05

1.1K 144 13
                                    

[Zawgyi]

ကောင်းမြတ်ဟိန်းရဲ့ ကုတင်ခေါင်းရင်းမှာ မှီထိုင်နေတဲ့မေမေ့ကို ရေတစ်ခွက်ကမ်းပေးလိုက်ရင်း သက်ပြင်းချလိုက်မိသည်။ ညစာစားပြီးတော့ အလုပ်လုပ်စရာရှိတာတွ လုပ်ဖို့ပြင်နေတုန်း တံခါးဘဲလ်သံကြားလိုက်ရတော့ အံ့သြသွားခဲ့တာ။ တံခါးဖွင့်လိုက်တော့ အဖြူရောင်နှံပြည်စုတ်လေးကို တွေ့လိုက်ရတော့ အံ့သြရတာနှစ်ဆ။ ဘေးမှာ နေကောင်းပုံမရတဲ့ မေမေ့ကို တွေ့တော့မှသာ ထိုကောင်လေးက ကူညီပေးထားမှန်း သဘောပေါက်တော့သည်။

" ဘယ်လိုဖြစ်တာလဲ မေမေရယ် ... ညကြီးမိုးချုပ်ကြီး "

" ဆိုင်ကနေအပြန် နောက်ကျနေတာသားရယ် ... ဒီနေ့မှ မေမေ့ဒရိုင်ဘာကလည်း ခွင့်ယူသွားတော့ ကိုယ့်ဘာသာပြန်လာတာ ... သွေးတိုးတယ်ထင်ပါတယ် ... အရမ်းမူးလာလို့ သားအိမ်နားရောက်နေတာနဲ့ လာလိုက်တော့တာ ... ဟိုကလေးက ကူညီပေးတာပဲ "

" သားကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး "

" ဆက်ဖို့ကို သတိမရတော့ပါဘူးကွယ် ... ဟိုကလေးလေးက မေမေ့ကို ကူတွဲပေးရှာတယ် ... နိုင်ငံခြားသားလေးပေမယ့် လူမှုရေးသိတတ်တယ် "

ကောင်းမြတ်ဟိန်းမှာ မေမေ့စကားကို နားထောင်ရင်း ထိုနှံပြည်စုတ်လေးက ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲလို့သာ တွေးမိသည်။

" လှဲနေလိုက်နော် မေမေ ... ဘာစားဦးမလဲ "

" တော်ပါပြီ ... နားလိုက်တာ မေမေသက်သာတယ် "

" သားအပြင်ကို သွားလိုက်ဦးမယ်နော် "

" အေးအေး "

မေမေ့ကို ကုတင်ပေါ်မှာ လှဲစေလိုက်ကာ စောင်အပါးလေးကို သေချာခြုံပေးခဲ့လိုက်ပြီး အိမ်ရှေ့ခန်းကို ထွက်လာခဲ့သည်။ အိမ်ရှေ့ခန်းကိုရောက်တော့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ နှံပြည်စုတ်လေးက ကောင်းမြတ်ဟိန်းကို မော့ကြည့်သည်။

" အာ ... ကိုယ်မေ့သွားတာ ... ဘာသောက်မလဲ "

" ရပါတယ် "

ဘာမှမဧည့်ခံထားတာ သတိရသွားတာကြောင့် ကောင်းမြတ်ဟိန်းက အားနာနာနဲ့ပဲမေးလိုက်တော့ ခေါင်းရမ်းပြရင်းဖြေသည်။ သို့ပေမယ့် ကောင်းမြတ်ဟိန်းကအိမ်ရှင်မလို့ မီးဖိုခန်းထဲကို အပြေးသွားလိုက်ရင်း အအေးတစ်ခွက် စီစဉ်ရသည်။

ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]Where stories live. Discover now