[Zawgyi]
မွန္ထဲမွာျမင္ေနရတဲ့ ကိုယ့္မ်က္နွာကိုယ္ျပန္ၾကည့္ရင္း ေကာင္းျမတ္ဟိန္းတစ္ေယာက္ သက္ျပင္းခ်လိုက္သည္။ မ်က္တြင္းေဟာက္ပက္နဲ႔ လူရုပ္ပင္မေပၚေတာ့တဲ့မ်က္နွာက အရက္ကိုလူလိုသူလိုမေသာက္ပဲ ေခြးလိုႏြားလိုေသာက္ထားျခင္းရဲ႕အက်ိဳးဆက္ေတြ။
" ဟင္း ... "
သက္ျပင္းတစ္ခ်က္ကို ခပ္ေလးေလးခ်ကာ စိတ္မပါလက္မပါ နက္ခ္တိုင္ခ်ည္ေနရင္း အိပ္ခ်င္မေျပေသးတဲ့ မ်က္လံုးေတြကို လွည့္ကစားေနလိုက္သည္။
" အား ... ေခါင္းမူးလိုက္တာ "
နက္ခ္တိုင္ခ်ည္ၿပီးသြားေတာ့ ေသာက္ထားတဲ့အရွိန္ေၾကာင့္ မူးရိပ္ရိပ္ျဖစ္ေနတဲ့ ေခါင္းကိုဖိကိုင္ရင္း တစ္ေယာက္တည္းညည္းတြားမိသည္။ အရက္သမားလည္းမဟုတ္ရပါပဲ ဘာလို႔မ်ား ဒီေလာက္ေတာင္ေသာက္မိရတာလဲဆိုတာ ေကာင္းျမတ္ဟိန္းကိုယ္တိုင္ေတာင္ မသိေတာ့ဘူး။
ဒီလိုအခ်ိန္အိပ္ယာထဲမွာ ထိုးအိပ္ပစ္လိုက္ခ်င္ေပမယ့္ ပိတ္ရက္မဟုတ္တာေၾကာင့္ ငိုက္က်ခ်င္ေနသည့္ေခါင္းကို မနည္းေထာင္ကာ မီးဖိုခန္းထဲဝင္ၿပီး သံပုရာရည္ျဖစ္ျဖစ္ ေဖ်ာ္ေသာက္ဖို႔ျပင္လိုက္သည္။
တီ . တီ ...
စားပြဲေပၚမွာတင္ထားခဲ့တဲ့ဖုန္းက အသံျမည္လာတာေၾကာင့္ လွီးလက္စသံပုရာသီးကို ထားခဲ့လိုက္ၿပီး ဖုန္းကိုယူၾကည့္လိုင္ေတာ့ အငယ့္ဆီကျဖစ္ေနတာမလို႔ တစ္ခ်က္ၿပံဳးလိုက္သည္။
" ေျပာေလ အငယ္ "
" ေခါင္းကနာေနေသးလား အကို "
" ဟမ္ "
အငယ္ေျပာကာမွ ပန္းပုရုပ္နွင့္ အထုခံထားသည္ဆိုသည့္ ေခါင္းေနရာက တဆသ္ဆသ္နွင့္ ကိုက္ခဲလာသလိုပင္။ အခုမွသာ အရက္ေၾကာင့္ ေခါင္းမူးေနရံုသာမက ေခါင္းပါနာလာေတာ့သည္။
" အင္း အစ္ကိုသက္သာပါတယ္ အငယ္ "
" ေတာ္ေသးတာေပါ့ ... Leon ဖုန္းဆက္ေတာ့ အစ္ကိုမွန္းမသိဘူးေလ ... ေရာက္လာလို႔ၾကည့္လိုက္ေတာ့ အစ္ကိုျဖစ္ေနတာ ... ေခါင္းကြဲၿပီထင္ေပမယ့္ မကြဲတာေတာ္ေသးတယ္ "
" နွံျပည္စုတ္ေလးက လက္စကေတာ့ အေတာ္ျပင္းသဗ် ... အစ္ကို႔ေခါင္းက ခုထိနာေနတုန္း "
ေကာင္းျမတ္ဟိန္းေျပာလိုက္ေတာ့ တစ္ဖက္က အငယ္ရဲ႕ရယ္သံတိုးတိုးကို ၾကားလုိက္ရတာေၾကာင့္ ေခါင္းနာေနတဲ့ၾကားကေန ၿပံဳးလိုက္မိသည္။
" ေနာက္ေတာင္က်ေနၿပီ ... အစ္ကိုအလုပ္မသြားေတာ့ဘူးမလား ... ေန႔လည္စာလာပို႔ေပးရမလား "
" မပို႔နဲ႔ အငယ္ရ ... ကိုယ္အလုပ္သြားရမွာ "
" ဟုတ္ကဲ့ အစ္ကို ... အဆင္ေျပရဲ႕လားလွမ္ေမးတာပါ ... အဲ့တာဆို ဒါပဲေနာ္ "
" ဟုတ္ၿပီ အငယ္ "
ျပတ္ေတာက္သြားတဲ့ ဆက္သြယ္မႈေနာက္မွာ လက္ထဲကဖုန္းကို စားပြဲေပၚျပန္တင္ထားလိုက္ရင္း အသက္ျပင္းျပင္းရွဴကာ ေလပူေတြကို မႈတ္ထုတ္ပစ္လိုက္သည္။
* " ေခြးသူေတာင္းစားႀကီး ... ! " *
နားထဲျပန္ၾကားေယာင္လာတဲ့ ကိုယ့္အမိဘာသာစကားမဟုတ္တဲ့ ေအာ္ဆဲသံခပ္စူးစူးေၾကာင့္ မ်က္လံုးေတြကိုဖိမွိတ္ပစ္ၿပီး ေခါင္းကိုခါရမ္းပစ္လိုက္သည္။ ေခါင္းရမ္းပစ္မိကာမွ နဂိုမူးေနတဲ့ေခါင္းက ပိုလို႔ေတာင္မူးလာသည္။
မ်က္နွာကို ေရနဲ႔မႈတ္ထုတ္မိၿပီးေနာက္မွာ မ်က္နွာေလးရဲတြတ္လာတဲ့အထိ ေဒါသေတြထြက္ေနတဲ့ နွံျပည္စုတ္ေလးက ဘာဂါနဲ႔ပစ္ေပါက္ၿပီး ေကာင္ျမတ္ဟိန္းလက္ကိုဆြဲလို႔ အိမ္အျပင္ကိုဆြဲထုတ္ပစ္ခဲ့ေသးတာ။
" နိုင္ငံျခားက နွံျပည္စုတ္နဲ႔မွ ဘယ္လိုေရစက္မွန္းမသိပါဘူး "
တစ္ေယာက္တည္းေရ႐ြတ္မိရင္း ေဖ်ာ္လို႔ၿပီးသြားတဲ့ သံပုရာရည္ကို တစ္က်ိဳက္တည္းေမာ့ေသာက္ပစ္လိုက္သည္။ ေနာက္ေနတဲ့ေခါင္းက သံပုရာရည္ကယ္ကာမွ နည္းနည္းၾကည္သြားတာမ်ိဳး။
တဂြမ္ဂြမ္ဝင္ေနတဲ့ အလုပ္ဖုန္းေတြကို လ်စ္လ်ဴရႈရင္း ဧည့္ခန္းထဲကစားပြဲေပၚမွာတင္ထားတဲ့ ေဘးလြယ္အိတ္ကို ေကာက္လြယ္လိုက္သည္။ ထိုးအိပ္ပစ္ေနေပမယ့္ အလုပ္ကေတာ့ သြားမွရမယ့္ အေရးႀကီးကိစၥရွိေနတာမလို႔။
.
.
.
.
.
" ဘေရာင္းရွဴးဂါးနဲ႔ မစ္ခ္တီးတစ္ခြက္ေပးပါ "
ေကာ္ဖီဆိုင္မွာ Leon ရဲ႕မ်က္နွာကို ၿပံဳးၾကည့္သြားၿပီး အမွာမွတ္ေနတဲ့ မိန္းကေလးေၾကာင့္ ေနရခက္လာသည္။ စစ္နဲ႔ Daniel က ျပန္သြားၿပီမလို႔ ကားပါကင္ကိုလိုက္ပို႔ၿပီးေတာ့ ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ရင္း ေကာ္ဖီဆိုင္ေတြ႕တာမလို႔ ဝင္လာခဲ့တာ။
Leon ကို အကုန္လံုးက စိုက္ၾကည့္ေနၾကေတာ့တာပဲ။ ဘာလို႔လဲ။ Leon ေရမခ်ိဳးရေသးလို႔လား။
" ရပါၿပီ ... နွစ္ေထာင့္ငါးရာပါ "
Leon ေခါင္းညိတ္ျပလိုက္ရင္း ဝတ္ထားတဲ့ေဘာင္းဘီအိပ္ကပ္ထဲကို လက္နႈိက္လိုက္သည္။ အဲ့တာမွ တကယ္ကိုကံဆိုးေတာ့တာပဲ။
Leon မွာ ပိုက္ဆံပါမလာဘူး။
အိပ္ကပ္ေတြထဲ ဟိုစမ္းဒီစမ္းလုပ္ေနတဲ့ Leon ကို ဘေရာင္းရွဴးဂါးမစ္ခ္တီးဘူးကို လွမ္းေပးေနတဲ့ ေကာင္မေလးက စိုက္ၾကည့္ေနသည္။ Leon ကို တမ်ိဳးထင္သြားမွာေတာ့ မဟုတ္ပါဘူးေနာ္။
" ပိုက္ဆံမပါလာလို႔ ခဏေနမွလာယူမယ္ေလ "
Leon ေျပာတာကို နားလည္လားမလည္လား မသိေပမယ့္ ထိုမိန္းကေလးက ၿပံဳးျပၿပံဳးျပသည္။ တကယ္ပါပဲ။ Leon အိမ္ျပန္ၿပီးရင္ ျပန္လာဖို႔ပ်င္းပါတယ္ဆိုေန။
" ကိုယ္ရွင္းေပးပါ့မယ္ Leon ~ "
အေနာက္ကေန ၾကားလိုက္ရတဲ့အသံေၾကာင့္ Leon လွည့္ၾကည့္လိုက္မိသည္။ Loen ေနာက္မွာရပ္ေနတဲ့သူက Leon ကို မေန႔ညက အတင္းနမ္းၿပီး မနက္က်ေတာ့ ေရနဲ႔မႈတ္ထုတ္တဲ့ ေခြးသူေတာင္းစားႀကီး။
" ထားလိုက္ "
" ကိုယ္က ေတာင္းပန္တဲ့အေနနဲ႔ "
ခ်ီးလိုပဲ ဘာကိုေတာင္းပန္တာ။ Leon အိမ္ေျပာင္းတာ တစ္ရက္ေတာင္မျပည့္ေသးခ်ိန္ Leon ကို ေၾကာက္ေအာင္လုပ္တာ။
" ပိုက္ဆံေနာက္မွျပန္ယူ "
ေကာင္းျမတ္ဟိန္းမွာ မ်က္စိေရွ႕က နွံျပည္စုတ္ေလးကို ၾကည့္ေနလိုက္သည္။ ဘာေတြေတြးၿပီး ဆံပင္ေကာက္ေကာက္ေလးေတြ ဝဲခါေနေအာင္ ေခါင္းရမ္းပစ္လည္းမသိေပမယ့္ ပိုက္ဆံမပါလာတာသိလို႔ ေစတနာနဲ႔ရွင္းေပးတာကို။
လုပ္မိသမွ်ကိစၥေတြကို ေကာင္းျမတ္ဟိန္းဘက္ကအားနာလို႔ ေတာင္းပန္ေနေပမယ့္ ေဘာက္ဆတ္ဆတ္ျပန္ေျဖတာေလးက ထုရိုက္ခ်င္စရာေလး။
" ရပါတယ္ ... ေအးေဆးေပါ့ . ျပႆနာမရွိဘူး "
" အြန္း "
မစ္ခ္တီးဘူးေလးကိုဆြဲယူလို႔ ဆိုင္ထဲကထြက္သြားတဲ့ ျဖဴျဖဴေသးေသးေလးကို ေကာင္းျမတ္ဟိန္းမွာ မ်က္စိတစ္ဆံုးလိုက္ၾကည့္ေနမိသည္။ အလုပ္သြားခါနီး ေခါင္းပိုၾကည္သြားေအာင္ ေကယ္ဖီဆိုင္ဝင္လိုက္ကာမွ ဒီနွံျပည္စုတ္ေလးနဲ႔ တည့္တည့္တိုးရတဲ့အျဖစ္။
" ဘလက္ခ္ေကာ္ဖီတစ္ခြက္ေပးပါ "
ဝိတ္တာမေလးကို မွာလိုက္ရင္း သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။ ဘာေၾကာင့္မွန္းမသိေပမယ့္ ေကာင္းျမတ္ဟိန္းရဲ႕စိတ္ေတြက နဂိုထက္ ပိုၾကည္သြားခဲ့တာေတာ့ အမွန္ရယ္။
.
.
.
.
.
" ့ညစာလာပို႔ေပးရမလား Leon "
" ရတယ္ စစ္ ... Leon က ညက်ရင္ ဘားသြားမွာ "
" ဟမ္ . ဘားသြားမလို႔ "
လက္ေတာ့ပ္စခရင္မွာ ျမင္ေနရတဲ့ စစ္ရဲ႕တအံ့တၾသမ်က္နွာေၾကာင့္ Leon ရယ္လိုက္သည္။ ဒါေပါ့။ Leon အျပင္သြားမယ္ဆိုေတာ့ စစ္က အံ့ၾသေနမွာ။
" ဘယ္လိုသြားမွာလဲ Leon ... သြားတတ္လို႔လား ... သြားခ်င္ရင္ Dany ကိုေခၚခဲ့ၿပီး လိုက္ပို႔ေပးရမလား "
" နိုး စစ္ ... ကိုယ့္ဘာသာသြားမွာ "
" ေျပာပါဦး ... Leon မွာ အစီအစဥ္ရွိလို႔လား "
" ဒါေပါ့ "
မ်က္နွာကိုေမာ္ခ်ီထားရင္း စခရင္မွာ ျမင္ေနရတဲ့ စစ္ကို ၾကည့္လိုက္သည္။ ေဘးမွာခ်ထားတဲ့ Mac Book ကို ေကာက္ကိုင္လိုက္ၿပီး Leon ရွာထားတာေတြကို စစ္ဘက္ကို လွည့္ျပလိုက္သည္။
" DELIGHT တဲ့ ... ကိုယ္ေနတဲ့ေနရာနဲ႔မေဝးဘူး "
" အြန္း ... အဲ့ေတာ့ Leon က ဘယ္လိုသြားမွာလဲ "
" တက္စီနဲ႔ေလ တက္စီ "
စစ္က Leon ကို ၾကည့္ၿပီးၿပံဳးသည္။ ဘာေတြမ်ား သေဘာက်သြားလို႔လဲေလေနာ္။ Leon က ကေလးမွမဟုတ္တာ။ နည္းနည္းေလ့လာလိုက္ရင္ ေနာက္ဆိုကိုယ့္ဘာသာ သြားတတ္သြားမွာ။
" အဆင္ေျပပါ့မလား Leon ရဲ႕ "
" ဒါေပါ့ "
" ေသခ်ာလား "
" အို႔ ေမ့ေနတာ ... Leon အဝတ္အစားလဲရဦးမယ္ ... ဘိုင့္ဘိုင္ စစ္ ... ေနာက္မွေတြ႕မယ္ "
တကယ္လည္း Leon အက်ႌလဲဖို႔ တက္ႂကြေနၿပီ။ ေစာေသးတယ္ဆုိေပမယ့္ Munich ကေန Leon ယူလာတဲ့ အက်ႌေတြအမ်ားႀကီး။ ၿပီးေတာ့ Daniel နဲ႔ စစ္တို႔လိုက္ပို႔လိုက္ Leon က ေရွာ႔ပ္ပင္းလည္းထြက္ထားေသးတာ။ ေ႐ြးစရာေတြသိပ္မ်ားေနေတာ့ Leon အခက္ေတြ႕ေတာ့မွာ။
သီခ်င္းေလးညည္းရင္း ဘားသြားဖို႔ အဝတ္အစားေ႐ြးရတာ သိပ္ေပ်ာ္စရာေကာင္းတာပဲ။
အနည္းငယ္ပြေနတဲ့ Leon ရဲ႕ ဆံပင္လိမ္ေကာက္ေကာက္ေတြကို ေသေသခ်ာခ်ာျပင္ဆင္လိုက္ရင္း တစ္ေနကုန္ေသခ်ာေနရာခ်ထားတဲ့ အဝတ္ဗီရိုကို ဆြဲဖြင့္လိုက္သည္။
ရက္စ္ ... ! ဒီေန႔ကေတာ့ Leon ရဲ႕ ေန႔ပဲ။
မေန႔က အနမ္းခံခဲ့ရတာေတြ၊ မနက္က ေရနဲ႔မႈတ္ထုတ္ခံခဲ့ရတာေတြကို တမဟုတ္ခ်င္းေမ့သြားတဲ့ Leon က ကေလးေလးေတြလို အမွတ္သညာသိပ္နည္းတာပဲ။
.
တစ္ဖက္မွာေတာ့ ပိတ္က်သြားတဲ့ ဗီဒိယိုေကာလ္ကိုၾကည့္ရင္း စစ္မင္းမွာ အၿပံဳးေတြမရပ္တန္႔နိုင္ေပ။ Leon ကေတာ့ေလ တကယ္ပါပဲ။
" ဘာေတြသေဘာက်ေနတာလဲ baby "
အေနာက္ကေရာက္လာတဲ့ Daniel က ထိုင္ေနတဲ့စစ္မင္းရဲ႕ေခါင္းေလးကို ငံု႔နမ္းရင္း ပါးခ်ိဳင့္ေလးေပၚလာေအာင္ၿပံဳးသည္။
" Leon ေလ ... ဒီည ဘားသြားမလို႔တဲ့ "
" ဟမ္ "
အံ့ဩသြားပံုရတဲ့ Daniel က တစ္ခဏတာပဲ အံ့ဩသြားၿပီးေနာက္ ေခါင္းအသာရမ္းသည္။
" Leon ကေတာ့ေလ "
" စိတ္ခ်ရပါ့မလား Dany ... ကိုကိုတို႔လိုက္သြားေပးၾကမလား ... ဟင္ ကေလးေလး ~ "
" Baby က အဲ့လိုေနရာေတြ သေဘာက်လို႔လား "
" ဟင့္အင္း ... ဒါေပမယ့္ "
Daniel က ေဘးနားမွာထိုင္ရင္း စစ္မင္းကိုယ္ေလးကို အသာေထြးဖက္လာသည္။
" Leon အဆင္ေျပသြားလိမ့္မယ္ ... Baby က ကိုယ္နဲ႔ေနေလ "
" ကေလးေလးကေတာ့ေလ "
Daniel ရင္ခြင္ထဲကို တိုးဝင္လိုက္ရင္း စစ္မင္း အားရပါးရၿပံဳးလိုက္သည္။ Daniel ေလးကိုျဖင့္ ခ်စ္လိုက္ရတာ။
ေန႔ရက္တိုင္းပိုလို႔ပိုလို႔ တိုးၿပီးေတာ့ကို ခ်စ္ေနမိတာ။ Daniel ကလည္း စစ္မင္းကို သူမတူေအာင္ခ်စ္ေပးသည္။ ခ်စ္သူသက္တမ္းက ဘယ္ေလာက္မွမၾကာေသးေပမယ့္ အခ်ိန္ေတြဘာေၾကာင့္ လိုေနဦးမွာလဲ။
စစ္မင္းသိပ္ခ်စ္ရသူက Daniel ျဖစ္ေနဖို႔ပဲလိုတာ။
____________
To be continue ...
24th October,2021(Sun)
call_me_Tylor
[Unicode]
မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်မျက်နှာကိုယ်ပြႏ်ကြည့်ရင်း ကောင်းမြတ်ဟိန်းတစ်ယောက် သက်ပြင်းချလိုက်သည်။ မျက်တွင်းဟောက်ပက်နဲ့ လူရုပ်ပင်မပေါ်တော့တဲ့မျက်နှာက အရက်ကိုလူလိုသူလိုမသောက်ပဲ ခွေးလိုနွားလိုသောက်ထားခြင်းရဲ့အကျိုးဆက်တွေ။
" ဟင်း ... "
သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချကာ စိတ်မပါလက်မပါ နက်ခ်တိုင်ချည်နေရင်း အိပ်ချင်မပြေသေးတဲ့ မျက်လုံးတွေကို လှည့်ကစားနေလိုက်သည်။
" အား ... ခေါင်းမူးလိုက်တာ "
နက်ခ်တိုင်ချည်ပြီးသွားတော့ သောက်ထားတဲ့အရှိန်ကြောင့် မူးရိပ်ရိပ်ဖြစ်နေတဲ့ ခေါင်းကိုဖိကိုင်ရင်း တစ်ယောက်တည်းညည်းတွားမိသည်။ အရက်သမားလည်းမဟုတ်ရပါပဲ ဘာလို့များ ဒီလောက်တောင်သောက်မိရတာလဲဆိုတာ ကောင်းမြတ်ဟိန်းကိုယ်တိုင်တောင် မသိတော့ဘူး။
ဒီလိုအချိန်အိပ်ယာထဲမှာ ထိုးအိပ်ပစ်လိုက်ချင်ပေမယ့် ပိတ်ရက်မဟုတ်တာကြောင့် ငိုက်ကျချင်နေသည့်ခေါင်းကို မနည်းထောင်ကာ မီးဖိုခန်းထဲဝင်ပြီး သံပုရာရည်ဖြစ်ဖြစ် ဖျော်သောက်ဖို့ပြင်လိုက်သည်။
တီ . တီ ...
စားပွဲပေါ်မှာတင်ထားခဲ့တဲ့ဖုန်းက အသံမြည်လာတာကြောင့် လှီးလက်စသံပုရာသီးကို ထားခဲ့လိုက်ပြီး ဖုန်းကိုယူကြည့်လိုင်တော့ အငယ့်ဆီကဖြစ်နေတာမလို့ တစ်ချက်ပြုံးလိုက်သည်။
" ပြောလေ အငယ် "
" ခေါင်းကနာနေသေးလား အကို "
" ဟမ် "
အငယ်ပြောကာမှ ပန်းပုရုပ်နှင့် အထုခံထားသည်ဆိုသည့် ခေါင်းနေရာက တဆသ်ဆသ်နှင့် ကိုက်ခဲလာသလိုပင်။ အခုမှသာ အရက်ကြောင့် ခေါင်းမူးနေရုံသာမက ခေါင်းပါနာလာတော့သည်။
" အင်း အစ်ကိုသက်သာပါတယ် အငယ် "
" တော်သေးတာပေါ့ ... Leon ဖုန်းဆက်တော့ အစ်ကိုမှန်းမသိဘူးလေ ... ရောက်လာလို့ကြည့်လိုက်တော့ အစ်ကိုဖြစ်နေတာ ... ခေါင်းကွဲပြီထင်ပေမယ့် မကွဲတာတော်သေးတယ် "
" နှံပြည်စုတ်လေးက လက်စကတော့ အတော်ပြင်းသဗျ ... အစ်ကို့ခေါင်းက ခုထိနာနေတုန်း "
ကောင်းမြတ်ဟိန်းပြောလိုက်တော့ တစ်ဖက်က အငယ်ရဲ့ရယ်သံတိုးတိုးကို ကြားလိုက်ရတာကြောင့် ခေါင်းနာနေတဲ့ကြားကနေ ပြုံးလိုက်မိသည်။
" နောက်တောင်ကျနေပြီ ... အစ်ကိုအလုပ်မသွားတော့ဘူးမလား ... နေ့လည်စာလာပို့ပေးရမလား "
" မပို့နဲ့ အငယ်ရ ... ကိုယ်အလုပ်သွားရမှာ "
" ဟုတ်ကဲ့ အစ်ကို ... အဆင်ပြေရဲ့လားလှမ်မေးတာပါ ... အဲ့တာဆို ဒါပဲနော် "
" ဟုတ်ပြီ အငယ် "
ပြတ်တောက်သွားတဲ့ ဆက်သွယ်မှုနောက်မှာ လက်ထဲကဖုန်းကို စားပွဲပေါ်ပြန်တင်ထားလိုက်ရင်း အသက်ပြင်းပြင်းရှူကာ လေပူတွေကို မှုတ်ထုတ်ပစ်လိုက်သည်။
* " ခွေးသူတောင်းစားကြီး ... ! " *
နားထဲပြန်ကြားယောင်လာတဲ့ ကိုယ့်အမိဘာသာစကားမဟုတ်တဲ့ အော်ဆဲသံခပ်စူးစူးကြောင့် မျက်လုံးတွေကိုဖိမှိတ်ပစ်ပြီး ခေါင်းကိုခါရမ်းပစ်လိုက်သည်။ ခေါင်းရမ်းပစ်မိကာမှ နဂိုမူးနေတဲ့ခေါင်းက ပိုလို့တောင်မူးလာသည်။
မျက်နှာကို ရေနဲ့မှုတ်ထုတ်မိပြီးနောက်မှာ မျက်နှာလေးရဲတွတ်လာတဲ့အထိ ဒေါသတွေထွက်နေတဲ့ နှံပြည်စုတ်လေးက ဘာဂါနဲ့ပစ်ပေါက်ပြီး ကောင်မြတ်ဟိန်းလက်ကိုဆွဲလို့ အိမ်အပြင်ကိုဆွဲထုတ်ပစ်ခဲ့သေးတာ။
" နိုင်ငံခြားက နှံပြည်စုတ်နဲ့မှ ဘယ်လိုရေစက်မှန်းမသိပါဘူး "
တစ်ယောက်တည်းရေရွတ်မိရင်း ဖျော်လို့ပြီးသွားတဲ့ သံပုရာရည်ကို တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။ နောက်နေတဲ့ခေါင်းက သံပုရာရည်ကယ်ကာမှ နည်းနည်းကြည်သွားတာမျိုး။
တဂွမ်ဂွမ်ဝင်နေတဲ့ အလုပ်ဖုန်းတွေကို လျစ်လျူရှုရင်း ဧည့်ခန်းထဲကစားပွဲပေါ်မှာတင်ထားတဲ့ ဘေးလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ ထိုးအိပ်ပစ်နေပေမယ့် အလုပ်ကတော့ သွားမှရမယ့် အရေးကြီးကိစ္စရှိနေတာမလို့။
.
.
.
.
.
" ဘရောင်းရှူးဂါးနဲ့ မစ်ခ်တီးတစ်ခွက်ပေးပါ "
ကော်ဖီဆိုင်မှာ Leon ရဲ့မျက်နှာကို ပြုံးကြည့်သွားပြီး အမှာမှတ်နေတဲ့ မိန်းကလေးကြောင့် နေရခက်လာသည်။ စစ်နဲ့ Daniel က ပြန်သွားပြီမလို့ ကားပါကင်ကိုလိုက်ပို့ပြီးတော့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ကော်ဖီဆိုင်တွေ့တာမလို့ ဝင်လာခဲ့တာ။
Leon ကို အကုန်လုံးက စိုက်ကြည့်နေကြတော့တာပဲ။ ဘာလို့လဲ။ Leon ရေမချိုးရသေးလို့လား။
" ရပါပြီ ... နှစ်ထောင့်ငါးရာပါ "
Leon ခေါင်းညိတ်ပြလိုက်ရင်း ဝတ်ထားတဲ့ဘောင်းဘီအိပ်ကပ်ထဲကို လက်နှိုက်လိုက်သည်။ အဲ့တာမှ တကယ်ကိုကံဆိုးတော့တာပဲ။
Leon မှာ ပိုက်ဆံပါမလာဘူး။
အိပ်ကပ်တွေထဲ ဟိုစမ်းဒီစမ်းလုပ်နေတဲ့ Leon ကို ဘရောင်းရှူးဂါးမစ်ခ်တီးဘူးကို လှမ်းပေးနေတဲ့ ကောင်မလေးက စိုက်ကြည့်နေသည်။ Leon ကို တမျိုးထင်သွားမှာတော့ မဟုတ်ပါဘူးနော်။
" ပိုက်ဆံမပါလာလို့ ခဏနေမှလာယူမယ်လေ "
Leon ပြောတာကို နားလည်လားမလည်လား မသိပေမယ့် ထိုမိန်းကလေးက ပြုံးပြပြုံးပြသည်။ တကယ်ပါပဲ။ Leon အိမ်ပြန်ပြီးရင် ပြန်လာဖို့ပျင်းပါတယ်ဆိုနေ။
" ကိုယ်ရှင်းပေးပါ့မယ် Leon ~ "
အနောက်ကနေ ကြားလိုက်ရတဲ့အသံကြောင့် Leon လှည့်ကြည့်လိုက်မိသည်။ Loen နောက်မှာရပ်နေတဲ့သူက Leon ကို မနေ့ညက အတင်းနမ်းပြီး မနက်ကျတော့ ရေနဲ့မှုတ်ထုတ်တဲ့ ခွေးသူတောင်းစားကြီး။
" ထားလိုက် "
" ကိုယ်က တောင်းပန်တဲ့အနေနဲ့ "
ချီးလိုပဲ ဘာကိုတောင်းပန်တာ။ Leon အိမ်ပြောင်းတာ တစ်ရက်တောင်မပြည့်သေးချိန် Leon ကို ကြောက်အောင်လုပ်တာ။
" ပိုက်ဆံနောက်မှပြန်ယူ "
ကောင်းမြတ်ဟိန်းမှာ မျက်စိရှေ့က နှံပြည်စုတ်လေးကို ကြည့်နေလိုက်သည်။ ဘာတွေတွေးပြီး ဆံပင်ကောက်ကောက်လေးတွေ ဝဲခါနေအောင် ခေါင်းရမ်းပစ်လည်းမသိပေမယ့် ပိုက်ဆံမပါလာတာသိလို့ စေတနာနဲ့ရှင်းပေးတာကို။
လုပ်မိသမျှကိစ္စတွေကို ကောင်းမြတ်ဟိန်းဘက်ကအားနာလို့ တောင်းပန်နေပေမယ့် ဘောက်ဆတ်ဆတ်ပြန်ဖြေတာလေးက ထုရိုက်ချင်စရာလေး။
" ရပါတယ် ... အေးဆေးပေါ့ . ပြဿနာမရှိဘူး "
" အွန်း "
မစ်ခ်တီးဘူးလေးကိုဆွဲယူလို့ ဆိုင်ထဲကထွက်သွားတဲ့ ဖြူဖြူသေးသေးလေးကို ကောင်းမြတ်ဟိန်းမှာ မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။ အလုပ်သွားခါနီး ခေါင်းပိုကြည်သွားအောင် ကေယ်ဖီဆိုင်ဝင်လိုက်ကာမှ ဒီနှံပြည်စုတ်လေးနဲ့ တည့်တည့်တိုးရတဲ့အဖြစ်။
" ဘလက်ခ်ကော်ဖီတစ်ခွက်ပေးပါ "
ဝိတ်တာမလေးကို မှာလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဘာကြောင့်မှန်းမသိပေမယ့် ကောင်းမြတ်ဟိန်းရဲ့စိတ်တွေက နဂိုထက် ပိုကြည်သွားခဲ့တာတော့ အမှန်ရယ်။
.
.
.
.
.
"့ ညစာလာပို့ပေးရမလား Leon "
" ရတယ် စစ် ... Leon က ညကျရင် ဘားသွားမှာ "
" ဟမ် . ဘားသွားမလို့ "
လက်တော့ပ်စခရင်မှာ မြင်နေရတဲ့ စစ်ရဲ့တအံ့တသြမျက်နှာကြောင့် Leon ရယ်လိုက်သည်။ ဒါပေါ့။ Leon အပြင်သွားမယ်ဆိုတော့ စစ်က အံ့သြနေမှာ။
" ဘယ်လိုသွားမှာလဲ Leon ... သွားတတ်လို့လား ... သွားချင်ရင် Dany ကိုခေါ်ခဲ့ပြီး လိုက်ပို့ပေးရမလား "
" နိုး စစ် ... ကိုယ့်ဘာသာသွားမှာ "
" ပြောပါဦး ... Leon မှာ အစီအစဉ်ရှိလို့လား "
" ဒါပေါ့ "
မျက်နှာကိုမော်ချီထားရင်း စခရင်မှာ မြင်နေရတဲ့ စစ်ကို ကြည့်လိုက်သည်။ ဘေးမှာချထားတဲ့ Mac Book ကို ကောက်ကိုင်လိုက်ပြီး Leon ရှာထားတာတွေကို စစ်ဘက်ကို လှည့်ပြလိုက်သည်။
" DELIGHT တဲ့ ... ကိုယ်နေတဲ့နေရာနဲ့မဝေးဘူး "
" အွန်း ... အဲ့တော့ Leon က ဘယ်လိုသွားမှာလဲ "
" တက်စီနဲ့လေ တက်စီ "
စစ်က Leon ကို ကြည့်ပြီးပြုံးသည်။ ဘာတွေများ သဘောကျသွားလို့လဲလေနော်။ Leon က ကလေးမှမဟုတ်တာ။ နည်းနည်းလေ့လာလိုက်ရင် နောက်ဆိုကိုယ့်ဘာသာ သွားတတ်သွားမှာ။
" အဆင်ပြေပါ့မလား Leon ရဲ့ "
" ဒါပေါ့ "
" သေချာလား "
" အို့ မေ့နေတာ ... Leon အဝတ်အစားလဲရဦးမယ် ... ဘိုင့်ဘိုင် စစ် ... နောက်မှတွေ့မယ် "
တကယ်လည်း Leon အင်္ကျီလဲဖို့ တက်ကြွနေပြီ။ စောသေးတယ်ဆိုပေမယ့် Munich ကနေ Leon ယူလာတဲ့ အင်္ကျီတွေအများကြီး။ ပြီးတော့ Daniel နဲ့ စစ်တို့လိုက်ပို့လိုက် Leon က ရှော့ပ်ပင်းလည်းထွက်ထားသေးတာ။ ရွေးစရာတွေသိပ်များနေတော့ Leon အခက်တွေ့တော့မှာ။
သီချင်းလေးညည်းရင်း ဘားသွားဖို့ အဝတ်အစားရွေးရတာ သိပ်ပျော်စရာကောင်းတာပဲ။
အနည်းငယ်ပွနေတဲ့ Leon ရဲ့ ဆံပင်လိမ်ကောက်ကောက်တွေကို သေသေချာချာပြင်ဆင်လိုက်ရင်း တစ်နေကုန်သေချာနေရာချထားတဲ့ အဝတ်ဗီရိုကို ဆွဲဖွင့်လိုက်သည်။
ရက်စ် ... ! ဒီနေ့ကတော့ Leon ရဲ့ နေ့ပဲ။
မနေ့က အနမ်းခံခဲ့ရတာတွေ၊ မနက်က ရေနဲ့မှုတ်ထုတ်ခံခဲ့ရတာတွေကို တမဟုတ်ချင်းမေ့သွားတဲ့ Leon က ကလေးလေးတွေလို အမှတ်သညာသိပ်နည်းတာပဲ။
.
တစ်ဖက်မှာတော့ ပိတ်ကျသွားတဲ့ ဗီဒိယိုကောလ်ကိုကြည့်ရင်း စစ်မင်းမှာ အပြုံးတွေမရပ်တန့်နိုင်ပေ။ Leon ကတော့လေ တကယ်ပါပဲ။
" ဘာတွေသဘောကျနေတာလဲ baby "
အနောက်ကရောက်လာတဲ့ Daniel က ထိုင်နေတဲ့စစ်မင်းရဲ့ခေါင်းလေးကို ငုံ့နမ်းရင်း ပါးချိုင့်လေးပေါ်လာအောင်ပြုံးသည်။
" Leon လေ ... ဒီည ဘားသွားမလို့တဲ့ "
" ဟမ် "
အံ့ဩသွားပုံရတဲ့ Daniel က တစ်ခဏတာပဲ အံ့ဩသွားပြီးနောက် ခေါင်းအသာရမ်းသည်။
" Leon ကတော့လေ "
" စိတ်ချရပါ့မလား Dany ... ကိုကိုတို့လိုက်သွားပေးကြမလား ... ဟင် ကလေးလေး ~ "
" Baby က အဲ့လိုနေရာတွေ သဘောကျလို့လား "
" ဟင့်အင်း ... ဒါပေမယ့် "
Daniel က ဘေးနားမှာထိုင်ရင်း စစ်မင်းကိုယ်လေးကို အသာထွေးဖက်လာသည်။
" Leon အဆင်ပြေသွားလိမ့်မယ် ... Baby က ကိုယ်နဲ့နေလေ "
" ကလေးလေးကတော့လေ "
Daniel ရင်ခွင်ထဲကို တိုးဝင်လိုက်ရင်း စစ်မင်း အားရပါးရပြုံးလိုက်သည်။ Daniel လေးကိုဖြင့် ချစ်လိုက်ရတာ။
နေ့ရက်တိုင်းပိုလို့ပိုလို့ တိုးပြီးတော့ကို ချစ်နေမိတာ။ Daniel ကလည်း စစ်မင်းကို သူမတူအောင်ချစ်ပေးသည်။ ချစ်သူသက်တမ်းက ဘယ်လောက်မှမကြာသေးပေမယ့် အချိန်တွေဘာကြောင့် လိုနေဦးမှာလဲ။
စစ်မင်းသိပ်ချစ်ရသူက Daniel ဖြစ်နေဖို့ပဲလိုတာ။
____________
To be continue ...
24th October,2021(Sun)
call_me_Tylor