Dry leaf in my Diary

Por yatehtin1485

4.9K 464 66

(Unicode) You are such a dry leaf in my diary or in my beautiful memories. Más

🥰🥰🥰
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22 (Final Part)
Ending message for you

Part 1

489 20 0
Por yatehtin1485

ခဏတာ တွေ့ဆုံခဲ့ရခြင်းတစ်ခု... ပျော်ရွှင်ခြင်းတွေ ရင်ခုန်ခြင်းတွေ ကြည်နူးခြင်းတွေကို တသိမ့်သိမ့်နဲ့ခံစားရစေပြီး ဘဝရဲ့ဘယ်လိုအချိန်မှာမဆို မေ့ပျောက်မသွားတဲ့ ဖြစ်တည်မှုတစ်ခုရှိတယ်။

နှလုံးသားရဲ့ဟိုးအောက်ခြေဘက်မှာ နက်နက်ရှိုင်းရှိုင်းနစ်ဝင်နေလို့ ပြန်တူးဖော်ဖို့ခက်တဲ့ ဆူးတစ်ချောင်းလို့လဲ ပြောလို့ရတယ်။ တဆစ်ဆစ်နဲ့နာကျင်နေပေမယ့် ပြန်ထုတ်လို့လဲမရဘူးလေ။ အင်း... အဲ့လိုလုပ်ဖို့လဲ မလိုအပ်တော့တာဆိုပါတော့။

အဲ့ဖြစ်တည်မှုကိုသိလားလို့ မေးရင် အကိုဘာပြန်ဖြေမလဲဆိုတာကို ကျနော်သိပ်သိချင်မိတယ်...။

....................

အလုပ်ကပြန်လာ ရေမိုးချိုးပြီး ကုတင်ပေါ်တန်းတက်လိုက်ပေမယ့် လုပ်စရာစာတွေတစ်ပုံကြီး ရှိသေးတယ်ဆိုတာ သူသိတယ်။ PhD ယူဖို့ ကြိုးစားနေရတဲ့ ဆရာဝန်တစ်ယောက်က အခန့်သား စားလိုက်အိပ်လိုက်လုပ်နေလို့ ဘယ်ရပါ့မလဲလေ။ သူသက်ပြင်းမောတစ်ချက်ချလိုက်မိတယ်။ တစ်နေ့နဲ့တစ်နေ့ကို သူဘယ်လိုတွေကျော်ဖြတ်နေတာပါလိမ့်။ အလုပ်သွားရတယ်။ အားတဲ့အချိန်လေးမှာ Library သွားတယ်။ အိမ်ပြန်တယ်။ စာလုပ်တယ်။ အိပ်တယ်။ ဒါကသူ့ရဲ့ ရိုးရှင်းတဲ့နေ့စဉ်ဘဝပါပဲ။ ရိုးရှင်းတယ်ဆိုတာထက် ဒါတွေနဲ့ပဲ လည်ပတ်နေတဲ့နေ့စဉ်ဘဝက အဓိပ္ပာယ်မဲ့နေသလို ခံစားရစေတယ်။

လှဲနေရာကနေ စာကြည့်စားပွဲကို သူသွားလိုက်သည်။ စာကြည့်စားပွဲမှာ လေးနာရီထက်မနည်းအချိန်ကုန်မယ် ဆိုတာကိုတော့ သူတွက်ထားပြီးပြီ။ အခုက ညခုနစ်နာရီ။ နာရီကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ကစာကြည့်စားပွဲကို ပြန်ရောက်လာသည်။

စာအုပ်တွေထုတ်ရင်း စားပွဲရဲ့တစ်နေရာကို အကြည့်ရောက်မိသောအခါ တော်တော်ကြာကြာတည်တံ့နေသော နှုတ်ခမ်းပါးထက်မှာ အပြုံးနုနုဖြစ်တည်သည်။ ဘယ်တုန်းကမှ စားပွဲပေါ်ကနေမချဖြစ်ခဲ့တဲ့ ဘောင်အညိုရောင်လေးနဲ့ ဓာတ်ပုံလေး။ သတိရတဲ့အချိန်ကလွဲရင် အမြဲတမ်းမှောက်ထားခဲ့တဲ့ စာကြည့်စားပွဲပေါ်က ဓာတ်ပုံလေးကို သူအခုပြန်ထောင်ပေးလိုက်သည်။ ဒီခပ်လှလှအတိတ်ကြားထဲမှာ မနစ်ဝင်နေချင်လို့ မှောက်ထားခဲ့တဲ့ပုံလေးကို သူဒီနေ့တော့ ကြည့်ရမည်။ နောက်တစ်မျိုးဆိုရလျှင် လှပသော အတိတ်ရဲ့ကြားမှာ ဒီတစ်ရက်တော့ သူပျော်ဝင်ချင်နေမိသည်။

ကဗျာဆန်သည့်ညနေဆည်းဆာအောက် လှိုင်းလုံးလေးတွေတက်လာတဲ့ ခပ်ညိုညိုသဲသောင်ပြင်ပေါ်မှာ သူ့ကိုကျောခိုင်းပြီးထွက်ပြေးနေသူနှင့် ထိုသူကို အပြေးလိုက်ဖမ်းနေသောသူ၊ ထိုမြင်ကွင်းကို ဟားတိုက်ရီနေသော ကောင်လေးတစ်ယောက်နှင့် အဲ့မြင်ကွင်းကို Selfie ဆွဲထားသော ကောင်လေး။ ဓာတ်ပုံထဲမှာ ပါဝင်သော 17နှစ်18နှစ်အရွယ် ကောင်လေးလေးယောက်ရဲ့ နုနယ်မှု၊ ပျော်ရွှင်မှု...။ ထိုအရာတို့သည် သူနောက်ထပ်ဘယ်တော့မှ ထပ်မရနိုင်တော့မည့် အရာများသာဖြစ်ပါသည်။

..................

"Daddyရေ... သားမသွားချင်ဘူးလို့..."

နှုတ်ခမ်းဆူကာ ဂျစ်တိုက်နေသော သူ့ကိုသူ့Daddyက ပြုံးပြုံးကြီးကြည့်နေသည်။ ဟုတ်တယ်လေ... သုံးနှစ်လောက် Jejuကို ပို့ပစ်မယ်ဆိုတာ အဓိပ္ပာယ်ရှိလို့လား။ အဘွားက ခေါ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို Jejuကို ပို့ဖို့စီစဉ်နေသော Daddyနဲ့Mommyကို သူသိပ်အံ့ဩမိတယ်။ ဒီတစ်ဦးတည်းသော သားလေးကို ဘာလို့အဝေးကိုပို့ဖို့ တွေးနေတာပါလိမ့်။ သူ့လောက်လိမ္မာတာလဲ သူပဲရှိတာကို။ သူခေါင်းကို အပြတ်အသတ်ခါယမ်းလိုက်သည်။

"မသွားချင်ဘူး... မသွားချင်ဘူး... Seoulရဲ့ အကောင်းဆုံးဆေးကျောင်းကိုသွားဖို့ ဒီလောက်ကြိုးစားနေတာကို ဘာလို့အဲ့လောက်ဝေးတဲ့ Jejuကို ပို့မှာလဲလို့..."

"သားကအဲ့မှာ အထက်တန်းသုံးနှစ်ပဲကျောင်းသွားတက်... Seoulကကိစ္စ mommy တို့ဆက်စီစဉ်မယ်..."

ဒီတစ်ခါတော့ သူငြိမ်သွားရပြီ။ Daddy ကိုဆိုးချင်တိုင်းဆိုးလို့ရပေမယ့် mommyကိုတော့ သူအဲ့လိုလုပ်လို့မရ။ ဆရာဝန်တစ်ဦးနဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးကနေ မွေးဖွားလာခဲ့တဲ့ သူ့ဘဝက ငယ်ငယ်ထဲကလိုချင်တာမှန်သမျှရခဲ့ပေမယ့် mommyချမှတ်ထားတဲ့ စည်းတွေဘောင်တွေထဲမှာပဲ နေခဲ့ရတယ်။ အခုလဲ mommyစကားကို သူမလွန်ဆန်နိုင်ပြန်ဘူး။ သူအခုလုပ်နိုင်တာကို နှုတ်ခမ်းဆူပြီး ငုတ်တုတ်ထိုင် အငတ်ခံဆန္ဒပြဖို့ပဲ။

"Na Jaemin... ထမင်းအရင်စား... ပြီးမှ mommy တို့ဆက်ဆွေးနွေးမယ်..."

သူ့အတွေးကို ဖတ်နိုင်နေသော mommyက အကြားအမြင်ရနေတာများလားမသိ။ သူ့ဘက်ကို ကင်ချီကျီဂဲတိုးပေးလာသည်။ သိပ်ကြာကြာမမူလိုက်ရ။ ဆွဲဆောင်နေသော ဟင်းနံ့က သူ့ရဲ့ဇွဲကောင်းမှုကြီးကို တစ်စစီရိုက်ချိုးပစ်လိုက်သည်။ ဟုတ်တယ်လေ။ စိတ်ကောက်ပြီး ထမင်းမစား ဟင်းမစားလုပ်လိုက်ရင် ငတ်တာပဲ အဖတ်တင်တယ်။ ပြီးရင် လူကြီးတွေက သူတို့ဘာသာသူတို့ဆုံးဖြတ်ချက်ချပြီး လုပ်ချင်တာလုပ်ကြတဲ့ လူတွေမလား။

ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ပင် စားလိုက်ဝါးလိုက်သည်။ ထို့နောက် ထိုကျေးဇူးနှင့်ပင် မသွားချင်သွားချင် Jejuကို တစ်ပတ်အတွင်း တန်းနေအောင်သွားရပါတော့သည်။

..................

Jejuကိုရောက်တော့ အဘွားအိမ်မှာ သူနေရသည်။ ထိုအခါ အဆောင်ငှားမပေးသော မိဘများကိုသာ မေတ္တာပို့လိုက်သည်။ ကွန်ဒိုမှာနေနေတဲ့သူက လုံးချင်းခြံနဲ့ဝန်းနဲ့ အိမ်လေးကိုပြောင်းလိုက်ရတော့ သူသဘောတော့ကျမိသည်။ နှစ်ထပ်တိုက်ပုလေးမှာ အဘွားရယ် အမေ့ညီမအငယ်ဆုံးရယ် ဒါပဲရှိတော့ အဘွားလဲပျင်းရှာမှာပေါ့လေ။ တစ်ယောက်ထဲရှိတဲ့ မြေးကအတူတူမနေတဲ့အပြင် တစ်နှစ်နေလို့တစ်ခါလာမလည်တော့ mommyကို အဘွားကရာဇသံပို့လိုက်သည်ထင်သည်။ ဤသို့ဖြင့် တစ်ပတ်အတွင်း အထုပ်ပိုက်ပြီး သူ Jejuကို ရောက်လာခြင်းဖြစ်သည်။

"အဘွား... ကျနော် ဘယ်ကျောင်းမှာတက်ရမှာလဲ... အထက်တန်းနောက်ဆုံးနှစ်အထိတက်ရမှာဆိုတော့ ကျောင်းကောင်းကောင်းမှာ တက်ရမှဖြစ်မှာနော်..."

"အမလေး... စိတ်ပူမနေပါနဲ့ ငါ့မြေးရယ်... အဘွားက ငါ့မြေးလေးကို Jejuရဲ့ အကောင်းဆုံးယောကျ်ားလေးကျောင်းမှာ အပ်ပေးထားတယ်..."

"ယောကျ်ားလေးကျောင်း...?"

Na Jaemin တော့သွားပြီ။ ကောင်မလေးလှလှလေးတွေကို ရှိတ်မလို့ပါဆို။ ဘာလို့များ ယောကျ်ားလေးကျောင်းကို ဇွက်ကနဲရောက်သွားပါလိမ့်။ Daddy ရေ... သားကိုဘယ်လိုစိတ်ကူးနဲ့များ ပို့လိုက်ရတာလဲဟင်။ စိတ်ကူးထဲမှာသာ အော်ဟစ်နေရှာတာ။ သူအပြင်မှာတော့ အင်တင်တင်သာပြုံးနေလိုက်သည်။

"အဘွား... အဲ့တာဆို သားသွားနားတော့မယ်လေ..."

ဧည့်ခန်းထဲမှာ ထိုင်နေသည့်အဘွားကို ပြုံးပြုံးကြီးသာ နှုတ်ဆက်လိုက်ပြီး ဒုတိယထပ်က သူ့အခန်းထဲကို တက်လာလိုက်သည်။ ပါးစပ်ကနေလဲ "ဟုတ်ပါတယ်လေ... ပညာရေးကိုဦးစားပေးရမယ့်အရွယ်... ပညာရေးသည်သာ အဓိက..." ဟု သူ့ကိုယ်သူပြန်သတိပေးနေလိုက်သည်။ အင်း... ငိုသံနည်းနည်းတော့ပါတာပေါ့။😂😂😂

..................

ကျောင်းမတက်ခင် တစ်ပတ်အလိုမှာ သူဒီရပ်ကွက်က လမ်းတွေကို သေချာမှတ်မိနေပြီ။ Jeju ဆိုတာကျွန်းစုတစ်ခုဖြစ်တာကြောင့် အားရင်အားသလို ကမ်းစပ်ကိုသွားလို့လဲရသည်။ အခုတော့ နောက်တစ်ပတ်နေရင် တက်ရမည့်ကျောင်းနေရာကို သူသွားကြည့်ပြီး အိမ်ကိုပြန်လာခဲ့သည်။ သန့်ရှင်းပြီး ကျယ်ဝန်းသည်။ ဒီမြို့မှာ နာမည်ကြီးကျောင်းဖြစ်တာ အံ့ဩစရာတော့မရှိ။

"အင်း... Uniကိစ္စသာခံမနေရင် ငါဒီမှာပဲနေဖြစ်တော့မလားပဲ..."

ငြိမ်းချမ်းတဲ့နယ်မြို့လေးတစ်ခုမှာနေရတာ သူ့ရင်ကိုအေးချမ်းစေတယ်။ အချိန်မရွေးထသွားကြည့်လို့ရတဲ့ ရေလှိုင်းတွေကိုလည်း သဘောကျတယ်။ တကယ်လို့ အသက်တွေဘာတွေကြီး အိမ်ထောင်တွေဘာတွေကျ ကလေးတွေဘာတွေမွေးပြီးရင် အဘွားလိုမျိုး သူဒီမှာပဲနေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူအဲ့လောက်ထိကို ဒီနေရာကို သဘောကျတယ်။ ဝင်ခွင့်ခက်တဲ့ Seoul Medical Universityက သူ့ရည်မှန်းချက်ပဲ။ အဲ့ရည်မှန်းချက်ကိုတော့ သူသိပ်တန်ဖိုးထားပါတယ်။ သူကြိုးစားပြီး အမှတ်ကောင်းမှ အဲ့မှာတက်ရမှာဆိုတော့ Seoulက ပညာရေးနဲ့ ဒီနယ်မြို့လေးက ပညာရေးက တူပါ့မလားလို့ စိတ်ပူမိတာကလွဲရင် ကျန်တာအကုန် သူအတွက်အေးဆေးပဲ။

ထိုစဉ်........

ဘုတ်... ......... အား..................

ဖုန်းကိုကြည့်ကာလမ်းလျှောက်လာသူနှင့် ရေခဲမုန့်ကိုပတ်ထားတဲ့ စက္ကူကိုခွာပြီး လမ်းလျှောက်လာသော Na Jaemin တို့တိုက်မိကြခြင်း။

အားပါးပါး။ နဖူးတောင်နာသွားတယ်။ သူ့ကြည့်လိုက်တော့ သူတိုက်မိတဲ့ လူရဲ့ရင်ခွင်ကျယ်က မျက်စိရှေ့မှာ အထင်းသား။ ဘာမှန်းမသိ ထူပူသွားတဲ့ခံစားချက်နဲ့ သူအဲ့လူကိုမော့မကြည့်ရဲဘူး။ ဟိုလူကလဲ သူ့ကိုဘာမှမပြောဘူး။ ဒေါသထွက်ပြီးပဲ ထရိုက်တော့မလို့ ကြည့်နေတာလားမသိဘူး။ ဒုက္ခပါပဲ။ ကိုယ်ကျင်လည်နေကျ နယ်မြေလဲမဟုတ်။ သူများနယ်မြေမှာ မိုက်ကြေးခွဲခံရတော့မလား မသိ။

"Arr... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်နော်... ကျနော် ဘာပြန်လုပ်ပေးရမလဲ..."

ကြောက်ကြောက်နဲ့ပဲ သူမေးလိုက်တယ်။ သူ့ရဲ့ရေခဲမုန့်တွေ ပေသွားတဲ့ ရှေ့ကလူရဲ့အဖြူရောင်အင်္ကျီမှာတော့ ချောကလက်ရောင်တွေ စီးကျနေလေရဲ့။ သူအဲ့အချိန်ထိ အဲ့လူရဲ့မျက်နှာကို မော့မကြည့်မိပါဘူး။

"ရပါတယ်... အကို့အမှားလဲ ပါတာပါပဲ..."

ကြားလိုက်ရတဲ့ အသံက သူ့နားထဲမှာတော့ သာသာယာယာစီးဝင်တယ်။ ဒီလူက အသံ၏ကောင်းခြင်းတော့ ပြည့်စုံသားပဲ။ လူနားထောင်ချင်အောင် ပြောတတ်တယ်။ တစ်ခွန်းပဲပြောပြီး သူ့ကိုကျောပေးထွက်ခွာသွားသူကို သူအားနာစွာကြည့်လိုက်တယ်။ သန့်ပြန့်နေတဲ့ အင်္ကျီအဖြူလေးကို သူအရောင်စွန်းသွားအောင်လုပ်ခဲ့မိတာပဲ။ လျော်ပေးရမလားလို့ မေးဖို့ကြတော့ ဟိုတစ်ယောက်က သူ့ကိုတစ်ချက်လေးတောင်ပြန်မလှည့်ကြည့်။ သူကလဲ အသံကျယ်ကျယ်နဲ့ လှမ်းအော်မခေါ်ချင်ပါဘူး။ ရှိုးပဲ့တယ်။

"အင်း... ထပ်တွေ့ကြရင် တစ်ခုခုတော့ အလျော်ပြန်ပေးရမယ်..."

နယ်မြေစိမ်းမှာ ပထမဆုံးတွေ့ဖူးတဲ့သူ့ကို ဘယ်လိုအတွေးမျိုးနဲ့ ထပ်တွေ့ကြမယ်လို့ တွေးလိုက်မိလဲဆိုတာကိုတော့ သူသတိမပြုမိလိုက်ပါလေ။ ပင်လယ်လေကိုခံစားနေမိတဲ့ အိမ်အပြန်လမ်းက ဘာကျန်ခဲ့လို့ ကျန်ခဲ့မှန်းမသိသည့် ခံစားချက်မျိုးဖြင့် ဟာတာတာနိုင်လှပါသည်။

...................

Ficထဲမှာ ပါဝင်တဲ့ နေရာအနေအထားတွေက ထင့်ရဲ့စိတ်ကူးယဉ်သပ်သပ်သာဖြစ်ပါတယ်...

Feedbackလေးတွေပေးခြင်းဖြင့် အားဖြည့်ပေးပါရှင်...🥰

Seguir leyendo

También te gustarán

3.2K 193 13
Inspired by She's dating the gangster movie
17.8K 367 26
"When you promise something you are supposed to keep that promise.If you're not willing to do so , then don't make the damn promise."
2M 57.5K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
40.6K 824 10
"How long have I been asleep?" Sophie wondered aloud, searching for the last memory she'd had. It took only a few seconds for her to realize that sh...