01

5.2K 241 32
                                    

[Zawgyi]

ခပ်ဖြည်းဖြည်းအရှိန်နဲ့ သွားနေတဲ့ကားလေးပေါ်မှာ Leon နဲ့ စိမ်းသက်လွန်းလှတဲ့ ပတ်ဝန်းကျင်အနေအထားကို ကားထဲကနေ မလွတ်တမ်းငေးရင်းပါလာခဲ့သည်။ မြင်မြင်ရသမျှတိုင်းက Munich မှာလိုတော့မဟုတ်ပေမယ့် Leon အတွက်ကတော့ အကြည့်မလွှဲချင်စရာ အသစ်အဆန်းတွေကြည့်ပဲ။

" Daniel ~ Daniel ... "

အသံပြုလိုက်တော့ ကားမောင်းနေတဲ့ Daniel နဲ့ ဘေးမှာထိုင်နေတဲ့ စစ်မင်းက Leon ရှိလာအနောက်ဖက်ကို လှည့်ကြည့်လာသည်။ Daniel က သူ့မူပိုင်အတိုင်း ပါးချိုင့်လေးပေါ်အောင်ပြုံးပြရင်း လှည့်ကြည့်တာမလို့ Leon က ပြန်ပြုံးပြလိုက်တော့ ဘာလဲဆိုတဲ့အနေနဲ့ Daniel က မေးဆတ်ပြလာသည်။

" ဟိုဟာဘာလဲ ... "

" ဟမ် ဘယ်ဟာ "

ကားအပြင်ဘက်ကို Leon က လက်ညှိုးထိုးပြလိုက်တော့ Daniel က လိုက်ရှာတယ်။ Leon က ဂျာမန်ဘာသာစကားနဲ့ ပြောလိုက်တာမလို့ နားမလည်ရှာတဲ့ စစ်မင်းကတော့ အူတူတူမျက်နှာလေးနဲ့ Daniel ကြည့်တဲ့နေရာကို လှမ်းကြည့်တယ်။

မျက်စိရှေ့က ချစ်သူနှစ်ယောက်ကိုကြည့်ရင်း Leon ပြုံးမိတယ်။ ဘယ်လောက်တောင်မှ လိုက်ဖက်တဲ့အတွဲလေးလဲ။ လိမ္မာတဲ့ Leon လေးက Daniel ကို လက်လွှတ်ပေးခဲ့တာ သိပ်သိပ်မှန်။

" လှည်းသေးသေးလေးလား "

" အွန်း "

" ကိုယ်လည်းမသိဘူး "

အနက်ရောင်လှိုင်းတွန့်ဆံပင်တွေထဲ လက်ထည့်ပြီးကုတ်နေတဲ့ Daniel က တကယ်မသိပုံရတာကြောင့် Leon အကူအညီတောင်းစရာက စစ်မင်းပဲကျန်တော့တယ်။

" ဟိုလှည်းလေးကိုပြောတာ စစ် ~ "

" အာ ... သိပြီ "

Leon က အင်္ဂလိပ်လိုပြောလိုက်တော့မှ စစ်မင်းက ခေါင်းတစ်ချက်ညိတ်ပြပြီး အပြင်ကိုထပ်လှမ်းကြည့်တော့တယ်။

" အအေးတွေရောင်းတာ Leon ရဲ့ ... သောက်ချင်လို့လား "

" အွန်း ... I´m boiling ~ "

Leon စကားကြောင့် စစ်မင်းက အားရပါးရကို ပြုံးတော့သည်။ Daniel က တုန်နေအောင်ချစ်တာလည်း မပြောနဲ့။ ဒီအမျိုးကောင်းသားက ရယ်တာတောင် Daniel မပြောနဲ့ Leon ကိုပါ အသည်းတယားယားဖြစ်အောင် ရယ်တတ်လွန်းသည်။

ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]Where stories live. Discover now