ဗီလိန်ရဲ့ လမ်းပြကြယ်

De CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... Mais

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၀၂)

4K 692 7
De CrystalKyi

Unicode
ကျောင်းက ပြည်နယ်ထဲမှာ အကောင်းဆုံကျောင်းပဲဖြစ်တယ်။ ကျောင်းရဲ့စီမံမှုတွေကလဲ အတော်တင်းကြပ်တယ်။ ကျောင်းနဲ့ မသက်ဆိုင်တဲ့သူတွေအတွက် ဝင်ဖို့ထွက်ဖို့ဆိုတာ မလွယ်ကူဘူး။ တစ်ခါတုန်းက ချောင်ယွမ်က နေမကောင်းလို့ အဖေချောင်က ကျောင်းကို အမြန်ပြေးလာပြီးခေါ်ခဲ့တာ။ ဒါပေမဲ့ လုံခြုံရေးအစောင့်က သူ့ကို ကျောင်းထဲကို ပေးမဝင်ခဲ့ဘူး။

သူမက ချောင်လန့်ဖုန်းနံပါတ်လဲမသိဘူး။ ကျောင်းထဲလဲ ဝင်လို့မရဘူး။ အကြာကြီးစဥ်းစားပြီးသွားတော့မှ နောက်ဆုံးမှာ အမေချောင်အကြံတစ်ခု ရလာခဲ့တယ်။ သူမက ချောင်လန့်ရဲ့ပထမနှစ်တုန်းက အတန်းပိုင်ဆရာရဲ့ဖုန်းနံပါတ်ကို ပြန်ရှာလိုက်ပြီး အဲ့ကနေတစ်ဆင့် ချောင်လန့်ရဲ့ ဒုတိယနှစ်အတန်းပိုင်ဖုန်းနံပါတ်ကို ရခဲ့တယ်။

တစ်ကယ်လို့ ဆရာတွေက ကျောင်းသားကျောင်းသူတွေကို ကာကွယ်ပေးချင်ရင်တောင် ဘာပဲပြောပြော ဒါက ချောင်လန့်အမေဆီက ဖုန်းပဲလေ။ အမေချောင်ကပြောတယ် သူမနဲ့ ချောင်လန်နဲ့က စကားများမိတာတဲ့။ ပြီးတော့ ကလေးက စိတ်ဆိုးသွားပြီး သူမဖုန်းဆက်တာကို မကိုင်ဘူးတဲ့။ အတန်းပိုင်ဆရာအနေနဲ့ သူမကို သံသယဖြစ်စရာ မရှိဘူးပေါ့။

ဘာပဲပြောပြော အမေတစ်ယောက်က ကိုယ့်သမီးကို ဒီလိုဆက်ဆံလိမ့်မယ်လို့ ဘယ်လိုပုံမန်လူက တွေးမိမှာလဲ။ သူမစကားတွေအရဆိုရင် အမေချောင်က သူမသမီးကို အတော်လေး ဂရုစိုက်ပုံရတာပဲလေ။ အဲ့တာကြောင့် အတန်းပိုင်ဆရာက လုံးဝသံသယမဖြစ်မိဘူး။

တနင်္ဂနွေနေ့ည night study အချိန်မှာ လော့ညန်က ကျောင်းပေါက်ဝကို ထပ်ရောက်လာပြီး ချောင်လန့်ကို ပြဿနာလုပ်မှာစိုးလို့ ဦးလေးချန်က ချောင်လန့်ကို ကျောင်းပေါက်ဝထိ ကိုယ်တိုင်လိုက်ပို့ခဲ့တယ်။ ပြန်လာတော့ ထန်းမော့ရဲ့ ရည်ရွယ်ချက်အရ သူက လော့ညန်ကို စောင့်ကြည့်ဖို့ လူတစ်ယောက်လွှတ်လားလိုက်တယ်။ သူချောင်လန့်ကို နောက်တစ်ခါသွားပြီး ပြဿနာရှာမှာစိုးလို့ပေါ့။

လော့ညန်က အစ်မချောင်ကို တမင်သက်သက်ဖုန်းဆက်ပြီးပြောခဲ့တာက ချောင်မိသားစုကို ဒီပြဿနာကို ဖြေရှင်းခိုင်းဖို့လေ။ ပြီးတော့ ချောင်လန့်ကို သူ့ဆီ လိမ်လိမ်မာမာနဲ့ အရင်ရောက်လာအောင်လို့ လုပ်ခိုင်းတာပေါ့။ အဲ့တာကြောင့် လော့ညန်က ဒီ၂ရက်တော့ အတော့်ကို ငြိမ်နေတယ်။ ဒုတိယအစ်မချောင်ဆီကနေ လာမဲ့ သတင်းကောင်းကို စောင့်မျှော်နေတာပေါ့။

အဲ့တာကြောင့် အခုလက်တလောတော့ လော့ညန်ဆီကနေ ဘာနှောင့်ယှက်မှုမှ ရှိမလာဘူး။ ဒါပေမဲ့ တနင်္လာနေ့မနက်ခင်းအစော အလံတင်တော့ အတန်းပိုင်ဆရာက ချောင်လန့်ကို ပြောစရာရှိတယ်ဆိုပြီး ခေါ်လိုက်တယ်။

ချောင်လန့်အမှတ်တွေက ကောင်းတယ်။ အဲ့တာကြောင့် အတန်းပိုင်ဆရာက မကြာခဏဆိုသလို သူမကို အကူအညီတောင်းလေးရှိတယ်။ အရင်တစ်ခေါက်တုန်းက သူမက တစ်ချို့အဖြေလွှာတွေကို ကူပြီးစစ်ပေးခဲ့တယ်။ အဲ့တာကြောင့် ချောင်လန်ကလဲ အများကြီး မစဥ်းစားခဲ့ဘူး။ ရလဒ်ကတော့ ချောင်လန်လာတော့ သူမ၁နှစ်လောက် မတွေ့ခဲ့ရတဲ့ အမေချောင့်ကို တွေ့လိုက်ရတယ်။

ချောင်လန်က အနောက်ကိုလှည့်လိုက်ပြီး ထွက်သွားချင်နေတယ်။ ဒါပေမဲ့ အတန်းပိုင်ဆရာက သူမပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်တယ်။ " ဘာလို့ ကိုယ့်မိဘကိုယ် ဆူဆူပုတ်ပုတ်ကြီး လုပ်နေတာလဲ။ သမီးအမေက သမီးကို အရမ်းစိုးရိမ်နေတာ မမြင်ဘူးလား။ သူမက ကျောင်းကိုတောင်လာပြီး သမီးကို လာတွေ့ရတာ။ ဒီထက်ပိုပြီး စိတ်ဆိုးနေလို့ မရတော့ဘူးနော်။ သွား သမီးအမေနဲ့ ကောင်းကောင်းစကားပြောချည်။ ဘယ်လိုလုပ် သားသမီးနဲ့ မိဘက ရန်အကြာကြီးဖြစ်နေရမှာလဲ။ "

ပြောလဲပြီးရော အတန်းပိုင်ဆရာက ပျော်ရွှင်စွာနဲ့ ထွက်သွားခဲ့တယ်။ ချောင်လန်ကတော့ အမေချောင်နဲ့ နည်းနည်းလေးမှ စကားမပြောချင်ဘူး။ ဒါပေမဲ့ ထပ်စဥ်းစားကြည့်လိုက်တော့ သူမရပ်လိုက်တယ်။

သူမနဲ့ ချောင်မိသားစုကြားက ပြဿနာကို အချိန်အကြာကြီးဆွဲခဲ့ပြီးပြီ။ ပြီးတော့ သူမတက်နိုင်သလောက်လဲ ရှောင်ခဲ့ပြီးပြီ။ ဒါက ဖြေရှင်းဖို့ နည်းလမ်းမဟုတ်ဘူး။ သူမ ဒါကို ဖြေရှင်းဖို့ အချိန်တစ်ချို့ပေးသင့်တယ်။ အရင်တုန်းက သူမက အဖေချောင်နဲ့ အမေချောင်တို့နဲ့ စကားပြောဖို့ အခွင့်အရေးရှာချင်ခဲ့တာ။ ဒါပေမဲ့ တစ်ကယ်လို့ သူမချောင်မိသားစုအိမ်ကို ပြန်သွားလိုက်ရင် သူမပြန်ထွက်လာလို့မရတော့မှာ သူမကြောက်နေခဲ့တာ။ အဲ့တာကြောင့် သူမက အဲ့အကြံကို ဒီအတိုင်းပဲ ထားခဲ့ရတာ။

အခုတော့ အမေချောင်က သူမကို အရင်စပြီး လာရှာတယ်လေ။

ချောင်လန် အနောက်ကိုဆုတ်လိုက်တယ်။

အားလုံးက အပြင်မှာ အလံတင်နေကြတယ်။ အဲ့တာကြောင့် ဒီနေရာမှာ ဘယ်သူမှမရှိဘူး။

အမေချောင်က ချောင်လန့်ကို ဒေါသနဲ့လာရှာတာပဲ။ ဒါပေမဲ့ကျောင်းထဲလဲရောက်ရော နည်းနည်း ပြေလျော့သွားတယ်။ ပြီးတော့ သူမ၁နှစ်နီးပါးလောက်မမြင်ခဲ့ရတဲ့ ချောင်လန့်ကိုလဲ တွေ့လိုက်ရော ရုတ်တရက် သူမသိလိုက်ရတယ်။ သူမရှေ့က ဒီတတိယမြောက်သမီးက သူမနဲ့နည်းနည်း မရင်းနီးဘူးဆိုတာကိုပေါ့။ ပြီးတော့ သူမကို လုံးဝမမှတ်မိနိုင်ဘူးဖြစ်နေတယ်။

သူမက အရင်ကထက် အများကြီး ပိုလှလာတယ်။ အမေချောင်က သူမဘဝမှာ ဒီလောက်လှတဲ့ မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ချောင်လန့်ဆီမှာ အရင်တုန်းက ရှိတဲ့ မပြည့်စုံမှုတွေကလဲ အကုန်မရှိတော့ဘူး။ သူမတစ်ကိုယ်လုံးက အရင်ကနဲ့ နည်းနည်းလေးမှ မတူတော့ဘူး။

အမေချောင်က ဘာလို့လဲတော့မသိဘူး ရုတ်တရက်ကြီး သူမတ်တပ်မရပ်နိုင်တော့ဘူးလို့ ခံစားလာရတယ်။ သူမက ကြောင်ကြောင်ကြီးနဲ့ ချောင်လန့်ကို ကြည့်နေခဲ့တယ်။ ချောင်လန့်ကို အကြာကြီးကြည့်နေပြီးတော့မှ သူမက ပြောလိုက်တယ်။ " ၁နှစ်တောင်ရှိနေပြီ။ တစ်ကယ်လို့ အမေကဒီနေ့ လာမကြည့်ဘူးဆိုရင် တစ်သက်လုံး အိမ်ပြန်မလာတော့ဘူးလား။ "

အမေချောင်က အရင်ဦးဆုံး ခံစားသွားရစေနိုင်မဲ့ ကဒ်ကို သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ချောင်လန့်ကို သူမမွေးထားတာလေ။ ချောင်လန်က အိမ်ကထွက်သွားတုန်းကတော့ အရမ်းစိတ်တိုနေမှာပေါ့။ ဒါပေမဲ့ သူမက သူမမိသားစုအတွက် ဘာခံစားချက်မှ မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူးလေ။

သူမအသံအနေအထားကိုကြားလိုက်ရတော့ တစ်ကယ်လို့ ချောင်လန်က ချောင်မိသားစုရဲ့ လုပ်ရပ်တွေကိုသာ မသိဘူး၊ ပြီးတော့ မိသားစုဆက်ဆံရေးနဲ့ပတ်သက်လို့ တစ်ကယ့်လက်တွေ့မကျတဲ့ ထင်ယောင်ထင်မှားမှုတွေသာ ရှိနေတယ်ဆိုရင် အမေချောင်က သူမကို တစ်ကယ့်ကို စိုးရိမ်နေတာလို့ သူမတွေးမိလောက်တယ်။

ချောင်လန်က ကျောင်းအုပ်ကြီးကနေ အလံတင်တဲ့အချိန် မိန့်ခွန်းပြောနေတာကို အာရုံစူးစိုက်ပြီး နားထောင်နေခဲ့တာ်။ ပြီးတော့ မျက်နှာသေကြီးနဲ့ " ပြောစရာရှိတာသာ ပြောပါ "

အမေချောင်က သူမပြင်ဆင်လာတဲ့ " အမေက သမီးကို အရမ်းစိုးရိမ်နေခဲ့တာ " ဆိုတဲ့ စကားကို ပြောမလို့လုပ်နေတာ။ ဒါပေမဲ့ ရုတ်တရက် အဲ့တာကို မပြောနိုင်တော့ဘူး။

အဲ့အစား သူမက ချောင်လန့်ကို စူးစူးရဲရဲကြည့်လိုက်ပြီး " ညည်း အမေ့ကိုတွေ့တာ ၁နှစ်လောက်တောင်ရှိတော့မယ်။ ညည်းမှာ အသိတရားရောရှိသေးရဲ့လား။ ဟမ် နင့်လိုသားသမီးမျိုး ရှိသေးရဲ့လား "

" တစ်ကယ်လို့ သမီးလို သားသမီးမျိုး မရှိဘူးလို့ပြောကြေးဆိုရင် အမေ့လို မိဘမျိုးလဲ မရှိဘူးပဲ။ " ချောင်လန်က စိတ်မရှည်စွာနဲ့ အမေချောင့်ကို ကြားဖြတ်ဝင်ပြောလိုက်တယ်။ " သမီးတစ်ယောက်လုံးကို ၁နှစ်လုံးလုံး လျစ်လျူရှုထားတဲ့ မိဘ...၊ သမီးတစ်ယောက်လုံးကို တစ်ပဲတစ်ပြားမှ မပေးဖူးတဲ့ မိဘ၊ ပြီးတော့ သမီးသေသေရှင်ရှင် ဂရုမစိုက်တဲ့ မိဘမျိုးလေ။ အရင်အပတ်တုန်းက လော့ညန်က ကျောင်းထိလာပြီး သမီးကို ပြန်ပေးဆွဲမလိုတောင် လုပ်သွားတယ်။ ဒီအပတ်ကျတော့ အမေက ရောက်လာတယ်။ အမေဒီနေ့ဘာလို့ ဒီကိုရောက်လာတာလဲဆိုတာ အမေရော သမီးရော သိနေတာပဲ။ ဒီမှာ တစ်ခြားလူလဲ မရှိဘူး။ ပြောစရာရှိတာသာ ပြောစမ်းပါ။ အလံတင်တာက နောက်၁၀မိနစ်ဆို ပြီးတော့မှာ။ "

အမေချောင်က ဘာမျက်နှာမှ မကျန်တော့ဘူး။ သူမတစ်သက်လုံးမှာ တစ်နေ့ သူမကိုယ်တိုင်မွေးထားတဲ့ သမီးဆီကနေ ဒီလို သူမမျက်နှာကို ဆွဲဖြဲတာခံရလိမ့်မယ်လို့ သူမဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

ချောင်လန့်ရဲ့ စကားတစ်ခွန်းကြောင့်ပဲ ခဏကြာတော့ သူမရဲ့ တစ်ကယ့်သရုပ်မှန်က ပေါ်လာခဲ့တယ်။

" လော့ညန်က ညည်းကိုလာရှာတာကို ညည်းက သူ့မျက်နှာကို ဖြတ်ရိုက်ပြီး ညည်းအတန်းဖော်တွေကို သူ့ကို မောင်းထုတ်ခိုင်းလိုက်တယ်လို့ ညည်းအစ်မက ငါ့ကို ပြောတယ်။ အဲ့တာဟုတ်လား။ "

" အဲ့တာက ပြဿနာရှိလို့လား "

" သူက စိတ်ကောင်းနဲ့ ညည်းကို နေ့တိုင်းလာတွေ့တာလေ။ ညည်းကို မက်ဆေ့တွေပို့တယ် ဖုန်းတွေခေါ်တယ်ဆိုတာကလဲ အကောင်းနဲ့လေ။ သူက ပိတ်ရက်မှာ ကျောင်းပေါက်ဝတောင်လာပြီး ညည်းကို ညနေစာခေါ်ကျွေးဖို့ လာခေါ်တာလေ။ ညည်းခေါင်းထဲမှာ ဘယ်လိုအတွေးတွေများရှိနေလို့ သူ့ကို ငြင်းလွှတ်လိုက်ရတာလဲ။ "

ချောင်လန်ကတော့ အမေချောင်က တစ်ကယ့်ကို အကျိုးအကြောင်းမဆီလျော်တာပဲလို့ ခံစားနေရတယ်။

" သူ့ကို လာလို့ သမီးကပြောခဲ့လို့လား "

" လော့ညန်မိသားစု အခြေအနေတွေက အရမ်းကောင်းတယ်။ သူက ညည်းကို သဘောကျတာကတောင် ညည်းရဲ့ကောင်းချီးတစ်ခု ဖြစ်နေပြီ။ အဲ့တာကို ညည်းက ချေးများနေသေးတယ်။ ညည်းက ညည်းနဲ့အတူတူစာသင်နေတဲ့ အတန်းဖော်တစ်ချို့ လိုက်တာခံရတာနဲ့ပဲ မျက်လုံးက ဟိုးမိုးပေါ်ရောက်နေတာလား။ ညည်းအစ်မနဲ့ ငါနဲ့က ညည်းကို ဂရုစိုက်လို့ ဒီလောက်ကောင်းတဲ့ သမက်ကို ရှာပေးထားတာ။ အဲ့တာမှ ညည်းက ရွှေပန်းကန်လုံးနဲ့ စားနိုင်အောင်လို့လေ။ အဲ့တာကို ညည်းက ဖျက်လိုဖျက်စီးလုပ်နေသေးတယ်။ "

ချောင်လန်က အသက်ပြင်းပြင်းရှူလိုက်တယ်။

" သမီးကို ရွှေပန်းကန်လုံးပေးတာရော ဟုတ်လို့လား။ အမေ့ဘာသာ ယူနေတာမဟုတ်ဘူးလား။ လော့ညန်က အမေ့ကို ပိုက်ဆံဘယ်လောက်တောင်ပေးထားလို့ ကိုယ့်သမီးကိုယ် ဒီလိုရောင်းစားနိုင်ရတာလဲ။ "

အမေချောင် နောက်တစ်ခါ ပြောစရာစကားမရှိတော့ဘူး။

ချောင်လန်က အခုဆို အရင်ကလဲ လုံးဝမတူတော့ဘူး။ ချောင်လန်က သူမဘာပြောပြော လွယ်လွယ်လေးနဲ့ အရူးလုပ်လို့ရမဲ့ ကလေးမလေး မဟုတ်တော့ဘူး။ သူမက ချောင်လန့်ကို လျော့တွက်မိသွားတယ်ဆိုတာ အမေချောင် သိလိုက်ရတယ်။ ဒါပေမဲ့ ချောင်လန်က တဲ့တိုးကြီးပြောလိုက်တာမလို့ သူမက နည်းနည်းတော့ စိတ်တိုသွားတယ်။

" တင်တောင်းတဲ့ ဈေးက ဘာဖြစ်နေလို့လဲ။ ငါက ညည်းကို ဆယ်နှစ်ကျော်လောက် ကျွေးမွေးထားရတာလေ။ ပြီးတော့ပိုက်ဆံတွေ အများကြီး ကုန်ခဲ့တာ။ အဲ့တာတွေကိုရော ထည့်တွက်ဦးလေ။ တင်တောင်းတဲ့စရိတ် တောင်းတာ ဘာဖြစ်နေလို့လဲ။ ညည်းက ငါချက်တဲ့အစားအစာတွေစားပြီး ငါ့ပိုက်ဆံတွေသုံးခဲ့တာလေ။ ငါက ညည်းအတွက် ၁၀နှစ်ကျော်လောက် စားဖို့ဟာတွေ လုပ်ပေးခဲ့ရတာ။ ညည်းငါတို့ကို ဘယ်လောက် အကြွေးတင်နေတယ်လို့ ညည်းထင်လဲ။ ညည်းက အရမ်းလှလာပြီး ချမ်းသာတဲ့ကျောင်းသားတွေက ညည်းကို လိုက်ပိုးကြတာနဲ့ ညည်းမိသားစုကို မျက်လုံးထဲ မထည့်တော့ဘူးပေါ့လေ။ ဟုတ်လား။ ငါမရှိဘဲ ညည်းအဖေမရှိဘဲနဲ့ဆိုရင် ညည်းက ဘယ်လိုလုပ် ဒီမှာ ရှိနေနိုင်မှာလဲ။ ညည်းရဲ့ ကောင်းလှတဲ့ ဦးနှောက်က ဘယ်မှာ ရှိနေနိုင်မှာလဲ။ ဒီမျက်နှာ.... "

သမီးဦးနှောက်ကတော့ အမေတို့နဲ့ ဘာမှလုပ်စရာ မရှိဘူး။

ချောင်လန်က ထပ်ပြီး နားမထောင်နိုင်တော့ဘူး " အဲ့တော့ ဘာလုပ်ချင်နေတာလဲ "

နောက်ဆုံးတော့ အမေချောင်က ရပ်သွားပြီး ကျေနပ်စွာနဲ့ ပြုံးလိုက်တယ်။ ပြီးတော့မှ ဖြေးဖြေးလေး ပြောလိုက်တယ်။ " ငါက ညည်းအမေပါ။ ငါက သေချာပေါက် ညည်းကို ဘယ်အန္တရာယ်ဖြစ်စေပါ့မလဲ။ ကောင်းပြီ..... ညည်းက နည်းနည်းတော့ ငယ်သေးတယ်။ ဒါပေမဲ့ သူက ညည်းကို ဒီလောက်တောင် ကြိုက်နေတာလေ။ ပြီးတော့ သူက ညည်းဒုတိယခဲအိုထက် ပိုကောင်းနေတာပဲကို။ အဲ့တာကြောင့် လိမ်လိမ်မာမာလေးနဲ့ အမေနဲ့ပြန်လိုက်ခဲ့။ ပြီးတော့ လော့ညန်ကို တောင်းပန်လိုက်။ ပြီးတော့ သူတို့နဲ့ ထမင်းတူတူစား....... "

" မဖြစ်နိုင်ဘူး " ချောင်လန်က အမေချောင်ပြောနေတာကို ကြားဖြတ်ပြောလိုက်တယ်။ " တစ်ကယ်လို့ သူနောက်တစ်ခါ ထပ်လာရဲတယ်ဆိုရင် သမီးရဲခေါ်လိုက်မှာ။ "

" ရဲတိုင်မယ်!! " အမေချောင်က နောက်တစ်ခါ အော်လိုက်တယ်။ ချောင်လန်က ဘာတွေစဥ်းစားနေတာလဲဆိုတာ သူမတစ်ကယ်သိချင်နေတယ်။ ဒါပေမဲ့ သူမက နည်းနည်းစိတ်မရှည်တော့ဘူး။ " ညည်းသိလား။ ညည်းလော့ညန်ကို တွေ့စရာမလိုဘူး။ ညည်းက အဲ့ပိုက်ဆံကို ပေးနိုင်တယ်ဆိုရင် ငါက ညည်းဘာလုပ်ချင်တာလဲဆိုတာ ဂရုမစိုက်တော့ဘူး။ "

လော့ညန်တို့မိသားစုအခြေအနေအရဆိုရင် တင်တောင်းတဲ့စရိတ်က သေချာပေါက် ယွမ်သောင်းဂဏာန်း သိန်ဂဏာန်းလောက် ရှိမှာ။ ချောင်လန့်မှာ အဲ့လောက်ပိုက်ဆံရှိမယ်လို့ သူမတော့ မယုံပါဘူး။

" အဲ့ပိုက်ဆံကို သမီးပေးမယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး "

" ဘာ?? "

အမေချောင် ကြောင်သွားတယ်။

ချောင်လန်က ပြောလိုက်တယ်။ " တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးသွားရင် အဲ့ကျ ပိုက်ဆံပေးမယ်။ အဲ့တာကို ချောင်လန့်ကို ကျွေးမွေးခဲ့လို့ကျေးဇူးဆပ်တာလို့ပဲ စဥ်းစားလိုက်ပေါ့။ "

နိုင်ငံထဲက ထိပ်တန်း တက္ကသိုလ်၂ခုကိုသာ ဝင်နိုင်ရင် သူမက ယွမ်၂သိန်းထက် ပိုရနိုင်တယ်။ သူမသာ အခုလက်ရှိအဆင့်ကို ထိန်းထားပြီး ပိုပြီးကြိုးစားလိုက်မယ်ဆိုရင် သူမက အဲ့ပိုက်ဆံကိုရနိုင်မယ်ဆိုတာ ချောင်လန်ကတော့ ယုံကြည်ချက်ရှိတယ်။

[ TN: တရုတ်က ထိပ်တန်းတက္ကသိုလ်၂ခုက ပေကျင်းတက္ကသိုလ်နဲ့ ကျင်းဟွာတက္ကသိုလ် တို့ပဲ ဖြစ်တယ်။ ]

နှမြောစရာတော့ ကောင်းပေမဲ့ တစ်ကယ်လို့ သူမက ဒီလိုရွံစရာကောင်းတဲ့ ချောင်မိသားစုနဲ့ ရေစက်ဖြတ်နိုင်မယ်ဆိုရင် ချောင်လန်ကတော့ အဲ့ပိုက်ဆံက တန်တယ်လို့ ခံစားရတာပဲ။

သူမချောင်မိသားစုကို ပေးမဲ့ပိုက်ဆံက သူတို့ရဲ့ 'ကြင်နာမှု'ကို ပြန်ပေးဆပ်တဲ့ သဘောပဲ။ သူမကချောင်လန့်ကိုယ်ကို ယူထားတာဆိုတော့ အနည်းဆုံးတော့ ဒီလောက်တော့ လုပ်ပေးရမှာပေါ့။ အဲ့တာပြီးသွားရင်တော့ အနာဂတ်မှာ သူမနဲ့ အဖေချောင် အမေချောင်တို့နဲ့က ဘာမှမပတ်သတ်တော့ဘူး။ သူမက အဲ့ပိုက်ဆံကို လျော်ကြေးလို့ သဘောထားလိုက်မယ်။ အဲ့တာကြောင့်မလို့ အနာဂတ်မှာ သူမက အဖေချောင်နဲ့ အမေချောင်တို့ကို ပြုစုစောင့်ရှောက်ဖို့ တာဝန်မရှိတော့မှာလေ။

သူမက ဒီပိုက်ဆံကို အသုံးပြုပြီး သူမရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးအတွက် သန့်ရှင်းမှုကို ဝယ်လိုက်မယ်။

Zawgyi
ေက်ာင္းက ျပည္နယ္ထဲမွာ အေကာင္းဆုံေက်ာင္းပဲျဖစ္တယ္။ ေက်ာင္းရဲ႕စီမံမႈေတြကလဲ အေတာ္တင္းၾကပ္တယ္။ ေက်ာင္းနဲ႔ မသက္ဆိုင္တဲ့သူေတြအတြက္ ဝင္ဖို႔ထြက္ဖို႔ဆိုတာ မလြယ္ကူဘူး။ တစ္ခါတုန္းက ေခ်ာင္ယြမ္က ေနမေကာင္းလို႔ အေဖေခ်ာင္က ေက်ာင္းကို အျမန္ေျပးလာၿပီးေခၚခဲ့တာ။ ဒါေပမဲ့ လုံၿခဳံေရးအေစာင့္က သူ႔ကို ေက်ာင္းထဲကို ေပးမဝင္ခဲ့ဘူး။

သူမက ေခ်ာင္လန္႔ဖုန္းနံပါတ္လဲမသိဘူး။ ေက်ာင္းထဲလဲ ဝင္လို႔မရဘူး။ အၾကာႀကီးစဥ္းစားၿပီးသြားေတာ့မွ ေနာက္ဆုံးမွာ အေမေခ်ာင္အႀကံတစ္ခု ရလာခဲ့တယ္။ သူမက ေခ်ာင္လန္႔ရဲ႕ပထမႏွစ္တုန္းက အတန္းပိုင္ဆရာရဲ႕ဖုန္းနံပါတ္ကို ျပန္ရွာလိုက္ၿပီး အဲ့ကေနတစ္ဆင့္ ေခ်ာင္လန္႔ရဲ႕ ဒုတိယနစ္အတန္းပိုင္ဖုန္းနံပါတ္ကို ရခဲ့တယ္။

တစ္ကယ္လို႔ ဆရာေတြက ေက်ာင္းသားေက်ာင္းသူေတြကို ကာကြယ္ေပးခ်င္ရင္ေတာင္ ဘာပဲေျပာေျပာ ဒါက ေခ်ာင္လန္႔အေမဆီက ဖုန္းပဲေလ။ အေမေခ်ာင္ကေျပာတယ္ သူမနဲ႔ ေခ်ာင္လန္နဲ႔က စကားမ်ားမိတာတဲ့။ ၿပီးေတာ့ ကေလးက စိတ္ဆိုးသြားၿပီး သူမဖုန္းဆက္တာကို မကိုင္ဘူးတဲ့။ အတန္းပိုင္ဆရာအေနနဲ႔ သူမကို သံသယျဖစ္စရာ မရွိဘူးေပါ့။

ဘာပဲေျပာေျပာ အေမတစ္ေယာက္က ကိုယ့္သမီးကို ဒီလိုဆက္ဆံလိမ့္မယ္လို႔ ဘယ္လိုပုံမန္လူက ေတြးမိမွာလဲ။ သူမစကားေတြအရဆိုရင္ အေမေခ်ာင္က သူမသမီးကို အေတာ္ေလး ဂ႐ုစိုက္ပုံရတာပဲေလ။ အဲ့တာေၾကာင့္ အတန္းပိုင္ဆရာက လုံးဝသံသယမျဖစ္မိဘူး။

တနဂၤေႏြေန႔ည night study အခ်ိန္မွာ ေလာ့ညန္က ေက်ာင္းေပါက္ဝကို ထပ္ေရာက္လာၿပီး ေခ်ာင္လန္႔ကို ျပႆနာလုပ္မွာစိုးလို႔ ဦးေလးခ်န္က ေခ်ာင္လန္႔ကို ေက်ာင္းေပါက္ဝထိ ကိုယ္တိုင္လိုက္ပို႔ခဲ့တယ္။ ျပန္လာေတာ့ ထန္းေမာ့ရဲ႕ ရည္႐ြယ္ခ်က္အရ သူက ေလာ့ညန္ကို ေစာင့္ၾကည့္ဖို႔ လူတစ္ေယာက္လႊတ္လားလိုက္တယ္။ သူေခ်ာင္လန္႔ကို ေနာက္တစ္ခါသြားၿပီး ျပႆနာရွာမွာစိုးလို႔ေပါ့။

ေလာ့ညန္က အစ္မေခ်ာင္ကို တမင္သက္သက္ဖုန္းဆက္ၿပီးေျပာခဲ့တာက ေခ်ာင္မိသားစုကို ဒီျပႆနာကို ေျဖရွင္းခိုင္းဖို႔ေလ။ ၿပီးေတာ့ ေခ်ာင္လန႔္ကို သူ႔ဆီ လိမ္လိမ္မာမာနဲ႔ အရင္ေရာက္လာေအာင္လို႔ လုပ္ခိုင္းတာေပါ့။ အဲ့တာေၾကာင့္ ေလာ့ညန္က ဒီ၂ရက္ေတာ့ အေတာ့္ကို ၿငိမ္ေနတယ္။ ဒုတိယအစ္မေခ်ာင္ဆီကေန လာမဲ့ သတင္းေကာင္းကို ေစာင့္ေမွ်ာ္ေနတာေပါ့။

အဲ့တာေၾကာင့္ အခုလက္တေလာေတာ့ ေလာ့ညန္ဆီကေန ဘာေႏွာင့္ယွက္မႈမွ ရွိမလာဘူး။ ဒါေပမဲ့ တနလၤာေန႔မနက္ခင္းအေစာ အလံတင္ေတာ့ အတန္းပိုင္ဆရာက ေခ်ာ္ငလန္႔ကို ေျပာစရာရွိတယ္ဆိုၿပီး ေခၚလိုက္တယ္။

ေခ်ာင္လန္႔အမွတ္ေတြက ေကာင္းတယ္။ အဲ့တာေၾကာင့္ အတန္းပိုင္ဆရာက မၾကာခဏဆိုသလို သူမကို အကူအညီေတာင္းေလးရွိတယ္။ အရင္တစ္ေခါက္တုန္းက သူမက တစ္ခ်ိဳ႕အေျဖလႊာေတြကို ကူၿပီးစစ္ေပးခဲ့တယ္။ အဲ့တာေၾကာင့္ ေခ်ာင္လန္ကလဲ အမ်ားႀကီး မစဥ္းစားခဲ့ဘူး။ ရလဒ္ကေတာ့ ေခ်ာင္လန္လာေတာ့ သူမ၁ႏွစ္ေလာက္ မေတြ႕ခဲ့ရတဲ့ အေမေခ်ာင့္ကို ေတြ႕လိုက္ရတယ္။

ေခ်ာင္လန္က အေနာက္ကိုလည့္လိုက္ၿပီး ထြက္သြားခ်င္ေနတယ္။ ဒါေပမဲ့ အတန္းပိုင္ဆရာက သူမပုခုံးကို ပုတ္လိုက္ၿပီး ေျပာလိုက္တယ္။ " ဘာလို႔ ကိုယ့္မိဘကိုယ္ ဆူဆူပုတ္ပုတ္ႀကီး လုပ္ေနတာလဲ။ သမီးအေမက သမီးကို အရမ္းစိုးရိမ္ေနတာ မျမင္ဘူးလား။ သူမက ေက်ာင္းကိုေတာင္လာၿပီး သမီးကို လာေတြ႕ရတာ။ ဒီထက္ပိုၿပီး စိတ္ဆိုးေနလို႔ မရေတာ့ဘူးေနာ္။ သြား သမီးအေမနဲ႔ ေကာင္းေကာင္းစကားေျပာခ်ည္။ ဘယ္လိုလုပ္ သားသမီးနဲ႔ မိဘက ရန္အၾကာႀကီးျဖစ္ေနရမွာလဲ။ "

ေျပာလဲၿပီးေရာ အတန္းပိုင္ဆရာက ေပ်ာ္႐ႊင္စြာနဲ႔ ထြက္သြားခဲ့တယ္။ ေခ်ာင္လန္ကေတာ့ အေမေခ်ာင္နဲ႔ နည္းနည္းေလးမ စကားမေျပာခ်င္ဘူး။ ဒါေပမဲ့ ထပ္စဥ္းစားၾကည့္လိုက္ေတာ့ သူမရပ္လိုက္တယ္။

သူမနဲ႔ ေခ်ာင္မိသားစုၾကားက ျပသနာကို အခ်ိန္အၾကာႀကီးဆြဲခဲ့ၿပီးၿပီ။ ၿပီးေတာ့ သူမတက္ႏိုင္သေလာက္လဲ ေရွာင္ခဲ့ၿပီးၿပီ။ ဒါက ေျဖရွင္းဖို႔ နည္းလမ္းမဟုတ္ဘူး။ သူမ ဒါကို ေျဖရွင္းဖို႔ အခ်ိန္တစ္ခ်ိဳ႕ေပးသင့္တယ္။ အရင္တုန္းက သူမက အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔နဲ႔ စကားေျပာဖို႔ အခြင့္အေရးရွာခ်င္ခဲ့တာ။ ဒါေပမဲ့ တစ္ကယ္လို႔ သူမေခ်ာင္မိသားစုအိမ္ကို ျပန္သြားလိုက္ရင္ သူမျပန္ထြက္လာလို႔မရေတာ့မွာ သူမေၾကာက္ေနခဲ့တာ။ အဲ့တာေၾကာင့္ သူမက အဲ့အႀကံကို ဒီအတိုင္းပဲ ထားခဲ့ရတာ။

အခုေတာ့ အေမေခ်ာင္က သူမကို အရင္စၿပီး လာရွာတယ္ေလ။

ေခ်ာင္လန္ အေနာက္ကိုဆုတ္လိုက္တယ္။

အားလုံးက အျပင္မွာ အလံတင္ေနၾကတယ္။ အဲ့တာေၾကာင့္ ဒီေနရာမွာ ဘယ္သူမွမရွိဘူး။

အေမေခ်ာင္က ေခ်ာင္လန္႔ကို ေဒါသနဲ႔လာရွာတာပဲ။ ဒါေပမဲ့ေက်ာင္းထဲလဲေရာက္ေရာ နည္းနည္း ေျပေလ်ာ့သြားတယ္။ ၿပီးေတာ့ သူမ၁ႏွစ္နီးပါးေလာက္မျမင္ခဲ့ရတဲ့ ေခ်ာင္လန္႔ကိုလဲ ေတြ႕လိုက္ေရာ ႐ုတ္တရက္ သူမသိလိုက္ရတယ္။ သူမေရွ႕က ဒီတတိယေျမာက္သမီးက သူမနဲ႔နည္းနည္း မရင္းႏီွးဘူးဆိုတာကိုေပါ့။ ၿပီးေတာ့ သူမကို လုံးဝမမွတ္မိႏိုင္ဘူးျဖစ္ေနတယ္။

သူမက အရင္ကထက္ အမ်ားႀကီး ပိုလွလာတယ္။ အေမေခ်ာင္က သူမဘဝမွာ ဒီေလာက္လွတဲ့ မိန္းကေလးမ်ိဳး တစ္ခါမွ မေတြ႕ဖူးဘူး။ ေခ်ာင္လန္႔ဆီမွာ အရင္တုန္းက ရွိတဲ့ မျပည့္စုံမႈေတြကလဲ အကုန္မရွိေတာ့ဘူး။ သူမတစ္ကိုယ္လုံးက အရင္ကနဲ႔ နည္းနည္းေလးမွ မတူေတာ့ဘူး။

အေမေခ်ာင္က ဘာလို႔လဲေတာ့မသိဘူး ႐ုတ္တရက္ႀကီး သူမတ္တပ္မရပ္ႏိုင္ေတာ့ဘူးလို႔ ခံစားလာရတယ္။ သူမက ေၾကာင္ေၾကာင္ႀကီးနဲ႔ ေခ်ာင္လန္႔ကို ၾကည့္ေနခဲ့တယ္။ ေခ်ာင္လန္႔ကို အၾကာႀကီးၾကည့္ေနၿပီးေတာ့မွ သူမက ေျပာလိုက္တယ္။ " ၁ႏွစ္ေတာင္ရွိေနၿပီ။ တစ္ကယ္လို႔ အေမကဒီေန႔ လာမၾကည့္ဘူးဆိုရင္ တစ္သက္လုံး အိမ္ျပန္မလာေတာ့ဘူးလား။ "

အေမေခ်ာင္က အရင္ဦးဆုံး ခံစားသြားရေစႏိုင္မဲ့ ကဒ္ကို သုံးဖို႔ ဆုံးျဖတ္လိုက္တယ္။ ေခ်ာင္လန္႔ကို သူမေမြးထားတာေလ။ ေခ်ာင္လန္က အိမ္ကထြက္သြားတုန္းကေတာ့ အရမ္းစိတ္တိုေနမွာေပါ့။ ဒါေပမဲ့ သူမက သူမမိသားစုအတြက္ ဘာခံစားခ်က္မ မရွိဘူးဆိုတာေတာ့ မျဖစ္ႏိုင္ဘူးေလ။

သူမအသံအေနအထားကိုၾကားလိုက္ရေတာ့ တစ္ကယ္လို႔ ေခ်ာင္လန္က ေခ်ာင္မိသားစုရဲ႕ လုပ္ရပ္ေတြကိုသာ မသိဘူး၊ ၿပီးေတာ့ မိသားစုဆက္ဆံေရးနဲ႔ပတ္သက္လို႔ တစ္ကယ့္လက္ေတြ႕မက်တဲ့ ထင္ေယာင္ထင္မွားမႈေတြသာ ရွိေနတယ္ဆိုရင္ အေမေခ်ာင္က သူမကို တစ္ကယ့္ကို စိုးရိမ္ေနတာလို႔ သူမေတြးမိေလာက္တယ္။

ေခ်ာင္လန္က ေက်ာင္းအုပ္ႀကီးကေန အလံတင္တဲ့အခ်ိန္ မိန္႔ခြန္းေျပာေနတာကို အာ႐ုံစူးစိုက္ၿပီး နားေထာင္ေနခဲ့တာ္။ ၿပီးေတာ့ မ်က္ႏွာေသႀကီးနဲ႔ " ေျပာစရာရွိတာသာ ေျပာပါ "

အေမေခ်ာင္က သူမျပင္ဆင္လာတဲ့ " အေမက သမီးကို အရမ္းစိုးရိမ္ေနခဲ့တာ " ဆိုတဲ့ စကားကို ေျပာမလို႔လုပ္ေနတာ။ ဒါေပမဲ့ ႐ုတ္တရက္ အဲ့တာကို မေျပာႏိုင္ေတာ့ဘူး။

အဲ့အစား သူမက ေခ်ာင္လန္႔ကို စူးစူးရဲရဲၾကည့္လိုက္ၿပီး " ညည္း အေမ့ကိုေတြ႕တာ ၁ႏွစ္ေလာက္ေတာင္ရွိေတာ့မယ္။ ညည္းမွာ အသိတရားေရာရွိေသးရဲ႕လား။ ဟမ္ နင့္လိုသားသမီးမ်ိဳး ရွိေသးရဲ႕လား "

" တစ္ကယ္လို႔ သမီးလို သားသမီးမ်ိဳး မရွိဘူးလို႔ေျပာေၾကးဆိုရင္ အေမ့လို မိဘမ်ိဳးလဲ မရွိဘူးပဲ။ " ေခ်ာင္လန္က စိတ္မရွည္စြာနဲ႔ အေမေခ်ာင့္ကို ၾကားျဖတ္ဝင္ေျပာလိုက္တယ္။ " သမီးတစ္ေယာက္လုံးကို ၁ႏွစ္လုံးလုံး လ်စ္လ်ဴရႈထားတဲ့ မိဘ...၊ သမီးတစ္ေယာက္လုံးကို တစ္ပဲတစ္ျပားမ မေပးဖူးတဲ့ မိဘ၊ ၿပီးေတာ့ သမီးေသေသရွင္ရွင္ ဂ႐ုမစိုက္တဲ့ မိဘမ်ိဳးေလ။ အရင္အပတ္တုန္းက ေလာ့ညန္က ေက်ာင္းထိလာၿပီး သမီးကို ျပန္ေပးဆြဲမလိုေတာင္ လုပ္သြားတယ္။ ဒီအပတ္က်ေတာ့ အေမက ေရာက္လာတယ္။ အေမဒီေန႔ဘာလို႔ ဒီကိုေရာက္လာတာလဲဆိုတာ အေမေရာ သမီးေရာ သိေနတာပဲ။ ဒီမွာ တစ္ျခားလူလဲ မရွိဘူး။ ေျပာစရာရွိတာသာ ေျပာစမ္းပါ။ အလံတင္တာက ေနာက္၁၀မိနစ္ဆို ၿပီးေတာ့မွာ။ "

အေမေခ်ာင္က ဘာမ်က္ႏွာမွ မက်န္ေတာ့ဘူး။ သူမတစ္သက္လုံးမွာ တစ္ေန႔ သူမကိုယ္တိုင္ေမြးထားတဲ့ သမီးဆီကေန ဒီလို သူမမ်က္ႏွာကို ဆြဲၿဖဲတာခံရလိမ့္မယ္လို႔ သူမဘယ္တုန္းကမွ မေတြးခဲ့ဖူးဘူး။

ေခ်ာင္လန္႔ရဲ႕ စကားတစ္ခြန္းေၾကာင့္ပဲ ခဏၾကာေတာ့ သူမရဲ႕ တစ္ကယ့္သ႐ုပ္မွန္က ေပၚလာခဲ့တယ္။

" ေလာ့ညန္က ညည္းကိုလာရွာတာကို ညည္းက သူ႔မ်က္ႏွာကို ျဖတ္႐ိုက္ၿပီး ညည္းအတန္းေဖာ္ေတြကို သူ႔ကို ေမာင္းထုတ္ခိုင္းလိုက္တယ္လို႔ ညည္းအစ္မက ငါ့ကို ေျပာတယ္။ အဲ့တာဟုတ္လား။ "

" အဲ့တာက ျပႆနာရွိလို႔လား "

" သူက စိတ္ေကာင္းနဲ႔ ညည္းကို ေန႔တိုင္းလာေတြ႕တာေလ။ ညည္းကို မက္ေဆ့ေတြပို႔တယ္ ဖုန္းေတြေခၚတယ္ဆိုတာကလဲ အေကာင္းနဲ႔ေလ။ သူက ပိတ္ရက္မွာ ေက်ာင္းေပါက္ဝေတာင္လာၿပီး ညည္းကို ညေနစာေခၚေကြၽးဖို႔ လာေခၚတာေလ။ ညည္းေခါင္းထဲမွာ ဘယ္လိုအေတြးေတြမ်ားရွိေနလို႔ သူ႔ကို ျငင္းလႊတ္လိုက္ရတာလဲ။ "

ေခ်ာင္လန္ကေတာ့ အေမေခ်ာင္က တစ္ကယ့္ကို အက်ိဳးအေၾကာင္းမဆီေလ်ာ္တာပဲလို႔ ခံစားေနရတယ္။

" သူ႔ကို လာလို႔ သမီးကေျပာခဲ့လို႔လား "

" ေလာ့ညန္မိသားစု အေျခအေနေတြက အရမ္းေကာင္းတယ္။ သူက ညည္းကို သေဘာက်တာကေတာင္ ညည္းရဲ႕ေကာင္းခ်ီးတစ္ခု ျဖစ္ေနၿပီ။ အဲ့တာကို ညည္းက ေခ်းမ်ားေနေသးတယ္။ ညည္းက ညည္းနဲ႔အတူတူစာသင္ေနတဲ့ အတန္းေဖာ္တစ္ခ်ိဳ႕ လိုက္တာခံရတာနဲ႔ပဲ မ်က္လုံးက ဟိုးမိုးေပၚေရာက္ေနတာလား။ ညည္းအစ္မနဲ႔ ငါနဲ႔က ညည္းကို ဂ႐ုစိုက္လို႔ ဒီေလာက္ေကာင္းတဲ့ သမက္ကို ရွာေပးထားတာ။ အဲ့တာမွ ညည္းက ေ႐ႊပန္းကန္လုံးနဲ႔ စားႏိုင္ေအာင္လို႔ေလ။ အဲ့တာကို ညည္းက ဖ်က္လိုဖ်က္စီးလုပ္ေနေသးတယ္။ "

ေခ်ာင္လန္က အသက္ျပင္းျပင္းရႉလိုက္တယ္။

" သမီးကို ေ႐ႊပန္းကန္လုံးေပးတာေရာ ဟုတ္လို႔လား။ အေမ့ဘာသာ ယူေနတာမဟုတ္ဘူးလား။ ေလာ့ညန္က အေမ့ကို ပိုက္ဆံဘယ္ေလာက္ေတာင္ေပးထားလို႔ ကိုယ့္သမီးကိုယ္ ဒီလိုေရာင္းစားႏိုင္ရတာလဲ။ "

အေမေခ်ာင္ ေနာက္တစ္ခါ ေျပာစရာစကားမရွိေတာ့ဘူး။

ေခ်ာင္လန္က အခုဆို အရင္ကလဲ လုံးဝမတူေတာ့ဘူး။ ေခ်ာင္လန္က သူမဘာေျပာေျပာ လြယ္လြယ္ေလးနဲ႔ အ႐ူးလုပ္လို႔ရမဲ့ ကေလးမေလး မဟုတ္ေတာ့ဘူး။ သူမက ေခ်ာင္လန္႔ကို ေလ်ာ့တြက္မိသြားတယ္ဆိုတာ အေမေခ်ာင္ သိလိုက္ရတယ္။ ဒါေပမဲ့ ေခ်ာင္လန္က တဲ့တိုးႀကီးေျပာလိုက္တာမလို႔ သူမက နည္းနည္းေတာ့ စိတ္တိုသြားတယ္။

" တင္ေတာင္းတဲ့ ေဈးက ဘာျဖစ္ေနလို႔လဲ။ ငါက ညည္းကို ဆယ္နစ္ေက်ာ္ေလာက္ ေကြၽးေမြးထားရတာေလ။ ၿပီးေတာ့ပိုက္ဆံေတြ အမ်ားႀကီး ကုန္ခဲ့တာ။ အဲ့တာေတြကိုေရာ ထည့္တြက္ဦးေလ။ တင္ေတာင္းတဲ့စရိတ္ ေတာင္းတာ ဘာျဖစ္ေနလို႔လဲ။ ညည္းက ငါခ်က္တဲ့အစားအစာေတြစားၿပီး ငါ့ပိုက္ဆံေတြသုံးခဲ့တာေလ။ ငါက ညည္းအတြက္ ၁၀နစ္ေက်ာ္ေလာက္ စားဖို႔ဟာေတြ လုပ္ေပးခဲ့ရတာ။ ညည္းငါတို႔ကို ဘယ္ေလာက္ အေႂကြးတင္ေနတယ္လို႔ ညည္းထင္လဲ။ ညည္းက အရမ္းလွလာၿပီး ခ်မ္းသာတဲ့ေက်ာင္းသားေတြက ညည္းကို လိုက္ပိုးၾကတာနဲ႔ ညည္းမိသားစုကို မ်က္လုံးထဲ မထည့္ေတာ့ဘူးေပါ့ေလ။ ဟုတ္လား။ ငါမရွိဘဲ ညည္းအေဖမရွိဘဲနဲ႔ဆိုရင္ ညည္းက ဘယ္လိုလုပ္ ဒီမွာ ရွိေနႏိုင္မွာလဲ။ ညည္းရဲ႕ ေကာင္းလွတဲ့ ဦးေႏွာက္က ဘယ္မွာ ရွိေနႏိုင္မွာလဲ။ ဒီမ်က္ႏွာ.. "

သမီးဦးေႏွာက္ကေတာ့ အေမတို႔နဲ႔ ဘာမွလုပ္စရာ မရွိဘူး။

ေခ်ာင္လန္က ထပ္ၿပီး နားမေထာင္ႏိုင္ေတာ့ဘူး " အဲ့ေတာ့ ဘာလုပ္ခ်င္ေနတာလဲ "

ေနာက္ဆုံးေတာ့ အေမေခ်ာင္က ရပ္သြားၿပီး ေက်နပ္စြာနဲ႔ ၿပဳံးလိုက္တယ္။ ၿပီးေတာ့မွ ေျဖးေျဖးေလး ေျပာလိုက္တယ္။ " ငါက ညည္းအေမပါ။ ငါက ေသခ်ာေပါက္ ညည္းကို ဘယ္အႏၲရာယ္ျဖစ္ေစပါ့မလဲ။ ေကာင္းၿပီ.. ညည္းက နည္းနည္းေတာ့ ငယ္ေသးတယ္။ ဒါေပမဲ့ သူက ညည္းကို ဒီေလာက္ေတာင္ ႀကိဳက္ေနတာေလ။ ၿပီးေတာ့ သူက ညည္းဒုတိယခဲအိုထက္ ပိုေကာင္းေနတာပဲကို။ အဲ့တာေၾကာင့္ လိမ္လိမ္မာမာေလးနဲ႔ အေမနဲ႔ျပန္လိုက္ခဲ့။ ၿပီးေတာ့ ေလာ့ညန္ကို ေတာင္းပန္လိုက္။ ၿပီးေတာ့ သူတို႔နဲ႔ ထမင္းတူတူစား....... "

" မျဖစ္ႏိုင္ဘူး " ေခ်ာင္လန္က အေမေခ်ာင္ေျပာေနတာကို ၾကားျဖတ္ေျပာလိုက္တယ္။ " တစ္ကယ္လို႔ သူေနာက္တစ္ခါ ထပ္လာရဲတယ္ဆိုရင္ သမီးရဲေခၚလိုက္မွာ။ "

" ရဲတိုင္မယ္!! " အေမေခ်ာင္က ေနာက္တစ္ခါ ေအာ္လိုက္တယ္။ ေခ်ာင္လန္က ဘာေတြစဥ္းစားေနတာလဲဆိုတာ သူမတစ္ကယ္သိခ်င္ေနတယ္။ ဒါေပမဲ့ သူမက နည္းနည္းစိတ္မရွည္ေတာ့ဘူး။ " ညည္းသိလား။ ညည္းေလာ့ညန္ကို ေတြ႕စရာမလိုဘူး။ ညည္းက အဲ့ပိုက္ဆံကို ေပးႏိုင္တယ္ဆိုရင္ ငါက ညည္းဘာလုပ္ခ်င္တာလဲဆိုတာ ဂ႐ုမစိုက္ေတာ့ဘူး။ "

ေလာ့ညန္တို႔မိသားစုအေျခအေနအရဆိုရင္ တင္ေတာင္းတဲ့စရိတ္က ေသခ်ာေပါက္ ယြမ္ေသာင္းဂဏာန္း သိန္ဂဏာန္းေလာက္ ရွိမွာ။ ေခ်ာင္လန္႔မွာ အဲ့ေလာက္ပိုက္ဆံရွိမယ္လို႔ သူမေတာ့ မယုံပါဘူး။

" အဲ့ပိုက္ဆံကို သမီးေပးမယ္။ ဒါေပမဲ့ အခုေတာ့ မဟုတ္ေသးဘူး "

" ဘာ?? "

အေမေခ်ာင္ ေၾကာင္သြားတယ္။

ေခ်ာင္လန္က ေျပာလိုက္တယ္။ " တကၠသိုလ္ဝင္ခြင့္စာေမးပြဲၿပီးသြားရင္ အဲ့က် ပိုက္ဆံေပးမယ္။ အဲ့တာကို ေခ်ာင္လန္႔ကို ေကြၽးေမြးခဲ့လို႔ေက်းဇူးဆပ္တာလို႔ပဲ စဥ္းစားလိုက္ေပါ့။ "

ႏိုင္ငံထဲက ထိပ္တန္း တကၠသိုလ္၂ခုကိုသာ ဝင္ႏိုင္ရင္ သူမက ယြမ္၂သိန္းထက္ ပိုရႏိုင္တယ္။ သူမသာ အခုလက္ရွိအဆင့္ကို ထိန္းထားၿပီး ပိုၿပီးႀကိဳးစားလိုက္မယ္ဆိုရင္ သူမက အဲ့ပိုက္ဆံကိုရႏိုင္မယ္ဆိုတာ ေခ်ာင္လန္ကေတာ့ ယုံၾကည္ခ်က္ရွိတယ္။

[ TN: တ႐ုတ္က ထိပ္တန္းတကၠသိုလ္၂ခုက ေပက်င္းတကၠသိုလ္နဲ႔ က်င္းဟြာတကၠသိုလ္ တို႔ပဲ ျဖစ္တယ္။ ]

ႏွေျမာစရာေတာ့ ေကာင္းေပမဲ့ တစ္ကယ္လို႔ သူမက ဒီလို႐ြံစရာေကာင္းတဲ့ ေခ်ာင္မိသားစုနဲ႔ ေရစက္ျဖတ္ႏိုင္မယ္ဆိုရင္ ေခ်ာင္လန္ကေတာ့ အဲ့ပိုက္ဆံက တန္တယ္လို႔ ခံစားရတာပဲ။

သူမေခ်ာင္မိသားစုကို ေပးမဲ့ပိုက္ဆံက သူတို႔ရဲ႕ 'ၾကင္နာမႈ'ကို ျပန္ေပးဆပ္တဲ့ သေဘာပဲ။ သူမကေခ်ာင္လန္႔ကိုယ္ကို ယူထားတာဆိုေတာ့ အနည္းဆုံးေတာ့ ဒီေလာက္ေတာ့ လုပ္ေပးရမွာေပါ့။ အဲ့တာၿပီးသြားရင္ေတာ့ အနာဂတ္မွာ သူမနဲ႔ အေဖေခ်ာင္ အေမေခ်ာင္တို႔နဲ႔က ဘာမွမပတ္သတ္ေတာ့ဘူး။ သူမက အဲ့ပိုက္ဆံကို ေလ်ာ္ေၾကးလို႔ သေဘာထားလိုက္မယ္။ အဲ့တာေၾကာင့္မလို႔ အနာဂတ္မွာ သူမက အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔ကို ျပဳစုေစာင့္ေရွာက္ဖို႔ တာဝန္မရွိေတာ့မွာေလ။

သူမက ဒီပိုက္ဆံကို အသုံးျပဳၿပီး သူမရဲ႕က်န္တဲ့ဘဝတစ္ေလွ်ာက္လုံးအတြက္ သန္႔ရွင္းမႈကို ဝယ္လိုက္မယ္။

Continue lendo

Você também vai gostar

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...