နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၉၈

7.1K 1.5K 103
By Kay_Wine

{Zawgyi}

စိတ္ထဲမွာ အစီအစဥ္တစ္ခုရွိေနေတာ့ ပိုင္ရန္ အနည္းငယ္တည္ၿငိမ္လာသလို ခံစားလိုက္ရတယ္။ သူ နတ္ဆိုးဘုရင္ႀကီးကို ရွာကာ သူ႔အစီအစဥ္ကို အရင္ဆုံးေျပာျပၿပီး data packကိုယူဖို႔ က်ိဳးရင္ကို ေခၚကာ တိမ္လႊာပ်ံဝဲဂိုဏ္းကိုသြားရန္ ဆုံးျဖတ္လိုက္တယ္။

က်ိဳးရင္ အထက္ကိုတက္ရဖို႔ တစ္ခုတည္းေသာျပႆနာက : 'ရွဲ႕ဇီထ်န္းကို သတ္' ဆိုတာပဲ။ က်ီယြမ္ရဲ႕သတင္းမွာ ေျပာသြားတာက သူ ရွဲ႕ဇီထ်န္းကို သတ္လိုက္ႏိုင္သေ႐ြ႕ သူအထက္ကိုတက္ႏိုင္သလို ပိုင္ရန႔္ရဲ႕အလုပ္လည္း ၿပီးဆုံးသြားလိမ့္မယ္။ သို႔ေပမယ့္ ရွဲ႕ဇီထ်န္းကို သတ္ဖို႔ဆိုတာက သူ႔ကိုယ္သူ သတ္ရမယ္လို႔ ဆိုလိုတာပဲ၊ ၿပီးေတာ့ ဇာတ္ေကာင္တစ္ေယာက္ ေသသြားခဲ့ရင္ တကယ့္ဘဝမွာလည္း သူတို႔ေသသြားလိမ့္မယ္။ ဒါက အေတာ္ေလး ေဘးက်ပ္နံက်ပ္ျဖစ္ေစတယ္။

ေရွာင္လင္းလည္း ဒါကို ေတြးမိတယ္ "သခင္ေျပာသလို က်ိဳးရင္ အထက္ကိုတက္ဖို႔အတြက္က သခင့္ကို သတ္ရမယ္ဆို ဒါကို ဘယ္လိုလုပ္ၾကမလဲ?"

ပိုင္ရန္ ေျပာလိုက္တယ္ "ငါတို႔အခု ဒီအေပၚမွာ အေလာင္းအထပ္လုပ္ဖို႔ပဲ ရွိေတာ့တာေပါ့"

"ဒီအေပၚမွာ အေလာင္းအထပ္လုပ္မယ္?" ေရွာင္လင္း သိခ်င္သြားတယ္ "သခင့္မွာ အႀကံအစည္တစ္ခု ရွိတာလား?"

ပိုင္ရန္က ဟုတ္မွန္ေၾကာင္း အသံတစ္ခ်က္ျပဳကာ "ရွဲ႕ဇီထ်န္းကို သတ္ရမယ္ဆိုတဲ့အေျခအေနက အေတာ္ေလးမေရရာဘူး၊ ရွဲ႕ဇီထ်န္း တကယ္ေသရတာနဲ႔ က်ိဳးရင္,ဘက္က ရွဲ႕ဇီထ်န္း ေသၿပီလို႔ ထင္သြားတာနဲ႔က ကြဲျပားတဲ့အျမင္ႏွစ္ခုပဲ၊ တကယ္လို႔သာ ရွဲ႕ဇီထ်န္း တကယ္ေသရမယ့္အေျခအေနဆို ငါတို႔မွာ ေ႐ြးျခယ္စရာမရွိဘူး... ငါတို႔ရဲ႕ကံတရားကိုပဲ ႀကိတ္မွိတ္ၿပီးလက္ခံရမွာေပါ့၊ တကယ္လို႔ က်ိဳးရင္က သူ ရွဲ႕ဇီထ်န္းကို သတ္လိုက္ၿပီလို႔ ထင္သြားတဲ့ အေျခအေနဆိုရင္ေတာ့ ငါတို႔မွာ အသက္ရွင္ဖို႔ အခြင့္အေရးရွိေသးတယ္၊ အဲ့တာေၾကာင့္..."

"အဲ့တာေၾကာင့္?"

ပိုင္ရန္ အေရာင္ေတာက္ေနတဲ့ ေကာင္းကင္ႀကီးကို ေလးနက္တဲ့မ်က္ႏွာနဲ႔ ေမာ့ၾကည့္ကာ "အဲ့တာေၾကာင့္ ငါ့မွာ ေ႐ြးျခယ္စရာမရွိဘူး၊ ႀကိဳးစားၾကည့္ရမွာပဲ"

ျဖစ္ႏိုင္ေျခေတြအားလုံးကို ဖယ္ထုတ္ၿပီး ဒီတစ္ခုတည္းသာ အခြင့္အေရးရွိေတာ့တယ္။ ပိုင္ရန႔္မွာ ေ႐ြးျခယ္စရာ မရွိဘူး။

သူ႔ကိုယ္သူ ကံတရားအေပၚသာ ပုံအပ္ထားၿပီး အတတ္ႏိုင္ဆုံးႀကိဳးစားကာ 'က်ိဳးရင္က သူ ရွဲ႕ဇီထ်န္းကို သတ္လိုက္ၿပီဆိုတာ ယုံၾကည္သြားၿပီ'ဆိုတဲ့ အေျခအေနကို ယုံၾကည္သြားႏိုင္ဖို႔ကိုသာ ေ႐ြးထားလိုက္တယ္။

နဂါးႏိုင္ဓားက ေကာင္းကင္နဲ႔ေျမႀကီးၾကားမွာ မယွဥ္သာေလာက္ေအာင္ ႀကီးမားလာၿပီး ကမာၻႀကီးကိုျဖတ္ထြက္သြားမယ့္ ေကာင္းကင္ေထာက္တိုင္ႀကီးတစ္ခုလို ျဖစ္ေနတယ္။ [ T/N : like a pillar supporting the heavens မို႔လို႔ ေကာင္းကင္ေထာက္တိုင္လို႔ေရးထားတာပါေနာ္ အဟြတ္! ]

ဒီလိုမ်ိဳးႀကီးမားတဲ့အေျပာင္းအလဲက လူတိုင္းကို တုန္လႈပ္သြားေစတယ္။

ပိုင္ရန္ အံကိုႀကိတ္ကာ နဂါးႏိုင္ဓားဆီ အေျပးသြားလိုက္တယ္။

နဂါးႏိုင္ဓားက ဇာတ္လိုက္ရဲ႕ေ႐ႊေရာင္လက္ေခ်ာင္း ျဖစ္လာတဲ့အေၾကာင္းအရင္းက ဘာေၾကာင့္လဲဆိုရင္ သူက အေတာ့္ကိုအဆင့္ျမင့္တဲ့သူေတြကိုေတာင္မွ ယွဥ္ႏိုင္တဲ့ ေမွာ္လက္နက္တစ္မ်ိဳးျဖစ္ေနတာေၾကာင့္ပဲ။ ဒါက ဇာတ္လိုက္တစ္ေယာက္ ေသမ်ိဳးနယ္ေျမထဲ မေတာ္တဆျပဳတ္က်သြားခဲ့ခ်ိန္မွာ ေကာက္ယူခံခဲ့ရၿပီး သူ႔အစြမ္းရဲ႕ဆယ္ပုံတစ္ပုံကိုေတာင္ မသုံးႏိုင္ခဲ့ဘူး။ အခု ဇာတ္လိုက္က မဟာယနအဆင့္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီး နဂါးႏိုင္ဓားကို အျပည့္အဝသုံးႏိုင္ၿပီျဖစ္ကာ 'တစ္အေပါင္းတစ္က ႏွစ္ထက္ ပိုေကာင္းတယ္'ဆိုတဲ့ သက္ေရာက္မႈကို ဖန္တီးႏိုင္ခဲ့ၿပီး ကမာၻေျမကို တုန္ဟီးေစတယ္။

ပိုင္ရန္ အက်ဥ္းစခန္းကို မေရာက္ေသးခင္ နဂါးႏိုင္ဓားပတ္လည္က အဏုျမဴစြမ္းအင္ေပါက္ကြဲသလို အလင္းစက္ဝန္းတစ္ခုကို ျမင္လိုက္ရတယ္။ ႀကီးမားတဲ့ထိတ္လန႔္ဖြယ္ လႈိင္းလုံးႀကီးက နန္းေတာ္ႀကီးတစ္ခုလုံးကို ျဖတ္သန္းသြားၿပီး တစ္ခ်ိန္က ဂုဏ္သေရႀကီးျမတ္ခဲ့တဲ့နန္းေတာ္ႀကီးလည္း အလင္းတန္းေအာက္မွာ တစ္စစီျပန႔္က်ဲကုန္တယ္။

အလင္းတန္းနားမွာရွိတဲ့ နတ္ဆိုးမ်ိဳးႏြယ္ေလးေတြမွာ ေအာ္ဖို႔အခ်ိန္ေတာင္ မရွိလိုက္ဘဲ အလင္းစြမ္းအင္ေၾကာင့္ အရည္ေပ်ာ္က်ကုန္တယ္။

ပိုင္ရန႔္လို အင္အားႀကီးမားတဲ့သူေတာင္မွ ထိတ္လန႔္ဖြယ္လႈိင္းေၾကာင့္ ေျခလွမ္းအေတာ္ဆုတ္လိုက္ရၿပီး ဒါကို ေတာင့္ခံႏိုင္ဖို႔ သူ႔ရဲ႕ေမွာ္အစြမ္းကို အတင္းအက်ပ္ထုတ္သုံးေနရတယ္။

သုံးစကၠန႔္အၾကာမွာ အလင္းတန္း ေပ်ာက္ကြယ္သြားတယ္။ ထာဝရအေမွာင္ထုနန္းေတာ္ႀကီးလည္း မရွိေတာ့ဘဲ ထိုေနရာမွာ က်ိဳးပဲ့ေနတဲ့အုတ္ႂကြပ္အရႈပ္အေထြးေတြသာ က်န္ရစ္ခဲ့တယ္။

ဒဏ္ရာရသြားတဲ့အေစာင့္ေတြက အပ်က္အစီးေတြၾကားမွာ ေအာ္ဟစ္ျမည္တမ္းေနၾကတယ္။

ကမာၻပ်က္ကိန္းဆိုက္သလို ျမင္ကြင္းက ပိုင္ရန႔္ကို ထိတ္လန႔္သြားေစတယ္။ အေစာင့္ေတြရဲ႕ေအာ္သံေတြေၾကာင့္ မဟုတ္ဘဲ ကမာၻႀကီးပ်က္ဆီးဖို႔ နီးကပ္လာတာကို ရင္ဆိုင္ေနရတဲ့အခါ သူ႔အတြက္ အေရးပါဆုံးလူအနည္းငယ္မွအပ ဘယ္သူ႔ရဲ႕ေအာ္သံကမွ ပိုင္ရန႔္ကိုလႈပ္လႈပ္ရွားရွားမျဖစ္ေစဘူး။ ဘာေၾကာင့္လဲဆို က်ိဳးရင္က ဒီေလာက္ထိ ျပႆနာႀကီးရွာလိုက္တဲ့အခါ နတ္ဆိုးဘုရင္ႀကီးအတြက္ သူ႔ကိုဆက္ၿပီး ကာကြယ္ေပးဖို႔ဆိုတာ ခက္သြားလိမ့္မယ္။

ထာဝရအေမွာင္ထုနန္းေတာ္ဆိုတာ နတ္ဆိုးနယ္ေျမရဲ႕သေကၤတျဖစ္တယ္။ ဒါကို ဖ်က္ဆီးလိုက္တာက တစ္ကမာၻလုံးေရွ႕မွာ အေမရိကန္က အိမ္ျဖဴေတာ္ကို ဖ်က္ဆီးျပလိုက္တာပဲ။ နတ္ဆိုးဘုရင္ႀကီးက က်ိဳးရင္ကို သြားခြင့္ေပးဖို႔ သေဘာတူလိုက္ရင္ေတာင္မွ က်န္ရွိတဲ့နတ္ဆိုးအႏြယ္ဝင္ေတြက ထပ္တူလုပ္ေပးႏိုင္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။

ေနာက္ၿပီးအခု က်ိဳးရင္ရဲ႕အသက္က သူ႔တစ္ေယာက္တည္းနဲ႔ သက္ဆိုင္ေန႐ုံတင္မက နတ္ဆိုးဘုရင္ႀကီးေရာ က်ီယြမ္နဲ႔ပါ သက္ဆိုင္ေနၿပီ။ ဘာႀကီးပဲျဖစ္ေနေန သူေသသြားလို႔မရဘူး။

နဂိုက ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီးဆီသြားကာ သူတို႔ကို တိမ္လႊာပ်ံဝဲဂိုဏ္းဆီ သြားခြင့္ေတာင္းဖို႔ ႀကံ႐ြယ္ခဲ့ေပမယ့္ အခုကေတာ့ မျဖစ္ႏိုင္ေတာ့တဲ့ပုံေပၚတယ္။

နဂါးႏိုင္ဓားေပ်ာက္ကြယ္သြားတဲ့ ဦးတည္ဘက္ဆီကို ပိုင္ရန္ဆက္သြားလိုက္တယ္။

သူ႔အျပင္ မ်ားစြာေသာ နတ္ဆိုးအႏြယ္ေတြကလည္း ထိုေနရာကို အေျပးအလႊားသြားေနၾကတယ္။

ပိုင္ရန္ အရွိန္ကိုျမႇင့္ကာ အက်ဥ္းစခန္းရဲ႕အေပၚပိုင္းဆီ ကူးေျပာင္းၿပီးသြားလိုက္တယ္။ သူ ေအာက္ကို ေျပးဆင္းေနရင္ 'က်ိဳးရင္!'ဆိုၿပီးလည္း ေအာ္ေခၚေနမိတယ္။

က်ိဳးေၾကသံေတြနဲ႔ လိမ့္ဆင္းလာတဲ့ေက်ာက္ခဲေတြၾကား ေက်ာက္ပုံထဲကေန နာက်င္ေနတဲ့ပုံစံနဲ႔ ေခါင္းအစေျခအဆုံး ခ်ဳံးခ်ဳံးက်ၿပီး က်ိဳးရင္,တြားသြားကာ ထြက္လာတယ္။

သူက နဂါးႏိုင္ဓားကိုကိုင္ထားၿပီး ဇေဝဇဝါျဖစ္ေနပုံလည္းေပၚတယ္။

"က်ိဳးရင္ အဆင္ေျပရဲ႕လား?" ပိုင္ရန္ သူ႔ေဘးမွာရပ္ကာ အေျခအေနကို အကဲခတ္လိုက္တယ္။

သူ႔ကိုျမင္ေတာ့ ခဏေလးေတြးေတာေနၿပီး တိုးဖြဖြေခၚလာတယ္ "...ပါး?"

ပိုင္ရန္ မတတ္သာစြာ ခါးသက္သက္ရယ္လိုက္မိတယ္။ ေနာက္ဆုံး ဒီလိုေသေရးရွင္ေရးအခ်ိန္က်မွ သူ႔ကို ပါးလို႔ ေခၚလာၿပီေပါ့။

"ဒါက ဘာလို႔ျဖစ္သြားရတာလဲ?" က်ိဳးရင္က အေျခအေနကို နားမလည္ေသးဘဲ အကူအကယ္မဲ့စြာ ေျပာလာတယ္ "ကြၽန္ေတာ္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္လိုက္တာ မဟုတ္ပါဘူး"

"ငါသိတယ္" ပိုင္ရန္ သူ႔ပုခုံးကို ပုတ္ကာ "သြားစို႔"

က်ိဳးရင္က မဟာယနအဆင့္ကို ေက်ာ္ျဖတ္ၿပီး နဂါးႏိုင္ဓားကို အျပည့္အဝအသုံးခ်ကာ ထာဝရအေမွာင္ထုနန္းေတာ္ႀကီးကို ဖ်က္ဆီးလိုက္ၿပီ။ ဒါက သူလုပ္ခ်င္လို႔ဆိုၿပီး မဟုတ္ေပမယ့္ သူ႔ေၾကာင့္ျဖစ္ခဲ့ရတာ။ ဒါက ရည္႐ြယ္ခ်က္ရွိရွိလုပ္တာ မဟုတ္ဘူးဆို႐ုံနဲ႔ တျခားသူေတြက သူ႔ကို ဒီတိုင္းလႊတ္ေပးလိုက္မွာ မဟုတ္ဘူး။

"ငါတို႔သြားၾကမယ္" သူ က်ိဳးရင္ကို ဆြဲထူၿပီး အျပင္ဘက္ကို စတင္ထြက္ခြာလိုက္တယ္။ တကယ္လို႔ တျခားသူေတြ ေရာက္လာၿပီး သူတို႔အစြမ္းေတြအားလုံးရဲ႕ ဝိုင္းလာမယ္ဆိုရင္ ဒီေန႔ပဲ အဆုံးသတ္သြားလိမ့္မယ္။

အပ်က္အစီးပုံေတြရဲ႕အထက္မွာ အနက္ေရာင္တိမ္ထုႀကီးေတြ ႐ုတ္တရက္ ေပၚထြက္လာတယ္။

"ဘယ္သြားမွာလဲ?" တလိပ္လိပ္တက္ေနတဲ့ ေမွာ္စြမ္းအင္ေတြအလယ္ကေန ပုံရိပ္တစ္ခုက ျဖည္းျဖည္းခ်င္း ဆင္းသက္လာတယ္။

ပိုင္ရန္ ေတြးေတာင္မေတြးႏိုင္ေတာ့ဘဲ က်ိဳးရင္ကို ဆြဲမကာ တျခားလားရာဘက္ကို လွည့္ေျပးလိုက္ေပမယ့္ သူတို႔ေနာက္မွာတင္ အရပ္ရွည္ရွည္ပုံရိပ္တစ္ခု ထြက္ေပၚလာၿပီး သူတို႔လမ္းကို ပိတ္ဆို႔လိုက္တယ္။

"ရွဲ႕ဇီထ်န္း ခင္ဗ်ား တကယ္ႀကီး က်ိဳးရင္နဲ႔ ထြက္ေျပးရဲတယ္?" သူတို႔ေရွ႕မွာ ဟြာေဖးဟြားက ေအးစက္စြာစိုက္ၾကည့္ေနၿပီး သူ႔ရဲ႕လွပတဲ့မ်က္လုံးေတြထဲမွာ လူသတ္လိုတဲ့အေငြ႕အသက္တစ္ခု ပါဝင္ေနတယ္။

"ရွဲ႕ဇီထ်န္း က်ိဳးရင္၊ ဘာေၾကာင့္ အရႈံးေပးၿပီး အဖမ္းခံရမွာကို မေစာင့္တာလဲ!" ေက်ာင္ရႈိ႕ရဲ႕ အင္အားႀကီးတဲ့အသံႀကီးပါ ထြက္ေပၚလာတယ္။

ေသမ်ိဳးကမာၻထဲေရာက္ေနတဲ့ ေလာ့က်န္းဖန္းကလြဲရင္ နတ္ဆိုးနယ္ေျမထဲက ႀကီးျမတ္တဲ့ကာကြယ္သူေလးေယာက္လုံး ရွိေနၾကတယ္။

အခုသူ႔မွာ ေျပးစရာေျမမရွိေတာ့ဘူးဆိုတာ ပိုင္ရန္သိလိုက္တယ္။ အံကိုႀကိတ္ကာ ရပ္လိုက္ၿပီး သူ႔အသံကို က်ိဳးရင္ဆီ ပို႔လႊတ္လိုက္တယ္ "ငါ သူတို႔ကို ေနာက္မွာ ကာထားမယ္၊ မင္းက အခြင့္အေရးတစ္ခုရွာၿပီး လြတ္ေအာင္ေျပး"

က်ိဳးရင္ စိုးရိမ္သြားတယ္ "ပါး..."

"မေၾကာက္နဲ႔၊ မင္း လြတ္သြားရင္ ငါလည္း အခြင့္အေရးတစ္ခု ရွာလို႔ရမွာပဲ... ငါတို႔ေတြ တိမ္လႊာပ်ံဝဲဂိုဏ္းမွာ ျပန္ေတြ႕မယ္၊ နားလည္လား?"

ဒီစကားလုံးေတြ ေျပာၿပီးတာနဲ႔ ပိုင္ရန႔္ခႏၶာကိုယ္ထဲက ေမွာ္စြမ္းအင္ေတြအားလုံး ထြက္ေပၚလာၿပီး အေနာက္မွာရွိတဲ့ ေက်ာင္ရႈိ႕ဆီ ဦးတည္သြားေတာ့တယ္။

ေက်ာင္ရႈိ႕က ဟြာေဖးဟြားလိုမ်ိဳး ဉာဏ္မေျပးတာေၾကာင့္ ပိုင္ရန႔္ဘက္က ႐ုတ္တရက္ႀကီး အလစ္အငိုက္ဖမ္းလာလိမ့္မယ္လို႔ ထင္မထားခဲ့ဘူး။ သတိလက္လြတ္ျဖစ္သြားကာ ေနာက္ဆုတ္လိုက္ရတယ္။

က်ိဳးရင္ကလည္း လ်င္ျမန္စြာ တုံ႔ျပန္ၿပီး သူ႔ခႏၶာကိုယ္က အလင္းတန္းတစ္ခုအျဖစ္ ေျပာင္းလဲသြားကာ ဘယ္သူမွရွိမေနတဲ့ဘက္ကို ဦးတည္လိုက္တယ္။

"မင္းကိုယ္မင္း ဘယ္ေျပးေနတယ္လို႔ ထင္ေနတာလဲ?" ဟြာေဖးဟြားက တစ္ခ်ိန္လုံးမ်က္လုံးေတြကို ျဖန႔္က်က္ထားတာေၾကာင့္ အေနာက္ကေန အေျပးအလႊားလိုက္ေပမယ့္ ပိုင္ရန႔္ရဲ႕ တားဆီးျခင္းကို ခံလိုက္ရတယ္။

ဟြာေဖးဟြား ေဒါသတႀကီးေျပာလိုက္တယ္ "ရွဲ႕ဇီထ်န္း ခင္ဗ်ား ဘာလုပ္ေနတယ္ဆိုတာ သိရဲ႕လား?"

ပိုင္ရန္ "ေသခ်ာေပါက္ သိတာေပါ့"

သူတို႔ တိုက္ခိုက္ေနၾကရင္း ဟြာေဖးဟြား ေျပာလာတယ္ "ခင္ဗ်ားက အရွင္ႀကီးကို သစၥာေဖာက္တာလား?"

ေက်ာင္ရႈိ႕ကလည္း သတိဝင္လာၿပီး တိုက္ခိုက္မႈမွာ ပူးေပါင္းလာတာေၾကာင့္ ႐ုတ္တရက္ ႏွစ္ေယာက္တြဲဖိအားက ပိုင္ရန႔္ေပၚ က်ေရာက္လာတယ္။

ပညာရွင္ႏွစ္ေယာက္ရဲ႕ တိုက္ခိုက္ျခင္း ခံရတာေၾကာင့္ သူ ၾကာၾကာထိန္းထားႏိုင္မွာမဟုတ္ဘူးဆိုတာ သိတယ္။ ထြက္သြားႏိုင္ဖို႔အတြက္ က်ိဳးရင္ကို လိမ္လိုက္တာသာျဖစ္တယ္။ သူ ဟြာေဖးဟြားနဲ႔ ေက်ာင္ရႈိ႕တို႔ကို တိုက္ခိုက္ေနရင္း က်ိဳးရင္ထြက္ေျပးတဲ့ဆီကိုသာ မ်က္လုံးေတြေရာက္ေနတယ္။ ပ်က္ဆီးသြားၿပီျဖစ္တဲ့ နန္းေတာ္ဂိတ္တံခါးဆီကို ေျပးသြားေနၿပီး ထြက္သြားႏိုင္ဖို႔ ေျခတစ္လွမ္းသာ လိုေတာ့တယ္ဆိုတာကို ျမင္လိုက္ရတယ္။

ထိုအခ်ိန္မွာတင္...

တစ္ဖက္ျခမ္းက လက္တစ္ဖက္ ထြက္လာၿပီး က်ိဳးရင္ရဲ႕ လည္ပင္းကို ဖမ္းခ်ဳပ္လိုက္တယ္။

ပိုင္ရန္ တုန္လႈပ္သြားတာေၾကာင့္ အပ်က္အဆီးပုံထဲ ဟြာေဖးဟြား သူ႔ကို ႐ိုက္ခ်ႏိုင္ဖို႔ လမ္းဖြင့္ေပးလိုက္သလို ျဖစ္သြားတယ္။

သူ ႐ုန္းကန္ၿပီး လွိမ့္ထြက္လိုက္ရတယ္။

ဟြာေဖးဟြားနဲ႔ ေက်ာင္ရႈိ႕တို႔လည္း တိုက္ခိုက္ေနရာက ရပ္သြားတယ္။

နတ္ဆိုးဘုရင္ႀကီးက က်ိဳးရင္ကို ဖမ္းကိုင္ထားၿပီး သူတို႔နားကို ေရာက္လာတယ္။

နတ္ဆိုးဘုရင္ႀကီးက တည္ၾကည္ေလးနက္တဲ့အနက္ေရာင္နဂါးပုံ ထိုးထားတဲ့ဝတ္႐ုံကို ဝတ္ဆင္ထားကာ ဇာတ္လိုက္ကို ၾကက္ေပါက္ေလးတစ္ေကာင္ ကိုင္ထားသလိုမ်ိဳး ဖမ္းခ်ဳပ္ထားတယ္။ တစ္လွမ္းခ်င္းစီ ပိုင္ရန႔္နားကို ျဖည္းျဖည္းခ်င္း ေရာက္ရွိလာတယ္။

ေလမတိုက္ဘဲနဲ႔ေတာင္ သူ႔ဝတ္႐ုံေတြက တဖ်ပ္ဖ်ပ္လြင့္လူးေနၿပီး အနက္ေရာင္ေမွာ္အစြမ္းေတြကလည္း ေလထဲမွာ မီးခိုးလိုမ်ိဳး လြင့္ေျမာေနတယ္။ သူ႔သခင္ရဲ႕စိတ္အေျခအေနသာ မဆိုစေလာက္ေလးေျပာင္းလဲသြားမယ္ဆိုရင္ ထိုေမွာ္စြမ္းအင္က သူ႔သခင္ကိုေဒါသထြက္ေအာင္လုပ္တဲ့ သားေကာင္ကို ခုန္အုပ္လိုက္ႏိုင္တဲ့ ေဒါသႀကီးတဲ့သားရဲႀကီးတစ္ေယာက္လို ေျပာင္းသြားႏိုင္တယ္။

ပိုင္ရန္ သူ႔ကိုယ္သူ အားတင္းၿပီးရပ္လိုက္ကာ အံကို တင္းတင္းႀကိတ္ထားတယ္ "အရွင္ႀကီး..."

နတ္ဆိုးဘုရင္ႀကီး ထြက္ေပၚလာတာေၾကာင့္ ဟြာေဖးဟြားနဲ႔ ေက်ာင္ရႈိ႕တို႔ေတြ ေဘးကပ္ေပးလိုက္ၾကတယ္။

နတ္ဆိုးဘုရင္ႀကီးက မြန္းက်ပ္လုနီးနီးျဖစ္ေနတဲ့ က်ိဳးရင္ကို ေျမႀကီးေပၚ ပစ္ခ်လိုက္တယ္။ မဟာယနအဆင့္ကို ျဖတ္ေက်ာ္လို႔အၿပီးမွာ နတ္ဆိုးဘုရင္ႀကီးထံ ၾကက္ေပါက္ေလးတစ္ေကာင္လိုမ်ိဳး အဖမ္းခံလိုက္ရတယ္ဆိုတာ သူ႔အတြက္ ယုံရခက္လွတယ္။ အဓိကအေၾကာင္းျပခ်က္က သူက နဂါးႏိုင္ဓားကို ခုေလးတင္မွ အျပည့္အဝအသုံးခ်ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕စိတ္စြမ္းအင္အမ်ားႀကီး သုံးလိုက္ရတယ္။ သူ႔ခႏၶာကိုယ္ထဲမွာ မရွိသေလာက္ျဖစ္သြားၿပီး နတ္ဆိုးဘုရင္ႀကီး ေပၚထြက္လာတာကလည္း ႐ုတ္တရက္ဆန္လြန္းတာေၾကာင့္ သူ မတုံ႔ျပန္ႏိုင္လိုက္ဘူး။

"အရွင္ႀကီး..." ဟြာေဖးဟြား ပါးစပ္ကိုဖြင့္ဟလိုက္ေပမယ့္ နတ္ဆိုးဘုရင္ႀကီးက လက္တစ္ဖက္ေျမႇာက္ကာ တားလာတယ္။

နတ္ဆိုးဘုရင္ႀကီးအၾကည့္က ပိုင္ရန္နဲ႔ က်ိဳးရင္ၾကားမွာ လူးလာေခါက္တုံ႔သြားေနတယ္။ ခဏအၾကာမွာ သူက "ဘာလုပ္ဖို႔ စီစဥ္ထားတာလဲ?"

သူက ဒါကိုေျပာေနရင္း ပိုင္ရန႔္ကို စိုက္ၾကည့္ေနတယ္။

ပိုင္ရန္ "..."

သူ ဘာလုပ္ဖို႔ စီစဥ္ထားတာလဲ?

သူ႔မွာ ေ႐ြးျခယ္စရာ တစ္ခုရွိတာလား?

ပိုင္ရန္ သူ႔ဖာသာ ခါးသက္သက္ရယ္ေမာၿပီး စကားမေျပာခင္ အသက္ကို ျပင္းျပင္းတစ္ခ်က္ရႈသြင္းလိုက္တယ္ : "အရွင္ႀကီး၊ က်ိဳးရင္ရဲ႕အသက္ကို ခ်မ္းသာေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္"

"မျဖစ္ႏိုင္တာ!" ဟြာေဖးဟြားနဲ႔ ေက်ာင္ရႈိ႕တို႔ တၿပိဳက္နက္တည္း ထုတ္ေအာ္မိၾကတယ္။

သူတို႔အေနာက္မွာ မေရမတြက္ႏိုင္တဲ့အေစာင့္ေတြကလည္း တျဖည္းျဖည္းနီးကပ္လာၿပီး ပိုင္ရန္နဲ႔ က်ိဳးရင္တို႔ကို အလယ္မွာ ေခ်ာင္ပိတ္ထားတယ္။

သူတို႔မ်က္လုံးေတြထဲက အၾကည့္အရ ပိုင္ရန႔္ရဲ႕ေတာင္းဆိုခ်က္ကို သေဘာတူၾကပုံ မေပၚဘူး။

ဒါက ေတြးၾကည့္မယ္ဆို ဘယ္သူက သေဘာတူမွာလဲ?

ဒီေတာင္းဆိုခ်က္က မ်ားလြန္းတယ္ဆိုတာ ပိုင္ရန္သိေပမယ့္ ကိစၥေတြက ျဖစ္လာၿပီဆိုမွေတာ့ ႀကိဳးစားၾကည့္႐ုံသာ တတ္ႏိုင္တယ္။

"အရွင္ႀကီး" သူ ခဏေလာက္ေတြးၾကည့္ကာ နတ္ဆိုးဘုရင္ႀကီးကို ေသခ်ာစိုက္ၾကည့္ကာ အေလးအနက္ထားၿပီး ေျပာလိုက္တယ္ "က်ိဳးရင္က ကြၽန္ေတာ္တို႔ရဲ႕အသက္ေတြနဲ႔ ဆက္ႏြယ္ေနပါတယ္၊ သူ အသက္ရွင္ၿပီး အထက္ကို တက္မွရမယ္"

နတ္ဆိုးဘုရင္ႀကီး ဘာမွမေျပာလာဘူး။

ဟြာေဖးဟြား မ်က္ေမွာင္ၾကဳတ္ကာ "ရွဲ႕ဇီထ်န္း၊ မင္းလက္နဲ႔ က်ိဳးရင္ကို သတ္မယ္ဆိုရင္ အရွင္ႀကီးက မင္းကို အသက္ခ်မ္းသာေပးႏိုင္ေလာက္တယ္... လမ္းမွားလိုက္ၿပီး ဒီလိုကိစၥေတြကို မရမကလိုက္လုပ္ေနတာ ရပ္ဖို႔ မင္းကို အႀကံေပးခ်င္တယ္!"

"အရွင္ႀကီး၊ ကြၽန္ေတာ္ အမွန္တိုင္းေျပာတာပါ! အရွင္ႀကီးဆီမွာ အမွန္တရားေၾကးမုံရွိတယ္ေလ၊ ကြၽန္ေတာ္ ေၾကးမုံေရွ႕မွာ ကတိျပဳႏိုင္ပါတယ္" ပိုင္ရန္ က်ယ္ေလာင္စြာ ေျပာလိုက္တယ္။

ဒီအေျခအေနမွာ သူတို႔လြတ္ေျမာက္ႏိုင္ဖို႔က နတ္ဆိုးဘုရင္ႀကီး သူတို႔ကို လႊတ္ေပးဖို႔ တစ္နည္းသာရွိေတာ့တယ္။

ေနာက္ၿပီး ထိုသို႔ျဖစ္လာဖို႔ဆိုတာကလည္း နတ္ဆိုးဘုရင္ႀကီး သူတို႔ကို ယုံၾကည္ေပးမွပဲရမယ္။

နတ္ဆိုးဘုရင္ႀကီး ခဏေလာက္ အသံတိတ္သြားတယ္။ သူလက္ကို အနည္းငယ္ေျမႇာက္လိုက္တဲ့အခါ လက္ဖဝါးေပၚမွာ ေၾကးမုံအေသးေလးတစ္ခု ေပၚလာတယ္။

"မင္း အခုေလးတင္ ေျပာခဲ့တာက အမွန္တရားပါလို႔ ကိုယ္ေတာ့္ကို အာမခံႏိုင္လား?" သူ အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္။

ပိုင္ရန္ ခ်က္ခ်င္းပဲ က်ယ္က်ယ္ေလာင္ေလာင္ ေျဖေပးလိုက္တယ္ "ကြၽန္ေတာ္ အခုေလးတင္ ေျပာခဲ့တာက အမွန္တရားပါဆိုတာကို အာမခံေပးႏိုင္ပါတယ္"

လူတိုင္းရဲ႕မ်က္လုံးေတြေအာက္မွာ ေၾကးမုံက ဘာတုံ႔ျပန္မႈမွ ထြက္မလာဘူး။

ေက်ာင္ရႈိ႕နဲ႔ တျခားသူေတြက ဘာျဖစ္ေနမွန္း မသိၾကေပမယ့္ ဟြာေဖးဟြားကေတာ့ အမွန္တရားေၾကးမုံကို ရွာလာခဲ့တဲ့သူျဖစ္တယ္။ ထိုကေန ဘာတုံ႔ျပန္မႈမွ မရလာတာကိုျမင္ေတာ့ သူ မေနႏိုင္ေတာ့ဘဲ မ်က္ေမွာင္ၾကဳတ္မိသြားတယ္။

"ေကာင္းၿပီေလ၊ ကိုယ္ေတာ္ က်ိဳးရင္ကို မသတ္ဘူး" နတ္ဆိုးဘုရင္ႀကီး ေျပာလိုက္တယ္။

"အရွင္ႀကီး!" ေက်ာင္ရႈိ႕ လန႔္သြားသလို တျခားသူေတြလည္း ပင့္သက္ရႈိက္ကုန္တယ္။ နတ္ဆိုးဘုရင္ႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို တစ္ေယာက္မွ နားမလည္ၾကဘူး။

"အရွင္ႀကီး သူ႔ကို အသက္ခ်မ္းသာေပးလိုက္လို႔ မရပါဘူး၊ ကြၽန္ေတာ္မ်ိဳးရဲ႕ ညီအစ္ကိုေတြ ဒီမွာ ေသသြားၾကတာပါ၊ အရွင္ႀကီး သူ႔ကို သြားခြင့္ေပးလိုက္လို႔ မရပါဘူး!" ေသးႏုပ္တဲ့အေစာင့္တစ္ေယာက္က အေဝးတစ္ေနရာကေန မ်က္လုံးေတြ နီရဲကာ ေအာ္လာတယ္။

သူ႔ေအာ္သံေၾကာင့္ ေနာက္ထပ္လူေတြအမ်ားႀကီး ေျမႀကီးေပၚဒူးေထာက္ကာ ေအာ္ဟစ္လာၾကတယ္ "ဒီဆုံးျဖတ္ခ်က္ကို ျပန္႐ုတ္သိမ္းဖို႔ အရွင္ႀကီးကို ကြၽန္ေတာ္မ်ိဳးတို႔ ေတာင္းဆိုပါတယ္"

ပိုင္ရန္ တစ္ဖန္စိတ္လႈပ္ရွားလာၿပီး ဒီေန႔ ထြက္သြားႏိုင္ဖို႔က ခက္ခဲလိမ့္မယ္ဆိုတာ သိေနတယ္။

ေတာ္ေသးတာက သူ႔မွာ တစ္စုံတစ္ရာ က်န္ေနေသးတယ္။

"အရွင္ႀကီး ကြၽန္ေတာ္တို႔ကို သြားခြင့္ေပးမယ္ဆိုရင္ ကြၽန္ေတာ္ ေနာက္ဆုံးက်န္တဲ့နယ္ေျမတိုင္ရဲ႕ တည္ေနရာကို ေျပာျပေပးပါ့မယ္" ပိုင္ရန္ သူ႔အသံကို ျမႇင့္လိုက္တယ္။ ဒါက နတ္ဆိုးဘုရင္ႀကီးေရာ တျခားသူေတြပါ ၾကားေစဖို႔အတြက္ျဖစ္တယ္။

နယ္ေျမတိုင္ဆိုတဲ့စကားက ဟြာေဖးဟြားနဲ႔ ေက်ာင္ရႈိ႕တို႔ရဲ႕အမူအယာကို ေလးနက္သြားေစတယ္။

"ခင္ဗ်ားတကယ္ပဲ ေနာက္ဆုံးက်န္တဲ့ နယ္ေျမတိုင္ရဲ႕တည္ေနရာကို သိတာလား?" ေက်ာင္ရႈိ႕ မေနႏိုင္ေတာ့ဘဲ ေမးမိတယ္။

ပိုင္ရန္ ေခါင္းၿငိတ္ျပကာ သူ႔ေဘးနားတစ္ဝိုက္ကိုၾကည့္ၿပီး ေျပာလိုက္တယ္ "နယ္ေျမတိုင္ရဲ႕တည္ေနရာကို က်ိဳးရင္ရဲ႕အသက္နဲ႔ အလဲအလွယ္လုပ္ခ်င္ပါတယ္၊ ဒါဆိုရင္ေရာ ဘယ္လိုလဲ?"

နယ္ေျမတိုင္ရဲ႕အေရးပါအရာေရာက္မႈက သာမန္ထက္ေက်ာ္လြန္တယ္။

႐ုတ္ျခည္းဆိုသလို ပတ္ပတ္လည္ကလူေတြလည္း အခ်င္းခ်င္းတီးတိုးဆိုကုန္ၾကတယ္။

"ေကာင္းၿပီေလ ကိုယ္ေတာ္ သေဘာတူတယ္၊ မင္းက နယ္ေျမတိုင္ရဲ႕တည္ေနရာကို ကိုယ္ေတာ့္ဆီမွာ ေျပာျပတာနဲ႔ ကိုယ္ေတာ္ က်ိဳးရင္ကို သြားခြင့္ေပးမယ္" နတ္ဆိုးဘုရင္ႀကီး ေျပာလိုက္တယ္။ အစကေန အဆုံးထိ သူ႔မ်က္ႏွာေပၚမွာ အမူအယာမ်ားမ်ားစားစား မရွိဘူး။ ေဒါသမထြက္သလို စိတ္လည္းလႈပ္ရွားမေနဘဲ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို ဘယ္သူမွ ယိုင္နဲ႔သြားေအာင္ မလုပ္ႏိုင္တဲ့ပုံေပၚတယ္။

ဒီေတာ့မွသာ ပိုင္ရန္ သက္ျပင္းခ်လိုက္ရတယ္။

"အရွင္ႀကီး!" တခ်ိဳ႕ေသာ နတ္ဆိုးအႏြယ္ဝင္ေတြကေတာ့ သေဘာမတူၾကတာ အရွင္းသားႀကီးပဲ။

နတ္ဆိုးဘုရင္ႀကီးက သူတို႔ကို ေအးတိေအးစက္ စိုက္ၾကည့္ကာ သူတို႔ရဲ႕မေက်မခ်မ္းျဖစ္ေနတာေတြကို ဖိႏွိပ္လိုက္တယ္။

အရာအားလုံးက လ်င္ျမန္စြာ တိတ္ဆိတ္သြားရတယ္။

နတ္ဆိုးဘုရင္ႀကီး ျပန္လွည့္လာၿပီး ပိုင္ရန္နဲ႔ က်ိဳးရင္ကို အုပ္မိုးကာ ေျပာလိုက္တယ္ "ဒါဆိုလည္း ေကာင္းၿပီ၊ ေနာက္ဆုံး နယ္ေျမတိုင္က ဘယ္မွာလဲ?"

ေလထုအလယ္မွာ ေငြေရာင္အမွန္တရားေၾကးမုံေလးက လြင့္ေျမာေနၿပီး အနည္းငယ္အေရာင္လဲ့ေနတယ္။ ဒါက ေမွာ္စြမ္းအင္ႏိုးထေနၿပီး အမွန္တရားနဲ႔ အလိမ္အညာေတြအားလုံးကို ခြဲျခားဖို႔အသင့္ျဖစ္ေနၿပီဆိုတဲ့ သေကၤတပဲျဖစ္တယ္။

ပိုင္ရန္ သက္ျပင္းတစ္ခ်က္ရႈိက္သြင္းၿပီး ေၾကးမုံဆီကို ေျပာလိုက္တယ္ "ေနာက္ဆုံးနယ္ေျမတိုင္က တိမ္လႊာပ်ံဝဲဂိုဏ္းဆီမွာ"

တိမ္လႊာပ်ံဝဲဂိုဏ္း!

လူတိုင္း ႐ူးသြပ္ကုန္ၾကတယ္။

က်ိဳးရင္,ေတာင္မွ ပိုင္ရန႔္ကို အလန႔္တၾကား စိုက္ၾကည့္လာတယ္။

"မျဖစ္ႏိုင္တာ! အရွင္ေလာ့က တိမ္လႊာပ်ံဝဲဂိုဏ္းမွာ လုပ္လာတာ ႏွစ္ေပါင္းမနည္းေတာ့ဘူး ဒါေပမယ့္ နယ္ေျမတိုင္နဲ႔ပက္သက္လို႔ ဘာဆိုဘာမွ ရွာမေတြ႕ခဲ့ဘူးေလ" ဟြာေဖးဟြားက သူ႔ရဲ႕သံသယေတြကို ခ်က္ခ်င္း ထုတ္ျပလာၿပီး တစ္ခ်ိန္တည္းမွာပဲ ေၾကးမုံကို ေမာ့ၾကည့္လိုက္တယ္။

ေၾကးမုံမ်က္ႏွာျပင္မွာ ဘယ္သူ႔ပုံရိပ္မွာ ေရာင္ျပန္ဟပ္မလာတာေၾကာင့္ ပိုင္ရန္က အမွန္တိုင္းေျပာေနတာလို႔ ဆိုလိုတာပဲ။

"အရွင္ႀကီး နယ္ေျမတိုင္ရဲ႕တည္ေနရာကို ေျပာျပၿပီးၿပီမို႔ ကြၽန္ေတာ္တို႔ကို အခု သြားခြင့္ျပဳပါၿပီလား?" သူ႔နားတစ္ဝိုက္မွာ ေဆြးေႏြးေနၾကတာေတြကို လ်စ္လ်ဴရႈၿပီး ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီးကို စိတ္အားထက္သန္စြာ ေမးလိုက္တယ္။

"အရွင္ႀကီး သူတို႔ကို သြားခြင့္ေပးလိုက္လို႔ မရဘူး!" ဝိုင္းထားၾကတဲ့ နတ္ဆိုးအႏြယ္ဝင္ေတြက ေဒါသတႀကီး လက္သီးလက္ေမာင္းတန္းလာၾကတယ္။ တစ္စုံတစ္ေယာက္ကလည္း က်ယ္ေလာင္စြာ ထေအာ္တယ္ "သစၥာေဖာက္! သစၥာေဖာက္ကို သတ္!"

နတ္ဆိုးဘုရင္ႀကီး သူတို႔ဘက္ကိုလွည့္ကာ စိုက္ၾကည့္လိုက္တဲ့အတြက္ တစ္စုံတစ္ေယာက္က သူတို႔ကို ႐ိုက္လိုက္တဲ့အတိုင္း တုန္လႈပ္သြားၿပီး ေနာက္ထပ္ မေျပာရဲၾကေတာ့ဘူး။

သူ႔အၾကည့္က ဓားတစ္လက္လို ထက္ျမေနၿပီး လူတိုင္းရဲ႕ခႏၶာကိုယ္ကို လွီးျဖတ္သြားသလိုပဲ။ တစ္ေယာက္မွ မ်က္လုံးခ်င္း မဆုံရဲၾကဘူး။

ဒါက နတ္ဆိုးနယ္ေျမက ဘုရင္တစ္ပါးရဲ႕ အာဏာပဲ။

အေတာ္ၾကာတဲ့ေနာက္ နတ္ဆိုးဘုရင္ႀကီး အၾကည့္ကိုျပန္႐ုတ္သိမ္းကာ ပါးစပ္ကို ေျဖးေျဖးခ်င္းဟလိုက္တယ္။ "ကိုယ္ေတာ္ ေျပာခဲ့တဲ့စကားအတိုင္း တည္တယ္၊ မင္းက နယ္ေျမတိုင္ရဲ႕တည္ေနရာကို ေျပာျပလာၿပီဆိုမွေတာ့ ကိုယ္ေတာ္လည္း အလိုလို က်ိဳးရင္ကို လႊတ္ေပးရေတာ့မယ္၊ ဒါေပမယ့္ မင္း..."

သူက ရွည္သြယ္သြယ္လက္ေခ်ာင္းတစ္ေခ်ာင္းက ပိုင္ရန႔္ကို ထိုးကာ သိမ္ေမြ႕တဲ့အသံနဲ႔ အခိုင္အမာ ေျပာၾကားလာတယ္ "သြားလို႔မရဘူး"

ပိုင္ရန္ "..."

ပိုင္ရန္ မ်က္ေတာင္ေလးခတ္ကာ အေလးအနက္ေျပာလိုက္တယ္ "အရွင္ႀကီး ဒီလိုမ်ိဳးမလုပ္ႏိုင္တဲ့အတြက္ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ"

"သစၥာေဖာက္!" သူတို႔နားမွာ ဝိုင္းထားတဲ့လူေတြက ေအာ္ဟစ္လာၾကတယ္။

သူတို႔ဆက္ဆံေရးကို နားလည္ထားတဲ့သူျဖစ္တဲ့ ဟြာေဖးဟြားက ေရွ႕ကိုတိုးကာ ေျပာလာတယ္ "ရွဲ႕ဇီထ်န္း အရမ္းေခါင္းမာေနတာေတြ ေတာ္လိုက္ေတာ့၊ နတ္ဆိုးဘုရင္ႀကီးက ခင္ဗ်ားကို ေနေစခ်င္တယ္ဆိုရင္ ေနလိုက္သင့္တယ္"

ပိုင္ရန္ ေခါင္းယမ္းလိုက္တယ္ "ေတာင္းပန္ပါတယ္"

နတ္ဆိုးဘုရင္ႀကီး လက္သီးအနည္းငယ္ဆုပ္မိသြားၿပီးေနာက္ ျပန္ေျဖေလ်ာ့လိုက္ေပမယ့္ မ်က္ႏွာကေတာ့ အရင္လိုတည္ၿငိမ္ေနဆဲ "မင္းက သူနဲ႔ သြားမွာလား?"

ပိုင္ရန္ ေခါင္းၿငိတ္ျပလိုက္တယ္။

"သူ သြားလို႔မရဘူး! သစၥာေဖာက္!" သူတို႔ပတ္ပတ္လည္က နတ္ဆိုးအႏြယ္ဝင္ေတြ ပြက္ေလာ႐ိုက္ကုန္ေတာ့တယ္။

နတ္ဆိုးဘုရင္ႀကီးက က်ိဳးရင္ရဲ႕အသက္ကို ခ်မ္းသာေပးဖို႔ သေဘာတူခဲ့ၿပီးတာေတာင္မွ အခု သစၥာေဖာက္ပိုင္ရန္ကိုပါ သြားခြင့္ျပဳခ်င္ေနတယ္။

ထာဝရအေမွာင္ထုနန္းေတာ္ႀကီး ဖ်က္ဆီးခံလိုက္ရၿပီး နတ္ဆိုးအႏြယ္ဝင္အေတာ္မ်ားမ်ား ေသေၾကခဲ့ရတယ္။ နတ္ဆိုးဘုရင္ႀကီးသာ ဇြတ္တ႐ြတ္လုပ္လိုက္ရင္ လူေတြရဲ႕ခံစားခ်က္ကို ဖိႏွိပ္ဖို႔ ခက္သြားႏိုင္တယ္။

နတ္ဆိုးဘုရင္ႀကီး လက္ကို အနည္းငယ္ေျမႇာက္ျပကာ လူတိုင္းကို တိတ္တိတ္ေနဖို႔ အခ်က္ျပလိုက္တယ္။

အရာအားလုံး ခဏအတြင္း ၿငိမ္က်သြားတယ္။

နတ္ဆိုးဘုရင္ႀကီး ပိုင္ရန႔္ကိုေျပာလိုက္တယ္။ "ကိုယ္ေတာ္တို႔ရဲ႕ (ေသြးေသာက္)ညီအစ္ကိုေတြဆီက စကားသံေတြကို ၾကားလား? မင္းတို႔ကို ဒီတိုင္း လႊတ္မေပးလိုက္ႏိုင္ဘူး မဟုတ္ရင္ ေနာက္ထပ္နတ္ဆိုးနယ္ေျမမွာ မ်က္ႏွာျပဝံ့ေတာ့မွာမဟုတ္ဘူး"

ဒါကိုၾကားတဲ့အခါ ပိုင္ရန႔္ႏွလုံးသား အနည္းငယ္ဆုတ္ယုတ္သြားရတယ္။ သူ ဒီလိုအေျခအေနျဖစ္ေနတဲ့အခါ နတ္ဆိုးဘုရင္ႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို နားလည္တယ္။ ဘုရင္တစ္ပါးရဲ႕ဝတၱရားနဲ႔အညီ တျခားသူေတြရဲ႕ခံစားခ်က္ေတြကို လုံးလုံးလ်စ္လ်ဴရႈထားလို႔မရဘူး။

သို႔ေပမယ့္ သူ က်ိဳးရင္နဲ႔ တိမ္လႊာပ်ံဝဲဂိုဏ္းကို သြားမွရမယ္။

"သစၥာေဖာက္ကို သတ္!"

"သူ႔ကို သတ္ပစ္!"

လူတိုင္း ေအာ္ဟစ္ေနတယ္။

ခ်က္ခ်င္းဆိုသလို က်ိဳးရင္က နဂါးႏိုင္ဓားကို ဆြဲထုတ္ၿပီး ပိုင္ရန႔္ကို ကာကြယ္ဖို႔ နီးနီးကပ္ကပ္ေနကာ ေဘးဘီကို သတိႀကီးႀကီးထားၿပီး ၾကည့္ေနတယ္။

ပိုင္ရန္ ေတြးလိုက္တယ္ : 'သားေလးေရ ၾကည့္ရတာ ေဖႀကီးက မင္းကို ဘာအေၾကာင္းမွမရွိဘဲ ခ်စ္ခဲ့မိတာ မဟုတ္ဘူးပဲ၊ ဒါေပမယ့္လည္းကြာ တပ္ႀကီးတစ္အုပ္လုံးကို ငါတို႔ႏွစ္ေယာက္တည္းနဲ႔ တြန္းလွန္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး'

တျခားနည္းလမ္း မရွိဘူး။

ပိုင္ရန္ ရင္နာနာနဲ႔သာ ေျပာႏိုင္တယ္ "အရွင္ႀကီး ကြၽန္ေတာ့္ကို သတ္ေတာ့မလို႔လား? အရွင့္အတြက္ ကြၽန္ေတာ္ တအားကိုႀကိဳးစားေပးခဲ့ၿပီး အမ်ားႀကီး ေထာက္ပံ့ေပးခဲ့ပါတယ္၊ အမွားတစ္ခုေၾကာင့္နဲ႔ ကြၽန္ေတာ့္ကို တကယ္ပဲ သတ္ေတာ့မွာပါလား?"

သူ ခံစားခ်က္ကဒ္ကို ထုတ္ကစားဖို႔ ႀကိဳးစားလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီး အသံတိတ္သြားရတယ္။

"အရွင္ႀကီး..." ေက်ာင္ရႈိ႕ ပါးစပ္ဟကာ သက္ညႇာမႈေတာင္းခံခ်င္ပုံေပၚေပမယ့္ အဆုံးမွာ ဘာမွမေျပာခဲ့ဘူး။

ဟြာေဖးဟြားမ်က္ႏွာေပၚမွာ တြန႔္ဆုတ္မႈေတြ ေပၚလြင္လာတယ္။

သူတို႔ႏွစ္ေယာက္လုံး နတ္ဆိုးဘုရင္ႀကီးကို စိုက္ၾကည့္ကာ သူ႔အတြက္ ဆုံးျဖတ္ခ်က္တစ္ခု ခ်ေပးလာမွာကို ေစာင့္ေနၾကတယ္။

နတ္ဆိုးနယ္ေျမထဲမွာ ေလကတိုက္ခတ္လာတယ္။

ထာဝရအေမွာင္ထုနန္းေတာ္ႀကီးက ပိတ္ဆို႔မထားေတာ့တာေၾကာင့္ ေလထဲမ်ာ အဆိပ္ေငြ႕တို႔ တျဖည္းျဖည္း ျပည့္ႏွက္လာၿပီး ေျမျပင္ေပၚကသဲေတြ ​ေဝ့တက္လာတယ္။

ေနာက္ထပ္ အၾကာႀကီးေနမွ နတ္ဆိုးဘုရင္ႀကီး စကားစလာတယ္။

သူ ယေန႔ေျပာသမွ်စကားလုံးတိုင္းက ေျဖးညႇင္းလွၿပီး သူဘာေတြေတြးေနမွန္း ဘယ္သူမွမသိႏိုင္ဘူး။

သူက "ကိုယ္ေတာ္ မင္းကို လႊတ္ေပးႏိုင္တယ္၊ ဒါေပမယ္..."

"... ကိုယ္ေတာ့္ရဲ႕႐ိုက္ခ်က္သုံးခ်က္ကို ခံယူရမယ္" နတ္ဆိုးဘုရင္ႀကီး ေနာက္ဆုံးက်န္တဲ့စကားကို ေျဖးေျဖးခ်င္း ထပ္ေပါင္းေျပာလိုက္တယ္။ "တကယ္လို႔ ႐ိုက္ခ်က္သုံးခ်က္ၿပီးလို႔ မင္းအသက္ရွင္ေနေသးရင္ မင္းတို႔ႏွစ္ေယာက္လုံးကို လြတ္လြတ္လပ္လပ္ ထြက္သြားခြင့္ေပးမယ္ ၿပီးရင္ ဘယ္ေတာ့မွ ျပန္မလာခဲ့နဲ႔"

ပိုင္ရန္ ေငးၾကည့္ေနမိတယ္။

သူ အာ႐ုံပ်ံ႕လြင့္ေနတုန္း နတ္ဆိုးဘုရင္ႀကီးအနားတစ္ဝိုက္မွာ ေလထုကစတင္ျမင့္တက္လာၿပီး ေလထဲရွိ အဆိပ္ေငြ႕တို႔နဲ႔ ခ်ိတ္ဆက္မိကာ သူ႔ေမွာ္အစြမ္းက သား႐ိုင္းေကာင္ႀကီးတစ္ေကာင္အသြင္ ျဖစ္သြားတယ္။

ေျမျပင္ကလည္း စတင္ၿပီး အနည္းငယ္လႈပ္ရွားလာတယ္။

ထိုနားတစ္ဝိုက္မွာ ျပင္းထန္လွတဲ့ဖိအားက ျဖာထြက္လာတယ္။ နတ္ဆိုးအႏြယ္ဝင္ေတြထဲရွိ အနည္းငယ္အားနည္းသူေတြက ဒါကို သည္းမခံႏိုင္ဘဲ ေနာက္ဆုတ္ဖို႔ကိုသာ ေ႐ြးျခယ္လိုက္ၾကတယ္။

လူတိုင္းရဲ႕ေစာင့္ၾကည့္ေနတဲ့မ်က္လုံးေတြေအာက္မွာ သား႐ိုင္းႀကီးက ပိုင္ရန႔္ဆီကို ေဒါသတႀကီးေျပးသြားတယ္။

ဒါနဲ႔သာ ထိမိခဲ့ရင္ လူေတာ္ေတာ္မ်ားမ်ား ဖုန္မႈန႔္အသြင္ ေျပာင္းသြားမွာပဲျဖစ္တယ္။ ဒါကို ေတာင့္ခံထားႏိုင္တဲ့လူဆိုတာ လက္တစ္ဖက္တည္းနဲ႔ေတာင္ ေရတြက္ၾကည့္လို႔ရတယ္။

သား႐ိုင္းေကာင္ႀကီးရဲ႕အရိပ္က ႐ႊီးခနဲ ပိုင္ရန႔္ကို ျဖတ္ေက်ာ္သြားတယ္။

ေမွာ္အစြမ္း လြင့္စင္သြားၿပီး အပ်က္အစီးေတြအလယ္မွာ ပိုင္ရန္က ျခစ္ရာတစ္ခ်က္မရွိ ေတာင့္ေတာင့္ေလးသာ ရပ္ေနတယ္။

သူ႔ရဲ႕တအံ့တဩျဖစ္ေနမႈက မ်က္ႏွာမွာ အတိုင္းသား ေပၚေနတယ္။ ေအာက္ငုံ႔ၾကည့္တဲ့အခါ သူ႔လည္တိုင္မွာ တြဲေလာင္းေလးက်ေနတဲ့ ေတာင္ပင္လယ္ေရသူမပုလဲကို ေတြ႕လိုက္ရတယ္။


___________________________________

{Unicode}

စိတ်ထဲမှာ အစီအစဉ်တစ်ခုရှိနေတော့ ပိုင်ရန် အနည်းငယ်တည်ငြိမ်လာသလို ခံစားလိုက်ရတယ်။ သူ နတ်ဆိုးဘုရင်ကြီးကို ရှာကာ သူ့အစီအစဉ်ကို အရင်ဆုံးပြောပြပြီး data packကိုယူဖို့ ကျိုးရင်ကို ခေါ်ကာ တိမ်လွှာပျံဝဲဂိုဏ်းကိုသွားရန် ဆုံးဖြတ်လိုက်တယ်။

ကျိုးရင် အထက်ကိုတက်ရဖို့ တစ်ခုတည်းသောပြဿနာက : 'ရှဲ့ဇီထျန်းကို သတ်' ဆိုတာပဲ။ ကျီယွမ်ရဲ့သတင်းမှာ ပြောသွားတာက သူ ရှဲ့ဇီထျန်းကို သတ်လိုက်နိုင်သရွေ့ သူအထက်ကိုတက်နိုင်သလို ပိုင်ရန့်ရဲ့အလုပ်လည်း ပြီးဆုံးသွားလိမ့်မယ်။ သို့ပေမယ့် ရှဲ့ဇီထျန်းကို သတ်ဖို့ဆိုတာက သူ့ကိုယ်သူ သတ်ရမယ်လို့ ဆိုလိုတာပဲ၊ ပြီးတော့ ဇာတ်ကောင်တစ်ယောက် သေသွားခဲ့ရင် တကယ့်ဘဝမှာလည်း သူတို့သေသွားလိမ့်မယ်။ ဒါက အတော်လေး ဘေးကျပ်နံကျပ်ဖြစ်စေတယ်။

ရှောင်လင်းလည်း ဒါကို တွေးမိတယ် "သခင်ပြောသလို ကျိုးရင် အထက်ကိုတက်ဖို့အတွက်က သခင့်ကို သတ်ရမယ်ဆို ဒါကို ဘယ်လိုလုပ်ကြမလဲ?"

ပိုင်ရန် ပြောလိုက်တယ် "ငါတို့အခု ဒီအပေါ်မှာ အလောင်းအထပ်လုပ်ဖို့ပဲ ရှိတော့တာပေါ့"

"ဒီအပေါ်မှာ အလောင်းအထပ်လုပ်မယ်?" ရှောင်လင်း သိချင်သွားတယ် "သခင့်မှာ အကြံအစည်တစ်ခု ရှိတာလား?"

ပိုင်ရန်က ဟုတ်မှန်ကြောင်း အသံတစ်ချက်ပြုကာ "ရှဲ့ဇီထျန်းကို သတ်ရမယ်ဆိုတဲ့အခြေအနေက အတော်လေးမရေရာဘူး၊ ရှဲ့ဇီထျန်း တကယ်သေရတာနဲ့ ကျိုးရင်,ဘက်က ရှဲ့ဇီထျန်း သေပြီလို့ ထင်သွားတာနဲ့က ကွဲပြားတဲ့အမြင်နှစ်ခုပဲ၊ တကယ်လို့သာ ရှဲ့ဇီထျန်း တကယ်သေရမယ့်အခြေအနေဆို ငါတို့မှာ ရွေးခြယ်စရာမရှိဘူး... ငါတို့ရဲ့ကံတရားကိုပဲ ကြိတ်မှိတ်ပြီးလက်ခံရမှာပေါ့၊ တကယ်လို့ ကျိုးရင်က သူ ရှဲ့ဇီထျန်းကို သတ်လိုက်ပြီလို့ ထင်သွားတဲ့ အခြေအနေဆိုရင်တော့ ငါတို့မှာ အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်၊ အဲ့တာကြောင့်..."

"အဲ့တာကြောင့်?"

ပိုင်ရန် အရောင်တောက်နေတဲ့ ကောင်းကင်ကြီးကို လေးနက်တဲ့မျက်နှာနဲ့ မော့ကြည့်ကာ "အဲ့တာကြောင့် ငါ့မှာ ရွေးခြယ်စရာမရှိဘူး၊ ကြိုးစားကြည့်ရမှာပဲ"

ဖြစ်နိုင်ခြေတွေအားလုံးကို ဖယ်ထုတ်ပြီး ဒီတစ်ခုတည်းသာ အခွင့်အရေးရှိတော့တယ်။ ပိုင်ရန့်မှာ ရွေးခြယ်စရာ မရှိဘူး။

သူ့ကိုယ်သူ ကံတရားအပေါ်သာ ပုံအပ်ထားပြီး အတတ်နိုင်ဆုံးကြိုးစားကာ 'ကျိုးရင်က သူ ရှဲ့ဇီထျန်းကို သတ်လိုက်ပြီဆိုတာ ယုံကြည်သွားပြီ'ဆိုတဲ့ အခြေအနေကို ယုံကြည်သွားနိုင်ဖို့ကိုသာ ရွေးထားလိုက်တယ်။

နဂါးနိုင်ဓားက ကောင်းကင်နဲ့မြေကြီးကြားမှာ မယှဉ်သာလောက်အောင် ကြီးမားလာပြီး ကမ္ဘာကြီးကိုဖြတ်ထွက်သွားမယ့် ကောင်းကင်ထောက်တိုင်ကြီးတစ်ခုလို ဖြစ်နေတယ်။ [ T/N : like a pillar supporting the heavens မို့လို့ ကောင်းကင်ထောက်တိုင်လို့ရေးထားတာပါနော် အဟွတ်! ]

ဒီလိုမျိုးကြီးမားတဲ့အပြောင်းအလဲက လူတိုင်းကို တုန်လှုပ်သွားစေတယ်။

ပိုင်ရန် အံကိုကြိတ်ကာ နဂါးနိုင်ဓားဆီ အပြေးသွားလိုက်တယ်။

နဂါးနိုင်ဓားက ဇာတ်လိုက်ရဲ့ရွှေရောင်လက်ချောင်း ဖြစ်လာတဲ့အကြောင်းအရင်းက ဘာကြောင့်လဲဆိုရင် သူက အတော့်ကိုအဆင့်မြင့်တဲ့သူတွေကိုတောင်မှ ယှဉ်နိုင်တဲ့ မှော်လက်နက်တစ်မျိုးဖြစ်နေတာကြောင့်ပဲ။ ဒါက ဇာတ်လိုက်တစ်ယောက် သေမျိုးနယ်မြေထဲ မတော်တဆပြုတ်ကျသွားခဲ့ချိန်မှာ ကောက်ယူခံခဲ့ရပြီး သူ့အစွမ်းရဲ့ဆယ်ပုံတစ်ပုံကိုတောင် မသုံးနိုင်ခဲ့ဘူး။ အခု ဇာတ်လိုက်က မဟာယနအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နဂါးနိုင်ဓားကို အပြည့်အဝသုံးနိုင်ပြီဖြစ်ကာ 'တစ်အပေါင်းတစ်က နှစ်ထက် ပိုကောင်းတယ်'ဆိုတဲ့ သက်ရောက်မှုကို ဖန်တီးနိုင်ခဲ့ပြီး ကမ္ဘာမြေကို တုန်ဟီးစေတယ်။

ပိုင်ရန် အကျဉ်းစခန်းကို မရောက်သေးခင် နဂါးနိုင်ဓားပတ်လည်က အဏုမြူစွမ်းအင်ပေါက်ကွဲသလို အလင်းစက်ဝန်းတစ်ခုကို မြင်လိုက်ရတယ်။ ကြီးမားတဲ့ထိတ်လန့်ဖွယ် လှိုင်းလုံးကြီးက နန်းတော်ကြီးတစ်ခုလုံးကို ဖြတ်သန်းသွားပြီး တစ်ချိန်က ဂုဏ်သရေကြီးမြတ်ခဲ့တဲ့နန်းတော်ကြီးလည်း အလင်းတန်းအောက်မှာ တစ်စစီပြန့်ကျဲကုန်တယ်။

အလင်းတန်းနားမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်လေးတွေမှာ အော်ဖို့အချိန်တောင် မရှိလိုက်ဘဲ အလင်းစွမ်းအင်ကြောင့် အရည်ပျော်ကျကုန်တယ်။

ပိုင်ရန့်လို အင်အားကြီးမားတဲ့သူတောင်မှ ထိတ်လန့်ဖွယ်လှိုင်းကြောင့် ခြေလှမ်းအတော်ဆုတ်လိုက်ရပြီး ဒါကို တောင့်ခံနိုင်ဖို့ သူ့ရဲ့မှော်အစွမ်းကို အတင်းအကျပ်ထုတ်သုံးနေရတယ်။

သုံးစက္ကန့်အကြာမှာ အလင်းတန်း ပျောက်ကွယ်သွားတယ်။ ထာဝရအမှောင်ထုနန်းတော်ကြီးလည်း မရှိတော့ဘဲ ထိုနေရာမှာ ကျိုးပဲ့နေတဲ့အုတ်ကြွပ်အရှုပ်အထွေးတွေသာ ကျန်ရစ်ခဲ့တယ်။

ဒဏ်ရာရသွားတဲ့အစောင့်တွေက အပျက်အစီးတွေကြားမှာ အော်ဟစ်မြည်တမ်းနေကြတယ်။

ကမ္ဘာပျက်ကိန်းဆိုက်သလို မြင်ကွင်းက ပိုင်ရန့်ကို ထိတ်လန့်သွားစေတယ်။ အစောင့်တွေရဲ့အော်သံတွေကြောင့် မဟုတ်ဘဲ ကမ္ဘာကြီးပျက်ဆီးဖို့ နီးကပ်လာတာကို ရင်ဆိုင်နေရတဲ့အခါ သူ့အတွက် အရေးပါဆုံးလူအနည်းငယ်မှအပ ဘယ်သူ့ရဲ့အော်သံကမှ ပိုင်ရန့်ကိုလှုပ်လှုပ်ရှားရှားမဖြစ်စေဘူး။ ဘာကြောင့်လဲဆို ကျိုးရင်က ဒီလောက်ထိ ပြဿနာကြီးရှာလိုက်တဲ့အခါ နတ်ဆိုးဘုရင်ကြီးအတွက် သူ့ကိုဆက်ပြီး ကာကွယ်ပေးဖို့ဆိုတာ ခက်သွားလိမ့်မယ်။

ထာဝရအမှောင်ထုနန်းတော်ဆိုတာ နတ်ဆိုးနယ်မြေရဲ့သင်္ကေတဖြစ်တယ်။ ဒါကို ဖျက်ဆီးလိုက်တာက တစ်ကမ္ဘာလုံးရှေ့မှာ အမေရိကန်က အိမ်ဖြူတော်ကို ဖျက်ဆီးပြလိုက်တာပဲ။ နတ်ဆိုးဘုရင်ကြီးက ကျိုးရင်ကို သွားခွင့်ပေးဖို့ သဘောတူလိုက်ရင်တောင်မှ ကျန်ရှိတဲ့နတ်ဆိုးအနွယ်ဝင်တွေက ထပ်တူလုပ်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

နောက်ပြီးအခု ကျိုးရင်ရဲ့အသက်က သူ့တစ်ယောက်တည်းနဲ့ သက်ဆိုင်နေရုံတင်မက နတ်ဆိုးဘုရင်ကြီးရော ကျီယွမ်နဲ့ပါ သက်ဆိုင်နေပြီ။ ဘာကြီးပဲဖြစ်နေနေ သူသေသွားလို့မရဘူး။

နဂိုက ပိုင်ရန် နတ်ဆိုးဘုရင်ကြီးဆီသွားကာ သူတို့ကို တိမ်လွှာပျံဝဲဂိုဏ်းဆီ သွားခွင့်တောင်းဖို့ ကြံရွယ်ခဲ့ပေမယ့် အခုကတော့ မဖြစ်နိုင်တော့တဲ့ပုံပေါ်တယ်။

နဂါးနိုင်ဓားပျောက်ကွယ်သွားတဲ့ ဦးတည်ဘက်ဆီကို ပိုင်ရန်ဆက်သွားလိုက်တယ်။

သူ့အပြင် များစွာသော နတ်ဆိုးအနွယ်တွေကလည်း ထိုနေရာကို အပြေးအလွှားသွားနေကြတယ်။

ပိုင်ရန် အရှိန်ကိုမြှင့်ကာ အကျဉ်းစခန်းရဲ့အပေါ်ပိုင်းဆီ ကူးပြောင်းပြီးသွားလိုက်တယ်။ သူ အောက်ကို ပြေးဆင်းနေရင် 'ကျိုးရင်!'ဆိုပြီးလည်း အော်ခေါ်နေမိတယ်။

ကျိုးကြေသံတွေနဲ့ လိမ့်ဆင်းလာတဲ့ကျောက်ခဲတွေကြား ကျောက်ပုံထဲကနေ နာကျင်နေတဲ့ပုံစံနဲ့ ခေါင်းအစခြေအဆုံး ချုံးချုံးကျပြီး ကျိုးရင်,တွားသွားကာ ထွက်လာတယ်။

သူက နဂါးနိုင်ဓားကိုကိုင်ထားပြီး ဇဝေဇဝါဖြစ်နေပုံလည်းပေါ်တယ်။

"ကျိုးရင် အဆင်ပြေရဲ့လား?" ပိုင်ရန် သူ့ဘေးမှာရပ်ကာ အခြေအနေကို အကဲခတ်လိုက်တယ်။

သူ့ကိုမြင်တော့ ခဏလေးတွေးတောနေပြီး တိုးဖွဖွခေါ်လာတယ် "...ပါး?"

ပိုင်ရန် မတတ်သာစွာ ခါးသက်သက်ရယ်လိုက်မိတယ်။ နောက်ဆုံး ဒီလိုသေရေးရှင်ရေးအချိန်ကျမှ သူ့ကို ပါးလို့ ခေါ်လာပြီပေါ့။

"ဒါက ဘာလို့ဖြစ်သွားရတာလဲ?" ကျိုးရင်က အခြေအနေကို နားမလည်သေးဘဲ အကူအကယ်မဲ့စွာ ပြောလာတယ် "ကျွန်တော် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ မဟုတ်ပါဘူး"

"ငါသိတယ်" ပိုင်ရန် သူ့ပုခုံးကို ပုတ်ကာ "သွားစို့"

ကျိုးရင်က မဟာယနအဆင့်ကို ကျော်ဖြတ်ပြီး နဂါးနိုင်ဓားကို အပြည့်အဝအသုံးချကာ ထာဝရအမှောင်ထုနန်းတော်ကြီးကို ဖျက်ဆီးလိုက်ပြီ။ ဒါက သူလုပ်ချင်လို့ဆိုပြီး မဟုတ်ပေမယ့် သူ့ကြောင့်ဖြစ်ခဲ့ရတာ။ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ဘူးဆိုရုံနဲ့ တခြားသူတွေက သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်မှာ မဟုတ်ဘူး။

"ငါတို့သွားကြမယ်" သူ ကျိုးရင်ကို ဆွဲထူပြီး အပြင်ဘက်ကို စတင်ထွက်ခွာလိုက်တယ်။ တကယ်လို့ တခြားသူတွေ ရောက်လာပြီး သူတို့အစွမ်းတွေအားလုံးရဲ့ ဝိုင်းလာမယ်ဆိုရင် ဒီနေ့ပဲ အဆုံးသတ်သွားလိမ့်မယ်။

အပျက်အစီးပုံတွေရဲ့အထက်မှာ အနက်ရောင်တိမ်ထုကြီးတွေ ရုတ်တရက် ပေါ်ထွက်လာတယ်။

"ဘယ်သွားမှာလဲ?" တလိပ်လိပ်တက်နေတဲ့ မှော်စွမ်းအင်တွေအလယ်ကနေ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ဆင်းသက်လာတယ်။

ပိုင်ရန် တွေးတောင်မတွေးနိုင်တော့ဘဲ ကျိုးရင်ကို ဆွဲမကာ တခြားလားရာဘက်ကို လှည့်ပြေးလိုက်ပေမယ့် သူတို့နောက်မှာတင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူတို့လမ်းကို ပိတ်ဆို့လိုက်တယ်။

"ရှဲ့ဇီထျန်း ခင်ဗျား တကယ်ကြီး ကျိုးရင်နဲ့ ထွက်ပြေးရဲတယ်?" သူတို့ရှေ့မှာ ဟွာဖေးဟွားက အေးစက်စွာစိုက်ကြည့်နေပြီး သူ့ရဲ့လှပတဲ့မျက်လုံးတွေထဲမှာ လူသတ်လိုတဲ့အငွေ့အသက်တစ်ခု ပါဝင်နေတယ်။

"ရှဲ့ဇီထျန်း ကျိုးရင်၊ ဘာကြောင့် အရှုံးပေးပြီး အဖမ်းခံရမှာကို မစောင့်တာလဲ!" ကျောင်ရှို့ရဲ့ အင်အားကြီးတဲ့အသံကြီးပါ ထွက်ပေါ်လာတယ်။

သေမျိုးကမ္ဘာထဲရောက်နေတဲ့ လော့ကျန်းဖန်းကလွဲရင် နတ်ဆိုးနယ်မြေထဲက ကြီးမြတ်တဲ့ကာကွယ်သူလေးယောက်လုံး ရှိနေကြတယ်။

အခုသူ့မှာ ပြေးစရာမြေမရှိတော့ဘူးဆိုတာ ပိုင်ရန်သိလိုက်တယ်။ အံကိုကြိတ်ကာ ရပ်လိုက်ပြီး သူ့အသံကို ကျိုးရင်ဆီ ပို့လွှတ်လိုက်တယ် "ငါ သူတို့ကို နောက်မှာ ကာထားမယ်၊ မင်းက အခွင့်အရေးတစ်ခုရှာပြီး လွတ်အောင်ပြေး"

ကျိုးရင် စိုးရိမ်သွားတယ် "ပါး..."

"မကြောက်နဲ့၊ မင်း လွတ်သွားရင် ငါလည်း အခွင့်အရေးတစ်ခု ရှာလို့ရမှာပဲ... ငါတို့တွေ တိမ်လွှာပျံဝဲဂိုဏ်းမှာ ပြန်တွေ့မယ်၊ နားလည်လား?"

ဒီစကားလုံးတွေ ပြောပြီးတာနဲ့ ပိုင်ရန့်ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေအားလုံး ထွက်ပေါ်လာပြီး အနောက်မှာရှိတဲ့ ကျောင်ရှို့ဆီ ဦးတည်သွားတော့တယ်။

ကျောင်ရှို့က ဟွာဖေးဟွားလိုမျိုး ဉာဏ်မပြေးတာကြောင့် ပိုင်ရန့်ဘက်က ရုတ်တရက်ကြီး အလစ်အငိုက်ဖမ်းလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သတိလက်လွတ်ဖြစ်သွားကာ နောက်ဆုတ်လိုက်ရတယ်။

ကျိုးရင်ကလည်း လျင်မြန်စွာ တုံ့ပြန်ပြီး သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဘယ်သူမှရှိမနေတဲ့ဘက်ကို ဦးတည်လိုက်တယ်။

"မင်းကိုယ်မင်း ဘယ်ပြေးနေတယ်လို့ ထင်နေတာလဲ?" ဟွာဖေးဟွားက တစ်ချိန်လုံးမျက်လုံးတွေကို ဖြန့်ကျက်ထားတာကြောင့် အနောက်ကနေ အပြေးအလွှားလိုက်ပေမယ့် ပိုင်ရန့်ရဲ့ တားဆီးခြင်းကို ခံလိုက်ရတယ်။

ဟွာဖေးဟွား ဒေါသတကြီးပြောလိုက်တယ် "ရှဲ့ဇီထျန်း ခင်ဗျား ဘာလုပ်နေတယ်ဆိုတာ သိရဲ့လား?"

ပိုင်ရန် "သေချာပေါက် သိတာပေါ့"

သူတို့ တိုက်ခိုက်နေကြရင်း ဟွာဖေးဟွား ပြောလာတယ် "ခင်ဗျားက အရှင်ကြီးကို သစ္စာဖောက်တာလား?"

ကျောင်ရှို့ကလည်း သတိဝင်လာပြီး တိုက်ခိုက်မှုမှာ ပူးပေါင်းလာတာကြောင့် ရုတ်တရက် နှစ်ယောက်တွဲဖိအားက ပိုင်ရန့်ပေါ် ကျရောက်လာတယ်။

ပညာရှင်နှစ်ယောက်ရဲ့ တိုက်ခိုက်ခြင်း ခံရတာကြောင့် သူ ကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်။ ထွက်သွားနိုင်ဖို့အတွက် ကျိုးရင်ကို လိမ်လိုက်တာသာဖြစ်တယ်။ သူ ဟွာဖေးဟွားနဲ့ ကျောင်ရှို့တို့ကို တိုက်ခိုက်နေရင်း ကျိုးရင်ထွက်ပြေးတဲ့ဆီကိုသာ မျက်လုံးတွေရောက်နေတယ်။ ပျက်ဆီးသွားပြီဖြစ်တဲ့ နန်းတော်ဂိတ်တံခါးဆီကို ပြေးသွားနေပြီး ထွက်သွားနိုင်ဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်ဆိုတာကို မြင်လိုက်ရတယ်။

ထိုအချိန်မှာတင်...

တစ်ဖက်ခြမ်းက လက်တစ်ဖက် ထွက်လာပြီး ကျိုးရင်ရဲ့ လည်ပင်းကို ဖမ်းချုပ်လိုက်တယ်။

ပိုင်ရန် တုန်လှုပ်သွားတာကြောင့် အပျက်အဆီးပုံထဲ ဟွာဖေးဟွား သူ့ကို ရိုက်ချနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတယ်။

သူ ရုန်းကန်ပြီး လှိမ့်ထွက်လိုက်ရတယ်။

ဟွာဖေးဟွားနဲ့ ကျောင်ရှို့တို့လည်း တိုက်ခိုက်နေရာက ရပ်သွားတယ်။

နတ်ဆိုးဘုရင်ကြီးက ကျိုးရင်ကို ဖမ်းကိုင်ထားပြီး သူတို့နားကို ရောက်လာတယ်။

နတ်ဆိုးဘုရင်ကြီးက တည်ကြည်လေးနက်တဲ့အနက်ရောင်နဂါးပုံ ထိုးထားတဲ့ဝတ်ရုံကို ဝတ်ဆင်ထားကာ ဇာတ်လိုက်ကို ကြက်ပေါက်လေးတစ်ကောင် ကိုင်ထားသလိုမျိုး ဖမ်းချုပ်ထားတယ်။ တစ်လှမ်းချင်းစီ ပိုင်ရန့်နားကို ဖြည်းဖြည်းချင်း ရောက်ရှိလာတယ်။

လေမတိုက်ဘဲနဲ့တောင် သူ့ဝတ်ရုံတွေက တဖျပ်ဖျပ်လွင့်လူးနေပြီး အနက်ရောင်မှော်အစွမ်းတွေကလည်း လေထဲမှာ မီးခိုးလိုမျိုး လွင့်မြောနေတယ်။ သူ့သခင်ရဲ့စိတ်အခြေအနေသာ မဆိုစလောက်လေးပြောင်းလဲသွားမယ်ဆိုရင် ထိုမှော်စွမ်းအင်က သူ့သခင်ကိုဒေါသထွက်အောင်လုပ်တဲ့ သားကောင်ကို ခုန်အုပ်လိုက်နိုင်တဲ့ ဒေါသကြီးတဲ့သားရဲကြီးတစ်ယောက်လို ပြောင်းသွားနိုင်တယ်။

ပိုင်ရန် သူ့ကိုယ်သူ အားတင်းပြီးရပ်လိုက်ကာ အံကို တင်းတင်းကြိတ်ထားတယ် "အရှင်ကြီး..."

နတ်ဆိုးဘုရင်ကြီး ထွက်ပေါ်လာတာကြောင့် ဟွာဖေးဟွားနဲ့ ကျောင်ရှို့တို့တွေ ဘေးကပ်ပေးလိုက်ကြတယ်။

နတ်ဆိုးဘုရင်ကြီးက မွန်းကျပ်လုနီးနီးဖြစ်နေတဲ့ ကျိုးရင်ကို မြေကြီးပေါ် ပစ်ချလိုက်တယ်။ မဟာယနအဆင့်ကို ဖြတ်ကျော်လို့အပြီးမှာ နတ်ဆိုးဘုရင်ကြီးထံ ကြက်ပေါက်လေးတစ်ကောင်လိုမျိုး အဖမ်းခံလိုက်ရတယ်ဆိုတာ သူ့အတွက် ယုံရခက်လှတယ်။ အဓိကအကြောင်းပြချက်က သူက နဂါးနိုင်ဓားကို ခုလေးတင်မှ အပြည့်အဝအသုံးချခဲ့တာဖြစ်ပြီး သူ့ရဲ့စိတ်စွမ်းအင်အများကြီး သုံးလိုက်ရတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ မရှိသလောက်ဖြစ်သွားပြီး နတ်ဆိုးဘုရင်ကြီး ပေါ်ထွက်လာတာကလည်း ရုတ်တရက်ဆန်လွန်းတာကြောင့် သူ မတုံ့ပြန်နိုင်လိုက်ဘူး။

"အရှင်ကြီး..." ဟွာဖေးဟွား ပါးစပ်ကိုဖွင့်ဟလိုက်ပေမယ့် နတ်ဆိုးဘုရင်ကြီးက လက်တစ်ဖက်မြှောက်ကာ တားလာတယ်။

နတ်ဆိုးဘုရင်ကြီးအကြည့်က ပိုင်ရန်နဲ့ ကျိုးရင်ကြားမှာ လူးလာခေါက်တုံ့သွားနေတယ်။ ခဏအကြာမှာ သူက "ဘာလုပ်ဖို့ စီစဉ်ထားတာလဲ?"

သူက ဒါကိုပြောနေရင်း ပိုင်ရန့်ကို စိုက်ကြည့်နေတယ်။

ပိုင်ရန် "..."

သူ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ?

သူ့မှာ ရွေးခြယ်စရာ တစ်ခုရှိတာလား?

ပိုင်ရန် သူ့ဖာသာ ခါးသက်သက်ရယ်မောပြီး စကားမပြောခင် အသက်ကို ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်တယ် : "အရှင်ကြီး၊ ကျိုးရင်ရဲ့အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ပါတယ်"

"မဖြစ်နိုင်တာ!" ဟွာဖေးဟွားနဲ့ ကျောင်ရှို့တို့ တပြိုက်နက်တည်း ထုတ်အော်မိကြတယ်။

သူတို့အနောက်မှာ မရေမတွက်နိုင်တဲ့အစောင့်တွေကလည်း တဖြည်းဖြည်းနီးကပ်လာပြီး ပိုင်ရန်နဲ့ ကျိုးရင်တို့ကို အလယ်မှာ ချောင်ပိတ်ထားတယ်။

သူတို့မျက်လုံးတွေထဲက အကြည့်အရ ပိုင်ရန့်ရဲ့တောင်းဆိုချက်ကို သဘောတူကြပုံ မပေါ်ဘူး။

ဒါက တွေးကြည့်မယ်ဆို ဘယ်သူက သဘောတူမှာလဲ?

ဒီတောင်းဆိုချက်က များလွန်းတယ်ဆိုတာ ပိုင်ရန်သိပေမယ့် ကိစ္စတွေက ဖြစ်လာပြီဆိုမှတော့ ကြိုးစားကြည့်ရုံသာ တတ်နိုင်တယ်။

"အရှင်ကြီး" သူ ခဏလောက်တွေးကြည့်ကာ နတ်ဆိုးဘုရင်ကြီးကို သေချာစိုက်ကြည့်ကာ အလေးအနက်ထားပြီး ပြောလိုက်တယ် "ကျိုးရင်က ကျွန်တော်တို့ရဲ့အသက်တွေနဲ့ ဆက်နွယ်နေပါတယ်၊ သူ အသက်ရှင်ပြီး အထက်ကို တက်မှရမယ်"

နတ်ဆိုးဘုရင်ကြီး ဘာမှမပြောလာဘူး။

ဟွာဖေးဟွား မျက်မှောင်ကြုတ်ကာ "ရှဲ့ဇီထျန်း၊ မင်းလက်နဲ့ ကျိုးရင်ကို သတ်မယ်ဆိုရင် အရှင်ကြီးက မင်းကို အသက်ချမ်းသာပေးနိုင်လောက်တယ်... လမ်းမှားလိုက်ပြီး ဒီလိုကိစ္စတွေကို မရမကလိုက်လုပ်နေတာ ရပ်ဖို့ မင်းကို အကြံပေးချင်တယ်!"

"အရှင်ကြီး၊ ကျွန်တော် အမှန်တိုင်းပြောတာပါ! အရှင်ကြီးဆီမှာ အမှန်တရားကြေးမုံရှိတယ်လေ၊ ကျွန်တော် ကြေးမုံရှေ့မှာ ကတိပြုနိုင်ပါတယ်" ပိုင်ရန် ကျယ်လောင်စွာ ပြောလိုက်တယ်။

ဒီအခြေအနေမှာ သူတို့လွတ်မြောက်နိုင်ဖို့က နတ်ဆိုးဘုရင်ကြီး သူတို့ကို လွှတ်ပေးဖို့ တစ်နည်းသာရှိတော့တယ်။

နောက်ပြီး ထိုသို့ဖြစ်လာဖို့ဆိုတာကလည်း နတ်ဆိုးဘုရင်ကြီး သူတို့ကို ယုံကြည်ပေးမှပဲရမယ်။

နတ်ဆိုးဘုရင်ကြီး ခဏလောက် အသံတိတ်သွားတယ်။ သူလက်ကို အနည်းငယ်မြှောက်လိုက်တဲ့အခါ လက်ဖဝါးပေါ်မှာ ကြေးမုံအသေးလေးတစ်ခု ပေါ်လာတယ်။

"မင်း အခုလေးတင် ပြောခဲ့တာက အမှန်တရားပါလို့ ကိုယ်တော့်ကို အာမခံနိုင်လား?" သူ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

ပိုင်ရန် ချက်ချင်းပဲ ကျယ်ကျယ်လောင်လောင် ဖြေပေးလိုက်တယ် "ကျွန်တော် အခုလေးတင် ပြောခဲ့တာက အမှန်တရားပါဆိုတာကို အာမခံပေးနိုင်ပါတယ်"

လူတိုင်းရဲ့မျက်လုံးတွေအောက်မှာ ကြေးမုံက ဘာတုံ့ပြန်မှုမှ ထွက်မလာဘူး။

ကျောင်ရှို့နဲ့ တခြားသူတွေက ဘာဖြစ်နေမှန်း မသိကြပေမယ့် ဟွာဖေးဟွားကတော့ အမှန်တရားကြေးမုံကို ရှာလာခဲ့တဲ့သူဖြစ်တယ်။ ထိုကနေ ဘာတုံ့ပြန်မှုမှ မရလာတာကိုမြင်တော့ သူ မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်မိသွားတယ်။

"ကောင်းပြီလေ၊ ကိုယ်တော် ကျိုးရင်ကို မသတ်ဘူး" နတ်ဆိုးဘုရင်ကြီး ပြောလိုက်တယ်။

"အရှင်ကြီး!" ကျောင်ရှို့ လန့်သွားသလို တခြားသူတွေလည်း ပင့်သက်ရှိုက်ကုန်တယ်။ နတ်ဆိုးဘုရင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို တစ်ယောက်မှ နားမလည်ကြဘူး။

"အရှင်ကြီး သူ့ကို အသက်ချမ်းသာပေးလိုက်လို့ မရပါဘူး၊ ကျွန်တော်မျိုးရဲ့ ညီအစ်ကိုတွေ ဒီမှာ သေသွားကြတာပါ၊ အရှင်ကြီး သူ့ကို သွားခွင့်ပေးလိုက်လို့ မရပါဘူး!" သေးနုပ်တဲ့အစောင့်တစ်ယောက်က အဝေးတစ်နေရာကနေ မျက်လုံးတွေ နီရဲကာ အော်လာတယ်။

သူ့အော်သံကြောင့် နောက်ထပ်လူတွေအများကြီး မြေကြီးပေါ်ဒူးထောက်ကာ အော်ဟစ်လာကြတယ် "ဒီဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းဖို့ အရှင်ကြီးကို ကျွန်တော်မျိုးတို့ တောင်းဆိုပါတယ်"

ပိုင်ရန် တစ်ဖန်စိတ်လှုပ်ရှားလာပြီး ဒီနေ့ ထွက်သွားနိုင်ဖို့က ခက်ခဲလိမ့်မယ်ဆိုတာ သိနေတယ်။

တော်သေးတာက သူ့မှာ တစ်စုံတစ်ရာ ကျန်နေသေးတယ်။

"အရှင်ကြီး ကျွန်တော်တို့ကို သွားခွင့်ပေးမယ်ဆိုရင် ကျွန်တော် နောက်ဆုံးကျန်တဲ့နယ်မြေတိုင်ရဲ့ တည်နေရာကို ပြောပြပေးပါ့မယ်" ပိုင်ရန် သူ့အသံကို မြှင့်လိုက်တယ်။ ဒါက နတ်ဆိုးဘုရင်ကြီးရော တခြားသူတွေပါ ကြားစေဖို့အတွက်ဖြစ်တယ်။

နယ်မြေတိုင်ဆိုတဲ့စကားက ဟွာဖေးဟွားနဲ့ ကျောင်ရှို့တို့ရဲ့အမူအယာကို လေးနက်သွားစေတယ်။

"ခင်ဗျားတကယ်ပဲ နောက်ဆုံးကျန်တဲ့ နယ်မြေတိုင်ရဲ့တည်နေရာကို သိတာလား?" ကျောင်ရှို့ မနေနိုင်တော့ဘဲ မေးမိတယ်။

ပိုင်ရန် ခေါင်းငြိတ်ပြကာ သူ့ဘေးနားတစ်ဝိုက်ကိုကြည့်ပြီး ပြောလိုက်တယ် "နယ်မြေတိုင်ရဲ့တည်နေရာကို ကျိုးရင်ရဲ့အသက်နဲ့ အလဲအလှယ်လုပ်ချင်ပါတယ်၊ ဒါဆိုရင်ရော ဘယ်လိုလဲ?"

နယ်မြေတိုင်ရဲ့အရေးပါအရာရောက်မှုက သာမန်ထက်ကျော်လွန်တယ်။

ရုတ်ခြည်းဆိုသလို ပတ်ပတ်လည်ကလူတွေလည်း အချင်းချင်းတီးတိုးဆိုကုန်ကြတယ်။

"ကောင်းပြီလေ ကိုယ်တော် သဘောတူတယ်၊ မင်းက နယ်မြေတိုင်ရဲ့တည်နေရာကို ကိုယ်တော့်ဆီမှာ ပြောပြတာနဲ့ ကိုယ်တော် ကျိုးရင်ကို သွားခွင့်ပေးမယ်" နတ်ဆိုးဘုရင်ကြီး ပြောလိုက်တယ်။ အစကနေ အဆုံးထိ သူ့မျက်နှာပေါ်မှာ အမူအယာများများစားစား မရှိဘူး။ ဒေါသမထွက်သလို စိတ်လည်းလှုပ်ရှားမနေဘဲ သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူမှ ယိုင်နဲ့သွားအောင် မလုပ်နိုင်တဲ့ပုံပေါ်တယ်။

ဒီတော့မှသာ ပိုင်ရန် သက်ပြင်းချလိုက်ရတယ်။

"အရှင်ကြီး!" တချို့သော နတ်ဆိုးအနွယ်ဝင်တွေကတော့ သဘောမတူကြတာ အရှင်းသားကြီးပဲ။

နတ်ဆိုးဘုရင်ကြီးက သူတို့ကို အေးတိအေးစက် စိုက်ကြည့်ကာ သူတို့ရဲ့မကျေမချမ်းဖြစ်နေတာတွေကို ဖိနှိပ်လိုက်တယ်။

အရာအားလုံးက လျင်မြန်စွာ တိတ်ဆိတ်သွားရတယ်။

နတ်ဆိုးဘုရင်ကြီး ပြန်လှည့်လာပြီး ပိုင်ရန်နဲ့ ကျိုးရင်ကို အုပ်မိုးကာ ပြောလိုက်တယ် "ဒါဆိုလည်း ကောင်းပြီ၊ နောက်ဆုံး နယ်မြေတိုင်က ဘယ်မှာလဲ?"

လေထုအလယ်မှာ ငွေရောင်အမှန်တရားကြေးမုံလေးက လွင့်မြောနေပြီး အနည်းငယ်အရောင်လဲ့နေတယ်။ ဒါက မှော်စွမ်းအင်နိုးထနေပြီး အမှန်တရားနဲ့ အလိမ်အညာတွေအားလုံးကို ခွဲခြားဖို့အသင့်ဖြစ်နေပြီဆိုတဲ့ သင်္ကေတပဲဖြစ်တယ်။

ပိုင်ရန် သက်ပြင်းတစ်ချက်ရှိုက်သွင်းပြီး ကြေးမုံဆီကို ပြောလိုက်တယ် "နောက်ဆုံးနယ်မြေတိုင်က တိမ်လွှာပျံဝဲဂိုဏ်းဆီမှာ"

တိမ်လွှာပျံဝဲဂိုဏ်း!

လူတိုင်း ရူးသွပ်ကုန်ကြတယ်။

ကျိုးရင်,တောင်မှ ပိုင်ရန့်ကို အလန့်တကြား စိုက်ကြည့်လာတယ်။

"မဖြစ်နိုင်တာ! အရှင်လော့က တိမ်လွှာပျံဝဲဂိုဏ်းမှာ လုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး ဒါပေမယ့် နယ်မြေတိုင်နဲ့ပက်သက်လို့ ဘာဆိုဘာမှ ရှာမတွေ့ခဲ့ဘူးလေ" ဟွာဖေးဟွားက သူ့ရဲ့သံသယတွေကို ချက်ချင်း ထုတ်ပြလာပြီး တစ်ချိန်တည်းမှာပဲ ကြေးမုံကို မော့ကြည့်လိုက်တယ်။

ကြေးမုံမျက်နှာပြင်မှာ ဘယ်သူ့ပုံရိပ်မှာ ရောင်ပြန်ဟပ်မလာတာကြောင့် ပိုင်ရန်က အမှန်တိုင်းပြောနေတာလို့ ဆိုလိုတာပဲ။

"အရှင်ကြီး နယ်မြေတိုင်ရဲ့တည်နေရာကို ပြောပြပြီးပြီမို့ ကျွန်တော်တို့ကို အခု သွားခွင့်ပြုပါပြီလား?" သူ့နားတစ်ဝိုက်မှာ ဆွေးနွေးနေကြတာတွေကို လျစ်လျူရှုပြီး ပိုင်ရန် နတ်ဆိုးဘုရင်ကြီးကို စိတ်အားထက်သန်စွာ မေးလိုက်တယ်။

"အရှင်ကြီး သူတို့ကို သွားခွင့်ပေးလိုက်လို့ မရဘူး!" ဝိုင်းထားကြတဲ့ နတ်ဆိုးအနွယ်ဝင်တွေက ဒေါသတကြီး လက်သီးလက်မောင်းတန်းလာကြတယ်။ တစ်စုံတစ်ယောက်ကလည်း ကျယ်လောင်စွာ ထအော်တယ် "သစ္စာဖောက်! သစ္စာဖောက်ကို သတ်!"

နတ်ဆိုးဘုရင်ကြီး သူတို့ဘက်ကိုလှည့်ကာ စိုက်ကြည့်လိုက်တဲ့အတွက် တစ်စုံတစ်ယောက်က သူတို့ကို ရိုက်လိုက်တဲ့အတိုင်း တုန်လှုပ်သွားပြီး နောက်ထပ် မပြောရဲကြတော့ဘူး။

သူ့အကြည့်က ဓားတစ်လက်လို ထက်မြနေပြီး လူတိုင်းရဲ့ခန္ဓာကိုယ်ကို လှီးဖြတ်သွားသလိုပဲ။ တစ်ယောက်မှ မျက်လုံးချင်း မဆုံရဲကြဘူး။

ဒါက နတ်ဆိုးနယ်မြေက ဘုရင်တစ်ပါးရဲ့ အာဏာပဲ။

အတော်ကြာတဲ့နောက် နတ်ဆိုးဘုရင်ကြီး အကြည့်ကိုပြန်ရုတ်သိမ်းကာ ပါးစပ်ကို ဖြေးဖြေးချင်းဟလိုက်တယ်။ "ကိုယ်တော် ပြောခဲ့တဲ့စကားအတိုင်း တည်တယ်၊ မင်းက နယ်မြေတိုင်ရဲ့တည်နေရာကို ပြောပြလာပြီဆိုမှတော့ ကိုယ်တော်လည်း အလိုလို ကျိုးရင်ကို လွှတ်ပေးရတော့မယ်၊ ဒါပေမယ့် မင်း..."

သူက ရှည်သွယ်သွယ်လက်ချောင်းတစ်ချောင်းက ပိုင်ရန့်ကို ထိုးကာ သိမ်မွေ့တဲ့အသံနဲ့ အခိုင်အမာ ပြောကြားလာတယ် "သွားလို့မရဘူး"

ပိုင်ရန် "..."

ပိုင်ရန် မျက်တောင်လေးခတ်ကာ အလေးအနက်ပြောလိုက်တယ် "အရှင်ကြီး ဒီလိုမျိုးမလုပ်နိုင်တဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

"သစ္စာဖောက်!" သူတို့နားမှာ ဝိုင်းထားတဲ့လူတွေက အော်ဟစ်လာကြတယ်။

သူတို့ဆက်ဆံရေးကို နားလည်ထားတဲ့သူဖြစ်တဲ့ ဟွာဖေးဟွားက ရှေ့ကိုတိုးကာ ပြောလာတယ် "ရှဲ့ဇီထျန်း အရမ်းခေါင်းမာနေတာတွေ တော်လိုက်တော့၊ နတ်ဆိုးဘုရင်ကြီးက ခင်ဗျားကို နေစေချင်တယ်ဆိုရင် နေလိုက်သင့်တယ်"

ပိုင်ရန် ခေါင်းယမ်းလိုက်တယ် "တောင်းပန်ပါတယ်"

နတ်ဆိုးဘုရင်ကြီး လက်သီးအနည်းငယ်ဆုပ်မိသွားပြီးနောက် ပြန်ဖြေလျော့လိုက်ပေမယ့် မျက်နှာကတော့ အရင်လိုတည်ငြိမ်နေဆဲ "မင်းက သူနဲ့ သွားမှာလား?"

ပိုင်ရန် ခေါင်းငြိတ်ပြလိုက်တယ်။

"သူ သွားလို့မရဘူး! သစ္စာဖောက်!" သူတို့ပတ်ပတ်လည်က နတ်ဆိုးအနွယ်ဝင်တွေ ပွက်လောရိုက်ကုန်တော့တယ်။

နတ်ဆိုးဘုရင်ကြီးက ကျိုးရင်ရဲ့အသက်ကို ချမ်းသာပေးဖို့ သဘောတူခဲ့ပြီးတာတောင်မှ အခု သစ္စာဖောက်ပိုင်ရန်ကိုပါ သွားခွင့်ပြုချင်နေတယ်။

ထာဝရအမှောင်ထုနန်းတော်ကြီး ဖျက်ဆီးခံလိုက်ရပြီး နတ်ဆိုးအနွယ်ဝင်အတော်များများ သေကြေခဲ့ရတယ်။ နတ်ဆိုးဘုရင်ကြီးသာ ဇွတ်တရွတ်လုပ်လိုက်ရင် လူတွေရဲ့ခံစားချက်ကို ဖိနှိပ်ဖို့ ခက်သွားနိုင်တယ်။

နတ်ဆိုးဘုရင်ကြီး လက်ကို အနည်းငယ်မြှောက်ပြကာ လူတိုင်းကို တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။

အရာအားလုံး ခဏအတွင်း ငြိမ်ကျသွားတယ်။

နတ်ဆိုးဘုရင်ကြီး ပိုင်ရန့်ကိုပြောလိုက်တယ်။ "ကိုယ်တော်တို့ရဲ့ (သွေးသောက်)ညီအစ်ကိုတွေဆီက စကားသံတွေကို ကြားလား? မင်းတို့ကို ဒီတိုင်း လွှတ်မပေးလိုက်နိုင်ဘူး မဟုတ်ရင် နောက်ထပ်နတ်ဆိုးနယ်မြေမှာ မျက်နှာပြဝံ့တော့မှာမဟုတ်ဘူး"

ဒါကိုကြားတဲ့အခါ ပိုင်ရန့်နှလုံးသား အနည်းငယ်ဆုတ်ယုတ်သွားရတယ်။ သူ ဒီလိုအခြေအနေဖြစ်နေတဲ့အခါ နတ်ဆိုးဘုရင်ကြီးရဲ့ဆုံးဖြတ်ချက်ကို နားလည်တယ်။ ဘုရင်တစ်ပါးရဲ့ဝတ္တရားနဲ့အညီ တခြားသူတွေရဲ့ခံစားချက်တွေကို လုံးလုံးလျစ်လျူရှုထားလို့မရဘူး။

သို့ပေမယ့် သူ ကျိုးရင်နဲ့ တိမ်လွှာပျံဝဲဂိုဏ်းကို သွားမှရမယ်။

"သစ္စာဖောက်ကို သတ်!"

"သူ့ကို သတ်ပစ်!"

လူတိုင်း အော်ဟစ်နေတယ်။

ချက်ချင်းဆိုသလို ကျိုးရင်က နဂါးနိုင်ဓားကို ဆွဲထုတ်ပြီး ပိုင်ရန့်ကို ကာကွယ်ဖို့ နီးနီးကပ်ကပ်နေကာ ဘေးဘီကို သတိကြီးကြီးထားပြီး ကြည့်နေတယ်။

ပိုင်ရန် တွေးလိုက်တယ် : 'သားလေးရေ ကြည့်ရတာ ဖေကြီးက မင်းကို ဘာအကြောင်းမှမရှိဘဲ ချစ်ခဲ့မိတာ မဟုတ်ဘူးပဲ၊ ဒါပေမယ့်လည်းကွာ တပ်ကြီးတစ်အုပ်လုံးကို ငါတို့နှစ်ယောက်တည်းနဲ့ တွန်းလှန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး'

တခြားနည်းလမ်း မရှိဘူး။

ပိုင်ရန် ရင်နာနာနဲ့သာ ပြောနိုင်တယ် "အရှင်ကြီး ကျွန်တော့်ကို သတ်တော့မလို့လား? အရှင့်အတွက် ကျွန်တော် တအားကိုကြိုးစားပေးခဲ့ပြီး အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်၊ အမှားတစ်ခုကြောင့်နဲ့ ကျွန်တော့်ကို တကယ်ပဲ သတ်တော့မှာပါလား?"

သူ ခံစားချက်ကဒ်ကို ထုတ်ကစားဖို့ ကြိုးစားလိုက်တယ်။

နတ်ဆိုးဘုရင်ကြီး အသံတိတ်သွားရတယ်။

"အရှင်ကြီး..." ကျောင်ရှို့ ပါးစပ်ဟကာ သက်ညှာမှုတောင်းခံချင်ပုံပေါ်ပေမယ့် အဆုံးမှာ ဘာမှမပြောခဲ့ဘူး။

ဟွာဖေးဟွားမျက်နှာပေါ်မှာ တွန့်ဆုတ်မှုတွေ ပေါ်လွင်လာတယ်။

သူတို့နှစ်ယောက်လုံး နတ်ဆိုးဘုရင်ကြီးကို စိုက်ကြည့်ကာ သူ့အတွက် ဆုံးဖြတ်ချက်တစ်ခု ချပေးလာမှာကို စောင့်နေကြတယ်။

နတ်ဆိုးနယ်မြေထဲမှာ လေကတိုက်ခတ်လာတယ်။

ထာဝရအမှောင်ထုနန်းတော်ကြီးက ပိတ်ဆို့မထားတော့တာကြောင့် လေထဲမျာ အဆိပ်ငွေ့တို့ တဖြည်းဖြည်း ပြည့်နှက်လာပြီး မြေပြင်ပေါ်ကသဲတွေ ​ဝေ့တက်လာတယ်။

နောက်ထပ် အကြာကြီးနေမှ နတ်ဆိုးဘုရင်ကြီး စကားစလာတယ်။

သူ ယနေ့ပြောသမျှစကားလုံးတိုင်းက ဖြေးညှင်းလှပြီး သူဘာတွေတွေးနေမှန်း ဘယ်သူမှမသိနိုင်ဘူး။

သူက "ကိုယ်တော် မင်းကို လွှတ်ပေးနိုင်တယ်၊ ဒါပေမယ်..."

"... ကိုယ်တော့်ရဲ့ရိုက်ချက်သုံးချက်ကို ခံယူရမယ်" နတ်ဆိုးဘုရင်ကြီး နောက်ဆုံးကျန်တဲ့စကားကို ဖြေးဖြေးချင်း ထပ်ပေါင်းပြောလိုက်တယ်။ "တကယ်လို့ ရိုက်ချက်သုံးချက်ပြီးလို့ မင်းအသက်ရှင်နေသေးရင် မင်းတို့နှစ်ယောက်လုံးကို လွတ်လွတ်လပ်လပ် ထွက်သွားခွင့်ပေးမယ် ပြီးရင် ဘယ်တော့မှ ပြန်မလာခဲ့နဲ့"

ပိုင်ရန် ငေးကြည့်နေမိတယ်။

သူ အာရုံပျံ့လွင့်နေတုန်း နတ်ဆိုးဘုရင်ကြီးအနားတစ်ဝိုက်မှာ လေထုကစတင်မြင့်တက်လာပြီး လေထဲရှိ အဆိပ်ငွေ့တို့နဲ့ ချိတ်ဆက်မိကာ သူ့မှော်အစွမ်းက သားရိုင်းကောင်ကြီးတစ်ကောင်အသွင် ဖြစ်သွားတယ်။

မြေပြင်ကလည်း စတင်ပြီး အနည်းငယ်လှုပ်ရှားလာတယ်။

ထိုနားတစ်ဝိုက်မှာ ပြင်းထန်လှတဲ့ဖိအားက ဖြာထွက်လာတယ်။ နတ်ဆိုးအနွယ်ဝင်တွေထဲရှိ အနည်းငယ်အားနည်းသူတွေက ဒါကို သည်းမခံနိုင်ဘဲ နောက်ဆုတ်ဖို့ကိုသာ ရွေးခြယ်လိုက်ကြတယ်။

လူတိုင်းရဲ့စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာ သားရိုင်းကြီးက ပိုင်ရန့်ဆီကို ဒေါသတကြီးပြေးသွားတယ်။

ဒါနဲ့သာ ထိမိခဲ့ရင် လူတော်တော်များများ ဖုန်မှုန့်အသွင် ပြောင်းသွားမှာပဲဖြစ်တယ်။ ဒါကို တောင့်ခံထားနိုင်တဲ့လူဆိုတာ လက်တစ်ဖက်တည်းနဲ့တောင် ရေတွက်ကြည့်လို့ရတယ်။

သားရိုင်းကောင်ကြီးရဲ့အရိပ်က ရွှီးခနဲ ပိုင်ရန့်ကို ဖြတ်ကျော်သွားတယ်။

မှော်အစွမ်း လွင့်စင်သွားပြီး အပျက်အစီးတွေအလယ်မှာ ပိုင်ရန်က ခြစ်ရာတစ်ချက်မရှိ တောင့်တောင့်လေးသာ ရပ်နေတယ်။

သူ့ရဲ့တအံ့တဩဖြစ်နေမှုက မျက်နှာမှာ အတိုင်းသား ပေါ်နေတယ်။ အောက်ငုံ့ကြည့်တဲ့အခါ သူ့လည်တိုင်မှာ တွဲလောင်းလေးကျနေတဲ့ တောင်ပင်လယ်ရေသူမပုလဲကို တွေ့လိုက်ရတယ်။


_____

Thanks 🌹

Continue Reading

You'll Also Like

221K 25.7K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
219K 19.6K 19
'ပိုင်လင်'ဟူသည့် ယနေ့ခေတ်လူငယ်သည် မိုးကြိုးအပစ်ခံရပြီးနောက် သူ့ဝိညာဥ်ဟာ ဒဏ္ဍာရီခေတ်ထဲရှိ ဝိညာဥ်ပြိုကွဲနေသော 'ကျူဟန်'ရဲ့ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီးနေ...
208K 25.7K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
37.5K 3.7K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...