Uni
"ဟာ ရောက်လာပြီလား"
"အင်း ဒီမှာ ငါ လိုအပ်မယ်ထင်တာလေးတွေ ဝယ်လာခဲ့တယ်"
"ငါလည်း မနက်ကတော့ ဆင်းဝယ်ထားသေးတယ်"
"ok ဒါဆို ငါ ဘာလုပ်ပေးရမလဲ"
"ဘာမှ မလုပ်ပေးပါနဲ့ရှင် အရှေ့မှာသာ ငြိမ်ငြိမ်လေး သွားထိုင်နေ"
"ငါက ကူညီချင်ပါတယ် ဒါပေမယ့် ဖျက်စီးသလို ဖြစ်သွားမှာစိုးလို့
ဒါဆို ငါ့အရှေ့မှာ ထိုင်နေမယ်နော် လိုတာရှိရင် ပြော"
"အင်း"
အမရာကိုတော့ ကူခိုင်းလို့မဖြစ်
သူ့ကို ကူခိုင်းရင် ဟင်းပွဲတွေ ပျက်စီးရင် ပျက်စီး မဟုတ်ရင် မီးဖိုခန်း ပြာကျလိမ့်မည်။
"ခွန်း မွှေးနေတာပဲ မပြီးသေးဘူးလား ငါဗိုက်ဆာနေပြီ"
"ပြီးတော့မယ် ပြီးတော့မယ် ခဏလေး"
"မြန်မြန်လုပ်ပါ"
"လာ အိုးထဲကနေသာ ဒီတိုင်း နှိုက်စားလိုက်တော့"
"မနောက်ပါနဲ့ မြန်မြန်လုပ်ပါ"
"ရပြီ ရပြီ လာ စားမယ်"
"မိုက်လိုက်တာ ကောင်းကောင်းစားပါ့မယ်"
"အမလေး"
"ကောင်းလိုက်တာ ခွန်းရာ နင့်လက်ရာကတော့ တကယ်ကိုမိုက်တာ
လျှာပေါ်မှာ စွဲသွားတာပဲ"
"ကောင်းလား"
"အင်း
နင်စနစ်တကျ သင်ထားတာလည်း မဟုတ်ပဲနဲ့ ဒီလောက်ချက်တတ်တာ တကယ်တော်တယ်"
"ဒါကတော့ အတွေ့အကြုံက သင်ပေးတာပေါ့"
"ဘာကပဲ သင်ပေးသင်ပေး နင်ဒီလို ချက်တတ်ပြုတ်တတ်တာတော့ တကယ်ကောင်းတယ်
ငါကပ်စားလို့ရတာပေါ့ ဟီး ဟီး...."
"အဲဒါဆို များများစား"
"အင်း စားမယ်
ငါ တစ်ခု စဥ်းစားမိတယ် သိလား"
"ဟင်"
"နင် တစ်သက်လုံး ယောက်ျား မယူနဲ့တော့ ခွန်း
ဒီတိုင်းလေးပဲ နေပြီး ငါစားချင်တာ ချက်ကျွေး"
"ငါ့ကို ယောက်ျားမယူနဲ့ဆို နင်ကရော"
"ငါလည်း မယူတော့ဘူးလေ ငါတို့ နှစ်ယောက်လုံး ဒီတိုင်းပဲ နေရအောင်"
"တော်ပါ နင်လား ယုံရမှာ
ဘာပဲဖြစ်ဖြစ် ယူရင်သာ ချက်တတ်ပြုတ်တတ်တဲ့ ယောက်ျားမျိုးရွေးယူ
ငါနင့်ကို တစ်သက်လုံး တာဝန်မယူနိုင်ဘူး"
"ခွန်းနော် အကျင့်ကို မကောင်းဘူး
ဒါဆို နင်ကရော"
"ငါက နင်မွေးတဲ့သားကို စောင့်မယ်လေ"
"ခွန်း နင်နော် အသက် ၃၀ လောက်ကွာမှာနော်
ဖြစ်တယ်လား"
"အင်း ဟိုဘက်တောင် လွန်သေး"
"ငါ့သူငယ်ချင်းလေး ရိုးပုံရိုးအနဲ့ မထင်ရဘူး
တကယ်ပဲဟာ"
"ဖြည်းဖြည်းရယ်ပါ သီးဦးမယ်"
အင်း အားလုံးကိုမေ့ပြီး ဒီတိုင်းလေးပဲ ရယ်နေပေး။
ရှေ့ဆက်ပြီး ရင်ဆိုင်ရမဲ့ အရာတွေအတွက် အခုချိန်မှာ အားအင်အပြည့် ဖြည့်ထားပါ အမရာ....
"ဗိုက်ကို တင်းသွားတာပဲ
နင်သာ နေ့တိုင်း ဒီလိုချက်ကျွေးလို့ကတော့ ငါဝလာမှာ ကျိန်းသေးတယ်"
"အမရာ"
"ဟင်"
"ဒီနေ့ နင်ငါချက်ကျွေးတာကိုလည်း စားတယ် ငါ့ကြောင့်လည်း အများကြီး ရီနေရတယ်မလား"
"အင်း"
"အဲ့တာကြောင့် ငါ နင်မကြိုက်တာ တစ်ခုခု လုပ်ရင်တောင် နင်ငါ့ကို စိတ်ဆိုးလို့ မရဘူးနော်"
"ဘာ လာဘ်ထိုးထားတာလား
နင် ဘာလုပ်ဖို့စဥ်းစားနေတာလဲ"
"မဟုတ်ပါဘူး ငါက ကြိုပြောထားတာ
ငါ အချိုပွဲ သွားယူလိုက်ဦးမယ်နော်"
"ok"
နေ့လည်တောင် ရောက်ပြီ။ လာတော့မှာပဲ။
"ခွန်း အရှေ့မှာ ဘယ်သူလဲမသိဘူး"
"အင်း ငါလာပြီ
စားနှင့် ငါသွားဖွင့်ပေးလိုက်မယ်"
"အင်း"
"အန်တီ"
"သမီး အမရာရော ရှိလား"
"ရှိတယ် အန်တီ ဝင်ခဲ့ပါ"
"ခွန်း ဘယ်သူ......"
"သမီးလေး"
"အမရာ အန်တီက နင်နဲ့ တွေ့ချင်နေလို့ အဲ့တာ
အေးဆေး စကားပြောကြဦးနော် အိမ်အတွက် လိုတာလေးတွေ သွားဝယ်လိုက်ဦးမယ်
အမရာ စိတ်အေးအေးထားနော်
အန်တီ သမီးကို ခွင့်ပြုပါဦး"
"အေး သမီး"
ခွန်း အမြန်ဆုံးထွက်လာလိုက်သည်။
အမရာတို့ သားအမိကို တွေ့ပေးဖို့ အကောင်းဆုံးနေရာက ခွန်းတိုက်ခန်းလို့ပဲ ခွန်းထင်သည်။
'ငါ့ကို စိတ်မဆိုးပါနဲ့ အမရာ
နောက်ပြီး နင့်ခံစားချက်တွေကို နားမလည်ဘူးလို့လည်း မထင်လိုက်ပါနဲ့.....'
"သမီးလေး နေကောင်းတယ်နော်"
"ဘာကိစ္စရှိလို့လဲ"
"သမီးရယ် ကိုယ့်သမီးကို ကိစ္စရှိမှ တွေ့ရမှာလား
အမေ သမီးကို သိပ်ကို သတိရနေတာ"
"အထွေအထူး ပြောစရာမရှိရင် ကျွန်မကို ခွင့်ပြုပါဦး"
"သမီး ငါးနှစ်ကျော်ပြီ
သမီး ဘွဲ့ရပြီး ကတည်းက အမေ့ကို တွေ့ခွင်မပေးတာ"
အမရာ ထိုအမျိုးသမီးကို ခါးခါးသီးသီးကြည့်လိုက်မိသည်။
"နှစ်နှစ်ဆယ် ကျော်ပြီ ရှင် ကျွန်မဘဝထဲက ထွက်သွားတာ"
"အမေ ပြန်လာခေါ်ခဲ့ပါတယ် သမီးကိုလည်း အဆင်ပြေပြေထားခဲ့တာပဲလေ"
"အဆင်ပြေပြေ
ဟုတ်တယ် ရှင်လာခေါ်တော့ ငယ်ရွယ်ပြီး ဘာအစွမ်းအစမှ မရှိတဲ့ ကျွန်မက ရှင့်မျက်နှာတစ်ခုကိုပဲ ကြည့်ပြီးလိုက်ခဲ့တယ်လေ
ဘယ်သူကသိမှာလဲ အဲ့ဒီ့နေရာက အဆိပ်တွေနဲ့ ပြည့်နေတယ်ဆိုတာ"
"အဲ့ဒါတွေက အတိတ်ပါ သမီးရယ်
သားရော သမီးရောက ငယ်သေးတယ်လေ
သားက ငယ်သေးတော့ သမီးကို ခင်လို့ အမှားကို အမှားမှန်းမသိ ကျူးလွန်ခဲ့ရုံပါ"
"ငယ်သေးလို့ အမှား
အဲ့ဒီ့အမှားက ကျွန်မတစ်ဘဝလုံး ခြောက်လန့်ခဲ့တာကြတော့ရော"
"အမေ သိသိချင်း သမီး တောင်းဆိုတာ လိုက်လျောခဲ့တာပဲ"
"သိသိချင်း ဘယ်အချိန်လဲ
နံဟောင်ပြီး လေးတိုးပေါက်တောင် မရှိတဲ့ အခန်းထဲမှာ ပိတ်မိနေတဲ့ အချိန်လား
အလင်းရောင်နည်းနည်းမှ မရတဲ့ အခန်းထဲမှာ ကျွန်မအနားကို ကျွန်မအမုန်းဆုံး အရွံဆုံး အကောင်တွေ လာတဲ့ အချိန်လား
ရေနွေးပူ လောင်းချခံရတုန်းက အချိန်လား
ကစားနေရင်း ကျွန်မကို စိတ်မထင်ရင် မထင်သလို နှိပ်စက်နေတဲ့ အချိန်လား
ဘယ်အချိန်လဲ
အဲ့ဒီ အချိန်တွေတိုင်း ကျွန်မ ရှင့် နာမည်ကို အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင်
လည်ချောင်းထဲက သွေးစ တွေထွက်တဲ့ အထိ အော်ဟစ်ခဲ့တာ
ရှင်ရောက်မလာခဲ့ဘူး တစ်ကြိမ်တစ်ခါလေးတောင် ရောက်မလာခဲ့ဘူး
ကျွန်မမှာ ရှင်တို့ မိသားစုက ပေးတဲ့ ဒဏ်ရာတွေ သိပ်များလွန်းတယ်
ရှင်တို့ကို မြင်တိုင်း ကျွန်မအရမ်းကို ပင်ပန်းတယ် နာကျင်ရတယ် မွန်းကျပ်ရတယ်
ကျွန်မကို ကျွန်မလည်း မုန်းတယ်"
"ခဏလေးပါ သမီးရယ် မသွားပါနဲ့"
"လွှတ် ကျွန်မ ဘဝမှာ အမေဆိုတာ မရှိတာမလို့ ရှင်လည်း ရှင့်မိသားစု အတွက်ပဲ ရှင်သန်"
သမီးရယ် အမေတောင်းပန်ပါတယ် တကယ် တောင်းပန်ပါတယ်.......
"ဟင် အမရာ နင် အဆင်ပြေရဲ့လား"
"ငါ အဆင်ပြေမယ်လို့ထင်လား နင်လုပ်ချင်ရာ လုပ်ထားပြီး"
"အဲ့လို မဟုတ်ပါဘူး ငါ ငါ... ခဏ"
"လွှတ် ငါ့ကို တစ်ယောက်တည်း လွှတ်ထား ခွန်းသံသာချို"
"အမရာ အမရာ မသွားပါနဲ့"
ခွန်း အမရာ့ ကားတံခါးကို ခေါက်သည်။
အမရာ့က်ို အော်ခေါ်သည်။
အမရာ့ ကားနောက်ကိုတောင် ပြေးလိုက်သည်။
အမရာ မရပ်တန့်ခဲ့ပါ။
နင်ငါ့ကို တကယ်စိတ်ဆိုးသွားပြီလား။
ငါ တကယ်တောင်းပန်ပါတယ်။
"အန်တီ"
"သမီးလာပြီကိုး အန်တီသွားတော့မယ်"
"ဟုတ်"
တကယ်တောင်းပန်ပါတယ် အမရာရယ်
ငါ ဘာလုပ်ရမလဲ
ရုတ်တရက် မြည်လာသော ph ringtones သံ
"hello"
"ခွန်းလား မမပါ"
"ဟုတ် မမ ပြောလေ"
"မမတို့ နောက်ရက် ရန်ကုန်တက်လာမယ်ဆိုတာလေ အဲ့တာ မလာဖြစ်တော့ဘူး"
"ဘာလို့လဲ မမ"
"နင့် မမကြီး နေမကောင်းလို့"
"ဟယ် ဘယ်လို့ဖြစ်တာလဲ အခုရော သက်သာရဲ့လား"
"စိတ်က ဖြစ်တာပါ ညီမလေးရယ်"
"ဘာဖြစ်တာလဲ မမရဲ့ မြန်မြန်ပြောပါ ခွန်း စိတ်ပူလိုက်တာ"
"ပြီးခဲ့တဲ့ ရက်က အသိတစ်ယောက်ရဲ့ အလှူကို သွားတာ ဟိုအမျိုးသမီးနဲ့ တွေ့ခဲ့တယ်"
"ဘယ်အမျိုးသမီးလဲ မမ"
"ဒေါ်စုထိပ်ထား"
"သူနဲ့"
"ဟုတ်တယ် ခွန်း ပြည်မြို့ဆိုတာ ကျဉ်းကျဥ်းလေးပဲလေ"
"သူတို့ စကားတွေဘာတွေ"
"အဲ့လိုတော့ မရှိပါဘူး ခွန်း ဒီတိုင်း အဲ့မိသားစုနဲ့ တွေ့ရတာကကို မကြီး အတွက် အဆင်မပြေတာလေ"
"သူတို့နဲ့ တွေ့ရတာကတောင် အဲ့လောက်ထိ စိတ်ထိခိုက် စေတာလား မမ"
"ဟုတ်တယ် ညီမလေး ဖြစ်နိုင်ရင် သူတို့နဲ့ အဝေးဆုံးကိုသာ ထွက်သွားလိုက်ချင်တယ်
သူတို့က မမကြီး အတွက် အတိတ်ဆိုးလေ
မြင်ရတိုင်း အရမ်း နာကျင်ရတာ"
"မမအတွက်ရော"
"မမကြီးလောက် မဟုတ်ပေမယ့် မမအတွက်လည်း အတူတူပဲညီမလေး"
"ဒါဆို ဖေဖေတို့ မေမေတို့အတွက်ရော"
"ပိုဆိုးနိုင်မလားတောင် မသိဘူး ခွန်း
သိပ်ကို အရှက် ရခဲ့တာ မဟုတ်လား"
"ဟုတ်တယ်နော် ခွန်း သိပ်ကို ရူးမိုက်မိနေတာပဲ"
"ဘာကိုလဲ ငိုနေတာလား ခွန်း"
"မငိုပါဘူး မမရဲ့ ဟိုဟာ ခွန်းက ဒီမှာ တစ်ယောက်တည်းလေ မမတို့ကတော့ သူတို့ကြောင့် ပင်ပန်းနေရတယ်မလား အဲ့တာ"
"မဟုတ်ပါဘူး ခွန်းရယ် အခုချိန်မှာ ပင်ပန်းရတယ်ဆိုရင်တောင် အရင်က ပင်ပန်းမှုလောက် မကြီးမားဘူးလေ
အဲ့လိုဖြစ်အောင် ခွန်းက လုပ်ပေးထားတာလေ
ဘာမှ စိတ်မကောင်းဖြစ်စရာ မလိုဘူး
ခွန်းက တာဝန်ကျေတာထက်တောင် ပိုသေးတယ်"
"ဟုတ်ကဲ့ မမ ဒါဆို ဒါပဲနော်"
"အေးအေး ကျန်းမာရေးဂရုစိုက်နော်"
အမြန်ဆုံး ph ချလိုက်သည်။
မိုက်လိုက်တာ မိုက်လိုက်တာ ခွန်းသံသာချို နင်တော်တော်ကို ဦးနှောက် မရှိတာပဲ
ဒီမိသားစုကို ဒီလိုမျိူး ဖြစ်လာအောင် ဘယ်လို ကြိုးစားခဲ့ရလဲ။
ဘယ်လောက်ထိ ပင်ပန်းခဲ့ရလဲ။
အဲ့တာကို ဘာလို့ နင့်ခံစားချက်ကို ဦးစားပေးချင်နေရတာလဲ။
မမ တို့ရော သူတို့အတွက် နင်ထည့်ပြီး မစဥ်းစားတော့ဘူးလား။
သူတို့ အတွက် ဘယ်လောက်တောင် ခက်ခဲမလဲ။
နင်ဘာလို့ အဲ့လောက်ထိ ခံစားချက်ကို ဦးစားပေးနေရတာလဲ ခွန်းသံသာချိုရယ်
မင်းဆက် ကားရပ်ပြီး အပေါ်တက်ဖို့ ပြင်လိုက်သည်။
"ဟာ အန်တီ"
"သား မင်းဆက်"
"အန်တီ ဘယ်ကိုလာတာလဲ"
"အသိတစ်ယောက်နဲ့ လာတွေ့တာပါ သားကရော"
"ကျွန်တော့် သူငယ်ချင်းဆီလာတာ"
"အော် အေးကွယ်"
"အန်တီ နေကောင်းရဲ့လား အန်တီကြည့်ရတာ"
"ကောင်းပါတယ် သားရယ် ရာသီဥတုက ပူတော့"
"ဒါဆို ကျွန်တော် လိုက်ပို့ပေးမယ်လေ အန်တီ"
"ရပါတယ် အန်တီ driver နဲ့ လာတာ
ကဲ အန်တီ သွားပြီ"
"ဟုတ်"
အဆင်မပြေတဲ့ ပုံပဲ ကိစ္စတစ်ခုခု ရှိလို့လား။
"မင်းကလည်း တံခါးလာဖွင့်ဖို့ ကြာလိုက်တာ"
".........."
"ဘာတွေလုပ်နေတာလဲ"
".........."
"မင်းတိုက်ခန်းက တကယ်လန်းတာပဲ"
".........."
"ငါလည်း ဒီမှာပဲ လာနေလိုက်ရင် ကောင်းမလား"
"မလာနဲ့"
"အသံထွက်သေးတာပဲ"
"မင်း ဘာကိစ္စရှိလို့လဲ"
"မင်းနဲ့ မတွေ့တာကြာလို့ နောက်တစ်ပတ်မှာ အလုပ်ကိစ္စနဲ့ overseas သွားဖို့လည်း ရှိတယ်
မင်းကို မေးစရာလည်း ရှိလို့"
"ဘာလဲ"
"မင်းရဲ့ မိန်းကလေး တွေ့ပြီလား"
"အင်း"
"တကယ်လား ဟေ့ကောင် မင်းလျှိုထားတာလား
ပြဦးလေကွာ မိတ်ဆက်ပေးဦး"
"သူက ငါနဲ့ အနီးဆုံးမှာ"
"ဘယ်သူလဲ ပြပါကွ မင်းအဲ့သလောက်ထိ စွဲလမ်းခဲ့ရတဲ့ မိန်းကလေးက ဘယ်လိုပုံစံမျိုးလဲ ဆိုတာ သိချင်လို့"
"မသိချင်နဲ့"
"ဘာလဲ မင်းငါ့ကို မိတ်ဆက်ပေးလိုက်ရင် သူက မင်းကိုကျော်ပြီး ငါ့ကိုရွေးသွားမှာ စိုးလို့လား
အဲ့တာဆိုရင်တော့ စိတ်မပူနဲ့ ငါက စည်းစောင့်တတ်တဲ့ ကောင်ပါကွ"
"အဲ့လိုမျိုး ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး"
"ဘာလို့လဲ"
"ဒီကမ္ဘာပေါ်မှာ သူ့ကို ငါ့ထက်ပိုပြီး ချစ်နိုင်တဲ့ ယောက်ျား မရှိဘူး"
"တင်စီးလိုက်တာ"
"အဲ့တာ အမှန်တရားပဲ"
"အဲ့တော့ မင်းနဲ့ သူ့ အခြေအနေက"
"အမှန်အတိုင်းပြောရရင် ငါလည်း သေချာမပြောနိုင်သေးဘူး"
"ဘာလဲကွ"
"အိပ်နေတဲ့ သူကို နှိုးရတာ ခက်တယ်
အိပ်ချင်ယောင်ဆောင်နေတဲ့ သူကို နှိုးရတာ ပိုခက်တယ်"
"အဲ့တော့ ဘာလဲ မချစ်ချင်ယောင် ဆောင်နေတာလား"
"အင်း"
"တကယ်မချစ်တာရော မဖြစ်နိုင်ဘူးလား"
"သူ ငါ့ကိုချစ်တယ် အဲ့တာကို သူလည်း သိတယ် ငါလည်း သိတယ်
ဒါပေမယ့် သူဟန်ဆောင်နေတယ်"
"ပိုင်လှချည်လား
မင်းဆိုလိုချင်တာ သူက မင်းကို ချစ်တယ် ဒါပေမယ့် သူ့တစ်ဘဝလုံး အတွက် မင်းကို ရွေးချယ်ဖို့ ခက်ခဲနေတယ် အဲ့လိုပဲ"
"အင်း"
"မင်းဆီမှာ သူမကြိုက်တဲ့ အချက်တစ်ခုခု......
"မဖြစ်နိုင်ဘူး"
"မင်း သူသဘောမကျတာ တစ်ခုခု လုပ်မိတာ.....
"မဖြစ်နိုင်ဘူး"
"ဒါဆို မင်းက....
"မဖြစ်နိုင်ဘူး"
"ငါ ဘာမှ မပြောရသေးဘူး"
"ပြဿနာက ငါ့ဆီမှာ မဟုတ်ဘူး သူ့ဆီမှာ"
"သူ့ဆီမှာ"
"အဲ့တာဆို မင်းကရော ဘယ်လိုထင်လဲ"
"အားငယ်နေတာ"
"ဟင်"
"သိမ်ငယ်စိတ်"
"ဘာလဲ"
"မပြည့်စုံမှု"
"ဘာတွေ ပြောနေတာလဲကွာ"
"သူငါ့ကို ရွေးချယ်ရင် သူအဲ့တာတွေခံစားရမှာကို ကြောက်နေတာ"
"ဘယ်လို မင်း ဘာပြောလိုက်တယ်"
"တစ်ဖက်က သိပ်ကို ပြည့်စုံလွန်းနေတဲ့ အချိန်မှာ တခြားတစ်ဖက်ရဲ့ မသိစိတ်ကရော သိစိတ်ကရော ခံစားရတဲ့ သိမ်ငယ်မှု"
"မင်းဆိုလိုချင်တာ"
"ငါက သိပ်ပြည့်စုံလွန်းတော့ ငါ့ကို ရွေးချယ်ဖို့ သူကြောက်ရွံနေတယ်"
"သူ ဘာလို့ မင်းကို မရွေးတာလဲ ငါသိပြီ"
".........."
"စိတ်ကြီးဝင်လို့ မောက်မာလို့ ကိုယ့်ကိုကိုယ့် အထင်ကြီးလွန်းလို့"
"မောက်မာတယ်ဆိုတာ မောက်မာချင်တိုင်းမောက်မာလို့ရတာ မဟုတ်ဘူး
အရည်အချင်းရှိမှ မောက်မာလို့ရမှာ"
"မင်းကို လိုချင်နေတဲ့ မိန်းမတွေကို ငါတကယ် အံသြတယ်
အေးလေ သူတို့က မင်းအကြောင်းမှ မသိတာ
မင်းအကြောင်းကို သိတဲ့သူက
မင်းကို ငြင်းတာလည်း မဆန်းပါဘူး"
"ငြင်းချင်ယောင် ဆောင်နေတာ
ပါးစပ်က ငြင်းပေမယ့် မျက်လုံးတွေက မငြင်းဘူး"
"အေးပါကွာ မင်းဟာနဲ့ မင်းတော့ ဟုတ်နေတာပဲ
အဲ့တော့ မင်းက သူ့ကိုပဲ ချစ်သွားမယ်ပေါ့"
"လူ့ဘဝဆိုတာ တစ်သက်မှာ တစ်ခါပဲ ရတာ
ရခဲ့လှတဲ့ လူဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာ သိပ်ကို ကျေနပ်ဖို့ကောင်းတယ်"
"အော်"
"ဒါကို မင်းလိုမျိုး မချစ်ဖူးတဲ့ fa ကောင်တွေကတော့ သိမှာမဟုတ်ဘူး"
"မိန်းမတစ်ယောက်ကို အဲ့လောက်ထိ လိုလို့လားကွာ
အဲ့တော့ မင်းကသူ့ကို တစ်သက်လုံး ချစ်သွားမယ်ပေါ့ ငြင်းပယ်သည်ဖြစ်စေ"
"ငါ ပြောလို့မပြီးသေးဘူး
သူ့တစ်ယောက်တည်းကိုပဲ တစ်ဘဝလုံး ချစ်သွားမယ်
ပြီးရင် သူ့ကို ပိုင်ဆိုင်ရအောင် လုပ်မယ်
သူ့ကို ပိုင်ဆိုင်ဖို့ သူ့ကို မနာကျင်စေမဲ့ မထိခိုက်စေမဲ့ ဘယ်လိုနည်းလမ်းမျိုးကိုမဆို ငါသုံးမယ်"
"........."
"ဒီကမ္ဘာပေါ်မှာ သူ့ကိုပိုင်ဆိုင်ရမယ့် တစ်ဦးတည်းသော ယောက်ျားက ငါဖြစ်သလို
ငါ့ကို ပိုင်ဆိုင်ရမယ့် တစ်ဦးတည်းသော မိန်းမကလည်း သူပဲ"
Paing
27.8.2021
11:50 AM
Zawgyi
"ဟာ ေရာက္လာၿပီလား"
"အင္း ဒီမွာ ငါ လိုအပ္မယ္ထင္တာေလးေတြ ဝယ္လာခဲ့တယ္"
"ငါလည္း မနက္ကေတာ့ ဆင္းဝယ္ထားေသးတယ္"
"ok ဒါဆို ငါ ဘာလုပ္ေပးရမလဲ"
"ဘာမွ မလုပ္ေပးပါနဲ႕ရွင္ အေရွ႕မွာသာ ၿငိမ္ၿငိမ္ေလး သြားထိုင္ေန"
"ငါက ကူညီခ်င္ပါတယ္ ဒါေပမယ့္ ဖ်က္စီးသလို ျဖစ္သြားမွာစိုးလို႔
ဒါဆို ငါ့အေရွ႕မွာ ထိုင္ေနမယ္ေနာ္ လိုတာရွိရင္ ေျပာ"
"အင္း"
အမရာကိုေတာ့ ကူခိုင္းလို႔မျဖစ္
သူ႕ကို ကူခိုင္းရင္ ဟင္းပြဲေတြ ပ်က္စီးရင္ ပ်က္စီး မဟုတ္ရင္ မီးဖိုခန္း ျပာက်လိမ့္မည္။
"ခြန္း ေမႊးေနတာပဲ မၿပီးေသးဘူးလား ငါဗိုက္ဆာေနၿပီ"
"ၿပီးေတာ့မယ္ ၿပီးေတာ့မယ္ ခဏေလး"
"ျမန္ျမန္လုပ္ပါ"
"လာ အိုးထဲကေနသာ ဒီတိုင္း ႏွိုက္စားလိုက္ေတာ့"
"မေနာက္ပါနဲ႕ ျမန္ျမန္လုပ္ပါ"
"ရၿပီ ရၿပီ လာ စားမယ္"
"မိုက္လိုက္တာ ေကာင္းေကာင္းစားပါ့မယ္"
"အမေလး"
"ေကာင္းလိုက္တာ ခြန္းရာ နင့္လက္ရာကေတာ့ တကယ္ကိုမိုက္တာ
လွ်ာေပၚမွာ စြဲသြားတာပဲ"
"ေကာင္းလား"
"အင္း
နင္စနစ္တက် သင္ထားတာလည္း မဟုတ္ပဲနဲ႕ ဒီေလာက္ခ်က္တတ္တာ တကယ္ေတာ္တယ္"
"ဒါကေတာ့ အေတြ႕အႀကဳံက သင္ေပးတာေပါ့"
"ဘာကပဲ သင္ေပးသင္ေပး နင္ဒီလို ခ်က္တတ္ျပဳတ္တတ္တာေတာ့ တကယ္ေကာင္းတယ္
ငါကပ္စားလို႔ရတာေပါ့ ဟီး ဟီး...."
"အဲဒါဆို မ်ားမ်ားစား"
"အင္း စားမယ္
ငါ တစ္ခု စဥ္းစားမိတယ္ သိလား"
"ဟင္"
"နင္ တစ္သက္လုံး ေယာက္်ား မယူနဲ႕ေတာ့ ခြန္း
ဒီတိုင္းေလးပဲ ေနၿပီး ငါစားခ်င္တာ ခ်က္ေကြၽး"
"ငါ့ကို ေယာက္်ားမယူနဲ႕ဆို နင္ကေရာ"
"ငါလည္း မယူေတာ့ဘူးေလ ငါတို႔ ႏွစ္ေယာက္လုံး ဒီတိုင္းပဲ ေနရေအာင္"
"ေတာ္ပါ နင္လား ယုံရမွာ
ဘာပဲျဖစ္ျဖစ္ ယူရင္သာ ခ်က္တတ္ျပဳတ္တတ္တဲ့ ေယာက္်ားမ်ိဳးေ႐ြးယူ
ငါနင့္ကို တစ္သက္လုံး တာဝန္မယူနိုင္ဘူး"
"ခြန္းေနာ္ အက်င့္ကို မေကာင္းဘူး
ဒါဆို နင္ကေရာ"
"ငါက နင္ေမြးတဲ့သားကို ေစာင့္မယ္ေလ"
"ခြန္း နင္ေနာ္ အသက္ ၃၀ ေလာက္ကြာမွာေနာ္
ျဖစ္တယ္လား"
"အင္း ဟိုဘက္ေတာင္ လြန္ေသး"
"ငါ့သူငယ္ခ်င္းေလး ရိုးပုံရိုးအနဲ႕ မထင္ရဘူး
တကယ္ပဲဟာ"
"ျဖည္းျဖည္းရယ္ပါ သီးဦးမယ္"
အင္း အားလုံးကိုေမ့ၿပီး ဒီတိုင္းေလးပဲ ရယ္ေနေပး။
ေရွ႕ဆက္ၿပီး ရင္ဆိုင္ရမဲ့ အရာေတြအတြက္ အခုခ်ိန္မွာ အားအင္အျပည့္ ျဖည့္ထားပါ အမရာ....
"ဗိုက္ကို တင္းသြားတာပဲ
နင္သာ ေန႕တိုင္း ဒီလိုခ်က္ေကြၽးလို႔ကေတာ့ ငါဝလာမွာ က်ိန္းေသးတယ္"
"အမရာ"
"ဟင္"
"ဒီေန႕ နင္ငါခ်က္ေကြၽးတာကိုလည္း စားတယ္ ငါ့ေၾကာင့္လည္း အမ်ားႀကီး ရီေနရတယ္မလား"
"အင္း"
"အဲ့တာေၾကာင့္ ငါ နင္မႀကိဳက္တာ တစ္ခုခု လုပ္ရင္ေတာင္ နင္ငါ့ကို စိတ္ဆိုးလို႔ မရဘူးေနာ္"
"ဘာ လာဘ္ထိုးထားတာလား
နင္ ဘာလုပ္ဖို႔စဥ္းစားေနတာလဲ"
"မဟုတ္ပါဘူး ငါက ႀကိဳေျပာထားတာ
ငါ အခ်ိဳပြဲ သြားယူလိုက္ဦးမယ္ေနာ္"
"ok"
ေန႕လည္ေတာင္ ေရာက္ၿပီ။ လာေတာ့မွာပဲ။
"ခြန္း အေရွ႕မွာ ဘယ္သူလဲမသိဘူး"
"အင္း ငါလာၿပီ
စားႏွင့္ ငါသြားဖြင့္ေပးလိုက္မယ္"
"အင္း"
"အန္တီ"
"သမီး အမရာေရာ ရွိလား"
"ရွိတယ္ အန္တီ ဝင္ခဲ့ပါ"
"ခြန္း ဘယ္သူ......"
"သမီးေလး"
"အမရာ အန္တီက နင္နဲ႕ ေတြ႕ခ်င္ေနလို႔ အဲ့တာ
ေအးေဆး စကားေျပာၾကဦးေနာ္ အိမ္အတြက္ လိုတာေလးေတြ သြားဝယ္လိုက္ဦးမယ္
အမရာ စိတ္ေအးေအးထားေနာ္
အန္တီ သမီးကို ခြင့္ျပဳပါဦး"
"ေအး သမီး"
ခြန္း အျမန္ဆုံးထြက္လာလိုက္သည္။
အမရာတို႔ သားအမိကို ေတြ႕ေပးဖို႔ အေကာင္းဆုံးေနရာက ခြန္းတိုက္ခန္းလို႔ပဲ ခြန္းထင္သည္။
'ငါ့ကို စိတ္မဆိုးပါနဲ႕ အမရာ
ေနာက္ၿပီး နင့္ခံစားခ်က္ေတြကို နားမလည္ဘူးလို႔လည္း မထင္လိုက္ပါနဲ႕.....'
"သမီးေလး ေနေကာင္းတယ္ေနာ္"
"ဘာကိစၥရွိလို႔လဲ"
"သမီးရယ္ ကိုယ့္သမီးကို ကိစၥရွိမွ ေတြ႕ရမွာလား
အေမ သမီးကို သိပ္ကို သတိရေနတာ"
"အေထြအထူး ေျပာစရာမရွိရင္ ကြၽန္မကို ခြင့္ျပဳပါဦး"
"သမီး ငါးႏွစ္ေက်ာ္ၿပီ
သမီး ဘြဲ႕ရၿပီး ကတည္းက အေမ့ကို ေတြ႕ခြင္မေပးတာ"
အမရာ ထိုအမ်ိဳးသမီးကို ခါးခါးသီးသီးၾကည့္လိုက္မိသည္။
"ႏွစ္ႏွစ္ဆယ္ ေက်ာ္ၿပီ ရွင္ ကြၽန္မဘဝထဲက ထြက္သြားတာ"
"အေမ ျပန္လာေခၚခဲ့ပါတယ္ သမီးကိုလည္း အဆင္ေျပေျပထားခဲ့တာပဲေလ"
"အဆင္ေျပေျပ
ဟုတ္တယ္ ရွင္လာေခၚေတာ့ ငယ္႐ြယ္ၿပီး ဘာအစြမ္းအစမွ မရွိတဲ့ ကြၽန္မက ရွင့္မ်က္ႏွာတစ္ခုကိုပဲ ၾကည့္ၿပီးလိုက္ခဲ့တယ္ေလ
ဘယ္သူကသိမွာလဲ အဲ့ဒီ့ေနရာက အဆိပ္ေတြနဲ႕ ျပည့္ေနတယ္ဆိုတာ"
"အဲ့ဒါေတြက အတိတ္ပါ သမီးရယ္
သားေရာ သမီးေရာက ငယ္ေသးတယ္ေလ
သားက ငယ္ေသးေတာ့ သမီးကို ခင္လို႔ အမွားကို အမွားမွန္းမသိ က်ဴးလြန္ခဲ့႐ုံပါ"
"ငယ္ေသးလို႔ အမွား
အဲ့ဒီ့အမွားက ကြၽန္မတစ္ဘဝလုံး ေျခာက္လန့္ခဲ့တာၾကေတာ့ေရာ"
"အေမ သိသိခ်င္း သမီး ေတာင္းဆိုတာ လိုက္ေလ်ာခဲ့တာပဲ"
"သိသိခ်င္း ဘယ္အခ်ိန္လဲ
နံေဟာင္ၿပီး ေလးတိုးေပါက္ေတာင္ မရွိတဲ့ အခန္းထဲမွာ ပိတ္မိေနတဲ့ အခ်ိန္လား
အလင္းေရာင္နည္းနည္းမွ မရတဲ့ အခန္းထဲမွာ ကြၽန္မအနားကို ကြၽန္မအမုန္းဆုံး အ႐ြံဆုံး အေကာင္ေတြ လာတဲ့ အခ်ိန္လား
ေရႏြေးပူ ေလာင္းခ်ခံရတုန္းက အခ်ိန္လား
ကစားေနရင္း ကြၽန္မကို စိတ္မထင္ရင္ မထင္သလို ႏွိပ္စက္ေနတဲ့ အခ်ိန္လား
ဘယ္အခ်ိန္လဲ
အဲ့ဒီ အခ်ိန္ေတြတိုင္း ကြၽန္မ ရွင့္ နာမည္ကို အႀကိမ္ေပါင္းမ်ားစြာ မေရမတြက္နိုင္ေအာင္
လည္ေခ်ာင္းထဲက ေသြးစ ေတြထြက္တဲ့ အထိ ေအာ္ဟစ္ခဲ့တာ
ရွင္ေရာက္မလာခဲ့ဘူး တစ္ႀကိမ္တစ္ခါေလးေတာင္ ေရာက္မလာခဲ့ဘူး
ကြၽန္မမွာ ရွင္တို႔ မိသားစုက ေပးတဲ့ ဒဏ္ရာေတြ သိပ္မ်ားလြန္းတယ္
ရွင္တို႔ကို ျမင္တိုင္း ကြၽန္မအရမ္းကို ပင္ပန္းတယ္ နာက်င္ရတယ္ မြန္းက်ပ္ရတယ္
ကြၽန္မကို ကြၽန္မလည္း မုန္းတယ္"
"ခဏေလးပါ သမီးရယ္ မသြားပါနဲ႕"
"လႊတ္ ကြၽန္မ ဘဝမွာ အေမဆိုတာ မရွိတာမလို႔ ရွင္လည္း ရွင့္မိသားစု အတြက္ပဲ ရွင္သန္"
သမီးရယ္ အေမေတာင္းပန္ပါတယ္ တကယ္ ေတာင္းပန္ပါတယ္.......
"ဟင္ အမရာ နင္ အဆင္ေျပရဲ႕လား"
"ငါ အဆင္ေျပမယ္လို႔ထင္လား နင္လုပ္ခ်င္ရာ လုပ္ထားၿပီး"
"အဲ့လို မဟုတ္ပါဘူး ငါ ငါ... ခဏ"
"လႊတ္ ငါ့ကို တစ္ေယာက္တည္း လႊတ္ထား ခြန္းသံသာခ်ိဳ"
"အမရာ အမရာ မသြားပါနဲ႕"
ခြန္း အမရာ့ ကားတံခါးကို ေခါက္သည္။
အမရာ့က္ို ေအာ္ေခၚသည္။
အမရာ့ ကားေနာက္ကိုေတာင္ ေျပးလိုက္သည္။
အမရာ မရပ္တန့္ခဲ့ပါ။
နင္ငါ့ကို တကယ္စိတ္ဆိုးသြားၿပီလား။
ငါ တကယ္ေတာင္းပန္ပါတယ္။
"အန္တီ"
"သမီးလာၿပီကိုး အန္တီသြားေတာ့မယ္"
"ဟုတ္"
တကယ္ေတာင္းပန္ပါတယ္ အမရာရယ္
ငါ ဘာလုပ္ရမလဲ
႐ုတ္တရက္ ျမည္လာေသာ ph ringtones သံ
"hello"
"ခြန္းလား မမပါ"
"ဟုတ္ မမ ေျပာေလ"
"မမတို႔ ေနာက္ရက္ ရန္ကုန္တက္လာမယ္ဆိုတာေလ အဲ့တာ မလာျဖစ္ေတာ့ဘူး"
"ဘာလို႔လဲ မမ"
"နင့္ မမႀကီး ေနမေကာင္းလို႔"
"ဟယ္ ဘယ္လို႔ျဖစ္တာလဲ အခုေရာ သက္သာရဲ႕လား"
"စိတ္က ျဖစ္တာပါ ညီမေလးရယ္"
"ဘာျဖစ္တာလဲ မမရဲ႕ ျမန္ျမန္ေျပာပါ ခြန္း စိတ္ပူလိုက္တာ"
"ၿပီးခဲ့တဲ့ ရက္က အသိတစ္ေယာက္ရဲ႕ အလႉကို သြားတာ ဟိုအမ်ိဳးသမီးနဲ႕ ေတြ႕ခဲ့တယ္"
"ဘယ္အမ်ိဳးသမီးလဲ မမ"
"ေဒၚစုထိပ္ထား"
"သူနဲ႕"
"ဟုတ္တယ္ ခြန္း ျပည္ၿမိဳ႕ဆိုတာ က်ဥ္းက်ဥ္းေလးပဲေလ"
"သူတို႔ စကားေတြဘာေတြ"
"အဲ့လိုေတာ့ မရွိပါဘူး ခြန္း ဒီတိုင္း အဲ့မိသားစုနဲ႕ ေတြ႕ရတာကကို မႀကီး အတြက္ အဆင္မေျပတာေလ"
"သူတို႔နဲ႕ ေတြ႕ရတာကေတာင္ အဲ့ေလာက္ထိ စိတ္ထိခိုက္ ေစတာလား မမ"
"ဟုတ္တယ္ ညီမေလး ျဖစ္နိုင္ရင္ သူတို႔နဲ႕ အေဝးဆုံးကိုသာ ထြက္သြားလိုက္ခ်င္တယ္
သူတို႔က မမႀကီး အတြက္ အတိတ္ဆိုးေလ
ျမင္ရတိုင္း အရမ္း နာက်င္ရတာ"
"မမအတြက္ေရာ"
"မမႀကီးေလာက္ မဟုတ္ေပမယ့္ မမအတြက္လည္း အတူတူပဲညီမေလး"
"ဒါဆို ေဖေဖတို႔ ေမေမတို႔အတြက္ေရာ"
"ပိုဆိုးနိုင္မလားေတာင္ မသိဘူး ခြန္း
သိပ္ကို အရွက္ ရခဲ့တာ မဟုတ္လား"
"ဟုတ္တယ္ေနာ္ ခြန္း သိပ္ကို ႐ူးမိုက္မိေနတာပဲ"
"ဘာကိုလဲ ငိုေနတာလား ခြန္း"
"မငိုပါဘူး မမရဲ႕ ဟိုဟာ ခြန္းက ဒီမွာ တစ္ေယာက္တည္းေလ မမတို႔ကေတာ့ သူတို႔ေၾကာင့္ ပင္ပန္းေနရတယ္မလား အဲ့တာ"
"မဟုတ္ပါဘူး ခြန္းရယ္ အခုခ်ိန္မွာ ပင္ပန္းရတယ္ဆိုရင္ေတာင္ အရင္က ပင္ပန္းမႈေလာက္ မႀကီးမားဘူးေလ
အဲ့လိုျဖစ္ေအာင္ ခြန္းက လုပ္ေပးထားတာေလ
ဘာမွ စိတ္မေကာင္းျဖစ္စရာ မလိုဘူး
ခြန္းက တာဝန္ေက်တာထက္ေတာင္ ပိုေသးတယ္"
"ဟုတ္ကဲ့ မမ ဒါဆို ဒါပဲေနာ္"
"ေအးေအး က်န္းမာေရးဂ႐ုစိုက္ေနာ္"
အျမန္ဆုံး ph ခ်လိဳက္သည္။
မိုက္လိုက္တာ မိုက္လိုက္တာ ခြန္းသံသာခ်ိဳ နင္ေတာ္ေတာ္ကို ဦးႏွောက္ မရွိတာပဲ
ဒီမိသားစုကို ဒီလိုမ်ိဴး ျဖစ္လာေအာင္ ဘယ္လို ႀကိဳးစားခဲ့ရလဲ။
ဘယ္ေလာက္ထိ ပင္ပန္းခဲ့ရလဲ။
အဲ့တာကို ဘာလို႔ နင့္ခံစားခ်က္ကို ဦးစားေပးခ်င္ေနရတာလဲ။
မမ တို႔ေရာ သူတို႔အတြက္ နင္ထည့္ၿပီး မစဥ္းစားေတာ့ဘူးလား။
သူတို႔ အတြက္ ဘယ္ေလာက္ေတာင္ ခက္ခဲမလဲ။
နင္ဘာလို႔ အဲ့ေလာက္ထိ ခံစားခ်က္ကို ဦးစားေပးေနရတာလဲ ခြန္းသံသာခ်ိဳရယ္
မင္းဆက္ ကားရပ္ၿပီး အေပၚတက္ဖို႔ ျပင္လိုက္သည္။
"ဟာ အန္တီ"
"သား မင္းဆက္"
"အန္တီ ဘယ္ကိုလာတာလဲ"
"အသိတစ္ေယာက္နဲ႕ လာေတြ႕တာပါ သားကေရာ"
"ကြၽန္ေတာ့္ သူငယ္ခ်င္းဆီလာတာ"
"ေအာ္ ေအးကြယ္"
"အန္တီ ေနေကာင္းရဲ႕လား အန္တီၾကည့္ရတာ"
"ေကာင္းပါတယ္ သားရယ္ ရာသီဥတုက ပူေတာ့"
"ဒါဆို ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ေလ အန္တီ"
"ရပါတယ္ အန္တီ driver နဲ႕ လာတာ
ကဲ အန္တီ သြားၿပီ"
"ဟုတ္"
အဆင္မေျပတဲ့ ပုံပဲ ကိစၥတစ္ခုခု ရွိလို႔လား။
"မင္းကလည္း တံခါးလာဖြင့္ဖို႔ ၾကာလိုက္တာ"
".........."
"ဘာေတြလုပ္ေနတာလဲ"
".........."
"မင္းတိုက္ခန္းက တကယ္လန္းတာပဲ"
".........."
"ငါလည္း ဒီမွာပဲ လာေနလိုက္ရင္ ေကာင္းမလား"
"မလာနဲ႕"
"အသံထြက္ေသးတာပဲ"
"မင္း ဘာကိစၥရွိလို႔လဲ"
"မင္းနဲ႕ မေတြ႕တာၾကာလို႔ ေနာက္တစ္ပတ္မွာ အလုပ္ကိစၥနဲ႕ overseas သြားဖို႔လည္း ရွိတယ္
မင္းကို ေမးစရာလည္း ရွိလို႔"
"ဘာလဲ"
"မင္းရဲ႕ မိန္းကေလး ေတြ႕ၿပီလား"
"အင္း"
"တကယ္လား ေဟ့ေကာင္ မင္းလွ်ိုထားတာလား
ျပဦးေလကြာ မိတ္ဆက္ေပးဦး"
"သူက ငါနဲ႕ အနီးဆုံးမွာ"
"ဘယ္သူလဲ ျပပါကြ မင္းအဲ့သေလာက္ထိ စြဲလမ္းခဲ့ရတဲ့ မိန္းကေလးက ဘယ္လိုပုံစံမ်ိဳးလဲ ဆိုတာ သိခ်င္လို႔"
"မသိခ်င္နဲ႕"
"ဘာလဲ မင္းငါ့ကို မိတ္ဆက္ေပးလိုက္ရင္ သူက မင္းကိုေက်ာ္ၿပီး ငါ့ကိုေ႐ြးသြားမွာ စိုးလို႔လား
အဲ့တာဆိုရင္ေတာ့ စိတ္မပူနဲ႕ ငါက စည္းေစာင့္တတ္တဲ့ ေကာင္ပါကြ"
"အဲ့လိုမ်ိဳး ဘယ္ေတာ့မွ ျဖစ္မွာမဟုတ္ဘူး"
"ဘာလို႔လဲ"
"ဒီကမၻာေပၚမွာ သူ႕ကို ငါ့ထက္ပိုၿပီး ခ်စ္နိုင္တဲ့ ေယာက္်ား မရွိဘူး"
"တင္စီးလိုက္တာ"
"အဲ့တာ အမွန္တရားပဲ"
"အဲ့ေတာ့ မင္းနဲ႕ သူ႕ အေျခအေနက"
"အမွန္အတိုင္းေျပာရရင္ ငါလည္း ေသခ်ာမေျပာနိုင္ေသးဘူး"
"ဘာလဲကြ"
"အိပ္ေနတဲ့ သူကို ႏွိုးရတာ ခက္တယ္
အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ သူကို ႏွိုးရတာ ပိုခက္တယ္"
"အဲ့ေတာ့ ဘာလဲ မခ်စ္ခ်င္ေယာင္ ေဆာင္ေနတာလား"
"အင္း"
"တကယ္မခ်စ္တာေရာ မျဖစ္နိုင္ဘူးလား"
"သူ ငါ့ကိုခ်စ္တယ္ အဲ့တာကို သူလည္း သိတယ္ ငါလည္း သိတယ္
ဒါေပမယ့္ သူဟန္ေဆာင္ေနတယ္"
"ပိုင္လွခ်ည္လား
မင္းဆိုလိုခ်င္တာ သူက မင္းကို ခ်စ္တယ္ ဒါေပမယ့္ သူ႕တစ္ဘဝလုံး အတြက္ မင္းကို ေ႐ြးခ်ယ္ဖို႔ ခက္ခဲေနတယ္ အဲ့လိုပဲ"
"အင္း"
"မင္းဆီမွာ သူမႀကိဳက္တဲ့ အခ်က္တစ္ခုခု......
"မျဖစ္နိုင္ဘူး"
"မင္း သူသေဘာမက်တာ တစ္ခုခု လုပ္မိတာ.....
"မျဖစ္နိုင္ဘူး"
"ဒါဆို မင္းက....
"မျဖစ္နိုင္ဘူး"
"ငါ ဘာမွ မေျပာရေသးဘူး"
"ျပႆနာက ငါ့ဆီမွာ မဟုတ္ဘူး သူ႕ဆီမွာ"
"သူ႕ဆီမွာ"
"အဲ့တာဆို မင္းကေရာ ဘယ္လိုထင္လဲ"
"အားငယ္ေနတာ"
"ဟင္"
"သိမ္ငယ္စိတ္"
"ဘာလဲ"
"မျပည့္စုံမႈ"
"ဘာေတြ ေျပာေနတာလဲကြာ"
"သူငါ့ကို ေ႐ြးခ်ယ္ရင္ သူအဲ့တာေတြခံစားရမွာကို ေၾကာက္ေနတာ"
"ဘယ္လို မင္း ဘာေျပာလိုက္တယ္"
"တစ္ဖက္က သိပ္ကို ျပည့္စုံလြန္းေနတဲ့ အခ်ိန္မွာ တျခားတစ္ဖက္ရဲ႕ မသိစိတ္ကေရာ သိစိတ္ကေရာ ခံစားရတဲ့ သိမ္ငယ္မႈ"
"မင္းဆိုလိုခ်င္တာ"
"ငါက သိပ္ျပည့္စုံလြန္းေတာ့ ငါ့ကို ေ႐ြးခ်ယ္ဖို႔ သူေၾကာက္႐ြံေနတယ္"
"သူ ဘာလို႔ မင္းကို မေ႐ြးတာလဲ ငါသိၿပီ"
".........."
"စိတ္ႀကီးဝင္လို႔ ေမာက္မာလို႔ ကိုယ့္ကိုကိုယ့္ အထင္ႀကီးလြန္းလို႔"
"ေမာက္မာတယ္ဆိုတာ ေမာက္မာခ်င္တိုင္းေမာက္မာလို႔ရတာ မဟုတ္ဘူး
အရည္အခ်င္းရွိမွ ေမာက္မာလို႔ရမွာ"
"မင္းကို လိုခ်င္ေနတဲ့ မိန္းမေတြကို ငါတကယ္ အံၾသတယ္
ေအးေလ သူတို႔က မင္းအေၾကာင္းမွ မသိတာ
မင္းအေၾကာင္းကို သိတဲ့သူက
မင္းကို ျငင္းတာလည္း မဆန္းပါဘူး"
"ျငင္းခ်င္ေယာင္ ေဆာင္ေနတာ
ပါးစပ္က ျငင္းေပမယ့္ မ်က္လုံးေတြက မျငင္းဘူး"
"ေအးပါကြာ မင္းဟာနဲ႕ မင္းေတာ့ ဟုတ္ေနတာပဲ
အဲ့ေတာ့ မင္းက သူ႕ကိုပဲ ခ်စ္သြားမယ္ေပါ့"
"လူ႕ဘဝဆိုတာ တစ္သက္မွာ တစ္ခါပဲ ရတာ
ရခဲ့လွတဲ့ လူဘဝမွာ တစ္စုံတစ္ေယာက္ကို အစြမ္းကုန္ ခ်စ္ရတာ သိပ္ကို ေက်နပ္ဖို႔ေကာင္းတယ္"
"ေအာ္"
"ဒါကို မင္းလိုမ်ိဳး မခ်စ္ဖူးတဲ့ fa ေကာင္ေတြကေတာ့ သိမွာမဟုတ္ဘူး"
"မိန္းမတစ္ေယာက္ကို အဲ့ေလာက္ထိ လိုလို႔လားကြာ
အဲ့ေတာ့ မင္းကသူ႕ကို တစ္သက္လုံး ခ်စ္သြားမယ္ေပါ့ ျငင္းပယ္သည္ျဖစ္ေစ"
"ငါ ေျပာလို႔မၿပီးေသးဘူး
သူ႕တစ္ေယာက္တည္းကိုပဲ တစ္ဘဝလုံး ခ်စ္သြားမယ္
ၿပီးရင္ သူ႕ကို ပိုင္ဆိုင္ရေအာင္ လုပ္မယ္
သူ႕ကို ပိုင္ဆိုင္ဖို႔ သူ႕ကို မနာက်င္ေစမဲ့ မထိခိုက္ေစမဲ့ ဘယ္လိုနည္းလမ္းမ်ိဳးကိုမဆို ငါသုံးမယ္"
"........."
"ဒီကမၻာေပၚမွာ သူ႕ကိုပိုင္ဆိုင္ရမယ့္ တစ္ဦးတည္းေသာ ေယာက္်ားက ငါျဖစ္သလို
ငါ့ကို ပိုင္ဆိုင္ရမယ့္ တစ္ဦးတည္းေသာ မိန္းမကလည္း သူပဲ"
Paing
27.8.2021
11:50 AM