You had me at hello

By Paing1001

281K 10.1K 302

လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကို... More

Greeting
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 69
Part 70(final)
About Extra
Extra 1
Extra 2
Extra 3
Extra 4 🚨
Extra 5
Extra 6
Extra 7(the end)

Part 68

2.5K 96 0
By Paing1001

Uni

"မမကြီး ခွန်း ဝင်လာမယ်နော်"

" ........ "

"မမကြီးအတွက် ဆေးနဲ့ ရေ"

မမလက်ထဲသို့ ဆေးကိုထည့်ပေးလိုက်သည်။
ဆေးသောက်ပြီးသော် ရေခွက်အား ပေးကာ ဘေးမှာ ကြည့်နေမိသည်။
ဖန်ခွက်ကို ယူ၍ ဘေးသို့ချထားလိုက်သည်။
ခွန်း စကားပြောချင်သေးသည်။

"မမကြီး ခွန်းကို စိတ်ဆိုးနေလားဟင်"

မမကြီးက ခွန်းဘက်သို့ စောင်းငဲ့ကြည့်လေသည်။

"ခွန်း

မမရဲ့ လုပ်ရပ်တွေက မှားတယ်လို့ ခွန်းထင်လား"

"မမှားပါဘူး
မမှားမှန်း ခွန်းသိပါတယ်
ခွန်းကိုယ်တိုင်လည်း ဒီလို ရွေးချယ်မှုမျိုးကို ရွေးချယ်ခဲ့တာပါ

ဒါပေမယ့် ခွန်းအတွက် ခက်ခဲလွန်းလို့ပါ
ဆက်မရွေးချယ်နိုင်အောင် ရွေးချယ်ဖို့ ခက်ခဲနေလို့"

"အေးလေ
ခွန်းက ကာယကံရှင်ပဲ ခက်ခဲမှာပေါ့"

"ဟုတ်ပါတယ် မမကြီး
သူ့ဆီက ရှောင်ထွက်ဖို့ ခွန်းအတွက်သိပ်ကို ခက်ခဲပါတယ်
ခွန်းမလုပ်နိုင်ဘူး"

"ခွန်း အဲ့ဒီကောင်လေးကို သိပ်ချစ်တာပဲလား"

"ရှင်"

မမကြီးက ခွန်းမျက်ဝန်းတွေကို သေချာစိုက်ကြည့်လျက် အဖြေရှာနေသည်။
ဘာတွေ့လိမ့်မည်နည်း။

"ပြောပါ ခွန်း
ခွန်းနှုတ်က ပြောတာကို မမကြီးကြားချင်တယ်"

အတတ်နိုင်ဆုံး စိတ်ထိန်းလျက် အေးဆေးစွာ ပြောနိုင်အောင် ကြိုးစားရသည်။
မမကြီးရှေ့မှာ ဘယ်လိုများ သူ့ကိုချစ်တဲ့ အကြောင်းတွေကို........

"ခွန်း...... ခွန်းလေ.....
ခွန်း သူ့ကို သိပ်ချစ်တယ်......

ခွန်းဘဝမှာ ချစ်ရတဲ့ ယောက်ျားဆိုလို့ သူတစ်ယောက်ပဲရှိတယ်လို့ ဆိုနိုင်အောင်အထိ ခွန်းသူ့ကိုချစ်ပါတယ်"

မမကြီး မျက်ဝန်းတွေကို အတတ်နိုင်ဆုံး ကြိုးစားရင်ဆိုင်လိုက်သည်။
ရင်မဆိုင်ဝံ့အောင်လည်း ခွန်းက အမှားတွေ ကျူးလွန်နေတာမှ မဟုတ်ပဲ။
ခွန်းက အားနာနေရုံသာ.......

"ခွန်း သူ့ကိုရှောင်ဖယ်ဖို့ တကယ်ပဲ မလုပ်နိုင်တော့ဘူးပေါ့"

မမကြီးရယ် ဘယ်လိုများပြောရက်ရတာလဲ
နောက်ဆုံးမျှော်လင့်ချက်လေး အဖြစ်လား

ဒါပေမယ့် ခွန်းမှ မလုပ်နိုင်ပဲ။
ခွန်း သူ့ကို.........

"တောင်းပန်ပါတယ် မမကြီး
ခွန်းကို အပြစ်တင်လည်း ခံပါ့မယ်"

"အပြစ်မတင်ရက်ပါဘူး ခွန်းရယ်"

"ရှင်"

"အပြစ်မရှိတဲ့ လူတစ်ယောက်ကို မမကြီးက ဘယ်လိုများ အပြစ်တင်နိုင်မှာလဲ"

အပြစ်မရှိတဲ့လူ.........

"ဒါပေမယ့် ဟိုတစ်နေ့က.........

"ရှက်မိတာပါ ကိုယ့်ကိုကိုယ် ကိုယ့်အပြစ်ကို
ဒီကလေးကို ပြန်တွေ့တော့ အတိတ်တွေကို သတိရတယ်ခွန်း

အဲ့တော့
ကိုယ့်အတိတ်တွေက ကိုယ့်ကိုပြန်ခြောက်လန့်ပြီး ရှက်မိသွားတာပါ

မဆိုင်တဲ့ ခွန်းကို မမကြီး အပြစ်ဆိုမိတာပါ
မမကြီးကို ခွင့်လွှတ်နော် ခွန်း"

"မဟုတ်တာ မမရယ်
ခွန်းက ဘာလို့ ခွင့်လွှတ်ရမှာလဲ
အစတည်းက အပြစ်လို့မှ မသတ်မှတ်တာ"

ညီမလေးကို ကြည့်ပြီးတော့ ပြုံးမိပါသည်။
ဘယ်လောက်တောင် စိတ်ထားလှလိုက်တဲ့ မိန်းကလေးလဲ။
အရာရာတိုင်းကို ခွင့်လွှတ်နေပါတော့လား။

"ခွန်းကတော့လေ တစ်ပါးသူအတွက် သိပ်ကို တွေးပေးတတ်တာပဲ"

"ခွန်းချစ်တဲ့ သူတွေအတွက်ပဲလေ
နားမလည်ပေးနိုင်စရာ အကြောင်းမရှိပါဘူး

ခွန်း အားလုံးကို နားလည်ပါတယ်
နားလည်ရက်နဲ့ ကျူးလွန်ခဲ့တဲ့ အတွက်တောင် ခွန်းက တောင်းပန်ချင်တာပါ"

မမကြီးက ဖြည်းညှင်းစွာ ခေါင်းခါလေသည်။

ခွန်းရယ်
မမကြီး လူကြီးတစ်ယောက်အနေနဲ့ ရှက်မိပါတယ်။
ဘာလို့များ နားလည်မပေးနိုင်ခဲ့ပါရဲ့။

"ခွန်း"

"ရှင် မမကြီး"

"ဖေဖေမေမေတို့ဆီမှာ ခွန်းကို လာတောင်းခိုင်းလိုက်တော့"

ဘယ်လို ခွန်းတို့ကို..... ခွန်းတို့ကို......
ခွင့်ပြုလိုက်တာလားးးးးးးး
တကယ်ကြီးလားးးးးးးး
အိမ်မက်လားးးးးးးး

"ခွန်း ညီမလေးးးးးးး
မမကြီး ခေါ်တာမကြားဘူးလားးးးးး
ဘာလို့ အဲ့လောက်ထိတောင် ကြောင်သွားရတာလဲ"

"မမ......"

ဆွဲဆွဲငင်ငင် ခေါ်ကာ ပြေးဖက်လေသည်။
ဒီလောက်တောင် ပျော်သွားသည်တဲ့လား။
ညီမလေးရယ်........

"မမ ခွန်းတို့ကို သဘောတူတယ်ပေါ့နော်"

"မမမှာ ခွန်းတို့ကို ငြင်းနိုင်တဲ့ အင်အားမရှိတော့ပါဘူးကွယ်......

ခွန်း....ခွန်း.....ငိုနေတာလား
အဲ့လောက်တောင် ပျော်လား"

"အင်း ပျော်တယ်

မမဆီက ခွင့်ပြုချက်မရရင် ခွန်းတို့ ပေါင်းဖက်ရမှာ မဟုတ်ဘူး

သူက လူကြီးတွေဆီက တောင်းရမ်းပြီး လူကြီးတွေ ခွင့်ပြုမှ ခွန်းကို လက်ထပ်ယူမှာတဲ့"

သူထင်ထားတာထက် တွေးတတ်တဲ့ ကောင်လေးပါလား
ညီမလေးကို တန်ဖိုးထားကြောင်း ဖော်ပြချင်တာလား
ဘာပဲဖြစ်ဖြစ် ဒီစိတ်ထားလေးကိုတော့ နှစ်သက်ပါသည်။

ကိုယ့်ညီမလေးကို တင့်တင့်တယ်တယ် တောင်းရမ်းလက်ထပ်တာပဲ လိုချင်ပါသည်။
ညီမလေးတန်ဖိုးကို သိပြီး ညီမလေးကို တန်ဖိုးထားမည့်သူ၏ လက်ထဲကိုသာ ညီမလေးကို စိတ်ချစွာ အပ်လိုသည်။

သူကိုယ်တိုင်လည်း ဒီလောက် လိမ္မာပြီး သိတတ်တဲ့ ညီမလေးကို သိပ်ချစ်ရသည်မဟုတ်ပါလား။

"မမ အဲ့ဒါဆို ခွန်းသွားတော့မယ်နော်
ကျေးဇူးနော် မမ

အာဘွားးးးးးးး"

ပါးနှစ်ဖက်ကို နမ်းရှိုက်ပြီး ပြေးထွက်သွားသည့် မိန်းကလေး
ကလေးတစ်ယောက်လိုပင် ပေါ့ပါးသွက်လက်လွန်းလှသည်။

သူရဲ့ ဆုံးဖြတ်ချက်အတွက် ဘယ်တော့မျှ နောင်တရမည် မဟုတ်တော့.......

မောင့်ကို အသိပေးရမယ်။
မောင်သာ သိရင် ဘယ်လောက်တောင် ဝမ်းသာလိမ့်မလဲ။

ညမှောင်နေပြီ။
မောင့်ဆီ သွားချင်လိုက်တာ.....

အာ ph ခေါ်လို့ရတာပဲ
ခွန်းလည်း ကြောင်နေပြီ။

မောင့်ကို ph ခေါ်ရမယ်
မောင့်ကို အမြန်ဆုံး အသိပေးလိုသည်။

"အမေ့..... !!!!!

လန့်လိုက်တာ"

ဘာလို့ အခုချိန်မှ ph က လာရတာလဲ

"hello"

"မခွန်းသံသာချိုလား ကျွန်တော်ပါ"

"ဟုတ် ကိုသုတ ပြော"

"ကျွန်တော် အလုပ်ကိစ္စလေး နည်းနည်းလောက် ပြောချင်လို့ပါ"

အလုပ်ကိစ္စ ခွန်းမှာ ဘာအလုပ်ကိစ္စများ အကြွေးကျန်သေးလို့လဲ

"ဟုတ် ပြောပါ"

"ခွန်းရဲ့ hotel မှာ ပြဿနာနည်းနည်း ဖြစ်နေလို့"

"ကျွန်မရဲ့ hotel ဘယ်.....

အော်....ဟုတ်

ဘာများဖြစ်လို့လဲ"

"အဓိကကတော့ အုပ်ချုပ်သူ လွှဲပြောင်းသွားတာတွေရယ်
အပြင်က ထွက်နေတဲ့ စကားသံတွေရယ်

တကယ်တော့ ဒီကိစ္စတွေကို ဥက္ကဌက ကြီးကြပ်ပြီး ဖြေရှင်းပေးထားပါတယ်
အကုန်လုံးလည်း ဘယ်သူမှ မဟရဲတော့ပါဘူး

ဒါပေမယ့် မခွန်းသံသာချို ကိုယ်တိုင်သွားပြီး မျက်နှာပြတာက....."

"ကျွန်မ နားလည်ပါတယ်
ကိုသုတ ပြောတာမှန်ပါတယ်"

"ဟုတ်ကဲ့

ကျွန်တော်ပြောတာကိုတော့ ဥက္ကဌကို ပြန်မပြောပြပါနဲ့ဦးနော်
မခွန်းသံသာချိုကို သက်သက်မဲ့ စိတ်ပူအောင် လုပ်တယ်ဆိုပြီး ကျွန်တော့်ကို အပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါရှင်
ကျွန်မ သူ့ကို တစ်ခွန်းမှ မဟပါဘူး"

"ကျေးဇူးပါဗျာ
ဒါဆို ကျွန်တော်....

"အော် ခဏ"

"ဗျာ"

"ဟိုဟာ
ဟို လူတွေကို သူ ဘာလုပ်လိုက်လဲဟင်"

"ဘယ်လူတွေ"

"ရှယ်ယာရှင်လူကြီးတွေကို သူ..... ဘယ်လိုများးးး"

"ဒီကိစ္စက.....

"ပြောပါ ကိုသုတရယ်
စုံစမ်းရင်လည်း ဂဃနဏ သိရမှာမဟုတ်ဘူး

သူ့ကိုမေးရင်လည်း ဝေ့လည်​ကြောင်ပတ် ဖြေမှာ"

"ကျွန်တော် ပြောချင်ပါတယ်
ဒါပေမယ့် ဥက္ကဌသိရင်.....

မခွန်းသံသာချိုကိုယ်တိုင်ပဲ မေးလိုက်ပါနော်
ဒါဆို ကျွန်တော် ph ချလိုက်တော့မယ်နော်"

"ကိုသုတ...ကိုသုတ....."

ဟာ တကယ်ပါပဲ

သူ့ကိုမေးရင်.... တော်ပါပြီ
စိတ်ပူမှာစိုးလို့ ဘာလို့ညာလို့ဆိုပြီး ပြောမှာမဟုတ်ဘူး

သေချာတဲ့သူကိုပဲ မေးတာကောင်းတယ်

"hello ခွန်း ပြော"

"အမရာ ငါနင့်ကို မေးစရာရှိလို့"

"အင်း ပြောလေ ခွန်း"

"နင့် ငါ့ကို ဖြေရမှာနော်
ဟိုလူမကြိုက်လို့ ဒီလူမကြိုက်လို့ဆိုပြီး ငြင်းဖို့ မကြိုးစားရဘူးနော်"

"အေးပါ ခွန်းရယ်"

"ဟို company ကိစ္စတွေကို ဘယ်လိုရှင်းလိုက်လဲ
ငါ သိချင်တာ သူ့နောက်ကျောကို ဓားနဲ့ထိုးချင်နေတဲ့ လူတွေကို...."

"ခွန်းရယ်
သိချင်မနေပါနဲ့ဟာ"

"ဘာကို သိချင်မနေပါနဲ့လဲ
သိချင်လို့ နင့်ကို မေးတာကို
သတင်းတွေက သိပ်မထွက်ဘူး
တော်တော်များများကို သူလိုက်ပိတ်ထားတာ

ငါ့ကို ပြောပြပါ"

"ခက်လိုက်တာ
ဥက္ကဌသိရင် ငါ့ကို ဆူမှာ"

"မဆူပါဘူး အမရာရယ်
နင့်ချစ်သူက သူ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးလေ"

"အဲ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကလည်း မနိုင်ဘူးဟေ့"

"ငါရှိတယ်လေ
သူ နင့်ကို ဆူရဲဆူကြည့်
ငါ သူ့ကို ကောင်းကောင်းဆုံးမပြမယ်
ဘာမှ စိတ်မပူနဲ့ ဟုတ်ပြီလား"

"အေးဟာ...

နင့်ကိုလေ တကယ် မနိုင်ဘူး သိလား"

"သိရင် ပြီးတာပဲ ပြောတော့"

"သူဌေးက အဲ့လူတွေရဲ့ ရှယ်ယာအားလုံးကို ဝယ်လိုက်တယ်"

"ဘယ်လို

သူတို့က ရောင်းလို့လား"

"သူတို့ကတော့ ဘယ်ရောင်းမလဲ
နင့်လူကြီးက ရောင်းရမယ့် အခြေအနေရောက်အောင် လုပ်လိုက်တာလေ"

ရောင်းရမယ့် အခြေအနေ....

"မဟုတ်မှ
ခန့်ညားထည်ဝါ.....

"နင့်ထင်တဲ့ အတိုင်းပဲ
သိတယ်မလား နင့်လူကြီးက ဥာဏ်နီဥာဏ်နက် သိပ်များတာ"

"ဒါကတော့
စီးပွားရေးသမားပဲလေ
ဒီလောက်တော့ ရှိမှာပေါ့

ကိုယ်က ဦးအောင် မတိုက်ခိုက်ရင် သူတို့က တိုက်ခိုက်မှာပေါ့"

"အမယ်လေး ကာပြောပေးနေလိုက်တာ
ခွန်းသံသာချိုတို့များနော်
အပြောင်းအလဲမြန်ပါ့"

"နင်ကလည်း
လူပဲ အပြောင်းအလဲတော့ ရှိတာပေါ့"

"ဟုတ်ပါပြီရှင်
သိချင်တာ သိရပြီမလား"

"သိရပြီလေ
ဒါပဲနော်
နောက်ရက်မှ အေးဆေးစကားပြောရအောင် လာခဲ့မယ်"

"အင်းပါ"

ခန့်ညားထည်ဝါ.....ခန့်ညားထည်ဝါ.....
တော်တော်ဥာဏ်နီဥာဏ်နက်များတဲ့လူကြီးးးးးး

ဒါပေမယ့်........
ဘာလို့ ဒီလောက်ထိ တော်နေရတာပါလိမ့်......

သာယာသော မနက်ခင်းဟာ သာယာသထက် ပို၍ သာယာလှသည်။
ချစ်ရသူနဲ့ ပေါင်းဖက်ခွင့်သာရမည်ဆိုလျှင် မနက်ခင်းတိုင်းဟာ မသာယာပဲ ရှိနိုင်ပါ့မလား။

"မောင် အထဲဝင်လေ"

" ......... "

"ဒီနေ့ အိမ်မှာ ရှမ်းခေါက်ဆွဲ လုပ်ထားတယ်
မောင့်အကြိုက်
နောက်ပြီး မမကြီးက မောင့်ကို ကျွေးချင်လို့တဲ့
အဲ့တာကြောင့် ခွန်းက မောင့်ကို ph ဆက်လိုက်တာ

မောင့်ကို စောစောစီးစီး ph ဆက်လို့တော့ ခွန်းကို စိတ်မဆိုးဘူး မလားဟင်"

"ခွန်းရယ်
ခွန်းကို စိတ်ဆိုးရင် ဒီကမ္ဘာပေါ်မှာ ကိုယ့်လောက်မိုက်တဲ့သူ ရှိပါ့မလား"

"မောင်ကလည်း"

ဒါလေးပြောတာကိုတောင် ရှက်သွားသည့် သူမ
သူမကို စိတ်ဆိုးဖို့ နေနေသာ သူမကို အကြည့်တစ်ချက်မှ မလွှဲနိုင်သူပါ
ဒါကို သူမလေး သိအောင် ဘယ်လိုပြောရမည်နည်းးးးး

"ကလေးတွေ အရှေ့မှာ ဘာလုပ်နေတာလဲ
လာလေ ဝင်ကြ
အထဲမှာ မင်းတို့ မမကြီးစောင့်နေတယ် လာ"

"ဟုတ် မမ လာပြီ

မောင်"

"ပြောလေ ခွန်း"

"ဟို မမကြီးနဲ့ အဆင်ပြေအောင် နေပါနော်

မမကြီးဟိုတစ်ခါက ပြောခဲ့တာတွေကိုလည်း ဗွေမယူပါနဲ့နော်"

ခက်ပါရော့လား အချစ်ရယ်

"မောင်က ခွန်း မမကြီးကို ခွန်းလိုပဲ ချစ်ခင်လေးစားမှာမလို့
ဘာကိုမှ စိတ်ထဲမထားနဲ့တော့ ဟုတ်ပြီလား"

"ဟုတ်"

ခေါင်းငြိမ့်ပြသူ၏ ဦးခေါင်းအား ခပ်ဖွဖွ ပုတ်လိုက်ပါသည်။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းသည့် မိန်းကလေးပါလဲ။

"ကဲ လာ ထိုင်ကြ"

"ဟုတ် မမ"

တည်ငြိမ်လှသူတို့ကြား မမငယ်က ခွန်းကို မျက်စာပစ်ပြသည်။

ဟုတ်တာပေါ့
ခွန်း မိသားစုမှာ ခွန်းဝင်ဖြန်ဖြေပေးရမှာပေါ့။

"အားလုံးအတွက် ခွန်းပြင်ပေးမယ်နော်"

ပန်းကန်များကိုယူကာ ခွန်းကိုယ်တိုင်ထည့်၍ ပြင်ဆင်ပေးလိုက်သည်။

"ဒါက မမကြီးအတွက်
ဒါက မမငယ်အတွက်

ဒါကတော့ မောင့်အတွက်
မြည်းကြည့်ဦး မောင်
တစ်ခုခုလိုရင် ပြောနော်"

မောင့်ပန်းကန်ကို ယူ၍ ခွန်းကိုယ်တိုင်ပင် နယ်ပေးလိုက်သည်။
ဖြစ်နိုင်ရင် မောင့်ရဲ့ ကိစ္စအဝဝကို ခွန်းသာ တာဝန်ယူဆောင်ရွက်လိုသည်။

"ခွန်း
ကိုယ်တိုင်လည်း ထည့်စားဦးလေ
မောင်ပြင်ပေးရမလား

ပေး မောင့်ထည့်ပေးမယ်နော်"

သူများတွေကိုသာ ဂရုစိုက်နေသော မိန်းကလေးက သူ့အတွက်သူ မပြင်ဆင်
သူမလေးအတွက် သူကိုယ်တိုင်သာ ပြင်ဆင်၍ ထည့်ပေးလိုက်သည်။

အဆီတွေကိုမကြိုက်ပဲ ကြက်သားနှစ်ကိုတော့ ကြိုက်နှစ်သက်သည့် မိန်းကလေးအတွက်
အဆီတွေကို သေချာစစ်ရင်း
အစပ်မစားနိုင်ပေမယ့် အစပ်မပါလျှင် မစားတတ်သည့် မိန်းကလေးအတွက် အစပ်လေးလျော့ထည့်ပေးရင်း

သူမ နှစ်သက်သည် မနှစ်သက်သည် များကို ဂရုတစိုက်ရွေးရင်း သူမလေးအတွက် ကိုယ်တိုင်ကိုယ်ကျ နယ်ပေးလျက်........

"မောင်
ဒီမှာ ရပြီ"

"ဒီမှာလည်း ခွန်းအတွက်
မောင် အစပ်လျော့ပေးထားတယ်
စားကြည့်
အဆင်မပြေတာရှိရင် မောင်ပြင်ပေးမယ်နော်"

"ဟုတ်"

"အဟင့် အဟင့်....အဟင့်....."

အရှေ့က အပျိုကြီးတွေမှ အားမနာ ချစ်ရည်လူးနေကြသည့် ကလေးနှစ်ယောက်
ဘယ်လိုဟာလေးတွေမှန်းကို မသိ

"မမငယ်လည်း စားလေ
ထပ်ယူဦးမလားဟင်
ခွန်း ထပ်ထည့်ပေးရမလား"

"အမလေး ပြာပြာသလဲနဲ့
တော်ပါပြီရှင်
ကိုယ့်ဟာကိုယ်သာ စားပါ"

"ဟီးးးးးးး
ဟုတ်"

ခေါင်းလေးပုဝင်သွားလျက် မျက်နှာချိုသွေးနေသည့် ကလေးမ
အစ်မတွေကတော့ သူ့မကိုကြည့်လျက် တပြုံးပြုံးပင်
သူကတော့ ကြည့်နေရင်းပင် အသည်းယားလာသည်။
လူကြီးတွေ မရှိရင် ဘာလုပ်မိမည်မသိ......

"ခွန်း ဟင်းချိုလေး သွားထည့်ပေးဦး"

"ဟုတ် မမ"

"မမလေး နှင်းရည်ထည့်ပေးမယ်လေ"

"နေပါ နှင်းရည်ရယ်
ခွန်း ကိုယ်တိုင်ပဲ ထည့်လိုက်မယ်"

"မမလေး
အဲ့ဒါဆို အပူလောင်မယ် သတိထားဦးနော်"

"ဟုတ်ပါပြီ
လုပ်စရာ ရှိတာသာ သွားလုပ်
ဟုတ်ပြီလား"

"ဟုတ် မမလေး"

ပန်းကန်လုံးထဲသို့ ဟင်းချိုရည်ကို ဖြည်းညင်းစွာ ထည့်လိုက်သည်။

"ဟင် မမ"

"နေဦး ခွန်းရဲ့ မသွားနဲ့ဦး"

"ဘာလို့လဲ"

"အပြင်က နှစ်ယောက်ကို အချိန်ပေးလိုက်ဦး"

"အော် အင်း အင်း"

မမငယ်က မမကြီးနဲ့မောင့်ကို သီးသန့်ရှိစေချင်ပုံ
သူတို့ စကားပြောဖို့အတွက် ခွန်းတို့ လုံလောက်တဲ့ အချိန်ပေးသင့်တာပေါ့

"ညီမလေးက သိပ်ကို လိမ္မာရေးချာရှိပြီး သိတတ်တဲ့ မိန်းကလေးပါ
အစ်မတို့အတွက်လည်း တကယ်ကို တန်ဖိုးရှိတဲ့ မိန်းကလေးပါ
ညီမလေးကို စောင့်ရှောက်ပေးပါ"

မမကြီးထံမှ တည်ငြိမ်လှသော စကားသံသဲ့သဲ့ဟာ တစ်လုံးချင်းထွက်ပေါ်လာသည်။

"စကားတွေနဲ့ ကတိကဝတ်ပြုရတာကို ကျွန်တော်မနှစ်သက်ပေမယ့်
ခွန်းကို ကျွန်တော် အသက်ထက်ဆုံးချစ်ခင် မြတ်နိုးသွားပါ့မယ်"

"ကောင်းပါပြီ
ဒါဆို မင်းလက်ထဲကိုပဲ ညီမလေးကို ယုံကြည်စိတ်ချစွာ အပ်လိုက်ပြီနော်"

"ဟုတ်ကဲ့ပါ အစ်မ
နောင်တမရစေရပါဘူး"

အမြဲတမ်း ဆန္ဒရှိနေခဲ့ပါသော
တစ်ဘဝလုံးရင်းပြီး ထမ်းဆောင်ချင်နေခဲ့သော တာဝန်ဟု မဆိုနိုင်သည့် တာဝန်တစ်ခု
သူမလေး မျက်နှာတစ်ချက် မညှိုးအောင်
မျက်ဝန်းမှ ပုလဲတစ်လုံး မြေမခရန်
သူမလေး အမြဲတမ်း ပြုံးပျော်ရွှင်နေရန်
သူ ကျေကျေပွန်ပွန် ထမ်းဆောင်ချင်တဲ့ အရာတွေပါ.......

"မောင် စားရတာ အဆင်ပြေရဲ့လားဟင်"

"ပြေပါ့ဗျာ"

"ဒီမှာ မောင့်အတွက် coffee

နောက်ပြီး ခွန်းမောင့်ကို ပြောစရာလည်း ရှိလို့

"ဘာများလဲ ခွန်း"

"ခွန်းလေ ခွန်းတာဝန်ယူထားရတဲ့ hotel တွေကို သွားလေ့လာကြည့်ချင်လို့"

"ကောင်းသားပဲ ခွန်း ဘယ်တော့လောက် သွားချင်လဲ"

"အဲ့ဒါကလေ......

"အင်း"

"ခွန်း တစ်ယောက်တည်းပဲ သွားလိုက်တော့မယ်"

"ဘယ်လို​ပြောလိုက်တယ် ခွန်း"

"ဒီလိုလေ မောင့်ရဲ့
နောက်ကျ မင်္ဂလာကိစ္စတွေနဲ့ အလုပ်ရှုပ်မှာစိုးတော့ မောင့်အလုပ်တွေကို မောင်လက်စသတ်ထားရမှာမလား

အဲဒါကြောင့်......"

"ဒါပေမယ့် ခွန်းရယ်

မောင် စိတ်မချဘူး"

"မောင်ကလည်း......
ခွန်းက ကလေးမဟုတ်ပါဘူး

မောင်လုပ်စရာ ရှိတာတွေ လုပ်ထားလိုက်လေ နော်"

"ဟင့်အင်း"

"မောင်.....

တကယ်လက်တွေ့ဘဝမှာ မည်သူတစ်ဦးတစ်ယောက်ကမှ မည်သူတစ်ဦးတစ်ယောက်ကို အချိန်တွေအကုန်မပေးနိုင်သလို အချိန်တွေအကုန်လုံးကိုလည်း မရယူနိုင်ဘူး

ခွန်းတို့ ရှင်သန်ရတဲ့ လူဘဝကြီးက ခွန်းတို့ထင်ထားတာထက် အများကြီးပိုပြီး လက်တွေ့ဆန်ပါတယ် မောင်"

ပြောဖို့အတွက် မရည်ရွယ်သော စကားများဟာလည်း နှုတ်မှ ထွက်သွားလေသည်။
နားလည်မှု အပြည့်ရှိသော လူနှစ်ယောက်အတွက် ထိုစကားတွေဟာ ပြောဖို့မလိုသော်လည်း
အပြည့်အဝတော့ ရှောင်ဖယ်ထားလို့မဖြစ်

"လူတစ်ယောက်က လူတစ်ယောက်ကို အချိန်တွေအားလုံးမပေးနိုင်ရင်တောင်
အဲ့ဒီလူကို စိတ်ထဲမှာထားပြီး အမြဲတမ်းရှင်သန်နိုင်တယ်ဆိုတာကိုတော့ ခွန်းယုံကြည်ပေးပါ"

"ခွန်း ယုံပါတယ် မောင်"

"ခွန်းက သိပ်ကိုဆန္ဒရှိနေရင် မောင်မတားတော့ပါဘူး"

"တကယ်"

"အင်း
အဲ့ဒီအစား လမ်းခရီးမှာ သေချာဂရုစိုက်ရမယ်
အစားအသောက် အသွားအလာ အနေအထိုင် အားလုံး ဂရုစိုက်ရမယ်
မောင့်ကိုလည်း မကြာမကြာ ph ခေါ်ရမယ်

အရေးကြီးဆုံးကတော့......

"ဘာလဲ မောင်"

"နောက်တစ်ခါ ဒီလိုတောင်းဆိုမှုမျိုး ဘယ်တော့မှ မလုပ်ပါနဲ့ ခွန်း

ခွန်းတောင်းဆိုသမျှကို အမြဲတမ်းအလျော့ပေး လိုက်လျောချင်နေတဲ့စိတ်နဲ့
ခွန်းကိုအမြဲတမ်းအနားမှာရှိနေစေချင်တဲ့ မောင့်အချစ်ရဲ့အတ္တကြားမှာ
မောင် ရူးရလိမ့်မယ် ခွန်းးးးးးး"

"အင်းပါ

ခွန်း နောက်ဆို ဘယ်ပဲသွားသွား မောင်နဲ့ပဲ အတူသွားမယ်နော်
ဒီတစ်ခါလေးပဲ ဟုတ်ပြီလား
ခွန်းအတွက် တွေးပူမနေနဲ့နော်
ဟုတ်ပြီလား"

"ဟုတ်ပါပြီဗျာ
ကျန်းမာရေးသာ သေချာဂရုစိုက်"

စဥ်းစားတွေးခေါ်နိုင်စွမ်းရှိပြီး အတွေးအမြင်ကွဲလွဲတတ်တဲ့ လူနှစ်ယောက်ကြား
ဘယ်လို အနည်းငယ်ပင်သေးဖွဲ့သော ကွဲလွဲမှုမျှ မဖြစ်လို

ချစ်ရသူ မိန်းကလေးနဲ့ သူဟာ တစ်စုံတစ်ရာအတွက် အမြင်ချင်းမတူလျှင်တောင်
ထိုအရာကို အနီးစပ်ဆုံးဖြစ်အောင် ညှိနှိူင်းလိုသော ဆန္ဒသာ သူ့မှာရှိပါသည်။
ပြိုင်ဆိုင်ပြီး သက်သေပြလိုစိတ် သူ့မှာ အလျဥ်းမရှိပါ။

ဒါဟာ သူမအပေါ် မတောင်းဆိုပါပဲ အလိုလို ဖြည့်ဆည်းပေးနေသည့် သူ့ရဲ့ အလျော့ပေးမှုနှင့် လိုက်လျောမှုပင်......

Paing
10:45 PM
5.11.2021

Zawgyi


" ........ "

"မမကြီးအတွက် ဆေးနဲ့ ရေ"




"ခွန်း


"မမှားပါဘူး


"အေးလေ

"ဟုတ်ပါတယ် မမကြီး
ခွန်းမလုပ်နိုင်ဘူး"


"ရှင်"

ဘာတွေ့လိမ့်မည်နည်း။

"ပြောပါ ခွန်း


"ခွန်း...... ခွန်းလေ.....


ခွန်းက အားနာနေရုံသာ.......



ခွန်း သူ့ကို.........



"ရှင်"


အပြစ်မရှိတဲ့လူ.........

"ဒါပေမယ့် ဟိုတစ်နေ့က.........


အဲ့တော့


"မဟုတ်တာ မမရယ်






ခွန်းရယ်

"ခွန်း"

"ရှင် မမကြီး"


တကယ်ကြီးလားးးးးးးး
အိမ်မက်လားးးးးးးး

"ခွန်း ညီမလေးးးးးးး

"မမ......"

ညီမလေးရယ်........




"အင်း ပျော်တယ်






ကျေးဇူးနော် မမ

အာဘွားးးးးးးး"



မောင့်ကို အသိပေးရမယ်။

ညမှောင်နေပြီ။

အာ ph ခေါ်လို့ရတာပဲ

မောင့်ကို ph ခေါ်ရမယ်

"အမေ့..... !!!!!

လန့်လိုက်တာ"


"hello"


"ဟုတ် ကိုသုတ ပြော"



"ဟုတ် ပြောပါ"


"ကျွန်မရဲ့ hotel ဘယ်.....

အော်....ဟုတ်

ဘာများဖြစ်လို့လဲ"




"ကျွန်မ နားလည်ပါတယ်

"ဟုတ်ကဲ့


"ဟုတ်ကဲ့ပါရှင်

"ကျေးဇူးပါဗျာ
ဒါဆို ကျွန်တော်....

"အော် ခဏ"

"ဗျာ"

"ဟိုဟာ

"ဘယ်လူတွေ"


"ဒီကိစ္စက.....

"ပြောပါ ကိုသုတရယ်


ဒါပေမယ့် ဥက္ကဌသိရင်.....


"ကိုသုတ...ကိုသုတ....."

ဟာ တကယ်ပါပဲ



"hello ခွန်း ပြော"


"အင်း ပြောလေ ခွန်း"


"အေးပါ ခွန်းရယ်"


"ခွန်းရယ်
သိချင်မနေပါနဲ့ဟာ"


ငါ့ကို ပြောပြပါ"

"ခက်လိုက်တာ

"မဆူပါဘူး အမရာရယ်


"ငါရှိတယ်လေ

"အေးဟာ...




"ဘယ်လို



ရောင်းရမယ့် အခြေအနေ....

"မဟုတ်မှ
ခန့်ညားထည်ဝါ.....

"နင့်ထင်တဲ့ အတိုင်းပဲ

"ဒါကတော့
စီးပွားရေးသမားပဲလေ


အပြောင်းအလဲမြန်ပါ့"

"နင်ကလည်း

"ဟုတ်ပါပြီရှင်
သိချင်တာ သိရပြီမလား"

"သိရပြီလေ
ဒါပဲနော်

"အင်းပါ"


ဒါပေမယ့်........


"မောင် အထဲဝင်လေ"

" ......... "

မောင့်အကြိုက်


"ခွန်းရယ်

"မောင်ကလည်း"


လာလေ ဝင်ကြ

"ဟုတ် မမ လာပြီ

မောင်"

"ပြောလေ ခွန်း"





"ဟုတ်"


"ကဲ လာ ထိုင်ကြ"

"ဟုတ် မမ"


ဟုတ်တာပေါ့



"ဒါက မမကြီးအတွက်
ဒါက မမငယ်အတွက်

ဒါကတော့ မောင့်အတွက်
မြည်းကြည့်ဦး မောင်


"ခွန်း
မောင်ပြင်ပေးရမလား





"မောင်
ဒီမှာ ရပြီ"

"ဒီမှာလည်း ခွန်းအတွက်
စားကြည့်

"ဟုတ်"

"အဟင့် အဟင့်....အဟင့်....."


"မမငယ်လည်း စားလေ
ထပ်ယူဦးမလားဟင်

"အမလေး ပြာပြာသလဲနဲ့
တော်ပါပြီရှင်

"ဟီးးးးးးး
ဟုတ်"



"ဟုတ် မမ"


"နေပါ နှင်းရည်ရယ်

"မမလေး

"ဟုတ်ပါပြီ
ဟုတ်ပြီလား"

"ဟုတ် မမလေး"


"ဟင် မမ"


"ဘာလို့လဲ"


"အော် အင်း အင်း"





"ကောင်းပါပြီ

"ဟုတ်ကဲ့ပါ အစ်မ
နောင်တမရစေရပါဘူး"



"ပြေပါ့ဗျာ"



"ဘာများလဲ ခွန်း"



"အဲ့ဒါကလေ......

"အင်း"



"ဒီလိုလေ မောင့်ရဲ့

အဲဒါကြောင့်......"

"ဒါပေမယ့် ခွန်းရယ်

မောင် စိတ်မချဘူး"

"မောင်ကလည်း......


"ဟင့်အင်း"

"မောင်.....




အဲ့ဒီလူကို စိတ်ထဲမှာထားပြီး အမြဲတမ်းရှင်ငန်နိုင်တယ်ဆိုတာကိုတော့ ခွန်းယုံကြည်ပေးပါ"

"ခွန်း ယုံပါတယ် မောင်"


"တကယ်"

"အင်း

အရေးကြီးဆုံးကတော့......

"ဘာလဲ မောင်"



"အင်းပါ

ဟုတ်ပြီလား"

"ဟုတ်ပါပြီဗျာ


ထိုအရာကို အနီးစပ်ဆုံးဖြစ်အောင် ညှိနှိုင်းလိုသော ဆန္ဒသာ သူ့မှာရှိပါသည်။


Paing
10:45 PM
5.11.2021




















Continue Reading

You'll Also Like

40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...