True Star _ Volume III _ Chapter (50)_ တောထဲမှာ လမ်းပျောက်ခြင်း
"Devil Slayer"
အခန်း ၃၁- တစ်စုံတစ်ဦး သေဆုံးခြင်း
လူသေဆုံးမှုကို စုံစမ်းစစ်ဆေးရာတွင် ကူညီရန် Renault နှင့် အခြားရဲအရာရှိတစ်ဦးက တာဝန်ယူရသည်။
မှုခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ကြသောအခါ စားပွဲထိုးအား တိုင်တစ်ခုတွင် ကြိုးဖြင့် ချည်နှောင် ထားသည်ကို တွေ့ရှိခဲ့ရပြီး အတော်ကြာအောင် အသက်ရှုကြပ်ပြီးမှ သေဆုံး သွားကြောင်း သိရသည်။ သူ့ခန္ဓာကိုယ်မှာ တခြားဒဏ်ရာတွေ မရှိပေ။ ထိုသေဆုံးသူ၏ ပုံပန်းသဏ္ဌာန်သည် အတော်လေး သပ်ရပ်သန့်ရှင်းပြီး ဝါးပြွန်ကို သွေးကြောထဲတွင် ထိုးစိုက် ထည့်သွင်းသည်။
ရဲသားသည် ထိုလူဟာ သွေးထွက်လွန် သေဆုံး သွားခဲ့လို့ ဖော်ပြထားပြိး ထိုနေရာအားလုံးတွင် သွေးများဖြင့် စိုစွတ်နေပြီး ခြောက်သွားချိန်မှာ အမည်းကွက်ကြီး ဖြစ်နေသည်။
သေသူ၏ဘေးတွင် မြေပြင်ပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးထားသည်-
သူ့ကို ငါ့ဆီ ပြန်ပေးပါ။
"သူ" က ဘယ်သူလဲ။
ဒီနေရာကို အနက်ရောင်အဝတ် ဝတ်ထားသူက လုပ်ခဲ့တာ ဖြစ်နိုင်သည်။
Renault တွေးမိသမျှတော့ "သူ" ဆိုတာ ပိုင်ရိကို ပြောတာဖြစ်သည်။ သူက ပိုင်ရိကို တချက် ကြည့်လိုက်သည်။ ဝတ်စုံနက်ရဲ့ပစ်မှတ်က ပိုင်ရိဖြစ်လို့ သူ ဘယ်ကို သွားသွား ပိုင်ရိကို အတူခေါ်သွားမှ ဖြစ်တော့မည်ဟု တွေးနေသည်။
အခုကြည့်လိုက်ရင် အမှုအတွက် ပိုင်ရိက အဓိက ကျတဲ့ပုံပေါ်တယ်။ အသတ်ခံရသူတွေသာ ပြောင်းသွားပေမယ့် လူသတ်သမားက ဝတ်စုံနက်ပဲ ဖြစ်ကာ မပြောင်းလဲပုံက စိတ်ရှုပ်စရာဖြစ်နေသည်။ သူတို့ ဘယ်လောက်ပဲ ရှာရှာ ဝတ်စုံနက်ကို ရှာမတွေ့နိုင်သေးပေ။
အမှုက ဖြေရှင်းဖို့ မလွယ်ကူတဲ့ပုံပေါ်သည်။ Renault က ဒီနေရာနဲ့ ရပ်တန့်မနေနိုင်ပေ။ ဝတ်စုံနက် လူသတ်သမားကို မဖမ်းမိမခြင်း သူက အေးအေးဆေးဆေး မရှိနိုင်ပေ။ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပိုင်ရိကို ငါးစာအဖြစ်အသုံးပြုပြီး ဝတ်စုံနက်ကို မျှားခေါ်ဖို့ အကြံပေးသေးသည်။ ဒါပေမယ့် ဝတ်စုံနက်က ပိုင်ရိကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
Renault က ဝတ်စုံနက်နဲ့လူသတ်သမားက ဘယ်သူလဲ။ သူက ဘာရည်ရွယ်ချက်နဲ့ ခုလို လူသတ်နေတာလဲ ဆိုတာကို သေချာစဉ်းစားနေသည်။
လူတိုင်းရဲ့ အပြုအမူနောက်ကွယ်မှာ အကြောင်းပြချက် ရှိကို ရှိရမယ်။ ယခုမှစ၍ ဝတ်စုံနက်အတွက် အရေးအပါဆုံးလူက ပိုင်ရိဖြစ်လောက်သည်။
ဒါပေမယ့် မိဘမဲ့ဂေဟာနဲ့ ဆက်နွယ်နေတဲ့ လူဖြူတွေကို ဘာကြောင့်သတ်လိုက်တာလဲ။
ဝတ်စုံနက် အာရှတောင်ပိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ကို မျှားခေါ်လာပြီး ပိုင်ရိကို ဆေးဝါးကုသပေးရန် လုပ်ခဲ့သည်။
Renault က လက်ရှိ ပြဿနာများကို မဖြေရှင်းရသေးဘဲ ပြဿနာအသစ်များ ထွက်ပေါ်လာခဲ့လို့ ခေါင်းတွေ ပူနေတော့သည်။
ထိုနေ့တွင် သူသည် ခါတိုင်းကဲ့သို့ ပိုင်ရိကို ဆေးခန်းသို့ ခေါ်သွားခဲ့သည်။ပိုင်ရိရဲ့ ရောဂါလက္ခဏာအရ တခြားလူတွေကို ရှောင်ဖို့ လိုအပ်တယ်လို့ ဆရာဝန်က ပြောခဲ့တယ်။ သူသည် ဆရာဝန်နဲ့ ပိုင်ရိ ကို နှစ်ယောက်တည်း ထားခဲ့ရသည်။
Renault က ဆေးခန်း အပြင်ဘက်တွင် ခဏထိုင်ကာ ဝတ်စုံနက်ကို ဘယ်လို တန်ပြန်လုပ်ရမလဲဆိုတာ အခြားလူများနှင့် ဆွေးနွေးသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားပြီး ဘာလိုလိုနဲ့ တစ်နာရီပြည့်သွားတဲ့အခါ Renault က တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ်။
Renault က ဆရာဝန် အခန်းထဲ ဝင်ကြည့်ရန် ကြိုးစားပေမယ့် သူနာပြုက အခု ဆရာဝန်ကို မနှောင့်ယှက်တာ ပိုကောင်းတယ်လို့ ပြောနေတယ်။
နောက်ထပ်တစ်နာရီလောက်ကြာတော့ Renault က သူနာပြုဆရာမကို ဆွဲဖယ်ကာ အထဲကို အပြေးဝင်လာခဲ့ပါတယ်။ တံခါးဖွင့်လိုက်တာနဲ့ သူနာပြုက အော်တယ်၊ ဆရာဝန်က ကုတင်ပေါ်မှာ သေနေပြီ၊ သူ့လည်ချောင်းကို ဓါးနဲ့ လှီးဖြတ်ထားပြီး ခေါင်းက ပြုတ်ကျလုနီးပါး ဖြစ်နေတယ်၊ .
"ပိုင်ရိ ပျောက်သွားပြီ!"
ထိုနေရာကို သိမ်းကျုံးရှာခဲ့ပေမယ့် Renault က ပိုင်ရိကို မတွေ့သေးသည်။
Renault သည် လူစည်ကားသည့် လမ်းမ ဘက်ကို ပြေးကြည့်လိုက်တော့ ထိုနေရာမှ ပြတင်းပေါက်က ပွင့်နေတယ်။ အပြင်မှာ ဘယ်သူမှ မရှိတော့ပေမယ့် Renault က ချက်ချင်း ပြတင်းပေါက်ကနေ ခုန်ချပြီး ပြေးထွက်သွားခဲ့တယ်။
ဆေးခန်းက တော နဲ့ နီးတယ်။ ဝတ်စုံနက် လူသတ်သမားက ပိုင်ရိကို ခေါ်ပြီး တောထဲ ထွက်ပြေးတာ ဖြစ်နိုင်တယ်။ သူတို့ အခု အဝေးကြီးကို မရောက်နိုင်သေးဘူး။
Renault သည် တောထဲသို့ လျင်မြန်စွာ ပြေးသွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူက ပိုင်ရိ အမည်ကို လှမ်းအော်ခေါ်နေသည်။ တဖက်လူဆီက တုံ့ပြန်မှု နည်းနည်းရမယ်လို့ မျှော်လင့်ပေမယ့် ဝတ်စုံနက်နဲ့ ပိုင်ရိက လွန်ခဲ့တဲ့ နှစ်နာရီက ပျောက်ကွယ်သွားခဲ့တာ ဖြစ်နိုင်ပြီး သူတို့ကို လိုက်မှီဖို့ မဖြစ်နိုင်တော့ဘူး။
အဲ့ဒီအချိန်မှာ ပိုင်ရိဝတ်ခဲ့သည့် အဖြူရောင် အဝတ်စားကို သစ်ကိုင်းပေါ်မှာ တွဲလောင်းချိတ်ဆွဲခံထားရတာကို မြင်လိုက်ရတာကလွဲပြီး ထိုနေရာမှာ လူတစ်ယောက်မှ မရှိပေ။
"ကတ်။ အရမ်းကောင်းတယ်၊ အရင်ဆုံး အနားယူရအောင်။"
ဒီနေ့ဇာတ်ကွက်က Renault အဓိက ရိုက်ကူးရတာ ဖြစ်သည်။ ဒါကြောင့် Tang Feng က ဘေးမှာ ထိုင်နေတာ ကြာပြီ။ တောထဲမှာ ပိုးကောင်တွေ အများကြီးပဲ။ Tang Feng သည် ယခုအချိန်တွင် တောထဲတွင် ရိုက်ရမယ့် အခန်း မရှိသောကြောင့် ခြေလက်များကို လုံအောင် သေချာဝတ်ထားလို့ ပိုးကောင်တစ်ကောင်မှ သူ့ကို မကိုက်နိုင်ပေ။ ဒါ့အပြင် သူက အသားပေါ်နေသည့် နေရာတိုင်း ဆေးလိမ်းထားသေးသည်။
ဒါပေမယ့် Renault က သူ့လောက် ကံမကောင်းပေ။
သူ့ခြေထောက်တွေ အဆင်ပြေပေမယ့် သူ့လက်မှာ ပိုးကောင်တချို့ ကိုက်ခံနေရတုန်းပဲ။ လက်ထောက်တော်တော်များများက မင်းသားကို ဆေးလိမ်းဖို့ အလုပ်ရှုပ်နေကြတယ်။
"ဒီလို စိတ်အနှောက်အယှက် ဖြစ်တဲ့ ပိုးမွှားတွေ မရှိဘူးဆုရင် ဒီနေရာက ရှုခင်းက တကယ်ကို ကောင်းပါတယ်။"
ဒီဇာတ်ကားရဲ့ ဒါရိုက်တာကလည်း ဓာတ်ပုံ ဝါသနာအိုးပါ။ အလုပ်ပြီးသွားတော့ သူက နေရာတိုင်းကို ရိုက်ကူးဖို့ SLR ကင်မရာကို ကိုင်ထားတယ်။
ရံဖန်ရံခါတွင် တိတ်ဆိတ်သောတောထဲတွင် တောငှက်အချို့သည် အော်ဟစ်ပျံဝဲကာ ပျောက်ကွယ်သွား သည်။ မြေပြင်မှာ သူတို့ရဲ့ ဘယ်ဘက်ခြေရာတွေနဲ့ ပြည့်နေပြီး ရှုတ်ထွေးနေ တယ်။
Tang Feng သည် ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါးကြည့်ကာ ရှောင်ယုနှင့် ရံဖန်ရံခါ စကားပြောကာ ပြုံးနေသည်။ တနေ့တာအပြီးမှာတော့ သူ့အခန်းတွေ အများကြီး မရိုက်ခဲ့ရဘူး။ အချိန်အများစုတွင် "ပိုင်ရိ" ဇာတ်ကောင်သည် အမှောင်ထဲတွင် ဝှက်နေထိုင်ပြီး အခြားသူများ၏ နူတ်ဖျားမှသာ သူ့အကြောင်း ပြောဆိုခဲ့သည်။ သူက ဒီဇာတ်လမ်းတွဲမှာ ပထမဆုံး သရုပ်ဆောင် တစ်ယောက်ကြောင့် ခုလို လုပ်ထားတာ မဟုတ်ပဲ ဒါရိုက်တာက လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတဲ့ အငွေ့အသက်တွေကို ဖန်တီးထားလိုသဖြင့် ခုလို ဇာတ်ကောင်ကို ဝှက်ထားတာကြောင့်ဖြစ်သည်။
ရုပ်ရှင်တော်တော်များများကို ရိုက်ကူးတဲ့အခါ ကြောက်စရာကောင်းတာက သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုကြောင့် မဟုတ်ပေမယ့် တည်းဖြတ်မှုအပြီး နောက်ခံ တေးသံတွေကြောင့် ဇာတ်ကားတစ်ခုရဲ့ လေထုက ပိုမိုခြောက်ခြားစရာ ကောင်းလာခဲ့သည်။
ထုတ်လုပ်ရေးအပြီးမှာတော့ ရိုက်ကွင်းတစ်ခုလုံး ပေါ့ပါးလို့နေသည်။
အခုတောထဲက အခန်းကို လာရိုက်တဲ့အချိန်မှာ ဝန်ထမ်းအများကြီးမပါပေ။ စုစုပေါင်းမှ 10 ယောက်ကျော်သာ ရှိသည်။
ဒီတစ်ခါမှာတော့ တောင်အာရှ ရိုက်ကူးရေးအတွက် ဒသခံ ဒါရိုက်တာတစ်ဦးကိုလည်း တောထဲခေါ် လာခဲ့သည်။ နောက်ဆုံးတော့၊ သူတို့က ဒီနေရာနဲ့ မရင်းနှီးဘူး။ တောထဲမှာ လမ်းပျောက်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်။
"ဒီမှာ ဘာဖုန်းလိုင်းမှ မမိဘူး "
ရှောင်ယုက ညည်းညူရင်း သူ့ဆဲလ်ဖုန်းကို ခါယမ်းလိုက်သည်။
"ဒီနေရာက လိုင်းမရှိဘူး။ ဒီတောထဲက ထွက်မှ ဖုန်းလိုင်းပြန်ရလိမ့်မယ်။ "
" မင်းရည်းစားဆီကို့ စာပို့ချင်တာလား။ "
Tang Feng က သူ့ဘေးမှာ ရယ်မောရင်း ပြောလိုက်တယ်။ ရှောင်ယုရဲ့မျက်နှာက ရှက်သွေးဖြန်းသွားခဲ့သည်။
"ကျွန်မက ချစ်ဖို့အချိန်မရှိဘူး၊ ပြီးတော့ ကျွန်မ အခုယောက်ျားတွေကို မယုံနိုင်တော့ဘူး၊ ဒါကြောင့် ရှင်ထင်သလို မပြောပါနဲ့ "
လူအများကြီးက စကားပြောနေပြီး နေ့လည်စာစားပြီးနောက် အနားယူကြပြီး နေ့လည်ခင်း အခန်းတချို့ကို ဆက်လက်ရိုက်ကူးကြသည်။ အရာအားလုံးက ချောချောမွေ့မွေ့နဲ့ ရိုက်ကူးနိုင်ကြပြီး နေ့လည်ခင်း နေရောင်က သွေးနဲ့တူတဲ့ အနီစက်လေးတွေ စွန်းထင်းနေတော့ ဆောင်းနေရောင်က နွေးထွေးနေမှာ သေချာပေမယ့် နှင်းတွေအရည်ပျော်တဲ့အခါ အရမ်းအေးတယ်၊ အမှုထမ်းများက သူ့ကိုယ်သူ အနွေးထည်ကြီးဖြင့် တင်းနေအောင် ဝတ်ဆင်ထားကြသည်။
ဒါမှ လေအေးတွေ အထဲကို မဝင်နိုင်မှာ ဖြစ်သည်။
Tang Feng သည် ရှောင်ယု နှင့် ကြာမြင့်စွာကတည်းက ဆွေးနွေးခဲ့ပြီးဖြစ်သည်။ရိုက်ကူးရေးပြီးလို့ ဟိုတယ်ကို ပြန်ရောက်ရင် ဟော့ပေါ့သွား သောက်ကြသည်။ ပြီးတော့ အေးအေးဆေးဆေး ရေချိုးဖို့ အခန်းထဲပြန်ဝင်ကာ အနည်းငယ် ပျင်းရိစွာ အိပ်ပျော်သွားခဲ့သည်။ နောက်တနေ့ မနက် ကိုးနာရီ ဆယ်နာရီမှ အိပ်ယာက ထနိုင်ခဲ့သည်။
သူတို့အဖွဲ့သည် ပစ္စည်းများကို အမြန်ထုပ်ပိုးပြီး တောထဲတွင် ဒေသခံဧည့်လမ်းညွှန်နောက်ကို လိုက်ခဲ့ကြသည်။ Tang Feng သည် ပုံမှန်ထက် အနည်းငယ် ဝနေသည်ဟု ခံစားခဲ့ရပြီး ယခု သူသည် ထူထဲသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ပန်ဒါ တစ်ကောင်နှင့် ပိုတူနေသည်။
"ရှောင်ယု ငါက ပန်ဒါတစ်ကောင်နဲ့တူလား?"
မိတ်ကပ်ဖျက်ဖို့ ပြန်သွားချိန်မှာ Tang Feng သည် သာမန်ထက် ပိုဆိုးသည့် မျက်နှာကို ဖြစ်နေဆဲပင်။
"Tang Feng ရှင့်ကို ကျွန်မ ပွေ့ဖက်လို့ရမလား ။ ရှင် ခုလိုပြောတော့ ရှင့်ကို ဖက်ထားရတာ အရမ်းနွေးပြီး သက်တောင့်သက်သာရှိမယ်လို့ ကျွန်မ ထင်တယ်။ "
စကားပြောနေစဉ် ရှောင်ယုက ပြုံးပြီး Tang Feng ကို ပွေ့ဖက်လိုက်သည်။
"ရှင်က ပန်ဒါဝက်ဝံတွေအပြင် ချစ်စရာကောင်းတဲ့ အဆီအစ်တဲ့ ပင်ဂွင်းတစ်ကောင်လို့ ကျွန်မ ထင်တယ်။"
Tang Fengက ရှောင်ယု သူ့ကို ဖက်လိုက်တော့ အမြန် ထရပ်ပြီး ပြောလိုက်သည်။
" ခဏနေဦး..ရှောင်ယု... မင်းက လက်မထပ်ရ သေးဘူးလေ!"
"ကျွန်မက ခေတ်မီတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ ယောက်ျားလေးတစ်ယောက်ကို ရိုးရိုးတန်းတန်းတောင် ပွေ့ဖက်လို့ မရဘူးလား"
ရှောင်ယုက ထပ်ပြီး Tang Feng ကို ပွေ့ဖက်လိုက် သည်။
သူတို့နှစ်ယောက်က တရုတ်လိုပြောနေကြပြီး သူတို့ ကစားပုံကိုကြည့်ပြီး သူတို့ဘေးနားကလူတွေက အရမ်းပျော်နေတာကြောင့် သူတို့ ဘာတွေလုပ်နေလဲလို့ မေးလို့မရဖြစ်နေသည်။
Tang Feng က ရယ်မောပြီး အမျိုးလက်ထောက် ရဲ့ နှောင့်ယှက်မှုကို ခံနေရတယ်လို့ ပြောပြီး အားလုံးက ရယ်မောနေကြတယ်။
ဆယ်မိနစ် နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် Tang Feng ကောင်းကင်ကို မော့ကြည့်ကာ နေရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသော်လည်း သူတို့သည် တောထဲတွင် လျှောက်သွားနေရဆဲ ဖြစ်သည်။
"ငါတို့ လမ်းမှားသွားတာလား၊ ငါတို့ အလာတုန်းက ဒီကို မရောက်ခဲ့ပါဘူး"
Tang Feng က လှည့်ပတ်ကြည့်တယ်။ တောတွင်းရှိ နေရာတိုင်းသည် တူညီနေပုံရသည်။ ဒါပေမယ့် Tang Feng က သူတို့ လမ်းလျှောက်သလိုမျိုး မခံစားရပါဘူး။ မြေပြင်ပေါ်ရှိ တိရစ္ဆာန်ငယ်လေးများ၏ ခြေရာများအပြင် လူတစ်ဦး၏ ခြေရာများပင် ရှိသေးသည်။
Tang Feng ကပြောလိုက်တော့ တခြားလူတွေလည်း ဒီလမ်းက သူတို့အလာက လမ်းနဲ့မတူဘူးလို့ ခံစား လာရတယ်။
အဲဒီအချိန်မှာ ပြည်တွင်း ဒါရိုက်တာက မပီတပီ အင်္ဂလိပ်စကားနဲ့ ဒီလမ်းက တကယ့်ကို ခြားနားတယ်လို့ ပြောပြီး အပြန်လမ်းက အလာလမ်းနဲ့ မတူတဲ့အတွက်ပါ။ ဆယ်မိနစ်အတွင်း တောထဲက ပြန်ထွက်နိုင်ပြီး သူတို့ ကားရပ်ထားတဲ့နေရာဆီ ရောက်နိုင်လိမ့်မယ်လို့ ကျိန်တွယ်ပြောနေတယ်။
ဒါရိုက်တာက ဒီလူက ထူးထူးဆန်းဆန်း အကျင့်ရှိတယ်ထင်ပြီး ထပ်မမေးတော့ဘူး။ ကျန်တဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက သူတို့ ဘာပြောနေတယ်ဆိုတာ နားမလည်ကြပေ။
ဒါပေမယ့် နာရီဝက်လောက်ကြာတော့ သူတို့ က တောအုပ်ထဲမှာ ရှိနေတုန်းပဲ။ Tang Feng က သံသယဝင်လာခဲ့တယ်။ ဒီနေရာကို သူတို့ ခုနက ဖြတ်လာခဲ့သလိုပဲ။ တောထဲမှာ သူတို့က လွဲပြီးတခြား ဘယ်သူမှ မရှိပေ။
"ဟေး... မင်း ငါတို့ကို ဘယ်ကို ခေါ်သွားတာလဲ။"
စိတ်မရှည်သူတစ်ဦးက ရှေ့သို့လှမ်းလာပြီး ကျယ်လောင်စွာမေးလိုက်ရာ လမ်းပြက ရုတ်တရက်အော်ကာ တောထဲသို့ ပြေးသွားသည်။ ထိုစဉ် ဓာတ်ပုံဆရာနှင့် အခြားလူများစွာက သူ့နောက်ကို ချက်ချင်းလိုက်ကြသည်။ ဒါပေမယ့် ကျန်တဲ့လူက ရုတ်တရက် ဘာလုပ်ရမှန်းမသိလို့ ထိုလမ်းပြက ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
"ဘာဖြစ်သွားတာလဲ?"
ရှောင်ယု က လူအုပ်နောက်ကို လိုက်လာရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"တစ်ခုခုတော့မှားနေပြီထင်တယ်..."
Tang Feng က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"လူတိုင်း... အဲ့လူနောက်ကို မလိုက်နဲ့၊ ပြဿနာရှိနိုင်တယ်!"
"ချာလီနဲ့ ကျန်တဲ့လူတွေက အဲ့လမ်းပြကို လိုက်ဖမ်းနေတယ် ..."
အမျိုးသမီးမိတ်ကပ်ပညာရှင်က Tang Feng ရဲ့အနားကို လာခဲ့တယ်။ သူမမှာ အံ့သြစရာကောင်းတဲ့ ဒီအရှေ့တိုင်းသားကို ယုံကြည်မှုရှိတယ်။
***********-************
True Star _ Volume III _ Chapter (50)_ ေတာထဲမွာ လမ္းေပ်ာက္ျခင္း
"Devil Slayer"
အခန္း ၃၁- တစ္စုံတစ္ဦး ေသဆုံးျခင္း
လူေသဆံုးမႈကို စုံစမ္းစစ္ေဆးရာတြင္ ကူညီရန္ Renault ႏွင့္ အျခားရဲအရာရွိတစ္ဦးက တာဝန္ယူရသည္။
မႈခင္းျဖစ္ပြားရာ ေနရာသို႔ သြားေရာက္ၾကေသာအခါ စားပြဲထိုးအား တို္င္တစ္ခုတြင္ ႀကိဳးျဖင့္ ခ်ည္ေႏွာင္ ထားသည္ကို ေတြ႕ရွိခဲ့ရၿပီး အေတာ္ၾကာေအာင္ အသက္ရႈၾကပ္ျပီးမွ ေသဆံုး သြားေၾကာင္း သိရသည္။ သူ႔ခႏၶာကိုယ္မွာ တျခားဒဏ္ရာေတြ မရွိေပ။ ထိုေသဆံုးသူ၏ ပုံပန္းသဏၭာန္သည္ အေတာ္ေလး သပ္ရပ္သန႔္ရွင္းၿပီး ဝါးႁပြန္ကို ေသြးေၾကာထဲတြင္ ထိုးစိုက္ ထည့္သြင္းသည္။
ရဲသားသည္ ထိုလူဟာ ေသြးထြက္လြန္ ေသဆုံး သြားခဲ့လို႕ ေဖာ္ျပထားျပိး ထိုေနရာအားလံုးတြင္ ေသြးမ်ားျဖင့္ စိုစြတ္ေနၿပီး ေျခာက္သြားခ်ိန္မွာ အမည္းကြက္ႀကီး ျဖစ္ေနသည္။
ေသသူ၏ေဘးတြင္ ေျမျပင္ေပၚတြင္ စာေၾကာင္းတစ္ေၾကာင္း ေရးထားသည္-
သူ႔ကို ငါ့ဆီ ျပန္ေပးပါ။
"သူ" က ဘယ္သူလဲ။
ဒီေနရာကို အနက္ေရာင္အဝတ္ ဝတ္ထားသူက လုပ္ခဲ့တာ ျဖစ္နုိ္င္သည္။
Renault ေတြးမိသမွ်ေတာ့ "သူ" ဆိုတာ ပိုင္ရိကို ေျပာတာျဖစ္သည္။ သူက ပိုင္ရိကို တခ်က္ ႀကည့္လိုက္သည္။ ဝတ္စံုနက္ရဲ႕ပစ္မွတ္က ပိုင္ရိျဖစ္လုိ႕ သူ ဘယ္ကို သြားသြား ပိုင္ရိကို အတူေခၚသြားမွ ျဖစ္ေတာ့မည္ဟု ေတြးေနသည္။
အခုၾကည့္လိုက္ရင္ အမႈအတြက္ ပိုင္ရိက အဓိက က်တဲ့ပံုေပၚတယ္။ အသတ္ခံရသူေတြသာ ေျပာင္းသြားေပမယ့္ လူသတ္သမားက ဝတ္စံုနက္ပဲ ျဖစ္ကာ မေျပာင္းလဲပံုက စိတ္ရႈပ္စရာျဖစ္ေနသည္။ သူတို႕ ဘယ္ေလာက္ပဲ ရွာရွာ ဝတ္စံုနက္ကို ရွာမေတြ႕နုိင္ေသးေပ။
အမႈက ေျဖရွင္းဖို႕ မလြယ္ကူတဲ့ပံုေပၚသည္။ Renault က ဒီေနရာနဲ႕ ရပ္တန္႕မေနနိုင္ေပ။ ဝတ္စုံနက္ လူသတ္သမားကို မဖမ္းမိမျခင္း သူက ေအးေအးေဆးေဆး မရွိနုိင္ေပ။ သူ႕လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ပိုင္ရိကို ငါးစာအျဖစ္အသံုးျပဳျပီး ဝတ္စံုနက္ကို မွ်ားေခၚဖုိ႕ အႀကံေပးေသးသည္။ ဒါေပမယ့္ ဝတ္စံုနက္က ပိုင္ရိက္ုိ သတ္လိုက္ရင္ ဘယ္လိုလုပ္မလဲ။
Renault က ဝတ္စံုနက္နဲ႕လူသတ္သမားက ဘယ္သူလဲ။ သူက ဘာရည္ရြယ္ခ်က္နဲ႕ ခုလုိ လူသတ္ေနတာလဲ ဆုိတာကို ေသခ်ာစဥ္းစားေနသည္။
လူတိုင္းရဲ႕ အျပဳအမူေနာက္ကြယ္မွာ အေၾကာင္းျပခ်က္ ရွိကို ရွိရမယ္။ ယခုမွစ၍ ဝတ္စံုနက္အတြက္ အေရးအပါဆံုးလူက ပိုင္ရိျဖစ္ေလာက္သည္။
ဒါေပမယ့္ မိဘမဲ့ေဂဟာနဲ႕ ဆက္ႏြယ္ေနတဲ့ လူျဖဴေတြကို ဘာေႀကာင့္သတ္လိုက္တာလဲ။
ဝတ္စံုနက္ အာရွေတာင္ပိုင္းကို ရည္ရြယ္ခ်က္ရွိရွိနဲ႕ သူတို႕ကုိ မွ်ားေခၚလာျပီး ပိုင္ရိကို ေဆးဝါးကုသေပးရန္ လုပ္ခဲ့သည္။
Renault က လက္ရွိ ျပႆနာမ်ားကို မေျဖရွင္းရေသးဘဲ ျပႆနာအသစ္မ်ား ထြက္ေပၚလာခဲ့လို႕ ေခါင္းေတြ ပူေနေတာ့သည္။
ထိုေန႔တြင္ သူသည္ ခါတိုင္းကဲ့သို႔ ပိုင္ရိကို ေဆးခန္းသို႔ ေခၚသြားခဲ့သည္။ပိုင္ရိရဲ႕ ေရာဂါလကၡဏာအရ တျခားလူေတြကို ေရွာင္ဖို႔ လိုအပ္တယ္လို႔ ဆရာဝန္က ေျပာခဲ့တယ္။ သူသည္ ဆရာဝန္နဲ႕ ပိုင္ရိ ကို နွစ္ေယာက္တည္း ထားခဲ့ရသည္။
Renault က ေဆးခန္း အျပင္ဘက္တြင္ ခဏထိုင္ကာ ဝတ္စံုနက္ကို ဘယ္လို တန္ျပန္လုပ္ရမလဲဆုိတာ အျခားလူမ်ားနွင့္ ေဆြးေႏြးသည္။
အခ်ိန္က တေရြ႕ေရြ႕ကုန္ဆံုးသြားျပီး ဘာလိုလိုနဲ႕ တစ္နာရီျပည့္သြားတဲ့အခါ Renault က တစ္ခုခုမွားေနၿပီလို႔ ခံစားလိုက္ရတယ္။
Renault က ဆရာဝန္ အခန္းထဲ ဝင္ႀကည့္ရန္ ႀကိဳးစားေပမယ့္ သူနာျပဳက အခု ဆရာဝန္ကို မေႏွာင့္ယွက္တာ ပိုေကာင္းတယ္လို႔ ေျပာေနတယ္။
ေနာက္ထပ္တစ္နာရီေလာက္ၾကာေတာ့ Renault က သူနာျပဳဆရာမကို ဆြဲဖယ္ကာ အထဲကို အေျပးဝင္လာခဲ့ပါတယ္။ တံခါးဖြင့္လိုက္တာနဲ႔ သူနာျပဳက ေအာ္တယ္၊ ဆရာဝန္က ကုတင္ေပၚမွာ ေသေနၿပီ၊ သူ႔လည္ေခ်ာင္းကို ဓါးနဲ႔ လွီးျဖတ္ထားၿပီး ေခါင္းက ျပဳတ္က်လုနီးပါး ျဖစ္ေနတယ္၊ .
"ပိုင္ရိ ေပ်ာက္သြားၿပီ!"
ထိုေနရာကို သိမ္းက်ံုးရွာခဲ့ေပမယ့္ Renault က ပို္င္ရိကို မေတြ႕ေသးသည္။
Renault သည္ လူစည္ကားသည့္ လမ္းမ ဘက္ကို ေျပးႀကည့္လိုက္ေတာ့ ထိုေနရာမွ ျပတင္းေပါက္က ပြင့္ေနတယ္။ အျပင္မွာ ဘယ္သူမွ မရွိေတာ့ေပမယ့္ Renault က ခ်က္ခ်င္း ျပတင္းေပါက္ကေန ခုန္ခ်ၿပီး ေျပးထြက္သြားခဲ့တယ္။
ေဆးခန္းက ေတာ နဲ႔ နီးတယ္။ ဝတ္စံုနက္ လူသတ္သမားက ပိုင္ရိကို ေခၚျပီး ေတာထဲ ထြက္ေျပးတာ ျဖစ္နုိင္တယ္။ သူတို႕ အခု အေဝးႀကီးကို မေရာက္နုိင္ေသးဘူး။
Renault သည္ ေတာထဲသို႔ လ်င္ျမန္စြာ ေျပးသြားၿပီး ပတ္ပတ္လည္ကို ၾကည့္လိုက္သည္။ သူက ပိုင္ရိ အမည္ကို လွမ္းေအာ္ေခၚေနသည္။ တဖက္လူဆီက တုံ႔ျပန္မႈ နည္းနည္းရမယ္လို႔ ေမွ်ာ္လင့္ေပမယ့္ ဝတ္စံုနက္နဲ႕ ပိုင္ရိက လြန္ခဲ့တဲ့ ႏွစ္နာရီက ေပ်ာက္ကြယ္သြားခဲ့တာ ျဖစ္ႏိုင္ျပီး သူတို႕ကို လိုက္မွီဖို႕ မျဖစ္ႏိုင္ေတာ့ဘူး။
အဲ့ဒီအခ်ိန္မွာ ပိုင္ရိဝတ္ခဲ့သည့္ အျဖဴေရာင္ အဝတ္စားကို သစ္ကိုင္းေပၚမွာ တြဲေလာင္းခ်ိတ္ဆြဲခံထားရတာကို ျမင္လိုက္ရတာကလြဲျပီး ထိုေနရာမွာ လူတစ္ေယာက္မွ မရွိေပ။
"ကတ္။ အရမ္းေကာင္းတယ္၊ အရင္ဆံုး အနားယူရေအာင္။"
ဒီေန႕ဇာတ္ကြက္က Renault အဓိက ရိုက္ကူးရတာ ျဖစ္သည္။ ဒါေႀကာင့္ Tang Feng က ေဘးမွာ ထိုင္ေနတာ ၾကာၿပီ။ ေတာထဲမွာ ပိုးေကာင္ေတြ အမ်ားႀကီးပဲ။ Tang Feng သည္ ယခုအခ်ိန္တြင္ ေတာထဲတြင္ ရိုက္ရမယ့္ အခန္း မရွိေသာေၾကာင့္ ေျခလက္မ်ားကို လံုေအာင္ ေသခ်ာဝတ္ထားလို႕ ပိုးေကာင္တစ္ေကာင္မွ သူ႕ကို မကိုက္နုိင္ေပ။ ဒါ့အျပင္ သူက အသားေပၚေနသည့္ ေနရာတို္င္း ေဆးလိမ္းထားေသးသည္။
ဒါေပမယ့္ Renault က သူ႕ေလာက္ ကံမေကာင္းေပ။
သူ႔ေျခေထာက္ေတြ အဆင္ေျပေပမယ့္ သူ႔လက္မွာ ပိုးေကာင္တခ်ိဳ႕ ကိုက္ခံေနရတုန္းပဲ။ လက္ေထာက္ေတာ္ေတာ္မ်ားမ်ားက မင္းသားကို ေဆးလိမ္းဖို႔ အလုပ္ရႈပ္ေနၾကတယ္။
"ဒီလို စိတ္အေႏွာက္အယွက္ ျဖစ္တဲ့ ပိုးမႊားေတြ မရွိဘူးဆုရင္ ဒီေနရာက ရႈခင္းက တကယ္ကို ေကာင္းပါတယ္။"
ဒီဇာတ္ကားရဲ႕ ဒါ႐ိုက္တာကလည္း ဓာတ္ပုံ ဝါသနာအိုးပါ။ အလုပ္ၿပီးသြားေတာ့ သူက ေနရာတိုင္းကို ႐ိုက္ကူးဖို႔ SLR ကင္မရာကို ကိုင္ထားတယ္။
ရံဖန္ရံခါတြင္ တိတ္ဆိတ္ေသာေတာထဲတြင္ ေတာငွက္အခ်ိဳ႕သည္ ေအာ္ဟစ္ပ်ံဝဲကာ ေပ်ာက္ကြယ္သြား သည္။ ေျမျပင္မွာ သူတို႔ရဲ႕ ဘယ္ဘက္ေျခရာေတြနဲ႔ ျပည့္ေနၿပီး ရႈတ္ေထြးေန တယ္။
Tang Feng သည္ ပတ္ဝန္းက်င္ကို ေပါ့ေပါ့ပါးပါးၾကည့္ကာ ေရွာင္ယုႏွင့္ ရံဖန္ရံခါ စကားေျပာကာ ၿပဳံးေနသည္။ တေန႕တာအၿပီးမွာေတာ့ သူ ့အခန္းေတြ အမ်ားႀကီး မရိုက္ခဲ့ရဘူး။ အခ်ိန္အမ်ားစုတြင္ "ပို္င္ရိ" ဇာတ္ေကာင္သည္ အေမွာင္ထဲတြင္ ဝွက္ေနထိုင္ၿပီး အျခားသူမ်ား၏ နူတ္ဖ်ားမွသာ သူ႕အေႀကာင္း ေျပာဆိုခဲ့သည္။ သူက ဒီဇာတ္လမ္းတြဲမွာ ပထမဆုံး သ႐ုပ္ေဆာင္ တစ္ေယာက္ေႀကာင့္ ခုလို လုပ္ထားတာ မဟုတ္ပဲ ဒါ႐ိုက္တာက လွ်ိဳ႕ဝွက္ဆန္းၾကယ္ၿပီး ထူးဆန္းတဲ့ အေငြ႕အသက္ေတြကို ဖန္တီးထားလိုသျဖင့္ ခုလို ဇာတ္ေကာင္ကို ဝွက္ထားတာေၾကာင့္ျဖစ္သည္။
႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားကို ႐ိုက္ကူးတဲ့အခါ ေၾကာက္စရာေကာင္းတာက သရုပ္ေဆာင္ေတြရဲ႕ လႈပ္ရွားမႈေႀကာင့္ မဟုတ္ေပမယ့္ တည္းျဖတ္မႈအျပီး ေနာက္ခံ ေတးသံေတြေႀကာင့္ ဇာတ္ကားတစ္ခုရဲ႕ ေလထုက ပိုမိုေျခာက္ျခားစရာ ေကာင္းလာခဲ့သည္။
ထုတ္လုပ္ေရးအၿပီးမွာေတာ့ ရိုက္ကြင္းတစ္ခုလံုး ေပါ့ပါးလို႕ေနသည္။
အခုေတာထဲက အခန္းကို လာရိုက္တဲ့အခ်ိန္မွာ ဝန္ထမ္းအမ်ားႀကီးမပါေပ။ စုစုေပါင္းမွ 10 ေယာက္ေက်ာ္သာ ရွိသည္။
ဒီတစ္ခါမွာေတာ့ ေတာင္အာရွ ႐ိုက္ကူးေရးအတြက္ ဒသခံ ဒါ႐ိုက္တာတစ္ဦးကိုလည္း ေတာထဲေခၚ လာခဲ့သည္။ ေနာက္ဆုံးေတာ့၊ သူတို႔က ဒီေနရာနဲ႕ မရင္းႏွီးဘူး။ ေတာထဲမွာ လမ္းေပ်ာက္ရင္ ဒုကၡေရာက္ကုန္လိမ့္မယ္။
"ဒီမွာ ဘာဖုန္းလိုင္းမွ မမိဘူး "
ေရွာင္ယုက ညည္းညဴရင္း သူ႔ဆဲလ္ဖုန္းကို ခါယမ္းလိုက္သည္။
"ဒီေနရာက လိုင္းမရွိဘူး။ ဒီေတာထဲက ထြက္မွ ဖုန္းလိုင္းျပန္ရလိမ့္မယ္။ "
" မင္းရည္းစားဆီကို ႔ စာပို႔ခ်င္တာလား။ "
Tang Feng က သူ႔ေဘးမွာ ရယ္ေမာရင္း ေျပာလိုက္တယ္။ ေရွာင္ယုရဲ႕မ်က္နွာက ရွက္ေသြးျဖန္းသြားခဲ့သည္။
"ကြ်န္မက ခ်စ္ဖို႔အခ်ိန္မရွိဘူး၊ ျပီးေတာ့ ကြ်န္မ အခုေယာက္်ားေတြကို မယုံႏိုင္ေတာ့ဘူး၊ ဒါေႀကာင့္ ရွင္ထင္သလို မေျပာပါနဲ႔ "
လူအမ်ားႀကီးက စကားေျပာေနျပီး ေန႔လည္စာစားၿပီးေနာက္ အနားယူၾကၿပီး ေန႔လည္ခင္း အခန္းတခ်ိဳ႕ကို ဆက္လက္႐ိုက္ကူးၾကသည္။ အရာအားလုံးက ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ရိုက္ကူးနုိင္ႀကျပီး ေန႔လည္ခင္း ေနေရာင္က ေသြးနဲ႔တူတဲ့ အနီစက္ေလးေတြ စြန္းထင္းေနေတာ့ ေဆာင္းေနေရာင္က ေႏြးေထြးေနမွာ ေသခ်ာေပမယ့္ ႏွင္းေတြအရည္ေပ်ာ္တဲ့အခါ အရမ္းေအးတယ္၊ အမႈထမ္းမ်ားက သူ႔ကိုယ္သူ အေႏြးထည္ႀကီးျဖင့္ တင္းေနေအာင္ ဝတ္ဆင္ထားႀကသည္။
ဒါမွ ေလေအးေတြ အထဲကို မဝင္နုိင္မွာ ျဖစ္သည္။
Tang Feng သည္ ေရွာင္ယု ႏွင့္ ၾကာျမင့္စြာကတည္းက ေဆြးေႏြးခဲ့ၿပီးျဖစ္သည္။ရိုက္ကူးေရးျပီးလို႕ ဟိုတယ္ကို ျပန္ေရာက္ရင္ ေဟာ့ေပါ့သြား ေသာက္ႀကသည္။ ၿပီးေတာ့ ေအးေအးေဆးေဆး ေရခ်ိဳးဖို႔ အခန္းထဲျပန္ဝင္ကာ အနည္းငယ္ ပ်င္းရိစြာ အိပ္ေပ်ာ္သြားခဲ့သည္။ ေနာက္တေန႕ မနက္ ကိုးနာရီ ဆယ္နာရီမွ အိပ္ယာက ထနုိင္ခဲ့သည္။
သူတို႔အဖြဲ႕သည္ ပစၥည္းမ်ားကို အျမန္ထုပ္ပိုးၿပီး ေတာထဲတြင္ ေဒသခံဧည့္လမ္းၫႊန္ေနာက္ကို လိုက္ခဲ့ၾကသည္။ Tang Feng သည္ ပုံမွန္ထက္ အနည္းငယ္ ဝေနသည္ဟု ခံစားခဲ့ရၿပီး ယခု သူသည္ ထူထဲေသာ အဝတ္အစားမ်ား ဝတ္ဆင္ထားၿပီး ပန္ဒါ တစ္ေကာင္ႏွင့္ ပိုတူေနသည္။
"ေရွာင္ယု ငါက ပန္ဒါတစ္ေကာင္နဲ႔တူလား?"
မိတ္ကပ္ဖ်က္ဖို႔ ျပန္သြားခ်ိန္မွာ Tang Feng သည္ သာမန္ထက္ ပိုဆိုးသည့္ မ်က္ႏွာကို ျဖစ္ေနဆဲပင္။
"Tang Feng ရွင့္ကို ကြ်န္မ ေပြ႕ဖက္လို႔ရမလား ။ ရွင္ ခုလိုေျပာေတာ့ ရွင့္ကို ဖက္ထားရတာ အရမ္းေႏြးျပီး သက္ေတာင့္သက္သာရွိမယ္လို႕ ကြ်န္မ ထင္တယ္။ "
စကားေျပာေနစဥ္ ေရွာင္ယုက ၿပဳံးၿပီး Tang Feng ကို ေပြ႕ဖက္လိုက္သည္။
"ရွင္က ပန္ဒါဝက္ဝံေတြအျပင္ ခ်စ္စရာေကာင္းတဲ့ အဆီအစ္တဲ့ ပင္ဂြင္းတစ္ေကာင္လို႕ ကြ်န္မ ထင္တယ္။"
Tang Fengက ေရွာင္ယု သူ႕ကို ဖက္လိုက္ေတာ့ အျမန္ ထရပ္ျပီး ေျပာလိုက္သည္။
" ခဏေနဦး..ေရွာင္ယု... မင္းက လက္မထပ္ရ ေသးဘူးေလ!"
"ကြၽန္မက ေခတ္မီတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါ၊ ေယာက္်ားေလးတစ္ေယာက္ကို ရိုးရိုးတန္းတန္းေတာင္ ေပြ႕ဖက္လို႔ မရဘူးလား"
ေရွာင္ယုက ထပ္ျပီး Tang Feng ကို ေပြ႕ဖက္လိုက္ သည္။
သူတို႔ႏွစ္ေယာက္က တ႐ုတ္လိုေျပာေနၾကၿပီး သူတို႔ ကစားပုံကိုၾကည့္ၿပီး သူတို ႔ေဘးနားကလူေတြက အရမ္းေပ်ာ္ေနတာေၾကာင့္ သူတို႔ ဘာေတြလုပ္ေနလဲလို႔ ေမးလို႕မရျဖစ္ေနသည္။
Tang Feng က ရယ္ေမာၿပီး အမ်ိဳးလက္ေထာက္ ရဲ႕ ေႏွာင့္ယွက္မႈကို ခံေနရတယ္လို႔ ေျပာၿပီး အားလုံးက ရယ္ေမာေနၾကတယ္။
ဆယ္မိနစ္ ႏွစ္ဆယ္ခန႔္ လမ္းေလွ်ာက္ၿပီးေနာက္ Tang Feng ေကာင္းကင္ကို ေမာ့ၾကည့္ကာ ေနေရာင္သည္ တျဖည္းျဖည္း မွိန္ေဖ်ာ့သြားေသာ္လည္း သူတို႔သည္ ေတာထဲတြင္ ေလွ်ာက္သြားေနရဆဲ ျဖစ္သည္။
"ငါတို႔ လမ္းမွားသြားတာလား၊ ငါတို႕ အလာတုန္းက ဒီကို မေရာက္ခဲ့ပါဘူး"
Tang Feng က လွည့္ပတ္ၾကည့္တယ္။ ေတာတြင္းရွိ ေနရာတိုင္းသည္ တူညီေနပုံရသည္။ ဒါေပမယ့္ Tang Feng က သူတို႔ လမ္းေလွ်ာက္သလိုမ်ိဳး မခံစားရပါဘူး။ ေျမျပင္ေပၚရွိ တိရစာၦန္ငယ္ေလးမ်ား၏ ေျခရာမ်ားအျပင္ လူတစ္ဦး၏ ေျခရာမ်ားပင္ ရွိေသးသည္။
Tang Feng ကေျပာလိုက္ေတာ့ တျခားလူေတြလည္း ဒီလမ္းက သူတို႔အလာက လမ္းနဲ႔မတူဘူးလို႔ ခံစား လာရတယ္။
အဲဒီအခ်ိန္မွာ ျပည္တြင္း ဒါ႐ိုက္တာက မပီတပီ အဂၤလိပ္စကားနဲ႕ ဒီလမ္းက တကယ့္ကို ျခားနားတယ္လို႔ ေျပာၿပီး အျပန္လမ္းက အလာလမ္းနဲ႔ မတူတဲ့အတြက္ပါ။ ဆယ္မိနစ္အတြင္း ေတာထဲက ျပန္ထြက္နုိင္ျပီး သူတို႕ ကားရပ္ထားတဲ့ေနရာဆီ ေရာက္နုိင္လိမ့္မယ္လို႕ က်ိန္တြယ္ေျပာေနတယ္။
ဒါ႐ိုက္တာက ဒီလူက ထူးထူးဆန္းဆန္း အက်င့္ရွိတယ္ထင္ျပီး ထပ္မေမးေတာ့ဘူး။ က်န္တဲ့ ရိုက္ကူးေရးအဖြဲ႕သားေတြက သူတို႕ ဘာေျပာေနတယ္ဆုိတာ နားမလည္ႀကေပ။
ဒါေပမယ့္ နာရီဝက္ေလာက္ၾကာေတာ့ သူတို႔ က ေတာအုပ္ထဲမွာ ရွိေနတုန္းပဲ။ Tang Feng က သံသယဝင္လာခဲ့့တယ္။ ဒီေနရာကို သူတို႕ ခုနက ျဖတ္လာခဲ့သလိုပဲ။ ေတာထဲမွာ သူတုိ႕က လြဲျပီးတျခား ဘယ္သူမွ မရွိေပ။
"ေဟး... မင္း ငါတို႔ကို ဘယ္ကို ေခၚသြားတာလဲ။"
စိတ္မရွည္သူတစ္ဦးက ေရွ႕သို႔လွမ္းလာၿပီး က်ယ္ေလာင္စြာေမးလိုက္ရာ လမ္းျပက ႐ုတ္တရက္ေအာ္ကာ ေတာထဲသို႔ ေျပးသြားသည္။ ထိုစဥ္ ဓာတ္ပုံဆရာႏွင့္ အျခားလူမ်ားစြာက သူ႔ေနာက္ကို ခ်က္ခ်င္းလိုက္ၾကသည္။ ဒါေပမယ့္ က်န္တဲ့လူက ႐ုတ္တရက္ ဘာလုပ္ရမွန္းမသိလို႔ ထိုလမ္းျပက ထြက္ေျပးလြတ္ေျမာက္သြားခဲ့သည္။
"ဘာျဖစ္သြားတာလဲ?"
ေရွာင္ယု က လူအုပ္ေနာက္ကို လိုက္လာရင္း စိုးရိမ္တႀကီး ေမးလိုက္သည္။
"တစ္ခုခုေတာ့မွားေနၿပီထင္တယ္..."
Tang Feng က မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလိုက္သည္။
"လူတိုင္း... အဲ့လူေနာက္ကို မလိုက္နဲ႔၊ ျပႆနာရွိႏိုင္တယ္!"
"ခ်ာလီနဲ႔ က်န္တဲ့လူေတြက အဲ့လမ္းျပကို လိုက္ဖမ္းေနတယ္ ..."
အမ်ိဳးသမီးမိတ္ကပ္ပညာရွင္က Tang Feng ရဲ႕အနားကို လာခဲ့တယ္။ သူမမွာ အံ့ၾသစရာေကာင္းတဲ့ ဒီအေရွ႕တိုင္းသားကို ယုံၾကည္မႈရွိတယ္။
***********-************