You had me at hello

By Paing1001

281K 10.1K 302

လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကို... More

Greeting
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70(final)
About Extra
Extra 1
Extra 2
Extra 3
Extra 4 🚨
Extra 5
Extra 6
Extra 7(the end)

Part 43

2.6K 124 8
By Paing1001

Uni

"မမလေး"

"အင်း နှင်းရည် ပြော"

"အောက်မှာ ဧည့်သည် ရောက်နေတယ်"

"ခွန်း သိတယ် လာပြီ"

"ဟုတ်"

"နှင်းရည်"

"ရှင်"

"ခွန်း ဒီဝတ်စုံနဲ့ ကြည့်ကောင်းရဲ့လားဟင်
အရောင်ကရော ကောင်းရဲ့လား"

"လှပါတယ် မမလေးရဲ့
မမလေး မြန်မာဝတ်စုံဝတ်တာ တစ်ခါမှ မမြင်ဖူးဘူး
အခုလို မြန်မာဝတ်စုံလေးနဲ့ ကျတော့လည်း လှတာပဲ"

"ဟုတ်ရဲ့လား
ခန္ဓာကိုယ် မရှိသလို ပိန်နေတာမျိုး ဖြစ်နေလားဟင်"

"မဖြစ်ပါဘူး မမလေးရဲ့
အဆီအပိုမရှိပဲ ချပ်ကပ်ပြီး ပိန်ပိန်ပါးပါး ပုံစံမျိုးလေးပါ
မမလေးက ခန္ဓာကိုယ် အချိုးအစား လှပါတယ်"

"ဆံပင်ကရောဟင်
ဒီလို တစ်ဝက်စည်းထားတာနဲ့ ကောင်းရဲ့လား
အကုန် စည်းရမလား
ဖာလျားချထားသလိုကြီး ဖြစ်နေလား"

"တစ်ဝက်စည်းထားတာပဲ ကောင်းပါတယ် မမလေးရဲ့
ယဥ်လည်း ယဥ်တယ်
လှလည်း လှတယ်"

"ဟုတ်လား"

"ဒါနဲ့ မမလေးက ဘာလို့ သနပ်ခါးလိမ်းထားတာလဲဟင်"

"သနပ်ခါးနဲ့ မလှလို့လား"

"မဟုတ်ပါဘူး မမလေးရဲ့ လှပါတယ်
တကယ့်ကို ဗမာမလေးပဲ
နှင်းရည်က သိချင်လို့ပါ"

"ဒါကတော့ လျှို့ဝှက်ချက်"

"ဟီး ဟီး
နှင်းရည်တော့ မမလေးအစားရင်တောင်ခုန်တယ်"

"ဒီကလေးမတော့

အော် ဖိနပ်
အနက်ရောင် ဖိနပ်လေး ထုတ်ထားပေးနော်"

"ဟုတ်ကဲ့ မမလေး"

ရင်ခုန်လိုက်တာ
ဘာလို့ ဒီလောက်ထိ ရင်ခုန်နေပါလိမ့်

အမုန်ဆုံး အလုပ်ကို ပြောပါဆိုလျှင် စောင့်ရသည့်အလုပ်
ဘယ်သူ့ကိုမှ မစောင့်နိုင်သလို ကိုယ့်ကလည်း ဘယ်သူကိုမှ စောင့်ရအောင် မလုပ်ခဲ့
စောင့်တယ်ဆိုတာ ခန့်ညားထည်ဝါ အမုန်းဆုံး အလုပ်ပင်

သို့ပေမယ့် ချစ်ရသူကို စောင့်ရတာ ဒီလောက်ထိ ကြည့်နူးဖို့ ကောင်းလိမ့်မယ်လို့ လုံးဝ မသိခဲ့
မနက်ကတည်းက ပါးစပ်စိမရတော့တာ အခုထိပင်
ညတုန်းက အိမ်မက်ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးရှိပေမယ့်
မနက်လင်းတော့ အမှန်တကယ်ဆိုတာ သိလိုက်ရချိန်
ခန့်ညားထည်ဝါ ပါးစပ်ပင် စိမရတော့
အကြောင်းပြချက်မဲ့စွာ ပြုံးနေတာပင်

ခဏ အကြာတွင် သူမဆင်းလာသည်။

အဖြူရောင် အခံပေါ်တွင် အနီရောင် အပွင့်အခက် အဖူးလေးများပါသော လုံချည်ကို အနီရောင် အင်္ကျီနှင့် တွဲဖက် ဝတ်ဆင်ထားသည်။
ရိုးရိုး ရင်ဖုံးအင်္ကျီလက်ထောက်ကို ပန်ကြယ်သီး အဖြူရောင် လေးတွေနှင့်ပင်

ရှည်လျားသော ဆံနွယ်တွေကို တစ်ဝက်စည်းကာ အောက်သို့ ဖားလျားချထားသည်။
ဖြူဖွေးသော ပါးမို့မို့လေးပေါ်မှာ မထင်မရှား သနပ်ခါး ပါးကွက်လေးနှင့်
နန်းစံတယ်ဆိုတာ ဒီလိုအလှမျိုးလား

"လှလိုက်တာ ခွန်းရယ်"

ပြောလိုက်တော့ နားရွက်ဖျားလေးတွေ ရဲတက်လာကာ ခေါင်းငုံ့သွားသည့် အမျိုးသမီးလေး
သိပ်လည်း လှရက်သလို သိပ်လည်း ရှက်တတ်ပါသည်

"ခွန်း ကိုယ်တို့ သွားရအောင်"

"အင်း"

အဖြူရောင် ရှပ်အင်္ကျီ လက်ရှည်ကို နီညိုရောင် အကွက်စိတ်စိတ် ပုဆိုးထဲ ထည့်ဝတ်ထားသည့် သူ့ပုံစံဟာ သိပ်ကိုလူကြီးလူကောင်းဆန်သလို ချောမောလှသည်။

သူရဲ့ လက်တစ်ဖက်က စီတီယာတိုင်ကိုင်ထားလျက် ကျန်လက်တစ်ဖက်က ခွန်းလက်ကို ထပ်တူကျစွာ ဆုပ်ကိုင်ထားသည်။

တကယ်တော့ ခွန်း သိပ်ကို ရင်တွေ ခုန်နေသည်။
ဘာကြောင့်မှန်း ခွန်းကိုယ်တိုင်လဲ သေချာ မသိ။
သေချာသည်မှာတော့ အလိုလိုနေရင်း ပြုံးနေမည့် ခွန်းနှုတ်ခမ်းနှင့် ရဲတက်နေသော နားရွက်ဖျားတွေပင် ဖြစ်မည်။

"ခွန်း"

"ရှင်"

"ခွန်း ဒီနေ့ ဘာလို့ သနပ်ခါးလိမ်းလာတာလဲ"

"ခန့်ညားထည်ဝါပဲ မနေ့က လိမ်းထားတဲ့ သနပ်ခါး မွှေးလားမမွှေးလား သိချင်တယ်ဆို"

"ဟင်"

"ဟုတ်တယ်လေ
မနေ့တုန်းက ငိုထားတော့ သနပ်ခါးတွေ ပျက်နေလို့ ဒီနေ့လူးလာတာ"

"တကယ်"

"အင်း ကျွန်မလိမ်းကြည့်တာတော့ တကယ်ကို မွှေးတယ်"

"ဒါဆို ကိုယ်လည်း သိရအောင် မွှေးကြည့်ရမှာပေါ့နော်"

"ဒါပေါ့"

"အခုလား"

"ဟာ အေးဆေးပေါ့ ခဏနေပါဦး"

"အင်းပါ"

"ခန့်ညားထည်ဝါကြီး ဘာလို့ ပြုံးစိစိ ဖြစ်နေတာလဲ"

"ဟမ် မဟုတ်ပါဘူး
ဒီတိုင်း ပြုံးမိနေတာ"

"ခန့်ညားထည်ဝါကြီးနော်"

"အော် ကိုယ်ပြောရဦးမယ်"

"ဟင်"

"ကိုယ့်ကို ခန်ညားထည်ဝါလို့ မခေါ်ပါနဲ့
နောက်ပြီး ကိုယ့်ကိုကိုယ် ကျွန်မလို့ နာမ်စားမသုံးပါနဲ့
စိမ်းကားသလို ခံစားရတယ်"

"ဟုတ်ပါပြီ
ခန့်ညားထည်ဝါကြီး သဘောတော်အတိုင်းပဲ ဖြစ်စေရမယ်"

"ကြည့် ဒီကောင်မလေးကတော့"

အသဲယားအောင် လာလုပ်နေပြန်ပြီ။

"ဟီးဟီး"

"ရောက်ပြီ ခဏ ကိုယ်ဖွင့်ပေးမယ်"

"ရပါတယ်"

"ခွန်းက ကိုယ်တို့ရဲ့ ပထမဆုံး date မှာ ဘုရားကို ရွေးတယ်ပေါ့"

"အင်း
ဒီဘဝမှာ ဘုရားအတူတူဖူးရင် နောက်ဘဝမှာ ရေစက်ဆုံတယ်တဲ့"

"ကိုယ်နဲ့ နောင်ဘဝမှာလည်း ဆုံချင်တယ်ပေါ့"

"အင်း"

နောင်ဘဝဆိုတာ တကယ်သာ ရှိရင် ဘဝဆက်တိုင်း ဆုံချင်ပါရဲ့

"ခွန်း ဓာတ်လှေကားကပဲ တက်မယ်မလား"

"ဟင့်အင်း စောင်းတန်းက တက်မှာ"

"ခွန်း ညောင်းနေမှာပေါ့"

"မညောင်းပါဘူး
ခွန်းတို့ ပထမဆုံး ဘုရားပွဲတော်လည်ဖူးတုန်းကလည်း စောင်းတန်းကပဲ တက်တာပဲကို"

"အဲ့တာက စွယ်တော်နှစ်ဆိုတော့ ဓာတ်လှေကားက လူတွေပြည့်နေတာကို ခွန်းရဲ့"

"ဟင့်အင်း စောင်းတန်းကပဲ တက်မယ်နော်"

"လှေကားထစ်က နှစ်ရာတောင် ကျော်တာနော်"

"ချစ်ရသူနဲ့ ဆိုရင် နှစ်ရာကျော်မကလို့ နှစ်သောင်းကျော်ဆိုရင်တောင် မမောပါဘူးတဲ့ရှင်"

"တကယ် အာ ဘယ်ရောက်သွားတာလဲ"

ပြောချင်ရာ ပြောပြီး ထွက်ပြေးသွားသည့်ကောင်မလေး
လူကို အူယားအောင် လုပ်နိုင်တဲ့ နေရာမှာ နှစ်ယောက်မရှိ

ဘေးက စျေးသည်တွေဆီမှာ ဘုရားပန်း ဝယ်နေတာပင်

"ကိုယ့်ကို ပေးလေ ခွန်း ကိုယ်ကိုင်မယ်"

"အကုန်ယူလိုက်တော့ ခွန်းက ဘာကိုင်ရမှာလဲ"

"ကိုယ့်လက်ကို ကိုင်ပေါ့ ကိုယ့်မင်းသမီးလေးရဲ့"

"ခွန်းက မင်းသမီးဖြစ်ချင်တာ မဟုတ်ပါဘူးနော်
ဘုရင်မပဲ ဖြစ်ချင်တာ"

"ဟုတ်ပါပြီဗျာ
အခုတော့ ကိုယ့်ရဲ့ မင်းသမီးလေးပဲ လုပ်ပေးပါနော်"

"ကောင်းပြီလေ သနားလို့ အလျော့ပေးလိုက်မယ်"

ရွှေဆံတော် ဘုရားကို မရောက်ဖြစ်တာ အတော်ပင် ကြာပြီ
သူမနဲ့ နောက်ဆုံးလည်ခဲ့ဖူးတဲ့ နှစ်ကစ မရောက်ဖြစ်တော့
ဆယ်နှစ်ကျော်မှ ပထမဆုံး အချိန်ပြန်ရောက်ခြင်းပင်

ပျော်စရာအတိတ်တွေမှ နာကျင်စရာတွေ ကူးပြောင်းခဲ့သော နေရာသို့ ထပ်မလာချင်ခဲ့
အခုတော့ ပြန်လာလိုလျှင်တောင် အမှတ်တရတွေချည်းပင်

"ခွန်း"

"ရှင်"

"ကိုယ် ဒီနေရာကို မလာဖြစ်တာ ဆယ်နှစ်တောင် ကျော်ပြီ"

"တကယ်"

"အင်း ခွန်းနဲ့လည်ခဲ့တာ နောက်ဆုံးပဲ"

" ........ "

"ခွန်း ကိုယ်တို့ နှစ်တိုင်း ရွှေဆံတော် ဘုရားပွဲကို လာကြရအောင် နော်"

လိမ်ညာခြင်းသည် မကောင်းဘူးမလား
သို့ပေမယ့် တစ်ခါတစ်ရံ ချစ်ရသူ စိတ်ချမ်းသာအောင် လိမ်ရမည်ပင်
အဖြူရောင် မုသားတွေမလို့ ခွန်းကို ခွင့်လွှတ်ပါ

"အင်း လာကြတာပေါ့"

"နဝဒေး တံတားကိုလည်း ခဏခဏ လာရမယ်"

"ဟုတ်ကဲ့"

"နောက်ပြီးးးး ပန်းခြံ"

"မပါမဖြစ်"

"ရုပ်ရှင်ရုံရော"

"ဒါပေါ့"

"အားးးး
ကိုယ့်မင်းသမီးလေးကို အသဲယားလိုက်တာ"

"ဟင် ဘာမှလည်း မလုပ်ရပဲနဲ့"

"ကြည့်နေရင်းနဲ့ကို အသဲယားလာလို့
တကယ့်ကို ချစ်မဝလို့"

"ချစ်စ ကြိုက်စဆိုတော့ ဒီလိုပါပဲ
နောက်မှ ခွန်းမျက်နှာ ကြည့်ရတာ ငြီးငွေ့လာတယ် ဆိုလို့ကတော့ တွေ့မယ်"

"စိတ်မပူနဲ့ ခွန်း အဲ့တာတော့ ဘယ်တော့မှ ဖြစ်မှမဟုတ်ဘူး
ကိုယ်က ကြည့်ရတာကို မဝတာ"

မျက်စောင်းလှလှလေး တစ်ခု ချက်ချင်းပင် ကျရောက်လာသည်
ကိုယ်တော့ မင်းကိုချစ်လွန်းလို့ ရူးတော့မည်

တဖြည်းဖြည်းနဲ့ ခွန်းတို့တက်တာ အပေါ်ပင် ရောက်လာပြီ

"ခွန်း ကိုယ်တို့ တနင်္လာထောင့် သွားရအောင်"

"ခန့်ညားထည်ဝါ အာ sorry"

နာမည်ခေါ်နေကျမလို့ နာမည်သာ နှုတ်မှ ထွက်သွားသည်။

"အဲ့လိုကြီး မကြည့်ပါနဲ့"

"နောက်တစ်ခါ ကိုယ်နာမည် တစ်ခါခေါ်ရင် ကိုယ်တစ်ခါ အပြစ်ပေးမှာနော်"

"ဟာ
ဒီနေ့မှ ချစ်သူဖြစ်တာ ဒီနေ့ပဲ နှိပ်စက်ချင်နေပြီပေါ့"

"ကိုယ် နှိပ်စက်မယ်လို့ ပြောမိလို့လား"

"အဲ့ဒါဆို.....

ခန့်ညားထည်ဝါကြီးနော် ဘုရားပေါ်မှာ ဘာတွေလာလုပ်ပြနေမှန်း မသိဘူး"

"ဟာ ကိုယ်ဘာလုပ်လို့လဲ
ဟိတ် စောင့်ဦးလေ"

"ဟိတ်"

"ခွန်း ကိုယ့်ကိုကြည့်ဦးလေကွာ

ရော  ကြည့် ဘယ်လိုဖြစ်လို့ အဲ့လောက်ထိ ခေါင်းကြီးငုံ့ထားတာလဲ
ရင်ပြင်တော်နဲ့ မျက်နှာနဲ့ သွားဆောင့်နေမှဖြင့်"

"ခန့်ညားထည်ဝါကြီးနော်.....!!!"

"အာ စတာ စတာ
ကိုယ်က ချစ်လို့ စတာပါ

ရွှေစိတ်တော် မညှိုးလိုက်ပါနဲ့နော်"

ဘာမှပြန်မပြော
ထိုးအစား နောက်ထပ် မျက်စောင်းလှလှလေး တစ်ခုသာ

ဘုရားအာရုံပြုနေသော အမျိုးသမီးလေး မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိသည်
အေးချမ်းလွန်းလှသည်

ဘာတွေဆုတောင်းနေလဲ မသိပေမယ့်
ကိုယ်ဆုတောင်းကတော့ မင်းဆုတောင်းတွေ အကုန်ပြည့်ပါစေလို့

"ဒီမှာ ပန်း"

"အင်း ကိုယ်ကပ်လိုက်မယ်"

ဘုရားရင်ပြင်တော်ပေါ် အရိပ်ရသော နေရာတစ်ခုတွင် ထိုင်နေမိသည်။
အခုထိ သူမလေး ဘာမျှမပြော

"ခွန်း ဘာတွေတွေးနေတာလဲ"

"ဟိုနားမှာ သွားရပ်ပါလား"

"ဘာလို့"

"လုပ်ပါ"

"ဟုတ်ပါပြီကွာ"

"မောင်"

နားထဲမှ တိုးသသသာ ကြားရသော အသံလေး
သူမလေးက ထိုသို့ခေါ်သည်တဲ့လား
ရှေ့ဆက်မသွားမိ
သူမ ဘက်သို့သာ ချက်ချင်း ပြန်လှည့်လိုက်သည်

"ခွန်း ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်

ကိုယ့်ကို ကြည့်ပါဦး ခွန်းရဲ့
ကိုယ်ကို ကြည့်ပါဦး

တစ်ခေါက်လောက် တသ်ခေါက်လောက်ထပ်ခေါ်ပါဦး

ပြောပါကွာ ကိုယ်ကြားချင်လို့"

"ခွန်း ဗိုက်ဆာတယ်
စားသောက်ဆိုင်တစ်ခုခု သွားရအောင်....

"ခွန်းကလည်းကွာ"

"မောင်"

"ဘယ်လို ဘယ်လို"

"တော်ပြီ ခေါ်ရင် သေချာနားမထောင်ပဲ"

"ခွန်းက မထင်မှတ်ထားတဲ့ အချိန်မှာ ခေါ်ထားကိုကွ

ဟုတ်ပါပြီ မောင်တို့ ထမင်းသွားစားကြတာပေါ့ ဟုတ်ပြီလား"

"အင်း"

အလှမ်းမဝေးသည့် စားသောက်ဆိုင်တစ်ခုသို့ လာခဲ့ပါသည်။
သူမလေး နှစ်သက်သည့် ဟင်းပွဲတွေသာ အဓိကထား၍ မှာပေးထားသည်။

"တော်ပြီလား ခွန်း"

"အင်း တော်ပြီ ဒါတွေတောင် မနည်းကုန်အောင် စားရမှာ နောက်ပြီး.....

"ပြောလေ ခွန်း"

"ဟို...."

ပြောရခက်နေသည့် ပုံစံနှင့် နားအောက်ဘက် လည်ကုပ်ကို လက်ဖြင့် ပွတ်နေပြီ
ရှင်းလင်းသော လည်တိုင်အထက် ကျနေသော နားသွယ်မွေးလေးတွေကလည်း ချစ်ဖွယ်အတိ

ခန့်ညားထည်ဝါ သူမပြောမယ့်စကားကိုသာ အာရုံစိုက်လျက် နားထောင်နေလိုက်သည်

"မောင် စားချင်တာလည်း မှာဦးလေ"

ပြောပြီး ငုံ့ကျသွားသည့် မျက်နှာလေး

သေတော့မှာပဲ ငါသေတော့မှာပဲ
မင်းပြုစားမှုအောက်မှာ ကိုယ့်အသက်မျော့မျော့ပဲ ကျန်တော့တယ်

"မောင့်ခွန်းက မှာပေးလေ"

ရယ်နေသည့် မျက်နှာလေး
ချစ်ဖို့ ကောင်းလိုက်တာ

ခဏအကြာ သူမ သူ့အကြိုက်အစားမစာတွေကို မှာပေးသည်
ထမင်းဝိုင်းက အပြည့်ပင်

"အများကြီးပဲ"

"ကုန်အောင်စားရမှာနော် ခွန်း"

"ဟင်
ဒီဟာတွေသာ အကုန်စားရင် ခွန်းရင်ပြည့်သွားမှာပေါ့"

"အကုန်မဟုတ်ရင်တောင် အစားများများ စားရမယ်
နောက်ရက်က စပြီး ခွန်းကို သေချာ ဂရုတစိုက်ကျွေးရမယ်"

"ဘာလဲ ခွန်းကို ဝတုတ်ကြီးဖြစ်စေချင်လို့လား"

"မဟုတ်ရပါဘူးဗျာ"

"ဒါဆို ခွန်းကို ပိန်တယ်လို့ ပြောချင်တာလား"

"ကိုယ်ပြောတဲ့ အထဲမှာ အဲ့လို ပါသွားလို့လား"

"နောက်ကျ အစားများများကျွေးမယ်ဆိုတာ အဲ့လိုဆိုလိုတာပဲ မလား"

"ဖြစ်ရမယ် ခွန်းရယ်
ကိုယ်က ခွန်းအားရှိအောင်လို့ပါ"

"အခုက ပျော့တိပျော့ဖက် ပုံစံပေါက်နေလို့လား"

"ဟာ တော်ပြီ တော်ပြီ
ကိုယ်က ခွန်းကို အားရှိစေချင်တာ
ဘာဖြစ်လို့လဲ ဆိုတော့.....

ကိုယ်ချစ်တဲ့ ဒဏ်ကို ခံနိုင်အောင်လို့"

"ခန့်ညားထည်ဝါကြီးနော်"

"မိန့်တော်မူပါခင်ဗျ"

အောက်နှုတ်ခမ်းကို ကိုက်လျက် နောက်ထပ် မျက်စောင်းတစ်ခု ကျရောက်လာပြန်သည်။

အားးးးးးး
ဘေးနားမှာ လူတွေသာ မရှိလျှင် ဘာလုပ်မည်မယ်မသိ။

လမ်းတစ်လျှောက် တိုက်ခက်သော လေဟာ လန်းဆန်းမှုနှင့် တက်ကြွမှုကို ပေးစွမ်းလေသည်။

ဆုပ်ကိုင်ထားသော သူမလက်တစ်ဖက်ကို ဆွဲယူလျက် လက်ခုံထက်သို့ အနမ်းဖွဖွ ခြွေမိသည်။
သူမလေးက တစ်ချက်လှည့်ကြည့်သည်။
ထို့နောက် ပြုံးလျက် တစ်ဖက်သို့ လှည့်သွားသည်။

"ချစ်တယ်"

သူမလေး ခြေလှမ်းတွေ ရပ်တန့်လိုက်သည်။
သူမ တစ်လှမ်းခြင်း အနားသို့တိုးလားသည်။

ထို့နောက် ခြေဖျားထောက်လျက် တိုးညှင်းစွာ သူ့နားနားသို့ ကပ်၍

"ခွန်းလည်း မောင့်ကို ချစ်တယ်"

ပြုံးလျက်ပင် နောက်ပြန်ဆုတ်သွားသည်။
အလွတ်မပေးချင်တော့။

သူမလေး လက်ကိုဆွဲ၍ ရင်ခွင်အတွင်းသို့ ထည့်သွင်းကာ ထွေးပွေ့ထားမိသည်။
တစ်သက်လုံး ထိုအတိုင်းပင် ထွေးပွေ့ထားချင်သည်။

"မောင်"

"ဗျာ"

"ခွန်းတို့ ပြန်ရအောင်လေ"

"ပြန်ချင်ပြီလား"

"မမတို့ စောင့်နေမှာ စိုးလို့"

"ဟုတ်ပါပြီ
ကိုယ်က ခွန်းနဲ့ ခွဲချင်သေးတာ မဟုတ်ဘူး"

"နောက်ရက်လည်း တွေ့လို့ ရတာပဲကို"

"အချိန်တိုင်းတွေ့ချင်နေတာ ပါဆို"

"ခန့်ညားထည်ဝါကြီးတို့ကတော့ ပိုတော့မယ်"

"မောင်ပါ မော​င်လေ မောင်"

"အင်းပါ ဘယ်လိုဖြစ်နေတာလဲ
တမောင်မောင်နဲ့"

"ခေါ်တာလေး နားထောင်ချင်တာကို"

"ပိုပြီ"

"လိုတောင် လိုပါသေးတယ်"

"ဒါနဲ့ ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ"

"ခွန်းနေသလောက်ပေါ့"

"အလုပ်တွေကရော"

"သုတ တစ်ယောက်လုံး ရှိပါတယ် ခွန်းရဲ့"

"ကိုသုကတော့ ခွန်းကို မေတ္တာပို့နေတော့မယ်"

"ကိုယ့်ကောင်မလေးကို မေတ္တာပို့ရဲ ပို့ကြည့်ပါလား ကိုယ်နဲ့တွေ့မယ်"

"တော်ပါ
အရှေ့ကိုသာ ကြည့်မောင်း"

"ကိုယ်က လမ်းမတမ်းကြီးကို မကြည့်ချင်ဘူး ခွန်းမျက်နှာပဲ ကြည့်ချင်တာ"

"ခန့်ညားထည်ဝါကြီးနော် စကားတွေ အရမ်းတတ်နေတယ်"

ကားအတွင်းမှာတော့ ရယ်သံလေးတွေ ပျံ့လျက်

"ရောက်ပြီ ကျေးဇူးပါ
ခွန်း သွားတော့မယ်နော်"

"ခဏ ခဏ ခွန်း တစ်ခုခုများ မေ့နေသလားလို့"

"ဘာမေ့လို့လဲ"

"ခွန်းပြောတော့ သနပ်ခါး မွှေးလား မမွှေးလား ကိုယ်မွှေးကြည့်လို့ ရတယ်ဆို"

"အာ ဟုတ်သားပဲ မေ့တော့မလို့"

"ဘာတွေ ရှာနေတာလဲ ခွန်း"

"တွေ့ပြီ ဒီမှာ ရော့"

"ဒါကို ကိုယ်က ဘာလုပ်ရမှာလဲ"

"မွှေးကြည့်လေ
မမ မိတ်ဆွေတွေ လက်ဆောင်ပေးထားတဲ့
ဒီထိပ်က အပွေးလေးကို မွှေးကြည့်"

"ကိုယ်က သနပ်ခါးတုံးကို မွှေးကြည့်ရမယ်ပေါ့"

"အင်းလေ
သနပ်ခါးတုံး မမွှေးချင်လို့ ဘာကို မွှေးချင်လို့လဲ"

"ဒါဆို ခွန်းသွားတော့မယ်နော်"

"အင်းးးးး  ခွန်း"

"ဟင်"

"ချစ်တယ်"

နှုတ်ခမ်းလေး တွန့်ရုံများပြုံးလျက် ပြေးဝင်သွားသည့် ကောင်မလေး

နေပါဦး ငါက ဒီသနပ်ခါးတုံးနဲ့ ဘာလုပ်ရမှာလဲ
လိမ်းဖို့ ယူသွားရမှာလား
အေးလေ အချစ်ဆုံးက ပေးတဲ့ ပထမဆုံးလက်ဆောင်ဆိုတော့ အမှတ်တရ သိမ်းထားရမှာပေါ့

အော် ဘဝ ဘဝ.......

Paing
17.9.2021
9:27 PM

A/N-ခန့်ညားထည်ဝါလို first date မှာ သနပ်ခါတုံးလက်ဆောင်ရဖူးရင် up

Zawgyi

"မမေလး"

"အင္း ႏွင္းရည္ ေျပာ"

"ေအာက္မွာ ဧည့္သည္ ေရာက္ေနတယ္"

"ခြန္း သိတယ္ လာၿပီ"

"ဟုတ္"

"ႏွင္းရည္"

"ရွင္"

"ခြန္း ဒီဝတ္စုံနဲ႕ ၾကည့္ေကာင္းရဲ႕လားဟင္
အေရာင္ကေရာ ေကာင္းရဲ႕လား"

"လွပါတယ္ မမေလးရဲ႕
မမေလး ျမန္မာဝတ္စုံဝတ္တာ တစ္ခါမွ မျမင္ဖူးဘူး
အခုလို ျမန္မာဝတ္စုံေလးနဲ႕ က်ေတာ့လည္း လွတာပဲ"

"ဟုတ္ရဲ႕လား
ခႏၶာကိုယ္ မရွိသလို ပိန္ေနတာမ်ိဳး ျဖစ္ေနလားဟင္"

"မျဖစ္ပါဘူး မမေလးရဲ႕
အဆီအပိုမရွိပဲ ခ်ပ္ကပ္ၿပီး ပိန္ပိန္ပါးပါး ပုံစံမ်ိဳးေလးပါ
မမေလးက ခႏၶာကိုယ္ အခ်ိဳးအစား လွပါတယ္"

"ဆံပင္ကေရာဟင္
ဒီလို တစ္ဝက္စည္းထားတာနဲ႕ ေကာင္းရဲ႕လား
အကုန္ စည္းရမလား
ဖာလ်ားခ်ထားသလိုႀကီး ျဖစ္ေနလား"

"တစ္ဝက္စည္းထားတာပဲ ေကာင္းပါတယ္ မမေလးရဲ႕
ယဥ္လည္း ယဥ္တယ္
လွလည္း လွတယ္"

"ဟုတ္လား"

"ဒါနဲ႕ မမေလးက ဘာလို႔ သနပ္ခါးလိမ္းထားတာလဲဟင္"

"သနပ္ခါးနဲ႕ မလွလို႔လား"

"မဟုတ္ပါဘူး မမေလးရဲ႕ လွပါတယ္
တကယ့္ကို ဗမာမေလးပဲ
ႏွင္းရည္က သိခ်င္လို႔ပါ"

"ဒါကေတာ့ လွ်ို႔ဝွက္ခ်က္"

"ဟီး ဟီး
ႏွင္းရည္ေတာ့ မမေလးအစားရင္ေတာင္ခုန္တယ္"

"ဒီကေလးမေတာ့

ေအာ္ ဖိနပ္
အနက္ေရာင္ ဖိနပ္ေလး ထုတ္ထားေပးေနာ္"

"ဟုတ္ကဲ့ မမေလး"

ရင္ခုန္လိုက္တာ
ဘာလို႔ ဒီေလာက္ထိ ရင္ခုန္ေနပါလိမ့္

အမုန္ဆုံး အလုပ္ကို ေျပာပါဆိုလွ်င္ ေစာင့္ရသည့္အလုပ္
ဘယ္သူ႕ကိုမွ မေစာင့္နိုင္သလို ကိုယ့္ကလည္း ဘယ္သူကိုမွ ေစာင့္ရေအာင္ မလုပ္ခဲ့
ေစာင့္တယ္ဆိုတာ ခန့္ညားထည္ဝါ အမုန္းဆုံး အလုပ္ပင္

သို႔ေပမယ့္ ခ်စ္ရသူကို ေစာင့္ရတာ ဒီေလာက္ထိ ၾကည့္ႏူးဖို႔ ေကာင္းလိမ့္မယ္လို႔ လုံးဝ မသိခဲ့
မနက္ကတည္းက ပါးစပ္စိမရေတာ့တာ အခုထိပင္
ညတုန္းက အိမ္မက္ျဖစ္ခဲ့ရင္ ဆိုတဲ့ အေတြးရွိေပမယ့္
မနက္လင္းေတာ့ အမွန္တကယ္ဆိုတာ သိလိုက္ရခ်ိန္
ခန့္ညားထည္ဝါ ပါးစပ္ပင္ စိမရေတာ့
အေၾကာင္းျပခ်က္မဲ့စြာ ၿပဳံးေနတာပင္

ခဏ အၾကာတြင္ သူမဆင္းလာသည္။

အျဖဴေရာင္ အခံေပၚတြင္ အနီေရာင္ အပြင့္အခက္ အဖူးေလးမ်ားပါေသာ လုံခ်ည္ကို အနီေရာင္ အကၤ်ီႏွင့္ တြဲဖက္ ဝတ္ဆင္ထားသည္။
ရိုးရိုး ရင္ဖုံးအကၤ်ီလက္ေထာက္ကို ပန္ၾကယ္သီး အျဖဴေရာင္ ေလးေတြႏွင့္ပင္

ရွည္လ်ားေသာ ဆံႏြယ္ေတြကို တစ္ဝက္စည္းကာ ေအာက္သို႔ ဖားလ်ားခ်ထားသည္။
ျဖဴေဖြးေသာ ပါးမို႔မို႔ေလးေပၚမွာ မထင္မရွား သနပ္ခါး ပါးကြက္ေလးႏွင့္
နန္းစံတယ္ဆိုတာ ဒီလိုအလွမ်ိဳးလား

"လွလိုက္တာ ခြန္းရယ္"

ေျပာလိုက္ေတာ့ နား႐ြက္ဖ်ားေလးေတြ ရဲတက္လာကာ ေခါင္းငုံ႕သြားသည့္ အမ်ိဳးသမီးေလး
သိပ္လည္း လွရက္သလို သိပ္လည္း ရွက္တတ္ပါသည္

"ခြန္း ကိုယ္တို႔ သြားရေအာင္"

"အင္း"

အျဖဴေရာင္ ရွပ္အကၤ်ီ လက္ရွည္ကို နီညိုေရာင္ အကြက္စိတ္စိတ္ ပုဆိုးထဲ ထည့္ဝတ္ထားသည့္ သူ႕ပုံစံဟာ သိပ္ကိုလူႀကီးလူေကာင္းဆန္သလို ေခ်ာေမာလွသည္။

သူရဲ႕ လက္တစ္ဖက္က စီတီယာတိုင္ကိုင္ထားလ်က္ က်န္လက္တစ္ဖက္က ခြန္းလက္ကို ထပ္တူက်စြာ ဆုပ္ကိုင္ထားသည္။

တကယ္ေတာ့ ခြန္း သိပ္ကို ရင္ေတြ ခုန္ေနသည္။
ဘာေၾကာင့္မွန္း ခြန္းကိုယ္တိုင္လဲ ေသခ်ာ မသိ။
ေသခ်ာသည္မွာေတာ့ အလိုလိုေနရင္း ၿပဳံးေနမည့္ ခြန္းႏႈတ္ခမ္းႏွင့္ ရဲတက္ေနေသာ နား႐ြက္ဖ်ားေတြပင္ ျဖစ္မည္။

"ခြန္း"

"ရွင္"

"ခြန္း ဒီေန႕ ဘာလို႔ သနပ္ခါးလိမ္းလာတာလဲ"

"ခန့္ညားထည္ဝါပဲ မေန႕က လိမ္းထားတဲ့ သနပ္ခါး ေမႊးလားမေမႊးလား သိခ်င္တယ္ဆို"

"ဟင္"

"ဟုတ္တယ္ေလ
မေန႕တုန္းက ငိုထားေတာ့ သနပ္ခါးေတြ ပ်က္ေနလို႔ ဒီေန႕လူးလာတာ"

"တကယ္"

"အင္း ကြၽန္မလိမ္းၾကည့္တာေတာ့ တကယ္ကို ေမႊးတယ္"

"ဒါဆို ကိုယ္လည္း သိရေအာင္ ေမႊးၾကည့္ရမွာေပါ့ေနာ္"

"ဒါေပါ့"

"အခုလား"

"ဟာ ေအးေဆးေပါ့ ခဏေနပါဦး"

"အင္းပါ"

"ခန့္ညားထည္ဝါႀကီး ဘာလို႔ ၿပဳံးစိစိ ျဖစ္ေနတာလဲ"

"ဟမ္ မဟုတ္ပါဘူး
ဒီတိုင္း ၿပဳံးမိေနတာ"

"ခန့္ညားထည္ဝါႀကီးေနာ္"

"ေအာ္ ကိုယ္ေျပာရဦးမယ္"

"ဟင္"

"ကိုယ့္ကို ခန္ညားထည္ဝါလို႔ မေခၚပါနဲ႕
ေနာက္ၿပီး ကိုယ့္ကိုကိုယ္ ကြၽန္မလို႔ နာမ္စားမသုံးပါနဲ႕
စိမ္းကားသလို ခံစားရတယ္"

"ဟုတ္ပါၿပီ
ခန့္ညားထည္ဝါႀကီး သေဘာေတာ္အတိုင္းပဲ ျဖစ္ေစရမယ္"

"ၾကည့္ ဒီေကာင္မေလးကေတာ့"

အသဲယားေအာင္ လာလုပ္ေနျပန္ၿပီ။

"ဟီးဟီး"

"ေရာက္ၿပီ ခဏ ကိုယ္ဖြင့္ေပးမယ္"

"ရပါတယ္"

"ခြန္းက ကိုယ္တို႔ရဲ႕ ပထမဆုံး date မွာ ဘုရားကို ေ႐ြးတယ္ေပါ့"

"အင္း
ဒီဘဝမွာ ဘုရားအတူတူဖူးရင္ ေနာက္ဘဝမွာ ေရစက္ဆုံတယ္တဲ့"

"ကိုယ္နဲ႕ ေနာင္ဘဝမွာလည္း ဆုံခ်င္တယ္ေပါ့"

"အင္း"

ေနာင္ဘဝဆိုတာ တကယ္သာ ရွိရင္ ဘဝဆက္တိုင္း ဆုံခ်င္ပါရဲ႕

"ခြန္း ဓာတ္ေလွကားကပဲ တက္မယ္မလား"

"ဟင့္အင္း ေစာင္းတန္းက တက္မွာ"

"ခြန္း ေညာင္းေနမွာေပါ့"

"မေညာင္းပါဘူး
ခြန္းတို႔ ပထမဆုံး ဘုရားပြဲေတာ္လည္ဖူးတုန္းကလည္း ေစာင္းတန္းကပဲ တက္တာပဲကို"

"အဲ့တာက စြယ္ေတာ္ႏွစ္ဆိုေတာ့ ဓာတ္ေလွကားက လူေတြျပည့္ေနတာကို ခြန္းရဲ႕"

"ဟင့္အင္း ေစာင္းတန္းကပဲ တက္မယ္ေနာ္"

"ေလွကားထစ္က ႏွစ္ရာေတာင္ ေက်ာ္တာေနာ္"

"ခ်စ္ရသူနဲ႕ ဆိုရင္ ႏွစ္ရာေက်ာ္မကလို႔ ႏွစ္ေသာင္းေက်ာ္ဆိုရင္ေတာင္ မေမာပါဘူးတဲ့ရွင္"

"တကယ္ အာ ဘယ္ေရာက္သြားတာလဲ"

ေျပာခ်င္ရာ ေျပာၿပီး ထြက္ေျပးသြားသည့္ေကာင္မေလး
လူကို အူယားေအာင္ လုပ္နိုင္တဲ့ ေနရာမွာ ႏွစ္ေယာက္မရွိ

ေဘးက ေစ်းသည္ေတြဆီမွာ ဘုရားပန္း ဝယ္ေနတာပင္

"ကိုယ့္ကို ေပးေလ ခြန္း ကိုယ္ကိုင္မယ္"

"အကုန္ယူလိုက္ေတာ့ ခြန္းက ဘာကိုင္ရမွာလဲ"

"ကိုယ့္လက္ကို ကိုင္ေပါ့ ကိုယ့္မင္းသမီးေလးရဲ႕"

"ခြန္းက မင္းသမီးျဖစ္ခ်င္တာ မဟုတ္ပါဘူးေနာ္
ဘုရင္မပဲ ျဖစ္ခ်င္တာ"

"ဟုတ္ပါၿပီဗ်ာ
အခုေတာ့ ကိုယ့္ရဲ႕ မင္းသမီးေလးပဲ လုပ္ေပးပါေနာ္"

"ေကာင္းၿပီေလ သနားလို႔ အေလ်ာ့ေပးလိုက္မယ္"

ေ႐ႊဆံေတာ္ ဘုရားကို မေရာက္ျဖစ္တာ အေတာ္ပင္ ၾကာၿပီ
သူမနဲ႕ ေနာက္ဆုံးလည္ခဲ့ဖူးတဲ့ ႏွစ္ကစ မေရာက္ျဖစ္ေတာ့
ဆယ္ႏွစ္ေက်ာ္မွ ပထမဆုံး အခ်ိန္ျပန္ေရာက္ျခင္းပင္

ေပ်ာ္စရာအတိတ္ေတြမွ နာက်င္စရာေတြ ကူးေျပာင္းခဲ့ေသာ ေနရာသို႔ ထပ္မလာခ်င္ခဲ့
အခုေတာ့ ျပန္လာလိုလွ်င္ေတာင္ အမွတ္တရေတြခ်ည္းပင္

"ခြန္း"

"ရွင္"

"ကိုယ္ ဒီေနရာကို မလာျဖစ္တာ ဆယ္ႏွစ္ေတာင္ ေက်ာ္ၿပီ"

"တကယ္"

"အင္း ခြန္းနဲ႕လည္ခဲ့တာ ေနာက္ဆုံးပဲ"

" ........ "

"ခြန္း ကိုယ္တို႔ ႏွစ္တိုင္း ေ႐ႊဆံေတာ္ ဘုရားပြဲကို လာၾကရေအာင္ ေနာ္"

လိမ္ညာျခင္းသည္ မေကာင္းဘူးမလား
သို႔ေပမယ့္ တစ္ခါတစ္ရံ ခ်စ္ရသူ စိတ္ခ်မ္းသာေအာင္ လိမ္ရမည္ပင္
အျဖဴေရာင္ မုသားေတြမလို႔ ခြန္းကို ခြင့္လႊတ္ပါ

"အင္း လာၾကတာေပါ့"

"နဝေဒး တံတားကိုလည္း ခဏခဏ လာရမယ္"

"ဟုတ္ကဲ့"

"ေနာက္ၿပီးးးး ပန္းၿခံ"

"မပါမျဖစ္"

"႐ုပ္ရွင္႐ုံေရာ"

"ဒါေပါ့"

"အားးးး
ကိုယ့္မင္းသမီးေလးကို အသဲယားလိုက္တာ"

"ဟင္ ဘာမွလည္း မလုပ္ရပဲနဲ႕"

"ၾကည့္ေနရင္းနဲ႕ကို အသဲယားလာလို႔
တကယ့္ကို ခ်စ္မဝလို႔"

"ခ်စ္စ ႀကိဳက္စဆိုေတာ့ ဒီလိုပါပဲ
ေနာက္မွ ခြန္းမ်က္ႏွာ ၾကည့္ရတာ ၿငီးေငြ႕လာတယ္ ဆိုလို႔ကေတာ့ ေတြ႕မယ္"

"စိတ္မပူနဲ႕ ခြန္း အဲ့တာေတာ့ ဘယ္ေတာ့မွ ျဖစ္မွမဟုတ္ဘူး
ကိုယ္က ၾကည့္ရတာကို မဝတာ"

မ်က္ေစာင္းလွလွေလး တစ္ခု ခ်က္ခ်င္းပင္ က်ေရာက္လာသည္
ကိုယ္ေတာ့ မင္းကိုခ်စ္လြန္းလို႔ ႐ူးေတာ့မည္

တျဖည္းျဖည္းနဲ႕ ခြန္းတို႔တက္တာ အေပၚပင္ ေရာက္လာၿပီ

"ခြန္း ကိုယ္တို႔ တနလၤာေထာင့္ သြားရေအာင္"

"ခန့္ညားထည္ဝါ အာ sorry"

နာမည္ေခၚေနက်မလို႔ နာမည္သာ ႏႈတ္မွ ထြက္သြားသည္။

"အဲ့လိုႀကီး မၾကည့္ပါနဲ႕"

"ေနာက္တစ္ခါ ကိုယ္နာမည္ တစ္ခါေခၚရင္ ကိုယ္တစ္ခါ အျပစ္ေပးမွာေနာ္"

"ဟာ
ဒီေန႕မွ ခ်စ္သူျဖစ္တာ ဒီေန႕ပဲ ႏွိပ္စက္ခ်င္ေနၿပီေပါ့"

"ကိုယ္ ႏွိပ္စက္မယ္လို႔ ေျပာမိလို႔လား"

"အဲ့ဒါဆို.....

ခန့္ညားထည္ဝါႀကီးေနာ္ ဘုရားေပၚမွာ ဘာေတြလာလုပ္ျပေနမွန္း မသိဘူး"

"ဟာ ကိုယ္ဘာလုပ္လို႔လဲ
ဟိတ္ ေစာင့္ဦးေလ"

"ဟိတ္"

"ခြန္း ကိုယ့္ကိုၾကည့္ဦးေလကြာ

ေရာ  ၾကည့္ ဘယ္လိုျဖစ္လို႔ အဲ့ေလာက္ထိ ေခါင္းႀကီးငုံ႕ထားတာလဲ
ရင္ျပင္ေတာ္နဲ႕ မ်က္ႏွာနဲ႕ သြားေဆာင့္ေနမွျဖင့္"

"ခန့္ညားထည္ဝါႀကီးေနာ္.....!!!"

"အာ စတာ စတာ
ကိုယ္က ခ်စ္လို႔ စတာပါ

ေ႐ႊစိတ္ေတာ္ မညွိုးလိုက္ပါနဲ႕ေနာ္"

ဘာမွျပန္မေျပာ
ထိုးအစား ေနာက္ထပ္ မ်က္ေစာင္းလွလွေလး တစ္ခုသာ

ဘုရားအာ႐ုံျပဳေနေသာ အမ်ိဳးသမီးေလး မ်က္ႏွာကို တစိမ့္စိမ့္ ၾကည့္ေနမိသည္
ေအးခ်မ္းလြန္းလွသည္

ဘာေတြဆုေတာင္းေနလဲ မသိေပမယ့္
ကိုယ္ဆုေတာင္းကေတာ့ မင္းဆုေတာင္းေတြ အကုန္ျပည့္ပါေစလို႔

"ဒီမွာ ပန္း"

"အင္း ကိုယ္ကပ္လိုက္မယ္"

ဘုရားရင္ျပင္ေတာ္ေပၚ အရိပ္ရေသာ ေနရာတစ္ခုတြင္ ထိုင္ေနမိသည္။
အခုထိ သူမေလး ဘာမွ်မေျပာ

"ခြန္း ဘာေတြေတြးေနတာလဲ"

"ဟိုနားမွာ သြားရပ္ပါလား"

"ဘာလို႔"

"လုပ္ပါ"

"ဟုတ္ပါၿပီကြာ"

"ေမာင္"

နားထဲမွ တိုးသသသာ ၾကားရေသာ အသံေလး
သူမေလးက ထိုသို႔ေခၚသည္တဲ့လား
ေရွ႕ဆက္မသြားမိ
သူမ ဘက္သို႔သာ ခ်က္ခ်င္း ျပန္လွည့္လိုက္သည္

"ခြန္း ကိုယ့္ကို ဘယ္လိုေခၚလိုက္တယ္

ကိုယ့္ကို ၾကည့္ပါဦး ခြန္းရဲ႕
ကိုယ္ကို ၾကည့္ပါဦး

တစ္ေခါက္ေလာက္ တသ္ေခါက္ေလာက္ထပ္ေခၚပါဦး

ေျပာပါကြာ ကိုယ္ၾကားခ်င္လို႔"

"ခြန္း ဗိုက္ဆာတယ္
စားေသာက္ဆိုင္တစ္ခုခု သြားရေအာင္....

"ခြန္းကလည္းကြာ"

"ေမာင္"

"ဘယ္လို ဘယ္လို"

"ေတာ္ၿပီ ေခၚရင္ ေသခ်ာနားမေထာင္ပဲ"

"ခြန္းက မထင္မွတ္ထားတဲ့ အခ်ိန္မွာ ေခၚထားကိုကြ

ဟုတ္ပါၿပီ ေမာင္တို႔ ထမင္းသြားစားၾကတာေပါ့ ဟုတ္ၿပီလား"

"အင္း"

အလွမ္းမေဝးသည့္ စားေသာက္ဆိုင္တစ္ခုသို႔ လာခဲ့ပါသည္။
သူမေလး ႏွစ္သက္သည့္ ဟင္းပြဲေတြသာ အဓိကထား၍ မွာေပးထားသည္။

"ေတာ္ၿပီလား ခြန္း"

"အင္း ေတာ္ၿပီ ဒါေတြေတာင္ မနည္းကုန္ေအာင္ စားရမွာ ေနာက္ၿပီး.....

"ေျပာေလ ခြန္း"

"ဟို...."

ေျပာရခက္ေနသည့္ ပုံစံႏွင့္ နားေအာက္ဘက္ လည္ကုပ္ကို လက္ျဖင့္ ပြတ္ေနၿပီ
ရွင္းလင္းေသာ လည္တိုင္အထက္ က်ေနေသာ နားသြယ္ေမြးေလးေတြကလည္း ခ်စ္ဖြယ္အတိ

ခန့္ညားထည္ဝါ သူမေျပာမယ့္စကားကိုသာ အာ႐ုံစိုက္လ်က္ နားေထာင္ေနလိုက္သည္

"ေမာင္ စားခ်င္တာလည္း မွာဦးေလ"

ေျပာၿပီးၿပီး ငုံ႕က်သြားသည့္ မ်က္ႏွာေလး

ေသေတာ့မွာပဲ ငါေသေတာ့မွာပဲ
မင္းျပဳစားမႈေအာက္မွာ ကိုယ့္အသက္ေမ်ာ့ေမ်ာ့ပဲ က်န္ေတာ့တယ္

"ေမာင့္ခြန္းက မွာေပးေလ"

ရယ္ေနသည့္ မ်က္ႏွာေလး
ခ်စ္ဖို႔ ေကာင္းလိုက္တာ

ခဏအၾကာ သူမ သူ႕အႀကိဳက္အစားမစာေတြကို မွာေပးသည္
ထမင္းဝိုင္းက အျပည့္ပင္

"အမ်ားႀကီးပဲ"

"ကုန္ေအာင္စားရမွာေနာ္ ခြန္း"

"ဟင္
ဒီဟာေတြသာ အကုန္စားရင္ ခြန္းရင္ျပည့္သြားမွာေပါ့"

"အကုန္မဟုတ္ရင္ေတာင္ အစားမ်ားမ်ား စားရမယ္
ေနာက္ရက္က စၿပီး ခြန္းကို ေသခ်ာ ဂ႐ုတစိုက္ေကြၽးရမယ္"

"ဘာလဲ ခြန္းကို ဝတုတ္ႀကီးျဖစ္ေစခ်င္လို႔လား"

"မဟုတ္ရပါဘူးဗ်ာ"

"ဒါဆို ခြန္းကို ပိန္တယ္လို႔ ေျပာခ်င္တာလား"

"ကိုယ္ေျပာတဲ့ အထဲမွာ အဲ့လို ပါသြားလို႔လား"

"ေနာက္က် အစားမ်ားမ်ားေကြၽးမယ္ဆိုတာ အဲ့လိုဆိုလိုတာပဲ မလား"

"ျဖစ္ရမယ္ ခြန္းရယ္
ကိုယ္က ခြန္းအားရွိေအာင္လို႔ပါ"

"အခုက ေပ်ာ့တိေပ်ာ့ဖက္ ပုံစံေပါက္ေနလို႔လား"

"ဟာ ေတာ္ၿပီ ေတာ္ၿပီ
ကိုယ္က ခြန္းကို အားရွိေစခ်င္တာ
ဘာျဖစ္လို႔လဲ ဆိုေတာ့.....

ကိုယ္ခ်စ္တဲ့ ဒဏ္ကို ခံနိုင္ေအာင္လို႔"

"ခန့္ညားထည္ဝါႀကီးေနာ္"

"မိန့္ေတာ္မူပါခင္ဗ်"

ေအာက္ႏႈတ္ခမ္းကို ကိုက္လ်က္ ေနာက္ထပ္ မ်က္ေစာင္းတစ္ခု က်ေရာက္လာျပန္သည္။

အားးးးးးး
ေဘးနားမွာ လူေတြသာ မရွိလွ်င္ ဘာလုပ္မည္မယ္မသိ။

လမ္းတစ္ေလွ်ာက္ တိုက္ခက္ေသာ ေလဟာ လန္းဆန္းမႈႏွင့္ တက္ႂကြမႈကို ေပးစြမ္းေလသည္။

ဆုပ္ကိုင္ထားေသာ သူမလက္တစ္ဖက္ကို ဆြဲယူလ်က္ လက္ခုံထက္သို႔ အနမ္းဖြဖြ ေႁခြမိသည္။
သူမေလးက တစ္ခ်က္လွည့္ၾကည့္သည္။
ထို႔ေနာက္ ၿပဳံးလ်က္ တစ္ဖက္သို႔ လွည့္သြားသည္။

"ခ်စ္တယ္"

သူမေလး ေျခလွမ္းေတြ ရပ္တန့္လိုက္သည္။
သူမ တစ္လွမ္းျခင္း အနားသို႔တိုးလားသည္။

ထို႔ေနာက္ ေျခဖ်ားေထာက္လ်က္ တိုးညွင္းစြာ သူ႕နားနားသို႔ ကပ္၍

"ခြန္းလည္း ေမာင့္ကို ခ်စ္တယ္"

ၿပဳံးလ်က္ပင္ ေနာက္ျပန္ဆုတ္သြားသည္။
အလြတ္မေပးခ်င္ေတာ့။

သူမေလး လက္ကိုဆြဲ၍ ရင္ခြင္အတြင္းသို႔ ထည့္သြင္းကာ ေထြးေပြ႕ထားမိသည္။
တစ္သက္လုံး ထိုအတိုင္းပင္ ေထြးေပြ႕ထားခ်င္သည္။

"ေမာင္"

"ဗ်ာ"

"ခြန္းတို႔ ျပန္ရေအာင္ေလ"

"ျပန္ခ်င္ၿပီလား"

"မမတို႔ ေစာင့္ေနမွာ စိုးလို႔"

"ဟုတ္ပါၿပီ
ကိုယ္က ခြန္းနဲ႕ ခြဲခ်င္ေသးတာ မဟုတ္ဘူး"

"ေနာက္ရက္လည္း ေတြ႕လို႔ ရတာပဲကို"

"အခ်ိန္တိုင္းေတြ႕ခ်င္ေနတာ ပါဆို"

"ခန့္ညားထည္ဝါႀကီးတို႔ကေတာ့ ပိုေတာ့မယ္"

"ေမာင္ပါ ေမာ​င္ေလ ေမာင္"

"အင္းပါ ဘယ္လိုျဖစ္ေနတာလဲ
တေမာင္ေမာင္နဲ႕"

"ေခၚတာေလး နားေထာင္ခ်င္တာကို"

"ပိုၿပီ"

"လိုေတာင္ လိုပါေသးတယ္"

"ဒါနဲ႕ ဒီမွာ ဘယ္ေလာက္ၾကာၾကာေနမွာလဲ"

"ခြန္းေနသေလာက္ေပါ့"

"အလုပ္ေတြကေရာ"

"သုတ တစ္ေယာက္လုံး ရွိပါတယ္ ခြန္းရဲ႕"

"ကိုသုကေတာ့ ခြန္းကို ေမတၱာပို႔ေနေတာ့မယ္"

"ကိုယ့္ေကာင္မေလးကို ေမတၱာပို႔ရဲ ပို႔ၾကည့္ပါလား ကိုယ္နဲ႕ေတြ႕မယ္"

"ေတာ္ပါ
အေရွ႕ကိုသာ ၾကည့္ေမာင္း"

"ကိုယ္က လမ္းမတမ္းႀကီးကို မၾကည့္ခ်င္ဘူး ခြန္းမ်က္ႏွာပဲ ၾကည့္ခ်င္တာ"

"ခန့္ညားထည္ဝါႀကီးေနာ္ စကားေတြ အရမ္းတတ္ေနတယ္"

ကားအတြင္းမွာေတာ့ ရယ္သံေလးေတြ ပ်ံ့လ်က္

"ေရာက္ၿပီ ေက်းဇူးပါ
ခြန္း သြားေတာ့မယ္ေနာ္"

"ခဏ ခဏ ခြန္း တစ္ခုခုမ်ား ေမ့ေနသလားလို႔"

"ဘာေမ့လို႔လဲ"

"ခြန္းေျပာေတာ့ သနပ္ခါး ေမႊးလား မေမႊးလား ကိုယ္ေမႊးၾကည့္လို႔ ရတယ္ဆို"

"အာ ဟုတ္သားပဲ ေမ့ေတာ့မလို႔"

"ဘာေတြ ရွာေနတာလဲ ခြန္း"

"ေတြ႕ၿပီ ဒီမွာ ေရာ့"

"ဒါကို ကိုယ္က ဘာလုပ္ရမွာလဲ"

"ေမႊးၾကည့္ေလ
မမ မိတ္ေဆြေတြ လက္ေဆာင္ေပးထားတဲ့
ဒီထိပ္က အေပြးေလးကို ေမႊးၾကည့္"

"ကိုယ္က သနပ္ခါးတုံးကို ေမႊးၾကည့္ရမယ္ေပါ့"

"အင္းေလ
သနပ္ခါးတုံး မေမႊးခ်င္လို႔ ဘာကို ေမႊးခ်င္လို႔လဲ"

(´;︵;')

"ဒါဆို ခြန္းသြားေတာ့မယ္ေနာ္"

"အင္းးးးး  ခြန္း"

"ဟင္"

"ခ်စ္တယ္"

ႏႈတ္ခမ္းေလး တြန့္႐ုံမ်ားၿပဳံးလ်က္ ေျပးဝင္သြားသည့္ ေကာင္မေလး

ေနပါဦး ငါက ဒီသနပ္ခါးတုံးနဲ႕ ဘာလုပ္ရမွာလဲ
လိမ္းဖို႔ ယူသြားရမွာလား
ေအးေလ အခ်စ္ဆုံးက ေပးတဲ့ ပထမဆုံးလက္ေဆာင္ဆိုေတာ့ အမွတ္တရ သိမ္းထားရမွာေပါ့

ေအာ္ ဘဝ ဘဝ.......

Paing 
17.9.2021
9:27 PM

A/N-ခန႔္ညားထည္ဝါလို first date မွာ သနပ္ခါတုံးလက္ေဆာင္ရဖူးရင္ up









Continue Reading

You'll Also Like

40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...