You had me at hello

By Paing1001

281K 10.1K 302

လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကို... More

Greeting
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70(final)
About Extra
Extra 1
Extra 2
Extra 3
Extra 4 🚨
Extra 5
Extra 6
Extra 7(the end)

Part 10

3.9K 153 0
By Paing1001

Uni

မနက်ခင်းဟာ စိတ်ကြည်လင်သင့်ဆုံး အချိန်ဆိုလျှင် ခွန်းကတော့ ထိုစကားကို အမြဲတမ်းဆန့်ကျင်မိနေပါပြီ။

ဆူညံသော ကြက်တွန်သံ ပေါင်းစုံနှင့်အတူ မနက်ခင်းကို စတင်လိုက်ရပါသည်။

ငယ်ရွယ်စဥ်အခါက စာတွေ ကဗျာတွေထဲမှာ သင်ရတာတော့ ကျေးလက်ဒေသရဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ ကြက်တွန်သံဟာ သိပ်ကို တန်ဖိုးရှိသယောင်။

သို့ပေမယ့် ခွန်းအတွက်တော့ ယခုချိန်မှာ အမုန်းဆုံး တိရစ္ဆာန်ကို ပြောပါဆိုလျှင် ကြက်တွေဟုသာ ဖြေမိမညိ။

စီးပွားဖြစ်လည်းမဟုတ်ဘဲ အလကားမွေးထားသည့် ဖေဖေ့ရဲ့ စိတ်ကူးကိုတော့ တကယ်ကိုပင် နားမလည်နိုင်။

စီးပွားဖြစ်မဟုတ်သည့်အတွက် သူတို့မှာလည်း သန်မာလှသည်။
တစ်နေ့ထက် တစ်နေ့ပေါများလာကာ မျိုးတုံးဖို့ဆို ဝေးစွ။

မြို့ပေါ်နေသည်ဆိုပေမယ့် နေရာက အနည်းငယ်ချောင်ကျသည်။
အရမ်းကြီး တန်ဖိုးမရှိပေမယ့် ခြံအကျယ်ကြီးရှိရွေ့သာ တော်တော့သည်။

နမို့ဆို ပတ်ဝန်းကျင်က ဆဲတာနဲ့ပင် မတွေးရဲစရာ။
သို့ပေမယ့်လည်း သူများခြံထဲ သွားဒုက္ခပေးမှာ စိုးလို့ မောင်းရသည်က အလုပ်တစ်ခု။

တွေးနေရင်းနှင့်ပင် အိမ်အောက်တည့်တည့်မှ တွန်နေလေသည်။
နားထဲသို့ စူးဝင်သွားသော အသံသည် သံရည်ပူများ လောင်းချနေသကဲ့သို့ပင်။

မြို့ပေါ်က ကြက်တွေမို့ အချိန်မှန် မတွန်တက်တော့သည်လားမသိ။
ခွန်းကြားဖူးထားတော့ ကြက်တွေက သန်းခေါင်ယံနှင် အာရုဏ်တက်ချိန်တွေသာ တွန်တက်သည်။

သို့ပေမယ့် ယခု ကြက်တွေကတော့ အချိန်ပြည့်ကို တွန်နေသည်။
မနက်တွန် ညတွန် နေ့လည်နေ့ခင်းတောင် တွန်လေသည်။
တကယ်ကို စိတ်ပျက်စရာ။

မနက်ခင်းနှိုးထလာပုံကတော့ ထိုကဲ့သို့ပင် အကုသိုလ်အလုံးအရင်း နှင့်ပင်။

ဘယ်လိုပင် ရင်မခုန်ဘူးဟု ပြောပြော ညက အနည်းငယ် စိတ်လှုပ်ရှားမှုကြောင့် အတော်ညဥ့်နက်မှ အိပ်ပျော်သည်။

ယခု မနက်စောစောနှိုးလာရသည့်အတွက် ခေါင်းမှာ အနည်းငယ် နောက်ကျိနေသည်။

မနက်ပိုင်းလုပ်ရမည့် အရာများအား ပြုလုပ်ပြီးသည့်အခါ ကျောင်းသွားရန် ပြင်ဆင်ရလေသည်။

နည်းပညာကျောင်းတွေကတော့ သမိုင်းအစဥ်အလာနှင့်အတူ မြို့ပြင်မှာသာ များသော အားဖြင့် တည်ရှိကြသည်။

ကျောင်းသို့ လိုင်းကားနှင့် သွားရသည့်အတွက် ကားဂိတ်ကို ရောက်အောင် အမြန်သွားရမည်။
ကားဂိတ်နှင့် အိမ်မှာလည်း အတော်ဝေးသည်။
အတန်ကြာ လမ်းလျှောက်ရဦးပေမည်။

ပထမဆုံးနေ့ဖြစ်သည့်အတွက် အိမ်တွင်ရှိသော တစ်စီးတည်းသော ဆိုင်ကယ်လေးနှင့် ဖေဖေက ကားဂိတ်သို့လိုက်ပို့ပါသည်။
လမ်းလျှောက်ရတာ သက်သာသွားသည်။

ကားပေါ်မှာကတော့ ပထမဆုံးနေ့ဖြစ်သည့်အတွက် ကျောင်းသား သိပ်မပါပါ။
စျေးလာရောင်းပြီး ရွာပြန်မည့် စျေးသည်များနှင့် ပြည့်နေသည်။

ကိုယ်လုံး ဖိုင့်ဖိုင့် အဒေါ်ကြီးတွေနှင့် အကြီးအသေး စုံလင်လှသော စျေးခြင်းထောင်းများက ကားပေါ်မှာ နေရာအပြည့် ယူထားလေသည်။

ဒီနေ့ စျေးရောင်းရတဲ့ အခြေအနေကဘယ်လို စျေးစစ်တွေနဲ့ ဘယ်လိုတွေ့ကြောင်း စျေးသည်တွေက ဘယ်လိုဆစ်ကြောင်း အကြောင်းပေါင်းစုံကို ဝေမျှနေကြပါသည်။

မနက်အစောကြီးထကာ မြို့သစ်စျေးသို့ လာရောင်းပြီး သက်ဆိုင်ရာ ရွာများသို့ ပြန်ကြမည့်ပုံ။
ကြည့်ရသည်မှာ မောပန်းသလို ပျော်ရွှင်ဖို့လည်း ကောင်းလှ၏။

ဆူညံသော စကားသံများနှင့်အတူ လိုင်းကားလေးဟာလည်း ခွန်းစစီးရာ လမ်းဆုံမှတစ်ဆင့် ဘုရားကြီး ရွှေလက်ရာ စသည့်ဘုရားများအား တစ်ခုပြီးတစ်ခု ဖြတ်သွားလေသည်။

ကြားထဲတွင် ပြည်ကွန်ပျူတာ တက္ကသိုလ်ကိုလည်း ဖြတ်သွားလေသည်။
တူညီဝတ်စုံ အရောင်လွင်လွင်လုံချည်လေးများနှင့် ကျောင်းသူလေးများမှာ လှပလွန်းသည်။

တာဂွမှတစ်ဆင့် ပေါင်းတလည်ဘက်သို့ မောင်းနှင်နေလေသည်။
သိပ်မကြာခင်ပင် သမိုင်းဝင် ပျူမြို့ဟောင်းသို့ ဖြတ်သန်းသွားလေသည်။

ပြည်မြို့ကျော်ကြားရခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်သည့် ပျူမြို့ဟောင်းကို ခွန်းအလွန် နှစ်သက်ပါသည်။

ထိုမှတစ်ဆင့် လယ်ကွင်းများ ကွင်းပြင်များကို ဖြတ်သန်းသွားသည်။
ကြီးမားလှသော အပင်ကြီးများကလည်း တရိပ်ရိပ်နှင့် ကျန်ခဲ့လေသည်။

တဖြည်းဖြည်းနှင့် ကျောင်းရှေ့သို့ ရောက်လာပါသည်။
ပြည်နည်းပညာ တက္ကသိုလ် ဆိုသော ဆိုင်းပုဒ်ကြီးက ကြိုဆို လျက်ရှိသည်။

ခွန်းရဲ့ ခြေလှမ်းများကို စတင်လှမ်းလိုက်ပါသည်။
မနက်ဖြန်တိုင်းအတွက် ဘယ်လိုရှေ့ဆက်ရမည်လဲ မသိပါ။

တကယ်တော့ ဘဝမှာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးပါ။
တစ်နည်းအားဖြင့် ဘာဖြစ်ချင်မှန်း မသိသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။

ဟုတ်ပါသည်။
ခွန်းဘဝမှာ ဘာဖြစ်ချင်သည်ဟူ၍ မရှိပါ။
ကိုယ်တိုင်လည်း ဘာဖြစ်ချင်မှန်းမသိပါ။

အဲ့လိုဆို၍ ရည်မှန်းချက်တွေ အိမ်မက်တွေ မရှိဘူးလားဆိုတော့ မဟုတ်ပါ။
ခွန်း ပိုက်ဆံတွေ အများကြီးရှာချင်သည်။
မိသားစုအား ပြောင်းလဲပေးချင်သည်။

ကိုယ်တိုင်လည်း လုပ်ချင်တာတွေအများကြီး ရှိသေးသည်။
ထို့ကြောင့် ကြိုးစားရမည်ဆိုတာကို သိသည်။
ဘယ်လိုဘယ်ပုံ ဘယ်လမ်းက သွားရမည်ဆိုတာ မသိ။

ခွန်းက စာကျက်ပျင်းတဲ့ အထဲမှာပါသည်။
သို့ပေမယ့် ကြိုးစားရမည်ဆိုသော အသိလေးကြောင့် ထိပ်ဆုံးမရောက်ရင်တောင် တစ်နှစ်တစ်တန်းတော့ ပုံမှန်အောင်ခဲ့သည်။

အထက်တန်းရောက်တော့ ပို၍ ကြိုစားသည်။
လူကြီးတွေက ၁၀တန်းက ဘဝကို ပြောင်းလဲပေးမှာဟု ပြောကြသောကြောင့်ပင်။

ကြိုးစားမှုနှင့် ထိုက်တန်သော ရလဒ်တစ်ခု ရခဲ့ပါသည်။
နှစ်ချင်းပေါက်အောင်ပြီး ဂုဏ်ထူး သုံးခု ပါသည်။

တကယ်တော့ ၁၀ တန်းပြီးမှ ဘဝက စလေသညိ။
ကိုယ်တစ်သက်လုံး လုပ်ကိုင်ရမည့် နယ်ပယ်နှင့်ဆိုင်သော မေဂျာကို ခွန်းမသိ။
ဘာကိုလျှောက်လို့ ဘာလုပ်ရမည်မှန်းလဲမသိ။

အမရာကတော့ စီးပွားရေးပဲ တက်စေချင်သည်။
သို့ပေမယ့် ခွန်းအတွက်အဆင်မပြေ။
စိတ်မဝင်စားတာက တစ်ကြောင်း ငွေရေးကြေးရေး ပိုမိုကုန်နိုင်သည် ရှိသော် ဆိုတာက တစ်ကြောင်း
ခွန်း မရွေးချယ်ခဲ့။

ထို့ကြောင့် ခွန်းရဲ့ရွေးချယ်မှုသည် ဤတက္ကသိုလ်ပင် ဖြစ်လာခဲ့သည်။

ကျောင်းဝန်းထဲသို့ ခြေလှမ်းသည်နှင့် ခွန်းသွားရမည့် building သို့သာ ဦးတည်သွားလိုက်သည်။

ဝင်ရမည့် အခန်းထဲသို့ ခွန်းကြည့်လိုက်မိပါသည်။

များပြားလှသော အဖြူအပြာ ဆင်တူဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်များက role 4 ခုလုံး အပြည့်။

"ခွန်း.....  ငါ ဒီမှာ”

"အင်း လာပြီ”

ရတီနွယ် ဦးထားပေးသည့် ခုံမှာ ခွန်း ဝင်ထိုင်လိုက်ပါသည်။

ခွန်းက အနေအေးသည့် အထဲတွင် ပါသည်။
အေးအေးဆေးဆေးနေတတ်သလို လူတိုင်းနှင့်လည်း အဆင်ပြေအောင်ပေါင်းနိုင်ပါသည်။

လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းတတ်ဖို့ ဘဝက သင်ပေးခဲ့သည် ဆိုင်လည်း ပိုမှန်ပါလိမ့်မည်။

ရတီနွယ်ဆိုသော သူငယ်ချင်းမလေးက အထက်တန်းကျောင်းတုန်းက  တစ်ကျောင်းတည်းပင်။
သို့ပေမယ့် အခန်းမတူ။

ခွန်းနဲ့ uni တူမှန်းသိ၍ သူက စတင်လာမိတ်ဖွဲ့ခဲ့ခြင်း။

ခွန်းကလည်း ကိုယ့်ဘက်က စတင် မိတ်ဖွဲ့ရသည်ကို မနှစ်သက်ပေမယ့် ပြေပြေလည်လည် လာရောက် ပြောဆိုရင်တော့  ရင်းရင်းနှီးနှီးပဲ ပြန်လည် ဆက်ဆံပေးလိုက်ပါသည်။

သို့ပေမယ့် အမရာက လွဲ၍ ကျန်သူအားလုံးမှာ ကိုယ်ပေါင်း စိတ်ခွာ မျှသာ ဖြစ်လေသညိ။

ဆရာတွေက စာမသင်ပါ။
တစ်ယောက်ပြီး တစ်ယောက် သက်ဆိုင်ရာ major များကို ရှင်းပြနှုတ်ဆက်ကြသည်။

Compound ခန်းသဖွယ်ဖြစ်နေသည့် အတွက် လူတွေက များပြားပြီး အလွန်ဆူညံသည်။
ခွန်းတို့က နောက်ဆုံးမှာ ဖြစ်တဲ့ အတွက် မနည်းအားယူ နားထောင်နေရသည်။

နေ့လည်ခင်းသို့ ရောက်သောအခါ ပြန်ရလေသည်။

တဖန်စီးရမည့် ကားကို ကျောင်းရှေ့မှာပဲ စောင့်နေလိုက်သည်။

မကြာမီပင် ရွှေသမင် ဆိုသော ဆိုင်းပုဒ် တပ်ထားသည့် ကားလေး တရွေ့ရွေ့ နီးကပ်လာလေသည်။
………………………………………………

၂ ပတ်ကျော်ကျော်လောက် တက်ပြီးသည့် အခါတွင်တော့ major များခွဲလေသည်။

ကံကောင်းစွာပင် ခွန်းနဲ့ ရတီမှာ major တစ်ခုတည်းကျလေသည်။

ကံဆိုးသည်မှာတော့ role no တွေက နောက်ဆုံးက ရေရင် ထိပ်ဆုံးပင်။

လူ ၄၇ ယောက်ရှိသော civil major မှာ ခွန်းက
role no 45 ရတီက role no 46
နောက်ဆုံးကျန်သော role no မှာ repeater တစ်ယောက်ဖြစ်သည်။

အနည်းငယ်တော့ ရှက်ဖို့ကောင်းသည်။

အတန်းထဲသို့ ဝင်ဝင်ချင်း မြင်ရသည်က တက္ကသိုလ် ဟူသည် ဒါလား ဟူ၍ပင်

ခုံတွေက အကုန်ပြည့်နေသလိုပင်။
လူတွေကလည်း အဆင်ပြေသလို ထိုင်ကြသည်ပင်
တစ်ယောက်တည်းထိုင်သည်လည်းရှိသလို နှစ်ယောက်ထိုင်သည်လည်း ရှိသည်။
သုံးလေးယောက် ပူးကပ်၍ ထိုင်နေသည်များလည်း ရှိသည်။

ဘေးအစွန်ဆုံး role တွင်ပဲ ခွန်းတို့ ဝင်ထိုင်လေသည်။
ရှေ့ဆုံးခုံမှာ ဘယ်သူမှ မထိုင်။
ဒုတိယတန်းမှာ နှစ်ယောက်
တတိယတန်းမှာ နှစ်ယောက်
နောက်တွင် ခွန်းတို့ ဝင်ထိုင်လေသည်။

ခွန်းထိုင်သည့် နေရာသည် အနောက်ဆုံး အစွန်ဆုံး ဖြစ်လေသည်။
whiteboard ကို လှမ်းကြည့်ရသည်မှာလည်း အဆင်ပြေသည်။
အနည်းငယ် ဝေးသလို ရှိပေမယ့် ခွန်းက မျက်စိကောင်းသည်။

ပြတင်းပေါက်တွေ တံခါးပေါက်နှင့် အနီးဆုံးဖြစ်သဖြင့် ဝင်ရထွက်ရတာ အဆင်ပြေမည်။
အကောင်းဆုံးကတော့ ဆရာတွေနှင့် အဝေးဆုံး ဖြစ်သည်။

မကြာမီပင် ခွန်းတို့၏ major ဆရာမ ဝင်လာလေသည်။
ထို့နောက်တွင် တစ်ယောက်ချင်းစီ မိတ်ဆက်ပြီး မှာကြားစရာရှိသည်များကို မှာကြားလေသည်။

တစ်လလောက်အကြာတွင်တော့ ခွန်းတို့ကို ကြိုဆိုသည့် ပွဲလေး ပြုလုပ်ပေးသည်။
ကျောင်းအုပ် မော်ကွန်းထိန်းနှင့် သက်ဆိုင်ရာ major ဆရာမများက အသီးသီး မိတ်ဆက်ကြသည်။

ကျောင်းသား ကျောင်းသူတွေထဲက roll 1 to 5 ကိုလည်း ဆုချီးမြှင့်လေသည်။

ပထမ အမှတ်အများဆုံး ကျောင်းသားကတော့ ခွန်းတို့ major မှာပင်
ဒုတိယ အမှတ်အများဆုံး ကျောင်းသားကတော့ တခြား major ကို ဦးစားပေးလျှောက်လေသည်။

သူ့သာ civil ကို ဦးစားပေးလျှောက်လျှင် ခွန်းနဲ့ ရတီတို့ တစ်ခန်းတည်း အတူမကျနိုင်။

ကျောင်းတက်ရတာ ကြာလာသည်နှင့်အမျှ ခွန်းတို့ role ရှိ ၆ ယောက်ကတော့ အတန်သိနေလေပြီ။
တစ်ခန်းလုံးကိုတော့ ခွန်းသေချာ မသိသေး။

ခွန်းနဲ့ ရတီမှာ uni ရောက်မှ ပေါင်းဖြစ်သည်။
တကယ်တော့ ခွန်းတို့ ၂ ယောက်က type လုံးဝ မတူ။

သို့ပေမယ့် တူညီသည်က ရတီရော ခွန်းရော အေးအေးဆေးဆေး နေရတာကြိုက်သည်။

ရတီက အားရင် game ပဲဆော့နေတတ်သလို ခွန်းကလည်း အချိန်ရသည်နှင့် စာအုပ်နှင့်ပဲ ဖြစ်ဖြစ် ph ထဲကပဲ ဖြစ်ဖြစ် စာဖတ်နေတတ်သည်။

ကျောင်းတက်ရတာ ကြာလာသည်နှင့်အမျှ roll no တွေနှင့် ၁၀ တန်းအမှတ်စာရင်းတွေက ယုံလို့မရ သလိုပင်။

၁၀ တန်းမှာ တော်ပြီး roll ကောင်းတဲ့သူကလည်း ကျောင်းတက် မှန်ချင်မှမှန်သည်။
tuto ဖြေရင်လည်း အမှတ် အနိမ့်ဆုံး ဖြစ်ရင် ဖြစ်နေတတ်သည်။

ခွန်းကတော့ ပုံမှန်လေးပင် စာလုပ်သည်။
အလုပ်တစ်ဖက်နှင့် ဖြစ်သည့်အတွက် စာကြည့်ချိန်လည်း သေချာပြန်ထုတ် ရသည်။

အတန်းထဲက တစ်ချို့သူတွေနှင့် ခွန်း ဘေးနားက ရတီ ကိုယ်တိုင်တောင် ခွန်းက hyper ဟုပြောလိုက် တက္ကသိုလ်နှင့် မတန်ဘူးဟူ၍ ပြောလိုက်နှင့်ပင်။

တကယ်တော့ ခွန်းစာကြိုးစားနေတာမဟုတ်ပါ။
သူတို့တွေ စာမလုပ်ခြင်းသာ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ နောက်ဆုံးတန်းမှာ နေရသည်လည်း ကောင်းတဲ့ အချက်ရှိသလို မကောင်းတဲ့ အချက် ရှိပြန်သည်။

ဆရာတွေနှင့် ဝေးသည်ဆိုပေမယ့် ဒီ role ကို မေးတော့မည်ဆိုလျှင် ခွန်းကိုပဲ မြင်ကြသည်။

အမေးခံရလွန်းလို့ ခွန်းကို အတန်းထဲက သူတော်တော် များများတောင် သိနေကြပြီ။
ခွန်းကတော့ အကုန်လုံးကို အခုထိ မသိသေး။

roll 1 နှင့် EC တောင် အခုထိ မခွဲတတ်သေးပေ။

ခွန်းကတော့ ဤ တက္ကသိုလ်ကြီးကို တဖြည်းဖြည်းနှင့် သဘောကျလာပါပြီ။

ကျောင်းက အတော်ကျယ်ဝန်းပြီး နေရာလွတ်တွေလည်း အများကြီး ရှိသေးသည်။
အဆောက်အဦးတွေ ဆောက်မည်ဆိုလျှင် အများကြီး ထပ်ဆောက်လို့ ရနိုင်သေးသည်။

ကျောင်းထဲသို့ ဝင်ပြီး အနည်းငယ်လျှောက်လှမ်းလျှင် တွေ့ရသည့် လက်ခုပ်ပင်ကြီးနှင့် လက်ခုပ်ပင်ကို ပတ်၍ ပြုလုပ်ထားသော ခုံဝိုင်းကြီး
လက်ခုပ်ပင်နောက်က သရက်တောဟုခေါ်သည့် သရက်ပင် များစွာနှင့် ခုံလေးများ ထိုနေရာတွေကို ခွန် အလွန်သဘောကျသည်။

သဘောကျပေမယ့် သေချာတော့ မထိုင်ဖြစ်သေးပေ။
အမြဲတစေ အတွဲတွေနှင့် ပြည့်နေတတ်၍ ဖြစ်သည်။

ကျောင်းသို့ အခုမှ စရောက်သူ ပီပီ တွေ့သမျှ အရာတွေအားလုံးက အထူးအဆန်းပင်။

လက်ခုပ်ပင်ကြီး သရက်တော သုံးဆိုင်မျှသော ရှိသော ကန်တင်း တစ်ဆိုင်တည်းသော မုန့်ဆိုင် ခြောက်သွေ့ပြီး မြက်ပင်တွေပေါက်နေသော မြေနေရာလွတ်များ Drawing ခန်း သက်ဆိုင်ရာ Practical ခန်းများ

ထိုအရာများထက် ပိုထူးဆန်းသည် ကျောင်းတက်တာ ၂ လပင်မပြည့်သေး ရည်းစားတစ်ယောက် ရသွားသည့် ရတီပင်။

ခွန်းကိုလည်း အသိမပေးပေ။
သူချစ်သူရပြီးမှသာ အသိပေးလေသည်။
သူ့ကောင်လေးသည် ခွန်းတို့ အတန်းထဲကပင်။
သို့ပေမယ့် ခွန်းမသိ။

သူတို့ကြိုက်နေတာ တစ်ခန်းလုံး သိပြီးမှ ခွန်းသိခြင်း။

တစ်ခါတစ်ရံ ခွန်းသည် လေ့လာမှုအား အရမ်းနည်းသည်။

drawing ချိန်တွေကတော့ ခွန်းအတွက် ခက်ခဲသည့် အချိန်တွေ ထဲတွင်ပါသည်။
မဆွဲတတ်၍ မဟုတ်ပဲ နေရာ မရခြင်းကြောင့်ဖြစ်လေသည်။

drawing ချိန်တွေသည် တစ်နေ့ခင်းလုံး ဆက်တိုက်ယူတတ်ပြီး တစ်ပတ်မှာ တစ်ရက်သာ ပါသည်။

dtawing ခန်းတွေရှိသော်လည်း ဆရာက သင်လျှင် major ၂ ခုပေါင်း၍ သင်သည်။
သင်ပြီးမှ နေရာမရှိလျှင် တစ်ဖက်အခန်းမှာ သွားဆွဲရသည်။

နေရာရသည်ဟူ၍ လည်း မရှိပါ။
ဘယ်လောက်စောအောင် သွားသွား အရှေ့ဆုံးနေရာတွေကတော့ ကျောင်းဆောင် နေသူများက ဦးထားတတ်သည်။

သူတို့ ပြောကြသည်မှာတော့ ညတည်းကပင် အိတ်တွေ သွားချထားသည် ဟူ၍ပင်။
အရှေ့ဆုံးနေရာတွေကတော့ သူတို့တွေအတွက်ပင်။

အလယ်လောက်ကတော့ မနက်အစောကြီး လာပြီး ဦးထားသူများအတွက်။
ခွန်းတို့ကတော့ အမြဲတစေ နောက်ဆုံးပင် တစ်ခါတစ်ရံတော့ အလယ်လောက်ရသည်။

ဤနေရာတွင်တော့ ရတီ့ချစ်သူက အားကိုးရသည်။
သူက ကျောင်း​ဆောင်မှာနေသည့် အတွက် ခုံဦးထားတတ်သည်။

သို့ပေမယ့် သူလည်း ထိပ်ဆုံးတော့ ရအောင်မဦးနိုင်။
အလယ်လောက်ပင်။
တကယ်တော့ အလယ်လောက်ရသည်ပင် အတော်အဆင်ပြေပါသည်။

ယခုလည်း နေခင်းပူလောင်လောင် drawing ခန်းထဲမှာ မတ်တပ်ရပ်နေရခြင်း။

တကယ်တော့ ခွန်းသည် ကိုယ့်ကိုကိုယ်ပင် မသဒ္ဓါသည့် လူမျိုးထဲတွင်ပါသည်။

ထမင်းသာ ခွန်းစားသည်။
ကျန်တဲ့ အရာတွေအတွက် ငွေကုန်ကြေးကျမခံ။

ကိုယ်ရတဲ့ ဝင်ငွေလေးနှင့်ပင် ကျောင်းစရိတ်ဖိုး ကာမိအောင်တောင် မနည်းစုနေရသည်။
အပိုအကုန်ခံ၍ မရ။

ထမင်းများများစားမယ်ဆိုတော့လည်း အိမ်မှာသာ ကြိုက်သလောက်စားလို့ရပေမယ့် (ဒါတောင် လောက်၏ မလောက်၏ ချင့်ချိန်ရသေး)
ကန်တင်းမှာတော့ လက်ဖက်ထမင်း တစ်ပွဲထက် ပိုမစား

ခွန်းက မနက်စာလည်း သေချာမစားတတ်ပေ။
မစားသည်က များသည်။
ဒါဟာ အခုမှမဟုတ် အထက်တန်းစတတ်၍ မနက်ပိုင်း ကျူရှင်တတ်သည့် အရွယ်တည်းကပင်။

ရလဒ်အနေဖြင့် ခွန်းသည် သွေးအားနည်းတတ်သည်။
အကြာကြီး ရပ်နေရင် အဆင်မပြေ။
တစ်ခါတစ်လေ drawing ခန်းထဲမှာ တစ်နေ့ခင်းလုံး မတ်တပ်ရပ်နေ ပြီးရင် ကားစီးပြီး ကားပေါ်က ဆင်းသည့်အချိန်မျိုးတွင် လူက မလဲအောင် မနည်းထိန်းထားရသည်။
အမြဲလိုလို ခေါင်းမူးနေတတ်သည်။

သို့ပေမယ့် ခွန်း၏ အားနည်းမှုသည် ခွန်းမျက်နှာမှာမပေါ်
ခွန်းက ခံစားချက်တွေကိုလည်း သေချာ သိမ်းဆည်း တတ်သေးသည်။

ယခုလည်း ထိုကဲ့သို့ပင်။
ရာသီဉတုက အရမ်းပူလွန်းသည်။
မနက်စာက စားမလာ။
ပိုဆိုးသည်က ရာသီ လာနေသေးသည်။
လူက နေရသည်မှာ ဘယ်လိုမှ အဆင်မပြေ။

ထိုင်စရာခုံလည်း မရ၍ မတ်တက်ရပ်နေရသည်မှာ ကြာပြီ။
ခြေထောက်တွေပင် မခိုင်ချင်တော့ပါ။
ရေသောက်ရလွန်း၍ ရေတစ်ဗူးမှာလည်း ကုန်တော့မည်။

"ခွန်း နင် အဆင်ပြေရဲ့လား”

"အွန်း ပြေပါတယ်”

ပါးစပ်ကသာ ပြေပါတယ်ဟု ပြောရသည်။
လူက တကယ်အဆင်မပြေပါ။
ပထမဆုံးရက်မလို့ ခါးကိုက်သည့် ဝေဒနာက အတော်ဆိုးသည်။

လက်တစ်ဖက်က ဗိုက်ကို ဖိထားပြီး စားပွဲပေါ် ခေါင်းငိုက်စိုက်ကျနေပြီ။
တကယ်ကို ပင်ပန်းလှပြီ။

"ခွန်း ဒီမှာ ရော့ ခုံ ထိုင်လိုက်”

"ဟင် ဘယ်က ရတာလဲ”

"လုပ်ပါ စကားများမနေနဲ့ အရင်ထိုင်လိုက်”

"ဟာ နင်ကလည်း ခုနတုန်းက တစ်ခုံမှ မအားတာ”

"ငါ့ဘဲပေးတာ ငါ့ဘဲပေးတာ ဟုတ်ပြီလား ရော့ ထိုင်”

"ဟာ နင့်ကောင်လေးက နင်ထိုင်ဖို့ ပေးတာလေ တော်ပါ မထိုင်ချင်ပါဘူး”

ဟုတ်သည်လေ သူ့ချစ်သူအတွက် သူပေးတာပဲ ဖြစ်မည်။
ကိုယ်ထိုင်လိုက်ရင် ကြိုက်မှာမဟုတ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ကြားထဲ မဝင်ချင်ပါ။

"ခွန်း နင်ခေါင်းမာနေတာလား မာနကြီးနေတာလား
ခေါင်းမာတယ်ဆိုတာလည်း မာသင့်တယ်နေရာမှ မာရတယ် မာန ထားတာလည်း အဲ့ဒီအတိုင်းပဲ မြန်မြန်ထိုင်စမ်းပါ”

"ဟာ မထိုင်ချင်ပါဘူး”

"ခွန်း...... ငါစိတ်တိုလာပြီနော် မြန်မြန်ထိုင် မထိုင်ရင် နင်လဲကျတော့မယ်”

ဒီထက် ပိုငြင်းနေ၍လည်း မကောင်းပေ။
ကိုယ်တိုင်ကလည်း ရပ်ဖို့ တကယ်ကို အားမရှိတော့။
ခွန်း ခေါင်းမာမာနှင့်ပင် အလျော့ပေးလိုက် ရသည်။

"အဲ့လို လုပ်စမ်းပါ”

ခွန်းရတီ့ကို ပြုံးပြပြီး
ပြန်အားမွေးနေလိုက်သည်။
ခေါင်းကို ငိုက်စိုက်ချလျက် လက်နဲ့ထိန်းပြီး မျက်လုံးများကို မှိတ်၍ လူတွေကို အာရုံထဲကို ဖျောက်ထားပစ် ရသညိ။

ထိုစဥ် နောက်ဖက်မှ စိုးရိမ်နေသော မျက်ဝန်းတစ်စုံနှင့် ပြုံးယောင်သန်းသွားသော နှုတ်ခမ်းတစ်စုံကို သူမ မမြင်လိုက်ရပါ။

Paing  
15.8.2021
1:11 AM


Zawgyi

မနက္ခင္းဟာ စိတ္ၾကည္လင္သင့္ဆုံး အခ်ိန္ဆိုလွ်င္ ခြန္းကေတာ့ ထိုစကားကို အၿမဲတမ္းဆန့္က်င္မိေနပါၿပီ။

ဆူညံေသာ ၾကက္တြန္သံ ေပါင္းစုံႏွင့္အတူ မနက္ခင္းကို စတင္လိုက္ရပါသည္။

ငယ္႐ြယ္စဥ္အခါက စာေတြ ကဗ်ာေတြထဲမွာ သင္ရတာေတာ့ ေက်းလက္ေဒသရဲ႕ တန္ဖိုးတစ္ခုျဖစ္တဲ့ ၾကက္တြန္သံဟာ သိပ္ကို တန္ဖိုးရွိသေယာင္။

သို႔ေပမယ့္ ခြန္းအတြက္ေတာ့ ယခုခ်ိန္မွာ အမုန္းဆုံး တိရစ္ဆာန္ကို ေျပာပါဆိုလွ်င္ ၾကက္ေတြဟုသာ ေျဖမိမညိ။

စီးပြားျဖစ္လည္းမဟုတ္ဘဲ အလကားေမြးထားသည့္ ေဖေဖ့ရဲ႕ စိတ္ကူးကိုေတာ့ တကယ္ကိုပင္ နားမလည္နိုင္။

စီးပြားျဖစ္မဟုတ္သည့္အတြက္ သူတို႔မွာလည္း သန္မာလွသည္။
တစ္ေန႕ထက္ တစ္ေန႕ေပါမ်ားလာကာ မ်ိဳးတုံးဖို႔ဆို ေဝးစြ။

ၿမိဳ႕ေပၚေနသည္ဆိုေပမယ့္ ေနရာက အနည္းငယ္ေခ်ာင္က်သည္။
အရမ္းႀကီး တန္ဖိုးမရွိေပမယ့္ ၿခံအက်ယ္ႀကီးရွိေ႐ြ႕သာ ေတာ္ေတာ့သည္။

နမို႔ဆို ပတ္ဝန္းက်င္က ဆဲတာနဲ႕ပင္ မေတြးရဲစရာ။
သို႔ေပမယ့္လည္း သူမ်ားၿခံထဲ သြားဒုကၡေပးမွာ စိုးလို႔ ေမာင္းရသည္က အလုပ္တစ္ခု။

ေတြးေနရင္းႏွင့္ပင္ အိမ္ေအာက္တည့္တည့္မွ တြန္ေနေလသည္။
နားထဲသို႔ စူးဝင္သြားေသာ အသံသည္ သံရည္ပူမ်ား ေလာင္းခ်ေနသကဲ့သို႔ပင္။

ၿမိဳ႕ေပၚက ၾကက္ေတြမို႔ အခ်ိန္မွန္ မတြန္တက္ေတာ့သည္လားမသိ။
ခြန္းၾကားဖူးထားေတာ့ ၾကက္ေတြက သန္းေခါင္ယံႏွင္ အာ႐ုဏ္တက္ခ်ိန္ေတြသာ တြန္တက္သည္။

သို႔ေပမယ့္ ယခု ၾကက္ေတြကေတာ့ အခ်ိန္ျပည့္ကို တြန္ေနသည္။
မနက္တြန္ ညတြန္ ေန႕လည္ေန႕ခင္းေတာင္ တြန္ေလသည္။
တကယ္ကို စိတ္ပ်က္စရာ။

မနက္ခင္းႏွိုးထလာပုံကေတာ့ ထိုကဲ့သို႔ပင္ အကုသိုလ္အလုံးအရင္း ႏွင့္ပင္။

ဘယ္လိုပင္ ရင္မခုန္ဘူးဟု ေျပာေျပာ ညက အနည္းငယ္ စိတ္လႈပ္ရွားမႈေၾကာင့္ အေတာ္ညဥ့္နက္မွ အိပ္ေပ်ာ္သည္။

ယခု မနက္ေစာေစာႏွိုးလာရသည့္အတြက္ ေခါင္းမွာ အနည္းငယ္ ေနာက္က်ိေနသည္။

မနက္ပိုင္းလုပ္ရမည့္ အရာမ်ားအား ျပဳလုပ္ၿပီးသည့္အခါ ေက်ာင္းသြားရန္ ျပင္ဆင္ရေလသည္။

နည္းပညာေက်ာင္းေတြကေတာ့ သမိုင္းအစဥ္အလာႏွင့္အတူ ၿမိဳ႕ျပင္မွာသာ မ်ားေသာ အားျဖင့္ တည္ရွိၾကသည္။

ေက်ာင္းသို႔ လိုင္းကားႏွင့္ သြားရသည့္အတြက္ ကားဂိတ္ကို ေရာက္ေအာင္ အျမန္သြားရမည္။
ကားဂိတ္ႏွင့္ အိမ္မွာလည္း အေတာ္ေဝးသည္။
အတန္ၾကာ လမ္းေလွ်ာက္ရဦးေပမည္။

ပထမဆုံးေန႕ျဖစ္သည့္အတြက္ အိမ္တြင္ရွိေသာ တစ္စီးတည္းေသာ ဆိုင္ကယ္ေလးႏွင့္ ေဖေဖက ကားဂိတ္သို႔လိုက္ပို႔ပါသည္။
လမ္းေလွ်ာက္ရတာ သက္သာသြားသည္။

ကားေပၚမွာကေတာ့ ပထမဆုံးေန႕ျဖစ္သည့္အတြက္ ေက်ာင္းသား သိပ္မပါပါ။
ေစ်းလာေရာင္းၿပီး ႐ြာျပန္မည့္ ေစ်းသည္မ်ားႏွင့္ ျပည့္ေနသည္။

ကိုယ္လုံး ဖိုင့္ဖိုင့္ အေဒၚႀကီးေတြႏွင့္ အႀကီးအေသး စုံလင္လွေသာ ေစ်းျခင္းေထာင္းမ်ားက ကားေပၚမွာ ေနရာအျပည့္ ယူထားေလသည္။

ဒီေန႕ ေစ်းေရာင္းရတဲ့ အေျခအေနကဘယ္လို ေစ်းစစ္ေတြနဲ႕ ဘယ္လိုေတြ႕ေၾကာင္း ေစ်းသည္ေတြက ဘယ္လိုဆစ္ေၾကာင္း အေၾကာင္းေပါင္းစုံကို ေဝမွ်ေနၾကပါသည္။

မနက္အေစာႀကီးထကာ ၿမိဳ႕သစ္ေစ်းသို႔ လာေရာင္းၿပီး သက္ဆိုင္ရာ ႐ြာမ်ားသို႔ ျပန္ၾကမည့္ပုံ။
ၾကည့္ရသည္မွာ ေမာပန္းသလို ေပ်ာ္႐ႊင္ဖို႔လည္း ေကာင္းလွ၏။

ဆူညံေသာ စကားသံမ်ားႏွင့္အတူ လိုင္းကားေလးဟာလည္း ခြန္းစစီးရာ လမ္းဆုံမွတစ္ဆင့္ ဘုရားႀကီး ေ႐ႊလက္ရာ စသည့္ဘုရားမ်ားအား တစ္ခုၿပီးတစ္ခု ျဖတ္သြားေလသည္။

ၾကားထဲတြင္ ျပည္ကြန္ပ်ဴတာ တကၠသိုလ္ကိုလည္း ျဖတ္သြားေလသည္။
တူညီဝတ္စုံ အေရာင္လြင္လြင္လုံခ်ည္ေလးမ်ားႏွင့္ ေက်ာင္းသူေလးမ်ားမွာ လွပလြန္းသည္။

တာဂြမွတစ္ဆင့္ ေပါင္းတလည္ဘက္သို႔ ေမာင္းႏွင္ေနေလသည္။
သိပ္မၾကာခင္ပင္ သမိုင္းဝင္ ပ်ဴၿမိဳ႕ေဟာင္းသို႔ ျဖတ္သန္းသြားေလသည္။

ျပည္ၿမိဳ႕ေက်ာ္ၾကားရျခင္း၏ အေၾကာင္းအရင္း တစ္ရပ္ျဖစ္သည့္ ပ်ဴၿမိဳ႕ေဟာင္းကို ခြန္းအလြန္ ႏွစ္သက္ပါသည္။

ထိုမွတစ္ဆင့္ လယ္ကြင္းမ်ား ကြင္းျပင္မ်ားကို ျဖတ္သန္းသြားသည္။
ႀကီးမားလွေသာ အပင္ႀကီးမ်ားကလည္း တရိပ္ရိပ္ႏွင့္ က်န္ခဲ့ေလသည္။

တျဖည္းျဖည္းႏွင့္ ေက်ာင္းေရွ႕သို႔ ေရာက္လာပါသည္။
ျပည္နည္းပညာ တကၠသိုလ္ ဆိုေသာ ဆိုင္းပုဒ္ႀကီးက ႀကိဳဆို လ်က္ရွိသည္။

ခြန္းရဲ႕ ေျခလွမ္းမ်ားကို စတင္လွမ္းလိုက္ပါသည္။
မနက္ျဖန္တိုင္းအတြက္ ဘယ္လိုေရွ႕ဆက္ရမည္လဲ မသိပါ။

တကယ္ေတာ့ ဘဝမွာ အင္ဂ်င္နီယာ တစ္ေယာက္ျဖစ္လာဖို႔ ဘယ္တုန္းကမွ စိတ္မကူးခဲ့ဘူးပါ။
တစ္နည္းအားျဖင့္ ဘာျဖစ္ခ်င္မွန္း မသိသည္ဆိုလွ်င္ ပိုမွန္ပါလိမ့္မည္။

ဟုတ္ပါသည္။
ခြန္းဘဝမွာ ဘာျဖစ္ခ်င္သည္ဟူ၍ မရွိပါ။
ကိုယ္တိုင္လည္း ဘာျဖစ္ခ်င္မွန္းမသိပါ။

အဲ့လိုဆို၍ ရည္မွန္းခ်က္ေတြ အိမ္မက္ေတြ မရွိဘူးလားဆိုေတာ့ မဟုတ္ပါ။
ခြန္း ပိုက္ဆံေတြ အမ်ားႀကီးရွာခ်င္သည္။
မိသားစုအား ေျပာင္းလဲေပးခ်င္သည္။

ကိုယ္တိုင္လည္း လုပ္ခ်င္တာေတြအမ်ားႀကီး ရွိေသးသည္။
ထို႔ေၾကာင့္ ႀကိဳးစားရမည္ဆိုတာကို သိသည္။
ဘယ္လိုဘယ္ပုံ ဘယ္လမ္းက သြားရမည္ဆိုတာ မသိ။

ခြန္းက စာက်က္ပ်င္းတဲ့ အထဲမွာပါသည္။
သို႔ေပမယ့္ ႀကိဳးစားရမည္ဆိုေသာ အသိေလးေၾကာင့္ ထိပ္ဆုံးမေရာက္ရင္ေတာင္ တစ္ႏွစ္တစ္တန္းေတာ့ ပုံမွန္ေအာင္ခဲ့သည္။

အထက္တန္းေရာက္ေတာ့ ပို၍ ႀကိဳစားသည္။
လူႀကီးေတြက ၁၀တန္းက ဘဝကို ေျပာင္းလဲေပးမွာဟု ေျပာၾကေသာေၾကာင့္ပင္။

ႀကိဳးစားမႈႏွင့္ ထိုက္တန္ေသာ ရလဒ္တစ္ခု ရခဲ့ပါသည္။
ႏွစ္ခ်င္းေပါက္ေအာင္ၿပီး ဂုဏ္ထူး သုံးခု ပါသည္။

တကယ္ေတာ့ ၁၀ တန္းၿပီးမွ ဘဝက စေလသညိ။
ကိုယ္တစ္သက္လုံး လုပ္ကိုင္ရမည့္ နယ္ပယ္ႏွင့္ဆိုင္ေသာ ေမဂ်ာကို ခြန္းမသိ။
ဘာကိုေလွ်ာက္လို႔ ဘာလုပ္ရမည္မွန္းလဲမသိ။

အမရာကေတာ့ စီးပြားေရးပဲ တက္ေစခ်င္သည္။
သို႔ေပမယ့္ ခြန္းအတြက္အဆင္မေျပ။
စိတ္မဝင္စားတာက တစ္ေၾကာင္း ေငြေရးေၾကးေရး ပိုမိုကုန္နိုင္သည္ ရွိေသာ္ ဆိုတာက တစ္ေၾကာင္း
ခြန္း မေ႐ြးခ်ယ္ခဲ့။

ထို႔ေၾကာင့္ ခြန္းရဲ႕ေ႐ြးခ်ယ္မႈသည္ ဤတကၠသိုလ္ပင္ ျဖစ္လာခဲ့သည္။

ေက်ာင္းဝန္းထဲသို႔ ေျခလွမ္းသည္ႏွင့္ ခြန္းသြားရမည့္ building သို႔သာ ဦးတည္သြားလိုက္သည္။

ဝင္ရမည့္ အခန္းထဲသို႔ ခြန္းၾကည့္လိုက္မိပါသည္။

မ်ားျပားလွေသာ အျဖဴအျပာ ဆင္တူဝတ္စုံမ်ား ဝတ္ဆင္ထားသည့္ လူငယ္မ်ားက role 4 ခုလုံး အျပည့္။

"ခြန္း.....  ငါ ဒီမွာ”

"အင္း လာၿပီ”

ရတီႏြယ္ ဦးထားေပးသည့္ ခုံမွာ ခြန္း ဝင္ထိုင္လိုက္ပါသည္။

ခြန္းက အေနေအးသည့္ အထဲတြင္ ပါသည္။
ေအးေအးေဆးေဆးေနတတ္သလို လူတိုင္းႏွင့္လည္း အဆင္ေျပေအာင္ေပါင္းနိုင္ပါသည္။

လူတိုင္းနဲ႕ အဆင္ေျပေအာင္ ေပါင္းတတ္ဖို႔ ဘဝက သင္ေပးခဲ့သည္ ဆိုင္လည္း ပိုမွန္ပါလိမ့္မည္။

ရတီႏြယ္ဆိုေသာ သူငယ္ခ်င္းမေလးက အထက္တန္းေက်ာင္းတုန္းက  တစ္ေက်ာင္းတည္းပင္။
သို႔ေပမယ့္ အခန္းမတူ။

ခြန္းနဲ႕ uni တူမွန္းသိ၍ သူက စတင္လာမိတ္ဖြဲ႕ခဲ့ျခင္း။

ခြန္းကလည္း ကိုယ့္ဘက္က စတင္ မိတ္ဖြဲ႕ရသည္ကို မႏွစ္သက္ေပမယ့္ ေျပေျပလည္လည္ လာေရာက္ ေျပာဆိုရင္ေတာ့  ရင္းရင္းႏွီးႏွီးပဲ ျပန္လည္ ဆက္ဆံေပးလိုက္ပါသည္။

သို႔ေပမယ့္ အမရာက လြဲ၍ က်န္သူအားလုံးမွာ ကိုယ္ေပါင္း စိတ္ခြာ မွ်သာ ျဖစ္ေလသညိ။

ဆရာေတြက စာမသင္ပါ။
တစ္ေယာက္ၿပီး တစ္ေယာက္ သက္ဆိုင္ရာ major မ်ားကို ရွင္းျပႏႈတ္ဆက္ၾကသည္။

Compound ခန္းသဖြယ္ျဖစ္ေနသည့္ အတြက္ လူေတြက မ်ားျပားၿပီး အလြန္ဆူညံသည္။
ခြန္းတို႔က ေနာက္ဆုံးမွာ ျဖစ္တဲ့ အတြက္ မနည္းအားယူ နားေထာင္ေနရသည္။

ေန႕လည္ခင္းသို႔ ေရာက္ေသာအခါ ျပန္ရေလသည္။

တဖန္စီးရမည့္ ကားကို ေက်ာင္းေရွ႕မွာပဲ ေစာင့္ေနလိုက္သည္။

မၾကာမီပင္ ေ႐ႊသမင္ ဆိုေသာ ဆိုင္းပုဒ္ တပ္ထားသည့္ ကားေလး တေ႐ြ႕ေ႐ြ႕ နီးကပ္လာေလသည္။
………………………………………………

၂ ပတ္ေက်ာ္ေက်ာ္ေလာက္ တက္ၿပီးသည့္ အခါတြင္ေတာ့ major မ်ားခြဲေလသည္။

ကံေကာင္းစြာပင္ ခြန္းနဲ႕ ရတီမွာ major တစ္ခုတည္းက်ေလသည္။

ကံဆိုးသည္မွာေတာ့ role no ေတြက ေနာက္ဆုံးက ေရရင္ ထိပ္ဆုံးပင္။

လူ ၄၇ ေယာက္ရွိေသာ civil major မွာ ခြန္းက
role no 45 ရတီက role no 46
ေနာက္ဆုံးက်န္ေသာ role no မွာ repeater တစ္ေယာက္ျဖစ္သည္။

အနည္းငယ္ေတာ့ ရွက္ဖို႔ေကာင္းသည္။

အတန္းထဲသို႔ ဝင္ဝင္ခ်င္း ျမင္ရသည္က တကၠသိုလ္ ဟူသည္ ဒါလား ဟူ၍ပင္

ခုံေတြက အကုန္ျပည့္ေနသလိုပင္။
လူေတြကလည္း အဆင္ေျပသလို ထိုင္ၾကသည္ပင္
တစ္ေယာက္တည္းထိုင္သည္လည္းရွိသလို ႏွစ္ေယာက္ထိုင္သည္လည္း ရွိသည္။
သုံးေလးေယာက္ ပူးကပ္၍ ထိုင္ေနသည္မ်ားလည္း ရွိသည္။

ေဘးအစြန္ဆုံး role တြင္ပဲ ခြန္းတို႔ ဝင္ထိုင္ေလသည္။
ေရွ႕ဆုံးခုံမွာ ဘယ္သူမွ မထိုင္။
ဒုတိယတန္းမွာ ႏွစ္ေယာက္
တတိယတန္းမွာ ႏွစ္ေယာက္
ေနာက္တြင္ ခြန္းတို႔ ဝင္ထိုင္ေလသည္။

ခြန္းထိုင္သည့္ ေနရာသည္ အေနာက္ဆုံး အစြန္ဆုံး ျဖစ္ေလသည္။
whiteboard ကို လွမ္းၾကည့္ရသည္မွာလည္း အဆင္ေျပသည္။
အနည္းငယ္ ေဝးသလို ရွိေပမယ့္ ခြန္းက မ်က္စိေကာင္းသည္။

ျပတင္းေပါက္ေတြ တံခါးေပါက္ႏွင့္ အနီးဆုံးျဖစ္သျဖင့္ ဝင္ရထြက္ရတာ အဆင္ေျပမည္။
အေကာင္းဆုံးကေတာ့ ဆရာေတြႏွင့္ အေဝးဆုံး ျဖစ္သည္။

မၾကာမီပင္ ခြန္းတို႔၏ major ဆရာမ ဝင္လာေလသည္။
ထို႔ေနာက္တြင္ တစ္ေယာက္ခ်င္းစီ မိတ္ဆက္ၿပီး မွာၾကားစရာရွိသည္မ်ားကို မွာၾကားေလသည္။

တစ္လေလာက္အၾကာတြင္ေတာ့ ခြန္းတို႔ကို ႀကိဳဆိုသည့္ ပြဲေလး ျပဳလုပ္ေပးသည္။
ေက်ာင္းအုပ္ ေမာ္ကြန္းထိန္းႏွင့္ သက္ဆိုင္ရာ major ဆရာမမ်ားက အသီးသီး မိတ္ဆက္ၾကသည္။

ေက်ာင္းသား ေက်ာင္းသူေတြထဲက roll 1 to 5 ကိုလည္း ဆုခ်ီးျမႇင့္ေလသည္။

ပထမ အမွတ္အမ်ားဆုံး ေက်ာင္းသားကေတာ့ ခြန္းတို႔ major မွာပင္
ဒုတိယ အမွတ္အမ်ားဆုံး ေက်ာင္းသားကေတာ့ တျခား major ကို ဦးစားေပးေလွ်ာက္ေလသည္။

သူ႕သာ civil ကို ဦးစားေပးေလွ်ာက္လွ်င္ ခြန္းနဲ႕ ရတီတို႔ တစ္ခန္းတည္း အတူမက်နိဳင္။

ေက်ာင္းတက္ရတာ ၾကာလာသည္ႏွင့္အမွ် ခြန္းတို႔ role ရွိ ၆ ေယာက္ကေတာ့ အတန္သိေနေလၿပီ။
တစ္ခန္းလုံးကိုေတာ့ ခြန္းေသခ်ာ မသိေသး။

ခြန္းနဲ႕ ရတီမွာ uni ေရာက္မွ ေပါင္းျဖစ္သည္။
တကယ္ေတာ့ ခြန္းတို႔ ၂ ေယာက္က type လုံးဝ မတူ။

သို႔ေပမယ့္ တူညီသည္က ရတီေရာ ခြန္းေရာ ေအးေအးေဆးေဆး ေနရတာႀကိဳက္သည္။

ရတီက အားရင္ game ပဲေဆာ့ေနတတ္သလို ခြန္းကလည္း အခ်ိန္ရသည္ႏွင့္ စာအုပ္ႏွင့္ပဲ ျဖစ္ျဖစ္ ph ထဲကပဲ ျဖစ္ျဖစ္ စာဖတ္ေနတတ္သည္။

ေက်ာင္းတက္ရတာ ၾကာလာသည္ႏွင့္အမွ် roll no ေတြႏွင့္ ၁၀ တန္းအမွတ္စာရင္းေတြက ယုံလို႔မရ သလိုပင္။

၁၀ တန္းမွာ ေတာ္ၿပီး roll ေကာင္းတဲ့သူကလည္း ေက်ာင္းတက္ မွန္ခ်င္မွမွန္သည္။
tuto ေျဖရင္လည္း အမွတ္ အနိမ့္ဆုံး ျဖစ္ရင္ ျဖစ္ေနတတ္သည္။

ခြန္းကေတာ့ ပုံမွန္ေလးပင္ စာလုပ္သည္။
အလုပ္တစ္ဖက္ႏွင့္ ျဖစ္သည့္အတြက္ စာၾကည့္ခ်ိန္လည္း ေသခ်ာျပန္ထုတ္ ရသည္။

အတန္းထဲက တစ္ခ်ိဳ႕သူေတြႏွင့္ ခြန္း ေဘးနားက ရတီ ကိုယ္တိုင္ေတာင္ ခြန္းက hyper ဟုေျပာလိုက္ တကၠသိုလ္ႏွင့္ မတန္ဘူးဟူ၍ ေျပာလိုက္ႏွင့္ပင္။

တကယ္ေတာ့ ခြန္းစာႀကိဳးစားေနတာမဟုတ္ပါ။
သူတို႔ေတြ စာမလုပ္ျခင္းသာ ျဖစ္သည္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေနာက္ဆုံးတန္းမွာ ေနရသည္လည္း ေကာင္းတဲ့ အခ်က္ရွိသလို မေကာင္းတဲ့ အခ်က္ ရွိျပန္သည္။

ဆရာေတြႏွင့္ ေဝးသည္ဆိုေပမယ့္ ဒီ role ကို ေမးေတာ့မည္ဆိုလွ်င္ ခြန္းကိုပဲ ျမင္ၾကသည္။

အေမးခံရလြန္းလို႔ ခြန္းကို အတန္းထဲက သူေတာ္ေတာ္ မ်ားမ်ားေတာင္ သိေနၾကၿပီ။
ခြန္းကေတာ့ အကုန္လုံးကို အခုထိ မသိေသး။

roll 1 ႏွင့္ EC ေတာင္ အခုထိ မခြဲတတ္ေသးေပ။

ခြန္းကေတာ့ ဤ တကၠသိုလ္ႀကီးကို တျဖည္းျဖည္းႏွင့္ သေဘာက်လာပါၿပီ။

ေက်ာင္းက အေတာ္က်ယ္ဝန္းၿပီး ေနရာလြတ္ေတြလည္း အမ်ားႀကီး ရွိေသးသည္။
အေဆာက္အဦးေတြ ေဆာက္မည္ဆိုလွ်င္ အမ်ားႀကီး ထပ္ေဆာက္လို႔ ရနိုင္ေသးသည္။

ေက်ာင္းထဲသို႔ ဝင္ၿပီး အနည္းငယ္ေလွ်ာက္လွမ္းလွ်င္ ေတြ႕ရသည့္ လက္ခုပ္ပင္ႀကီးႏွင့္ လက္ခုပ္ပင္ကို ပတ္၍ ျပဳလုပ္ထားေသာ ခုံဝိုင္းႀကီး
လက္ခုပ္ပင္ေနာက္က သရက္ေတာဟုေခၚသည့္ သရက္ပင္ မ်ားစြာႏွင့္ ခုံေလးမ်ား ထိုေနရာေတြကို ခြန္ အလြန္သေဘာက်သည္။

သေဘာက်ေပမယ့္ ေသခ်ာေတာ့ မထိုင္ျဖစ္ေသးေပ။
အၿမဲတေစ အတြဲေတြႏွင့္ ျပည့္ေနတတ္၍ ျဖစ္သည္။

ေက်ာင္းသို႔ အခုမွ စေရာက္သူ ပီပီ ေတြ႕သမွ် အရာေတြအားလုံးက အထူးအဆန္းပင္။

လက္ခုပ္ပင္ႀကီး သရက္ေတာ သုံးဆိုင္မွ်ေသာ ရွိေသာ ကန္တင္း တစ္ဆိုင္တည္းေသာ မုန့္ဆိုင္ ေျခာက္ေသြ႕ၿပီး ျမက္ပင္ေတြေပါက္ေနေသာ ေျမေနရာလြတ္မ်ား Drawing ခန္း သက္ဆိုင္ရာ Practical ခန္းမ်ား

ထိုအရာမ်ားထက္ ပိုထူးဆန္းသည္ ေက်ာင္းတက္တာ ၂ လပင္မျပည့္ေသး ရည္းစားတစ္ေယာက္ ရသြားသည့္ ရတီပင္။

ခြန္းကိုလည္း အသိမေပးေပ။
သူခ်စ္သူရၿပီးမွသာ အသိေပးေလသည္။
သူ႕ေကာင္ေလးသည္ ခြန္းတို႔ အတန္းထဲကပင္။
သို႔ေပမယ့္ ခြန္းမသိ။

သူတို႔ႀကိဳက္ေနတာ တစ္ခန္းလုံး သိၿပီးမွ ခြန္းသိျခင္း။

တစ္ခါတစ္ရံ ခြန္းသည္ ေလ့လာမႈအား အရမ္းနည္းသည္။

drawing ခ်ိန္ေတြကေတာ့ ခြန္းအတြက္ ခက္ခဲသည့္ အခ်ိန္ေတြ ထဲတြင္ပါသည္။
မဆြဲတတ္၍ မဟုတ္ပဲ ေနရာ မရျခင္းေၾကာင့္ျဖစ္ေလသည္။

drawing ခ်ိန္ေတြသည္ တစ္ေန႕ခင္းလုံး ဆက္တိုက္ယူတတ္ၿပီး တစ္ပတ္မွာ တစ္ရက္သာ ပါသည္။

dtawing ခန္းေတြရွိေသာ္လည္း ဆရာက သင္လွ်င္ major ၂ ခုေပါင္း၍ သင္သည္။
သင္ၿပီးမွ ေနရာမရွိလွ်င္ တစ္ဖက္အခန္းမွာ သြားဆြဲရသည္။

ေနရာရသည္ဟူ၍ လည္း မရွိပါ။
ဘယ္ေလာက္ေစာေအာင္ သြားသြား အေရွ႕ဆုံးေနရာေတြကေတာ့ ေက်ာင္းေဆာင္ ေနသူမ်ားက ဦးထားတတ္သည္။

သူတို႔ ေျပာၾကသည္မွာေတာ့ ညတည္းကပင္ အိတ္ေတြ သြားခ်ထားသည္ ဟူ၍ပင္။
အေရွ႕ဆုံးေနရာေတြကေတာ့ သူတို႔ေတြအတြက္ပင္။

အလယ္ေလာက္ကေတာ့ မနက္အေစာႀကီး လာၿပီး ဦးထားသူမ်ားအတြက္။
ခြန္းတို႔ကေတာ့ အၿမဲတေစ ေနာက္ဆုံးပင္ တစ္ခါတစ္ရံေတာ့ အလယ္ေလာက္ရသည္။

ဤေနရာတြင္ေတာ့ ရတီ့ခ်စ္သူက အားကိုးရသည္။
သူက ေက်ာင္း​ေဆာင္မွာေနသည့္ အတြက္ ခုံဦးထားတတ္သည္။

သို႔ေပမယ့္ သူလည္း ထိပ္ဆုံးေတာ့ ရေအာင္မဦးနိုင္။
အလယ္ေလာက္ပင္။
တကယ္ေတာ့ အလယ္ေလာက္ရသည္ပင္ အေတာ္အဆင္ေျပပါသည္။

ယခုလည္း ေနခင္းပူေလာင္ေလာင္ drawing ခန္းထဲမွာ မတ္တပ္ရပ္ေနရျခင္း။

တကယ္ေတာ့ ခြန္းသည္ ကိုယ့္ကိုကိုယ္ပင္ မသဒၶါသည့္ လူမ်ိဳးထဲတြင္ပါသည္။

ထမင္းသာ ခြန္းစားသည္။
က်န္တဲ့ အရာေတြအတြက္ ေငြကုန္ေၾကးက်မခံ။

ကိုယ္ရတဲ့ ဝင္ေငြေလးႏွင့္ပင္ ေက်ာင္းစရိတ္ဖိုး ကာမိေအာင္ေတာင္ မနည္းစုေနရသည္။
အပိုအကုန္ခံ၍ မရ။

ထမင္းမ်ားမ်ားစားမယ္ဆိုေတာ့လည္း အိမ္မွာသာ ႀကိဳက္သေလာက္စားလို႔ရေပမယ့္ (ဒါေတာင္ ေလာက္၏ မေလာက္၏ ခ်င့္ခ်ိန္ရေသး)
ကန္တင္းမွာေတာ့ လက္ဖက္ထမင္း တစ္ပြဲထက္ ပိုမစား

ခြန္းက မနက္စာလည္း ေသခ်ာမစားတတ္ေပ။
မစားသည္က မ်ားသည္။
ဒါဟာ အခုမွမဟုတ္ အထက္တန္းစတတ္၍ မနက္ပိုင္း က်ဴရွင္တတ္သည့္ အ႐ြယ္တည္းကပင္။

ရလဒ္အေနျဖင့္ ခြန္းသည္ ေသြးအားနည္းတတ္သည္။
အၾကာႀကီး ရပ္ေနရင္ အဆင္မေျပ။
တစ္ခါတစ္ေလ drawing ခန္းထဲမွာ တစ္ေန႕ခင္းလုံး မတ္တပ္ရပ္ေန ၿပီးရင္ ကားစီးၿပီး ကားေပၚက ဆင္းသည့္အခ်ိန္မ်ိဳးတြင္ လူက မလဲေအာင္ မနည္းထိန္းထားရသည္။
အၿမဲလိုလို ေခါင္းမူးေနတတ္သည္။

သို႔ေပမယ့္ ခြန္း၏ အားနည္းမႈသည္ ခြန္းမ်က္ႏွာမွာမေပၚ
ခြန္းက ခံစားခ်က္ေတြကိုလည္း ေသခ်ာ သိမ္းဆည္း တတ္ေသးသည္။

ယခုလည္း ထိုကဲ့သို႔ပင္။
ရာသီဉတုက အရမ္းပူလြန္းသည္။
မနက္စာက စားမလာ။
ပိုဆိုးသည္က ရာသီ လာေနေသးသည္။
လူက ေနရသည္မွာ ဘယ္လိုမွ အဆင္မေျပ။

ထိုင္စရာခုံလည္း မရ၍ မတ္တက္ရပ္ေနရသည္မွာ ၾကာၿပီ။
ေျခေထာက္ေတြပင္ မခိုင္ခ်င္ေတာ့ပါ။
ေရေသာက္ရလြန္း၍ ေရတစ္ဗူးမွာလည္း ကုန္ေတာ့မည္။

"ခြန္း နင္ အဆင္ေျပရဲ႕လား”

"အြန္း ေျပပါတယ္”

ပါးစပ္ကသာ ေျပပါတယ္ဟု ေျပာရသည္။
လူက တကယ္အဆင္မေျပပါ။
ပထမဆုံးရက္မလို႔ ခါးကိုက္သည့္ ေဝဒနာက အေတာ္ဆိုးသည္။

လက္တစ္ဖက္က ဗိုက္ကို ဖိထားၿပီး စားပြဲေပၚ ေခါင္းငိုက္စိုက္က်ေနၿပီ။
တကယ္ကို ပင္ပန္းလွၿပီ။

"ခြန္း ဒီမွာ ေရာ့ ခုံ ထိုင္လိုက္”

"ဟင္ ဘယ္က ရတာလဲ”

"လုပ္ပါ စကားမ်ားမေနနဲ႕ အရင္ထိုင္လိုက္”

"ဟာ နင္ကလည္း ခုနတုန္းက တစ္ခုံမွ မအားတာ”

"ငါ့ဘဲေပးတာ ငါ့ဘဲေပးတာ ဟုတ္ၿပီလား ေရာ့ ထိုင္”

"ဟာ နင့္ေကာင္ေလးက နင္ထိုင္ဖို႔ ေပးတာေလ ေတာ္ပါ မထိုင္ခ်င္ပါဘူး”

ဟုတ္သည္ေလ သူ႕ခ်စ္သူအတြက္ သူေပးတာပဲ ျဖစ္မည္။
ကိုယ္ထိုင္လိုက္ရင္ ႀကိဳက္မွာမဟုတ္။
ဘယ္လိုပဲ ျဖစ္ျဖစ္ သူတို႔ ၾကားထဲ မဝင္ခ်င္ပါ။

"ခြန္း နင္ေခါင္းမာေနတာလား မာနႀကီးေနတာလား
ေခါင္းမာတယ္ဆိုတာလည္း မာသင့္တယ္ေနရာမွ မာရတယ္ မာန ထားတာလည္း အဲ့ဒီအတိုင္းပဲ ျမန္ျမန္ထိုင္စမ္းပါ”

"ဟာ မထိုင္ခ်င္ပါဘူး”

"ခြန္း...... ငါစိတ္တိုလာၿပီေနာ္ ျမန္ျမန္ထိုင္ မထိုင္ရင္ နင္လဲက်ေတာ့မယ္”

ဒီထက္ ပိုျငင္းေန၍လည္း မေကာင္းေပ။
ကိုယ္တိုင္ကလည္း ရပ္ဖို႔ တကယ္ကို အားမရွိေတာ့။
ခြန္း ေခါင္းမာမာႏွင့္ပင္ အေလ်ာ့ေပးလိုက္ ရသည္။

"အဲ့လို လုပ္စမ္းပါ”

ခြန္းရတီ့ကို ၿပဳံးျပၿပီး
ျပန္အားေမြးေနလိုက္သည္။
ေခါင္းကို ငိုက္စိုက္ခ်လ်က္ လက္နဲ႕ထိန္းၿပီး မ်က္လုံးမ်ားကို မွိတ္၍ လူေတြကို အာ႐ုံထဲကို ေဖ်ာက္ထားပစ္ ရသညိ။

ထိုစဥ္ ေနာက္ဖက္မွ စိုးရိမ္ေနေသာ မ်က္ဝန္းတစ္စုံႏွင့္ ၿပဳံးေယာင္သန္းသြားေသာ ႏႈတ္ခမ္းတစ္စုံကို သူမ မျမင္လိုက္ရပါ။

Paing  
15.8.2021
1:11 AM 











































Continue Reading

You'll Also Like

40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...