You had me at hello

By Paing1001

279K 10.1K 302

လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကို... More

Greeting
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70(final)
About Extra
Extra 1
Extra 2
Extra 3
Extra 4 🚨
Extra 5
Extra 6
Extra 7(the end)

Part 15

3.2K 135 2
By Paing1001

Uni

ဒီနေ့မနက်တော့ ခွန်းတို့တွေ စောစောပင် နိုးနေကြသည်။
တကယ်တော့ တစ်ညလုံး မအိပ်ကြခြင်းပါ။
ပြဿနာရှာတတ်သူက ပြဿနာပင် အမြဲတမ်း ရှာနေသည်။

မနေ့က ကိုကြီးက ဖေဖေ့ဆိုင်ကယ် ယူစီးသွားသညိ။
လူတစ်ယောက်ကို တိုက်မိသွားသည်။
အရမ်းကြီးတော့ မဟုတ်ပေမယ့် အတော် ထိသွားသည်။

ဖြစ်ချင်ရာ ဖြစ်ဆိုပြီး မကြီးတို့က လွှတ်ထားရင်လည်း မေမေကတော့ ရမှာမဟုတ်။
ဘာမှ မဖြစ်စေချင်ရင်လည်း ငွေက အတော်ပေးရမည်။

"ဟင်း........"

ဘယ်နှခေါက်မြောက် သက်ပြင်းလဲ မသိ။
ဘာပဲ ဖြစ်ဖြစ်ပါ ကိုယ်လုပ်စရာ ရှိသည်တော့ လုပ်ရမည်ပင်။

ခွန်းသင်တန်း သွားဖို့ ပြင်ဆင်လိုက်ပါသည်။
အင်း ဒီနေ့ သင်တန်းကြေးလည်း ပေးရမည်။

'ဟင် ပိုက်ဆံ ဒီထဲမှာ သေချာ ထားထားတာပါ။
လူက တကယ်ကို ထူပူနေပြီ။
အထားမှားတာလည်း မဖြစ်နိုင်။
ဒီတစ်နေရာပဲ ရှိသည်။ '

"မေမေ့ သမီး ပိုက်ဆံ တွေ့မိသေးလား"

"အေး သမီးရယ် အမေယူသုံးလိုက်တယ်"

"ဘာလို့လဲ အဲ့တာ သင်တန်းကြေး"

"အေးပါ သမီးရယ် ဟိုက ဆေးရုံတက်နေရတာဆိုတော့ မုန့်လေး ဝယ်ပေးလိုက်တာ"

"နောက်ကျရင်လည်း ပိုက်ဆံပေးရဦးမှာကို
နောက်ပြီး ဒီသင်တန်းကြေးရအောင် သမီး ဘယ်လိုမျိုး စုထားရလဲ ဆိုတာ သိလို့လား"

"အော် ကိုယ့်အကိုအတွက်ပဲအေ တစ်ခါတစ်လေလေး ယူသုံးတာကို"

"တစ်ခါတစ်လေတဲ့လား အမြဲလိုလို ယူသုံးနေတာပါ"

"ညည်း ပိုက်ဆံ ကျုပ်ပြန်ပေးမယ်
အပိုတွေ လုပ်မနေနဲ့"

"တော်ပါပြီ မေမေက တကယ် မေမေ့သားပဲ သိတယ်"

ဒီနေ့တော့ သင်တန်း သွားလို့ မဖြစ်
သွားလည်း မသွားချင်
စိတ်ညစ်ညစ်နဲ့သာ အပြင်ထွက်ခဲ့သည်။

နည်းနည်း ဝေးသည့် စာကြည့်တိုက်သို့သာ ဦးတည်လိုက်ပါသည်။

ဒီနေ့ကတော့ ပြဿဒါး နေ့ပင် ဖြစ်သည်။

ရောက်ရောက်ခြင်းကတည်းက ခွန်း စာအုပ်ထဲကိုသာ စိတ်နှစ်ပြီး ဖတ်နေသည်။
အညောင်းဆန့်လျက် ဘေးဘီဝယ်ရာ ကြည့်မိတော့ လူတစ်ယောက်က စူးစိုက်ကြည့်နေသည်။

ဒီလူကို သိပါသည်။
ခွန်းတို့ ရပ်ကွက်ကပင်။
တကယ်ကို စိတ်ရှုပ်ဖို့ ကောင်းလှသည်။

ခွန်းမှာ အကျင့်တစ်ခုတော့ ရှိသည်။
ထိုအကျင့်သည် ဇာတ်လမ်းတွေထဲက စခြင်း။
မင်းသားက စိုက်ကြည့်လိုက်ရင် မင်းသမီးတွေက ရှက်ရွံစွာ အကြည့်လွှဲတတ်သည်။
ပြီးလျှင် သူတို့တွေကြိုက်။

မင်းသားတွေကြည့်လို့ ရှက်ရွံ့သွားတာ ကိစ္စမရှိပေမယ့် မဟုတ်တဲ့ လူတွေကြည့်လို့ ရှက်သွေးဖြာသွားရင်တော့ မလိုအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တတ်သည်။

နောက်ပြီး မိန်းကလေးတစ်ယောက်ကို ပိုက်ဆံ မပေးရတိုင်း အငမ်းမရ ကြည့်တတ်တဲ့ သူတွေကိုလည်း ခွန်းမုန်းသည်။

အလှအပကို ခံစားမိလို့ ချစ်ခင်လို့ မြတ်နိုးလို့ လေးစားလို့ ကြည့်တာမျိုးကို အတတ်နိုင်ဆုံး နားလည်ပေးလို့ရသည်။
သို့ပေမယ် တဏှာရာဂ ပြည့်နက်စွာ ကြည့်ခြင်းမျိုးကို ခွန်းအလွန် မုန်းတီးသည်။
အဲ့လို လူတွေ၏ မျက်လုံးများကိုလည်း ထိုးဖောက်ပစ်ချင်သည်။

ခွန်းအကျင့်သည် အဲ့ဒီ့နေရာက စခြင်း။
တစ်စုံတစ်ယောက်က ခွန်းကို စိုက်ကြည့်နေရင် ခွန်း ဥပေက္ခာ ပြုလိုက်သည်။
တစ်ခါတစ်ရံ အကြည့်ချင်းဆုံမိရင် ခွန်းလည်း အဲ့ဒီ့လူကို ပြန်စိုက်ကြည့်ပေးလိုက်သည်။
ဘယ်တော့မှ ကိုယ့်ဘက်က အရင်စပြီး အကြည့်မလွှဲ။

အကြည့်လွှဲလိုလျှင်လည်း ဘာမှ မဖြစ်သလို လွှဲတတ်တာ ခွန်းအကျင့်။
အရွယ်ရောက်လာသည့် မိန်းကလေး ဖြစ်၍ ယောက်ျားတွေက ကြည့်တတ်သည်သာ။

ကျောင်းမှာလည်း အဲ့လိုလူတွေရှိသည်။
ခွန်းကတော့ အကြည့်ချင်းဆုံရင် ပြန်ကြည့်ပေးလိုက်သည်။
မလိုအပ်လျှင် ဥပေက္ခာ ပြုလိုက်သည်။

ယခုတော့ ကိုယ့်ပြဿနာနှင့်ကိုယ်ဖြစ်နေသည်က တစ်ကြောင်း ကြည့်ချင်စိတ် မရှိသည်က တစ်ကြောင်းကြောင့် ဥပေက္ခာပြုထား လိုက်ပါသည်။

ကိုယ်က ပြဿနာကို ဥပေက္ခာ ပြုထားပေမယ့် ပြဿနာကတော့ ကိုယ့်ကို ဥပေက္ခာ ပြုမထား။

ခွန်း အိမ်ပြန်ရန် စာကြည့်တိုက်ထဲက ထွက်လာခြင်းက စလေသည်။

"ခွန်း ခွန်းလေး"

ကိုယ်ရဲ့နာမည်ကို ကိုယ်မနှစ်မြို့သူ၏ ပါးစပ်က ကြားရသည်မှာ တကယ်ကိုပင် စိတ်ရှုပ်စရာ။

"ခွန်း နင်ကလည်းဟာ ရပ်ပါဦး
ငါပြောတာ နားထောင်ပါဦး
တက္ကသိုလ် ကျောင်းသူကြီး ဖြစ်တော့ မေ့ပြီပေါ့"

ရပ်ကွက်တစ်ခုထဲမှ ငယ်ငယ်ကတည်းက သိလာ၍ ထိုသို့ပြောခြင်း။
သို့ပေမယ့် သူ့ကို မေ့ပြီပေါ့လို့ ပြောရအောင် ခွန်း အသိထဲမှာ အစတည်းက မရှိခဲ့ပါ။

"ခွန်း ရပ်ပါဦးကွာ"

မိုက်ရိုင်းလိုက်တာ သူ ခွန်းလက်ကို ဆုပ်ကိုင်ထားသည်။
အတင်းအကြပ် ဆုပ်ကိုင်ထားတာ ဖြစ်လို့ အတော်နာသည်။
တစ်ခါတည်း ရုန်းနိုင်မှ ဖြစ်မည်။

ဘောင်းဘီဝတ်လာတာဖြစ်လို့ သူ့ခွကြားတည့်တည့်ကို အရှိန်ပြင်းပြင်းနဲ့ ကန်လိုက်လည်း ဖြစ်သည်။
ညှို့သကျည်းကို ဖိနပ်နဲ့ အားပြင်းပြင်း ကန်လိုက်ရင်လည်း မဆိုးပေ။

ကိုက်ဖို့တော့ စိတ်ကူးမရှိ။
တကယ်ကိုပင် ရွံပါသည်။

"လွှတ် လက်ကို အခု......

"အခုချက်ချင်း အဲ့လက်ကို လွှတ်"

ပါးစပ်ကလည်း ပြော လက်ကလည်း ထိုသူ၏ လက်ကောက်ဝတ်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်တာသည်။
ထိုသူက ခွန်းလက်ကို လွှတ်လိုက်သည်။

လူတစ်ယောက်ကို ပြာကျစေရန် လုံလောက်သော အကြည့်စူးစူးတွေကြောင့် ထိုသူလည်း ပြေးသွားသည်။

"ကျေးဇူး...

"မင်းက ဘယ်လိုမိန်းကလေးလဲ
အားတွေကရော ဘယ်ရောက်သွားတာလဲ
ငါ မင်းလက်ကို ဆွဲထားတုန်းက မင်း အသေအကျေရုန်းခဲ့တာလေ
အခုရော မင်း ဒီလူ့ လက်က လွတ်အောင် လုပ်ဖို့ အားမရှိတော့ဘူးလား
ဘာကိုမှ သတိမထားရလောက်အောင် အငမ်းမရ မကိုက်တော့ဘူးလား
မင်းကိုယ်တိုင်က ကျေနပ်နေတာလား

"ကျွန်မ

"ဒီမှာ မိန်းကလေးတစ်ယောက် ထက်မြတ်တယ်ဆိုတာ ယောက်ျားတွေရဲ့ အကြည့်စူးစူးကို မျက်တောင်မခတ် ပြန်စိုက်ကြည့်တာ စကားတွေနဲ့ ပြန်တိုက်ခိုက်တာ ဥပေက္ခာ ပြုတာတွေထက် အများကြီး ပိုတယ်
အရည်အချင်း ရှိဖို့ လိုပြီး ကိုယ့်ကိုကိုယ် ကာကွယ်တတ်ဖို့လည်း အရေးကြီးတယ်
ဒီလိုပုံစံမျိုးနဲ့
မင်းက လူကောင်းနဲ့ လူဆိုးကိုတောင် ကောင်းကောင်း မခွဲခြားတတ်သေးဘူး "

ပြောချင်တဲ့သူကတော့ ပြောချင်ရာပြောပြီး ထွက်သွားလေသည်။
ကျန်ခဲ့သည့် သူမှာသာ မလှုပ်မယှက်။

'ကျွန်မ ငြိမ်ခံနေတာမှ မဟုတ်တာ
အမှန်အတိုင်းပြောရရင် ဒီလူ ကျွန်မလက်ကို ကိုင်တာ ကျွန်မ ဘယ်လိုမှ မခံစားရဘူးလေ
ရှင် ကျွန်မ လက်ကို ကိုင်တုန်းကနဲ့မှ မတူတာ
ရှက်လည်း ရှက်တယ် ရင်လည်း ခုန်တယ် ခြေထောက်တောင် မနည်းခိုင်အောင် ရပ်ခဲ့ရတာ '

တရွေ့ရွေ့နှင့် ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်လျက် စိတ်ထဲက ရေရွတ်မိနေသည်။
သူ့ကို လိုက်ပြောရလောက်အောင် အထိတော့ မာနက ခွင့်မပြု။

မိမိအား ကျောခိုင်းသွားသူအား ထပ်မံ ကျောခိုင်းလျက် လျှောက်လှမ်း လာခဲ့ပါသည်။
တသွင်သွင် ကျဆင်းလျက်ရှိသော မျက်ရည်စများအား လျစ်လျူရှုလျက်.....

......................................................

ဘဝဆိုတာ တကယ်ကိုပင် ခက်ခဲလှသည်။

ဘာအမှုမှ မဖြစ် စေချင်ရင် ပိုက်ဆံနဲ့ ကြေအေးရမည်။
တောင်းတဲ့ငွေကလည်း မနည်း။

မကြီးတို့ကတော့ ဘယ်လိုလုပ်မလည်း မသိ။
ဒီလောက်များတဲ့ ပိုက်ဆံကို ဘယ်နေရာက သွားရှာရမည်နည်း။

ကားပေါ်ကဆင်းဆင်းချင်း ခွန်းရဲ့ ခြေလှမ်းတွေက လူရှင်းသော နေရာသို့သာ ဦးတည်လိုက်ပါသည်။
အတန်းတက်ချင်စိတ် မရှိ။

ခွန်းတို့ မိသားစုကို သေချာပြန်စဥ်းစားကြည့်မိသည်။
ဘယ်နေရာက စ၍ မှားယွင်းခဲ့သည်လည်း။

ငိုချင်ပေမယ်လည်း မျက်ရည်မကျပါ။
မကျအောင် ထိန်းထားသည်ဆိုလျှင် ပိုမှန်ပါသည်။

မငိုချင်ပါ။
အားနည်းသူတစ်ယောက် မဖြစ်ချင်။
မြေကြီးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

ထိုစဥ် ဖြူသန့်သော ခြေအစုံက ရှေ့တည့်တည့်မှာ လာရပ်သည်။
သားရေစိမ်း ဖိနပ်လေးကိုလည်း စီးထားသေးသည်။

"ရှင်"

"ကိုယ်ထိုင်မယ်နော်"

ပြောလျက်ပင် ဝင်ထိုင်သည်။
ကျွန်မလည်း ဘာမှပင် မဖြေရသေးပါလား ခန့်ညားထည်ဝါ ရယ်

"မင်းသိလား"

"ဘာကိုလဲ"

"ကိုယ်ငယ်ငယ်တုန်းက အရမ်းအငိုသန်တယ် အရမ်းလည်း ဆိုးတယ်
အရွယ်ရောက်လာတော့ လွယ်လွယ်ကူကူနဲ့ မျက်ရည်ကျတာ မကောင်းဘူးလို့ ကိုယ်ထင်လာတယ်

နောက်ပြီး ကိုယ်က ယောက်ျားလေးတစ်ယောက် ဖြစ်တဲ့ အတွက် လွယ်လွယ်နဲ့ မျက်ရည် မကျချင်ဘူး

ဒါပေမယ့် နောက်ပိုင်း ကိုယ်သိလိုက်တာက ကိုယ်တို့တွေ ငိုချင်တဲ့ အချိန်မှာ ငိုသင့်တယ်

ကိုယ်တို့ရဲ့ အခက်အခဲတွေ ပင်ပန်းမှုတွေ နာကျင်မှုတွေကို မျက်ရည် အဖြစ်နဲ့ ပြောင်းသင့်ရင် ပြောင်းရမယ်
ဒါမှမဟုတ် တခြား ကိုယ်တို့အတွက် စိတ်ထွက်ပေါက် တစ်ခု ရှာရမယ်

တကယ်လို့ အဲ့လိုမလုပ်ပဲ ရင်ထဲမှာပဲ အမြဲတမ်း သိမ်းဆည်းထားမယ်ဆိုရင် အရမ်းပင်ပန်းရလိမ့်မယ်

ကြာလာရင် အဲ့ဒီ့နာကျင်မှု သေးသေးလေးတွေက တစ်ချိန်တည်းမှာ စုပြုံပေါက်ကွဲပြီး မရည်ရွယ်တဲ့ သူတွေကို နာကျင်စေလိမ့်မယ်"

"အဲ့တော့ "

"အဲ့တော့ ငိုချင်ရင် ငိုလိုက်
ငိုတာနဲ့ အားနည်းတဲ့သူတစ်ယောက် ဖြစ်မသွားဘူး"

"မငိုချင်ပါဘူး"

ရှင်ရှေ့မှာ မငိုချင်ပါ။
ရှင့်ရှေ့မှာ ကျွန်မရဲ့ အားနည်းမှုကို မပြချင်ဘူး။

"ကိုယ်ရှေ့မှာ မလို့လား

ဒီလိုလုပ် ကိုယ်က ဒီလို ကျောခိုင်းပေးထားမှာ မလို့ တခြားသူတွေလည်း မမြင်အောင် ဒီလိုမျိုး ကာပေးထားမှာမလို့ ငိုလိုက်ပါ

မကျေနပ်သေးရင် ကိုယ့်ရဲ့​ကျောကို
မင်းကို နာကျင်အောင် လုပ်တဲ့ သူတွေလို့ မှတ်ယူပြီး ကြိုက်သလောက် ထုနက်ပလိုက်

ဒီ ကျောပြင်ကျယ်ကို ယုံကြည်ပြီးတော့ပဲ ဖြစ်ဖြစ် တစ်ခါလောက် စိတ်ထွက်ပေါက် ပေးလိုက်ပါ"

နဂိုတုန်းက မငိုချင်ပေမယ့် တစ်စုံတစ်​ယောက်က အခုလို လာပြောတော့ ပို၍ ငိုချင်လာသည်။

အင်း ရှင့်ကျောပြင်ကျယ်ကို ယုံကြည်ပြီးတော့ပဲ ဖြစ်ဖြစ် တစ်ခါလောက်

ရှင့်ကျောပြင်ကို ထုနက်ရလောက်အောင်ထိတော့ ကျွန်မ မဝံရဲပါဘူး။

သိုပေမယ့် ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။
လူတစ်ယောက်ရဲ့ ကျောပြင်ဟာ အရာအားလုံးရန်ကနေ ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်နေမိသည်။

သူက လှည့်မကြည့်ပဲနဲ့ပင် လက်ကိုင်ပဝါလေး လှမ်းပေးသည်။
ခွန်းမငြင်းမိပါ။

ငိုလိုဝပြီလို့ ထင်ခါမှ ထို လက်ကိုင်ပဝါနှင့်ပင် မျက်ရည်စများကို သုတ်လိုက်ပါသည်။

"ရပြီ ကျေးဇူး"

"အင်း ရော့ သောက်လိုက်"

ဘယ်တုန်းက ယူလာလည်း မသိ။
ရေဗူးကို အဖုံးဖွင့်ပြီး ခွန်းအားကမ်းပေးသည်။
မငြင်းမိပါ။
ဝအောင်သာ သောက်လိုက်သည်။

"အခုဆို ပိုပြီး သန်မာသွားပြီ"

"တကယ်"

"ဒါပေါ့ မင်းက သာမန် ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ယောက်ပဲ
ကိုယ်တို့က ဒီတိုင်း သာမန်လူတွေပဲ
ရယ်ချင်တဲ့ အချိန် ရယ်လို့ရတယ် ငိုချင်တဲ့ အချိန် ငို့လို့ရတယ်
လိုတာထက်ပိုပြီး မျိုသိပ်ထားစရာ မလိုဘူး
ကိုယ့်ဘဝကို ကိုယ်ပဲ ပိုင်တယ် ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး
မင်းအတွက်ပဲ မင်းရှင်သန် ဟုတ်ပြီလား"

"အင်း"

ကျွန်မ မေးချင်လိုက်တာ

'ရှင့်ဘဝကိုရော ဘယ်သူပိုင်တာလဲ
ရှင်ရော ဘယ်သူ့အတွက် ရှင်သန်နေတာလဲလို့'

ထိုမေးခွန်းကို မေးလျှင် ထိုမေးခွန်း၏ အဖြေဟာ သူမပင် ဖြစ်မည်ကို ထိုအမျိုးသမီးငယ် မသိခဲ့........

"ဒါနဲ့ ရှင် ကျွန်မကို စိတ်ဆိုးနေတာမဟုတ်ဘူးလား"

"လူတစ်ယောက်ကို စိတ်ဆိုးစိတ်ကောက် ပြုရလောက်အောင် ကိုယ်က မရင့်ကျက်တဲ့သူ မဟုတ်ဘူး"

"အော် ဒါဆို မနေ့က ဘာလို့"

"အားမရလို့ ငြိမ်နေတာကို"

"ကျွန်မ ငြိမ်နေတာမဟုတ်ဘူး အဲ့လူကို ဘယ်လိုပြန်တိုက်ခိုက်ရင်ကောင်းမလဲ ချိန်ဆနေတယ်"

"မင်း ချိန်ဆနေတာနဲ့ ဟိုက မင်းကို တစ်ခုခုလုပ် သွားလို့ရပြီ"

"သူက လုပ်ရင် ကျွန်မလည်း ပြန်လုပ်မှာပေါ့"

"ဘာပြန်လုပ်မှာလဲ"

"ဒီတိုင်း နာကျင်စေမယ့် တစ်ခုခုပေါ့
ဘာလဲ ရှင်က မိန်းကလေးမို့ အထင်သေးတာလား ယောက်ျားတွေကို မယှဥ်နိုင်ဘူး ထင်လို့လား ရှင် ကျွန်မကို အားနည်းတဲ့ မိန်းကလေး တစ်ယောက်လို့ မြင်နေတာလား"

"မမြင်ပါဘူး မင်းပေးတဲ့ဒဏ်ရာတွေတောင် အရှင်းမပျောက်သေးဘူး"

"ပြီးတာပဲ"

ထို့နောက် ၂ ယောက်သားပြိုင်တူ ရယ်မော မိပါသည်။

ခဏနေတော့ ခွန်ူ အခန်းထဲပင် ပြန်လာလိုက်သည်။

ဟင် ခုံအောက်မှာ

သင်တန်းစာရွက်တစ်ခု
တိုက်ကွမ်ဒို သင်တန်း နောက်ကျောမှာလည်း စာရေးထားသေးသည်။

'တစ်ယောက်တက် တစ်ယောက် free ဆိုလို့ မင်းကို သတိရလို့
အဲ့မှာချထားတဲ့ ကူပွန်နဲ့ သွားအပ်လိုက် '

အနီရောင် စာရွက်လေးပေါ်မှာတော့

'you're just a normal girl
be alive for yourself
be happy, my girl '

K ဆိုသည်မှာလည်း မပါမဖြစ်

အခြေအနေက တိုက်ဆိုင်လို့လား
တစ်စုံတစ်ယောက်ဟု ထင်မိသည်။

"ခွန်း နင်က ဒီရောက်နေတာလား"

"ငါတို့က အပြင်မှာ နင့်ကို လိုက်ရှာနေဆာ"

"ခုနကမှ ပြန်ရောက်တာ"

"ခွန်း သူငယ်ချင်း ငါနင့်ကို ​ပြောစရာ ရှိသေးတယ်"

"ပြောလေ"

"နင်တစ်မနက်လုံး အဲ့တာပဲ လိုက်ပြောနေတာပဲနော်"

"အေးလေ ဘယ်နှခေါက် ရှိနေပြီလဲတောင် မသိဘူး"

"ခွန်း သိလား"

"မသိဘူးလေ"

"စကားမပလ္လင်ခံထားလေ ဘာလို့ပြန်ဖြေနေတာလဲ"

"အော် ဟီး ဟီး ပြော ပြော ပြော"

"ငါလေ မနက်တုန်းက roll 1 လေးကို စာအုပ်သွားငှားလိုက်တယ် သိလား အဟီးဟီး"

"ဟယ် အဲ့တာ ဘာသံကြီးလဲ"

"အေးလေ ရီသံကြီးကလည်း"

ခွန်းတို့ role တော့ ဆူညံနေမည်မှာ အသေချာပင်

"အဲ့တာလေ သူက ငါ့ကို မငှားလိုက်ဘူး
ဒါပေမယ့် ပြန်ပြောတာကေ ချစ်စရာလေး"

"သူက ဘယ်လို ပြန်ပြောလို့လဲ"

"အော် ကျွန်တော့် စာအုပ် မပါလို့ ငှားဖို့ အဆင်မ​ပေလို့ အဲ့လိုပေါ့ဟာ ကျွန်တော် ကျွန်တော်နဲ့ နာမ်စားသုံးသွားတာလေးက ချစ်စရာလေး"

"အမလေး မသိရင် စကားအရှည်ကြီး ပြောလိုက်တာကျ"

"ကျွန်တော် စာအုပ်မပါလို့ ငှားဖို့ အဆင်မပြေဘူး

အဲ့တာလေး ပြောလိုက်တာကို မသိတဲ့ သူတွေက နင်နဲ့ စကားတွေ ဖောင်ဖွဲ့နေတယ် ထင်တော့မှာ"

"အဲ့လောက်လည်း ဘာဖြစ်လဲ သူတို့ကျ အဲ့လောက်တောင် မပြောဖူးဘူးနဲ့"

"ငါတို့က မ​ပြောချင်လို့လေ ငါတို့သာ သွားပြောကြည့်ပါလား"

"ဟိုက မရောက်ခင် ကတည်းက အရင် ရိုက်လွတ်မှာ"

"ဟား ဟား ဟား......"

"နင်နော် သိမ့် အစုတ်ပလုတ်မ"

"တော်ပါတော့ ရယ်ရတာ ဗိုက်တောင် အောင့်လာပြီ
ဒါနဲ့ သူက သူ့ကိုယ်သူ ကျွန်တော်လို့ နာမ်စားသုံးတာလား"

"အင်းလေ ဘာလို့လဲ"

"ကိုယ်တို့ ဘာတို့ အဲ့လိုမျိုး မသုံးဘူးလား"

"ဟာ ဘာလို့ အဲ့လိုသုံးမှာလဲ"

"အေးလေ သုံးရအောင် သူ့ကောင်မလေးမှ မဟုတ်တာ"

"အော် ဒီလို ဖြစ်နိုင်တယ်"

"ဘယ်လိုလဲ"

"သူက ငါ့ကိုဖွင့်ပြော ငါက သူ့ကို အဖြေပြန်ပေး အဲ့အချိန်ကျရင် သူက ငါ့ကို ကိုယ်လို့ နာမ်စားသုံးပြီး ပြောမှပေါ့ ဟုတ်တယ်နော် ခွန်း"

"ဟုတ်တယ် ဟုတ်တယ် အဲ့လိုပဲ ဖြစ်ရမယ်"

'ရှင်က ကျွန်တော်လို့ နာမ်စား သုံးတတ်တာတဲ့လား.......'

Paing
20.8.2021
6:27 AM


Zawgyi

ေန႕မနက္ေတာ့ ခြန္းတို႔ေတြ ေစာေစာပင္ နိုးေနၾကသည္။
တကယ္ေတာ့ တစ္ညလုံး မအိပ္ၾကျခင္းပါ။
ျပႆနာရွာတတ္သူက ျပႆနာပင္ အၿမဲတမ္း ရွာေနသည္။

မေန႕က ကိုႀကီးက ေဖေဖ့ဆိုင္ကယ္ ယူစီးသြားသညိ။
လူတစ္ေယာက္ကို တိုက္မိသြားသည္။
အရမ္းႀကီးေတာ့ မဟုတ္ေပမယ့္ အေတာ္ ထိသြားသည္။

ျဖစ္ခ်င္ရာ ျဖစ္ဆိုၿပီး မႀကီးတို႔က လႊတ္ထားရင္လည္း ေမေမကေတာ့ ရမွာမဟုတ္။
ဘာမွ မျဖစ္ေစခ်င္ရင္လည္း ေငြက အေတာ္ေပးရမည္။

"ဟင္း........"

ဘယ္ႏွေခါက္ေျမာက္ သက္ျပင္းလဲ မသိ။
ဘာပဲ ျဖစ္ျဖစ္ပါ ကိုယ္လုပ္စရာ ရွိသည္ေတာ့ လုပ္ရမည္ပင္။

ခြန္းသင္တန္း သြားဖို႔ ျပင္ဆင္လိုက္ပါသည္။
အင္း ဒီေန႕ သင္တန္းေၾကးလည္း ေပးရမည္။

'ဟင္ ပိုက္ဆံ ဒီထဲမွာ ေသခ်ာ ထားထားတာပါ။
လူက တကယ္ကို ထူပူေနၿပီ။
အထားမွားတာလည္း မျဖစ္နိုင္။
ဒီတစ္ေနရာပဲ ရွိသည္။ '

"ေမေမ့ သမီး ပိုက္ဆံ ေတြ႕မိေသးလား"

"ေအး သမီးရယ္ အေမယူသုံးလိုက္တယ္"

"ဘာလို႔လဲ အဲ့တာ သင္တန္းေၾကး"

"ေအးပါ သမီးရယ္ ဟိုက ေဆး႐ုံတက္ေနရတာဆိုေတာ့ မုန့္ေလး ဝယ္ေပးလိုက္တာ"

"ေနာက္က်ရင္လည္း ပိုက္ဆံေပးရဦးမွာကို
ေနာက္ၿပီး ဒီသင္တန္းေၾကးရေအာင္ သမီး ဘယ္လိုမ်ိဳး စုထားရလဲ ဆိုတာ သိလို႔လား"

"ေအာ္ ကိုယ့္အကိုအတြက္ပဲေအ တစ္ခါတစ္ေလေလး ယူသုံးတာကို"

"တစ္ခါတစ္ေလတဲ့လား အၿမဲလိုလို ယူသုံးေနတာပါ"

"ညည္း ပိုက္ဆံ က်ဳပ္ျပန္ေပးမယ္
အပိုေတြ လုပ္မေနနဲ႕"

"ေတာ္ပါၿပီ ေမေမက တကယ္ ေမေမ့သားပဲ သိတယ္"

ဒီေန႕ေတာ့ သင္တန္း သြားလို႔ မျဖစ္
သြားလည္း မသြားခ်င္
စိတ္ညစ္ညစ္နဲ႕သာ အျပင္ထြက္ခဲ့သည္။

နည္းနည္း ေဝးသည့္ စာၾကည့္တိုက္သို႔သာ ဦးတည္လိုက္ပါသည္။

ဒီေန႕ကေတာ့ ျပႆဒါး ေန႕ပင္ ျဖစ္သည္။

ေရာက္ေရာက္ျခင္းကတည္းက ခြန္း စာအုပ္ထဲကိုသာ စိတ္ႏွစ္ၿပီး ဖတ္ေနသည္။
အေညာင္းဆန့္လ်က္ ေဘးဘီဝယ္ရာ ၾကည့္မိေတာ့ လူတစ္ေယာက္က စူးစိုက္ၾကည့္ေနသည္။

ဒီလူကို သိပါသည္။
ခြန္းတို႔ ရပ္ကြက္ကပင္။
တကယ္ကို စိတ္ရႈပ္ဖို႔ ေကာင္းလွသည္။

ခြန္းမွာ အက်င့္တစ္ခုေတာ့ ရွိသည္။
ထိုအက်င့္သည္ ဇာတ္လမ္းေတြထဲက စျခင္း။
မင္းသားက စိုက္ၾကည့္လိုက္ရင္ မင္းသမီးေတြက ရွက္႐ြံစြာ အၾကည့္လႊဲတတ္သည္။
ၿပီးလွ်င္ သူတို႔ေတြႀကိဳက္။

မင္းသားေတြၾကည့္လို႔ ရွက္႐ြံ႕သြားတာ ကိစၥမရွိေပမယ့္ မဟုတ္တဲ့ လူေတြၾကည့္လို႔ ရွက္ေသြးျဖာသြားရင္ေတာ့ မလိုအပ္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္တတ္သည္။

ေနာက္ၿပီး မိန္းကေလးတစ္ေယာက္ကို ပိုက္ဆံ မေပးရတိုင္း အငမ္းမရ ၾကည့္တတ္တဲ့ သူေတြကိုလည္း ခြန္းမုန္းသည္။

အလွအပကို ခံစားမိလို႔ ခ်စ္ခင္လို႔ ျမတ္နိုးလို႔ ေလးစားလို႔ ၾကည့္တာမ်ိဳးကို အတတ္နိုင္ဆုံး နားလည္ေပးလို႔ရသည္။
သို႔ေပမယ္ တဏွာရာဂ ျပည့္နက္စြာ ၾကည့္ျခင္းမ်ိဳးကို ခြန္းအလြန္ မုန္းတီးသည္။
အဲ့လို လူေတြ၏ မ်က္လုံးမ်ားကိုလည္း ထိုးေဖာက္ပစ္ခ်င္သည္။

ခြန္းအက်င့္သည္ အဲ့ဒီ့ေနရာက စျခင္း။
တစ္စုံတစ္ေယာက္က ခြန္းကို စိုက္ၾကည့္ေနရင္ ခြန္း ဥေပကၡာ ျပဳလိုက္သည္။
တစ္ခါတစ္ရံ အၾကည့္ခ်င္းဆုံမိရင္ ခြန္းလည္း အဲ့ဒီ့လူကို ျပန္စိုက္ၾကည့္ေပးလိုက္သည္။
ဘယ္ေတာ့မွ ကိုယ့္ဘက္က အရင္စၿပီး အၾကည့္မလႊဲ။

အၾကည့္လႊဲလိုလွ်င္လည္း ဘာမွ မျဖစ္သလို လႊဲတတ္တာ ခြန္းအက်င့္။
အ႐ြယ္ေရာက္လာသည့္ မိန္းကေလး ျဖစ္၍ ေယာက္်ားေတြက ၾကည့္တတ္သည္သာ။

ေက်ာင္းမွာလည္း အဲ့လိုလူေတြရွိသည္။
ခြန္းကေတာ့ အၾကည့္ခ်င္းဆုံရင္ ျပန္ၾကည့္ေပးလိုက္သည္။
မလိုအပ္လွ်င္ ဥေပကၡာ ျပဳလိုက္သည္။

ယခုေတာ့ ကိုယ့္ျပႆနာႏွင့္ကိုယ္ျဖစ္ေနသည္က တစ္ေၾကာင္း ၾကည့္ခ်င္စိတ္ မရွိသည္က တစ္ေၾကာင္းေၾကာင့္ ဥေပကၡာျပဳထား လိုက္ပါသည္။

ကိုယ္က ျပႆနာကို ဥေပကၡာ ျပဳထားေပမယ့္ ျပႆနာကေတာ့ ကိုယ့္ကို ဥေပကၡာ ျပဳမထား။

ခြန္း အိမ္ျပန္ရန္ စာၾကည့္တိုက္ထဲက ထြက္လာျခင္းက စေလသည္။

"ခြန္း ခြန္းေလး"

ကိုယ္ရဲ႕နာမည္ကို ကိုယ္မႏွစ္ၿမိဳ႕သူ၏ ပါးစပ္က ၾကားရသည္မွာ တကယ္ကိုပင္ စိတ္ရႈပ္စရာ။

"ခြန္း နင္ကလည္းဟာ ရပ္ပါဦး
ငါေျပာတာ နားေထာင္ပါဦး
တကၠသိုလ္ ေက်ာင္းသူႀကီး ျဖစ္ေတာ့ ေမ့ၿပီေပါ့"

ရပ္ကြက္တစ္ခုထဲမွ ငယ္ငယ္ကတည္းက သိလာ၍ ထိုသို႔ေျပာျခင္း။
သို႔ေပမယ့္ သူ႕ကို ေမ့ၿပီေပါ့လို႔ ေျပာရေအာင္ ခြန္း အသိထဲမွာ အစတည္းက မရွိခဲ့ပါ။

"ခြန္း ရပ္ပါဦးကြာ"

မိုက္ရိုင္းလိုက္တာ သူ ခြန္းလက္ကို ဆုပ္ကိုင္ထားသည္။
အတင္းအၾကပ္ ဆုပ္ကိုင္ထားတာ ျဖစ္လို႔ အေတာ္နာသည္။
တစ္ခါတည္း ႐ုန္းနိုင္မွ ျဖစ္မည္။

ေဘာင္းဘီဝတ္လာတာျဖစ္လို႔ သူ႕ခြၾကားတည့္တည့္ကို အရွိန္ျပင္းျပင္းနဲ႕ ကန္လိုက္လည္း ျဖစ္သည္။
ညွို႔သက်ည္းကို ဖိနပ္နဲ႕ အားျပင္းျပင္း ကန္လိုက္ရင္လည္း မဆိုးေပ။

ကိုက္ဖို႔ေတာ့ စိတ္ကူးမရွိ။
တကယ္ကိုပင္ ႐ြံပါသည္။

"လႊတ္ လက္ကို အခု......

"အခုခ်က္ခ်င္း အဲ့လက္ကို လႊတ္"

ပါးစပ္ကလည္း ေျပာ လက္ကလည္း ထိုသူ၏ လက္ေကာက္ဝတ္ကို တင္းက်ပ္ေနေအာင္ ဆုပ္ကိုင္တာသည္။
ထိုသူက ခြန္းလက္ကို လႊတ္လိုက္သည္။

လူတစ္ေယာက္ကို ျပာက်ေစရန္ လုံေလာက္ေသာ အၾကည့္စူးစူးေတြေၾကာင့္ ထိုသူလည္း ေျပးသြားသည္။

"ေက်းဇူး...

"မင္းက ဘယ္လိုမိန္းကေလးလဲ
အားေတြကေရာ ဘယ္ေရာက္သြားတာလဲ
ငါ မင္းလက္ကို ဆြဲထားတုန္းက မင္း အေသအေက်႐ုန္းခဲ့တာေလ
အခုေရာ မင္း ဒီလူ႕ လက္က လြတ္ေအာင္ လုပ္ဖို႔ အားမရွိေတာ့ဘူးလား
ဘာကိုမွ သတိမထားရေလာက္ေအာင္ အငမ္းမရ မကိုက္ေတာ့ဘူးလား
မင္းကိုယ္တိုင္က ေက်နပ္ေနတာလား

"ကြၽန္မ

"ဒီမွာ မိန္းကေလးတစ္ေယာက္ ထက္ျမတ္တယ္ဆိုတာ ေယာက္်ားေတြရဲ႕ အၾကည့္စူးစူးကို မ်က္ေတာင္မခတ္ ျပန္စိုက္ၾကည့္တာ စကားေတြနဲ႕ ျပန္တိုက္ခိုက္တာ ဥေပကၡာ ျပဳတာေတြထက္ အမ်ားႀကီး ပိုတယ္
အရည္အခ်င္း ရွိဖို႔ လိုၿပီး ကိုယ့္ကိုကိုယ္ ကာကြယ္တတ္ဖို႔လည္း အေရးႀကီးတယ္
ဒီလိုပုံစံမ်ိဳးနဲ႕
မင္းက လူေကာင္းနဲ႕ လူဆိုးကိုေတာင္ ေကာင္းေကာင္း မခြဲျခားတတ္ေသးဘူး "

ေျပာခ်င္တဲ့သူကေတာ့ ေျပာခ်င္ရာေျပာၿပီး ထြက္သြားေလသည္။
က်န္ခဲ့သည့္ သူမွာသာ မလႈပ္မယွက္။

'ကြၽန္မ ၿငိမ္ခံေနတာမွ မဟုတ္တာ
အမွန္အတိုင္းေျပာရရင္ ဒီလူ ကြၽန္မလက္ကို ကိုင္တာ ကြၽန္မ ဘယ္လိုမွ မခံစားရဘူးေလ
ရွင္ ကြၽန္မ လက္ကို ကိုင္တုန္းကနဲ႕မွ မတူတာ
ရွက္လည္း ရွက္တယ္ ရင္လည္း ခုန္တယ္ ေျခေထာက္ေတာင္ မနည္းခိုင္ေအာင္ ရပ္ခဲ့ရတာ '

တေ႐ြ႕ေ႐ြ႕ႏွင့္ ေပ်ာက္ကြယ္သြားေသာ ေက်ာျပင္ကို ၾကည့္လ်က္ စိတ္ထဲက ေရ႐ြတ္မိေနသည္။
သူ႕ကို လိုက္ေျပာရေလာက္ေအာင္ အထိေတာ့ မာနက ခြင့္မျပဳ။

မိမိအား ေက်ာခိုင္းသြားသူအား ထပ္မံ ေက်ာခိုင္းလ်က္ ေလွ်ာက္လွမ္း လာခဲ့ပါသည္။
တသြင္သြင္ က်ဆင္းလ်က္ရွိေသာ မ်က္ရည္စမ်ားအား လ်စ္လ်ဴရႈလ်က္.....

......................................................

ဘဝဆိုတာ တကယ္ကိုပင္ ခက္ခဲလွသည္။

ဘာအမႈမွ မျဖစ္ ေစခ်င္ရင္ ပိုက္ဆံနဲ႕ ေၾကေအးရမည္။
ေတာင္းတဲ့ေငြကလည္း မနည္း။

မႀကီးတို႔ကေတာ့ ဘယ္လိုလုပ္မလည္း မသိ။
ဒီေလာက္မ်ားတဲ့ ပိုက္ဆံကို ဘယ္ေနရာက သြားရွာရမည္နည္း။

ကားေပၚကဆင္းဆင္းခ်င္း ခြန္းရဲ႕ ေျခလွမ္းေတြက လူရွင္းေသာ ေနရာသို႔သာ ဦးတည္လိုက္ပါသည္။
အတန္းတက္ခ်င္စိတ္ မရွိ။

ခြန္းတို႔ မိသားစုကို ေသခ်ာျပန္စဥ္းစားၾကည့္မိသည္။
ဘယ္ေနရာက စ၍ မွားယြင္းခဲ့သည္လည္း။

ငိုခ်င္ေပမယ္လည္း မ်က္ရည္မက်ပါ။
မက်ေအာင္ ထိန္းထားသည္ဆိုလွ်င္ ပိုမွန္ပါသည္။

မငိုခ်င္ပါ။
အားနည္းသူတစ္ေယာက္ မျဖစ္ခ်င္။
ေျမႀကီးကိုသာ မမွိတ္မသုန္ စိုက္ၾကည့္ေနမိသည္။

ထိုစဥ္ ျဖဴသန့္ေသာ ေျခအစုံက ေရွ႕တည့္တည့္မွာ လာရပ္သည္။
သားေရစိမ္း ဖိနပ္ေလးကိုလည္း စီးထားေသးသည္။

"ရွင္"

"ကိုယ္ထိုင္မယ္ေနာ္"

ေျပာလ်က္ပင္ ဝင္ထိုင္သည္။
ကြၽန္မလည္း ဘာမွပင္ မေျဖရေသးပါလား ခန့္ညားထည္ဝါ ရယ္

"မင္းသိလား"

"ဘာကိုလဲ"

"ကိုယ္ငယ္ငယ္တုန္းက အရမ္းအငိုသန္တယ္ အရမ္းလည္း ဆိုးတယ္
အ႐ြယ္ေရာက္လာေတာ့ လြယ္လြယ္ကူကူနဲ႕ မ်က္ရည္က်တာ မေကာင္းဘူးလို႔ ကိုယ္ထင္လာတယ္

ေနာက္ၿပီး ကိုယ္က ေယာက္်ားေလးတစ္ေယာက္ ျဖစ္တဲ့ အတြက္ လြယ္လြယ္နဲ႕ မ်က္ရည္ မက်ခ်င္ဘူး

ဒါေပမယ့္ ေနာက္ပိုင္း ကိုယ္သိလိုက္တာက ကိုယ္တို႔ေတြ ငိုခ်င္တဲ့ အခ်ိန္မွာ ငိုသင့္တယ္

ကိုယ္တို႔ရဲ႕ အခက္အခဲေတြ ပင္ပန္းမႈေတြ နာက်င္မႈေတြကို မ်က္ရည္ အျဖစ္နဲ႕ ေျပာင္းသင့္ရင္ ေျပာင္းရမယ္
ဒါမွမဟုတ္ တျခား ကိုယ္တို႔အတြက္ စိတ္ထြက္ေပါက္ တစ္ခု ရွာရမယ္

တကယ္လို႔ အဲ့လိုမလုပ္ပဲ ရင္ထဲမွာပဲ အၿမဲတမ္း သိမ္းဆည္းထားမယ္ဆိုရင္ အရမ္းပင္ပန္းရလိမ့္မယ္

ၾကာလာရင္ အဲ့ဒီ့နာက်င္မႈ ေသးေသးေလးေတြက တစ္ခ်ိန္တည္းမွာ စုၿပဳံေပါက္ကြဲၿပီး မရည္႐ြယ္တဲ့ သူေတြကို နာက်င္ေစလိမ့္မယ္"

"အဲ့ေတာ့ "

"အဲ့ေတာ့ ငိုခ်င္ရင္ ငိုလိုက္
ငိုတာနဲ႕ အားနည္းတဲ့သူတစ္ေယာက္ ျဖစ္မသြားဘူး"

"မငိုခ်င္ပါဘူး"

ရွင္ေရွ႕မွာ မငိုခ်င္ပါ။
ရွင့္ေရွ႕မွာ ကြၽန္မရဲ႕ အားနည္းမႈကို မျပခ်င္ဘူး။

"ကိုယ္ေရွ႕မွာ မလို႔လား

ဒီလိုလုပ္ ကိုယ္က ဒီလို ေက်ာခိုင္းေပးထားမွာ မလို႔ တျခားသူေတြလည္း မျမင္ေအာင္ ဒီလိုမ်ိဳး ကာေပးထားမွာမလို႔ ငိုလိုက္ပါ

မေက်နပ္ေသးရင္ ကိုယ့္ရဲ႕​ေက်ာကို
မင္းကို နာက်င္ေအာင္ လုပ္တဲ့ သူေတြလို႔ မွတ္ယူၿပီး ႀကိဳက္သေလာက္ ထုနက္ပလိုက္

ဒီ ေက်ာျပင္က်ယ္ကို ယုံၾကည္ၿပီးေတာ့ပဲ ျဖစ္ျဖစ္ တစ္ခါေလာက္ စိတ္ထြက္ေပါက္ ေပးလိုက္ပါ"

နဂိုတုန္းက မငိုခ်င္ေပမယ့္ တစ္စုံတစ္​ေယာက္က အခုလို လာေျပာေတာ့ ပို၍ ငိုခ်င္လာသည္။

အင္း ရွင့္ေက်ာျပင္က်ယ္ကို ယုံၾကည္ၿပီးေတာ့ပဲ ျဖစ္ျဖစ္ တစ္ခါေလာက္

ရွင့္ေက်ာျပင္ကို ထုနက္ရေလာက္ေအာင္ထိေတာ့ ကြၽန္မ မဝံရဲပါဘူး။

သိုေပမယ့္ ရွိုက္ႀကီးတငင္ ငိုေႂကြးေနမိသည္။
လူတစ္ေယာက္ရဲ႕ ေက်ာျပင္ဟာ အရာအားလုံးရန္ကေန ကာကြယ္ေပးနိုင္မယ္လို႔ ယုံၾကည္ေနမိသည္။

သူက လွည့္မၾကည့္ပဲနဲ႕ပင္ လက္ကိုင္ပဝါေလး လွမ္းေပးသည္။
ခြန္းမျငင္းမိပါ။

ငိုလိုဝၿပီလို႔ ထင္ခါမွ ထို လက္ကိုင္ပဝါႏွင့္ပင္ မ်က္ရည္စမ်ားကို သုတ္လိုက္ပါသည္။

"ရၿပီ ေက်းဇူး"

"အင္း ေရာ့ ေသာက္လိုက္"

ဘယ္တုန္းက ယူလာလည္း မသိ။
ေရဗူးကို အဖုံးဖြင့္ၿပီး ခြန္းအားကမ္းေပးသည္။
မျငင္းမိပါ။
ဝေအာင္သာ ေသာက္လိုက္သည္။

"အခုဆို ပိုၿပီး သန္မာသြားၿပီ"

"တကယ္"

"ဒါေပါ့ မင္းက သာမန္ ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလး တစ္ေယာက္ပဲ
ကိုယ္တို႔က ဒီတိုင္း သာမန္လူေတြပဲ
ရယ္ခ်င္တဲ့ အခ်ိန္ ရယ္လို႔ရတယ္ ငိုခ်င္တဲ့ အခ်ိန္ ငို႔လို႔ရတယ္
လိုတာထက္ပိုၿပီး မ်ိဳသိပ္ထားစရာ မလိုဘူး
ကိုယ့္ဘဝကို ကိုယ္ပဲ ပိုင္တယ္ ဘယ္သူ႕ကိုမွ ဂ႐ုစိုက္စရာ မလိုဘူး
မင္းအတြက္ပဲ မင္းရွင္သန္ ဟုတ္ၿပီလား"

"အင္း"

ကြၽန္မ ေမးခ်င္လိုက္တာ

'ရွင့္ဘဝကိုေရာ ဘယ္သူပိုင္တာလဲ
ရွင္ေရာ ဘယ္သူ႕အတြက္ ရွင္သန္ေနတာလဲလို႔'

ထိုေမးခြန္းကို ေမးလွ်င္ ထိုေမးခြန္း၏ အေျဖဟာ သူမပင္ ျဖစ္မည္ကို ထိုအမ်ိဳးသမီးငယ္ မသိခဲ့........

"ဒါနဲ႕ ရွင္ ကြၽန္မကို စိတ္ဆိုးေနတာမဟုတ္ဘူးလား"

"လူတစ္ေယာက္ကို စိတ္ဆိုးစိတ္ေကာက္ ျပဳရေလာက္ေအာင္ ကိုယ္က မရင့္က်က္တဲ့သူ မဟုတ္ဘူး"

"ေအာ္ ဒါဆို မေန႕က ဘာလို႔"

"အားမရလို႔ ၿငိမ္ေနတာကို"

"ကြၽန္မ ၿငိမ္ေနတာမဟုတ္ဘူး အဲ့လူကို ဘယ္လိုျပန္တိုက္ခိုက္ရင္ေကာင္းမလဲ ခ်ိန္ဆေနတယ္"

"မင္း ခ်ိန္ဆေနတာနဲ႕ ဟိုက မင္းကို တစ္ခုခုလုပ္ သြားလို႔ရၿပီ"

"သူက လုပ္ရင္ ကြၽန္မလည္း ျပန္လုပ္မွာေပါ့"

"ဘာျပန္လုပ္မွာလဲ"

"ဒီတိုင္း နာက်င္ေစမယ့္ တစ္ခုခုေပါ့
ဘာလဲ ရွင္က မိန္းကေလးမို႔ အထင္ေသးတာလား ေယာက္်ားေတြကို မယွဥ္နိုင္ဘူး ထင္လို႔လား ရွင္ ကြၽန္မကို အားနည္းတဲ့ မိန္းကေလး တစ္ေယာက္လို႔ ျမင္ေနတာလား"

"မျမင္ပါဘူး မင္းေပးတဲ့ဒဏ္ရာေတြေတာင္ အရွင္းမေပ်ာက္ေသးဘူး"

"ၿပီးတာပဲ"

ထို႔ေနာက္ ၂ ေယာက္သားၿပိဳင္တူ ရယ္ေမာ မိပါသည္။

ခဏေနေတာ့ ခြန္ူ အခန္းထဲပင္ ျပန္လာလိုက္သည္။

ဟင္ ခုံေအာက္မွာ

သင္တန္းစာ႐ြက္တစ္ခု
တိုက္ကြမ္ဒို သင္တန္း ေနာက္ေက်ာမွာလည္း စာေရးထားေသးသည္။

'တစ္ေယာက္တက္ တစ္ေယာက္ free ဆိုလို႔ မင္းကို သတိရလို႔
အဲ့မွာခ်ထားတဲ့ ကူပြန္နဲ႕ သြားအပ္လိုက္ '

အနီေရာင္ စာ႐ြက္ေလးေပၚမွာေတာ့

'you're just a normal girl
be alive for yourself
be happy, my girl '

K ဆိုသည္မွာလည္း မပါမျဖစ္

အေျခအေနက တိုက္ဆိုင္လို႔လား
တစ္စုံတစ္ေယာက္ဟု ထင္မိသည္။

"ခြန္း နင္က ဒီေရာက္ေနတာလား"

"ငါတို႔က အျပင္မွာ နင့္ကို လိုက္ရွာေနဆာ"

"ခုနကမွ ျပန္ေရာက္တာ"

"ခြန္း သူငယ္ခ်င္း ငါနင့္ကို ​ေျပာစရာ ရွိေသးတယ္"

"ေျပာေလ"

"နင္တစ္မနက္လုံး အဲ့တာပဲ လိုက္ေျပာေနတာပဲေနာ္"

"ေအးေလ ဘယ္ႏွေခါက္ ရွိေနၿပီလဲေတာင္ မသိဘူး"

"ခြန္း သိလား"

"မသိဘူးေလ"

"စကားမပလႅင္ခံထားေလ ဘာလို႔ျပန္ေျဖေနတာလဲ"

"ေအာ္ ဟီး ဟီး ေျပာ ေျပာ ေျပာ"

"ငါေလ မနက္တုန္းက roll 1 ေလးကို စာအုပ္သြားငွားလိုက္တယ္ သိလား အဟီးဟီး"

"ဟယ္ အဲ့တာ ဘာသံႀကီးလဲ"

"ေအးေလ ရီသံႀကီးကလည္း"

ခြန္းတို႔ role ေတာ့ ဆူညံေနမည္မွာ အေသခ်ာပင္

"အဲ့တာေလ သူက ငါ့ကို မငွားလိုက္ဘူး
ဒါေပမယ့္ ျပန္ေျပာတာေက ခ်စ္စရာေလး"

"သူက ဘယ္လို ျပန္ေျပာလို႔လဲ"

"ေအာ္ ကြၽန္ေတာ့္ စာအုပ္ မပါလို႔ ငွားဖို႔ အဆင္မ​ေပလို႔ အဲ့လိုေပါ့ဟာ ကြၽန္ေတာ္ ကြၽန္ေတာ္နဲ႕ နာမ္စားသုံးသြားတာေလးက ခ်စ္စရာေလး"

"အမေလး မသိရင္ စကားအရွည္ႀကီး ေျပာလိုက္တာက်"

"ကြၽန္ေတာ္ စာအုပ္မပါလို႔ ငွားဖို႔ အဆင္မေျပဘူး

အဲ့တာေလး ေျပာလိုက္တာကို မသိတဲ့ သူေတြက နင္နဲ႕ စကားေတြ ေဖာင္ဖြဲ႕ေနတယ္ ထင္ေတာ့မွာ"

"အဲ့ေလာက္လည္း ဘာျဖစ္လဲ သူတို႔က် အဲ့ေလာက္ေတာင္ မေျပာဖူးဘူးနဲ႕"

"ငါတို႔က မ​ေျပာခ်င္လို႔ေလ ငါတို႔သာ သြားေျပာၾကည့္ပါလား"

"ဟိုက မေရာက္ခင္ ကတည္းက အရင္ ရိုက္လြတ္မွာ"

"ဟား ဟား ဟား......"

"နင္ေနာ္ သိမ့္ အစုတ္ပလုတ္မ"

"ေတာ္ပါေတာ့ ရယ္ရတာ ဗိုက္ေတာင္ ေအာင့္လာၿပီ
ဒါနဲ႕ သူက သူ႕ကိုယ္သူ ကြၽန္ေတာ္လို႔ နာမ္စားသုံးတာလား"

"အင္းေလ ဘာလို႔လဲ"

"ကိုယ္တို႔ ဘာတို႔ အဲ့လိုမ်ိဳး မသုံးဘူးလား"

"ဟာ ဘာလို႔ အဲ့လိုသုံးမွာလဲ"

"ေအးေလ သုံးရေအာင္ သူ႕ေကာင္မေလးမွ မဟုတ္တာ"

"ေအာ္ ဒီလို ျဖစ္နိုင္တယ္"

"ဘယ္လိုလဲ"

"သူက ငါ့ကိုဖြင့္ေျပာ ငါက သူ႕ကို အေျဖျပန္ေပး အဲ့အခ်ိန္က်ရင္ သူက ငါ့ကို ကိုယ္လို႔ နာမ္စားသုံးၿပီး ေျပာမွေပါ့ ဟုတ္တယ္ေနာ္ ခြန္း"

"ဟုတ္တယ္ ဟုတ္တယ္ အဲ့လိုပဲ ျဖစ္ရမယ္"

'ရွင္က ကြၽန္ေတာ္လို႔ နာမ္စား သုံးတတ္တာတဲ့လား.......'

Paing
20.8.2021
6:27 AM



















Continue Reading

You'll Also Like

40.5M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...