Uni
မင်းဆက်အချစ်ဆုံးလူနှစ်ယောက် မင်းဆက်အပေါ်ထားတဲ့စိတ်ထားဟာ တခြား မိန်းကလေး တစ်ယောက်ပေါ်မှာ အလုံးစုံမူတည်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့။
မင်းဆက်ကိုက ကံဆိုးလွန်းလှသည်
အအေးမမိပါစေနဲ့လို့ ဒီလောက်ဆုတောင်းတာကို ခွန်းက ဖျားဖြစ်အောင်ဖျားသည်
အခုထိလည်း အဖျားက အရှင်းမပျောက်သေး
အဖျားပျောက်လုနီးပြီ ဖြစ်တဲ့အတွက် ချောင်းဆိုးတဲ့ ဝေဒနာတစ်ခုက တိုးလာပြန်သည်။
မင်းဆက်တို့ အခုထိ ရန်ကုန်မပြန်ဖြစ်
ခန့်ညားကလည်း ဒီကနေပဲ အလုပ်တွေကို ညွှန်ကြားနေသည်
အိမ်ကျဥ်းကျဥ်းလေးမှာ အတူနေသည့်အတွက် ဘယ်လိုမှပင် ရှောင်လွှဲမရ
ထိပ်တိုက်တွေ့သည်ပင်
ခန့်ညား သူ့ကို အခုထိ အမြင်မကြည်
တစ်ခါတစ်ခါ စိုက်ကြည့်နေသည့် မျက်လုံးတွေက ကြောက်ဖို့ကောင်းလှသည်
သူ့ဟာလေးကို ကြည့်တဲ့ မျက်လုံးတွေနဲ့ တခြားစီ
သူတင်ပဲလားဆိုတော့ ကိုယ့်ချစ်သူရော ဘာထူးလဲ
အခုထိ စကားအကောင်းမပြော
မင်းဆက်ဘဝဟာ သောင်ပြင်မှာလွတ်တဲ့ ရွှေဟင်္သာလေးလိုပင်
အခုလည်း ခြံရှေ့မှာ တစ်ယောက်တည်းရပ်နေသည့် အမရာ့ဆီ မျက်နှာချိုသွားသွေးရမည်
"အမရာ"
တစ်ချက်သာ ကြည့်လျက် အရှေ့သို့ ပြန်လှည့်သွားသည်
အရေးမစိုက်သည့်ပုံ
"အမရာရယ် ကိုယ်တောင်းပန်ပါတယ်ကွာ နော်
ကိုယ်လည်း တမင်ရည်ရွယ်တာ မဟုတ်ဘူးလေ
သူတို့ ရောက်နေမှန်းလဲ ကိုယ်မှ မသိတာ
သူက လွယ်လွယ်နဲ့ အအေးပတ်တတ်မှန်းလဲ ကိုယ်မသိဘူးလေ
နောက်ပြီး အမှန်အတိုင်းပြောရရင် ကိုယ်တစ်ယောက်တည်းရဲ့ အပြစ်လည်း မဟုတ်ဘူးး
အမရာလည်း အလိုတူ အလိုပါပဲလေ....
"ဘာ"
"ဟုတ်တယ်လေ
အမရာလည်း ကိုယ့်အနမ်းတွေကို လွမ်းနေခဲ့တာမလား
အဲ့တာကြောင့် ကိုယ့်အနမ်းတွေကို စိတ်လိုလက်ရ တုံ့ပြန်နေခဲ့တာလေ"
('◉⌓◉')
ဩချဖို့ ကောင်းလိုက်သည့်လူ
တော်တော်အံ့သြဖို့ ကောင်းတာပဲ
"ရှင် ကျွန်မအသားကို နောက်ထပ်ထိဖို့ မစဉ်းစားနဲ့"
"အမရာ ခဏနေပါဦး"
"လွှတ် ကျွန်မလက်ကို လွှတ်"
"ခဏ ခဏလေးပါ အမရာရယ်
ကိုယ် စကားမှားသွားတာပါ
ဟိုဟာလေ ကိုယ်ဘာလုပ်ရမလဲ
အမရာကိုယ့်ကို စိတ်မဆိုးဖို့ ကိုယ်ဘာလုပ်ရမလဲဟင်"
ပြာပြာသလဲလဲ မျက်နှာငယ်နဲ့ တောင်းပန်နေသည့်လူ
ရုပ်ကိုက အခုတစ်မျိုး တော်ကြာတစ်မျိုး
"ဘာမှ လုပ်စရာမလိုပါဘူး
ခွန်း ရှင့်ကို စိတ်မဆိုးဖို့သာ အရေးကြီးတာ
နောက်ပြီး ခန့်ညားထည်ဝါရောပေါ့"
"ရတယ် ရတယ် သူတို့ နှစ်ယောက်က ကိစ္စမရှိဘူး
အဓိက က အမရာပဲ
အမရာ ကိုယ့်ကို စိတ်မဆိုးရင် ရပြီ"
"အင်းပါ အခုတော့ ခွန်းဆီသွားလိုက်ဦးမယ်"
"ok"
ဟူးးးး ဘာပဲဖြစ်ဖြစ် တော်ပါသေးတယ်
ဟိုနှစ်ယောက်......
ခွန်းကအားနာပါးနာနဲ့ ခွင့်လွတ်နိုင်ပေမယ့်
ခန့်ညားကို ဘယ်လိုရင်ဆိုင်ရမည်မှန်း မသိသေးးးး
"ခွန်း"
"အမရာ"
"သက်သာရဲ့လား ချောင်းရောဆိုးနေသေးလား"
"သက်သာသွားပါပြီ
ချောင်းကတော့ နည်းနည်းဆိုးသေးတယ်
အမရာ"
"ပြောလေ ခွန်း"
"နင်ဒုက္ခရောက်နေတဲ့အချိန် အနားမရှိလို့ ငါတကယ်တောင်းပန်ပါတယ်နော်"
"ခွန်းရယ် ဘာများလဲလို့
ငါအခု ဘာမှမဖြစ်ဘူးလေ စိတ်မကောင်းမဖြစ်နဲ့ ဟုတ်ပြီလား"
"အင်း"
"အဲ့လို ပြုံးပြုံးလေးပဲနေ
အော် ခွန်းဆေးသောက်တော့မှာမလား ဘာလုပ်ပေးရမလဲ ဘာစားချင်လဲ"
"ရတယ် မလုပ်ပေးနဲ့"
"မဟုတ်တာ ငါ့ကို အားမနာနဲ့ ဘာစားမလဲ နွားနို့သောက်မလား
အာ နို့ထမင်းလုပ်ပေးရမလား"
"အမရာ....
"အော် ဆန်ပြုတ်ပြုတ်ပေးရမလားးး
"အမရာ ငါပြောတာနားထောင်
ခန့်ညားထည်ဝါ လုပ်ပေးနေတယ်"
"နင့်လူကြီးလုပ်ပေးနေတာလား
အဲ့ဒါဆိုရင်တော့ တော်ပြီ
တော်ကြာ ငါ့ကို မျက်ထောင့်နီကြီးတွေနဲ့ စိုက်ကြည့်နေအုံးမယ်"
ပြောနေရင်း ခန့်ညားထည်ဝါရဲ့ အမူအရာကိုပါ လုပ်ပြနေသေးသည်
ခါးကိုမတ်လျက် မျက်ဆံကို အလယ်မှာစုပြီး မျက်မှောင်ကြီး ကြုံ့နေသည်
"တော်တော့ နင်လုပ်တာ ပိုဆိုးနေပြီ"
"နင့်လူကြီးလုပ်တာ ပိုဆိုးပါတယ်နော်
ငါက လျော့ပြီး လုပ်ပြတာ"
"ဘာမှ မဆိုးပါဘူး
ဒီလောက် သြဇာညောင်းတဲ့ ရုပ်ရည်နဲ့ အကြည့်ကိုများ"
"ခွန်းသံသာချို နင်တကယ်ပဲ
ငါ့သူငယ်ချင်းလေး နောက်ဆုံးတော့ တကယ်ကို ကျရှုံးသွားပြီ"
"ချစ်ရသူဆီမှာ ကျရှုံး တာပဲလေ
ဆယ်ခါပြန် ကျရှုံးပလိုက်မယ်"
"ခွန်း ငါနင့်ကို တကယ်မနိုင်တော့ဘူး"
"ဒီလိုပဲ ဖြစ်ရမှာပေါ့"
"အေးပါ
ဘာပဲ ဖြစ်ဖြစ် ဂုဏ်ယူပါတယ်
နင်တို့နှစ်ယောက် တကယ် လိုက်ဖက်တယ်
နောက်ပြီး ခန့်ညားထည်ဝါ နင့်ကိုကြည့်တဲ့အကြည့်တွေက တကယ်ကို နွေးထွေးတာ
အရမ်းလည်း အနွံတာခံပြီး အလိုလိုက်မယ့်ပုံ"
"အဲ့တာတော့ ဟုတ်တယ်
ငါလေ တခြားသူတွေရှေ့မှာ ဘယ်လောက်တည်ငြိမ်ငြိမ် အဆင်ပြေချင်ယောင်ဆောင် သူရှေ့မှာ ဆိုရင် အရာအားလုံးကို ဖွင့်ချချင်တယ်
နင်လည်း သိပါတယ်
ငါက ငယ်ငယ်လေးကတည်းက ဆိုးတဲ့သူမျိုး မဟုတ်ဘူး
စိတ်ကောက်တယ် ဆိုးတယ်ဆိုတာကလည်း ကိုယ့်ကို အလိုလိုက်ပြီး ချော့မယ်သူ ရှိမှလေ
ငါမှာတော့ အဲ့လိုမရှိဘူး
အဲ့တာကြောင့်မလို့ အချိန်တိုင်း အဆင်ပြေချင်ယောင် လိမ္မာချင်ယောင် ဆောင်ခဲ့တယ်
သူရှေ့မှာဆိုရင်တော့ ကလေးတစ်ယောက်လိုမျိုး ဆိုးနွဲ့ချင်တယ်
သူ့ကို ဂျစ်တိုက်ချင်တယ်
ဒါကလည်း အခုမှ မဟုတ်ဘူး သူနဲ့ စတွေတဲ့ အချိန်တည်းက
အဲ့ဒီတုန်းက ငါထင်ခဲ့တာ ငယ်သေးလို့ ဒီလိုပဲ လုံလောက်အောင် မရင့်ကျက်သေးလို့လို့ ထင်ခဲ့တာ
ဒါပေမယ့်နင်သိလား
အခု အသက်၃၀ နားနီး ပြန်တွေ့တဲ့ အခါလည်း ငါကမပြောင်းလဲဘူး သူ့ကိုဆို အနိုင်ယူချင်တုန်း ဆိုးချင်တုန်းပဲ
ငါယုံကြည်တယ်
သူက ငါ့ဘဝမှာ ငါရဲ့ အရာအားလုံးကို ချပြနိုင်မယ့် တစ်ဦးတည်းသောသူပဲ"
လူတစ်ယောက်ဟာ ကိုယ်ချစ်တဲ့သူအကြောင်းပြောနေချိန် အရာအားလုံးကို မေ့နေတတ်သည်
မျက်လုံးလေးတွေဟာလည်း ကြယ်လေးတွေလို တောက်ပလှသည်
တစ်နေရာကို စူးစိုက်ကြည့်လျက် ပြောနေသော ခွန်းရဲ့ မျက်ဝန်းတွေဟာလည်း တောက်ပလှပါသည်
နှုတ်ခမ်းလေးတွေဟာလည်း ပြောနေရင်းပင် ပြုံးသွားသည်
သိပ်ကို လှပလွန်းပါတယ်
"အဲ့တော့ နင်က သူနဲ့ အခုမှတွေ့တာ မဟုတ်ဘူးပေါ့"
"အယ်"
ဟုတ်ပါရဲ့ ဘာလို့ ပြောမိသွားတာပါလိမ့်
"ပါးစပ်ပြန်စိပါဦး ယင်ကြီး ဝင်ဥသွားဦးမယ်"
ခွန်း ပါးစပ်ကို လက်ဖြင့် ပိတ်လျက် ဇက်ပုသွားရပါသည်
"ပြောချင်စိတ် ပေါက်မှ ပြောပြ ဟုတ်ပြီလား"
"အင်း"
"အဲဒါဆို ငါသွားတော့မယ်"
ငါ ဘာလို့ သတိမထားမိပါလိမ့်
ကိစ္စမရှိပါဘူး အမရာက နားလည်ပေးပြီသားပဲ
"ခွန်း"
သူတို့ နှစ်ယောက်က တစ်ယောက်တစ်လှည့်စီ လာနေတာလား
"မင်းဆက်"
"သက်သာရဲ့လား"
"ဟုတ် ကျွန်မနေကောင်းနေပါပြီ"
"တော်သေးတာပေါ့
ကျွန်တော် ခွန်းသောက်ဖို့ ဆန်ပြုတ်ပြုတ်လာတယ်"
"ရှင်"
"အာ အားနာနေတဲ့ပုံပဲ အားမနာပါနဲ့ သောက်လိုက်နော်
ကျွန်တော့်လက်ရာကိုယုံလိုက်
ကျွန်တော့်လက်ရာက ရှယ်ပဲ"
"ဟုတ် ကျေးဇူးပါ
ဒါပေမယ့် ခန်ညား...
"ခန့်ညားထည်ဝါလက်ရာလို ဆိုးမှာ စိတ်ပူနေတာလား
လုံးဝ စိတ်မပူနဲ့
ကျွန်တော်က ဆိုင်ဖွင့်ထားတာ သိတယ်မလား
ကျွန်တော့်ကို ယုံ"
ဘယ်လိုလူလဲ ဘာမှ ပြောလို့ကို မရပါလား
ဒီအချိန်သာ ခန့်ညားထည်ဝါ ရောက်လာလို့ကတော့
"ခွန်း သောက်လိုက်ပါတော့
ဒါလေးသောက်ပြီး ကျွန်တော့်ကိုလည်း ခွင့်လွှတ်ပေးပါ နော်"
"ကျွန်မ ရှင့်ကို စိတ်မဆိုးပါဘူး ကလေးတွေလည်း မဟုတ်ပဲ
ရှင့်ကို စိတ်မဆိုးတာမို့ ဒီလိုတွေ မလုပ်လည်း ရပါတယ်"
"တကယ်လား
ဒါဆို သောက်လိုက်ပါ အေးကုန်တော့မှာပဲ"
"ရှင် ဟုတ်"
"သောက်ပါ သောက်"
ခွန်း မသောက်ချင်
ဟိုတစ်ယောက်သိရင် စိတ်မကောင်းဖြစ်မှာ
ဒါပေမယ့် ဒီလူကလည်း အတင်းထိုးပေးနေသည်
မသောက်ရင်လည်း စိတ်ဆိုးနေတယ်လို့ ထင်ဦးမယ်
"အဲ့တာ ဘာလုပ်နေတာလဲ"
"ခန့်ညားးးးး
မင်း ဘယ်တုန်းက ရောက်နေတာလဲ"
အကြည့်တွေက အစိမ်းလိုက်ဝါးစားမည့်ပုံ
ကံတရားက ခန့်ညားထည်ဝါနဲ့ ပတ်သတ်ရင် ဟန်မင်းဆက် ဘက်မှာမရှိပါ
"မင်း ခွန်းအခန်းထဲကို ဝင်သွားတည်းက"
"ဟုတ်လား ကြာပြီပဲ.....
ဒါဆို အေးဆေးစကားပြောကြဦး
ငါ သွားတော့မယ်"
နောက်ကို လှည့်မကြည့်ပဲ အရှေ့သို့သာ
ခန့်ညားလက်ထဲမှာ ဆန်ပြုတ်ပန်းကန်ရှိနေတာပဲ
အဲ့ဒါကို ငါက ငါ့ဆန်ပြုတ် အတင်းတိုက်နေတာ
ဟန်မင်းဆက် မင်းဘဝတော့ မလွယ်တော့ဘူးးးးးးး
"မောင်"
"ဒါကို မလိုတော့ဘူးမလား
ကိုယ် သွန်လိုက်တော့မယ်"
"အား မလုပ်နဲ့ ဘာလုပ်တာလဲ ခွန်း သောက်မှာ"
"မသောက်ပါနဲ့
ဒီဆန်ပြုတ်ကလေ နိုင်ငံတကာကိုပတ် စာဖိုမှူးသင်တန်းပေါင်းစုံတက်ပြီး ဆိုင်ဖွင့်ထားတဲ့ သူရဲ့ လက်ရာလောက် မကောင်းဘူး"
"ဒါပေါ့ အဲ့ဒီ့လက်ရာကိုတော့ မှီပါ့မလား"
စလို့ စမှန်းမသိ ညှိုးကျသွားသည့်မျက်နှာ
"ဟုတ်တယ် အဲ့ဒါကြောင့်သောက်မနေနဲ့"
ထွက်သွားဖို့ လုပ်နေသူရဲ့ လက်ကိုဆွဲလျက် ဆန်ပြုတ်ပန်းကန်ကို လုမိသည်
ထိုလုက အလုမခံ
"ပူတယ်"
အပူလောင်မှာစိုးလို့ကိုးး
ထိုလူ၏ လက်ကိုသာ အပေါ်က အုပ်မိုးလျက်
"မှန်တာပေါ့ အဲ့ဒီလူလက်ရာကို မမှီဘူး
ဒါပေမယ့် အဲ့တာက တခြားသူတွေအတွက်
ခွန်းအတွက်ကတော့လေ မောင့်ရဲ့ အချစ်တွေ ထည့်ပြုတ်ထားတဲ့ ဒီဆန်ပြုတ်က ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ဖြစ်မှာ
မောင်ကိုယ်တိုင်ခွံ့ကျွေးရင်တော့ အတိုင်းထက်အလွန်ပေါ့"
ထိုလူ၏ မျက်နှာကို မလွတ်တမ်း စိုက်ကြည့်နေမိသည်
တည်နေသော မျက်နှာကနေ
တဖြည်းဖြည်း ပြောင်းလဲသွားသည့်သူ
ပြုံးစိစိနဲ့ ချစ်ဖို့ကောင်းလိုက်တာ ခန့်ညားထည်ဝါကြီးက
"တော်ပါဗျာ
ဒီကလူကလေ ခင်ဗျားလေးဘာမှ မလုပ်ပဲနဲ့တောင် ဒီလောက်ကြွေနေရတာ
ဒီထပ်ပိုပြီး ခြွေမချပါနဲ့တော့"
"ကောင်းပြီလေ
သနားလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်
နောက်တစ်ခါ ခွင့်မပြုပဲ အရှေ့က ထွက်သွားဖို့ ပြင်လို့ကတော့ တစ်ခါတည်းကို ခြွေချပစ်မယ်"
"တကယ်လား"
"ဘာလဲ အဲ့ရုပ်က"
"ဘယ်လို ခြွေမှာလဲ သိချင်လိုက်တာ"
ရှက်နေသည့်မျက်နှာကနေ ပြောင်းသွားသည့်မျက်နှာထား
ရယ်မြူးရိပ်သန်းနေသည့် မျက်လုံးကနေ အရိုင်းဆန်သွားသည့် မျက်လုံးများ
ကိုယ့်အန္တရာယ်ကိုယ်သိလျက် ခွန်း သူ့လက်ကိုလွတ်ကာ ကုတင်ပေါ်မှာပဲ စောင်ခြုံလျက် ပြန်ထိုင်နေလိုက်သည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ထိရောက်သည် တဲ့
စောင်ကို ပုခုံးထိ ဆွဲခြုံထားလိုက်ပါသည်။
ထိုလူက တစ်လှမ်းခြင်းဖြင့် ခွန်းဆီ လျှောက်လာသည်။
ခွန်းကုတင်ရှေ့မှာ ရပ်ကာ
ဆန်ပြုတ်ပန်းကန်ကို ဘေးနားမှာ တင်လိုက်သည်။
"မအိုက်ဘူးလား ဘာလို့ စောင်ကြီးခြုံထားလဲ"
"ချမ်းလို့"
"တကယ်လား မှန်း ကိုယ်ကြည့်ရအောင်"
ခြေဆင်းထားသော ခွန်းခြေထောက်နှစ်ဖက်ကို စောင်ပေါ်မှ ဆွဲလျက် သူ့အနားသို့ ခေါ်သည်။
သူ့လက်ဖဝါးဖြင့် ခွန်းနဖူးကို စမ်းနေသည်
ခွန်းကိုယ်လေး တွန့်သွားသည်ဟု ထင်ပါသည်
"ကိုယ်လည်း သိပ်မပူတော့ပါဘူး အရမ်းချမ်းနေလား မဟုတ်ရင်....
"ချမ်းတယ် စောင်ခြုံထားမှာ"
"အရမ်းလား"
"အင်း"
"ကိုယ်ဖက်ထား ပေးရမလား"
"မလိုပါဘူး"
"ပြောတော့ အရမ်းချမ်းနေပါတယ်ဆို"
ပြောနေရင်း တဖြည်းဖြည်း ရှေ့တိုးလာသည့်မျက်နှာ အဲ့ဒီမျက်လုံးတွေ ကြောက်ဖို့ကောင်းပါသည်
"ခန့်ညားထည်ဝါ ခွန်းနေမကောင်းဘူးနော်"
"အဲ့တော့"
"အဲ့တော့.... အဲ့တော့....
ဆေးသောက်ရမယ် ဆေးသောက်မယ် ဆန်ပြုတ်တိုက်"
"ကောင်းပါပြီဗျာ
ကဲ ဆန်ပြုတ်သောက်မယ်နော်"
ဆန်ပြုတ်ပန်းကန် ကိုင်လိုက်ပြီ တော်ပါသေးရဲ့
သူတစ်စွန်းချင်းခွန့်တာကို ခွန်းအလိုက်သင့်ပင် သောက်နေမိသည်။
"များများသောက် မြန်မြန်နေကောင်းအောင်လုပ်"
"ဘာလို့"
"ကိုယ် ခွန်းကို တစ်နေရာခေါ်သွားချင်လို့"
"တကယ် ဘယ်ကိုလဲ ဘယ်ကိုလဲ
ခွန်း အပြင်ထွက်ချင်နေတာ
ဘယ်မှလဲ မသွားရတာ ကြာပြီ"
"နောက်ကျ သိရမှာပေါ့ ဟုတ်ပြီလား
အခုတော့ နေကောင်းအောင် အရင်လုပ်"
"မောင်ကလည်း ခွန်းနေကောင်းနေပြီ
ပြောပါ ဘယ်ကိုလဲ ဘယ်တော့လဲ အခုသွားမလား"
"ခွန်း"
"မောင်....."
သူ့လက်မောင်းကို ဖက်တွယ်လျက် ခွန်းချွဲနေမိသည်
ခွန်းတကယ်ကို အပြင်သွားချင်သည်
ခွန်းကနေရာအသစ်အဆန်းကို လေ့လာချင်သည့်သူ
ကော်ဖီပင်တွေရှိသည့် အအေးပိုင်းဒေသမို့ ပို၍ လည်ပတ်ချင်သည်
သို့ပေမယ့် အခုထိ အိမ်ထဲက အိမ်ပြင်မထွက်ရ
"ခွန်း ကိုယ်ကိုကြည့်ကွာ"
သူက ခွန်းပါးနှစ်ဖက်ကို ကိုင်လျက် တည်ငြိမ်ပြီး ချော့မြူလိုသော မျက်ဝန်းများနဲ့ ကြည့်နေပြန်သည်။
ထိုအချိန်တိုင်း ခွန်းကိုခွန်း ဆိုးနေသည့် ကလေးသေးသေးလေးလို ခံစားရလျက် သူ့ကို ဘာမဆို အလိုလိုက်တတ်သည့် လူကြီးတစ်ယောက်လို ခံစားရသည်ပင်
ခွန်းလည်း ဒီခံစားချက်ကို တကယ်ကို နှစ်သက်ပါသည်
"ဒီည စောစောအိပ် မနက်ဖြန်မနက်စောစော ကိုယ်ခေါ်သွားပေးမယ်
ဟုတ်ပြီလား"
"တကယ်နော် ကတိ"
"ဟားးးး
တကယ်ပါဗျာ ကတိ ကတိ"
"မောင်က ချစ်ဖို့ကောင်းလိုက်တာ"
"ခွန်းက ပိုချစ်ဖို့ ကောင်းတယ်"
"တကယ်"
"ဒါပေါ့
ချစ်ဖို့ကောင်းလွန်းလို့ ကိုယ်မှာ ဒီကောင်မလေးကို မခွဲနိုင်မခွာရက် အရိပ်တကြည့်ကြည့် ဖြစ်နေရတာလေ
ကြာရင် ခွန်းစိတ်နဲ့ ရူးမှာ ယုံ"
"မရူးလိုက်ပါနဲ့ဦး ခွန်းကို လိုက်ပို့ပေးရဦးမယ်လေ"
"ဒါဆို လိုက်ပို့ပေးပြီးရင်ရော"
"ဒါကတော့"
"ဒီကောင်မလေးကတော့"
စဥ်စားဟန်ပြင်နေသည့် ကောင်မလေးကို အသည့်ယားစွာ ကလိထိုးနေမိသည့်
မျက်နှာနုနုအား ပွတ်သပ်လျက်
"မောင့် တော်တော့ ယားတယ် တော်ပါတော့"
ခါးကို ကလိထိုးတာ အလွန်ယားသည်
မောင်ရ အားရကျေနပ်စွာပင် မရပ်တန့်
သူ့မေးစိဖြင့်လည်း မျက်နှာနဲ့ လည်ပင်းကို ပွတ်သပ်နေသေးသည်
ထွက်စပြုနေသည့် နှုတ်ခမ်းမွှေးတွေက အလွန်းစူးလှသည်
"မောင်"
"ဗျာ"
"နှုတ်ခမ်းမွှေးတွေ ရှည်နေပြီ"
"ဟုတ်တယ် ကိုယ်ရိပ်မလို့ ပြန်ရောက်မှပဲ"
"အော်"
"ဒါမှမဟုတ် ကိုယ်အရှည်ထားလိုက်ရမလား"
"မောင်က အရှည်ထားချင်လို့လား"
"ခွန်းက သဘောမကျဘူးလား"
"မောင့်သဘောပါ"
"ကိုယ့်ကောင်မလေးမျက်နှာကြည့်တာနဲ့သိပြီသား မကြိုက်ဘူးဆိုတာ
ဒါပေမယ့် ကိုယ့်ကို အကြောင်းရင်းလေးတော့ ပြောပြပါလား"
"ကြောက်လို့"
"ဘယ်လို"
"နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေနဲ့ လူတွေကို ကြောက်လို့"
"ဘာလို့လဲ ခွန်းရဲ့"
"ခွန်းလည်း မသိဘူး
ငယ်ငယ်လေးတုန်းကတော့ ခွန်းတို့ အိမ်နားမှာ နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေနဲ့ အရက်သမားကြီး ရှိတယ်
သူကလေ သူ့မိန်းမကိုရော သားသမီးတွေကိုရော အရမ်းရိုက်တာ
အဲ့တာကြောင့်လားမသိဘူး
ခွန်း အဲ့လိုလူကြီးတွေကို ကြောက်တယ်
မောင်လည်း အဲ့တာကြီးတွေမထားပါနဲ့နော်"
"ကောင်းပါပြီဗျာ
မင်းသမီးလေးရဲ့ သဘောတော်မြတ်အတိုင်းပါပဲ"
"တယ်တော်တဲ့ မောင်မင်းပဲ"
"ဆုချသင့်တယ်လို့ မထင်ဘူးလားခင်ဗျ"
လူလည်ကြီး
"မထင်ဘူးကွဲ့"
ငလည်မလေး
အခန်းတွင်းမှာတော့ အချစ်တွေဖြင့် ပြည့်နက်လျက် ရယ်မောစွာ.....
တစ်စုံတစ်ယောက်ကတော့ သူ့အချစ်အတွက် သူနှစ်သက်တဲ့အရာကို တစ်သက်လုံးစွန့်လွှတ်ဖို့ အသင့်ပြင်လျက်......
Paing
27.9.2021
8:03 PM
Zawgyi
မင္းဆက္အခ်စ္ဆုံးလူႏွစ္ေယာက္ မင္းဆက္အေပၚထားတဲ့စိတ္ထားဟာ တျခား မိန္းကေလး တစ္ေယာက္ေပၚမွာ အလုံးစုံမူတည္သြားလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့။
မင္းဆက္ကိုက ကံဆိုးလြန္းလွသည္
အေအးမမိပါေစနဲ႕လို႔ ဒီေလာက္ဆုေတာင္းတာကို ခြန္းက ဖ်ားျဖစ္ေအာင္ဖ်ားသည္
အခုထိလည္း အဖ်ားက အရွင္းမေပ်ာက္ေသး
အဖ်ားေပ်ာက္လုနီးၿပီ ျဖစ္တဲ့အတြက္ ေခ်ာင္းဆိုးတဲ့ ေဝဒနာတစ္ခုက တိုးလာျပန္သည္။
မင္းဆက္တို႔ အခုထိ ရန္ကုန္မျပန္ျဖစ္
ခန့္ညားကလည္း ဒီကေနပဲ အလုပ္ေတြကို ၫႊန္ၾကားေနသည္
အိမ္က်ဥ္းက်ဥ္းေလးမွာ အတူေနသည့္အတြက္ ဘယ္လိုမွပင္ ေရွာင္လႊဲမရ
ထိပ္တိုက္ေတြ႕သည္ပင္
ခန့္ညား သူ႕ကို အခုထိ အျမင္မၾကည္
တစ္ခါတစ္ခါ စိုက္ၾကည့္ေနသည့္ မ်က္လုံးေတြက ေၾကာက္ဖို႔ေကာင္းလွသည္
သူ႕ဟာေလးကို ၾကည့္တဲ့ မ်က္လုံးေတြနဲ႕ တျခားစီ
သူတင္ပဲလားဆိုေတာ့ ကိုယ့္ခ်စ္သူေရာ ဘာထူးလဲ
အခုထိ စကားအေကာင္းမေျပာ
မင္းဆက္ဘဝဟာ ေသာင္ျပင္မွာလြတ္တဲ့ ေ႐ႊဟသၤာေလးလိုပင္
အခုလည္း ၿခံေရွ႕မွာ တစ္ေယာက္တည္းရပ္ေနသည့္ အမရာ့ဆီ မ်က္ႏွာခ်ိဳသြားေသြးရမည္
"အမရာ"
တစ္ခ်က္သာ ၾကည့္လ်က္ အေရွ႕သို႔ ျပန္လွည့္သြားသည္
အေရးမစိုက္သည့္ပုံ
"အမရာရယ္ ကိုယ္ေတာင္းပန္ပါတယ္ကြာ ေနာ္
ကိုယ္လည္း တမင္ရည္႐ြယ္တာ မဟုတ္ဘူးေလ
သူတို႔ ေရာက္ေနမွန္းလဲ ကိုယ္မွ မသိတာ
သူက လြယ္လြယ္နဲ႕ အေအးပတ္တတ္မွန္းလဲ ကိုယ္မသိဘူးေလ
ေနာက္ၿပီး အမွန္အတိုင္းေျပာရရင္ ကိုယ္တစ္ေယာက္တည္းရဲ႕ အျပစ္လည္း မဟုတ္ဘူးး
အမရာလည္း အလိုတူ အလိုပါပဲေလ....
"ဘာ"
"ဟုတ္တယ္ေလ
အမရာလည္း ကိုယ့္အနမ္းေတြကို လြမ္းေနခဲ့တာမလား
အဲ့တာေၾကာင့္ ကိုယ့္အနမ္းေတြကို စိတ္လိုလက္ရ တုံ႕ျပန္ေနခဲ့တာေလ"
('◉⌓◉')
ဩခ်ဖိဳ႕ ေကာင္းလိုက္သည့္လူ
ေတာ္ေတာ္အံ့ၾသဖို႔ ေကာင္းတာပဲ
"ရွင္ ကြၽန္မအသားကို ေနာက္ထပ္ထိဖို႔ မစဥ္းစားနဲ႕"
"အမရာ ခဏေနပါဦး"
"လႊတ္ ကြၽန္မလက္ကို လႊတ္"
"ခဏ ခဏေလးပါ အမရာရယ္
ကိုယ္ စကားမွားသြားတာပါ
ဟိုဟာေလ ကိုယ္ဘာလုပ္ရမလဲ
အမရာကိုယ့္ကို စိတ္မဆိုးဖို႔ ကိုယ္ဘာလုပ္ရမလဲဟင္"
ျပာျပာသလဲလဲ မ်က္ႏွာငယ္နဲ႕ ေတာင္းပန္ေနသည့္လူ
႐ုပ္ကိုက အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး
"ဘာမွ လုပ္စရာမလိုပါဘူး
ခြန္း ရွင့္ကို စိတ္မဆိုးဖို႔သာ အေရးႀကီးတာ
ေနာက္ၿပီး ခန့္ညားထည္ဝါေရာေပါ့"
"ရတယ္ ရတယ္ သူတို႔ ႏွစ္ေယာက္က ကိစၥမရွိဘူး
အဓိက က အမရာပဲ
အမရာ ကိုယ့္ကို စိတ္မဆိုးရင္ ရၿပီ"
"အင္းပါ အခုေတာ့ ခြန္းဆီသြားလိုက္ဦးမယ္"
"ok"
ဟူးးးး ဘာပဲျဖစ္ျဖစ္ ေတာ္ပါေသးတယ္
ဟိုႏွစ္ေယာက္......
ခြန္းကအားနာပါးနာနဲ႕ ခြင့္လြတ္နိုင္ေပမယ့္
ခန့္ညားကို ဘယ္လိုရင္ဆိုင္ရမည္မွန္း မသိေသးးးး
"ခြန္း"
"အမရာ"
"သက္သာရဲ႕လား ေခ်ာင္းေရာဆိုးေနေသးလား"
"သက္သာသြားပါၿပီ
ေခ်ာင္းကေတာ့ နည္းနည္းဆိုးေသးတယ္
အမရာ"
"ေျပာေလ ခြန္း"
"နင္ဒုကၡေရာက္ေနတဲ့အခ်ိန္ အနားမရွိလို႔ ငါတကယ္ေတာင္းပန္ပါတယ္ေနာ္"
"ခြန္းရယ္ ဘာမ်ားလဲလို႔
ငါအခု ဘာမွမျဖစ္ဘူးေလ စိတ္မေကာင္းမျဖစ္နဲ႕ ဟုတ္ၿပီလား"
"အင္း"
"အဲ့လို ၿပဳံးၿပဳံးေလးပဲေန
ေအာ္ ခြန္းေဆးေသာက္ေတာ့မွာမလား ဘာလုပ္ေပးရမလဲ ဘာစားခ်င္လဲ"
"ရတယ္ မလုပ္ေပးနဲ႕"
"မဟုတ္တာ ငါ့ကို အားမနာနဲ႕ ဘာစားမလဲ ႏြားနို႔ေသာက္မလား
အာ နို႔ထမင္းလုပ္ေပးရမလား"
"အမရာ....
"ေအာ္ ဆန္ျပဳတ္ျပဳတ္ေပးရမလားးး
"အမရာ ငါေျပာတာနားေထာင္
ခန့္ညားထည္ဝါ လုပ္ေပးေနတယ္"
"နင့္လူႀကီးလုပ္ေပးေနတာလား
အဲ့ဒါဆိုရင္ေတာ့ ေတာ္ၿပီ
ေတာ္ၾကာ ငါ့ကို မ်က္ေထာင့္နီႀကီးေတြနဲ႕ စိုက္ၾကည့္ေနအုံးမယ္"
ေျပာေနရင္း ခန့္ညားထည္ဝါရဲ႕ အမူအရာကိုပါ လုပ္ျပေနေသးသည္
ခါးကိုမတ္လ်က္ မ်က္ဆံကို အလယ္မွာစုၿပီး မ်က္ေမွာင္ႀကီး ႀကဳံ႕ေနသည္
"ေတာ္ေတာ့ နင္လုပ္တာ ပိုဆိုးေနၿပီ"
"နင့္လူႀကီးလုပ္တာ ပိုဆိုးပါတယ္ေနာ္
ငါက ေလ်ာ့ၿပီး လုပ္ျပတာ"
"ဘာမွ မဆိုးပါဘူး
ဒီေလာက္ ၾသဇာေညာင္းတဲ့ ႐ုပ္ရည္နဲ႕ အၾကည့္ကိုမ်ား"
"ခြန္းသံသာခ်ိဳ နင္တကယ္ပဲ
ငါ့သူငယ္ခ်င္းေလး ေနာက္ဆုံးေတာ့ တကယ္ကို က်ရႈံးသြားၿပီ"
"ခ်စ္ရသူဆီမွာ က်ရႈံး တာပဲေလ
ဆယ္ခါျပန္ က်ရႈံးပလိုက္မယ္"
"ခြန္း ငါနင့္ကို တကယ္မနိုင္ေတာ့ဘူး"
"ဒီလိုပဲ ျဖစ္ရမွာေပါ့"
"ေအးပါ
ဘာပဲ ျဖစ္ျဖစ္ ဂုဏ္ယူပါတယ္
နင္တို႔ႏွစ္ေယာက္ တကယ္ လိုက္ဖက္တယ္
ေနာက္ၿပီး ခန့္ညားထည္ဝါ နင့္ကိုၾကည့္တဲ့အၾကည့္ေတြက တကယ္ကို ႏြေးေထြးတာ
အရမ္းလည္း အႏြံတာခံၿပီး အလိုလိုက္မယ့္ပုံ"
"အဲ့တာေတာ့ ဟုတ္တယ္
ငါေလ တျခားသူေတြေရွ႕မွာ ဘယ္ေလာက္တည္ၿငိမ္ၿငိမ္ အဆင္ေျပခ်င္ေယာင္ေဆာင္ သူေရွ႕မွာ ဆိုရင္ အရာအားလုံးကို ဖြင့္ခ်ခ်င္တယ္
နင္လည္း သိပါတယ္
ငါက ငယ္ငယ္ေလးကတည္းက ဆိုးတဲ့သူမ်ိဳး မဟုတ္ဘူး
စိတ္ေကာက္တယ္ ဆိုးတယ္ဆိုတာကလည္း ကိုယ့္ကို အလိုလိုက္ၿပီး ေခ်ာ့မယ္သူ ရွိမွေလ
ငါမွာေတာ့ အဲ့လိုမရွိဘူး
အဲ့တာေၾကာင့္မလို႔ အခ်ိန္တိုင္း အဆင္ေျပခ်င္ေယာင္ လိမၼာခ်င္ေယာင္ ေဆာင္ခဲ့တယ္
သူေရွ႕မွာဆိုရင္ေတာ့ ကေလးတစ္ေယာက္လိုမ်ိဳး ဆိုးႏြဲ႕ခ်င္တယ္
သူ႕ကို ဂ်စ္တိုက္ခ်င္တယ္
ဒါကလည္း အခုမွ မဟုတ္ဘူး သူနဲ႕ စေတြတဲ့ အခ်ိန္တည္းက
အဲ့ဒီတုန္းက ငါထင္ခဲ့တာ ငယ္ေသးလို႔ ဒီလိုပဲ လုံေလာက္ေအာင္ မရင့္က်က္ေသးလို႔လို႔ ထင္ခဲ့တာ
ဒါေပမယ့္နင္သိလား
အခု အသက္၃၀ နားနီး ျပန္ေတြ႕တဲ့ အခါလည္း ငါကမေျပာင္းလဲဘူး သူ႕ကိုဆို အနိုင္ယူခ်င္တုန္း ဆိုးခ်င္တုန္းပဲ
ငါယုံၾကည္တယ္
သူက ငါ့ဘဝမွာ ငါရဲ႕ အရာအားလုံးကို ခ်ျပနိုင္မယ့္ တစ္ဦးတည္းေသာသူပဲ"
လူတစ္ေယာက္ဟာ ကိုယ္ခ်စ္တဲ့သူအေၾကာင္းေျပာေနခ်ိန္ အရာအားလုံးကို ေမ့ေနတတ္သည္
မ်က္လုံးေလးေတြဟာလည္း ၾကယ္ေလးေတြလို ေတာက္ပလွသည္
တစ္ေနရာကို စူးစိုက္ၾကည့္လ်က္ ေျပာေနေသာ ခြန္းရဲ႕ မ်က္ဝန္းေတြဟာလည္း ေတာက္ပလွပါသည္
ႏႈတ္ခမ္းေလးေတြဟာလည္း ေျပာေနရင္းပင္ ၿပဳံးသြားသည္
သိပ္ကို လွပလြန္းပါတယ္
"အဲ့ေတာ့ နင္က သူနဲ႕ အခုမွေတြ႕တာ မဟုတ္ဘူးေပါ့"
"အယ္"
ဟုတ္ပါရဲ႕ ဘာလို႔ ေျပာမိသြားတာပါလိမ့္
"ပါးစပ္ျပန္စိပါဦး ယင္ႀကီး ဝင္ဥသြားဦးမယ္"
ခြန္း ပါးစပ္ကို လက္ျဖင့္ ပိတ္လ်က္ ဇက္ပုသြားရပါသည္
"ေျပာခ်င္စိတ္ ေပါက္မွ ေျပာျပ ဟုတ္ၿပီလား"
"အင္း"
"အဲဒါဆို ငါသြားေတာ့မယ္"
ငါ ဘာလို႔ သတိမထားမိပါလိမ့္
ကိစၥမရွိပါဘူး အမရာက နားလည္ေပးၿပီသားပဲ
"ခြန္း"
သူတို႔ ႏွစ္ေယာက္က တစ္ေယာက္တစ္လွည့္စီ လာေနတာလား
"မင္းဆက္"
"သက္သာရဲ႕လား"
"ဟုတ္ ကြၽန္မေနေကာင္းေနပါၿပီ"
"ေတာ္ေသးတာေပါ့
ကြၽန္ေတာ္ ခြန္းေသာက္ဖို႔ ဆန္ျပဳတ္ျပဳတ္လာတယ္"
"ရွင္"
"အာ အားနာေနတဲ့ပုံပဲ အားမနာပါနဲ႕ ေသာက္လိုက္ေနာ္
ကြၽန္ေတာ့္လက္ရာကိုယုံလိုက္
ကြၽန္ေတာ့္လက္ရာက ရွယ္ပဲ"
"ဟုတ္ ေက်းဇူးပါ
ဒါေပမယ့္ ခန္ညား...
"ခန့္ညားထည္ဝါလက္ရာလို ဆိုးမွာ စိတ္ပူေနတာလား
လုံးဝ စိတ္မပူနဲ႕
ကြၽန္ေတာ္က ဆိုင္ဖြင့္ထားတာ သိတယ္မလား
ကြၽန္ေတာ့္ကို ယုံ"
ဘယ္လိုလူလဲ ဘာမွ ေျပာလို႔ကို မရပါလား
ဒီအခ်ိန္သာ ခန့္ညားထည္ဝါ ေရာက္လာလို႔ကေတာ့
"ခြန္း ေသာက္လိုက္ပါေတာ့
ဒါေလးေသာက္ၿပီး ကြၽန္ေတာ့္ကိုလည္း ခြင့္လႊတ္ေပးပါ ေနာ္"
"ကြၽန္မ ရွင့္ကို စိတ္မဆိုးပါဘူး ကေလးေတြလည္း မဟုတ္ပဲ
ရွင့္ကို စိတ္မဆိုးတာမို႔ ဒီလိုေတြ မလုပ္လည္း ရပါတယ္"
"တကယ္လား
ဒါဆို ေသာက္လိုက္ပါ ေအးကုန္ေတာ့မွာပဲ"
"ရွင္ ဟုတ္"
"ေသာက္ပါ ေသာက္"
ခြန္း မေသာက္ခ်င္
ဟိုတစ္ေယာက္သိရင္ စိတ္မေကာင္းျဖစ္မွာ
ဒါေပမယ့္ ဒီလူကလည္း အတင္းထိုးေပးေနသည္
မေသာက္ရင္လည္း စိတ္ဆိုးေနတယ္လို႔ ထင္ဦးမယ္
"အဲ့တာ ဘာလုပ္ေနတာလဲ"
"ခန့္ညားးးးး
မင္း ဘယ္တုန္းက ေရာက္ေနတာလဲ"
အၾကည့္ေတြက အစိမ္းလိုက္ဝါးစားမည့္ပုံ
ကံတရားက ခန့္ညားထည္ဝါနဲ႕ ပတ္သတ္ရင္ ဟန္မင္းဆက္ ဘက္မွာမရွိပါ
"မင္း ခြန္းအခန္းထဲကို ဝင္သြားတည္းက"
"ဟုတ္လား ၾကာၿပီပဲ.....
ဒါဆို ေအးေဆးစကားေျပာၾကဦး
ငါ သြားေတာ့မယ္"
ေနာက္ကို လွည့္မၾကည့္ပဲ အေရွ႕သို႔သာ
ခန့္ညားလက္ထဲမွာ ဆန္ျပဳတ္ပန္းကန္ရွိေနတာပဲ
အဲ့ဒါကို ငါက ငါ့ဆန္ျပဳတ္ အတင္းတိုက္ေနတာ
ဟန္မင္းဆက္ မင္းဘဝေတာ့ မလြယ္ေတာ့ဘူးးးးးးး
"ေမာင္"
"ဒါကို မလိုေတာ့ဘူးမလား
ကိုယ္ သြန္လိုက္ေတာ့မယ္"
"အား မလုပ္နဲ႕ ဘာလုပ္တာလဲ ခြန္း ေသာက္မွာ"
"မေသာက္ပါနဲ႕
ဒီဆန္ျပဳတ္ကေလ နိုင္ငံတကာကိုပတ္ စာဖိုမႉးသင္တန္းေပါင္းစုံတက္ၿပီး ဆိုင္ဖြင့္ထားတဲ့ သူရဲ႕ လက္ရာေလာက္ မေကာင္းဘူး"
"ဒါေပါ့ အဲ့ဒီ့လက္ရာကိုေတာ့ မွီပါ့မလား"
စလို႔ စမွန္းမသိ ညွိုးက်သြားသည့္မ်က္ႏွာ
"ဟုတ္တယ္ အဲ့ဒါေၾကာင့္ေသာက္မေနနဲ႕"
ထြက္သြားဖို႔ လုပ္ေနသူရဲ႕ လက္ကိုဆြဲလ်က္ ဆန္ျပဳတ္ပန္းကန္ကို လုမိသည္
ထိုလုက အလုမခံ
"ပူတယ္"
အပူေလာင္မွာစိုးလို႔ကိုးး
ထိုလူ၏ လက္ကိုသာ အေပၚက အုပ္မိုးလ်က္
"မွန္တာေပါ့ အဲ့ဒီလူလက္ရာကို မမွီဘူး
ဒါေပမယ့္ အဲ့တာက တျခားသူေတြအတြက္
ခြန္းအတြက္ကေတာ့ေလ ေမာင့္ရဲ႕ အခ်စ္ေတြ ထည့္ျပဳတ္ထားတဲ့ ဒီဆန္ျပဳတ္က ကမၻာေပၚမွာ အရသာအရွိဆုံး ျဖစ္မွာ
ေမာင္ကိုယ္တိုင္ခြံ႕ေကြၽးရင္ေတာ့ အတိုင္းထက္အလြန္ေပါ့"
ထိုလူ၏ မ်က္ႏွာကို မလြတ္တမ္း စိုက္ၾကည့္ေနမိသည္
တည္ေနေသာ မ်က္ႏွာကေန
တျဖည္းျဖည္း ေျပာင္းလဲသြားသည့္သူ
ၿပဳံးစိစိနဲ႕ ခ်စ္ဖို႔ေကာင္းလိုက္တာ ခန့္ညားထည္ဝါႀကီးက
"ေတာ္ပါဗ်ာ
ဒီကလူကေလ ခင္ဗ်ားေလးဘာမွ မလုပ္ပဲနဲ႕ေတာင္ ဒီေလာက္ေႂကြေနရတာ
ဒီထပ္ပိုၿပီး ေႁခြမခ်ပါနဲ႕ေတာ့"
"ေကာင္းၿပီေလ
သနားလို႔ ဒီေလာက္နဲ႕ပဲ ရပ္လိုက္မယ္
ေနာက္တစ္ခါ ခြင့္မျပဳပဲ အေရွ႕က ထြက္သြားဖို႔ ျပင္လို႔ကေတာ့ တစ္ခါတည္းကို ေႁခြခ်ပစ္မယ္"
"တကယ္လား"
"ဘာလဲ အဲ့႐ုပ္က"
"ဘယ္လို ေႁခြမွာလဲ သိခ်င္လိုက္တာ"
ရွက္ေနသည့္မ်က္ႏွာကေန ေျပာင္းသြားသည့္မ်က္ႏွာထား
ရယ္ျမဴးရိပ္သန္းေနသည့္ မ်က္လုံးကေန အရိုင္းဆန္သြားသည့္ မ်က္လုံးမ်ား
ကိုယ့္အႏၱရာယ္ကိုယ္သိလ်က္ ခြန္း သူ႕လက္ကိုလြတ္ကာ ကုတင္ေပၚမွာပဲ ေစာင္ၿခဳံလ်က္ ျပန္ထိုင္ေနလိုက္သည္။
ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ပို၍ ထိေရာက္သည္ တဲ့
ေစာင္ကို ပုခုံးထိ ဆြဲၿခဳံထားလိုက္ပါသည္။
ထိုလူက တစ္လွမ္းျခင္းျဖင့္ ခြန္းဆီ ေလွ်ာက္လာသည္။
ခြန္းကုတင္ေရွ႕မွာ ရပ္ကာ
ဆန္ျပဳတ္ပန္းကန္ကို ေဘးနားမွာ တင္လိုက္သည္။
"မအိုက္ဘူးလား ဘာလို႔ ေစာင္ႀကီးၿခဳံထားလဲ"
"ခ်မ္းလို႔"
"တကယ္လား မွန္း ကိုယ္ၾကည့္ရေအာင္"
ေျခဆင္းထားေသာ ခြန္းေျခေထာက္ႏွစ္ဖက္ကို ေစာင္ေပၚမွ ဆြဲလ်က္ သူ႕အနားသို႔ ေခၚသည္။
သူ႕လက္ဖဝါးျဖင့္ ခြန္းနဖူးကို စမ္းေနသည္
ခြန္းကိုယ္ေလး တြန့္သြားသည္ဟု ထင္ပါသည္
"ကိုယ္လည္း သိပ္မပူေတာ့ပါဘူး အရမ္းခ်မ္းေနလား မဟုတ္ရင္....
"ခ်မ္းတယ္ ေစာင္ၿခဳံထားမွာ"
"အရမ္းလား"
"အင္း"
"ကိုယ္ဖက္ထား ေပးရမလား"
"မလိုပါဘူး"
"ေျပာေတာ့ အရမ္းခ်မ္းေနပါတယ္ဆို"
ေျပာေနရင္း တျဖည္းျဖည္း ေရွ႕တိုးလာသည့္မ်က္ႏွာ အဲ့ဒီမ်က္လုံးေတြ ေၾကာက္ဖို႔ေကာင္းပါသည္
"ခန့္ညားထည္ဝါ ခြန္းေနမေကာင္းဘူးေနာ္"
"အဲ့ေတာ့"
"အဲ့ေတာ့.... အဲ့ေတာ့....
ေဆးေသာက္ရမယ္ ေဆးေသာက္မယ္ ဆန္ျပဳတ္တိုက္"
"ေကာင္းပါၿပီဗ်ာ
ကဲ ဆန္ျပဳတ္ေသာက္မယ္ေနာ္"
ဆန္ျပဳတ္ပန္းကန္ ကိုင္လိုက္ၿပီ ေတာ္ပါေသးရဲ႕
သူတစ္စြန္းခ်င္းခြန့္တာကို ခြန္းအလိုက္သင့္ပင္ ေသာက္ေနမိသည္။
"မ်ားမ်ားေသာက္ ျမန္ျမန္ေနေကာင္းေအာင္လုပ္"
"ဘာလို႔"
"ကိုယ္ ခြန္းကို တစ္ေနရာေခၚသြားခ်င္လို႔"
"တကယ္ ဘယ္ကိုလဲ ဘယ္ကိုလဲ
ခြန္း အျပင္ထြက္ခ်င္ေနတာ
ဘယ္မွလဲ မသြားရတာ ၾကာၿပီ"
"ေနာက္က် သိရမွာေပါ့ ဟုတ္ၿပီလား
အခုေတာ့ ေနေကာင္းေအာင္ အရင္လုပ္"
"ေမာင္ကလည္း ခြန္းေနေကာင္းေနၿပီ
ေျပာပါ ဘယ္ကိုလဲ ဘယ္ေတာ့လဲ အခုသြားမလား"
"ခြန္း"
"ေမာင္....."
သူ႕လက္ေမာင္းကို ဖက္တြယ္လ်က္ ခြန္းခြၽဲေနမိသည္
ခြန္းတကယ္ကို အျပင္သြားခ်င္သည္
ခြန္းကေနရာအသစ္အဆန္းကို ေလ့လာခ်င္သည့္သူ
ေကာ္ဖီပင္ေတြရွိသည့္ အေအးပိုင္းေဒသမို႔ ပို၍ လည္ပတ္ခ်င္သည္
သို႔ေပမယ့္ အခုထိ အိမ္ထဲက အိမ္ျပင္မထြက္ရ
"ခြန္း ကိုယ္ကိုၾကည့္ကြာ"
သူက ခြန္းပါးႏွစ္ဖက္ကို ကိုင္လ်က္ တည္ၿငိမ္ၿပီး ေခ်ာ့ျမဴလိုေသာ မ်က္ဝန္းမ်ားနဲ႕ ၾကည့္ေနျပန္သည္။
ထိုအခ်ိန္တိုင္း ခြန္းကိုခြန္း ဆိုးေနသည့္ ကေလးေသးေသးေလးလို ခံစားရလ်က္ သူ႕ကို ဘာမဆို အလိုလိုက္တတ္သည့္ လူႀကီးတစ္ေယာက္လို ခံစားရသည္ပင္
ခြန္းလည္း ဒီခံစားခ်က္ကို တကယ္ကို ႏွစ္သက္ပါသည္
"ဒီည ေစာေစာအိပ္ မနက္ျဖန္မနက္ေစာေစာ ကိုယ္ေခၚသြားေပးမယ္
ဟုတ္ၿပီလား"
"တကယ္ေနာ္ ကတိ"
"ဟားးးး
တကယ္ပါဗ်ာ ကတိ ကတိ"
"ေမာင္က ခ်စ္ဖို႔ေကာင္းလိုက္တာ"
"ခြန္းက ပိုခ်စ္ဖို႔ ေကာင္းတယ္"
"တကယ္"
"ဒါေပါ့
ခ်စ္ဖို႔ေကာင္းလြန္းလို႔ ကိုယ္မွာ ဒီေကာင္မေလးကို မခြဲနိုင္မခြာရက္ အရိပ္တၾကည့္ၾကည့္ ျဖစ္ေနရတာေလ
ၾကာရင္ ခြန္းစိတ္နဲ႕ ႐ူးမွာ ယုံ"
"မ႐ူးလိုက္ပါနဲ႕ဦး ခြန္းကို လိုက္ပို႔ေပးရဦးမယ္ေလ"
"ဒါဆို လိုက္ပို႔ေပးၿပီးရင္ေရာ"
"ဒါကေတာ့"
"ဒီေကာင္မေလးကေတာ့"
စဥ္စားဟန္ျပင္ေနသည့္ ေကာင္မေလးကို အသည့္ယားစြာ ကလိထိုးေနမိသည့္
မ်က္ႏွာႏုႏုအား ပြတ္သပ္လ်က္
"ေမာင့္ ေတာ္ေတာ့ ယားတယ္ ေတာ္ပါေတာ့"
ခါးကို ကလိထိုးတာ အလြန္ယားသည္
ေမာင္ရ အားရေက်နပ္စြာပင္ မရပ္တန့္
သူ႕ေမးစိျဖင့္လည္း မ်က္ႏွာနဲ႕ လည္ပင္းကို ပြတ္သပ္ေနေသးသည္
ထြက္စျပဳေနသည့္ ႏႈတ္ခမ္းေမႊးေတြက အလြန္းစူးလွသည္
"ေမာင္"
"ဗ်ာ"
"ႏႈတ္ခမ္းေမႊးေတြ ရွည္ေနၿပီ"
"ဟုတ္တယ္ ကိုယ္ရိပ္မလို႔ ျပန္ေရာက္မွပဲ"
"ေအာ္"
"ဒါမွမဟုတ္ ကိုယ္အရွည္ထားလိုက္ရမလား"
"ေမာင္က အရွည္ထားခ်င္လို႔လား"
"ခြန္းက သေဘာမက်ဘဴးလား"
"ေမာင့္သေဘာပါ"
"ကိုယ့္ေကာင္မေလးမ်က္ႏွာၾကည့္တာနဲ႕သိၿပီသား မႀကိဳက္ဘူးဆိုတာ
ဒါေပမယ့္ ကိုယ့္ကို အေၾကာင္းရင္းေလးေတာ့ ေျပာျပပါလား"
"ေၾကာက္လို႔"
"ဘယ္လို"
"ႏႈတ္ခမ္းေမႊး မုတ္ဆိတ္ေမႊးေတြနဲ႕ လူေတြကို ေၾကာက္လို႔"
"ဘာလို႔လဲ ခြန္းရဲ႕"
"ခြန္းလည္း မသိဘူး
ငယ္ငယ္ေလးတုန္းကေတာ့ ခြန္းတို႔ အိမ္နားမွာ ႏႈတ္ခမ္းေမႊးေတြ မုတ္ဆိတ္ေမႊးေတြနဲ႕ အရက္သမားႀကီး ရွိတယ္
သူကေလ သူ႕မိန္းမကိုေရာ သားသမီးေတြကိုေရာ အရမ္းရိုက္တာ
အဲ့တာေၾကာင့္လားမသိဘူး
ခြန္း အဲ့လိုလူႀကီးေတြကို ေၾကာက္တယ္
ေမာင္လည္း အဲ့တာႀကီးေတြမထားပါနဲ႕ေနာ္"
"ေကာင္းပါၿပီဗ်ာ
မင္းသမီးေလးရဲ႕ သေဘာေတာ္ျမတ္အတိုင္းပါပဲ"
"တယ္ေတာ္တဲ့ ေမာင္မင္းပဲ"
"ဆုခ်သင့္တယ္လို႔ မထင္ဘူးလားခင္ဗ်"
လူလည္ႀကီး
"မထင္ဘူးကြဲ႕"
ငလည္မေလး
အခန္းတြင္းမွာေတာ့ အခ်စ္ေတြျဖင့္ ျပည့္နက္လ်က္ ရယ္ေမာစြာ.....
တစ္စုံတစ္ေယာက္ကေတာ့ သူ႕အခ်စ္အတြက္ သူႏွစ္သက္တဲ့အရာကို တစ္သက္လုံးစြန့္လႊတ္ဖို႔ အသင့္ျပင္လ်က္......
Paing
27.9.2021
8:03 PM