04

1.1K 137 4
                                    

[Zawgyi]

" မနက်ဖြန်ပိတ်ရက်ဆိုတော့ ဒီညနေဝိုင်းကြမလား "

အဖွဲ့ထဲကလူတစ်ယောက်ရဲ့ ဆော်ဩသံကြောင့် ကောင်းမြတ်ဟိန်းတို့အဖွဲ့ထဲက လူတော်တော်များများက တက်တက်ကြွကြွဖြစ်ကုန်ကြသည်။ ကောင်းမြတ်ဟိန်းကတော့အလုပ်ကိုရောက်ကတည်းက စိတ်ရောလူရော မလန်းဆန်းတာကြောင့် နားထောင်နေရုံသာရှိသည်။

" ကိုကောင်းမြတ်ဟိန်းရောလိုက်ခဲ့နော် ... ဒါပေမယ့် ကိုယ့်စရိတ်ကိုယ်စိုက် "

ထိုစကားကြောင့် ကောင်းမြတ်ဟိန်းလည်းပြုံးမိပြီး တစ်ဖွဲ့လုံးကလည်း တဝါးဝါးနဲ့ပွဲကျကုန်ကြသည်။

" သွားကြပါဗျ ... ကိုယ်မလိုက်တော့ဘူး ... နည်းနည်းပင်ပန်းနေလို့ "

ကောင်းမြတ်ဟိန်းရဲ့အငြင်းစကားကြောင့် နှာခေါင်းရှုံ့သူကရှုံ့ အတင်းခေါ်ဖို့ ဟန်ပြင်နေသူကပြင်နှင့်။ ရုံးဆင်းတာနဲ့ ချက်ချင်းထပြေးဖို့ တွေးထားလိုက်သည်။

" အိမ်မှာမျှော်နေမယ့် မဒီလေးရှိတာလည်း မဟုတ်ပဲနဲ့ဗျာ ... လိုက်ခဲ့ပါ ဆရာကလည်း "

" အဲ့လိုမဟုတ်ပါဘူးဗျာ ... ကိုယ်နေလည်းသိပ်မကောင်းချင်လို့ ... ခေါင်းလည်းမကြည်ဘူးလေ "

" အဲ့တာဆိုလည်း နောက်တစ်ခေါက်ပေါ့ဗျာ "

နေမကောင်းဘူးပြောလိုက်ကာမှ လက်လျော့သွားကြတဲ့ လက်အောက်ငယ်သားတွေက သူ့အလုပ်နဲ့သူ အလျှိုလျှိုလုပ်ကုန်ကြတော့သည်။

.
.
.

မြူးမြူးကြွကြွသီချင်းသံတွေနှင့် ပြည့်လျှံနေတဲ့နေရာက Munich မှာ Leon သွားနေကျနေရာတွေလိုတော့ အရမ်းတွေပြည့်စုံမနေပေမယ့် ပျော်ရွှင်ခုန်ပေါက်နေကြတဲ့ လူတွေကိုကြည့်ရင်း Leon လည်း ပျော်လာသည်။

ထောင့်တစ်နေရာမှထိုင်ကာ ကော့တေးတစ်ခွက်ကို ဇိမ်ခံသောက်နေရင်း Leon ကိုယ်လေးကို သီချင်းသံတွေနဲ့အပြိုင် စည်းချက်ကျကျ လှုပ်ရှားနေလိုက်သည်။ အခုက သွေးပူလေ့ကျင့်ခန်းလေးရယ်။ နောက်ကျမှ Leon အပျော်ကြီးပျော်ပစ်မှာ။

" တစ်ယောက်တည်းလား "

အနားရောက်လာတဲ့ လူစိမ်းတစ်ယောက်က Leon ကို စကားလာပြောတာကြောင့် ပြန်မဖြေသေးပဲ မျက်လုံးတွေကိုမှေးစင်းပြီး စိုက်ကြည့်လိုက်သည်။ ထိုလူက လက်ထဲမှာကိုင်ထားတဲ့ အရက်ခွက်ကိုမြှောက်ပြလာတာကြောင့် Leon လည်း ခေါင်းညိတ်ပြလိုက်သည်။

ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]Where stories live. Discover now