15

1K 123 19
                                    

[Zawgyi]

" မာမီရေ့ ... "

လူမမြင်ရသေးခင် ကြားလိုက်ရတဲ့ အသံစူးစူးကလေးကြောင့် Mrs.Colliawell က တစ်ဖက်ကိုလှည့်လို့ ခိုးပြုံးရသည်။ ပေါ်ပေါ်ထင်ထင် ပြုံးလို့ကတော့ဖြင့် မဖြစ်နိုင်သေး။ အိမ်ကနေ အိမ်ပြေးလေးလုပ်နေတဲ့ သားငယ်လေးကို အနည်းငယ်တော့ စိတ်ကောက်ရပါဦးမည်။

" မာမီရောက်တာ မြန်လိုက်တာ "

အနားကို အပြေးလေးရောက်လာတဲ့ သားငယ်လေးက ဆံပင်လိမ်လိမ်လေးတွေလည်း ဖွာလန်ကြဲလို့။ ချွဲချင်နေတဲ့သားငယ်လေးက Mrs.Colliawell ရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်လာသည်။

" လေဆိပ်ကို လာကြိုတော့ဖြင့် မလိုက်ခဲ့ပဲနဲ့ ... အခုမှချွဲနေတာ ဘာသဘောလဲ Leon Colliawell "

" ဒယ်ဒီက ထားခဲ့တာကို "

သူ့ဒယ်ဒီကို မျက်စောင်းလေးရွယ်ရင်း ပြောနေပုံက Mrs.Colliawell အတွက် ချစ်မဝချင်စရာ။

" မာမီက ဒီမှာနေမလို့လား "

" အားလပ်ရက်လေ "

" ဟာ ! ဒယ်ဒီနဲ့မာမီက အားနေတာလား ... ဟန်းနီးမွန်း ထွက်ကြပြန်ပြီလား "

Leon ရဲ့စကားကို မာမီက ရယ်သည်။ ဘေးမှာထိုင်နေတဲ့ ဒယ်ဒီကတော့ မာမီပြုံးတာကို ငေးနေရင်း လိုက်ပြုံးရှာသည်။ ဟွန့် ! သူတို့တွေများ Leon ရှေ့မှာ မိုးမမြေလေမမြင် ချစ်နေလိုက်တာနော်။

" ဒယ်ဒီက ငွေမရှာတော့ဘူးလား "

" ဟင် ... အဟမ်း ! "

ကြောင်အမ်းအမ်းဖြစ်သွားတဲ့ ဒယ်ဒီက Leon အမေးကို ပြန်မဖြေပဲ ချောင်းဆိုးသည်။ တမင်သတ်သတ် ချောင်းဆိုးတာမှန်း Leon သိသားပဲ။

" မရှာတော့ဘူး ... မွဲသွားရင် မင်းက လမ်းဘေးထွက်နေ "

" ဟာ ဒယ်ဒီက အဲ့လိုလား "

ဆိုဖာပေါ်ကို ဘုတ်ခနထိုင်ချပစ်ရင်း ရှုံ့မဲ့မဲ့လုပ်နေတဲ့ သားငယ်ရဲ့ မျက်နှာလေးက ချစ်စဖွယ်။ Mr.Colliawell နဲ့ Mrs.Colliawell က Leon လေးရဲ့ မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်။

" ဘယ်မှာလဲ ... ဟိန်းဆို ... သူရော "

Mrs.Colliawell က မေးလိုက်တော့ Leon က ပယင်းရောင်မျက်လုံးလေးတွေနဲ့ ဝင့်ကြည့်လာသည်။ မရယ်မပြုံးမျက်နှာဖွေးဖွေးလေးက သူ့ဒယ်ဒီကို စွေစောင်းကြည့်နေပြီး အကြည့်တွေက ဒယ်ဒီပြောပြလိုက်တာလားဆိုသည့် သဘော။

ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]Место, где живут истории. Откройте их для себя