Yellow Is The Warmest Colour�...

By AliceYay-Zhang

59.1K 6.2K 1.3K

ဒေစီပန်း​တွေက နေ​ရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး​ ရှင်သန်ကြရတာ​ကြောင့် Day's Eye လို့ လူ​တွေက တင်စား... More

Yellow Is The Warmest Colour ¹
Yellow Is The Warmest Colour ²
Yellow Is The Warmest Colour ⁴
Yellow Is The Warmest Colour ⁵
Yellow Is The Warmest Colour ⁶
Yellow Is The Warmest Colour ⁷
Yellow Is The Warmest Colour ⁸
Yellow Is The Warmest Colour ⁹+¹⁰
Yellow Is The Warmest Colour ¹¹
Yellow Is The Warmest Colour ¹²
Yellow Is The Warmest Colour ¹³
Yellow Is The Warmest Colour ¹⁵
Yellow Is The Warmest Colour ¹⁶
Yellow Is The Warmest Colour ¹⁷
Yellow Is The Warmest Colour ¹⁸
Yellow Is The Warmest Colour ¹⁹
Yellow Is The Warmest Colour ²⁰
Yellow Is The Warmest Colour ²¹
Yellow Is The Warmest Colour ²²
Yellow Is The Warmest Colour ²³'1
Yellow Is The Warmest Colour ²³'2
Yellow Is The Warmest Colour ²⁴
Yellow Is The Warmest Colour ²⁵
Yellow Is The Warmest Colour ²⁵' short "S"
Yellow Is The Warmest Colour ²⁶'1
Yellow Is The Warmest Colour ²⁶'2
Yellow Is The Warmest Colour ²⁷'1
Yellow Is The Warmest Colour ²⁷'2
Yellow Is The Warmest Colour ²⁸
Yellow Is The Warmest Colour ²⁹

Yellow Is The Warmest Colour ¹⁴

1.2K 175 48
By AliceYay-Zhang

Unicode
------------










Bar က ၂ ရက်​​လောက် ပိတ်တယ် ။

အ​ကြောင်းအရင်းက​တော့ ပထမ ၁ ရက်ဟာ
Lisa ရဲ့ လက်ထက်ခွင့်​တောင်းမယ့် အစီအစဥ်အတွက်
ပြင်ဆင်​နေရင်း ကုန်ဆုံးခဲ့ရပြီး ​ကျန်တဲ့ ပိတ်ရက်က
ထို လက်ထက်ခွင့်​တောင်းမယ့် ​နေ့​ရက်လေး ... ။

Jennie ဆီက​နေ အဆက်အသွယ်မရလို့
စိတ်ပူ​နေတဲ့ Lisa က မနက်ဖြန်အတွက် ပြင်ဆင်ရင်း
အာရုံစိုက်မိ​နေတာ​ကြောင့် ​တော်​သေးတယ်​​ပြောရမယ် ။

​မ​နေ့ကအထိ တမှိုင်မှိုင်တ​ထွေ​ထွေ ဖြစ်​နေတဲ့ Lisa ကို
Jisoo တို့​တွေလည်း ​ပြောလို့မရ Chaeyoung လည်း
ဘားမှ မလုပ်​ပေးနိုင်ခဲ့ဘူး ။

ဖုန်းသုံး​နေတုန်း ပုံ​ဖော်ထားတဲ့ စိန် လက်စွပ်တစ်ကွင်းကို
IG မှာ Post တင်လိုက်တဲ့ Lisa ​ကြောင့် noti တက်လာတယ် ။
ထိုပုံကို ကြည့်ပြီး Jisoo ပြုံးမိသည် ။




" ဘားမှ စိတ်မပူပါနဲ့ သူ အမှီ ပြန်လာမှာပါ
ညဥ့်နက်​နေပြီ အိပ်လိုက်ပါ​တော့လား Lisa
Ten တို့​တွေလည်း အားလုံး ပြင်ဆင်ပြီး​​နေပါပြီ "




Lisa ပြုံးပြပြီး ​ခေါင်းညိမ့်လိုက်တယ် ။

တကယ့် အာရုံက​တော့ လွန်ခဲ့တဲ့ ၅ ​ရက်​​ ကတည်းက
စာလည်းမဖတ် ပြန်စာလည်းမပို့​တော့တဲ့ Jennie ဆီကို
ဒီမနက်ကအထိ မိမိ နောက်ဆုံးပို့ခဲ့သည့် " ဖုန်း​ခေါ်​ပေးပါ​နော် "
ဆိုတဲ့ စာတန်း​လေးဆီမှာသာ ။

သူမ ဘာ​တွေများဖြစ်​နေလို့ မဆက်သွယ်ရတာလဲ ။
Lisa ဘားမှ သိပ်မဖြစ်သလိုမျိုး​ နေ ​နေ​​ပေမယ့်
တကယ်တမ်း စိတ်ထဲမှာ ​လေးပြီး​တော့
ဒီရက်ပိုင်း ​ကောင်း​ကောင်းအိပ်မ​ပျော်ဘူး ။

ကိုယ် မင်းကို လွမ်းလိုက်တာ Jennie ရယ် ။




" ဒီမှာ ကြည့်စမ်းပါဦး Lisa
Jennie Kim တင်ထားတဲ့ ပုံကို "




လိုအပ်တဲ့ ပစ္စည်း​တွေ သွားမှာပြီး ပြန်လာတဲ့
Chaeyoung က Bar ထဲ အ​လောတကြီး ​
​ပြေးဝင်လာတာမို့ နည်းနည်း​တော့ စိတ်ပူသွားမိတယ် ။

အ​ကြောင်းအရာကို မသိဘဲ ညီမဖြစ်သူ
တစ်စုံတစ်ခုများ ဖြစ်လာခဲ့လို့လား ဆိုတဲ့ အ​တွေးနဲ့ ။
​နောက်ပြီး​တော့ ညဥ်ွနက်သန်း​ခေါင် ဖြစ်​နေပြီ​လေ ။




" ဘာဖြစ်လာတာလဲ Chae "




" Jennie က သူ့ရဲ့ ဘယ်ဖက် လက်သန်းကြွယ်မှာ
လက်စွပ်တစ်ကွင်း နဲ့ အတူ Post တင်ထားတယ်
ငါ ထင်တာ မမှားဘူးဆိုရင် အဲ့ဒါ ​စေ့စပ်လက်စွပ်ပဲ "




" မဖြစ်နိုင်တာ ... ငါ့ လာ​နောက်​နေတာလား "




ခပ်ကျဲကျဲ ရယ်ပြီး Chaeyoung ရဲ့ လက်ထဲက ဖုန်းကို
ယူကြည့်လိုက်​​တော့ သူ​ပြောသလို Jennie က
" December 23 ? I'm so excited !!! " ဆိုတဲ့ စာနဲ့​အတူ
ဘယ်ဖက်လက်သန်းကြွယ်မှာ လက်စွပ်တစ်ကွင်းကို
ဝတ်ထားရင်း လွန်ခဲ့တဲ့ ၂ ရက်​လောက်က Post တင်ထားတယ် ။




" ငါ့ အ​ကောင့်မှာ ဘာ Noti မှ မတက်လာဘူး "




ရင်ဘတ်ကြီးတစ်ခုလုံး ​ဗြောင်းဆန်​နေပြီး​​တော့
Lisa မျက်ရည်​တွေ ဝဲတက်လာခဲ့တယ် ။
အသံ​တွေကလည်း တုန်ရီလို့ ​ခြေ​ထောက်​တွေ​တောင်
မတ်တပ် ဆက်ရပ်ဖို့ အား လုံးဝ မရှိ​တော့ဘူး ။




" Lisa ... စိတ်ထိန်းဦး
ငါ Jennie ကို ဖုန်းဆက်ကြည့်မယ် "




Chaeyoung က ဖုန်းလှမ်းဆက်​တော့
ပထမအကြိမ်မှာ ဖုန်းမကိုင်ဘူး ။ ​နောက်တစ်ခါ
ဆက်တဲ့အခါမှာ​တော့ Lisa လွမ်း​နေခဲ့ရတဲ့
Jennie ရဲ့ အသံ​လေး ထွက်​ပေါ်လာခဲ့တယ် ။

ဒါ​ပေမယ့် မာ​ကြောလှတဲ့ ​လေသံနဲ့အတူ
ခပ်ထန်ထန်​​ စကားလုံး​တွေသာ ဖြစ်သည် ။




" ငါ့ဆီ ဘာကိစ္စ ဖုန်းဆက်တာလဲ "




" Jennie ... နင် ပုံတင်ထားတာ​လေ
အဲ့ဒါက ဘယ်လို အဓိပ္ပါယ်မျိုးလဲဟင်
မနက်ဖြန် Korea ကို ပြန်လာမယ်မလား "




" ​အာ ... မနက်ဖြန်ငါ​စေ့စပ်မှာ​လေ
Korea ကို ပြန်မလာဖြစ်ဘူး
​နောက်တစ်ခါ ဖုန်း ထပ်မဆက်ပါနဲ့​တော့ "




​ဘေးနားမှာ ရှိ​နေကြတဲ့သူ​တွေ အားလုံး
အံ့သြ​နေတာထက်ကို Lisa ပိုပြီး အံ့အားသင့်ရတယ် ။

ဘဝမှာ အကြီးမားဆုံး​သော ​ပျော်ရွှင်မှု အစိတ်အပိုင်းကို
ဆွဲထုတ် ယူသွားခံလိုက်ရသလိုမျိုး ရင်ဘတ်ထဲမှာ
ဗလာဖြစ်သွားပြီး​တော့ ခံစားချက်​တွေက ပူပြင်း​နေခဲ့သည် ။

Chaeyoung ရဲ့ လက်ထဲက ဖုန်းကို Lisa ဆွဲယူလိုက်တယ် ။




" Jennie ကိုယ် ... မနက်ဖြန်က ကိုယ်တို့ရဲ့
၁နှစ်ပြည့်​လေ၊ မနက်ဖြန်ကျရင် Jennie ကို
လက်ထက်ခွင့်​တောင်းဖို့ ကိုယ် အားလုံးပြင်ဆင်ပြီးသွားပြီ
ကိုယ့်ကို မ​နောက်ပါနဲ့​နော် Jennie ... ပြန်လာမယ်မလား "




" ကျွန်မက ရှင့်လို လူမျိုးကို
လက်ထက်မယ်လို့ ထင်​နေတာလား
အရမ်းရယ်ရတာပဲ Lalisa shi

​နောက်ထပ် ဖုန်းမဆက်ပါနဲ့​တော့ "




" Jennie ... Jennie ... "




Lisa ဘားမှ ထပ်မ​ပြောရ​သေးခင်မှာပဲ ကျသွားတဲ့
ဖုန်းကို ​တွေ​တွေ​ကြီး ကြည့်ပြီး ငိုင်​နေမိတယ် ။

ဘာ​တွေ ဘယ်လို ဖြစ်ပျက်သွားခဲ့တာလဲ ။
Jennie က Lisa အ​​ပေါ် ဘာ​ကြောင့် ဒီလိုမျိုး
ရက်ရက်စက်စက် လုပ်ပစ်နိုင်ရက်ရတာလဲ ။




" Kim Jennie က ဘာဖြစ်သွားတာလဲ "




" သူ ဒီ​လောက်အထိ လုပ်​လိမ့်မယ်လို့
လုံးဝ မထင်ထားမိဘူး "




Jisoo နဲ့ Chaeyoung ရဲ့ စကားသံကလွဲရင်
အားလုံးက Lisa ကို အကဲခတ်​နေရင်း တိတ်ဆိတ်လို့ ။

Lisa ဒူးနှစ်ဖက်ကြား မျက်နှာအပ်ပြီး​တော့
ငိုချပစ်လိုက်တယ် ။ အခုထိ မယုံကြည်နိုင်​သေးဘူး ။
Jennie က Lisa အ​ပေါ် အခုလိုမျိုး လုပ်ရက်တာကို ။




" သူ့အ​ဖေက ​ယောကျ်ားချင်းကြိုက်ပြီး​တော့ သူ့အ​မေကို
ထားပစ်ခဲ့တာ ။ Jennie က အ​​​ဖေကို အရမ်းချစ်တယ်
နောက်ပြီး​တော့ အ​ဖေတူသမီး ။ ဒါ​ပေမယ့် သူ့အ​ဖေက
ချစ်သူ​ကောင်​လေး မိန်းမယူသွား​ပြီး သစ္စာ​ဖောက်ခံလိုက်ရတဲ့​
နောက်မှာ ကိုယ့်ကိုယ်ကို သတ်​သေသွားတယ် ။ Jennie ရဲ့
အသက် ၁၃ နှစ်​​လောက်မှာ အတန်း​ဖော်​ကောင်မ​​လေးနဲ့
အတွဲ​တွေလိုမျိုးဖြစ်ခဲ့​ပေမယ့် သူ့အ​ဖေ ကိစ္စ​ကြောင့် စိတ်ဒါဏ်ရာ
ရပြီး​တော့ LGBT ​တွေကို အရမ်း ရွံမုန်းတာ ကြီးတဲ့အထိပဲ ။

နင် နဲ့ ချစ်သူ​တွေဖြစ်သွား​တော့ သူ့ကို ​မေးကြည့်ခဲ့​ပေမယ့် ... "




" အဲ့တုန်းက ​ပြော​နေကြတာ​တွေကို ကြားခဲ့ပါတယ်
ဒါ​​ပေမယ့် သူ ငါ့ကို တကယ်ချစ်တယ်လို့ပဲ ထင်ခဲ့တာ
ဘာ​ကြောင့် ... ဘာဖြစ်လို့ အခုလိုမျိုး လုပ်ရက်တာလဲ "




Lisa က Chaeyoung ရဲ့ စကားကို
ဆက်​ပြောရင်း အဆုံးမှာ တသိမ့်သိမ့် ရှိုက်ငိုတယ် ။ ​
ဘေးနားမှာ ရှိ​နေကြတဲ့ သူငယ်ချင်း​တွေ ကလည်း
နှစ်သိမ့်​ပေးပြီး စိတ်မ​ကောင်းဖြစ်ရုံပဲ တတ်နိုင်တယ် ။




" ငါ သူ့ဆီကို လိုက်သွားမယ်
Jennie ရှိတဲ့ ဆီကို ငါသွားမယ် Chae "




" ဘာကို လိုက်သွားမှာလဲ "




မလှမ်းမကမ်းက​နေ ခပ်ကျယ်ကျယ်
အသံ ထွက်​ပေါ်လာပြီး​တော့ ထို ဆီကို
Lisa လှည့်ကြည့်လိုက်တယ် ။




" Daddy ဘယ်လိုလုပ် ... "




" မှာထားတဲ့ ဝိုင်​တွေကို Daddy ယူလာ​​​ပေးတာ "




Chaeyoung ရဲ့ စကား​အဆုံးမှာ
အနားကို ​ရောက်လာတဲ့ Daddy က
Lisa ကို ​ဒေါသတကြီး ကြည့်​နေတယ် ။




" ​Bar ကို ၂ ရက်​တောင် ပိတ်ထားတယ်
နင့်ကို ​တွေ့ချင်လို့ အိမ်လိုက်သွားမယ်လုပ်​တော့
အလုပ်မှာပဲ အိပ်ကြမယ်လို့ ​နင်က ပြောခဲ့တယ်တဲ့

တော်​လောက်ပြီ ... ဒီအသက်အရွယ်​ရောက်တဲ့အထိ
နင့်မှာ ဘာတိုးတက်မှု​တွေ ရှိလာသလဲ Lisa
ငါ မသိချင်​ယောင်​ဆောင်​ပေးထား​ပေမယ့် နင်
အဲ့မိန်းက​လေး​ကြောင့် အ​​တော်​လေး ပျက်စီးနေပြီ
ငါသည်းမခံနိုင်​တော့ဘူး ။ အခု သူ နင့်ကို
ထားသွားပြီမလား ။ ဒီ မ​ကောင်းတဲ့ မိန်းမအတွက် ... "




" Jennie က အဲ့လိုမျိုး မဟုတ်ပါဘူး
သမီး သူ့ဆီကို လိုက်သွားပြီး​တော့ ... "




~ ဖြန်း ~




စကားမဆုံးခင် ဘယ်ဖက်ပါးပြင်​ပေါ်ကို
ကျ​ရောက်လာတဲ့ ​ဒေါသတကြီး ရိုက်ချက်​ကြောင့်
Lisa ကြမ်းပြင်​ပေါ် လဲကျသွားခဲ့တယ် ။

အစကတည်းက စိတ်​ကြောင့် အားနည်း​နေခဲ့ပြီး
နည်းနည်း​လေး​တောင် ​တောင့်ခံဖို့ အင်အားမရှိခဲ့ဘူး ။




" နင့်ကို ငါ လွှတ်​ပေးထားတာ​ များသွားပြီ

ဘာလုပ်​နေတာလဲ Chaeyoung နဲ့ Jisoo !
Lisa ကို အိမ်ပြန်​ခေါ်သွားဖို့ လုပ်​​လေ
​နောက်ပြီး ဒီ အဓိပ္ပါယ်မရှိတဲ့ အပြင်အဆင်​တွေကိုလည်း
အကုန် ပြန်သိမ်းပြီး​တော့ မနက်ဖြန် Bar ပြန်ဖွင့်ဖို့လုပ် "




Lisa ရဲ့ အ​ဖေဖြစ်သူကို သူငယ်ချင်း​တွေ
အားလုံးက သိ​နေကြတာမို့ Daddy ကို သူတို့
မလွန်ဆန်နိုင်ကြဘူး ။ ပြင်ဆင်ထား​တာ​တွေ
ပြန်ဖြုတ် သိမ်းဆည်း​နေကြတဲ့ သူ​တွေ​ကြောင့်
Lisa သွားတားဖို့ မတ်တပ်ထရပ်လိုက်​​တော့ Jisoo နဲ့
ညီမဖြစ်သူ Chaeyoung က မိမိရဲ့
လက်​တွေကို အားနဲ့ ဆွဲထားပြီး တားတယ် ။




" ငါ့ကို အဲ့လိုမျိုး မလုပ်ကြပါနဲ့ "




" Jennie ​​ပြောသွားတာ​တွေကို နင်လည်း ကြားတာပဲ
​ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့​တော့ ... နင် နာကျင်မှာကို
ငါတို့ လုံးဝ မမြင်ချင်ဘူး ။ နင်က ငါ့ရဲ့ အ​မ​လေ Lisa "




Chaeyoung ရဲ့ စကားကို ခေါင်းခါပြီး
အားကုန် ရုန်း​ပေမယ့် နှစ်​ယောက် နဲ့ တစ်​ယောက်မို့
အင်အားချင်း မမျှဘူး ။

ကားပါကင်ဆီကို အတင်း ခေါ်လာခံရပြီး​တော့
Jisoo က ကား​မောင်းသူ ​နေရာကို အရင်ဝင်သွားတယ် ။
​ကား​ပေါ်တက်ထိုင်လိုက်တဲ့ Daddy ကို Lisa
​သေချာကြည့်​နေရင်း မိမိလက်ကို ​သေချာ မြဲ​နေ​အောင်
ဆွဲထားတဲ့ Chaeyoung အား အတင်းရုန်းပြီး​တော့
မိမိကားထဲ ​ပြေးဝင်ကာ အမြန်​မောင်းထွက်လာခဲ့လိုက်တယ် ။

​အ​နောက်မှာ ကျန်​နေခဲ့တဲ့ သူတို့က
Lisa ရဲ့ ကား​အနောက် ​ပြေးလိုက်ကြ​ပေမယ့်
မမှီဘဲ ကျန်ရစ်ခဲ့ကြသည် ။












~~~~~~~~~~~~~~~~~~~~~~~~~~~








" ဘယ်လိုဖြစ်သွားတာလဲ Chaeyoung "




ကား​ပေါ်က​နေ အမြန်ဆင်းလာပြီး
အနား​ရောက်လာတဲ့ Daddy ရဲ့ စကားကို
Chaeyoung ​ခေါင်းငုံ့ပြီး​တော့ ဘားမှ
ပြန်မ​ပြောနိုင်ခဲ့ဘူး ။




" Lisa က အရမ်းသန်တယ် "




" သူ ​လေဆိပ်ကို သွား​လောက်တယ်
ပိုက်ဆံအိတ်လည်း ပါသွားတာမို့ အဲ့ကိုပဲ
သူ ချက်ချင်း သွား​လောက်တယ် Uncle
passport ကိုလည်း အမြဲလိုလို
ကားထဲမှာ ​ဆောင်ထားတတ်တယ် "




" ဒါဆိုလည်း ​လေဆိပ်ကိုမောင်း
သူ့အ​နောက်ကို ချက်ချင်းလိုက်သွားရမယ်
ဒီက​လေး​ ... ရူး​နေပြီးလားမသိ​တော့ဘူး "




Chaeyoung တို့ ကား​ပေါ် အမြန်တက်ပြီး
​အင်ချွန်း​လေဆိပ်ကို ​​ရောက်လာခဲ့ကြတယ် ။

ဒါ​ပေမယ့် Landon ကို သွားမယ့် ​လေယာဥ်က
မိနစ်ပိုင်း​ အလိုမှာတင် ထွက်သွားပြီ ဖြစ်သည် ။




" ​နောက်​ထွက်မယ့်လေယာဥ်အတွက်
လက်မှတ်ဖြတ်ထားလိုက် Chaeyoung "




Jisoo ဖုန်းထုတ်ပြီး မိမိရဲ့ passport ကို
ယူလာ​ပေးဖို့ Jessi ဆီကို လှမ်း​ပြောရတယ် ။

​နောက်လေယာဥ်က ၁ နာရီ​ တောင်မလို​တော့ဘူး ။











~~~~~~~~~~~~~~~~~~~~~~~











​နောက်တစ်​နေ့ ​ည​နေ ၄ နာရီမှာ Landon
City Airport ကို Lisa ​ရောက်​လာခဲ့တယ် ။
လူက ​တစ်​လျှောက်လုံး အ​တွေး​တွေများပြီး
ငိုလာခဲ့တာမို့ မတ်တပ်ထရပ်လိုက်​တော့ ​ခေါင်းထဲ
မိုက်ခနဲ ဖြစ်သွားပြီး ထိုင်ခုံမှာ ပြန်ထိုင်ချမိသည် ။

​လေယာဥ်မယ်တစ်ဦးက Lisa ကို ကူညီ​ပေးတာမို့ ​
လေယာဥ်​ပေါ်က​နေ အဆင်​ပြေ​ပြေ ပြန်ဆင်းလာနိုင်ခဲ့တာ ။

Landon မှာ Lisa သိတဲ့သူဆိုလို့ Bam ပဲ ရှိတယ် ။
သူ့ဆီကို ဖုန်းဆက်​တော့ ဖုန်းဝင်​ပေမယ့် မကိုင်ဘူး ။

​နောက်ဆုံး ​ခေါ်လိုက်တာက Bam ရဲ့ ညီမ Kitty ဆီကို ...




" unnie ထူးထူးဆန်းဆန်း ... "




" Landon ကို unnie ​ရောက်​နေတယ်
အဲ့ဒါ ​လေဆိပ်မှာ လာပြီးကြို​ပေးပါလား "




" ကိုကို့ ​စေ့စပ်ပွဲကို လာတာလား
အခု Kitty လာကြို​ပေးမယ်​လေ "




Lisa နားထဲမှာ ​သေချာကြားလိုက်ရတာက ​
စေ့စပ်ပွဲဆိုတာ တစ်ခုတည်းကိုပဲ၊
ဒီ​နေ့က Bam ရဲ့ စေ့စပ်ပွဲတဲ့လား ။
ထူးထူးဆန်းဆန်း ...




" Bam နဲ့ ​စေ့စပ်တာ ဘယ်သူလဲ "




တစ်ဖက်က ကြားရတဲ့အသံဟာ
ကားစက်နှိုး​နေတဲ့အသံ ။ ဒါ​ပေမယ့် Kitty ရဲ့
အ​ဖြေကို Lisa ​သေချာ ကြားလိုက်ရသည် ။




" Kitty နဲ့ အလယ်တန်းတုန်းက ​​
ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်း​လေ
နာမည်က Kim Jennie တဲ့ ... အရမ်း​ချောတာ
ကိုကို အရမ်း ကံ​ကောင်းတယ် သိလား "




ယိုင်ပြီး လဲကျမလို ဖြစ်သွားတဲ့ ​ခြေ​ထောက်​တွေကို
Lisa အ​တော်​လေး ​သေချာပြန်ထိန်းလိုက်ရတယ် ။
​လေဆိပ်ထဲက ​လေထုဟာ အသက်ရှူကြပ်​စေသလိုပဲ ။




" ငါ့ကို အမြန်လာ​ခေါ်​ပေးပါ Kitty "




​တုန်ရီ​နေတဲ့ အသံ​တွေကို ထိန်းပြီး ​ပြောလိုက်တယ် ။




" ​စေ့စပ်ပွဲက အခုမှ စမှာပါ
မှီပါတယ် unnie ရဲ့ ​နောက်မကျပါဘူး
အခု လာ​နေပြီ ... ဖုန်းချလိုက်​တော့မယ် "




ဖုန်းကျသွားတဲ့​နောက်မှာ Lisa ​ဆောင့်​ကြောင့်
ထိုင်ချလိုက်တယ် ။ ဘာ​ကြောင့် လုံးဝ မထင်ထားတဲ့
အရာ​တွေက အခုလိုမျိုး ဖြစ်လာရတာလဲ ။

မျက်ရည်ဝဲလာပြီး ထပ်ငိုမိ​တော့
ခန္ဓာကိုယ်ရဲ့ အပူချိန် ခပ်ပြင်းပြင်း နဲ့
အဲကွန်း အ​အေးဓါတ်က မညီမျှ​တော့ဘူး ။

တစ်ကိုယ်လုံး နုံးချိကိုက်ခဲပြီး
ဖျားချင်သလိုမျိုး ဖြစ်လာခဲ့တယ် ။

တစ်စုံတစ်​​ယောက်ရဲ့ အ​နောက်က​နေကမ်း​ပေးလာတဲ့
​ခေါက်လျက်သား လက်ကိုင်ပုဝါ​​လေးကို ​ခေါင်းငဲ့ကာ
လှမ်းယူလိုက်ပြီး​တော့ ​ကျေးဇူးမတင်လိုက်ရ​သေးခင်မှာပဲ
ထိုလူက ​လေဆိပ်အပြင်ကို ထွက်သွားတယ် ။

မျက်ရည်​တွေ​ကြောင့် ​​ယောကျ်ား​လား၊
မိန်းမလား ဆိုတာလည်း ​Lisa မခွဲခြားနိုင်ခဲ့ဘူး ။

ဒီအ​ခြေအ​နေနဲ့ Jennie ကို ရင်ဆိုင်နိုင်ပါ့မလား ။
သူမ ​ပြောလာမယ့် စကား​တွေကို Lisa ခံနိုင်ရည်ရှိပါ့မလား ။

ဒါ​ပေမယ့် ဘာ​ကြောင့် အခုလိုမျိုး သူတို့
လုပ်ရတာလဲ ဆိုတာကို Lisa ​မေးချင်​သေးသည် ။













~~~~~~~~~~~~~~~~~~~~~~~~~







နှစ်ထပ်တိုက်က​လေး အ​ရှေ့မှာ Kitty က
ကားကို ရပ်လိုက်တာနဲ့ Lisa အမြန် ဆင်းသွားခဲ့တယ် ။

ဆောင်းတွင်းရာသီ ဖြစ်ပြီး​တော့ Landon နိုင်ငံရဲ့
​နေဝင်ခါနီး ည​နေ​စောင်းအလှဟာ မီး​ရောင်စုံ​တွေနဲ့ လှပ​နေတဲ့
ခြံထဲက အပြင်အဆင်​တွေ၊ အိမ်ထဲမှာ ​ပျော်ရွှင်စွာ
စကား​ပြော​နေကြတဲ့ လူ​တွေရဲ့ မျက်နှာ​တွေ​ ...

ထိုမြင်ကွင်း​​ကြောင့် Lisa အတွက်
အကျည်းတန်​​သွားစေတယ် တဲ့လား ။

ခြံထဲကို ဝင်ပြီး ​လျှောက်လမ်းရဲ့ ​ဘေးမှာ
အလှဆင်ထားတဲ့ ပန်းအိုးအချို့ကို ရိုက်ခွဲပစ်လိုက်တယ် ။

အိမ်ထဲမှာ တီးလုံးသံ​ကြောင့် အပြင်က အသံ​တွေကို
သိပ်မကြားနိုင်​ပေမယ့် တစ်ချို့က Lisa ကို မြင်သွားပြီး
လှုပ်လှုပ်ရှားရှား ဖြစ်လာကြတယ် ။

​Kitty ကလည်း မိမိ ဘေးကို
အ​ပြေးအလွှား​ ရောက်လာသည် ။




" unnie ... ဒါ ဘာလုပ်တာလဲ "




Lisa ရဲ့ အာရုံက အိမ်ထဲက​နေ ထွက်လာပြီး
ခြံထဲကို ဆင်းလာကြတဲ့ Jennie နဲ့ Bam တို့ဆီမှာ ...

​စေ့စပ်ပွဲ ရဲ့ အဓိက ဇာတ်​ကောင်​ သူမက
အဝါ​ရောင် ဝတ်စုံ​လေးနဲ့ သိပ်ကို လှပလို့​နေတယ် ။




" Lisa ... နင် ဒါ ဘာလုပ်တာလဲ "




Lisa ကြည့်​နေတဲ့ မြင်ကွင်း​ရှေ့
လာ​ရောက် ပိတ်ရပ်ပြီး စကား​ပြောလာတဲ့
Bam ကို ခပ်ပြင်းပြင်းတစ်ချက်
ဆွဲထိုးလိုက်တယ် ။

ဧည့်သည်​တွေအားလုံးကပါ အံ့အားသင့်လို့ ။

Jennie ရဲ့ အကြည့်​တွေက ဘာလဲ ။
ဒီလို အကြည့်ကို Lisa မကြိုက်ဘူး​လေ ။

သူမက Lisa ရဲ့ အနားကို ​ရောက်လာတယ် ။




" Jennie ကိုယ်​လေ ... "




~ ဖြန်း ~




Daddy ရိုက်တုန်းက အသားပဲ နာကျင်ခဲ့​ပေမယ့်
အခု​တော့ Jennie က Lisa ရဲ့ နှလုံးသား တစ်ခုလုံးကို
ဆွဲထုတ်ပြီး အားပြင်းပြင်း ရိုက်ချသွားခဲ့တာ ။




" အရှက်မရှိဘူးလား Lalisa "




မိမိဟာ သူမအတွက်ဆိုရင် အရူးလုံးလုံး​​
ဖြစ်​ပေးမယ့်သူဆိုတာ Jennie ​​မေ့​လျော့​နေပုံပဲ ...














To be continued ....




" ငယ် " ဖျက်ဆီးပစ်လို့ ပျက်ဆီးသွားတာ
ကိုယ့်နှလုံးသားတစ်ခုတည်း မဟုတ်ခဲ့ပါဘူး ...



( ဟဲဟဲ ​မုန်တိုင်းပြီးရင် လေ​ပြေ​လေ​အေး​လေး​တွေ
လာတယ်တဲ့ ... စိတ်​လျှော့ကြပါ ​​​ယောရောဘွန်းတို့ 💛🌼 )













◾◾◾◾◾◾◾◾◾◾◾◾






Zawgyi
------------










Bar က ၂ ရက္​​ေလာက္ ပိတ္တယ္ ။

အ​ေၾကာင္းအရင္းက​ေတာ့ ပထမ ၁ ရက္ဟာ
Lisa ရဲ႕ လက္ထက္ခြင့္​ေတာင္းမယ့္ အစီအစဥ္အတြက္
ျပင္ဆင္​ေနရင္း ကုန္ဆုံးခဲ့ရၿပီး ​က်န္တဲ့ ပိတ္ရက္က
ထို လက္ထက္ခြင့္​ေတာင္းမယ့္ ​ေန႔​ရက္ေလး ... ။

Jennie ဆီက​ေန အဆက္အသြယ္မရလို႔
စိတ္ပူ​ေနတဲ့ Lisa က မနက္ျဖန္အတြက္ ျပင္ဆင္ရင္း
အာ႐ုံစိုက္မိ​ေနတာ​ေၾကာင့္ ​ေတာ္​ေသးတယ္​​ေျပာရမယ္ ။

​မ​ေန႔ကအထိ တမႈိင္မႈိင္တ​ေထြ​ေထြ ျဖစ္​ေနတဲ့ Lisa ကို
Jisoo တို႔​ေတြလည္း ​ေျပာလို႔မရ Chaeyoung လည္း
ဘားမွ မလုပ္​ေပးႏိုင္ခဲ့ဘူး ။

ဖုန္းသုံး​ေနတုန္း ပုံ​ေဖာ္ထားတဲ့ စိန္ လက္စြပ္တစ္ကြင္းကို
IG မွာ Post တင္လိုက္တဲ့ Lisa ​ေၾကာင့္ noti တက္လာတယ္ ။
ထိုပုံကို ၾကည့္ၿပီး Jisoo ၿပဳံးမိသည္ ။




" ဘားမွ စိတ္မပူပါနဲ႔ သူ အမွီ ျပန္လာမွာပါ
ညဥ့္နက္​ေနၿပီ အိပ္လိုက္ပါ​ေတာ့လား Lisa
Ten တို႔​ေတြလည္း အားလုံး ျပင္ဆင္ၿပီး​​ေနပါၿပီ "




Lisa ၿပဳံးျပၿပီး ​ေခါင္းညိမ့္လိုက္တယ္ ။

တကယ့္ အာ႐ုံက​ေတာ့ လြန္ခဲ့တဲ့ ၅ ​ရက္​​ ကတည္းက
စာလည္းမဖတ္ ျပန္စာလည္းမပို႔​ေတာ့တဲ့ Jennie ဆီကို
ဒီမနက္ကအထိ မိမိ ေနာက္ဆုံးပို႔ခဲ့သည့္ " ဖုန္း​ေခၚ​ေပးပါ​ေနာ္ "
ဆိုတဲ့ စာတန္း​ေလးဆီမွာသာ ။

သူမ ဘာ​ေတြမ်ားျဖစ္​ေနလို႔ မဆက္သြယ္ရတာလဲ ။
Lisa ဘားမွ သိပ္မျဖစ္သလိုမ်ိဳး​ ေန ​ေန​​ေပမယ့္
တကယ္တမ္း စိတ္ထဲမွာ ​ေလးၿပီး​ေတာ့
ဒီရက္ပိုင္း ​ေကာင္း​ေကာင္းအိပ္မ​ေပ်ာ္ဘူး ။

ကိုယ္ မင္းကို လြမ္းလိုက္တာ Jennie ရယ္ ။




" ဒီမွာ ၾကည့္စမ္းပါဦး Lisa
Jennie Kim တင္ထားတဲ့ ပုံကို "




လိုအပ္တဲ့ ပစၥည္း​ေတြ သြားမွာၿပီး ျပန္လာတဲ့
Chaeyoung က Bar ထဲ အ​ေလာတႀကီး ​
​ေျပးဝင္လာတာမို႔ နည္းနည္း​ေတာ့ စိတ္ပူသြားမိတယ္ ။

အ​ေၾကာင္းအရာကို မသိဘဲ ညီမျဖစ္သူ
တစ္စုံတစ္ခုမ်ား ျဖစ္လာခဲ့လို႔လား ဆိုတဲ့ အ​ေတြးနဲ႔ ။
​ေနာက္ၿပီး​ေတာ့ ညဥ္ြနက္သန္း​ေခါင္ ျဖစ္​ေနၿပီ​ေလ ။




" ဘာျဖစ္လာတာလဲ Chae "




" Jennie က သူ႔ရဲ႕ ဘယ္ဖက္ လက္သန္းႂကြယ္မွာ
လက္စြပ္တစ္ကြင္း နဲ႔ အတူ Post တင္ထားတယ္
ငါ ထင္တာ မမွားဘူးဆိုရင္ အဲ့ဒါ ​ေစ့စပ္လက္စြပ္ပဲ "




" မျဖစ္ႏိုင္တာ ... ငါ့ လာ​ေနာက္​ေနတာလား "




ခပ္က်ဲက်ဲ ရယ္ၿပီး Chaeyoung ရဲ႕ လက္ထဲက ဖုန္းကို
ယူၾကည့္လိုက္​​ေတာ့ သူ​ေျပာသလို Jennie က
" December 23 ? I'm so excited !!! " ဆိုတဲ့ စာနဲ႔​အတူ
ဘယ္ဖက္လက္သန္းႂကြယ္မွာ လက္စြပ္တစ္ကြင္းကို
ဝတ္ထားရင္း လြန္ခဲ့တဲ့ ၂ ရက္​ေလာက္က Post တင္ထားတယ္ ။




" ငါ့ အ​ေကာင့္မွာ ဘာ Noti မွ မတက္လာဘူး "




ရင္ဘတ္ႀကီးတစ္ခုလုံး ​ေျဗာင္းဆန္​ေနၿပီး​​ေတာ့
Lisa မ်က္ရည္​ေတြ ဝဲတက္လာခဲ့တယ္ ။
အသံ​ေတြကလည္း တုန္ရီလို႔ ​ေျခ​ေထာက္​ေတြ​ေတာင္
မတ္တပ္ ဆက္ရပ္ဖို႔ အား လုံးဝ မရွိ​ေတာ့ဘူး ။




" Lisa ... စိတ္ထိန္းဦး
ငါ Jennie ကို ဖုန္းဆက္ၾကည့္မယ္ "




Chaeyoung က ဖုန္းလွမ္းဆက္​ေတာ့
ပထမအႀကိမ္မွာ ဖုန္းမကိုင္ဘူး ။ ​ေနာက္တစ္ခါ
ဆက္တဲ့အခါမွာ​ေတာ့ Lisa လြမ္း​ေနခဲ့ရတဲ့
Jennie ရဲ႕ အသံ​ေလး ထြက္​ေပၚလာခဲ့တယ္ ။

ဒါ​ေပမယ့္ မာ​ေၾကာလွတဲ့ ​ေလသံနဲ႔အတူ
ခပ္ထန္ထန္​​ စကားလုံး​ေတြသာ ျဖစ္သည္ ။




" ငါ့ဆီ ဘာကိစၥ ဖုန္းဆက္တာလဲ "




" Jennie ... နင္ ပုံတင္ထားတာ​ေလ
အဲ့ဒါက ဘယ္လို အဓိပၸါယ္မ်ိဳးလဲဟင္
မနက္ျဖန္ Korea ကို ျပန္လာမယ္မလား "




" ​အာ ... မနက္ျဖန္ငါ​ေစ့စပ္မွာ​ေလ
Korea ကို ျပန္မလာျဖစ္ဘူး
​ေနာက္တစ္ခါ ဖုန္း ထပ္မဆက္ပါနဲ႔​ေတာ့ "




​ေဘးနားမွာ ရွိ​ေနၾကတဲ့သူ​ေတြ အားလုံး
အံ့ၾသ​ေနတာထက္ကို Lisa ပိုၿပီး အံ့အားသင့္ရတယ္ ။

ဘဝမွာ အႀကီးမားဆုံး​ေသာ ​ေပ်ာ္႐ႊင္မႈ အစိတ္အပိုင္းကို
ဆြဲထုတ္ ယူသြားခံလိုက္ရသလိုမ်ိဳး ရင္ဘတ္ထဲမွာ
ဗလာျဖစ္သြားၿပီး​ေတာ့ ခံစားခ်က္​ေတြက ပူျပင္း​ေနခဲ့သည္ ။

Chaeyoung ရဲ႕ လက္ထဲက ဖုန္းကို Lisa ဆြဲယူလိုက္တယ္ ။




" Jennie ကိုယ္ ... မနက္ျဖန္က ကိုယ္တို႔ရဲ႕
၁ႏွစ္ျပည့္​ေလ၊ မနက္ျဖန္က်ရင္ Jennie ကို
လက္ထက္ခြင့္​ေတာင္းဖို႔ ကိုယ္ အားလုံးျပင္ဆင္ၿပီးသြားၿပီ
ကိုယ့္ကို မ​ေနာက္ပါနဲ႔​ေနာ္ Jennie ... ျပန္လာမယ္မလား "




" ကြၽန္မက ရွင့္လို လူမ်ိဳးကို
လက္ထက္မယ္လို႔ ထင္​ေနတာလား
အရမ္းရယ္ရတာပဲ Lalisa shi

​ေနာက္ထပ္ ဖုန္းမဆက္ပါနဲ႔​ေတာ့ "




" Jennie ... Jennie ... "




Lisa ဘားမွ ထပ္မ​ေျပာရ​ေသးခင္မွာပဲ က်သြားတဲ့
ဖုန္းကို ​ေတြ​ေတြ​ႀကီး ၾကည့္ၿပီး ငိုင္​ေနမိတယ္ ။

ဘာ​ေတြ ဘယ္လို ျဖစ္ပ်က္သြားခဲ့တာလဲ ။
Jennie က Lisa အ​​ေပၚ ဘာ​ေၾကာင့္ ဒီလိုမ်ိဳး
ရက္ရက္စက္စက္ လုပ္ပစ္ႏိုင္ရက္ရတာလဲ ။




" Kim Jennie က ဘာျဖစ္သြားတာလဲ "




" သူ ဒီ​ေလာက္အထိ လုပ္​လိမ့္မယ္လို႔
လုံးဝ မထင္ထားမိဘူး "




Jisoo နဲ႔ Chaeyoung ရဲ႕ စကားသံကလြဲရင္
အားလုံးက Lisa ကို အကဲခတ္​ေနရင္း တိတ္ဆိတ္လို႔ ။

Lisa ဒူးႏွစ္ဖက္ၾကား မ်က္ႏွာအပ္ၿပီး​ေတာ့
ငိုခ်ပစ္လိုက္တယ္ ။ အခုထိ မယုံၾကည္ႏိုင္​ေသးဘူး ။
Jennie က Lisa အ​ေပၚ အခုလိုမ်ိဳး လုပ္ရက္တာကို ။




" သူ႔အ​ေဖက ​ေယာက်္ားခ်င္းႀကိဳက္ၿပီး​ေတာ့ သူ႔အ​ေမကို
ထားပစ္ခဲ့တာ ။ Jennie က အ​​​ေဖကို အရမ္းခ်စ္တယ္
ေနာက္ၿပီး​ေတာ့ အ​ေဖတူသမီး ။ ဒါ​ေပမယ့္ သူ႔အ​ေဖက
ခ်စ္သူ​ေကာင္​ေလး မိန္းမယူသြား​ၿပီး သစၥာ​ေဖာက္ခံလိုက္ရတဲ့​
ေနာက္မွာ ကိုယ့္ကိုယ္ကို သတ္​ေသသြားတယ္ ။ Jennie ရဲ႕
အသက္ ၁၃ ႏွစ္​​ေလာက္မွာ အတန္း​ေဖာ္​ေကာင္မ​​ေလးနဲ႔
အတြဲ​ေတြလိုမ်ိဳးျဖစ္ခဲ့​ေပမယ့္ သူ႔အ​ေဖ ကိစၥ​ေၾကာင့္
စိတ္ဒါဏ္ရာ ရၿပီး​ေတာ့ LGBT ​ေတြကို အရမ္း ႐ြံမုန္းတာ
ႀကီးတဲ့အထိပဲ ။

နင္ နဲ႔ ခ်စ္သူ​ေတြျဖစ္သြား​ေတာ့
သူ႔ကို ​ေမးၾကည့္ခဲ့​ေပမယ့္ ... "




" အဲ့တုန္းက ​ေျပာ​ေနၾကတာ​ေတြကို ၾကားခဲ့ပါတယ္
ဒါ​​ေပမယ့္ သူ ငါ့ကို တကယ္ခ်စ္တယ္လို႔ပဲ ထင္ခဲ့တာ
ဘာ​ေၾကာင့္ ... ဘာျဖစ္လို႔ အခုလိုမ်ိဳး လုပ္ရက္တာလဲ "




Lisa က Chaeyoung ရဲ႕ စကားကို
ဆက္​ေျပာရင္း အဆုံးမွာ တသိမ့္သိမ့္ ရႈိက္ငိုတယ္ ။ ​
ေဘးနားမွာ ရွိ​ေနၾကတဲ့ သူငယ္ခ်င္း​ေတြ ကလည္း
ႏွစ္သိမ့္​ေပးၿပီး စိတ္မ​ေကာင္းျဖစ္႐ုံပဲ တတ္ႏိုင္တယ္ ။




" ငါ သူ႔ဆီကို လိုက္သြားမယ္
Jennie ရွိတဲ့ ဆီကို ငါသြားမယ္ Chae "




" ဘာကို လိုက္သြားမွာလဲ "




မလွမ္းမကမ္းက​ေန ခပ္က်ယ္က်ယ္
အသံ ထြက္​ေပၚလာၿပီး​ေတာ့ ထို ဆီကို
Lisa လွည့္ၾကည့္လိုက္တယ္ ။




" Daddy ဘယ္လိုလုပ္ ... "




" မွာထားတဲ့ ဝိုင္​ေတြကို Daddy ယူလာ​​​ေပးတာ "




Chaeyoung ရဲ႕ စကား​အဆုံးမွာ
အနားကို ​ေရာက္လာတဲ့ Daddy က
Lisa ကို ​ေဒါသတႀကီး ၾကည့္​ေနတယ္ ။




" ​Bar ကို ၂ ရက္​ေတာင္ ပိတ္ထားတယ္
နင့္ကို ​ေတြ႕ခ်င္လို႔ အိမ္လိုက္သြားမယ္လုပ္​ေတာ့
အလုပ္မွာပဲ အိပ္ၾကမယ္လို႔ ​နင္က ေျပာခဲ့တယ္တဲ့

ေတာ္​ေလာက္ၿပီ ... ဒီအသက္အ႐ြယ္​ေရာက္တဲ့အထိ
နင့္မွာ ဘာတိုးတက္မႈ​ေတြ ရွိလာသလဲ Lisa
ငါ မသိခ်င္​ေယာင္​ေဆာင္​ေပးထား​ေပမယ့္ နင္
အဲ့မိန္းက​ေလး​ေၾကာင့္ အ​​ေတာ္​ေလး ပ်က္စီးေနၿပီ
ငါသည္းမခံႏိုင္​ေတာ့ဘူး ။ အခု သူ နင့္ကို
ထားသြားၿပီမလား ။ ဒီ မ​ေကာင္းတဲ့ မိန္းမအတြက္ ... "




" Jennie က အဲ့လိုမ်ိဳး မဟုတ္ပါဘူး
သမီး သူ႔ဆီကို လိုက္သြားၿပီး​ေတာ့ ... "




~ ျဖန္း ~




စကားမဆုံးခင္ ဘယ္ဖက္ပါးျပင္​ေပၚကို
က်​ေရာက္လာတဲ့ ​ေဒါသတႀကီး ႐ိုက္ခ်က္​ေၾကာင့္
Lisa ၾကမ္းျပင္​ေပၚ လဲက်သြားခဲ့တယ္ ။

အစကတည္းက စိတ္​ေၾကာင့္ အားနည္း​ေနခဲ့ၿပီး
နည္းနည္း​ေလး​ေတာင္ ​ေတာင့္ခံဖို႔ အင္အားမရွိခဲ့ဘူး ။




" နင့္ကို ငါ လႊတ္​ေပးထားတာ​ မ်ားသြားၿပီ

ဘာလုပ္​ေနတာလဲ Chaeyoung နဲ႔ Jisoo !
Lisa ကို အိမ္ျပန္​ေခၚသြားဖို႔ လုပ္​​ေလ
​ေနာက္ၿပီး ဒီ အဓိပၸါယ္မရွိတဲ့ အျပင္အဆင္​ေတြကိုလည္း
အကုန္ ျပန္သိမ္းၿပီး​ေတာ့ မနက္ျဖန္ Bar ျပန္ဖြင့္ဖို႔လုပ္ "




Lisa ရဲ႕ အ​ေဖျဖစ္သူကို သူငယ္ခ်င္း​ေတြ
အားလုံးက သိ​ေနၾကတာမို႔ Daddy ကို သူတို႔
မလြန္ဆန္ႏိုင္ၾကဘူး ။ ျပင္ဆင္ထား​တာ​ေတြ
ျပန္ျဖဳတ္ သိမ္းဆည္း​ေနၾကတဲ့ သူ​ေတြ​ေၾကာင့္
Lisa သြားတားဖို႔ မတ္တပ္ထရပ္လိုက္​​ေတာ့ Jisoo နဲ႔
ညီမျဖစ္သူ Chaeyoung က မိမိရဲ႕
လက္​ေတြကို အားနဲ႔ ဆြဲထားၿပီး တားတယ္ ။




" ငါ့ကို အဲ့လိုမ်ိဳး မလုပ္ၾကပါနဲ႔ "




" Jennie ​​ေျပာသြားတာ​ေတြကို နင္လည္း ၾကားတာပဲ
​ေက်းဇူးျပဳၿပီး ထပ္မလုပ္ပါနဲ႔​ေတာ့ ... နင္ နာက်င္မွာကို
ငါတို႔ လုံးဝ မျမင္ခ်င္ဘူး ။ နင္က ငါ့ရဲ႕ အ​မ​ေလ Lisa "




Chaeyoung ရဲ႕ စကားကို ေခါင္းခါၿပီး
အားကုန္ ႐ုန္း​ေပမယ့္ ႏွစ္​ေယာက္ နဲ႔ တစ္​ေယာက္မို႔
အင္အားခ်င္း မမွ်ဘူး ။

ကားပါကင္ဆီကို အတင္း ေခၚလာခံရၿပီး​ေတာ့
Jisoo က ကား​ေမာင္းသူ ​ေနရာကို အရင္ဝင္သြားတယ္ ။
​ကား​ေပၚတက္ထိုင္လိုက္တဲ့ Daddy ကို Lisa
​ေသခ်ာၾကည့္​ေနရင္း မိမိလက္ကို ​ေသခ်ာ ၿမဲ​ေန​ေအာင္
ဆြဲထားတဲ့ Chaeyoung အား အတင္း႐ုန္းၿပီး​ေတာ့
မိမိကားထဲ ​ေျပးဝင္ကာ အျမန္​ေမာင္းထြက္လာခဲ့လိုက္တယ္ ။

​အ​ေနာက္မွာ က်န္​ေနခဲ့တဲ့ သူတို႔က
Lisa ရဲ႕ ကား​အေနာက္ ​ေျပးလိုက္ၾက​ေပမယ့္
မမွီဘဲ က်န္ရစ္ခဲ့ၾကသည္ ။












~~~~~~~~~~~~~~~~~~~~~~~~~~~








" ဘယ္လိုျဖစ္သြားတာလဲ Chaeyoung "




ကား​ေပၚက​ေန အျမန္ဆင္းလာၿပီး
အနား​ေရာက္လာတဲ့ Daddy ရဲ႕ စကားကို
Chaeyoung ​ေခါင္းငုံ႔ၿပီး​ေတာ့ ဘားမွ
ျပန္မ​ေျပာႏိုင္ခဲ့ဘူး ။




" Lisa က အရမ္းသန္တယ္ "




" သူ ​ေလဆိပ္ကို သြား​ေလာက္တယ္
ပိုက္ဆံအိတ္လည္း ပါသြားတာမို႔ အဲ့ကိုပဲ
သူ ခ်က္ခ်င္း သြား​ေလာက္တယ္ Uncle
passport ကိုလည္း အၿမဲလိုလို
ကားထဲမွာ ​ေဆာင္ထားတတ္တယ္ "




" ဒါဆိုလည္း ​ေလဆိပ္ကိုေမာင္း
သူ႔အ​ေနာက္ကို ခ်က္ခ်င္းလိုက္သြားရမယ္
ဒီက​ေလး​ ... ႐ူး​ေနၿပီးလားမသိ​ေတာ့ဘူး "




Chaeyoung တို႔ ကား​ေပၚ အျမန္တက္ၿပီး
​အင္ခြၽန္း​ေလဆိပ္ကို ​​ေရာက္လာခဲ့ၾကတယ္ ။

ဒါ​ေပမယ့္ Landon ကို သြားမယ့္ ​ေလယာဥ္က
မိနစ္ပိုင္း​ အလိုမွာတင္ ထြက္သြားၿပီ ျဖစ္သည္ ။




" ​ေနာက္​ထြက္မယ့္ေလယာဥ္အတြက္
လက္မွတ္ျဖတ္ထားလိုက္ Chaeyoung "




Jisoo ဖုန္းထုတ္ၿပီး မိမိရဲ႕ passport ကို
ယူလာ​ေပးဖို႔ Jessi ဆီကို လွမ္း​ေျပာရတယ္ ။

​ေနာက္ေလယာဥ္က ၁ နာရီ​ ေတာင္မလို​ေတာ့ဘူး ။











~~~~~~~~~~~~~~~~~~~~~~~











​ေနာက္တစ္​ေန႔ ​ည​ေန ၄ နာရီမွာ Landon
City Airport ကို Lisa ​ေရာက္​လာခဲ့တယ္ ။
လူက ​တစ္​ေလွ်ာက္လုံး အ​ေတြး​ေတြမ်ားၿပီး
ငိုလာခဲ့တာမို႔ မတ္တပ္ထရပ္လိုက္​ေတာ့ ​ေခါင္းထဲ
မိုက္ခနဲ ျဖစ္သြားၿပီး ထိုင္ခုံမွာ ျပန္ထိုင္ခ်မိသည္ ။

​ေလယာဥ္မယ္တစ္ဦးက Lisa ကို ကူညီ​ေပးတာမို႔ ​
ေလယာဥ္​ေပၚက​ေန အဆင္​ေျပ​ေျပ ျပန္ဆင္းလာႏိုင္ခဲ့တာ ။

Landon မွာ Lisa သိတဲ့သူဆိုလို႔ Bam ပဲ ရွိတယ္ ။
သူ႔ဆီကို ဖုန္းဆက္​ေတာ့ ဖုန္းဝင္​ေပမယ့္ မကိုင္ဘူး ။

​ေနာက္ဆုံး ​ေခၚလိုက္တာက Bam ရဲ႕ ညီမ Kitty ဆီကို ...




" unnie ထူးထူးဆန္းဆန္း ... "




" Landon ကို unnie ​ေရာက္​ေနတယ္
အဲ့ဒါ ​ေလဆိပ္မွာ လာၿပီးႀကိဳ​ေပးပါလား "




" ကိုကို႔ ​ေစ့စပ္ပြဲကို လာတာလား
အခု Kitty လာႀကိဳ​ေပးမယ္​ေလ "




Lisa နားထဲမွာ ​ေသခ်ာၾကားလိုက္ရတာက ​
ေစ့စပ္ပြဲဆိုတာ တစ္ခုတည္းကိုပဲ၊
ဒီ​ေန႔က Bam ရဲ႕ ေစ့စပ္ပြဲတဲ့လား ။
ထူးထူးဆန္းဆန္း ...




" Bam နဲ႔ ​ေစ့စပ္တာ ဘယ္သူလဲ "




တစ္ဖက္က ၾကားရတဲ့အသံဟာ
ကားစက္ႏႈိး​ေနတဲ့အသံ ။ ဒါ​ေပမယ့္ Kitty ရဲ႕
အ​ေျဖကို Lisa ​ေသခ်ာ ၾကားလိုက္ရသည္ ။




" Kitty နဲ႔ အလယ္တန္းတုန္းက ​​
ေက်ာင္းအတူတက္ခဲ့တဲ့ သူငယ္ခ်င္း​ေလ
နာမည္က Kim Jennie တဲ့ ... အရမ္း​ေခ်ာတာ
ကိုကို အရမ္း ကံ​ေကာင္းတယ္ သိလား "




ယိုင္ၿပီး လဲက်မလို ျဖစ္သြားတဲ့ ​ေျခ​ေထာက္​ေတြကို
Lisa အ​ေတာ္​ေလး ​ေသခ်ာျပန္ထိန္းလိုက္ရတယ္ ။
​ေလဆိပ္ထဲက ​ေလထုဟာ အသက္ရႉၾကပ္​ေစသလိုပဲ ။




" ငါ့ကို အျမန္လာ​ေခၚ​ေပးပါ Kitty "




​တုန္ရီ​ေနတဲ့ အသံ​ေတြကို ထိန္းၿပီး ​ေျပာလိုက္တယ္ ။




" ​ေစ့စပ္ပြဲက အခုမွ စမွာပါ
မွီပါတယ္ unnie ရဲ႕ ​ေနာက္မက်ပါဘူး
အခု လာ​ေနၿပီ ... ဖုန္းခ်လိုက္​ေတာ့မယ္ "




ဖုန္းက်သြားတဲ့​ေနာက္မွာ Lisa ​ေဆာင့္​ေၾကာင့္
ထိုင္ခ်လိုက္တယ္ ။ ဘာ​ေၾကာင့္ လုံးဝ မထင္ထားတဲ့
အရာ​ေတြက အခုလိုမ်ိဳး ျဖစ္လာရတာလဲ ။

မ်က္ရည္ဝဲလာၿပီး ထပ္ငိုမိ​ေတာ့
ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ ခပ္ျပင္းျပင္း နဲ႔
အဲကြန္း အ​ေအးဓါတ္က မညီမွ်​ေတာ့ဘူး ။

တစ္ကိုယ္လုံး ႏုံးခ်ိကိုက္ခဲၿပီး
ဖ်ားခ်င္သလိုမ်ိဳး ျဖစ္လာခဲ့တယ္ ။

တစ္စုံတစ္​​ေယာက္ရဲ႕ အ​ေနာက္က​ေနကမ္း​ေပးလာတဲ့
​ေခါက္လ်က္သား လက္ကိုင္ပုဝါ​​ေလးကို ​ေခါင္းငဲ့ကာ
လွမ္းယူလိုက္ၿပီး​ေတာ့ ​ေက်းဇူးမတင္လိုက္ရ​ေသးခင္မွာပဲ
ထိုလူက ​ေလဆိပ္အျပင္ကို ထြက္သြားတယ္ ။

မ်က္ရည္​ေတြ​ေၾကာင့္ ​​ေယာက်္ား​လား၊
မိန္းမလား ဆိုတာလည္း ​Lisa မခြဲျခားႏိုင္ခဲ့ဘူး ။

ဒီအ​ေျခအ​ေနနဲ႔ Jennie ကို ရင္ဆိုင္ႏိုင္ပါ့မလား ။
သူမ ​ေျပာလာမယ့္ စကား​ေတြကို Lisa ခံႏိုင္ရည္ရွိပါ့မလား ။

ဒါ​ေပမယ့္ ဘာ​ေၾကာင့္ အခုလိုမ်ိဳး သူတို႔
လုပ္ရတာလဲ ဆိုတာကို Lisa ​ေမးခ်င္​ေသးသည္ ။













~~~~~~~~~~~~~~~~~~~~~~~~~







ႏွစ္ထပ္တိုက္က​ေလး အ​ေရွ႕မွာ Kitty က
ကားကို ရပ္လိုက္တာနဲ႔ Lisa အျမန္ ဆင္းသြားခဲ့တယ္ ။

ေဆာင္းတြင္းရာသီ ျဖစ္ၿပီး​ေတာ့ Landon ႏိုင္ငံရဲ႕
​ေနဝင္ခါနီး ည​ေန​ေစာင္းအလွဟာ မီး​ေရာင္စုံ​ေတြနဲ႔ လွပ​ေနတဲ့
ၿခံထဲက အျပင္အဆင္​ေတြ၊ အိမ္ထဲမွာ ​ေပ်ာ္႐ႊင္စြာ
စကား​ေျပာ​ေနၾကတဲ့ လူ​ေတြရဲ႕ မ်က္ႏွာ​ေတြ​ ...

ထိုျမင္ကြင္း​​ေၾကာင့္ Lisa အတြက္
အက်ည္းတန္​​သြားေစတယ္ တဲ့လား ။

ၿခံထဲကို ဝင္ၿပီး ​ေလွ်ာက္လမ္းရဲ႕ ​ေဘးမွာ
အလွဆင္ထားတဲ့ ပန္းအိုးအခ်ိဳ႕ကို ႐ိုက္ခြဲပစ္လိုက္တယ္ ။

အိမ္ထဲမွာ တီးလုံးသံ​ေၾကာင့္ အျပင္က အသံ​ေတြကို
သိပ္မၾကားႏိုင္​ေပမယ့္ တစ္ခ်ိဳ႕က Lisa ကို ျမင္သြားၿပီး
လႈပ္လႈပ္ရွားရွား ျဖစ္လာၾကတယ္ ။

​Kitty ကလည္း မိမိ ေဘးကို
အ​ေျပးအလႊား​ ေရာက္လာသည္ ။




" unnie ... ဒါ ဘာလုပ္တာလဲ "




Lisa ရဲ႕ အာ႐ုံက အိမ္ထဲက​ေန ထြက္လာၿပီး
ၿခံထဲကို ဆင္းလာၾကတဲ့ Jennie နဲ႔ Bam တို႔ဆီမွာ ...

​ေစ့စပ္ပြဲ ရဲ႕ အဓိက ဇာတ္​ေကာင္​ သူမက
အဝါ​ေရာင္ ဝတ္စုံ​ေလးနဲ႔ သိပ္ကို လွပလို႔​ေနတယ္ ။




" Lisa ... နင္ ဒါ ဘာလုပ္တာလဲ "




Lisa ၾကည့္​ေနတဲ့ ျမင္ကြင္း​ေရွ႕
လာ​ေရာက္ ပိတ္ရပ္ၿပီး စကား​ေျပာလာတဲ့
Bam ကို ခပ္ျပင္းျပင္းတစ္ခ်က္
ဆြဲထိုးလိုက္တယ္ ။

ဧည့္သည္​ေတြအားလုံးကပါ အံ့အားသင့္လို႔ ။

Jennie ရဲ႕ အၾကည့္​ေတြက ဘာလဲ ။
ဒီလို အၾကည့္ကို Lisa မႀကိဳက္ဘူး​ေလ ။

သူမက Lisa ရဲ႕ အနားကို ​ေရာက္လာတယ္ ။




" Jennie ကိုယ္​ေလ ... "




~ ျဖန္း ~




Daddy ႐ိုက္တုန္းက အသားပဲ နာက်င္ခဲ့​ေပမယ့္
အခု​ေတာ့ Jennie က Lisa ရဲ႕ ႏွလုံးသား တစ္ခုလုံးကို
ဆြဲထုတ္ၿပီး အားျပင္းျပင္း ႐ိုက္ခ်သြားခဲ့တာ ။




" အရွက္မရွိဘူးလား Lalisa "




မိမိဟာ သူမအတြက္ဆိုရင္ အ႐ူးလုံးလုံး​​
ျဖစ္​ေပးမယ့္သူဆိုတာ Jennie ​​ေမ့​ေလ်ာ့​ေနပုံပဲ ...














To be continued ....




" ငယ္ " ဖ်က္ဆီးပစ္လို႔ ပ်က္ဆီးသြားတာ
ကိုယ့္ႏွလုံးသားတစ္ခုတည္း မဟုတ္ခဲ့ပါဘူး ...



( ဟဲဟဲ ​မုန္တိုင္းၿပီးရင္ ေလ​ေျပ​ေလ​ေအး​ေလး​ေတြ
လာတယ္တဲ့ ... စိတ္​ေလွ်ာ့ၾကပါ ​​​ေယာေရာဘြန္းတို႔ 💛🌼 )


Continue Reading

You'll Also Like

278K 10K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
783K 65.5K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
233K 25.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ