ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ

2.9K 494 0
By Hululu61

[Unicode]

အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ

လောင်းကစားရုံ၏ အတွင်းဘက်သည် လုံးဝ ခြားနားသော ကမ္ဘာတစ်ခုအသွင်ဖြစ်သွားသည်။

အပြင်ဘက်မှ ကြည့်လျှင် အဆောက်အဦမှာ သိုသိုသိပ်သိပ်အနေအထားဖြစ်ပြီး အပြင်ပန်းပုံစံကို ကြည့်၍ တထစ်ချ သတ်မှတ်လိုက်၍ မရပေ။ အဆောက်အဦထဲသို့ ဝင်လာပြီးနောက် နေရာမှာ အတော်အတန် ကျယ်ပြန့်လှကြောင်း တွေ့ရပေသည်။

ဆူဆူညံညံနှင့် ပွက်လောရိုက်နေသော ပတ်ဝန်းကျင်က အန်းကျီယန်ကို မီးခိုးငွေ့တစ်သိုက်နှင့် ဝင်တိုက်သွားသည့်နှယ် ခံစားသွားရစေပြီး အနည်းငယ် မသက်မသာ ဖြစ်သွားရသည်။သူ မျက်မှောင်ကြုတ်လိုက်မိ၏။ ကြည့်ရသည်မှာ ဤနေရာက အပေါ်ယံမျှသာ ကောင်းမွန်ဟန် ရသည်။

ကျယ်ပြန့်လှသည့် ခန်းမကြီးမှာ သာမန်စားသောက်ဆိုင်၏ခန်းမထက် နှစ်ဆပိုမိုကြီးမားသည်။ ခန်းမထဲ၌ လောင်းကစားခုံ သုံးဆယ် ချထား၏။ ကြီးမာလှသော လူအုပ်ကြီးက စားပွဲများဘေး၌ စုပြုံနေကာ စားပွဲထိပ်ရှိ အရာများကိုသာ စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက အသက်မဲ့နေကာ သွေးရောင်လွှမ်းနေကြ၏။ အချို့ဆိုလျှင် ဒီနေရာ၌ မနေ့ညကတည်းက လောင်းကစားလုပ်နေကြခြင်း ဖြစ်သည်။ သူတို့က ဆေးစွဲနေသကဲ့သို့ ​ဖြစ်နေ၏။ သူတို့၌ အရာအားလုံး ဆုံးရှုံးသွားတာတောင်မှ ထွက်သွားရန် ငြင်းဆန်နေကြဆဲပင်။ သူတို့က လောင်းကစားရုံဆီမှ ပိုက်ဆံချေးကာ ဆက်လက် လောင်းကစားလုပ်ကြရင်း အတိုးပေါ် အတိုးဆင့်ကုန်ကာ သူတို့မျက်နှာထက်၌ စိတ်ပျက်မှုများသာ ခိုသီလာတော့သည်။

ဤသည်မှာ လောင်းကစားရုံ၏ သဘာဝပင်တည်း။

လူတိုင်း တစ်ညတည်းဖြင့် ချမ်းသာလိုကြသည်။ ထိုအစား သူတို့က မိသားစု၏ အနာဂတ်ကိုသာ ဆုံးရှုံးသွားကြရလေ၏။

အလျှင်အမြန် ချမ်းသာကြွယ်ဝလိုသူများရှိသညိမှာ ပုံမှန်ဖြစ်သော်ငြား သူတို့ကတော့ မိသားစုအနာဂတ်ကို ဆုံးရှုံးသွားကြရသည်။ မိသားစုများ ပျက်စီးယိုယွင်းကုန်ပြီး အိမ်ယာမဲ့သွားကြသည်က ညတွင်းချင်း သန်းချီချမ်းသာသွားသည် ထက် ပိုမို တွေ့မြင်ကြရ၏။ ဆုံးရှုံးရလွန်းသောကြောင့် ရူးသွပ်သွားရသူများလည်း ရှိပေသည်။

အန်းကျီယန် နှင့် ဖူဝူထျန်းတို့ လောင်းကစားရုံ ကို လှည့်ပတ်ကြည့်လိုက်ကြသည်။

ဤနေရာရှိ လောင်းကစားနည်းများမှာ ရိုးရှင်းပြီး သာမန်ကျလှ၏။

အံစာပစ်ခြင်း၊ ကတ်ဖဲကစားခြင်း ကဲ့သို့သော ကစားနည်းအားလုံးသည် ရိုးရှင်းလှသော်ငြား ကစားနေသည့်သူများမှာတော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။

လူအုပ်ကြီး က လောင်းကြေးထပ်ပြီးချိန်တိုင်း ဒိုင်ကို မျက်တောင်မခတ်စတမ်း ဝိုင်းကြည့်ကြသည်။ ဒိုင်က ရလဒ်ကို ထုတ်ပြချိန်တွင်တော့ စိတ်လှုပ်ရှားမှု နှင့် စိတ်ပျက်မှု တို့အဖြစ် ချက်ချင်း ကွဲပြားသွားတော့သည်။

လောင်းကစားရုံ ထဲရှိ လူများသည် အန်းကျီယန်နှင့်ဖူဝူထျန်းကို အစောကတည်းက သတိထားမိကြ၏။ သူတို့နှစ်ဦး က ပတ်လျှောက်နေသော်လည်း ဝင်ရောက် လောင်းကစားခြင်းမရှိပေ။ ခဏမျှ လေ့လာစမ်းစစ်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် အနားကပ်မေးရန် ပြင်ရတော့၏။ လေးစားမှုအပြည့်နှင့် အသံတစ်ခု ပေါ်လာလေသည်။

"ဒီနေရာကို ရောက်တာက သခင်လေးနှစ်ယောက်အတွက် ပထမဆုံး အကြိမ်လားခင်ဗျ"

သူတို့၏ အဝတ်အစားများကို ကြည့်ရုံဖြင့် ထိုနှစ်ဦးသည် သာမန်လူများမဟုတ်ကြောင်း အလွယ်တကူပြောနိုင်သည်မို့ တာဝန်ခံက အထင်မသေးရဲပေ။ မြို့တော်၌ အဆက်အသွယ်ရှိမှသာ လူရာဝင်ပေသည်။

"ဟုတ်တယ်...ဒါက ပထမဆုံးအကြိမ် ပဲ။ မင်းတို့ လောင်းကစားရုံ မှာ လောင်းကစားနည်း သုံးနည်းပဲ ရှိတာလား?"

အန်းကျီယန် က ခေါင်းငြိမ့်ပြီး မေးလိုက်၏။

ဆိုင်တာဝန်ခံ က ရယ်မောလေသည်။

"သေချာပေါက် မဟုတ်ဘူးပေါ့ဗျာ။ သခင်လေးနှစ်ယောက်က အခြား ကစားနည်းတွေကို မြင်ချင်တယ် ဆိုရင် ဒုတိယထပ်ကိုသွားလို့ရပါတယ်။ ပထမထပ်မှာရှိတာတွေက အသေးအမွှာလေးတွေပါပဲ။ တကယ့်ပျော်စရာက ဒုတိယထပ်မှာပဲ ရှိတာ"

“ဒါဆိုလည်း လမ်းပြပါဦး”

တာဝန်ခံက ချက်ချင်း ဆိုသလို အလွန်တရာ လေးစားရိုသေသည့် ဟန်ပန်ဖြင့် သူတို့နှစ်ယောက်ကို ဒုတိယထပ်ဆီ ခေါ်သွားလေသည်။

ပထမထပ်မှာ သာမန်ပြည်သူများအတွက် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။ ထိုနေရာ၌ လောင်းကစားရမည့် ငွေကြေးပမာဏကို သတ်မှတ်ထားခြင်း မရှိပေ။ ကစားသမားများသည် ကြေးပြားတစ်ပြားမှစ၍ စိတ်ရှိသလောက် လောင်းကြေးထပ်နိုင်ပေသည်။ သို့သော် ပမာဏက သတ်မှတ်ထားသည်ထက် ကျော်လွန်နေပါလျှင် ဒိုင်များက ထိုသူ့ကို အာရုံစိုက်မိသွားကြပြီး ဒုတိယထပ်သို့ သွားချင် မသွားချင် ဆိုသည်ကို မေးတတ်ကြသည်။ ဒုတိယထပ်က လောင်းကစားရုံ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး နေရာဖြစ်ပြီး ငွေကြေးအများဆုံး ပြောင်းလဲစီးဆင်းရာ နေရာလည်း ဖြစ်သည်။

ဒုတိယထပ်သို့ သွားနိုင်သူများတွင် အနည်းဆုံး ငွေသားတစ်ထောင် ပိုင်ဆိုင်မှု ရှိရပေမည်။လောင်းကြေးနှုန်းသည်လည်း ငွေသားတစ်ရာထက် မလျော့ရသည်မို့ စိတ်လှုပ်ရှားမှုကို နှစ်သင်သော သူများသာ ဒုတိယထပ်သို့ သွားကြသည်။

သူတို့ လမ်းလျှောက်နေချိန်တွင် တာဝန်ခံက သူတို့ကို ဒုတိယထပ်အကြောင်း ရှင်းပြနေလေသည်။

မာကျောက်နှင့် ခန့်မှန်းကစားနည်းများမှ လွဲ၍ ဒုတိယထပ်တွင် တိရစ္ဆာန်အမျိုးအစားပေါင်းစုံနှင့် ကြက်တိုက်ပွဲများကဲ့သို့သော ကစားနည်းများလည်း ရှိပေသည်။ခြုံပြောရသော် အပေါ်ထပ်သည် အောက်ထပ်ထက် ကစားနည်းများစွာ ရှိလေ၏။

အပေါ်ထပ်၏ အဆင့်အတန်းကို မြင့်မားစေရန်အတွက် လောင်းကစားရုံက ကိုယ်ပိုင်အခန်းများလည်း ထားရှိပေးထားသည်။

ကိုယ်ပိုင်အခန်းများသည် အဓိကအားဖြင့် အဖော်နှင့်လာသောသူများအတွက် ရည်ရွယ်ထားရှိပေးခြင်း ဖြစ်သည်။ အချို့သူများက တိတ်ဆိတ်သည့်နေရာကို လိုချင်ရုံသာ ဖြစ်ပြီး၊ အချို့ကမူ အခြားသူများ တွေ့မြင်ခြင်းမှ ရှောင်ကြဥ်ရန် ကိုယ့်ကိစ္စကိုယ်သာ အရေးစိုက်လိုသောကြောင့် ဖြစ်သည်။

ဒုတိယထပ်အကြောင်း ရှင်းပြနေသည့် တာဝန်ခံက လူနှစ်ယောက်၏ အမူအရာကို ခိုးကြောင်ခိုးဝှက် အကဲခတ်ကြည့်လိုက်ချိန်တွင် ထိုနှစ်ယောက်သည် အစကနေ ယခုအထိ အမူအရာ ​ပြောင်းလဲသွားခြင်း မရှိကြောင်း သတိထားမိသွား၏။ သူ့စိတ်ထဲရှိ သံသယမှာ ပို၍ပို၍ ကြီးထွားလာသည်။ ထိုနှစ်ယောက် က လောင်းကစားရန် စိတ်ဝင်စားပုံမရချေ။ သာမန်လူများသည် လောင်းကစားရုံသို့ ပထမဆုံးရောက်လာချိန်၌ တန်းမကစားကြသည်မှာ ပုံမှန်ဖြစ်သော်ငြား သူတို့က စိတ်ဝင်စားသည့် အရိပ်အယောင်ကိုတော့ အနည်းငယ် ပြသေးသည်။ သို့သော် ဤနှစ်ယောက်မှာတော့ အစကနေအဆုံးထိ မည်သည့်တုန့်ပြန်မှုမှ မရှိပေ။ သူတို့သည် အခြားလောင်းကစားရုံများမှ လွှတ်လိုက်သည့် သူလျှိုများ ဖြစ်နေနိုင်သည်လား?

မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ဤသို့သော အခြေအနေမျိုးက ယခင်ကလည်း ဖြစ်ပွားဖူးပေသည်။

အချို့ လောင်းကစားရုံများက သူတို့၏ ကစားနည်းများကို အလွန်တရာ ငြီးငွေ့သွားကြသည်မို့ အခြားလောင်းကစားရုံများမှ ကစားနည်းများကို စူးစမ်းရန် လူအချို့ စေလွှတ်တတ်ကြသည်။ သို့သော် ယခုအခါ၌ ထိုကဲ့သို့သော အရာမျိုးက သိပ်မဖြစ်တော့ပေ။

တာ့ယာပြည်၌ လောင်းကစားနည်း အမျိုးအစားများမှာ ဤမျှသာ ရှိပြီး ယခုအခါ၌ ရှိသမျှ ကစားနည်းများစွာကို လူတိုင်း သိထားပြီးကြပြီ ဖြစ်သည်။ ထို့ကြောင့် အခြားနေရာများသို့ သွားကာ စုံစမ်းနေစရာ မလိုတော့ချေ။ ယခုအ​ခြေအနေမှာ အသစ်ဖွင့်မည့် လောင်းကစားရုံက နာမည်ကြီး လောင်းကစားရုံသို့ လူများလွှတ်ကာ လေ့လာခိုင်းသည်နှင့် ပိုတူနေပေသည်။

တာဝန်ခံက ဤသို့ တွေးမိလေလေ၊ ဒါကသာ ဖြစ်နိုင်ခြေအရှိဆုံးဟု ခံစားမိလာလေလေ ဖြစ်သည်။ ထိုနှစ်ဦး ဝတ်ဆင်ထားသည်များမှာ တန်ဖိုးကြီးမားလှ၏။ ဆိုလိုသည်မှာ သူတို့၌ အာဏာမရှိလျှင်တောင် ချမ်းသာကြွယ်ဝသောသူများ ဖြစ်ရမည်။ သူတို့အတွက် ကိုယ်ပိုင်လောင်းကစားရုံ ဖွင့်လှစ်ရန်မှာ သေချာပေါက် ဖြစ်နိုင်ချေရှိပေသည်။

ထိုသို့ဖြစ်နေလျှင်ပင် တာဝန်ခံအနေဖြင့် သူတို့ကို မောင်းထုတ်မပစ်ရဲပါချေ။

လောင်းကစားရုံ တစ်ခု ဖွင့်နိုင်သည့်သူတစ်ယောက်သည် သေချာပေါက် ရိုးရှင်းမည်မဟုတ်ပေ။

တာဝန်ခံက သူတို့နှစ်ယောက်ကို ပြောကြည့်ရန် လိမ္မာပါးနပ်ပုံရသော စကားများ ရွေးချယ်သုံးနှုန်းရန် ကြံရွယ်နေစဥ် ဖောက်သည်နှစ်ယောက်က လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်ကို တွေ့လိုက်လေ၏။ သူ သူတို့အကြည့်အတိုင်း လိုက်ကြည့်လိုက်ချိန်တွင် သူတို့က ကိုယ်ပိုင်အခန်း တစ်ခန်းကို ကြည့်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ တာဝန်ခံက အခန်းနံပါတ်ကို မြင်လိုက်ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ခဏမျှ အကျပ်ရိုက်သွားတော့သည်။ ဒါက မဖြစ်နိုင်လောက်....

"အထဲမှာ တစ်ယောက်ယောက် ကစားနေတာလား?"

အန်းကျီယန်က အမှတ်တမဲ့ မေးလိုက်၏။

ကိုယ်ပိုင်ခန်း က အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေသည်။ သာမန်လူဆိုပါက အခန်းထဲ၌ မည်သူမှ မရှိဟု တွေးကောင်းတွေးမိနိုင်သော်ငြား သူနှင့် ဖူဝူထျန်းအတွက်မူ အထဲမှ ပုံမှန်မဟုတ်သည့် ဖိအားကို ခံစားကြည့်နိုင်ပေသည်။

တာဝန်ခံက ပြန်ဖြေလေ၏။

"ဒီကိုယ်ပိုင်အခန်းထဲမှာ တကယ့်ကို လူတစ်ယောက် ကစားနေပါတယ်ခင်ဗျာ"

"ကျုပ်တို့ အထဲဝင်ပြီး ကြည့်လို့ရမလား?"

[Zawgyi]

အပိုင္း (၈၂.၁) - ရက္စက္ေသာ ၿပိဳင္ပြဲ

ေလာင္းကစား႐ုံ၏ အတြင္းဘက္သည္ လုံးဝ ျခားနားေသာ ကမာၻတစ္ခုအသြင္ျဖစ္သြားသည္။

အျပင္ဘက္မွ ၾကည့္လွ်င္ အေဆာက္အဦမွာ သိုသိုသိပ္သိပ္အေနအထားျဖစ္ၿပီး အျပင္ပန္းပုံစံကို ၾကည့္၍ တထစ္ခ် သတ္မွတ္လိုက္၍ မရေပ။ အေဆာက္အဦထဲသို႔ ဝင္လာၿပီးေနာက္ ေနရာမွာ အေတာ္အတန္ က်ယ္ျပန္႔လွေၾကာင္း ေတြ႕ရေပသည္။

ဆူဆူညံညံႏွင့္ ပြက္ေလာ႐ိုက္ေနေသာ ပတ္ဝန္းက်င္က အန္းက်ီယန္ကို မီးခိုးေငြ႕တစ္သိုက္ႏွင့္ ဝင္တိုက္သြားသည့္ႏွယ္ ခံစားသြားရေစၿပီး အနည္းငယ္ မသက္မသာ ျဖစ္သြားရသည္။သူ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။ ၾကည့္ရသည္မွာ ဤေနရာက အေပၚယံမွ်သာ ေကာင္းမြန္ဟန္ ရသည္။

က်ယ္ျပန္႔လွသည့္ ခန္းမႀကီးမွာ သာမန္စားေသာက္ဆိုင္၏ခန္းမထက္ ႏွစ္ဆပိုမိုႀကီးမားသည္။ ခန္းမထဲ၌ ေလာင္းကစားခုံ သုံးဆယ္ ခ်ထား၏။ ႀကီးမာလွေသာ လူအုပ္ႀကီးက စားပြဲမ်ားေဘး၌ စုၿပဳံေနကာ စားပြဲထိပ္ရွိ အရာမ်ားကိုသာ စူးစူးစိုက္စိုက္ ၾကည့္ေနၾကသည္။ သူတို႔၏ မ်က္လုံးမ်ားက အသက္မဲ့ေနကာ ေသြးေရာင္လႊမ္းေနၾက၏။ အခ်ိဳ႕ဆိုလွ်င္ ဒီေနရာ၌ မေန႔ညကတည္းက ေလာင္းကစားလုပ္ေနၾကျခင္း ျဖစ္သည္။ သူတို႔က ေဆးစြဲေနသကဲ့သို႔ ​ျဖစ္ေန၏။ သူတို႔၌ အရာအားလုံး ဆုံးရႈံးသြားတာေတာင္မွ ထြက္သြားရန္ ျငင္းဆန္ေနၾကဆဲပင္။ သူတို႔က ေလာင္းကစား႐ုံဆီမွ ပိုက္ဆံေခ်းကာ ဆက္လက္ ေလာင္းကစားလုပ္ၾကရင္း အတိုးေပၚ အတိုးဆင့္ကုန္ကာ သူတို႔မ်က္ႏွာထက္၌ စိတ္ပ်က္မႈမ်ားသာ ခိုသီလာေတာ့သည္။

ဤသည္မွာ ေလာင္းကစား႐ုံ၏ သဘာဝပင္တည္း။

လူတိုင္း တစ္ညတည္းျဖင့္ ခ်မ္းသာလိုၾကသည္။ ထိုအစား သူတို႔က မိသားစု၏ အနာဂတ္ကိုသာ ဆုံးရႈံးသြားၾကရေလ၏။

အလွ်င္အျမန္ ခ်မ္းသာႂကြယ္ဝလိုသူမ်ားရွိသညိမွာ ပုံမွန္ျဖစ္ေသာ္ျငား သူတို႔ကေတာ့ မိသားစုအနာဂတ္ကို ဆုံးရႈံးသြားၾကရသည္။ မိသားစုမ်ား ပ်က္စီးယိုယြင္းကုန္ၿပီး အိမ္ယာမဲ့သြားၾကသည္က ညတြင္းခ်င္း သန္းခ်ီခ်မ္းသာသြားသည္ ထက္ ပိုမို ေတြ႕ျမင္ၾကရ၏။ ဆုံးရႈံးရလြန္းေသာေၾကာင့္ ႐ူးသြပ္သြားရသူမ်ားလည္း ရွိေပသည္။

အန္းက်ီယန္ ႏွင့္ ဖူဝူထ်န္းတို႔ ေလာင္းကစား႐ုံ ကို လွည့္ပတ္ၾကည့္လိုက္ၾကသည္။

ဤေနရာရွိ ေလာင္းကစားနည္းမ်ားမွာ ႐ိုးရွင္းၿပီး သာမန္က်လွ၏။

အံစာပစ္ျခင္း၊ ကတ္ဖဲကစားျခင္း ကဲ့သို႔ေသာ ကစားနည္းအားလုံးသည္ ႐ိုးရွင္းလွေသာ္ျငား ကစားေနသည့္သူမ်ားမွာေတာ့ စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ႏွက္ေနၾကသည္။

လူအုပ္ႀကီး က ေလာင္းေၾကးထပ္ၿပီးခ်ိန္တိုင္း ဒိုင္ကို မ်က္ေတာင္မခတ္စတမ္း ဝိုင္းၾကည့္ၾကသည္။ ဒိုင္က ရလဒ္ကို ထုတ္ျပခ်ိန္တြင္ေတာ့ စိတ္လႈပ္ရွားမႈ ႏွင့္ စိတ္ပ်က္မႈ တို႔အျဖစ္ ခ်က္ခ်င္း ကြဲျပားသြားေတာ့သည္။

ေလာင္းကစား႐ုံ ထဲရွိ လူမ်ားသည္ အန္းက်ီယန္ႏွင့္ဖူဝူထ်န္းကို အေစာကတည္းက သတိထားမိၾက၏။ သူတို႔ႏွစ္ဦး က ပတ္ေလွ်ာက္ေနေသာ္လည္း ဝင္ေရာက္ ေလာင္းကစားျခင္းမရွိေပ။ ခဏမွ် ေလ့လာစမ္းစစ္ၿပီးေနာက္ ကူကယ္ရာမဲ့စြာျဖင့္ အနားကပ္ေမးရန္ ျပင္ရေတာ့၏။ ေလးစားမႈအျပည့္ႏွင့္ အသံတစ္ခု ေပၚလာေလသည္။

"ဒီေနရာကို ေရာက္တာက သခင္ေလးႏွစ္ေယာက္အတြက္ ပထမဆုံး အႀကိမ္လားခင္ဗ်"

သူတို႔၏ အဝတ္အစားမ်ားကို ၾကည့္႐ုံျဖင့္ ထိုႏွစ္ဦးသည္ သာမန္လူမ်ားမဟုတ္ေၾကာင္း အလြယ္တကူေျပာႏိုင္သည္မို႔ တာဝန္ခံက အထင္မေသးရဲေပ။ ၿမိဳ႕ေတာ္၌ အဆက္အသြယ္ရွိမွသာ လူရာဝင္ေပသည္။

"ဟုတ္တယ္...ဒါက ပထမဆုံးအႀကိမ္ ပဲ။ မင္းတို႔ ေလာင္းကစား႐ုံ မွာ ေလာင္းကစားနည္း သုံးနည္းပဲ ရွိတာလား?"

အန္းက်ီယန္ က ေခါင္းၿငိမ့္ၿပီး ေမးလိုက္၏။

ဆိုင္တာဝန္ခံ က ရယ္ေမာေလသည္။

"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့ဗ်ာ။ သခင္ေလးႏွစ္ေယာက္က အျခား ကစားနည္းေတြကို ျမင္ခ်င္တယ္ ဆိုရင္ ဒုတိယထပ္ကိုသြားလို႔ရပါတယ္။ ပထမထပ္မွာရွိတာေတြက အေသးအမႊာေလးေတြပါပဲ။ တကယ့္ေပ်ာ္စရာက ဒုတိယထပ္မွာပဲ ရွိတာ"

“ဒါဆိုလည္း လမ္းျပပါဦး”

တာဝန္ခံက ခ်က္ခ်င္း ဆိုသလို အလြန္တရာ ေလးစား႐ိုေသသည့္ ဟန္ပန္ျဖင့္ သူတို႔ႏွစ္ေယာက္ကို ဒုတိယထပ္ဆီ ေခၚသြားေလသည္။

ပထမထပ္မွာ သာမန္ျပည္သူမ်ားအတြက္ ဖြင့္လွစ္ေပးထားျခင္း ျဖစ္သည္။ ထိုေနရာ၌ ေလာင္းကစားရမည့္ ေငြေၾကးပမာဏကို သတ္မွတ္ထားျခင္း မရွိေပ။ ကစားသမားမ်ားသည္ ေၾကးျပားတစ္ျပားမွစ၍ စိတ္ရွိသေလာက္ ေလာင္းေၾကးထပ္ႏိုင္ေပသည္။ သို႔ေသာ္ ပမညဏက သတ္မွတ္ထားသည္ထက္ ေက်ာ္လြန္ေနပါလွ်င္ ဒိုင္မ်ားက ထိုသူ႔ကို အာ႐ုံစိုက္မိသြားၾကၿပီး ဒုတိယထပ္သို႔ သြားခ်င္ မသြားခ်င္ ဆိုသည္ကို ေမးတတ္ၾကသည္။ ဒုတိယထပ္က ေလာင္းကစား႐ုံ၏ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ေနရာျဖစ္ၿပီး ေငြေၾကးအမ်ားဆုံး ေျပာင္းလဲစီးဆင္းရာ ေနရာလည္း ျဖစ္သည္။

ဒုတိယထပ္သို႔ သြားႏိုင္သူမ်ားတြင္ အနည္းဆုံး ေငြသားတစ္ေထာင္ ပိုင္ဆိုင္မႈ ရွိရေပမည္။ေလာင္းေၾကးႏႈန္းသည္လည္း ေငြသားတစ္ရာထက္ မေလ်ာ့ရသည္မို႔ စိတ္လႈပ္ရွားမႈကို ႏွစ္သင္ေသာ သူမ်ားသာ ဒုတိယထပ္သို႔ သြားၾကသည္။

သူတို႔ လမ္းေလွ်ာက္ေနခ်ိန္တြင္ တာဝန္ခံက သူတို႔ကို ဒုတိယထပ္အေၾကာင္း ရွင္းျပေနေလသည္။

မာေက်ာက္ႏွင့္ ခန္႔မွန္းကစားနည္းမ်ားမွ လြဲ၍ ဒုတိယထပ္တြင္ တိရစာၦန္အမ်ိဳးအစားေပါင္းစုံႏွင့္ ၾကက္တိုက္ပြဲမ်ားကဲ့သို႔ေသာ ကစားနည္းမ်ားလည္း ရွိေပသည္။ၿခဳံေျပာရေသာ္ အေပၚထပ္သည္ ေအာက္ထပ္ထက္ ကစားနည္းမ်ားစြာ ရွိေလ၏။

အေပၚထပ္၏ အဆင့္အတန္းကို ျမင့္မားေစရန္အတြက္ ေလာင္းကစား႐ုံက ကိုယ္ပိုင္အခန္းမ်ားလည္း ထားရွိေပးထားသည္။

ကိုယ္ပိုင္အခန္းမ်ားသည္ အဓိကအားျဖင့္ အေဖာ္ႏွင့္လာေသာသူမ်ားအတြက္ ရည္႐ြယ္ထားရွိေပးျခင္း ျဖစ္သည္။ အခ်ိဳ႕သူမ်ားက တိတ္ဆိတ္သည့္ေနရာကို လိုခ်င္႐ုံသာ ျဖစ္ၿပီး၊ အခ်ိဳ႕ကမူ အျခားသူမ်ား ေတြ႕ျမင္ျခင္းမွ ေရွာင္ၾကဥ္ရန္ ကိုယ့္ကိစၥကိုယ္သာ အေရးစိုက္လိုေသာေၾကာင့္ ျဖစ္သည္။

ဒုတိယထပ္အေၾကာင္း ရွင္းျပေနသည့္ တာဝန္ခံက လူႏွစ္ေယာက္၏ အမူအရာကို ခိုးေၾကာင္ခိုးဝွက္ အကဲခတ္ၾကည့္လိုက္ခ်ိန္တြင္ ထိုႏွစ္ေယာက္သည္ အစကေန ယခုအထိ အမူအရာ ​ေျပာင္းလဲသြားျခင္း မရွိေၾကာင္း သတိထားမိသြား၏။ သူ႔စိတ္ထဲရွိ သံသယမွာ ပို၍ပို၍ ႀကီးထြားလာသည္။ ထိုႏွစ္ေယာက္ က ေလာင္းကစားရန္ စိတ္ဝင္စားပုံမရေခ်။ သာမန္လူမ်ားသည္ ေလာင္းကစား႐ုံသို႔ ပထမဆုံးေရာက္လာခ်ိန္၌ တန္းမကစားၾကသည္မွာ ပုံမွန္ျဖစ္ေသာ္ျငား သူတို႔က စိတ္ဝင္စားသည့္ အရိပ္အေယာင္ကိုေတာ့ အနည္းငယ္ ျပေသးသည္။ သို႔ေသာ္ ဤႏွစ္ေယာက္မွာေတာ့ အစကေနအဆုံးထိ မည္သည့္တုန္႔ျပန္မႈမွ မရွိေပ။ သူတို႔သည္ အျခားေလာင္းကစား႐ုံမ်ားမွ လႊတ္လိုက္သည့္ သူလွ်ိဳမ်ား ျဖစ္ေနႏိုင္သည္လား?

မျဖစ္ႏိုင္သည္ေတာ့ မဟုတ္ေပ။ ဤသို႔ေသာ အေျခအေနမ်ိဳးက ယခင္ကလည္း ျဖစ္ပြားဖူးေပသည္။

အခ်ိဳ႕ ေလာင္းကစား႐ုံမ်ားက သူတို႔၏ ကစားနည္းမ်ားကို အလြန္တရာ ၿငီးေငြ႕သြားၾကသည္မို႔ အျခားေလာင္းကစား႐ုံမ်ားမွ ကစားနည္းမ်ားကို စူးစမ္းရန္ လူအခ်ိဳ႕ ေစလႊတ္တတ္ၾကသည္။ သို႔ေသာ္ ယခုအခါ၌ ထိုကဲ့သို႔ေသာ အရာမ်ိဳးက သိပ္မျဖစ္ေတာ့ေပ။

တာ့ယာျပည္၌ ေလာင္းကစားနည္း အမ်ိဳးအစားမ်ားမွာ ဤမွ်သာ ရွိၿပီး ယခုအခါ၌ ရွိသမွ် ကစားနည္းမ်ားစြာကို လူတိုင္း သိထားၿပီးၾကၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ အျခားေနရာမ်ားသို႔ သြားကာ စုံစမ္းေနစရာ မလိုေတာ့ေခ်။ ယခုအ​ေျခအေနမွာ အသစ္ဖြင့္မည့္ ေလာင္းကစား႐ုံက နာမည္ႀကီး ေလာင္းကစား႐ုံသို႔ လူမ်ားလႊတ္ကာ ေလ့လာခိုင္းသည္ႏွင့္ ပိုတူေနေပသည္။

တာဝန္ခံက ဤသို႔ ေတြးမိေလေလ၊ ဒါကူာ ျဖစ္ႏိုင္ေျခအရွိဆုံးဟု ခံစားမိလာေလေလ ျဖစ္သည္။ ထိုႏွစ္ဦး ဝတ္ဆင္ထားသည္မ်ားမွာ တန္ဖိုးႀကီးမားလွ၏။ ဆိုလိုသည္မွာ သူတို႔၌ အာဏာမရွိလွ်င္ေတာင္ ခ်မ္းသာႂကြယ္ဝေသာသူမ်ား ျဖစ္ရမည္။ သူတို႔အတြက္ ကိုယ္ပိုင္ေလာင္းကစား႐ုံ ဖြင့္လွစ္ရန္မွာ ေသခ်ာေပါက္ ျဖစ္ႏိုင္ေခ်ရွိေပသည္။

ထိုသို႔ျဖစ္ေနလွ်င္ပင္ တာဝန္ခံအေနျဖင့္ သူတို႔ကို ေမာင္းထုတ္မပစ္ရဲပါေခ်။

ေလာင္းကစား႐ုံ တစ္ခု ဖြင့္ႏိုင္သည့္သူတစ္ေယာက္သည္ ေသခ်ာေပါက္ ႐ိုးရွင္းမည္မဟုတ္ေပ။

တာဝန္ခံက သူတို႔ႏွစ္ေယာက္ကို ေျပာၾကည့္ရန္ လိမၼာပါးနပ္ပုံရေသာ စကားမ်ား ေ႐ြးခ်ယ္သုံးႏႈန္းရန္ ႀကံ႐ြယ္ေနစဥ္ ေဖာက္သည္ႏွစ္ေယာက္က လမ္းေလွ်ာက္ေနရာမွ ရပ္တန္႔သြားသည္ကို ေတြ႕လိုက္ေလ၏။ သူ သူတို႔အၾကည့္အတိုင္း လိုက္ၾကည့္လိုက္ခ်ိန္တြင္ သူတို႔က ကိုယ္ပိုင္အခန္း တစ္ခန္းကို ၾကည့္ေနျခင္းျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။ တာဝန္ခံက အခန္းနံပါတ္ကို ျမင္လိုက္ခ်ိန္တြင္ ကူကယ္ရာမဲ့စြာျဖင့္ ခဏမွ် အက်ပ္႐ိုက္သြားေတာ့သည္။ ဒါက မျဖစ္ႏိုင္ေလာက္....

"အထဲမွာ တစ္ေယာက္ေယာက္ ကစားေနတာလား?"

အန္းက်ီယန္က အမွတ္တမဲ့ ေမးလိုက္၏။

ကိုယ္ပိုင္ခန္း က အလြန္တရာ တိတ္ဆိတ္ၿငိမ္သက္ေနသည္။ သာမန္လူဆိုပါက အခန္ူထဲ၌ မည္သူမွ မရွိဟု ေတြးေကာင္းေတြးမိႏိုင္ေသာ္ျငား သူႏွင့္ ဖူဝူထ်န္းအတြက္မူ အထဲမွ ပုံမွန္မဟုတ္သည့္ ဖိအားကို ခံစားၾကည့္ႏိုင္ေပသည္။

တာဝန္ခံက ျပန္ေျဖေလ၏။

"ဒီကိုယ္ပိုင္အခန္းထဲမွာ တကယ့္ကို လူတစ္ေယာက္ ကစားေနပါတယ္ခင္ဗ်ာ"

"က်ဳပ္တို႔ အထဲဝင္ၿပီး ၾကည့္လို႔ရမလား?"

Continue Reading

You'll Also Like

414K 16.8K 122
It all started when Princess Catheline married the dangerously attractive and recently crowned King of Anthreal, Xander. After their marriage, he ne...
5.4K 373 22
21st century girl is going to time travel to duwara yug where betrayal, humiliation, love, loyal and war were taken place. How is she going to react...
6M 470K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
632K 19.9K 114
[Not MY Story] OFFLINE Purpose. I possessed the wife of the Emperor, the mad villain of a tragic novel. After a while, when the evil Emperor looks t...