" ဂျင်ဝူးရေ ကျွန်တော့်ကို ဒီနေရာလေးပြင်ပေးပါဦး သိပ်သဘောမတွေ့လို့ "
" ဘယ်နေရာလဲ ဆော့ဂျင် "
" မောင်က ရိုမီယိုလို အသက်မစွန့်နိုင်ပေမဲ့ ဒဿလိုတော့ မရှုံးချင်ဘူးဆိုတာလေ "
ဆော့ဂျင်, ဂျင်ဝူးရှေ့ ရေးလက်စ ဇာတ်ညွှန်းစာရွက်လေး ထိုးပေးလိုက်သည်။
" ဘယ်နားအဆင်မပြေလို့လဲဆော့ဂျင် "
" ဒဿ ရှုံးတယ်ဆိုတဲ့နေရာလေ ဒဿက မရှုံးပါဘူး ဂျင်ဝူးရဲ့ လူတွေက အတွေးလွဲနေကြတာ "
" ဟမ် ဘာလို့ "
ဂျင်ဝူး စားပွဲခုံပေါ် မေးထောက်ရင်း အလှလေးကို မော့ကြည့်လိုက်သည်။
" ဂျင်ဝူး စဥ်းစားကြည့်ဗျာ ဒဿက သီတာ့ကို ချစ်နိုင်သလောက်ချစ်ပေးခဲ့တယ်လေ သူ့ရဲ့ဆန္ဒက သီတာ့ကို ချစ်ဖို့ပဲ အဲ့တော့ သူမရှုံးဘူး ဂျင်ဝူး
တကယ်ရှုံးသွားတာ သီတာ "
ဆော့ဂျင်ရဲ့ ဒဿရှင်းခန်းကို ဌာနတစ်ခုလုံး စိတ်ဝင်စားကာ အနားဝိုင်းလာကြသည်။
ရှင်းပြချင်ဇောလောနေတဲ့ ဆော့ဂျင်ကတော့ နှုတ်ခမ်းဖူးဖူးလေး စူထွက်လျက်ရှိသည်ကို သတိမထားမိ။
" ဆိုစမ်းပါဦး ပညာရှိလေးရဲ့ သီတာက ဘာလို့ရှုံးရတာတုန်း "
စီနီယာတစ်ယောက်က စိတ်ပါဝင်စားစွာ ဆော့ဂျင်စကားကို ထောက်ပေးသည်။
" ဒီလိုလေ သီတာက ရာမနောက်လိုက်သွားပေမဲ့ ရာမက သီတာ့ကို ယုံမှမယုံကြည်ဘဲ ချစ်တယ်လို့လဲမဆိုနိုင်လောက်ဘူးလေ ဟုတ်တယ်မလား
သိပ်ချစ်ပေးတဲ့ လူရဲ့ ရင်ခွင်ကို ခြေစုံကန်ပြီး ကိုယ့်ကိုမယုံတဲ့လူဆီ ဘဝ ကိုပုံအပ်မိတဲ့ သီတာကမှ အရှုံးကြီးရှုံးတာပေါ့ဗျ "
ဆော့ဂျင် စကားဆုံးတော့ ဂျင်ဝူးမျက်နှာပြုံးသွားသည်။ကိုယ်မင်းရဲ့ ဇာတ်လမ်းမှာ ဒဿ ဖြစ်လို့ရမလား ကလေးငယ်။
" ဆော့ဂျင်ပြောမှ စဥ်းစားမိတယ် ကိုယ်ဇာတ်လမ်းကို ပြန်ပြင်လိုက်ပါ့မယ် "
" ဟုတ်ကဲ့ ဂျင်ဝူး "
ဆော့ဂျင်ပြောပြီး ပါးစပ်ခြောက်လာတာမို့ အလုပ်ခန်းထဲကထွက်လာလိုက်သည်။
" တိမ်ငယ် "
" ဟင် မောင် အာညီး သူဌေး "
မောင်သည် ရီပဲရီနေကာ ဘာမှပြန်မပြော။
" အရူးလေး "
သူ့နှဖူးကို တစ်ချက်နမ်းရင်း မောင်က ထွက်ခွာသွားသည်။သူ့မှာသာ ရေခွက်ကြီးကိုင်လို့ ငူငူကြီးရပ်နေမိတာ။
ခဏ.... ဆော့ဂျင် အခုမှ မောင့်ကို သေချာကြည့်မိတယ်။
မောင်ဆံပင်သွားညှပ်လာတာလား။အရင်ကလို ငွေရောင်ဆံနွယ်ရှည်တွေမဟုတ်တော့ဘဲ အညိုရောင်ဆံပင်တိုတိတိနဲ့။
မောင်က ဒီလိုပုံစံနဲ့လည်း လိုက်ဖက်နေရောပဲ။
...............
နမ်ဂျွန်းစိတ်တွေမြူးကြွနေသည်။
အား တိမ်ငယ်ရာ မောင့်အတွက်ပဲ တွေးပေးနေခဲ့တာလား။
ချစ်ရမှာတောင်ရှိန်တယ် ချစ်သည်းရယ်။ဘယ်လိုလုပ်မလဲ။ မင်းနဲ့အချစ်ခြင်းပြိုင်ရင် မောင် ရှုံးတော့မှာပဲ။
" ထူးထူးခြားခြား ပျော်စရာကိစ္စများရှိလို့လား သူဌေး "
" သေချာပေါက်ရှိတာပေါ့ ကျွန်တော့်ချစ်သူကလေ ကျွန်တော့်အတွက်တွေးပြီး ကျွန်တော့်ကို စွန့်လွှတ်ခဲ့တာသိလား "
" ဒါနဲ့ သူဌေး ကင်မ်ဆော့ဂျင်ဆိုတဲ့ တစ်ယောက်ကို အခွင့်အရေးပေးလွန်းတယ်နော် ရုံးဆင်းချိန်ကလည်း သူများတွေထက်စောတယ်။လစာကလည်း နှစ်ဆ။ "
" ကျွန်တော်က ဒီ ent ပိုင်ရှင်ပါ ကျွန်တော့်ဘာသာ ဘာလုပ်လုပ်ပေါ့ "
သူဌေးဖြစ်ရတာ တစ်ခုတော့ကောင်းတယ်။စကားတစ်ခွန်းနဲ့သူများပါးစပ်ကို ပိတ်သွားအောင် စွမ်းဆောင်နိုင်တယ်။မိုက်တယ် ရှယ်ပဲ။
ဆုံလည်ကုလားထိုင်ပေါ် နမ်ဂျွန်း ခေါင်းလှန်ချလိုက်သည်။
မနေ့ကမှ သူသိခဲ့တာ။ တိမ်ငယ့်သူ့ကို လမ်းခွဲခဲ့တဲ့အကြောင်း။
............
မနေ့က နမ်ဂျွန်း တိမ်ငယ့်ကို တိုက်ခန်းဆီ ပြန်ပို့ပေးပြီးတော့ တစ်လမ်းလုံးသောက်လာတဲ့ Green Tea က အစွမ်းတွေရှယ်ပြလာသည်။
ထိန်းမရတဲ့ အောက်ပိုင်းရဲ့ ဆန္ဒအချို့ကြောင့် တိမ်ငယ့်ဆီသာ အကူအညီတောင်းမှဖြစ်လိမ့်မည်။
တိမ်ငယ့် အခန်းတံခါးကို တစ်ဒုန်းဒုန်းထုရင်း သူ့မှာ ခုန်ဆွ ခုန်ဆွ။
" ဘာကိစ္စလဲ သူဌေး "
" နောက်မှ သူဌေး အခုတော့ နည်းနည်း ဖယ်ဦး ရှုရှုးဖလားဝါးချင်နေပြီ အောင့်လို့မရတော့ဘူး "
ရည်းစားဟောင်းရှေ့ ခုန်ဆွ ခုန်ဆွလုပ်ရတာ image ကျမှန်းသိပေမဲ့လည်း မတတ်နိုင်။ မဟုတ်ရင် ဒီနေရာမှာတင် ထွက်ကျသွားနိုင်သည်။
" သေးပေါက်ချင်တာများ သေမလိုလုပ်နေတယ် ကြွကြွ အထဲကို "
ငါ့ကို မခွဲနိုင်လို့ ပြန်လာတွေ့တယ်ထင်နေတာလေ ကင်မ်နမ်ဂျွန်းရဲ့။
ရည်းစားဟောင်းကောင်နဲ့မှ ငါလဲ စောက်ကျိုးတွေကိုနည်းလို့။
အရင်တုန်းက ရိုမန့်တစ်ဆန်ခဲ့တာတွေတောင် ပြန်တွေးကြည့်ရင် အော့နှလုံးနာချင်လာတယ်။
................
အောက်ပိုင်းဆန္ဒကို ဖွင့်ထုတ်လိုက်တော့ ပေါ့ပါးသွားတဲ့ ခံစားချက်နဲ့အတူ အိမ်သာအပြင်ကို ပြန်ထွက်လာတော့ နမ်ဂျွန်း စိတ်ကိုဖမ်းစားသွားတဲ့ စာအုပ်လေးတစ်အုပ်။
အညိုရောင်သားရေဖုံးစာအုပ်လေးက သေချာပေါက် တိမ်ငယ့်ရဲ့ ဒိုင်ယာရီလေးဖြစ်လိမ့်မည်။
" မောင်သိချင်တဲ့ အကြောင်းတွေ အဲ့စာအုပ်ထဲရှိနေပါစေလို့ မောင်ဆုတောင်းပါတယ် "
နမ်ဂျွန်း တိမ်ငယ် မမြင်ခင် စာအုပ်ကို ကောက်ပြီး ခါးကြားညှပ်ကာ အကျီနဲ့ ဖုံးလိုက်သည်။
အပေါ်က ကုတ်အနက်နဲ့ပါ ထပ်ဖုံးလိုက်တော့ လုံးဝ perfect ။ စာအုပ်ခိုးတာ လူမသိတော့ဘူး။
ကင်မ်နမ်ဂျွန်းတဲ့ တစ်ဂျွန်းပဲရှိတယ် ။နှစ်ဂျွန်းရှိရင် mint choco နဲ့ရောပြီး
စကြဝဠာအပြင်ဘက်ကန်ထုတ်ပစ်မယ်။
" ဟိုအကိုကြီး ဘာတွေခိုးနေတာလဲ "
ငါ.....ဒီ.....ဖေ.....စောက်ကလေး။
ထုတ်ဆဲမိတော့မယ့်စိတ်ကို နမ်ဂျွန်းအမြန်မြိုသိပ်ရသည်။
ဘာလို့ဆို အရှေ့မှာ ခါးကြီးထောက်ပြီးကြည့်နေတဲ့ ရည်းစားဟောင်းရှိတယ်။
အနေအထိုင်ဆင်ခြင်မှဖြစ်မှာ။
" ဘာမှမဟုတ်ဘူး ငါ့ကားသော့ ငါယူတာ သွားပြီ တကယ်ပါပဲ "
ကင်မ်နမ်ဂျွန်း မဲမှောင်နေတဲ့ မျက်နှာကြီးကို အတတ်နိုင်ဆုံး တည်ပြီး အိမ်ထဲက ပြေးထွက်ရသည်။
မဟုတ်ရင် စာအုပ်ခိုးတာလူမိတော့မယ်။ အား ဒီတစ်ညနေထဲ image က ရှယ်ကိုကျတာဟေး။
ဘာပဲဖြစ်ဖြစ်ပါ ဒိုင်ယာရီကို ရအောင်ခိုးလာနိုင်တယ်။ကင်မ်နမ်ဂျွန်းက သိပ်တော်တာလေ။သိတယ်မလား။
ဒိုင်ယာရီစာအုပ်လေးကို ဖွင့်ကြည့်မိတော့ ထင်ထားတဲ့အတိုင်း။
တိမ်ငယ့်ကို ပိုက်ဆံကြောင့်သူ့ကို လမ်းခွဲခဲ့တာမဟုတ်ဘဲ လူတွေကြောင့် လမ်းခွဲပေးခဲ့တာ။
အထင်လွဲခဲ့တာတွေအတွက် မင်းစိတ်ကျေနပ်တဲ့အထိ မောင့်ကို တောင်းပန်ခွင့်ပြုပါ တိမ်ငယ်။
မောင်ထွက်သွားတော့ ဆော့ဂျင် ဟက်ဟက်ပက်ပက်ရီမောသည်။
စာအုပ်ကို မောင်ဖွက်ပြီးယူသွားတာ သူမသိပဲနေပါ့မလား။
အကယ်၍ အဲ့စာအုပ်လေးကြောင့် မောင် သူ့အပေါ် စိတ်ပြန်လည်လာမယ်ဆို
သူ့ဘက်က မောင့်အတွက် လက်တွေကိုကမ်းလင့်ပေးဖို့ ဝန်မလေးတော့။
ပြောင်းလဲသွားတဲ့ ကင်မ်ဆော့ဂျင်က မောင့်မျက်နှာကိုပဲ ကြည့်ရင်းနေသွားမယ့်သူမဟုတ်လား။
..................
နမ်ဂျွန်း တက်ကြွနေသည်။အရင်ကဟာတွေကိုမေ့ပြစ်ခဲ့ပြီး သူတိမ်ငယ့်ကို ပြန်လည်ပွေ့ဖက်မည်။
တိမ်ငယ်ကျေနပ်သည်ထိ တောင်းပန်ပြီးတော့ပဲဖြစ်ဖြစ်။
" ဆော့ဂျင် ကျွန်တော် ပြောစရာရှိလို့ "
" အင်း ပြောလေ ဂျင်ဝူး "
" ကျွန်တော်တို့ တွဲရအောင်လားဟင် "
ဆော့ဂျင် ဂျင်ဝူးကို ဘယ်လိုတုံ့ပြန်ရမှန်းမသိခင်မှာတင် ဂျင်ဝူးက သူ့နှူတ်ခမ်းပါးတွေကို စုတ်ယူသည်။
ရုတ်တရက်မို့ ဆော့ဂျင် ကြောင်အနေခဲ့သည်။
" မောင်နောက်ကျသွားပြီလို့တော့ မပြောလေနဲ့ အချစ်ရယ် "
ပိုင်ရှင်မရှိတဲ့ Green Tea ဘူးလေးကတော့ ကြမ်းပြင်ပေါ် ညှိုးငယ်စွာ လှဲလျောင်း ကျန်ရစ်ခဲ့ရသည်။
ဆော့ဂျင် မောင့် အရိပ်ကိုတွေ့လိုက်တယ်။မောင် မြင်သွားလားမသိ။
ဂျင်ဝူးကို တွန်းထုတ်ကာ ဆော့ဂျင် ပြေးထွက်လာလိုက်သည်။
ဘဝက ဒရမ်မာဆန်လွန်းတယ်ဆိုတာကို ယုံရမလိုလိုပင်။
မောင့်ရဲ့ ခါးနောက်ကျောကို ဆော့ဂျင် ပွေ့ဖက်တော့ မောင်က ပြန်ဖြုတ်ချသည်။
" မောင် နောက်ကျသွားတာလား တိမ်ငယ် "
" အာညီး မောင် အထင်လွဲတာ "
" မောင် ယုံပါရစေ "
မောင်သည် သူ့ဘက်ကို ဖြေးညှင်းစွာလှည့်ရင်း ပြောသည်။
" မောင့်ကို ချစ်လွန်းလို့ လိမ်ညာခဲ့တာပဲရှိတယ် မောင် "
" အင်း မောင်သိတယ် "
သူ့ကို ပွေ့ဖက်တဲ့မောင်။ မောင်ရဲ့ ရင်ခွင်နွေးနွေးက သူ့ရဲ့ကျရှုံးရာတစ်ခုဖြစ်သည်။ အရင်ကရော အခုရော။
" တိမ်ငယ် မောင်ကို ခွင့်လွှတ်ပေးမယ်မလား "
"အင်းတစ်ခုတော့ရှိတယ် "
" ပြောလေ တိမ်ငယ် "
သူဆံပင်တွေကို သပ်တင်ပေးရင်းပြောတဲ့မောင်က နွေးထွေးလွန်းသည်။
" ကျွန်တော် Nature ဆိုတဲ့ မောင့်ကိုပဲချစ်နိုင်မယ် ကင်မ်နမ်ဂျွန်းလို ဟိတ်ဟန်များတဲ့သူကို ကျွန်တော်သဘောမကျဘူး ကျွန်တော့်အတွက်တော့ Nature အနေနဲ့ပဲနေပေးပါ "
" မောင်က အမြဲတမ်းအတွက် မင်းရဲ့ Nature ပါပဲ တိမ်ငယ်ရယ် "
" ကျွန်တော့်ကိုလဲ ခွင့်လွှတ်ပေးနော် ရှေ့လျောက် မောင့်ကိုပဲ ကြည့်ရင်းနေသွားမယ် ကတိ "
လက်သန်းလေးထောင်ကာ ပြောလာတဲ့ နှောင်ကြိုးငယ်ကို ပွေ့ဖက်ကာ အနမ်းနုနုတို့ ဖန်တီးမိတယ်။နူးညံ့နေရောပဲ အချစ်ရယ်။
ဇာတ်သိမ်းကောင်းတဲ့ပုံပြင်တွေကို မင်းရောငါရောသဘောကျတယ်။
သို့ပေသိ ဘဝဆိုတဲ့ ပုံပြင်မှာ
ဇာတ်သိမ်းဆိုတာရှိလို့လား အချစ်ရယ်။
............
ပုံမှန်ဆို ဒါက ဇာတ်သိမ်းပေါ့နော် ဒါပေမဲ့ ဇာတ်လမ်းဆက်လို့ရမယ့် ဇာတ်ကောင်တစ်ခုရှိနေတာမို့ သူနဲ့ ရှေ့ဆက်ပါမယ်။ဇာတ်ကောင်ကနှစ်ယောက်ပါတကယ်တော့။
တစ်ယောက်က ဗီလိန် ။တစ်ယောက်ကတော့ ယူတို့သိပ်ချစ်ကြမှာပါ။
ဘယ်သူတွေလဲခန့်မှန်းကြည့်ကြ ပါပြီးသားဇာတ်ကောင်တွေပဲ။
...............
Zawgyi
" ဂ်င္ဝူးေရ ကြၽန္ေတာ့္ကို ဒီေနရာေလးျပင္ေပးပါဦး သိပ္သေဘာမေတြ႕လို႔ "
" ဘယ္ေနရာလဲ ေဆာ့ဂ်င္ "
" ေမာင္က ရိုမီယိုလို အသက္မစြန့္နိုင္ေပမဲ့ ဒႆလိုေတာ့ မရႈံးခ်င္ဘူးဆိုတာေလ "
ေဆာ့ဂ်င္, ဂ်င္ဝူးေရွ႕ ေရးလက္စ ဇာတ္ၫႊန္းစာ႐ြက္ေလး ထိုးေပးလိုက္သည္။
" ဘယ္နားအဆင္မေျပလို႔လဲေဆာ့ဂ်င္ "
" ဒႆ ရႈံးတယ္ဆိုတဲ့ေနရာေလ ဒႆက မရႈံးပါဘူး ဂ်င္ဝူးရဲ႕ လူေတြက အေတြးလြဲေနၾကတာ "
" ဟမ္ ဘာလို႔ "
ဂ်င္ဝူး စားပြဲခုံေပၚ ေမးေထာက္ရင္း အလွေလးကို ေမာ့ၾကည့္လိုက္သည္။
" ဂ်င္ဝူး စဥ္းစားၾကည့္ဗ်ာ ဒႆက သီတာ့ကို ခ်စ္နိုင္သေလာက္ခ်စ္ေပးခဲ့တယ္ေလ သူ႕ရဲ႕ဆႏၵက သီတာ့ကို ခ်စ္ဖို႔ပဲ အဲ့ေတာ့ သူမရႈံးဘူး ဂ်င္ဝူး
တကယ္ရႈံးသြားတာ သီတာ "
ေဆာ့ဂ်င္ရဲ႕ ဒႆရွင္းခန္းကို ဌာနတစ္ခုလုံး စိတ္ဝင္စားကာ အနားဝိုင္းလာၾကသည္။
ရွင္းျပခ်င္ေဇာေလာေနတဲ့ ေဆာ့ဂ်င္ကေတာ့ ႏႈတ္ခမ္းဖူးဖူးေလး စူထြက္လ်က္ရွိသည္ကို သတိမထားမိ။
" ဆိုစမ္းပါဦး ပညာရွိေလးရဲ႕ သီတာက ဘာလို႔ရႈံးရတာတုန္း "
စီနီယာတစ္ေယာက္က စိတ္ပါဝင္စားစြာ ေဆာ့ဂ်င္စကားကို ေထာက္ေပးသည္။
" ဒီလိုေလ သီတာက ရာမေနာက္လိုက္သြားေပမဲ့ ရာမက သီတာ့ကို ယုံမွမယုံၾကည္ဘဲ ခ်စ္တယ္လို႔လဲမဆိုနိုင္ေလာက္ဘူးေလ ဟုတ္တယ္မလား
သိပ္ခ်စ္ေပးတဲ့ လူရဲ႕ ရင္ခြင္ကို ေျခစုံကန္ၿပီး ကိုယ့္ကိုမယုံတဲ့လူဆီ ဘဝ ကိုပုံအပ္မိတဲ့ သီတာကမွ အရႈံးႀကီးရႈံးတာေပါ့ဗ် "
ေဆာ့ဂ်င္ စကားဆုံးေတာ့ ဂ်င္ဝူးမ်က္ႏွာၿပဳံးသြားသည္။ကိုယ္မင္းရဲ႕ ဇာတ္လမ္းမွာ ဒႆ ျဖစ္လို႔ရမလား ကေလးငယ္။
" ေဆာ့ဂ်င္ေျပာမွ စဥ္းစားမိတယ္ ကိုယ္ဇာတ္လမ္းကို ျပန္ျပင္လိုက္ပါ့မယ္ "
" ဟုတ္ကဲ့ ဂ်င္ဝူး "
ေဆာ့ဂ်င္ေျပာၿပီး ပါးစပ္ေျခာက္လာတာမို႔ အလုပ္ခန္းထဲကထြက္လာလိုက္သည္။
" တိမ္ငယ္ "
" ဟင္ ေမာင္ အာညီး သူေဌး "
ေမာင္သည္ ရီပဲရီေနကာ ဘာမွျပန္မေျပာ။
" အ႐ူးေလး "
သူ႕ႏွဖူးကို တစ္ခ်က္နမ္းရင္း ေမာင္က ထြက္ခြာသြားသည္။သူ႕မွာသာ ေရခြက္ႀကီးကိုင္လို႔ ငူငူႀကီးရပ္ေနမိတာ။
ခဏ.... ေဆာ့ဂ်င္ အခုမွ ေမာင့္ကို ေသခ်ာၾကည့္မိတယ္။
ေမာင္ဆံပင္သြားညွပ္လာတာလား။အရင္ကလို ေငြေရာင္ဆံႏြယ္ရွည္ေတြမဟုတ္ေတာ့ဘဲ အညိုေရာင္ဆံပင္တိုတိတိနဲ႕။
ေမာင္က ဒီလိုပုံစံနဲ႕လည္း လိုက္ဖက္ေနေရာပဲ။
...............
နမ္ဂြၽန္းစိတ္ေတြျမဴးႂကြေနသည္။
အား တိမ္ငယ္ရာ ေမာင့္အတြက္ပဲ ေတြးေပးေနခဲ့တာလား။
ခ်စ္ရမွာေတာင္ရွိန္တယ္ ခ်စ္သည္းရယ္။ဘယ္လိုလုပ္မလဲ။ မင္းနဲ႕အခ်စ္ျခင္းၿပိဳင္ရင္ ေမာင္ ရႈံးေတာ့မွာပဲ။
" ထူးထူးျခားျခား ေပ်ာ္စရာကိစၥမ်ားရွိလို႔လား သူေဌး "
" ေသခ်ာေပါက္ရွိတာေပါ့ ကြၽန္ေတာ့္ခ်စ္သူကေလ ကြၽန္ေတာ့္အတြက္ေတြးၿပီး ကြၽန္ေတာ့္ကို စြန့္လႊတ္ခဲ့တာသိလား "
" ဒါနဲ႕ သူေဌး ကင္မ္ေဆာ့ဂ်င္ဆိုတဲ့ တစ္ေယာက္ကို အခြင့္အေရးေပးလြန္းတယ္ေနာ္ ႐ုံးဆင္းခ်ိန္ကလည္း သူမ်ားေတြထက္ေစာတယ္။လစာကလည္း ႏွစ္ဆ။ "
" ကြၽန္ေတာ္က ဒီ ent ပိုင္ရွင္ပါ ကြၽန္ေတာ့္ဘာသာ ဘာလုပ္လုပ္ေပါ့ "
သူေဌးျဖစ္ရတာ တစ္ခုေတာ့ေကာင္းတယ္။စကားတစ္ခြန္းနဲ႕သူမ်ားပါးစပ္ကို ပိတ္သြားေအာင္ စြမ္းေဆာင္နိုင္တယ္။မိုက္တယ္ ရွယ္ပဲ။
ဆုံလည္ကုလားထိုင္ေပၚ နမ္ဂြၽန္း ေခါင္းလွန္ခ်လိဳက္သည္။
မေန႕ကမွ သူသိခဲ့တာ။ တိမ္ငယ့္သူ႕ကို လမ္းခြဲခဲ့တဲ့အေၾကာင္း။
............
မေန႕က နမ္ဂြၽန္း တိမ္ငယ့္ကို တိုက္ခန္းဆီ ျပန္ပို႔ေပးၿပီးေတာ့ တစ္လမ္းလုံးေသာက္လာတဲ့ Green Tea က အစြမ္းေတြရွယ္ျပလာသည္။
ထိန္းမရတဲ့ ေအာက္ပိုင္းရဲ႕ ဆႏၵအခ်ိဳ႕ေၾကာင့္ တိမ္ငယ့္ဆီသာ အကူအညီေတာင္းမွျဖစ္လိမ့္မည္။
တိမ္ငယ့္ အခန္းတံခါးကို တစ္ဒုန္းဒုန္းထုရင္း သူ႕မွာ ခုန္ဆြ ခုန္ဆြ။
" ဘာကိစၥလဲ သူေဌး "
" ေနာက္မွ သူေဌး အခုေတာ့ နည္းနည္း ဖယ္ဦး ရႈရႈးဖလားဝါးခ်င္ေနၿပီ ေအာင့္လို႔မရေတာ့ဘူး "
ရည္းစားေဟာင္းေရွ႕ ခုန္ဆြ ခုန္ဆြလုပ္ရတာ image က်မွန္းသိေပမဲ့လည္း မတတ္နိုင္။ မဟုတ္ရင္ ဒီေနရာမွာတင္ ထြက္က်သြားနိုင္သည္။
" ေသးေပါက္ခ်င္တာမ်ား ေသမလိုလုပ္ေနတယ္ ႂကြႂကြ အထဲကို "
ငါ့ကို မခြဲနိုင္လို႔ ျပန္လာေတြ႕တယ္ထင္ေနတာေလ ကင္မ္နမ္ဂြၽန္းရဲ႕။
ရည္းစားေဟာင္းေကာင္နဲ႕မွ ငါလဲ ေစာက္က်ိဳးေတြကိုနည္းလို႔။
အရင္တုန္းက ရိုမန့္တစ္ဆန္ခဲ့တာေတြေတာင္ ျပန္ေတြးၾကည့္ရင္ ေအာ့ႏွလုံးနာခ်င္လာတယ္။
................
ေအာက္ပိုင္းဆႏၵကို ဖြင့္ထုတ္လိုက္ေတာ့ ေပါ့ပါးသြားတဲ့ ခံစားခ်က္နဲ႕အတူ အိမ္သာအျပင္ကို ျပန္ထြက္လာေတာ့ နမ္ဂြၽန္း စိတ္ကိုဖမ္းစားသြားတဲ့ စာအုပ္ေလးတစ္အုပ္။
အညိုေရာင္သားေရဖုံးစာအုပ္ေလးက ေသခ်ာေပါက္ တိမ္ငယ့္ရဲ႕ ဒိုင္ယာရီေလးျဖစ္လိမ့္မည္။
" ေမာင္သိခ်င္တဲ့ အေၾကာင္းေတြ အဲ့စာအုပ္ထဲရွိေနပါေစလို႔ ေမာင္ဆုေတာင္းပါတယ္ "
နမ္ဂြၽန္း တိမ္ငယ္ မျမင္ခင္ စာအုပ္ကို ေကာက္ၿပီး ခါးၾကားညွပ္ကာ အက်ီနဲ႕ ဖုံးလိုက္သည္။
အေပၚက ကုတ္အနက္နဲ႕ပါ ထပ္ဖုံးလိုက္ေတာ့ လုံးဝ perfect ။ စာအုပ္ခိုးတာ လူမသိေတာ့ဘူး။
ကင္မ္နမ္ဂြၽန္းတဲ့ တစ္ဂြၽန္းပဲရွိတယ္ ။ႏွစ္ဂြၽန္းရွိရင္ mint choco နဲ႕ေရာၿပီး
စၾကဝဠာအျပင္ဘက္ကန္ထုတ္ပစ္မယ္။
" ဟိုအကိုႀကီး ဘာေတြခိုးေနတာလဲ "
ငါ.....ဒီ.....ေဖ.....ေစာက္ကေလး။
ထုတ္ဆဲမိေတာ့မယ့္စိတ္ကို နမ္ဂြၽန္းအျမန္ၿမိဳသိပ္ရသည္။
ဘာလို႔ဆို အေရွ႕မွာ ခါးႀကီးေထာက္ၿပီးၾကည့္ေနတဲ့ ရည္းစားေဟာင္းရွိတယ္။
အေနအထိုင္ဆင္ျခင္မွျဖစ္မွာ။
" ဘာမွမဟုတ္ဘူး ငါ့ကားေသာ့ ငါယူတာ သြားၿပီ တကယ္ပါပဲ "
ကင္မ္နမ္ဂြၽန္း မဲေမွာင္ေနတဲ့ မ်က္ႏွာႀကီးကို အတတ္နိုင္ဆုံး တည္ၿပီး အိမ္ထဲက ေျပးထြက္ရသည္။
မဟုတ္ရင္ စာအုပ္ခိုးတာလူမိေတာ့မယ္။ အား ဒီတစ္ညေနထဲ image က ရွယ္ကိုက်တာေဟး။
ဘာပဲျဖစ္ျဖစ္ပါ ဒိုင္ယာရီကို ရေအာင္ခိုးလာနိုင္တယ္။ကင္မ္နမ္ဂြၽန္းက သိပ္ေတာ္တာေလ။သိတယ္မလား။
ဒိုင္ယာရီစာအုပ္ေလးကို ဖြင့္ၾကည့္မိေတာ့ ထင္ထားတဲ့အတိုင္း။
တိမ္ငယ့္ကို ပိုက္ဆံေၾကာင့္သူ႕ကို လမ္းခြဲခဲ့တာမဟုတ္ဘဲ လူေတြေၾကာင့္ လမ္းခြဲေပးခဲ့တာ။
အထင္လြဲခဲ့တာေတြအတြက္ မင္းစိတ္ေက်နပ္တဲ့အထိ ေမာင့္ကို ေတာင္းပန္ခြင့္ျပဳပါ တိမ္ငယ္။
ေမာင္ထြက္သြားေတာ့ ေဆာ့ဂ်င္ ဟက္ဟက္ပက္ပက္ရီေမာသည္။
စာအုပ္ကို ေမာင္ဖြက္ၿပီးယူသြားတာ သူမသိပဲေနပါ့မလား။
အကယ္၍ အဲ့စာအုပ္ေလးေၾကာင့္ ေမာင္ သူ႕အေပၚ စိတ္ျပန္လည္လာမယ္ဆို
သူ႕ဘက္က ေမာင့္အတြက္ လက္ေတြကိုကမ္းလင့္ေပးဖို႔ ဝန္မေလးေတာ့။
ေျပာင္းလဲသြားတဲ့ ကင္မ္ေဆာ့ဂ်င္က ေမာင့္မ်က္ႏွာကိုပဲ ၾကည့္ရင္းေနသြားမယ့္သူမဟုတ္လား။
..................
နမ္ဂြၽန္း တက္ႂကြေနသည္။အရင္ကဟာေတြကိုေမ့ျပစ္ခဲ့ၿပီး သူတိမ္ငယ့္ကို ျပန္လည္ေပြ႕ဖက္မည္။
တိမ္ငယ္ေက်နပ္သည္ထိ ေတာင္းပန္ၿပီးေတာ့ပဲျဖစ္ျဖစ္။
" ေဆာ့ဂ်င္ ကြၽန္ေတာ္ ေျပာစရာရွိလို႔ "
" အင္း ေျပာေလ ဂ်င္ဝူး "
" ကြၽန္ေတာ္တို႔ တြဲရေအာင္လားဟင္ "
ေဆာ့ဂ်င္ ဂ်င္ဝူးကို ဘယ္လိုတုံ႕ျပန္ရမွန္းမသိခင္မွာတင္ ဂ်င္ဝူးက သူ႕ႏႉတ္ခမ္းပါးေတြကို စုတ္ယူသည္။
႐ုတ္တရက္မို႔ ေဆာ့ဂ်င္ ေၾကာင္အေနခဲ့သည္။
" ေမာင္ေနာက္က်သြားၿပီလို႔ေတာ့ မေျပာေလနဲ႕ အခ်စ္ရယ္ "
ပိုင္ရွင္မရွိတဲ့ Green Tea ဘူးေလးကေတာ့ ၾကမ္းျပင္ေပၚ ညွိုးငယ္စြာ လွဲေလ်ာင္း က်န္ရစ္ခဲ့ရသည္။
ေဆာ့ဂ်င္ ေမာင့္ အရိပ္ကိုေတြ႕လိုက္တယ္။ေမာင္ ျမင္သြားလားမသိ။
ဂ်င္ဝူးကို တြန္းထုတ္ကာ ေဆာ့ဂ်င္ ေျပးထြက္လာလိုက္သည္။
ဘဝက ဒရမ္မာဆန္လြန္းတယ္ဆိုတာကို ယုံရမလိုလိုပင္။
ေမာင့္ရဲ႕ ခါးေနာက္ေက်ာကို ေဆာ့ဂ်င္ ေပြ႕ဖက္ေတာ့ ေမာင္က ျပန္ျဖဳတ္ခ်သည္။
" ေမာင္ ေနာက္က်သြားတာလား တိမ္ငယ္ "
" အာညီး ေမာင္ အထင္လြဲတာ "
" ေမာင္ ယုံပါရေစ "
ေမာင္သည္ သူ႕ဘက္ကို ေျဖးညွင္းစြာလွည့္ရင္း ေျပာသည္။
" ေမာင့္ကို ခ်စ္လြန္းလို႔ လိမ္ညာခဲ့တာပဲရွိတယ္ ေမာင္ "
" အင္း ေမာင္သိတယ္ "
သူ႕ကို ေပြ႕ဖက္တဲ့ေမာင္။ ေမာင္ရဲ႕ ရင္ခြင္ႏြေးႏြေးက သူ႕ရဲ႕က်ရႈံးရာတစ္ခုျဖစ္သည္။ အရင္ကေရာ အခုေရာ။
" တိမ္ငယ္ ေမာင္ကို ခြင့္လႊတ္ေပးမယ္မလား "
"အင္းတစ္ခုေတာ့ရွိတယ္ "
" ေျပာေလ တိမ္ငယ္ "
သူဆံပင္ေတြကို သပ္တင္ေပးရင္းေျပာတဲ့ေမာင္က ႏြေးေထြးလြန္းသည္။
" ကြၽန္ေတာ္ Nature ဆိုတဲ့ ေမာင့္ကိုပဲခ်စ္နိုင္မယ္ ကင္မ္နမ္ဂြၽန္းလို ဟိတ္ဟန္မ်ားတဲ့သူကို ကြၽန္ေတာ္သေဘာမက်ဘဴး ကြၽန္ေတာ့္အတြက္ေတာ့ Nature အေနနဲ႕ပဲေနေပးပါ "
" ေမာင္က အၿမဲတမ္းအတြက္ မင္းရဲ႕ Nature ပါပဲ တိမ္ငယ္ရယ္ "
" ကြၽန္ေတာ့္ကိုလဲ ခြင့္လႊတ္ေပးေနာ္ ေရွ႕ေလ်ာက္ ေမာင့္ကိုပဲ ၾကည့္ရင္းေနသြားမယ္ ကတိ "
လက္သန္းေလးေထာင္ကာ ေျပာလာတဲ့ ႏွောင္ႀကိဳးငယ္ကို ေပြ႕ဖက္ကာ အနမ္းႏုႏုတို႔ ဖန္တီးမိတယ္။ႏူးညံ့ေနေရာပဲ အခ်စ္ရယ္။
ဇာတ္သိမ္းေကာင္းတဲ့ပုံျပင္ေတြကို မင္းေရာငါေရာသေဘာက်တယ္။
သို႔ေပသိ ဘဝဆိုတဲ့ ပုံျပင္မွာ
ဇာတ္သိမ္းဆိုတာရွိလို႔လား အခ်စ္ရယ္။
............
ပုံမွန္ဆို ဒါက ဇာတ္သိမ္းေပါ့ေနာ္ ဒါေပမဲ့ ဇာတ္လမ္းဆက္လို႔ရမယ့္ ဇာတ္ေကာင္တစ္ခုရွိေနတာမို႔ သူနဲ႕ ေရွ႕ဆက္ပါမယ္။ဇာတ္ေကာင္ကႏွစ္ေယာက္ပါတကယ္ေတာ့။
တစ္ေယာက္က ဗီလိန္ ။တစ္ေယာက္ကေတာ့ ယူတို႔သိပ္ခ်စ္ၾကမွာပါ။
ဘယ္သူေတြလဲခန့္မွန္းၾကည့္ၾက ပါၿပီးသားဇာတ္ေကာင္ေတြပဲ။
...............