နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၉၀

7K 1.7K 380
By Kay_Wine


{Zawgyi}

'ငါ ဘာလုပ္သင့္လဲ?'

သူအေၾကာက္ဆုံးအရာက အခုတင္ ျဖစ္လာၿပီ။

"ေရွာင္လင္း..." ပိုင္ရန္ မတတ္သာစြာ systemကို အကူအညီလွမ္းေတာင္းရတယ္။

ေရွာင္လင္း သူ႔ကိုႏွစ္သိမ့္ေပးလိုက္တယ္ "သခင္၊ ဒီလိုမ်ိဳးက အေႏွးနဲ႔အျပန္ ျဖစ္လာမယ္ဆိုတာ သိၿပီးသားပဲ မွတ္လား?"

ပိုင္ရန္ "...အင္း"

ဒါေပမယ့္လည္း သိတာက သိတာပဲေလ၊ တကယ္ႀကီးျဖစ္လာေတာ့ ေၾကာက္စရာေကာင္းေနတုန္းပဲ!

နတ္ဆိုးဘုရင္ႀကီးရဲ႕ တစ္စစီ စုတ္ၿဖဲတာကို ခံရၿပီးေတာ့ အေသဆိုးနဲ႔ ေသရေတာ့မွာလား?

ထိုအေၾကာင္းေတြးၾကည့္႐ုံနဲ႔တင္ သူ႔ေျခေထာက္ေတြက ေခါက္ဆြဲေခ်ာင္းႏွစ္ေခ်ာင္းလိုမ်ိဳး ေပ်ာ့ေခြလာကာ သူ႔အေလးခ်ိန္ေတာင္သူ မထိန္းႏိုင္သေလာက္ျဖစ္လာတယ္။

သူ ေျမႀကီးေပၚက်ေတာ့မယ္လို႔ ခံစားေနရေပမယ့္ က်မသြားဘူး။ အနည္းဆုံးေတာ့ သူအမ်ားႀကီးျဖတ္ေက်ာ္ခဲ့ရၿပီးျဖစ္တဲ့အတြက္ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာကလည္း တိုးတက္လာၿပီျဖစ္ကာ ပိုင္ရန္ သူ႔ကိုယ္သူ အျမန္တည္ၿငိမ္ေအာင္ လုပ္လိုက္ႏိုင္ၿပီး အံ့ဩခ်င္ေယာင္ေဆာင္လိုက္တယ္ "အရွင္ႀကီး ဘယ္လိုလုပ္ၿပီး ဒီေရာက္လာတာလဲ?"

နတ္ဆိုးဘုရင္ႀကီး မေျဖရေသးခင္ သူ႔ေအာက္မွာ တစ္စုံတစ္ရာ လႈပ္ရွားသြားတာကို ပိုင္ရန္ခံစားလိုက္ရၿပီး ေအာက္ဘက္ကေန က်ိဳးရင္ ႐ုတ္တရက္ထြက္ေပၚလာတယ္!

ပိုင္ရန္ တုန္လႈပ္သြားၿပီး သူ႔ေျခေထာက္ကိုေျမႇာက္ကာ ေနာက္တစ္ေခါက္ေတာင္ ေတြးမေနေတာ့ဘဲ က်ိဳးရင္ေခါင္းကိုတည္ၿပီး ေရထဲကို ျပန္ကန္ထည့္လိုက္ေတာ့တယ္။ လွ်ိဳ႕ဝွက္နဂါးပိုင္နက္က သူတို႔ထြက္လာၿပီးတဲ့ေနာက္ ပိတ္သြားၿပီျဖစ္လို႔ က်ိဳးရင္ ျပန္မသြားႏိုင္ဘဲ ေရထဲကိုသာ က်သြားကာ စတင္ ႐ုန္းကန္ေနရတယ္။

ေရေတြပါးစပ္အျပည့္ ၿမိဳခ်မိၿပီး ေရေပၚကို တြန္းထိုးၿပီး ျပန္တက္လာတယ္။ သူ မထြက္ႏိုင္ေသးခင္မွာတင္ ေျခေထာက္တစ္ဖက္က သူ႔ကို ဖိခ်ထားျပန္တယ္။

သူျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ၿပီး သူ႔ကိုသူ အကာအရံတစ္ခု ခ်လိုက္ကာ ပင္လယ္ေရေတြကို တားဆီးႏိုင္လိုက္လို႔သာ ေတာ္ေသးတယ္။

"လႈပ္မေနနဲ႔!" ေရကိုျဖတ္ၿပီး သူ႔နားေတြထဲ အသံတိုးတိုးတစ္ခု တိုးဝင္လာတယ္။

က်ိဳးရင္ ေမးခြန္းဆက္ေမးခ်င္ေပမယ့္ အျပင္မွာတစ္ခုခုျဖစ္ေနၿပီဆိုတာကို သိသြားတာေၾကာင့္ ရပ္လိုက္ၿပီး ေက်ာက္တုံးတစ္တုံးလိုမ်ိဳး တိတ္တိတ္ေလး ဟန္ေဆာင္ေနလိုက္တယ္။

သူက ပူးေပါင္းေပးလာတာကိုျမင္ေတာ့မွ ပိုင္ရန္ အသက္ေအာင့္ထားမိရာက သက္မခ်လိုက္ၿပီး ဒီလိုနည္းလမ္းနဲ႔ နတ္ဆိုးဘုရင္ႀကီးကို အ႐ူးလုပ္ဖို႔ ႀကံစည္လိုက္တယ္။ အလိမ္အညာကို တစ္သက္လုံး ထိန္းမထားႏိုင္ဘူးဆိုရင္ေတာင္မွ လြတ္ေျမာက္ႏိုင္မယ့္ အခြင့္အလမ္းတစ္ခု ဖန္တီးႏိုင္တယ္ဆိုရင္ပဲ လုံေလာက္ၿပီ။

သူၿပဳံးရင္းနဲ႔ ေလွ်ာက္သြားၿပီး အားတက္သေရာ ႏႈတ္ဆက္လိုက္တယ္ "အရွင္ႀကီး ျပန္လာၿပီလား? ဘယ္တုန္းက ျပန္ေရာက္လဲ?"

ကမ္းစပ္ကို လႈိင္းေတြ ႐ိုက္ခတ္ေနၿပီး ပိုင္ရန႔္ရဲ႕အဝတ္အစားေတြနဲ႔ ဆံပင္ေတြက အနည္းငယ္ စိုစြတ္ေနကာ ဝတ္ထားဖို႔ေတာင္မွ ၾကည့္ရဆိုးလြန္းလွတယ္။ သူ႔ရဲ႕မ်က္လုံးေတြကပဲ အလြန္ေတာက္ပေနၿပီး သူ႔ရဲ႕ေပ်ာ္႐ႊင္ေနမႈကို အရွင္းသား ေဖာ္ျပေနတယ္။

နတ္ဆိုးဘုရင္ႀကီး သူ႔ကို အနီးကပ္ စစ္ေဆးလိုက္တယ္။

ပိုင္ရန္ အနည္းငယ္အျပစ္မကင္းသလို ခံစားရၿပီး စတင္စိတ္လႈပ္ရွားလာတယ္ "အရွင္ႀကီး?"

နတ္ဆိုးဘုရင္ႀကီး သတိျပန္ကပ္သြားၿပီး အေရးမစိုက္ဟန္နဲ႔ ေျပာလိုက္တယ္ "ကိုယ္ေတာ္ ခုေလးတင္ျပန္ေရာက္တာ"

'ခုေလးတင္ ျပန္ေရာက္တယ္?'

ပိုင္ရန႔္ဦးေႏွာက္ထဲက ဘီးလုံးေတြ လ်င္ျမန္စြာလည္ပတ္ေနတယ္၊ ဒါဆို သူ ေလာ့က်န္းဖန္းရဲ႕သတင္းစကားကို ရအုံးမွာမဟုတ္ေသးဘူး။

ပိုင္ရန္ ဂ႐ုတစိုက္ေျပာလာတယ္ "အရွင္ႀကီးက အန္နင္း႐ြာကို ျပန္မသြားဘူးလား?"

နတ္ဆိုးဘုရင္ႀကီးက ဘာမွသိပုံမရသလိုမ်ိဳး ဆက္ေနေနတယ္ "ျပန္လာတဲ့လမ္းမွာ ကိုယ္ေတာ္က ေသမ်ိဳးနယ္ေျမထဲက ပညာရွင္တခ်ိဳ႕နဲ႔ တိုးလို႔၊ သူတို႔ကို အခ်က္ျပသလိုမလုပ္ခ်င္တာနဲ႔ပဲ ဒီကို ေကြ႕ပတ္ၿပီး လာလိုက္တာ"

'... အိုး ဆိုလိုခ်င္တာက ဒီေနရာက သူ႔ရဲ႕ပန္းတိုင္မဟုတ္ဘူးေပါ့?'

ဟုတ္တာေပါ့၊ သူကိုယ္တိုင္ေတာင္ ဒီနားမွာ ထြက္ေပါက္ရွိမွန္းမသိတာ၊ နတ္ဆိုးဘုရင္ႀကီးက ဘယ္လိုလုပ္ၿပီး သိေနမွာလဲ?

အဲ့တာေၾကာင့္ တိုက္ဆိုင္မႈတစ္ခုသာ ျဖစ္ႏိုင္တယ္။

ပိုင္ရန္ အနည္းငယ္ စိတ္ေအးသြားၿပီး ပိုမိုသက္ေသျပဖို႔ ႀကိဳးစားေတာ့တယ္ "ဒါဆို ေလာ့က်န္းဖန္းက အရွင္ႀကီးဆီကို သတင္းပို႔ၿပီးပါၿပီလား?"

"သူက ဘာအတြက္ ကိုယ္ေတာ့္ဆီ သတင္းပို႔ရမွာလဲ?" နတ္ဆိုးဘုရင္ႀကီး ေမးလိုက္တယ္။

ပိုင္ရန္ ေျခာက္ကပ္ကပ္ရယ္ကာ သူ႔ေလသံက ဟုတ္မေနဘူးလို႔ ေတြးလိုက္တယ္။ 'ေလာ့က်န္းဖန္းက တကယ္ပဲ သတင္းမေပးဘူးလား?'

သူ ေျပာလိုက္တယ္ "က်ိဳးရင္အေၾကာင္းပါ"

နတ္ဆိုးဘုရင္ႀကီး "မေျပာဘူး"

'မေျပာဘူး?'

ပိုင္ရန္ စိတ္လႈပ္ရွားလာတယ္ 'ေကာင္းတာေပါ့!'

နတ္ဆိုးဘုရင္ႀကီးရဲ႕မ်က္လုံးေတြထဲမွာ တစ္စုံတစ္ရာျဖတ္သန္းသြားတယ္ "က်ိဳးရင္က ဘာျဖစ္လို႔လဲ? သူ႔အေၾကာင္း ဘာလို႔ သတင္းပို႔ရမွာလဲ?"

ၾကည့္ရတာ သူဘာမွ သိေသးပုံမေပၚဘူး၊ ပိုင္ရန္ အမ်ားႀကီးစိတ္သက္သာရာရသြားကာ တည္ၿငိမ္စြာ ေျပာလိုက္တယ္ "အိုး၊ ေထြေထြထူးထူးေတာ့ မဟုတ္ပါဘူး... အမ်ားေျပာခ်က္အရဆိုရင္ က်ိဳးရင္က ဖီးနစ္ၿမိဳ႕ေတာ္ထဲမွာ အႀကီးအက်ယ္ဖ႐ိုဖရဲျဖစ္ေအာင္ လုပ္ခဲ့ၿပီး ထြက္မေျပးခင္ ၿမိဳ႕အရွင္ကို အႏိုင္ပိုင္းခဲ့ေသးတယ္တဲ့"

"သူ လြတ္သြားတာလား? ဘယ္ကိုလဲ?"

ပိုင္ရန္ အေလာတႀကီးေျပာလိုက္တယ္ "ကြၽန္ေတာ္ မသိပါဘူး"

နတ္ဆိုးဘုရင္ႀကီးက သူ႔ကို ေအးစက္စြာ စိုက္ၾကည့္ေနတာေၾကာင့္ ပိုင္ရန္ ဗ်ာမ်ားေနရတယ္ "အရွင္ႀကီး?"

နတ္ဆိုးဘုရင္ႀကီးက "သူ ဘယ္သြားလဲဆိုတာ မင္းမသိဘူးလား?"

ပိုင္ရန႔္ႏွလုံးက တလွပ္လွပ္ျဖစ္လာတယ္၊ 'အရွင္ႀကီးက ဒါဘာကိုေျပာခ်င္ေနတာလဲ? ဘာလို႔ ငါ့ကိုလာေမးေနတာလဲ? သူ... မဟုတ္ပါဘူး၊ မျဖစ္ႏိုင္တာ'

ကံတရားကို ေလာင္းေၾကးထပ္ၿပီး သူဆက္ေျပာလိုက္တယ္ "ေသခ်ာေပါက္ ကြၽန္ေတာ္ မသိပါဘူး"

"ဪ အဲ့လိုလား?" နတ္ဆိုးဘုရင္ႀကီး ေအးစက္စက္ရယ္လိုက္ကာ ဆက္ေမးတယ္ "ဘာလို႔ ဒီေရာက္ေနတာလဲ?"

ပိုင္ရန႔္ဦးေႏွာက္ထဲက ဘီးလုံးေတြက လွ်ပ္စီးအလ်င္လို လည္ပတ္ေနေတာ့တယ္ "အရွင္ႀကီး ထြက္သြားၿပီးတဲ့ေနာက္ ကြၽန္ေတာ္လည္း ပ်င္းေနတာနဲ႔ အန္နင္း႐ြာက ထြက္ၿပီး ဟိုဟိုဒီဒီေလွ်ာက္သြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္တာ၊ တခ်ိဳ႕လွ်ိဳ႕ဝွက္ပိုင္နက္ထဲကို မေတာ္တဆေရာက္သြားၿပီး အထဲမွာ ပိတ္မိေနမယ္လို႔ ဘယ္သူသိမွာလဲ၊ ခုေလးတင္ ကြၽန္ေတာ္ လြတ္လာတာပါ"

"မင္း တစ္ေယာက္တည္းလား?"

ပိုင္ရန႔္ႏွလုံးက တဒိတ္ဒိတ္ခုန္ေနကာ တည္ၿငိမ္တဲ့မ်က္ႏွာနဲ႔ ေျပာလိုက္တယ္ "ဟုတ္ပါတယ္၊ ကြၽန္ေတာ္ တစ္ေယာက္တည္းပါ"

"တကယ္လား?" နတ္ဆိုးဘုရင္ႀကီး ေျခာက္ကပ္ကပ္ရယ္လိုက္ျပန္တယ္ "ဒါဆို ကိုယ္ေတာ္က တျခားတစ္ေယာက္ကို ရွာေတြ႕သြားတယ္ဆို သတ္လိုက္လို႔ရမလား?"

သူ႔စကားလုံးေတြက တစ္ခုခုေတာ့လြဲေနတယ္ဆိုတာကို ေနာက္ဆုံးမွာ ပိုင္ရန္သတိထားမိသြားတယ္။ သူ ေၾကာက္႐ြံ႕ ထိတ္လန႔္သြားရၿပီး အားတင္းၿပဳံးကာ ေျပာလိုက္တယ္ "အရွင္ႀကီး၊ တျခားတစ္ေယာက္ ရွိေနလို႔လား? ဘယ္နားမွာလဲ? ကြၽန္ေတာ္တို႔ေနာက္ကို တစ္ေယာက္ေယာက္ လိုက္လာတယ္လို႔ေတာ့ မေျပာနဲ႔ေနာ္?"

သူ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ေဘးဘီကိုၾကည့္ကာ တခ်ိန္တည္းမွာပဲ သူ႔အျမင္ကို ပင္လယ္ႀကီးတစ္ခုလုံး ျဖန႔္က်က္လိုက္ၿပီး က်ိဳးရင္ရဲ႕သဲလြန္စေတြကို ဖုံးကြယ္ေပးဖို႔ ႀကိဳးစားလိုက္တယ္။

သူ႔လုပ္ေဆာင္ခ်က္ကို နတ္ဆိုးဘုရင္ႀကီး အတိုင္းသားျမင္သြားၿပီး သူ႔ရဲ႕နက္ေမွာင္ေနတဲ့မ်က္လုံးေတြထဲမွာ ႀကီးစြာေသာေဒါသမီးေတြ တိုးပြားလာတယ္။

'ေကာင္းတယ္၊ ငါ့ကို သစၥာေဖာက္႐ုံတင္မကဘူး၊ ဘာမွမျဖစ္သလိုမ်ိဳးေတာင္ လိမ္လိုက္ေသးတယ္!'

ေတာင္ပင္လယ္ေရသူမပုလဲကေနတဆင့္ ပိုင္ရန႔္ရဲ႕စကားေတြနဲ႔ လုပ္ရပ္ေတြအားလုံးကို နတ္ဆိုးဘုရင္ႀကီး အရွင္းသားျမင္ခဲ့ရတာ ၾကာၿပီျဖစ္တယ္။ သူ အေလာသုံးဆယ္ျပန္လာတုန္း ပိုင္ရန္နဲ႔က်ိဳးရင္တို႔က လွ်ိဳ႕ဝွက္ပိုင္နက္ထဲ ေရာက္သြားၿပီးေနာက္ ျပန္ထြက္လာျခင္းမရွိဘဲ Lost Seaဆီကို ထပ္ေရာက္သြားျပန္တယ္။

ေတာင္ပင္လယ္ေရသူမပုလဲက ဝိဉာဥ္ပစၥည္းတစ္ခုျဖစ္တယ္။ လွ်ိဳ႕ဝွက္ပိုင္နက္ထဲေရာက္ေနတာေတာင္မွ နတ္ဆိုးဘုရင္ႀကီး ပိုင္ရန႔္ရဲ႕တည္ေနရာကို သိႏိုင္ေသးတယ္။ ပိုင္နက္ရဲ႕ပိတ္ပင္မႈေၾကာင့္ အထဲက အေျခအေနကို မျမင္ရဘဲ သူတို႔အသံေတြကိုသာ ၾကားႏိုင္တယ္။ သူတို႔ေျပာစကားေတြကတဆင့္ နတ္ဆိုးဘုရင္ႀကီးခမ်ာ သူမယုံၾကည္ရဲတဲ့ အမွန္တရားကို သိလိုက္ရတယ္__ အရင္ ရွဲ႕ဇီထ်န္း ေသမ်ိဳးနယ္ေျမကို သြားတဲ့အခ်ိန္ေတြတုန္းက သူ႔အတြက္မဟုတ္ဘဲ က်ိဳးရင္အတြက္သာ ျဖစ္တယ္။

အရင္က သူ႔ကိုမခ်စ္ဘူးလို႔ အၿမဲတမ္းေျပာေနခဲ့တာ အံ့ဩစရာမရွိေတာ့ဘူး။

သူ႔ဖာသာနားလည္မႈလြဲၿပီး သူ႔အခ်စ္က အျပန္အလွန္ရွိတယ္လို႔ ထင္ခဲ့တယ္။

နတ္ဆိုးဘုရင္ႀကီး ထိုသုံးသပ္ခ်က္ကို လက္မခံႏိုင္ဘဲ ခ်က္ခ်င္းဆိုသလို ဦးတည္ရာေတြေျပာင္းကာ Lost Seaကို အေသာ့ႏွင္ၿပီး ထိုေသာက္က်ိဳးနည္းစုံတြဲ ထြက္လာမွာကို ေစာင့္ေနခဲ့တယ္။

လဝက္ၾကာေလာက္ ကမ္းစပ္မွာရပ္ကာ စိတ္ရွည္လက္ရွည္နဲ႔ေစာင့္ၿပီး အထဲက လႈပ္ရွားမႈေတြကို နားေထာင္ေနခဲ့တယ္။ ျဖစ္ႏိုင္တာ က်ိဳးရင္က တရားက်င့္ႀကံေနတဲ့အဆင့္ကို ဝင္ေနတာေၾကာင့္ အျပင္မွာျဖစ္ေနတာကို သတိမထားမိတာျဖစ္ႏိုင္တယ္၊ ထိုစဥ္အခ်ိန္ကို အခြင့္ေကာင္းယူၿပီး ရွဲ႕ဇီထ်န္းက သူ႔ကိုထိကာ "မင္းရဲ႕အသားအေရေလးက ႏူးညံ့ေနတာပဲ"တို႔ "မင္းက ၾကည့္ေကာင္းလိုက္တာ"တို႔ ေျပာခဲ့တယ္။

အကယ္၍ ဝင္ေပါက္ကို ရွာမေတြ႕တာေၾကာင့္သာ မဟုတ္ဘူးဆိုရင္ နတ္ဆိုးဘုရင္ႀကီး အထဲကိုဝင္ၿပီး ထိုေသာက္က်ိဳးနည္းစုံတြဲကို ဝင္႐ိုက္လိုက္တာ ၾကာၿပီျဖစ္တယ္။

လဝက္ၾကာ သူဘယ္ေလာက္ေတာင္ စိတ္ဆင္းရဲခဲ့ရလဲဆိုတာ တစ္ေယာက္မွ မသိၾကဘူး။

ေနာက္ဆုံးထြက္လာျပန္ေတာ့လည္း ရွဲ႕ဇီထ်န္းက တကယ္ႀကီးဆက္လိမ္ေနျပန္တယ္!

နတ္ဆိုးဘုရင္ႀကီး အံႀကိတ္ကာ ႐ုတ္ျခည္းဆိုသလို သူ႔ရဲ႕စြမ္းအင္ေတြအားလုံး ေပါက္ကြဲထြက္လာၿပီး ပတ္ပတ္လည္ကို ဖုံးလႊမ္းသြားတယ္။

ပိုင္ရန္ လန႔္ျဖန႔္သြားၿပီး သူ,မတုံ႔ျပန္ႏိုင္ေသးခင္ နတ္ဆိုးဘုရင္ရဲ႕ အနက္ေရာင္စြမ္းအင္က ပင္လယ္ထဲကို စိမ့္ဝင္သြားကာ က်ိဳးရင္ကို ပုန္းခိုေနရာကေန ဆြဲေခၚလာတယ္။

က်ိဳးရင္ကလည္း သူဖမ္းမိသြားမယ္လို႔ ထင္မထားတာေၾကာင့္ ေလထဲမွာတင္ ေၾကာင္အအေလးျဖစ္ေနၿပီး ေနာက္မွသာ အျမန္တုံ႔ျပန္ရင္း ေမွာ္စြမ္းအင္ထဲက ႐ုန္းထြက္ကာ ကမ္းစပ္ကို ေျခခ်ႏိုင္ဖို႔ ခႏၶာကိုယ္ကို လွည့္ပတ္လိုက္ရတယ္။ အေနာက္ကို ေျခလွမ္းအနည္းငယ္ဆုတ္လိုက္ၿပီး နတ္ဆိုးဘုရင္ႀကီးကို သတိအေနအထားနဲ႔ စိုက္ၾကည့္ေနလိုက္တယ္။

ဇာတ္လိုက္ျဖစ္ေနတာေၾကာင့္သာ လွလွပပေလး ေျခခ်ႏိုင္ၿပီး နတ္ဆိုးဘုရင္ႀကီးေရွ႕ အေၾကာက္အလန႔္မရွိ ေနာက္မဆုတ္သြားတာျဖစ္တယ္။

"အခု ကိုယ္ေတာ့္ကို ေျပာ၊ သူက ဘာေၾကာင့္ ဒီေရာက္ေနတာလဲ?" နတ္ဆိုးဘုရင္ႀကီးမ်က္ႏွာက ေဒါသေၾကာင့္နီရဲေနၿပီး ႏွဖူးေပၚမွာလည္း ေသြးေၾကာေတြ ႂကြတက္ေနတယ္။

က်ိဳးရင္ကို ဖမ္းမိသြားတာကို ျမင္လိုက္ရတဲ့အခါ ပိုင္ရန႔္ေျခေထာက္ေတြေတာင္ ကိုက္ခဲလာၿပီး သူဆက္လိမ္လို႔မရေတာ့ဘူးဆိုတာ သိသြားတယ္။ သူ နတ္ဆိုးဘုရင္ႀကီးေရွ႕မွာ ဒူးေထာက္ခ်လိုက္ၿပီး ႏွာရည္ေတြမ်က္ရည္ေတြၾကားကေန ေျပာလိုက္တယ္ "အရွင္ႀကီး ကြၽန္ေတာ္မွားသြားပါတယ္!"

"အဲ့ေတာ့ မင္းမွားမွန္း မင္းသိတယ္ေပါ့၊ ဆက္လိမ္ေလ၊ ဘာေၾကာင့္ ဆက္မလိမ္ေတာ့တာလဲ?" ေဒါသထြက္ထြက္နဲ႔ပဲ နတ္ဆိုးဘုရင္ႀကီး သူ႔လက္ကိုဆန႔္ကာ ပိုင္ရန႔္ေခါင္းအထက္ကို ေျမႇာက္လိုက္တယ္။

ပိုင္ရန႔္တစ္ကိုယ္လုံးမွာရွိတဲ့ အေမႊးေတြအားလုံး တဆုံးေထာင္တက္ကုန္တယ္။ 'ငါေတာ့ သြားၿပီ၊ ငါေတာ့ သြားၿပီ၊ အခု ဖရဲသီးလို အခြဲခံရေတာ့မယ္!'

ႀကိဳတင္ေမွ်ာ္လင့္ထားတဲ့နာက်င္မႈက ဘယ္ေတာ့မွေရာက္မလာမွန္း ဘယ္သူသိမွာလဲ။ ထိုလက္က သူ႔ေခါင္းေပၚမွာတင္ တန႔္သြားၿပီး ဘာျဖစ္လို႔ျဖစ္ေနမွန္း မေသမခ်ာျဖစ္ေနေသးတဲ့ က်ိဳးရင္ရွိရာဆီကို လည္ပင္းကေန စုပ္ယူဖို႔ ေ႐ႊ႕သြားေတာ့တယ္။

က်ိဳးရင္ရဲ႕စြမ္းအင္က လွ်ိဳ႕ဝွက္နဂါးနယ္ေျမထဲမွာရွိတုန္းက ထိုးေဖာက္ခဲ့ရတာျဖစ္တယ္။ သူက မဟာယနအဆင့္ကို မေရာက္ေသးေသာ္လည္း ေရာက္ခါနီးၿပီျဖစ္တယ္။ သို႔ေပမယ့္ သူက နတ္ဆိုးဘုရင္ႀကီးအတြက္ေတာ့ ၿပိဳင္ဘက္ဟုတ္မေနေသးဘူး။

သူ႔လည္ပင္းက ဆို႔နင့္ေနၿပီး အ႐ိုးတကြၽတ္ကြၽတ္သံကို အရွင္းသားႀကီး ၾကားႏိုင္တယ္။

"အရွင္ႀကီး ကြၽန္ေတာ္ မွားသြားပါတယ္!" ပိုင္ရန္ ေသလုနီးပါး ေၾကာက္လန႔္ေနၿပီး သူ႔အက်ီစကို အေလာတႀကီး ဆြဲလိုက္တယ္ "သူ႔ကို မသတ္ပါနဲ႔! သူ႔ကို မသတ္ပါနဲ႔!"

"မင္းက ဒါကို ေတာင္းဆိုရဲေသးတယ္?!" သူ ဘာမွမေျပာခဲ့ရင္ေတာင္ အဆင္ေျပအုံးမွာျဖစ္ေပမယ့္ ဒီလိုစကားလုံးေတြထြက္လာတဲ့အခါ စကၠန႔္ပိုင္းအတြင္း နတ္ဆိုးဘုရင္ႀကီး ပိုေဒါသထြက္လာတယ္။

ပိုင္ရန္ လႊတ္ေပးလိုက္ၿပီး ေျပာလာတယ္ "အရွင္ႀကီး ကြၽန္ေတာ္ မွားတာပါ၊ ကြၽန္ေတာ့္ကို အျပစ္ေပးလို႔ရပါတယ္!"

"ဒီလူက မင္းအတြက္ ဒီေလာက္ေတာင္ အေရးပါေနတာလား? သူ႔အတြက္ ကိုယ္ေတာ့္ကိုေတာင္ သစၥာေဖာက္တဲ့အထိေလ?" နတ္ဆိုးဘုရင္ႀကီး သူ႔ႏွာေခါင္းကို လက္ညႇိဳးေငါက္ေငါက္ထိုးကာ ႀကိမ္းေမာင္းေတာ့တယ္။

က်ိဳးရင္က သူ႔လက္ထဲမွာ ၾကက္ေပါက္ေလးတစ္ေကာင္လို အကိုင္ခံထားရၿပီး အသက္ရႈမရတာေၾကာင့္ မ်က္ႏွာက ရဲတက္လာတယ္။

ၾကည့္ရင္းနဲ႔ ပိုင္ရန္ အလြန္အမင္းစိုးရိမ္လာတယ္။

"ဪ ရွဲ႕ဇီထ်န္း ရွဲ႕ဇီထ်န္း၊ မင္းက တကယ္ပဲ ကိုယ္ေတာ့္ေနာက္ကြယ္မွာ တျခားေယာက်ာ္းကို သြားေတြ႕တယ္ေပါ့ေလ?" နတ္ဆိုးဘုရင္ႀကီး ေဒါသပုန္ထေနေတာ့တယ္ "ကိုယ္ေတာ္မင္းကို သတိေပးလိုက္မယ္၊ မင္းက ကိုယ္ေတာ့္အပိုင္ျဖစ္ေနၿပီ၊ အျပင္ထြက္ခြင့္မရွိသလို တျခားသူေတြနဲ႔လည္း ပေရာ္ပရည္လုပ္ခြင့္မရွိဘူး... မင္း ကိုယ္ေတာ့္ကို လြန္ဆန္ရဲသလား?"

ဒါကို ၾကားလိုက္ရတဲ့အခါ နတ္ဆိုးဘုရင္ႀကီးကေတာ့ ဒီအေျခအေနကို အမ်ားႀကီးေလွ်ာက္ေတြးေနၿပီဆိုတာ ပိုင္ရန္သိလိုက္ရတယ္။ သူ ေခါင္းကို အလ်င္စလိုေမာ့ကာ ေျပာလိုက္တယ္ "အရွင္ႀကီး နားလည္မႈလြဲေနပါၿပီ၊ သူက ကြၽန္ေတာ့္ခ်စ္သူမဟုတ္ဘူး"

"သူက မင္းရဲ႕ခ်စ္သူမဟုတ္ဘူးဆိုရင္ ဒီတခ်ိန္လုံး ဘာလို႔သူ႔ကိုကယ္ေနတာလဲ၊ သူ႔ကို ျပဒါးလုံးေတြေတာင္ ေပးခဲ့ေသးတယ္ေလ?"

'ခ်ီး ခ်ီး ခ်ီး ခ်ီး ခ်ီးေဟ့!'

'နတ္ဆိုးဘုရင္ႀကီးက အဲ့အေၾကာင္း ဘာလို႔သိေနတာလဲ?'

'ဘယ္လိုလုပ္ သိသြားတာလဲ!'

ပိုင္ရန္ ထိတ္လန႔္သြားကာ ခဏေလာက္ ေတြးၿပီးေနာက္ ျငင္းလိုက္တယ္ "မဟုတ္ပါဘူး၊ ကြၽန္ေတာ္ မေပးပါဘူး!"

"လိမ္တုန္းပဲလား?" နတ္ဆိုးဘုရင္ႀကီး အံကိုႀကိတ္ထားလိုက္တယ္။

ခဏေလာက္ ႀကံရာမရျဖစ္ေနၿပီး ပိုင္ရန္ေျပာလိုက္တယ္ "အရွင္ႀကီး ဒါက တကယ့္ကို နားလည္မႈလြဲေနတာပါ၊ က်ိဳးရင္နဲ႔ ကြၽန္ေတာ္ကလည္း ခ်စ္သူေတြ မဟုတ္ပါဘူး... ေလာ့က်န္းဖန္းက တစ္ခုခုေျပာခဲ့တာလား? ဒါက အရွင္ႀကီးထင္ေနသလိုမ်ိဳး တကယ္မဟုတ္ရပါဘူး"

"ကိုယ္ေတာ္ထင္ေနသလို မဟုတ္ဘူး?" နတ္ဆိုးဘုရင္ႀကီး သူ႔ကို ေအးစက္စြာ စိုက္ၾကည့္ေနတယ္။

ပိုင္ရန္က သူ႔ကို စားေတာ့ဝါးေတာ့မလိုျဖစ္ေနတဲ့အၾကည့္ေအာက္မွာ ဆက္လက္႐ုန္းကန္ရင္း "အရွင္ႀကီး ေလာ့က်န္းဖန္းက မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ အၿငိဳးအေတးထားၿပီး ေသမ်ိဳးေလာကထဲမွာ သူ႔ကိုယ္ပိုင္ဩဇာလႊမ္းမိုးမႈကို တိတ္တိတ္ေလးလုပ္ေဆာင္ထားတယ္ဆိုတာ ကြၽန္ေတာ္ ရွာေတြ႕ခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ အဆင္မေျပခဲ့ပါဘူး... ကြၽန္ေတာ္က အရွင္ႀကီးကို သစၥာေဖာက္တယ္ဆိုၿပီး သြားပုတ္ေလလြင့္ေလွ်ာက္ေျပာေနတာပါ၊ အရွင္ႀကီး သူေျပာတာကို နားေထာင္လို႔ မျဖစ္ပါဘူး!"

"သြားပုတ္ေလလြင့္ေျပာတယ္?" နတ္ဆိုးဘုရင္ႀကီးကိုၾကည့္ရတာ ဒါကို မယုံႏိုင္ျဖစ္ေနပုံရတယ္။ က်ိဳးရင္ကို ကိုင္ထားတဲ့လက္ကိုလႈပ္ယမ္းၿပီး ေျပာလာတယ္ "မင္း က်ိဳးရင္ကို ကယ္ဖို႔အတြက္ ေလာ့က်န္းဖန္းနဲ႔ အတိုက္အခံျဖစ္ခဲ့တာမဟုတ္ဘူးလား? ခုေလးတင္ သူ႔ကို ကာကြယ္ေပးေနတာ မဟုတ္ဘူးလား?"

ပိုင္ရန္ ဝမ္းနည္းမ်က္ရည္ေတြနဲ႔ စငိုေႂကြးေတာ့မလိုျဖစ္လာတယ္။ ဟုတ္တယ္၊ သူဘယ္လိုပဲ ေျပာေနပါေစ သက္ေသက ဒီမွာရွိေနတာေၾကာင့္ ဘယ္လိုမွ ျငင္းဆန္လို႔ရမွာမဟုတ္ဘူး။

'ငါ ဘာလုပ္သင့္လဲ?'

'ငါ ဘာလုပ္သင့္လဲ?'

'ဇာတ္လိုက္က ေသလို႔မရဘူး!'

"အရွင္ႀကီး ကြၽန္ေတာ့မွာလည္း ကိုယ္ပိုင္႐ုန္းကန္ရမယ့္ ျပႆနာေလးေတြ ရွိေနလို႔ပါ!" ပိုင္ရန္ အမွန္အတိုင္းသာ ေျပာႏိုင္ေတာ့တယ္၊ အသက္ရႈဖို႔ ႐ုန္းကန္ေနရတဲ့ ဇာတ္လိုက္ကိုလည္း စိုးရိမ္တႀကီး လွမ္းၾကည့္ရေသးတယ္။

"အိုး ဘာျပႆနာေတြလဲ?" နတ္ဆိုးဘုရင္ႀကီးရဲ႕အမူအယာက ေရခဲလိုေအးစက္ၿပီး လူသားေတြကို ပြဲေတာ္တည္ေတာ့မယ့္ က်ားတစ္ေကာင္လိုျဖစ္ေနတယ္။

ပိုင္ရန္ ေၾကာက္ေၾကာက္နဲ႔ ေျပာလိုက္တယ္ "အရွင္ႀကီး၊ က်ိဳးရင္သာ ေသသြားရင္ ကြၽန္ေတာ္လည္း ေသရမွာပါ!"

သူ႔စိတ္ထဲကေန ေရွာင္လင္းက သက္ျပင္းေလးေလးပင္ပင္ခ်ေနတယ္။

"ဪ? မင္းလည္း ေသမွာ? ဘာလို႔လဲ?" နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုမယုံၾကည္မွန္း အသိသာႀကီး။

ဒါက ႐ုတ္တရက္ျဖစ္လာတာေၾကာင့္ ပိုင္ရန္ဘယ္လိုေျဖရွင္းရမွန္း မသိျဖစ္ေနတယ္။ သူ ဘယ္လိုရွင္းျပမွ နတ္ဆိုးဘုရင္ႀကီး လက္ခံႏိုင္မလဲဆိုတာကို ေတြးေနတုန္းမွာတင္ နတ္ဆိုးဘုရင္ႀကီးက သေရာ္လာတယ္ "မင္းလွ်ာကို ေၾကာင္ခ်ီသြားတာလား? ရွဲ႕ဇီထ်န္း မင္းက သူ႔ကိုကယ္ဖို႔အတြက္ အားလုံးလုပ္ၾကည့္ေနတာပဲ"

ပိုင္ရန္ ခ်က္ခ်င္းေျပာလိုက္တယ္ "အရွင္ႀကီး ကြၽန္ေတာ္ အမွန္အတိုင္းေျပာေနတာပါ၊ ကြၽန္ေတာ့္အသက္က က်ိဳးရင္အသက္နဲ႔ ခ်ိတ္ဆက္ေနတာေၾကာင့္ သူေသရင္ ကြၽန္ေတာ္လည္း ေသရမွာပါ၊ အဲ့တာေၾကာင့္မို႔ ကြၽန္ေတာ့္မွာလည္း ေ႐ြးျခယ္စရာမရွိဘဲ သူ႔ကိုကယ္ေနရ..."

"အလိမ္အညာေတြ!" နတ္ဆိုးဘုရင္ႀကီး ေဒါသတႀကီးေအာ္ကာ မေသမရွင္ျဖစ္ေနတဲ့က်ိဳးရင္ကို ေျမႀကီးေပၚ အားျပင္းျပင္းနဲ႔ ေဆာင့္ခ်လိုက္တယ္။ သူ႔လက္ကို ထပ္ေျမႇာက္ကာ လက္ဖဝါးေပၚမွာ ေမွာ္အစြမ္းေတြ စုေဝးလိုက္တယ္။ ဒီလိုသာ ဆက္လုပ္မယ္ဆိုရင္ ေသခ်ာေပါက္ က်ိဳးရင္ ျပာျဖစ္သြားႏိုင္တယ္။

ေနာက္တစ္ႀကိမ္ေတြးမေနေတာ့ဘဲ ပိုင္ရန္ ေရွ႕ကိုခုန္ဝင္ကာ က်ိဳးရင္ကို သူ႔ခႏၶာကိုယ္နဲ႔ ကာထားလိုက္တယ္ "အရွင္ႀကီး အရွင္သူ႔ကို သတ္လို႔မရဘူး! ကြၽန္ေတာ္ေတာင္းဆိုေနတာပါ!"

"ကိုယ္ေတာ္က မင္းကို မသတ္ဘူးလို႔ထင္ေနတာလား?" နတ္ဆိုးဘုရင္ႀကီး မ်က္လုံးေတြနီရဲလာတဲ့အထိ ေဒါသထြက္ေနတယ္။

ေျမႀကီးေပၚ ပစ္ခ်ခံရၿပီးေနာက္ က်ိဳးရင္ အသက္ျပန္ရႈႏိုင္သြားတယ္။ ပိုင္ရန္ သူ႔ကို ဘယ္လိုေတာင္ကာကြယ္ေပးေနသလဲဆိုတာကိုျမင္ေတာ့ သူ႔အမူအယာက ရႈပ္ေထြးလာတယ္ "လူႀကီးမင္းရွဲ႕..."

"မင္းက ေသေတာ့မယ့္အခ်ိန္မွာေတာင္ စကားေျပာဖို႔ သတၱိရွိေသးတယ္ေပါ့?" နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန႔္ကို အနည္းငယ္စိုးရိမ္ေနေပမယ့္ သူ႔အမုန္းတရားေတြကေတာ့ က်ိဳးရင္ဆီကိုသာ တိုက္႐ိုက္က်ေရာက္ေနတယ္။

"သူ႔ကိုရဖို႔ဆို အရွင္ႀကီး ကြၽန္ေတာ့္ကို အရင္သတ္လိုက္ပါ" ပိုင္ရန႔္မွာ တျခားဂ႐ုစိုက္ေနရမယ့္အခ်ိန္ မရွိေတာ့ဘူး၊ ဘယ္လိုေနေန သူက ေသေတာ့မွာဆိုေတာ့ ေနာက္ဆက္တြဲေတြ ေတြးမေနေတာ့ဘဲ လုပ္ခ်လိုက္ေတာ့တယ္။

"ကံေကာင္းပါေစ သခင္!" ဘာလုပ္လို႔လုပ္ရမွန္းမသိတဲ့ ေရွာင္လင္းကလည္း သူ႔ကို အားေပးတာမ်ိဳးသာ လုပ္ႏိုင္တယ္။

'နည္းလမ္းတစ္ခုေတာ့ ရွိရမယ္'

'စဥ္းစားစမ္း!'

ပိုင္ရန္ သူ႔ဦးေႏွာက္ကို ဆြဲဆန႔္ေနေတာ့တယ္။

နတ္ဆိုးဘုရင္ႀကီးမ်က္ႏွာေပၚမွာ နာက်င္မႈေတြ ထြက္ေပၚလာတယ္။ သူ႔လက္ကို ေျမႇာက္လိုက္ေပမယ့္ ထိုအရာကို မပစ္လိုက္ဘူး "ဘာေၾကာင့္လဲ? သူ႔ကို ဘာလို႔ ဒီေလာက္ထိ ကာကြယ္ေပးရတာလဲ? သူက မင္းအတြက္ ဒီေလာက္ေတာင္ အေရးပါတာလား?"

ထိုအခိုက္အတန႔္မွာ နတ္ဘုရားေတြဆီက အကူအညီရလိုက္သလိုမ်ိဳး ပိုင္ရန္ တစ္စုံတစ္ရာေတြးမိခဲ့တယ္။

"ေသခ်ာေပါက္ သူက ကြၽန္ေတာ့္အတြက္ အေရးပါပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့..." ပိုင္ရန္ အံႀကိတ္ကာ ၾကမ္းျပင္ေပၚက ကုန္း႐ုန္းထလိုက္တယ္။ သူ နတ္ဆိုးဘုရင္ႀကီးကို မ်က္ႏွာခ်င္းဆိုင္ကာ ေျပာလိုက္တယ္ "ဘာလို႔လဲဆိုေတာ့ သူကတကယ္ကို ကြၽန္ေတာ့္အတြက္ အေရးအပါဆုံးမို႔လို႔ပါ"

နတ္ဆိုးဘုရင္ႀကီး ေနာက္တစ္လွမ္းဆုတ္သြားကာ သူ႔ခႏၶာကိုယ္ထဲက ေမွာ္စြမ္းအင္ေတြ ႐ူးေလာက္ေအာင္စိမ့္ထြက္လာၿပီး သုံးေယာက္စလုံးကို အလယ္မွာ ပိတ္မိေနေစတယ္။ အနက္ေရာင္ေမွာ္စြမ္းအင္ကလည္း ပင္လယ္မ်က္ႏွာျပင္တစ္ခုလုံး လ်င္ျမန္စြာ လႊမ္းၿခဳံသြားေတာ့တယ္။

ျပင္းထန္စြာတိုက္ခတ္ေနတဲ့ ေလေအာက္မွာ ပိုင္ရန္ မ်က္လုံးေတြကိုေတာင္ အႏိုင္ႏိုင္ဖြင့္ေနရတယ္။

ဒီတစ္ႀကိမ္မွာ နတ္ဆိုးဘုရင္ႀကီး အမွန္စင္စစ္ ေဒါသထြက္သြားၿပီဆိုတာ သူသိတယ္။ သူသာ အမွန္တကယ္ေဒါသထြက္လာရင္ အဆုံးမွာ သူတို႔ရဲ႕အ႐ိုးေတြေတာင္ က်န္ခဲ့ေတာ့မွာမဟုတ္ဘူး။

"အခုလက္ရွိ ကိစၥေတြက ဒီလိုျဖစ္လာမွေတာ့ ကြၽန္ေတာ္လည္း ေ႐ြးျခယ္စရာမရွိေတာ့တဲ့အတြက္ ေျပာရေတာ့မယ္" သူ က်ယ္ေလာင္စြာ ေျပာခ်လိုက္တယ္။ "တကယ္ေတာ့ က်ိဳးရင္က ကြၽန္ေတာ့္ရဲ႕သားပါ!"

႐ူးသြပ္ေနတဲ့ေမွာ္စြမ္းအင္က ေႏွးေကြးသြားတယ္။

က်ိဳးရင္ "...???!"

နတ္ဆိုးဘုရင္ႀကီး "..."

[ Kay : ဒီလိုစကားထြက္လာလိမ့္မယ္လို႔ လုံးဝထင္မထားဘူး🥴 ]


___________________________________

{Unicode}

'ငါ ဘာလုပ်သင့်လဲ?'

သူအကြောက်ဆုံးအရာက အခုတင် ဖြစ်လာပြီ။

"ရှောင်လင်း..." ပိုင်ရန် မတတ်သာစွာ systemကို အကူအညီလှမ်းတောင်းရတယ်။

ရှောင်လင်း သူ့ကိုနှစ်သိမ့်ပေးလိုက်တယ် "သခင်၊ ဒီလိုမျိုးက အနှေးနဲ့အပြန် ဖြစ်လာမယ်ဆိုတာ သိပြီးသားပဲ မှတ်လား?"

ပိုင်ရန် "...အင်း"

ဒါပေမယ့်လည်း သိတာက သိတာပဲလေ၊ တကယ်ကြီးဖြစ်လာတော့ ကြောက်စရာကောင်းနေတုန်းပဲ!

နတ်ဆိုးဘုရင်ကြီးရဲ့ တစ်စစီ စုတ်ဖြဲတာကို ခံရပြီးတော့ အသေဆိုးနဲ့ သေရတော့မှာလား?

ထိုအကြောင်းတွေးကြည့်ရုံနဲ့တင် သူ့ခြေထောက်တွေက ခေါက်ဆွဲချောင်းနှစ်ချောင်းလိုမျိုး ပျော့ခွေလာကာ သူ့အလေးချိန်တောင်သူ မထိန်းနိုင်သလောက်ဖြစ်လာတယ်။

သူ မြေကြီးပေါ်ကျတော့မယ်လို့ ခံစားနေရပေမယ့် ကျမသွားဘူး။ အနည်းဆုံးတော့ သူအများကြီးဖြတ်ကျော်ခဲ့ရပြီးဖြစ်တဲ့အတွက် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကလည်း တိုးတက်လာပြီဖြစ်ကာ ပိုင်ရန် သူ့ကိုယ်သူ အမြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်ပြီး အံ့ဩချင်ယောင်ဆောင်လိုက်တယ် "အရှင်ကြီး ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ?"

နတ်ဆိုးဘုရင်ကြီး မဖြေရသေးခင် သူ့အောက်မှာ တစ်စုံတစ်ရာ လှုပ်ရှားသွားတာကို ပိုင်ရန်ခံစားလိုက်ရပြီး အောက်ဘက်ကနေ ကျိုးရင် ရုတ်တရက်ထွက်ပေါ်လာတယ်!

ပိုင်ရန် တုန်လှုပ်သွားပြီး သူ့ခြေထောက်ကိုမြှောက်ကာ နောက်တစ်ခေါက်တောင် တွေးမနေတော့ဘဲ ကျိုးရင်ခေါင်းကိုတည်ပြီး ရေထဲကို ပြန်ကန်ထည့်လိုက်တော့တယ်။ လျှို့ဝှက်နဂါးပိုင်နက်က သူတို့ထွက်လာပြီးတဲ့နောက် ပိတ်သွားပြီဖြစ်လို့ ကျိုးရင် ပြန်မသွားနိုင်ဘဲ ရေထဲကိုသာ ကျသွားကာ စတင် ရုန်းကန်နေရတယ်။

ရေတွေပါးစပ်အပြည့် မြိုချမိပြီး ရေပေါ်ကို တွန်းထိုးပြီး ပြန်တက်လာတယ်။ သူ မထွက်နိုင်သေးခင်မှာတင် ခြေထောက်တစ်ဖက်က သူ့ကို ဖိချထားပြန်တယ်။

သူမြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး သူ့ကိုသူ အကာအရံတစ်ခု ချလိုက်ကာ ပင်လယ်ရေတွေကို တားဆီးနိုင်လိုက်လို့သာ တော်သေးတယ်။

"လှုပ်မနေနဲ့!" ရေကိုဖြတ်ပြီး သူ့နားတွေထဲ အသံတိုးတိုးတစ်ခု တိုးဝင်လာတယ်။

ကျိုးရင် မေးခွန်းဆက်မေးချင်ပေမယ့် အပြင်မှာတစ်ခုခုဖြစ်နေပြီဆိုတာကို သိသွားတာကြောင့် ရပ်လိုက်ပြီး ကျောက်တုံးတစ်တုံးလိုမျိုး တိတ်တိတ်လေး ဟန်ဆောင်နေလိုက်တယ်။

သူက ပူးပေါင်းပေးလာတာကိုမြင်တော့မှ ပိုင်ရန် အသက်အောင့်ထားမိရာက သက်မချလိုက်ပြီး ဒီလိုနည်းလမ်းနဲ့ နတ်ဆိုးဘုရင်ကြီးကို အရူးလုပ်ဖို့ ကြံစည်လိုက်တယ်။ အလိမ်အညာကို တစ်သက်လုံး ထိန်းမထားနိုင်ဘူးဆိုရင်တောင်မှ လွတ်မြောက်နိုင်မယ့် အခွင့်အလမ်းတစ်ခု ဖန်တီးနိုင်တယ်ဆိုရင်ပဲ လုံလောက်ပြီ။

သူပြုံးရင်းနဲ့ လျှောက်သွားပြီး အားတက်သရော နှုတ်ဆက်လိုက်တယ် "အရှင်ကြီး ပြန်လာပြီလား? ဘယ်တုန်းက ပြန်ရောက်လဲ?"

ကမ်းစပ်ကို လှိုင်းတွေ ရိုက်ခတ်နေပြီး ပိုင်ရန့်ရဲ့အဝတ်အစားတွေနဲ့ ဆံပင်တွေက အနည်းငယ် စိုစွတ်နေကာ ဝတ်ထားဖို့တောင်မှ ကြည့်ရဆိုးလွန်းလှတယ်။ သူ့ရဲ့မျက်လုံးတွေကပဲ အလွန်တောက်ပနေပြီး သူ့ရဲ့ပျော်ရွှင်နေမှုကို အရှင်းသား ဖော်ပြနေတယ်။

နတ်ဆိုးဘုရင်ကြီး သူ့ကို အနီးကပ် စစ်ဆေးလိုက်တယ်။

ပိုင်ရန် အနည်းငယ်အပြစ်မကင်းသလို ခံစားရပြီး စတင်စိတ်လှုပ်ရှားလာတယ် "အရှင်ကြီး?"

နတ်ဆိုးဘုရင်ကြီး သတိပြန်ကပ်သွားပြီး အရေးမစိုက်ဟန်နဲ့ ပြောလိုက်တယ် "ကိုယ်တော် ခုလေးတင်ပြန်ရောက်တာ"

'ခုလေးတင် ပြန်ရောက်တယ်?'

ပိုင်ရန့်ဦးနှောက်ထဲက ဘီးလုံးတွေ လျင်မြန်စွာလည်ပတ်နေတယ်၊ ဒါဆို သူ လော့ကျန်းဖန်းရဲ့သတင်းစကားကို ရအုံးမှာမဟုတ်သေးဘူး။

ပိုင်ရန် ဂရုတစိုက်ပြောလာတယ် "အရှင်ကြီးက အန်နင်းရွာကို ပြန်မသွားဘူးလား?"

နတ်ဆိုးဘုရင်ကြီးက ဘာမှသိပုံမရသလိုမျိုး ဆက်နေနေတယ် "ပြန်လာတဲ့လမ်းမှာ ကိုယ်တော်က သေမျိုးနယ်မြေထဲက ပညာရှင်တချို့နဲ့ တိုးလို့၊ သူတို့ကို အချက်ပြသလိုမလုပ်ချင်တာနဲ့ပဲ ဒီကို ကွေ့ပတ်ပြီး လာလိုက်တာ"

'... အိုး ဆိုလိုချင်တာက ဒီနေရာက သူ့ရဲ့ပန်းတိုင်မဟုတ်ဘူးပေါ့?'

ဟုတ်တာပေါ့၊ သူကိုယ်တိုင်တောင် ဒီနားမှာ ထွက်ပေါက်ရှိမှန်းမသိတာ၊ နတ်ဆိုးဘုရင်ကြီးက ဘယ်လိုလုပ်ပြီး သိနေမှာလဲ?

အဲ့တာကြောင့် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်တယ်။

ပိုင်ရန် အနည်းငယ် စိတ်အေးသွားပြီး ပိုမိုသက်သေပြဖို့ ကြိုးစားတော့တယ် "ဒါဆို လော့ကျန်းဖန်းက အရှင်ကြီးဆီကို သတင်းပို့ပြီးပါပြီလား?"

"သူက ဘာအတွက် ကိုယ်တော့်ဆီ သတင်းပို့ရမှာလဲ?" နတ်ဆိုးဘုရင်ကြီး မေးလိုက်တယ်။

ပိုင်ရန် ခြောက်ကပ်ကပ်ရယ်ကာ သူ့လေသံက ဟုတ်မနေဘူးလို့ တွေးလိုက်တယ်။ 'လော့ကျန်းဖန်းက တကယ်ပဲ သတင်းမပေးဘူးလား?'

သူ ပြောလိုက်တယ် "ကျိုးရင်အကြောင်းပါ"

နတ်ဆိုးဘုရင်ကြီး "မပြောဘူး"

'မပြောဘူး?'

ပိုင်ရန် စိတ်လှုပ်ရှားလာတယ် 'ကောင်းတာပေါ့!'

နတ်ဆိုးဘုရင်ကြီးရဲ့မျက်လုံးတွေထဲမှာ တစ်စုံတစ်ရာဖြတ်သန်းသွားတယ် "ကျိုးရင်က ဘာဖြစ်လို့လဲ? သူ့အကြောင်း ဘာလို့ သတင်းပို့ရမှာလဲ?"

ကြည့်ရတာ သူဘာမှ သိသေးပုံမပေါ်ဘူး၊ ပိုင်ရန် အများကြီးစိတ်သက်သာရာရသွားကာ တည်ငြိမ်စွာ ပြောလိုက်တယ် "အိုး၊ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး... အများပြောချက်အရဆိုရင် ကျိုးရင်က ဖီးနစ်မြို့တော်ထဲမှာ အကြီးအကျယ်ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့ပြီး ထွက်မပြေးခင် မြို့အရှင်ကို အနိုင်ပိုင်းခဲ့သေးတယ်တဲ့"

"သူ လွတ်သွားတာလား? ဘယ်ကိုလဲ?"

ပိုင်ရန် အလောတကြီးပြောလိုက်တယ် "ကျွန်တော် မသိပါဘူး"

နတ်ဆိုးဘုရင်ကြီးက သူ့ကို အေးစက်စွာ စိုက်ကြည့်နေတာကြောင့် ပိုင်ရန် ဗျာများနေရတယ် "အရှင်ကြီး?"

နတ်ဆိုးဘုရင်ကြီးက "သူ ဘယ်သွားလဲဆိုတာ မင်းမသိဘူးလား?"

ပိုင်ရန့်နှလုံးက တလှပ်လှပ်ဖြစ်လာတယ်၊ 'အရှင်ကြီးက ဒါဘာကိုပြောချင်နေတာလဲ? ဘာလို့ ငါ့ကိုလာမေးနေတာလဲ? သူ... မဟုတ်ပါဘူး၊ မဖြစ်နိုင်တာ'

ကံတရားကို လောင်းကြေးထပ်ပြီး သူဆက်ပြောလိုက်တယ် "သေချာပေါက် ကျွန်တော် မသိပါဘူး"

"ဪ အဲ့လိုလား?" နတ်ဆိုးဘုရင်ကြီး အေးစက်စက်ရယ်လိုက်ကာ ဆက်မေးတယ် "ဘာလို့ ဒီရောက်နေတာလဲ?"

ပိုင်ရန့်ဦးနှောက်ထဲက ဘီးလုံးတွေက လျှပ်စီးအလျင်လို လည်ပတ်နေတော့တယ် "အရှင်ကြီး ထွက်သွားပြီးတဲ့နောက် ကျွန်တော်လည်း ပျင်းနေတာနဲ့ အန်နင်းရွာက ထွက်ပြီး ဟိုဟိုဒီဒီလျှောက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တာ၊ တချို့လျှို့ဝှက်ပိုင်နက်ထဲကို မတော်တဆရောက်သွားပြီး အထဲမှာ ပိတ်မိနေမယ်လို့ ဘယ်သူသိမှာလဲ၊ ခုလေးတင် ကျွန်တော် လွတ်လာတာပါ"

"မင်း တစ်ယောက်တည်းလား?"

ပိုင်ရန့်နှလုံးက တဒိတ်ဒိတ်ခုန်နေကာ တည်ငြိမ်တဲ့မျက်နှာနဲ့ ပြောလိုက်တယ် "ဟုတ်ပါတယ်၊ ကျွန်တော် တစ်ယောက်တည်းပါ"

"တကယ်လား?" နတ်ဆိုးဘုရင်ကြီး ခြောက်ကပ်ကပ်ရယ်လိုက်ပြန်တယ် "ဒါဆို ကိုယ်တော်က တခြားတစ်ယောက်ကို ရှာတွေ့သွားတယ်ဆို သတ်လိုက်လို့ရမလား?"

သူ့စကားလုံးတွေက တစ်ခုခုတော့လွဲနေတယ်ဆိုတာကို နောက်ဆုံးမှာ ပိုင်ရန်သတိထားမိသွားတယ်။ သူ ကြောက်ရွံ့ ထိတ်လန့်သွားရပြီး အားတင်းပြုံးကာ ပြောလိုက်တယ် "အရှင်ကြီး၊ တခြားတစ်ယောက် ရှိနေလို့လား? ဘယ်နားမှာလဲ? ကျွန်တော်တို့နောက်ကို တစ်ယောက်ယောက် လိုက်လာတယ်လို့တော့ မပြောနဲ့နော်?"

သူ ရည်ရွယ်ချက်ရှိရှိနဲ့ ဘေးဘီကိုကြည့်ကာ တချိန်တည်းမှာပဲ သူ့အမြင်ကို ပင်လယ်ကြီးတစ်ခုလုံး ဖြန့်ကျက်လိုက်ပြီး ကျိုးရင်ရဲ့သဲလွန်စတွေကို ဖုံးကွယ်ပေးဖို့ ကြိုးစားလိုက်တယ်။

သူ့လုပ်ဆောင်ချက်ကို နတ်ဆိုးဘုရင်ကြီး အတိုင်းသားမြင်သွားပြီး သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေထဲမှာ ကြီးစွာသောဒေါသမီးတွေ တိုးပွားလာတယ်။

'ကောင်းတယ်၊ ငါ့ကို သစ္စာဖောက်ရုံတင်မကဘူး၊ ဘာမှမဖြစ်သလိုမျိုးတောင် လိမ်လိုက်သေးတယ်!'

တောင်ပင်လယ်ရေသူမပုလဲကနေတဆင့် ပိုင်ရန့်ရဲ့စကားတွေနဲ့ လုပ်ရပ်တွေအားလုံးကို နတ်ဆိုးဘုရင်ကြီး အရှင်းသားမြင်ခဲ့ရတာ ကြာပြီဖြစ်တယ်။ သူ အလောသုံးဆယ်ပြန်လာတုန်း ပိုင်ရန်နဲ့ကျိုးရင်တို့က လျှို့ဝှက်ပိုင်နက်ထဲ ရောက်သွားပြီးနောက် ပြန်ထွက်လာခြင်းမရှိဘဲ Lost Seaဆီကို ထပ်ရောက်သွားပြန်တယ်။

တောင်ပင်လယ်ရေသူမပုလဲက ဝိဉာဉ်ပစ္စည်းတစ်ခုဖြစ်တယ်။ လျှို့ဝှက်ပိုင်နက်ထဲရောက်နေတာတောင်မှ နတ်ဆိုးဘုရင်ကြီး ပိုင်ရန့်ရဲ့တည်နေရာကို သိနိုင်သေးတယ်။ ပိုင်နက်ရဲ့ပိတ်ပင်မှုကြောင့် အထဲက အခြေအနေကို မမြင်ရဘဲ သူတို့အသံတွေကိုသာ ကြားနိုင်တယ်။ သူတို့ပြောစကားတွေကတဆင့် နတ်ဆိုးဘုရင်ကြီးခမျာ သူမယုံကြည်ရဲတဲ့ အမှန်တရားကို သိလိုက်ရတယ်__ အရင် ရှဲ့ဇီထျန်း သေမျိုးနယ်မြေကို သွားတဲ့အချိန်တွေတုန်းက သူ့အတွက်မဟုတ်ဘဲ ကျိုးရင်အတွက်သာ ဖြစ်တယ်။

အရင်က သူ့ကိုမချစ်ဘူးလို့ အမြဲတမ်းပြောနေခဲ့တာ အံ့ဩစရာမရှိတော့ဘူး။

သူ့ဖာသာနားလည်မှုလွဲပြီး သူ့အချစ်က အပြန်အလှန်ရှိတယ်လို့ ထင်ခဲ့တယ်။

နတ်ဆိုးဘုရင်ကြီး ထိုသုံးသပ်ချက်ကို လက်မခံနိုင်ဘဲ ချက်ချင်းဆိုသလို ဦးတည်ရာတွေပြောင်းကာ Lost Seaကို အသော့နှင်ပြီး ထိုသောက်ကျိုးနည်းစုံတွဲ ထွက်လာမှာကို စောင့်နေခဲ့တယ်။

လဝက်ကြာလောက် ကမ်းစပ်မှာရပ်ကာ စိတ်ရှည်လက်ရှည်နဲ့စောင့်ပြီး အထဲက လှုပ်ရှားမှုတွေကို နားထောင်နေခဲ့တယ်။ ဖြစ်နိုင်တာ ကျိုးရင်က တရားကျင့်ကြံနေတဲ့အဆင့်ကို ဝင်နေတာကြောင့် အပြင်မှာဖြစ်နေတာကို သတိမထားမိတာဖြစ်နိုင်တယ်၊ ထိုစဉ်အချိန်ကို အခွင့်ကောင်းယူပြီး ရှဲ့ဇီထျန်းက သူ့ကိုထိကာ "မင်းရဲ့အသားအရေလေးက နူးညံ့နေတာပဲ"တို့ "မင်းက ကြည့်ကောင်းလိုက်တာ"တို့ ပြောခဲ့တယ်။

အကယ်၍ ဝင်ပေါက်ကို ရှာမတွေ့တာကြောင့်သာ မဟုတ်ဘူးဆိုရင် နတ်ဆိုးဘုရင်ကြီး အထဲကိုဝင်ပြီး ထိုသောက်ကျိုးနည်းစုံတွဲကို ဝင်ရိုက်လိုက်တာ ကြာပြီဖြစ်တယ်။

လဝက်ကြာ သူဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့ရလဲဆိုတာ တစ်ယောက်မှ မသိကြဘူး။

နောက်ဆုံးထွက်လာပြန်တော့လည်း ရှဲ့ဇီထျန်းက တကယ်ကြီးဆက်လိမ်နေပြန်တယ်!

နတ်ဆိုးဘုရင်ကြီး အံကြိတ်ကာ ရုတ်ခြည်းဆိုသလို သူ့ရဲ့စွမ်းအင်တွေအားလုံး ပေါက်ကွဲထွက်လာပြီး ပတ်ပတ်လည်ကို ဖုံးလွှမ်းသွားတယ်။

ပိုင်ရန် လန့်ဖြန့်သွားပြီး သူ,မတုံ့ပြန်နိုင်သေးခင် နတ်ဆိုးဘုရင်ရဲ့ အနက်ရောင်စွမ်းအင်က ပင်လယ်ထဲကို စိမ့်ဝင်သွားကာ ကျိုးရင်ကို ပုန်းခိုနေရာကနေ ဆွဲခေါ်လာတယ်။

ကျိုးရင်ကလည်း သူဖမ်းမိသွားမယ်လို့ ထင်မထားတာကြောင့် လေထဲမှာတင် ကြောင်အအလေးဖြစ်နေပြီး နောက်မှသာ အမြန်တုံ့ပြန်ရင်း မှော်စွမ်းအင်ထဲက ရုန်းထွက်ကာ ကမ်းစပ်ကို ခြေချနိုင်ဖို့ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ရတယ်။ အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး နတ်ဆိုးဘုရင်ကြီးကို သတိအနေအထားနဲ့ စိုက်ကြည့်နေလိုက်တယ်။

ဇာတ်လိုက်ဖြစ်နေတာကြောင့်သာ လှလှပပလေး ခြေချနိုင်ပြီး နတ်ဆိုးဘုရင်ကြီးရှေ့ အကြောက်အလန့်မရှိ နောက်မဆုတ်သွားတာဖြစ်တယ်။

"အခု ကိုယ်တော့်ကို ပြော၊ သူက ဘာကြောင့် ဒီရောက်နေတာလဲ?" နတ်ဆိုးဘုရင်ကြီးမျက်နှာက ဒေါသကြောင့်နီရဲနေပြီး နှဖူးပေါ်မှာလည်း သွေးကြောတွေ ကြွတက်နေတယ်။

ကျိုးရင်ကို ဖမ်းမိသွားတာကို မြင်လိုက်ရတဲ့အခါ ပိုင်ရန့်ခြေထောက်တွေတောင် ကိုက်ခဲလာပြီး သူဆက်လိမ်လို့မရတော့ဘူးဆိုတာ သိသွားတယ်။ သူ နတ်ဆိုးဘုရင်ကြီးရှေ့မှာ ဒူးထောက်ချလိုက်ပြီး နှာရည်တွေမျက်ရည်တွေကြားကနေ ပြောလိုက်တယ် "အရှင်ကြီး ကျွန်တော်မှားသွားပါတယ်!"

"အဲ့တော့ မင်းမှားမှန်း မင်းသိတယ်ပေါ့၊ ဆက်လိမ်လေ၊ ဘာကြောင့် ဆက်မလိမ်တော့တာလဲ?" ဒေါသထွက်ထွက်နဲ့ပဲ နတ်ဆိုးဘုရင်ကြီး သူ့လက်ကိုဆန့်ကာ ပိုင်ရန့်ခေါင်းအထက်ကို မြှောက်လိုက်တယ်။

ပိုင်ရန့်တစ်ကိုယ်လုံးမှာရှိတဲ့ အမွှေးတွေအားလုံး တဆုံးထောင်တက်ကုန်တယ်။ 'ငါတော့ သွားပြီ၊ ငါတော့ သွားပြီ၊ အခု ဖရဲသီးလို အခွဲခံရတော့မယ်!'

ကြိုတင်မျှော်လင့်ထားတဲ့နာကျင်မှုက ဘယ်တော့မှရောက်မလာမှန်း ဘယ်သူသိမှာလဲ။ ထိုလက်က သူ့ခေါင်းပေါ်မှာတင် တန့်သွားပြီး ဘာဖြစ်လို့ဖြစ်နေမှန်း မသေမချာဖြစ်နေသေးတဲ့ ကျိုးရင်ရှိရာဆီကို လည်ပင်းကနေ စုပ်ယူဖို့ ရွှေ့သွားတော့တယ်။

ကျိုးရင်ရဲ့စွမ်းအင်က လျှို့ဝှက်နဂါးနယ်မြေထဲမှာရှိတုန်းက ထိုးဖောက်ခဲ့ရတာဖြစ်တယ်။ သူက မဟာယနအဆင့်ကို မရောက်သေးသော်လည်း ရောက်ခါနီးပြီဖြစ်တယ်။ သို့ပေမယ့် သူက နတ်ဆိုးဘုရင်ကြီးအတွက်တော့ ပြိုင်ဘက်ဟုတ်မနေသေးဘူး။

သူ့လည်ပင်းက ဆို့နင့်နေပြီး အရိုးတကျွတ်ကျွတ်သံကို အရှင်းသားကြီး ကြားနိုင်တယ်။

"အရှင်ကြီး ကျွန်တော် မှားသွားပါတယ်!" ပိုင်ရန် သေလုနီးပါး ကြောက်လန့်နေပြီး သူ့အကျီစကို အလောတကြီး ဆွဲလိုက်တယ် "သူ့ကို မသတ်ပါနဲ့! သူ့ကို မသတ်ပါနဲ့!"

"မင်းက ဒါကို တောင်းဆိုရဲသေးတယ်?!" သူ ဘာမှမပြောခဲ့ရင်တောင် အဆင်ပြေအုံးမှာဖြစ်ပေမယ့် ဒီလိုစကားလုံးတွေထွက်လာတဲ့အခါ စက္ကန့်ပိုင်းအတွင်း နတ်ဆိုးဘုရင်ကြီး ပိုဒေါသထွက်လာတယ်။

ပိုင်ရန် လွှတ်ပေးလိုက်ပြီး ပြောလာတယ် "အရှင်ကြီး ကျွန်တော် မှားတာပါ၊ ကျွန်တော့်ကို အပြစ်ပေးလို့ရပါတယ်!"

"ဒီလူက မင်းအတွက် ဒီလောက်တောင် အရေးပါနေတာလား? သူ့အတွက် ကိုယ်တော့်ကိုတောင် သစ္စာဖောက်တဲ့အထိလေ?" နတ်ဆိုးဘုရင်ကြီး သူ့နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကြိမ်းမောင်းတော့တယ်။

ကျိုးရင်က သူ့လက်ထဲမှာ ကြက်ပေါက်လေးတစ်ကောင်လို အကိုင်ခံထားရပြီး အသက်ရှုမရတာကြောင့် မျက်နှာက ရဲတက်လာတယ်။

ကြည့်ရင်းနဲ့ ပိုင်ရန် အလွန်အမင်းစိုးရိမ်လာတယ်။

"ဪ ရှဲ့ဇီထျန်း ရှဲ့ဇီထျန်း၊ မင်းက တကယ်ပဲ ကိုယ်တော့်နောက်ကွယ်မှာ တခြားယောကျာ်းကို သွားတွေ့တယ်ပေါ့လေ?" နတ်ဆိုးဘုရင်ကြီး ဒေါသပုန်ထနေတော့တယ် "ကိုယ်တော်မင်းကို သတိပေးလိုက်မယ်၊ မင်းက ကိုယ်တော့်အပိုင်ဖြစ်နေပြီ၊ အပြင်ထွက်ခွင့်မရှိသလို တခြားသူတွေနဲ့လည်း ပရော်ပရည်လုပ်ခွင့်မရှိဘူး... မင်း ကိုယ်တော့်ကို လွန်ဆန်ရဲသလား?"

ဒါကို ကြားလိုက်ရတဲ့အခါ နတ်ဆိုးဘုရင်ကြီးကတော့ ဒီအခြေအနေကို အများကြီးလျှောက်တွေးနေပြီဆိုတာ ပိုင်ရန်သိလိုက်ရတယ်။ သူ ခေါင်းကို အလျင်စလိုမော့ကာ ပြောလိုက်တယ် "အရှင်ကြီး နားလည်မှုလွဲနေပါပြီ၊ သူက ကျွန်တော့်ချစ်သူမဟုတ်ဘူး"

"သူက မင်းရဲ့ချစ်သူမဟုတ်ဘူးဆိုရင် ဒီတချိန်လုံး ဘာလို့သူ့ကိုကယ်နေတာလဲ၊ သူ့ကို ပြဒါးလုံးတွေတောင် ပေးခဲ့သေးတယ်လေ?"

'ချီး ချီး ချီး ချီး ချီးဟေ့!'

'နတ်ဆိုးဘုရင်ကြီးက အဲ့အကြောင်း ဘာလို့သိနေတာလဲ?'

'ဘယ်လိုလုပ် သိသွားတာလဲ!'

ပိုင်ရန် ထိတ်လန့်သွားကာ ခဏလောက် တွေးပြီးနောက် ငြင်းလိုက်တယ် "မဟုတ်ပါဘူး၊ ကျွန်တော် မပေးပါဘူး!"

"လိမ်တုန်းပဲလား?" နတ်ဆိုးဘုရင်ကြီး အံကိုကြိတ်ထားလိုက်တယ်။

ခဏလောက် ကြံရာမရဖြစ်နေပြီး ပိုင်ရန်ပြောလိုက်တယ် "အရှင်ကြီး ဒါက တကယ့်ကို နားလည်မှုလွဲနေတာပါ၊ ကျိုးရင်နဲ့ ကျွန်တော်ကလည်း ချစ်သူတွေ မဟုတ်ပါဘူး... လော့ကျန်းဖန်းက တစ်ခုခုပြောခဲ့တာလား? ဒါက အရှင်ကြီးထင်နေသလိုမျိုး တကယ်မဟုတ်ရပါဘူး"

"ကိုယ်တော်ထင်နေသလို မဟုတ်ဘူး?" နတ်ဆိုးဘုရင်ကြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေတယ်။

ပိုင်ရန်က သူ့ကို စားတော့ဝါးတော့မလိုဖြစ်နေတဲ့အကြည့်အောက်မှာ ဆက်လက်ရုန်းကန်ရင်း "အရှင်ကြီး လော့ကျန်းဖန်းက မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အငြိုးအတေးထားပြီး သေမျိုးလောကထဲမှာ သူ့ကိုယ်ပိုင်ဩဇာလွှမ်းမိုးမှုကို တိတ်တိတ်လေးလုပ်ဆောင်ထားတယ်ဆိုတာ ကျွန်တော် ရှာတွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့ ဘယ်တုန်းကမှ အဆင်မပြေခဲ့ပါဘူး... ကျွန်တော်က အရှင်ကြီးကို သစ္စာဖောက်တယ်ဆိုပြီး သွားပုတ်လေလွင့်လျှောက်ပြောနေတာပါ၊ အရှင်ကြီး သူပြောတာကို နားထောင်လို့ မဖြစ်ပါဘူး!"

"သွားပုတ်လေလွင့်ပြောတယ်?" နတ်ဆိုးဘုရင်ကြီးကိုကြည့်ရတာ ဒါကို မယုံနိုင်ဖြစ်နေပုံရတယ်။ ကျိုးရင်ကို ကိုင်ထားတဲ့လက်ကိုလှုပ်ယမ်းပြီး ပြောလာတယ် "မင်း ကျိုးရင်ကို ကယ်ဖို့အတွက် လော့ကျန်းဖန်းနဲ့ အတိုက်အခံဖြစ်ခဲ့တာမဟုတ်ဘူးလား? ခုလေးတင် သူ့ကို ကာကွယ်ပေးနေတာ မဟုတ်ဘူးလား?"

ပိုင်ရန် ဝမ်းနည်းမျက်ရည်တွေနဲ့ စငိုကြွေးတော့မလိုဖြစ်လာတယ်။ ဟုတ်တယ်၊ သူဘယ်လိုပဲ ပြောနေပါစေ သက်သေက ဒီမှာရှိနေတာကြောင့် ဘယ်လိုမှ ငြင်းဆန်လို့ရမှာမဟုတ်ဘူး။

'ငါ ဘာလုပ်သင့်လဲ?'

'ငါ ဘာလုပ်သင့်လဲ?'

'ဇာတ်လိုက်က သေလို့မရဘူး!'

"အရှင်ကြီး ကျွန်တော့မှာလည်း ကိုယ်ပိုင်ရုန်းကန်ရမယ့် ပြဿနာလေးတွေ ရှိနေလို့ပါ!" ပိုင်ရန် အမှန်အတိုင်းသာ ပြောနိုင်တော့တယ်၊ အသက်ရှုဖို့ ရုန်းကန်နေရတဲ့ ဇာတ်လိုက်ကိုလည်း စိုးရိမ်တကြီး လှမ်းကြည့်ရသေးတယ်။

"အိုး ဘာပြဿနာတွေလဲ?" နတ်ဆိုးဘုရင်ကြီးရဲ့အမူအယာက ရေခဲလိုအေးစက်ပြီး လူသားတွေကို ပွဲတော်တည်တော့မယ့် ကျားတစ်ကောင်လိုဖြစ်နေတယ်။

ပိုင်ရန် ကြောက်ကြောက်နဲ့ ပြောလိုက်တယ် "အရှင်ကြီး၊ ကျိုးရင်သာ သေသွားရင် ကျွန်တော်လည်း သေရမှာပါ!"

သူ့စိတ်ထဲကနေ ရှောင်လင်းက သက်ပြင်းလေးလေးပင်ပင်ချနေတယ်။

"ဪ? မင်းလည်း သေမှာ? ဘာလို့လဲ?" နတ်ဆိုးဘုရင်ကြီးက သူ့ကိုမယုံကြည်မှန်း အသိသာကြီး။

ဒါက ရုတ်တရက်ဖြစ်လာတာကြောင့် ပိုင်ရန်ဘယ်လိုဖြေရှင်းရမှန်း မသိဖြစ်နေတယ်။ သူ ဘယ်လိုရှင်းပြမှ နတ်ဆိုးဘုရင်ကြီး လက်ခံနိုင်မလဲဆိုတာကို တွေးနေတုန်းမှာတင် နတ်ဆိုးဘုရင်ကြီးက သရော်လာတယ် "မင်းလျှာကို ကြောင်ချီသွားတာလား? ရှဲ့ဇီထျန်း မင်းက သူ့ကိုကယ်ဖို့အတွက် အားလုံးလုပ်ကြည့်နေတာပဲ"

ပိုင်ရန် ချက်ချင်းပြောလိုက်တယ် "အရှင်ကြီး ကျွန်တော် အမှန်အတိုင်းပြောနေတာပါ၊ ကျွန်တော့်အသက်က ကျိုးရင်အသက်နဲ့ ချိတ်ဆက်နေတာကြောင့် သူသေရင် ကျွန်တော်လည်း သေရမှာပါ၊ အဲ့တာကြောင့်မို့ ကျွန်တော့်မှာလည်း ရွေးခြယ်စရာမရှိဘဲ သူ့ကိုကယ်နေရ..."

"အလိမ်အညာတွေ!" နတ်ဆိုးဘုရင်ကြီး ဒေါသတကြီးအော်ကာ မသေမရှင်ဖြစ်နေတဲ့ကျိုးရင်ကို မြေကြီးပေါ် အားပြင်းပြင်းနဲ့ ဆောင့်ချလိုက်တယ်။ သူ့လက်ကို ထပ်မြှောက်ကာ လက်ဖဝါးပေါ်မှာ မှော်အစွမ်းတွေ စုဝေးလိုက်တယ်။ ဒီလိုသာ ဆက်လုပ်မယ်ဆိုရင် သေချာပေါက် ကျိုးရင် ပြာဖြစ်သွားနိုင်တယ်။

နောက်တစ်ကြိမ်တွေးမနေတော့ဘဲ ပိုင်ရန် ရှေ့ကိုခုန်ဝင်ကာ ကျိုးရင်ကို သူ့ခန္ဓာကိုယ်နဲ့ ကာထားလိုက်တယ် "အရှင်ကြီး အရှင်သူ့ကို သတ်လို့မရဘူး! ကျွန်တော်တောင်းဆိုနေတာပါ!"

"ကိုယ်တော်က မင်းကို မသတ်ဘူးလို့ထင်နေတာလား?" နတ်ဆိုးဘုရင်ကြီး မျက်လုံးတွေနီရဲလာတဲ့အထိ ဒေါသထွက်နေတယ်။

မြေကြီးပေါ် ပစ်ချခံရပြီးနောက် ကျိုးရင် အသက်ပြန်ရှုနိုင်သွားတယ်။ ပိုင်ရန် သူ့ကို ဘယ်လိုတောင်ကာကွယ်ပေးနေသလဲဆိုတာကိုမြင်တော့ သူ့အမူအယာက ရှုပ်ထွေးလာတယ် "လူကြီးမင်းရှဲ့..."

"မင်းက သေတော့မယ့်အချိန်မှာတောင် စကားပြောဖို့ သတ္တိရှိသေးတယ်ပေါ့?" နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကို အနည်းငယ်စိုးရိမ်နေပေမယ့် သူ့အမုန်းတရားတွေကတော့ ကျိုးရင်ဆီကိုသာ တိုက်ရိုက်ကျရောက်နေတယ်။

"သူ့ကိုရဖို့ဆို အရှင်ကြီး ကျွန်တော့်ကို အရင်သတ်လိုက်ပါ" ပိုင်ရန့်မှာ တခြားဂရုစိုက်နေရမယ့်အချိန် မရှိတော့ဘူး၊ ဘယ်လိုနေနေ သူက သေတော့မှာဆိုတော့ နောက်ဆက်တွဲတွေ တွေးမနေတော့ဘဲ လုပ်ချလိုက်တော့တယ်။

"ကံကောင်းပါစေ သခင်!" ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ ရှောင်လင်းကလည်း သူ့ကို အားပေးတာမျိုးသာ လုပ်နိုင်တယ်။

'နည်းလမ်းတစ်ခုတော့ ရှိရမယ်'

'စဉ်းစားစမ်း!'

ပိုင်ရန် သူ့ဦးနှောက်ကို ဆွဲဆန့်နေတော့တယ်။

နတ်ဆိုးဘုရင်ကြီးမျက်နှာပေါ်မှာ နာကျင်မှုတွေ ထွက်ပေါ်လာတယ်။ သူ့လက်ကို မြှောက်လိုက်ပေမယ့် ထိုအရာကို မပစ်လိုက်ဘူး "ဘာကြောင့်လဲ? သူ့ကို ဘာလို့ ဒီလောက်ထိ ကာကွယ်ပေးရတာလဲ? သူက မင်းအတွက် ဒီလောက်တောင် အရေးပါတာလား?"

ထိုအခိုက်အတန့်မှာ နတ်ဘုရားတွေဆီက အကူအညီရလိုက်သလိုမျိုး ပိုင်ရန် တစ်စုံတစ်ရာတွေးမိခဲ့တယ်။

"သေချာပေါက် သူက ကျွန်တော့်အတွက် အရေးပါပါတယ်၊ ဘာကြောင့်လဲဆိုတော့..." ပိုင်ရန် အံကြိတ်ကာ ကြမ်းပြင်ပေါ်က ကုန်းရုန်းထလိုက်တယ်။ သူ နတ်ဆိုးဘုရင်ကြီးကို မျက်နှာချင်းဆိုင်ကာ ပြောလိုက်တယ် "ဘာလို့လဲဆိုတော့ သူကတကယ်ကို ကျွန်တော့်အတွက် အရေးအပါဆုံးမို့လို့ပါ"

နတ်ဆိုးဘုရင်ကြီး နောက်တစ်လှမ်းဆုတ်သွားကာ သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ ရူးလောက်အောင်စိမ့်ထွက်လာပြီး သုံးယောက်စလုံးကို အလယ်မှာ ပိတ်မိနေစေတယ်။ အနက်ရောင်မှော်စွမ်းအင်ကလည်း ပင်လယ်မျက်နှာပြင်တစ်ခုလုံး လျင်မြန်စွာ လွှမ်းခြုံသွားတော့တယ်။

ပြင်းထန်စွာတိုက်ခတ်နေတဲ့ လေအောက်မှာ ပိုင်ရန် မျက်လုံးတွေကိုတောင် အနိုင်နိုင်ဖွင့်နေရတယ်။

ဒီတစ်ကြိမ်မှာ နတ်ဆိုးဘုရင်ကြီး အမှန်စင်စစ် ဒေါသထွက်သွားပြီဆိုတာ သူသိတယ်။ သူသာ အမှန်တကယ်ဒေါသထွက်လာရင် အဆုံးမှာ သူတို့ရဲ့အရိုးတွေတောင် ကျန်ခဲ့တော့မှာမဟုတ်ဘူး။

"အခုလက်ရှိ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ ကျွန်တော်လည်း ရွေးခြယ်စရာမရှိတော့တဲ့အတွက် ပြောရတော့မယ်" သူ ကျယ်လောင်စွာ ပြောချလိုက်တယ်။ "တကယ်တော့ ကျိုးရင်က ကျွန်တော့်ရဲ့သားပါ!"

ရူးသွပ်နေတဲ့မှော်စွမ်းအင်က နှေးကွေးသွားတယ်။

ကျိုးရင် "...???!"

နတ်ဆိုးဘုရင်ကြီး "..."

[ Kay : ဒီလိုစကားထွက်လာလိမ့်မယ်လို့ လုံး၀ထင်မထားဘူး🥴 ]


_____

Thanks 🌹

Continue Reading

You'll Also Like

1.6M 200K 162
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
1.4M 226K 140
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ!! [ဗီလိန္ႀကီး​ေရ​ေက်းဇူးျပဳၿပီးငါ​ေလးကိုညႇ...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
2.1M 162K 36
No descriptions here