Arr Ah Daddy (Complete)

De YoYo426

942K 71.5K 2.3K

သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ... Mais

Part 1(Uni +Zaw)
Part 2(Uni +Zaw)
Part 3(Uni +Zaw)
Part 4(Uni +Zaw)
Part 5(Uni+ Zaw)
Part 6(Uni +Zaw)
Part 7(Uni +Zaw)
Part 8(Uni +Zaw)
Part 9(Uni+ Zaw)
Part 10(Uni+ Zaw)
Part 11(Uni +Zaw)
Part 12(Uni +Zaw)
Part 13(Uni+ Zaw)
Part 14(Uni +Zaw)
Part 15(Uni +Zaw)🔞🔞🔞
Part 16(Uni +Zaw)
Part 17(Uni+ Zaw)
Part 18(Uni+ Zaw)
Part 19(Uni +Zaw)
Part 20(Uni +Zaw)🔞🔞🔞
Part 21(Uni+ Zaw)
Part 22(Uni +Zaw)
Part 23(Uni +Zaw)
Part 24(Uni +Zaw)🔞
Part 25(Uni+ Zaw)
Part 26(Uni +Zaw)
Part 27(Uni +Zaw)
Part 28(Uni+ Zaw)
Part 29(Uni +Zaw)
Part 30(Uni+ Zaw)
Part 31(Uni+ Zaw)
Part 32(Uni+ Zaw)🔞🔞🔞
Part 33(Uni+ Zaw)
Part 34(Uni+ Zaw)
Part 36(Uni +Zaw)
Part 37(Uni+ Zaw)
Part 38(Uni+ Zaw)
Part 39(Uni+ Zaw)
Part 40(Uni +Zaw)
Part 41(Uni+ Zaw)
Part 42(Uni +Zaw)
Part 43 End (Uni+Zaw)
ကျေးဇူးတင်စာ💛
New Fic မိတ်ဆက်
hello🙋🙋

Part 35(Uni+ Zaw)

18.2K 1.3K 23
De YoYo426

Arr Ah Daddy
Part 35(Uni)



ရီလျှို့ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အဝတ်မဲ့တဲ့ ခန္ဓာကိုယ်တစ်ခု။ သေချာကြည့်လိုက်တော့ အသား ဖြူဖြူနဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတယ်။ သူ့ရင်ခွင်ထဲလဲ ရောက်နေတယ်။


ပြန်စဉ်းစားတော့ ခေါင်းကိုက်သွားသည်မို့ နားထင်ကို လက်နဲ့ ဖိပြီး ထိုကောင်လေးကို တွန်းထုတ်လိုက်သည်။

အ့...........

အားသိပ်မပြင်းပေမဲ့ အိပ်နေတာမို့လား မသိဘူး။ ဘေးကနံရံနဲ့ တိုက်မိတော့ ညီးသံနဲ့ အတူ မျက်လုံး ပေကလက် ပေကလက်နဲ့ နိုးလာသည်။

"အကို......."

"ဘာဖြစ်ခဲ့တာလဲ"

အကိုမို့လို့ မေးရက်တယ်။ ဒီလို အခြေအနေကို မြင်နေတာတောင် ဘာကို ဦးတည်နေလဲ မသိဘူးလား။

"ညက ကျွန်တော်တို့....."

"ရပြီ မပြောနဲ့တော့ မင်းက ဒီဘားမှာ အလုပ်လုပ်တာလား"

"ဟုတ်ကဲ့"

"ငါမူးသွားလို့ အမှားလုပ်မိသွားပုံဘဲ"


အမှားတဲ့လား အကို့အတွက်က အမှားပေါ့။ ကျွန်တော့်အတွက်ကျရော ။ ပိုက်ဆံအိတ်ယူပြီး ငွေတွေ ထုတ်နေထဲက သိလိုက်ပါပြီ။ ပိုက်ဆံချမ်းသာတဲ့ သူတွေက အတူတူဘဲ။ တစ်ခုခုဆို ငွေနဲ့ ဖြေရှင်းဖို့ လုပ်တတ်ကြတာဘဲ။


"သိပ်မများပါဘူး လက်ခံလိုက်နော်"

"မယူပါရစေနဲ့"

"ဘာလို့လဲ"

"ကျွန်တော်က ဒီဘားမှာ စားပွဲထိုးအလုပ်ဘဲ လုပ်တာ ပိုက်ဆံပေးတိုင်း လိုက်အိပ်နေတဲ့အစား မဟုတ်ဘူး"


ပြောပြီး ကျင်းရန် မျက်ရည်ဝဲသွားရသည်။ မျက်လုံးကို အကြိမ်ကြိမ်ပေကလက် ပကလက် လုပ်ပြီး မျက်ရည် မကျမိအောင် ထိန်းထားရသည်။ သူများတွေအမြင်မှာ ပျော့ညံ့တဲ့ ယောကျာ်းလေး မဖြစ်ချင်ဘူးလေ။


ကျင်းရန်ကို ငယ်ငယ်လေးထဲက အဖွားက စောင့်ရှောက်ခဲ့တာဖြစ်တယ်။ အသက်၅နှစ် အရွယ်မှာ မိဘတွေက ကွာရှင်းပြီး အဖေက နောက်မိန်းမ ယူသွားတယ်။ အမေကရော ဘာထူးလို့လဲ ။ နောက်ယောကျာ်းယူပြီး ထွက်သွားတယ်။ ကျင်းရန်က အမေဘက်က အဖွားစီမှာ ကြီးပြင်းလာရတာ။ အဖွားက ကျွန်တော့်ကို အမေအစား အဖေအစား ချစ်ပေးရှာသည်။ သူများအိမ်တွင် တောက်တိုမရတွေ လုပ်ပေးပြီး ကျွန်တော့်ကို ကျောင်းထားသည်။


ဒါပေမဲ့ ကျွန်တော့် ကျောင်း အရည်အချင်းက အလယ်တန်း အောင်ဘဲ ရှိတယ်။ အဖွားကို တစ်ယောက်ထဲ ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်စေချင်ဖူးလေ။ အလယ်တန်းနဲ့တင် ကျောင်းထွက်ပြီး ကျွန်တော်ပါ အဖွားအလုပ်တွေကို ကူညီပေးတယ်။ ယခုနှစ် အသက် ၁၈နှစ် ပြည့်ပြီး အသက်ပြည့်တော့ ဘားတွင် အလုပ်လာလုပ်တာ။ ဘားဆိုတော့ လစာတော့ ကောင်းသည်။ အဆက်အသွယ် သူငယ်ချင်းလဲ ရှိတာနဲ့ ဝင်လုပ်ဖြစ်သွားတာ။ ဝင်ငွေများမှ ဖြစ်မည်။ အဖွားက ကျန်းမာရေး မကောင်းတော့ဘူး။ တစ်လတစ်လ ဆေးဖိုးကလဲ မနဲဘူးလေ။



အခုလက်ရှိ အခြေအနေကို ပြန်ရောက်သွားသည်။ ရီလျှို့က ဆက်ပြောသည်။

"ကိုယ်က အဲ့လို သဘောမျိုးမဟုတ်ပါဘူး ကိုယ့်အမှားအတွက် ပေးတဲ့သဘောပါ စိတ်သန့်သန့်နဲ့ လက်ခံလိုက်ပါ"


ပြောပြီးတာနဲ့ ကုတင်ပေါ်က ဆင်းကာ သူ့အဝတ်တွေကို ပြန်ဝတ်လိုက်ပြီး စားပွဲပေါ်တွင် ဂဏန်းများများပါတဲ့ ငွေစာရွက်တွေကို ထားခဲ့ပြီး အခန်းထဲက ထွက်သွားလေသည်။


နောက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားခဲ့တာ။နာမည်တောင် မေးမသွားဘူး။ စိတ်ဝင်စားတဲ့ ပုံကို မမြင်တာ။ ကိုယ့်ရဲ့ လူပျိုရည်ကို နာမည်​တောင် မသိရလိုက်တဲ့ သူစီမှာ ဆုံးရှုံးရမယ်လို့ မထင်ထားခဲ့ပေ။ မူးနေတဲ့ သူစီက ဘာများ မျှော်လင့်နေတာလဲ ကျင်းရန်ရယ်။ အစထဲက ထိုသူက တခြားတစ်ယောက်နာမည်ကို ညီးရင်း သူ့ကို ဆက်ဆံခဲ့တာ မဟုတ်လား။


စားပွဲပေါ်က ငွေတွေကို လှမ်းကြည့်ရင်း ပါးပေါ်ကို မျက်ရည်တွေက စီးကျလာသည်။ ထိုသူရဲ့အကြောင်းကို ဘာမှ မသိပေမဲ့ သေချာပေါက် ချမ်းသာတဲ့ သူတော့ ဖြစ်ရမယ်။



🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆

"daddy ရပါပြီလို့"

တောင်ပေါ် မတက်ခင် ကားပေါ်မှာထဲက လက်အိတ်တွေဝတ်ပေး မာဖလာတွေ လည်ပင်းပတ်ပေး အနွေးထည် ဇစ်ကို လည်ပင်းနားထိ ဆွဲတင်ပေးနေသူကြောင့် ရှောင်ကျန့်တားလိုက်ရသည်။ daddy က ပိုကိုပိုလွန်းသည်။ သူကိုဆို အမြဲ ကလေးလေးလို ဆက်ဆံသည်။

"ကျန့်လေး အေးမှာ စိုးလို့ပါ"

"ဟွန့် daddy က ပိုကိုပိုတယ်"

"ဟားဟား ဒီလို မျက်စောင်းထိုးတတ်တဲ့ အကျင့်လေးက ဘယ်က ပေါ်လာတာလဲကွာ"

စကားနဲ့ အတူ ပါးကို လာညစ်တဲ့ daddy လက်တစ်စုံ။ ပါးကို ဖျစ်ညစ်လုပ်ပြီး မျက်နှာ အနှံ့ကို မွှေးနေသည်။


daddy တစ်ယောက်ကို​တော့ တကယ့်ကို မနိုင်ပါ။ သူများရှေ့ဆို အေးစက်စက် နိုင်သလောက် ကျွန်တော့်အပေါ်ဆိုရင်တော့ ချစ်တတ်လွန်းသော အနွေးထွေးဆုံးလူသား ဖြစ်သွားရော။ ကျွန်တော်လဲ အသဲယား တာနဲ့ daddy ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ စုလိုက်တော့ အလယ်တွင် နှုတ်ခမ်းလေးက စူထေယ်ထော်လေး ဖြစ်သွားသည်။


ရေခဲတုံး daddy ရဲ့ နှုတ်ခမ်းစူနေတဲ့ ပုံကို ခင်ဗျားတို့ကို မြင်စေချင်တယ်။ အသက်နဲ့မလိုက် ချစ်ဖို့ ကောင်းလွန်းသည်။ daddy ရဲ့ ချစ်စရာ အပြုအမူတွေကိုတော့ ကျွန်တော်ကလွဲလို့ ဘယ်သူမှ မြင်ရမည် မဟုတ်ပါ။


စူနေတဲ့ နှုတ်ခမ်းကိုရှောင်ကျန့် နမ်းလိုက်သည်။ daddy ကတော့ ကလေးလုပ်သမျှ အကုန် ငြိမ်ခံနေလေသည်။ အချိန်ကြာကြာ အနမ်းမဟုတ်။ ပြွတ်ခနဲ နမ်းလိုက် ပြန်ခွာလိုက်နဲ့ အကြိမ်ရေတော်တော်များများ နမ်းလိုက် ပြန်ခွာလိုက်လုပ်နေသော ကလေးကို daddy စိတ်မ​ရှည်တော့ဘဲ ခေါင်းအနောက်ကနေ လက်တစ်ဖက်နဲ့ ထိန်းပြီး နှုတ်ခမ်းလွှာတွေကို သိမ်းပိုက်လိုက်လေသည်။


အချိန်အတော်ကြာတော့ ကလေးက ရင်ဘတ်ကို လာထုမှ လွှတ်ပေးလိုက်တော့ ရင်ခွင်ထဲ ပုံရက်သား ကျလာကာ ပါးစပ်လေး ဟစိဟစိနဲ့ အသက်ရှူနေလေရဲ့။


သူတို့ ကားထဲမှာတင် တစ်နာရီလောက် အချိန် ကုန်သွားသည်။ တောင်တက်တဲ့ လမ်းကျ ကလေးက ပွစိပွစိ ပြောနေတာ မပြီးတော့ဘူး။ တကယ့်ကို နားညီးအောင် မပင်မပန်း ပြောနိုင်လွန်းသည်။ အဲ့တာလေးကို ချစ်နေရတာ။


"နေတောင် မြင့်နေပြီ daddy ကြောင့် နောက်ကျသွားတာ"

"ခုတော့ အေးတာတောင် ဘယ်ပျောက်သွားမှန်း မသိဘူး"


နှုတ်ခမ်းစူပြီး ပွစိပွစိ ပြောနေသူလေး အသံက ရီပေါ့် နားထဲတွင်တော့ သာယာဖွယ် ငှက်တေးသီသံလေး အလား။ အသဲယားကာ ဖျစ်ညစ်ပြီး ဖက်နမ်း ချင်စိတ်ကို မနဲ ထိန်းထားရတယ်။ အသက်က ၃၆နှစ်ထဲသာ ဝင်သွားတယ်။ ကလေးနဲ့ တွေ့မှ အရင်က တည်ငြိမ်တဲ့ စိတ်က ကြက်ပျောက်ငှက်ပျောက်ဘဲ။


"daddy ဘာတွေ စဥ်းစားနေတာလဲ"

"မင်းလေးက ချစ်ဖို့ကောင်းတယ်လို့"

"daddy နော် စကားတွေ သိပ်တတ်"

နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ပြောသော်လည်း တစ်ခစ်ခစ် ရယ်သံအရ ကျေနပ်သွားမှန်း သိသာသည်။ အပြစ်ကင်းစင်တဲ့ ကလေးရဲ့ လက်ကလေးကို ယှက်တွယ်ကာ ကိုင်ယူလိုက်ပြီး သူ့ရဲ့ အကျိ် အိတ်ထဲ ထားလိုက်သည်။


နောက်ဆုံးတော့ တောင်ထိပ်ကို ရောက်သွားလေပြီ။ လမ်းသွားလမ်းလာကတော့ မပျက်ပါ။ စုံတွဲတွေ မိသားစုတွေ သူငယ်ချင်းတွေ အသီးသီး အကုန် လာလည်ကြသည့် နေရာပင်။


တောင်ထိပ်ဆိုတော့ လေက တစ်ဖြူးဖြူးနဲ့ ကလေးဆံပင်လေးတွေက တလွှင့်လွှင့် ဖြစ်နေသည်။ ဆံပင်လေးတွေက အတော်ရှည်နေပြီ။ ဂုတ်ထောက်နေပြီ။ သူလေးက ညှပ်ချင်တာကို ကိုယ်က ချစ်လို့ မညှပ်ခိုင်းတာ။

(( ဂုတ်ထောက်အရှည်ဆိုပေမဲ့ ယောကျာ်းလေးကေဘဲ နော် step အပါး အရှည်လေးကိုပြောတာ အရမ်းလဲ မရှည်ဘူးပေါ့ ))

အတွေးများနေတုန်း သူ့ကလေး အကြည့်က တခြားနေရာ ရောက်နေတယ်။ ကလေးကြည့်နေတဲ့ နေရာကို ကြည့်လိုက်တော့ မိသားစုလေး တစ်စုပင်။ အဖေနဲ့ အမေရယ် သားနှစ်ယောက်ရယ်။ အကြီးက ၁၀ နှစ် အရွယ် အငယ်လေးက ၅နှစ်လောက် ရှိမည်။ အညိုရောင် အနွေးထည် ဆင်တူလေးတွေနဲ့။ ပျော်ရွှင်နေသော မိသားစုလေးပင်။


"ကျန့်လေးက ကလေးချစ်တတ်လား"


ပြောလိုက်တော့ မျက်လုံးပြူးပြူးလေးနဲ့ မော့ကြည့်တယ်။ နောက်မှ ဖြေးဖြေးချင်း ခေါင်းငြိမ့်ပြတယ်။

"daddy ရော ကလေးချစ်တတ်လား"

"မင်းလေးက မွေးမယ်ဆို ကိုယ်ချစ်တယ်"

"ဟွန့် သူများကလေးဆို မချစ်ဖူးလား"

"ကလေးတွေက နားညီးတယ်လေ။ ဒါပေမဲ့ ကိုယ်တို့ ကလေးတော့ မပါဘူးလေ။ ကိုယ်တို့နှစ်ယောက်ရဲ့ အသွေးအသားနဲ့ ဖြစ်တည်လာမဲ့ ကိုယ်တို့ ပိုင်ဆိုင်မှုလေးကိုတော့ မြတ်နိုးမှာပါ"

"daddy က အဲ့လို မျက်နှာမလိုက်ရဖူးလေ "

"မျက်နှာလိုက်တာ မဟုတ်ပါဘူး ကိုယ့်မျက်နှာက မင်းလေးရှိတဲ့အရပ်ကိုဘဲ မူတည်နေတော့ အနောက်တွေ ဘေးက အရာတွေကို မမြင်မိရုံပါ"

"အူဝါး အရမ်းတွေ တတ်နေတယ်ပေါ့ တတ်နေတဲ့ ကလေးကြီးကို ဘာ ဆု ချရင် ကောင်းမလဲ"


ရီပေါ်က အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်လိုက်တော့ ရှောင်ကျန့်က ရီပေါ့် လက်မောင်းတွေကို ရိုက်တော့တာဘဲ။ ရိုက်ချက်က သာမန်မဟုတ်။ အားတွေ ဘယ်က ရလာလဲ မသိဘူး။


ရှောင်ကျန့်က သူနဲ့ လက်ထက်ခါစကလို မဟုတ်တော့ဘူး။ အသားလေးတွေ ပြည့်လာတယ်။ အဲ့လို ပြည့်အောင်လဲ သူဘဲ ဂရုစိုက်ခဲ့ရတာလေ။ ပါးလေး​တွေဆို ဖောင်းနေပြီး ကိုယ်လုံးလေးလဲ ပြည့်လာတယ်။ နေ့တိုင်းဖက်နေကျ ဆိုတော့ သူ့ခန္ဓာကိုယ်မှာ နဲနဲလေး ပြောင်းလဲတဲ့ အရာကစ သတိထားမိတယ်။


"ဘာလို့ ရိုက်နေတာလဲ ကျန့်လေးရယ် ကိုယ်ဘာပြောရသေးလို့လဲ"

"daddy အကြည့်ကို မသိဘဲ နေမလား"

"ဟားဟား ကျန့်လေးကတော့ လုပ်ပြီ။ ကိုယ်က မင်းလေးနဲ့ နှင်းစကိတ် သွားစီးမယ်လို့ ပြောမလို့"

"ဟုတ်လို့လား"

"တကယ်ပါဆို"


မျက်ခုံးလေး ကြုံ့ကာ တွေးတွေးဆဆ လုပ်နေတဲ့ ပုံလေးက တကယ့်ကို ချစ်စရာလေးဗျာ။ ဒီကလေးနဲ့တွေ့မှ ကိုယ်လဲ စနောက်တတ်လာတယ်။ ပါးစပ်ကနေလဲ ချစ်ကြောင်းတွေ ဘယ်နှစ်ခါမှန်း မသိ ဆိုမိတယ်။


ရှောင်ကျန့် ဆိုတဲ့ ကလေးက ကိုယ့်ဘဝထဲကို နောက်ကျမှ ရောက်လာပေမဲ့ အများကြီး ပြောင်းလဲ စေခဲ့တာ ဖြစ်တယ်~~~

မဟုတ်ဘူး မဟုတ်ဘူး.........သူလေးကိုယ့်ဘဝထဲကို ဝင်လာမှ ကိုယ့်ဘဝလေးက ပြည့်စုံသွားတာလို့ ပြောရမလား~~~



^. ................^






Arr Ah Daddy
Part 35(Zaw)



ရီလွ်ို႔ မ်က္လုံးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတာက အဝတ္မဲ့တဲ့ ခႏၶာကိုယ္တစ္ခု။ ေသခ်ာၾကည့္လိုက္ေတာ့ အသား ျဖဴျဖဴနဲ႕ ေကာင္ေလးတစ္ေယာက္ ျဖစ္ေနတယ္။ သူ႕ရင္ခြင္ထဲလဲ ေရာက္ေနတယ္။


ျပန္စဥ္းစားေတာ့ ေခါင္းကိုက္သြားသည္မို႔ နားထင္ကို လက္နဲ႕ ဖိၿပီး ထိုေကာင္ေလးကို တြန္းထုတ္လိုက္သည္။

အ့...........

အားသိပ္မျပင္းေပမဲ့ အိပ္ေနတာမို႔လား မသိဘူး။ ေဘးကနံရံနဲ႕ တိုက္မိေတာ့ ညီးသံနဲ႕ အတူ မ်က္လုံး ေပကလက္ ေပကလက္နဲ႕ နိုးလာသည္။

"အကို......."

"ဘာျဖစ္ခဲ့တာလဲ"

အကိုမို႔လို႔ ေမးရက္တယ္။ ဒီလို အေျခအေနကို ျမင္ေနတာေတာင္ ဘာကို ဦးတည္ေနလဲ မသိဘူးလား။

"ညက ကြၽန္ေတာ္တို႔....."

"ရၿပီ မေျပာနဲ႕ေတာ့ မင္းက ဒီဘားမွာ အလုပ္လုပ္တာလား"

"ဟုတ္ကဲ့"

"ငါမူးသြားလို႔ အမွားလုပ္မိသြားပုံဘဲ"


အမွားတဲ့လား အကို႔အတြက္က အမွားေပါ့။ ကြၽန္ေတာ့္အတြက္က်ေရာ ။ ပိုက္ဆံအိတ္ယူၿပီး ေငြေတြ ထုတ္ေနထဲက သိလိုက္ပါၿပီ။ ပိုက္ဆံခ်မ္းသာတဲ့ သူေတြက အတူတူဘဲ။ တစ္ခုခုဆို ေငြနဲ႕ ေျဖရွင္းဖို႔ လုပ္တတ္ၾကတာဘဲ။


"သိပ္မမ်ားပါဘူး လက္ခံလိုက္ေနာ္"

"မယူပါရေစနဲ႕"

"ဘာလို႔လဲ"

"ကြၽန္ေတာ္က ဒီဘားမွာ စားပြဲထိုးအလုပ္ဘဲ လုပ္တာ ပိုက္ဆံေပးတိုင္း လိုက္အိပ္ေနတဲ့အစား မဟုတ္ဘူး"


ေျပာၿပီး က်င္းရန္ မ်က္ရည္ဝဲသြားရသည္။ မ်က္လုံးကို အႀကိမ္ႀကိမ္ေပကလက္ ပကလက္ လုပ္ၿပီး မ်က္ရည္ မက်မိေအာင္ ထိန္းထားရသည္။ သူမ်ားေတြအျမင္မွာ ေပ်ာ့ညံ့တဲ့ ေယာက်ာ္းေလး မျဖစ္ခ်င္ဘူးေလ။


က်င္းရန္ကို ငယ္ငယ္ေလးထဲက အဖြားက ေစာင့္ေရွာက္ခဲ့တာျဖစ္တယ္။ အသက္၅ႏွစ္ အ႐ြယ္မွာ မိဘေတြက ကြာရွင္းၿပီး အေဖက ေနာက္မိန္းမ ယူသြားတယ္။ အေမကေရာ ဘာထူးလို႔လဲ ။ ေနာက္ေယာက်ာ္းယူၿပီး ထြက္သြားတယ္။ က်င္းရန္က အေမဘက္က အဖြားစီမွာ ႀကီးျပင္းလာရတာ။ အဖြားက ကြၽန္ေတာ့္ကို အေမအစား အေဖအစား ခ်စ္ေပးရွာသည္။ သူမ်ားအိမ္တြင္ ေတာက္တိုမရေတြ လုပ္ေပးၿပီး ကြၽန္ေတာ့္ကို ေက်ာင္းထားသည္။


ဒါေပမဲ့ ကြၽန္ေတာ့္ ေက်ာင္း အရည္အခ်င္းက အလယ္တန္း ေအာင္ဘဲ ရွိတယ္။ အဖြားကို တစ္ေယာက္ထဲ ပင္ပင္ပန္းပန္း အလုပ္ေတြ မလုပ္ေစခ်င္ဖူးေလ။ ကြၽန္ေတာ္ပါ အဖြားအလုပ္ေတြကို ကူညီေပးတယ္။ ခုႏွစ္ အသက္ ၁၈ႏွစ္ ျပည့္ၿပီး အသက္ျပည့္ေတာ့ ဘားတြင္ အလုပ္လာလုပ္တာ။ ဘားဆိုေတာ့ လစာေတာ့ ေကာင္းသည္။ အဆက္အသြယ္ သူငယ္ခ်င္းလဲ ရွိတာနဲ႕ ဝင္လုပ္ျဖစ္သြားတာ။ ဝင္ေငြမ်ားမွ ျဖစ္မည္။ အဖြားက က်န္းမာေရး မေကာင္းေတာ့ဘူး။ တစ္လတစ္လ ေဆးဖိုးကလဲ မနဲဘူးေလ။



အခုလက္ရွိ အေျခအေနကို ျပန္ေရာက္သြားသည္။ ရီလွ်ို႔က ဆက္ေျပာသည္။

"ကိုယ္က အဲ့လို သေဘာမ်ိဳးမဟုတ္ပါဘူး ကိုယ့္အမွားအတြက္ ေပးတဲ့သေဘာပါ စိတ္သန႔္သန႔္နဲ႕ လက္ခံလိုက္ပါ"


ေျပာၿပီးတာနဲ႕ ကုတင္ေပၚက ဆင္းကာ သူ႕အဝတ္ေတြကို ျပန္ဝတ္လိုက္ၿပီး စားပြဲေပၚတြင္ ဂဏန္းမ်ားမ်ားပါတဲ့ ေငြစာ႐ြက္ေတြကို ထားခဲ့ၿပီး အခန္းထဲက ထြက္သြားေလသည္။


ေနာက္ကို တစ္ခ်က္မွ လွည့္မၾကည့္ဘဲ ထြက္သြားခဲ့တာ။နာမည္ေတာင္ ေမးမသြားဘူး။ စိတ္ဝင္စားတဲ့ ပုံကို မျမင္တာ။ ကိုယ့္ရဲ႕ လူပ်ိဳရည္ကို နာမည္​ေတာင္ မသိရလိုက္တဲ့ သူစီမွာ ဆုံးရႈံးရမယ္လို႔ မထင္ထားခဲ့ေပ။ မူးေနတဲ့ သူစီက ဘာမ်ား ေမွ်ာ္လင့္ေနတာလဲ က်င္းရန္ရယ္။ အစထဲက ထိုသူက တျခားတစ္ေယာက္နာမည္ကို ညီးရင္း သူ႕ကို ဆက္ဆံခဲ့တာ မဟုတ္လား။


စားပြဲေပၚက ေငြေတြကို လွမ္းၾကည့္ရင္း ပါးေပၚကို မ်က္ရည္ေတြက စီးက်လာသည္။ ထိုသူက ခ်မ္းသာတဲ့ သူေတာ့ ျဖစ္ရမယ္။



🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆

"daddy ရပါၿပီလို႔"

ေတာင္ေပၚ မတက္ခင္ ကားေပၚမွာထဲက လက္အိတ္ေတြဝတ္ေပး မာဖလာေတြ လည္ပင္းပတ္ေပး အႏြေးထည္ ဇစ္ကို လည္ပင္းနားထိ ဆြဲတင္ေပးေနသူေၾကာင့္ ေရွာင္က်န့္တားလိုက္ရသည္။ daddy က ပိုကိုပိုလြန္းသည္။ သူကိုဆို အၿမဲ ကေလးေလးလို ဆက္ဆံသည္။

"က်န့္ေလး ေအးမွာ စိုးလို႔ပါ"

"ဟြန့္ daddy က ပိုကိုပိုတယ္"

"ဟားဟား ဒီလို မ်က္ေစာင္းထိုးတတ္တဲ့ အက်င့္ေလးက ဘယ္က ေပၚလာတာလဲကြာ"

စကားနဲ႕ အတူ ပါးကို လာညစ္တဲ့ daddy လက္တစ္စုံ။ ပါးကို ဖ်စ္ညစ္လုပ္ၿပီး မ်က္ႏွာ အႏွံ႕ကို ေမႊးေနသည္။


daddy တစ္ေယာက္ကို​ေတာ့ တကယ့္ကို မနိုင္ပါ။ သူမ်ားေရွ႕ဆို ေအးစက္စက္ နိုင္သေလာက္ ကြၽန္ေတာ့္အေပၚဆိုရင္ေတာ့ ခ်စ္တတ္လြန္းေသာ အႏြေးေထြးဆုံးလူသား ျဖစ္သြားေရာ။ ကြၽန္ေတာ္လဲ အသဲယား တာနဲ႕ daddy ပါးႏွစ္ဖက္ကို လက္ႏွစ္ဖက္နဲ႕ စုလိုက္ေတာ့ အလယ္တြင္ ႏႈတ္ခမ္းေလးက စူေထယ္ေထာ္ေလး ျဖစ္သြားသည္။


ေရခဲတုံး daddy ရဲ႕ ႏႈတ္ခမ္းစူေနတဲ့ ပုံကို ခင္ဗ်ားတို႔ကို ျမင္ေစခ်င္တယ္။ အသက္နဲ႕မလိုက္ ခ်စ္ဖို႔ ေကာင္းလြန္းသည္။ daddy ရဲ႕ ခ်စ္စရာ အျပဳအမူေတြကိုေတာ့ ကြၽန္ေတာ္ကလြဲလို႔ ဘယ္သူမွ ျမင္ရမည္ မဟုတ္ပါ။


စူေနတဲ့ ႏႈတ္ခမ္းကိုေရွာင္က်န့္ နမ္းလိုက္သည္။ daddy ကေတာ့ ကေလးလုပ္သမွ် အကုန္ ၿငိမ္ခံေနေလသည္။ အခ်ိန္ၾကာၾကာ အနမ္းမဟုတ္။ ႁပြတ္ခနဲ နမ္းလိုက္ ျပန္ခြာလိုက္နဲ႕ အႀကိမ္ေရေတာ္ေတာ္မ်ားမ်ား နမ္းလိုက္ ျပန္ခြာလိုက္လုပ္ေနေသာ ကေလးကို daddy စိတ္မ​ရွည္ေတာ့ဘဲ ေခါင္းအေနာက္ကေန လက္တစ္ဖက္နဲ႕ ထိန္းၿပီး ႏႈတ္ခမ္းလႊာေတြကို သိမ္းပိုက္လိုက္ေလသည္။


အခ်ိန္အေတာ္ၾကာေတာ့ ကေလးက ရင္ဘတ္ကို လာထုမွ လႊတ္ေပးလိုက္ေတာ့ ရင္ခြင္ထဲ ပုံရက္သား က်လာကာ ပါးစပ္ေလး ဟစိဟစိနဲ႕ အသက္ရႉေနေလရဲ႕။


သူတို႔ ကားထဲမွာတင္ တစ္နာရီေလာက္ အခ်ိန္ ကုန္သြားသည္။ ေတာင္တက္တဲ့ လမ္းက် ကေလးက ပြစိပြစိ ေျပာေနတာ မၿပီးေတာ့ဘူး။ တကယ့္ကို နားညီးေအာင္ မပင္မပန္း ေျပာနိုင္လြန္းသည္။ အဲ့တာေလးကို ခ်စ္ေနရတာ။


"ေနေတာင္ ျမင့္ေနၿပီ daddy ေၾကာင့္ ေနာက္က်သြားတာ"

"ခုေတာ့ ေအးတာေတာင္ ဘယ္ေပ်ာက္သြားမွန္း မသိဘူး"


ႏႈတ္ခမ္းစူၿပီး ပြစိပြစိ ေျပာေနသူေလး အသံက ရီေပၚ့ နားထဲတြင္ေတာ့ သာယာဖြယ္ ငွက္ေတးသီသံေလး အလား။ အသဲယားကာ ဖ်စ္ညစ္ၿပီး ဖက္နမ္း ခ်င္စိတ္ကို မနဲ ထိန္းထားရတယ္။ အသက္က ၃၆ႏွစ္ထဲသာ ဝင္သြားတယ္။ ကေလးနဲ႕ ေတြ႕မွ အရင္က တည္ၿငိမ္တဲ့ စိတ္က ၾကက္ေပ်ာက္ငွက္ေပ်ာက္ဘဲ။


"daddy ဘာေတြ စဥ္းစားေနတာလဲ"

"မင္းေလးက ခ်စ္ဖို႔ေကာင္းတယ္လို႔"

"daddy ေနာ္ စကားေတြ သိပ္တတ္"

ႏႈတ္ခမ္းကို မဲ့႐ြဲ႕ၿပီး ေျပာေသာ္လည္း တစ္ခစ္ခစ္ ရယ္သံအရ ေက်နပ္သြားမွန္း သိသာသည္။ အျပစ္ကင္းစင္တဲ့ ကေလးရဲ႕ လက္ကေလးကို ယွက္တြယ္ကာ ကိုင္ယူလိုက္ၿပီး သူ႕ရဲ႕ အက်ိ္ အိတ္ထဲ ထားလိုက္သည္။


ေနာက္ဆုံးေတာ့ ေတာင္ထိပ္ကို ေရာက္သြားေလၿပီ။ လမ္းသြားလမ္းလာကေတာ့ မပ်က္ပါ။ စုံတြဲေတြ မိသားစုေတြ သူငယ္ခ်င္းေတြ အသီးသီး အကုန္ လာလည္ၾကသည့္ ေနရာပင္။


ေတာင္ထိပ္ဆိုေတာ့ ေလက တစ္ျဖဴးျဖဴးနဲ႕ ကေလးဆံပင္ေလးေတြက တလႊင့္လႊင့္ ျဖစ္ေနသည္။ ဆံပင္ေလးေတြက အေတာ္ရွည္ေနၿပီ။ ဂုတ္ေထာက္ေနၿပီ။ သူေလးက ညွပ္ခ်င္တာကို ကိုယ္က ခ်စ္လို႔ မညွပ္ခိုင္းတာ။

(( ဂုတ္ေထာက္အရွည္ဆိုေပမဲ့ ေယာက်ာ္းေလးေကဘဲ ေနာ္ step အပါး အရွည္ေလးကိုေျပာတာ အရမ္းလဲ မရွည္ဘူးေပါ့ ))

အေတြးမ်ားေနတုန္း သူ႕ကေလး အၾကည့္က တျခားေနရာ ေရာက္ေနတယ္။ ကေလးၾကည့္ေနတဲ့ ေနရာကို ၾကည့္လိုက္ေတာ့ မိသားစုေလး တစ္စုပင္။ အေဖနဲ႕ အေမရယ္ သားႏွစ္ေယာက္ရယ္။ အႀကီးက ၁၀ ႏွစ္ အ႐ြယ္ အငယ္ေလးက ၅ႏွစ္ေလာက္ ရွိမည္။ အညိုေရာင္ အႏြေးထည္ ဆင္တူေလးေတြနဲ႕။ ေပ်ာ္႐ႊင္ေနေသာ မိသားစုေလးပင္။


"က်န့္ေလးက ကေလးခ်စ္တတ္လား"


ေျပာလိုက္ေတာ့ မ်က္လုံးျပဴးျပဴးေလးနဲ႕ ေမာ့ၾကည့္တယ္။ ေနာက္မွ ေျဖးေျဖးခ်င္း ေခါင္းၿငိမ့္ျပတယ္။

"daddy ေရာ ကေလးခ်စ္တတ္လား"

"မင္းေလးက ေမြးမယ္ဆို ကိုယ္ခ်စ္တယ္"

"ဟြန့္ သူမ်ားကေလးဆို မခ်စ္ဖူးလား"

"ကေလးေတြက နားညီးတယ္ေလ။ ဒါေပမဲ့ ကိုယ္တို႔ ကေလးေတာ့ မပါဘူးေလ။ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ အေသြးအသားနဲ႕ ျဖစ္တည္လာမဲ့ ကိုယ္တို႔ ပိုင္ဆိုင္မႈေလးကိုေတာ့ ျမတ္နိုးမွာပါ"

"daddy က အဲ့လို မ်က္ႏွာမလိုက္ရဖူးေလ "

"မ်က္ႏွာလိုက္တာ မဟုတ္ပါဘူး ကိုယ့္မ်က္ႏွာက မင္းေလးရွိတဲ့အရပ္ကိုဘဲ မူတည္ေနေတာ့ အေနာက္ေတြ ေဘးက အရာေတြကို မျမင္မိ႐ုံပါ"

"အူဝါး အရမ္းေတြ တတ္ေနတယ္ေပါ့ တတ္ေနတဲ့ ကေလးႀကီးကို ဘာ ဆု ခ်ရင္ ေကာင္းမလဲ"


ရီေပၚက အဓိပၸါယ္ပါပါ တစ္ခ်က္ ၾကည့္လိုက္ေတာ့ ေရွာင္က်န့္က ရီေပၚ့ လက္ေမာင္းေတြကို ရိုက္ေတာ့တာဘဲ။ ရိုက္ခ်က္က သာမန္မဟုတ္။ အားေတြ ဘယ္က ရလာလဲ မသိဘူး။


ေရွာင္က်န့္က သူနဲ႕ လက္ထက္ခါစကလို မဟုတ္ေတာ့ဘူး။ အသားေလးေတြ ျပည့္လာတယ္။ အဲ့လို ျပည့္ေအာင္လဲ သူဘဲ ဂ႐ုစိုက္ခဲ့ရတာေလ။ ပါးေလး​ေတြဆို ေဖာင္းေနၿပီး ကိုယ္လုံးေလးလဲ ျပည့္လာတယ္။ ေန႕တိုင္းဖက္ေနက် ဆိုေတာ့ သူ႕ခႏၶာကိုယ္မွာ နဲနဲေလး ေျပာင္းလဲတဲ့ အရာကစ သတိထားမိတယ္။


"ဘာလို႔ ရိုက္ေနတာလဲ က်န့္ေလးရယ္ ကိုယ္ဘာေျပာရေသးလို႔လဲ"

"daddy အၾကည့္ကို မသိဘဲ ေနမလား"

"ဟားဟား က်န့္ေလးကေတာ့ လုပ္ၿပီ။ ကိုယ္က မင္းေလးနဲ႕ ႏွင္းစကိတ္ သြားစီးမယ္လို႔ ေျပာမလို႔"

"ဟုတ္လို႔လား"

"တကယ္ပါဆို"


မ်က္ခုံးေလး ႀကဳံ႕ကာ ေတြးေတြးဆဆ လုပ္ေနတဲ့ ပုံေလးက တကယ့္ကို ခ်စ္စရာေလးဗ်ာ။ ဒီကေလးနဲ႕ေတြ႕မွ ကိုယ္လဲ စေနာက္တတ္လာတယ္။ ပါးစပ္ကေနလဲ ခ်စ္ေၾကာင္းေတြ ဘယ္ႏွစ္ခါမွန္း မသိ ဆိုမိတယ္။


ေရွာင္က်န့္ ဆိုတဲ့ ကေလးက ကိုယ့္ဘဝထဲကို ေနာက္က်မွ ေရာက္လာေပမဲ့ အမ်ားႀကီး ေျပာင္းလဲ ေစခဲ့တာ ျဖစ္တယ္~~~

မဟုတ္ဘူး မဟုတ္ဘူး.........သူေလးကိုယ့္ဘဝထဲကို ဝင္လာမွ ကိုယ့္ဘဝေလးက ျပည့္စုံသြားတာလို႔ ေျပာရမလား~~~



^. ................^


Continue lendo

Você também vai gostar

91.5K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
153K 7.7K 16
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
52.8K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!
7.7K 1K 22
Jungkook Atlas Francis - Taehyung Rowan Elliot