က ကျိုးရင်ကို ဆွဲပြီး စထွက်လာလိုက်တယ်။

"ကျိုးရင်!" ကျောင်ချင်းအာကလည်း အခန်းထဲက လိုက်ထွက်လာတယ်။

ချက်ချင်းဆိုသလို ကျိုးရင်က ကလေးဆန်စွာ ခြေလှမ်းတွေကို ရပ်ပစ်ပြီး ကျောင်ချင်းအာဘက်ကို လှည့်လိုက်တယ်။

ကျောင်ချင်းအာက သူ့ဘေးကို လျှောက်လာပြီး ခေါင်းမော့ကာ ပြောလိုက်တယ် "ငါ... ငါ နင့်ကို သဘောကျတယ်"

ကျိုးရင်ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေထဲ အံ့ဩမှု၊ ဝမ်းနည်းမှုနဲ့ စိတ်ရှုပ်မှုတို့ ဖြတ်သန်းသွားတယ်။ နောက်ဆုံးမှာ သူ့မျက်နှာလေးကို လက်ခုပ်ထဲထည့်ပြီး နှဖူးပေါ် အနမ်းတစ်ပွင့်ခြွေကာ နူးနူးညံ့ညံ့လေး ပြောလိုက်တယ် "ကျွန်တော့်ကို စောင့်နေပါ"

ထို့နောက်မှာတော့ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့တယ်။

ကျောင်ချင်းအာအကြည့်က ထွက်သွားတဲ့သူ့နောက်မှာသာ ကပ်ငြိနေတယ်။

အစကနေ အဆုံးထိ လူသားနယ်မြေထဲက ချစ်ခြင်းတရားကဘယ်လောက်တောင် ဖြူစင်တယ်ဆိုတာကိုကြည့်ပြီး ပိုင်ရန် စိတ်ထိခိုက်စွာ သက်ပြင်းသာချနိုင်တယ်။ သူ့ကို ချက်ချင်းခုန်အုပ်တဲ့ နတ်ဆိုးဘုရင်ကြီးနဲ့ တခြားစီ။ ခုနက ဇာတ်ကွက်မှာသာ သူနဲ့ နတ်ဆိုးဘုရင်ကြီးဆိုရင် ထွက်သွားမှာကို စဉ်းစားနိုင်ဖို့ဆိုတာ အသာထား သေချာပေါက် အိပ်ရာထဲကတောင် ထနိုင်လောက်မှာ မဟုတ်ဘူး။

နတ်ဆိုးဘုရင်ကြီး...

ပိုင်ရန် အမှတ်တမဲ့ သူ့လည်ပင်းပေါ်က အက်ရာတွေပြည့်နေတဲ့ တောင်ပင်လယ်ရေသူမပုလဲကို ဆုပ်ကိုင်မိလိုက်တယ်။ အခု နတ်ဆိုးဘုရင်ကြီး ဘယ်လိုတွေလုပ်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ...

သူ တအားစိတ်ပျက်နေမလား၊ တအားဒေါသထွက်နေမလား?

ဒီလိုအတွေးတွေနဲ့အတူ ပိုင်ရန်နဲ့ကျိုးရင် တိမ်လွှာပျံဝဲဂိုဏ်းကနေ ထွက်လာခဲ့ကြတယ်။

-နတ်ဆိုးနယ်မြေနှင့် လူသားနယ်မြေကြားမှ အဝင်လမ်း-

လူတိုင်းကို ရေတွက်ကြည့်ပြီးနောက် ကျောင်ရှို့နဲ့ ဟွာဖေးဟွားက ရှေ့ဆုံးမှာရှိတဲ့လူကို ပြောလိုက်တယ် "အရှင်ကြီးကို တင်ပြပါတယ်၊ လူတိုင်း ရောက်ပါပြီ"

နတ်ဆိုးဘုရင်ကြီးက အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး ကြည့်ကောင်းတဲ့မျက်နှာပေါ်မှာ ဘာအမူအယာမှ ရှိမနေဘူး။ သူက အသင့်ပြင်ထားတဲ့ တပ်စုကိုလှည့်ကြည့်ပြီး ဩရှတဲ့အသံနဲ့ ပြောလာတယ် "ထွက်ခွာဖို့ အချိန်ကျပြီ"

သူ့အကျီလက်စကို တစ်ချက်ခါလိုက်တာကြောင့် သူ့ရဲ့အနက်ရောင်ခြုံထည်က အမှောင်ထုထဲမှာ ကော့ဖြာသွားတယ်။

နတ်ဆိုးဘုရင်ကြီးက ရှေ့ဆုံးမှာရပ်နေပြီး လမ်းကြောင်းတည့်တည့်ကို လျှောက်သွားလိုက်တယ်။

ဟွာဖေးဟွားက နတ်ဆိုးနယ်မြေထဲက အဆင့်မြင့်လေ့ကျင့်ထားအဖွဲ့ဝင်တွေနဲ့အတူ နောက်ကလိုက်ပါလာခဲ့တယ်။

ကျောင်ရှို့က အနောက်ကနေပြီး ပင်မစစ်တပ်ကို ထိန်းချုပ်တယ်။

ပင်မစစ်တပ်ဆိုတာ ထာဝရအမှောင်ထုနန်းတော်ကြီးရဲ့ ကျန်ရှိတဲ့နေရာပေါင်းစုံမှ နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲကို စောင့်နေခဲ့ကြတဲ့ လူတွေကို ပေါင်းစည်းထားလိုက်တာဖြစ်တယ်။

နယ်မြေတိုင်ပျက်ဆီးသွားတာနဲ့အတူ လူသားနဲ့နတ်ဆိုးနယ်မြေကြား အတားအဆီးလည်း ပျောက်ကွယ်သွားပြီး ပင်မစစ်တပ်က ကျောင်ရှို့ရဲ့ဦးဆောင်မှုအောက်မှာ လူသားနယ်မြေထဲ ဖောက်ထွင်းဝင်ရောက်ကာ တိမ်နက်ဂိတ်ပေါက်ရဲ့ဗဟိုချက်နဲ့အတူ နယ်မြေတစ်ခုလုံးကို အလျင်အမြန်သိမ်းပိုက်မှာဖြစ်တယ်။ တိမ်နက်ဂိတ်ပေါက်မှာလည်း အားလုံးကို နေရာချပြီးနေပြီဖြစ်တယ်။ နတ်ဆိုးနယ်မြေက ထိုနေရာကို သူတို့ရဲ့အခြေစိုက်စခန်းအဖြစ်သဘောထားပြီး လူသားနယ်မြေထဲက တခြားဒေသတွေကိုပါ တိုက်ခိုက်မှာဖြစ်တယ်။

သို့ပေမယ့် ဒါတွေအားလုံးက သူတို့တွေ တိမ်လွှာပျံဝဲဂိုဏ်းကို ဝင်နိုင်ပြီး နယ်မြေတိုင်ကို ဖျက်ဆီးနိုင်တဲ့အခြေအနေအောက်မှာသာ ဖြစ်နေတယ်။

တိမ်လွှာပျံဝဲဂိုဏ်းက တိမ်တိုက်တွေလိုမျိုး များစွာသောကျွမ်းကျင်သူတွေရှိတဲ့ နံပါတ်တစ်အကြီးဆုံးဂိုဏ်းကြီးဖြစ်တယ်။ နတ်ဆိုးဘုရင်ကြီး သတိမလျော့ရဲဘူး။ သူ ဟွာဖေးဟွားနဲ့ နတ်ဆိုးနယ်မြေထဲက လက်ရွေးစင်အဖွဲ့သားတွေကို ဦးဆောင်ကာ ရှေ့တက်လာပြီး လော့ကျန်းဖန်းနဲ့ ချိတ်ဆက်ကာ ဂိုဏ်းက ဘာဖြစ်သွားမှန်း မသိလိုက်ခင် တစ်ချက်တည်းနဲ့ အားလုံးပြီးသွားနိုင်ဖို့ မျှော်လင့်လိုက်တယ်။

သူတို့တွေ စစ်ပွဲဖြစ်လုနီးနီးဖြစ်နေပြီ။

-လူသားနယ်မြေ-

ကောင်းကင်ကြီးက လင်းသထက်လင်းလာတယ်။

ဒီမတိုင်ခင် ပိုင်ရန်နဲ့ ကျိုးရင်တို့တွေ ဂူထဲကို ရောက်သွားကြတယ်။ ပိုင်ရန်က ကျိုးရင်ကို ဆေးလုံးကမ်းပေးကာ "သောက်လိုက်"

ကျိုးရင် စူးစမ်းကာ မေးလိုက်တယ် "ပါး ဒါက တကယ်ပဲ ဘာမို့လို့လဲ? ဘာလို့ ကျွန်တော့်အခန်းထဲ ရောက်နေတာလဲ?"

ပိုင်ရန် ပြောလိုက်တယ် "ဒါက မင်းရဲ့စွမ်းအားကို တိုးစေနိုင်တဲ့ဟာ၊ မြန်မြန်လေး သောက်လိုက်စမ်းပါ၊ မင်းကို ထိခိုက်စေမှာမျိုးကို ငါက ဘယ်လုပ်ပါ့မလဲ?"

မြောက်မြားစွာ ဖြတ်ကျော်ခဲ့ရပြီးနောက် နှစ်ယောက်သားလည်း ယုံကြည်မှုတချို့တော့ တည်ဆောက်လာနိုင်ခဲ့ပြီ။

သံသယတွေမရှိဘဲ ကျိုးရင် ဆေးလုံးကိုယူကာ မြိုချလိုက်တယ်။

သူ့မျက်လုံးတွေ ပြူးကျယ်လာတယ်။

တချိန်တည်းမှာပဲ ပိုင်ရန့်ခေါင်းထဲမှာ ကျီယွမ်ရဲ့တည်ငြိမ်တဲ့အသံ ထွက်ပေါ်လာတယ်။

"Data pack အသက်ဝင်ပါပြီ၊ ရေတွက်မှုစတင် သုံး နှစ် တစ်!"

ကျယ်လောင်တဲ့မိုးခြိမ်းသံတစ်ခုနဲ့အတူ ကျိုးရင်ဆီက ပမာဏကြီးမားလွန်းတဲ့စိတ်ဝိဉာဉ်စွမ်းအင်တွေ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကနေလည်း မရေမတွက်နိုင်တဲ့ dataချိန်းကြိုးတွေ ထွက်လာတယ်။ ထိပ်ပိုင်းမှာရှိတဲ့အရာတွေက တိကျတဲ့စံနှုန်းတစ်ခုထိ တက်သွားပြီး နေရာမှာတင် ရွှေရောင်dataချိန်းကြိုးတွေက တစ်သမတ်တည်းဖြစ်သွားပာ ကျိုးရင်ရဲ့ခန္ဓာကိုယ်ထဲ ပြန်မဝင်ခင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားတယ်။ [ T/N : စကေးတွေ ကြမ်းသွားတော့ ဘာကို ပြောချင်မှန်း နားမလည်တော့ဘူး ]

"ရှောင်ပိုင် မင်းလက်ထဲက ခြေရာခံတာကို ချက်ချင်းယူလိုက်၊ အဲ့တာက မင်းကို ရှဲ့ဇီထျန်းရဲ့တည်နေရာကို အတိအကျပြပေးနိုင်တယ်၊ သူ့ကို ရှာပြီး သတ်လိုက်!"

"ကျွန်တော်... ကျွန်တော်က မြစ်ကို ဖြတ်ကူးခြင်းအဆင့် ရောက်သွားတာလား?" ကျိုးရင်ရဲ့ ထိတ်လန့်နေတဲ့အသံ ထွက်ပေါ်လာတယ် "ဘယ်... ဘယ်လိုလုပ်?"

သူက ဆေးလုံးတစ်လုံးတည်း သောက်လိုက်တာကို ချက်ချင်း မြစ်ကို ဖြတ်ကူးခြင်းအဆင့် ရောက်သွားတာကြောင့် ကျိုးရင် ဇဝေဇဝါဖြစ်နေတော့တယ်။

ပိုင်ရန် သူ့ကို အထက်အောင် စုန်ဆန်ကြည့်လိုက်တယ်။ ကျိုးရင်က ပုံတောင်ဖော်ကြည့်လို့မရတဲ့စည်းချက်တစ်ခုနဲ့ ပြည့်နှက်နေပြီး သူ့မျက်လုံးတွေက တောက်ပ ထက်မြက်လာတယ်။ ကြီးမားလှတဲ့စွမ်းအားက သူ့ကို အနည်းငယ်ဖိအားဖြစ်စေတယ်။

"ဒါက ဘာလဲ?" ကျိုးရင် အလန့်တကြား ငုံ့ကြည့်လိုက်တယ်။

ပိုင်ရန် လှမ်းကြည့်လိုက်တဲ့အခါ ကျိုးရင်ရဲ့လက်ထဲမှာ အရောင်လက်နေတဲ့ခြေရာခံစက်လေးတစ်ခုကို မြင်သွားတယ်။ အကြိမ်အနည်းငယ် တတီတီမြည်ပြီးနောက် အမျိုးသမီးစက်ရုပ်အသံတစ်ခု ထွက်လာတယ် "ရှဲ့ဇီထျန်းကို သင့်ဘေးနားမှာ ရှာဖွေတွေ့ရှိပါတယ်၊ သူ့ကို သတ်လိုက်ပါ!"

_____


Thanks 🌹





Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
1.4M 226K 140
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ!! [ဗီလိန္ႀကီး​ေရ​ေက်းဇူးျပဳၿပီးငါ​ေလးကိုညႇ...
1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
120K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။