နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၉၆

6.2K 1.4K 55
By Kay_Wine

{Zawgyi}

ဘယ္ေလာက္မွန္းမသိတဲ့ အခ်ိန္တစ္ခုၾကာၿပီးတဲ့ေနာက္ ပိုင္ရန္ ေလးဖင့္စြာ ႏိုးထလာတယ္။ မ်က္လုံးေတြကို အားတင္းကာဖြင့္လိုက္ေတာ့ ရင္းႏွီးေနတဲ့အနက္ေရာင္ပိတ္က်ဲမ်က္ႏွာၾကက္တစ္ခုကို ျမင္လိုက္ရတယ္။

သူ႔လက္ကလည္း တစ္စုံတစ္ေယာက္က အခ်ိန္အၾကာႀကီး ညႇစ္ထားသလိုမ်ိဳး အနည္းငယ္ နာက်င္ေနတယ္။

သူလႈပ္လႈပ္ရွားရွားလုပ္လိုက္တဲ့အခါ သူ႔ေဘးနားက ႐ုတ္ျခည္းဆိုသလို အံ့အားသင့္သြားတဲ့အသံတစ္ခု ထြက္ေပၚလာတယ္ : "ဇီထ်န္း ႏိုးလာၿပီလား?"

ပိုင္ရန္ လွည့္လိုက္ေတာ့ ေဖာေယာင္ေနတဲ့မ်က္လုံးေတြနဲ႔ အိပ္ရာေဘးမွာထိုင္ေနတဲ့နတ္ဆိုးဘုရင္ႀကီးက မ်က္လုံးသူငယ္အိမ္ေတြတုန္ရီေနကာ သူ႔ကိုအံ့ဩတႀကီးၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။

သူ အေတာ္ေလးတုန္လႈပ္ခဲ့တယ္ဆိုတာ သိသာလွတယ္။

႐ုတ္တရက္ဆိုသလို သူ႔စိတ္ထဲ မွတ္ဉာဏ္ေတြတိုးဝင္လာတယ္။

ပိုင္ရန္ "..."

ပိုင္ရန္ ကိုယ္ကိုလွိမ့္ကာ ဒူးေထာက္ၿပီး သူ႔ႏွဖူးကို အိပ္ရာေပၚ ဖိကပ္ထားလိုက္တယ္ "အရွင္ႀကီး ကြၽန္ေတာ့္ကို ခ်မ္းသာေပးပါ၊ ကြၽန္ေတာ္က အရွင့္ကိုလိမ္ညာဖို႔ အတင္းအက်ပ္လုပ္ခံရတာပါ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ" သူ ငိုမိတယ္။

သူေတာ့သြားၿပီ၊ သူ သြားၿပီ၊ အခု တကယ္ၿပီးဆုံးသြားၿပီ...

အျဖစ္အပ်က္ေတြက ႐ုတ္တရက္ဆန္လြန္းတာေၾကာင့္ သူ႔မွာ ျပင္ဆင္ခ်ိန္ေတာင္ မရလိုက္ဘူး။ ႀကီးျမတ္လွတဲ့နတ္ဆိုးဘုရင္ႀကီးက သူ႔ကို အစိတ္စိတ္အႁမႊာႁမႊာျဖစ္ေအာင္ လုပ္ေတာ့မွာလား? သူ႔ကို အဲ့လိုလုပ္ေနတုန္းမွာ က်ိဳးရင္ကိုလည္း ရွင္းပစ္မွာလား?

နတ္ဆိုးဘုရင္ႀကီး အနည္းငယ္လန႔္သြားၿပီး ရႈပ္ေထြးတဲ့အမူအယာေျပာင္းသြားကာ အၾကာႀကီးေနမွ ေျပာလာတယ္ "ထားလိုက္ေတာ့"

နတ္ဆိုးဘုရင္ႀကီး စိတ္ယိုင္သြားေအာင္ လုပ္ႏိုင္မယ့္နည္းလမ္းကို ဦးေႏွာက္ေျခာက္ေအာင္ စဥ္းစားေနခဲ့တဲ့ ပိုင္ရန္ : "..."

နတ္ဆိုးဘုရင္ႀကီးက လက္ကိုေျမႇာက္ကာ အရွင္းမေပ်ာက္ေသးတဲ့ သူ႔ရဲ႕ေခါင္းကို ညင္သာစြာထိလိုက္တယ္ "စိတ္ေလွ်ာ့ ကိုယ္ေတာ္မင္းကို မသတ္ဘူး ၿပီးေတာ့ က်ိဳးရင္ကိုလည္း မသတ္ဘူး၊ ဆန႔္က်င္ဘက္အေနနဲ႔ ကိုယ္ေတာ္သူ႔ကို ကာကြယ္ႏိုင္ဖို႔ အားလုံးလုပ္ေပးမယ္၊ ျမင္ေနရေတာ့..."

သူ သက္ျပင္းခ်လိုက္ကာ "... သူ႔အသက္က မင္းနဲ႔ ခ်ိတ္ဆက္ေနတယ္ဆိုတာကို ျမင္ေနရေတာ့လည္း"

ပိုင္ရန္ ပါးစပ္အေဟာင္းသားျဖစ္ေနၿပီး အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ျပန္မပိတ္ႏိုင္ျဖစ္သြားရတယ္။

ဘာျဖစ္တယ္?

ႀကီးျမတ္လွတဲ့ နတ္ဆိုးဘုရင္ႀကီးရဲ႕ စကားေတြအရဆို သူက ခြင့္လႊတ္ေပးလိုက္တာမ်ားလား?

ဒီတိုင္း အလြယ္တကူ လႊတ္ေပးလိုက္တယ္?

ေနာက္ေနတာလား?

ႏိုးလာတဲ့ေနာက္မွာ ေနာက္တစ္ခါ အေဆာ္ခံရဖို႔ကို ျပင္ဆင္ထားၿပီးသားျဖစ္တယ္။

"အရွင္ႀကီး..." သူ ဂ႐ုတစိုက္နဲ႔ အတည္ျပဳလိုက္တယ္ "အရွင္ႀကီး... စိတ္မတိုေတာ့ဘူးလား?"

"မင္း ဘယ္လိုထင္လဲ?" နတ္ဆိုးဘုရင္ႀကီး သူ႔ကို စိုက္ၾကည့္လိုက္တယ္။

ထင္တဲ့အတိုင္းပဲ သူ ဒီေလာက္လြယ္လြယ္နဲ႔ ခြင့္လႊတ္ေပးဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး!

ပိုင္ရန္ ေၾကာက္ေၾကာက္နဲ႔ပဲ ေကြးေကြးေလးေနကာ အိပ္ရာေပၚမွာ ဒူးျပန္ေထာက္ထားလိုက္တယ္ "အရွင္ႀကီး၊ ကြၽန္ေတာ္က ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုတာေတာ့ မဟုတ္ပါဘူး၊ ကြၽန္ေတာ္နဲ႔ က်ိဳးရင္ရဲ႕အသက္ကို ခ်မ္းသာခြင့္ေပးဖို႔ ေတာင္းဆိုတာေလးပါပဲ..."

နတ္ဆိုးဘုရင္ႀကီး စိတ္မရွည္လက္မရွည္နဲ႔ သူ႔ကို မ,လိုက္တယ္ "ႏိုးလာတာနဲ႔ ဒူးပဲေထာက္မေနနဲ႔၊ မင္းက ေသခ်ာမေျပာဘဲ ကိုယ့္ကိုကိုယ္ သတ္မိေတာ့မလိုျဖစ္ေအာင္ အသက္ကိုရင္းၿပီး အဆိပ္ေငြ႕ေတြထဲကို ခုန္ခ်လို႔ ကိုယ္ေတာ္ စိတ္တိုတာ၊ မင္း ေနာက္ထပ္ဒီလိုမ်ိဳး ထပ္လုပ္ရဲလို႔ကေတာ့ ကိုယ္ေတာ္ က်ိဳးရင္ရဲ႕ေျခေထာက္ေတြကို ႐ိုက္ခ်ိဳးပစ္မယ္"

ပိုင္ရန္ "..."

ပိုင္ရန္ လန႔္ေနမိတယ္။ ဒီလိုမ်ိဳးနဲ႔ တကယ္ႀကီးလြတ္သြားတယ္ဆိုတာကို သူ ယုံေတာင္မယုံႏိုင္ဘူး။

အဲ့ေတာ့... အဲ့ေတာ့ သူက ေၾကးမုံကိုယူဖို႔ ေခ်ာက္ထဲခုန္ခ်ၿပီး နတ္ဆိုးဘုရင္ႀကီးကို 'ခ်စ္တယ္'လို႔ ေျပာလိုက္တာနဲ႔တင္ အရင္ကလိမ္ညာခဲ့ေတြအားလုံး ေခ်ဖ်က္ပစ္ဖို႔ လုံေလာက္သြားေရာလား?

... နတ္ဆိုးဘုရင္ႀကီးကို အကြက္ေ႐ႊ႕ဖို႔က လြယ္လြန္းအားႀကီးေနတယ္ေလ!

နတ္ဆိုးဘုရင္ႀကီး တစ္စုံတစ္ရာကို ေတြးမိသြားၿပီး သူ႔ရဲ႕ၾကည့္ေကာင္းတဲ့မ်က္ႏွာက အနည္းငယ္ရဲတက္လာတယ္။ သူက ပိုင္ရန႔္မ်က္ႏွာကို ေနာက္တစ္ႀကိမ္ထပ္ထိၿပီး ေျပာလိုက္တယ္ "မၾကာခင္ ျပန္ေကာင္းေအာင္လာေအာင္ေန၊ ဘုန္းေတာ္ႀကီးက ရက္ေ႐ြးေပးၿပီးသြားၿပီ၊ ေနာက္လ ငါးရက္ေျမာက္ေန႔က်ရင္ မင္းက ကိုယ္ေတာ့္ရဲ႕မိဖုရားဆိုတာကို လူတိုင္းသိေအာင္ ေၾကညာေတာ့မယ္"

ပိုင္ရန္ "...!"

အရင္ဆုံး ႀကိဳတင္သတိေပးျခင္းမရွိ စစ္ေမးခဲ့တယ္ ၿပီးေတာ့ ႀကိဳတင္သတိေပးျခင္းမရွိ လက္ထပ္ပြဲကို စီစဥ္ခ်လိုက္ျပန္ေတာ့ ပိုင္ရန္ အနည္းငယ္စိတ္ရႈပ္ေထြးသြားရတယ္။

"ဒီေလာက္ျမန္ျမန္ႀကီးလား?" သူ မစဥ္းစားဘဲ ေမးမိသြားတယ္။

နတ္ဆိုးဘုရင္ႀကီးက မ်က္ခုံးတစ္ဖက္ပင့္ကာ အနည္းငယ္မေပ်ာ္မ႐ႊင္ျဖစ္သြားတဲ့အသံနဲ႔ ေျပာလာတယ္ "ဒီေလာက္ ျမန္ျမန္ႀကီး? ကိုယ္ေတာ္တို႔ ႏွစ္ဝက္တြဲၿပီးရင္ဆိုတဲ့ကတိက ေနာက္လရဲ႕ဒုတိယေျမာက္ေန႔ေရာက္ရင္ ၿပီးဆုံးမွာ... အခုကေနဆို ေနာက္သုံးရက္ေနရင္ပဲ"

ပိုင္ရန္ "..."

သုံးရက္ေလး ေနာက္ဆုတ္လိုက္ရတာကိုေတာင္ ဒီေလာက္လက္ခံဖို႔ ခက္ခဲေနတာလား?

ဘယ္လိုျဖစ္လို႔ ရက္ေတြကိုပါ ဒီေလာက္ထိ အေသးစိတ္ေတြ လိုက္ေရေနရတာလဲ?

နတ္ဆိုးဘုရင္ႀကီးက အနည္းငယ္ရွက္႐ြံ႕စြာ ပိုင္ရန႔္ပါးကို ခပ္ဖြဖြေလးနမ္းလိုက္တယ္ "ကိုယ္ေတာ္တို႔ လင္ရယ္မယားရယ္လို႔ ျဖစ္သြားၿပီဆိုရင္ ကိုယ္ေတာ့္ကို အေၾကာင္းျပခ်က္ေပးၿပီး ျငင္းလို႔မရေတာ့ဘူး"

ပိုင္ရန႔္ဖင္က တင္းက်ပ္သြားၿပီး စူးေအာင့္နာက်င္လာတယ္။

"နည္းနည္းအနားယူလိုက္အုံး ကိုယ္ေတာ့္ ကိစၥတခ်ိဳ႕ သြားေျဖရွင္းရအုံးမယ္၊ ကိုယ္ေတာ္ ျပန္လာတဲ့အခါ အစကေနအဆုံးထိ အမွန္တိုင္း ေျပာျပေပးမယ္လို႔ ေမွ်ာ္လင့္တယ္" နတ္ဆိုးဘုရင္ႀကီး ပိုင္ရန႔္ကို အိပ္ရာေပၚ ျပန္ဖိခ်ၿပီး ေစာင္ေသခ်ာၿခဳံေပးၿပီးေနာက္ အိပ္ေဆာင္ကေန ထြက္သြားေတာ့တယ္။

ပိုင္ရန္ ခဏေလာက္ေတြေဝေငးေမာၿပီး ထိုေနရာမွာတင္ လွဲေနမိတယ္။ သူ ဒီမွာပဲ ဆက္မလွဲႏိုင္ေတာ့တာေၾကာင့္ ထလိုက္ကာ ခပ္သြက္သြက္ေလး အိပ္ခန္းထဲက ထြက္လာလိုက္တယ္။ သူ ဒီလိုမ်ိဳးနဲ႔ လြတ္သြားတယ္ဆိုတာကို မယုံႏိုင္ေသးဘူး။

နတ္ဆိုးဘုရင္ႀကီးက သူ႔ကို ဒီေလာက္​ေတာင္ ခ်စ္တာလား?

အရင္ဆုံး သူ႔ရဲ႕'သား' ဆိုတာကို လက္ခံေပးခဲ့တယ္ၿပီးေတာ့ သူ႔ရဲ႕သစၥာေဖာက္မႈကို ခြင့္လႊတ္ေပးျပန္တယ္၊ တျခား ဘယ္သူက ဒီလိုမ်ိဳး လုပ္ေပးႏိုင္မွာလဲ?

ဒါေပမယ့္... ဒါေပမယ့္ သူ ထြက္သြားဖို႔လိုေသးတယ္။ သူ ထြက္သြားခဲ့ရင္ အဲ့လူ အေတာ္ေလးနာက်င္ရမွာ မဟုတ္လား?

ဒါကို ေတြးၾကည့္႐ုံနဲ႔တင္ ပိုင္ရန႔္ႏွလုံးသားက အလြန္တရာနာက်င္လာတယ္။

သူ ဒီမွာေနမယ္ဆိုရင္လည္း တကယ့္ေလာကမွာရွိေနတဲ့ သူ႔သူငယ္ခ်င္းေတြနဲ႔ မိသားစုကို စြန႔္လႊတ္ရေတာ့မွာ မဟုတ္လား?

အရင္က ပိုင္ရန္သာဆိုရင္ တုံ႔ဆိုင္းျခင္းမရွိ တကယ္ကမာၻကို ေ႐ြးျခယ္မွာဆိုေပမယ့္ အခုခ်ိန္မွာေတာ့ သူတြန႔္ဆုတ္ေနမိၿပီ။

တကယ္လို႔သာ စစခ်င္းတည္းက အိမ္ျပန္ဖို႔လမ္းဆိုတာ ဘယ္တုန္းကမွ မရွိခဲ့ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲဆိုတာမ်ိဳးကိုေတာင္ သူ ေတြးမိခဲ့တယ္။ ျပန္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ခဲ့ရင္ ဒီမွာပဲ စိတ္ရွင္းရွင္းနဲ႔ ေနသြားလို႔ရတယ္။

သူျပန္လာတဲ့အခါ အမွန္တိုင္းေျပာရမယ္လို႔ နတ္ဆိုးဘုရင္ႀကီး ေျပာသြားခဲ့တယ္။ သူ႔ကို အားလုံး ေျပာျပလိုက္သင့္လား? သူ ေျပာျပလိုက္ရင္ေရာ systemက သတိေပးၿပီး အႏၲရာယ္ထဲ က်ေရာက္ႏိုင္သလား?

"ေရွာင္လင္း..." သူ႔စိတ္ထဲကေန ထပ္မံေခၚၾကည့္ေပမယ့္ အရင္အတိုင္း ျပန္မေျဖလာဘူး။

ဒီအကန႔္အသတ္မရွိတဲ့ကမာၻႀကီးထဲမွာ ပထမဆုံးအႀကိမ္အျဖစ္ သူ အထီးက်န္တာကို ခံစားလိုက္ရတယ္။

သူ လမ္းေလွ်ာက္ေနရင္း အမွတ္တမဲ့ မွန္တစ္ခ်ပ္ေရွ႕ကေန ျဖတ္ေလွ်ာက္မိလိုက္တယ္။ မွန္ထဲမွာ သူ႔ရဲ႕ပုံရိပ္ေပၚလာတယ္။ ဆံပင္တစ္ဝက္ေလာက္ မရွိေတာ့ဘဲ သူ႔မ်က္ႏွာမွာ အမာ႐ြတ္တို႔ ျပည့္ေနတယ္။

ပိုင္ရန္ ေလေအးတစ္ခ်က္ရႈိက္မိသြားတယ္၊ သူ ဒီေလာက္ေတာင္ ႐ုပ္ဆိုးတာလား?

ဒါကို အခုေလးတင္ နတ္ဆိုးဘုရင္ႀကီးက ဘယ္လိုေတာင္ နမ္းႏိုင္ခဲ့တာလဲ?

သူက သူ႔(ရွဲ႕ဇီထ်န္း)ကို ခ်စ္တယ္။

အရာအားလုံးကို လက္ခံႏိုင္တဲ့အထိ ခ်စ္ခဲ့တာျဖစ္တယ္။

သူ(ပိုင္ရန္)က မခ်စ္ေတာ့ဘူးဆိုရင္ေတာင္မွ သူတို႔အတူေနရမယ္လို႔ နီရဲေတာက္ေနတဲ့မ်က္လုံးေတြနဲ႔ ေျပာခဲ့ဖူးတယ္။

သူ ရႈိးတိုးရွန႔္တန႔္ျဖစ္ေနတဲ့အခ်ိန္။

သူ ရွက္ေနတဲ့အခ်ိန္။

ဒါေတြအားလုံးက ေႏြးေထြးတဲ့ေရအိုင္ေလးတစ္ခုအျဖစ္ အရည္ေပ်ာ္သြားၿပီး သူ႔ႏွလုံးသားထဲ အသာ႐ိုက္ခတ္ေနတယ္။

'ငါ ကိုယ္တိုင္ကေရာ?'

'ငါ သူ႔ကို ခ်စ္လား?'

ပိုင္ရန္ သူ႔ကိုယ္သူ ေမးၾကည့္မိတယ္။

သူ႔ခံစားခ်က္ေတြ တစ္ဖန္ႏိုးၾကားလာၿပီး ဒါက ဘယ္လိုခံစားခ်က္မ်ိဳးလဲဆိုတာေတာင္ ပိုင္ရန္ မသိေတာ့ဘူး။ လူတစ္ေယာက္အတြက္ အသက္ကိုေတာင္ ပဓာနမထားဘဲ အရာအားလုံးကို လ်စ္လ်ဴရႈပစ္ႏိုင္တဲ့ ခံစားခ်က္မ်ိဳး ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

ဒီလိုမ်ိဳးတစ္မ်ိဳးတစ္မည္ခံစားခ်က္နဲ႔ပဲ ပိုင္ရန္ အိပ္ရာဆီကို ေလးပင္စြာ ျပန္ေလွ်ာက္လာၿပီး ထိုင္ခ်လိုက္ကာ ေနာက္ထပ္ ဘာလုပ္သင့္လဲဆိုတာကို ေတြးေနမိတယ္။

ျဖစ္ႏိုင္တာက... သူ ေနသင့္တယ္။

သူ႔ကို အမွန္တိုင္းေျပာၿပီး သူ႔ကို ခ်စ္ေၾကာင္း ေျပာရမယ္။

သူ႔ကိုသူလည္း ေျဖးေျဖးခ်င္း ႏွစ္သိမ့္ေနမိတယ္၊ ဒီကမာၻမွာ ႏွစ္ေပါင္းေထာင္ခ်ီၾကာေနလည္း အျပင္ဘက္မွာေတာ့ စကၠန႔္ပိုင္းစာေလာက္ေလးလည္း ျဖစ္ခ်င္ျဖစ္ႏိုင္တာပဲ။ သူတို႔ေတြ အသက္ေတြႀကီးျပင္းသြားလို႔ ေသတဲ့အခ်ိန္မွာ အျပင္ဘက္မွာေတာ့ တစ္ရက္ေလာက္ပဲ ျဖစ္ခ်င္လည္း ျဖစ္ႏိုင္တယ္။ သူ ျပန္ႏိုးထလာႏိုင္ၿပီး သူ႔မိသားစုေတြနဲ႔ ျပန္ေနႏိုင္တဲ့ေနာက္...

သူ ဒီအေၾကာင္းကို ေတြးမိေလေလ သူ႔စိတ္ထဲမွာ ျဖစ္ႏိုင္ေခ်ေတြ ပိုမ်ားလာေလျဖစ္တယ္။

စိတ္ပိုင္းျဖတ္လိုက္တဲ့အခါ ပိုင္ရန္ အမ်ားႀကီး စိတ္သက္သာရာရသလို ခံစားလိုက္ရတယ္။

သူ မတ္တပ္ထကာ အျပင္ကိုအေလာတႀကီးထြက္ၿပီး နတ္ဆိုးဘုရင္ႀကီးကို သူ႔ရဲ႕ဆုံးျဖတ္ခ်က္အေၾကာင္း ေျပာခ်င္ခဲ့တယ္။ သူ ေျခလွမ္းႏွစ္လွမ္းေလာက္သာ လွမ္းၿပီးခ်ိန္ ႐ုတ္တရက္ဆိုသလို ၾကမ္းျပင္ႀကီး လႈပ္ရွားသြားတာကို ခံစားမိလိုက္တယ္။ သူလည္း ယိမ္းထိုးသြားတာေၾကာင့္ အလ်င္အျမန္ ဟန္ခ်က္ထိန္းလိုက္ရတယ္။

အျပင္ဘက္ဆီကေန တစ္စုံတစ္ေယာက္ ေအာ္ဟစ္လိုက္သလိုမ်ိဳး ဆူညံသံေတြပါ ထြက္ေပၚလာတယ္။

လႈပ္ရွားေနတာကလည္း ပိုပိုၿပီး ျပင္းထန္လာေတာ့တယ္။

တစ္ခုခုေတာ့ မွားယြင္းေနၿပီဆိုတာ ပိုင္ရန္သတိျပဳမိလိုက္ၿပီ။ သူက အခု ထာဝရအေမွာင္ထုနန္းေတာ္ႀကီးထဲမွာ ရွိေနၿပီး ဒါက နတ္ဆိုးနယ္ေျမရဲ႕ အဓိကက်တဲ့ ေမွာ္အစီအရင္ႀကီးျဖစ္တယ္။ အလြန္တရာလည္း အားေကာင္းၿပီး ႏွစ္ေပါင္းသန္းခ်ီတိုင္ေအာင္ ပ်က္ဆီးျခင္းမရွိ ျဖစ္တည္ေနခဲ့တယ္။ နတ္ဆိုးနယ္ေျမထဲက တျခားနန္းေတာ္ေတြ ပ်က္ဆီးခဲ့ရင္ေတာင္ ထာဝရအေမွာင္ထုနန္းေတာ္ႀကီးက ဆက္လက္ၿပီး အခိုင္အမာတည္ရွိေနလိမ့္အုံးမွာျဖစ္တယ္။

သို႔ေပမယ့္အခုေတာ့ နန္းေတာ္ႀကီးတစ္ခုလုံး ငလ်င္တစ္ခုက်ေရာက္ေနသလိုမ်ိဳး လႈပ္ခါေနတယ္။

ပိုင္ရန္ အိပ္ခန္းထဲကေန အျမန္ေျပးထြက္လိုက္တယ္။

တာဝန္က်တဲ့သူေတြနဲ႔ အေစာင့္အၾကပ္ေတြက အလ်င္စလို အေရွ႕အေနာက္ သြားလာေနၿပီး ျပႆနာရဲ႕အရင္းအျမစ္ကို လိုက္လံရွာေဖြေနၾကတယ္။

"ဘာျဖစ္တာလဲ?" ပိုင္ရန္ အေစာင့္တစ္ေယာက္ကိုဆြဲကာ ေမးလိုက္တယ္။

သူ႔ပုံစံေၾကာင့္ အေစာင့္က လန႔္ကာခုန္မိသြားၿပီး အသံၾကားလိုက္ရမွသာ ရွဲ႕ဇီထ်န္းဆိုတာ မွတ္မိသြားတယ္။ သူက ကိုယ္ကိုကိုင္းၫြတ္ကာ ေျပာလာတယ္ "အရွင္ရွဲ႕ နန္းေတာ္မွာ ငလ်င္လႈပ္လာရတဲ့အေၾကာင္းအရင္းကို ကြၽန္ေတာ္တို႔ ေသခ်ာမသိရေသးပါဘူး"

"ဟိုကို ၾကည့္ၾကပါအုံး!" တာဝန္က်တဲ့တစ္ေယာက္က ေအာ္ဟစ္လာတယ္။

ပိုင္ရန္နဲ႔ အေစာင့္တို႔ ေခါင္းေတြေမာ့ကာ တာဝန္က်တဲ့သူ လက္ညႇိဳးထိုးျပတဲ့ဆီကို ၾကည့္လိုက္တယ္။ အေရွ႕ဘက္အက်ဥ္းစခန္းရွိရာဘက္ကေန အျဖဴေရာင္အလင္းတန္းတစ္ခု ထြက္ေပၚေနတာကို သူတို႔ေတြ႕လိုက္ရတယ္။ ထိုအရာက ေျမႀကီးထဲက လွ်ံထြက္လာၿပီး ေကာင္းကင္ေပၚ ထိုးခြင္းသြားတယ္။

ဒါ...

ပိုင္ရန႔္မ်က္လုံးသူငယ္အိမ္ေတြ အနည္းငယ္က်ဳံ႕သြားတယ္။

ဒါက နဂါးႏိုင္ဓားပဲ!

တစ္ခ်ိန္တည္းမွာပဲ အခ်ိန္အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနခဲ့တဲ့ သူ႔စိတ္ထဲမွာ beepဆိုတဲ့အသံတစ္ခ်က္ ထြက္ေပၚလာတယ္။ ေရွာင္လင္းရဲ႕စက္လိုလိုအသံကို ၾကားလိုက္ရတယ္ "ဇာတ္လိုက္ကက မဟာယနအဆင့္ကို ျဖတ္ေက်ာ္ၿပီးပါၿပီ၊ Hidden questကို အသက္သြင္းေနပါသည္၊ ကမာၻကို ဖ်က္ဆီးဖို႔သတ္မွတ္ခ်ိန္ကို စတင္..."

ပိုင္ရန္ "...!!!"

"... သတ္မွတ္ခ်ိန္ စတင္ပါၿပီ၊ ကမာၻႀကီးပ်က္ဆီးဖို႔ T- အႏႈတ္ ရက္သုံးဆယ္ႏွင့္ တစ္နာရီသာက်န္ရွိပါေတာ့သည္။ ေက်းဇူးျပဳ၍ hostက ေဘးလြတ္ရာကို ထြက္ခြာဖို႔ ျပင္ဆင္ေပးထားပါ"

ပိုင္ရန္ "...!!!"

လခြမ္း!

ဘာေတြျဖစ္ကုန္တာလဲ?!

ပိုင္ရန္ မူးေနာက္သလို ခံစားေနရတယ္။ ဇာတ္လိုက္က အဆင့္တက္သြားၿပီး၊ ေသာက္ေရးမပါတဲ့ hidden questက ႐ုတ္တရက္ႀကီး အသက္ဝင္လာတယ္ ၿပီးေတာ့ ကမာၻႀကီးက ပ်က္ဆီးေတာ့မယ္?

ထြက္ခြာဖို႔?

ထြက္ခြာတာက ဘာကို ဆိုလိုတာလဲ?

"ေရွာင္လင္း ဘာေတြျဖစ္ေနတာလဲ? Hidden questက ဘာလဲ ငါက်ေတာ့ ဘာလို႔ မသိခဲ့ရတာလဲ?" လ်င္ျမန္စြာျဖတ္ေက်ာ္ႏိုင္ခဲ့တဲ့အတြက္ ပိုင္ရန္ ေမးခြန္းထုတ္လိုက္တယ္။

ေရွာင္လင္းရဲ႕စက္အသံႀကီး တစ္ဖန္ျပန္လည္ထြက္ေပၚလာတယ္ "ဇာတ္လိုက္က မဟာယနအဆင့္ကို ျဖတ္ေက်ာ္ၿပီးပါၿပီ၊ hidden questကို အသက္သြင္းေနပါသည္၊ ကမာၻႀကီးပ်က္ဆီးဖို႔ သတ္မွတ္ခ်ိန္ စတင္ပါၿပီ ေက်းဇူးျပဳ၍ hostက ေဘးလြတ္ရာကို ထြက္ခြာဖို႔ ျပင္ဆင္ေပးထားပါ"

"ကမာၻႀကီး ပ်က္ဆီးသြားရင္ တျခားသူေတြကေရာ ဘာျဖစ္ကုန္မွာလဲ? ငါ့ကို ေျပာအုံး ေရွာင္လင္း!" ပိုင္ရန္ ေအာ္လိုက္တယ္။

ေရွာင္လင္း ႐ုတ္တရက္ အသံတိတ္သြားၿပီး အခ်ိန္အေတာ္ၾကာတဲ့ေနာက္ လိုင္းမေကာင္းတဲ့ေရဒီယိုေဟာင္းတစ္လုံးလိုမ်ိဳး ၾကားျဖတ္တဲ့အသံတစ္ခုထြက္ေပၚလာတယ္။ မသိေသာ္ျငား ရင္းႏွီးေနတဲ့ အမ်ိဳးသားတစ္ေယာက္အသံျဖစ္တယ္။

"ေရွာင္ပိုင္ ကိုယ္ပါ က်ီယြမ္ေလ... ေရွာင္လင္း အိပ္ေပ်ာ္သြားတဲ့အခ်ိန္မွပဲ ကိုယ္ ထြက္လာလို႔ရတာ၊ ဒါက ကိုယ္ခ်န္ခဲ့တဲ့ သတင္းတစ္ခု၊ ကိုယ္မင္းကို လာကယ္တာ ကိုယ္ ဘာေျပာမယ္ဆိုတာကို ေသခ်ာနားေထာင္..."

ပိုင္ရန္ "...!!!"

ပိုင္ရန္ ခဏေလာက္ မိန္းေမာေနၿပီးမွ က်ီယြမ္က ဘယ္သူမွန္း သတိရသြားတယ္။

သူ႔စိတ္က ရႈပ္ေထြးလို႔ေနတယ္။ ပထမဆုံး hidden quest ေနာက္ေတာ့ ေရွာင္လင္းရဲ႕ပုံမွန္မဟုတ္တဲ့ပုံ၊ အခုက်ေတာ့ က်ီယြမ္တဲ့... သူ လုံးဝကို ေၾကာင္အေနရတယ္။

"...ေရွာင္ပိုင္၊ ကိုယ္ေျပာတာကို နားေထာင္၊ မင္းက က်ိဳးရင္မဟုတ္ဘူး မင္းရဲ႕တကယ့္နာမည္က ပိုင္ရန္ ၿပီးေတာ့ မင္းက ေခတ္သစ္ကမာၻကလာတာ၊ မင္းအခုေရာက္ေနတဲ့ကမာၻက ဒီစာအုပ္ထဲမွာ ဖန္တီးထားတဲ့ကမာၻတစ္ခုပဲ... မင္းရဲ႕ အဲ့ကမာၻထဲမွာ ဘယ္ေလာက္ၾကာသြားၿပီလဲဆိုတာ မသိေပမယ့္ ကိုယ္မင္းကို ေျပာဖို႔ေတာ့လိုတယ္၊ အျပင္မွာ ငါးႏွစ္ေတာင္ ရွိသြားၿပီ..."

ပိုင္ရန္ "...!"

ငါးႏွစ္!

သူ ပင့္သက္ရႈိက္လိုက္မိတယ္။

သူ ဝင္လာတဲ့အခ်ိန္တုန္းက 25ႏွစ္အ႐ြယ္သာ ရွိေသးတယ္ဆိုတာ သူမွတ္မိတယ္။ အခုေတာ့ ငါးႏွစ္ေတာင္ ကုန္သြားခဲ့ၿပီဆိုေတာ့ သူျပန္ထြက္သြားတဲ့အခါ အဖိုးႀကီးလို႔ သတ္မွတ္လို႔ရၿပီမဟုတ္ဘူးလား?

က်ီယြမ္ရဲ႕အသံက အေလာတႀကီးႏိုင္ေနကာ ပိုင္ရန္က ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာနဲ႔ ဒီကမာၻထဲ ဘာေၾကာင့္ ေရာက္သြားရလဲဆိုတာကို အေလာသုံးဆယ္ ရွင္းျပသြားတယ္။ သူ႔ရဲ႕ရွင္းျပခ်က္ေတြအရ သူက ပိုင္ရန္တစ္ေယာက္ က်ိဳးရင္ျဖစ္ေနတယ္လို႔ ထင္ေနပုံရတယ္။

သူ မမွတ္မိႏိုင္ခင္အထိ ပိုင္ရန္ ေၾကာင္အေနခဲ့တယ္။ သူတို႔ေတြ သူ႔ကို ဒီပို႔လိုက္ခ်ိန္တုန္းက သူက က်ိဳးရင္,ျဖစ္လာလိမ့္မယ္လို႔ တကယ္ေျပာခဲ့ေပမယ့္ လမ္းတစ္ဝက္မွာတင္ မေတာ္တဆေလးတစ္ခုျဖစ္ခဲ့ၿပီး သူက ရွဲ႕ဇီထ်န္းျဖစ္လာခဲ့တယ္။

"... နဂိုတုန္းကေတာ့ စစခ်င္းမွာ အရာအားလုံးက ေခ်ာေခ်ာေမြ႕ေမြ႕ပဲ၊ ဦးေလးကလည္း မင္းကို ေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ အဲ့ကိုပို႔လိုက္တာဆိုေပမယ့္ ဒါေတြအားလုံးက ေထာင္ေခ်ာက္တစ္ခုျဖစ္ေနလိမ့္မယ္လို႔ ဘယ္တုန္းကမွ ထင္မထားခဲ့မိဘူး၊ မင္းဦးေလးက ကိုယ့္ဦးေလးရဲ႕လူယုံကို လာဘ္ထိုးခဲ့တယ္၊ ပထမဆုံး မင္းအစ္ကို,ကို ကိုမာဝင္သြားေအာင္ ကားမေတာ္တဆလိုမ်ိဳးနဲ႔ ဇာတ္တိုက္ခဲ့ၿပီးေတာ့ မင္းကို ဒီကမာၻထဲပို႔ေအာင္လို႔ ကိုယ့္ဦးေလးကို တမင္လမ္းၫႊန္ခဲ့တယ္။ မင္း ဒီကမာၻထဲျပန္မလာႏိုင္ေသးခင္ေတာင္ hidden questကိုထည့္ၿပီး မင္းဦးေလးက အားလုံးကို အကြက္ခ်သြားခဲ့တာ... မင္း မဟာယနအဆင့္ကို ေရာက္တာနဲ႔ ကမာၻႀကီးရဲ႕ပ်က္ဆီးမႈက စတင္လာမွာ၊ ဒါေပမယ့္ မဟာယနအဆင့္ကေန အထက္ကိုတက္ဖို႔ဆိုတာ ၃၃ရက္က မလုံေလာက္ႏိုင္သေလာက္ပဲ..."

"...မင္းဦးေလးက မင္းကို ေသတဲ့အထိ လုပ္ခ်င္ေနၿပီး ကိုယ္တို႔ေတြ အဲ့တာကို သိရတဲ့အခ်ိန္မွာ ေတာ္ေတာ္ေလး ေနာက္က်ေနၿပီ၊ နည္းစနစ္က်က်နဲ႔ မင္း အဲ့ကမာၻထဲ မဝင္သြားေအာင္ ျပန္ဆြဲထုတ္ဖို႔ ကိုယ္တို႔အဖြဲ႕က systemကို ၾကားျဖတ္ႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး... Main systemေပၚလာၿပီး ကိုယ္တို႔ကို တိုက္ခိုက္ခဲ့တယ္၊ မင္းကို တစ္နည္းနည္းနဲ႔ သက္ေရာက္ေစခဲ့မလားေတာ့ ကိုယ္မသိဘူး၊ တျခားလည္း ေ႐ြးျခယ္စရာမရွိေတာ့လို႔ ကိုယ္တို႔ေတြ systemရဲ႕ၫႊန္ၾကားခ်က္ေတြအတိုင္းလိုက္ၿပီး တျခားနည္းလမ္းရွာရေတာ့တယ္"

"...ကိုယ္တို႔လည္း systemကို မေျပာင္းလဲေစဘဲ တျခားေျဖရွင္းခ်က္ကိုပဲ ရွာရတယ္၊ ေနာက္ေတာ့ ကိုယ္တို႔ေတြ ကယ္ေပါက္တစ္ခုကို ရွာေတြ႕ခဲ့လို႔ data packအေနနဲ႔ ကိုယ္ဝင္လာခဲ့တာ၊ ေသခ်ာေလးနားေထာင္ေပး data packက တိမ္လႊာပ်ံဝဲဂိုဏ္းက မင္းရဲ႕အခန္းထဲမွာ၊ အဲ့တာက hidden quest ေပၚလာၿပီးေနာက္မွာ systemက ဖ႐ိုဖရဲျဖစ္ေနတုန္း စကၠန႔္ပိုင္းေလးေလာက္ပဲ ေပၚလာမွာ... မင္း data packကို ျမန္ျမန္သြားယူမွ အထဲကအခ်က္အလက္က မင္းကို ျမစ္ကိုျဖတ္ကူးျခင္းအဆင့္ထိ ခ်က္ခ်င္းတက္ခြင့္ေပးမွာ ၿပီးေတာ့ ကမာၻတစ္ခုလုံးရဲ႕စနစ္ အရွိန္က..."

"... အခု ကိုယ္ေျပာမယ့္အေၾကာင္းကို မင္းေသခ်ာနားေထာင္ဖို႔လိုတယ္၊ main systemခ်ေပးထားတဲ့ ဇာတ္ေၾကာင္းက က်ိဳးရင္အတြက္ပဲ၊ အဲ့တာ မင္းပဲ... မင္းက ရွဲ႕ဇီထ်န္းကို သတ္၊ နတ္ဆိုးဘုရင္ႀကီးကို အႏိုင္ပိုင္းၿပီး ေကာင္းကင္ဘုံကို ဆန္တက္ရမွာ၊ ကိုယ္တို႔ေတြ data packနဲ႔ ဇာတ္လမ္းအရွိန္ကို ျမႇင့္ထားတယ္၊ မင္း ရွဲ႕ဇီထ်န္းကို သတ္လိုက္သေ႐ြ႕ မင္း အထက္ကိုတက္ႏိုင္ၿပီး main systemကလည္း သာမန္မဟုတ္တာကို ဘာမွရွာေတြ႕လိုက္မွာမဟုတ္ဘူး... မင္း အထက္ကို တက္သြားတဲ့အခ်ိန္မွာ main system ပြင့္လာလိမ့္မယ္၊ မင္းက အဲ့တာကို အခြင့္ေကာင္းယူၿပီး ဒီကမာၻႀကီးထဲက ထြက္သြားရမွာ နားလည္လား?"

ပိုင္ရန္ ေၾကာင္အေနတယ္။

"မွတ္ထားေနာ္၊ အထက္ကိုတက္ဖို႔ အေျခအေနက ရွဲ႕ဇီထ်န္းကို သတ္ဖို႔ပဲ၊ သူက ေသမ်ိဳးနယ္ေျမထဲမွာ သူ႔ရဲ႕က်င့္ႀကံျခင္းအဆင့္က မင္းေလာက္ မျမင့္ဘူး၊ သူ႔ကို အလြယ္ေလး သတ္လိုက္ႏိုင္မွာပါ..."

"ေရွာင္ပိုင္ မင္း ကိုယ္ေျပာတာကို ယုံမယုံဆိုတာ မသိဘူး၊ မင္းကိုေတာ့ ေျပာျပရမွာပဲ မင္းအခုခ်ိန္ထိ ႀကဳံခဲ့ရတာေတြအားလုံးက systemကေန ဟိုးအစတုန္းတည္းက အကြက္ဆင္ခဲ့တဲ့ ဇာတ္ေၾကာင္းေတြခ်ည္းပဲ... ေက်ာင္ခ်င္းအာေၾကာင့္ပဲျဖစ္ျဖစ္ ဖုန႔္မင္းေၾကာင့္ပဲျဖစ္ျဖစ္ သူတို႔ေတြအားလုံးက ဖန္တီးထားတဲ့ဇာတ္ေကာင္ေတြခ်ည္းပဲ၊ မင္းကိုယ္မင္း အဲ့ဒိခံစားခ်က္ေတြထဲ ေျမာဝင္ခိုင္းလိုက္လို႔မျဖစ္ဘူးေနာ္..."

"ကမာၻႀကီးပ်က္ဖို႔အတြက္ သတ္မွတ္ခ်ိန္က စေနၿပီ၊ မင္းလည္း ေရွာင္လင္းရဲ႕အသံကို ၾကားႏိုင္ေလာက္မွာေပါ့၊ ကိုယ္ေျပာတာနားေထာင္ အဲ့လိုဖန္တီးထားတဲ့အခ်ိန္ေတြအေပၚ တြယ္ကပ္မေနနဲ႔၊ မင္းမိဘေတြနဲ႔ မင္းအစ္ကို၊ အဲ့တာအျပင္... အဲ့တာအျပင္ တျခားလူေတြအမ်ားႀကီးလည္း မင္းကို အျပင္မွာ ေစာင့္ေနၾကတယ္..."

"ကိုယ္ မင္းအတြက္ ခ်န္ထားေပးခဲ့တဲ့ ဒီသတင္းက ဒီဇင္ဘာလ ေလးရက္ေန႔ 2018မွာ"


___________________________________


{Unicode}

ဘယ်လောက်မှန်းမသိတဲ့ အချိန်တစ်ခုကြာပြီးတဲ့နောက် ပိုင်ရန် လေးဖင့်စွာ နိုးထလာတယ်။ မျက်လုံးတွေကို အားတင်းကာဖွင့်လိုက်တော့ ရင်းနှီးနေတဲ့အနက်ရောင်ပိတ်ကျဲမျက်နှာကြက်တစ်ခုကို မြင်လိုက်ရတယ်။

သူ့လက်ကလည်း တစ်စုံတစ်ယောက်က အချိန်အကြာကြီး ညှစ်ထားသလိုမျိုး အနည်းငယ် နာကျင်နေတယ်။

သူလှုပ်လှုပ်ရှားရှားလုပ်လိုက်တဲ့အခါ သူ့ဘေးနားက ရုတ်ခြည်းဆိုသလို အံ့အားသင့်သွားတဲ့အသံတစ်ခု ထွက်ပေါ်လာတယ် : "ဇီထျန်း နိုးလာပြီလား?"

ပိုင်ရန် လှည့်လိုက်တော့ ဖောယောင်နေတဲ့မျက်လုံးတွေနဲ့ အိပ်ရာဘေးမှာထိုင်နေတဲ့နတ်ဆိုးဘုရင်ကြီးက မျက်လုံးသူငယ်အိမ်တွေတုန်ရီနေကာ သူ့ကိုအံ့ဩတကြီးကြည့်နေတာကို တွေ့လိုက်ရတယ်။

သူ အတော်လေးတုန်လှုပ်ခဲ့တယ်ဆိုတာ သိသာလှတယ်။

ရုတ်တရက်ဆိုသလို သူ့စိတ်ထဲ မှတ်ဉာဏ်တွေတိုးဝင်လာတယ်။

ပိုင်ရန် "..."

ပိုင်ရန် ကိုယ်ကိုလှိမ့်ကာ ဒူးထောက်ပြီး သူ့နှဖူးကို အိပ်ရာပေါ် ဖိကပ်ထားလိုက်တယ် "အရှင်ကြီး ကျွန်တော့်ကို ချမ်းသာပေးပါ၊ ကျွန်တော်က အရှင့်ကိုလိမ်ညာဖို့ အတင်းအကျပ်လုပ်ခံရတာပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ" သူ ငိုမိတယ်။

သူတော့သွားပြီ၊ သူ သွားပြီ၊ အခု တကယ်ပြီးဆုံးသွားပြီ...

အဖြစ်အပျက်တွေက ရုတ်တရက်ဆန်လွန်းတာကြောင့် သူ့မှာ ပြင်ဆင်ချိန်တောင် မရလိုက်ဘူး။ ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးက သူ့ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်တော့မှာလား? သူ့ကို အဲ့လိုလုပ်နေတုန်းမှာ ကျိုးရင်ကိုလည်း ရှင်းပစ်မှာလား?

နတ်ဆိုးဘုရင်ကြီး အနည်းငယ်လန့်သွားပြီး ရှုပ်ထွေးတဲ့အမူအယာပြောင်းသွားကာ အကြာကြီးနေမှ ပြောလာတယ် "ထားလိုက်တော့"

နတ်ဆိုးဘုရင်ကြီး စိတ်ယိုင်သွားအောင် လုပ်နိုင်မယ့်နည်းလမ်းကို ဦးနှောက်ခြောက်အောင် စဉ်းစားနေခဲ့တဲ့ ပိုင်ရန် : "..."

နတ်ဆိုးဘုရင်ကြီးက လက်ကိုမြှောက်ကာ အရှင်းမပျောက်သေးတဲ့ သူ့ရဲ့ခေါင်းကို ညင်သာစွာထိလိုက်တယ် "စိတ်လျှော့ ကိုယ်တော်မင်းကို မသတ်ဘူး ပြီးတော့ ကျိုးရင်ကိုလည်း မသတ်ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်တော်သူ့ကို ကာကွယ်နိုင်ဖို့ အားလုံးလုပ်ပေးမယ်၊ မြင်နေရတော့..."

သူ သက်ပြင်းချလိုက်ကာ "... သူ့အသက်က မင်းနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို မြင်နေရတော့လည်း"

ပိုင်ရန် ပါးစပ်အဟောင်းသားဖြစ်နေပြီး အချိန်တော်တော်ကြာအောင် ပြန်မပိတ်နိုင်ဖြစ်သွားရတယ်။

ဘာဖြစ်တယ်?

ကြီးမြတ်လှတဲ့ နတ်ဆိုးဘုရင်ကြီးရဲ့ စကားတွေအရဆို သူက ခွင့်လွှတ်ပေးလိုက်တာများလား?

ဒီတိုင်း အလွယ်တကူ လွှတ်ပေးလိုက်တယ်?

နောက်နေတာလား?

နိုးလာတဲ့နောက်မှာ နောက်တစ်ခါ အဆော်ခံရဖို့ကို ပြင်ဆင်ထားပြီးသားဖြစ်တယ်။

"အရှင်ကြီး..." သူ ဂရုတစိုက်နဲ့ အတည်ပြုလိုက်တယ် "အရှင်ကြီး... စိတ်မတိုတော့ဘူးလား?"

"မင်း ဘယ်လိုထင်လဲ?" နတ်ဆိုးဘုရင်ကြီး သူ့ကို စိုက်ကြည့်လိုက်တယ်။

ထင်တဲ့အတိုင်းပဲ သူ ဒီလောက်လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး!

ပိုင်ရန် ကြောက်ကြောက်နဲ့ပဲ ကွေးကွေးလေးနေကာ အိပ်ရာပေါ်မှာ ဒူးပြန်ထောက်ထားလိုက်တယ် "အရှင်ကြီး၊ ကျွန်တော်က ခွင့်လွှတ်ပေးဖို့ တောင်းဆိုတာတော့ မဟုတ်ပါဘူး၊ ကျွန်တော်နဲ့ ကျိုးရင်ရဲ့အသက်ကို ချမ်းသာခွင့်ပေးဖို့ တောင်းဆိုတာလေးပါပဲ..."

နတ်ဆိုးဘုရင်ကြီး စိတ်မရှည်လက်မရှည်နဲ့ သူ့ကို မ,လိုက်တယ် "နိုးလာတာနဲ့ ဒူးပဲထောက်မနေနဲ့၊ မင်းက သေချာမပြောဘဲ ကိုယ့်ကိုကိုယ် သတ်မိတော့မလိုဖြစ်အောင် အသက်ကိုရင်းပြီး အဆိပ်ငွေ့တွေထဲကို ခုန်ချလို့ ကိုယ်တော် စိတ်တိုတာ၊ မင်း နောက်ထပ်ဒီလိုမျိုး ထပ်လုပ်ရဲလို့ကတော့ ကိုယ်တော် ကျိုးရင်ရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"

ပိုင်ရန် "..."

ပိုင်ရန် လန့်နေမိတယ်။ ဒီလိုမျိုးနဲ့ တကယ်ကြီးလွတ်သွားတယ်ဆိုတာကို သူ ယုံတောင်မယုံနိုင်ဘူး။

အဲ့တော့... အဲ့တော့ သူက ကြေးမုံကိုယူဖို့ ချောက်ထဲခုန်ချပြီး နတ်ဆိုးဘုရင်ကြီးကို 'ချစ်တယ်'လို့ ပြောလိုက်တာနဲ့တင် အရင်ကလိမ်ညာခဲ့တွေအားလုံး ချေဖျက်ပစ်ဖို့ လုံလောက်သွားရောလား?

... နတ်ဆိုးဘုရင်ကြီးကို အကွက်ရွှေ့ဖို့က လွယ်လွန်းအားကြီးနေတယ်လေ!

နတ်ဆိုးဘုရင်ကြီး တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာက အနည်းငယ်ရဲတက်လာတယ်။ သူက ပိုင်ရန့်မျက်နှာကို နောက်တစ်ကြိမ်ထပ်ထိပြီး ပြောလိုက်တယ် "မကြာခင် ပြန်ကောင်းအောင်လာအောင်နေ၊ ဘုန်းတော်ကြီးက ရက်ရွေးပေးပြီးသွားပြီ၊ နောက်လ ငါးရက်မြောက်နေ့ကျရင် မင်းက ကိုယ်တော့်ရဲ့မိဖုရားဆိုတာကို လူတိုင်းသိအောင် ကြေညာတော့မယ်"

ပိုင်ရန် "...!"

အရင်ဆုံး ကြိုတင်သတိပေးခြင်းမရှိ စစ်မေးခဲ့တယ် ပြီးတော့ ကြိုတင်သတိပေးခြင်းမရှိ လက်ထပ်ပွဲကို စီစဉ်ချလိုက်ပြန်တော့ ပိုင်ရန် အနည်းငယ်စိတ်ရှုပ်ထွေးသွားရတယ်။

"ဒီလောက်မြန်မြန်ကြီးလား?" သူ မစဉ်းစားဘဲ မေးမိသွားတယ်။

နတ်ဆိုးဘုရင်ကြီးက မျက်ခုံးတစ်ဖက်ပင့်ကာ အနည်းငယ်မပျော်မရွှင်ဖြစ်သွားတဲ့အသံနဲ့ ပြောလာတယ် "ဒီလောက် မြန်မြန်ကြီး? ကိုယ်တော်တို့ နှစ်ဝက်တွဲပြီးရင်ဆိုတဲ့ကတိက နောက်လရဲ့ဒုတိယမြောက်နေ့ရောက်ရင် ပြီးဆုံးမှာ... အခုကနေဆို နောက်သုံးရက်နေရင်ပဲ"

ပိုင်ရန် "..."

သုံးရက်လေး နောက်ဆုတ်လိုက်ရတာကိုတောင် ဒီလောက်လက်ခံဖို့ ခက်ခဲနေတာလား?

ဘယ်လိုဖြစ်လို့ ရက်တွေကိုပါ ဒီလောက်ထိ အသေးစိတ်တွေ လိုက်ရေနေရတာလဲ?

နတ်ဆိုးဘုရင်ကြီးက အနည်းငယ်ရှက်ရွံ့စွာ ပိုင်ရန့်ပါးကို ခပ်ဖွဖွလေးနမ်းလိုက်တယ် "ကိုယ်တော်တို့ လင်ရယ်မယားရယ်လို့ ဖြစ်သွားပြီဆိုရင် ကိုယ်တော့်ကို အကြောင်းပြချက်ပေးပြီး ငြင်းလို့မရတော့ဘူး"

ပိုင်ရန့်ဖင်က တင်းကျပ်သွားပြီး စူးအောင့်နာကျင်လာတယ်။

"နည်းနည်းအနားယူလိုက်အုံး ကိုယ်တော့် ကိစ္စတချို့ သွားဖြေရှင်းရအုံးမယ်၊ ကိုယ်တော် ပြန်လာတဲ့အခါ အစကနေအဆုံးထိ အမှန်တိုင်း ပြောပြပေးမယ်လို့ မျှော်လင့်တယ်" နတ်ဆိုးဘုရင်ကြီး ပိုင်ရန့်ကို အိပ်ရာပေါ် ပြန်ဖိချပြီး စောင်သေချာခြုံပေးပြီးနောက် အိပ်ဆောင်ကနေ ထွက်သွားတော့တယ်။

ပိုင်ရန် ခဏလောက်တွေဝေငေးမောပြီး ထိုနေရာမှာတင် လှဲနေမိတယ်။ သူ ဒီမှာပဲ ဆက်မလှဲနိုင်တော့တာကြောင့် ထလိုက်ကာ ခပ်သွက်သွက်လေး အိပ်ခန်းထဲက ထွက်လာလိုက်တယ်။ သူ ဒီလိုမျိုးနဲ့ လွတ်သွားတယ်ဆိုတာကို မယုံနိုင်သေးဘူး။

နတ်ဆိုးဘုရင်ကြီးက သူ့ကို ဒီလောက်​တောင် ချစ်တာလား?

အရင်ဆုံး သူ့ရဲ့'သား' ဆိုတာကို လက်ခံပေးခဲ့တယ်ပြီးတော့ သူ့ရဲ့သစ္စာဖောက်မှုကို ခွင့်လွှတ်ပေးပြန်တယ်၊ တခြား ဘယ်သူက ဒီလိုမျိုး လုပ်ပေးနိုင်မှာလဲ?

ဒါပေမယ့်... ဒါပေမယ့် သူ ထွက်သွားဖို့လိုသေးတယ်။ သူ ထွက်သွားခဲ့ရင် အဲ့လူ အတော်လေးနာကျင်ရမှာ မဟုတ်လား?

ဒါကို တွေးကြည့်ရုံနဲ့တင် ပိုင်ရန့်နှလုံးသားက အလွန်တရာနာကျင်လာတယ်။

သူ ဒီမှာနေမယ်ဆိုရင်လည်း တကယ့်လောကမှာရှိနေတဲ့ သူ့သူငယ်ချင်းတွေနဲ့ မိသားစုကို စွန့်လွှတ်ရတော့မှာ မဟုတ်လား?

အရင်က ပိုင်ရန်သာဆိုရင် တုံ့ဆိုင်းခြင်းမရှိ တကယ်ကမ္ဘာကို ရွေးခြယ်မှာဆိုပေမယ့် အခုချိန်မှာတော့ သူတွန့်ဆုတ်နေမိပြီ။

တကယ်လို့သာ စစချင်းတည်းက အိမ်ပြန်ဖို့လမ်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုတာမျိုးကိုတောင် သူ တွေးမိခဲ့တယ်။ ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ခဲ့ရင် ဒီမှာပဲ စိတ်ရှင်းရှင်းနဲ့ နေသွားလို့ရတယ်။

သူပြန်လာတဲ့အခါ အမှန်တိုင်းပြောရမယ်လို့ နတ်ဆိုးဘုရင်ကြီး ပြောသွားခဲ့တယ်။ သူ့ကို အားလုံး ပြောပြလိုက်သင့်လား? သူ ပြောပြလိုက်ရင်ရော systemက သတိပေးပြီး အန္တရာယ်ထဲ ကျရောက်နိုင်သလား?

"ရှောင်လင်း..." သူ့စိတ်ထဲကနေ ထပ်မံခေါ်ကြည့်ပေမယ့် အရင်အတိုင်း ပြန်မဖြေလာဘူး။

ဒီအကန့်အသတ်မရှိတဲ့ကမ္ဘာကြီးထဲမှာ ပထမဆုံးအကြိမ်အဖြစ် သူ အထီးကျန်တာကို ခံစားလိုက်ရတယ်။

သူ လမ်းလျှောက်နေရင်း အမှတ်တမဲ့ မှန်တစ်ချပ်ရှေ့ကနေ ဖြတ်လျှောက်မိလိုက်တယ်။ မှန်ထဲမှာ သူ့ရဲ့ပုံရိပ်ပေါ်လာတယ်။ ဆံပင်တစ်ဝက်လောက် မရှိတော့ဘဲ သူ့မျက်နှာမှာ အမာရွတ်တို့ ပြည့်နေတယ်။

ပိုင်ရန် လေအေးတစ်ချက်ရှိုက်မိသွားတယ်၊ သူ ဒီလောက်တောင် ရုပ်ဆိုးတာလား?

ဒါကို အခုလေးတင် နတ်ဆိုးဘုရင်ကြီးက ဘယ်လိုတောင် နမ်းနိုင်ခဲ့တာလဲ?

သူက သူ့(ရှဲ့ဇီထျန်း)ကို ချစ်တယ်။

အရာအားလုံးကို လက်ခံနိုင်တဲ့အထိ ချစ်ခဲ့တာဖြစ်တယ်။

သူ(ပိုင်ရန်)က မချစ်တော့ဘူးဆိုရင်တောင်မှ သူတို့အတူနေရမယ်လို့ နီရဲတောက်နေတဲ့မျက်လုံးတွေနဲ့ ပြောခဲ့ဖူးတယ်။

သူ ရှိုးတိုးရှန့်တန့်ဖြစ်နေတဲ့အချိန်။

သူ ရှက်နေတဲ့အချိန်။

ဒါတွေအားလုံးက နွေးထွေးတဲ့ရေအိုင်လေးတစ်ခုအဖြစ် အရည်ပျော်သွားပြီး သူ့နှလုံးသားထဲ အသာရိုက်ခတ်နေတယ်။

'ငါ ကိုယ်တိုင်ကရော?'

'ငါ သူ့ကို ချစ်လား?'

ပိုင်ရန် သူ့ကိုယ်သူ မေးကြည့်မိတယ်။

သူ့ခံစားချက်တွေ တစ်ဖန်နိုးကြားလာပြီး ဒါက ဘယ်လိုခံစားချက်မျိုးလဲဆိုတာတောင် ပိုင်ရန် မသိတော့ဘူး။ လူတစ်ယောက်အတွက် အသက်ကိုတောင် ပဓာနမထားဘဲ အရာအားလုံးကို လျစ်လျူရှုပစ်နိုင်တဲ့ ခံစားချက်မျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒီလိုမျိုးတစ်မျိုးတစ်မည်ခံစားချက်နဲ့ပဲ ပိုင်ရန် အိပ်ရာဆီကို လေးပင်စွာ ပြန်လျှောက်လာပြီး ထိုင်ချလိုက်ကာ နောက်ထပ် ဘာလုပ်သင့်လဲဆိုတာကို တွေးနေမိတယ်။

ဖြစ်နိုင်တာက... သူ နေသင့်တယ်။

သူ့ကို အမှန်တိုင်းပြောပြီး သူ့ကို ချစ်ကြောင်း ပြောရမယ်။

သူ့ကိုသူလည်း ဖြေးဖြေးချင်း နှစ်သိမ့်နေမိတယ်၊ ဒီကမ္ဘာမှာ နှစ်ပေါင်းထောင်ချီကြာနေလည်း အပြင်ဘက်မှာတော့ စက္ကန့်ပိုင်းစာလောက်လေးလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ သူတို့တွေ အသက်တွေကြီးပြင်းသွားလို့ သေတဲ့အချိန်မှာ အပြင်ဘက်မှာတော့ တစ်ရက်လောက်ပဲ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ သူ ပြန်နိုးထလာနိုင်ပြီး သူ့မိသားစုတွေနဲ့ ပြန်နေနိုင်တဲ့နောက်...

သူ ဒီအကြောင်းကို တွေးမိလေလေ သူ့စိတ်ထဲမှာ ဖြစ်နိုင်ချေတွေ ပိုများလာလေဖြစ်တယ်။

စိတ်ပိုင်းဖြတ်လိုက်တဲ့အခါ ပိုင်ရန် အများကြီး စိတ်သက်သာရာရသလို ခံစားလိုက်ရတယ်။

သူ မတ်တပ်ထကာ အပြင်ကိုအလောတကြီးထွက်ပြီး နတ်ဆိုးဘုရင်ကြီးကို သူ့ရဲ့ဆုံးဖြတ်ချက်အကြောင်း ပြောချင်ခဲ့တယ်။ သူ ခြေလှမ်းနှစ်လှမ်းလောက်သာ လှမ်းပြီးချိန် ရုတ်တရက်ဆိုသလို ကြမ်းပြင်ကြီး လှုပ်ရှားသွားတာကို ခံစားမိလိုက်တယ်။ သူလည်း ယိမ်းထိုးသွားတာကြောင့် အလျင်အမြန် ဟန်ချက်ထိန်းလိုက်ရတယ်။

အပြင်ဘက်ဆီကနေ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သလိုမျိုး ဆူညံသံတွေပါ ထွက်ပေါ်လာတယ်။

လှုပ်ရှားနေတာကလည်း ပိုပိုပြီး ပြင်းထန်လာတော့တယ်။

တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာ ပိုင်ရန်သတိပြုမိလိုက်ပြီ။ သူက အခု ထာဝရအမှောင်ထုနန်းတော်ကြီးထဲမှာ ရှိနေပြီး ဒါက နတ်ဆိုးနယ်မြေရဲ့ အဓိကကျတဲ့ မှော်အစီအရင်ကြီးဖြစ်တယ်။ အလွန်တရာလည်း အားကောင်းပြီး နှစ်ပေါင်းသန်းချီတိုင်အောင် ပျက်ဆီးခြင်းမရှိ ဖြစ်တည်နေခဲ့တယ်။ နတ်ဆိုးနယ်မြေထဲက တခြားနန်းတော်တွေ ပျက်ဆီးခဲ့ရင်တောင် ထာဝရအမှောင်ထုနန်းတော်ကြီးက ဆက်လက်ပြီး အခိုင်အမာတည်ရှိနေလိမ့်အုံးမှာဖြစ်တယ်။

သို့ပေမယ့်အခုတော့ နန်းတော်ကြီးတစ်ခုလုံး ငလျင်တစ်ခုကျရောက်နေသလိုမျိုး လှုပ်ခါနေတယ်။

ပိုင်ရန် အိပ်ခန်းထဲကနေ အမြန်ပြေးထွက်လိုက်တယ်။

တာဝန်ကျတဲ့သူတွေနဲ့ အစောင့်အကြပ်တွေက အလျင်စလို အရှေ့အနောက် သွားလာနေပြီး ပြဿနာရဲ့အရင်းအမြစ်ကို လိုက်လံရှာဖွေနေကြတယ်။

"ဘာဖြစ်တာလဲ?" ပိုင်ရန် အစောင့်တစ်ယောက်ကိုဆွဲကာ မေးလိုက်တယ်။

သူ့ပုံစံကြောင့် အစောင့်က လန့်ကာခုန်မိသွားပြီး အသံကြားလိုက်ရမှသာ ရှဲ့ဇီထျန်းဆိုတာ မှတ်မိသွားတယ်။ သူက ကိုယ်ကိုကိုင်းညွတ်ကာ ပြောလာတယ် "အရှင်ရှဲ့ နန်းတော်မှာ ငလျင်လှုပ်လာရတဲ့အကြောင်းအရင်းကို ကျွန်တော်တို့ သေချာမသိရသေးပါဘူး"

"ဟိုကို ကြည့်ကြပါအုံး!" တာဝန်ကျတဲ့တစ်ယောက်က အော်ဟစ်လာတယ်။

ပိုင်ရန်နဲ့ အစောင့်တို့ ခေါင်းတွေမော့ကာ တာဝန်ကျတဲ့သူ လက်ညှိုးထိုးပြတဲ့ဆီကို ကြည့်လိုက်တယ်။ အရှေ့ဘက်အကျဉ်းစခန်းရှိရာဘက်ကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်နေတာကို သူတို့တွေ့လိုက်ရတယ်။ ထိုအရာက မြေကြီးထဲက လျှံထွက်လာပြီး ကောင်းကင်ပေါ် ထိုးခွင်းသွားတယ်။

ဒါ...

ပိုင်ရန့်မျက်လုံးသူငယ်အိမ်တွေ အနည်းငယ်ကျုံ့သွားတယ်။

ဒါက နဂါးနိုင်ဓားပဲ!

တစ်ချိန်တည်းမှာပဲ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တဲ့ သူ့စိတ်ထဲမှာ beepဆိုတဲ့အသံတစ်ချက် ထွက်ပေါ်လာတယ်။ ရှောင်လင်းရဲ့စက်လိုလိုအသံကို ကြားလိုက်ရတယ် "ဇာတ်လိုက်ကက မဟာယနအဆင့်ကို ဖြတ်ကျော်ပြီးပါပြီ၊ Hidden questကို အသက်သွင်းနေပါသည်၊ ကမ္ဘာကို ဖျက်ဆီးဖို့သတ်မှတ်ချိန်ကို စတင်..."

ပိုင်ရန် "...!!!"

"... သတ်မှတ်ချိန် စတင်ပါပြီ၊ ကမ္ဘာကြီးပျက်ဆီးဖို့ T- အနှုတ် ရက်သုံးဆယ်နှင့် တစ်နာရီသာကျန်ရှိပါတော့သည်။ ကျေးဇူးပြု၍ hostက ဘေးလွတ်ရာကို ထွက်ခွာဖို့ ပြင်ဆင်ပေးထားပါ"

ပိုင်ရန် "...!!!"

လခွမ်း!

ဘာတွေဖြစ်ကုန်တာလဲ?!

ပိုင်ရန် မူးနောက်သလို ခံစားနေရတယ်။ ဇာတ်လိုက်က အဆင့်တက်သွားပြီး၊ သောက်ရေးမပါတဲ့ hidden questက ရုတ်တရက်ကြီး အသက်ဝင်လာတယ် ပြီးတော့ ကမ္ဘာကြီးက ပျက်ဆီးတော့မယ်?

ထွက်ခွာဖို့?

ထွက်ခွာတာက ဘာကို ဆိုလိုတာလဲ?

"ရှောင်လင်း ဘာတွေဖြစ်နေတာလဲ? Hidden questက ဘာလဲ ငါကျတော့ ဘာလို့ မသိခဲ့ရတာလဲ?" လျင်မြန်စွာဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ပိုင်ရန် မေးခွန်းထုတ်လိုက်တယ်။

ရှောင်လင်းရဲ့စက်အသံကြီး တစ်ဖန်ပြန်လည်ထွက်ပေါ်လာတယ် "ဇာတ်လိုက်က မဟာယနအဆင့်ကို ဖြတ်ကျော်ပြီးပါပြီ၊ hidden questကို အသက်သွင်းနေပါသည်၊ ကမ္ဘာကြီးပျက်ဆီးဖို့ သတ်မှတ်ချိန် စတင်ပါပြီ ကျေးဇူးပြု၍ hostက ဘေးလွတ်ရာကို ထွက်ခွာဖို့ ပြင်ဆင်ပေးထားပါ"

"ကမ္ဘာကြီး ပျက်ဆီးသွားရင် တခြားသူတွေကရော ဘာဖြစ်ကုန်မှာလဲ? ငါ့ကို ပြောအုံး ရှောင်လင်း!" ပိုင်ရန် အော်လိုက်တယ်။

ရှောင်လင်း ရုတ်တရက် အသံတိတ်သွားပြီး အချိန်အတော်ကြာတဲ့နောက် လိုင်းမကောင်းတဲ့ရေဒီယိုဟောင်းတစ်လုံးလိုမျိုး ကြားဖြတ်တဲ့အသံတစ်ခုထွက်ပေါ်လာတယ်။ မသိသော်ငြား ရင်းနှီးနေတဲ့ အမျိုးသားတစ်ယောက်အသံဖြစ်တယ်။

"ရှောင်ပိုင် ကိုယ်ပါ ကျီယွမ်လေ... ရှောင်လင်း အိပ်ပျော်သွားတဲ့အချိန်မှပဲ ကိုယ် ထွက်လာလို့ရတာ၊ ဒါက ကိုယ်ချန်ခဲ့တဲ့ သတင်းတစ်ခု၊ ကိုယ်မင်းကို လာကယ်တာ ကိုယ် ဘာပြောမယ်ဆိုတာကို သေချာနားထောင်..."

ပိုင်ရန် "...!!!"

ပိုင်ရန် ခဏလောက် မိန်းမောနေပြီးမှ ကျီယွမ်က ဘယ်သူမှန်း သတိရသွားတယ်။

သူ့စိတ်က ရှုပ်ထွေးလို့နေတယ်။ ပထမဆုံး hidden quest နောက်တော့ ရှောင်လင်းရဲ့ပုံမှန်မဟုတ်တဲ့ပုံ၊ အခုကျတော့ ကျီယွမ်တဲ့... သူ လုံးဝကို ကြောင်အနေရတယ်။

"...ရှောင်ပိုင်၊ ကိုယ်ပြောတာကို နားထောင်၊ မင်းက ကျိုးရင်မဟုတ်ဘူး မင်းရဲ့တကယ့်နာမည်က ပိုင်ရန် ပြီးတော့ မင်းက ခေတ်သစ်ကမ္ဘာကလာတာ၊ မင်းအခုရောက်နေတဲ့ကမ္ဘာက ဒီစာအုပ်ထဲမှာ ဖန်တီးထားတဲ့ကမ္ဘာတစ်ခုပဲ... မင်းရဲ့ အဲ့ကမ္ဘာထဲမှာ ဘယ်လောက်ကြာသွားပြီလဲဆိုတာ မသိပေမယ့် ကိုယ်မင်းကို ပြောဖို့တော့လိုတယ်၊ အပြင်မှာ ငါးနှစ်တောင် ရှိသွားပြီ..."

ပိုင်ရန် "...!"

ငါးနှစ်!

သူ ပင့်သက်ရှိုက်လိုက်မိတယ်။

သူ ဝင်လာတဲ့အချိန်တုန်းက 25နှစ်အရွယ်သာ ရှိသေးတယ်ဆိုတာ သူမှတ်မိတယ်။ အခုတော့ ငါးနှစ်တောင် ကုန်သွားခဲ့ပြီဆိုတော့ သူပြန်ထွက်သွားတဲ့အခါ အဖိုးကြီးလို့ သတ်မှတ်လို့ရပြီမဟုတ်ဘူးလား?

ကျီယွမ်ရဲ့အသံက အလောတကြီးနိုင်နေကာ ပိုင်ရန်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဒီကမ္ဘာထဲ ဘာကြောင့် ရောက်သွားရလဲဆိုတာကို အလောသုံးဆယ် ရှင်းပြသွားတယ်။ သူ့ရဲ့ရှင်းပြချက်တွေအရ သူက ပိုင်ရန်တစ်ယောက် ကျိုးရင်ဖြစ်နေတယ်လို့ ထင်နေပုံရတယ်။

သူ မမှတ်မိနိုင်ခင်အထိ ပိုင်ရန် ကြောင်အနေခဲ့တယ်။ သူတို့တွေ သူ့ကို ဒီပို့လိုက်ချိန်တုန်းက သူက ကျိုးရင်,ဖြစ်လာလိမ့်မယ်လို့ တကယ်ပြောခဲ့ပေမယ့် လမ်းတစ်ဝက်မှာတင် မတော်တဆလေးတစ်ခုဖြစ်ခဲ့ပြီး သူက ရှဲ့ဇီထျန်းဖြစ်လာခဲ့တယ်။

"... နဂိုတုန်းကတော့ စစချင်းမှာ အရာအားလုံးက ချောချောမွေ့မွေ့ပဲ၊ ဦးလေးကလည်း မင်းကို ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အဲ့ကိုပို့လိုက်တာဆိုပေမယ့် ဒါတွေအားလုံးက ထောင်ချောက်တစ်ခုဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး၊ မင်းဦးလေးက ကိုယ့်ဦးလေးရဲ့လူယုံကို လာဘ်ထိုးခဲ့တယ်၊ ပထမဆုံး မင်းအစ်ကို,ကို ကိုမာဝင်သွားအောင် ကားမတော်တဆလိုမျိုးနဲ့ ဇာတ်တိုက်ခဲ့ပြီးတော့ မင်းကို ဒီကမ္ဘာထဲပို့အောင်လို့ ကိုယ့်ဦးလေးကို တမင်လမ်းညွှန်ခဲ့တယ်။ မင်း ဒီကမ္ဘာထဲပြန်မလာနိုင်သေးခင်တောင် hidden questကိုထည့်ပြီး မင်းဦးလေးက အားလုံးကို အကွက်ချသွားခဲ့တာ... မင်း မဟာယနအဆင့်ကို ရောက်တာနဲ့ ကမ္ဘာကြီးရဲ့ပျက်ဆီးမှုက စတင်လာမှာ၊ ဒါပေမယ့် မဟာယနအဆင့်ကနေ အထက်ကိုတက်ဖို့ဆိုတာ ၃၃ရက်က မလုံလောက်နိုင်သလောက်ပဲ..."

"...မင်းဦးလေးက မင်းကို သေတဲ့အထိ လုပ်ချင်နေပြီး ကိုယ်တို့တွေ အဲ့တာကို သိရတဲ့အချိန်မှာ တော်တော်လေး နောက်ကျနေပြီ၊ နည်းစနစ်ကျကျနဲ့ မင်း အဲ့ကမ္ဘာထဲ မဝင်သွားအောင် ပြန်ဆွဲထုတ်ဖို့ ကိုယ်တို့အဖွဲ့က systemကို ကြားဖြတ်နိုင်အောင် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး... Main systemပေါ်လာပြီး ကိုယ်တို့ကို တိုက်ခိုက်ခဲ့တယ်၊ မင်းကို တစ်နည်းနည်းနဲ့ သက်ရောက်စေခဲ့မလားတော့ ကိုယ်မသိဘူး၊ တခြားလည်း ရွေးခြယ်စရာမရှိတော့လို့ ကိုယ်တို့တွေ systemရဲ့ညွှန်ကြားချက်တွေအတိုင်းလိုက်ပြီး တခြားနည်းလမ်းရှာရတော့တယ်"

"...ကိုယ်တို့လည်း systemကို မပြောင်းလဲစေဘဲ တခြားဖြေရှင်းချက်ကိုပဲ ရှာရတယ်၊ နောက်တော့ ကိုယ်တို့တွေ ကယ်ပေါက်တစ်ခုကို ရှာတွေ့ခဲ့လို့ data packအနေနဲ့ ကိုယ်ဝင်လာခဲ့တာ၊ သေချာလေးနားထောင်ပေး data packက တိမ်လွှာပျံဝဲဂိုဏ်းက မင်းရဲ့အခန်းထဲမှာ၊ အဲ့တာက hidden quest ပေါ်လာပြီးနောက်မှာ systemက ဖရိုဖရဲဖြစ်နေတုန်း စက္ကန့်ပိုင်းလေးလောက်ပဲ ပေါ်လာမှာ... မင်း data packကို မြန်မြန်သွားယူမှ အထဲကအချက်အလက်က မင်းကို မြစ်ကိုဖြတ်ကူးခြင်းအဆင့်ထိ ချက်ချင်းတက်ခွင့်ပေးမှာ ပြီးတော့ ကမ္ဘာတစ်ခုလုံးရဲ့စနစ် အရှိန်က..."

"... အခု ကိုယ်ပြောမယ့်အကြောင်းကို မင်းသေချာနားထောင်ဖို့လိုတယ်၊ main systemချပေးထားတဲ့ ဇာတ်ကြောင်းက ကျိုးရင်အတွက်ပဲ၊ အဲ့တာ မင်းပဲ... မင်းက ရှဲ့ဇီထျန်းကို သတ်၊ နတ်ဆိုးဘုရင်ကြီးကို အနိုင်ပိုင်းပြီး ကောင်းကင်ဘုံကို ဆန်တက်ရမှာ၊ ကိုယ်တို့တွေ data packနဲ့ ဇာတ်လမ်းအရှိန်ကို မြှင့်ထားတယ်၊ မင်း ရှဲ့ဇီထျန်းကို သတ်လိုက်သရွေ့ မင်း အထက်ကိုတက်နိုင်ပြီး main systemကလည်း သာမန်မဟုတ်တာကို ဘာမှရှာတွေ့လိုက်မှာမဟုတ်ဘူး... မင်း အထက်ကို တက်သွားတဲ့အချိန်မှာ main system ပွင့်လာလိမ့်မယ်၊ မင်းက အဲ့တာကို အခွင့်ကောင်းယူပြီး ဒီကမ္ဘာကြီးထဲက ထွက်သွားရမှာ နားလည်လား?"

ပိုင်ရန် ကြောင်အနေတယ်။

"မှတ်ထားနော်၊ အထက်ကိုတက်ဖို့ အခြေအနေက ရှဲ့ဇီထျန်းကို သတ်ဖို့ပဲ၊ သူက သေမျိုးနယ်မြေထဲမှာ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က မင်းလောက် မမြင့်ဘူး၊ သူ့ကို အလွယ်လေး သတ်လိုက်နိုင်မှာပါ..."

"ရှောင်ပိုင် မင်း ကိုယ်ပြောတာကို ယုံမယုံဆိုတာ မသိဘူး၊ မင်းကိုတော့ ပြောပြရမှာပဲ မင်းအခုချိန်ထိ ကြုံခဲ့ရတာတွေအားလုံးက systemကနေ ဟိုးအစတုန်းတည်းက အကွက်ဆင်ခဲ့တဲ့ ဇာတ်ကြောင်းတွေချည်းပဲ... ကျောင်ချင်းအာကြောင့်ပဲဖြစ်ဖြစ် ဖုန့်မင်းကြောင့်ပဲဖြစ်ဖြစ် သူတို့တွေအားလုံးက ဖန်တီးထားတဲ့ဇာတ်ကောင်တွေချည်းပဲ၊ မင်းကိုယ်မင်း အဲ့ဒိခံစားချက်တွေထဲ မြောဝင်ခိုင်းလိုက်လို့မဖြစ်ဘူးနော်..."

"ကမ္ဘာကြီးပျက်ဖို့အတွက် သတ်မှတ်ချိန်က စနေပြီ၊ မင်းလည်း ရှောင်လင်းရဲ့အသံကို ကြားနိုင်လောက်မှာပေါ့၊ ကိုယ်ပြောတာနားထောင် အဲ့လိုဖန်တီးထားတဲ့အချိန်တွေအပေါ် တွယ်ကပ်မနေနဲ့၊ မင်းမိဘတွေနဲ့ မင်းအစ်ကို၊ အဲ့တာအပြင်... အဲ့တာအပြင် တခြားလူတွေအများကြီးလည်း မင်းကို အပြင်မှာ စောင့်နေကြတယ်..."

"ကိုယ် မင်းအတွက် ချန်ထားပေးခဲ့တဲ့ ဒီသတင်းက ဒီဇင်ဘာလ လေးရက်နေ့ 2018မှာ"

_____


Thanks 🌹



Continue Reading

You'll Also Like

12.1K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
623K 70.1K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
219K 19.6K 19
'ပိုင်လင်'ဟူသည့် ယနေ့ခေတ်လူငယ်သည် မိုးကြိုးအပစ်ခံရပြီးနောက် သူ့ဝိညာဥ်ဟာ ဒဏ္ဍာရီခေတ်ထဲရှိ ဝိညာဥ်ပြိုကွဲနေသော 'ကျူဟန်'ရဲ့ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီးနေ...