ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

360K 58.7K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၈၁.၁) - လောင်းကစားရုံ

3.4K 600 10
By Hululu61

Unicode

အပိုင်း (၈၁.၁) - လောင်းကစားရုံ

ကျွင်းကျီမြို့တော်သည် တာ့ယာပြည်တွင် စည်ပင်သာယာဆုံးမြို့တော်ဖြစ်သည်။ လမ်းမများထက်တွင် လူအများသည် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြ၏။ လူများသွားလာမှုကြောင့် ပုခုံးချင်းပင် တိုက်မိတတ်ကြသည်။ လမ်း၏ ဘေးနှစ်ဖက်စလုံးတွင် လမ်းဘေးစျေးသည်များသည် သူတို့၏ ကုန်ပစ္စည်းများကို အလုအယက် ကြော်ငြာနေကြလေ၏။ ထို စျေးတန်းများရှေ့ရှိ ယောကျ်ားပျိုများနှင့် မိန်းမပျိုအုပ်စုဆီမှ ရယ်မောသံများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။

ချန်းပြည်နယ် နှင့် ယှဥ်လိုက်ပါက ဤသည်မှာ သုခဘုံအလားပင်။

လတ်တလောတွင် ဧကရာဇ်၏ ကိုယ်လုပ်တော်ရွေးချယ်ပွဲ ကြောင့် မြို့တော် က ယခင်ကထက်ပင် ပိုမိုစည်ကားနေပေသေးသည်။ ချောမောလှပသော ရူပကာနှင့် မိန်းမလှလေးများကို လမ်းမထက်ရှိ နေရာတိုင်း၌ တွေ့နိုင်ပေသည်။ သူတို့ထဲမှ အများစုမှာ ကိုယ်လုပ်တော်ရွေးချယ်ပွဲ တွင် ပါဝင်ရန်အတွက် ရောက်လာကြသော မိန်းမပျိုများ ဖြစ်သည်။

ကိုယ်လုပ်တော်ရွေးချယ်ပွဲ ၏ ဒုတိယအဆင့်စစ်ဆေးမှုသည် အမိန့်ထုတ်ပြီး ဆယ်ရက်မြောက်နေ့တွင် စတင်မည် ဖြစ်သည်။ မြို့တော် သို့ စောစီးစွာ ရောက်လာသည့် ပြိုင်ပွဲဝင်များမှာ မေးရန်လော်(အလှပဂေးအိမ်တော်)တွင် နေရာယူ စောင့်ဆိုင်းနေကြသည်။

မေးရန်လော်ကို ကိုယ်လုပ်တော်မိန်းမပျိုဆောင်ဟုလည်း သိထားကြသည်။

နာမည်အတိုင်းပင် ထိုအဆောက်အဦ သည် မြို့တော် အပြင်ဆီမှ ကိုယ်လုပ်တော် ပြိုင်ပွဲဝင် များအတွက် အထူးတလည် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။

မောင်းမဆောင် ပြိုင်ပွဲဝင်များက အလွန်တရု လှပလွန်းကြသည်မို့ နောက်ပိုင်းတွင် မေးရန်လော်ဟု နာမည်ပြောင်းလဲသွားခြင်း ဖြစ်သည်။ ကိုယ်လုပ်တော်ရွေးချယ်ပွဲ ကျင်းပသည့်နှစ်တိုင်း မေးရန်လော်သည် သက်ဝင်လှုပ်ရှားမှုအရှိဆုံးနေရာ ဖြစ်သည်။

အင်ပါယာကိုယ်လုပ်တော် တစ်ပါး ဖြစ်သည့် ကွေ့ဖေးသည် မေးရန်လော်မှ တော်ကောက်ခံရသည်ဟု ပြောကြသည်။

အနှီကွေ့ဖေးမှာ ဒုတိယမင်းသား၏ မယ်တော်ဖြစ်သည်။ သူမကို ရှီကွေ့ဖေးအဖြစ် လူသိများသည်။ သူမ၌ ပြိုင်ဘက်ကင်းသော အလှ ရှိလေ၏။ သူမ နံဘေး၌ ဆိုပါက အခြားသော မောင်းမဆောင်ပြိုင်ပွဲဝင်များအားလုံးသည် သူတို့၏ တောက်ပပေါ်လွင်မှုကို ဆုံးရှုံးသွားကြရသည်။ ချုန်းမင်ဧကရာဇ်က ပထမဆုံးအကြည့်နှင့်ပင် သူမ၏ အလှဖြင့် ဖမ်းစားခံလိုက်ရပြီး အချိန်အပိုင်းအခြားတစ်ခုထိ ပစားပေးလေသည်။ သူမ၌ အဆုံးအစမဲ့သည့် ဂုဏ်သတင်းရှိသည် ဟု ဆိုနိုင်ပေသည်။ ဧကရာဇ်က သူမကို ဆက်လက်မြတ်နိုးနေသေးသည်ဖြစ်စေ မမြတ်နိုးတော့သည်ဖြစ်စေ သူမကဲ့သို့ သာမန်ပြည်သူ တစ်ဦးက တစ်ချက်တည်းနှင့် တော်ဝင်မျိုးနွယ် ဖြစ်သွားသည်ကို ထောက်ရှုပါက သူမ၏ ဇာတ်လမ်းသည် အဆင့်အတန်း နှင့် နောက်ခံမရှိသူများအတွက် အင်အားတက်လာစေရန် လုံလောက်ပေသည်။

ထို့ပြင် ကောလာဟလ အကြီးစားကြောင့်လည်း ဖြစ်၏။

နှစ်တိုင်းပင် မေးရန်လော်၌ နေထိုင်ကြသည့် ပြိုင်ပွဲဝင်များသည် ရှီကွေ့ဖေး နေထိုင်ဖူးသော အခန်းအတွက် ယှဥ်ပြိုင်ကြရသည်။ နှစ်နှစ်ဆယ်ကျော် ကြာပြီးနောက်မှာပင် ထိုအခန်းသည် ပြိုင်ပွဲဝင်များအားလုံးကို အစာလုနေသည့် ဘဲများကဲ့သို့ ရူးသွပ်သွားစေသည်ထိ ဖမ်းစားနေနိုင်ဆဲ ဖြစ်သည်။

အရင်နှစ်က ချမ်းသားသည့်မိန်းမပျိုတစ်ဦးသည် ထိုအခန်းကို ငွေသားငါးထောင် ပေးချေခဲ့ပြီး ရယူခဲ့သည်။ ဤသည်မှာ အမြင့်ဆုံးစျေးနှူန်း ဖြစ်၏။ ဤနှစ်တွင် ထိုစံချိန် အချိုးခံရမည်လောကိုမူ မည်သူမှ မသိကြပေ။

ကောလာဟလများအရ ထိုမိန်းမပျိုသည် အဆင့်ရှစ် ကိုယ်လုပ်တော် အဖြစ်မှ အဆင့်သုံးကိုယ်လုပ်တော် အဖြစ်သို့ နှစ်နှစ်အတွင်း ရောက်ရှိသွားသည်ဟု ဆိုကြသည်။ ဤသတင်းက မှန်မမှန် မသိရသော်ငြား ယခုနှစ် မေးရန်လော်ရှိ ပြိုင်ပွဲဝင်များကို ရူးသွပ်သွားစေမည်မှာတော့ အမှန်ပင် ဖြစ်သည်။

ယနေ့သည် ကိုယ်လုပ်တော်ရွေးချယ်ပွဲ ဒုတိယစစ်ဆေးမှုပြုလုပ်မည့် ရက်သို့ ရောက်ရန် နောက်ဆုံးနေ့ဖြစ်သည်။

မြို့တော်နှင့် ဝေးကွာသောကြောင့် ခရီးနှင်လာရန် ခက်ခဲသည့် ပြိုင်ပွဲဝင်များနှင့် အကြောင်းကြောင်းကြောင့် မပါဝင်နိုင်သော ပြိုင်ပွဲဝင်များမှ လွဲပြီး လူတိုင်း မေးရန်လော်တွင် လာရောက်စုစည်းကြလေသည်။

ထိုအချိန်တွင် မေးရန်လော်တစ်ဆောင်လုံး ယောကျ်ားမိန်းမထုကြီးဖြင့် ပြည့်နှက်နေကာ ပြိုင်ပွဲကို လာရောက်ကြည့်ရှုကြလေ၏။

"ဒီနှစ် ဘယ် အလှလေးက လေလံပွဲနိုင်သွားမယ် မသိပေမယ့် ပွဲကြီးပွဲကောင်းတော့ ဖြစ်တော့မှာ သေချာတယ်"

လူစုလူဝေး၏ အပြင်ဘက်၌ ယောကျ်ားတစ်ယောက်က မတ်တပ်ရပ်နေလေသည်။ လူအုပ်ကြီးကို ကြည့်ရင်း သူက မျှော်လင့်ချက်အပြည့်နှင့် မှတ်ချက်ပြုလိုက်သည်။

သူ့အဖော်က ပြန်ဖြေလေ၏။

"ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ချမ်းသာကြွယ်ဝတဲ့မိသားစုက မိန်းမပျိုတွေချည်းပဲ။ ထင်ထင်ရှားရှား ဖြစ်ချငိတယ်ဆိုရင် ထူးခြားမှုတစ်ခုခုတော့ ရှိဖို့လိုတယ်။ သူတို့ အနိုင်မလိုချင်တာသာ မဟုတ်ဘူးဆိုရင် ငွေကြေးသုံးဖြုန်းဖို့ တွန့်ဆုတ်နေကြမှာမဟုတ်ဘူး"

အနှီယောကျ်ားက ပတ်ပတ်လည် ကို လှည့်ပတ်ကြည့်လိုက်သေး၏။

"မလိုတော့ဘူးကွ"

သူ့အဖော်က အံသြတကြီး ပြောလိုက်သည်။

"မလိုတော့ဘူး ဟုတ်လား?မင်း ဘာကိုဆိုလိုတာတုန်း"

ထိုယောကျာ်း က ​ပြောလေ၏။

"လွန်ခဲ့တဲ့ နှစ်ရက်က စိတ်ဝင်စားစရာ ကိစ္စတစ်ခုကို ငါ ကြားထားတယ်။ ကြည့်ရတာ မေးရန်လော် က ကွေ့ဖေး နေခဲ့တဲ့နေရာကို လေလံမတင်တော့ဘူးထင်တယ်"

“ဘာလို့တဲ့လဲ?"

အဖော်က အံ့သြမှင်သက်သွားလေသည်။

ထိုသူက ပြောလိုက်ပြန်၏။

"ငွေကြေးနဲ့ လေလံဆွဲတာက စိတ်ဝင်စားဖို့မကောင်းတော့ဘူးလေ။ မေးရန်လော်ရဲ့ ပိုင်ရှင်က ကိုယ်လုပ်တော်ပြိုင်ပွဲကနေ အနိုင်ရတဲ့သူကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဆုံးထိ ကျန်နေခဲ့တဲ့သူကသာ အဲ့အခန်းမှာ နေခွင့်ရှိမယ်တဲ့"

အဖော်က ရယ်မောလိုက်၏။

"ငွေနဲ့ လေလံဆွဲတာထက်စာရင် ဒါက သေချာပေါက် ပိုစိတ်ဝင်စားစရာကောင်းတာပေါ့။ ဒါပေမယ့် ဒီမှာက ပြိုင်ပွဲဝင်တွေ ဒီလောက်များတာ...အချိန်တစ်ရက်တည်းနဲ့ လုံလောက်ပါ့မလား?"

"မင်းမသိတဲ့ အချက်တစ်ချက် ရှိသေးတယ်ကွ"

ထိုသူက သူ့လက်ညှိုးကို မြှောက်လိုက်ကာ ဘာ်ညာယမ်းပြလိုက်သည်။

"မေးရန်လော်ရဲ့ ပိုင်ရှင်က အမြတ်ကြီးစားတဲ့သူပဲ။ သူက ဒီလိုမျိုး ပိုက်ဆံရနိုင်မယ့် မဟာအခွင့်အရေးကြီးကို ဘယ်လက်လွှတ်ခံနိုင်ပါ့မလဲ?ဒါကြောင့်မို့လို့ မိန်းမပျိုအားလုံး ဝင်ပြိုင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဝင်ပြိုင်ချင်တဲ့သူက စာရင်းသွင်းလိုက်တာနဲ့ ငွေသားငါးဆယ် ပေးရလိမ့်မယ်"

အဖော်က ဟစ်ခနဲ လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။

"စာရင်းသွင်းခက တော်တော် စျေးကြီးတာပဲ!"

ထိုသူက နောက်တောက်တောက် ပြုံးလိုက်သည်။

သို့မဟုတ်ပါက ထိုပိုင်ရှင်ကို အမြတ်ကြီးစားသူဟု အဘယ်ကြောင့် ခေါ်နေဦးမည်နည်း။

ထိုအချိန်၌ ခန့်ညားချောမောသော အမျိုးသားနှစ်ဦးသည်လည်း လူအုပ်အပြင်ဘက်တွင် ရပ်နေလေသည်။ ထိုသူတို့မှာ ဖူဝူထျန်းနှင့် အန်းကျီယန် ဖြစ်သည်။ မနက်ခင်းအချိန်က ဖူဝူထျန်းသည် သူ၏ ဝမ်ဖေးနှင့်အတူ လိုက်ပါရန် ကတိပေးထားသော်ငြား သူ့၏ နောက်လိုက်များကို ခေါ်ဆောင်မလာပေ။ မေးရန်လော်၏ တည်နေရာက အတော်လေး သိသာထင်ရှားပေသည်။ မင်းသားအိမ်တော်မှ ထွက်လာပြီးသိပ်မကြာမီ၌ သူတို့နှစ်ဦး ဤနေရာသို့ ရောက်လာကြကာ အနှီလူနှင့် အဖော်တို့ ကြားရှိ စကားများကို ကြားလိုက်ကြလေသည်။

ကိုယ်လုပ်တော်ရွေးချယ်ပွဲ က အလွန်တရာ ခမ်းနားလှကြောင်း အန်းကျီယန် ကြားထားပေသည်။ ပထမက သူသည် ဤပြိုင်ပွဲကို များစွာ အာရုံစိုက်မထားမိပေ။ ယနေ့တွင် သူက မမျှော်လင့်ဘဲ ကိုယ်တိုင် မြင်တွေ့လိုက်ရ၏။ ကိုယ်လုပ်တော်ရွေးချယ်ပွဲ၏ ကြီးကျယ်ခမ်းနားမှုသည် ခေတ်သစ်က အရည်အချင်းစစ်ပွဲများနှင့် အလွန်တူပေသည်။

"စာပေပညာရှင်တွေ၊ လယ်သမားတွေ၊ လက်မှုပညာသည်တွေနဲ့ ကုန်သည်တွေ...ကုန်သည်ဆိုတဲ့အဆင့်အတန်းက အားလုံးထဲမှာ အနိမ့်ကျဆုံးပဲ။ ဒီနေရာမှာ တစ်ယောက်ယောက်ရဲ့ နောက်ခံကို ဖော်ထုတ်ပြသတာက အခြားလူတွေရဲ့ အာရုံကို ဆွဲဆောင်မိရုံပဲ ရှိတယ်"

မည်သည့် မိန်းမပျိုကမှ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ယှဥ်ပြိုင်ရန် ခြိမ်းခြောက်နိုင်စွမ်းရှိသော မိန်းမပျိုတစ်ဦးကို နန်းတော်ထဲသို့ ဝင်ရောက်ခွင့်ပြုသည်အထိ ရက်ရောသဘောကောင်းမည် မဟုတ်ပေ။ ရှီကွေ့ဖေးက အကောင်းဆုံး ဥပမာ ဖြစ်သော်ငြား သူမအနေဖြင့် ကွေ့ဖေးဟူသော အဆင့်အတန်း ကို ရရှိခဲ့ပြီး ယနေ့ထိလည်း ထိန်းသိမ်းထားနိုင်ခဲ့သည်ကို ကြည့်လျှင် သူမကို လျှော့တွက်၍ မရပါချေ။ အနှီမိန်းမပျိုများက ကွေ့ဖေး၏ ခြေလှမ်းဟောင်းများအတိုင်း လိုက်ပါလိုနေသည်လား။ ပထမဆုံး အနေဖြင့် ကွေ့ဖေးက ဆန္ဒရှိမရှိဆိုသည်ကို သူတို့ အရင်ဆုံးမေးကြည့်ရပေလိမ့်မည်။

ဖူဝူထျန်းက ဤစကားကို ကြားသည်နှင့် ဘေးသို့လှည့်ကာ သူ့ဝမ်ဖေးလေး၏ ကျက်သရေရှိလှစွာသော မျက်နှာလေးကို ကြည့်လိုက်၏။

"တစ်နေ့ကျရင် ဝမ်ဖေးလေးရဲ့ စီးပွားရေးမှာ ကျွမ်းကျင်ပြောင်မြောက်မှုက စာပေပညာရှင်တွေကို ကျော်လွန်သွားလိမ့်မယ်လို့ ဒီမင်းသား ယုံကြည်တယ်"

အန်းကျီယန် က အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်လေ၏။ သူ့မျက်လုံးကို အပေါ်သို့ အနည်းငယ် လှန်လိုက်မိလေကာ သူ့ဆီမှ ယုံကြည်ချက်ရှိသည့်ဟန်ပန်က ထွက်ပေါ်လာသည်။

"ဒါက မလွဲမသွေ ဖြစ်ရမှာပဲလေ!"

စီးပွားရေးလုပ်ငန်းရှင်များ အပေါ် အထင်အမြင်သေးသည်တဲ့လား?

ကိစ္စမရှိ။ ထိုသူများသည် နောင်အနာဂတ်တွင် သေချာပေါက် နာကျင်ခံစားရပေလိမ့်မည်။

သူတို့နှစ်ယောက် စကားပြောပြီးသွားသည်နှင့် ထွက်ခွာရန် ပြင်လိုက်ကြသည်။ သူတို့က မေးရန်လော်နှင့် ၎င်းအဆောင်၌ ကျင်းပမည့် ကိုယ်လုပ်တော်ရွေးချယ်ပွဲ ကို စိတ်ဝင်စားမှု မရှိပါချေ။ သို့သော် သူတို့ နောက်လှည့်ရန်အပြင်တွင် လမ်းထောင့်ရှိ ယောကျ်ားပျိုတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အကြား စကားဝိုင်းက သူတို့၏အာရုံကို ဆွဲဆောင်သွားလေသည်။

Zawgyi

အပိုင္း (၈၁.၁) - ေလာင္းကစား႐ုံ

ကြၽင္းက်ီၿမိဳ႕ေတာ္သည္ တာ့ယာျပည္တြင္ စည္ပင္သာယာဆုံးၿမိဳ႕ေတာ္ျဖစ္သည္။ လမ္းမမ်ားထက္တြင္ လူအမ်ားသည္ ပ်ားပန္းခတ္မွ် လႈပ္ရွားသြားလာေနၾက၏။ လူမ်ားသြားလာမႈေၾကာင့္ ပုခုံးခ်င္းပင္ တိုက္မိတတ္ၾကသည္။ လမ္း၏ ေဘးႏွစ္ဖက္စလုံးတြင္ လမ္းေဘးေစ်းသည္မ်ားသည္ သူတို႔၏ ကုန္ပစၥည္းမ်ားကို အလုအယက္ ေၾကာ္ျငာေနၾကေလ၏။ ထို ေစ်းတန္းမ်ားေရွ႕ရွိ ေယာက်္ားပ်ိဳမ်ားႏွင့္ မိန္းမပ်ိဳအုပ္စုဆီမွ ရယ္ေမာသံမ်ား ရံဖန္ရံခါ ထြက္ေပၚလာတတ္သည္။

ခ်န္းျပည္နယ္ ႏွင့္ ယွဥ္လိုက္ပါက ဤသည္မွာ သုခဘုံအလားပင္။

လတ္တေလာတြင္ ဧကရာဇ္၏ ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ ေၾကာင့္ ၿမိဳ႕ေတာ္ က ယခင္ကထက္ပင္ ပိုမိုစည္ကားေနေပေသးသည္။ ေခ်ာေမာလွပေသာ ႐ူပကာႏွင့္ မိန္းမလွေလးမ်ားကို လမ္းမထက္ရွိ ေနရာတိုင္း၌ ေတြ႕နိုင္ေပသည္။ သူတို႔ထဲမွ အမ်ားစုမွာ ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ တြင္ ပါဝင္ရန္အတြက္ ေရာက္လာၾကေသာ မိန္းမပ်ိဳမ်ား ျဖစ္သည္။

ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ ၏ ဒုတိယအဆင့္စစ္ေဆးမႈသည္ အမိန့္ထုတ္ၿပီး ဆယ္ရက္ေျမာက္ေန႕တြင္ စတင္မည္ ျဖစ္သည္။ ၿမိဳ႕ေတာ္ သို႔ ေစာစီးစြာ ေရာက္လာသည့္ ၿပိဳင္ပြဲဝင္မ်ားမွာ ေမးရန္ေလာ္(အလွပေဂးအိမ္ေတာ္)တြင္ ေနရာယူ ေစာင့္ဆိုင္းေနၾကသည္။

ေမးရန္ေလာ္ကို ကိုယ္လုပ္ေတာ္မိန္းမပ်ိဳေဆာင္ဟုလည္း သိထားၾကသည္။

နာမည္အတိုင္းပင္ ထိုအေဆာက္အဦ သည္ ၿမိဳ႕ေတာ္ အျပင္ဆီမွ ကိုယ္လုပ္ေတာ္ ၿပိဳင္ပြဲဝင္ မ်ားအတြက္ အထူးတလည္ တည္ေဆာက္ေပးထားျခင္း ျဖစ္သည္။

ေမာင္းမေဆာင္ ၿပိဳင္ပြဲဝင္မ်ားက အလြန္တ႐ု လွပလြန္းၾကသည္မို႔ ေနာက္ပိုင္းတြင္ ေမးရန္ေလာ္ဟု နာမည္ေျပာင္းလဲသြားျခင္း ျဖစ္သည္။ ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ က်င္းပသည့္ႏွစ္တိုင္း ေမးရန္ေလာ္သည္ သက္ဝင္လႈပ္ရွားမႈအရွိဆုံးေနရာ ျဖစ္သည္။

အင္ပါယာကိုယ္လုပ္ေတာ္ တစ္ပါး ျဖစ္သည့္ ေကြ႕ေဖးသည္ ေမးရန္ေလာ္မွ ေတာ္ေကာက္ခံရသည္ဟု ေျပာၾကသည္။

အႏွီေကြ႕ေဖးမွာ ဒုတိယမင္းသား၏ မယ္ေတာ္ျဖစ္သည္။ သူမကို ရွီေကြ႕ေဖးအျဖစ္ လူသိမ်ားသည္။ သူမ၌ ၿပိဳင္ဘက္ကင္းေသာ အလွ ရွိေလ၏။ သူမ နံေဘး၌ ဆိုပါက အျခားေသာ ေမာင္းမေဆာင္ၿပိဳင္ပြဲဝင္မ်ားအားလုံးသည္ သူတို႔၏ ေတာက္ပေပၚလြင္မႈကို ဆုံးရႈံးသြားၾကရသည္။ ခ်ဳန္းမင္ဧကရာဇ္က ပထမဆုံးအၾကည့္ႏွင့္ပင္ သူမ၏ အလွျဖင့္ ဖမ္းစားခံလိုက္ရၿပီး အခ်ိန္အပိုင္းအျခားတစ္ခုထိ ပစားေပးေလသည္။ သူမ၌ အဆုံးအစမဲ့သည့္ ဂုဏ္သတင္းရွိသည္ ဟု ဆိုနိုင္ေပသည္။ ဧကရာဇ္က သူမကို ဆက္လက္ျမတ္နိုးေနေသးသည္ျဖစ္ေစ မျမတ္နိုးေတာ့သည္ျဖစ္ေစ သူမကဲ့သို႔ သာမန္ျပည္သူ တစ္ဦးက တစ္ခ်က္တည္းႏွင့္ ေတာ္ဝင္မ်ိဳးႏြယ္ ျဖစ္သြားသည္ကို ေထာက္ရႈပါက သူမ၏ ဇာတ္လမ္းသည္ အဆင့္အတန္း ႏွင့္ ေနာက္ခံမရွိသူမ်ားအတြက္ အင္အားတက္လာေစရန္ လုံေလာက္ေပသည္။

ထို႔ျပင္ ေကာလာဟလ အႀကီးစားေၾကာင့္လည္း ျဖစ္၏။

ႏွစ္တိုင္းပင္ ေမးရန္ေလာ္၌ ေနထိုင္ၾကသည့္ ၿပိဳင္ပြဲဝင္မ်ားသည္ ရွီေကြ႕ေဖး ေနထိုင္ဖူးေသာ အခန္းအတြက္ ယွဥ္ၿပိဳင္ၾကရသည္။ ႏွစ္ႏွစ္ဆယ္ေက်ာ္ ၾကာၿပီးေနာက္မွာပင္ ထိုအခန္းသည္ ၿပိဳင္ပြဲဝင္မ်ားအားလုံးကို အစာလုေနသည့္ ဘဲမ်ားကဲ့သို႔ ႐ူးသြပ္သြားေစသည္ထိ ဖမ္းစားေနနိုင္ဆဲ ျဖစ္သည္။

အရင္ႏွစ္က ခ်မ္းသားသည့္မိန္းမပ်ိဳတစ္ဦးသည္ ထိုအခန္းကို ေငြသားငါးေထာင္ ေပးေခ်ခဲ့ၿပီး ရယူခဲ့သည္။ ဤသည္မွာ အျမင့္ဆုံးေစ်းႏႉန္း ျဖစ္၏။ ဤႏွစ္တြင္ ထိုစံခ်ိန္ အခ်ိဳးခံရမည္ေလာကိုမူ မည္သူမွ မသိၾကေပ။

ေကာလာဟလမ်ားအရ ထိုမိန္းမပ်ိဳသည္ အဆင့္ရွစ္ ကိုယ္လုပ္ေတာ္ အျဖစ္မွ အဆင့္သုံးကိုယ္လုပ္ေတာ္ အျဖစ္သို႔ ႏွစ္ႏွစ္အတြင္း ေရာက္ရွိသြားသည္ဟု ဆိုၾကသည္။ ဤသတင္းက မွန္မမွန္ မသိရေသာ္ျငား ယခုႏွစ္ ေမးရန္ေလာ္ရွိ ၿပိဳင္ပြဲဝင္မ်ားကို ႐ူးသြပ္သြားေစမည္မွာေတာ့ အမွန္ပင္ ျဖစ္သည္။

ယေန႕သည္ ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ ဒုတိယစစ္ေဆးမႈျပဳလုပ္မည့္ ရက္သို႔ ေရာက္ရန္ ေနာက္ဆုံးေန႕ျဖစ္သည္။

ၿမိဳ႕ေတာ္ႏွင့္ ေဝးကြာေသာေၾကာင့္ ခရီးႏွင္လာရန္ ခက္ခဲသည့္ ၿပိဳင္ပြဲဝင္မ်ားႏွင့္ အေၾကာင္းေၾကာင္းေၾကာင့္ မပါဝင္နိုင္ေသာ ၿပိဳင္ပြဲဝင္မ်ားမွ လြဲၿပီး လူတိုင္း ေမးရန္ေလာ္တြင္ လာေရာက္စုစည္းၾကေလသည္။

ထိုအခ်ိန္တြင္ ေမးရန္ေလာ္တစ္ေဆာင္လုံး ေယာက်္ားမိန္းမထုႀကီးျဖင့္ ျပည့္ႏွက္ေနကာ ၿပိဳင္ပြဲကို လာေရာက္ၾကည့္ရႈၾကေလ၏။

"ဒီႏွစ္ ဘယ္ အလွေလးက ေလလံပြဲနိုင္သြားမယ္ မသိေပမယ့္ ပြဲႀကီးပြဲေကာင္းေတာ့ ျဖစ္ေတာ့မွာ ေသခ်ာတယ္"

လူစုလူေဝး၏ အျပင္ဘက္၌ ေယာက်္ားတစ္ေယာက္က မတ္တပ္ရပ္ေနေလသည္။ လူအုပ္ႀကီးကို ၾကည့္ရင္း သူက ေမွ်ာ္လင့္ခ်က္အျပည့္ႏွင့္ မွတ္ခ်က္ျပဳလိုက္သည္။

သူ႕အေဖာ္က ျပန္ေျဖေလ၏။

"ရွစ္ဆယ္ရာခိုင္ႏႈန္းေလာက္က ခ်မ္းသာႂကြယ္ဝတဲ့မိသားစုက မိန္းမပ်ိဳေတြခ်ည္းပဲ။ ထင္ထင္ရွားရွား ျဖစ္ခ်ငိတယ္ဆိုရင္ ထူးျခားမႈတစ္ခုခုေတာ့ ရွိဖို႔လိုတယ္။ သူတို႔ အနိုင္မလိုခ်င္တာသာ မဟုတ္ဘူးဆိုရင္ ေငြေၾကးသုံးျဖဳန္းဖို႔ တြန့္ဆုတ္ေနၾကမွာမဟုတ္ဘူး"

အႏွီေယာက်္ားက ပတ္ပတ္လည္ ကို လွည့္ပတ္ၾကည့္လိုက္ေသး၏။

"မလိုေတာ့ဘူးကြ"

သူ႕အေဖာ္က အံၾသတႀကီး ေျပာလိုက္သည္။

"မလိုေတာ့ဘူး ဟုတ္လား?မင္း ဘာကိုဆိုလိုတာတုန္း"

ထိုေယာက်ာ္း က ေျပာေလ၏။

"လြန္ခဲ့တဲ့ ႏွစ္ရက္က စိတ္ဝင္စားစရာ ကိစၥတစ္ခုကို ငါ ၾကားထားတယ္။ ၾကည့္ရတာ ေမးရန္ေလာ္ က ေကြ႕ေဖး ေနခဲ့တဲ့ေနရာကို ေလလံမတင္ေတာ့ဘူးထင္တယ္"

ဘာလို႔တဲ့လဲ?"

အေဖာ္က အံ့ၾသမွင္သက္သြားေလသည္။

ထိုသူက ေျပာလိုက္ျပန္၏။

"ေငြေၾကးနဲ႕ ေလလံဆြဲတာက စိတ္ဝင္စားဖို႔မေကာင္းေတာ့ဘူးေလ။ ေမးရန္ေလာ္ရဲ႕ ပိုင္ရွင္က ကိုယ္လုပ္ေတာ္ၿပိဳင္ပြဲကေန အနိုင္ရတဲ့သူကို ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ အဆုံးထိ က်န္ေနခဲ့တဲ့သူကသာ အဲ့အခန္းမွာ ေနခြင့္ရွိမယ္တဲ့"

အေဖာ္က ရယ္ေမာလိုက္၏။

"ေငြနဲ႕ ေလလံဆြဲတာထက္စာရင္ ဒါက ေသခ်ာေပါက္ ပိုစိတ္ဝင္စားစရာေကာင္းတာေပါ့။ ဒါေပမယ့္ ဒီမွာက ၿပိဳင္ပြဲဝင္ေတြ ဒီေလာက္မ်ားတာ...အခ်ိန္တစ္ရက္တည္းနဲ႕ လုံေလာက္ပါ့မလား?"

"မင္းမသိတဲ့ အခ်က္တစ္ခ်က္ ရွိေသးတယ္ကြ"

ထိုသူက သူ႕လက္ညွိုးကို ျမႇောက္လိုက္ကာ ဘာ္ညာယမ္းျပလိုက္သည္။

"ေမးရန္ေလာ္ရဲ႕ ပိုင္ရွင္က အျမတ္ႀကီးစားတဲ့သူပဲ။ သူက ဒီလိုမ်ိဳး ပိုက္ဆံရနိုင္မယ့္ မဟာအခြင့္အေရးႀကီးကို ဘယ္လက္လႊတ္ခံနိုင္ပါ့မလဲ?ဒါေၾကာင့္မို႔လို႔ မိန္းမပ်ိဳအားလုံး ဝင္ၿပိဳင္နိုင္စြမ္း ရွိမွာ မဟုတ္ဘူး။ ဝင္ၿပိဳင္ခ်င္တဲ့သူက စာရင္းသြင္းလိုက္တာနဲ႕ ေငြသားငါးဆယ္ ေပးရလိမ့္မယ္"

အေဖာ္က ဟစ္ခနဲ ေလေအးတစ္ခ်က္ ရွိုက္သြင္းလိုက္မိ၏။

"စာရင္းသြင္းခက ေတာ္ေတာ္ ေစ်းႀကီးတာပဲ!"

ထိုသူက ေနာက္ေတာက္ေတာက္ ၿပဳံးလိုက္သည္။

သို႔မဟုတ္ပါက ထိုပိုင္ရွင္ကို အျမတ္ႀကီးစားသူဟု အဘယ္ေၾကာင့္ ေခၚေနဦးမည္နည္း။

ထိုအခ်ိန္၌ ခန့္ညားေခ်ာေမာေသာ အမ်ိဳးသားႏွစ္ဦးသည္လည္း လူအုပ္အျပင္ဘက္တြင္ ရပ္ေနေလသည္။ ထိုသူတို႔မွာ ဖူဝူထ်န္းႏွင့္ အန္းက်ီယန္ ျဖစ္သည္။ မနက္ခင္းအခ်ိန္က ဖူဝူထ်န္းသည္ သူ၏ ဝမ္ေဖးႏွင့္အတူ လိုက္ပါရန္ ကတိေပးထားေသာ္ျငား သူ႕၏ ေနာက္လိုက္မ်ားကို ေခၚေဆာင္မလာေပ။ ေမးရန္ေလာ္၏ တည္ေနရာက အေတာ္ေလး သိသာထင္ရွားေပသည္။ မင္းသားအိမ္ေတာ္မွ ထြက္လာၿပီးသိပ္မၾကာမီ၌ သူတို႔ႏွစ္ဦး ဤေနရာသို႔ ေရာက္လာၾကကာ အႏွီလူႏွင့္ အေဖာ္တို႔ ၾကားရွိ စကားမ်ားကို ၾကားလိုက္ၾကေလသည္။

ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ က အလြန္တရာ ခမ္းနားလွေၾကာင္း အန္းက်ီယန္ ၾကားထားေပသည္။ ပထမက သူသည္ ဤၿပိဳင္ပြဲကို မ်ားစြာ အာ႐ုံစိုက္မထားမိေပ။ ယေန႕တြင္ သူက မေမွ်ာ္လင့္ဘဲ ကိုယ္တိုင္ ျမင္ေတြ႕လိုက္ရ၏။ ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ၏ ႀကီးက်ယ္ခမ္းနားမႈသည္ ေခတ္သစ္က အရည္အခ်င္းစစ္ပြဲမ်ားႏွင့္ အလြန္တူေပသည္။

"စာေပပညာရွင္ေတြ၊ လယ္သမားေတြ၊ လက္မႈပညာသည္ေတြနဲ႕ ကုန္သည္ေတြ...ကုန္သည္ဆိုတဲ့အဆင့္အတန္းက အားလုံးထဲမွာ အနိမ့္က်ဆဳံးပဲ။ ဒီေနရာမွာ တစ္ေယာက္ေယာက္ရဲ႕ ေနာက္ခံကို ေဖာ္ထုတ္ျပသတာက အျခားလူေတြရဲ႕ အာ႐ုံကို ဆြဲေဆာင္မိ႐ုံပဲ ရွိတယ္"

မည္သည့္ မိန္းမပ်ိဳကမွ ဧကရာဇ္၏ မ်က္ႏွာသာေပးမႈကို ယွဥ္ၿပိဳင္ရန္ ၿခိမ္းေျခာက္နိုင္စြမ္းရွိေသာ မိန္းမပ်ိဳတစ္ဦးကို နန္းေတာ္ထဲသို႔ ဝင္ေရာက္ခြင့္ျပဳသည္အထိ ရက္ေရာသေဘာေကာင္းမည္ မဟုတ္ေပ။ ရွီေကြ႕ေဖးက အေကာင္းဆုံး ဥပမာ ျဖစ္ေသာ္ျငား သူမအေနျဖင့္ ေကြ႕ေဖးဟူေသာ အဆင့္အတန္း ကို ရရွိခဲ့ၿပီး ယေန႕ထိလည္း ထိန္းသိမ္းထားနိုင္ခဲ့သည္ကို ၾကည့္လွ်င္ သူမကို ေလွ်ာ့တြက္၍ မရပါေခ်။ အႏွီမိန္းမပ်ိဳမ်ားက ေကြ႕ေဖး၏ ေျခလွမ္းေဟာင္းမ်ားအတိုင္း လိုက္ပါလိုေနသည္လား။ ပထမဆုံး အေနျဖင့္ ေကြ႕ေဖးက ဆႏၵရွိမရွိဆိုသည္ကို သူတို႔ အရင္ဆုံးေမးၾကည့္ရေပလိမ့္မည္။

ဖူဝူထ်န္းက ဤစကားကို ၾကားသည္ႏွင့္ ေဘးသို႔လွည့္ကာ သူ႕ဝမ္ေဖးေလး၏ က်က္သေရရွိလွစြာေသာ မ်က္ႏွာေလးကို ၾကည့္လိုက္၏။

"တစ္ေန႕က်ရင္ ဝမ္ေဖးေလးရဲ႕ စီးပြားေရးမွာ ကြၽမ္းက်င္ေျပာင္ေျမာက္မႈက စာေပပညာရွင္ေတြကို ေက်ာ္လြန္သြားလိမ့္မယ္လို႔ ဒီမင္းသား ယုံၾကည္တယ္"

အန္းက်ီယန္ က အံ့အားသင့္သြားၿပီး လွည့္ၾကည့္လိုက္ေလ၏။ သူ႕မ်က္လုံးကို အေပၚသို႔ အနည္းငယ္ လွန္လိုက္မိေလကာ သူ႕ဆီမွ ယုံၾကည္ခ်က္ရွိသည့္ဟန္ပန္က ထြက္ေပၚလာသည္။

"ဒါက မလြဲမေသြ ျဖစ္ရမွာပဲေလ!"

စီးပြားေရးလုပ္ငန္းရွင္မ်ား အေပၚ အထင္အျမင္ေသးသည္တဲ့လား?

ကိစၥမရွိ။ ထိုသူမ်ားသည္ ေနာင္အနာဂတ္တြင္ ေသခ်ာေပါက္ နာက်င္ခံစားရေပလိမ့္မည္။

သူတို႔ႏွစ္ေယာက္ စကားေျပာၿပီးသြားသည္ႏွင့္ ထြက္ခြာရန္ ျပင္လိုက္ၾကသည္။ သူတို႔က ေမးရန္ေလာ္ႏွင့္ ၎အေဆာင္၌ က်င္းပမည့္ ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ပြဲ ကို စိတ္ဝင္စားမႈ မရွိပါေခ်။ သို႔ေသာ္ သူတို႔ ေနာက္လွည့္ရန္အျပင္တြင္ လမ္းေထာင့္ရွိ ေယာက်္ားပ်ိဳတစ္ေယာက္ႏွင့္ မိန္းကေလးတစ္ေယာက္ အၾကား စကားဝိုင္းက သူတို႔၏အာ႐ုံကို ဆြဲေဆာင္သြားေလသည္။


Continue Reading

You'll Also Like

272K 25.6K 86
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
71.5K 6.9K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္..... ေကာင္းမြန္ေသာ အိ...
53.4K 3.9K 42
Ruthless, formidable and cold hearted, are the words people now used to describe the five sons of Pandu. The once compassionate and just souls, seem...
TPITWOHEF By Aduwei

Historical Fiction

101K 1.4K 200
NOT MY WORK, NOR MY TRANSLATION! For Offline Reading Only The Princess's Inner Thoughts Were Overheard by Her Emperor Father Author(s) 红豆煮水