လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

De Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... Mais

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

လူသားစားမြို့(၁၂)

1.7K 365 9
De Kaiyou1111

Unicode

မာဟန် ကတစ်ချိန်လုံး တုန်နေခဲ့ပြီး သူ့ချွေးအေးတွေက ဆက်တိုက်ထွက်နေကာ သူ့အမြင်တွေက ဝေဝါးလာခဲ့သည်။

အ!

နာတယ်!

မာဟန် ရဲ့ဖြူဖွေးသည့်နှုတ်ခမ်းက တုန်နေရင်း ညည်းညူသည့်အသံက ထွက်နေခဲ့သည်။ သူက အသက်ကိုရှူသွင်းလိုက်ပြီး သူ့ခေါင်းက ငုံ့နေကာ အသနားခံနေခဲ့သည်။ “အရမ်းနာတယ်!!!! အား!!!”

ဂျင်းဟောင် ကလည်း အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ရှုပ်ထွေးနေခဲ့သည်။ သူမက အခန်းထဲကို ပြေးဝင်သွားပြီး လက်ဆွဲအိတ်ကို ဆွဲဖွင့်လိုက်သည်။ အိတ်ဖွင့်လိုက်ပြီး အဝတ်တွေအား ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး အတွင်းပိုင်းတွင်ရှိနေသည့် ဆေးသေတ္တာအား အလျင်စလို ဆွဲထုတ်လိုက်သည်။

ဂျင်းဟောင် ရဲ့လက်တွေက တုန်နေခဲ့သည်။

မိန်းကလေးအနေနဲ့ ဒီနေ့လို ကြောက်စရာကောင်းသည့် ထိတ်လန့်စရာမျိုးကို မကြုံတွေ့ခဲ့ဖူးပေ။ သူမက လူနာရှေ့တွင် ဆေးကျောင်းသူအနေနဲ့တော့ တည်ငြိမ်အောင်တော့ နေနိုင်သည်။

သူမကိုယ်သူ တည်ငြိမ်သွားအောင် တွန်းအားပေးလိုက်သည်။

ဂျင်းဟောင် ကအလျင်အမြန်ပင် ဆေးလက်အိတ်တွေကို ဝတ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ လက်ချောင်း ၄ ချောင်းကိုယူလိုက်ကာ ပိုးသတ်ဆေးရည်ပိတ်ကျဲဖြင့် ပတ်လိုက်သည်။ ထို့နောက် ဂျင်းဟောင် ကကြမ်းပြင်တွင် ဒူးထောက်ချလိုက်ကာ မာဟန် အားပတ်တီးစည်းပေးဖို့ လုပ်လိုက်သည်။

ဂျင်းဟောင် ကအဝတ်သန့်ကို ထုတ်လိုက်ပြီး မာဟန် ရဲ့ပြတ်သွားသည့် လက်ချောင်းတွေကို နူးညံ့စွာဖြင့် ထိလိုက်ကာ မာဟန် ကနာကျင်စွာ အော်လိုက်သည်။

သူမဆေးသေတ္တာထဲတွင် နာကျင်မှုလျော့ဆေး မရှိပေ။

“ခဏလေး!” ဂျင်းဟောင် က မာဟန် ကိုတည်ငြိမ်စေဖို့အတွက် ပြောလိုက်သည့် သူမအသံက နည်းနည်းတုန်နေသည်။

မာဟန် ကနာကျင်မှုကြောင့် အော်လိုက်ကာ မာချန်းဂုံ ရဲ့အင်္ကျီအား တခြားလက်နဲ့ ဆွဲလိုက်သည်။ သူက နာကျင်စွာအော်လိုက်ပြီး သတိလက်လွတ်ဖြင့် သူ့ခေါင်းအား သူ့အစ်ကိုရဲ့ရင်ဘတ်ထဲ တိုးဝင်လိုက်ပြီး ငိုနေခဲ့သည်။ ပြိုယွင်းနေသည့်ခံစားချက်တွေနဲ့ အသည်းကွဲသည့်အသံက ထွက်လာခဲ့သည်။ “အစ်ကို!!!! ငါသေတော့မယ်!”

မာချန်းဂုံ ရဲ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး သူ့မျက်လုံးတွေက နီရဲနေပြီး သူ့နားထင်က သွေးကြောတွေတောင် မြင်နိုင်အောင် ဖောင်းနေခဲ့သည်။ သူက မာဟန် ရဲ့လက်မောင်းကို တင်းကြပ်စွာ ကိုင်လိုက်ပြီး အံကြတ်လိုက်သည်။ သူ့အတွင်းပိုင်းစိတ်က သူ့နှလုံးသားထဲကို မျှားတစ်စင်းလို စိုက်ဝင်လာခဲ့သည်။ “မဟုတ်ဘူး၊ ငါ မင်းကို သေခွင့်မပြုဘူး!”

ဒီနာကျင်မှုကို ဘယ်လိုလုပ်ပြီး သူမသိပဲနေမှာလဲ!!! သူလည်း ဒါကိုခံစားဖူးတယ်! နောက်ပြီး သူ့ကို ဒီလိုနာကျင်အောင် လုပ်ခဲ့တဲ့သူကလည်း သူ့ရှေ့ကလူပဲ! နာကျင်မှုကြောင့် အခုချက်ချင်းပင် အဆုံးသတ်ချင်လောက်သည့် ဖိအားမျိုး!

ထိုအကြောင်းကို တွေးလိုက်ပြီး မျက်ရည်တွေက မာချန်းဂုံ ရဲ့မျက်လုံးထောင့်တွင် စုလာခဲ့သည်။

မာဟန် ကသူ့ရှေ့မှာ ကာလိုက်မယ်လို့ သူတကယ်ကြီး ထင်မထားခဲ့ဘူး!

သူ့မွေးဖွားခြင်းက ပြန်ရောက်လာတယ်လို့ ပြောနေပေမဲ့ သူ့အပေါ် အတိတ်က မာဟန် လုပ်ခဲ့တာတွေအားလုံးက အလိမ်အညာတွေပဲ! သူ့တွင် မကျေနပ်မှုတွေပြည့်နေပြီး သူ့အား မေးခွန်းထုတ်ချင်နေခဲ့တယ်!

သူ့အသိကနေ ဘာမှမလုပ်ခဲ့သည့် ဒီမာဟန် ကိုမမုန်းဘူးလို့သာ ပြောနေခဲ့သည်။

ထို့နောက် ချက်ချင်းပင် ထိုအမုန်းတရားအားလုံးက ဝေဝါးသွားခဲ့တယ်!

မာဟန် ကသူ့ညီပဲ! အန္တရာယ်နဲ့ကြုံတွေ့နေရင်တောင် မင်းညီအတွက် ရပ်တည်ပေးနိုင်ရမယ်!

ဂျင်းဟောင် ကဒဏ်ရာကို ပတ်တီးစည်းလိုက်ပြီး ခြောက်သွေ့သည့်အပြုံးကို ဆွဲထုတ်လိုက်ကာ နှစ်သိမ့်လိုက်သည်။ “မစိုးရိမ်ပါနဲ့၊ ရှင်မသေပါဘူး! ရှင်ကံကောင်းပါတယ်၊ သွေးထွက်နေတာ ရပ်သွားပြီ!”

စကားတွေကို ပြောပြီးသည်နှင့် မာချန်းဂုံ ဆီမှတင်းအားတွေက တဖြည်းဖြည်း လျော့ကျသွားပေမဲ့ သူ့အခြေအနေကတော့ မောပန်းနေတုန်းပင်။

ဟူဘင်း ကဘေးဘက်တွင်ရပ်နေကာ ဂျင်းဟောင် ရဲ့လှုပ်ရှားမှုအတိုင်း လိုက်ကြည့်နေခဲ့သည်။ မာဟန် အဆင်ပြေတာကို ကြားလိုက်ချိန်တွင် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။

ဒီမတော်တဆမှုဖြစ်ပြီးနောက် သူ့စိတ်ထဲမှ စိုးထိတ်မှုတွေက နှစ်ဆဖြစ်လာခဲ့သည်။

နည်းဗျူဟာကို သူမတွေးနိုင်ခင် ဟွမ်ခဲ ရဲ့အပြုအမူကို အံ့ဩခဲ့ရသည်။

ဟွမ်ခဲ ရဲ့မျက်နှာက မပြောင်းလဲပေ၊ ခံစားရတဲ့ပုံစံ နည်းနည်းလေးတောင် ရှိမနေပေ။ ဂျင်းဟောင် ကပြောပြီးနောက် သူကလှည့်လိုက်ပြီး တစ်ခုခုကို တွေးနေသလိုမျိုး လိုက်ကြည့်လိုက်သည်။

ဟွမ်ခဲ ကရပ်သွားပြီး သူ့အကြည့်က လူသေအလောင်းပေါ်ရောက်သွားကာ အသက်ရှူသွင်းလိုက်ရင်း လေထုထဲမှ ပြင်းထန်သည့် သွေးနံ့ကိုရလိုက်သည်။

သူနဲ့အနီးဆုံးရှိ အလောင်းဆီကို လျှောက်သွားလိုက်ပြီး ဘေးဘက်တွင် ရပ်လိုက်ကာ ထိုင်ချလိုက်သည်။

ဟွမ်ခဲ ကလက်အိတ်ကိုတောင် မဝတ်ပဲ သူ့လက်တွေက လူအိုကြီးရဲ့မျက်နှာကို ထိလိုက်သည်။ သူ့အဝတ်တွေတွင် သွေးတွေရှိနေပြီး သူ့တစ်ကိုယ်လုံးက အန္တရာယ်ရှိပုံပေါ်နေသည်။ သူ့ကိုယ်ပေါ်က သွေးတွေကို အာရုံစိုက်ပုံမရပေမဲ့ သူ့မျက်ခုံးမှ မနှစ်မြို့မှုကို မြင်နေရပြီး နည်းနည်းလေး ကြောက်လန့်မှုတောင် ရှိမနေပေ။

သူက လူအိုကြီးရဲ့မျက်နှာကို အသေးစိတ်ကြည့်လိုက်ပြီး သူ့ပါးစပ်ကို ဖွင့်လိုက်ကာ သွားတွေကို ကြည့်လိုက်သည်။ ဟွမ်ခဲ ကတစ်ခုခုမြင်လိုက်ရသလို သူ့ပါးစပ်ထောင့်က တဖြည်းဖြည်း ကွေးသွားသည်။

ဟူဘင်း ကအနားတွင်ရပ်နေပြီး သူ့အား ကြည့်နေခဲ့ကာ ဟွမ်ခဲ ကမရိုးရှင်းမှန်း သေချာသွားခဲ့သည်။

“ဟမ့်” ဟွမ်ခဲ ကလှောင်ရယ်သံကို ထုတ်လိုက်သည်။ သူ့အား စိတ်ကျေနပ်စေသည့် တစ်ခုခုကို မြင်လိုက်ရသလိုမျိုး ဂရုမစိုက်စွာဖြင့် သူ့လက်တွေကို ရုတ်လိုက်သည်။

သူ့လှောင်ရယ်သံတွင် ထောင်ပေါင်းများစွာသော ခံစားချက်တွေ ပါဝင်နေပုံရကာ သူ့အနီးနားတွင်ရှိနေသည့် ဟူဘင်း တောင်မှ ထိုလှောင်သံကိုကြားလိုက်ချိန်တွင် တွန့်သွားခဲ့သည်။

သို့သော် ဟွမ်ခဲ ရဲ့နောက်ပိုင်း လှုပ်ရှားမှုတွေက ဟူဘင်း အားပိုထိတ်လန့်စေသည်။

ဟွမ်ခဲ ကငုံ့လိုက်ပြီး လူသေအလောင်းရဲ့ လက်နှစ်ဖက်လုံးကို ဆွဲလိုက်ကာ တံခါးဆီဆွဲသွားဖို့ လုပ်နေခဲ့သည်။

ဟူဘင်း ကလန့်သွားပြီး သူ့လက်တွေနဲ့ သူ့အား တားလိုက်သည်။

“မင်းဘာလုပ်နေတာလဲ?”

ဟွမ်ခဲ က ဟူဘင်း အားအေးစက်စွာ ကြည့်လိုက်သည်။ “အပြင်ဆွဲထုတ်နေတာ”

ဟူဘင်း ကသူ့အား စူးရှသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဒီအလောင်းတွေက အဲ့လူတွေမျက်လုံးထဲမှ အရသာရှိတဲ့အစားတွေပဲ။ သူတို့က ထုတ်ထားလိုက်ရင် ဝံပုလွေတွေကို သွေးဆောင်နေလိမ့်မယ်။ သူတို့က ဝင်လာဖို့ မရပ်တန့်နိုင်ပေမဲ့ ငါတို့တွေ တံခါးအပြင်ကို ထွက်လိုက်ရင် မြွေတွေကို သူတို့အပေါက်ထဲကနေ ထွက်လာဖို့အတွက် ဆွဲဆောင်နိုင်လိမ့်မယ်၊ ငါတို့အတွက် လွယ်ကူစေမဲ့ ဖြစ်ရပ်ပဲ!” ဟွမ်ခဲ ရဲ့အသံက မထူးခြားပေ။ “ငါတို့သာ အလောင်းတွေကို ဒီမှာထားခဲ့ရင် အလောင်းတွေက ပုတ်သိုးသွားမှာပဲ။ မလုံခြုံသလို ပြဿနာလည်း ဖြစ်စေနိုင်တယ်”

ဟူဘင်း ကခဏလောက် တိတ်သွားပြီး သူ့လက်ကို ဖယ်လိုက်သည်။

ဟွမ်ခဲ ကသူ့ကို ကြည့်လိုက်ပြီး သူ့အကြည့်က ဟူဘင်း ကိုကျော်သွားကာ ထောင့်ဘက်တွင် မလှုပ်ရှားပဲထိုင်နေသည့် ရှောင်ချန်း ဆီရောက်သွားခဲ့သည်။ ဟွမ်ခဲ ကလန့်သွားခဲ့သည်။ သူ့မျက်လုံးတွေက ရုတ်ချင်းပင် တုန်သွားခဲ့ရင် အခုမြင်ကွင်းကို မမြင်ချင်တဲ့ပုံပေါ်နေသည်။

ဟူဘင်း ကထိုနေရာတွင်သာ အေးခဲနေပြီး ဟွမ်ခဲ ရဲ့နောက်ကျောကိုသာ အတွေးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။

လူအိုကြီးရဲ့ အလောင်းကို တံခါးဆီဆွဲသွားပြီး ‘ခရက်’အသံက ထွက်သွားခဲ့သည်။ ဟွမ်ခဲ ရဲ့လှုပ်ရှားမှုတွေက အရမ်းကိုကျွမ်းကျင်နေပြီး ပေါင်တစ်ရာကျော်လောက်ရှိသည့် အလောင်းကိုဆွဲသွားတာတောင် မောပန်းနေခြင်းတောင် မရှိပေ။

အပြုအမူတစ်ခုလုံးက ချောမွေ့ကာ မြန်ဆန်နေပြီး တစ်ယောက်ပြီး တစ်ယောက် ဆွဲထုတ်သွားကာ ချွေးတောင်ထွက်မနေပေ။

ဟူဘင်း ကသူ့နေရာမှ လှုပ်ရှားလိုက်သည်။

“ကျွီ” ခြေထောက်က ကြမ်းပြင်ကို ထိလိုက်သည်နှင့် အသံလေးထွက်သွားခဲ့သည်။

သူ့မျက်နှာက ရုတ်တရက် မယုံနိုင်လောက်အောင် ရုပ်ဆိုးသွားခဲ့သည်။

ဟူဘင်း ရဲ့မျက်လုံးက ဟွမ်ခဲ ပေါ်ရောက်သွားပြီး သူ့လက်ချောင်းတွေက နည်းနည်းတုန်နေခဲ့သည်။ ချက်ချင်းပင် လက်တွေကို ဆုပ်လိုက်ပြီး သူ့ခံစားချက်တွေကို ဖိနှိပ်လိုက်သည်။

ဘာဖြစ်နေတာလဲ?! ဟွမ်ခဲ ကလူကြီးကို ဆွဲသွားတာတောင် ဘာအသံမှမထွက်ပဲ ကြမ်းပြင်ပေါ်ကနေ လျှောက်သွားတာလား?

ဟူဘင်း ရဲ့ခန္ဓာကိုယ်က နည်းနည်းတုန်နေကာ အစောပိုင်းက ရုတ်ချင်းထွက်ပေါ်လာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ အသံနဲ့ ဒီရွာရှိထူးဆန်းသည့် အရာတွေကို တွေးနေခဲ့သည်။

သူ့နှလုံးခုန်သံက မြန်လာခဲ့သည်။

ဟွမ်ခဲ ကလူသားလား?

သက်ပြင်းချလိုက်သည်။

ဒါက ဘယ်လိုရွာမျိုးလဲ? ဒီနေရာမှာ ဘာကြောင့် မရှင်းပြနိုင်တဲ့ ထူးဆန်းတဲ့အချက်တွေ အများကြီးရှိနေရတာလဲ?

ရွာသားတွေ! အဲ့လူ! ဒီဟွမ်ခဲ!

ဟူဘင်း ကသူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး တခြားဘက်ကို ကြည့်လိုက်ကာ သူ့အကြည့်တွေက အေးခဲသွားခဲ့သည်။

ဒီမြင်ကွင်းက ရှောင်ချန်း ကိုဘာမှမဖြစ်စေပုံပဲ!

လူအိုကြီးအုပ်စု ပြေးဝင်လာချိန်တွင် သူတို့ထဲက ဘယ်သူကမှ ရှောင်ချန်း ကိုအန္တရာယ်မပေးမှန်း သူသတိပြုမိသွားခဲ့သည်။ သူတို့က အဲ့လမ်းကြောင်းကို ရည်ရွယ်သလို၊ မရည်ရွယ်သလိုမျိုးနဲ့တောင် ရှောင်သွားတယ်! အဲ့နေရာမှာ ကြောက်စရာကောင်းတဲ့ တစ်ခုခုက ရပ်နေတာနဲ့တူနေသည်။

အရမ်းထူးဆန်းတယ်!

WTH?!! ဒီရှောင်ချန်း ကဘာလဲ? သူ့မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ?

အစက ရှောင်ချန်း က ဟွမ်ခဲ ဘက်ကိုကြည့်နေပေမဲ့ ရုတ်တရက် တန်ဂျွန် ကသူ့မျက်လုံးအား လက်နဲ့ကာလိုက်သည်။ သူ့ခေါင်းကိုစောင်းလိုက်ပြီး တန်ဂျွန် အားရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

တန်ဂျွန် ကခေါင်းမော့လိုက်ပြီး သူ့လျှာထိပ်က သူ့သွားကိုထိလိုက်ကာ ပါးစပ်က နည်းနည်းဟ,သွားပြီး သူ့နှာခေါင်းက အပေါ်ကိုကွေးနေကာ ကျေနပ်နေပုံမရပေ။

ရှောင်ချန်း ကသူ့ကို စိုက်ကြည့်လိုက်ပြီး သတိလက်လွတ်ဖြင့် သူ့နှုတ်ခမ်းထောင့်က အပေါ်ကိုကွေးသွားခဲ့သည်။ သို့သော် သူ့ဘေးကလူကတော့ ထူးဆန်းသလို ပြုမူနေတာကို မမြင်သလိုမျိုုး သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့သည်။ သူ့နှုတ်ခမ်းကို စေ့လိုက်ပြီး သူ့ဘယ်လက်နဲ့ ဆွဲကြိုးကိုကိုင်လိုက်ပြီး မျက်လုံးကို ကျဉ်းမြောင်းလိုက်ကာ ရေရွတ်လိုက်သည်။ “အင်း? ပါပီလေး၊ ဘာလိုချင်နေတာလဲ?”

တန်ဂျွန် ကသူ့နှုတ်ခမ်းကို စေ့လိုက်ပြီး သူ့မျက်လုံးတွေက ရွေ့လျားခြင်းမရှိပဲ ရှောင်ချန်း ရဲ့မျက်လုံးတွေကိုသာ စိုက်ကြည့်နေခဲ့သည်။

တစ်ဖက်လူက လန့်သွားပြီး သူ့ကြောင့် နည်းနည်းရှက်သွားပုံပေါ်သည်။ ရှောင်ချန်း ကမထိန်းချုပ်နိုင်ပဲ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ‘Son of bitch, မင်းဘာလုပ်နေတာလဲ? ငါ့ကို အဲ့လိုမျိုးမကြည့်နဲ့!”

တန်ဂျွန် ကမျက်ခုံးပင့်လိုက်ပြီး ပိုပြီးတော့တောင် လေးနက်နေပုံပေါ်နေသည်။ သိသိသာသာကို သူ့ခေါင်းအား တစ်ဖက်လူနားကို ပိုတိုးကပ်လိုက်ပြီး စ,နောက်သည့်အသံဖြင့် ပြောလိုက်သည်။ ‘ကိုယ်က ကလေးကို ကြည့်ချင်ရုံပဲ’

ရှောင်ချန်း ကမဖြေနိုင်ခင် တန်ဂျွန် ကရုတ်တရက် သူ့ခေါင်းကိုကိုင်ထားပြီး အနားကိုပိုတိုးကပ်လိုက်ကာ နှုတ်ခမ်းတွေကို တိုက်ရိုက်နမ်းလိုက်ပြီး မြန်ဆန်တဲ့ လှုပ်ရှားမှုဖြစ်ပေမဲ့ စူးစမ်းပြီး သတိထားသလိုဖြင့် နူးညံ့နေသည်။

အနမ်းက ပေါ့ပါးနေသည်။ တန်ဂျွန် ကအကြံအစည်ဖြင့် ရှောင်ချန်း ရဲ့သွားအား သူ့လျှာထိပ်ဖြင့် မထိလိုက်ရင် ရှောင်ချန်း ကအိမ်မက်မက်နေတာလို့ ထင်မိလိမ့်မည်။

ရှောင်ချန်း ရဲ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူ့မျက်လုံးတွေက မျက်တောင်မခတ်ပေ။ သူ့အတွက် တည်ငြိမ်သွားဖို့ စောင့်နေတာက အရမ်းခက်ခဲပြီး မျက်တောင်ခတ်လိုက်ကာ ထိတ်လန့်မှုကြောင့် သူ့မျက်လုံးတွေက ခုန်ထွက်တော့မလို ဖြစ်သွားခဲ့သည်။

ရှောင်ချန်း ကအသံကို ဖုံးကွယ်ထားဖို့တောင် မေ့သွားခဲ့သည်။ သူ့အသံက အားနည်းမှုတချို့ဖြင့် နူးညံ့နေကာ တိုးလျနေပြီး မရှင်းပြနိုင်သည့် အဓိပ္ပါယ်တွေ ပါဝင်နေသည်။ ထို့နောက် ဒေါသအလွှာပါးလေးတောင် ပါဝင်နေသည်။ “မင်းဘာလုပ်တာလဲ?”

တန်ဂျွန် ကသူ့ကို ဆက်ပြီးစိုက်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်က သတိလက်လွတ် မြင့်တက်သွားပြီး ရှက်ရွံ့မှုအား လုံးဝခံစားရပုံမပေါ်ပေ။ ‘ကလေးကိုနမ်းတာ’

ရှောင်ချန်း ကမွန်းကြပ်သွားခဲ့သည်။

‘ဘာကြောင့် ငါ့ကိုနမ်းတာလဲ?’ ရှောင်ချန်း ရဲ့စကားလုံးတွေက သူ့နှလုံးသားတွင် အဖြေကိုသိနေတာကြောင့် မေးခွန်းလို့ မယူဆနိုင်ပေ။ သို့သော် ထိုအကြောင်းကို မတွေးပဲ သိသိသာသာကို လျစ်လျူရှုထားခဲ့သည်။

‘ဘာကြောင့်ဆိုတော့ ကလေးကို သဘောကျလို့လေ’ တန်ဂျွန် ကသူ့မျက်ခုံးကို ပင့်လိုက်ပြီး မျက်လုံးတွေက ကျဉ်းမြောင်းနေကာ သူ့ပါးစပ်က ရှောင်ချန်း ရဲ့ဘယ်ဘက်နားနားကို မှီသွားခဲ့ပြီး စကားတစ်လုံးချင်းကို ထုတ်ပြောလိုက်သည်။

တစ်ကမ္ဘာလုံးမှာ ကလေးကိုပဲ သဘောကျတယ်။

တန်ဂျွန် က ရှောင်ချန်း ကိုလွှတ်ပေးလိုက်ပြီး သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေခဲ့ကြသည်။ တန်ဂျွန် ရဲ့နှုတ်ခမ်းက အပေါ်ကိုကွေးနေတာက သူ့မေးရိုးတွေအား ထင်ရှားစေသည်။ ထိုအပြုံးက ရှောင်ချန်း ရဲ့မျက်လုံးထဲတွင် သေလောက်အောင် ဆွဲဆောင်မှုရှိနေသည်။

ရှောင်ချန်း ကသူ့မျက်နှာအား တိတ်ဆိတ်စွာဖြင့် စက္ကန့် ၃၀ လောက်စိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးက စကားမပြောကြပဲ ရှောင်ချန်း ရဲ့မျက်နှာက ချက်ချင်းပင် နီရဲလာခဲ့သည်။

‘ကလေး ရှက်နေတာလား?’

‘… မင်းပါးစပ်ပိတ်’

ဟွမ်ခဲ ကအလောင်းငါးလောင်းအား အပြင်ဘက်ကို လွှတ်ပစ်လိုက်သည်။

ဟူဘင်း က ဟွမ်ခဲ ရဲ့တုန့်ပြန်ချက်ကို တွေးတောနေစဉ် တစ်ချိန်တည်းတွင် လူအိုကြီးတွေကိုလည်း စူးစမ်းနေခဲ့ကာ တစ်ခုခုမှားနေသလိုမျိုး ထူးဆန်းမှုကို ခံစားမိလိုက်ကာ တိတ်တဆိတ် တွေးတောမိသွားခဲ့သည်။ သူက အိမ်ထဲကို ရောက်နေပြီးဖြစ်သည့် ဟွမ်ခဲ ကိုကြည့်လိုက်ပြီး တံခါးဆီလျှောက်သွားကာ လူအိုကြီးတွေရဲ့ အလောင်းတွေကို ကြည့်ဖို့လုပ်လိုက်သည်။

ထိုအလောင်းတွေရဲ့မျက်နှာတွေက ဖြူဖွေးလာပြီး သူတို့လှုပ်ရှားမှုတွေက အရမ်းကိုတောင့်တင်းနေပြီး သူတို့ရဲ့ပွင့်နေသည့် အရည်ပြားမှတဆင့် လတ်ဆတ်သည့်သွေးတွေက စီးကျနေခဲ့သည်။

ဟူဘင်း ကမျက်ခုံးပင့်လိုက်ပြီး ပြင်းထန်သည့်မသက်မသာမှုဖြင့် အလောင်းတွေကို စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက် အလောင်းတွေရဲ့မျက်နှာပေါ်တွင် တစ်ခုခုကို မြင်လိုက်ကာ ချက်ချင်း ငုံ့လိုက်ပြီး သူ့လက်ချောင်းတွေက သူတို့သွားအားမြင်ရဖို့အတွက် ပါးစပ်ကိုဖွင့်ဖို့ လုပ်လိုက်သည်။

လူအိုကြီးတစ်ယောက်ရဲ့သွားကို ရှင်းလင်းစွာမြင်လိုက်ချိန်တွင် ဟူဘင်း ရဲ့လက်တွေက တုန်သွားခဲ့သည်။

အစွယ်တွေ!

ဘာဖြစ်နေတာလဲ?

ဟူဘင်း ကထိတ်လန့်နေပြီး အလျင်အမြန်ပင် သူ့လက်ကိုဆန့်လိုက်ကာ တခြားအလောင်းတွေကို စစ်ဆေးလိုက်ပြီး အဖြေကတော့ အတူတူပဲ!

ဟူဘင်း ရဲ့လက်တွေက နည်းနည်းတုန်သွားကာ တံတွေးကို မြိုချလိုက်ရင်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ လူအိုကြီးရဲ့လက်ကို တိုက်ရိုက်ဆွဲယူလိုက်သည်။

လူအိုကြီးရဲ့လက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ချိန်တွင် သူ့သူငယ်အိမ်က စူးရှသွားခဲ့သည်။

အလောင်းတွေရဲ့ လက်သည်းတွေက အမည်းရောင်ဖြစ်နေကာ လက်သည်းကြားတွင်လည်း အညစ်အကြေးများစွာ ရှိနေသည်။ လက်သည်းခွံက အရမ်းကိုမာပြီး သာမာန်လူတွေနဲ့ယှဉ်ရင် နည်းနည်းထူးဆန်းနေသည်။

ဟူဘင်း ကသူ့ခေါင်းထဲမှ သတင်းအချက်အလက်တွေ အများကြီး ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရသည်!

သူတို့က လုံးဝကို လူသားမဖြစ်နိုင်ဘူး!

ဟူဘင်း သေချာသည်။

အစွယ်တွေ...

ဒီလူတွေက ဗန်ပိုင်းယားတွေလား?

မဟုတ်ဘူး၊ သူတို့မဖြစ်နိုင်ဘူး!

ဟူဘင်း ကသူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး အသက်ရှူသွင်းလိုက်သည်။

ဗန်ပိုင်းယားတွေက လူသွေးစုတ်ပြီး လူသားတွေကို မစားဘူး! ဒါဆို ဘာဖြစ်နိုင်လဲ?

ဟူဘင်း ရဲ့မျက်တောင်က လှုပ်ရှားသွားပြီး သူ့ခန္ဓာကိုယ်က နိုးကြွလာခဲ့သည်။

အဖြေထွက်လာခဲ့သည်။

သမန်းဝံပုလွေတွေ!

ဟူဘင်း ကထ,ရပ်လိုက်ပြီး သူ့ခြေထောက်တွေက နည်းနည်းထုံနေကာ သူ့ခေါင်းက မူးနောက်နေပြီး သူ့လက်ဖြင့် နားထင်ကိုထိလိုက်ကာ ပွတ်သပ်လိုက်ပြီးနောက် သူ့ချောင်းတွေကို ဆုပ်လိုက်သည်။

သမန်းဝံပုလွေတွေက ကျိန်စာလို့ဆိုလိုတာပဲ! သူတို့က ဝံပုလွေတွေကနေ မွေးဖွားလာတာမဟုတ်ဘူး၊ ဝံပုလွေတွေက သမန်းဝံပုလွေဖြစ်လာဖို့ ဖိအားပေးခံရတာပဲ! လူသားဆန်မှုကို ဆုံးရှုံးခံပြီး! ဒါတွေကုန်သွားတာက အဆိုးရွားဆုံးပဲ! လူတွေကို အစားလို့တွေးတယ်! လပြည့်ညမှာ ပွဲကျင်းပတယ်!

ဟူဘင်း ကသက်ပြင်းချလိုက်သည်။

အခုတော့ အရမ်းကြောက်လန့်နေလို့ စိတ်သက်သာအောင်လုပ်ဖို့ လိုအပ်နေသည်။ ထိုရွာက ရွာသားတွေက သမန်းဝံပုလွေတွေဖြစ်နေလို့ သူကြောက်နေတယ်! သို့သော် ဒီလိုဆိုရင် သူတို့(ရွာသားတွေ)က သူတို့ထင်တာထက် ပိုပြီးတော့တောင် အန္တရာယ်ရှိသေးတယ်!

ဟူဘင်း ကခြောက်သွေးနေသည့် သူ့နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး သူ့ခေါင်းထဲတွင် အချိန်တွေကို တွက်ချက်နေခဲ့သည်။

ဒီနေ့က ပြက္ခဒိန်ဟောင်းရဲ့ ၁၄ ရက်မြောက်နေ့ပဲ! လ က ၁၅ ရက်နေတိုင်းပြည့်သည်။ လပြည့်ညကို ရောက်တာနဲ့ ဒဏ္ဍာရီလာတွေက ဖြစ်လာတက်ပြီး ကြားရက်တွေမှာ သမန်းဝံပုလွေတွေရဲ့ သာမန်အသွင်အပြင်က ပျောက်ပျက်သွားလိမ့်မည်။ သူတို့က သမန်းဝံပုလွေပုံကို ပြောင်းသွားနိုင်ပြီး စားသောက်ဖို့အတွက် သွေးဆာသည့်နည်းလမ်းဖြင့် လူမဆန်စွာ သတ်ဖြတ်ပွဲကို စတင်လိမ့်မည်။

ဟူဘင်း ရဲ့လက်တေါက စတင်တုန်လာခဲ့ပြီး သူ့စိတ်တွေက လည်ပတ်နေကာ အတွေးဘယ်လောက်များများက သူ့စိတ်ထဲတွင် ထွက်ပေါ်လာမှန်းတောင် မသိတော့ပေ။

ထိုအချိန်တွင် ဟွမ်ခဲ ကသူ့ဆီလျှောက်လာခဲ့သည်။ ဟူဘင်း က ဟွမ်ခဲ ရဲ့လျှောက်လာသည့် ခြေသံကိုတောင် မကြားလိုက်ပေ။ သူလှည့်လိုက်ချိန်တွင် ဟွမ်ခဲ လျှောက်လာမှုနဲ့ သူ့တစ်ကိုယ်လုံးက အပြင်းအထန်ကို တိုက်မိသွားခဲ့တယ်!

ဟူဘင်း ကထိတ်လန့်သွားခဲ့သည်။

ဟွမ်ခဲ ကမတုန်လှုပ်သွားပဲ သူ(ဟူဘင်း)ရှာတွေ့တာကိုသာ စိတ်ဝင်စားနေခဲ့ပြီး သူ့နှုတ်ခမ်းထောင့်က အပေါ်ကို တွန့်ချိုးသွားပြီး သူ့အသံက ပေါ့ပါးနေပုံပေါ်သည်။ “မင်း ဘာရှာတွေ့လဲ?”

ဟူဘင်း ရဲ့ခြေထောက်တွေက တုန်နေပြီး သူ့စိတ်ထဲတွင် ဟွမ်ခဲ ကိုနည်းနည်းကြောက်နေခဲ့ကာ သူ့ခြေထောက်တွေက သတိလက်လွတ်ပင် ဘေးဘက်ဆီကို အနည်းငယ် ရှောင်ကာဆုတ်သွားခဲ့သည်။

ဟွမ်ခဲ ကသူ့အပြုအမူကို ကြည့်လိုက်ပြီး သူ့မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်ကာ သူ့အမူအရာက အရမ်းကိုအန္တရာယ်များနေသည်။

ဟူဘင်း ကခြောက်ကပ်စွာဖြင့် ရယ်လိုက်ပြီး ဂျင်းဟောင် တို့အုပ်စုဘက်ကို ကြည့်လိုက်ကာ အလယ်ကိုတိုးကပ်သွားဖို့ ကြိုးစားလိုက်သည်။

ဂျင်းဟောင် ကထ,ရပ်နေခဲ့ပြီး သူမရဲ့စူးရှသည့်မျက်လုံးမှ ဟူဘင်း ရဲ့စိုးထိတ်နေမှုနဲ့ စိတ်လှုပ်ရှားသည့် လှုပ်ရှားမှု အနည်းငယ်ကို ချက်ချင်း မြင်သွားခဲ့သည်။ သူမက ချက်ချင်း လျှောက်သွားလိုက်ပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? ဘာရှာတွေ့လို့လဲ?”

ဟူဘင်း က ဟွမ်ခဲ ကိုကြည့်လိုက်ပြီး အခြေအနေက ရှုပ်ထွေးနေကာ အချိန်ကမစောင့်သလို အခုချိန်ပြောသင့်ကြောင်း အကြိမ်ကြိမ် တွေးတောလိုက်သည်။ ထို့နောက် အသက်ရှူသွင်းလိုက်ပြီး သူ့အသံက နည်းနည်း တုန်နေသည်။ “ဒီရွာထဲက ရွာသားတွေ အကုန်လုံးက သမန်းဝံပုလွေတွေနဲ့ ပိုတူနေတယ်!”

“ဘာ?” ဂျင်းဟောင် ကအော်လိုက်သည်။

ထပ်ပြီးတော့ သူမသုံးဘက်အမြင်က ပေါက်ကွဲထွက်သွားပြီး မယုံကြည်နိုင်စွာဖြင့် အံကြိတ်လိုက်သည်။

(သုံးဘက်အမြင် - ကမ္ဘာကြီးပေါ်အမြင်၊ တန်ဖိုး၊ ဘဝအပေါ်အမြင်။ ကမ္ဘာကြီးပေါ်အမြင် - ကမ္ဘာကြီးက ဘာနဲ့တူလဲဆိုသည့် အမြင်၊ တန်ဖိုး - ဒီဘဝက အဖိုးတန်ဆုံးဆိုတဲ့ အမြင်၊ ဘဝအပေါ်အမြင် - လူတစ်ယောက်က ဒီဘဝမှာ ဘယ်လိုရှင်သန်နေထိုင်သင့်လဲဆိုသည့် အမြင်)

ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက သူမရဲ့ကမ္ဘာကြီးပေါ်အမြင်ကို အရမ်းကိုစိန်ခေါ်နေသလိုပဲ!

“ဒီကမ္ဘာမှာ ဘယ်လိုလုပ်ပြီး သမန်းဝံပုလွေတွေ ရှိနေနိုင်မှာလဲ?!” ဂျင်းဟောင် ကမထိန်းချုပ်နိုင်ပဲ သူမခေါင်းကို ခါလိုက်သည်။

ဟူဘင်း ကအကူအညီမဲ့စွာဖြင့် သူ့ပါးစပ်ကို ဟ,လိုက်သည်။ “ငါတို့တွေက အများကြီးကို ကြုံတွေ့ခဲ့ကြတယ်၊ ဒီအရာတွေထဲက ဘယ်တစ်ခုကို သဘာဝကျကျ ရှင်းပြနိုင်လဲ?”

ဂျင်းဟောင် ကဘာမှမပြောတော့ပေ။

မာချန်းဂုံ တောင်မှခေါင်းမော့ကာ သူ့ကိုကြည့်လာခဲ့သည်။

“သူတို့ခန္ဓာကိုယ်တွေကို ငါစစ်ဆေးကြည့်ပြီးတော့ သူတို့တွေအကုန်လုံးက အစွယ်တွေရှိပြီး အနက်ရောင် လက်သည်းတွေ ရှိကြတယ်” ဟူဘင်း ကရပ်လိုက်ပြီး သူ့အမူအရာက ရုန်းကန်နေပုံပေါ်နေသည်။ “ဗန်ပိုင်းယားတွေက လူသွေးပဲစုတ်တယ်၊ လူသားမစားဘူး၊ ဒါကြောင့် သူတို့က သမန်းဝံပုလွေဖြစ်မယ်လို့ပဲ တွေးလိုက်မိတာ”

ဟွမ်ခဲ ကရုတ်တရက် သူ့ခေါင်းကိုမော့လိုက်ပြီး မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ သူက ဂရုမမူသည့်အသံ၊ အမူအရာမဲ့စွာဖြင့် ဇာတ်လမ်းထဲမှ စာကြောင်းတစ်ခုကို ရွတ်လိုက်သည်။ “သန့်စင်နှလုံးသားရှိတဲ့ လူတစ်ယောက်ဆိုရင်တောင် ညဘက်မှ ဆုတောင်းရတာကို မမေ့သင့်ဘူး၊ တိဝုတ်ပင် ကအကုန်ပွင့်လာချိန် လပြည့်ညမှာ ဝံပုလွေတစ်ကောင်အဖြစ် မလွဲဧကန် ပြောင်းလဲသွားလိမ့်မယ်”

(တိဝုတ်ပန်း)

ဟူဘင်း ရဲ့မျက်နှာက တောင့်တင်းသွားပြီး သူ့အား စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။ “ဟုတ်တယ်၊ မှန်တယ်၊ ဒါပေမဲ့ မနက်ဖြန်က ၁၅ ရက်မြောက်နေ့ပဲ၊ လပြည့်ညပဲ!”

ဂျင်းဟောင် ကလန့်သွားပြီး သူမနှလုံးသားတစ်လျှောက် ကြက်သီးထ,သွားခဲ့သည်။

ဟူဘင်း ကအကူအညီမဲ့စွာဖြင့် ခါးသက်စွာ ရယ်လိုက်သည်။ “ငါတို့ကိုယ်ငါတို့ မကယ်နိုင်ဘူးဆိုရင် ငါတို့ဘဝတွေကို ဒီမှာပဲထားခဲ့ရလိမ့်မယ်!”

“ဟမ့်” သူ့ဘေးမှ ဟွမ်ခဲ ကရုတ်တရက် လှောင်ရယ်သံထွက်လာခဲ့ပြီး ထိုရယ်သံကို ကြားလိုက်ချိန်တွင် ဟူဘင်း ရဲ့ခန္ဓာကိုယ်က တုန်သွားခဲ့သည်။

ဟွမ်ခဲ ရဲ့အပြုအမူတွေက ပိုပိုပြီးထူးဆန်းလာတာကို ဂျင်းဟောင် ခံစားမိပေမဲ့ ထိုအကြောင်းကို သူမ အများကြီးမတွေးပေ။ သူမက ဟူဘင်း လောက်စူးစမ်းမှုမရှိပေ။

ဟွမ်ခဲ ကလှောင်ရယ်လိုက်ပြီး တစ်ခုခုကို အရိပ်အမြွတ်ပြနေသလို လူအုပ်ဆီကို ကြည့်လိုက်သည်။ “သမန်းဝံပုလွေတွေက ဘာကိုအကြောက်ဆုံးလဲဆိုတာ မင်းတို့တွေ သိကြလား?”

ဂျင်းဟောင် ကလန့်သွားခဲ့ပြီးနောက် ခေါင်းခါလိုက်သည်။

ဒီလိုနတ်ဘုရားတွေ၊ မွန်းစတားတွေ၊ အဲ့လိုအရာမျိုးတွေကို သူမတစ်ခုမှ မသိပေ။

ဟူဘင်း ကစကားလုံးတွေကို ကြားလိုက်ပေမဲ့ သူ့မျက်ခုံးကို မမြင့်လိုက်ပဲ သူ့မျက်လုံးက ကြည်လင်နေကာ စိတ်လှုပ်ရှားမှုတချို့ဖြင့် ပြန်ဖြေလိုက်သည်။ “ငွေထည်လိုပစ္စည်းမျိုးလား?!”

ဂျင်းဟောင် ကရှင်းပြဖို့အတွက် စောင့်နေသလိုမျိုး ဟူဘင်း ဆီကိုကြည့်လိုက်သည်။

ဟူဘင်း က ဂျင်းဟောင် ရဲ့မျက်လုံးနဲ့ ဆုံသွားပြီး ပြောလိုက်သည်။ “သမန်းဝံပုလွေတွေက ငွေထည်ပစ္စည်းတွေကို ကြောက်ကြတယ်။ သူတို့အရည်ပြားနဲ့ ထိလိုက်ရုံနဲ့တောင် သူတို့ကို နာကျင်စေတယ်!”

သူက ရပ်လိုက်ပြီး သူ့ဦးနှောက်ထဲမှ သမန်းဝံပုလွေတွေ အကြောင်းကို စတင်ရှာဖွေလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်!” ဟူဘင်း ကတချို့အရာကြောင့် စိတ်လှုပ်ရှားသွားသည်။ “သမန်းဝံပုလွေရဲ့ အဓိကအစိတ်အပိုင်းက နှလုံးပဲ၊ ဒါပေမဲ့ ဝံပုလွေတစ်ကောင်ရဲ့ ခန္ဓာကိုယ်က ကြေးနီ၊ သံနဲ့တူတယ်။ ငွေဓားနဲ့ သမန်းဝံပုလွေရဲ့ နှလုံးကိုစိုက်လိုက်တာက သစ်သီးဓားနဲ့ နှမ်းဖတ်ကျောက်၊ စကျင်ကျောက်တို့ကို စိုက်လိုက်တာနဲ့ တူတယ်။ သူတို့အတွက် အန္တရာယ်ရှိမှုက အနည်းဆုံးပဲ”

ဂျင်းဟောင် ရဲ့နှလုံးသားက ချက်ချင်းပင် စကားလုံးတွေကြောင့် တင်းမာသွားသည်။

“ဒါပေမဲ့” ဟူဘင်း ကရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ “သမန်းဝံပုလွေရဲ့ခန္ဓာကိုယ်မှာ အဓိကအကျဆုံးနဲ့ အပါးလွှာဆုံးအပိုင်းက လည်ပင်းပဲ”

ဟူဘင်း ကမျက်ခုံးပင့်ကာ သူ့နှုတ်ခမ်းကို ကွေးလိုက်သည်။ “ငွေဓားနဲ့သာ သမန်းဝံပုလွေရဲ့ လည်ချောင်းကို ထိုးစိုက်နိုင်ရင် သမန်းဝံပုလွေက သေချာပေါက် သေလိမ့်မယ်!”

ဟူဘင်း ရဲ့စကားတွေ ဆုံးသွားပြီးနောက် ဘေးဘက်တွင်ရပ်နေသည့် ဟွမ်ခဲ ကလှောင်ရယ်လိုက်ပြီး အားလုံးရဲ့အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။

ဟွမ်ခဲ ရဲ့ခေါင်းက တစ်ဝက်ဦးညွှတ်သွားပြီး သူ့ရှေ့ဆံပင်က မျက်လုံးတစ်ဝက်ကို ဖုံးသွားခဲ့ပြီး သူ့အမူအရာနဲ့ ရိုးသားမှုအားမြင်နိုင်ဖို့ တကယ့်ကို ခက်ခဲသွားစေသည်။

“ငွေထည်လို ပစ္စည်းလေးနဲ့ သမန်းဝံပုလွေကို သတ်နိုင်တယ်လို့ မင်းတကယ်ကြီး ထင်နေတာများလား?”

ဒီအချိန်ပဲ၊ အချိန်က သူတို့ကို ဖမ်းမိသွားခဲ့ပြီ၊ ဟမ့်။

22.10.2021 (Fri)
.............................

Zawgyi

မာဟန္ ကတစ္ခ်ိန္လုံး တုန္ေနခဲ့ၿပီး သူ႕ေခြၽးေအးေတြက ဆက္တိုက္ထြက္ေနကာ သူ႕အျမင္ေတြက ေဝဝါးလာခဲ့သည္။

အ!

နာတယ္!

မာဟန္ ရဲ႕ျဖဴေဖြးသည့္ႏႈတ္ခမ္းက တုန္ေနရင္း ညည္းညဴသည့္အသံက ထြက္ေနခဲ့သည္။ သူက အသက္ကို႐ွဴသြင္းလိုက္ၿပီး သူ႕ေခါင္းက ငုံ႔ေနကာ အသနားခံေနခဲ့သည္။ “အရမ္းနာတယ္!!!! အား!!!”

ဂ်င္းေဟာင္ ကလည္း အရမ္းစိတ္လႈပ္႐ွားေနတာေၾကာင့္ ႐ႈပ္ေထြးေနခဲ့သည္။ သူမက အခန္းထဲကို ေျပးဝင္သြားၿပီး လက္ဆြဲအိတ္ကို ဆြဲဖြင့္လိုက္သည္။ အိတ္ဖြင့္လိုက္ၿပီး အဝတ္ေတြအား ၾကမ္းျပင္ေပၚ ပစ္ခ်လိုက္ၿပီး အတြင္းပိုင္းတြင္႐ွိေနသည့္ ေဆးေသတၱာအား အလ်င္စလို ဆြဲထုတ္လိုက္သည္။

ဂ်င္းေဟာင္ ရဲ႕လက္ေတြက တုန္ေနခဲ့သည္။

မိန္းကေလးအေနနဲ႔ ဒီေန႔လို ေၾကာက္စရာေကာင္းသည့္ ထိတ္လန္႔စရာမ်ိဳးကို မၾကဳံေတြ႕ခဲ့ဖူးေပ။ သူမက လူနာေ႐ွ႕တြင္ ေဆးေက်ာင္းသူအေနနဲ႔ေတာ့ တည္ၿငိမ္ေအာင္ေတာ့ ေနႏိုင္သည္။

သူမကိုယ္သူ တည္ၿငိမ္သြားေအာင္ တြန္းအားေပးလိုက္သည္။

ဂ်င္းေဟာင္ ကအလ်င္အျမန္ပင္ ေဆးလက္အိတ္ေတြကို ဝတ္လိုက္ၿပီး ၾကမ္းျပင္ေပၚ႐ွိ လက္ေခ်ာင္း ၄ ေခ်ာင္းကိုယူလိုက္ကာ ပိုးသတ္ေဆးရည္ပိတ္က်ဲျဖင့္ ပတ္လိုက္သည္။ ထို႔ေနာက္ ဂ်င္းေဟာင္ ကၾကမ္းျပင္တြင္ ဒူးေထာက္ခ်လိုက္ကာ မာဟန္ အားပတ္တီးစည္းေပးဖို႔ လုပ္လိုက္သည္။

ဂ်င္းေဟာင္ ကအဝတ္သန္႔ကို ထုတ္လိုက္ၿပီး မာဟန္ ရဲ႕ျပတ္သြားသည့္ လက္ေခ်ာင္းေတြကို ႏူးညံ့စြာျဖင့္ ထိလိုက္ကာ မာဟန္ ကနာက်င္စြာ ေအာ္လိုက္သည္။

သူမေဆးေသတၱာထဲတြင္ နာက်င္မႈေလ်ာ့ေဆး မ႐ွိေပ။

“ခဏေလး!” ဂ်င္းေဟာင္ က မာဟန္ ကိုတည္ၿငိမ္ေစဖို႔အတြက္ ေျပာလိုက္သည့္ သူမအသံက နည္းနည္းတုန္ေနသည္။

မာဟန္ ကနာက်င္မႈေၾကာင့္ ေအာ္လိုက္ကာ မာခ်န္းဂုံ ရဲ႕အက်ႌအား တျခားလက္နဲ႔ ဆြဲလိုက္သည္။ သူက နာက်င္စြာေအာ္လိုက္ၿပီး သတိလက္လြတ္ျဖင့္ သူ႕ေခါင္းအား သူ႕အစ္ကိုရဲ႕ရင္ဘတ္ထဲ တိုးဝင္လိုက္ၿပီး ငိုေနခဲ့သည္။ ၿပိဳယြင္းေနသည့္ခံစားခ်က္ေတြနဲ႔ အသည္းကြဲသည့္အသံက ထြက္လာခဲ့သည္။ “အစ္ကို!!!! ငါေသေတာ့မယ္!”

မာခ်န္းဂုံ ရဲ႕ရင္ဘတ္က နိမ့္လိုက္ျမင့္လိုက္ ျဖစ္ေနၿပီး သူ႕မ်က္လုံးေတြက နီရဲေနၿပီး သူ႕နားထင္က ေသြးေၾကာေတြေတာင္ ျမင္ႏိုင္ေအာင္ ေဖာင္းေနခဲ့သည္။ သူက မာဟန္ ရဲ႕လက္ေမာင္းကို တင္းၾကပ္စြာ ကိုင္လိုက္ၿပီး အံၾကတ္လိုက္သည္။ သူ႕အတြင္းပိုင္းစိတ္က သူ႕ႏွလုံးသားထဲကို မွ်ားတစ္စင္းလို စိုက္ဝင္လာခဲ့သည္။ “မဟုတ္ဘူး၊ ငါ မင္းကို ေသခြင့္မျပဳဘူး!”

ဒီနာက်င္မႈကို ဘယ္လိုလုပ္ၿပီး သူမသိပဲေနမွာလဲ!!! သူလည္း ဒါကိုခံစားဖူးတယ္! ေနာက္ၿပီး သူ႕ကို ဒီလိုနာက်င္ေအာင္ လုပ္ခဲ့တဲ့သူကလည္း သူ႕ေ႐ွ႕ကလူပဲ! နာက်င္မႈေၾကာင့္ အခုခ်က္ခ်င္းပင္ အဆုံးသတ္ခ်င္ေလာက္သည့္ ဖိအားမ်ိဳး!

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး မ်က္ရည္ေတြက မာခ်န္းဂုံ ရဲ႕မ်က္လုံးေထာင့္တြင္ စုလာခဲ့သည္။

မာဟန္ ကသူ႕ေ႐ွ႕မွာ ကာလိုက္မယ္လို႔ သူတကယ္ႀကီး ထင္မထားခဲ့ဘူး!

သူ႕ေမြးဖြားျခင္းက ျပန္ေရာက္လာတယ္လို႔ ေျပာေနေပမဲ့ သူ႕အေပၚ အတိတ္က မာဟန္ လုပ္ခဲ့တာေတြအားလုံးက အလိမ္အညာေတြပဲ! သူ႕တြင္ မေက်နပ္မႈေတြျပည့္ေနၿပီး သူ႕အား ေမးခြန္းထုတ္ခ်င္ေနခဲ့တယ္!

သူ႕အသိကေန ဘာမွမလုပ္ခဲ့သည့္ ဒီမာဟန္ ကိုမမုန္းဘူးလို႔သာ ေျပာေနခဲ့သည္။

ထို႔ေနာက္ ခ်က္ခ်င္းပင္ ထိုအမုန္းတရားအားလုံးက ေဝဝါးသြားခဲ့တယ္!

မာဟန္ ကသူ႕ညီပဲ! အႏၲရာယ္နဲ႔ၾကဳံေတြ႕ေနရင္ေတာင္ မင္းညီအတြက္ ရပ္တည္ေပးႏိုင္ရမယ္!

ဂ်င္းေဟာင္ ကဒဏ္ရာကို ပတ္တီးစည္းလိုက္ၿပီး ေျခာက္ေသြ႕သည့္အျပဳံးကို ဆြဲထုတ္လိုက္ကာ ႏွစ္သိမ့္လိုက္သည္။ “မစိုးရိမ္ပါနဲ႔၊ ႐ွင္မေသပါဘူး! ႐ွင္ကံေကာင္းပါတယ္၊ ေသြးထြက္ေနတာ ရပ္သြားၿပီ!”

စကားေတြကို ေျပာၿပီးသည္ႏွင့္ မာခ်န္းဂုံ ဆီမွတင္းအားေတြက တျဖည္းျဖည္း ေလ်ာ့က်သြားေပမဲ့ သူ႕အေျခအေနကေတာ့ ေမာပန္းေနတုန္းပင္။

ဟူဘင္း ကေဘးဘက္တြင္ရပ္ေနကာ ဂ်င္းေဟာင္ ရဲ႕လႈပ္႐ွားမႈအတိုင္း လိုက္ၾကည့္ေနခဲ့သည္။ မာဟန္ အဆင္ေျပတာကို ၾကားလိုက္ခ်ိန္တြင္ စိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။

ဒီမေတာ္တဆမႈျဖစ္ၿပီးေနာက္ သူ႕စိတ္ထဲမွ စိုးထိတ္မႈေတြက ႏွစ္ဆျဖစ္လာခဲ့သည္။

နည္းဗ်ဴဟာကို သူမေတြးႏိုင္ခင္ ဟြမ္ခဲ ရဲ႕အျပဳအမူကို အံ့ဩခဲ့ရသည္။

ဟြမ္ခဲ ရဲ႕မ်က္ႏွာက မေျပာင္းလဲေပ၊ ခံစားရတဲ့ပုံစံ နည္းနည္းေလးေတာင္ ႐ွိမေနေပ။ ဂ်င္းေဟာင္ ကေျပာၿပီးေနာက္ သူကလွည့္လိုက္ၿပီး တစ္ခုခုကို ေတြးေနသလိုမ်ိဳး လိုက္ၾကည့္လိုက္သည္။

ဟြမ္ခဲ ကရပ္သြားၿပီး သူ႕အၾကည့္က လူေသအေလာင္းေပၚေရာက္သြားကာ အသက္႐ွဴသြင္းလိုက္ရင္း ေလထုထဲမွ ျပင္းထန္သည့္ ေသြးနံ႔ကိုရလိုက္သည္။

သူနဲ႔အနီးဆုံး႐ွိ အေလာင္းဆီကို ေလွ်ာက္သြားလိုက္ၿပီး ေဘးဘက္တြင္ ရပ္လိုက္ကာ ထိုင္ခ်လိုက္သည္။

ဟြမ္ခဲ ကလက္အိတ္ကိုေတာင္ မဝတ္ပဲ သူ႕လက္ေတြက လူအိုႀကီးရဲ႕မ်က္ႏွာကို ထိလိုက္သည္။ သူ႕အဝတ္ေတြတြင္ ေသြးေတြ႐ွိေနၿပီး သူ႕တစ္ကိုယ္လုံးက အႏၲရာယ္႐ွိပုံေပၚေနသည္။ သူ႕ကိုယ္ေပၚက ေသြးေတြကို အာ႐ုံစိုက္ပုံမရေပမဲ့ သူ႕မ်က္ခုံးမွ မႏွစ္ၿမိဳ႕မႈကို ျမင္ေနရၿပီး နည္းနည္းေလး ေၾကာက္လန္႔မႈေတာင္ ႐ွိမေနေပ။

သူက လူအိုႀကီးရဲ႕မ်က္ႏွာကို အေသးစိတ္ၾကည့္လိုက္ၿပီး သူ႕ပါးစပ္ကို ဖြင့္လိုက္ကာ သြားေတြကို ၾကည့္လိုက္သည္။ ဟြမ္ခဲ ကတစ္ခုခုျမင္လိုက္ရသလို သူ႕ပါးစပ္ေထာင့္က တျဖည္းျဖည္း ေကြးသြားသည္။

ဟူဘင္း ကအနားတြင္ရပ္ေနၿပီး သူ႕အား ၾကည့္ေနခဲ့ကာ ဟြမ္ခဲ ကမ႐ိုး႐ွင္းမွန္း ေသခ်ာသြားခဲ့သည္။

“ဟမ့္” ဟြမ္ခဲ ကေလွာင္ရယ္သံကို ထုတ္လိုက္သည္။ သူ႕အား စိတ္ေက်နပ္ေစသည့္ တစ္ခုခုကို ျမင္လိုက္ရသလိုမ်ိဳး ဂ႐ုမစိုက္စြာျဖင့္ သူ႕လက္ေတြကို ႐ုတ္လိုက္သည္။

သူ႕ေလွာင္ရယ္သံတြင္ ေထာင္ေပါင္းမ်ားစြာေသာ ခံစားခ်က္ေတြ ပါဝင္ေနပုံရကာ သူ႕အနီးနားတြင္႐ွိေနသည့္ ဟူဘင္း ေတာင္မွ ထိုေလွာင္သံကိုၾကားလိုက္ခ်ိန္တြင္ တြန္႔သြားခဲ့သည္။

သို႔ေသာ္ ဟြမ္ခဲ ရဲ႕ေနာက္ပိုင္း လႈပ္႐ွားမႈေတြက ဟူဘင္း အားပိုထိတ္လန္႔ေစသည္။

ဟြမ္ခဲ ကငုံ႔လိုက္ၿပီး လူေသအေလာင္းရဲ႕ လက္ႏွစ္ဖက္လုံးကို ဆြဲလိုက္ကာ တံခါးဆီဆြဲသြားဖို႔ လုပ္ေနခဲ့သည္။

ဟူဘင္း ကလန္႔သြားၿပီး သူ႕လက္ေတြနဲ႔ သူ႕အား တားလိုက္သည္။

“မင္းဘာလုပ္ေနတာလဲ?”

ဟြမ္ခဲ က ဟူဘင္း အားေအးစက္စြာ ၾကည့္လိုက္သည္။ “အျပင္ဆြဲထုတ္ေနတာ”

ဟူဘင္း ကသူ႕အား စူး႐ွသည့္အၾကည့္ျဖင့္ စိုက္ၾကည့္လိုက္သည္။

“ဒီအေလာင္းေတြက အဲ့လူေတြမ်က္လုံးထဲမွ အရသာ႐ွိတဲ့အစားေတြပဲ။ သူတို႔က ထုတ္ထားလိုက္ရင္ ဝံပုေလြေတြကို ေသြးေဆာင္ေနလိမ့္မယ္။ သူတို႔က ဝင္လာဖို႔ မရပ္တန္႔ႏိုင္ေပမဲ့ ငါတို႔ေတြ တံခါးအျပင္ကို ထြက္လိုက္ရင္ ေႁမြေတြကို သူတို႔အေပါက္ထဲကေန ထြက္လာဖို႔အတြက္ ဆြဲေဆာင္ႏိုင္လိမ့္မယ္၊ ငါတို႔အတြက္ လြယ္ကူေစမဲ့ ျဖစ္ရပ္ပဲ!” ဟြမ္ခဲ ရဲ႕အသံက မထူးျခားေပ။ “ငါတို႔သာ အေလာင္းေတြကို ဒီမွာထားခဲ့ရင္ အေလာင္းေတြက ပုတ္သိုးသြားမွာပဲ။ မလုံျခဳံသလို ျပႆနာလည္း ျဖစ္ေစႏိုင္တယ္”

ဟူဘင္း ကခဏေလာက္ တိတ္သြားၿပီး သူ႕လက္ကို ဖယ္လိုက္သည္။

ဟြမ္ခဲ ကသူ႕ကို ၾကည့္လိုက္ၿပီး သူ႕အၾကည့္က ဟူဘင္း ကိုေက်ာ္သြားကာ ေထာင့္ဘက္တြင္ မလႈပ္႐ွားပဲထိုင္ေနသည့္ ေ႐ွာင္ခ်န္း ဆီေရာက္သြားခဲ့သည္။ ဟြမ္ခဲ ကလန္႔သြားခဲ့သည္။ သူ႕မ်က္လုံးေတြက ႐ုတ္ခ်င္းပင္ တုန္သြားခဲ့ရင္ အခုျမင္ကြင္းကို မျမင္ခ်င္တဲ့ပုံေပၚေနသည္။

ဟူဘင္း ကထိုေနရာတြင္သာ ေအးခဲေနၿပီး ဟြမ္ခဲ ရဲ႕ေနာက္ေက်ာကိုသာ အေတြးေတြနဲ႔ စိုက္ၾကည့္ေနခဲ့သည္။

လူအိုႀကီးရဲ႕ အေလာင္းကို တံခါးဆီဆြဲသြားၿပီး ‘ခရက္’အသံက ထြက္သြားခဲ့သည္။ ဟြမ္ခဲ ရဲ႕လႈပ္႐ွားမႈေတြက အရမ္းကိုကြၽမ္းက်င္ေနၿပီး ေပါင္တစ္ရာေက်ာ္ေလာက္႐ွိသည့္ အေလာင္းကိုဆြဲသြားတာေတာင္ ေမာပန္းေနျခင္းေတာင္ မ႐ွိေပ။

အျပဳအမူတစ္ခုလုံးက ေခ်ာေမြ႕ကာ ျမန္ဆန္ေနၿပီး တစ္ေယာက္ၿပီး တစ္ေယာက္ ဆြဲထုတ္သြားကာ ေခြၽးေတာင္ထြက္မေနေပ။

ဟူဘင္း ကသူ႕ေနရာမွ လႈပ္႐ွားလိုက္သည္။

“ကြၽီ” ေျခေထာက္က ၾကမ္းျပင္ကို ထိလိုက္သည္ႏွင့္ အသံေလးထြက္သြားခဲ့သည္။

သူ႕မ်က္ႏွာက ႐ုတ္တရက္ မယုံႏိုင္ေလာက္ေအာင္ ႐ုပ္ဆိုးသြားခဲ့သည္။

ဟူဘင္း ရဲ႕မ်က္လုံးက ဟြမ္ခဲ ေပၚေရာက္သြားၿပီး သူ႕လက္ေခ်ာင္းေတြက နည္းနည္းတုန္ေနခဲ့သည္။ ခ်က္ခ်င္းပင္ လက္ေတြကို ဆုပ္လိုက္ၿပီး သူ႕ခံစားခ်က္ေတြကို ဖိႏွိပ္လိုက္သည္။

ဘာျဖစ္ေနတာလဲ?! ဟြမ္ခဲ ကလူႀကီးကို ဆြဲသြားတာေတာင္ ဘာအသံမွမထြက္ပဲ ၾကမ္းျပင္ေပၚကေန ေလွ်ာက္သြားတာလား?

ဟူဘင္း ရဲ႕ခႏၶာကိုယ္က နည္းနည္းတုန္ေနကာ အေစာပိုင္းက ႐ုတ္ခ်င္းထြက္ေပၚလာတဲ့ ေယာက်ၤားတစ္ေယာက္ရဲ႕ အသံနဲ႔ ဒီ႐ြာ႐ွိထူးဆန္းသည့္ အရာေတြကို ေတြးေနခဲ့သည္။

သူ႕ႏွလုံးခုန္သံက ျမန္လာခဲ့သည္။

ဟြမ္ခဲ ကလူသားလား?

သက္ျပင္းခ်လိုက္သည္။

ဒါက ဘယ္လို႐ြာမ်ိဳးလဲ? ဒီေနရာမွာ ဘာေၾကာင့္ မ႐ွင္းျပႏိုင္တဲ့ ထူးဆန္းတဲ့အခ်က္ေတြ အမ်ားႀကီး႐ွိေနရတာလဲ?

႐ြာသားေတြ! အဲ့လူ! ဒီဟြမ္ခဲ!

ဟူဘင္း ကသူ႕အၾကည့္ကို ျပန္႐ုတ္လိုက္ၿပီး တျခားဘက္ကို ၾကည့္လိုက္ကာ သူ႕အၾကည့္ေတြက ေအးခဲသြားခဲ့သည္။

ဒီျမင္ကြင္းက ေ႐ွာင္ခ်န္း ကိုဘာမွမျဖစ္ေစပုံပဲ!

လူအိုႀကီးအုပ္စု ေျပးဝင္လာခ်ိန္တြင္ သူတို႔ထဲက ဘယ္သူကမွ ေ႐ွာင္ခ်န္း ကိုအႏၲရာယ္မေပးမွန္း သူသတိျပဳမိသြားခဲ့သည္။ သူတို႔က အဲ့လမ္းေၾကာင္းကို ရည္႐ြယ္သလို၊ မရည္႐ြယ္သလိုမ်ိဳးနဲ႔ေတာင္ ေ႐ွာင္သြားတယ္! အဲ့ေနရာမွာ ေၾကာက္စရာေကာင္းတဲ့ တစ္ခုခုက ရပ္ေနတာနဲ႔တူေနသည္။

အရမ္းထူးဆန္းတယ္!

WTH?!! ဒီေ႐ွာင္ခ်န္း ကဘာလဲ? သူ႕မွာ ဘာလွ်ိဳ႕ဝွက္ခ်က္ေတြ ႐ွိေနတာလဲ?

အစက ေ႐ွာင္ခ်န္း က ဟြမ္ခဲ ဘက္ကိုၾကည့္ေနေပမဲ့ ႐ုတ္တရက္ တန္ဂြၽန္ ကသူ႕မ်က္လုံးအား လက္နဲ႔ကာလိုက္သည္။ သူ႕ေခါင္းကိုေစာင္းလိုက္ၿပီး တန္ဂြၽန္ အား႐ႈပ္ေထြးစြာျဖင့္ ၾကည့္လိုက္သည္။

တန္ဂြၽန္ ကေခါင္းေမာ့လိုက္ၿပီး သူ႕လွ်ာထိပ္က သူ႕သြားကိုထိလိုက္ကာ ပါးစပ္က နည္းနည္းဟ,သြားၿပီး သူ႕ႏွာေခါင္းက အေပၚကိုေကြးေနကာ ေက်နပ္ေနပုံမရေပ။

ေ႐ွာင္ခ်န္း ကသူ႕ကို စိုက္ၾကည့္လိုက္ၿပီး သတိလက္လြတ္ျဖင့္ သူ႕ႏႈတ္ခမ္းေထာင့္က အေပၚကိုေကြးသြားခဲ့သည္။ သို႔ေသာ္ သူ႕ေဘးကလူကေတာ့ ထူးဆန္းသလို ျပဳမူေနတာကို မျမင္သလိုမ်ိဳုး သူ႕ကိုယ္သူ ထိန္းခ်ဳပ္ထားခဲ့သည္။ သူ႕ႏႈတ္ခမ္းကို ေစ့လိုက္ၿပီး သူ႕ဘယ္လက္နဲ႔ ဆြဲႀကိဳးကိုကိုင္လိုက္ၿပီး မ်က္လုံးကို က်ဥ္းေျမာင္းလိုက္ကာ ေရ႐ြတ္လိုက္သည္။ “အင္း? ပါပီေလး၊ ဘာလိုခ်င္ေနတာလဲ?”

တန္ဂြၽန္ ကသူ႕ႏႈတ္ခမ္းကို ေစ့လိုက္ၿပီး သူ႕မ်က္လုံးေတြက ေ႐ြ႕လ်ားျခင္းမ႐ွိပဲ ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးေတြကိုသာ စိုက္ၾကည့္ေနခဲ့သည္။

တစ္ဖက္လူက လန္႔သြားၿပီး သူ႕ေၾကာင့္ နည္းနည္း႐ွက္သြားပုံေပၚသည္။ ေ႐ွာင္ခ်န္း ကမထိန္းခ်ဳပ္ႏိုင္ပဲ စိတ္ထဲတြင္ က်ိန္ဆဲလိုက္သည္။ ‘Son of bitch, မင္းဘာလုပ္ေနတာလဲ? ငါ့ကို အဲ့လိုမ်ိဳးမၾကည့္နဲ႔!”

တန္ဂြၽန္ ကမ်က္ခုံးပင့္လိုက္ၿပီး ပိုၿပီးေတာ့ေတာင္ ေလးနက္ေနပုံေပၚေနသည္။ သိသိသာသာကို သူ႕ေခါင္းအား တစ္ဖက္လူနားကို ပိုတိုးကပ္လိုက္ၿပီး စ,ေနာက္သည့္အသံျဖင့္ ေျပာလိုက္သည္။ ‘ကိုယ္က ကေလးကို ၾကည့္ခ်င္႐ုံပဲ’

ေ႐ွာင္ခ်န္း ကမေျဖႏိုင္ခင္ တန္ဂြၽန္ က႐ုတ္တရက္ သူ႕ေခါင္းကိုကိုင္ထားၿပီး အနားကိုပိုတိုးကပ္လိုက္ကာ ႏႈတ္ခမ္းေတြကို တိုက္႐ိုက္နမ္းလိုက္ၿပီး ျမန္ဆန္တဲ့ လႈပ္႐ွားမႈျဖစ္ေပမဲ့ စူးစမ္းၿပီး သတိထားသလိုျဖင့္ ႏူးညံ့ေနသည္။

အနမ္းက ေပါ့ပါးေနသည္။ တန္ဂြၽန္ ကအၾကံအစည္ျဖင့္ ေ႐ွာင္ခ်န္း ရဲ႕သြားအား သူ႕လွ်ာထိပ္ျဖင့္ မထိလိုက္ရင္ ေ႐ွာင္ခ်န္း ကအိမ္မက္မက္ေနတာလို႔ ထင္မိလိမ့္မည္။

ေ႐ွာင္ခ်န္း ရဲ႕ခႏၶာကိုယ္က ေတာင့္တင္းေနၿပီး သူ႕မ်က္လုံးေတြက မ်က္ေတာင္မခတ္ေပ။ သူ႕အတြက္ တည္ၿငိမ္သြားဖို႔ ေစာင့္ေနတာက အရမ္းခက္ခဲၿပီး မ်က္ေတာင္ခတ္လိုက္ကာ ထိတ္လန္႔မႈေၾကာင့္ သူ႕မ်က္လုံးေတြက ခုန္ထြက္ေတာ့မလို ျဖစ္သြားခဲ့သည္။

ေ႐ွာင္ခ်န္း ကအသံကို ဖုံးကြယ္ထားဖို႔ေတာင္ ေမ့သြားခဲ့သည္။ သူ႕အသံက အားနည္းမႈတခ်ိဳ႕ျဖင့္ ႏူးညံ့ေနကာ တိုးလ်ေနၿပီး မ႐ွင္းျပႏိုင္သည့္ အဓိပၸါယ္ေတြ ပါဝင္ေနသည္။ ထို႔ေနာက္ ေဒါသအလႊာပါးေလးေတာင္ ပါဝင္ေနသည္။ “မင္းဘာလုပ္တာလဲ?”

တန္ဂြၽန္ ကသူ႕ကို ဆက္ၿပီးစိုက္ၾကည့္ကာ သူ႕ႏႈတ္ခမ္းေထာင့္က သတိလက္လြတ္ ျမင့္တက္သြားၿပီး ႐ွက္႐ြံ႕မႈအား လုံးဝခံစားရပုံမေပၚေပ။ ‘ကေလးကိုနမ္းတာ’

ေ႐ွာင္ခ်န္း ကမြန္းၾကပ္သြားခဲ့သည္။

‘ဘာေၾကာင့္ ငါ့ကိုနမ္းတာလဲ?’ ေ႐ွာင္ခ်န္း ရဲ႕စကားလုံးေတြက သူ႕ႏွလုံးသားတြင္ အေျဖကိုသိေနတာေၾကာင့္ ေမးခြန္းလို႔ မယူဆႏိုင္ေပ။ သို႔ေသာ္ ထိုအေၾကာင္းကို မေတြးပဲ သိသိသာသာကို လ်စ္လ်ဴ႐ႈထားခဲ့သည္။

‘ဘာေၾကာင့္ဆိုေတာ့ ကေလးကို သေဘာက်လို႔ေလ’ တန္ဂြၽန္ ကသူ႕မ်က္ခုံးကို ပင့္လိုက္ၿပီး မ်က္လုံးေတြက က်ဥ္းေျမာင္းေနကာ သူ႕ပါးစပ္က ေ႐ွာင္ခ်န္း ရဲ႕ဘယ္ဘက္နားနားကို မွီသြားခဲ့ၿပီး စကားတစ္လုံးခ်င္းကို ထုတ္ေျပာလိုက္သည္။

တစ္ကမ႓ာလုံးမွာ ကေလးကိုပဲ သေဘာက်တယ္။

တန္ဂြၽန္ က ေ႐ွာင္ခ်န္း ကိုလႊတ္ေပးလိုက္ၿပီး သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္ေနခဲ့ၾကသည္။ တန္ဂြၽန္ ရဲ႕ႏႈတ္ခမ္းက အေပၚကိုေကြးေနတာက သူ႕ေမး႐ိုးေတြအား ထင္႐ွားေစသည္။ ထိုအျပဳံးက ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးထဲတြင္ ေသေလာက္ေအာင္ ဆြဲေဆာင္မႈ႐ွိေနသည္။

ေ႐ွာင္ခ်န္း ကသူ႕မ်က္ႏွာအား တိတ္ဆိတ္စြာျဖင့္ စကၠန္႔ ၃၀ ေလာက္စိုက္ၾကည့္ေနခဲ့သည္။ သူတို႔ႏွစ္ေယာက္လုံးက စကားမေျပာၾကပဲ ေ႐ွာင္ခ်န္း ရဲ႕မ်က္ႏွာက ခ်က္ခ်င္းပင္ နီရဲလာခဲ့သည္။

‘ကေလး ႐ွက္ေနတာလား?’

‘… မင္းပါးစပ္ပိတ္’

ဟြမ္ခဲ ကအေလာင္းငါးေလာင္းအား အျပင္ဘက္ကို လႊတ္ပစ္လိုက္သည္။

ဟူဘင္း က ဟြမ္ခဲ ရဲ႕တုန္႔ျပန္ခ်က္ကို ေတြးေတာေနစဥ္ တစ္ခ်ိန္တည္းတြင္ လူအိုႀကီးေတြကိုလည္း စူးစမ္းေနခဲ့ကာ တစ္ခုခုမွားေနသလိုမ်ိဳး ထူးဆန္းမႈကို ခံစားမိလိုက္ကာ တိတ္တဆိတ္ ေတြးေတာမိသြားခဲ့သည္။ သူက အိမ္ထဲကို ေရာက္ေနၿပီးျဖစ္သည့္ ဟြမ္ခဲ ကိုၾကည့္လိုက္ၿပီး တံခါးဆီေလွ်ာက္သြားကာ လူအိုႀကီးေတြရဲ႕ အေလာင္းေတြကို ၾကည့္ဖို႔လုပ္လိုက္သည္။

ထိုအေလာင္းေတြရဲ႕မ်က္ႏွာေတြက ျဖဴေဖြးလာၿပီး သူတို႔လႈပ္႐ွားမႈေတြက အရမ္းကိုေတာင့္တင္းေနၿပီး သူတို႔ရဲ႕ပြင့္ေနသည့္ အရည္ျပားမွတဆင့္ လတ္ဆတ္သည့္ေသြးေတြက စီးက်ေနခဲ့သည္။

ဟူဘင္း ကမ်က္ခုံးပင့္လိုက္ၿပီး ျပင္းထန္သည့္မသက္မသာမႈျဖင့္ အေလာင္းေတြကို စိုက္ၾကည့္ေနခဲ့သည္။

႐ုတ္တရက္ အေလာင္းေတြရဲ႕မ်က္ႏွာေပၚတြင္ တစ္ခုခုကို ျမင္လိုက္ကာ ခ်က္ခ်င္း ငုံ႔လိုက္ၿပီး သူ႕လက္ေခ်ာင္းေတြက သူတို႔သြားအားျမင္ရဖို႔အတြက္ ပါးစပ္ကိုဖြင့္ဖို႔ လုပ္လိုက္သည္။

လူအိုႀကီးတစ္ေယာက္ရဲ႕သြားကို ႐ွင္းလင္းစြာျမင္လိုက္ခ်ိန္တြင္ ဟူဘင္း ရဲ႕လက္ေတြက တုန္သြားခဲ့သည္။

အစြယ္ေတြ!

ဘာျဖစ္ေနတာလဲ?

ဟူဘင္း ကထိတ္လန္႔ေနၿပီး အလ်င္အျမန္ပင္ သူ႕လက္ကိုဆန္႔လိုက္ကာ တျခားအေလာင္းေတြကို စစ္ေဆးလိုက္ၿပီး အေျဖကေတာ့ အတူတူပဲ!

ဟူဘင္း ရဲ႕လက္ေတြက နည္းနည္းတုန္သြားကာ တံေတြးကို ၿမိဳခ်လိုက္ရင္း ႐ုတ္တရက္ တစ္ခုခုကို ေတြးမိသြားကာ လူအိုႀကီးရဲ႕လက္ကို တိုက္႐ိုက္ဆြဲယူလိုက္သည္။

လူအိုႀကီးရဲ႕လက္ကို ႐ွင္း႐ွင္းလင္းလင္း ျမင္လိုက္ခ်ိန္တြင္ သူ႕သူငယ္အိမ္က စူး႐ွသြားခဲ့သည္။

အေလာင္းေတြရဲ႕ လက္သည္းေတြက အမည္းေရာင္ျဖစ္ေနကာ လက္သည္းၾကားတြင္လည္း အညစ္အေၾကးမ်ားစြာ ႐ွိေနသည္။ လက္သည္းခြံက အရမ္းကိုမာၿပီး သာမာန္လူေတြနဲ႔ယွဥ္ရင္ နည္းနည္းထူးဆန္းေနသည္။

ဟူဘင္း ကသူ႕ေခါင္းထဲမွ သတင္းအခ်က္အလက္ေတြ အမ်ားႀကီး ေပါက္ကြဲထြက္လာသလို ခံစားလိုက္ရသည္!

သူတို႔က လုံးဝကို လူသားမျဖစ္ႏိုင္ဘူး!

ဟူဘင္း ေသခ်ာသည္။

အစြယ္ေတြ...

ဒီလူေတြက ဗန္ပိုင္းယားေတြလား?

မဟုတ္ဘူး၊ သူတို႔မျဖစ္ႏိုင္ဘူး!

ဟူဘင္း ကသူ႕ကိုယ္သူ တည္ၿငိမ္ေအာင္လုပ္လိုက္ၿပီး အသက္႐ွဴသြင္းလိုက္သည္။

ဗန္ပိုင္းယားေတြက လူေသြးစုတ္ၿပီး လူသားေတြကို မစားဘူး! ဒါဆို ဘာျဖစ္ႏိုင္လဲ?

ဟူဘင္း ရဲ႕မ်က္ေတာင္က လႈပ္႐ွားသြားၿပီး သူ႕ခႏၶာကိုယ္က ႏိုးႂကြလာခဲ့သည္။

အေျဖထြက္လာခဲ့သည္။

သမန္းဝံပုေလြေတြ!

ဟူဘင္း ကထ,ရပ္လိုက္ၿပီး သူ႕ေျခေထာက္ေတြက နည္းနည္းထုံေနကာ သူ႕ေခါင္းက မူးေနာက္ေနၿပီး သူ႕လက္ျဖင့္ နားထင္ကိုထိလိုက္ကာ ပြတ္သပ္လိုက္ၿပီးေနာက္ သူ႕ေခ်ာင္းေတြကို ဆုပ္လိုက္သည္။

သမန္းဝံပုေလြေတြက က်ိန္စာလို႔ဆိုလိုတာပဲ! သူတို႔က ဝံပုေလြေတြကေန ေမြးဖြားလာတာမဟုတ္ဘူး၊ ဝံပုေလြေတြက သမန္းဝံပုေလြျဖစ္လာဖို႔ ဖိအားေပးခံရတာပဲ! လူသားဆန္မႈကို ဆုံး႐ႈံးခံၿပီး! ဒါေတြကုန္သြားတာက အဆိုး႐ြားဆုံးပဲ! လူေတြကို အစားလို႔ေတြးတယ္! လျပည့္ညမွာ ပြဲက်င္းပတယ္!

ဟူဘင္း ကသက္ျပင္းခ်လိုက္သည္။

အခုေတာ့ အရမ္းေၾကာက္လန္႔ေနလို႔ စိတ္သက္သာေအာင္လုပ္ဖို႔ လိုအပ္ေနသည္။ ထို႐ြာက ႐ြာသားေတြက သမန္းဝံပုေလြေတြျဖစ္ေနလို႔ သူေၾကာက္ေနတယ္! သို႔ေသာ္ ဒီလိုဆိုရင္ သူတို႔(႐ြာသားေတြ)က သူတို႔ထင္တာထက္ ပိုၿပီးေတာ့ေတာင္ အႏၲရာယ္႐ွိေသးတယ္!

ဟူဘင္း ကေျခာက္ေသြးေနသည့္ သူ႕ႏႈတ္ခမ္းကို လွ်ာနဲ႔သပ္လိုက္ၿပီး သူ႕ေခါင္းထဲတြင္ အခ်ိန္ေတြကို တြက္ခ်က္ေနခဲ့သည္။

ဒီေန႔က ျပကၡဒိန္ေဟာင္းရဲ႕ ၁၄ ရက္ေျမာက္ေန႔ပဲ! လ က ၁၅ ရက္ေနတိုင္းျပည့္သည္။ လျပည့္ညကို ေရာက္တာနဲ႔ ဒ႑ာရီလာေတြက ျဖစ္လာတက္ၿပီး ၾကားရက္ေတြမွာ သမန္းဝံပုေလြေတြရဲ႕ သာမန္အသြင္အျပင္က ေပ်ာက္ပ်က္သြားလိမ့္မည္။ သူတို႔က သမန္းဝံပုေလြပုံကို ေျပာင္းသြားႏိုင္ၿပီး စားေသာက္ဖို႔အတြက္ ေသြးဆာသည့္နည္းလမ္းျဖင့္ လူမဆန္စြာ သတ္ျဖတ္ပြဲကို စတင္လိမ့္မည္။

ဟူဘင္း ရဲ႕လက္ေတါက စတင္တုန္လာခဲ့ၿပီး သူ႕စိတ္ေတြက လည္ပတ္ေနကာ အေတြးဘယ္ေလာက္မ်ားမ်ားက သူ႕စိတ္ထဲတြင္ ထြက္ေပၚလာမွန္းေတာင္ မသိေတာ့ေပ။

ထိုအခ်ိန္တြင္ ဟြမ္ခဲ ကသူ႕ဆီေလွ်ာက္လာခဲ့သည္။ ဟူဘင္း က ဟြမ္ခဲ ရဲ႕ေလွ်ာက္လာသည့္ ေျခသံကိုေတာင္ မၾကားလိုက္ေပ။ သူလွည့္လိုက္ခ်ိန္တြင္ ဟြမ္ခဲ ေလွ်ာက္လာမႈနဲ႔ သူ႕တစ္ကိုယ္လုံးက အျပင္းအထန္ကို တိုက္မိသြားခဲ့တယ္!

ဟူဘင္း ကထိတ္လန္႔သြားခဲ့သည္။

ဟြမ္ခဲ ကမတုန္လႈပ္သြားပဲ သူ(ဟူဘင္း)႐ွာေတြ႕တာကိုသာ စိတ္ဝင္စားေနခဲ့ၿပီး သူ႕ႏႈတ္ခမ္းေထာင့္က အေပၚကို တြန္႔ခ်ိဳးသြားၿပီး သူ႕အသံက ေပါ့ပါးေနပုံေပၚသည္။ “မင္း ဘာ႐ွာေတြ႕လဲ?”

ဟူဘင္း ရဲ႕ေျခေထာက္ေတြက တုန္ေနၿပီး သူ႕စိတ္ထဲတြင္ ဟြမ္ခဲ ကိုနည္းနည္းေၾကာက္ေနခဲ့ကာ သူ႕ေျခေထာက္ေတြက သတိလက္လြတ္ပင္ ေဘးဘက္ဆီကို အနည္းငယ္ ေ႐ွာင္ကာဆုတ္သြားခဲ့သည္။

ဟြမ္ခဲ ကသူ႕အျပဳအမူကို ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးကို အနည္းငယ္ က်ဥ္းေျမာင္းလိုက္ကာ သူ႕အမူအရာက အရမ္းကိုအႏၲရာယ္မ်ားေနသည္။

ဟူဘင္း ကေျခာက္ကပ္စြာျဖင့္ ရယ္လိုက္ၿပီး ဂ်င္းေဟာင္ တို႔အုပ္စုဘက္ကို ၾကည့္လိုက္ကာ အလယ္ကိုတိုးကပ္သြားဖို႔ ႀကိဳးစားလိုက္သည္။

ဂ်င္းေဟာင္ ကထ,ရပ္ေနခဲ့ၿပီး သူမရဲ႕စူး႐ွသည့္မ်က္လုံးမွ ဟူဘင္း ရဲ႕စိုးထိတ္ေနမႈနဲ႔ စိတ္လႈပ္႐ွားသည့္ လႈပ္႐ွားမႈ အနည္းငယ္ကို ခ်က္ခ်င္း ျမင္သြားခဲ့သည္။ သူမက ခ်က္ခ်င္း ေလွ်ာက္သြားလိုက္ၿပီး ေမးလိုက္သည္။ “ဘာျဖစ္လို႔လဲ? ဘာ႐ွာေတြ႕လို႔လဲ?”

ဟူဘင္း က ဟြမ္ခဲ ကိုၾကည့္လိုက္ၿပီး အေျခအေနက ႐ႈပ္ေထြးေနကာ အခ်ိန္ကမေစာင့္သလို အခုခ်ိန္ေျပာသင့္ေၾကာင္း အႀကိမ္ႀကိမ္ ေတြးေတာလိုက္သည္။ ထို႔ေနာက္ အသက္႐ွဴသြင္းလိုက္ၿပီး သူ႕အသံက နည္းနည္း တုန္ေနသည္။ “ဒီ႐ြာထဲက ႐ြာသားေတြ အကုန္လုံးက သမန္းဝံပုေလြေတြနဲ႔ ပိုတူေနတယ္!”

“ဘာ?” ဂ်င္းေဟာင္ ကေအာ္လိုက္သည္။

ထပ္ၿပီးေတာ့ သူမသုံးဘက္အျမင္က ေပါက္ကြဲထြက္သြားၿပီး မယုံၾကည္ႏိုင္စြာျဖင့္ အံႀကိတ္လိုက္သည္။

(သုံးဘက္အျမင္ - ကမ႓ာႀကီးေပၚအျမင္၊ တန္ဖိုး၊ ဘဝအေပၚအျမင္။ ကမ႓ာႀကီးေပၚအျမင္ - ကမ႓ာႀကီးက ဘာနဲ႔တူလဲဆိုသည့္ အျမင္၊ တန္ဖိုး - ဒီဘဝက အဖိုးတန္ဆုံးဆိုတဲ့ အျမင္၊ ဘဝအေပၚအျမင္ - လူတစ္ေယာက္က ဒီဘဝမွာ ဘယ္လို႐ွင္သန္ေနထိုင္သင့္လဲဆိုသည့္ အျမင္)

ရက္အနည္းငယ္အတြင္း ျဖစ္ပ်က္ခဲ့သည့္ အရာအားလုံးက သူမရဲ႕ကမ႓ာႀကီးေပၚအျမင္ကို အရမ္းကိုစိန္ေခၚေနသလိုပဲ!

“ဒီကမ႓ာမွာ ဘယ္လိုလုပ္ၿပီး သမန္းဝံပုေလြေတြ ႐ွိေနႏိုင္မွာလဲ?!” ဂ်င္းေဟာင္ ကမထိန္းခ်ဳပ္ႏိုင္ပဲ သူမေခါင္းကို ခါလိုက္သည္။

ဟူဘင္း ကအကူအညီမဲ့စြာျဖင့္ သူ႕ပါးစပ္ကို ဟ,လိုက္သည္။ “ငါတို႔ေတြက အမ်ားႀကီးကို ၾကဳံေတြ႕ခဲ့ၾကတယ္၊ ဒီအရာေတြထဲက ဘယ္တစ္ခုကို သဘာဝက်က် ႐ွင္းျပႏိုင္လဲ?”

ဂ်င္းေဟာင္ ကဘာမွမေျပာေတာ့ေပ။

မာခ်န္းဂုံ ေတာင္မွေခါင္းေမာ့ကာ သူ႕ကိုၾကည့္လာခဲ့သည္။

“သူတို႔ခႏၶာကိုယ္ေတြကို ငါစစ္ေဆးၾကည့္ၿပီးေတာ့ သူတို႔ေတြအကုန္လုံးက အစြယ္ေတြ႐ွိၿပီး အနက္ေရာင္ လက္သည္းေတြ ႐ွိၾကတယ္” ဟူဘင္း ကရပ္လိုက္ၿပီး သူ႕အမူအရာက ႐ုန္းကန္ေနပုံေပၚေနသည္။ “ဗန္ပိုင္းယားေတြက လူေသြးပဲစုတ္တယ္၊ လူသားမစားဘူး၊ ဒါေၾကာင့္ သူတို႔က သမန္းဝံပုေလြျဖစ္မယ္လို႔ပဲ ေတြးလိုက္မိတာ”

ဟြမ္ခဲ က႐ုတ္တရက္ သူ႕ေခါင္းကိုေမာ့လိုက္ၿပီး မ်က္လုံးကို က်ဥ္းေျမာင္းလိုက္သည္။ သူက ဂ႐ုမမူသည့္အသံ၊ အမူအရာမဲ့စြာျဖင့္ ဇာတ္လမ္းထဲမွ စာေၾကာင္းတစ္ခုကို ႐ြတ္လိုက္သည္။ “သန္႔စင္ႏွလုံးသား႐ွိတဲ့ လူတစ္ေယာက္ဆိုရင္ေတာင္ ညဘက္မွ ဆုေတာင္းရတာကို မေမ့သင့္ဘူး၊ တိဝုတ္ပင္ ကအကုန္ပြင့္လာခ်ိန္ လျပည့္ညမွာ ဝံပုေလြတစ္ေကာင္အျဖစ္ မလြဲဧကန္ ေျပာင္းလဲသြားလိမ့္မယ္”

(တိဝုတ္ပန္း)

ဟူဘင္း ရဲ႕မ်က္ႏွာက ေတာင့္တင္းသြားၿပီး သူ႕အား စိုက္ၾကည့္ကာ ဆက္ေျပာလိုက္သည္။ “ဟုတ္တယ္၊ မွန္တယ္၊ ဒါေပမဲ့ မနက္ျဖန္က ၁၅ ရက္ေျမာက္ေန႔ပဲ၊ လျပည့္ညပဲ!”

ဂ်င္းေဟာင္ ကလန္႔သြားၿပီး သူမႏွလုံးသားတစ္ေလွ်ာက္ ၾကက္သီးထ,သြားခဲ့သည္။

ဟူဘင္း ကအကူအညီမဲ့စြာျဖင့္ ခါးသက္စြာ ရယ္လိုက္သည္။ “ငါတို႔ကိုယ္ငါတို႔ မကယ္ႏိုင္ဘူးဆိုရင္ ငါတို႔ဘဝေတြကို ဒီမွာပဲထားခဲ့ရလိမ့္မယ္!”

“ဟမ့္” သူ႕ေဘးမွ ဟြမ္ခဲ က႐ုတ္တရက္ ေလွာင္ရယ္သံထြက္လာခဲ့ၿပီး ထိုရယ္သံကို ၾကားလိုက္ခ်ိန္တြင္ ဟူဘင္း ရဲ႕ခႏၶာကိုယ္က တုန္သြားခဲ့သည္။

ဟြမ္ခဲ ရဲ႕အျပဳအမူေတြက ပိုပိုၿပီးထူးဆန္းလာတာကို ဂ်င္းေဟာင္ ခံစားမိေပမဲ့ ထိုအေၾကာင္းကို သူမ အမ်ားႀကီးမေတြးေပ။ သူမက ဟူဘင္း ေလာက္စူးစမ္းမႈမ႐ွိေပ။

ဟြမ္ခဲ ကေလွာင္ရယ္လိုက္ၿပီး တစ္ခုခုကို အရိပ္အႁမြတ္ျပေနသလို လူအုပ္ဆီကို ၾကည့္လိုက္သည္။ “သမန္းဝံပုေလြေတြက ဘာကိုအေၾကာက္ဆုံးလဲဆိုတာ မင္းတို႔ေတြ သိၾကလား?”

ဂ်င္းေဟာင္ ကလန္႔သြားခဲ့ၿပီးေနာက္ ေခါင္းခါလိုက္သည္။

ဒီလိုနတ္ဘုရားေတြ၊ မြန္းစတားေတြ၊ အဲ့လိုအရာမ်ိဳးေတြကို သူမတစ္ခုမွ မသိေပ။

ဟူဘင္း ကစကားလုံးေတြကို ၾကားလိုက္ေပမဲ့ သူ႕မ်က္ခုံးကို မျမင့္လိုက္ပဲ သူ႕မ်က္လုံးက ၾကည္လင္ေနကာ စိတ္လႈပ္႐ွားမႈတခ်ိဳ႕ျဖင့္ ျပန္ေျဖလိုက္သည္။ “ေငြထည္လိုပစၥည္းမ်ိဳးလား?!”

ဂ်င္းေဟာင္ က႐ွင္းျပဖို႔အတြက္ ေစာင့္ေနသလိုမ်ိဳး ဟူဘင္း ဆီကိုၾကည့္လိုက္သည္။

ဟူဘင္း က ဂ်င္းေဟာင္ ရဲ႕မ်က္လုံးနဲ႔ ဆုံသြားၿပီး ေျပာလိုက္သည္။ “သမန္းဝံပုေလြေတြက ေငြထည္ပစၥည္းေတြကို ေၾကာက္ၾကတယ္။ သူတို႔အရည္ျပားနဲ႔ ထိလိုက္႐ုံနဲ႔ေတာင္ သူတို႔ကို နာက်င္ေစတယ္!”

သူက ရပ္လိုက္ၿပီး သူ႕ဦးေႏွာက္ထဲမွ သမန္းဝံပုေလြေတြ အေၾကာင္းကို စတင္႐ွာေဖြလိုက္သည္။ “ဟုတ္တယ္၊ ဟုတ္တယ္!” ဟူဘင္း ကတခ်ိဳ႕အရာေၾကာင့္ စိတ္လႈပ္႐ွားသြားသည္။ “သမန္းဝံပုေလြရဲ႕ အဓိကအစိတ္အပိုင္းက ႏွလုံးပဲ၊ ဒါေပမဲ့ ဝံပုေလြတစ္ေကာင္ရဲ႕ ခႏၶာကိုယ္က ေၾကးနီ၊ သံနဲ႔တူတယ္။ ေငြဓားနဲ႔ သမန္းဝံပုေလြရဲ႕ ႏွလုံးကိုစိုက္လိုက္တာက သစ္သီးဓားနဲ႔ ႏွမ္းဖတ္ေက်ာက္၊ စက်င္ေက်ာက္တို႔ကို စိုက္လိုက္တာနဲ႔ တူတယ္။ သူတို႔အတြက္ အႏၲရာယ္႐ွိမႈက အနည္းဆုံးပဲ”

ဂ်င္းေဟာင္ ရဲ႕ႏွလုံးသားက ခ်က္ခ်င္းပင္ စကားလုံးေတြေၾကာင့္ တင္းမာသြားသည္။

“ဒါေပမဲ့” ဟူဘင္း ကရပ္လိုက္ၿပီး ဆက္ေျပာလိုက္သည္။ “သမန္းဝံပုေလြရဲ႕ခႏၶာကိုယ္မွာ အဓိကအက်ဆုံးနဲ႔ အပါးလႊာဆုံးအပိုင္းက လည္ပင္းပဲ”

ဟူဘင္း ကမ်က္ခုံးပင့္ကာ သူ႕ႏႈတ္ခမ္းကို ေကြးလိုက္သည္။ “ေငြဓားနဲ႔သာ သမန္းဝံပုေလြရဲ႕ လည္ေခ်ာင္းကို ထိုးစိုက္ႏိုင္ရင္ သမန္းဝံပုေလြက ေသခ်ာေပါက္ ေသလိမ့္မယ္!”

ဟူဘင္း ရဲ႕စကားေတြ ဆုံးသြားၿပီးေနာက္ ေဘးဘက္တြင္ရပ္ေနသည့္ ဟြမ္ခဲ ကေလွာင္ရယ္လိုက္ၿပီး အားလုံးရဲ႕အာ႐ုံစိုက္မႈကို ဆြဲေဆာင္သြားခဲ့သည္။

ဟြမ္ခဲ ရဲ႕ေခါင္းက တစ္ဝက္ဦးၫႊတ္သြားၿပီး သူ႕ေ႐ွ႕ဆံပင္က မ်က္လုံးတစ္ဝက္ကို ဖုံးသြားခဲ့ၿပီး သူ႕အမူအရာနဲ႔ ႐ိုးသားမႈအားျမင္ႏိုင္ဖို႔ တကယ့္ကို ခက္ခဲသြားေစသည္။

“ေငြထည္လို ပစၥည္းေလးနဲ႔ သမန္းဝံပုေလြကို သတ္ႏိုင္တယ္လို႔ မင္းတကယ္ႀကီး ထင္ေနတာမ်ားလား?”

ဒီအခ်ိန္ပဲ၊ အခ်ိန္က သူတို႔ကို ဖမ္းမိသြားခဲ့ၿပီ၊ ဟမ့္။

22.10.2021 (Fri)
.............................

Continue lendo

Você também vai gostar

67.4K 4.3K 46
ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ္ျဖစ္လာခဲ့တယ္ ဆောင်ကြာမြိုင်ကမိန်းကလေးနဲ...
266K 35.1K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
36.1K 1.7K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်
1.1M 234K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...