You had me at hello

By Paing1001

278K 10.1K 302

လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကို... More

Greeting
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70(final)
About Extra
Extra 1
Extra 2
Extra 3
Extra 4 🚨
Extra 5
Extra 6
Extra 7(the end)

Part 35

2.7K 114 0
By Paing1001

Uni

မနက်ခင်း နေရောင်ခြည်ဟာ ပြတင်းပေါက်အား ဖြတ်လျက် မျက်နှာပေါ်သို့ ကျနေသည်။
မျက်လုံးဖွင့်ဖွင့်ချင်း အလင်းရောင် စူးစူးက မျက်နှာသို့ ထိုးလျက်။

ငါ့အခန်းက ဘယ်တုန်းက ဒီလောက်ထိ နေထိုးသွားတာလဲ။
မဟုတ်သေးပါဘူး။

အာ သူများအိမ်ပဲ
ဒါဆို ခန့်ညားထည်ဝါရော

အရှေ့ဘက်က ရယ်သံနဲ့ စကားပြောသံ တစ်ချို့ ကြားနေရသည်။

ခွန်းအထင်တော့ မနက် ၇ နာရီတော့ ရှိလောက်ပြီ။
ထွက်ကြည့်ဖို့ ထလာခဲ့လိုက်သည်။

မြင်ရတဲ့ မြင်ကွင်းက အတော်ထူးဆန်းသည်။
ဦးကြီးနဲ့ ခန့်ညားထည်ဝါက ရယ်ရယ်မောမော စကားပြောနေလိုက်တာ မသိရင် လူရင်းတွေ လိုပဲ။

မနေ့က စကားများထားတာ သူတို့ မဟုတ်တဲ့ အတိုင်း။
ခွန်း သူတို့ဆီ သွားလိုက်ပါသည်။

"လုံမ နိုးပြီလားကွယ့်"

"ဟုတ်"

"ထိုင်ဦး ထိုင်ဦး လုံမစားဖို့ ကောက်ညှင်းပေါင်း သွားယူလိုက်မယ်"

"ရှင် ဟုတ် ကျေးဇူး"

"နိုးပြီလား ခွန်း"

"အင်း"

"ခေါင်းတွေ နှောက်ကျိနေသေးလား ညက အိပ်တာ နောက်ကျတယ်မလား"

"မဖြစ်ပါဘူး အိပ်ရေးဝတယ်
ဒါနဲ့ ရှင်နဲ့ ဦးကြီးက ဘယ်တုန်းက အဲ့လောက် ရင်းနှီးသွားတာလဲ"

"ဒါကတော့.....

ခွန်း စိတ်ဝင်တစားနဲ့ နားထောင်နေလိုက်သည်။
တကယ်ကိုပင် သိချင်သည်။

"ပြောစရာ ရှိတာပြောပါ"

"လုံမ ဒီမှာ စားလိုက်ဦး
အနောက်မှာ ရေးနွေးအိုးတည်ထားလို့ သွားကြည့်လိုက်ဦးမယ်"

"ဟုတ် ကျေးဇူးပါ"

ကောက်ညှင်းပေါင်း ပူပူလေးနှင့် အကြော်လေး မစားရတာ ဘာ်လောက်ကြာပြီလဲ
ခွန်း အားရပါးရစားဖို့သာ စိတ်ကူးလိုက်ပါသည်။

"ဟိတ်"

အစားမြင်လိုက်တော့ တောက်သွားတဲ့ မျက်လုံးတွေ
ကျန်တာ အကုန်မေ့
အစာလှမ်းယူနေသော လက်ကို လှမ်းပုတ်လိုက်ပါသည်။

"ခန့်ညားထည်ဝါ ဘာလုပ်တာလဲ အစားစာနေတဲ့ အချိန် နှောင့်ယှက်ပြန်ပြီ...
အစားစားနေရင် တိရစ္ဆာန်တောင် မနှောင့်ယှက်ရဘူးလို့ ပြောထားတယ်လေ မသိဘူးလားးးးးး!!!!
အစားစားနေရင် နှောင်ယှက်တာ မကြိုက်ပါဘူးဆို ဘာလို့ လာလာ နှောင့်ယှက်နေတာလဲ...... !!!"

ပြောသွားလိုက်တာ ပြောသွားလိုက်တာ မရပ်မနား စက်သေနတ်ပစ်တာ ကျနေတာပဲ

"မျက်နှာ မသစ်တော့ဘူးလား
ဒီတိုင်း စားတော့မလို့လား ညစ်ပတ်အိုး"

"သွားတိုက်တံတို့ သွားတိုက်ဆေးတို့မှ မပါတာ"

"အဲ့တာနဲ့ပဲ မသစ်တော့ဘူးပေါ့
ဟိုမှာ ချထားတယ် သွားသစ် အနောက်မှာ အင်တုံရှိတယ်"

"အဲ့တာတွေ ဘယ်ကရတာလဲ"

"ကားထဲမှာ ပါတယ်လေ"

"သိမှ မသိတာ"

"အခု သိပြီမလား သွားသစ်တော့
ကြည့်ပါဦး ညစ်ပတ်လိုက်တာ မျက်နှာလည်း မသစ်ပဲ စားချင်သောက်ချင်နေတာ"

အားးးးးးးး
စိတ်တိုလိုက်တာ ရှက်လိုက်တာ

"ဘာကြည့်နေတာလဲ သွားသစ်တော့လေ ညစ်ပတ်မလေးရဲ့"

စိတ်တိုလိုက်တာ သူကျပြောပြီး ရေနွေးကြမ်း အေးအေးလူလူထိုင်သောက်နေတာ
ရေးနွေးနဲ့ မျက်နှာကို ပတ်ပစ်ချင်တယ်

"ရှင် ကျွန်မကို နမ်းချင်လား"

"အဟွတ်.....အဟွတ်....အဟွတ်

ဘာ....ဘာပြောလိုက်တယ်"

အားးး ပူလိုက်တာ
သို့ပေမယ့် မကြည့်အားသေး။
နားကြားမှားသွားတာလား လိုတာထက်ပိုပြီး အနားတောင် အကပ်မခံတဲ့သူက

"ခွန်း ဘာပြောလိုက်တယ်"

ကောင်းလိုက်တာ ရေနွေးတွေ ဖိတ်ကျသွားတာ
တစ်ကိုယ်လုံးကို လောင်းပစ်ချင်တာ

"အော်
ကျွန်မ စိတ်ကူးကလေ ကျွန်မသာ ချစ်သူရရင် နိုးထချိန်တိုင်း သူ့ကို အနမ်းတစ်ပွင့် ခြွေခိုင်းချင်တာလေ

ဒါပေမယ့် ရှင့်လို ရွံတတ်ပြီး ကြီးကျယ်တဲ့ သူနဲ့ဆိုရင်တော့ ကျွန့်မစိတ်ကူးက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ စဥ်းစားမိလို့ပါ"

"ဘာလို့ အလုပ်မဖြစ်ရမှာလဲ ကိုယ်မရွံတတ်ပါဘူး"

"ကျွန်မကတော့ အဲ့လို မထင်ဘူး
အခုတော့ ရှင့်ဆန္ဒအတိုင်း မျက်နှာ သွားသစ်လိုက်ဦးမယ်"

ဘာလို့ မထင်ရတာလဲ
ဘာလို့ မဖြစ်နိုင်ရမှာလဲ
ကိုယ် မနက်ကတောင် မင်းကို နမ်းပြီးသွားပြီလေ
အခု နမ်းရလည်း အဆင်ပြေတာပဲ
ဘယ်အချိန် နမ်းရနမ်းရ ဖြစ်တယ်

"အော် နောက်ပြီးတော့လေ ရှင်က ကျွန်မရဲ့ လက်တွဲဖော် လုံးဝ မဖြစ်နိုင်ဘူး သိလား"

"ဘာလို့လဲ"

"အလကားနေရင်း ဘဝင်လေဟပ်ပြီး ကြီးကျယ်နေလို့"

ဘယ်သူက မင်းလက်တွဲဖော် မဖြစ်နိုင်တာလဲ
မှတ်တောင် ထားရဦးမယ်
စောင့်ကြည့် မင်း ငါကလွဲပြီး ဘယ်သူ့ကိုမှ မယူရဘူး

ဘယ်လို မိန်းကလေးလဲ
အခုချက်ချင်းတောင် နောက်ကလိုက်ပြီး နမ်းလို့ရသေး
မဖြစ်သေးပါဘူး တော်ကြာ ပါးကျိုးနေမှ

လူကသာ သေးတာ အတော်လက်သံပြောင်တဲ့ မိန်းကလေး
ပထမဆုံး အချိန် ပါးရိုက်ခံရတုန်းက အစားတောင် ကောင်းကောင်းမစားနိုင်ဘူး
မတော်တဆလေး နမ်းမိတာကို အဲ့လောက်ထိ လုပ်ဖို့လိုလို့လား

စဥ်းစားရင်းနဲ့ ဒေါသ ထွက်လာပြီ
အဲ့အကြောင်း ဘယ်အချိန် ပြန်တွေးတွေး ဒေါသထွက်တုန်း။

'အားတင်းထား ခန့်ညားထည်ဝါ
နမ်းခွင့်ရတဲ့ နေ့မှ မရပ်မနားကို နမ်းပစ်အုံးမယ်
အစားတောင် ကောင်းကောင်း မစားနိုင်လောက်အောင်ထိ နမ်းပစ်မယ် '

"ခန့်ညားထည်ဝါ ရုပ်ကြီးက ဘာဖြစ်နေတာလဲ"

"ဘာဖြစ်လို့လဲ"

"ရှင့်ရုပ်က မချိုမချဥ်ရုပ်ကြီး မဟုတ်တာ တစ်ခုခု လုပ်တော့မယ့်ပုံစံ"

သူဘာမှ မပြော
အဲ့ဒီ အစားစိုက်ကြည့်နေသည်
ခုနကမှ မျက်နှာသစ်လာတာ မျက်နှာမှာတော့ ဘာမှ မပေလောက်ဘူး

"ဘာလို့ စိုက်ကြည့်နေတာလဲ ရှင့်အကြည့်တွေ ပြင်လိုက်"

"ကိုယ့် အကြည့်က ဘာဖြစ်နေလို့လဲ"

"မကောင်းတဲ့ အငွေ့အသက်တွေ ရနေတယ်
နှာဗူးအကြည့်မျိုး"

နောက်ဆုံး စကားလေးကိုတော့ တိုးတိုးလေး ပြောလိုက်သည်
တော်ကြာ စိတ်တိုပြီး မဟုတ်တာ ထလုပ်နေမှဖြင့်

"ဘာ အကြည့်"

"ဘာမှ မဟုတ်ပါဘူး စားတော့မယ်
မျက်နှာလည်း သစ်ခဲ့ပြီ သွားလည်း တိုက်ခဲ့ပြီ အခု စားလို့ရပြီမလား"

"စား စား အရမ်းကို စားချင်နေတာလား"

"ဗိုက်ဆာတာကို သူကျ အစောကြီး စားထားပြီး"

"ခွန်းက အိပ်ပုတ်ကြီးနေတာလေ"

"ရှင် နှိုးပေါ့"

နှိုးမှ မနှိုးရက်တာ သိမှာလည်း မဟုတ်ပဲ။

"ဒါနဲ့ ဘယ်လို ပြန်မှာလဲ"

"သုတကို ph ဆက်ထားတယ်"

"ok"

"ဖြည်းဖြည်းစား ရင်ပြည့်အုံးမယ်
ကောက်ညှင်းတွေကို"

"မပြည့်ပါဘူး ရေများများသောက်ရင် ရတယ်"

"မင်း ဘာလို့ အဲ့လောက်ထိ စားတာတောင် ပိန်နေရတာလဲ"

"ရှင်က ကျွန်မကို အစားကြီးတယ်လို့ ပြောတာလား"

"sorry ကိုယ်အဲ့လို ပြောချင်တာမဟုတ်.....

"ပြောချင်လည်း ဂရုမစိုက်ပါဘူး
ဒါက ဘုရားပေးတဲ့ ဆုလာဘ်ပဲ"

"မင်းဟာနဲ့ မင်းတော့ ဟုတ်နေတာပဲ"

"မှန်နေတာပဲကို ဒီလို ကိုယ်လုံးသေးသေးလေးကို လူတိုင်းလိုချင်နေကျတာလေ"

"ဟုတ်ပါပြီ မင်းကိုတော့ မနိုင်ဘူး"

မင်းပိန်ပိန်သေးသေးလေး ဖြစ်တာ ကောင်းပါတယ်
ကိုယ့်အတွက်တော့
ခံနိုင်ရည် မရှိမှာလေး တစ်ခုပဲ
မဟုတ်သေးပါဘူး ငါအတွေးလွန်နေပြီပဲ
စိတ်ထိန်းစမ်း ခန့်ညားထည်ဝါ

"ကျွန်မလည်း ရှင့်ကို မနိုင်ပါဘူး"

"အဲ့လိုပဲ ဖြစ်ရမှာပေါ့"

"ဟမ်"

"ဘာမှ မဟုတ်ဘူးစားလို့ များများစား"

အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ အမျိုးမျိုး တတ်နိုင်တယ်
စိတ်ထင်လို့လား ခန့်ညားထည်ဝါ အကြည့်တွေ မူမမှန်သလိုပဲ

"ခန့်ညားထည်ဝါ"

"ဟင်"

"ရှင်ဘာတွေ တွေးနေတာလဲ"

"ကိုယ်က ဘာတွေးရမှာလဲ"

"ကျွန်မကလေ လူတစ်ယောက်ရဲ့ အမူအရာကို ကြည့်လိုက်တာနဲ့ သူ့အတွေးတွေကို မှန်းကြည့်ပြီးသားပါနော်"

"ဆိုပါဦး ကိုယ်ဘာတွေ တွေးနေတာလဲ"

သူက ခွန်းမျက်လုံးကို တည့်တည့်စိုက်ကြည့်လျက် မေးသည်။
ခွန်းလည်း သူ့မျက်လုံးကို တည့်တည့်ကြည့်လျက်ပင် ပြန်ဖြေလိုက်သည်။

"ရှင် မဟုတ်က ဟုတ်က ညစ်ညမ်းတာတွေ တွေးနေတာမလား"

"ဟင်"

"ဟုတ်နေတာပဲ ရှင့်မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားတယ်"

ဘယ်လိုလုပ် ငါ့အတွေးတွေကို သိနေတာလဲ
တကယ်ကြီး သိနေတာလား မဖြစ်နိုင်တာ

"ရှင့် အတွေးတွေကို အခုချက်ချင်း ရုပ်သိမ်းလိုက်နော်
အဲ့တာ လုံးဝ မဖြစ်နိုင်ဘူး"

"ဘာလို့လဲ"

"ရှင်က ဒီလို ဟာမျိုးတွေ သိပ်မကြိုက်ဘူး မလား"

"ကိုယ်ကြိုက်ပါတယ် ဒီလို သေးသေးသွယ်သွယ်လေးတွေ.....

"ဘာကိုလဲ"

"ဟင်"

"ရှင် ဘာတွေပြောနေတာလဲ"

"ခွန်းကရော ဘာတွေပြောနေတာလဲ"

"ရှင် ကောက်ညှင်းပေါင်း စားချင်နေတာမလား
ကျွန်မ စားတာကြည့်ပြီး သွားရည်ယိုနေတာမလား

ရှင့်ကို လုံးဝ မကျွေးနိုင်ဘူးနော်
ရှင်လည်း ဒီလို အစားအစာမျိုးတွေ သိပ်မကြိုက်ပါဘူး

အဲ့တာ​ကြောင့် ကျွန်မဆီက လုဖို့ မစဥ်းစားနဲ့လို့"

သေရော ခွန်းရယ်
ဘယ်အချိန်တုန်းက မင်းအတွေးတွေ အဲ့လောက်ထိ ကလေးဆန်သွားရတာလဲ
လူကြီး ဆန်ဆန် တွေးစမ်းပါ

"ကြားလား ခန့်ညားထည်ဝါ"

"အင်း"

"ဘာကြည့်နေတာလဲ"

"နှုတ်ခမ်းမှာ...

"ဟင်"

"နှုတ်ခမ်းမှာ ..... ပေနေတယ်"

"ဒီနားလား မဟုတ်ဘူးလား
ဒီနားမှာလား"

"ဟင်"

"ပြောင်ပြီလား"

"အင်း"

မဖြစ်တော့ ဒီနားမှာ ဆက်နေဖို့ မဖြစ်
လက်နဲ့ သုတ်လိုက်ရင် ဘာဖြစ်မှာမလို့ လျှာနဲ့ သတ်နေရတာလဲ

ငါ့ကို လာပြီး မြူဆွယ်နေတာလားးးးးးး!!!!
သမာဓိအားကို စမ်းသပ်နေတာလားးးးးး!!!!

ခွန်းသံသာချို မင်းတော့
ငါ့ ခံနိုင်ရည်ကို စမ်းသပ်နေတာပဲ
စိတ်ထိန်းစမ်း ခန့်ညားထည်ဝါ စိတ်ထိန်းစမ်း

ဒီနေ့ ငါ့ အတွေးတွေ ဘာဖြစ်နေတာလဲ
မနေ့က ညက အတူတူ အိပ်ခဲ့လို့များ
မဖြစ်နိုင်တာ

မဟုတ်ဘူး မဟုတ်ဘူး လူကြီးလူကောင်း ဆန်ဆန်နေစမ်း ခန့်ညားထည်ဝါ
ဆန္ဒကို သိက္ခာနဲ့ ထိန်းရမယ်
သူ အထင်သေးသွားလို့ မဖြစ်ဘူး

ဟာ.....
တကယ်ပဲ လိုချင်လိုက်တာ

နောက်က မိန်းကလေးကို လှမ်းကြည့်လိုက်ပါသည်။
စားနေလိုက်တာ တကယ့်ကို ကလေးလေးလိုပဲ
တစ်ခါတစ်လေတော့လည်း တည်ငြိမ်ရင့်ကျက်နေသည့် ပုံစံလေးထက် အဲ့လို ပုံစံလေးပဲ မြင်ချင်သည်။

ချစ်တယ် ပိုင်ဆိုင်ချင်တယ်
ခွန်းသံသာချို ကိုယ်မင်းကို တကယ်ကို ပိုင်ဆိုင်ချင်ပြီ။

"ခန့်ညားထည်ဝါ ဟိုမှာ ကိုသုတ"

"သုတ မင်းရောက်လာပြီလား"

"ဟုတ်ကဲ့ ဥက္ကဌ အရှေ့မှာ ကား"

"မင်း လာခေါ်တာ မဟုတ်ဘူးလား"

"ကျွန်တော် အရေးကြီး လုပ်စရာလေးတွေ ရှိသေးလို့ ပြန်သွားရမယ်"

"အော် အရေးကြီးလို့လား မင်းပဲ မောင်းပို့လို့ မရဘူးလား"

"ဗျာ အရေးကြီးလို့ ဥက္ကဌ ရဲ့"

ဒီနေ့ ဘာဖြစ်နေတာလဲ
အရင်တုန်းကဆို နှစ်ယောက်တည်း အတူနေရဖို့ ဘာမဆို လုပ်မယ့်သူက

"ဘာ ကိစ္စမလို့လဲ"

"ဟို......

"ဘာတွေဖြစ်နေကြတာလဲ"

"ဟို ကျွန်တော် ကားထားခဲ့မလို့ အဖော်လည်း ပါတော့"

"ထားခဲ့လေ"

"သုတ"

ဥက္ကဌ ဘာဖြစ်နေတာလဲ

မသွားနဲ့ ဒီနေ့ ငါစိတ်ကို ငါ မထိန်းနိုင်ဘူးဖြစ်နေလို့
သူနှင့် နှစ်ယောက်တည်း လုံးဝ မဖြစ်ဘူး

သူတို့ နှစ်ယောက် ဘာဖြစ်နေတာလဲ
ခွန်း ပြောတာ နားမထောင်ပဲ ဘာလို့ နှစ်ယောက်သား အဲ့လောက်ထိ ကြည့်နေကြတာလဲ

"ကိုသုတ"

"ဗျာ"

"ပြန်ရင် ပြန်တော့လေ ကျွန်မ မောင်းလို့ရတာပဲ"

"ဟုတ် ကျွန်တော် အဲ့တာဆို သွားလိုက်ပါဦးမယ်"

"သုတ..... !!!!"

ဟိန်းထွက်သွားသော အသံ ခြေထောက်တောင် မခိုင်ချင်တော့

"ဗျာ..ဗျာ...ဗျာ ဥက္ကဌ"

ခွန်း သူ့ကို ကြည့်နေလိုက်ပါသည်။
သူဘာဖြစ်နေတာလဲ
ဘာလို့ ထအော်နေရတာလဲ

"ခန့်ညားထည်ဝါ ဘာဖြစ်နေတာလဲ"

"သွားတော့"

"ဗျာ ဟုတ် ခွင့်ပြုပါဦး"

ဘာတွေလဲ တစ်ယောက်ကလည်း ပြေးထွက်သွားလိုက်တာ
ဒီတစ်ယောက်ကရော ဘာလို့ ကျောခိုင်းပြီး တန်းဝင်သွားတာလဲ

"ခွန်း သွားမယ်"

"ဟင် အင်း ဦးကြီးကို နှုတ်ဆက်လိုက်ဦးမယ်"

"နှုတ်ဆက်လေ"

ခွန်း ဦးကြီးကို နှုတ်ဆက်ပြီး ထွက်လာလိုက်ပါသည်။
ခွန်းတို့ကားလေးဟာ ပုံမှန် အမြန်နှုန်းဖြင့် ပြေးလွှားလျက်။

ဘေးကလူကတော့ မျက်လုံ မှိတ်လျက် မှေးနေသည်။

အိပ်ပျော်နေပြီလား။
ငါက ကားမောင်းပြီး သူကျ အိပ်နေတာလား။

ပင်ပန်းနေလို့ ဖြစ်ရင် ဖြစ်မှာပေါ့။
ဘာလို့ တစ်ခွန်းမှ မပြောရတာလဲ။
အရမ်းကို တိတ်ဆိတ်လွန်းတယ်လို့ ခွန်းထင်သည်။

"ခန့်ညားထည်ဝါ"

"အင်း"

"ရှင် အိပ်နေတာလား"

"မဟုတ်ပါဘူး"

"အဲ့တာဆို ကျွန်မ သီချင်းဖွင့်မယ်နော်"

"အင်း"

ခွန်း သီချင်းဖွင်လိုက်သည်။
ဘာသီချင်း လာမလဲတော့ မသိ။

ဘာပဲ ဖြစ်ဖြစ် လိုတာထက်ပို တိတ်ဆိတ်လွန်းသော အနေအထားကိုတော့ မနှစ်သက်။

🎶​ငါ ပြတ်သားရမှာလား ထွက်သွားရမှာလား မျိုသိပ်ရမှာလား ဖွင့်ပြောရမှာလား ဒီစိတ်တွေ အရိပ်အခြေ ကြည့်တုန်းဟေ့ 🎶

တိုက်ဆိုင်တာလား ဘာလို့ ဒီအချိန်ကျမှ အဲ့သီချင်းက
သီချင်းကို မြန်မြန် ပိတ်ရမည်
ခွန်း သီချင်းကို ပိတ်ဖို့ လက်လှမ်းလိုက်ပါသည်။

"ထားလိုက်"

"ဟင်"

"ထားလိုက်ပါ"

"အင်း"

တိတ်ဆိတ်လွန်းသော ကားပေါ်မှာ သီချင်းသံက တလွင့်လွင့်
သူလည်း တခြားတစ်ဖက်ကို ငေးနေသလို ခွန်းလည်း အရှေ့ကိုသာ တည့်တည့်ကြည့်ပြီး မောင်းနေပါသည်

အတိတ်တွေကို မြင်ယောင်ရင်း.......

🎶 ငါ့လောက်ချစ်တဲ့သူလေ နင်ရှာဖွေကြည့်ပါ
တကယ်လို့ မတော်တဆ လမ်းတွေ့တဲ့ အခါ ရှောင်ဖယ်နေရမလား

ငါ့လောက်ချစ်တဲ့သူလေ နင်ရှာဖွေကြည့်ပါ
တကယ်လို့ မတော်တဆ ဆုံတဲ့အခါ အဆင်မပြေရင်တောင် နည်းနည်းတော့ ပြုံးပြ 🎶

"ခွန်း"

" ......... "

"ဆယ်နှစ်ကျော်ပြီ အတိတ်တွေက ကိုယ်.....

"ခန့်ညားထည်ဝါ"

"ဟင်"

"ဦးကြီးနဲ့ ဘယ်လိုလုပ် အဆင်ပြေသွားတာလဲ"

စကားလမ်းကြောင်း လွှဲပြန်ပြီ။
ကိုယ်ကလည်း သိသိကြီးနဲ့ အလွှဲခံဦးမည်။

"လူတွေမှာ အားနည်းလျက် ကိုယ်စီရှိတယ်လေ
သူတို့နဲ့ တူညီတဲ့သူကို စိတ်ဝင်တစား ရင်ဖွင့်ချင်တဲ့ ခံစားချက်တွေလည်း ရှိတယ်

ကိုယ်က အဲ့တာတွေကို နားထောင်ပြီး ဆွေးနွေး ပေးလိုက်ရုံပါပဲ"

"တခြားသူတစ်​ယောက်ရဲ့ ခံစားချက်တွေကို နားထောင်ပေးဖို့က လွယ်ပါတယ်
သူနဲ့ တစ်ထပ်တည်း ပါဝင်ဆွေးနွေးပေးဖို့က ကိုယ်တိုင်လည်း အဲ့ဒီ ခံစားချက်ကို နားလည်နိုင်မှ ခံစားဖူးမှမလား"

"မှန်တာပေါ့"

"ပြောလို့ရလား ဦးကြီး အားနည်းချက် သူ့ခံစားချက်ကို"

"ခွန်း သိလား ကိုယ်တို့က တခြားနေရာသာ မတူညီတာ တစ်နေရာမှာတော့ တူညီကြတယ်"

"ဘာလဲ"

"အားနည်းချက်"

"အဲ့ဒီ အားနည်းချက်က"

"အချစ် ချစ်ရတဲ့ တစ်စုံတစ်ယောက်"

"ချစ်ရတဲ့ တစ်စုံတစ်ယောက်
အဲ့တာ ရှင့်ရဲ့အားနည်းချက်လား"

မဖြစ်နဲ့ ခန့်ညားထည်ဝါ
ကျွန်မ ရှင့်အားနည်းချက် မဖြစ်ချင်ဘူး

"ဟင့်အင်း
ဦးကြီးအတွက် သူချစ်ရတဲ့ အမျိုးသမီးက အားနည်းချက် ဖြစ်ပေမယ့်
ကိုယ့်အတွက်တော့ မဟုတ်ဘူး

ကိုယ့်အတွက်တော့ သူက အားသာချက်
တစ်ခုတည်းသော ကိုယ့်ရဲ့အားသာချက်"

ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ကြိုစားနေသူနှင့် ထိုခံစားချက်တွေကို ဖွင့်ထုတ်ခွင့်မပေးသူ.......

တိတ်ဆိတ်လျက် ငြိမ်သက်လျက် ငေးမောလျက် ကျောခိုင်းလျက်.........

Paing 
8.9.2021
1:23 PM








Zawgyi

မနက္ခင္း ေနေရာင္ျခည္ဟာ ျပတင္းေပါက္အား ျဖတ္လ်က္ မ်က္ႏွာေပၚသို႔ က်ေနသည္။
မ်က္လုံးဖြင့္ဖြင့္ခ်င္း အလင္းေရာင္ စူးစူးက မ်က္ႏွာသို႔ ထိုးလ်က္။

ငါ့အခန္းက ဘယ္တုန္းက ဒီေလာက္ထိ ေနထိုးသြားတာလဲ။
မဟုတ္ေသးပါဘူး။

အာ သူမ်ားအိမ္ပဲ
ဒါဆို ခန့္ညားထည္ဝါေရာ

အေရွ႕ဘက္က ရယ္သံနဲ႕ စကားေျပာသံ တစ္ခ်ိဳ႕ ၾကားေနရသည္။

ခြန္းအထင္ေတာ့ မနက္ ၇ နာရီေတာ့ ရွိေလာက္ၿပီ။
ထြက္ၾကည့္ဖို႔ ထလာခဲ့လိုက္သည္။

ျမင္ရတဲ့ ျမင္ကြင္းက အေတာ္ထူးဆန္းသည္။
ဦးႀကီးနဲ႕ ခန့္ညားထည္ဝါက ရယ္ရယ္ေမာေမာ စကားေျပာေနလိုက္တာ မသိရင္ လူရင္းေတြ လိုပဲ။

မေန႕က စကားမ်ားထားတာ သူတို႔ မဟုတ္တဲ့ အတိုင္း။
ခြန္း သူတို႔ဆီ သြားလိုက္ပါသည္။

"လုံမ နိုးၿပီလားကြယ့္"

"ဟုတ္"

"ထိုင္ဦး ထိုင္ဦး လုံမစားဖို႔ ေကာက္ညွင္းေပါင္း သြားယူလိုက္မယ္"

"ရွင္ ဟုတ္ ေက်းဇူး"

"နိုးၿပီလား ခြန္း"

"အင္း"

"ေခါင္းေတြ ႏွောက္က်ိေနေသးလား ညက အိပ္တာ ေနာက္က်တယ္မလား"

"မျဖစ္ပါဘူး အိပ္ေရးဝတယ္
ဒါနဲ႕ ရွင္နဲ႕ ဦးႀကီးက ဘယ္တုန္းက အဲ့ေလာက္ ရင္းႏွီးသြားတာလဲ"

"ဒါကေတာ့.....

ခြန္း စိတ္ဝင္တစားနဲ႕ နားေထာင္ေနလိုက္သည္။
တကယ္ကိုပင္ သိခ်င္သည္။

"ေျပာစရာ ရွိတာေျပာပါ"

"လုံမ ဒီမွာ စားလိုက္ဦး
အေနာက္မွာ ေရးႏြေးအိုးတည္ထားလို႔ သြားၾကည့္လိုက္ဦးမယ္"

"ဟုတ္ ေက်းဇူးပါ"

ေကာက္ညွင္းေပါင္း ပူပူေလးႏွင့္ အေၾကာ္ေလး မစားရတာ ဘာ္ေလာက္ၾကာၿပီလဲ
ခြန္း အားရပါးရစားဖို႔သာ စိတ္ကူးလိုက္ပါသည္။

"ဟိတ္"

အစားျမင္လိုက္ေတာ့ ေတာက္သြားတဲ့ မ်က္လုံးေတြ
က်န္တာ အကုန္ေမ့
အစာလွမ္းယူေနေသာ လက္ကို လွမ္းပုတ္လိုက္ပါသည္။

"ခန့္ညားထည္ဝါ ဘာလုပ္တာလဲ အစားစာေနတဲ့ အခ်ိန္ ႏွောင့္ယွက္ျပန္ၿပီ...
အစားစားေနရင္ တိရစ္ဆာန္ေတာင္ မႏွောင့္ယွက္ရဘူးလို႔ ေျပာထားတယ္ေလ မသိဘူးလားးးးးး!!!!
အစားစားေနရင္ ႏွောင္ယွက္တာ မႀကိဳက္ပါဘူးဆို ဘာလို႔ လာလာ ႏွောင့္ယွက္ေနတာလဲ...... !!!"

ေျပာသြားလိုက္တာ ေျပာသြားလိုက္တာ မရပ္မနား စက္ေသနတ္ပစ္တာ က်ေနတာပဲ

"မ်က္ႏွာ မသစ္ေတာ့ဘူးလား
ဒီတိုင္း စားေတာ့မလို႔လား ညစ္ပတ္အိုး"

"သြားတိုက္တံတို႔ သြားတိုက္ေဆးတို႔မွ မပါတာ"

"အဲ့တာနဲ႕ပဲ မသစ္ေတာ့ဘူးေပါ့
ဟိုမွာ ခ်ထားတယ္ သြားသစ္ အေနာက္မွာ အင္တုံရွိတယ္"

"အဲ့တာေတြ ဘယ္ကရတာလဲ"

"ကားထဲမွာ ပါတယ္ေလ"

"သိမွ မသိတာ"

"အခု သိၿပီမလား သြားသစ္ေတာ့
ၾကည့္ပါဦး ညစ္ပတ္လိုက္တာ မ်က္ႏွာလည္း မသစ္ပဲ စားခ်င္ေသာက္ခ်င္ေနတာ"

အားးးးးးးး
စိတ္တိုလိုက္တာ ရွက္လိုက္တာ

"ဘာၾကည့္ေနတာလဲ သြားသစ္ေတာ့ေလ ညစ္ပတ္မေလးရဲ႕"

စိတ္တိုလိုက္တာ သူက်ေျပာၿပီး ေရႏြေးၾကမ္း ေအးေအးလူလူထိုင္ေသာက္ေနတာ
ေရးႏြေးနဲ႕ မ်က္ႏွာကို ပတ္ပစ္ခ်င္တယ္

"ရွင္ ကြၽန္မကို နမ္းခ်င္လား"

"အဟြတ္.....အဟြတ္....အဟြတ္

ဘာ....ဘာေျပာလိုက္တယ္"

အားးး ပူလိုက္တာ
သို႔ေပမယ့္ မၾကည့္အားေသး။
နားၾကားမွားသြားတာလား လိုတာထက္ပိုၿပီး အနားေတာင္ အကပ္မခံတဲ့သူက

"ခြန္း ဘာေျပာလိုက္တယ္"

ေကာင္းလိုက္တာ ေရႏြေးေတြ ဖိတ္က်သြားတာ
တစ္ကိုယ္လုံးကို ေလာင္းပစ္ခ်င္တာ

"ေအာ္
ကြၽန္မ စိတ္ကူးကေလ ကြၽန္မသာ ခ်စ္သူရရင္ နိုးထခ်ိန္တိုင္း သူ႕ကို အနမ္းတစ္ပြင့္ ေႁခြခိုင္းခ်င္တာေလ

ဒါေပမယ့္ ရွင့္လို ႐ြံတတ္ၿပီး ႀကီးက်ယ္တဲ့ သူနဲ႕ဆိုရင္ေတာ့ ကြၽန႔္မစိတ္ကူးက အလုပ္ျဖစ္မွာ မဟုတ္ဘူးလို႔ စဥ္းစားမိလို႔ပါ"

"ဘာလို႔ အလုပ္မျဖစ္ရမွာလဲ ကိုယ္မ႐ြံတတ္ပါဘူး"

"ကြၽန္မကေတာ့ အဲ့လို မထင္ဘူး
အခုေတာ့ ရွင့္ဆႏၵအတိုင္း မ်က္ႏွာ သြားသစ္လိုက္ဦးမယ္"

ဘာလို႔ မထင္ရတာလဲ
ဘာလို႔ မျဖစ္နိုင္ရမွာလဲ
ကိုယ္ မနက္ကေတာင္ မင္းကို နမ္းၿပီးသြားၿပီေလ
အခု နမ္းရလည္း အဆင္ေျပတာပဲ
ဘယ္အခ်ိန္ နမ္းရနမ္းရ ျဖစ္တယ္

"ေအာ္ ေနာက္ၿပီးေတာ့ေလ ရွင္က ကြၽန္မရဲ႕ လက္တြဲေဖာ္ လုံးဝ မျဖစ္နိုင္ဘူး သိလား"

"ဘာလို႔လဲ"

"အလကားေနရင္း ဘဝင္ေလဟပ္ၿပီး ႀကီးက်ယ္ေနလို႔"

ဘယ္သူက မင္းလက္တြဲေဖာ္ မျဖစ္နိုင္တာလဲ
မွတ္ေတာင္ ထားရဦးမယ္
ေစာင့္ၾကည့္ မင္း ငါကလြဲၿပီး ဘယ္သူ႕ကိုမွ မယူရဘူး

ဘယ္လို မိန္းကေလးလဲ
အခုခ်က္ခ်င္းေတာင္ ေနာက္ကလိုက္ၿပီး နမ္းလို႔ရေသး
မျဖစ္ေသးပါဘူး ေတာ္ၾကာ ပါးက်ိဳးေနမွ

လူကသာ ေသးတာ အေတာ္လက္သံေျပာင္တဲ့ မိန္းကေလး
ပထမဆုံး အခ်ိန္ ပါးရိုက္ခံရတုန္းက အစားေတာင္ ေကာင္းေကာင္းမစားနိုင္ဘူး
မေတာ္တဆေလး နမ္းမိတာကို အဲ့ေလာက္ထိ လုပ္ဖို႔လိုလို႔လား

စဥ္းစားရင္းနဲ႕ ေဒါသ ထြက္လာၿပီ
အဲ့အေၾကာင္း ဘယ္အခ်ိန္ ျပန္ေတြးေတြး ေဒါသထြက္တုန္း။

'အားတင္းထား ခန့္ညားထည္ဝါ
နမ္းခြင့္ရတဲ့ ေန႕မွ မရပ္မနားကို နမ္းပစ္အုံးမယ္
အစားေတာင္ ေကာင္းေကာင္း မစားနိုင္ေလာက္ေအာင္ထိ နမ္းပစ္မယ္ '

"ခန့္ညားထည္ဝါ ႐ုပ္ႀကီးက ဘာျဖစ္ေနတာလဲ"

"ဘာျဖစ္လို႔လဲ"

"ရွင့္႐ုပ္က မခ်ိဳမခ်ဥ္႐ုပ္ႀကီး မဟုတ္တာ တစ္ခုခု လုပ္ေတာ့မယ့္ပုံစံ"

သူဘာမွ မေျပာ
အဲ့ဒီ အစားစိုက္ၾကည့္ေနသည္
ခုနကမွ မ်က္ႏွာသစ္လာတာ မ်က္ႏွာမွာေတာ့ ဘာမွ မေပေလာက္ဘူး

"ဘာလို႔ စိုက္ၾကည့္ေနတာလဲ ရွင့္အၾကည့္ေတြ ျပင္လိုက္"

"ကိုယ့္ အၾကည့္က ဘာျဖစ္ေနလို႔လဲ"

"မေကာင္းတဲ့ အေငြ႕အသက္ေတြ ရေနတယ္
ႏွာဗူးအၾကည့္မ်ိဳး"

ေနာက္ဆုံး စကားေလးကိုေတာ့ တိုးတိုးေလး ေျပာလိုက္သည္
ေတာ္ၾကာ စိတ္တိုၿပီး မဟုတ္တာ ထလုပ္ေနမွျဖင့္

"ဘာ အၾကည့္"

"ဘာမွ မဟုတ္ပါဘူး စားေတာ့မယ္
မ်က္ႏွာလည္း သစ္ခဲ့ၿပီ သြားလည္း တိုက္ခဲ့ၿပီ အခု စားလို႔ရၿပီမလား"

"စား စား အရမ္းကို စားခ်င္ေနတာလား"

"ဗိုက္ဆာတာကို သူက် အေစာႀကီး စားထားၿပီး"

"ခြန္းက အိပ္ပုတ္ႀကီးေနတာေလ"

"ရွင္ ႏွိုးေပါ့"

ႏွိုးမွ မႏွိုးရက္တာ သိမွာလည္း မဟုတ္ပဲ။

"ဒါနဲ႕ ဘယ္လို ျပန္မွာလဲ"

"သုတကို ph ဆက္ထားတယ္"

"ok"

"ျဖည္းျဖည္းစား ရင္ျပည့္အုံးမယ္
ေကာက္ညွင္းေတြကို"

"မျပည့္ပါဘူး ေရမ်ားမ်ားေသာက္ရင္ ရတယ္"

"မင္း ဘာလို႔ အဲ့ေလာက္ထိ စားတာေတာင္ ပိန္ေနရတာလဲ"

"ရွင္က ကြၽန္မကို အစားႀကီးတယ္လို႔ ေျပာတာလား"

"sorry ကိုယ္အဲ့လို ေျပာခ်င္တာမဟုတ္.....

"ေျပာခ်င္လည္း ဂ႐ုမစိုက္ပါဘူး
ဒါက ဘုရားေပးတဲ့ ဆုလာဘ္ပဲ"

"မင္းဟာနဲ႕ မင္းေတာ့ ဟုတ္ေနတာပဲ"

"မွန္ေနတာပဲကို ဒီလို ကိုယ္လုံးေသးေသးေလးကို လူတိုင္းလိုခ်င္ေနက်တာေလ"

"ဟုတ္ပါၿပီ မင္းကိုေတာ့ မနိုင္ဘူး"

မင္းပိန္ပိန္ေသးေသးေလး ျဖစ္တာ ေကာင္းပါတယ္
ကိုယ့္အတြက္ေတာ့
ခံနိုင္ရည္ မရွိမွာေလး တစ္ခုပဲ
မဟုတ္ေသးပါဘူး ငါအေတြးလြန္ေနၿပီပဲ
စိတ္ထိန္းစမ္း ခန့္ညားထည္ဝါ

"ကြၽန္မလည္း ရွင့္ကို မနိုင္ပါဘူး"

"အဲ့လိုပဲ ျဖစ္ရမွာေပါ့"

"ဟမ္"

"ဘာမွ မဟုတ္ဘူးစားလို႔ မ်ားမ်ားစား"

အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးနဲ႕ အမ်ိဳးမ်ိဳး တတ္နိုင္တယ္
စိတ္ထင္လို႔လား ခန့္ညားထည္ဝါ အၾကည့္ေတြ မူမမွန္သလိုပဲ

"ခန့္ညားထည္ဝါ"

"ဟင္"

"ရွင္ဘာေတြ ေတြးေနတာလဲ"

"ကိုယ္က ဘာေတြးရမွာလဲ"

"ကြၽန္မကေလ လူတစ္ေယာက္ရဲ႕ အမူအရာကို ၾကည့္လိုက္တာနဲ႕ သူ႕အေတြးေတြကို မွန္းၾကည့္ၿပီးသားပါေနာ္"

"ဆိုပါဦး ကိုယ္ဘာေတြ ေတြးေနတာလဲ"

သူက ခြန္းမ်က္လုံးကို တည့္တည့္စိုက္ၾကည့္လ်က္ ေမးသည္။
ခြန္းလည္း သူ႕မ်က္လုံးကို တည့္တည့္ၾကည့္လ်က္ပင္ ျပန္ေျဖလိုက္သည္။

"ရွင္ မဟုတ္က ဟုတ္က ညစ္ညမ္းတာေတြ ေတြးေနတာမလား"

"ဟင္"

"ဟုတ္ေနတာပဲ ရွင့္မ်က္လုံးေတြ ဂနာမၿငိမ္ျဖစ္သြားတယ္"

ဘယ္လိုလုပ္ ငါ့အေတြးေတြကို သိေနတာလဲ
တကယ္ႀကီး သိေနတာလား မျဖစ္နိုင္တာ

"ရွင့္ အေတြးေတြကို အခုခ်က္ခ်င္း ႐ုပ္သိမ္းလိုက္ေနာ္
အဲ့တာ လုံးဝ မျဖစ္နိုင္ဘူး"

"ဘာလို႔လဲ"

"ရွင္က ဒီလို ဟာမ်ိဳးေတြ သိပ္မႀကိဳက္ဘူး မလား"

"ကိုယ္ႀကိဳက္ပါတယ္ ဒီလို ေသးေသးသြယ္သြယ္ေလးေတြ.....

"ဘာကိုလဲ"

"ဟင္"

"ရွင္ ဘာေတြေျပာေနတာလဲ"

"ခြန္းကေရာ ဘာေတြေျပာေနတာလဲ"

"ရွင္ ေကာက္ညွင္းေပါင္း စားခ်င္ေနတာမလား
ကြၽန္မ စားတာၾကည့္ၿပီး သြားရည္ယိုေနတာမလား

ရွင့္ကို လုံးဝ မေကြၽးနိုင္ဘူးေနာ္
ရွင္လည္း ဒီလို အစားအစာမ်ိဳးေတြ သိပ္မႀကိဳက္ပါဘူး

အဲ့တာ​ေၾကာင့္ ကြၽန္မဆီက လုဖို႔ မစဥ္းစားနဲ႕လို႔"

ေသေရာ ခြန္းရယ္
ဘယ္အခ်ိန္တုန္းက မင္းအေတြးေတြ အဲ့ေလာက္ထိ ကေလးဆန္သြားရတာလဲ
လူႀကီး ဆန္ဆန္ ေတြးစမ္းပါ

"ၾကားလား ခန့္ညားထည္ဝါ"

"အင္း"

"ဘာၾကည့္ေနတာလဲ"

"ႏႈတ္ခမ္းမွာ...

"ဟင္"

"ႏႈတ္ခမ္းမွာ ..... ေပေနတယ္"

"ဒီနားလား မဟုတ္ဘူးလား
ဒီနားမွာလား"

"ဟင္"

"ေျပာင္ၿပီလား"

"အင္း"

မျဖစ္ေတာ့ ဒီနားမွာ ဆက္ေနဖို႔ မျဖစ္
လက္နဲ႕ သုတ္လိုက္ရင္ ဘာျဖစ္မွာမလို႔ လွ်ာနဲ႕ သတ္ေနရတာလဲ

ငါ့ကို လာၿပီး ျမဴဆြယ္ေနတာလားးးးးးး!!!!
သမာဓိအားကို စမ္းသပ္ေနတာလားးးးးး!!!!

ခြန္းသံသာခ်ိဳ မင္းေတာ့
ငါ့ ခံနိုင္ရည္ကို စမ္းသပ္ေနတာပဲ
စိတ္ထိန္းစမ္း ခန့္ညားထည္ဝါ စိတ္ထိန္းစမ္း

ဒီေန႕ ငါ့ အေတြးေတြ ဘာျဖစ္ေနတာလဲ
မေန႕က ညက အတူတူ အိပ္ခဲ့လို႔မ်ား
မျဖစ္နိုင္တာ

မဟုတ္ဘူး မဟုတ္ဘူး လူႀကီးလူေကာင္း ဆန္ဆန္ေနစမ္း ခန့္ညားထည္ဝါ
ဆႏၵကို သိကၡာနဲ႕ ထိန္းရမယ္
သူ အထင္ေသးသြားလို႔ မျဖစ္ဘူး

ဟာ.....
တကယ္ပဲ လိုခ်င္လိုက္တာ

ေနာက္က မိန္းကေလးကို လွမ္းၾကည့္လိုက္ပါသည္။
စားေနလိုက္တာ တကယ့္ကို ကေလးေလးလိုပဲ
တစ္ခါတစ္ေလေတာ့လည္း တည္ၿငိမ္ရင့္က်က္ေနသည့္ ပုံစံေလးထက္ အဲ့လို ပုံစံေလးပဲ ျမင္ခ်င္သည္။

ခ်စ္တယ္ ပိုင္ဆိုင္ခ်င္တယ္
ခြန္းသံသာခ်ိဳ ကိုယ္မင္းကို တကယ္ကို ပိုင္ဆိုင္ခ်င္ၿပီ။

"ခန့္ညားထည္ဝါ ဟိုမွာ ကိုသုတ"

"သုတ မင္းေရာက္လာၿပီလား"

"ဟုတ္ကဲ့ ဥကၠဌ အေရွ႕မွာ ကား"

"မင္း လာေခၚတာ မဟုတ္ဘူးလား"

"ကြၽန္ေတာ္ အေရးႀကီး လုပ္စရာေလးေတြ ရွိေသးလို႔ ျပန္သြားရမယ္"

"ေအာ္ အေရးႀကီးလို႔လား မင္းပဲ ေမာင္းပို႔လို႔ မရဘူးလား"

"ဗ်ာ အေရးႀကီးလို႔ ဥကၠဌ ရဲ႕"

ဒီေန႕ ဘာျဖစ္ေနတာလဲ
အရင္တုန္းကဆို ႏွစ္ေယာက္တည္း အတူေနရဖို႔ ဘာမဆို လုပ္မယ့္သူက

"ဘာ ကိစၥမလို႔လဲ"

"ဟို......

"ဘာေတြျဖစ္ေနၾကတာလဲ"

"ဟို ကြၽန္ေတာ္ ကားထားခဲ့မလို႔ အေဖာ္လည္း ပါေတာ့"

"ထားခဲ့ေလ"

"သုတ"

ဥကၠဌ ဘာျဖစ္ေနတာလဲ

မသြားနဲ႕ ဒီေန႕ ငါစိတ္ကို ငါ မထိန္းနိုင္ဘူးျဖစ္ေနလို႔
သူႏွင့္ ႏွစ္ေယာက္တည္း လုံးဝ မျဖစ္ဘူး

သူတို႔ ႏွစ္ေယာက္ ဘာျဖစ္ေနတာလဲ
ခြန္း ေျပာတာ နားမေထာင္ပဲ ဘာလို႔ ႏွစ္ေယာက္သား အဲ့ေလာက္ထိ ၾကည့္ေနၾကတာလဲ

"ကိုသုတ"

"ဗ်ာ"

"ျပန္ရင္ ျပန္ေတာ့ေလ ကြၽန္မ ေမာင္းလို႔ရတာပဲ"

"ဟုတ္ ကြၽန္ေတာ္ အဲ့တာဆို သြားလိုက္ပါဦးမယ္"

"သုတ..... !!!!"

ဟိန္းထြက္သြားေသာ အသံ ေျခေထာက္ေတာင္ မခိုင္ခ်င္ေတာ့

"ဗ်ာ..ဗ်ာ...ဗ်ာ ဥကၠဌ"

ခြန္း သူ႕ကို ၾကည့္ေနလိုက္ပါသည္။
သူဘာျဖစ္ေနတာလဲ
ဘာလို႔ ထေအာ္ေနရတာလဲ

"ခန့္ညားထည္ဝါ ဘာျဖစ္ေနတာလဲ"

"သြားေတာ့"

"ဗ်ာ ဟုတ္ ခြင့္ျပဳပါဦး"

ဘာေတြလဲ တစ္ေယာက္ကလည္း ေျပးထြက္သြားလိုက္တာ
ဒီတစ္ေယာက္ကေရာ ဘာလို႔ ေက်ာခိုင္းၿပီး တန္းဝင္သြားတာလဲ

"ခြန္း သြားမယ္"

"ဟင္ အင္း ဦးႀကီးကို ႏႈတ္ဆက္လိုက္ဦးမယ္"

"ႏႈတ္ဆက္ေလ"

ခြန္း ဦးႀကီးကို ႏႈတ္ဆက္ၿပီး ထြက္လာလိုက္ပါသည္။
ခြန္းတို႔ကားေလးဟာ ပုံမွန္ အျမန္ႏႈန္းျဖင့္ ေျပးလႊားလ်က္။

ေဘးကလူကေတာ့ မ်က္လုံ မွိတ္လ်က္ ေမွးေနသည္။

အိပ္ေပ်ာ္ေနၿပီလား။
ငါက ကားေမာင္းၿပီး သူက် အိပ္ေနတာလား။

ပင္ပန္းေနလို႔ ျဖစ္ရင္ ျဖစ္မွာေပါ့။
ဘာလို႔ တစ္ခြန္းမွ မေျပာရတာလဲ။
အရမ္းကို တိတ္ဆိတ္လြန္းတယ္လို႔ ခြန္းထင္သည္။

"ခန့္ညားထည္ဝါ"

"အင္း"

"ရွင္ အိပ္ေနတာလား"

"မဟုတ္ပါဘူး"

"အဲ့တာဆို ကြၽန္မ သီခ်င္းဖြင့္မယ္ေနာ္"

"အင္း"

ခြန္း သီခ်င္းဖြင္လိုက္သည္။
ဘာသီခ်င္း လာမလဲေတာ့ မသိ။

ဘာပဲ ျဖစ္ျဖစ္ လိုတာထက္ပို တိတ္ဆိတ္လြန္းေသာ အေနအထားကိုေတာ့ မႏွစ္သက္။

🎶​ငါ ျပတ္သားရမွာလား ထြက္သြားရမွာလား မ်ိဳသိပ္ရမွာလား ဖြင့္ေျပာရမွာလား ဒီစိတ္ေတြ အရိပ္အေျခ ၾကည့္တုန္းေဟ့ 🎶

တိုက္ဆိုင္တာလား ဘာလို႔ ဒီအခ်ိန္က်မွ အဲ့သီခ်င္းက
သီခ်င္းကို ျမန္ျမန္ ပိတ္ရမည္
ခြန္း သီခ်င္းကို ပိတ္ဖို႔ လက္လွမ္းလိုက္ပါသည္။

"ထားလိုက္"

"ဟင္"

"ထားလိုက္ပါ"

"အင္း"

တိတ္ဆိတ္လြန္းေသာ ကားေပၚမွာ သီခ်င္းသံက တလြင့္လြင့္
သူလည္း တျခားတစ္ဖက္ကို ေငးေနသလို ခြန္းလည္း အေရွ႕ကိုသာ တည့္တည့္ၾကည့္ၿပီး ေမာင္းေနပါသည္

အတိတ္ေတြကို ျမင္ေယာင္ရင္း.......

🎶 ငါ့ေလာက္ခ်စ္တဲ့သူေလ နင္ရွာေဖြၾကည့္ပါ
တကယ္လို႔ မေတာ္တဆ လမ္းေတြ႕တဲ့ အခါ ေရွာင္ဖယ္ေနရမလား

ငါ့ေလာက္ခ်စ္တဲ့သူေလ နင္ရွာေဖြၾကည့္ပါ
တကယ္လို႔ မေတာ္တဆ ဆုံတဲ့အခါ အဆင္မေျပရင္ေတာင္ နည္းနည္းေတာ့ ၿပဳံးျပ 🎶

"ခြန္း"

" ......... "

"ဆယ္ႏွစ္ေက်ာ္ၿပီ အတိတ္ေတြက ကိုယ္.....

"ခန့္ညားထည္ဝါ"

"ဟင္"

"ဦးႀကီးနဲ႕ ဘယ္လိုလုပ္ အဆင္ေျပသြားတာလဲ"

စကားလမ္းေၾကာင္း လႊဲျပန္ၿပီ။
ကိုယ္ကလည္း သိသိႀကီးနဲ႕ အလႊဲခံဦးမည္။

"လူေတြမွာ အားနည္းလ်က္ ကိုယ္စီရွိတယ္ေလ
သူတို႔နဲ႕ တူညီတဲ့သူကို စိတ္ဝင္တစား ရင္ဖြင့္ခ်င္တဲ့ ခံစားခ်က္ေတြလည္း ရွိတယ္

ကိုယ္က အဲ့တာေတြကို နားေထာင္ၿပီး ေဆြးႏြေး ေပးလိုက္႐ုံပါပဲ"

"တျခားသူတစ္​ေယာက္ရဲ႕ ခံစားခ်က္ေတြကို နားေထာင္ေပးဖို႔က လြယ္ပါတယ္
သူနဲ႕ တစ္ထပ္တည္း ပါဝင္ေဆြးႏြေးေပးဖို႔က ကိုယ္တိုင္လည္း အဲ့ဒီ ခံစားခ်က္ကို နားလည္နိုင္မွ ခံစားဖူးမွမလား"

"မွန္တာေပါ့"

"ေျပာလို႔ရလား ဦးႀကီး အားနည္းခ်က္ သူ႕ခံစားခ်က္ကို"

"ခြန္း သိလား ကိုယ္တို႔က တျခားေနရာသာ မတူညီတာ တစ္ေနရာမွာေတာ့ တူညီၾကတယ္"

"ဘာလဲ"

"အားနည္းခ်က္"

"အဲ့ဒီ အားနည္းခ်က္က"

"အခ်စ္ ခ်စ္ရတဲ့ တစ္စုံတစ္ေယာက္"

"ခ်စ္ရတဲ့ တစ္စုံတစ္ေယာက္
အဲ့တာ ရွင့္ရဲ႕အားနည္းခ်က္လား"

မျဖစ္နဲ႕ ခန့္ညားထည္ဝါ
ကြၽန္မ ရွင့္အားနည္းခ်က္ မျဖစ္ခ်င္ဘူး

"ဟင့္အင္း
ဦးႀကီးအတြက္ သူခ်စ္ရတဲ့ အမ်ိဳးသမီးက အားနည္းခ်က္ ျဖစ္ေပမယ့္
ကိုယ့္အတြက္ေတာ့ မဟုတ္ဘူး

ကိုယ့္အတြက္ေတာ့ သူက အားသာခ်က္
တစ္ခုတည္းေသာ ကိုယ့္ရဲ႕အားသာခ်က္"

ခံစားခ်က္ေတြကို ဖြင့္ထုတ္ဖို႔ ႀကိဳစားေနသူႏွင့္ ထိုခံစားခ်က္ေတြကို ဖြင့္ထုတ္ခြင့္မေပးသူ.......

တိတ္ဆိတ္လ်က္ ၿငိမ္သက္လ်က္ ေငးေမာလ်က္ ေက်ာခိုင္းလ်က္.........

Paing 
8.9.2021
1:23 PM























Continue Reading

You'll Also Like

40.5M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...