Uni
စိတ်ရှည်စွာ ချစ်ရသော တစ်စုံတစ်ယောက်ကို စောင့်နေသည်။
မကြာခင် အခန်းတံခါး ပွင့်လာသည်။
သွယ်လျသော ခန္ဓာကိုယ်အထက် လှပသော အနီရောင် ဝတ်စုံက နေရာယူထားသည်။
လည်ပင်းက ဟိုက်နေတာမျိုး မဟုတ်ပဲ အသားနှင့်ကပ်လျက် အတန်အသင့် ဘေးဘက်သို့ အနည်းငယ် ပြဲသည်။
ရှည်သွယ်သော လည်တိုင်နှင့် ညှပ်ရိုးများက ဆွဲဆောင်မှုရှိလှသည်။
လက်အနည်းငယ် ထွက်ကာ လက်ဖျားမှ အရောင်လက်သော ငွေကြိုးလေးများက တွဲလဲခိုလျက်
သွယ်လျသောခါး အောက်ဘက်သို့ကားလျက်
အရှေ့က ဒူးခေါင်းဖုံးရုံ ရှည်ကာ နောက်ကတော့ အတော်ရှည်သည်။
အရှေ့မှလည်း ငွေကြိုးလေးတွေ ခိုတွယ်လျက်
သူမ ခြေတစ်လမ်းလှမ်းလိုက်တိုင်း ငွေကြိုးလေးတွေက သူမနှင့်အတူ ကခုန်လျက်
"ခွန်းနဲ့ လိုက်ရဲ့လား မောင်"
"ဘယ်လို စကားလုံးတွေနဲ့ ဖော်ပြရမလဲတောင် မသိတော့ဘူး"
"ဟုတ်ပါပြီရှင်
necktie နဲ့ coat ရော"
"ဒီမှာ ခွန်း"
သူ့လက်အတွင်းမှ necktie ကိုယူလျက် သူမလေး ကိုယ်တိုင်စီးပေးလေသည်။
အလိုက်သိစွာ ကိုယ်အနည်းငယ် ကိုင်းပေးထားလိုက်သည်။
လှပသပ်ရပ်စွာ စီးပြီးသောအခါ သူမလေးက သူ့မျက်ဝန်းအတွင်းသို့ စိုက်ကြည့်နေလေသည်။
necktie ကိုဆွဲလျက် ခြေဖျားထောက်ကာ နှုတ်ခမ်းတစ်စုံကို ထပ်တူကျလိုက်သည်။
တစ်စုံတစ်ယောက်ကတော့ ကြောင်အမ်း၍ ကြည့်နေဦးမည်။
ထိုလူကို အပြစ်မဖွဲ့နိုင်သေး။
coat ကိုယူလျက် သူ့ကိုဝတ်ပေးလိုက်သည်။
နီညိုရောင် suit က သူနဲ့တကယ်ကို လိုက်ဖက်လွန်းသည်။
မောင်က နာမည်နဲ့လိုက်အောင် ခန့်ညားထည်ဝါ လွန်းပါတယ်။
"မောင့်မေမေက မောင့်ကိုသိပ်ချစ်မှာပဲနော်"
"ဘာလို့လဲ ခွန်းရဲ့"
"မောင်က ပြည့်စုံလွန်းလို့
မောင့်လို သားမျိုးကို မိခင်တိုင်း ပိုင်ဆိုင်ချင်မှာပဲ"
"ကိုယ်က အဲ့လောက်ထိ မလိမ္မာပါဘူး"
"ခွန်းမှာသာ မောင့်လိုသားမျိုးရှိရင်
ခွန်းလည်း တခြားသူလက်ထဲကို လွယ်လွယ်ထည့်ပေးနိုင်မှာ မဟုတ်ဘူးနဲ့တူတယ်"
"ဘယ်လို ခွန်း"
"ဘာမှ မဟုတ်ပါဘူး
ကဲ ကြည့်ကြည့်လိုက်ဦး"
ပြီးပြည့်စုံလွန်းတဲ့ မောင့်ကို ချို့ယွင်းချက်တွေများတဲ့ မိန်းကလေးတစ်ယောက်လက်ထဲ ဘယ်မိခင်က ထည့်ပေးနိုင်မှာလဲ
ခွန်း မောင့်မေမေကို နားလည်ပါတယ် မောင်
မောင်လည်း ခွန်းကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်
မှန်ရှေ့မှာ လူသားနှစ်ယောက်ရပ်နေသည်။
သူတို့က မှန်ထဲက သူတို့ရုပ်ပုံကို ပြန်ကြည့်နေသည်။
လိုက်ဖက်သည်ထက်တောင် ပိုပါသေးသည်။
မောင်က အနောက်သို့ လှည့်လျက် တစ်စုံတစ်ခုရှာနေသည်။
မကြာခင် နောက်မှာ ရပ်နေသော မောင်နဲ့အတူ ခွန်းလည်ပင်းပေါ်သို့ လှပသော ဘယက်တစ်ခု ကျရောက်လာသည်။
"ခွန်းက အနီရောင်ကြိုက်တော့ ပတ္တမြားကိုလည်း နှစ်သက်မယ်ထင်လို့
ခွန်းက ကြီးကြီးမားမား ရှုပ်ရှုပ်ကြီးတွေ မကြိုက်တော့ ကိုယ် သေးသေးလေးနဲ့ ရိုးရှင်းပြီး ဆန်းသစ်တဲ့ design မျိုးမှာပေးထားတာ
ကြိုက်ရဲ့လား ခွန်း"
"ဟုတ်တယ် မောင်
ခွန်း လက်ဝတ်ရတနာတွေ ဝတ်ရတာ သိပ်မကြိုက်ဘူး
ဒါပေမယ့် ဒါလေးကိုတော့ တကယ်ချစ်တယ်"
"မချစ်ပါနဲ့ ကြိုက်ပဲကြိုက်"
"ဘာလို့လဲ"
"ဒီကမ္ဘာပေါ်မှာ ခွန်းချစ်ရမှာ ကိုယ်တစ်ယောက်တည်းပဲ"
"ပိုပြန်ပြီ
အော် မောင့် ခွန်းကိုလေ ရှပ်အင်္ကျီ တစ်ထည်လောက်ပေးပါလား"
"ဘယ်လိုမျိုးလဲ ဘာအရောင်လိုချင်တာလဲ"
"ဒီတိုင်း မောင်ဝတ်တဲ့အထဲက အဖြူရောင် ရှပ်အင်္ကျီ တစ်ထည်လောက်လိုချင်တာ"
"အင်း ကိုယ် သွားယူလိုက်မယ်"
အကြောင်းအရင်းကို မမေးပါလား မောင်ရယ်....
"ဒီမှာ ခွန်း ဒီတစ်ထည်က အသားကောင်းတယ်"
"ကျေးဇူး မောင်
ဒါဆို ခွန်းတို့ သွားရအောင်လေ"
မောင်က လူများစွာနဲ့ ဆက်ဆံနေရသော စီးပွားရေးသမားပီပီ အကုန်လုံးက မိတ်ဖွဲ့ချင်လှသည်။
မောင့်ပွဲဖြစ်သည့်အတွက် ထိုသူများကို ဧည့်ခံစကားပြောရမှာလည်း မောင့်အလုပ်ပင်။
စကားပြောရင်း လှည့်တကြည့်ကြည့် လုပ်နေသူအား အဆင်ပြေကြောင်း ပြလိုက်သည်။
ဒီလိုပွဲမျိုးတွေနဲ့လည်း ခွန်းမစိမ်းပါ။
စင်မြင့်ထက်တွင် စကားပြောနေသူအား စင်အောက်က ငေးကြည့်နေမိသည်။
မောင့်ကို ဒီလိုမျိုး ခွန်းငေးကြည့်ဖူးသည်။
မောင်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကအတိုင်း ယုံကြည်မှုရှိသည် ပြတ်သားသည်
စကားလုံးတိုင်းက နာခံချင်စရာ
မောင့်ထံမှ အရှိန်အဝါတစ်ခု ခံစားရသည်။
တချိန်တုန်းကတော့ ထို အရှိန်အဝါကြောင့် ခွန်းသိမ်ငယ်ဖူးသည်။
မောင့်ကို အမြင်ကပ်ခဲ့ဖူးသည်။
အခုတော့ အဲ့လို မခံစားရတော့
အဲ့ဒီ့အစား ပီတီ
ဟုတ်ပါတယ် မောင့်အတွက် ပီတီ ဖြစ်မိတယ် ဂုဏ်ယူမိပါတယ်
မောင်ဟာ တစ်ယောက်တည်း ကောင်းကောင်း ရပ်တည်နိုင်သူတစ်ယောက်
ခွန်း မရှိလည်း မောင် ရှင်သန်နိုင်မှာပါ......
laptop ပေါ်မှာ အလုပ်များကို ကြည့်နေသော်လည်း သူအာရုံစူးစိုက်မရ။
၁၀ နာရီခွဲ ဆိုသောအချိန်ဟာ သူအိပ်ရာ မဝင်ခင် အလုပ်လုပ်တတ်တဲ့ အချိန်ပါ။
ဒီညတော့ သူအာရုံစူးစိုက်မရ။
သူ ဘယ်လိုများ အာရုံစူးစိုက်နိုင်မည်နည်း။
သူမလေးက ဒီနေ့တစ်နေ့လုံး သူ့အိမ်မှာပင် အချိန်တွေ ကုန်ဆုံးသည်။
ညဘက်လည်း သူ့အိမ်မှာပဲ နေမည်တဲ့။
သူမနဲ့ ဒီအိမ်ကြီးထဲမှာ နှစ်ယောက်တည်း
ဒီအခြေအနေက သူ့ကို ဆောက်တည်ရာမရဖို့ လုံလောက်တယ်မလား။
အပြင်ဘက်မှ တံခါးခေါက်သံ
သူမက လွဲလို့ ဘယ်သူမှ မဖြစ်နိုင်။
"ခွန်း ဝင်ခဲ့မယ်နော်"
အသံမဆုံးခင် ပွင့်သွားသည့်တံခါး
သူ့ကို ဘာဖြစ်စေချင် နေတာလဲ
အမြဲတမ်း suit အပြည့်ဝတ်ဆင်တတ်တဲ့မိန်းကလေးက
ပုံမှန် ဂျင်းဘောင်းဘီ အရှည်သာ အမြဲဝတ်တတ်သူက
အမြင်တစ်မျိုး ဆန်းစေချင်ရင်တောင် မြန်မာဝတ်စုံသာ ဝတ်ဆင်တတ်သည့် မိန်းကလေးက
သူ့ရှပ်အင်္ကျီတစ်ထည်တည်းသာ ဝတ်ဆင်ထားသည်။
ရှည်လျားသော အင်္ကျီအောက်မှာ သူမလက်တွေဖုံးလျက်
ဖြူသွယ်သော ပေါင်တံက အတိုင်းသား
ရုတ်တရက် ရေငတ်လာသည့်အတွက် တံတွေးတစ်ချက်မြိုချကာ အကြည့်လွှဲလိုက်သည်။
"ခွန်း..... ခွန်းလေ......."
ထိုနေရာ တစ်နေသော မိန်းကလေးအား စကားပြောရန်ကြည့်လိုက်သည်။
လျှာကို နှုတ်ခမ်းနားသပ်လျက် မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်နေသည်။
တစ်ခွန်းပဲ မေးချင်သည်
မင်း ဘာလို့ အဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာလဲ ခွန်းရယ်
"ပြောလေ ခွန်း"
"ခွန်း အိပ်ရာ အသစ်ဆိုတော့ အိပ်မရလို့"
"အခုအချိန်မှ တိုက်ခန်းပြန်ချင်လို့လား ခွန်းရဲ့"
ပြာပြာသလဲလဲ ပြောနေသည့်လူ
ခန့်ညားထည်ဝါ ဘယ်တုန်းက အဲ့လောက်ထိ တုံးသွားတာလဲ
"မဟုတ်ဘူး
ဟိုမှာ အိပ်ချင်လို့"
သူ့အိပ်ရာကို လက်ညို့ထိုးပြလိုက်သည်။
ပါးစပ် အဟောင်းသား မျက်တောင်မခတ်တမ်း ကြည့်နေသည့်သူ
ခွန်းလည်း အကြိမ်ပေါင်းများစွာ တွေးပြီး လာခဲ့ရတာပါ
"အာ တကယ်လို့ မောင်အဆင်မပြေရင်လည်း ခွန်းအခန်းမှာပဲ ပြန်အိပ်လိုက်ပါ့မယ်
ခွန်း သွားပြီ"
"မဟုတ်ဘူး မဟုတ်ဘူး ခွန်း"
သားရဲသည် သူ့ပိုင်နက်ထဲရောက်လာသည့် သားကောင်ကို လွတ်ပေးရိုးထုံးစံရှိပါသလား။
ထွက်ဟန်ပြင်နေသည့် မိန်းကလေးက လှည့်ကြည့်သည်။
"ခွန်း အိပ်လို့ရပါတယ်"
အခန်းထဲသို့ဝင်လျက် ကုတင်ပေါ်မှာ ထိုင်နေလိုက်သည်။
စောင်ခြုံပြီး ခွန်းလှဲလိုက်သည်။
ထိုလူက အခုထိ နေရာကမရွေ့
"မောင် မအိပ်သေးဘူးလား"
"အမ် အင်း ကိုယ် ကိုယ်လည်း အခုပဲအိပ်မလို့"
ဘေးကနေ ဝင်လှဲလိုက်သည့်သူ
ခွန်းတို့ပုံစံက နည်းနည်းတော့ ကြောင်လှသည်
ကုတင်အစွန်ဆုံး နှစ်ဖက်ကို နေရာယူကာ မျက်နှာကျက်ကိုသာ စိုက်ကြည့်လျက်
"မောင်က မီးဖွင့်ပြီး အိပ်တတ်တာလား"
"ဟမ် မဟုတ်ပါဘူး ကိုယ် ပိတ်လိုက်မယ်"
မဲမှောင်သော အခန်းတွင်း ရုတ်တရက် ပေါ်လာသည့်အလင်းရောင်
မျက်နှာကျက်ပေါ်မှ ကြယ်ရောင်များ
ကောင်းကင်ကို မော့ကြည့်နေရသလိုပင်
"မောင်ကလည်း ဒါတွေရှိရယ်သားနဲ့ စောစောတည်းက ပိတ်ရမှာ
လှလိုက်တာ"
"ဟုတ်တယ် ကိုယ်မေ့သွားတာ"
မှောင်မဲသော အခန်းတွင်း တိတ်ဆိတ်လျက်
အချိုးကျ လှပသော မျက်နှာပြင်အထက် အလင်းရောင်ဖျော့ဖျော့က ကျနေသည်
သူ့စိတ်ရိုင်းကို မနည်းထိန်းလျက်
"မောင်
မောင့်လက်တစ်ဖက် ခွန်းကို ငှားလို့ရမလားဟင်"
"ဟင် ဘာကိုလဲ ခွန်း"
"သဘောတူတယ်လို့ပဲ မှတ်လိုက်မယ်နော်"
သူ့လက်တစ်ဖက်ကို ဆွဲယူလျက် ခေါင်းအုံးကာ ရင်ခွင်အတွင်းဝင်လာသည့် မိန်းကလေး
သူ့ကိုရူးအောင်များ ပြုစားနေတာလား
"မောင် ခွန်းကို အနမ်းဖွဖွ မပေးတော့ဘူးလား"
လေသံတိုးတိုးလေးနဲ့ ပြောလာသည့် မိန်းကလေး
သူမဘက်သို့ ငုံ့လျက် နဖူးပြင်ထက်သို့ အနမ်းဖွဖွ ခြွေမိပါသည်။
"ကိုယ် တစ်ညလုံးအတွက် ကိုယ်ရဲ့လက်ကို ငှားပေးမယ် ဟုတ်ပြီလား
မောင့်မင်းသမီးလေးက မောင့်ရဲ့ရင်ခွင်ထဲမှာ သက်တောင့်သက်သာနဲ့ အနားယူ"
"ဟုတ်"
တိုး၍ ဖက်ထားသူအား ပို၍ တိုးကာ ရင်ခွင်အတွင်းသွင်းလျက် ဖက်ထားလိုက်ပါသည်။
သူရဲ့ရင်ခွင်ဟာ သူမလေးအတွက် လုံခြုံမှုပေးနိုင်သော ခိုးနားရာတစ်ခုသာ ဖြစ်လိုပါသည်။
ချစ်ခြင်းနှင့်မေတ္တာတရားကိုသာ အပြန်အလှန် ခံစားလျက် နွေးထွေးလုံခြုံစွာဖြင့် တစ်ညတာကို သူတို့အတူ ကုန်ဆုံးခဲ့ပါသည်......
မျက်နှာထက်သို့ ကျရောက်လာသည့် အလင်းရောင်
မျက်လုံးမဖွင့်ချင်သေး
ညက အချိန်တွေကို သတိရလျက် ဘေးသို့စမ်းလိုက်သည်
အေးစက်သော အထိအတွေ့
သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်
သူမ မရှိတော့
ဘယ်ရောက်သွားတာလဲ
သူမ တကယ်ပဲ ထွက်သွားပြီလား
သူချက်ချင်းထကာ အခန်းတိုင်းကြည့်နေမိသည်
မတွေ့ရ
အောက်ထပ်မှာလား ခြံထဲမှာလား
လှေကားထစ်တွေကို ကျော်ခွလျက် အမြန်ဆုံးဆင်းလာမိသည်
အောက်ထပ်မှာ မရှိ
ရှင်းလင်းသော ခြံထဲတွင်လည်း သူမကို မတွေ့ရ
သူမ သူတကယ် လက်လွတ်ရတော့မှလား
ဟင့်အင်း မဖြစ်နိုင်ပါ သူလက်မလွတ်နိုင်
စိတ်ပျက်စွာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်
ရေသောက်ရန် မီးဖိုအတွင်းဝင်လာသည့်အခါ တွေ့လိုက်ရသည့် မိန်းကလေး
အပေါ်က တစ်ခုခုကို ယူချင်နေပုံ
မမှီသောကြောင့် ခြေဖျားထောက်နေရသည်
သူမနားသို့သွားလျက် နောက်ကျောမှ သိုင်းဖက်ထားမိသည်။
သူမကိုယ်လေး တွန့်သွားသည်။
"ဘာလို့လဲ မောင် ဘာဖြစ်လို့လဲ"
သူမလေး သူ့ဘက်သို့ လှည့်လာသည်။
သူရင်ခွင်အတွင်းသာ သွင်းလျက် ဖက်ထားမိပါသည်။
"ဘာဖြစ်နေတာလဲ မောင်
မောင် မောင်ငိုနေတာလား ဘာလို့လဲ
ခွန်းကို ကြည့်ပါဦး ဘာဖြစ်လို့လဲဟင်"
"ခွန်း ခွန်းထွက်သွားပြီလို့ ကိုယ်ထင်နေတာ
ကိုယ် အရမ်းလန့်သွားတာ
ကိုယ် သိပ်ကြောက်တာ ခွန်းထွက်သွားမှာ"
စိတ်မပူပါနဲ့ မောင်ရယ်
မောင်နှုတ်က ခွန်းကိုထွက်သွားဖို့ မပြောသရွေ့ ခွန်းထွက်သွားမှာ မဟုတ်ပါဘူး
"မောင်ရယ် ခွန်းကို ကြည့်ပါဦး
ခွန်းက ဒီမှာလေ ဘာမှ စိတ်မပူနဲ့တော့နော်"
"အင်းပါ"
"ဒါဆို...."
သူမက ရုတ်တရက် မျက်လုံးမှိတ်ကာ မျက်နှာလေးကို အပေါ်မော့ပေးထားသည်
သူ့ကို ဘာလုပ်စေချင်တာလဲ
ကြည်လင်သော မျက်နှာလေးကို အနီးကပ်မြင်တွေ့ခွင့် ရသော်လည်း သူဘာမှမလုပ်နိုင် ငေး၍သာ ကြည့်ချင်နေမိပါသည်။
အတန်ကြာတော့ သူမ မျက်လုံးဖွင့်လာသည်
အလိုလို စူသွားသည့်နှုတ်ခမ်း
"ခန့်ညားထည်ဝါ ဘာလုပ်နေတာလဲ"
"ဟမ် ကိုယ် ကိုယ် ဘာလုပ်ရမှာလဲ"
"ဘာ"
"ကိုယ့်ကို ခွန်းက ဘာလုပ်ခိုင်းတာလဲ
မျက်နှာမှာလဲ ဘာမှ ပေမနေပါဘူး
မိတ်ကပ် မလိမ်းထားတာ ပြချင်တာလား
ဘာလဲ ခွန်း"
"ခန့်ညားထည်ဝါ"
"ဘာလို့ ကိုယ့်ကို အဲ့လိုကြီးခေါ်ထားလဲ ခွန်းရဲ့"
"တောက်စ်!!!!
ခန့်ညားထည်ဝါ ရှင်ကအရူး ငတုံးကြီး
တုံးချင်တဲ့ နေရာကျ တုံးနေပြန်ရော"
"ကိုယ် ဘာလုပ်မိလို့လဲ ခွန်းရဲ့
ခွန်း စိတ်ဆိုးအောင် ကိုယ်ဘာများလုပ်မိလို့လဲ"
"ဘာမှ လာမပြောနဲ့ မကြားချင်ဘူး"
"မဟုတ်ဘူးလေ ခွန်းရဲ့ ခွန်းပြောမှ ကိုယ်ကသိမှာပေါ့"
"သေလိုက်ပါလား ပြောမှသိတဲ့အရူးကြီးရဲ့"
"ခွန်းကလည်းကွာ ကိုယ်ဘာများမှားသွားလို့လဲ"
"ဘာမှားသွားလို့လဲ
သွား ရှင်ကျွန်မရှေ့က ထွက်သွား
ယောက်ျားတွေများ လျှာအရိုးမရှိတိုင်းလျှောက်ပြော နေကျတာ ပြီးရင် သူတို့စိတ်ထဲ တစ်ခုမှ ရှိတာမဟုတ်ဘူး"
"ဘာကိုလဲ"
"ထွက်သွားလို့"
"ခွန်းကလည်း ဒါကိုယ့်အိမ်လေ ကိုယ်ဘယ်ကို သွားရမှာလဲ"
"ဟုတ်တယ် ဒါ ရှင်အိမ်
ကျွန်မ သွားမယ် ကျွန်မပဲ ထွက်သွားမယ်"
"ဟာ အဲ့လို မဟုတ်ဘူးလေ ခွန်းကလည်း ကိုယ်အဲ့လိုပြောတာ မဟုတ်ပါဘူး"
"လွှတ် လက်ကိုလွှတ်လို့
အားးးးး
ခန့်ညားထည်ဝါကြီးကို မုန်းတယ် မုန်းတယ် မုန်းတယ်........"
"ခွန်းကလည်း ကိုယ့်ရင်ဘက်ကို ထုနေရင် ခွန်းလက်တွေနာနေမှာပေါ့
စိတ်အေးအေးထားနော်"
"နာပလေ့စေ အနာခံပြီးတော့ကို ထုမှာ"
ထုတာ ရပ်သွားလျက် သူ့ကိုစိုက်ကြည့်နေသည့်မိန်းကလေး
မျက်နှာနဲ့ နာရွက်ဖျားလေးတွေ ဒေါသကြောင့်နီရဲလျက်
ဝေ့တက်လာသည့် သူအကြောက်ဆုံး မျက်ရည်များ
"ခွန်းရယ် မငိုပါနဲ့နော်
ကိုယ်တောင်းပန်ပါတယ်နော်
ဘာမှန်းမသိပေမယ့် ကိုယ်တောင်းပန်ပါတယ်
အာ ခွန်း ဘာလုပ်မလို့လဲ
အဲ့ ဖန်ခွက်ကြီး ချထားလိုက်ပါ"
"စဥ်းစား မမှတ်မိလို့ကတော့ ရှင့်ခေါင်းကို ဒီဖန်ခွက်နဲ့ ရိုက်ခွဲပစ်မယ်"
"ကိုယ်ခေါင်းကွဲမှာ ဘာမှမဖြစ်ပေမယ့်
ခွန်းလက်ကို တစ်ခုခု ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ
ချထားလိုက်ပါကွာ"
"အထိခိုက်ခံပြီးကို လုပ်မှာ စဥ်းစား"
ဘာလဲ ဘာပါလိမ့်
မျက်လုံးမှိတ်ပြီး မျက်နှာကိုမော့ပေးတာ
သူပြောခဲ့တဲ့စကား ဘာလဲ
ဟာ......
"morning kiss
ဟုတ်တယ်မလား
အာ တောင်းပန်ပါတယ် ခွန်းရာ
ကိုယ်အိပ်ရာထတော့ ဘေးနားမှာ ခွန်းကိုမတွေ့တော့ ပူထူသွားလို့ပါ
အဲ့တာကြောင့်မေ့သွားတာပါ
ကိုယ်အခု သတိရပြီလေ နောက်မကျသေးဘူးမလား
စိတ်ဆိုးပြေပါတော့ ခွန်းရယ်
မျက်နှာကို ဒီလိုကြီး လုပ်မထားပါနဲ့
စိတ်လျှော့လိုက်တော့နော်
လုပ်ပါ မောင့်မင်းသမီးလေးက လိမ္မာပါတယ်နော်
ဒါကြီးကို ချထားလိုက်
လိမ္မာလိုက်တာ မွ"
နဖူးလေးကို နမ်းလျက် ရင်ခွင်အတွင်းသို့ သွင်းထားလိုက်သည်
ဒါက အန္တရာယ်အကင်းဆုံးပါ
"ချစ်ဖို့ကောင်းလိုက်တာ
morning kiss"
နှုတ်ခမ်းတစ်စုံကို ထပ်တူကျလိုက်သည်
စိတိဆိုးမပြေသေးသည့်မိန်းကလေးက သူ့အားစိုက်ကြည့်လျက်
"ချစ်တယ်နော်"
"အရူးကြီး"
"ဟုတ်တယ် ကိုယ်ကအရူး"
ခွန်းစိတ်ကြောင့် ရူးမယ့်သူပါ ခွန်းရယ်
ရုတ်တရက် မြည်လာသော ph သံ
အချိန်ကောင်းလေးကို နှောင့်ယှက်လိုက်သလို
မေတ္တာပို့လျက် လျစ်လျူရှုထားလိုက်သည်။
"ph ကိုင်ဦးလေ"
"ထားလိုက်ပါ ခွန်းရယ် အရေးမကြီးပါဘူး"
"အဲ့လိုလည်းဘယ်ဟုတ်မလဲ လွှတ် ph ကိုင်
အခုမှ အပိုတွေ လာလုပ်ပြမနေနဲ့"
"ခွန်းကလည်းကွာ"
"ရော့"
မယူချင်ယူချင်ဖြင့် ph ကိုယူလိုက်သည် ကြည့်လိုက်တော့
ဘုရားရေ
မေမေပါ့လား မေတ္တာပို့နေသော စိတ်ကိုရုတ်သိမ်းလျက်
"ခဏနော် ခွန်း ကိုယ် ph ပြောလိုက်ဦးမယ်"
"အင်း"
မောင့်မေမေပါလား ဘာကိစ္စများ ရှိလို့လဲ
မောင်က ခွန်းဆီသို့ ပြန်လျှောက်လာသည်။
မပြောမဆို ခွန်းကို ဖက်ထားပြန်သည်။
"ဘာလို့လဲ မောင် ဘာအဆင်မပြေလို့လဲ"
"ခွန်းရယ် ကိုယ့်လောက်သနားဖို့ ကောင်းတဲ့သူ ရှိပါဦးမလား"
"ဘာလို့လဲ"
"အခုမှ ခရီးက ပြန်ရောက်တာကို ကိုယ် ပြည်ကိုပြန်ဦးမယ်နဲ့တူတယ်
ကြီးမေ နေမကောင်းဖြစ်နေလို့"
"ဟုတ်လား မောင် စိုးရိမ်ရလားဟင်
မောင်မြန်မြန်ပြန်မှ ဖြစ်မှာပေါ့"
"အရမ်းကြီးတော့ မစိုးရိမ်ရတော့ပါဘူး
ခွန်းလည်း လိုက်ခဲ့နော်"
"မဟုတ်တာမောင်ရယ်
မောင်က တစ်ယောက်တည်း ခရီးထွက်တာ မဟုတ်ဘူးလေ
မောင့် မိသားစုဆီပြန်မှာ
မောင့်ကြီးမေက မောင့်ကို အရမ်းချစ်တာပဲမလား
အခုမောင့်ကို အရမ်းသတိရနေမှာ
မောင်က သူ့ဘေးနားမှာနေပြီး စောင့်ရှောက်ပေးရမှာပေါ့"
"ခွန်းရယ် မောင်တော့ လွမ်းရဦးမယ်"
"မောင်ကလည်း
ဘဝဆိုတာ မွေးလာတော့လည်း တစ်ယောက်တည်း သေဆုံးတော့လည်း တစ်ယောက်တည်းပဲကို"
"ဒါပေမယ့် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ရှင်သန်ချိန်လေးမှာတော့ ကိုယ်တို့ တစ်စုံတစ်ယောက်ကို လိုအပ်ပါတယ် ခွန်းရယ်"
"ဟုတ်ပါပြီ ခွန်းနားလည်ပါတယ်
အခုတော့ ခရီးသွားဖို့ ပြင်ဆင်လိုက်တော့နော်"
ခွဲရဦးမှာပဲ......
ခွဲခွာမှုတွေနဲ့ အသားကျအောင် လုပ်ထားပါမောင်
ဘဝဆိုတာ တစ်ယောက်တည်းပဲ ရှင်သန်ရတာမလား
Paing
6:37 PM
2.10.2021
Zawgyi
စိတ္ရွည္စြာ ခ်စ္ရေသာ တစ္စုံတစ္ေယာက္ကို ေစာင့္ေနသည္။
မၾကာခင္ အခန္းတံခါး ပြင့္လာသည္။
သြယ္လ်ေသာ ခႏၶာကိုယ္အထက္ လွပေသာ အနီေရာင္ ဝတ္စုံက ေနရာယူထားသည္။
လည္ပင္းက ဟိုက္ေနတာမ်ိဳး မဟုတ္ပဲ အသားႏွင့္ကပ္လ်က္ အတန္အသင့္ ေဘးဘက္သို႔ အနည္းငယ္ ၿပဲသည္။
ရွည္သြယ္ေသာ လည္တိုင္ႏွင့္ ညွပ္ရိုးမ်ားက ဆြဲေဆာင္မႈရွိလွသည္။
လက္အနည္းငယ္ ထြက္ကာ လက္ဖ်ားမွ အေရာင္လက္ေသာ ေငြႀကိဳးေလးမ်ားက တြဲလဲခိုလ်က္
သြယ္လ်ေသာခါး ေအာက္ဘက္သို႔ကားလ်က္
အေရွ႕က ဒူးေခါင္းဖုံး႐ုံ ရွည္ကာ ေနာက္ကေတာ့ အေတာ္ရွည္သည္။
အေရွ႕မွလည္း ေငြႀကိဳးေလးေတြ ခိုတြယ္လ်က္
သူမ ေျခတစ္လမ္းလွမ္းလိုက္တိုင္း ေငြႀကိဳးေလးေတြက သူမႏွင့္အတူ ကခုန္လ်က္
"ခြန္းနဲ႕ လိုက္ရဲ႕လား ေမာင္"
"ဘယ္လို စကားလုံးေတြနဲ႕ ေဖာ္ျပရမလဲေတာင္ မသိေတာ့ဘူး"
"ဟုတ္ပါၿပီရွင္
necktie နဲ႕ coat ေရာ"
"ဒီမွာ ခြန္း"
သူ႕လက္အတြင္းမွ necktie ကိုယူလ်က္ သူမေလး ကိုယ္တိုင္စီးေပးေလသည္။
အလိုက္သိစြာ ကိုယ္အနည္းငယ္ ကိုင္းေပးထားလိုက္သည္။
လွပသပ္ရပ္စြာ စီးၿပီးေသာအခါ သူမေလးက သူ႕မ်က္ဝန္းအတြင္းသို႔ စိုက္ၾကည့္ေနေလသည္။
necktie ကိုဆြဲလ်က္ ေျခဖ်ားေထာက္ကာ ႏႈတ္ခမ္းတစ္စုံကို ထပ္တူက်လိဳက္သည္။
တစ္စုံတစ္ေယာက္ကေတာ့ ေၾကာင္အမ္း၍ ၾကည့္ေနဦးမည္။
ထိုလူကို အျပစ္မဖြဲ႕နိုင္ေသး။
coat ကိုယူလ်က္ သူ႕ကိုဝတ္ေပးလိုက္သည္။
နီညိုေရာင္ suit က သူနဲ႕တကယ္ကို လိုက္ဖက္လြန္းသည္။
ေမာင္က နာမည္နဲ႕လိုက္ေအာင္ ခန့္ညားထည္ဝါ လြန္းပါတယ္။
"ေမာင့္ေမေမက ေမာင့္ကိုသိပ္ခ်စ္မွာပဲေနာ္"
"ဘာလို႔လဲ ခြန္းရဲ႕"
"ေမာင္က ျပည့္စုံလြန္းလို႔
ေမာင့္လို သားမ်ိဳးကို မိခင္တိုင္း ပိုင္ဆိုင္ခ်င္မွာပဲ"
"ကိုယ္က အဲ့ေလာက္ထိ မလိမၼာပါဘူး"
"ခြန္းမွာသာ ေမာင့္လိုသားမ်ိဳးရွိရင္
ခြန္းလည္း တျခားသူလက္ထဲကို လြယ္လြယ္ထည့္ေပးနိုင္မွာ မဟုတ္ဘူးနဲ႕တူတယ္"
"ဘယ္လို ခြန္း"
"ဘာမွ မဟုတ္ပါဘူး
ကဲ ၾကည့္ၾကည့္လိုက္ဦး"
ၿပီးျပည့္စုံလြန္းတဲ့ ေမာင့္ကို ခ်ိဳ႕ယြင္းခ်က္ေတြမ်ားတဲ့ မိန္းကေလးတစ္ေယာက္လက္ထဲ ဘယ္မိခင္က ထည့္ေပးနိုင္မွာလဲ
ခြန္း ေမာင့္ေမေမကို နားလည္ပါတယ္ ေမာင္
ေမာင္လည္း ခြန္းကို နားလည္ေပးနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္
မွန္ေရွ႕မွာ လူသားႏွစ္ေယာက္ရပ္ေနသည္။
သူတို႔က မွန္ထဲက သူတို႔႐ုပ္ပုံကို ျပန္ၾကည့္ေနသည္။
လိုက္ဖက္သည္ထက္ေတာင္ ပိုပါေသးသည္။
ေမာင္က အေနာက္သို႔ လွည့္လ်က္ တစ္စုံတစ္ခုရွာေနသည္။
မၾကာခင္ ေနာက္မွာ ရပ္ေနေသာ ေမာင္နဲ႕အတူ ခြန္းလည္ပင္းေပၚသို႔ လွပေသာ ဘယက္တစ္ခု က်ေရာက္လာသည္။
"ခြန္းက အနီေရာင္ႀကိဳက္ေတာ့ ပတၱျမားကိုလည္း ႏွစ္သက္မယ္ထင္လို႔
ခြန္းက ႀကီးႀကီးမားမား ရႈပ္ရႈပ္ႀကီးေတြ မႀကိဳက္ေတာ့ ကိုယ္ ေသးေသးေလးနဲ႕ ရိုးရွင္းၿပီး ဆန္းသစ္တဲ့ design မ်ိဳးမွာေပးထားတာ
ႀကိဳက္ရဲ႕လား ခြန္း"
"ဟုတ္တယ္ ေမာင္
ခြန္း လက္ဝတ္ရတနာေတြ ဝတ္ရတာ သိပ္မႀကိဳက္ဘူး
ဒါေပမယ့္ ဒါေလးကိုေတာ့ တကယ္ခ်စ္တယ္"
"မခ်စ္ပါနဲ႕ ႀကိဳက္ပဲႀကိဳက္"
"ဘာလို႔လဲ"
"ဒီကမၻာေပၚမွာ ခြန္းခ်စ္ရမွာ ကိုယ္တစ္ေယာက္တည္းပဲ"
"ပိုျပန္ၿပီ
ေအာ္ ေမာင့္ ခြန္းကိုေလ ရွပ္အကၤ်ီ တစ္ထည္ေလာက္ေပးပါလား"
"ဘယ္လိုမ်ိဳးလဲ ဘာအေရာင္လိုခ်င္တာလဲ"
"ဒီတိုင္း ေမာင္ဝတ္တဲ့အထဲက အျဖဴေရာင္ ရွပ္အကၤ်ီ တစ္ထည္ေလာက္လိုခ်င္တာ"
"အင္း ကိုယ္ သြားယူလိုက္မယ္"
အေၾကာင္းအရင္းကို မေမးပါလား ေမာင္ရယ္....
"ဒီမွာ ခြန္း ဒီတစ္ထည္က အသားေကာင္းတယ္"
"ေက်းဇူး ေမာင္
ဒါဆို ခြန္းတို႔ သြားရေအာင္ေလ"
ေမာင္က လူမ်ားစြာနဲ႕ ဆက္ဆံေနရေသာ စီးပြားေရးသမားပီပီ အကုန္လုံးက မိတ္ဖြဲ႕ခ်င္လွသည္။
ေမာင့္ပြဲျဖစ္သည့္အတြက္ ထိုသူမ်ားကို ဧည့္ခံစကားေျပာရမွာလည္း ေမာင့္အလုပ္ပင္။
စကားေျပာရင္း လွည့္တၾကည့္ၾကည့္ လုပ္ေနသူအား အဆင္ေျပေၾကာင္း ျပလိုက္သည္။
ဒီလိုပြဲမ်ိဳးေတြနဲ႕လည္း ခြန္းမစိမ္းပါ။
စင္ျမင့္ထက္တြင္ စကားေျပာေနသူအား စင္ေအာက္က ေငးၾကည့္ေနမိသည္။
ေမာင့္ကို ဒီလိုမ်ိဳး ခြန္းေငးၾကည့္ဖူးသည္။
ေမာင္ဟာ လြန္ခဲ့တဲ့ ဆယ္ႏွစ္ကအတိုင္း ယုံၾကည္မႈရွိသည္ ျပတ္သားသည္
စကားလုံးတိုင္းက နာခံခ်င္စရာ
ေမာင့္ထံမွ အရွိန္အဝါတစ္ခု ခံစားရသည္။
တခ်ိန္တုန္းကေတာ့ ထို အရွိန္အဝါေၾကာင့္ ခြန္းသိမ္ငယ္ဖူးသည္။
ေမာင့္ကို အျမင္ကပ္ခဲ့ဖူးသည္။
အခုေတာ့ အဲ့လို မခံစားရေတာ့
အဲ့ဒီ့အစား ပီတီ
ဟုတ္ပါတယ္ ေမာင့္အတြက္ ပီတီ ျဖစ္မိတယ္ ဂုဏ္ယူမိပါတယ္
ေမာင္ဟာ တစ္ေယာက္တည္း ေကာင္းေကာင္း ရပ္တည္နိုင္သူတစ္ေယာက္
ခြန္း မရွိလည္း ေမာင္ ရွင္သန္နိုင္မွာပါ......
laptop ေပၚမွာ အလုပ္မ်ားကို ၾကည့္ေနေသာ္လည္း သူအာ႐ုံစူးစိုက္မရ။
၁၀ နာရီခြဲ ဆိုေသာအခ်ိန္ဟာ သူအိပ္ရာ မဝင္ခင္ အလုပ္လုပ္တတ္တဲ့ အခ်ိန္ပါ။
ဒီညေတာ့ သူအာ႐ုံစူးစိုက္မရ။
သူ ဘယ္လိုမ်ား အာ႐ုံစူးစိုက္နိုင္မည္နည္း။
သူမေလးက ဒီေန႕တစ္ေန႕လုံး သူ႕အိမ္မွာပင္ အခ်ိန္ေတြ ကုန္ဆုံးသည္။
ညဘက္လည္း သူ႕အိမ္မွာပဲ ေနမည္တဲ့။
သူမနဲ႕ ဒီအိမ္ႀကီးထဲမွာ ႏွစ္ေယာက္တည္း
ဒီအေျခအေနက သူ႕ကို ေဆာက္တည္ရာမရဖို႔ လုံေလာက္တယ္မလား။
အျပင္ဘက္မွ တံခါးေခါက္သံ
သူမက လြဲလို႔ ဘယ္သူမွ မျဖစ္နိုင္။
"ခြန္း ဝင္ခဲ့မယ္ေနာ္"
အသံမဆုံးခင္ ပြင့္သြားသည့္တံခါး
သူ႕ကို ဘာျဖစ္ေစခ်င္ ေနတာလဲ
အၿမဲတမ္း suit အျပည့္ဝတ္ဆင္တတ္တဲ့မိန္းကေလးက
ပုံမွန္ ဂ်င္းေဘာင္းဘီ အရွည္သာ အၿမဲဝတ္တတ္သူက
အျမင္တစ္မ်ိဳး ဆန္းေစခ်င္ရင္ေတာင္ ျမန္မာဝတ္စုံသာ ဝတ္ဆင္တတ္သည့္ မိန္းကေလးက
သူ႕ရွပ္အကၤ်ီတစ္ထည္တည္းသာ ဝတ္ဆင္ထားသည္။
ရွည္လ်ားေသာ အကၤ်ီေအာက္မွာ သူမလက္ေတြဖုံးလ်က္
ျဖဴသြယ္ေသာ ေပါင္တံက အတိုင္းသား
႐ုတ္တရက္ ေရငတ္လာသည့္အတြက္ တံေတြးတစ္ခ်က္ၿမိဳခ်ကာ အၾကည့္လႊဲလိုက္သည္။
"ခြန္း..... ခြန္းေလ......."
ထိုေနရာ တစ္ေနေသာ မိန္းကေလးအား စကားေျပာရန္ၾကည့္လိုက္သည္။
လွ်ာကို ႏႈတ္ခမ္းနားသပ္လ်က္ မ်က္လုံးေလး ေပကလပ္ ေပကလပ္ လုပ္ေနသည္။
တစ္ခြန္းပဲ ေမးခ်င္သည္
မင္း ဘာလို႔ အဲ့ေလာက္ထိ ခ်စ္ဖို႔ေကာင္းေနရတာလဲ ခြန္းရယ္
"ေျပာေလ ခြန္း"
"ခြန္း အိပ္ရာ အသစ္ဆိုေတာ့ အိပ္မရလို႔"
"အခုအခ်ိန္မွ တိုက္ခန္းျပန္ခ်င္လို႔လား ခြန္းရဲ႕"
ျပာျပာသလဲလဲ ေျပာေနသည့္လူ
ခန့္ညားထည္ဝါ ဘယ္တုန္းက အဲ့ေလာက္ထိ တုံးသြားတာလဲ
"မဟုတ္ဘူး
ဟိုမွာ အိပ္ခ်င္လို႔"
သူ႕အိပ္ရာကို လက္ညို႔ထိုးျပလိုက္သည္။
ပါးစပ္ အေဟာင္းသား မ်က္ေတာင္မခတ္တမ္း ၾကည့္ေနသည့္သူ
ခြန္းလည္း အႀကိမ္ေပါင္းမ်ားစြာ ေတြးၿပီး လာခဲ့ရတာပါ
"အာ တကယ္လို႔ ေမာင္အဆင္မေျပရင္လည္း ခြန္းအခန္းမွာပဲ ျပန္အိပ္လိုက္ပါ့မယ္
ခြန္း သြားၿပီ"
"မဟုတ္ဘူး မဟုတ္ဘူး ခြန္း"
သားရဲသည္ သူ႕ပိုင္နက္ထဲေရာက္လာသည့္ သားေကာင္ကို လြတ္ေပးရိုးထုံးစံရွိပါသလား။
ထြက္ဟန္ျပင္ေနသည့္ မိန္းကေလးက လွည့္ၾကည့္သည္။
"ခြန္း အိပ္လို႔ရပါတယ္"
အခန္းထဲသို႔ဝင္လ်က္ ကုတင္ေပၚမွာ ထိုင္ေနလိုက္သည္။
ေစာင္ၿခဳံၿပီး ခြန္းလွဲလိုက္သည္။
ထိုလူက အခုထိ ေနရာကမေ႐ြ႕
"ေမာင္ မအိပ္ေသးဘူးလား"
"အမ္ အင္း ကိုယ္ ကိုယ္လည္း အခုပဲအိပ္မလို႔"
ေဘးကေန ဝင္လွဲလိုက္သည့္သူ
ခြန္းတို႔ပုံစံက နည္းနည္းေတာ့ ေၾကာင္လွသည္
ကုတင္အစြန္ဆုံး ႏွစ္ဖက္ကို ေနရာယူကာ မ်က္ႏွာက်က္ကိုသာ စိုက္ၾကည့္လ်က္
"ေမာင္က မီးဖြင့္ၿပီး အိပ္တတ္တာလား"
"ဟမ္ မဟုတ္ပါဘူး ကိုယ္ ပိတ္လိုက္မယ္"
မဲေမွာင္ေသာ အခန္းတြင္း ႐ုတ္တရက္ ေပၚလာသည့္အလင္းေရာင္
မ်က္ႏွာက်က္ေပၚမွ ၾကယ္ေရာင္မ်ား
ေကာင္းကင္ကို ေမာ့ၾကည့္ေနရသလိုပင္
"ေမာင္ကလည္း ဒါေတြရွိရယ္သားနဲ႕ ေစာေစာတည္းက ပိတ္ရမွာ
လွလိုက္တာ"
"ဟုတ္တယ္ ကိုယ္ေမ့သြားတာ"
ေမွာင္မဲေသာ အခန္းတြင္း တိတ္ဆိတ္လ်က္
အခ်ိဳးက် လွပေသာ မ်က္ႏွာျပင္အထက္ အလင္းေရာင္ေဖ်ာ့ေဖ်ာ့က က်ေနသည္
သူ႕စိတ္ရိုင္းကို မနည္းထိန္းလ်က္
"ေမာင္
ေမာင့္လက္တစ္ဖက္ ခြန္းကို ငွားလို႔ရမလားဟင္"
"ဟင္ ဘာကိုလဲ ခြန္း"
"သေဘာတူတယ္လို႔ပဲ မွတ္လိုက္မယ္ေနာ္"
သူ႕လက္တစ္ဖက္ကို ဆြဲယူလ်က္ ေခါင္းအုံးကာ ရင္ခြင္အတြင္းဝင္လာသည့္ မိန္းကေလး
သူ႕ကို႐ူးေအာင္မ်ား ျပဳစားေနတာလား
"ေမာင္ ခြန္းကို အနမ္းဖြဖြ မေပးေတာ့ဘူးလား"
ေလသံတိုးတိုးေလးနဲ႕ ေျပာလာသည့္ မိန္းကေလး
သူမဘက္သို႔ ငုံ႕လ်က္ နဖူးျပင္ထက္သို႔ အနမ္းဖြဖြ ေႁခြမိပါသည္။
"ကိုယ္ တစ္ညလုံးအတြက္ ကိုယ္ရဲ႕လက္ကို ငွားေပးမယ္ ဟုတ္ၿပီလား
ေမာင့္မင္းသမီးေလးက ေမာင့္ရဲ႕ရင္ခြင္ထဲမွာ သက္ေတာင့္သက္သာနဲ႕ အနားယူ"
"ဟုတ္"
တိုး၍ ဖက္ထားသူအား ပို၍ တိုးကာ ရင္ခြင္အတြင္းသြင္းလ်က္ ဖက္ထားလိုက္ပါသည္။
သူရဲ႕ရင္ခြင္ဟာ သူမေလးအတြက္ လုံၿခဳံမႈေပးနိုင္ေသာ ခိုးနားရာတစ္ခုသာ ျဖစ္လိုပါသည္။
ခ်စ္ျခင္းႏွင့္ေမတၱာတရားကိုသာ အျပန္အလွန္ ခံစားလ်က္ ႏြေးေထြးလုံၿခဳံစြာျဖင့္ တစ္ညတာကို သူတို႔အတူ ကုန္ဆုံးခဲ့ပါသည္......
မ်က္ႏွာထက္သို႔ က်ေရာက္လာသည့္ အလင္းေရာင္
မ်က္လုံးမဖြင့္ခ်င္ေသး
ညက အခ်ိန္ေတြကို သတိရလ်က္ ေဘးသို႔စမ္းလိုက္သည္
ေအးစက္ေသာ အထိအေတြ႕
သူ႕မ်က္လုံးေတြကို ဖြင့္လိုက္သည္
သူမ မရွိေတာ့
ဘယ္ေရာက္သြားတာလဲ
သူမ တကယ္ပဲ ထြက္သြားၿပီလား
သူခ်က္ခ်င္းထကာ အခန္းတိုင္းၾကည့္ေနမိသည္
မေတြ႕ရ
ေအာက္ထပ္မွာလား ၿခံထဲမွာလား
ေလွကားထစ္ေတြကို ေက်ာ္ခြလ်က္ အျမန္ဆုံးဆင္းလာမိသည္
ေအာက္ထပ္မွာ မရွိ
ရွင္းလင္းေသာ ၿခံထဲတြင္လည္း သူမကို မေတြ႕ရ
သူမ သူတကယ္ လက္လြတ္ရေတာ့မွလား
ဟင့္အင္း မျဖစ္နိုင္ပါ သူလက္မလြတ္နိုင္
စိတ္ပ်က္စြာ အိမ္ထဲသို႔ ျပန္ဝင္လာခဲ့သည္
ေရေသာက္ရန္ မီးဖိုအတြင္းဝင္လာသည့္အခါ ေတြ႕လိုက္ရသည့္ မိန္းကေလး
အေပၚက တစ္ခုခုကို ယူခ်င္ေနပုံ
မမွီေသာေၾကာင့္ ေျခဖ်ားေထာက္ေနရသည္
သူမနားသို႔သြားလ်က္ ေနာက္ေက်ာမွ သိုင္းဖက္ထားမိသည္။
သူမကိုယ္ေလး တြန့္သြားသည္။
"ဘာလို႔လဲ ေမာင္ ဘာျဖစ္လို႔လဲ"
သူမေလး သူ႕ဘက္သို႔ လွည့္လာသည္။
သူရင္ခြင္အတြင္းသာ သြင္းလ်က္ ဖက္ထားမိပါသည္။
"ဘာျဖစ္ေနတာလဲ ေမာင္
ေမာင္ ေမာင္ငိုေနတာလား ဘာလို႔လဲ
ခြန္းကို ၾကည့္ပါဦး ဘာျဖစ္လို႔လဲဟင္"
"ခြန္း ခြန္းထြက္သြားၿပီလို႔ ကိုယ္ထင္ေနတာ
ကိုယ္ အရမ္းလန့္သြားတာ
ကိုယ္ သိပ္ေၾကာက္တာ ခြန္းထြက္သြားမွာ"
စိတ္မပူပါနဲ႕ ေမာင္ရယ္
ေမာင္ႏႈတ္က ခြန္းကိုထြက္သြားဖို႔ မေျပာသေ႐ြ႕ ခြန္းထြက္သြားမွာ မဟုတ္ပါဘူး
"ေမာင္ရယ္ ခြန္းကို ၾကည့္ပါဦး
ခြန္းက ဒီမွာေလ ဘာမွ စိတ္မပူနဲ႕ေတာ့ေနာ္"
"အင္းပါ"
"ဒါဆို...."
သူမက ႐ုတ္တရက္ မ်က္လုံးမွိတ္ကာ မ်က္ႏွာေလးကို အေပၚေမာ့ေပးထားသည္
သူ႕ကို ဘာလုပ္ေစခ်င္တာလဲ
ၾကည္လင္ေသာ မ်က္ႏွာေလးကို အနီးကပ္ျမင္ေတြ႕ခြင့္ ရေသာ္လည္း သူဘာမွမလုပ္နိုင္ ေငး၍သာ ၾကည့္ခ်င္ေနမိပါသည္။
အတန္ၾကာေတာ့ သူမ မ်က္လုံးဖြင့္လာသည္
အလိုလို စူသြားသည့္ႏႈတ္ခမ္း
"ခန့္ညားထည္ဝါ ဘာလုပ္ေနတာလဲ"
"ဟမ္ ကိုယ္ ကိုယ္ ဘာလုပ္ရမွာလဲ"
"ဘာ"
"ကိုယ့္ကို ခြန္းက ဘာလုပ္ခိုင္းတာလဲ
မ်က္ႏွာမွာလဲ ဘာမွ ေပမေနပါဘူး
မိတ္ကပ္ မလိမ္းထားတာ ျပခ်င္တာလား
ဘာလဲ ခြန္း"
"ခန့္ညားထည္ဝါ"
"ဘာလို႔ ကိုယ့္ကို အဲ့လိုႀကီးေခၚထားလဲ ခြန္းရဲ႕"
"ေတာက္စ္!!!!
ခန့္ညားထည္ဝါ ရွင္ကအ႐ူး ငတုံးႀကီး
တုံးခ်င္တဲ့ ေနရာက် တုံးေနျပန္ေရာ"
"ကိုယ္ ဘာလုပ္မိလို႔လဲ ခြန္းရဲ႕
ခြန္း စိတ္ဆိုးေအာင္ ကိုယ္ဘာမ်ားလုပ္မိလို႔လဲ"
"ဘာမွ လာမေျပာနဲ႕ မၾကားခ်င္ဘူး"
"မဟုတ္ဘူးေလ ခြန္းရဲ႕ ခြန္းေျပာမွ ကိုယ္ကသိမွာေပါ့"
"ေသလိုက္ပါလား ေျပာမွသိတဲ့အ႐ူးႀကီးရဲ႕"
"ခြန္းကလည္းကြာ ကိုယ္ဘာမ်ားမွားသြားလို႔လဲ"
"ဘာမွားသြားလို႔လဲ
သြား ရွင္ကြၽန္မေရွ႕က ထြက္သြား
ေယာက္်ားေတြမ်ား လွ်ာအရိုးမရွိတိုင္းေလွ်ာက္ေျပာ ေနက်တာ ၿပီးရင္ သူတို႔စိတ္ထဲ တစ္ခုမွ ရွိတာမဟုတ္ဘူး"
"ဘာကိုလဲ"
"ထြက္သြားလို႔"
"ခြန္းကလည္း ဒါကိုယ့္အိမ္ေလ ကိုယ္ဘယ္ကို သြားရမွာလဲ"
"ဟုတ္တယ္ ဒါ ရွင္အိမ္
ကြၽန္မ သြားမယ္ ကြၽန္မပဲ ထြက္သြားမယ္"
"ဟာ အဲ့လို မဟုတ္ဘူးေလ ခြန္းကလည္း ကိုယ္အဲ့လိုေျပာတာ မဟုတ္ပါဘူး"
"လႊတ္ လက္ကိုလႊတ္လို႔
အားးးးး
ခန့္ညားထည္ဝါႀကီးကို မုန္းတယ္ မုန္းတယ္ မုန္းတယ္........"
"ခြန္းကလည္း ကိုယ့္ရင္ဘက္ကို ထုေနရင္ ခြန္းလက္ေတြနာေနမွာေပါ့
စိတ္ေအးေအးထားေနာ္"
"နာပေလ့ေစ အနာခံၿပီးေတာ့ကို ထုမွာ"
ထုတာ ရပ္သြားလ်က္ သူ႕ကိုစိုက္ၾကည့္ေနသည့္မိန္းကေလး
မ်က္ႏွာနဲ႕ နာ႐ြက္ဖ်ားေလးေတြ ေဒါသေၾကာင့္နီရဲလ်က္
ေဝ့တက္လာသည့္ သူအေၾကာက္ဆုံး မ်က္ရည္မ်ား
"ခြန္းရယ္ မငိုပါနဲ႕ေနာ္
ကိုယ္ေတာင္းပန္ပါတယ္ေနာ္
ဘာမွန္းမသိေပမယ့္ ကိုယ္ေတာင္းပန္ပါတယ္
အာ ခြန္း ဘာလုပ္မလို႔လဲ
အဲ့ ဖန္ခြက္ႀကီး ခ်ထားလိုက္ပါ"
"စဥ္းစား မမွတ္မိလို႔ကေတာ့ ရွင့္ေခါင္းကို ဒီဖန္ခြက္နဲ႕ ရိုက္ခြဲပစ္မယ္"
"ကိုယ္ေခါင္းကြဲမွာ ဘာမွမျဖစ္ေပမယ့္
ခြန္းလက္ကို တစ္ခုခု ထိခိုက္မိသြားရင္ ဘယ္လိုလုပ္မလဲ
ခ်ထားလိုက္ပါကြာ"
"အထိခိုက္ခံၿပီးကို လုပ္မွာ စဥ္းစား"
ဘာလဲ ဘာပါလိမ့္
မ်က္လုံးမွိတ္ၿပီး မ်က္ႏွာကိုေမာ့ေပးတာ
သူေျပာခဲ့တဲ့စကား ဘာလဲ
ဟာ......
"morning kiss
ဟုတ္တယ္မလား
အာ ေတာင္းပန္ပါတယ္ ခြန္းရာ
ကိုယ္အိပ္ရာထေတာ့ ေဘးနားမွာ ခြန္းကိုမေတြ႕ေတာ့ ပူထူသြားလို႔ပါ
အဲ့တာေၾကာင့္ေမ့သြားတာပါ
ကိုယ္အခု သတိရၿပီေလ ေနာက္မက်ေသးဘူးမလား
စိတ္ဆိုးေျပပါေတာ့ ခြန္းရယ္
မ်က္ႏွာကို ဒီလိုႀကီး လုပ္မထားပါနဲ႕
စိတ္ေလွ်ာ့လိုက္ေတာ့ေနာ္
လုပ္ပါ ေမာင့္မင္းသမီးေလးက လိမၼာပါတယ္ေနာ္
ဒါႀကီးကို ခ်ထားလိုက္
လိမၼာလိုက္တာ မြ"
နဖူးေလးကို နမ္းလ်က္ ရင္ခြင္အတြင္းသို႔ သြင္းထားလိုက္သည္
ဒါက အႏၱရာယ္အကင္းဆုံးပါ
"ခ်စ္ဖို႔ေကာင္းလိုက္တာ
morning kiss"
ႏႈတ္ခမ္းတစ္စုံကို ထပ္တူက်လိဳက္သည္
စိတိဆိုးမေျပေသးသည့္မိန္းကေလးက သူ႕အားစိုက္ၾကည့္လ်က္
"ခ်စ္တယ္ေနာ္"
"အ႐ူးႀကီး"
"ဟုတ္တယ္ ကိုယ္ကအ႐ူး"
ခြန္းစိတ္ေၾကာင့္ ႐ူးမယ့္သူပါ ခြန္းရယ္
႐ုတ္တရက္ ျမည္လာေသာ ph သံ
အခ်ိန္ေကာင္းေလးကို ႏွောင့္ယွက္လိုက္သလို
ေမတၱာပို႔လ်က္ လ်စ္လ်ဴရႈထားလိုက္သည္။
"ph ကိုင္ဦးေလ"
"ထားလိုက္ပါ ခြန္းရယ္ အေရးမႀကီးပါဘူး"
"အဲ့လိုလည္းဘယ္ဟုတ္မလဲ လႊတ္ ph ကိုင္
အခုမွ အပိုေတြ လာလုပ္ျပမေနနဲ႕"
"ခြန္းကလည္းကြာ"
"ေရာ့"
မယူခ်င္ယူခ်င္ျဖင့္ ph ကိုယူလိုက္သည္ ၾကည့္လိုက္ေတာ့
ဘုရားေရ
ေမေမပါ့လား ေမတၱာပို႔ေနေသာ စိတ္ကို႐ုတ္သိမ္းလ်က္
"ခဏေနာ္ ခြန္း ကိုယ္ ph ေျပာလိုက္ဦးမယ္"
"အင္း"
ေမာင့္ေမေမပါလား ဘာကိစၥမ်ား ရွိလို႔လဲ
ေမာင္က ခြန္းဆီသို႔ ျပန္ေလွ်ာက္လာသည္။
မေျပာမဆို ခြန္းကို ဖက္ထားျပန္သည္။
"ဘာလို႔လဲ ေမာင္ ဘာအဆင္မေျပလို႔လဲ"
"ခြန္းရယ္ ကိုယ့္ေလာက္သနားဖို႔ ေကာင္းတဲ့သူ ရွိပါဦးမလား"
"ဘာလို႔လဲ"
"အခုမွ ခရီးက ျပန္ေရာက္တာကို ကိုယ္ ျပည္ကိုျပန္ဦးမယ္နဲ႕တူတယ္
ႀကီးေမ ေနမေကာင္းျဖစ္ေနလို႔"
"ဟုတ္လား ေမာင္ စိုးရိမ္ရလားဟင္
ေမာင္ျမန္ျမန္ျပန္မွ ျဖစ္မွာေပါ့"
"အရမ္းႀကီးေတာ့ မစိုးရိမ္ရေတာ့ပါဘူး
ခြန္းလည္း လိုက္ခဲ့ေနာ္"
"မဟုတ္တာေမာင္ရယ္
ေမာင္က တစ္ေယာက္တည္း ခရီးထြက္တာ မဟုတ္ဘူးေလ
ေမာင့္ မိသားစုဆီျပန္မွာ
ေမာင့္ႀကီးေမက ေမာင့္ကို အရမ္းခ်စ္တာပဲမလား
အခုေမာင့္ကို အရမ္းသတိရေနမွာ
ေမာင္က သူ႕ေဘးနားမွာေနၿပီး ေစာင့္ေရွာက္ေပးရမွာေပါ့"
"ခြန္းရယ္ ေမာင္ေတာ့ လြမ္းရဦးမယ္"
"ေမာင္ကလည္း
ဘဝဆိုတာ ေမြးလာေတာ့လည္း တစ္ေယာက္တည္း ေသဆုံးေတာ့လည္း တစ္ေယာက္တည္းပဲကို"
"ဒါေပမယ့္ ေမြးဖြားျခင္းနဲ႕ ေသဆုံးျခင္းၾကားက ရွင္သန္ခ်ိန္ေလးမွာေတာ့ ကိုယ္တို႔ တစ္စုံတစ္ေယာက္ကို လိုအပ္ပါတယ္ ခြန္းရယ္"
"ဟုတ္ပါၿပီ ခြန္းနားလည္ပါတယ္
အခုေတာ့ ခရီးသြားဖို႔ ျပင္ဆင္လိုက္ေတာ့ေနာ္"
ခြဲရဦးမွာပဲ......
ခြဲခြာမႈေတြနဲ႕ အသားက်ေအာင္ လုပ္ထားပါေမာင္
ဘဝဆိုတာ တစ္ေယာက္တည္းပဲ ရွင္သန္ရတာမလား
Paing
6:37 PM
2.10.2021