နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၈၅

7.3K 1.5K 149
By Kay_Wine


[ Kay : အရင္က နယ္ေျမတိုင္ဆိုၿပီး ေရးလာတာမွာ ဒီအပိုင္းက်မွ နယ္ေျမေက်ာက္တုံးဆိုၿပီး ေျပာင္းသြားပါတယ္။ ဒါေပမယ့္ နယ္ေျမတိုင္ဆိုၿပီးပဲ ဆက္ေရးသြားမယ္ေနာ္ ]

{Zawgyi}

ေဝးလံေခါင္သီတဲ့ ေျမာက္ပိုင္းတစ္ေနရာ ႏွင္းေတြဖုံးလႊမ္းေနတဲ့ ကြင္းျပင္က်ယ္ေပၚမွာ တစ္ဒါဇင္ေက်ာ္တဲ့ အနက္ေရာင္အရိပ္ေတြ ႐ုတ္ျခည္းေပၚထြက္လာတယ္။ တစ္ေယာက္ခ်င္းစီက အနက္ေရာင္ၿခဳံထည္တစ္ထည္စီ ဝတ္ဆင္ထားတယ္။ သူတို႔ရဲ႕ကိုယ္ထည္ေတြက ေတာင့္တင္းၿပီး လႈပ္ရွားမႈေတြကလည္း ျမန္ဆန္လွတယ္။ ဦးေဆာင္ေနတဲ့တစ္ေယာက္က ခံ့ညားထည္ဝါၿပီး ၾကည့္ေကာင္းေနတယ္။

ဒါက နတ္ဆိုးဘုရင္ႀကီးရဲ႕အုပ္စုျဖစ္တယ္။

"အကာအကြယ္စည္း ေပၚလာပါၿပီ!" သူတို႔ေရွ႕ကေန ႀကိဳသြားထားတဲ့ ကင္းေထာက္က နတ္ဆိုးဘုရင္ႀကီးထံ ပ်ံဝဲလာၿပီး ဒူးတစ္ဖက္ေထာက္ခ်လိုက္တယ္။ သူက ခပ္ဩဩေလသံနဲ႔ "အရွင္ႀကီး အဲ့တာက ေရွ႕နားေလးတင္မွာပါ"

လွမ္းၾကည့္လိုက္တဲ့အခါ ႏွင္းေတြဖုံးလႊမ္းေနတဲ့ ကြင္းျပင္အဆုံးနားမွာ ငြားငြားစြင့္စြင့္ရွိေနတဲ့ ေတာင္တန္းႀကီးတစ္ခုရွိၿပီး ျမဴဖုံးေနတဲ့ေတာင္ထိပ္မွာေတာ့ တိမ္ေတြဝဲပ်ံေနတယ္။ နတ္သမီးပုံျပင္ထဲက ထြက္ေပၚလာတဲ့ ျမင္ကြင္းတစ္ခုနဲ႔ေတာင္ တူေနတယ္။

နဂိုက အရယ္အၿပဳံးမဲ့ေနတဲ့ နတ္ဆိုးဘုရင္ႀကီးရဲ႕မ်က္ႏွာေပၚမွာ အၿပဳံးတစ္ပြင့္ေပၚထြက္လာၿပီး သူ႔မ်က္လုံးေတြထဲမွာ အလင္းတန္းတစ္ခု ျဖတ္သန္းသြားတယ္ "အဲ့ေတာ့ သူ မလိမ္ခဲ့ဘူးပဲ၊ သြားမယ္"

လူအုပ္က ေတာင္ေျခဆီကို teleportနည္းနဲ႔ သြားလိုက္ၾကတယ္။

နီးကပ္လာတာနဲ႔အမွ် တ်န္းရွန္ေတာင္ေတြက ျမင့္မားခံ့ထည္ကာ မထိုးေဖာက္ႏိုင္ဟန္ေပၚတယ္။ ေတာင္ေျခမွာ တိုက္ခတ္ေနတဲ့ ေလက ခါးသက္လွစြာေအးစိမ့္ေနၿပီး ေလတိုးေနတာေတြကလည္း လူတိုင္းရဲ႕မ်က္ႏွာကို ဆီးႏွင္းပြင့္ေတြနဲ႔ အဆက္မျပတ္႐ိုက္ေနသလိုပဲ။ မၾကာခင္မွာတင္ လူတိုင္း ေရခဲတမွ်ေအးစက္လာတယ္။

သာမန္လူေတြက ျမင္ႏိုင္မွာမဟုတ္ဘူးဆိုေပမယ့္ နတ္ဆိုးဘုရင္ႀကီးနဲ႔ တျခားသူေတြကေတာ့ ေတာင္ရဲ႕တစ္ဝက္ေလာက္မွာ တဖ်ပ္ဖ်ပ္လက္ေနကာ ျမင္သာလွတဲ့အကာအကြယ္စည္းကို ျမင္သြားၾကတယ္။ ဝိဉာဥ္စြမ္းအင္က သမုဒၵရာထဲရွိ လႈိင္းေတြလိုမ်ိဳး တက္လိုက္က်လိုက္ျဖစ္ေနကာ နဂါးေငြ႕တန္းအရာတစ္ခု ဖန္တီးေနၿပီး ေဝ့ဝဲေနတဲ့ႏွင္းေတြကလည္း တ်န္းရွန္ေတာင္ေတြနား ကပ္လာတဲ့ ဘယ္အရာကိုမဆို အဆတ္မျပတ္႐ိုက္ေနေတာ့တယ္။

နတ္ဆိုးဘုရင္ႀကီးက စည္းအတြင္းမွာရွိတဲ့ နက္ရႈိင္းၿပီးထူးကဲလွတဲ့စြမ္းအင္ကို အာ႐ုံခံႏိုင္ၿပီး ဒါက သတိေပးေနတာမ်ိဳးျဖစ္တယ္။

တစ္စုံတစ္ေယာက္က တ်န္းရွန္ေတာင္တန္းတစ္ခုလုံး ပတ္ပတ္လည္မွာ ဒီလိုမ်ိဳး ထူထပ္တဲ့ဝိဉာဥ္စြမ္းအင္မ်ိဳးနဲ႔ အကာအကြယ္စည္းတစ္ခု ဖန္တီးဖို႔ဆို သူတို႔ေတြ သဲႀကီးမဲႀကီးနဲ႔ ဖုံးကြယ္ထားခ်င္တဲ့ လွ်ိဳ႕ဝွက္ခ်က္တခ်ိဳ႕ ရွိေနတာေၾကာင့္သာ ျဖစ္ရမယ္။

ဒီလိုမ်ိဳး ေထာက္ဆၾကည့္မယ္ဆိုရင္ ဒီမွာ နယ္ေျမတိုင္တစ္ခုေတာ့ ရွိမယ္ဆိုတာ နတ္ဆိုးဘုရင္ႀကီး ပိုၿပီး ယုံၾကည္လာတယ္။

သူ နည္းနည္းစိတ္လႈပ္ရွားရာကေန မၾကာခင္ စိတ္အားထက္သန္လာကာ နယ္ေျမတိုင္အေၾကာင္း သူ႔ကိုေျပာျပခဲ့တဲ့လူကို ေတြးမိသြားတယ္။

ကံဆိုးခ်င္ေတာ့ ပိုင္ရန္က ဒီမွာရွိမေနတဲ့အတြက္ နတ္ဆိုးဘုရင္ႀကီးခမ်ာ သူ႔ရဲ႕စိတ္လႈပ္ရွားမႈကို မမွ်ေဝႏိုင္ဘူး။ သူ႔အခ်စ္ေလးကို ျမင္ခ်င္တာေၾကာင့္ ေရသူမပုလဲကိုထုတ္ကာ ဝိဉာဥ္စြမ္းအင္ စီးဆင္းေစလိုက္တယ္။

သူၾကည့္လိုက္ခ်ိန္မွာ တစ္ခုခုေတာ့ မွားေနၿပီ။

ရွဲ႕ဇီထ်န္းက အခန္းတစ္ခန္းထဲမွာ တစ္စုံတစ္ေယာက္ကို ကုသေပးေနတယ္။ [ T/N : ေရ...စက္ခ်လို႔ ၿပီးပါၿပီ... ]

နတ္ဆိုးဘုရင္ႀကီး မ်က္ေမွာင္ၾကဳတ္သြားကာ သူ႔ေမွာ္အစြမ္းကို ေရသူမပုလဲထဲ ထပ္ျဖည့္လိုက္ၿပီး ရွဲ႕ဇီထ်န္းက ဘာအတြက္ တစ္စုံတစ္ေယာက္ကို ကုသေပးေနရတာလဲဆိုတာကို ေသေသခ်ာခ်ာၾကည့္ေနလိုက္တယ္။

ခဏအၾကာမွာ အိပ္ရာေပၚကလူရဲ႕ သြင္ျပင္လကၡဏာေတြကို သူ ရွင္းရွင္းလင္းလင္းျမင္လိုက္ရတယ္။ အေပၚကိုေကာ့တက္ေနတဲ့မ်က္ခုံးေတြ၊ ႏွာတံျမင့္ျမင့္နဲ႔ ျဖဴေဖ်ာ့ေနတဲ့အသားအေရရွိတဲ့ ခပ္ေခ်ာေခ်ာလူငယ္ေလးတစ္ေယာက္ ျဖစ္ေနတယ္။ ၾကည့္ရတာ လူသားတစ္ေယာက္ ျဖစ္ပုံရတယ္။

သူ ဒီလူကို အရင္က တစ္ခါမွမျမင္ဖူးဘူး။

နတ္ဆိုးဘုရင္ႀကီး အမူအယာက ေအးခဲသြားတယ္။ ရွဲ႕ဇီထ်န္းက သူနဲ႔အတူ တ်န္းရွန္ကို လိုက္ခဲ့ဖို႔အတြက္ သေဘာမတူခဲ့တဲ့အခ်ိန္ကို ျပန္ေတြးမိလိုက္တယ္။ တကယ့္တကယ္သူက တျခားေနရာကို ခိုးေၾကာင္ခိုးဝွက္သြားဖို႔ ႀကံစည္ထားၿပီး အန္းနင္႐ြာမွာပဲ ေနမယ္ဆိုၿပီး ေျပာခဲ့တာျဖစ္တယ္။ နတ္ဆိုးဘုရင္ႀကီး သံသယဝင္လာတယ္... အိပ္ရာေပၚမွာ လွဲေနတဲ့ေယာက်ာ္းနဲ႔ တိတ္တိတ္ေလးသြားေတြ႕ရေအာင္လို႔ သူ႔ကိုတမင္ ေရွာင္လိုက္တာပဲ။

ဒီလိုမ်ိဳး ေကာက္ခ်က္ဝင္လာတဲ့ေနာက္မွာ နတ္ဆိုးဘုရင္ႀကီးရဲ႕အမူအယာေျပာင္းလဲသြားတယ္။

အခုခ်ိန္မွာ သူတကယ္ သိခ်င္မိတာက... အဲ့လူက ဘယ္သူလဲ?

ရွဲ႕ဇီထ်န္းကေရာ ဘယ္အခ်ိန္က လူသားတစ္ေယာက္နဲ႔ ဒီလိုမ်ိဳး နီးနီးကပ္ကပ္ဆက္ဆံေရးတစ္ခု ရွိသြားတာလဲ?

ထိုအခ်ိန္မွာတင္ ရွဲ႕ဇီထ်ႏ္ူက ကုသလို႔ ၿပီးသြားပုံေပၚၿပီး သူ႔လက္ကို ႐ုတ္လိုက္တယ္။ အိပ္ရာေပၚမွာရွိတဲ့လူက ႐ုတ္တရက္မ်က္လုံးေတြ ပြင့္လာၿပီး လွမ္းေခၚလိုက္တယ္ "မသြားပါနဲ႔!"

ရွဲ႕ဇီထ်န္းလည္း တုန္သြားပုံရတယ္။ သူလွည့္ကာ မ်က္ႏွာကို ကြယ္လိုက္တယ္။

အိပ္ရာေပၚကလူလည္း မ်က္လုံးေတြ ျပန္မွိတ္သြားတယ္။

ခဏေနေတာ့ ရွဲ႕ဇီထ်န္း ျပန္လွည့္လာၿပီး အိပ္ရာေပၚအျမန္ တက္လိုက္တယ္။ သူထြက္မသြားခင္ ထိုလူ႔ေပၚကို ေစာင္ေတြ လႊမ္းေပးလိုက္ေသးတယ္။

'... သူ ငါ့အေပၚကိုက်ေတာ့ ဘယ္တုန္းကမွ ေစာင္ လႊမ္းေပးတာ မရွိခဲ့ဖူးဘူး!'

ခ်က္ခ်င္းဆိုသလို နတ္ဆိုးဘုရင္ႀကီး ေဒါသတႀကီးျဖစ္လာေတာ့တယ္။ သူ အိပ္ရာေပၚေရာက္ခ်ိန္တိုင္းမွာ သူ႔ခ်စ္သူေလးကို ေသမလိုလုပ္ခဲ့တယ္ဆိုတာကို သူ လုံး၀ေမ့ေလ်ာ့သြားခဲ့တယ္။ လႈပ္ေတာင္မလႈပ္ႏိုင္တဲ့အခ်ိန္မွာ ဘယ္လိုလုပ္ သူ႔အေပၚ ေစာင္ၿခဳံေပးႏိုင္မွာလဲ?

သို႔ေပမယ့္ သူ ဂ႐ုမစိုက္ဘူး။ ဒါကိုပဲ မွတ္ထားမယ္။

ရွဲ႕ဇီထ်န္းက တျခားေယာက်ာ္းတစ္ေယာက္ကို ခိုးၿပီးသြားေတြ႕တဲ့အျပင္ အဲ့တာကလည္း တျခားလူရဲ႕အိပ္ရာထဲမွာ၊ ေစာင္ေတာင္ ၿခဳံေပးလိုက္ေသးတယ္!

လုပ္ေဆာင္ခ်က္တစ္ခုခ်င္းစီတိုင္းက ရာဇဝတ္မႈပဲ။

"အရွင္ႀကီး" သူ႔လက္ေအာက္ငယ္သားရဲ႕အသံက နတ္ဆိုးဘုရင္ႀကီးကို လက္ရွိအေနအထားဆီ ျပန္ေရာက္လာေစတယ္။

ေရသူမပုလဲဆီ စြမ္းအင္စီးဆင္းေနတာကို ရပ္လိုက္ကာ ရွဲ႕ဇီထ်န္းနဲ႔ အဆက္အသြယ္ျဖတ္လိုက္တယ္။

သူ႔ကို ျဖတ္ေျပာလာတဲ့လူကို နတ္ဆိုးဘုရင္ႀကီး စိုက္ၾကည့္ၿပီး ေအးတိေအးစက္ေျပာလိုက္တယ္ "ဘာလဲ?"

သနားစဖြယ္အနက္ေရာင္ၿခဳံထည္နဲ႔ လက္ေအာက္ငယ္သားေလးခမ်ာ သူ႔အရွင္ရဲ႕အၾကင္နာတရားကင္းမဲ့ေနတဲ့ အမူအယာကို ျမင္ေတာ့ သူဘာအမွားလုပ္မိလို႔လဲဆိုတာ မေတြးတတ္ေအာင္ျဖစ္ေနရတယ္။ ေၾကာက္ေၾကာက္နဲ႔ပဲ တုန္ရီစြာေျပာလိုက္တယ္ "အ-အကာအကြယ္စည္းက မပြင့္..."

"အသုံးကို မက်ဘူး!" ဝတ္႐ုံလက္စကို တစ္ခ်က္ခါကာ နတ္ဆိုးဘုရင္ႀကီးက အနက္ေရာင္ၿခဳံထည္နဲ႔ငယ္သားေလးကို ေျမႀကီးေပၚလဲက်ၿပီး ႏွစ္ပတ္ေလာက္လိမ့္သြားေအာင္ ႐ိုက္ခ်လိုက္တယ္။ ထို႔ေနာက္ တ်န္းရွန္ဆီကို ႏွစ္လွမ္းတိုးသြားလိုက္တယ္။

တကယ္တမ္းလုပ္ခ်င္ေနတာက အျမန္ျပန္သြားၿပီး ရွဲ႕ဇီထ်န္းကိုဖမ္းကာ ရွင္းျပခ်က္တစ္ခု ေတာင္းဆိုခ်င္တာျဖစ္ေပမယ့္ သူက တ်န္းရွန္ကို ေရာက္ေနၿပီျဖစ္တယ္။ ဒါက အေရးႀကီးတဲ့အရာျဖစ္တယ္။ ဘာပဲျဖစ္ေနေန ျပန္မသြားခင္ေတာ့ တူးေဖာ္သြားၾကည့္ရမယ္။

တစ္ေယာက္မွ သူ႔ကိုတားလို႔မရဘူး!

နတ္ဆိုးဘုရင္ႀကီး ေရွ႕ေလွ်ာက္သြားၿပီး ဘယ္ေလာက္မွမၾကာခင္ သူ႔ရဲ႕ထည္ဝါတဲ့အရွိန္အဝါကို ထိန္းမထားေတာ့တာေၾကာင့္ ျပင္းထန္တဲ့လႈိင္းတစ္ခုလိုမ်ိဳး အလွ်ံအပယ္ထြက္ေပၚလာတယ္။ အနက္ေရာင္ၿခဳံထည္နဲ႔လူေတြလည္း ဒါကို ေရွာင္ဖို႔အတြက္ ေနာက္ကိုအျမန္ဆုတ္လိုက္ရတယ္။

ဒါဇင္ေက်ာ္တဲ့လူေတြလည္း အခ်င္းခ်င္း အဓိပၸါယ္ပါပါ အၾကည့္ခ်င္းဖလွယ္ကုန္ၾကတယ္။

"အရွင္ႀကီး စိတ္တိုေနတယ္"

"အရွင္ႀကီးက ႐ုတ္တရက္ ဘာလို႔ စိတ္တိုသြားရတာလဲ?"

"အကာအကြယ္စည္းက မပြင့္တာေၾကာင့္မ်ားလား?"

"မသိဘူးေလ"

သူ႔ေဒါသက စြမ္းအင္ထဲကို ေပါင္းစပ္သြားၿပီး ေမွာင္မည္းေနတဲ့အမူအယာႀကီးနဲ႔ ရႈပ္ေထြးတဲ့လက္ပုံစံမ်ားစြာ ေဖာ္လိုက္တယ္။ သူ႔ရဲ႕ဖိႏွိပ္ႏိုင္တဲ့အရွိန္အဝါကလည္း လ်င္ျမန္စြာ တိုးပြားေနတယ္။

ဒါဇင္ေက်ာ္တဲ့အနက္ေရာင္ၿခဳံထည္နဲ႔ ငယ္သားေတြလည္း တစ္ခုခုေတာ့မွားေနၿပီဆိုတာ ေတြ႕ေနရတာေၾကာင့္ သူတို႔တတ္ႏိုင္သေလာက္ ျမန္ျမန္ပ်ံေျပးေတာ့တယ္။ ယုန္ေတြထက္ေတာင္ ပိုျမန္ေနၿပီး ေျပးရင္းနဲ႔ ေခ်ာင္ေလးတစ္ခုခုမ်ားရွိမလား တြင္းေလးတစ္ခုခုမ်ား ရွိမလားဆိုၿပီး ရွာေနၾကတယ္။

လုံၿခဳံတဲ့ေနရာတစ္ခု ေရာက္ၿပီဆိုမွ သက္ျပင္းတစ္ခ်က္ခ်ကာ နတ္ဆိုးဘုရင္ႀကီးရွိတဲ့ဆီကို လွမ္းေမွ်ာ္ၾကည့္လိုက္တယ္။

အကာအကြယ္စည္းကလည္း ၿခိမ္းေျခာက္မႈကို အာ႐ုံခံမိပုံရၿပီး အထက္ပိုင္းမွာ တိမ္မည္းႀကီးတစ္ခု ေပၚလာတယ္။ ေရခဲတမွ်ေအးစက္တဲ့ေလထုကလည္း ႐ုတ္ျခည္းအားေကာင္းလာကာ မသဲမကြဲေအာ္သံလိုမ်ိဳးအသံပါ ေရာေထြးပါလာတယ္။

နတ္ဆိုးဘုရင္ႀကီးရဲ႕နတ္ဆိုးအေရာင္အဝါက ထုတ္ေဖာ္လိုက္ၿပီးသားျဖစ္တဲ့အတြက္ သူ႔ပုံပန္းသ႑ာန္ကို အနက္ေရာင္နတ္ဆိုးစြမ္းအင္တစ္ခုက လႊမ္းမိုးထားတယ္။

သူ႔ရဲ႕လက္ပုံစံေတြ ေဖာ္ၿပီးတဲ့ေနာက္ လက္ဖဝါးကို အျပင္ဘက္မွာထားၿပီး လက္ေတြကို အေရွ႕ဘက္ဆီထိုးခြဲလိုက္တယ္။

အကာအကြယ္စည္းကေန စီခနဲအသံတစ္ခုထြက္ေပၚလာတယ္။ ေရခဲတမွ်ေအးတဲ့ေလေတြက ေရခဲခြၽန္းလိုပုံစံ ေပါင္းစည္းသြားၿပီး နတ္ဆိုးဘုရင္ႀကီးရွိရာဆီ အလင္းအလ်င္နဲ႔ လ်င္ျမန္စြာ က်ဆင္းလာေတာ့တယ္။ တခ်ိန္တည္းမွာ ေရခဲေတြႏွင္းေတြက ထီးသ႑ာန္တစ္ခုလို ပုံစံေျပာင္းသြားကာ တ်န္းရွန္ရဲ႕အထက္ပိုင္းကို ကာကြယ္ထားတယ္။

နတ္ဆိုးဘုရင္ႀကီးပတ္လည္က နတ္ဆိုးစြမ္းအင္ကလည္း ေပါင္းစည္းကာ သိပ္သည္းသြားၿပီး ေရခဲခြၽန္းေတြရဲ႕ တိုက္ခိုက္မႈကို တားဆီးလိုက္တယ္။ သူ႔လက္ထဲ့ နတ္ဆိုးစြမ္းအင္က အကာအကြယ္စည္းရွိရာကို ဓားတစ္ေခ်ာင္းလို ပ်ံသန္းသြားၿပီး ေရခဲထီးကို ထိုးခြဲကာ ေဖာက္ထြင္းျမင္ရတဲ့ အကာအကြယ္စည္းကို ထိသြားတယ္။

အကာအကြယ္စည္းက မွန္လိုမ်ိဳး အက္သြားကာ ကြဲအက္သံနဲ႔အတူ ၿပိဳက်သြားေတာ့တယ္။

"သြားမယ္!"

နတ္ဆိုးဘုရင္ႀကီး အမိန႔္ေပးလိုက္ေတာ့ လူတိုင္းက သူ႔ေနာက္ကလိုက္ၿပီး တ်န္းရွန္ဆီကို အျမင့္ဆုံးအရွိန္နဲ႔ သြားလိုက္ၾကတယ္။

နတ္ဆိုးဘုရင္ႀကီးက တ်န္ရွန္းဆီကို ႏြားသိုးတစ္ေကာင္လိုမ်ိဳး ထိုးေဖာက္သြားတယ္။ ကာရံထားတာေတြကို အႀကီးအက်ယ္ဖ်က္ဆီးေနရင္း ေရသူမပုလဲကိုသုံးကာ ပိုင္ရန႔္ကို ေစာင့္ၾကည့္ေနလိုက္တယ္။ သူ႔ဘက္ကၾကည့္ရင္ ပိုင္ရန္က ဖီးနစ္ၿမိဳ႕ေတာ္မွာ တည္ၿငိမ္စြာ ပုန္းခိုေနတယ္။ ေန႔တိုင္း ၿမိဳ႕အရွင္ရဲ႕အိမ္ေတာ္ထဲ ဝင္ဖို႔အခြင့္အေရးရွာကာ က်ိဳးရင္ရဲ႕နာမက်န္းျဖစ္ေနမႈကို စစ္ေဆးတယ္။

နတ္ဆိုးဘုရင္ႀကီး ၾကည့္မိလိုက္တယ္ဆိုတာနဲ႔ ေဒါသေတြ ထြက္ၿပီးရင္း ထြက္ေနရတယ္။

အထူးသျဖင့္ ေဒါသေတြ ပိုထြက္လာရတာက ပိုင္ရန္ကယ္ေနတဲ့လူက ကံၾကမၼာသားေတာ္ က်ိဳးရင္ျဖစ္ေနမွန္း သိလိုက္ရခ်ိန္မွာျဖစ္တယ္။ သူ ေဒါသထြက္လြန္းလို႔ အားလုံးက ထားရစ္ခဲ့ၿပီး အိမ္ျပန္ကာ သူနဲ႔ စာရင္းရွင္းခ်င္တဲ့အထိ ျဖစ္တယ္။

ေဒါသထြက္ေနစဥ္မွာ ေျပာမျပတတ္တဲ့ ေဘးက်ပ္နံက်ပ္ခံစားခ်က္တစ္ခုကိုလည္း ခံစားမိတယ္။ အတိတ္တုန္းက ရွဲ႕ဇီခ်န္းဆိုတဲ့လူက ခ်စ္ျခင္းေမတၱာမွာ ႏုံခ်ာၿပီး သူ႔ရဲ႕ေမာင္းမေဆာင္ထဲမွာ အေခ်ာအလွေလးေတြအမ်ားႀကီး ထားထားခဲ့တယ္။ သို႔ေပမယ့္ နတ္ဆိုးဘုရင္ႀကီးက အဲ့တာကို စိတ္ထဲမထားဘဲ ဒီဟာက သူနဲ႔အတူမရွိခင္တုန္းက ရွဲ႕ဇီထ်န္းရဲ႕ဝါသနာလို႔သာ ႐ိုး႐ိုးရွင္းရွင္းေတြးခဲ့တာေၾကာင့္ သူ႔ကိုအျပစ္ရွာေနစရာမလိုခဲ့ဘူး။ အခုေတာ့ ရွဲ႕ဇီထ်န္းက သူ႔ေမာင္းမေဆာင္ကို ရွင္းထုတ္လိုက္ၿပီးတာေတာင္မွ ေသမ်ိဳးနယ္ေျမမွာ အ႐ိုင္းအစိုင္းလူသားတစ္ေယာက္ကို တိတ္တိတ္ပုန္း ထိန္းသိမ္းထားေသးတယ္ဆိုတာ အရွင္းသားႀကီးျဖစ္ေနၿပီ။ ဒါ့အျပင္ ရွဲ႕ဇီထ်န္းက ဒီလူကို အလြန္တရာခ်စ္ခင္ၿပီးသစၥာရွိေနတယ္။

ဒီလူက ေသခ်ာေပါက္ ရွဲ႕ဇီထ်န္းရဲ႕ႏွလုံးသားထဲမွာ ေနရာတစ္ခုရွိေနမွာပဲ။

နတ္ဆိုးဘုရင္ႀကီး ေဒါသပုန္ထကာ လွည့္စားခံလိုက္ရသလိုမ်ိဳး ခံစားမိလာတယ္။

ကံေကာင္းခ်င္ေတာ့ သူက က်ိဳးေၾကာင္းဆက္စပ္ႏိုင္ေသးတယ္။ သူ ေကာက္ခါငင္ခါႀကီး ျပန္မသြားဘူး။ အဲ့အစား သူ႔ေဒါသကို ခ်ဳပ္တည္းကာ သူ႔တာဝန္ကို ဆက္လုပ္တယ္။ အဆုံးမွာေတာ့ နယ္နိမိတ္ေက်ာက္တုံးကို ရွာေတြ႕ခဲ့တယ္။

ထိုအခိုက္အတန႔္မွာ သူက အေစာင့္တပ္သားအစီအရင္ကိုလည္း အစေဖာ္မိသြားတယ္။ ေျမေအာက္ကေန အေလာင္းေကာင္ေတြ ထြက္ေပၚလာၿပီး နယ္ေျမတိုင္ကို ေစာင့္ေရွာက္ဖို႔အတြက္ သဲႀကီးမဲႀကီးတိုက္ခိုက္လာၾကတယ္။ ကံမေကာင္းလွစြာ သူတို႔ေတြက ေဒါသထြက္ေနတဲ့နတ္ဆိုးဘုရင္ႀကီးရဲ႕ ႐ိုက္ခ်ျခင္းကို အလြယ္တကူခံလိုက္ရၿပီး ျပာမႈန႔္ေတြအျဖစ္ေျပာင္းလဲကာ ေပ်ာက္ကြယ္သြားေတာ့တယ္။

နယ္ေျမတိုင္ကိုျမင္ေတာ့ နတ္ဆိုးဘုရင္ႀကီးရဲ႕ေဒါသက မဆိုစေလာက္ေလး ေလ်ာ့နည္းသြားတယ္။ အနည္းဆုံးေတာ့ ရွဲ႕ဇီထ်န္းက သူ႔ကိုလိမ္ညာေျပာၿပီး တမင္လွည့္စားကာ ေျမာက္ပိုင္းကိုသြားၿပီး ဆိတ္႐ိုင္းေတြ ဖမ္းေနရေအာင္ မလုပ္ခဲ့ဘူးပဲ။ သူ႔သတင္းအခ်က္အလက္က မွန္ကန္ေနခဲ့တယ္။ တျခားနယ္ေျမတိုင္ရဲ႕တည္ေနရာကို ကူရွာေပးၿပီး ဝန္ေဆာင္မႈေကာင္းေကာင္းႀကီး ေပးခဲ့တာပဲ။

ထို႔ေနာက္ သူေတြးမိျပန္တယ္။ ရွဲ႕ဇီထ်န္းက ဒီအခ်က္အလက္အေၾကာင္း သိေနၿပီးသားျဖစ္တာေတာင္ သူ႔ကို လတ္တေလာမွ ေျပာျပလာခဲ့တာျဖစ္တယ္။ ဒါက နတ္ဆိုးဘုရင္ႀကီးက က်ိဳးရင္ကို သတ္ခ်င္ေနတယ္ဆိုတာ သိေနတဲ့အတြက္ နယ္ေျမတိုင္ရဲ႕တည္ေနရာကို သတင္းေပးၿပီး သူနဲ႔ေဝးရာကို မွ်ားလိုက္တာပဲျဖစ္ရမယ္။ ဒီလိုေတြးမိေတာ့ နတ္ဆိုးဘုရင္ႀကီး မုန္းတီးစြာနဲ႔ အံကို ႀကိတ္ထားလိုက္တယ္။

'အဲ့အ႐ိုင္းအစိုင္းလူသားက ဒီေလာက္ေတာင္ အေရးပါတာလား?'

'သူတို႔ေတြ ဘယ္အခ်ိန္တုန္းကမ်ား အခ်ိတ္အဆက္ရွိသြားရတာလဲ?'

'သူ႔မွာ ငါရွိေနေသးတာေတာင္မွာ တကယ္ႀကီးတျခားလူတစ္ေယာက္နဲ႔ ခ်ိတ္လိုက္ေသးတယ္!'

'သူက တိတ္တိတ္ပုန္းခ်စ္သူတစ္ေယာက္ ဖြက္ထားတာပဲ!'

'ဒီမ်ိဳးမစစ္ကေတာ့!'

နတ္ဆိုးဘုရင္ႀကီးရဲ႕ေဒါသက ေဘာလုံးတစ္လုံးလို ေဖာင္းကားလာၿပီး ေပါက္ကြဲမလိုျဖစ္ေနတယ္။

ဒါေတြက သူေတြးႏိုင္သမွ် အကုန္ပဲ။ ရွဲ႕ဇီထ်န္းရဲ႕အမူအက်င့္ကို အစအဆုံး စမ္းစစ္ၾကည့္ၿပီးေနာက္မွာ ရွဲ႕ဇီထ်န္းဟာ ႏွစ္လိုဖြယ္ေကာင္းေအာင္ ကလူက်ီစယ္တတ္တဲ့လူဆိုၿပီး မွားယြင္းေကာက္ခ်က္ခ်ပစ္လိုက္ေတာ့တယ္။ သူက နတ္ဆိုးဘုရင္ႀကီးနဲ႔ ရွိေနစဥ္အတြင္းမွာလည္း တျခားသူေတြကို လိုက္ခ်ိတ္ခဲ့ၿပီး ခ်စ္သူေပါင္းမ်ားစြာထားကာ Casanovaေနထိုင္မႈပုံစံမ်ိဳးနဲ႔ ေနေနတယ္။ [ T/N : Casanova ဆိုတာ မိန္းမေတြကို ျဖားေယာင္းၿပီး ခ်စ္သူေတြအမ်ားႀကီးထားတဲ့ေယာက်ာ္းမ်ိဳးကို ေျပာတာပါ ]

သူနဲ႔တင္ မလုံေလာက္တာေၾကာင့္ တျခားသူေတြနဲ႔ခိုးေတြ႕ဖို႔ အင္အားရွိေနေသးတာေနမယ္။

နတ္ဆိုးဘုရင္ႀကီးရဲ႕ေဒါသေတြ ထိန္းမရသိမ္းမရျဖစ္ေနတယ္။ သူ အံကိုႀကိတ္ကာ ေျခတစ္ခ်က္ေလာက္ျပင္းျပင္းေဆာင့္ၿပီး နယ္ေျမတိုင္ကို ဖ်က္ဆီးပစ္လိုက္တယ္။

သူ႔ေဒါသေတြ ေပါက္ကြဲေနစဥ္မွာ ပိုင္ရန္ကေတာ့ သတိမမူမိရွာဘူး။ ဘာမွမျဖစ္ဘဲ ကိစၥေတြၿပီးစီးသြားတဲ့ေနာက္မွာ တည္းခိုခန္းဆီကို အသာေလးျပန္သြားလိုက္မယ္ဆိုတဲ့ အိမ္မက္လွလွေလးေတာင္ မက္ေနလိုက္ေသးတယ္။

အခ်ိန္ေတြကုန္ဆုံးသြားၿပီး ေလးရက္ေျမာက္ေန႔ကို ေရာက္လာခဲ့တယ္။ ၿမိဳ႕အရွင္နဲ႔ ေလာ့က်န္းဖန္းက ၿမိဳ႕ေတာ္ရဲ႕ေနရာတိုင္းကို ပိုက္စိပ္တိုက္ရွာေနခဲ့ေပမယ့္ အႀကီးအက်ယ္ဒဏ္ရာရထားတဲ့က်ိဳးရင္ကို ဘယ္လိုမွ ရွာမေတြ႕ႏိုင္ျဖစ္ေနတယ္။ သူတို႔ရွာေနတဲ့လူက သူတို႔ႏွာေခါင္းေအာက္ေလးမွာတင္ ရွိေနတယ္ဆိုတာကိုလည္း မသိၾကေသးဘူး။

တျခားေ႐ြးျခယ္စရာလည္း မရွိတဲ့အတြက္ လူထုရဲ႕ဖိအားေပးမႈေအာက္မွာ ဖီးနစ္ၿမိဳ႕အရွင္လည္း အကာအကြယ္စည္းကို ျဖဳတ္ခ်ကာ လူေတြကို လြတ္လြတ္လပ္လပ္ ဝင္ထြက္ခိုင္းလိုက္တယ္။

ဒီေနရာကေန က်ိဳးရင္ထြက္သြားႏိုင္မယ့္ အခြင့္အေရးျဖစ္တယ္။

တတိယေန႔မွာ ပိုင္ရန္က ၿမိဳ႕အရွင္ရဲ႕အိမ္ေတာ္ထဲမွာ တစ္ေနကုန္ အခ်ိန္ျဖဳန္းေနလိုက္တယ္။ သူ ပုန္းခိုကာ ထုပ္တန္းမွာ မလႈပ္မယွက္လွဲေနတယ္။ ဇာတ္လိုက္နဲ႔ ဖုန႔္မင္းတို႔ ဘယ္လိုလုပ္ၾကမလဲဆိုတာ ၾကည့္ခ်င္တာေၾကာင့္ျဖစ္တယ္။ [ Eng T/N : စာေရးသူက ေလးရက္ဆိုၿပီး ေျပာထားၿပီးသားပါ။ အဲ့တာက က်ိဳးရင္ထြက္ေျပးဖို႔အတြက္ အခြင့္အေရးေပၚလာတာကိုေျပာတာပါ။ အခုက စာေရးသူက တတိယေန႔(ညအခ်ိန္)ကို ျပန္သြားၿပီးေတာ့ ေလးရက္ေျမာက္မတိုင္ခင္ ပိုင္ရန္၊ ဖုန႔္မင္းနဲ႔ က်ိဳးရင္တို႔ရဲ႕ လုပ္ေဆာင္ပုံေတြကို ေဖာ္ျပေပးတာပါ ]

ညေရာက္ေတာ့ ဖုန႔္မင္း အိပ္မေပ်ာ္ဘူး။ သူမ အခန္းထဲမွာေနၿပီး ေခါက္တုံ႔ေခါက္ျပန္ လမ္းေလွ်ာက္ေနေတာ့တယ္။ တစ္ခ်ိန္လုံးလည္း ေခါင္းေလးဆန႔္ကာ ျပတင္းေပါက္အျပင္ကို လွမ္းလွမ္းၾကည့္ေနတယ္။ ပိုင္ရန္ရဲ႕ တယုတယျပဳစုမႈေအာက္မွာ ဇာတ္လိုက္က ျပန္ေကာင္းလာၿပီျဖစ္တယ္။ သူ႔အသြင္အျပင္က အရင္ကလိုမ်ိဳး ျဖဴေဖ်ာ့ေနဆဲဆိုေပမယ့္ သူ႔ဖာသာေတာ့ လႈပ္ရွားေနႏိုင္ၿပီျဖစ္တယ္။ သူ အိပ္ရာထဲက ထြက္ကာ ကုလားထိုင္မွာထိုင္ၿပီး ၿငိမ္ၿငိမ္ေလးေစာင့္ေနတယ္။

လူႏွစ္ေယာက္က ၿမိဳ႕အရွင္ရဲ႕အိမ္ေတာ္က အေစခံေတြလို အဝတ္အစားမ်ိဳး လဲဝတ္ထားၿပီးၿပီျဖစ္တယ္။ သူတို႔က မသိသာတဲ့မီးခိုးေရာင္အဝတ္အစားေတြနဲ႔ ေခါင္းေဆာင္းေတြကို ဝတ္ဆင္ထားတယ္။

ေလထုက ေလးလံလွတယ္။ သူတို႔ေတြက အခြင့္အေရးတစ္ခုရလာဖို႔ကို တိတ္ဆိတ္စြာေစာင့္ဆိုင္းေနၿပီး ဘယ္သူမွ စကားမေျပာျဖစ္ၾက။

ေကာင္းကင္ႀကီးက တျဖည္းျဖည္းလင္းသထက္ လင္းလာတယ္။ ေကာင္းကင္ေပၚ၌ အာ႐ုဏ္မိုးေသာက္ခ်ိန္အလင္းေရာင္လိုမ်ိဳး ထြက္ေပၚလာခ်ိန္မွာ အေဝးတေနရာက ေခါင္းေလာင္းသံ ၾကားလိုက္ရတယ္။ ေန႔သစ္တစ္ခု စတင္ၿပီ။ ဖုန႔္မင္း ခ်က္ခ်င္းထရပ္ကာ တံခါးကိုတြန္းဖြင့္ၿပီး အျပင္ထြက္ရင္း ေကာင္းကင္ကို ေမာ့ၾကည့္လိုက္တယ္။

ပိုင္ရန္လည္း ေနရာကူးေျပာင္းတဲ့အစီအရင္ကိုသုံးကာ ေခါင္မိုးေပၚကို အျမန္ေ႐ႊ႕လိုက္တယ္။

နက္ျပာေရာင္ေကာင္းကင္အလယ္မွာ ေ႐ႊေရာင္အလင္းတန္းေလးတစ္ခု ထြက္ေပၚလာတယ္။ ဒါက ေနထြက္ေတာ့မယ္ဆိုတဲ့ သေကၤတျဖစ္တယ္။ လႈပ္လႈပ္႐ြ႐ြနဲ႔ လႈိင္းဂယက္လိုအရာမ်ိဳးက ၿမိဳ႕ေတာ္အထက္ေကာင္းကင္မွာေပၚလာၿပီး ခ်က္ခ်င္းသလို တစ္ၿမိဳ႕လုံး ျပန႔္ႏွံ႔သြားတယ္။ ဂယက္ေတြ တစ္ခုၿပီးတစ္ခု ေပၚလာၿပီးေနာက္ ၿမိဳ႕ေတာ္ေပၚက အကာအကြယ္စည္းက စတင္ေပ်ာ္က်လာကာ အမႈန္ေလးေတြအျဖစ္ လ်င္ျမန္စြာ ေျပာင္းလဲေပ်ာက္ကြယ္သြားေတာ့တယ္။

အရာအားလုံးလည္း တိတ္ဆိတ္ေနတယ္။

ဖုန႔္မင္းမ်က္ႏွာေပၚမွာ အားရေက်နပ္စြာနဲ႔ အံ့ဩသြားတဲ့အမူအယာေလးတစ္ခု ေပၚလာတယ္။သူမက အခန္းထဲကို ခ်က္ခ်င္းျပန္ဝင္ၿပီး အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္ "အကာအကြယ္စည္းကေတာ့ ျဖည္ၿပီးသြားၿပီ၊ ထြက္ၾကစို႔ေလ"

ဇာတ္လိုက္လည္း ေခါင္းၿငိတ္ကာ ထရပ္လိုက္တယ္။

ဖုန႔္မင္းက သူ႔ေဘးနားကို ေလွ်ာက္သြားၿပီး လက္ေမာင္းကေန ထိန္းေပးလိုက္တယ္။ ၿမိဳ႕အရွင္ရဲ႕အိမ္ေတာ္ထဲမွာရွိတဲ့ လူအမ်ားစုက အိပ္ေမာက်ေနဆဲျဖစ္တာေၾကာင့္ သူတို႔က အခန္းထဲကေန တိတ္တိတ္ေလးထြက္ႏိုင္မယ့္ အခြင့္အေရးကို အမိအရဆုပ္ကိုင္ကာ ၿခံဝင္းအလယ္ကို ဝင္ခဲ့ၾကတယ္။

ဒါက အရဲစြန႔္ရာက်ေပမယ့္ သူတို႔မွာ တျခားေ႐ြးျခယ္စရာမရွိဘူး။ တကယ္လို႔သာ သူတို႔ေတြ အာ႐ုဏ္တက္ခ်ိန္အထိသာ ေစာင့္ေနခဲ့မယ္ဆိုရင္ လူတိုင္းလည္း ႏိုးေနေလာက္ၿပီး ၿမိဳ႕အရွင္ရဲ႕အိမ္ေတာ္ထဲက ထြက္ရခက္သြားလိမ့္မယ္။

___________________________________

[ Kay : အရင်က နယ်မြေတိုင်ဆိုပြီး ရေးလာတာမှာ ဒီအပိုင်းကျမှ နယ်မြေကျောက်တုံးဆိုပြီး ပြောင်းသွားပါတယ်။ ဒါပေမယ့် နယ်မြေတိုင်ဆိုပြီးပဲ ဆက်ရေးသွားမယ်နော် ]

{Unicode}

ဝေးလံခေါင်သီတဲ့ မြောက်ပိုင်းတစ်နေရာ နှင်းတွေဖုံးလွှမ်းနေတဲ့ ကွင်းပြင်ကျယ်ပေါ်မှာ တစ်ဒါဇင်ကျော်တဲ့ အနက်ရောင်အရိပ်တွေ ရုတ်ခြည်းပေါ်ထွက်လာတယ်။ တစ်ယောက်ချင်းစီက အနက်ရောင်ခြုံထည်တစ်ထည်စီ ဝတ်ဆင်ထားတယ်။ သူတို့ရဲ့ကိုယ်ထည်တွေက တောင့်တင်းပြီး လှုပ်ရှားမှုတွေကလည်း မြန်ဆန်လှတယ်။ ဦးဆောင်နေတဲ့တစ်ယောက်က ခံ့ညားထည်ဝါပြီး ကြည့်ကောင်းနေတယ်။

ဒါက နတ်ဆိုးဘုရင်ကြီးရဲ့အုပ်စုဖြစ်တယ်။

"အကာအကွယ်စည်း ပေါ်လာပါပြီ!" သူတို့ရှေ့ကနေ ကြိုသွားထားတဲ့ ကင်းထောက်က နတ်ဆိုးဘုရင်ကြီးထံ ပျံဝဲလာပြီး ဒူးတစ်ဖက်ထောက်ချလိုက်တယ်။ သူက ခပ်ဩဩလေသံနဲ့ "အရှင်ကြီး အဲ့တာက ရှေ့နားလေးတင်မှာပါ"

လှမ်းကြည့်လိုက်တဲ့အခါ နှင်းတွေဖုံးလွှမ်းနေတဲ့ ကွင်းပြင်အဆုံးနားမှာ ငွားငွားစွင့်စွင့်ရှိနေတဲ့ တောင်တန်းကြီးတစ်ခုရှိပြီး မြူဖုံးနေတဲ့တောင်ထိပ်မှာတော့ တိမ်တွေဝဲပျံနေတယ်။ နတ်သမီးပုံပြင်ထဲက ထွက်ပေါ်လာတဲ့ မြင်ကွင်းတစ်ခုနဲ့တောင် တူနေတယ်။

နဂိုက အရယ်အပြုံးမဲ့နေတဲ့ နတ်ဆိုးဘုရင်ကြီးရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပေါ်ထွက်လာပြီး သူ့မျက်လုံးတွေထဲမှာ အလင်းတန်းတစ်ခု ဖြတ်သန်းသွားတယ် "အဲ့တော့ သူ မလိမ်ခဲ့ဘူးပဲ၊ သွားမယ်"

လူအုပ်က တောင်ခြေဆီကို teleportနည်းနဲ့ သွားလိုက်ကြတယ်။

နီးကပ်လာတာနဲ့အမျှ တျန်းရှန်တောင်တွေက မြင့်မားခံ့ထည်ကာ မထိုးဖောက်နိုင်ဟန်ပေါ်တယ်။ တောင်ခြေမှာ တိုက်ခတ်နေတဲ့ လေက ခါးသက်လှစွာအေးစိမ့်နေပြီး လေတိုးနေတာတွေကလည်း လူတိုင်းရဲ့မျက်နှာကို ဆီးနှင်းပွင့်တွေနဲ့ အဆက်မပြတ်ရိုက်နေသလိုပဲ။ မကြာခင်မှာတင် လူတိုင်း ရေခဲတမျှအေးစက်လာတယ်။

သာမန်လူတွေက မြင်နိုင်မှာမဟုတ်ဘူးဆိုပေမယ့် နတ်ဆိုးဘုရင်ကြီးနဲ့ တခြားသူတွေကတော့ တောင်ရဲ့တစ်ဝက်လောက်မှာ တဖျပ်ဖျပ်လက်နေကာ မြင်သာလှတဲ့အကာအကွယ်စည်းကို မြင်သွားကြတယ်။ ဝိဉာဉ်စွမ်းအင်က သမုဒ္ဒရာထဲရှိ လှိုင်းတွေလိုမျိုး တက်လိုက်ကျလိုက်ဖြစ်နေကာ နဂါးငွေ့တန်းအရာတစ်ခု ဖန်တီးနေပြီး ဝေ့ဝဲနေတဲ့နှင်းတွေကလည်း တျန်းရှန်တောင်တွေနား ကပ်လာတဲ့ ဘယ်အရာကိုမဆို အဆတ်မပြတ်ရိုက်နေတော့တယ်။

နတ်ဆိုးဘုရင်ကြီးက စည်းအတွင်းမှာရှိတဲ့ နက်ရှိုင်းပြီးထူးကဲလှတဲ့စွမ်းအင်ကို အာရုံခံနိုင်ပြီး ဒါက သတိပေးနေတာမျိုးဖြစ်တယ်။

တစ်စုံတစ်ယောက်က တျန်းရှန်တောင်တန်းတစ်ခုလုံး ပတ်ပတ်လည်မှာ ဒီလိုမျိုး ထူထပ်တဲ့ဝိဉာဉ်စွမ်းအင်မျိုးနဲ့ အကာအကွယ်စည်းတစ်ခု ဖန်တီးဖို့ဆို သူတို့တွေ သဲကြီးမဲကြီးနဲ့ ဖုံးကွယ်ထားချင်တဲ့ လျှို့ဝှက်ချက်တချို့ ရှိနေတာကြောင့်သာ ဖြစ်ရမယ်။

ဒီလိုမျိုး ထောက်ဆကြည့်မယ်ဆိုရင် ဒီမှာ နယ်မြေတိုင်တစ်ခုတော့ ရှိမယ်ဆိုတာ နတ်ဆိုးဘုရင်ကြီး ပိုပြီး ယုံကြည်လာတယ်။

သူ နည်းနည်းစိတ်လှုပ်ရှားရာကနေ မကြာခင် စိတ်အားထက်သန်လာကာ နယ်မြေတိုင်အကြောင်း သူ့ကိုပြောပြခဲ့တဲ့လူကို တွေးမိသွားတယ်။

ကံဆိုးချင်တော့ ပိုင်ရန်က ဒီမှာရှိမနေတဲ့အတွက် နတ်ဆိုးဘုရင်ကြီးခမျာ သူ့ရဲ့စိတ်လှုပ်ရှားမှုကို မမျှဝေနိုင်ဘူး။ သူ့အချစ်လေးကို မြင်ချင်တာကြောင့် ရေသူမပုလဲကိုထုတ်ကာ ဝိဉာဉ်စွမ်းအင် စီးဆင်းစေလိုက်တယ်။

သူကြည့်လိုက်ချိန်မှာ တစ်ခုခုတော့ မှားနေပြီ။

ရှဲ့ဇီထျန်းက အခန်းတစ်ခန်းထဲမှာ တစ်စုံတစ်ယောက်ကို ကုသပေးနေတယ်။ [ T/N : ရေ...စက်ချလို့ ပြီးပါပြီ... ]

နတ်ဆိုးဘုရင်ကြီး မျက်မှောင်ကြုတ်သွားကာ သူ့မှော်အစွမ်းကို ရေသူမပုလဲထဲ ထပ်ဖြည့်လိုက်ပြီး ရှဲ့ဇီထျန်းက ဘာအတွက် တစ်စုံတစ်ယောက်ကို ကုသပေးနေရတာလဲဆိုတာကို သေသေချာချာကြည့်နေလိုက်တယ်။

ခဏအကြာမှာ အိပ်ရာပေါ်ကလူရဲ့ သွင်ပြင်လက္ခဏာတွေကို သူ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ အပေါ်ကိုကော့တက်နေတဲ့မျက်ခုံးတွေ၊ နှာတံမြင့်မြင့်နဲ့ ဖြူဖျော့နေတဲ့အသားအရေရှိတဲ့ ခပ်ချောချောလူငယ်လေးတစ်ယောက် ဖြစ်နေတယ်။ ကြည့်ရတာ လူသားတစ်ယောက် ဖြစ်ပုံရတယ်။

သူ ဒီလူကို အရင်က တစ်ခါမှမမြင်ဖူးဘူး။

နတ်ဆိုးဘုရင်ကြီး အမူအယာက အေးခဲသွားတယ်။ ရှဲ့ဇီထျန်းက သူနဲ့အတူ တျန်းရှန်ကို လိုက်ခဲ့ဖို့အတွက် သဘောမတူခဲ့တဲ့အချိန်ကို ပြန်တွေးမိလိုက်တယ်။ တကယ့်တကယ်သူက တခြားနေရာကို ခိုးကြောင်ခိုးဝှက်သွားဖို့ ကြံစည်ထားပြီး အန်းနင်ရွာမှာပဲ နေမယ်ဆိုပြီး ပြောခဲ့တာဖြစ်တယ်။ နတ်ဆိုးဘုရင်ကြီး သံသယဝင်လာတယ်... အိပ်ရာပေါ်မှာ လှဲနေတဲ့ယောကျာ်းနဲ့ တိတ်တိတ်လေးသွားတွေ့ရအောင်လို့ သူ့ကိုတမင် ရှောင်လိုက်တာပဲ။

ဒီလိုမျိုး ကောက်ချက်ဝင်လာတဲ့နောက်မှာ နတ်ဆိုးဘုရင်ကြီးရဲ့အမူအယာပြောင်းလဲသွားတယ်။

အခုချိန်မှာ သူတကယ် သိချင်မိတာက... အဲ့လူက ဘယ်သူလဲ?

ရှဲ့ဇီထျန်းကရော ဘယ်အချိန်က လူသားတစ်ယောက်နဲ့ ဒီလိုမျိုး နီးနီးကပ်ကပ်ဆက်ဆံရေးတစ်ခု ရှိသွားတာလဲ?

ထိုအချိန်မှာတင် ရှဲ့ဇီထျန်ူက ကုသလို့ ပြီးသွားပုံပေါ်ပြီး သူ့လက်ကို ရုတ်လိုက်တယ်။ အိပ်ရာပေါ်မှာရှိတဲ့လူက ရုတ်တရက်မျက်လုံးတွေ ပွင့်လာပြီး လှမ်းခေါ်လိုက်တယ် "မသွားပါနဲ့!"

ရှဲ့ဇီထျန်းလည်း တုန်သွားပုံရတယ်။ သူလှည့်ကာ မျက်နှာကို ကွယ်လိုက်တယ်။

အိပ်ရာပေါ်ကလူလည်း မျက်လုံးတွေ ပြန်မှိတ်သွားတယ်။

ခဏနေတော့ ရှဲ့ဇီထျန်း ပြန်လှည့်လာပြီး အိပ်ရာပေါ်အမြန် တက်လိုက်တယ်။ သူထွက်မသွားခင် ထိုလူ့ပေါ်ကို စောင်တွေ လွှမ်းပေးလိုက်သေးတယ်။

'... သူ ငါ့အပေါ်ကိုကျတော့ ဘယ်တုန်းကမှ စောင် လွှမ်းပေးတာ မရှိခဲ့ဖူးဘူး!'

ချက်ချင်းဆိုသလို နတ်ဆိုးဘုရင်ကြီး ဒေါသတကြီးဖြစ်လာတော့တယ်။ သူ အိပ်ရာပေါ်ရောက်ချိန်တိုင်းမှာ သူ့ချစ်သူလေးကို သေမလိုလုပ်ခဲ့တယ်ဆိုတာကို သူ လုံး၀မေ့လျော့သွားခဲ့တယ်။ လှုပ်တောင်မလှုပ်နိုင်တဲ့အချိန်မှာ ဘယ်လိုလုပ် သူ့အပေါ် စောင်ခြုံပေးနိုင်မှာလဲ?

သို့ပေမယ့် သူ ဂရုမစိုက်ဘူး။ ဒါကိုပဲ မှတ်ထားမယ်။

ရှဲ့ဇီထျန်းက တခြားယောကျာ်းတစ်ယောက်ကို ခိုးပြီးသွားတွေ့တဲ့အပြင် အဲ့တာကလည်း တခြားလူရဲ့အိပ်ရာထဲမှာ၊ စောင်တောင် ခြုံပေးလိုက်သေးတယ်!

လုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းက ရာဇဝတ်မှုပဲ။

"အရှင်ကြီး" သူ့လက်အောက်ငယ်သားရဲ့အသံက နတ်ဆိုးဘုရင်ကြီးကို လက်ရှိအနေအထားဆီ ပြန်ရောက်လာစေတယ်။

ရေသူမပုလဲဆီ စွမ်းအင်စီးဆင်းနေတာကို ရပ်လိုက်ကာ ရှဲ့ဇီထျန်းနဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်။

သူ့ကို ဖြတ်ပြောလာတဲ့လူကို နတ်ဆိုးဘုရင်ကြီး စိုက်ကြည့်ပြီး အေးတိအေးစက်ပြောလိုက်တယ် "ဘာလဲ?"

သနားစဖွယ်အနက်ရောင်ခြုံထည်နဲ့ လက်အောက်ငယ်သားလေးခမျာ သူ့အရှင်ရဲ့အကြင်နာတရားကင်းမဲ့နေတဲ့ အမူအယာကို မြင်တော့ သူဘာအမှားလုပ်မိလို့လဲဆိုတာ မတွေးတတ်အောင်ဖြစ်နေရတယ်။ ကြောက်ကြောက်နဲ့ပဲ တုန်ရီစွာပြောလိုက်တယ် "အ-အကာအကွယ်စည်းက မပွင့်..."

"အသုံးကို မကျဘူး!" ဝတ်ရုံလက်စကို တစ်ချက်ခါကာ နတ်ဆိုးဘုရင်ကြီးက အနက်ရောင်ခြုံထည်နဲ့ငယ်သားလေးကို မြေကြီးပေါ်လဲကျပြီး နှစ်ပတ်လောက်လိမ့်သွားအောင် ရိုက်ချလိုက်တယ်။ ထို့နောက် တျန်းရှန်ဆီကို နှစ်လှမ်းတိုးသွားလိုက်တယ်။

တကယ်တမ်းလုပ်ချင်နေတာက အမြန်ပြန်သွားပြီး ရှဲ့ဇီထျန်းကိုဖမ်းကာ ရှင်းပြချက်တစ်ခု တောင်းဆိုချင်တာဖြစ်ပေမယ့် သူက တျန်းရှန်ကို ရောက်နေပြီဖြစ်တယ်။ ဒါက အရေးကြီးတဲ့အရာဖြစ်တယ်။ ဘာပဲဖြစ်နေနေ ပြန်မသွားခင်တော့ တူးဖော်သွားကြည့်ရမယ်။

တစ်ယောက်မှ သူ့ကိုတားလို့မရဘူး!

နတ်ဆိုးဘုရင်ကြီး ရှေ့လျှောက်သွားပြီး ဘယ်လောက်မှမကြာခင် သူ့ရဲ့ထည်ဝါတဲ့အရှိန်အဝါကို ထိန်းမထားတော့တာကြောင့် ပြင်းထန်တဲ့လှိုင်းတစ်ခုလိုမျိုး အလျှံအပယ်ထွက်ပေါ်လာတယ်။ အနက်ရောင်ခြုံထည်နဲ့လူတွေလည်း ဒါကို ရှောင်ဖို့အတွက် နောက်ကိုအမြန်ဆုတ်လိုက်ရတယ်။

ဒါဇင်ကျော်တဲ့လူတွေလည်း အချင်းချင်း အဓိပ္ပါယ်ပါပါ အကြည့်ချင်းဖလှယ်ကုန်ကြတယ်။

"အရှင်ကြီး စိတ်တိုနေတယ်"

"အရှင်ကြီးက ရုတ်တရက် ဘာလို့ စိတ်တိုသွားရတာလဲ?"

"အကာအကွယ်စည်းက မပွင့်တာကြောင့်များလား?"

"မသိဘူးလေ"

သူ့ဒေါသက စွမ်းအင်ထဲကို ပေါင်းစပ်သွားပြီး မှောင်မည်းနေတဲ့အမူအယာကြီးနဲ့ ရှုပ်ထွေးတဲ့လက်ပုံစံများစွာ ဖော်လိုက်တယ်။ သူ့ရဲ့ဖိနှိပ်နိုင်တဲ့အရှိန်အဝါကလည်း လျင်မြန်စွာ တိုးပွားနေတယ်။

ဒါဇင်ကျော်တဲ့အနက်ရောင်ခြုံထည်နဲ့ ငယ်သားတွေလည်း တစ်ခုခုတော့မှားနေပြီဆိုတာ တွေ့နေရတာကြောင့် သူတို့တတ်နိုင်သလောက် မြန်မြန်ပျံပြေးတော့တယ်။ ယုန်တွေထက်တောင် ပိုမြန်နေပြီး ပြေးရင်းနဲ့ ချောင်လေးတစ်ခုခုများရှိမလား တွင်းလေးတစ်ခုခုများ ရှိမလားဆိုပြီး ရှာနေကြတယ်။

လုံခြုံတဲ့နေရာတစ်ခု ရောက်ပြီဆိုမှ သက်ပြင်းတစ်ချက်ချကာ နတ်ဆိုးဘုရင်ကြီးရှိတဲ့ဆီကို လှမ်းမျှော်ကြည့်လိုက်တယ်။

အကာအကွယ်စည်းကလည်း ခြိမ်းခြောက်မှုကို အာရုံခံမိပုံရပြီး အထက်ပိုင်းမှာ တိမ်မည်းကြီးတစ်ခု ပေါ်လာတယ်။ ရေခဲတမျှအေးစက်တဲ့လေထုကလည်း ရုတ်ခြည်းအားကောင်းလာကာ မသဲမကွဲအော်သံလိုမျိုးအသံပါ ရောထွေးပါလာတယ်။

နတ်ဆိုးဘုရင်ကြီးရဲ့နတ်ဆိုးအရောင်အဝါက ထုတ်ဖော်လိုက်ပြီးသားဖြစ်တဲ့အတွက် သူ့ပုံပန်းသဏ္ဍာန်ကို အနက်ရောင်နတ်ဆိုးစွမ်းအင်တစ်ခုက လွှမ်းမိုးထားတယ်။

သူ့ရဲ့လက်ပုံစံတွေ ဖော်ပြီးတဲ့နောက် လက်ဖဝါးကို အပြင်ဘက်မှာထားပြီး လက်တွေကို အရှေ့ဘက်ဆီထိုးခွဲလိုက်တယ်။

အကာအကွယ်စည်းကနေ စီခနဲအသံတစ်ခုထွက်ပေါ်လာတယ်။ ရေခဲတမျှအေးတဲ့လေတွေက ရေခဲချွန်းလိုပုံစံ ပေါင်းစည်းသွားပြီး နတ်ဆိုးဘုရင်ကြီးရှိရာဆီ အလင်းအလျင်နဲ့ လျင်မြန်စွာ ကျဆင်းလာတော့တယ်။ တချိန်တည်းမှာ ရေခဲတွေနှင်းတွေက ထီးသဏ္ဍာန်တစ်ခုလို ပုံစံပြောင်းသွားကာ တျန်းရှန်ရဲ့အထက်ပိုင်းကို ကာကွယ်ထားတယ်။

နတ်ဆိုးဘုရင်ကြီးပတ်လည်က နတ်ဆိုးစွမ်းအင်ကလည်း ပေါင်းစည်းကာ သိပ်သည်းသွားပြီး ရေခဲချွန်းတွေရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။ သူ့လက်ထဲ့ နတ်ဆိုးစွမ်းအင်က အကာအကွယ်စည်းရှိရာကို ဓားတစ်ချောင်းလို ပျံသန်းသွားပြီး ရေခဲထီးကို ထိုးခွဲကာ ဖောက်ထွင်းမြင်ရတဲ့ အကာအကွယ်စည်းကို ထိသွားတယ်။

အကာအကွယ်စည်းက မှန်လိုမျိုး အက်သွားကာ ကွဲအက်သံနဲ့အတူ ပြိုကျသွားတော့တယ်။

"သွားမယ်!"

နတ်ဆိုးဘုရင်ကြီး အမိန့်ပေးလိုက်တော့ လူတိုင်းက သူ့နောက်ကလိုက်ပြီး တျန်းရှန်ဆီကို အမြင့်ဆုံးအရှိန်နဲ့ သွားလိုက်ကြတယ်။

နတ်ဆိုးဘုရင်ကြီးက တျန်ရှန်းဆီကို နွားသိုးတစ်ကောင်လိုမျိုး ထိုးဖောက်သွားတယ်။ ကာရံထားတာတွေကို အကြီးအကျယ်ဖျက်ဆီးနေရင်း ရေသူမပုလဲကိုသုံးကာ ပိုင်ရန့်ကို စောင့်ကြည့်နေလိုက်တယ်။ သူ့ဘက်ကကြည့်ရင် ပိုင်ရန်က ဖီးနစ်မြို့တော်မှာ တည်ငြိမ်စွာ ပုန်းခိုနေတယ်။ နေ့တိုင်း မြို့အရှင်ရဲ့အိမ်တော်ထဲ ဝင်ဖို့အခွင့်အရေးရှာကာ ကျိုးရင်ရဲ့နာမကျန်းဖြစ်နေမှုကို စစ်ဆေးတယ်။

နတ်ဆိုးဘုရင်ကြီး ကြည့်မိလိုက်တယ်ဆိုတာနဲ့ ဒေါသတွေ ထွက်ပြီးရင်း ထွက်နေရတယ်။

အထူးသဖြင့် ဒေါသတွေ ပိုထွက်လာရတာက ပိုင်ရန်ကယ်နေတဲ့လူက ကံကြမ္မာသားတော် ကျိုးရင်ဖြစ်နေမှန်း သိလိုက်ရချိန်မှာဖြစ်တယ်။ သူ ဒေါသထွက်လွန်းလို့ အားလုံးက ထားရစ်ခဲ့ပြီး အိမ်ပြန်ကာ သူနဲ့ စာရင်းရှင်းချင်တဲ့အထိ ဖြစ်တယ်။

ဒေါသထွက်နေစဉ်မှာ ပြောမပြတတ်တဲ့ ဘေးကျပ်နံကျပ်ခံစားချက်တစ်ခုကိုလည်း ခံစားမိတယ်။ အတိတ်တုန်းက ရှဲ့ဇီချန်းဆိုတဲ့လူက ချစ်ခြင်းမေတ္တာမှာ နုံချာပြီး သူ့ရဲ့မောင်းမဆောင်ထဲမှာ အချောအလှလေးတွေအများကြီး ထားထားခဲ့တယ်။ သို့ပေမယ့် နတ်ဆိုးဘုရင်ကြီးက အဲ့တာကို စိတ်ထဲမထားဘဲ ဒီဟာက သူနဲ့အတူမရှိခင်တုန်းက ရှဲ့ဇီထျန်းရဲ့ဝါသနာလို့သာ ရိုးရိုးရှင်းရှင်းတွေးခဲ့တာကြောင့် သူ့ကိုအပြစ်ရှာနေစရာမလိုခဲ့ဘူး။ အခုတော့ ရှဲ့ဇီထျန်းက သူ့မောင်းမဆောင်ကို ရှင်းထုတ်လိုက်ပြီးတာတောင်မှ သေမျိုးနယ်မြေမှာ အရိုင်းအစိုင်းလူသားတစ်ယောက်ကို တိတ်တိတ်ပုန်း ထိန်းသိမ်းထားသေးတယ်ဆိုတာ အရှင်းသားကြီးဖြစ်နေပြီ။ ဒါ့အပြင် ရှဲ့ဇီထျန်းက ဒီလူကို အလွန်တရာချစ်ခင်ပြီးသစ္စာရှိနေတယ်။

ဒီလူက သေချာပေါက် ရှဲ့ဇီထျန်းရဲ့နှလုံးသားထဲမှာ နေရာတစ်ခုရှိနေမှာပဲ။

နတ်ဆိုးဘုရင်ကြီး ဒေါသပုန်ထကာ လှည့်စားခံလိုက်ရသလိုမျိုး ခံစားမိလာတယ်။

ကံကောင်းချင်တော့ သူက ကျိုးကြောင်းဆက်စပ်နိုင်သေးတယ်။ သူ ကောက်ခါငင်ခါကြီး ပြန်မသွားဘူး။ အဲ့အစား သူ့ဒေါသကို ချုပ်တည်းကာ သူ့တာဝန်ကို ဆက်လုပ်တယ်။ အဆုံးမှာတော့ နယ်နိမိတ်ကျောက်တုံးကို ရှာတွေ့ခဲ့တယ်။

ထိုအခိုက်အတန့်မှာ သူက အစောင့်တပ်သားအစီအရင်ကိုလည်း အစဖော်မိသွားတယ်။ မြေအောက်ကနေ အလောင်းကောင်တွေ ထွက်ပေါ်လာပြီး နယ်မြေတိုင်ကို စောင့်ရှောက်ဖို့အတွက် သဲကြီးမဲကြီးတိုက်ခိုက်လာကြတယ်။ ကံမကောင်းလှစွာ သူတို့တွေက ဒေါသထွက်နေတဲ့နတ်ဆိုးဘုရင်ကြီးရဲ့ ရိုက်ချခြင်းကို အလွယ်တကူခံလိုက်ရပြီး ပြာမှုန့်တွေအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့တယ်။

နယ်မြေတိုင်ကိုမြင်တော့ နတ်ဆိုးဘုရင်ကြီးရဲ့ဒေါသက မဆိုစလောက်လေး လျော့နည်းသွားတယ်။ အနည်းဆုံးတော့ ရှဲ့ဇီထျန်းက သူ့ကိုလိမ်ညာပြောပြီး တမင်လှည့်စားကာ မြောက်ပိုင်းကိုသွားပြီး ဆိတ်ရိုင်းတွေ ဖမ်းနေရအောင် မလုပ်ခဲ့ဘူးပဲ။ သူ့သတင်းအချက်အလက်က မှန်ကန်နေခဲ့တယ်။ တခြားနယ်မြေတိုင်ရဲ့တည်နေရာကို ကူရှာပေးပြီး ဝန်ဆောင်မှုကောင်းကောင်းကြီး ပေးခဲ့တာပဲ။

ထို့နောက် သူတွေးမိပြန်တယ်။ ရှဲ့ဇီထျန်းက ဒီအချက်အလက်အကြောင်း သိနေပြီးသားဖြစ်တာတောင် သူ့ကို လတ်တလောမှ ပြောပြလာခဲ့တာဖြစ်တယ်။ ဒါက နတ်ဆိုးဘုရင်ကြီးက ကျိုးရင်ကို သတ်ချင်နေတယ်ဆိုတာ သိနေတဲ့အတွက် နယ်မြေတိုင်ရဲ့တည်နေရာကို သတင်းပေးပြီး သူနဲ့ဝေးရာကို မျှားလိုက်တာပဲဖြစ်ရမယ်။ ဒီလိုတွေးမိတော့ နတ်ဆိုးဘုရင်ကြီး မုန်းတီးစွာနဲ့ အံကို ကြိတ်ထားလိုက်တယ်။

'အဲ့အရိုင်းအစိုင်းလူသားက ဒီလောက်တောင် အရေးပါတာလား?'

'သူတို့တွေ ဘယ်အချိန်တုန်းကများ အချိတ်အဆက်ရှိသွားရတာလဲ?'

'သူ့မှာ ငါရှိနေသေးတာတောင်မှာ တကယ်ကြီးတခြားလူတစ်ယောက်နဲ့ ချိတ်လိုက်သေးတယ်!'

'သူက တိတ်တိတ်ပုန်းချစ်သူတစ်ယောက် ဖွက်ထားတာပဲ!'

'ဒီမျိုးမစစ်ကတော့!'

နတ်ဆိုးဘုရင်ကြီးရဲ့ဒေါသက ဘောလုံးတစ်လုံးလို ဖောင်းကားလာပြီး ပေါက်ကွဲမလိုဖြစ်နေတယ်။

ဒါတွေက သူတွေးနိုင်သမျှ အကုန်ပဲ။ ရှဲ့ဇီထျန်းရဲ့အမူအကျင့်ကို အစအဆုံး စမ်းစစ်ကြည့်ပြီးနောက်မှာ ရှဲ့ဇီထျန်းဟာ နှစ်လိုဖွယ်ကောင်းအောင် ကလူကျီစယ်တတ်တဲ့လူဆိုပြီး မှားယွင်းကောက်ချက်ချပစ်လိုက်တော့တယ်။ သူက နတ်ဆိုးဘုရင်ကြီးနဲ့ ရှိနေစဉ်အတွင်းမှာလည်း တခြားသူတွေကို လိုက်ချိတ်ခဲ့ပြီး ချစ်သူပေါင်းများစွာထားကာ Casanovaနေထိုင်မှုပုံစံမျိုးနဲ့ နေနေတယ်။ [ T/N : Casanova ဆိုတာ မိန်းမတွေကို ဖြားယောင်းပြီး ချစ်သူတွေအများကြီးထားတဲ့ယောကျာ်းမျိုးကို ပြောတာပါ ]

သူနဲ့တင် မလုံလောက်တာကြောင့် တခြားသူတွေနဲ့ခိုးတွေ့ဖို့ အင်အားရှိနေသေးတာနေမယ်။

နတ်ဆိုးဘုရင်ကြီးရဲ့ဒေါသတွေ ထိန်းမရသိမ်းမရဖြစ်နေတယ်။ သူ အံကိုကြိတ်ကာ ခြေတစ်ချက်လောက်ပြင်းပြင်းဆောင့်ပြီး နယ်မြေတိုင်ကို ဖျက်ဆီးပစ်လိုက်တယ်။

သူ့ဒေါသတွေ ပေါက်ကွဲနေစဉ်မှာ ပိုင်ရန်ကတော့ သတိမမူမိရှာဘူး။ ဘာမှမဖြစ်ဘဲ ကိစ္စတွေပြီးစီးသွားတဲ့နောက်မှာ တည်းခိုခန်းဆီကို အသာလေးပြန်သွားလိုက်မယ်ဆိုတဲ့ အိမ်မက်လှလှလေးတောင် မက်နေလိုက်သေးတယ်။

အချိန်တွေကုန်ဆုံးသွားပြီး လေးရက်မြောက်နေ့ကို ရောက်လာခဲ့တယ်။ မြို့အရှင်နဲ့ လော့ကျန်းဖန်းက မြို့တော်ရဲ့နေရာတိုင်းကို ပိုက်စိပ်တိုက်ရှာနေခဲ့ပေမယ့် အကြီးအကျယ်ဒဏ်ရာရထားတဲ့ကျိုးရင်ကို ဘယ်လိုမှ ရှာမတွေ့နိုင်ဖြစ်နေတယ်။ သူတို့ရှာနေတဲ့လူက သူတို့နှာခေါင်းအောက်လေးမှာတင် ရှိနေတယ်ဆိုတာကိုလည်း မသိကြသေးဘူး။

တခြားရွေးခြယ်စရာလည်း မရှိတဲ့အတွက် လူထုရဲ့ဖိအားပေးမှုအောက်မှာ ဖီးနစ်မြို့အရှင်လည်း အကာအကွယ်စည်းကို ဖြုတ်ချကာ လူတွေကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခိုင်းလိုက်တယ်။

ဒီနေရာကနေ ကျိုးရင်ထွက်သွားနိုင်မယ့် အခွင့်အရေးဖြစ်တယ်။

တတိယနေ့မှာ ပိုင်ရန်က မြို့အရှင်ရဲ့အိမ်တော်ထဲမှာ တစ်နေကုန် အချိန်ဖြုန်းနေလိုက်တယ်။ သူ ပုန်းခိုကာ ထုပ်တန်းမှာ မလှုပ်မယှက်လှဲနေတယ်။ ဇာတ်လိုက်နဲ့ ဖုန့်မင်းတို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြည့်ချင်တာကြောင့်ဖြစ်တယ်။ [ Eng T/N : စာရေးသူက လေးရက်ဆိုပြီး ပြောထားပြီးသားပါ။ အဲ့တာက ကျိုးရင်ထွက်ပြေးဖို့အတွက် အခွင့်အရေးပေါ်လာတာကိုပြောတာပါ။ အခုက စာရေးသူက တတိယနေ့(ညအချိန်)ကို ပြန်သွားပြီးတော့ လေးရက်မြောက်မတိုင်ခင် ပိုင်ရန်၊ ဖုန့်မင်းနဲ့ ကျိုးရင်တို့ရဲ့ လုပ်ဆောင်ပုံတွေကို ဖော်ပြပေးတာပါ ]

ညရောက်တော့ ဖုန့်မင်း အိပ်မပျော်ဘူး။ သူမ အခန်းထဲမှာနေပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့တယ်။ တစ်ချိန်လုံးလည်း ခေါင်းလေးဆန့်ကာ ပြတင်းပေါက်အပြင်ကို လှမ်းလှမ်းကြည့်နေတယ်။ ပိုင်ရန်ရဲ့ တယုတယပြုစုမှုအောက်မှာ ဇာတ်လိုက်က ပြန်ကောင်းလာပြီဖြစ်တယ်။ သူ့အသွင်အပြင်က အရင်ကလိုမျိုး ဖြူဖျော့နေဆဲဆိုပေမယ့် သူ့ဖာသာတော့ လှုပ်ရှားနေနိုင်ပြီဖြစ်တယ်။ သူ အိပ်ရာထဲက ထွက်ကာ ကုလားထိုင်မှာထိုင်ပြီး ငြိမ်ငြိမ်လေးစောင့်နေတယ်။

လူနှစ်ယောက်က မြို့အရှင်ရဲ့အိမ်တော်က အစေခံတွေလို အဝတ်အစားမျိုး လဲဝတ်ထားပြီးပြီဖြစ်တယ်။ သူတို့က မသိသာတဲ့မီးခိုးရောင်အဝတ်အစားတွေနဲ့ ခေါင်းဆောင်းတွေကို ဝတ်ဆင်ထားတယ်။

လေထုက လေးလံလှတယ်။ သူတို့တွေက အခွင့်အရေးတစ်ခုရလာဖို့ကို တိတ်ဆိတ်စွာစောင့်ဆိုင်းနေပြီး ဘယ်သူမှ စကားမပြောဖြစ်ကြ။

ကောင်းကင်ကြီးက တဖြည်းဖြည်းလင်းသထက် လင်းလာတယ်။ ကောင်းကင်ပေါ်၌ အာရုဏ်မိုးသောက်ချိန်အလင်းရောင်လိုမျိုး ထွက်ပေါ်လာချိန်မှာ အဝေးတနေရာက ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ နေ့သစ်တစ်ခု စတင်ပြီ။ ဖုန့်မင်း ချက်ချင်းထရပ်ကာ တံခါးကိုတွန်းဖွင့်ပြီး အပြင်ထွက်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

ပိုင်ရန်လည်း နေရာကူးပြောင်းတဲ့အစီအရင်ကိုသုံးကာ ခေါင်မိုးပေါ်ကို အမြန်ရွှေ့လိုက်တယ်။

နက်ပြာရောင်ကောင်းကင်အလယ်မှာ ရွှေရောင်အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာတယ်။ ဒါက နေထွက်တော့မယ်ဆိုတဲ့ သင်္ကေတဖြစ်တယ်။ လှုပ်လှုပ်ရွရွနဲ့ လှိုင်းဂယက်လိုအရာမျိုးက မြို့တော်အထက်ကောင်းကင်မှာပေါ်လာပြီး ချက်ချင်းသလို တစ်မြို့လုံး ပြန့်နှံ့သွားတယ်။ ဂယက်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပြီးနောက် မြို့တော်ပေါ်က အကာအကွယ်စည်းက စတင်ပျော်ကျလာကာ အမှုန်လေးတွေအဖြစ် လျင်မြန်စွာ ပြောင်းလဲပျောက်ကွယ်သွားတော့တယ်။

အရာအားလုံးလည်း တိတ်ဆိတ်နေတယ်။

ဖုန့်မင်းမျက်နှာပေါ်မှာ အားရကျေနပ်စွာနဲ့ အံ့ဩသွားတဲ့အမူအယာလေးတစ်ခု ပေါ်လာတယ်။သူမက အခန်းထဲကို ချက်ချင်းပြန်ဝင်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ် "အကာအကွယ်စည်းကတော့ ဖြည်ပြီးသွားပြီ၊ ထွက်ကြစို့လေ"

ဇာတ်လိုက်လည်း ခေါင်းငြိတ်ကာ ထရပ်လိုက်တယ်။

ဖုန့်မင်းက သူ့ဘေးနားကို လျှောက်သွားပြီး လက်မောင်းကနေ ထိန်းပေးလိုက်တယ်။ မြို့အရှင်ရဲ့အိမ်တော်ထဲမှာရှိတဲ့ လူအများစုက အိပ်မောကျနေဆဲဖြစ်တာကြောင့် သူတို့က အခန်းထဲကနေ တိတ်တိတ်လေးထွက်နိုင်မယ့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ခြံဝင်းအလယ်ကို ဝင်ခဲ့ကြတယ်။

ဒါက အရဲစွန့်ရာကျပေမယ့် သူတို့မှာ တခြားရွေးခြယ်စရာမရှိဘူး။ တကယ်လို့သာ သူတို့တွေ အာရုဏ်တက်ချိန်အထိသာ စောင့်နေခဲ့မယ်ဆိုရင် လူတိုင်းလည်း နိုးနေလောက်ပြီး မြို့အရှင်ရဲ့အိမ်တော်ထဲက ထွက်ရခက်သွားလိမ့်မယ်။

_____

Thanks 🌹




Continue Reading

You'll Also Like

219K 19.6K 19
'ပိုင်လင်'ဟူသည့် ယနေ့ခေတ်လူငယ်သည် မိုးကြိုးအပစ်ခံရပြီးနောက် သူ့ဝိညာဥ်ဟာ ဒဏ္ဍာရီခေတ်ထဲရှိ ဝိညာဥ်ပြိုကွဲနေသော 'ကျူဟန်'ရဲ့ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီးနေ...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
131K 13.1K 58
ခ်စ္​တာ bae ပြစိ ပိစိရာ Anti fan ဆိုပဲ Big fan boy သာဆို ကိုကို႔ဘဝ ​ေရစုန္​​ေမ်ာၿပီ ........Kim Jongin........... လူရီးကို သိပ္​မႀကိဳက္​​ေပမယ္​့ ခ်...