13

1K 131 21
                                    

[Zawgyi]

" ကောင်းသောညပါ အီယွန်းလေး "

" အွန်း ... "

ကောင်းမြတ်ဟိန်းစကားကို ခေါင်းလေးတဆတ်ဆတ်ညိတ်လို့ ပြန်ဖြေရှာတဲ့ ကလေးငယ်ကြောင့် စိတ်လိုလက်ရ ပြုံးလိုက်မိသည်။

" ဝင်တော့နော် ... နောက်နေ့မှတွေ့မယ် "

ကောင်းမြတ်ဟိန်းက ပြောနေသည့်တိုင် ကောင်ငယ်လေးက ဂျစ်ကန်ကန်ရုပ်ကလေးနဲ့ ဆွဲထားသည့် လက်တစ်ဖက်ကို လွှတ်မပေးသေး။ ဘယ်ညာရမ်းခါနေရင်း ပယင်းရောင် မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်နေတာကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။

" မွေးနေ့လက်ဆောင် ထပ်ပေးပါလား "

" အဟား ... "

ချစ်တယ်ကြိုက်တယ် မပြောရပါပဲ ကောင်းမြတ်ဟိန်းက ချစ်ရသလို ဒီကလေးက ကောင်းမြတ်ဟိန်းကို တွယ်တာတာလည်း သိသည်။

" မရဘူး ... မွေးနေ့လက်ဆောင်က ကန့်သတ်ထားတယ် ... Limited edition "

" အကျင့်ပုပ်လိုက်တာ "

နှာခေါင်းလေးရှုံလို့ပြောလာတဲ့ Leon ငယ်က ချစ်စဖွယ်။ မျက်ခုံးတန်းပါးပါးလေးကိုလည်း အတင်းအကြပ် ကျုံ့ထားလိုက်တာများ နဖူးကအရေပြားလေးတွေလည်း တွန့်လို့။

" ပေးပြီးသားပဲကို မင်းက လောဘသိပ်ကြီးတာပဲ အီယွန်း ... ဟွန် ~ "

" ဟိန်းလည်း ကပ်စေးကုတ်နေတာပဲလေ "

" ဘာလို့ သိပ်ချစ်ဖို့ကောင်းရတာလဲ အီယွန်း ~ "

ကောင်းမြတ်ဟိန်းရဲ့အမေးကို ပြန်မဖြေတဲ့ကောင်လေးက မျက်လုံးဝိုင်းလေးတွေကို ပိတ်သည်အထိ ရယ်ပြသည်။ ချစ်လှစွာပင် ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးကို လက်ဖဝါးတွေနဲ့ ပင့်ယူလိုက်တော့ ကောင်းမြတ်ဟိန်း မျက်နှာနားကို မော့မော့ကလေးပါလာသည်။

" နှာခေါင်းလေးက ဘာလို့ရဲနေတာလဲ "

" ဟမ့် ... ရဲနေတာလား "

နှာခေါင်းလေးရဲ့ ဘေးဘယ်ညာ ပါးပြင်ဖွေးဖွေးမှာ အညိုရောင် အစက်ငယ်ရေးတေးတေးလေးတွေကလည်း ချစ်စဖွယ်။ အသည်းယားစရာပင်။ ကော့တက်နေသည့် နှာခေါင်းလေးကို ဖိကိုက်ပစ်တော့ လက်သေးသေးလေးတွေက ကောင်းမြတ်ဟိန်းရဲ့ လက်မောင်းတွေကို ထုရိုက်လာသည်။

ɴᴏᴡ ʏᴏᴜ ɢᴏᴛ ᴍᴇ [ ᴄᴏᴍᴘʟᴇᴛᴇᴅ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ