07

1K 126 13
                                    

[Zawgyi]

" ဟင်းတွေထည့်စား ကလေးလေး "

" ဟုတ်ကဲ့ စုစု "

များသောအားဖြင့် Leon က မနေတတ်မထိုင်တတ်နဲ့ ရှက်တတ်တဲ့သူမဟုတ်ပေမယ့် စုစုတို့သားအမိနဲ့ ညစာစားရတဲ့အခါမှာတော့ နေရခက်လှသည်။ စုစုက Leon ပန်းကန်ထဲကို ဟင်းတွေထည့်ပေးနေပေမယ့် ဘေးမှာထိုင်နေတဲ့လူကြီးက စကားလည်းမပြောပဲ ခပ်တည်တည်နဲ့ထိုင်နေသည်။

ဘာလို့လဲ။ Leon ထမင်းလာစားတာကို မကြိုက်လို့လား။ Leon က အကြိုက်ဆုံးချောကလက်တွေတောင် ပေးထားတာကို။

" ကလေးလေး အနေခက်အောင် ရုပ်တည်ကြီးနဲ့ မနေနဲ့လေ သားရဲ့ ... ကလေးလေးက မင်းကိုကြည့်ပြီး နေရခက်နေပုံပဲ "

" နည်းနည်းစိမ်းနေလို့နေမှာပါ မေရဲ့ "

ဒေါ်မြတ်စုမေမှာ သားဖြစ်သူကိုလည်းပြောရင်း မျက်စိရှေ့က သေးသေးလေးကိုကြည့်ရင်း ပြုံးမိသည်။ ဘာတွေစားထားလို့ အနေခက်နေပုံလေးကအစ ချစ်ဖို့ကောင်းနေရတာလဲ။

" ကလေးကို ဟင်းတွေထည့်ပေးလိုက် သား "

" ဟုတ်ကဲ့ "

စားလက်စဇွန်းကိုအောက်ချလို့ မေမေ့သဘောအတိုင်း ကောင်းမြတ်ဟိန်းက ဟင်းခွက်ထဲက ပုစွန်ထုပ်ကြီးကြီးကို ဘေးကနှံပြည်စုတ်လေးရဲ့ ပန်းကန်ထဲခပ်ထည့်ပေးလိုက်သည်။

" တော် . တော်ပြီ ဟိန်း ... Leon က အများကြီးမစားနိုင်ဘူး "

ဟင်းတွေတစ်မျိုးပြီးတစ်မျိုး ထည့်ပေးနေတဲ့ ကောင်းမြတ်ဟိန်းကြောင့် နှံပြည်စုတ်လေးက ခြေခါလက်ခါနဲ့ငြင်းသည်။ နိုင်ငံခြားသားလေးဆိုတော့ မြန်မာချက်ဆီများတဲ့ဟင်းတွေကို သိပ်မစားတတ်ဘူးထင်ပါ့။

" ဟို . Leon ဒီဟင်းတွေကိုကြိုက်ပါတယ် ... အရမ်းအရသာရှိတယ် ... အများကြီးမစားနိုင်လို့ "

" မင်းကိုယ်လေးက အစားမစားလို့ ပိစိလေးဖြစ်နေပြီ ... များများစား Leon "

" ဟမ့် "

ကောင်းမြတ်ဟိန်းကတော့ နှံပြည်စုတ်လေးကို ထမင်းများများမစားရင်တောင် မေမေချက်ထားတဲ့ ဟင်းတွေကိုတော့ များများစားစေချင်သည်။ ဘာလို့လဲဆိုတော့ အလုပ်တွေများလို့ တစ်ခါတရံမှသာ ဟင်းချက်တတ်တဲ့မေမေက ဟင်းချက်ရင်လည်း အရမ်းစားကောင်းလို့ဖြစ်သည်။

ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]Where stories live. Discover now