You had me at hello

By Paing1001

278K 10.1K 302

လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကို... More

Greeting
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70(final)
About Extra
Extra 1
Extra 2
Extra 3
Extra 4 🚨
Extra 5
Extra 6
Extra 7(the end)

Part 57

2.3K 97 5
By Paing1001

Uni

အတိတ်တွေက သူ့ကိုလည်း ပင်ပန်းစေပါသည် နာကျင်စေပါသည်။
ဒါကို သူမလေး မသိလေရော့သလား။

သူပြောချင်တာတွေကိုသာ ပြောသွားသည့် မိန်းကလေး
သူ အပြစ်မတက်ရက်ပါ
သူ ဒီမိန်းကလေးကို သိပ်ချစ်သည်လေ။

သူမ ဖြတ်ကျော်ခဲ့ရတာတွေကို သူသိသည်။
သူမ ပင်ပန်းခဲ့ရတာတွေကိုလည်း သူသိသည်။
သူရဲ့ ဆန္ဒက သူမအနားမှာ နေချင်ရုံလေးပါ။
သူမကို ကာကွယ်ပေးချင်ရုံလေးပါ။

သူမ ဘဝကို နှောင့်ယှက်ဖျက်ဆီးဖို့ မဟုတ်ရပါ
သူမ ဘဝလေးကို ပို၍ သာယာစေချင်တာ သူ့ဆန္ဒပါ

ဒါပေမယ့် သူမနားမလည်
ရက်စက်သည်လို့တော့ မစွပ်စွဲချင်ပေမယ့် သူမ စကားလုံးတွေဖြင့် သူ့အသည်းကို အစိတ်စိတ်အမွှာမွှာ ခွဲနေသည်။

သူက သူမ့ဘဝကို ဖျက်စီးဖို့ ဝင်ရောက်လာသည်တဲ့လား။
သူ အရာအားလုံးကို သည်းခံနိုင်သည်။
ချစ်လွန်းလို့ သည်းခံခဲ့သည်။
ဒါပေမယ့် ဒီလို စကားတွေကတော့ သူ သည်းခံမှုကို စမ်းသပ်နေသလို။

သူမပြောချင်တာတွေကိုသာ ပြောလျက် သူ့ကို ကျောခိုင်းသွားသည်။
ချစ်လွန်းတော့လည်း အပြစ်မတင်ရက်ပါ။

ဒါပေမယ့် သူ့ကို တစ်ကြိမ်လောက်တော့ သူမ လှည့်ကြည့်သင့်တယ်မလား။
တစ်ကြိမ်လောက်ပါပဲ။
သူအများကြီး မတောင်းဆိုရပါ။

သူ အကြိမ်ပေါင်းများစွာ ခေါ်နေပေမယ့် သူမ လှည့်မကြည့်
မိုးဟာ သူရွာရမည့် အချိန်ကို သိသည့်တဲ့
မိုးစက်တွေဟာ လွမ်းဆွေးမှု၏ အစလား
လွမ်းဆွေးမှုကို ပို၍ အားသန်စေသည်လား။

အငြိုးကြီးစွာ ရွာနေသော မိုးစက်တွေကြားမှာ သူမ ပြေးလွှားနေသည်
သူမ တစ်ဖက်လမ်းသို့ ကူးစဥ် ကားတစ်စီး မောင်းနှင်းလာသည်
ပြင်းလိုက်သည့်အရှိန်

သူ သူမကိုခေါ်သည်
သူမ မကြား
တမင်တကာပဲ လျစ်လျူရှုထားတာလား

သူ အပြေးသွားသည်။
သူမကို ကယ်တင်ချင်ပါသည်။
သူမ တစ်ခုခုဖြစ်မှာ သူ သေမလောက်ကြောက်ပါသည်။

သူ သူမကို ကယ်တင်နိုင်ခဲ့ရဲ့လား
သေးငယ်သော သူမကိုယ်လေးကို သူတွန်းထုတ်နိုင်ခဲ့ရဲ့လား။

သူလဲကျသွားသည်။
သူ သူမကို ကယ်တင်နိုင်ခဲ့သည် ထင်ပါရဲ့။
သူမ သူ့ရှေ့မှာ သူ့ကိုကျောခိုင်းလျက် လဲကျနေသည်။

သူ သူမဆီ ရောက်အောင် သွားချင်သည်။
သူ ကြိုးစား၍ ရပ်နေသည်
သူထ မရ
သူ ခြေထောက်တွေကို တရွတ်တိုက်ဆွဲလျက် သူ့လက်ကို ဆန့်ကာ သူမ ဆီသွားနေမိသည်။

မိုးစက်တွေက သူ့ကိုယ်ပေါ်ကျလာသည်။
သူ့ ခန္ဓာကိုယ်မှာ စေးကပ်ကပ်အရည်တွေ ခံစားရသည်။
အနီရောင် ရေအိုင်ကြီးက သူ့ဘေးနားမှာ နေရာယူထားသည်။

သူ သူ့မကို ခေါ်သည်။
သူခေါ်၍မရ
သူ သူမဆီ သွားသည်။
သူ သွား၍မရ

ဒါဆို သူမများ သူ့ကို လှည့်ကြည့်မလား
သူမ သူ့ဆီ လာမလား

သူမ လှည့်မကြည့်
တစ်ခေါက်လေးတောင် သူမလှည့်မကြည့်ခဲ့

ဆန့်တန်းထားသော သူ့လက်တွေ အားပျော့ကုန်သည်
သူမ ခန္ဓာကိုယ်လေးဟာ သူ့မျက်ဝန်းထဲမှာ ဝေးဝါးလျက် ပျောက်ကွယ်လုနီး
မျှော်လင့်ချက် ဆံခြည်မျှင်တစ်မျှင်ဟာလည်း တစစီပြိုကွဲလျက်

သူရဲ့ ဘယ်ဘက်ရင်အုံဟာ စူးနစ်စွာ နာကျင်လှချည်လား.......

ပြည်မြို့ ဆေးရုံကြီးရဲ့ အရေးပေါ်ခန်းရှေ့တွင် မိန်းကလေးတစ်ယောက် ထိုင်နေသည်။
သူမကို ကြည့်ရတာ အသက်မရှိသည့် လူတစ်ယောက်လို
တစ်ချက်မလှုပ် တစ်ချက်မရွေ့ ကြမ်းပြင်ကိုသာ ငေးစိုက်လျက် ကြည့်နေသည်။

သူမ ခန္ဓာကိုယ်မှ ရေစက်တွေဟာ ကြမ်းပြင်ပေါ်သို့ တစ်စက်ပြီး တစ်စက်ကျနေသည်။
သူမ မျက်ရည်တွေလည်း ပါကောင်းပါနိုင်ရဲ့....

မကြာမီ လူနာရဲ့ မိသားစုဝင်တွေ ရောက်လာသည်။
လူနာရဲ့ မိခင်က သူမကို ခါးသက်စွာ တစ်ချက်ကြည့်ပြီး လှည့်သွားသည်။
လူကြီးတစ်ယောက်က အားနာပြီး ဂရုဏာသက်စွာ ကြည့်သည်။
ဒါတွေကို သူမ မသိ.....

မကြာမီ နောက်ထပ်လူကြီး တစ်ယောက် သူမဘေးသို့ ဝင်ထိုင်လိုက်ပါသည်။

"သမီး
ဦးလေးက ခန့်ညားရဲ့ ဖေဖေပါ

သမီး ခံစားနေရမယ်ဆိုတာ ဦးလေးနားလည်ပါတယ်"

ဒီ မိန်းကလေး သူ့စကားတွေကို နားထောင်နေရဲ့လား သူသေချာမသိ

"သမီး ဒီလို နေနေတာမြင်ရင် ခန့်ညားလည်း စိတ်ကောင်းမှာ မဟုတ်ဘူး
သမီး အဝတ်အစားလဲပြီး ပြန်နားလိုက်ပါ
ခန့်ညား သတိမရခင် သမီး အရင်လဲသွားလို့မဖြစ်ဘူးလေ"

တစ်စက်မှ မရွေ့ချင် ဒီနေရာကနေ
ခေါင်းမာစွာ နေချင်သေးသည်။
ဒါပေမယ့် သူမချစ်ရတဲ့ သူရဲ့ မိသားစုဝင်တွေထဲမှာ သူ့ကို တစ်ယောက်တည်းကပဲ အဖက်လုပ်တာမလား။

လေးစားသောအားဖြင့် လျစ်လျုမရှုသင့်
မတ်တပ်ရပ်လိုက်ပါသည်။
မူးဝေလှသော ခေါင်းကို အားတင်းကာ လျောက်လှမ်းလိုက်သည်။

ခွန်းရဲ့ ခြေထောက်တွေဟာ အောက်ခြေနဲ့မထိ
လေပေါ်မှာ လျှောက်နေရသလို
ခွန်း မခံနိုင်တော့ပါ။
ခွန်းခြေထောက်တွေ အားပျော့လျက် ခွန်းလဲကျသွားသည်။

ခွန်းကို အပြေးလာရောက်ထွေးပွေးမယ့် သူမရှိပါ
ခွန်းကို လာရောက်ကယ်တင်မယ့် သူမရှိပါ
ခွန်းရဲ့ မျက်ဝန်းတွေဟာ နီးစပ်လျက် မှောင်မိုက်ခြင်း ကမ္ဘာထဲသို့.......

သူ ခွန်းကို ကျောခိုင်းထားသည်။
ခွန်း သူ့ကို ခေါ်နေသည်။
ခွန်း လက်တွေကို ဆန့်တန်းလျက် သူကိုခေါ်နေမိသည်။
ဒီလို အခြေအနေမျိုး ခွန်းကြုံဖူးသည်ဟု ခံစားရသည်။

အဲ့ဒီတုန်းက ခွန်း သူ့လက်ကို ဆုပ်ကိုင်နိုင်ခဲ့သည်။
နွေးထွေးလှသော လက်တစ်စုံက ခွန်းကို ဆုပ်ကိုင်ခဲ့သည်။
အခုရော အခု သူ ခွန်းကို လှည့်မကြည့်ပါ။
သူ ခွန်းကို ကျောခိုင်းထားသည်။

ခွန်း သူ့နာမည်ကို ခေါ်မိပါသည်။

'မောင်'

'မောင့်'

သူ လှည့်ကြည့်သည်။
သူ ခွန်းကို လှည့်ကြည့်သည်။
သူ မျက်ဝန်းမှာ မျက်ရည်တွေ အပြည့်။
သူ မျက်ရည်တွေ ခြောက်သွားသည်။
သူ ခွန်းဆီမလာ။
ခွန်းကိုသာ စိုက်ကြည့်နေသည်။

သူ့အကြည့်တွေက စူးရှလွန်းသည်။
နာကျည်း ဝမ်းနည်းမှုအပြည့်။
သူ ပြန်လည် ကျောခိုင်းသွားသည်။

ဘုရားရေ သူ ခွန်းကို စိတ်နာသွားပြီလား.....

ဟင့်အင်း.....ဟင့်အင်း......
ခွန်းသူ့ကို သိပ်ချစ်ပါတယ်
ခွန်းငိုခဲ့ပါတယ် ရှိုက်ကြီးတငင်......

"ခွန်း....ခွန်း..... သတိထားဦးလေ ခွန်းးးး"

ငိုကြွေးနေသော ခွန်းမျက်လုံးတွေ ပွင့်သွားသည်။
ခွန်းက ထူးဆန်းစွာ စိုက်ကြည့်နေပါသည်။
ဘာတွေ ဖြစ်ပျက်ခဲ့ဆိုတာ ပြန်စဥ်းစားနေတာ ဖြစ်နိုင်ပါသည်။

"ခွန်း သတိရလာပြီလား အဆင်ပြေရဲ့လား
မှတ်မိရဲ့လား"

"မောင် မောင်......
ခန့်ညားထည်ဝါ ဘယ်မှာလဲ
အမရာ သူ ဘယ်မှာလဲ"

အိမ်မက်ကမ္ဘာထဲမှ နှိုးထလာသူ တစ်ယောက်လို သွေးရူးသွေးတန်း အော်နေသည့်ခွန်း
မျက်ဝန်းမှာ မျက်ရည်တွေကအပြည့်

"စိတ် အေးအေးထားပါ ခွန်းရယ်"

"သူ ဘယ်မှာလဲ ငါ သူ့ကိုတွေ့ချင်တယ် အမရာ"

"ဟုတ်ပြီ နင်သူ့ကို တွေ့ရမယ် စိတ်လျှော့
ခွန်းးးး စိတ်လျှော့ စိတ်အေးအေးထား"

ပုံမှန် အတိုင်းဖြစ်ရန် စိတ်ကိုလျှော့ချနေသည့်သူ
အမရာ ဘေးကနေသာ စောင့်ကြည့်နေလိုက်သည်။

"ရပြီ တော်တယ် ခွန်း"

"အမရာ သူဘယ်မှာလဲ သူ့အခြေအနေ ဘယ်လိုလဲ
ငါ မေ့နေတာရော ဘယ်လောက်ကြာပြီလဲ"

"နင်မေ့နေတာ ၃ ရက်လောက်ရှိပြီ"

"ဘယ်လို"

"ဟုတ်တယ် ခွန်း နင်သိပ်ကို အားနည်းနေတာ
နင်ကို အားပြည့်အောင် ဆေးတွေဆက်တိုက်သွင်းနေရတာ"

"အော်

သူရော သူ ဘယ်မှာလဲ"

"အင်းပါ ငါပြောပါ့မယ်"

"မြန်မြန်ပြောပါ"

"ခွန်း အရင်ဆုံး နင်စိတ်အေးအေးထားနော်"

"အင်း"

"ငါပြောတာကို နားထောင်

သူ သူ ခြေထောက် တော်တော်ထိခိုက်သွားတယ်
အာရုံကြောလည်း နည်းနည်းထိသွားတယ်

အဲ့တော့ သူအခု ဆေးကုသမှု ခံယူနေရတယ်"

"ဘယ်မှာလဲ ဘယ်မှာခံယူနေတာလဲ
ငါ သူ့ကို တွေ့ချင်တယ်
အဲ့တာ ငါကြောင့်
သူအခုလို ဖြစ်ရတာ ငါကြောင့်....."

"မဟုတ်ဘူး
နင့်ကြောင့် မဟုတ်ပါဘူး
စိတ်အေးအေးထားစမ်းပါ ခွန်းရယ်"

"ဟင့်အင်း
ငါလေ ငါ ငါ သူ့ကိုသိပ်ချစ်ပါတယ်ဟာ
ဒါပေမယ့် ငါတို့ အခြေအနေတွေက မဖြစ်နိုင်လို့ပါ

ငါ သူ့ကိုတွေ့ချင်တယ် ငါ သူ့ကိုတကယ် တွေ့ချင်တယ်
အမရာ ငါ့ကို တွေ့ခွင့်ပေးပါ နော် နော်လို့"

အမရာ ဆက်မကြည့်နိုင်တော့
ခွန်းကို သိပ်သနားလှပြီ။
မျက်ရည်အပြည့်နဲ့ မရပ်မနား တောင်းပန်နေသည်။
တစ်စုံတစ်ယောက်ကိုလည်း သိပ်ကို တွေ့ချင်နေသည်။

လူတွေဟာ တစ်ခါတစ်ရံတော့ သိပ်ခက်လှသည်။
အနားမှာ ရှိနေရင် ကျောခိုင်းထားတတ်ပြီး မရှိတော့မှ တကယ်လိုအပ်မှန်း သိသည်။
ခွန်းရယ် ငါ နင့်ကို ဘယ်လို နှစ်သိမ့်ပေးရပါ့မလဲ

"ခွန်း ငါနင့်ကို ပြောပြမယ်
သေချာနားထောင်"

ခွန်းက မျှော်လင့်ချက် တစ်ခုတွေ့သွားသလို ငြိမ်ကျလျက် အမရာကို ကြည့်နေသည်။
သူ အမရာ့နှုတ်က ဘာတွေများ မျှော်လင့်နေတာလဲ။

"သူ ထိခိုက်မိထားလို့ အခု ဆေးကုသမှု ခံယူနေရတယ် ခွန်း
ဒီမှာ မဟုတ်ဘူး တခြားမှာ သွားကုနေတာ

အဲ့တော့ သူပြန်လာရင် နင်သူ့ကို ပြုစုနိုင်ဖို့ အားရှိနေမှ ဖြစ်မယ်
နင် ကျန်းမာအောင် နေရမယ်"

"ဒါပေမယ့် ငါ.....

"ခွန်း သူ့အခြေအနေကို ငါ မင်းဆက်ကို နေ့တိုင်းမေးပေးမယ်
သူ ပြန်လာရင် နင်တွေ့ရမှာပါ
နင်က ကျန်းမာရေး ဂရုစိုက်ဖို့ပဲ
ဟုတ်ပြီနော်

နင် ဝမ်းနည်းပူဆွေးနေတာကိုလည်း သူ မြင်ချင်မှာ မဟုတ်ဘူး"

"ဟုတ်တယ်နော်
ငါ ကျန်းမာရေးဂရုစိုက်ရင် ရတယ်မလား
ဒါပေမယ့် ငါသူနဲ့တွေ့ချင်တယ်
သူ့ဘေးနားမှာ နေချင်တယ်"

"နေရမှာပါ ခွန်းရယ်
သူ့ကို ဂရုစိုက်ဖို့ နင်က ကျန်းမာနေမှ ဖြစ်မယ်လေ
ငါ့သူငယ်ချင်းက လိမ္မာပါတယ် နော်"

"အင်း ငါကျန်းမာအောင်နေမယ်
ငါ့ကိုတော့ သူ့အခြေအနေကို နေ့တိုင်းပြောပြပါနော်"

"အင်းပါ ခွန်းရယ်

လာပါဦး ဖက်ထားချင်လို့"

ခွန်းရယ် ငါနင့်အတွက် ဘာများလုပ်ပေးနိုင်မလဲ
သိပ်ချစ်ကြတဲ့သူနှစ်ယောက်ကို ဘာလို့ ဒီလောက်ထိ နာကျင်စေရတာလဲ

ခဏအကြာတွင်တော့ ဆေးရှိန်ကြောင့် ခွန်းအိပ်ပျော်သွားသည်။
ခွန်းအိပ်ပျော်သွားသောအခါ အမရာထွက်လာလိုက်ပါသည်။
အချစ်ဆုံးသူငယ်ချင်းကို လိမ်ညာရခြင်းဟာလည်း တကယ်ကိုခက်ခဲတဲ့ ကိစ္စတစ်ရပ်ပင်။

"အမရာ"

"မမသန္တာ"

"ခွန်း အခြေအနေ ဘယ်လိုရှိလဲ သက်သာရဲ့လား"

"ဟုတ် သက်သာပါတယ် မမ
နားဖို့တော့ လိုသေးတယ်"

"အေးပါ
ဒါနဲ့ ဟိုကောင်လေးရော ဘယ်လိုလဲ"

"သူက သူက......

"ဘာဖြစ်လို့လဲ အမရာ
မြန်မြန်ပြောစမ်းပါ ရင်တွေပူလို့"

"သူ အများကြီးထိခိုက်သွားတယ်
အခု ပြည်ပမှာ သွားပြီးဆေးကုနေတယ်"

"အများကြီးထိခိုက်တယ်ဆိုတာ....."

"ဟို.... ဟိုဟာ.....

"ပြောပါ အမရာရယ်
မြန်မြန်ပြောပါ"

"သူ သူ မလှုပ်ရှားနိုင်တော့ဘူးမမ
သူတစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေအားလုံး သေသွားပြီ"

"ဘုရားရေ.....
အမရာ ဘယ်လိုပြောလိုက်တယ်
ကိုမာဝင်သွားတာလား"

"အဲ့ဒီသဘောပဲ မမ
ကိုမာဝင်တဲ့သူကမှ အသိရှိအုံးမယ်
သူက အသိတွေပါ မရှိတော့သလိုပဲ

အာရုံကြောတွေ ထိသွားလို့ ခန္ဓာကိုယ်တစ်ခုလုံးလည်း မလှုပ်ရှားနိုင်တော့ဘူး
မှတ်ဥာဏ်တွေလည်း အကုန်ချို့ယွင်းသွားတာ
သူ ဘာကိုမှ မသိတော့ဘူး မမ"

"ဘုရား ဘုရားးးးးးး
သက်သာ လာနိုင်ခြေရော ရှိလား အမရာ"

"သူတို့လည်း သေချာမသိသေးဘူးမမ
ဒီမှာ အခြေအနေမဟန်လို့ ဟိုကိုခေါ်သွားတာပဲ
ဘယ်လို လာအုံးမလဲတော့ မသိဘူး"

"ဖြစ်မှ ဖြစ်ရလေ
ဒါတွေကို ခွန်းမသိသေးဘူးမလား"

"အင်း

ဘယ်လို ​ပြောပြရမှန်း မသိသေးဘူး
မင်းဆက်ကလည်း ဖြစ်နိုင်ရင် မပြောစေ့ချင်သေးဘူးတဲ့
သူ အခြေအနေကို စောင့်ကြည့်ဦးမယ်တဲ့"

ဒီကလေး နှစ်ယောက်အတွက် ဘာများ လုပ်ပေးရမလဲ

"အေးပါကွယ်
အမြန်ဆုံးသက်သာဖို့ ဆုတောင်းပေးရမှာပဲ"

"ဟုတ်တယ် မမ
သူသာ တစ်ခုခုဖြစ်ရင် ခွန်း သူ့ကိုယ့်သူ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး"

တိုက်ဆိုင်လိုက်တဲ့ ဘဝတွေ
ဘာလို့ ညီမလေးမှ ဒီလို အဖြစ်မျိုးတွေရင်ဆိုင်နေရတာလဲ

"သန္တာ"

"မကြီး"

"စကား ခဏလောက်ပြောရအောင်"

"ဘာကိစ္စရှိလို့လဲ မကြီး"

"ဘာလို့ ဖုံးကွယ်ထားတာလဲ
အဲ့ဒီ ကောင်လေးက သူတို့သားပေါ့ ဟုတ်လား

သန္တာ ပြောစမ်းပါ"

"ဟုတ်ပါတယ် မကြီး"

"ဘယ်တုန်းက သိတာလဲ"

"သိပ်မကြာသေးပါဘူး"

"ဘာလို့ ဘာမှ မပြောရတာလဲ သန္တာရယ်
အခုတော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ကုန်ပြီ

စောစောသာ သိခဲ့ရင် ညီမလေးကို မပတ်သတ်ဖို့ တားရမှာပေါ့"

"ညီမလေး သိတယ်"

"သိတယ် သိရယ်သားနဲ့ ပတ်သတ်ခဲ့တာပေါ့"

မမကြီးမျက်နှာမှာ စိတ်လှုပ်ရှားမှု ဒေါသ ခံပြင်းမှုတွေကို တွေ့ရသည်။

"မဟုတ်ဘူး မကြီး ခွန်းလည်း အဲ့ဒီကောင်လေးကို အတတ်နိုင်ဆုံး ရှောင်ခဲ့တာ
ဒါပေမယ့်......"

"ရှောင်ခဲ့ရင် ဘာလို့ ချစ်သူတွေ ဖြစ်ကြသေးလဲ
သူ မပတ်သတ်သင့်ဘူး ဆိုတာ မသိဘူးလား"

လူတွေဟာ တစ်ခါတစ်ရံတော့ သိပ်ကို အတ္တကြီးသည်။
သူတို့ ခံစားချက် သူတို့ ခံယူချက်တစ်ခုတည်းကြောင့် တခြားသူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုလိုက်တာလား။

"မမတို့ အမရာ့ကို စကားနည်းနည်းလောက် ပြောခွင့်ပြုပါလား"

"အမရာ"

"ဘာပြောချင်လို့လဲ အမရာ"

"ခွန်းအကြောင်းပါ
ဒီထက်ပိုသေချာအောင် ပြောရရင် ခွန်းသံသာချိုနဲ့ ခန့်ညားထည်ဝါရဲ့ အကြောင်းပါ"

"ဘာပြောချင်တာလဲ အမရာ"

မမကြီးက အမရာ့မျက်နှာကို စေ့စေ့ကြည့်လျက် မေးလေသည်။
အမရာ့သူငယ်ချင်းအတွက် ဒီလောက်တော့ လုပ်ပေးရမယ်မလား။
ချစ်ရသူ နှစ်ယောက်ကို ဒီထက်ပိုပြီး မဝေးကွာစေ့ချင်ပါ။

"ခွန်းနဲ့ ခန့်ညားထည်ဝါက အခုမှ တွေ့တာ မဟုတ်ပါဘူး
တက္ကသိုလ်တက်ကတည်းက သူတို့ သိခဲ့ကြတာ

ခန့်ညားထည်ဝါ ခွန်းကို သဘောကျခဲ့တယ်
အဲ့ဒီအချိန်တည်းက
အဲ့ဒီထက်တောင် စောချင်စောအုံးမှာ

ဒါပေမယ့် ခွန်းက အားလုံးကို သိတယ်
သူ့မိသားစုနဲ့ သူ့အစ်မတွေ ဘယ်လိုပတ်သတ်လဲဆိုတာ
အဲ့တာကြောင့် သူအဲ့ဒီအချိန်တည်းက ခန့်ညားထည်ဝါကို ငြင်းခဲ့တယ်
အတတ်နိုင်ဆုံး​ ရှောင်ခဲ့တယ်

မမတို့သိတယ်မလား
ခွန်းက အားလုံးရှေ့မှာ အဆင်ပြေချင်ယောင်ပဲဆောင်တတ်တာ
ဒါပေမယ့် သူတကယ် အဆင်ပြေနေတာမဟုတ်ဘူး

ဘယ်သူ့ကိုမှ မပြတဲ့ သူရဲ့အဆင်မပြေမှုတွေ ဝမ်းနည်းမှုတွေ ပင်ပန်းမှုတွေ နာကျင်မှုတွေကို အဲ့ဒီလူ တစ်ယောက်တည်းရှေ့မှာပဲ ပြခဲ့တာ
ခွန်းလည်း အဲ့ဒီလူကို ချစ်ခဲ့တယ်
ဒါပေမယ့် အကြောင်းအရာမျိုးစုံကြောင့်.....

သူတို့တွေ ဝေးခဲ့ကြတယ်
နှစ်တွေကြာတော့ ပြန်တွေ့ခဲ့တယ်
အဲ့ဒီအချိန်မှာလည်း ခန့်ညားထည်ဝါ ခွန်းအပေါ်ထားတဲ့ သဘောထားက မပြောင်းလဲဘူး
ခွန်းကို ချစ်တုန်းပဲ
အလိုလိုက်တုန်းပဲ
ခွန်းအတွက်ဆို အားလုံးဖြည့်ဆည်းပေးတုန်းပဲ

ခွန်းကလည်း အဲ့လိုပဲ
ခန့်ညားထည်ဝါရှေ့ဆို သူငိုလွယ်တယ် ရယ်လွယ်တယ်
ဆိုးတယ် ကလေးတစ်ယောက်လိုပဲ
ဒါပေမယ့် ခွန်း အတတ်နိုင်ဆုံး သူ့ခံစားချက်တွေကို ထိန်းခဲ့ပါတယ်

လူတစ်ယောက်က ကိုယ့်ကိုသိပ်ချစ်ပြီး သိပ်ဂရုစိုက်တဲ့ လူတစ်ယောက်
ကိုယ်ကိုယ်တိုင်ကလည်း ချစ်နေတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး အကြိမ်ကြိမ်အခါခါ ငြင်းဆိုနိုင်မှာလဲ

ခွန်း အဲ့ဒီလူကို ပြန်ချစ်ခဲ့တယ်
ဒါပေမယ့် သူ့စိတ်ထဲမှာ အချိန်တိုင်း မတန်ဘူး မဖြစ်နိုင်ဘူး မပေါင်းဖက်နိုင်ဘူး
အဲ့ဒီအသိတွေက ခွန်းစိတ်ထဲမှာ အချိန်တိုင်းစွဲနေခဲ့တာ

ခွန်းက သာမန်လူသားတစ်ယောက်ပါ မမ
သူ့စိတ်ကို သူပိုင်ပါတယ်
ဒါပေမယ့် သူ့စိတ်ကို သူ့အသိနဲ့ အမြဲတမ်းထိန်းချုပ်ခဲ့တာ
ဟိုးငယ်ငယ်လေးကတည်းက ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲတမ်းရွေးချယ်ခဲ့တဲ့ သူပါ

ဒီတစ်ကြိမ်တော့ သူ ဖြစ်သင့်တာကို လျစ်လျူရှုသင့်တယ်မလား"

ဒီစကားတွေကို ပြောသင့်လား မပြောသင့် အမရာကိုယ်တိုင် မသိ
ဒါပေမယ့် တွန့်ဆုတ်ခြင်း အလျဥ်းမရှိ ပြောပြီးပြီ

အမှားတွေလုပ်ခဲ့တာဟာ လူကြီးတွေ
အမှားရဲ့ ရိုက်ခက်မှုဒဏ်ကို အလူးအလဲခံနေရတာ လူငယ်တွေ
သူတို့ ကိုယ်ချင်းစာနိုင်ကောင်းပါရဲ့.....

Paing
10:34 PM
7.10.2021


Zawgyi

အတိတ္ေတြက သူ႕ကိုလည္း ပင္ပန္းေစပါသည္ နာက်င္ေစပါသည္။
ဒါကို သူမေလး မသိေလေရာ့သလား။

သူေျပာခ်င္တာေတြကိုသာ ေျပာသြားသည့္ မိန္းကေလး
သူ အျပစ္မတက္ရက္ပါ
သူ ဒီမိန္းကေလးကို သိပ္ခ်စ္သည္ေလ။

သူမ ျဖတ္ေက်ာ္ခဲ့ရတာေတြကို သူသိသည္။
သူမ ပင္ပန္းခဲ့ရတာေတြကိုလည္း သူသိသည္။
သူရဲ႕ ဆႏၵက သူမအနားမွာ ေနခ်င္႐ုံေလးပါ။
သူမကို ကာကြယ္ေပးခ်င္႐ုံေလးပါ။

သူမ ဘဝကို ႏွောင့္ယွက္ဖ်က္ဆီးဖို႔ မဟုတ္ရပါ
သူမ ဘဝေလးကို ပို၍ သာယာေစခ်င္တာ သူ႕ဆႏၵပါ

ဒါေပမယ့္ သူမနားမလည္
ရက္စက္သည္လို႔ေတာ့ မစြပ္စြဲခ်င္ေပမယ့္ သူမ စကားလုံးေတြျဖင့္ သူ႕အသည္းကို အစိတ္စိတ္အမႊာမႊာ ခြဲေနသည္။

သူက သူမ့ဘဝကို ဖ်က္စီးဖို႔ ဝင္ေရာက္လာသည္တဲ့လား။
သူ အရာအားလုံးကို သည္းခံနိုင္သည္။
ခ်စ္လြန္းလို႔ သည္းခံခဲ့သည္။
ဒါေပမယ့္ ဒီလို စကားေတြကေတာ့ သူ သည္းခံမႈကို စမ္းသပ္ေနသလို။

သူမေျပာခ်င္တာေတြကိုသာ ေျပာလ်က္ သူ႕ကို ေက်ာခိုင္းသြားသည္။
ခ်စ္လြန္းေတာ့လည္း အျပစ္မတင္ရက္ပါ။

ဒါေပမယ့္ သူ႕ကို တစ္ႀကိမ္ေလာက္ေတာ့ သူမ လွည့္ၾကည့္သင့္တယ္မလား။
တစ္ႀကိမ္ေလာက္ပါပဲ။
သူအမ်ားႀကီး မေတာင္းဆိုရပါ။

သူ အႀကိမ္ေပါင္းမ်ားစြာ ေခၚေနေပမယ့္ သူမ လွည့္မၾကည့္
မိုးဟာ သူ႐ြာရမည့္ အခ်ိန္ကို သိသည့္တဲ့
မိုးစက္ေတြဟာ လြမ္းေဆြးမႈ၏ အစလား
လြမ္းေဆြးမႈကို ပို၍ အားသန္ေစသည္လား။

အၿငိဳးႀကီးစြာ ႐ြာေနေသာ မိုးစက္ေတြၾကားမွာ သူမ ေျပးလႊားေနသည္
သူမ တစ္ဖက္လမ္းသို႔ ကူးစဥ္ ကားတစ္စီး ေမာင္းႏွင္းလာသည္
ျပင္းလိုက္သည့္အရွိန္

သူ သူမကိုေခၚသည္
သူမ မၾကား
တမင္တကာပဲ လ်စ္လ်ဴရႈထားတာလား

သူ အေျပးသြားသည္။
သူမကို ကယ္တင္ခ်င္ပါသည္။
သူမ တစ္ခုခုျဖစ္မွာ သူ ေသမေလာက္ေၾကာက္ပါသည္။

သူ သူမကို ကယ္တင္နိုင္ခဲ့ရဲ႕လား
ေသးငယ္ေသာ သူမကိုယ္ေလးကို သူတြန္းထုတ္နိုင္ခဲ့ရဲ႕လား။

သူလဲက်သြားသည္။
သူ သူမကို ကယ္တင္နိုင္ခဲ့သည္ ထင္ပါရဲ႕။
သူမ သူ႕ေရွ႕မွာ သူ႕ကိုေက်ာခိုင္းလ်က္ လဲက်ေနသည္။

သူ သူမဆီ ေရာက္ေအာင္ သြားခ်င္သည္။
သူ ႀကိဳးစား၍ ရပ္ေနသည္
သူထ မရ
သူ ေျခေထာက္ေတြကို တ႐ြတ္တိုက္ဆြဲလ်က္ သူ႕လက္ကို ဆန့္ကာ သူမ ဆီသြားေနမိသည္။

မိုးစက္ေတြက သူ႕ကိုယ္ေပၚက်လာသည္။
သူ႕ ခႏၶာကိုယ္မွာ ေစးကပ္ကပ္အရည္ေတြ ခံစားရသည္။
အနီေရာင္ ေရအိုင္ႀကီးက သူ႕ေဘးနားမွာ ေနရာယူထားသည္။

သူ သူ႕မကို ေခၚသည္။
သူေခၚ၍မရ
သူ သူမဆီ သြားသည္။
သူ သြား၍မရ

ဒါဆို သူမမ်ား သူ႕ကို လွည့္ၾကည့္မလား
သူမ သူ႕ဆီ လာမလား

သူမ လွည့္မၾကည့္
တစ္ေခါက္ေလးေတာင္ သူမလွည့္မၾကည့္ခဲ့

ဆန့္တန္းထားေသာ သူ႕လက္ေတြ အားေပ်ာ့ကုန္သည္
သူမ ခႏၶာကိုယ္ေလးဟာ သူ႕မ်က္ဝန္းထဲမွာ ေဝးဝါးလ်က္ ေပ်ာက္ကြယ္လုနီး
ေမွ်ာ္လင့္ခ်က္ ဆံျခည္မွ်င္တစ္မွ်င္ဟာလည္း တစစီၿပိဳကြဲလ်က္

သူရဲ႕ ဘယ္ဘက္ရင္အုံဟာ စူးနစ္စြာ နာက်င္လွခ်ည္လား.......

ျပည္ၿမိဳ႕ ေဆး႐ုံႀကီးရဲ႕ အေရးေပၚခန္းေရွ႕တြင္ မိန္းကေလးတစ္ေယာက္ ထိုင္ေနသည္။
သူမကို ၾကည့္ရတာ အသက္မရွိသည့္ လူတစ္ေယာက္လို
တစ္ခ်က္မလႈပ္ တစ္ခ်က္မေ႐ြ႕ ၾကမ္းျပင္ကိုသာ ေငးစိုက္လ်က္ ၾကည့္ေနသည္။

သူမ ခႏၶာကိုယ္မွ ေရစက္ေတြဟာ ၾကမ္းျပင္ေပၚသို႔ တစ္စက္ၿပီး တစ္စက္က်ေနသည္။
သူမ မ်က္ရည္ေတြလည္း ပါေကာင္းပါနိုင္ရဲ႕....

မၾကာမီ လူနာရဲ႕ မိသားစုဝင္ေတြ ေရာက္လာသည္။
လူနာရဲ႕ မိခင္က သူမကို ခါးသက္စြာ တစ္ခ်က္ၾကည့္ၿပီး လွည့္သြားသည္။
လူႀကီးတစ္ေယာက္က အားနာၿပီး ဂ႐ုဏာသက္စြာ ၾကည့္သည္။
ဒါေတြကို သူမ မသိ.....

မၾကာမီ ေနာက္ထပ္လူႀကီး တစ္ေယာက္ သူမေဘးသို႔ ဝင္ထိုင္လိုက္ပါသည္။

"သမီး
ဦးေလးက ခန့္ညားရဲ႕ ေဖေဖပါ

သမီး ခံစားေနရမယ္ဆိုတာ ဦးေလးနားလည္ပါတယ္"

ဒီ မိန္းကေလး သူ႕စကားေတြကို နားေထာင္ေနရဲ႕လား သူေသခ်ာမသိ

"သမီး ဒီလို ေနေနတာျမင္ရင္ ခန့္ညားလည္း စိတ္ေကာင္းမွာ မဟုတ္ဘူး
သမီး အဝတ္အစားလဲၿပီး ျပန္နားလိုက္ပါ
ခန့္ညား သတိမရခင္ သမီး အရင္လဲသြားလို႔မျဖစ္ဘူးေလ"

တစ္စက္မွ မေ႐ြ႕ခ်င္ ဒီေနရာကေန
ေခါင္းမာစြာ ေနခ်င္ေသးသည္။
ဒါေပမယ့္ သူမခ်စ္ရတဲ့ သူရဲ႕ မိသားစုဝင္ေတြထဲမွာ သူ႕ကို တစ္ေယာက္တည္းကပဲ အဖက္လုပ္တာမလား။

ေလးစားေသာအားျဖင့္ လ်စ္လ်ဳမရႈသင့္
မတ္တပ္ရပ္လိုက္ပါသည္။
မူးေဝလွေသာ ေခါင္းကို အားတင္းကာ ေလ်ာက္လွမ္းလိုက္သည္။

ခြန္းရဲ႕ ေျခေထာက္ေတြဟာ ေအာက္ေျခနဲ႕မထိ
ေလေပၚမွာ ေလွ်ာက္ေနရသလို
ခြန္း မခံနိုင္ေတာ့ပါ။
ခြန္းေျခေထာက္ေတြ အားေပ်ာ့လ်က္ ခြန္းလဲက်သြားသည္။

ခြန္းကို အေျပးလာေရာက္ေထြးေပြးမယ့္ သူမရွိပါ
ခြန္းကို လာေရာက္ကယ္တင္မယ့္ သူမရွိပါ
ခြန္းရဲ႕ မ်က္ဝန္းေတြဟာ နီးစပ္လ်က္ ေမွာင္မိုက္ျခင္း ကမၻာထဲသို႔.......

သူ ခြန္းကို ေက်ာခိုင္းထားသည္။
ခြန္း သူ႕ကို ေခၚေနသည္။
ခြန္း လက္ေတြကို ဆန့္တန္းလ်က္ သူကိုေခၚေနမိသည္။
ဒီလို အေျခအေနမ်ိဳး ခြန္းႀကဳံဖူးသည္ဟု ခံစားရသည္။

အဲ့ဒီတုန္းက ခြန္း သူ႕လက္ကို ဆုပ္ကိုင္နိုင္ခဲ့သည္။
ႏြေးေထြးလွေသာ လက္တစ္စုံက ခြန္းကို ဆုပ္ကိုင္ခဲ့သည္။
အခုေရာ အခု သူ ခြန္းကို လွည့္မၾကည့္ပါ။
သူ ခြန္းကို ေက်ာခိုင္းထားသည္။

ခြန္း သူ႕နာမည္ကို ေခၚမိပါသည္။

'ေမာင္'

'ေမာင့္'

သူ လွည့္ၾကည့္သည္။
သူ ခြန္းကို လွည့္ၾကည့္သည္။
သူ မ်က္ဝန္းမွာ မ်က္ရည္ေတြ အျပည့္။
သူ မ်က္ရည္ေတြ ေျခာက္သြားသည္။
သူ ခြန္းဆီမလာ။
ခြန္းကိုသာ စိုက္ၾကည့္ေနသည္။

သူ႕အၾကည့္ေတြက စူးရွလြန္းသည္။
နာက်ည္း ဝမ္းနည္းမႈအျပည့္။
သူ ျပန္လည္ ေက်ာခိုင္းသြားသည္။

ဘုရားေရ သူ ခြန္းကို စိတ္နာသြားၿပီလား.....

ဟင့္အင္း.....ဟင့္အင္း......
ခြန္းသူ႕ကို သိပ္ခ်စ္ပါတယ္
ခြန္းငိုခဲ့ပါတယ္ ရွိုက္ႀကီးတငင္......

"ခြန္း....ခြန္း..... သတိထားဦးေလ ခြန္းးးး"

ငိုေႂကြးေနေသာ ခြန္းမ်က္လုံးေတြ ပြင့္သြားသည္။
ခြန္းက ထူးဆန္းစြာ စိုက္ၾကည့္ေနပါသည္။
ဘာေတြ ျဖစ္ပ်က္ခဲ့ဆိုတာ ျပန္စဥ္းစားေနတာ ျဖစ္နိုင္ပါသည္။

"ခြန္း သတိရလာၿပီလား အဆင္ေျပရဲ႕လား
မွတ္မိရဲ႕လား"

"ေမာင္ ေမာင္......
ခန့္ညားထည္ဝါ ဘယ္မွာလဲ
အမရာ သူ ဘယ္မွာလဲ"

အိမ္မက္ကမၻာထဲမွ ႏွိုးထလာသူ တစ္ေယာက္လို ေသြး႐ူးေသြးတန္း ေအာ္ေနသည့္ခြန္း
မ်က္ဝန္းမွာ မ်က္ရည္ေတြကအျပည့္

"စိတ္ ေအးေအးထားပါ ခြန္းရယ္"

"သူ ဘယ္မွာလဲ ငါ သူ႕ကိုေတြ႕ခ်င္တယ္ အမရာ"

"ဟုတ္ၿပီ နင္သူ႕ကို ေတြ႕ရမယ္ စိတ္ေလွ်ာ့
ခြန္းးးး စိတ္ေလွ်ာ့ စိတ္ေအးေအးထား"

ပုံမွန္ အတိုင္းျဖစ္ရန္ စိတ္ကိုေလွ်ာ့ခ်ေနသည့္သူ
အမရာ ေဘးကေနသာ ေစာင့္ၾကည့္ေနလိုက္သည္။

"ရၿပီ ေတာ္တယ္ ခြန္း"

"အမရာ သူဘယ္မွာလဲ သူ႕အေျခအေန ဘယ္လိုလဲ
ငါ ေမ့ေနတာေရာ ဘယ္ေလာက္ၾကာၿပီလဲ"

"နင္ေမ့ေနတာ ၃ ရက္ေလာက္ရွိၿပီ"

"ဘယ္လို"

"ဟုတ္တယ္ ခြန္း နင္သိပ္ကို အားနည္းေနတာ
နင္ကို အားျပည့္ေအာင္ ေဆးေတြဆက္တိုက္သြင္းေနရတာ"

"ေအာ္

သူေရာ သူ ဘယ္မွာလဲ"

"အင္းပါ ငါေျပာပါ့မယ္"

"ျမန္ျမန္ေျပာပါ"

"ခြန္း အရင္ဆုံး နင္စိတ္ေအးေအးထားေနာ္"

"အင္း"

"ငါေျပာတာကို နားေထာင္

သူ သူ ေျခေထာက္ ေတာ္ေတာ္ထိခိုက္သြားတယ္
အာ႐ုံေၾကာလည္း နည္းနည္းထိသြားတယ္

အဲ့ေတာ့ သူအခု ေဆးကုသမႈ ခံယူေနရတယ္"

"ဘယ္မွာလဲ ဘယ္မွာခံယူေနတာလဲ
ငါ သူ႕ကို ေတြ႕ခ်င္တယ္
အဲ့တာ ငါေၾကာင့္
သူအခုလို ျဖစ္ရတာ ငါေၾကာင့္....."

"မဟုတ္ဘူး
နင့္ေၾကာင့္ မဟုတ္ပါဘူး
စိတ္ေအးေအးထားစမ္းပါ ခြန္းရယ္"

"ဟင့္အင္း
ငါေလ ငါ ငါ သူ႕ကိုသိပ္ခ်စ္ပါတယ္ဟာ
ဒါေပမယ့္ ငါတို႔ အေျခအေနေတြက မျဖစ္နိုင္လို႔ပါ

ငါ သူ႕ကိုေတြ႕ခ်င္တယ္ ငါ သူ႕ကိုတကယ္ ေတြ႕ခ်င္တယ္
အမရာ ငါ့ကို ေတြ႕ခြင့္ေပးပါ ေနာ္ ေနာ္လို႔"

အမရာ ဆက္မၾကည့္နိုင္ေတာ့
ခြန္းကို သိပ္သနားလွၿပီ။
မ်က္ရည္အျပည့္နဲ႕ မရပ္မနား ေတာင္းပန္ေနသည္။
တစ္စုံတစ္ေယာက္ကိုလည္း သိပ္ကို ေတြ႕ခ်င္ေနသည္။

လူေတြဟာ တစ္ခါတစ္ရံေတာ့ သိပ္ခက္လွသည္။
အနားမွာ ရွိေနရင္ ေက်ာခိုင္းထားတတ္ၿပီး မရွိေတာ့မွ တကယ္လိုအပ္မွန္း သိသည္။
ခြန္းရယ္ ငါ နင့္ကို ဘယ္လို ႏွစ္သိမ့္ေပးရပါ့မလဲ

"ခြန္း ငါနင့္ကို ေျပာျပမယ္
ေသခ်ာနားေထာင္"

ခြန္းက ေမွ်ာ္လင့္ခ်က္ တစ္ခုေတြ႕သြားသလို ၿငိမ္က်လ်က္ အမရာကို ၾကည့္ေနသည္။
သူ အမရာ့ႏႈတ္က ဘာေတြမ်ား ေမွ်ာ္လင့္ေနတာလဲ။

"သူ ထိခိုက္မိထားလို႔ အခု ေဆးကုသမႈ ခံယူေနရတယ္ ခြန္း
ဒီမွာ မဟုတ္ဘူး တျခားမွာ သြားကုေနတာ

အဲ့ေတာ့ သူျပန္လာရင္ နင္သူ႕ကို ျပဳစုနိုင္ဖို႔ အားရွိေနမွ ျဖစ္မယ္
နင္ က်န္းမာေအာင္ ေနရမယ္"

"ဒါေပမယ့္ ငါ.....

"ခြန္း သူ႕အေျခအေနကို ငါ မင္းဆက္ကို ေန႕တိုင္းေမးေပးမယ္
သူ ျပန္လာရင္ နင္ေတြ႕ရမွာပါ
နင္က က်န္းမာေရး ဂ႐ုစိုက္ဖို႔ပဲ
ဟုတ္ၿပီေနာ္

နင္ ဝမ္းနည္းပူေဆြးေနတာကိုလည္း သူ ျမင္ခ်င္မွာ မဟုတ္ဘူး"

"ဟုတ္တယ္ေနာ္
ငါ က်န္းမာေရးဂ႐ုစိုက္ရင္ ရတယ္မလား
ဒါေပမယ့္ ငါသူနဲ႕ေတြ႕ခ်င္တယ္
သူ႕ေဘးနားမွာ ေနခ်င္တယ္"

"ေနရမွာပါ ခြန္းရယ္
သူ႕ကို ဂ႐ုစိုက္ဖို႔ နင္က က်န္းမာေနမွ ျဖစ္မယ္ေလ
ငါ့သူငယ္ခ်င္းက လိမၼာပါတယ္ ေနာ္"

"အင္း ငါက်န္းမာေအာင္ေနမယ္
ငါ့ကိုေတာ့ သူ႕အေျခအေနကို ေန႕တိုင္းေျပာျပပါေနာ္"

"အင္းပါ ခြန္းရယ္

လာပါဦး ဖက္ထားခ်င္လို႔"

ခြန္းရယ္ ငါနင့္အတြက္ ဘာမ်ားလုပ္ေပးနိုင္မလဲ
သိပ္ခ်စ္ၾကတဲ့သူႏွစ္ေယာက္ကို ဘာလို႔ ဒီေလာက္ထိ နာက်င္ေစရတာလဲ

ခဏအၾကာတြင္ေတာ့ ေဆးရွိန္ေၾကာင့္ ခြန္းအိပ္ေပ်ာ္သြားသည္။
ခြန္းအိပ္ေပ်ာ္သြားေသာအခါ အမရာထြက္လာလိုက္ပါသည္။
အခ်စ္ဆုံးသူငယ္ခ်င္းကို လိမ္ညာရျခင္းဟာလည္း တကယ္ကိုခက္ခဲတဲ့ ကိစၥတစ္ရပ္ပင္။

"အမရာ"

"မမသႏၱာ"

"ခြန္း အေျခအေန ဘယ္လိုရွိလဲ သက္သာရဲ႕လား"

"ဟုတ္ သက္သာပါတယ္ မမ
နားဖို႔ေတာ့ လိုေသးတယ္"

"ေအးပါ
ဒါနဲ႕ ဟိုေကာင္ေလးေရာ ဘယ္လိုလဲ"

"သူက သူက......

"ဘာျဖစ္လို႔လဲ အမရာ
ျမန္ျမန္ေျပာစမ္းပါ ရင္ေတြပူလို႔"

"သူ အမ်ားႀကီးထိခိုက္သြားတယ္
အခု ျပည္ပမွာ သြားၿပီးေဆးကုေနတယ္"

"အမ်ားႀကီးထိခိုက္တယ္ဆိုတာ....."

"ဟို.... ဟိုဟာ.....

"ေျပာပါ အမရာရယ္
ျမန္ျမန္ေျပာပါ"

"သူ သူ မလႈပ္ရွားနိုင္ေတာ့ဘူးမမ
သူတစ္ကိုယ္လုံးမွာရွိတဲ့ အေၾကာေတြအားလုံး ေသသြားၿပီ"

"ဘုရားေရ.....
အမရာ ဘယ္လိုေျပာလိုက္တယ္
ကိုမာဝင္သြားတာလား"

"အဲ့ဒီသေဘာပဲ မမ
ကိုမာဝင္တဲ့သူကမွ အသိရွိအုံးမယ္
သူက အသိေတြပါ မရွိေတာ့သလိုပဲ

အာ႐ုံေၾကာေတြ ထိသြားလို႔ ခႏၶာကိုယ္တစ္ခုလုံးလည္း မလႈပ္ရွားနိုင္ေတာ့ဘူး
မွတ္ဥာဏ္ေတြလည္း အကုန္ခ်ိဳ႕ယြင္းသြားတာ
သူ ဘာကိုမွ မသိေတာ့ဘူး မမ"

"ဘုရား ဘုရားးးးးးး
သက္သာ လာနိုင္ေျခေရာ ရွိလား အမရာ"

"သူတို႔လည္း ေသခ်ာမသိေသးဘူးမမ
ဒီမွာ အေျခအေနမဟန္လို႔ ဟိုကိုေခၚသြားတာပဲ
ဘယ္လို လာအုံးမလဲေတာ့ မသိဘူး"

"ျဖစ္မွ ျဖစ္ရေလ
ဒါေတြကို ခြန္းမသိေသးဘူးမလား"

"အင္း

ဘယ္လို ​ေျပာျပရမွန္း မသိေသးဘူး
မင္းဆက္ကလည္း ျဖစ္နိုင္ရင္ မေျပာေစ့ခ်င္ေသးဘူးတဲ့
သူ အေျခအေနကို ေစာင့္ၾကည့္ဦးမယ္တဲ့"

ဒီကေလး ႏွစ္ေယာက္အတြက္ ဘာမ်ား လုပ္ေပးရမလဲ

"ေအးပါကြယ္
အျမန္ဆုံးသက္သာဖို႔ ဆုေတာင္းေပးရမွာပဲ"

"ဟုတ္တယ္ မမ
သူသာ တစ္ခုခုျဖစ္ရင္ ခြန္း သူ႕ကိုယ့္သူ ခြင့္လႊတ္နိုင္မွာ မဟုတ္ဘူး"

တိုက္ဆိုင္လိုက္တဲ့ ဘဝေတြ
ဘာလို႔ ညီမေလးမွ ဒီလို အျဖစ္မ်ိဳးေတြရင္ဆိုင္ေနရတာလဲ

"သႏၱာ"

"မႀကီး"

"စကား ခဏေလာက္ေျပာရေအာင္"

"ဘာကိစၥရွိလို႔လဲ မႀကီး"

"ဘာလို႔ ဖုံးကြယ္ထားတာလဲ
အဲ့ဒီ ေကာင္ေလးက သူတို႔သားေပါ့ ဟုတ္လား

သႏၱာ ေျပာစမ္းပါ"

"ဟုတ္ပါတယ္ မႀကီး"

"ဘယ္တုန္းက သိတာလဲ"

"သိပ္မၾကာေသးပါဘူး"

"ဘာလို႔ ဘာမွ မေျပာရတာလဲ သႏၱာရယ္
အခုေတာ့ အျပတ္ျပတ္နဲ႕ ႏွာေခါင္းေသြးထြက္ကုန္ၿပီ

ေစာေစာသာ သိခဲ့ရင္ ညီမေလးကို မပတ္သတ္ဖို႔ တားရမွာေပါ့"

"ညီမေလး သိတယ္"

"သိတယ္ သိရယ္သားနဲ႕ ပတ္သတ္ခဲ့တာေပါ့"

မမႀကီးမ်က္ႏွာမွာ စိတ္လႈပ္ရွားမႈ ေဒါသ ခံျပင္းမႈေတြကို ေတြ႕ရသည္။

"မဟုတ္ဘူး မႀကီး ခြန္းလည္း အဲ့ဒီေကာင္ေလးကို အတတ္နိုင္ဆုံး ေရွာင္ခဲ့တာ
ဒါေပမယ့္......"

"ေရွာင္ခဲ့ရင္ ဘာလို႔ ခ်စ္သူေတြ ျဖစ္ၾကေသးလဲ
သူ မပတ္သတ္သင့္ဘူး ဆိုတာ မသိဘူးလား"

လူေတြဟာ တစ္ခါတစ္ရံေတာ့ သိပ္ကို အတၱႀကီးသည္။
သူတို႔ ခံစားခ်က္ သူတို႔ ခံယူခ်က္တစ္ခုတည္းေၾကာင့္ တျခားသူေတြရဲ႕ ခံစားခ်က္ကို လ်စ္လ်ဴရႈလိုက္တာလား။

"မမတို႔ အမရာ့ကို စကားနည္းနည္းေလာက္ ေျပာခြင့္ျပဳပါလား"

"အမရာ"

"ဘာေျပာခ်င္လို႔လဲ အမရာ"

"ခြန္းအေၾကာင္းပါ
ဒီထက္ပိုေသခ်ာေအာင္ ေျပာရရင္ ခြန္းသံသာခ်ိဳနဲ႕ ခန့္ညားထည္ဝါရဲ႕ အေၾကာင္းပါ"

"ဘာေျပာခ်င္တာလဲ အမရာ"

မမႀကီးက အမရာ့မ်က္ႏွာကို ေစ့ေစ့ၾကည့္လ်က္ ေမးေလသည္။
အမရာ့သူငယ္ခ်င္းအတြက္ ဒီေလာက္ေတာ့ လုပ္ေပးရမယ္မလား။
ခ်စ္ရသူ ႏွစ္ေယာက္ကို ဒီထက္ပိုၿပီး မေဝးကြာေစ့ခ်င္ပါ။

"ခြန္းနဲ႕ ခန့္ညားထည္ဝါက အခုမွ ေတြ႕တာ မဟုတ္ပါဘူး
တကၠသိုလ္တက္ကတည္းက သူတို႔ သိခဲ့ၾကတာ

ခန့္ညားထည္ဝါ ခြန္းကို သေဘာက်ခဲ့တယ္
အဲ့ဒီအခ်ိန္တည္းက
အဲ့ဒီထက္ေတာင္ ေစာခ်င္ေစာအုံးမွာ

ဒါေပမယ့္ ခြန္းက အားလုံးကို သိတယ္
သူ႕မိသားစုနဲ႕ သူ႕အစ္မေတြ ဘယ္လိုပတ္သတ္လဲဆိုတာ
အဲ့တာေၾကာင့္ သူအဲ့ဒီအခ်ိန္တည္းက ခန့္ညားထည္ဝါကို ျငင္းခဲ့တယ္
အတတ္နိုင္ဆုံး​ ေရွာင္ခဲ့တယ္

မမတို႔သိတယ္မလား
ခြန္းက အားလုံးေရွ႕မွာ အဆင္ေျပခ်င္ေယာင္ပဲေဆာင္တတ္တာ
ဒါေပမယ့္ သူတကယ္ အဆင္ေျပေနတာမဟုတ္ဘူး

ဘယ္သူ႕ကိုမွ မျပတဲ့ သူရဲ႕အဆင္မေျပမႈေတြ ဝမ္းနည္းမႈေတြ ပင္ပန္းမႈေတြ နာက်င္မႈေတြကို အဲ့ဒီလူ တစ္ေယာက္တည္းေရွ႕မွာပဲ ျပခဲ့တာ
ခြန္းလည္း အဲ့ဒီလူကို ခ်စ္ခဲ့တယ္
ဒါေပမယ့္ အေၾကာင္းအရာမ်ိဳးစုံေၾကာင့္.....

သူတို႔ေတြ ေဝးခဲ့ၾကတယ္
ႏွစ္ေတြၾကာေတာ့ ျပန္ေတြ႕ခဲ့တယ္
အဲ့ဒီအခ်ိန္မွာလည္း ခန့္ညားထည္ဝါ ခြန္းအေပၚထားတဲ့ သေဘာထားက မေျပာင္းလဲဘူး
ခြန္းကို ခ်စ္တုန္းပဲ
အလိုလိုက္တုန္းပဲ
ခြန္းအတြက္ဆို အားလုံးျဖည့္ဆည္းေပးတုန္းပဲ

ခြန္းကလည္း အဲ့လိုပဲ
ခန့္ညားထည္ဝါေရွ႕ဆို သူငိုလြယ္တယ္ ရယ္လြယ္တယ္
ဆိုးတယ္ ကေလးတစ္ေယာက္လိုပဲ
ဒါေပမယ့္ ခြန္း အတတ္နိုင္ဆုံး သူ႕ခံစားခ်က္ေတြကို ထိန္းခဲ့ပါတယ္

လူတစ္ေယာက္က ကိုယ့္ကိုသိပ္ခ်စ္ၿပီး သိပ္ဂ႐ုစိုက္တဲ့ လူတစ္ေယာက္
ကိုယ္ကိုယ္တိုင္ကလည္း ခ်စ္ေနတဲ့ လူတစ္ေယာက္ကို ဘယ္လိုလုပ္ၿပီး အႀကိမ္ႀကိမ္အခါခါ ျငင္းဆိုနိုင္မွာလဲ

ခြန္း အဲ့ဒီလူကို ျပန္ခ်စ္ခဲ့တယ္
ဒါေပမယ့္ သူ႕စိတ္ထဲမွာ အခ်ိန္တိုင္း မတန္ဘူး မျဖစ္နိုင္ဘူး မေပါင္းဖက္နိုင္ဘူး
အဲ့ဒီအသိေတြက ခြန္းစိတ္ထဲမွာ အခ်ိန္တိုင္းစြဲေနခဲ့တာ

ခြန္းက သာမန္လူသားတစ္ေယာက္ပါ မမ
သူ႕စိတ္ကို သူပိုင္ပါတယ္
ဒါေပမယ့္ သူ႕စိတ္ကို သူ႕အသိနဲ႕ အၿမဲတမ္းထိန္းခ်ဳပ္ခဲ့တာ
ဟိုးငယ္ငယ္ေလးကတည္းက ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုပဲ အၿမဲတမ္းေ႐ြးခ်ယ္ခဲ့တဲ့ သူပါ

ဒီတစ္ႀကိမ္ေတာ့ သူ ျဖစ္သင့္တာကို လ်စ္လ်ဴရႈသင့္တယ္မလား"

ဒီစကားေတြကို ေျပာသင့္လား မေျပာသင့္ အမရာကိုယ္တိုင္ မသိ
ဒါေပမယ့္ တြန့္ဆုတ္ျခင္း အလ်ဥ္းမရွိ ေျပာၿပီးၿပီ

အမွားေတြလုပ္ခဲ့တာဟာ လူႀကီးေတြ
အမွားရဲ႕ ရိုက္ခက္မႈဒဏ္ကို အလူးအလဲခံေနရတာ လူငယ္ေတြ
သူတို႔ ကိုယ္ခ်င္းစာနိုင္ေကာင္းပါရဲ႕.....

Paing
10:34 PM
7.10.2021













Continue Reading

You'll Also Like

40.4M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...