18

1K 111 10
                                    

[Zawgyi]

" အစွန်းတွေထိ မသွားရဘူးလို့ ပြောထားတယ်လေ အီယွန်း ... "

ခပ်ဆတ်ဆတ်ပြောလိုက်ကာမှ အဖျားနားထိ တိုးကပ်သွားနေတဲ့ ခြေလှမ်းလေးတွေက တုံ့ခနဲရပ်သွားသည်။ ကောင်းမြတ်ဟိန်းကို လှည့်ကြည့်လာတဲ့ မျက်နှာနုနုလေးက ဆူပုပ်ပုပ်နဲ့ရယ်။

" အမြင့်ဆိုတော့ လေအရမ်းတိုက်တယ်လေ ကလေးရယ် ... ပြီးတော့ နေအရမ်းပူနေတယ်လေ ... အောက်ကိုကြည့်နေရင်း ခေါင်းမူးသွားပြီး ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ "

" မကျပါဘူး ... "

ပြန်‌ဖြေလာတဲ့အသံလေးက သွားချင်တိုင်းမသွားရလို့ မကြည်မသာဖြစ်နေတာ သိပ်ကိုသိသာတာပဲ။ ကောင်းမြတ်ဟိန်းမှာ အသည်းယားလှတာကြောင့် နေအပူရှိန်ကြောင့် ရဲစွေးနေတဲ့ ပါးပြင်အုအုလေးကို ဆွဲညှစ်ပစ်လိုက်သည်။

" အာ ... နာတယ်လို့ ဟိန်း ... "

" ချစ်ဖို့ကောင်းလိုက်တာကွာ "

" Leon ကို ဓာတ်ပုံရိုက်ပေး "

" အိုကေဗျာ "

‌Leon မြင်နေရတဲ့ ပတ်ပတ်လည်က ရှုခင်းတွေကိုကြည့်ရင်း သဘောတကျနဲ့ လက်နှစ်ဖက်ကိုဆန့်တန်းရင်း တိုက်ခတ်လာတဲ့လေးတွေကို တစ်ဝကြီးရှူသွင်းပစ်လိုက်သည်။ အခု Leon တို့က ပုဂံမှာ။ ရောက်တဲ့တဲ့နေရာကို ဟိန်းက ပြောပြပေမာ့် Leon မေ့သွားပြီရယ်။ Leon တို့ ဘုရားပေါ်ကိုတက်လာတာ လှေကားတွေကမတ်စောက်ပြီး လေအရမ်းတိုက်နေတာမလို့ ဟိုးထိပ်ထိတက်ချင်တာတောင် ဟိန်းက အန္တရာယ်များတယ်ဆိုလို့ မတက်ခဲ့ရဘူး။

" ဒီကိုကြည့် အီယွန်း "

" အို့ကေ ... "

နှာခေါင်းပေါ်ကနေ လျောကျနေတဲ့ နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း ဟိန်းကို ပြုံးပြလိုက်သည်။ နေပူတာကြောင့် Leon နဖူးကနေ ချွေးတွေစီးကျနေပေမယ့် ဓာတ်ပုံရိုက်ရဦးမယ်လေနော်။

" ရပြီ ... ဒီဘက်အရိပ်ထဲက လာခဲ့ အီယွန်း ... အဲ့နားက နေပူတယ် "

" အွန်း ... "

ခေါ်လိုက်ပြန်တော့လည်း ကောင်းမြတ်ဟိန်းနားကို နှံပြည်စုတ်ကလေးက လှုပ်စိလှုပ်စိနဲ့ ရောက်လာပြန်သည်။ မျက်နှာတစ်ဝက်လောက်ဖုံးနေတဲ့ နေကာမျက်မှန်ကြီးနဲ့ အီယွန်းလေးက မျက်နှာကို ပင့်ပင့်တင်ရင်း လက်တစ်ဖက်က ကောင်းမြတ်ဟိန်းရဲ့ လက်မောင်းကို လာဆွဲသည်။

ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]Where stories live. Discover now