[Zawgyi]
" ဟိန်း ... ရပ်ပါဦး ... ဟိုမှာ ဟိုမှာ "
"အမ် ... ဘာလဲ ကလေးလေး ... ပြောလေ "
Ebike မောင်းနေတုန်း အနောက်ကနေ ခါးနားက အင်္ကျီစကိုဆွဲလှုပ်ကာ ခေါ်လာတဲ့ အီယွန်းလေးကြောင့် ကောင်းမြတ်ဟိန်းမှာ ebike ကို အလျင်အမြန်ရပ်လိုက်ရသည်။
" ဟိုဟာ ... အီယွန်း အဲ့တာစားချင်တယ် "
လက်ညှိုးသေးသေးလေး ညွှန်ပြရာကို လှမ်းကြည့်လိုက်တော့ လမ်းထောင့်မှာရောင်းနေတဲ့ ပုစွန်ကြော်ဖြစ်သည်။
" အဲ့တာတွေ မစားရဘူးနော် ကလေးလေး ... ဗိုက်နာမယ် "
" မနာပါဘူး "
ပြန်ဖြေလာတဲ့ အသံလေးက ဂျစ်တစ်တစ်ကလေးမလို့ ကောင်းမြတ်ဟိန်း ပြုံးလိုက်သည်။
" မနာလည်း မစားရဘူး "
" ဟာ ... အင့် ...! "
" အယ် ... နာတယ်လေ ကလေးရဲ့ "
အလိုမကျရှာတော့ ကောင်းမြတ်ဟိန်းရဲ့ကျောကို လက်သီးဆုပ်သေးသေးလေးနဲ့ ထုသည်။ အရမ်းနာတာမျိုးတော့ မဟုတ်ပေမယ့် လက်သေးသေးလေးတွေမလို့ နာကျင်မှုက ခပ်ဆဆရယ်။
" စားချင်လို့ "
ကောင်းမြတ်ဟိန်းတို့အခြေအနေက လမ်းဘေးနားမှာ။ ကောင်းမြတ်ဟိန်းက ebike ပေါ် ခွလျက်သားနဲ့ နောက်က အီယွန်းလေးကို လှည့်ကြည့်ပြီး စကားပြောနေရသည်။
" နော် ... ဟိန်း ... "
" မရဘူးကွာ "
ခွေးပေါက်ကလေးတွေလို အရည်လဲ့နေတဲ့ ပယင်းရောင် မျက်လုံးလေးတွေကြောင့် ကြာရင် ကောင်းမြတ်ဟိန်း အရည်ပျော်တော့မှာ။ ဘယ့်နှယ် ... ဒီကလေးဟာ ကောင်းမြတ်ဟိန်းကို သိပ်ကိုနိုင်စားလွန်း။
" ဟင့် ... "
Leon က ဟိန်းရဲ့ ကျောပြင်ကို နဖူးလေးနဲ့တိုက်လိုက်ပြီး ခါးကိုလည်း တင်းနေအောင် ဖက်ထားလိုက်သည်။ Leon စားချင်ပါတယ်ဆိုနေမှ။
" ဒီတစ်ခါတော့ အလိုမလိုက်ဘူးနော် အီယွန်း ... မတည့်ပါဘူးဆိုနေ "
" တည့်တယ် "
ဒီကလေးဟာလေ ... ကောင်းမြတ်ဟိန်းကတော့ ခေါင်းသေးသေးလေးကို ခွပ်ကနဲနေအောင် ခေါက်ပစ်မိတော့မှာပဲရယ်။ မကျွေးချင်လို့တော့ မဟုတ်ပေမယ့် တစ်ခါတလေ ပုစွန်ကြော်တွေက မလတ်တာမျိုးဖြစ်နေရင် စားဖူးနေကျမဟုတ်တဲ့ အီယွန်းလေး ဗိုက်နာမှာစိုးတာကြောင့်။ ကောင်းမြတ်ဟိန်းကသာ စိုးရိမ်နေပေမယ့် ငဆိုးလေးက ဂျစ်တိုက်နေပြန်ပါတယ်။
YOU ARE READING
ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]
Romanceကိုယ်က မင်းအပိုင်ပဲ အီယွန်းလေး ... ကိုယ်က မင်းအပိုင်ပဲ အီယွန်းလေး ...