Uni
ကြီးမားသော ခြံကြီးရှေ့တွင် မိန်းကလေးတစ်ယောက်ရပ်နေလေသည်။
သူမဟာ တွေဝေမှုတွေကို လျစ်လျူရှုကာ သက်ပြင်းတစ်ချက် ချလေသည်။
ထို့နောက် ထိုအိမ်ကြီးထဲသို့ တစ်လှမ်းခြင်း.....
ခွန်းနဲ့ လုံးဝ မရင်းနှီးသော နေရာတစ်ခုသို့ ခွန်းရောက်နေပါသည်။
အထက်တန်းဆန်ပြီး သေသပ်လှပသော အဆောင်အယောင် အပြင်အဆင်တွေက ခွန်းရဲ့ အဆင့်အတန်းကို ကိုယ်တိုင် ပြန်၍ သတိချပ်မိစေသည်။
ထိုအရာတွေကိုလည်း လျစ်လျူရှုလျက် ထိုအိမ်ကြီး အတွင်းသို့......
ဧည့်ခန်းအတွင်း မိသားစု စုံလင်လှသည်။
သူကိုယ်တိုင်လည်း အကြောင်းအရင်းကိုမသိ။
သူ့ယောက်ျားက လူစုစေခြင်း
ပြောစရာတစ်ခု ရှိဟန်တူသည်။
ထိုအချိန် အိမ်ထဲသို့ ဝင်လာသော မိန်းကလေးက သူတို့တွေကို ငေးမောစေသည်။
ရိုးရှင်းလှပသော မြန်မာဝတ်စုံ အဖြူရောင် ရင်ဖုံးလေးကို ဝတ်ဆင်ထားသည်။
ရှည်လျားသော ဆံပင်တို့ကို လှပသော ဆံညှပ်တစ်ခုဖြင့် တစ်ဝက်ညှပ်ကာ အောက်သို့ ချထားသည်။
ဘာလက်ဝတ်တန်ဆာမှ ဝတ်မထားပဲ နားကပ်တစ်ရံနဲ့ လက်ပတ်နာရီ တစ်လုံးသာ ဝတ်ဆင်ထားသော မိန်းကလေးက ရှင်းလင်းလှပစွာ ကျက်သရေ ရှိလှသည်။
"ထိုင်ပါ သမီး"
ဦးမင်းခန့်ကတော့ ဖော်ရွှေစွာပင် မျက်နှာပူပူနဲ့ နှုတ်ဆက်ရသည်။
ကျန်လူများကတော့ အခြေအနေကို အလုံးစုံနားမလည်နိုင်သေး။
"ကျေးဇူးပါ ဦး"
ခွန်း အရှေ့သို့ ဝင်ထိုင်လိုက်ပါသည်။
တကယ်တော့ ဒီအခြေအနေဟာ ခွန်းအတွက် အဆင်မပြေလှပါ။
ရှက်သည် မျက်နှာပူသည် ကြောက်ရွံ့သည် နာကျည်းသည်။
ဒါပေမယ့် ရင်မဆိုင်၍လည်းမဖြစ်။
"ကျွန်မနာမည် ခွန်းသံသာချိုပါ
အခုလို အကြောင်းမကြားပဲ ရုတ်တရက်ကြီး ရောက်လာရတဲ့အတွက် ကျွန်မ တကယ် တောင်းပန်ပါတယ်
ကျွန်မ......."
စီလာသော စကားလုံးတွေကလည်း နှုတ်က ထွက်ရန် ခက်ခဲလှပါသည်တလား....
"ကျွန်မ ဦးတို့ အန်တီတို့နဲ့ တွေ့ချင်လို့ပါ"
"ဘာအတွက် တွေ့ချင်တာလဲ"
မောင့်မေမေက တင်းမာလွန်းသော မျက်နှာထားနှင့်ပင် မေးသည်။
ခွန်း အသက်ဝအောင်မနည်းရှုနေရသည်။
ခွန်း ဘယ်လိုပြန်ဖြေရပါ့မလဲ။
ခွန်းရဲ့ နေရခက်နေသော အခြေအနေကို မောင့်ဘဘက ဝင်ကယ်တင်ပေးလေသည်။
"ခန့်ညားအခြေအနေရော တိုးတက်ရဲ့လား သမီး
သမီးကြောင့် ခန့်ညားအများကြီး သက်သာလာတယ်
သေချာ ကျေးဇူးတင်စကားတောင် မပြောရသေးဘူး"
"ဟုတ်
သူ့အခြေအနေ အများကြီး သက်သာလာပါတယ်"
"တော်သေးတာပေါ့ကွယ်"
"ဟုတ်တယ် သမီးကျေးဇူးကြောင့် သားအများကြီး သက်သာလာတာ"
မောင့်ဖေဖေကပါ ဝင်ပြောလေသည်။
"ခွန်းသံသာချို မင်းမှာ ပြောစရာတစ်ခုခုများ ရှိသေးလို့လား"
"ကျွန်မ......."
ခွန်းသံသာချို နင်လုပ်နိုင်ပါတယ်
ဟုတ်တယ် မောင်.... မောင်...သာ အရေးကြီးဆုံး
မောင့်ကို သိပ်ချစ်တယ်မလား
မောင်နဲ့ တစ်သက်လုံး ကုန်ဆုံးချင်တယ်မလား
လုပ်နိုင်တယ်
တစ်ခါလောက်ပဲ စိတ်ရင်းနဲ့
ကျန်တာတွေကို လျစ်လျူရှုလိုက်....
စိတ်ကို အတက်နိုင်ဆုံးလျော့ကျကာ
အသက်ကို ဝဝ ရှုလိုက်ပါသည်။
"ကျွန်မ အရင်ဆုံး တကယ်တောင်းပန်ပါတယ်
ကျွန်မကြောင့် သူဒီလိုဖြစ်သွားတာ တကယ် စိတ်မကောင်းပါဘူး
လူကြီးတွေကို စိတ်မချမ်းသာအောင် လုပ်မိတဲ့အတွက်ရော
ပင်ပန်းအောင် လုပ်မိတဲ့အတွက်ရော ကျွန်မ တကယ် အနူးအညွတ် တောင်းပန်ပါတယ်"
ဒီ မိန်းကလေးက သူတို့ရှေ့မှာ တောင်းပန်နေသည်တဲ့လား
အပြစ်ဟု ဆိုနိုင်သော်လည်း လုံးစုံ သူ့အမှားချည်းပဲတော့ မဟုတ်
လူငယ်တစ်ယောက်က အမှားဟုမဆိုနိုင်သော အမှားတစ်ခုအတွက် တောင်းပန်နေခြင်းကြောင့်
လူကြီးတွေအနေနဲ့ နေရခက်လှသည်။
"ကျွန်မ......
ကျွန်မ.... သူ့ကို လက်မလွတ်နိုင်ဘူး
အဲ့ဒီအတွက်လည်း တောင်းပန်ပါတယ်
ဒီလိုပြောတဲ့အတွက် ကျွန်မကို အချစ်တစ်ခုတည်းကို ရှေ့တန်းတင်ပြီး စဥ်းစားဥာဏ်မရှိတဲ့ လူတစ်ယောက်လို့ ထင်ရင်လည်း
ကျွန်မအနေနဲ့ ငြင်းစရာ အကြောင်းမရှိပါဘူး
ကျွန်မ....."
ဘယ်လောက် စိတ်ထိန်းပြီး ပြောနေပါစေ
ခွန်းအသံဟာ ငိုသံစွက်လာသည်ကို ခွန်းသိပါသည်။
ခွန်း မျက်ရည်မကျချင်ပါ။
ခွန်း အားနည်းကြောင်းမပြချင်။
"ကျွန်မ့ဘဝတစ်လျှောက်လုံးမှာ ဖြစ်သင့်တာတွေကိုပဲ ရွေးချယ်ခဲ့တာပါ
သူနဲ့ ပတ်သတ်ပြီးတော့လည်း ကျွန်မရဲ့ ခံစားချက်ကို တစ်ကြိမ်တစ်ခါလေးတောင် ဦးစားမပေးခဲ့ဖူးပါဘူး
ဒါပေမယ့် ကျွန်မ ဘယ်လိုပဲ သူ့အဝေးရောက်အောင် ကြိုးစားကြိုးစား
အချိန်တန်ရင် သူ့အနား အလိုလို ပြန်ရောက်သွားတယ်
ကျွန်မ ကိုယ်တိုင်တောင် မသိလိုက်ပါပဲနဲ့
ကျွန်မ အပေါ် သူရဲ့ ခံစားချက်အတိမ်အနက်ကို သိလေလေ ကျွန်မ သူ့အပေါ်ကျူးလွန်ခဲ့တဲ့ အရာတွေအတွက် နောင်တရလေလေပါပဲ"
ခေါင်းကို ငုံ့လျက် မနာတမ်း ပြောနေမိသည်။
ဒါဟာ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့ အချစ်......
"ကျွန်မ ခန့်ညားထည်ဝါကို ချစ်တယ်
မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလို စကားမျိုးတွေ ပြောတဲ့အတွက် အရှက် ဂုဏ်သိက္ခာ မရှိတဲ့ မိန်းကလေးတစ်ယောက်လို့ သတ်မှတ်ရင်လည်း ကျွန်မခံပါ့တယ်
သေချာတာကတော့ ကျွန်မ့အသက်ထက်တန်ဖိုးထားတဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ရလောက်အောင်အထိ သူဟာ ထိုက်တန်တဲ့ ယောက်ျားတစ်ယောက်လို့ ကျွန်မ ယုံကြည်ပါတယ်"
အဆုံးသတ်မှာ မျက်ဝန်းအတွင်း မျက်ရည်စများ ဝေ့သီနေသည်။
ကျတော့ မကျပါ။
ကျခွင့်လည်း မပြုနိုင်။
မောင်မှလွဲပြီး မည်သူတစ်ဦးတစ်ယောက် ရှေ့တွင်မှ မငိုချင်ပါ။
"မင်းက သားကို လက်မလွတ်နိုင်တော့ဘူးပေါ့"
ပြတ်သားသော အသံနှင့်ပင် မောင့်မေမေက တစ်ခွန်းချင်းမေးလေသည်။
"ဟုတ်ကဲ့
ဒါပေမယ့် ကျွန်မချစ်တယ်ဆိုတာ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ လူကြီးတွေနဲ့ ယှဥ်ပြိုင်ရွေးချယ်ခိုင်းဖို့ မဟုတ်သလို
သူနဲ့ သူချစ်ရတဲ့ မိသားစုကို နည်းနည်းလေးတောင် သဘောထားကွဲလွဲမှု မဖြစ်စေချင်ပါဘူး
ကျွန်မ သူ့ကိုလက်မလွှတ်နိုင်ဘူးဆိုတာ သူ့ကို ဒီမိသားစုထဲကနေ ဆွဲထုတ်ဖို့ မဟုတ်ပဲ
ခက်ခဲမှန်း သိပေမယ့် တကယ်လို့ အခွင့်အရေးသာပေးရင် ဒီနေရာဒေသနဲ့ ဝင်ဆံ့အောင် ကြိုးစားကြည့်ချင်ယုံပါ
မဖြစ်နိုင်မှန်းသိပေမယ့် အရှက်မဲ့စွာ လောဘတကြီးနဲ့ ကျွန်မတောင်းဆိုပါတယ်
ကျွန်မကို အခွင့်အရေးလေး တစ်ကြိမ်လောက်ဖြစ်ဖြစ် ပေးပါ
ကျွန်မက အဘက်ဘက်က ချို့ယွင်းမှန်းသိပေမယ့် ကြိုးစားကြည့်ချင်ပါတယ်
တကယ်လို့ ခွင့်ပြုမယ်ဆိုရင်ပေါ့"
လူတစ်ယောက်ဟာ သူတို့ရဲ့ မာန်မာနတွေကို ဘယ်အချိန်မှ ခဝါချထားတတ်ကြပါသလဲ
ကျွန်မအတွက်ကတော့ မောင့်ကို သိပ်ချစ်မိတဲ့ အချိန်မှာပါပဲ......
ခွန်း စကားတွေကို မနားတမ်းပြောပြီး ခေါင်းငုံ့နေမိပါသည်။
သူတို့တွေ ခွန်းကို ဘယ်လိုမျက်ဝန်းမျိုးနဲ့ ကြည့်လိမ့်မလဲ။
သူတို့တွေ ခွန်းကို ဘယ်လိုထင်မြင်ကြလိမ့်မလဲ။
ခွန်း မသိချင်.......
အကုန်လုံးက နေရခက်သည့် အခြေ အနေတစ်ခုကို ရင်ဆိုင်နေကြရသည်။
ရှေ့တိုးလို့လည်း မဖြစ် နောက်ဆုတ်ဖို့ကလည်း ခဲယဥ်းလှသည်။
မလူးသာ မလန့်သာ အခြေအနေတစ်ခုပါ။
"အိမ်းးးး
ဒီကိစ္စကတော့ ခန့်ညားရဲ့ သဘောကလည်း အရေးကြီးလှတယ်
ခန့်ညားမိဘတွေရဲ့ သဘောထားကလည်း သိပ်ကို အရေးကြီးတယ် သမီး"
ဒီအိမ်ရဲ့ လူကြီးတစ်ယောက်အနေနဲ့ သူဟာ ကိစ္စအဝအဝကို စီမံဆုံးဖြတ်ပေးခဲ့သည်။
ဒါပေမယ့် ဒီကိစ္စအတွက်ကတော့
ဒီအခြေအနေမှာ အားလုံးခက်ခဲနေရတာဟာ သူ့ပယောက မကင်း
သူ့တစ်ချိန်က အမှားကြောင့်သာ.....
"မင်းက တို့မိသားစုကို ဒီလိုမျိုး လာပြီး ခွင့်တောင်းတယ်ဆိုတော့
တကယ်လို့ ခွင့်ပြုပေးရင်ရော
မင်းမိသားစုက ခွင့်ပြုပါ့မလား
အဲ့လိုပြောလို့ မင်းမိသားစုက မြင့်မြတ်နေလို့ မဟုတ်ဘူးနော်
သူ့တို့လိပ်ပြာ သူတို့မလုံလို့"
"စု....."
"ညီမလေး"
မောင့်ဖေဖေနဲ့ မောင့်ကြီးမေရဲ့ တားမြစ်သံဟာ တစ်ပြိုင်တည်းပေါ်ထွက်လာသည်။
ဒီလူတွေ အားလုံးထဲမှာ ခွန်း အားနာရဆုံးရတော့ မောင့်ကြီးမေပါ......
"မင်း မိသားစုကိုရော မင်း အသိပေးပြီးပြီလား"
"မပေးရသေးပါဘူး"
"မင်းဘက်ကတောင် မတိကျသေးပဲ တို့တွေဆီက ခွင့်ပြုချက်ကို မင်းကလိုချင်တယ်ပေါ့
မင်းမိသားစုက ခွင့်မပြုရင်ရော
သားဆီက မင်းထွက်သွားဦးမှာပဲမလား"
"ကျွန်မ မိသားစုကို ကျွန်မ အသိမပေးရသေးပါဘူး
ဘာလို့လဲဆိုတော့ ကျွန်မအတွက် ဒီရှေ့က လူတွေက ပိုပြီးအရေးကြီးလို့ပါ"
နှစ်ခါ အရှက်ကွဲမခံနိုင်တာလည်း တစ်ကြောင်းပေါ့
"ဒီလူတွေသာ ခွင့်ပြုမယ်ဆိုရင် ကျွန်မ တခြားအရာတွေကို ဂရုစိုက်မိမှာ မဟုတ်တော့ဘူးနဲ့တူတယ်
ခန့်ညားထည်ဝါနဲ့ ပေါင်းဖက်ဖို့
အန်တီတို့ ခွင့်ပြုချက်သာ အရေးကြီးတာပါ"
"ကောင်းပြီလေ
တို့ဘက်က ခွင့်မပြုနိုင်ဘူးဆိုရင်ရော"
အကုန်လုံးရဲ့ မျက်လုံးတွေဟာ သူ့ဆီမှာပဲ စုပြုံလာသည်။
ထိုမိန်းကလေးကတော့ တည်ငြိမ်လှသော မျက်ဝန်းများနဲ့ ကြည့်လေသည်။
"ဒါဆိုရင်တော့ ကျွန်မဘက်က ရွေးချယ်စရာ မရှိတော့ဘူးပေါ့
"ဘာလုပ်ဖို့လဲ"
"ရူးမိုက်ဖို့"
"ဘာ"
"ဆယ်ကျော်သက်တစ်ယောက်မဟုတ်ပေမယ့် ကျွန်မမှာ ရွေးချယ်စရာမရှိလို့ပါ"
"မင်း တို့ကို ခြိမ်းခြောက်နေတာလား"
"မဟုတ်ရပါဘူး"
အားလုံးဟာ စိုးရိမ်တကြီး ကြည့်နေသော်လည်း နောက်ဆုံးတော့ ဒါဟာ ယောက္ခမနဲ့ ချွေးမကြားက အားပြိုင်မှုတစ်ခုလို့သာ သတ်မှတ်လိုက်သည်။
"သမီးက သားလေးကို တကယ်ပင် ချစ်သလား"
အကြည့်ချင်းစစ်ခင်းနေသော အမျိုးသမီးနှစ်ယောက်ကြားထဲ တည်ငြိမ်လှစွာသော အမျိုးသမီးကြီး တစ်ယောက်အသံက ထွက်ပေါ်လာသည်။
"ဟုတ်
ကျွန်မ သူ့ကို သိပ်ချစ်ပါတယ်"
"သားလေးကို ချစ်တယ်ဆိုရင်
ကြီးမေတို့က ခွင့်ပြုပါတယ်"
"ရှင်"
အားလုံးက ထိုအမျိုးသမီးကြီးအား တအံ့တသြငေးကြည့်နေသည်။
"အတိတ်တွေဟာ သမီးတို့နဲ့မှ မဆိုင်ပဲ
ဒီ အတိတ်တွေရဲ့ ဒဏ်ကို သမီးတို့ ခံစရာမလိုဘူး
သမီးနဲ့ သားလေးကို ကြီးမေ သဘောတူတယ်
သားလေးက သမီးကို အခုမှ သိပြီး စွဲလမ်းခဲ့တာမှ မဟုတ်ပဲ"
"ရှင်"
"သမီးကို စပြီးတွေ့ခဲ့တဲ့
ဟိုးးးးငယ်ငယ်လေးတည်းက စွဲလမ်းခဲ့တာ
အဲ့နေ့တုန်းက ညလည်းရောက်ရော ကြီးမေအခန်းထဲလာပြီး
နေ့လည်က တွေ့ခဲ့တဲ့ ကလေးမလေးကို တွေ့ချင်လို့ ခေါ်ပေးပါဆိုပြီး ဂျီကျခဲ့တာ
ဘယ်လောက်ထိတောင်လဲဆိုရင်
အဟွတ်..... အဟွတ်......"
ကြီးမေက ချောင်းဆိုတော့ ခွန်းမှာ လန့်ရပြန်တယ်
"မမ ရရဲ့လား
ချောင်းဆိုးနေရင် စကားအများကြီး မပြောနဲ့တော့"
ကြီးမေက သူ့ညီမကို လက်ကာပြလျက် စကားဆက်လေသည်။
"သားလေးက သိပ်ဆိုးတာ
လိမ္မာရင်လည်း သူ့အပြင် နှစ်ယောက်မရှိဘူး
နောက်ရက်တွေလည်း သူ့မှာ ဂျီကျရလွန်းလို့ နောက်ဆုံး အပြင်းဖျားပြီး ပိန်ကျသွားရတဲ့ အထိပဲ
အဲ့အရွယ်ထဲက သားလေးက သမီးကို ပိုင်ဆိုင်ချင်ခဲ့တာ"
ခွန်း ခံစားချက်တွေကို ဖော်ပြချင်တယ်
စကားတွေ ပြောချင်ပါသည်။
ဒါပေမယ့် လည်ချောင်းဝမှာတင် အရာအားလုံးဟာ တစ်နေသလို။
ခွန်း တကယ်ကို ကျေးဇူးတင်ပါတယ်.....
"မမ.....
"တော်တော့ ညီမလေး
ပင်ပန်းနေတဲ့ ကလေးတွေကို ဒီထက်ပိုပြီး မပင်ပန်းပါစေနဲ့တော့"
မောင့်မေမေ ငြိမ်ကျသွားသည်။
ထို့နောက်တွင်တော့.....
သူရဲ့ အိမ်ဟာ ခါတိုင်းနေ့တွေနဲ့မတူ တိတ်ဆိတ်လှသည်။
အကြောင်းအရင်းကတော့ သူ့အိမ်ရဲ့ ဆည်းလည်းလေးမှ မရှိပဲ။
လူများစွာကတော့ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းသံကို ကလေးတွေအဖြစ် သတ်မှတ်ကြလိမ့်မည်။
သူ့အိမ်ရဲ့ ဆည်းလည်းလေးကတော့ ချစ်လှစွာသော သူ့ရဲ့မင်းသမီးလေးသာ........
"မောင့်"
စဥ်းစားနေရင်းပင် ချက်ချင်းရောက်လာသည့် မိန်းကလေး
အရိပ်တကြည့်ကြည့် ကြည့်နေသော သူ့အတွက် သူမလေးမျက်နှာဟာ ပြုံးရွှင်လို့ နေပါသည်။
အနားကို လျှောက်လာကာ ခြေဖျားထောက်၍ လည်ပင်းကို ခိုတွဲလာသူအား ကိုယ်အနည်းငယ် ကိုင်းပေးလျက် သူမခါးလေးကို အသာထိန်းပေးထား လိုက်သည်။
သူမလေးကို နည်းနည်းတောင် အဆင်မပြေမဖြစ်စေလို.....
သူမလေးက မျက်နှာကို ခွာလျက် သူ့ကို ပြုံးလျက်ကြည့်နေသည်။
"မောင့် ခွန်းလေ.....
ခွန်း..... ရှက်စရာ ကောင်းတဲ့ ကိစ္စတစ်ခုကိုလုပ်ခဲ့တယ် သိလား အဟီးးးးးး"
စကားအဆုံး ပြုံးစိစိဖြစ်သွားကာ သူ့လည်ပင်းအနား မျက်နှာအပ်ထားသည့် မိန်းကလေး
ရှက်လွန်းလို့ မျက်နှာကို ဖွက်ထားသည်ပေါ့လေ
"မောင်"
"ဟင်"
"ခွန်းးးးးး
ခွန်း.... အဝတ်အစားသွားလဲလိုက်ဦးမယ်"
ပြောလျက် တံခါးဝသို့ ပြေးသွားသည်။
ထို့နောက် ရုတ်တရက် ရပ်သွားကာ ပြန့်လှည့်လျက်
"ခွန်းး......
မောင့်မိဘတွေဆီက မောင့်ကိုတောင်းလာခဲ့တယ်
ရှက်စရာကြီးနော် သွားပြီ"
ချစ်ရပါသော အသည်းအသက်လေးက မလှည့်တမ်း ပြေးထွက်သွားသည်။
တစ်နေ့ထက်တစ်နေ့ ပို၍ ချစ်ဖို့ကောင်းလာသည်မှာ အမှန်ပင်။
company အတွင်း များစွာသော လူတွေဟာ တရွရွ
ဒီလူတွေဟာ အချိန်ကြာမြင့်စွာ ရှိခဲ့ပါသော သူဌေးရဲ့ နေရာကို လုယူလိုခြင်း
လူဆိုသည်မှာ အခွင်အာဏာနဲ့ ပတ်သတ်လာရင် သိပ်ကြောက်ဖို့ကောင်းပါသည်။
လောကမှာ ယုံကြည်လို့ရသူ တစ်ယောက်မှ မရှိ။
"ကိုသုတ"
"မခွန်းသံသာချို ရောက်လာပြီလား"
"ဟုတ်
ဒါနဲ့ ဘာလို့ နာမည်အပြည့်အစုံကြီးခေါ်နေတာလဲ"
"ဒါကတော့...."
ကိုသုတက ပဟေဠိဆန်စွာ တစ်ချက်ပြုံးသည်။
"သူဌေးကတော် ဖြစ်လာမယ့်သူကို ကျွန်တော် ရိုရိုသေသေနဲ့ ဆက်ဆံသင့်ပါတယ်"
"အာ မဟုတ်တာရှင်"
ဒီအခြေအနေနဲ့ ခွန်းနဲ့ အသားမကျသေး
တကယ်ကိုပင် ရှက်ပါသည်။
"မမ"
ဒီမိန်းကလေး
"မသီရီမှာလည်း ရှယ်ယာတစ်ချို့ ပိုင်ဆိုင်ထားတယ်"
"အော်"
"မတွေ့တာတောင်ကြာပြီနော်
သီရီကြားတာတော့ ဒါ ရှယ်ယာရှင် အစည်းအဝေး
ဝန်ထမ်းတစ်ယောက်နဲ့ မဆိုင်ဘူးနဲ့တူတယ်
အော်......
အခန်းထဲက ပစ္စည်းတွေ သိမ်းဖို့ရောက်လာတာလား"
"မဟုတ်ပါဘူး
ဒီကိုပဲ လာတာပါ"
"လူဆိုတာ ကိုယ့်နေရာ ကိုယ်သိရတယ်နော်"
"ကျွန်မ ဒီနေရာကို ရောက်နေတာ ဝန်ထမ်းတစ်ယောက်အနေနဲ့ မဟုတ်ပါဘူး
ရှယ်ယာရှင်တစ်ယောက် အနေနဲ့ပါ"
ရှေ့က မိန်းကလေးကို ပြောတာလည်းဖြစ်သလို စူးစမ်းလိုဟန်ကြည့်နေသော မျက်လုံးများကိုလည်း အသိပေးလိုက်ခြင်း ဖြစ်သည်။
"မဖြစ်နိုင်တာ
ဘယ်က.....ဘယ်လို....."
"အာ မင်းမသိသေးဘူးနဲ့တူတယ်
တို့ချစ်သူက high boss လေ
ကဲ မိတ်ဆက်စရာ လူတွေရှိသေးလို့ သွားလိုက်ဦးမယ်နော်"
အားလုံးက ခွန်းကို အထူးအဆန်းလို ကြည့်နေသည်။
အေးလေ ဝန်ထမ်းတစ်ယောက်က ရှယ်ယာရှင် တစ်ယောက်ဖြစ်သွားတာ အထူးအဆန်းပေါ့.....
အချိန်အတန်ကြာ ခွန်းတို့အစည်းအဝေးပြီးဆုံးခဲ့ပါတယ်။
မောင့် company ကိုလည်း မောင့်ဆီက ဘယ်သူမှ မရယူနိုင်။
ဒီလို အခြေအနေဖြစ်နေတာတောင် မောင်အလုပ်မလုပ်နိုင်သေးတဲ့အတွက် အပြစ်ဆိုချင်ကြသေးသည်။
သိပ်ကို ခက်လှသည့် လူတွေပင်.......
Paing
23.10.2021
11:05 PM
Zawgyi
ႀကီးမားေသာ ၿခံႀကီးေရွ႕တြင္ မိန္းကေလးတစ္ေယာက္ရပ္ေနေလသည္။
သူမဟာ ေတြေဝမႈေတြကို လ်စ္လ်ဴရႈကာ သက္ျပင္းတစ္ခ်က္ ခ်ေလသည္။
ထို႔ေနာက္ ထိုအိမ္ႀကီးထဲသို႔ တစ္လွမ္းျခင္း.....
ခြန္းနဲ႕ လုံးဝ မရင္းႏွီးေသာ ေနရာတစ္ခုသို႔ ခြန္းေရာက္ေနပါသည္။
အထက္တန္းဆန္ၿပီး ေသသပ္လွပေသာ အေဆာင္အေယာင္ အျပင္အဆင္ေတြက ခြန္းရဲ႕ အဆင့္အတန္းကို ကိုယ္တိုင္ ျပန္၍ သတိခ်ပ္မိေစသည္။
ထိုအရာေတြကိုလည္း လ်စ္လ်ဴရႈလ်က္ ထိုအိမ္ႀကီး အတြင္းသို႔......
ဧည့္ခန္းအတြင္း မိသားစု စုံလင္လွသည္။
သူကိုယ္တိုင္လည္း အေၾကာင္းအရင္းကိုမသိ။
သူ႕ေယာက္်ားက လူစုေစျခင္း
ေျပာစရာတစ္ခု ရွိဟန္တူသည္။
ထိုအခ်ိန္ အိမ္ထဲသို႔ ဝင္လာေသာ မိန္းကေလးက သူတို႔ေတြကို ေငးေမာေစသည္။
ရိုးရွင္းလွပေသာ ျမန္မာဝတ္စုံ အျဖဴေရာင္ ရင္ဖုံးေလးကို ဝတ္ဆင္ထားသည္။
ရွည္လ်ားေသာ ဆံပင္တို႔ကို လွပေသာ ဆံညွပ္တစ္ခုျဖင့္ တစ္ဝက္ညွပ္ကာ ေအာက္သို႔ ခ်ထားသည္။
ဘာလက္ဝတ္တန္ဆာမွ ဝတ္မထားပဲ နားကပ္တစ္ရံနဲ႕ လက္ပတ္နာရီ တစ္လုံးသာ ဝတ္ဆင္ထားေသာ မိန္းကေလးက ရွင္းလင္းလွပစြာ က်က္သေရ ရွိလွသည္။
"ထိုင္ပါ သမီး"
ဦးမင္းခန့္ကေတာ့ ေဖာ္ေ႐ႊစြာပင္ မ်က္ႏွာပူပူနဲ႕ ႏႈတ္ဆက္ရသည္။
က်န္လူမ်ားကေတာ့ အေျခအေနကို အလုံးစုံနားမလည္နိုင္ေသး။
"ေက်းဇူးပါ ဦး"
ခြန္း အေရွ႕သို႔ ဝင္ထိုင္လိုက္ပါသည္။
တကယ္ေတာ့ ဒီအေျခအေနဟာ ခြန္းအတြက္ အဆင္မေျပလွပါ။
ရွက္သည္ မ်က္ႏွာပူသည္ ေၾကာက္႐ြံ႕သည္ နာက်ည္းသည္။
ဒါေပမယ့္ ရင္မဆိုင္၍လည္းမျဖစ္။
"ကြၽန္မနာမည္ ခြန္းသံသာခ်ိဳပါ
အခုလို အေၾကာင္းမၾကားပဲ ႐ုတ္တရက္ႀကီး ေရာက္လာရတဲ့အတြက္ ကြၽန္မ တကယ္ ေတာင္းပန္ပါတယ္
ကြၽန္မ......."
စီလာေသာ စကားလုံးေတြကလည္း ႏႈတ္က ထြက္ရန္ ခက္ခဲလွပါသည္တလား....
"ကြၽန္မ ဦးတို႔ အန္တီတို႔နဲ႕ ေတြ႕ခ်င္လို႔ပါ"
"ဘာအတြက္ ေတြ႕ခ်င္တာလဲ"
ေမာင့္ေမေမက တင္းမာလြန္းေသာ မ်က္ႏွာထားႏွင့္ပင္ ေမးသည္။
ခြန္း အသက္ဝေအာင္မနည္းရႈေနရသည္။
ခြန္း ဘယ္လိုျပန္ေျဖရပါ့မလဲ။
ခြန္းရဲ႕ ေနရခက္ေနေသာ အေျခအေနကို ေမာင့္ဘဘက ဝင္ကယ္တင္ေပးေလသည္။
"ခန့္ညားအေျခအေနေရာ တိုးတက္ရဲ႕လား သမီး
သမီးေၾကာင့္ ခန့္ညားအမ်ားႀကီး သက္သာလာတယ္
ေသခ်ာ ေက်းဇူးတင္စကားေတာင္ မေျပာရေသးဘူး"
"ဟုတ္
သူ႕အေျခအေန အမ်ားႀကီး သက္သာလာပါတယ္"
"ေတာ္ေသးတာေပါ့ကြယ္"
"ဟုတ္တယ္ သမီးေက်းဇူးေၾကာင့္ သားအမ်ားႀကီး သက္သာလာတာ"
ေမာင့္ေဖေဖကပါ ဝင္ေျပာေလသည္။
"ခြန္းသံသာခ်ိဳ မင္းမွာ ေျပာစရာတစ္ခုခုမ်ား ရွိေသးလို႔လား"
"ကြၽန္မ......."
ခြန္းသံသာခ်ိဳ နင္လုပ္နိုင္ပါတယ္
ဟုတ္တယ္ ေမာင္.... ေမာင္...သာ အေရးႀကီးဆုံး
ေမာင့္ကို သိပ္ခ်စ္တယ္မလား
ေမာင္နဲ႕ တစ္သက္လုံး ကုန္ဆုံးခ်င္တယ္မလား
လုပ္နိုင္တယ္
တစ္ခါေလာက္ပဲ စိတ္ရင္းနဲ႕
က်န္တာေတြကို လ်စ္လ်ဴရႈလိုက္....
စိတ္ကို အတက္နိုင္ဆုံးေလ်ာ့က်ကာ
အသက္ကို ဝဝ ရႈလိုက္ပါသည္။
"ကြၽန္မ အရင္ဆုံး တကယ္ေတာင္းပန္ပါတယ္
ကြၽန္မေၾကာင့္ သူဒီလိုျဖစ္သြားတာ တကယ္ စိတ္မေကာင္းပါဘူး
လူႀကီးေတြကို စိတ္မခ်မ္းသာေအာင္ လုပ္မိတဲ့အတြက္ေရာ
ပင္ပန္းေအာင္ လုပ္မိတဲ့အတြက္ေရာ ကြၽန္မ တကယ္ အႏူးအၫြတ္ ေတာင္းပန္ပါတယ္"
ဒီ မိန္းကေလးက သူတို႔ေရွ႕မွာ ေတာင္းပန္ေနသည္တဲ့လား
အျပစ္ဟု ဆိုနိုင္ေသာ္လည္း လုံးစုံ သူ႕အမွားခ်ည္းပဲေတာ့ မဟုတ္
လူငယ္တစ္ေယာက္က အမွားဟုမဆိုနိုင္ေသာ အမွားတစ္ခုအတြက္ ေတာင္းပန္ေနျခင္းေၾကာင့္
လူႀကီးေတြအေနနဲ႕ ေနရခက္လွသည္။
"ကြၽန္မ......
ကြၽန္မ.... သူ႕ကို လက္မလြတ္နိုင္ဘူး
အဲ့ဒီအတြက္လည္း ေတာင္းပန္ပါတယ္
ဒီလိုေျပာတဲ့အတြက္ ကြၽန္မကို အခ်စ္တစ္ခုတည္းကို ေရွ႕တန္းတင္ၿပီး စဥ္းစားဥာဏ္မရွိတဲ့ လူတစ္ေယာက္လို႔ ထင္ရင္လည္း
ကြၽန္မအေနနဲ႕ ျငင္းစရာ အေၾကာင္းမရွိပါဘူး
ကြၽန္မ....."
ဘယ္ေလာက္ စိတ္ထိန္းၿပီး ေျပာေနပါေစ
ခြန္းအသံဟာ ငိုသံစြက္လာသည္ကို ခြန္းသိပါသည္။
ခြန္း မ်က္ရည္မက်ခ်င္ပါ။
ခြန္း အားနည္းေၾကာင္းမျပခ်င္။
"ကြၽန္မ့ဘဝတစ္ေလွ်ာက္လုံးမွာ ျဖစ္သင့္တာေတြကိုပဲ ေ႐ြးခ်ယ္ခဲ့တာပါ
သူနဲ႕ ပတ္သတ္ၿပီးေတာ့လည္း ကြၽန္မရဲ႕ ခံစားခ်က္ကို တစ္ႀကိမ္တစ္ခါေလးေတာင္ ဦးစားမေပးခဲ့ဖူးပါဘူး
ဒါေပမယ့္ ကြၽန္မ ဘယ္လိုပဲ သူ႕အေဝးေရာက္ေအာင္ ႀကိဳးစားႀကိဳးစား
အခ်ိန္တန္ရင္ သူ႕အနား အလိုလို ျပန္ေရာက္သြားတယ္
ကြၽန္မ ကိုယ္တိုင္ေတာင္ မသိလိုက္ပါပဲနဲ႕
ကြၽန္မ အေပၚ သူရဲ႕ ခံစားခ်က္အတိမ္အနက္ကို သိေလေလ ကြၽန္မ သူ႕အေပၚက်ဴးလြန္ခဲ့တဲ့ အရာေတြအတြက္ ေနာင္တရေလေလပါပဲ"
ေခါင္းကို ငုံ႕လ်က္ မနာတမ္း ေျပာေနမိသည္။
ဒါဟာ ေမာင့္အေပၚထားတဲ့ ကြၽန္မရဲ႕ အခ်စ္......
"ကြၽန္မ ခန့္ညားထည္ဝါကို ခ်စ္တယ္
မိန္းကေလးတစ္ေယာက္အေနနဲ႕ ဒီလို စကားမ်ိဳးေတြ ေျပာတဲ့အတြက္ အရွက္ ဂုဏ္သိကၡာ မရွိတဲ့ မိန္းကေလးတစ္ေယာက္လို႔ သတ္မွတ္ရင္လည္း ကြၽန္မခံပါ့တယ္
ေသခ်ာတာကေတာ့ ကြၽန္မ့အသက္ထက္တန္ဖိုးထားတဲ့ အရွက္နဲ႕ ဂုဏ္သိကၡာကို စြန့္လႊတ္ရေလာက္ေအာင္အထိ သူဟာ ထိုက္တန္တဲ့ ေယာက္်ားတစ္ေယာက္လို႔ ကြၽန္မ ယုံၾကည္ပါတယ္"
အဆုံးသတ္မွာ မ်က္ဝန္းအတြင္း မ်က္ရည္စမ်ား ေဝ့သီေနသည္။
က်ေတာ့ မက်ပါ။
က်ခြင့္လည္း မျပဳနိုင္။
ေမာင္မွလြဲၿပီး မည္သူတစ္ဦးတစ္ေယာက္ ေရွ႕တြင္မွ မငိုခ်င္ပါ။
"မင္းက သားကို လက္မလြတ္နိုင္ေတာ့ဘူးေပါ့"
ျပတ္သားေသာ အသံႏွင့္ပင္ ေမာင့္ေမေမက တစ္ခြန္းခ်င္းေမးေလသည္။
"ဟုတ္ကဲ့
ဒါေပမယ့္ ကြၽန္မခ်စ္တယ္ဆိုတာ သူ႕ကို ေကြၽးေမြးေစာင့္ေရွာက္ခဲ့တဲ့ လူႀကီးေတြနဲ႕ ယွဥ္ၿပိဳင္ေ႐ြးခ်ယ္ခိုင္းဖို႔ မဟုတ္သလို
သူနဲ႕ သူခ်စ္ရတဲ့ မိသားစုကို နည္းနည္းေလးေတာင္ သေဘာထားကြဲလြဲမႈ မျဖစ္ေစခ်င္ပါဘူး
ကြၽန္မ သူ႕ကိုလက္မလႊတ္နိုင္ဘူးဆိုတာ သူ႕ကို ဒီမိသားစုထဲကေန ဆြဲထုတ္ဖို႔ မဟုတ္ပဲ
ခက္ခဲမွန္း သိေပမယ့္ တကယ္လို႔ အခြင့္အေရးသာေပးရင္ ဒီေနရာေဒသနဲ႕ ဝင္ဆံ့ေအာင္ ႀကိဳးစားၾကည့္ခ်င္ယုံပါ
မျဖစ္နိုင္မွန္းသိေပမယ့္ အရွက္မဲ့စြာ ေလာဘတႀကီးနဲ႕ ကြၽန္မေတာင္းဆိုပါတယ္
ကြၽန္မကို အခြင့္အေရးေလး တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္ ေပးပါ
ကြၽန္မက အဘက္ဘက္က ခ်ိဳ႕ယြင္းမွန္းသိေပမယ့္ ႀကိဳးစားၾကည့္ခ်င္ပါတယ္
တကယ္လို႔ ခြင့္ျပဳမယ္ဆိုရင္ေပါ့"
လူတစ္ေယာက္ဟာ သူတို႔ရဲ႕ မာန္မာနေတြကို ဘယ္အခ်ိန္မွ ခဝါခ်ထားတတ္ၾကပါသလဲ
ကြၽန္မအတြက္ကေတာ့ ေမာင့္ကို သိပ္ခ်စ္မိတဲ့ အခ်ိန္မွာပါပဲ......
ခြန္း စကားေတြကို မနားတမ္းေျပာၿပီး ေခါင္းငုံ႕ေနမိပါသည္။
သူတို႔ေတြ ခြန္းကို ဘယ္လိုမ်က္ဝန္းမ်ိဳးနဲ႕ ၾကည့္လိမ့္မလဲ။
သူတို႔ေတြ ခြန္းကို ဘယ္လိုထင္ျမင္ၾကလိမ့္မလဲ။
ခြန္း မသိခ်င္.......
အကုန္လုံးက ေနရခက္သည့္ အေျခ အေနတစ္ခုကို ရင္ဆိုင္ေနၾကရသည္။
ေရွ႕တိုးလို႔လည္း မျဖစ္ ေနာက္ဆုတ္ဖို႔ကလည္း ခဲယဥ္းလွသည္။
မလူးသာ မလန့္သာ အေျခအေနတစ္ခုပါ။
"အိမ္းးးး
ဒီကိစၥကေတာ့ ခန့္ညားရဲ႕ သေဘာကလည္း အေရးႀကီးလွတယ္
ခန့္ညားမိဘေတြရဲ႕ သေဘာထားကလည္း သိပ္ကို အေရးႀကီးတယ္ သမီး"
ဒီအိမ္ရဲ႕ လူႀကီးတစ္ေယာက္အေနနဲ႕ သူဟာ ကိစၥအဝအဝကို စီမံဆုံးျဖတ္ေပးခဲ့သည္။
ဒါေပမယ့္ ဒီကိစၥအတြက္ကေတာ့
ဒီအေျခအေနမွာ အားလုံးခက္ခဲေနရတာဟာ သူ႕ပေယာက မကင္း
သူ႕တစ္ခ်ိန္က အမွားေၾကာင့္သာ.....
"မင္းက တို႔မိသားစုကို ဒီလိုမ်ိဳး လာၿပီး ခြင့္ေတာင္းတယ္ဆိုေတာ့
တကယ္လို႔ ခြင့္ျပဳေပးရင္ေရာ
မင္းမိသားစုက ခြင့္ျပဳပါ့မလား
အဲ့လိုေျပာလို႔ မင္းမိသားစုက ျမင့္ျမတ္ေနလို႔ မဟုတ္ဘူးေနာ္
သူ႕တို႔လိပ္ျပာ သူတို႔မလုံလို႔"
"စု....."
"ညီမေလး"
ေမာင့္ေဖေဖနဲ႕ ေမာင့္ႀကီးေမရဲ႕ တားျမစ္သံဟာ တစ္ၿပိဳင္တည္းေပၚထြက္လာသည္။
ဒီလူေတြ အားလုံးထဲမွာ ခြန္း အားနာရဆုံးရေတာ့ ေမာင့္ႀကီးေမပါ......
"မင္း မိသားစုကိုေရာ မင္း အသိေပးၿပီးၿပီလား"
"မေပးရေသးပါဘူး"
"မင္းဘက္ကေတာင္ မတိက်ေသးပဲ တို႔ေတြဆီက ခြင့္ျပဳခ်က္ကို မင္းကလိုခ်င္တယ္ေပါ့
မင္းမိသားစုက ခြင့္မျပဳရင္ေရာ
သားဆီက မင္းထြက္သြားဦးမွာပဲမလား"
"ကြၽန္မ မိသားစုကို ကြၽန္မ အသိမေပးရေသးပါဘူး
ဘာလို႔လဲဆိုေတာ့ ကြၽန္မအတြက္ ဒီေရွ႕က လူေတြက ပိုၿပီးအေရးႀကီးလို႔ပါ"
ႏွစ္ခါ အရွက္ကြဲမခံနိုင္တာလည္း တစ္ေၾကာင္းေပါ့
"ဒီလူေတြသာ ခြင့္ျပဳမယ္ဆိုရင္ ကြၽန္မ တျခားအရာေတြကို ဂ႐ုစိုက္မိမွာ မဟုတ္ေတာ့ဘူးနဲ႕တူတယ္
ခန့္ညားထည္ဝါနဲ႕ ေပါင္းဖက္ဖို႔
အန္တီတို႔ ခြင့္ျပဳခ်က္သာ အေရးႀကီးတာပါ"
"ေကာင္းၿပီေလ
တို႔ဘက္က ခြင့္မျပဳနိုင္ဘူးဆိုရင္ေရာ"
အကုန္လုံးရဲ႕ မ်က္လုံးေတြဟာ သူ႕ဆီမွာပဲ စုၿပဳံလာသည္။
ထိုမိန္းကေလးကေတာ့ တည္ၿငိမ္လွေသာ မ်က္ဝန္းမ်ားနဲ႕ ၾကည့္ေလသည္။
"ဒါဆိုရင္ေတာ့ ကြၽန္မဘက္က ေ႐ြးခ်ယ္စရာ မရွိေတာ့ဘူးေပါ့
"ဘာလုပ္ဖို႔လဲ"
"႐ူးမိုက္ဖို႔"
"ဘာ"
"ဆယ္ေက်ာ္သက္တစ္ေယာက္မဟုတ္ေပမယ့္ ကြၽန္မမွာ ေ႐ြးခ်ယ္စရာမရွိလို႔ပါ"
"မင္း တို႔ကို ၿခိမ္းေျခာက္ေနတာလား"
"မဟုတ္ရပါဘူး"
အားလုံးဟာ စိုးရိမ္တႀကီး ၾကည့္ေနေသာ္လည္း ေနာက္ဆုံးေတာ့ ဒါဟာ ေယာကၡမနဲ႕ ေခြၽးမၾကားက အားၿပိဳင္မႈတစ္ခုလို႔သာ သတ္မွတ္လိုက္သည္။
"သမီးက သားေလးကို တကယ္ပင္ ခ်စ္သလား"
အၾကည့္ခ်င္းစစ္ခင္းေနေသာ အမ်ိဳးသမီးႏွစ္ေယာက္ၾကားထဲ တည္ၿငိမ္လွစြာေသာ အမ်ိဳးသမီးႀကီး တစ္ေယာက္အသံက ထြက္ေပၚလာသည္။
"ဟုတ္
ကြၽန္မ သူ႕ကို သိပ္ခ်စ္ပါတယ္"
"သားေလးကို ခ်စ္တယ္ဆိုရင္
ႀကီးေမတို႔က ခြင့္ျပဳပါတယ္"
"ရွင္"
အားလုံးက ထိုအမ်ိဳးသမီးႀကီးအား တအံ့တၾသေငးၾကည့္ေနသည္။
"အတိတ္ေတြဟာ သမီးတို႔နဲ႕မွ မဆိုင္ပဲ
ဒီ အတိတ္ေတြရဲ႕ ဒဏ္ကို သမီးတို႔ ခံစရာမလိုဘူး
သမီးနဲ႕ သားေလးကို ႀကီးေမ သေဘာတူတယ္
သားေလးက သမီးကို အခုမွ သိၿပီး စြဲလမ္းခဲ့တာမွ မဟုတ္ပဲ"
"ရွင္"
"သမီးကို စၿပီးေတြ႕ခဲ့တဲ့
ဟိုးးးးငယ္ငယ္ေလးတည္းက စြဲလမ္းခဲ့တာ
အဲ့ေန႕တုန္းက ညလည္းေရာက္ေရာ ႀကီးေမအခန္းထဲလာၿပီး
ေန႕လည္က ေတြ႕ခဲ့တဲ့ ကေလးမေလးကို ေတြ႕ခ်င္လို႔ ေခၚေပးပါဆိုၿပီး ဂ်ီက်ခဲ့တာ
ဘယ္ေလာက္ထိေတာင္လဲဆိုရင္
အဟြတ္..... အဟြတ္......"
ႀကီးေမက ေခ်ာင္းဆိုေတာ့ ခြန္းမွာ လန့္ရျပန္တယ္
"မမ ရရဲ႕လား
ေခ်ာင္းဆိုးေနရင္ စကားအမ်ားႀကီး မေျပာနဲ႕ေတာ့"
ႀကီးေမက သူ႕ညီမကို လက္ကာျပလ်က္ စကားဆက္ေလသည္။
"သားေလးက သိပ္ဆိုးတာ
လိမၼာရင္လည္း သူ႕အျပင္ ႏွစ္ေယာက္မရွိဘူး
ေနာက္ရက္ေတြလည္း သူ႕မွာ ဂ်ီက်ရလြန္းလို႔ ေနာက္ဆုံး အျပင္းဖ်ားၿပီး ပိန္က်သြားရတဲ့ အထိပဲ
အဲ့အ႐ြယ္ထဲက သားေလးက သမီးကို ပိုင္ဆိုင္ခ်င္ခဲ့တာ"
ခြန္း ခံစားခ်က္ေတြကို ေဖာ္ျပခ်င္တယ္
စကားေတြ ေျပာခ်င္ပါသည္။
ဒါေပမယ့္ လည္ေခ်ာင္းဝမွာတင္ အရာအားလုံးဟာ တစ္ေနသလို။
ခြန္း တကယ္ကို ေက်းဇူးတင္ပါတယ္.....
"မမ.....
"ေတာ္ေတာ့ ညီမေလး
ပင္ပန္းေနတဲ့ ကေလးေတြကို ဒီထက္ပိုၿပီး မပင္ပန္းပါေစနဲ႕ေတာ့"
ေမာင့္ေမေမ ၿငိမ္က်သြားသည္။
ထို႔ေနာက္တြင္ေတာ့.....
သူရဲ႕ အိမ္ဟာ ခါတိုင္းေန႕ေတြနဲ႕မတူ တိတ္ဆိတ္လွသည္။
အေၾကာင္းအရင္းကေတာ့ သူ႕အိမ္ရဲ႕ ဆည္းလည္းေလးမွ မရွိပဲ။
လူမ်ားစြာကေတာ့ အိမ္တစ္အိမ္ရဲ႕ ဆည္းလည္းသံကို ကေလးေတြအျဖစ္ သတ္မွတ္ၾကလိမ့္မည္။
သူ႕အိမ္ရဲ႕ ဆည္းလည္းေလးကေတာ့ ခ်စ္လွစြာေသာ သူ႕ရဲ႕မင္းသမီးေလးသာ........
"ေမာင့္"
စဥ္းစားေနရင္းပင္ ခ်က္ခ်င္းေရာက္လာသည့္ မိန္းကေလး
အရိပ္တၾကည့္ၾကည့္ ၾကည့္ေနေသာ သူ႕အတြက္ သူမေလးမ်က္ႏွာဟာ ၿပဳံး႐ႊင္လို႔ ေနပါသည္။
အနားကို ေလွ်ာက္လာကာ ေျခဖ်ားေထာက္၍ လည္ပင္းကို ခိုတြဲလာသူအား ကိုယ္အနည္းငယ္ ကိုင္းေပးလ်က္ သူမခါးေလးကို အသာထိန္းေပးထား လိုက္သည္။
သူမေလးကို နည္းနည္းေတာင္ အဆင္မေျပမျဖစ္ေစလို.....
သူမေလးက မ်က္ႏွာကို ခြာလ်က္ သူ႕ကို ၿပဳံးလ်က္ၾကည့္ေနသည္။
"ေမာင့္ ခြန္းေလ.....
ခြန္း..... ရွက္စရာ ေကာင္းတဲ့ ကိစၥတစ္ခုကိုလုပ္ခဲ့တယ္ သိလား အဟီးးးးးး"
စကားအဆုံး ၿပဳံးစိစိျဖစ္သြားကာ သူ႕လည္ပင္းအနား မ်က္ႏွာအပ္ထားသည့္ မိန္းကေလး
ရွက္လြန္းလို႔ မ်က္ႏွာကို ဖြက္ထားသည္ေပါ့ေလ
"ေမာင္"
"ဟင္"
"ခြန္းးးးးး
ခြန္း.... အဝတ္အစားသြားလဲလိုက္ဦးမယ္"
ေျပာလ်က္ တံခါးဝသို႔ ေျပးသြားသည္။
ထို႔ေနာက္ ႐ုတ္တရက္ ရပ္သြားကာ ျပန့္လွည့္လ်က္
"ခြန္းး......
ေမာင့္မိဘေတြဆီက ေမာင့္ကိုေတာင္းလာခဲ့တယ္
ရွက္စရာႀကီးေနာ္ သြားၿပီ"
ခ်စ္ရပါေသာ အသည္းအသက္ေလးက မလွည့္တမ္း ေျပးထြက္သြားသည္။
တစ္ေန႕ထက္တစ္ေန႕ ပို၍ ခ်စ္ဖို႔ေကာင္းလာသည္မွာ အမွန္ပင္။
company အတြင္း မ်ားစြာေသာ လူေတြဟာ တ႐ြ႐ြ
ဒီလူေတြဟာ အခ်ိန္ၾကာျမင့္စြာ ရွိခဲ့ပါေသာ သူေဌးရဲ႕ ေနရာကို လုယူလိုျခင္း
လူဆိုသည္မွာ အခြင္အာဏာနဲ႕ ပတ္သတ္လာရင္ သိပ္ေၾကာက္ဖို႔ေကာင္းပါသည္။
ေလာကမွာ ယုံၾကည္လို႔ရသူ တစ္ေယာက္မွ မရွိ။
"ကိုသုတ"
"မခြန္းသံသာခ်ိဳ ေရာက္လာၿပီလား"
"ဟုတ္
ဒါနဲ႕ ဘာလို႔ နာမည္အျပည့္အစုံႀကီးေခၚေနတာလဲ"
"ဒါကေတာ့...."
ကိုသုတက ပေဟဠိဆန္စြာ တစ္ခ်က္ၿပဳံးသည္။
"သူေဌးကေတာ္ ျဖစ္လာမယ့္သူကို ကြၽန္ေတာ္ ရိုရိုေသေသနဲ႕ ဆက္ဆံသင့္ပါတယ္"
"အာ မဟုတ္တာရွင္"
ဒီအေျခအေနနဲ႕ ခြန္းနဲ႕ အသားမက်ေသး
တကယ္ကိုပင္ ရွက္ပါသည္။
"မမ"
ဒီမိန္းကေလး
"မသီရီမွာလည္း ရွယ္ယာတစ္ခ်ိဳ႕ ပိုင္ဆိုင္ထားတယ္"
"ေအာ္"
"မေတြ႕တာေတာင္ၾကာၿပီေနာ္
သီရီၾကားတာေတာ့ ဒါ ရွယ္ယာရွင္ အစည္းအေဝး
ဝန္ထမ္းတစ္ေယာက္နဲ႕ မဆိုင္ဘူးနဲ႕တူတယ္
ေအာ္......
အခန္းထဲက ပစၥည္းေတြ သိမ္းဖို႔ေရာက္လာတာလား"
"မဟုတ္ပါဘူး
ဒီကိုပဲ လာတာပါ"
"လူဆိုတာ ကိုယ့္ေနရာ ကိုယ္သိရတယ္ေနာ္"
"ကြၽန္မ ဒီေနရာကို ေရာက္ေနတာ ဝန္ထမ္းတစ္ေယာက္အေနနဲ႕ မဟုတ္ပါဘူး
ရွယ္ယာရွင္တစ္ေယာက္ အေနနဲ႕ပါ"
ေရွ႕က မိန္းကေလးကို ေျပာတာလည္းျဖစ္သလို စူးစမ္းလိုဟန္ၾကည့္ေနေသာ မ်က္လုံးမ်ားကိုလည္း အသိေပးလိုက္ျခင္း ျဖစ္သည္။
"မျဖစ္နိုင္တာ
ဘယ္က.....ဘယ္လို....."
"အာ မင္းမသိေသးဘူးနဲ႕တူတယ္
တို႔ခ်စ္သူက high boss ေလ
ကဲ မိတ္ဆက္စရာ လူေတြရွိေသးလို႔ သြားလိုက္ဦးမယ္ေနာ္"
အားလုံးက ခြန္းကို အထူးအဆန္းလို ၾကည့္ေနသည္။
ေအးေလ ဝန္ထမ္းတစ္ေယာက္က ရွယ္ယာရွင္ တစ္ေယာက္ျဖစ္သြားတာ အထူးအဆန္းေပါ့.....
အခ်ိန္အတန္ၾကာ ခြန္းတို႔အစည္းအေဝးၿပီးဆုံးခဲ့ပါတယ္။
ေမာင့္ company ကိုလည္း ေမာင့္ဆီက ဘယ္သူမွ မရယူနိုင္။
ဒီလို အေျခအေနျဖစ္ေနတာေတာင္ ေမာင္အလုပ္မလုပ္နိုင္ေသးတဲ့အတြက္ အျပစ္ဆိုခ်င္ၾကေသးသည္။
သိပ္ကို ခက္လွသည့္ လူေတြပင္.......
Paing
23.10.2021
11:05 PM