အချိန်တွေရက်တွေ တရက်ပြီးတရက် တလပြီးတလ ကုန်ဆုံးလာပြီး တနှစ်ကြာတော့
"ဟဲ့ရှင်းနင်ဆိုသည်မှာလေငိုင်ချက်ကလက်လန်တယ် စာမေးပွဲကဖြေနိုင်တာတော့သေချာတယ်မလား"
ရှင်းတစ်ယောက်လွန်ခဲ့သောငါးလခြောက်လအတွင်းမမနဲ့အဆက်သွယ်မရတော့ မမပုံတွေတော့တက်လာပါရဲ့သူစာမေးပွဲနေရသည်လေ သူ့အတွက်ကနောက်ဆုံးနှစ်ေဖြေနရပေမဲ့ရှင်းအတွက်ကဒုတိယနှစ်ဖြေနေရသည်လေ သို့သော် မမ၏စာမေးပွဲဖြေပြီးခဲ့သည်မှာ နှစ်လပင်ရှိနေလေပြီ သို့သော်အဆက်သွယ်မလုပ်
'မမကနှစ်နှစ်လောက်နေပြန်လာမယ်ပြောတာပဲ အက်အချိန်ကိုစောင့်နေမယ် မ'
"ဟဲ့ရေ ရှင်း မိရှင်း"
အတွေးလွန်နေရာမှ သွန်းသွန်းနားနားကပ်အော်၍သာ သတိပြန်ဝင်လာ၏
"ဟင် အင်း"
"ငါခေါ်နေတာကြာပြီ ငိုင်နေတာ ဘာဖစ်နေတာလဲ"
"ဘာမှမဖစ်ပါပူးဟာ နင်ကဘာပြောမို့ခေါ်တာ"
"ငူငိုင်နေတာ စာမေးပွဲကဖြေနိုင်တာမှဟုရဲ့လားလို့"
"စာမေးပွဲကတော့ဖြေနိုင်ပါတယ်ဟာ..."
"အေးပြီးရော လာသွားမယ် စားလည်းစားပြီးပြီဆိုတော့"
"ဪ အင်း သွားကြမယ်"
ရှင်းအိမ်မှာနေရတာ မွန်းကြပ်လာတာမို့ အပြင်ထွက်လာတာ သွန်းနဲ့တွေ့သည်မို့ မုန့်ဝင်စားနေကြခြင်းဖစ်သည်
ရှင်းလည်းသွန်းနဲ့ လမ်းဆုံမှာနှုတ်ဆက်ခဲ့ပြီး အိမ်သို့သာပြန်လာခဲ့လေသည်
"ပြန်ရောက်ပါပြီ"
သူပြောသော်လည်း ဘယ်သူမှထွက်မလာ ဘယ်သူမှပြန်မပြော
"ဟူးးးးး....."
'ဘယ်သူမှမရှိပူးထင်ပါရဲ့'
သူလည်း အပေါ်သာတက်လာခဲ့လေသည်
အပေါ်ထပ်ရောက်၍ မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ရှင်းတစ်ယောက် အံ့ဩ၍ မျက်ရည်များမှာပါးပြင်ပေါ်သို့လိမ့်ဆင်းလျက် နှုတ်ခမ်းပါးလေးထံမှထွက်လာသော နာမ်စားလေးတစ်ခုက....
"မ"
"HAPPY BIRTHDAY SHINN THU YAUNG🎂🎉🎊"
ဟုပါသည် ဒီနေ့ ရှင်းရဲ့မွေးနေ့ပါ သူ့မွေးနေ့ကိုမေ့လျော့နေခဲ့သည် စိတ်ထဲတွင် မ မှလွဲ၍မရှိ
Flash Back<<<<<<<<
ယွန်းမြတ်ဖူးကျောင်းနောက်ဆုံးစာမေးပွဲဖြေပြီး တစ်ပတ်အကြာမှာ သူ့ဦးလေးအလုပ်တွင် အလုပ်သင်အဖြစ်ဖြင့်အောက်ခြေမှစတင်ခဲ့၏ ယွန်းမြတ်၏ဉာဏ်ကောင်းပြီးထက်မြတ်သောကြောင့် အလုပ်ဝင်ပြီး တစ်လခွဲအကြာမှာယခုအလုပ်သင်အဆင့်ကနေ ဒါရိုက်တာအဖစ်ရောက်ရှိနေခဲ့လေပြီ
"သမီး ယွန်းလေး ရန်ကုန်ကိုပြန်ဖို့အချိန်ရောက်ပြီသမီး"
ယွန်းရဲ့စိတ်ထဲတွင်တော့ ရန်ကုန်ပြန်ရမည်ဖစ်၍ ပျော်နေလေသည် နောက်လတွင်ရှင်း၏မွေးနေ့ဖစ်ရာ supriseလုပ်ရန် အခွင့်ရေးရသွားလေပြီ
"ကျေးဇူးတင်ပါတယ် ဦးငယ်"
"သမီး အက်ကရုံးချုပ်တွေကိုဦးစီးရမယ် ပြီးတော့ သမီးတခုကတိပေးပါ ဦးငယ်ဆီမကြာမကြာလာလည်မယ်ဆိုတာ"
"ဟုတ်ဦးငယ် ယွန်းကတိပေးပါတယ်"
"ဟုတ်ပြီသမီးသွားနားချေ"
"ဟုတ် Goodnight 🌌 ဦးငယ်"
"သမီး နောက်သုံးရက်အတွင်းမှာသွားရမယ်
သမီးကို ယုံလိုပ်ပြီနော်သမီး"
ယွန်းခေါင်းသာငြိမ့်ပြခဲ့ပြီး အခန်းသို့ပြန်လာကာ အတွေးများဖြင့်
ရန်ကုန်ပြန်ဖို့မနက်.....
ယွန်းမနက်5:00အချိန်တည်းက နိုးနေပြီး ပြင်စရာရှိတာပြင် ဦးငယ်ကို နှုတ်ဆက်ကာလေဆိပ်သို့ရောက်လာလေသည်
လေယာဉ်က7:00မှမို့ ယွန်းထိုင်ရင်းဖုန်းကြည့်နေချိန်
"ယွန်း"
ယွန်းလည်းအသံကိုရင်းနီးနေတာမို့လှည့်ကြည့်တော့ ရဲမင်းအာကာ
"အာကာ နင်လည်းပြန်မလို့လား"
"အေးဟ"
"ငါအဖော်ရပြီ ဟဲဟဲ"
ရှိသမျှသွားအကုန်ဖြီးပြကာ ပြောနေသောယွန်းကြောင့် အာကာမှာ နှလုံးပင်ရပ်တော့မည်ထင်
လေယာဉ်ထွက်တော့မည်မို့ လေယာဉ်ပေါ်သာတက်လာခဲ့ပြီး သုံးရက်အကြာမှာ ရန်ကုန်သို့ရောက်လေပြီ (Americaကနေ မြန်မာကိုလေယာဉ်ဘယ်ချိန်ကနေဘယ်ချိန်စီးရသည်မသိပါ ကျွန်တော်ကခုမှရှစ်တန်းကျောင်းသူ)
ယွန်းနဲ့အာကာလည်း လာကြိုသူများရှိသည်မို့နှုတ်ဆက်ကာ ထွက်ခဲ့လေသည်
ယွန်းလည်းရောက်ကတည်းက ရုံးချုပ်တွေကိုပတ်ပြီး လေ့လာကာ America Company Of Shine And Lucky Company Ceo Angleဆိုသည့်အမည်ဖြင့် မြန်မာစီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သည်
ယနေ့နဲ့ဆိုလျှင် ယွန်းမြန်မာပြည်ရောက်တာ သုံးရက်သာရှိသေးသော်လည်း ရောက်ကတည်းက နေသားကျအောင်လုပ်နေရသည်မို့ ရှင်းဆီမသွားနိုင် ဒီနေ့တော့ ရှင်းအိမ်သို့ရောက်လာလေပြီ
ယွန်းကရှင်းအိမ်ကိုတော့မှတ်မိနေသေး၏ ရှင်းအိမ်ရောက်၍ လူခေါ်ဘဲလ်ကိုနှိပ်ရာ အိမ်အကူကောင်မလေးတစ်ယောက် လာဖွင့်ပေးသည်
ရှင်းသုရောင်ရှိလားမေးတော့ အပြင်ထွက်သွားသည်ဆိုတာကြောင့် ရှင်းအမေနဲ့ပဲဝင်တွေ့ကာ နိုင်ငံခြားကအကြောင်းတွေ အလုပ်အကြောင်းတွေ ရှေးဟောင်းနှောင်းဖစ်တို့ပြောကြပြီး မနက်ဖန်ရှင်းမွေးနေ့ဆိုတာကိုသိခဲ့ရ၏
ယွန်းလည်းရှင်းအမေနဲ့ ရှင်းကိုsupriseတိုက်ဖို့ တိုင်ပင်ကာ အစီစဉ်ချလေပြီး
မနက်ရောက်တော့ ရှင်းအမေက ရှင်းအပြင်ထွက်သွားသည်ဆိုတာမို့ ညကမှာထားသော မွေးနေ့ကိတ်ကိုသွားယူကာ ရှင်းအိမ်သို့ထွက်လာပြီး လိုအပ်သည်များစီစဉ် ရှင်ူအခန်းထဲအား ပူဖောင်းများအပြည့်ထည့်ကာ ရှင်းအိမ်ပြန်လာချိန်အား ပြင်ဆင်ကာစောင့်နေခဲ့သည်
ရှေ့ကခြံတံခါးဖွင့်သံကြားတာမို့အားလုံးရှင်းအခန်းထဲသို့ဝင်ကာ မီးပိတ်ပြီး တံခါးရှေ့ရပ်ထားလေသည် ထိုချိန်ရှင်းကတံခါးဖွင့်ချိန်
"HAPPY BIRTHDAY SHINN THU YAUNG 🎂🎉🎊"
Flash End>>>>>>>>>>>>>>>>>>
ရှင်းဘာမှမပြောနိုင်တော့ ရှင်းရဲ့ဆယ်နှစ်တာလွမ်းခဲ့ရသော အတိအကျပြောရသော် ဆယ်နှစ် သုံးလ ငါးရက် နှစ်ဆယ်နာရီ သုံးဆယ်မိနစ် ကိုးစက္ကန့်လွမ်းခဲ့ရသူ သတိရခဲ့ရသူ ချစ်ခင်ခဲ့ရသူ မြတ်နိုးရသူ ကြင်နာသူ ထိုလူသားသည် မိမိအရှေ့တွင်ရောက်နေသည်တဲ့လား အိမ်မက်လားတကယ်လား
"Suprise°•°•° အင့်!"
ယွန်းမြတ် ချစ်ရပါသောလူသားကို ကမ္ဘာပေါ်တွင် အလှဆုံးအပြုံးဖြင့်ပြုံးကာ supriseတိုက်ချိန် ဆွဲဖက်ခံလိုက်ရခြင့်ကြောင့် အင့်ကနဲဖစ်သွားရ၏
"ကလေး"ဟုခေါ်လိုက်တော့ မော့ကြည့်လာတဲ့ ချစ်ရည်ရွှမ်းနေသောတောက်ပသည့် မျက်ဝန်းတစ်စုံ
ရှင်းမိဘများအား မျက်ဆပစ်ပြလေတော့မှ ဖက်ထားရာကလွှတ်ကာရှက်သွားပုံလေးက ဆွဲနမ်းချင်စရာ
ရှင်းအမေ-"ကဲ အလွမ်းသယ်နေတာရပ် ဖယောင်းတိုင်မှုတ်လိုက်ဦး"
ရှင်းအမေပြောမှ ဆုတောင်းကာမီးမှုတ်လိုက်ပြီး ကိတ်ခွဲကာ ဧည့်ခန်းတွင်စကားထိုင်ပြောနေကြ၏
ရှင်းအမေ-"သမီးယွန်းကို ကျေးဇူးတင်လိုက်တာ သမီးလေးငူငူငိုင်ငိုင်နဲ့ဖစ်နေတာအတော်ကြာပြီကွဲ့ ခုတော့သမီးကြောင့် ပြန်လန်းလာပြီ"
ရှင်းမျက်နှာလှမ်းကြည့်လေတော့ နားရွက်ဖျားလေးတွေပင်နီရဲကာ ချစ်ဖို့ကောင်းနေသည်က ယွန်းရင်ထဲတွင် ဟာရီကိန်းပဲဝင်တိုက်သွားလေသလား
ယွန်း-"ရပါတယ် အန်တီ ယွန်းကရှင်းကို တွေ့ချင်နေတာ သတိရနေတာ မတွေ့ရတာကြာတော့ ပိုချစ်ဖို့ကောင်းလာသလိုပဲ"
ရှင်းအမေဘက်လှည့်ကာပြောနေရင်း နောက်ဆုံးမှ ယွန်းအားမော့ကြည့်နေလေသူ ရှင်းမျက်ဝန်းများအားစိုက်ကြည့်ကာပြောလေတော့ ရှက်သွားသည်ထင် ခေါင်းငုံ့သွားလေသည်
စကားတွေပြောနေကြရင်း ည7:00ရှိနေပြီမို့ ညစာစားကာ
ယွန်း-"အန်တီ ယွန်းပြန်လိုက်ပါဦးမယ် နောက်နေ့မှထပ်လာခဲ့ပါမယ်"
ယွန်းပြန်တော့မည်ဆိုသောကြောင့် ရှင်းမျက်နှာပျက်သွားလေသည်
ရှင်းအမေ-"သမီးရယ် ဉဉ့်နက်နေပြီ မနက်မှပြန်ပေါ့သမီးရယ် အန်တီအခန်းရှင်းပေးထားတယ်"
ရှင်းကိုလှမ်းကြည့်တော့ မပြန်ပါနဲ့လို့တားနေသည့် မျက်ဝန်းများကြောင့် အရှုံးပေးရလေပြီ
ယွန်း-"ဟုတ် အာ့ဆိုသမီး ဒီမှာပဲညအိပ်လိုက်ပ့မယ်"
ရှင်းကတော့ ယွန်းအိမ်မှာအိပ်မည်ဆိုသောကြောင့် ပျော်နေလေသည်
ရှင်းနဲ့အပေါ်ထပ်တက်လာပြီး ယွန်းကဧည့်သည်ခန်းသို့ဝင်တော့မည့်အချိန် နွေးထွေးစွာ ဆုပ်ကိုင်လာသောလက်တစ်စုံကြောင့်လှည့်ကြည့်ကာ
"ပြောစရာရှိလို့လား ရှင်း"
"ဟုတ် ရှင်းနဲ့လာအိပ်ပါလားလို့ အဆင်မပြေရင်လည်း ရှင်းအိပ်တော့မယ်နော် Goodnight 🌌" ဟုဆိုကာ ဆုပ်ကိုင်ထားသောလက်တစ်စုံက ဖြေလျော့သွားသော်လည်း ယွန်းကဆွဲထားမိပြန်သည်
"မမလည်း နေရာပြောင်းရင် အိပ်မရတာမို့ ရှင်းနဲ့ပဲအိပ်ဖို့ပြောမလို့ပဲ ရှင်းမဆင်မပြေမှာစိုးလို့"
"မပြေစရာမရှိပါပူး ဟဲဟဲလာ"
ခေါင်းအုံးလေးပိုက်ကာ အထဲထဲဝင်လာပြီး ကုတင်ပေါ်တက်ထိုင်နေတဲ့မမက ချစ်ဖို့ကောင်းပါသည်
"မမ အကျီလဲဦးမလား"
ရှင်းမေးတော့ လက်ယက်ခေါ်ကာ သူ့ဘေးကကုတင်ဘေးနေရာကိုလက်နဲ့ပုတ်ပြကာခေါ်နေလေသည်
"ကဲပြော...ဘာကိစ"
"ဟိုလေ..ရှင်းကိုsupriseလာလုပ်တာ လက်ဆောင်ပါမလာပူး Americaကနေလည်းမဝယ်ခဲ့ရပူး..."
ပြောနေရင်းအသံလေးနစ်ဝင်သွားပြီး မျက်နှာလေးညှိုးငယ်သည်ကိုမြင်လိုက်ပါသောရှင်းက မျက်နှာတော်ရွှင်လန်းစေဖို့
"ရှင်းအတွက် လက်ဆောင်မလိုပါပူး....."
ပြောပြီးအနားနားကပ်သွားပြီး မျက်နှာနှစ်ခုမှာ တစ်စင်တီမီတာပင်မဝေးတော့ ပြီးမှမျက်နှာလေးဆွဲမော့ကာ ယွန်းရဲ့မျက်ဝန်းအိမ်များအားတည့်တည့်ကြည့်ပြီး
" မမသာ ရှင်းနားရှိနေရင် ပြည့်....စုံ....သွား ....ပြီ"
နောက်ပိုင်းကိုတစ်လုံးချင်းဆီပြောကာ ပြန်ခွာသွားတော့မှ ယွန်းတစ်ယောက်အသက်ရှူနိုင်ပေသည်
'တော်တော်ဆိုးတဲ့ကလေး ငါ့အပိုင်ဖစ်လို့ကတော့ ဒီအဆိုးလေးကို ကိုက်စားမှာ ကလေးရယ် ပြုစားနိုင်လွန်းတယ်'
"မမ ရှင်းကိုလေနောက်တစ်ခေါက်ထားမသွားပါနဲ့နော်"
"ဟုတ်ပါပြီ ရှင်းကို မမကထားမသွားပူး"
'ခေါ်သွားမှာ ဟီးဟီး🙂'စိတ်ထဲတွင်တော့ အပိုင်ချုပ်ချင်နေပြီဖစ်သောယွန်းရယ်ပါ
"အိပ်ရအောင်လေ မမ"
"ဟမ်...ဪ...အင်း Goodnight 🌌"
ရှင်းခေါင်းသာငြိမ့်ပြပြီး တဖက်လှည့်အိပ်လိုက်ပါသည်
'မရယ် အိပ်မဲ့ကိစကို ပြုံးပြီးပြောစရာလိုလားလို့ ဟူး.....ဒီတစ်ယောက်နဲ့တော့နောက်ပိုင်းဘလိုနှစ်ပါးသွားရပ့ နှလုံးရပ်ပြီးသေမဲ့ကိန်းရှိတယ်'
ယွန်းလည်း ရှင်းကတဖက်လှည့်အိပ်သွားတာမို့ သူ့နောက်ကျောပြင်လေးအား ကြည့်ရင်းမျက်ရည်တွေကျနေမိသည်
'ကလေးရဲ့ မျက်ဝန်းလေးတွေထဲမှာ မမကို အမတစ်ယောက်ထပ်ပိုတဲ့ အရိပ်တွေမြင်ရပါတယ် ပညာရေးမဆုံးသေးလို့ အရောင်မဆိုးချင်သေးပူး ကလေးကိုလည်းမ ချစ်ပါတယ်'
သူတို့နှစ်ယောက်တစ်ယောက်ဆီအတွေးတခုဆီဖြင့် အိပ်စက်ခဲ့ကြသည် ဆယ်နှစ်ကျော်ကြာမှ နီးစပ်ခဲ့ရပြီး တကုတင်ထဲအိပ်ရသည်မှာ အိမ်မက်များအားလှပစေခဲ့ပြီ
••••••••••°°°°°°°°°°••••••••••••°°°°°°°°°°°••••
ဟဲဟဲ နီးသွားပြီနော် နောက်ကျမှပေးစားမယ်
Readerတေ ငါးယောက်မကျော်တောင် ဆက်ရေးမှာပါနော်
ဖတ်ပေးကြသူတွေလည်း ချစ်တယ်နော်🌹🎉
ရှင်းတစ်ယောက်လွန်ခဲ့သောငါးလခြောက်လအတွင်းမမနဲ့အဆက်သွယ်မရတော့ မမပုံတွေတော့တက်လာပါရဲ့သူစာမေးပွဲနေရသည်လေ သူ့အတွက်ကနောက်ဆုံးနှစ်ဖြေနေရပေမဲ့ရှင်းအတွက်ကဒုတိယနှစ်ဖြေနေရသည်လေ သို့သော် မမ၏စာမေးပွဲဖြေပြီးခဲ့သည်မှာ နှစ်လပင်ရှိနေလေပြီ သို့သော်အဆက်သွယ်မလုပ်
"ဟဲ့ရေ ရှင်း မိရှင်း"
"ဟင် အင်း"
"ဪ အင်း သွားကြမယ်"
"ပြန်ရောက်ပါပြီ"
"ဟူးးးးး....."
"မ"
Flash Back<<<<<<<<
"ဟုတ် Goodnight 🌌 ဦးငယ်"
ရန်ကုန်ပြန်ဖို့မနက်.....
"ယွန်း"
"အေးဟ"
"ငါအဖော်ရပြီ ဟဲဟဲ"
Flash End>>>>>>>>>>>>>>>>>>
"Suprise°•°•° အင့်!"
"မမ အကျီလဲဦးမလား"
"ကဲပြော...ဘာကိစ"
"အိပ်ရအောင်လေ မမ"
"ဟမ်...ဪ...အင်း Goodnight 🌌"
••••••••••°°°°°°°°°°••••••••••••°°°°°°°°°°°••••