"ကလေး"
Shinn Thu Youngဆိုတဲ့နာမည်လေးနဲ့ရှင်းရဲ့အကောင့်လေးကိုမြင်ပြီး ယွန်းမြတ်ရဲ့ရင်ခုန်သံတို့ စည်းချက်မညီချင်တော့...
Profileလေးမှာတော့ Hoddieအဝါခေါင်းစွတ်လေးနဲ့Styleဘောင်းဘီအဝါလေးနဲ့ Sneakerအဖြူလေးစီးပြီး ဆံပင်လေးကိုမြင့်မြင့်စီးထားကာ ကလစ်ဆိုင်ကယ်လေးအားမှီထားတဲ့ရှင်းသုရောင်ဟာ အသားဖြူဖြူလေးနဲ့ ချစ်စရာကောင်းနေလေသည်
ယွန်းလည်းအကောင့်ထဲအကုန်လိုက်ကြည့်ကာ ပုံလေးတွေခိုးsaveနေပြီးမှ Message Acceptလိုက်ပြီး ပြန်Hiထားလိုက်၏
'ကလေးရယ် မကိုရှာပြီးတောင်လာအပ်ထားပါလား ရှာပြီးအပ်တာလား တွေ့လို့အပ်တာလား မကိုမှတ်မိလို့အပ်တာလား'ဆိုတဲ့ 'လား'မေးခွန်းများနှင့်အတွေးပေါင်းသောင်းေခြာက်ထောင်သာဝင်နေလေသည်
&&&&&&&&&&&&&&&&&&&&&&&&
At Yangon 7:30AM
မျက်နှာပေါ်သို့ကျရောက်လာသော အလင်းရောင်ကြောင့် ရှင်းသုရောင်တစ်ယောက် ဟိုလှိမ့်ဒီလှိမ့်ဖြင့် လူးလဲကာထလာခဲ့သည်
ကျောင်းတက်ရမည်မို့တခါတည်းရေချိုးကာ အဝတ်လဲပြီးအောက်ဆင်းလာသည်
အောက်ထမင်းစားခန်းတွင် မေမေကဟင်းချက်နေသည်နှင့်........
"မေရီးရေဘာတွေချက်နေတာလဲ"
"ချက်ပြီးသွားပြီသမီးရဲ့ စားဖို့ထည့်နေတာ"
"သမီးဘာကူရဦးမလဲ"
"ဘာမှမကူပဲ ငြိမ်ငြိမ်လေးသာသွားထိုင်နေ
ကျောင်းသွားရမှာကို ဆီနံ့တွေစွဲကုန်ဦးမယ်"
"ဟုတ်မေရီး"
ရှင်းသုရောင်လည်းမနက်စာစားကာ သူ့အမေကိုနှုတ်ဆက်ပြီး နှင်းလဲ့အိမ်သို့ထွက်လာခဲ့လေသည်
"နှင်းလဲ့ရေ"
"လာပြီ မိရှင်းရေအော်မနေနဲ့"
ရှင်းလည်းတံခါးလာဖွင့်ပေးသည်မို့ ဆိုင်ကယ်လေးတွန်းကာ ဝင်လာခဲ့လေသည်
"ဟဲ့ နင်ကျောင်းကိုကားနဲ့သွားမှာလား"
"ဆိုင်ကယ်နဲ့ပဲသွားတော့မယ် ရှုပ်တယ်Parkingထိုးရတာ"
"ပြီးပြီမလား သွားကြမယ်"
နှင်းလဲ့လည်းခေါင်းသာငြိမ့်ပြလိုက်ပြီး ဆိုင်ကယ်ယူကာကျောင်းသို့နှစ်ယောက်သားထွက်လာခဲ့ကြသည်
ကျောင်းရောက်တော့သွန်းသွန်းနဲ့သဇင်ကိုတွေ့သည်မို့သူတို့ကိုခေါ်ကာ ကန်တင်းသို့ထွက်လာခဲ့လေသည်
သူတို့ထိုင်ပြီးမှာစရာရှိတာမှာပြီးစောင့်နေတုန်းမှာပဲ ရှိုင်းတို့လေးယောက်ယောက်လာခဲ့သည် သို့သော်သူတို့တင်မဟုပဲ ကောင်လေးတစ်ယောက်လည်းပါလာသည်မို့ ကောင်လေးအားသေချာကြည့်ကာ ရှင်းက အက်ကောင်လေးကို မေးငေါ့ပြီး ဘယ်သူလဲဆိုတဲ့ပုံစံနဲ့ရှိုင်းကိုပြောတော့ ရှိုင်းက
ရှိုင်း-"အားလုံးပဲ ဒါကငါ့အမေသူငယ်ချင်းရဲ့သား မျိုးမင်းဇေယျာတဲ့ ငါတို့နဲ့အတန်းရောမေဂျာရောအတူတူပဲ အသက်လည်းတူတူပဲ"
ALL-"တွေ့ရတာဝမ်းသာပါတယ်နော်"
မျိုးမင်းဇေယျာ-"ဟုတ်ကဲ့ ဝမ်းသာပါတယ်ဗျ ရှိုင်းကိုခင်သလို ကျွန်တော့်ကိုလည်းခင်လို့ရပါတယ်"
သွန်းသွန်း-"ဟဲ့ ရှိုင်းမိတ်ဆက်ပေးလိုက်ဦးလေ"
သွန်းကရှိုင်းကိုသူ့ဘက်ဆွဲကာ တိုးတိုးလေးပြောလိုက်သည်ကိုရှင်းကမြင်တော့ တကိုယ်စာကြားယုံလောက်လေးဖြင့်
"နှာပူးကထပြီ"
သွန်းသွန်းလည်းရှင်းဘက်လှည့်အကြည့်ရှင်းပြောလိုက်တာကို ပါးစပ်လှုပ်တာကြည့်၍သူ့ပြောမှန်းသိသည်မို့
သွန်းသွန်း-"ဟဲ့မိရှင်း နင်ဘာပြောလိုက်တာလဲ"
ရှင်း-"ဘာမှမပြောမိပါပူး သူငယ်ချင်းတို့ကြားကြလား"
အားလုံးကလည်းမသိသည်မို့ခေါင်းသာခါပြသည်မို့
ရှင်းလည်းသွန်းသွန်းအားပြောင်ပြလိုက်သည်
ထိုအချိန်တွင်တော့မျိုးမင်းဇေယျာရဲ့ရင်ထဲမှာတော့ မုန်တိုင်းတိုက်နေသလိုရင်ခုန်သံတို့ပြင်းထန်နေလေသည်
ရှိုင်းကလည်းအားလုံးကိုလက်ညှိုးထိုးပြီးတစ်ယောက်ဆီလိုက်မိတ်ဆက်ပေးလေသည်
ရှိုင်း-"ဇေယျာသူက စည်သူ သူက သွန်းသွန်း သူကလင်းထက် သူကနှင်းလဲ့ သူကသဇင် သူကရှင်းသုရောင်တဲ့ရှင်းလို့လဲခေါ်တယ် သူကဟိန်းလင်းရှိန် အားလုံးကBussiness Majorကပဲ"
မျိုးမင်းဇေယျာ-"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျ"
ရှင်းကိုကြည့်ပြီးတော့ပြောနေသည်မို့ ရှင်းလည်းနေရခက်ကာ ပြုံးသာပြလိုက်သည်
စိတ်ထဲတွင်တော့'ဒီကောင်ဘာလဲဟ'ဟုသာတွေးနေမိသည်
ထိုချိန်မှာထားသည်များေရာက်လာသည်မို့စားသောက်ကာ အတန်းတက်ရန်ထွက်လာခဲ့ကြသည်
ရှင်းတို့ကsecond yearsတွေမို့ first yearတွေအခန်းရှေ့ကဖြတ်ပြီးသွားရသည်မို့ သူတို့မမြင်ဖူးပါသောKing & Queenအားတွေ့တော့ဓာတ်ပုံတေရိုက်တဲ့သူကရိုက် ကြည့်နေတဲ့သူကကြည့် shipတဲ့လူကshipမို့ ပွက်လောရိုက်နေသည်
ရှင်းတို့ကတော့ ကြုံနေကြမို့အေးဆေးသာ အတန်းဘက်ထွက်လာခဲ့ကြသည်
အတန်းထဲဝင်ထိုင်ပြီးမကြာ ဆရာဝင်လာပြီးစာသင်လေသည် ထိုအချိန်ကျောင်းအုပ်နဲ့ဆရာမတစ်ယောက်ဝင်လာပြီး
"ဒီမှာ ရှင်းသုရောင်ရှိလားမသိပူး"
ရှင်းလည်းသူ့ခေါ်သည်မို့ မတ်တပ်ထလိုက်ကာ
"ရှင်းရှိပါတယ် ဆရာမ ဘာလိုအပ်တာရှိလို့လဲမသိပူး"
ထိုအချိန်ကျောင်းအုပ်မှ
"သမီးလေးနဲ့တခြားသူငယ်ချင်းတွေအကုန်ဆရာနဲ့ခဏလိုက်ခဲ့ကြပါ ဪ သူတို့ကိုခဏခေါ်သွားဦးမယ်နော"
"ဟုတ်ကဲ့ ဆရာကြီးရပါတယ်ဗျ"
ရှင်းနဲ့သူ့သူငယ်ချင်း၇ယောက်နဲ့အတူကျောင်းအုပ်နောက်မှလိုက်သွားကြသည် မျိုးမင်းဇေယျာကတော့ အသစ်မို့ သူတို့အတွက်စာကူးထားပေးရန်သာကျန်ခဲ့လေသည်
ကျောင်းအုပ်နဲ့အတူတူရှင်းတို့လိုက်လာရင်းလမ်းကကောင်စီရုံခန်းသွားသည်ကိုသိသည်မို့သွန်းသွန်းကရှင်းနားကပ်ကာ
"ရှင်းရေ ငါတို့တခုခုလုပ်မိလို့လားမသိပူး"
ရှင်းလည်းပုခုံးသာပင့်ပြလိုက်သည်
ကောင်စီရုံးခန်းရောက်တော့ ကျောင်းအာပ်ကထိုင်ခိုင်းသည်နှင့်အကုန်ဝင်ထိုက်လိုက်သည် ကောင်စီအဖွဲ့ကအများဆုံးဆယ်ယောက်သာရှိသည်မို့ ခုံတွေကသူတို့ထိုင်တာနဲ့ပြည့်သွားသည်
ကျောင်းအုပ်ကစားပွဲရဲ့ရှေ့ဆုံးကထိုင်ခုံမှာထိုင်ပြီး ပါလာတဲ့ဆရာမကဘေးခုံတွင်ဝင်လိုက်ကာ ရှင်းတို့ကတော့ကျန်ခုံများသို့သာဝင်ထိုင်လိုက်သည်
ကျောင်းအုပ်-"ရှင်းသုရောင် သမီးကစာလည်းတော်တယ် ကျောင်းရဲ့Queenလည်းဖစ်တယ် ဆရာမတွေရဲ့ယုံကြည်မှုနဲ့စည်းကမ်းလိုက်နာခြင်းအမှတ်လည်းပြည့်တယ် အက်တော့ Finalပြီးသွားပြီဖစ်တဲ့ ကျောင်းကောင်စီဥက္ကဌနေရာမှာ သမီးဝင်စေချင်တယ် သမီးလုပ်နိုင်လား"
ရှင်းနဲ့သူ့သူငယ်ချင်းတွေကတော့ မျက်လုံးပြူးလေးတွေနဲ့ အံ့ဩနေကြပြီး
ရှင်းလည်း ကောင်စီဥဣဌဆိုတာဟာ သူ့ရဲ့တဣသိုလ်တွင် အဖစ်ချင်ဆုံးသောအရာဖစ်တာကြောင့်တာဝန်ကြီးပေမဲ့လည်း လက်ခံလိုက်သည်
ရှင်း-"ဟုတ်ကဲ့ ရှင်းလုပ်ချင်ပါတယ် ဆရာကြီး"
ရှင်းသူငယ်ချင်းတွေကတော့တကယ်ကြီးလားဆိုတဲ့အကြည့်နှင့်သာအံ့ဩ၍မဆုံး
ကျောင်းအုပ်-"ခုလိုကြားရတာဝမ်းသာပါတယ်ကွယ် သမီးတို့သူငယ်ချင်းတွေအကြောင်းလဲဆရာကြားထားပါတယ် အားလုံးဟာတော်ကြပြီး စည်းကမ်းရှိကြတယ်ဆိုတာ အက်တော့ သားတို့သမီးတို့ကို သမီးရှင်းသုရောင်နဲ့အတူတူကောင်စီအဖွဲ့ဝင်အနေနဲ့လုပ်ပေးနိုင်လား"
အားလုံး-"ရှင်၊ဗျာ"
သွန်းသွန်းကတော့အံ့ဩပြီး ရှင်းမျက်နှာလှမ်းကြည့်တော့ ခေါင်းငြိမ့်ပြီး လက်ခံလိုက်လို့ပြောနေသည့်ပုံမို့ သူငယ်ချင်းတွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြပြီးမှ
အားလုံး-"ဟုတ်ကဲ့ဆရာကြီး သားတို့/သမီးတို့ ကြိုးစားပါမယ်"
ကျောင်းအုပ်-"ခုလိုကြားရတာ ဝမ်းသာပါတယ် အခုတော့ဒီလောက်ပဲ မနက်ဖန်ကောင်စီရုံးခန်းကို မနက်၇နာရီကြအားလုံးလာခဲ့ပြီး ဆရာမကလိုအပ်တာပြောပြလိမ့်မယ် အတန်းပြန်တက်လို့ရပါပြီ"
အားလုံး-"ဟုတ်ကဲ့ဆရာကြီး ကျေးဇူးတင်ပါတယ်ဆရာကြီး"
ဆရာကြီးအားနှုတ်ဆက်ကာအတန်းဆီသို့ပြန်လာခဲ့ကြသည် တစ်လမ်းလုံးကိုယ့်ကိုယ်ကိုမယုံနိုင်စွာဖြင့်ပင်ဖစ်နေကြသည်
အခန်းထဲရောက်တော့ ဆရာအားခွင့်တောင်းကာဝင်လာခဲ့ကြပြီးက့်ဘာသာသာထိုင်နေခဲ့ကြသည်
ဆရာ-"သမီးတို့ ဆရာကြီးကဘာကိစ္စဖစ်လို့တဲ့လဲ"
ရှင်းတို့လည်းဆရာမေးသည်မို့ ရှင်းကမတ်တပ်ရပ်ပြီး
ရှင်း-"ဟုတ်ကဲ့ဆရာ ရှင်းကိုကောင်စီဥဣဌလုပ်ဖို့ပြောပြီး သမီးသူငယ်ချင်းတွေကိုတော့ ကောင်စီအဖွဲ့ဝင်အဖစ်ခန့်လိုက်ပါတယ်ဆရာ"
ဆရာ-"ဒါကောင်းပါတယ် သမီးနဲ့လည်းလိုက်ဖက်ပါတယ် သမီးလိုတော်တဲ့ကျောင်းသူကျောင်းသားတွေတွက် အက်နေရာဟာ သင့်တော်တယ်"
ရှင်း-"ဟုတ်ကဲ့ဆရာ"
ဆရာ-"ကဲ ဒီနေ့က အစနေ့မို့စာမသင်ပူး လွတ်လွတ်လပ်လပ်နေကြပါ"
အားလုံးမတ်ပ်ထကာဆရာအားနှုတ်ဆက်ပြီး
သွန်း-"ဟဲ့ ငါတို့ဖစ်ပါ့မလား"
ရှင်း-"မဖစ်စရာအကြောင်းမှမရှိပဲ သွန်းရဲ့"
ရှိုင်း-"ကောင်စီဥဣဌ မုန့်လိုက်ဝယ်ကျွေးပါ"
သဇင်-"ဟုတယ် ဟုတယ် မုန့်လိုက်ဝယ်ကျွေး"
ရှင်း-"ငင့်😬 ဘာဆိုင်လို့တုန်းဟ"
သွန်း-"ဆိုင်တာပေါ့ ကောင်စီဥဣဌဖစ်သွားပြီဆိုတော့ နင်ဖစ်ချင်တဲ့ဆန္ဒတစ်ခုဖစ်သွားတာမဟုလား အက်တော့မုန့်ဝယ်ကျွေး"
ရှင်း-"ဟုပါပြီ လာကဲသွားကြမယ်"
လင်းထက်-"ဟားဟား ကြားချင်နေတာအက်တာ Let's Go"
ရှင်းနဲ့ရှင်းသူငယ်ချင်းတွေထသွားသည်မို့ရှင်းလည်းလိုက်သွားပေမဲ့ အခန့်ရှေ့ရောက်မှ ငိုင်ငိုင်ကြီးထိုင်နေတာ မျိုးမင်းဇေယျာကိုလှည့်ကြည့်ပြီး
"ဇေယျာ မလိုက်ပူးလား"ဆိုမှ ငိုင်နေရာကနေ မျက်နှာလန်းလာပြီး ထလိုက်လာလေသည်
ရှင်းလည်းအကုန်လုံးကိုမုန့်ဝယ်ကျွေးပြီး အတန်းလည်းမတက်ရတော့တာမို့ အိမ်သာပြန်လာခဲ့သည်
^^^^^^''''''''^^^^^^^'''''^'^'^'
ဖတ်တဲ့လူမရှိလဲ ကျွန်တော်ဆက်ရေးသွားမှာပါ
ကြိုးစားလျှက်~~_Shinn_Suu_~~
"ကေလး"
'ကလေးရယ် မကိုရှာပြီးတောင်လာအပ်ထားပါလား ရှာပြီးအပ်တာလား တွေ့လို့အပ်တာလား မကိုမှတ်မိလို့အပ်တာလား'ဆိုတဲ့ 'လား'မေးခွန်းများနှင့်အတွေးပေါင်းသောင်းခြောက်ထောင်သာဝင်နေလေသည်
&&&&&&&&&&&&&&&&&&&&&&&&
At Yangon 7:30AM
"သမီးဘာကူရဦးမလဲ"
"ဟုတ်မေရီး"
"နှင်းလဲ့ရေ"
"နှာပူးကထပြီ"
ထိုချိန်မှာထားသည်များရောက်လာသည်မို့စားသောက်ကာ အတန်းတက်ရန်ထွက်လာခဲ့ကြသည်
အားလုံး-"ရှင်၊ဗျာ"
ရှင်း-"ဟုတ်ကဲ့ဆရာ"
^^^^^^''''''''^^^^^^^'''''^'^'^'