Unicode
သခင်မကြီးဟေးရဲ့ မျက်နှာက မသိမသာတင်းမာသွားပြီးတော့ သူမနဲ့ မနီးမဝေးမှာ ထိုင်နေတဲ့ မြေးကြီးမိန်းမကို လှမ်းကြည့်လိုက်တယ်။
နေ့တိုင်းတွေ့နေရပေမယ့် ဘာလို့များ မြေးကြီးမိန်းမက အခုရက်ပိုင်း တအား ပြောင်းလဲနေတယ်လို့ သူမခံစားမိနေတာလဲ?
သခင်မကြီးဟေးက သခင်မကျိုးရဲ့ ဒီစကားတွေထဲက ဖူံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို ဘယ်လိုလုပ် မသိဘဲနေပ့ါမလဲ။ မြေးကြီးမိန်းမက ဒီမြစ်မနှစ်ယောက် သူမဆီက ချစ်ခင်မှုမရတော့မှာ ကိုကြောက်ရွံနေတာဘဲ။ ဒါကြောင့် ဒီကလေးနှစ်ယောက်တည်ရှိနေမှုကို သူမ
မမေ့လျော့အောင် ကြိုးစားနေတာဘဲ။
စိတ်မကောင်းစရာဘဲ ၊သခင်မကျိုးက သူမရဲ့ ကြင်နာမှုတွေ ကို အလုံးစုံနားလည်မပေးနိုင်ရှာဘူး။ မြေးကြီးမိန်းမရဲ့ စိတ်ထဲမှာ အကျိုးအမြတ်ရဖို့ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတဲ့ အတွေးတွေနဲ့ ပြည့်နေတာဘဲ ။
အစောပိုင်းက ရွှင်ပြနေခဲ့တဲ့ သခင်မကြီးဟေးရဲ့
စိတ်အခြေနေက လူံးဝကိုပျောက်ကွယ်သွားပြီ။
"မင်း အဆင်ပြေသလိုသာ လုပ်ပါ ၊ ကလေးထိန်းတွေကိုတော့ ကလေးနှစ်ယောက်ရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်စောင့်ကြည့်ဖို့ ပြောထားအုံး၊အပြင်က ရာသီဥတုက အရမ်းအေးလာပြီ ၊သူတို့ကို အပြင်ထွက်ရင် အင်္ကျီထူထူနဲ့ လက်အိတ်တွေပါ ဝတ်ခိုင်းဖို့ မမေ့နဲ့"
"ဒီမြေးမက နားလည်ပါပြီ"
သခင်မကြီးဟေးက လက်ဖက်ရည်ခွက်ကိုယူပြီး
တစ်ငုံလောက်သောက်ရင်း ဆက်ပြောတယ်" မင်းတို့အမေရဲ့ မွေးနေ့က မနက်ဖြန်ဘဲ၊ ပြင်တာဆင်တာ ဘယ်လိုအခြေနေရှိလဲ?"
"စိတ်ချ လက်ချနေပါ အဘွားရဲ့၊ ဒီမြေးမက အစေခံတွေပြင်ဆင်နေကြတာကို အကုန်လိုက်စစ်ဆေးပြီးပါပြီ၊ မနက်ဖြန် ဘာမတော်တဆမှုမှ မရှိစေရပါဘူး"
"ဒီမိန်းမအိုကြီးကလည်း အသက်အရွယ်ကရလာပြီ၊ မင်းယောက္ခမကလည်း ကျန်းမာရေးက သိပ်မကောင်းလှဘူး၊ မင်းအတွက် ဒီနှစ်ပိုင်းမှာ ခက်ခဲနေမှာဘဲ"
သခင်မကြီးဟေးဆီက ဒီလိုချီးမွမ်းစကား ကြားလိုက်ရတော့ သခင်မကျိုးမှာ ငိုမိမတတ်ကိုဖြစ်သွားတယ်။
ဒီအိမ်တော်ကြီး တစ်ခုလုံးကို သူမတစ်ယောက်တည်း စီမံခန့်ခွဲနေခဲ့ရတာ။ ဒါက ဘယ်လိုလုပ်ထင်သလောက်လွယ်ကူနိုင်ပါ့မလဲ။မနက်ဆိုရင် နေမထွက်ခင်ကတည်းက အစောကြီးထပြီး ခြံဝင်းအသီးသီးက အစေခံတွေ တင်ပြလာသမျှကို နားထောင်ပေးရတယ်၊ လိုအပ်တဲ့ နေရာတွေမှာ အစေခံတွေ နေရာချထားပေးရတယ်၊ ဒါ့အပြင် အိမ်တော်ထဲကလူတွေကြားက ဆက်ဆံရေးကိုလည်း ဂရုစိုက်ရသေးတယ်။
ဒီကျင်းအန်အိမ်တော် တစ်ခုလူံးက သူမသာမရှိရင်
မလည်ပတ်နိုင်လောက်ဘူးလို့ ကို ပြောလို့ရတဲ့အထိဘဲ။
ဒီလိုတွေတွေးမိတော့ မမျှတဘူးလို့ ခံစားမိပြီး သူမကိုယ်သူမတောင် သနားစိတ်ဝင်လာရတယ်။
ဒါကြောင့် စိတ်ထိန်းထားတဲ့ ကြားကနေကို မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာတော့တယ်။
"ဒီမြေးမရဲ့ ကြိုးစားမှုတွေကို အဘွားကနားလည်ပေးနေသရွေ့ ဒီပင်ပန်းမှုလောက်က မပြောပ့လောက်ပါဘူး။"
"ကောင်းပြီ ၊မငိုနဲ့တော့ မျက်လုံးတွေ ထိခိုက်ကုန်မယ်၊ မင်းမှာ အခက်အခဲတစ်ခုခုရှိလာရင် ဒီအဘွားဆီကို တိုက်ရိုက် လာပြောလှည့်"
သခင်မကျိုးက ငိုနေတာကို မရပ်နိုင်ဘဲနဲ့ သူမရဲ့ မျက်ရည်တွေစိုနေတဲ့ မျက်လုံးတွေနဲ့ သခင်မကြီးဟေးကို စိုက်ကြည့်နေမိတယ်" အဘွားက ဒီလိုပြောလာမှတော့ မြေးမက ထပ်ပြီး ဖုံးကွယ်ထားမနေတော့ပါဘူး"
သခင်မကြီးဟေးမှာ နည်းနည်းတောင် ကြက်သေသေသွားမိတယ်။ သခင်မကျိုးက ဒီစကားကို ချက်ချင်းအသူံးချမယ်လို့ သူမ မမျှော်လင့်ထားမိဘူး။
"ဘာ ပြသာနာများ ဖစ်နေလို့လဲ ၊ အခုတခါတည်းပြောလိုက် ၊ ငါ့ကို ဘာမှ ဖုံးကွယ်ထားမနေနဲ့"
သခင်မကျိုးက ချီတုံချတုံဖြစ်နေပြီးမှ အားအင်စုပြီးပြောလိုက်တယ်" အဘွား၊ အမေ့ရဲ့ ဆေးဝါးစရိတ်တွေက ....ဒီမြေးမ စိုးရိမ်နေတာက အိမ်တော်ရဲ့ဝင်ငွေတွေက ဆေးစရိတ်ကိုအကြာကြီးတောင့်ခံမထားနိုင်မှာကိုဘဲ။"
ကျင်းအန်ကတော်ရဲ့ တစ်လစာဆေးစရိတ်က အနည်းဆုံးငွေပြား တစ်ထောင်နီးပါးကုန်ကျတယ်။
ကျင်းအန်အိမ်တော်ရဲ့ လစဉ်ဝင်ငွေကလည်း ငွေပြား တစ်ထောင်ကနေ နှစ်ထောင်အထိဘဲ ရှိတယ်။
ဒါ့အပြင်သခင်မကျိုးက စီမံခန့်ခွဲရာမှာ မထူးချွန်လေတော့ ဆိုင်ခန်းတွေနဲ့ မြေရာတွေရဲ့ မန်နေဂျာတွေက သူတို့အတွက် ငွေကြေးအထောက်အပံ့ကို ကြားဖြတ်ယူထားကြတာလည်းရှိသေးတယ်။ဒါကြောင့် အိမ်တော်ကို ကြွေးမြီကင်းရှင်းအောင် ထိန်းသိမ်းထားဖို့က ခက်သထက် ခက်ခဲလာတယ်။
အရင်တုန်းက ကျင်းအန်ကတော်က သူမရဲ့ဆေးစရိတ်တွေကို ကိုယ်ပိုင်ဝင်ငွေထဲကနေပေးချေခဲ့တာ ၊ဒါပေမယ့် လွန်ခဲ့တဲ့ လကတင် အဲ့ စရိတ်တွေကို
အိမ်တော်ငွေစာရင်းထဲကို ပေါင်းထည့်လိုက်တာ၊
ဒီတော့သုံးလနီးပါးကြာလာတဲ့အခါ အိမ်တော်ရဲ့ ဝင်ငွေက တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်။
သခင်မကြီးဟေးက အိမ်တော်ရဲ့ ဝင်ငွေက ဒီလောက်မြန်မြန်လျော့သွားမယ်လို့ တကယ်ကို မထင်ထားဘူး။
စိုးရိမ်စိတ်ကြောင့် မျက်ခုံးတွေပါတွန့်ချိုးလာပြီ။ ဒါနဲ့ စကားစပြောဖို့ လုပ်နေတုန်းမှာဘဲ အပြင်ကအစေခံလေးက တတိယသခင်မလေး ရောက်ရှိနေကြောင်း လျှောက်တင်လာတယ်။
သခင်မကြီးဟေးက စိတ်မကြည်မလင်ဖြစ်နေပေမယ့် စိတ်ဆိုးနေတာတော့ မဟုတ်ဘူး။ သူမရဲ့ အမူအရာက ပိုပြီး ရွှင်ပြလာတယ်။" မြန်မြန် စန်းလန် မိန်းမလေးကို အထဲဝင်ခိုင်းလိုက် အပြင်မှာ အရမ်းအေးတယ်"
အပြင်ကအစေခံလေးက အပူပေးထားတဲ့ အခန်းရဲ့လိုက်ကာစလေးကိုမတင်လိုက်တယ် ။ချူးလျန်ကလည်း ကုပ်ကုပ်ကလေးနဲ့ အထဲကိုဝင်လာတယ်။
ချူးလျန်ရဲ့ မြင့်မြတ်တဲ့အမျိုးသမီးဘွဲ့က ဧကရာဇ်ကိုယ်တိုင်အပ်နှင်းထားတာဖြစ်လို့ သူမကလည်း တော်ဝင်မိသားစုရဲ့ တစိတ်တပိုင်းလို့ယူဆလို့ရတယ်။
ဒါကြောင့် နန်းတော် အထည်အလိပ်ဌာနကနေ တော်ဝင်မိသားစုတွေအတွက် ဆောင်းရာသီဝတ်စုံနှစ်စုံကို ချူးလျန်ကိုပို့ပေးလာတယ်။
အဲ့ဒါတွေက ချစ်စဖွယ်အနီဖျော့ရောင် တစ်ထည်နဲ့ အလားတူ စိမ်းပြာရောင်တစ်ထည်ဖြစ်တယ်။အထည်ပေါ်မှာ အတိတ်နိမိတ်ကောင်းတွေကို ပန်းထိုးပေးထားသေးတယ်။ဝတ်စုံတစ်ခုစီမှာ ပန်းပွင့်ဆယ်နှစ်ပွင့်ဆီ ချည်ထိုးထားတယ် ။ဒါတွေက ရှုပ်ထွေးနေပြီး တချိန်တည်းမှာဘဲ လှပနေပြန်တယ်။ဒီလက်ရာအဆင့်အတန်းက တော်ဝင်မိသားစုရဲ့ အပ်ချုပ်ဌာနက မှန်းသိသာစေတယ်။
ဒီနေ့ချူးလျန်က စိမ်းပြာရောင် ဝတ်စုံလေးကို စကတ်အကားလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတယ်။
သူမရဲ့သွယ်လျတဲ့ လက်ကလေးတွေကို ဖြူဆွတ်နေတဲ့ ယုန်မွှေးလက်အိတ်ထဲမှာ ထိုးထည့်ထားတယ်။ခေါင်းပေါ်မှာလည်း ကျောက်စိမ်းဖြူဆံထိုး တစ်ခုတည်းကိုဘဲ ပန်ထားတယ်။ သူမရဲ့နက်မှောင်နေတဲ့ ဘေးဘက်က ဆံပင်လေးတွေက ရေတံခွန်ငယ်လေးလိုဘဲ အမွှေးဖွာနေတဲ့ အင်္ကျီကော်လံဘေးကနေ ဖြာဆင်းသွားတယ်။
အခုသူမပုံစံလေးက ချစ်စရာကောင်းပြီး နာခံတတ်တဲ့ ယုန်ဖြူလေးလိုဘဲ။ သူမရဲ့ဆံပင်ကို လက်ထပ်ပြီးအမျိုးသမီးတွေလို ထုံးဖွဲ့ထားလို့သာ မဟုတ်ရင် လူတိုင်းက သူမကို အရွယ်ရောက်ခါစ တော်ဝင်အမျိုးသမီးငယ်လေးလို့ဘဲ ထင်ကြမှာ အသေအချာဘဲ။
"ဒီမြေးချွေးမငယ်က အဘွားကို နှုတ်ခွန်းဆက်ပါတယ်" ချူးလျန်က ဝင်ဝင်လာချင်း ရွှင်ရွှင်ပြပြနဲ့ နှုတ်ဆက်လိုက်တယ်။
ချူးလျန်ရဲ့ ကြွေရုပ်လေးလိုပြုံးရွှင်နေတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ သခင်မကြီးဟေးက ပျော်ရွှင်သွားတယ် "ဒီလိုအေးနေတဲ့ နေ့ကြီးမှာ ဘာလို့အစောကြီးလာရတာလဲ ၊လာ လာ အဘွားနား လာထိုင်လှည့်"
ချူးလျန်က သခင်မကြီးဟေးေဘးနား ဝင်မထိုင်ခင် သခင်မကျိူးကို အရင်ဖြတ်သွားရတယ်။
သခင်မကြီးဟေးက အစေခံလျိုကို ချူးလျန်အတွက် ပျားရည်နွေးနွေးလေး တစ်ခွက် ပြင်ခိုင်းလိုက်တယ်။
သူမရဲ့ မြေးချွေးမငယ်လေးက အခြားသူတွေလို စန်ချာကို မနှစ်သက်ဘူးလေ။
သခင်မကြီးဟေးရဲ့ ချူးလျန်အပေါ် ဂရုစိုက်ချစ်ခင်မှုနဲ့ စာနာတွေးတောပေးတာတွေကို သခင်မကျိုးက အေးစက်စက်နဲ့ စိုက်ကြည့်နေတယ်။အနွေးလက်အိတ်ထဲက သူမရဲ့ လက်တွေကိုလည်းတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတယ်။
သခင်မကျိုးက သူမရဲ့ မနာလိုမှုတွေကို ချိူးနှိမ်ပြီးတော့ ချူးလျန်အတွက် ပျားရည်နွေး ရောက်လာတဲ့အထိ စောင့်ဆိုင်းနေတယ်။ ပြီးတော့စပြောလိုက်တယ်
"အဘွား ဒီမြေးမ စောစောကပြောထားတဲ့ ပြသာနာနဲ့ ပတ်သတ်ပြီးတော့....."
Zawgyi
သခင္မႀကီးေဟးရဲ႕ မ်က္ႏွာက မသိမသာတင္းမာသြားၿပီးေတာ့ သူမနဲ႔ မနီးမေဝးမွာ ထိုင္ေနတဲ့ ေျမးႀကီးမိန္းမကို လွမ္းၾကည့္လိုက္တယ္။
ေန႔တိုင္းေတြ႕ေနရေပမယ့္ ဘာလို႔မ်ား ေျမးႀကီးမိန္းမက အခုရက္ပိုင္း တအား ေျပာင္းလဲေနတယ္လို႔ သူမခံစားမိေနတာလဲ?
သခင္မႀကီးေဟးက သခင္မက်ိဳးရဲ႕ ဒီစကားေတြထဲက ဖူံးကြယ္ထားတဲ့ အဓိပၸာယ္ကို ဘယ္လိုလုပ္ မသိဘဲေနပ့ါမလဲ။ ေျမးႀကီးမိန္းမက ဒီျမစ္မႏွစ္ေယာက္ သူမဆီက ခ်စ္ခင္မႈမရေတာ့မွာ ကိုေၾကာက္႐ြံေနတာဘဲ။ ဒါေၾကာင့္ ဒီကေလးႏွစ္ေယာက္တည္႐ွိေနမႈကို သူမ
မေမ့ေလ်ာ့ေအာင္ ႀကိဳးစားေနတာဘဲ။
စိတ္မေကာင္းစရာဘဲ ၊သခင္မက်ိဳးက သူမရဲ႕ ၾကင္နာမႈေတြ ကို အလုံးစုံနားလည္မေပးႏိုင္႐ွာဘူး။ ေျမးႀကီးမိန္းမရဲ႕ စိတ္ထဲမွာ အက်ိဳးအျမတ္ရဖို႔ ဘယ္လိုတိုက္ခိုက္ရမလဲဆိုတဲ့ အေတြးေတြနဲ႔ ျပည့္ေနတာဘဲ ။
အေစာပိုင္းက ႐ႊင္ျပေနခဲ့တဲ့ သခင္မႀကီးေဟးရဲ႕
စိတ္အေျခေနက လူံးဝကိုေပ်ာက္ကြယ္သြားၿပီ။
"မင္း အဆင္ေျပသလိုသာ လုပ္ပါ ၊ ကေလးထိန္းေတြကိုေတာ့ ကေလးႏွစ္ေယာက္ရဲ႕ က်န္းမာေရးကို ေသခ်ာဂ႐ုစိုက္ေစာင့္ၾကည့္ဖို႔ ေျပာထားအုံး၊အျပင္က ရာသီဥတုက အရမ္းေအးလာၿပီ ၊သူတို႔ကို အျပင္ထြက္ရင္ အက်ႌထူထူနဲ႔ လက္အိတ္ေတြပါ ဝတ္ခိုင္းဖို႔ မေမ့နဲ႔"
"ဒီေျမးမက နားလည္ပါၿပီ"
သခင္မႀကီးေဟးက လက္ဖက္ရည္ခြက္ကိုယူၿပီး
တစ္ငုံေလာက္ေသာက္ရင္း ဆက္ေျပာတယ္" မင္းတို႔အေမရဲ႕ ေမြးေန႔က မနက္ျဖန္ဘဲ၊ ျပင္တာဆင္တာ ဘယ္လိုအေျခေန႐ွိလဲ?"
"စိတ္ခ် လက္ခ်ေနပါ အဘြားရဲ႕၊ ဒီေျမးမက အေစခံေတြျပင္ဆင္ေနၾကတာကို အကုန္လိုက္စစ္ေဆးၿပီးပါၿပီ၊ မနက္ျဖန္ ဘာမေတာ္တဆမႈမွ မ႐ွိေစရပါဘူး"
"ဒီမိန္းမအိုႀကီးကလည္း အသက္အ႐ြယ္ကရလာၿပီ၊ မင္းေယာကၡမကလည္း က်န္းမာေရးက သိပ္မေကာင္းလွဘူး၊ မင္းအတြက္ ဒီႏွစ္ပိုင္းမွာ ခက္ခဲေနမွာဘဲ"
သခင္မႀကီးေဟးဆီက ဒီလိုခ်ီးမြမ္းစကား ၾကားလိုက္ရေတာ့ သခင္မက်ိဳးမွာ ငိုမိမတတ္ကိုျဖစ္သြားတယ္။
ဒီအိမ္ေတာ္ႀကီး တစ္ခုလုံးကို သူမတစ္ေယာက္တည္း စီမံခန္႔ခြဲေနခဲ့ရတာ။ ဒါက ဘယ္လိုလုပ္ထင္သေလာက္လြယ္ကူႏိုင္ပါ့မလဲ။မနက္ဆိုရင္ ေနမထြက္ခင္ကတည္းက အေစာႀကီးထၿပီး ျခံဝင္းအသီးသီးက အေစခံေတြ တင္ျပလာသမွ်ကို နားေထာင္ေပးရတယ္၊ လိုအပ္တဲ့ ေနရာေတြမွာ အေစခံေတြ ေနရာခ်ထားေပးရတယ္၊ ဒါ့အျပင္ အိမ္ေတာ္ထဲကလူေတြၾကားက ဆက္ဆံေရးကိုလည္း ဂ႐ုစိုက္ရေသးတယ္။
ဒီက်င္းအန္အိမ္ေတာ္ တစ္ခုလူံးက သူမသာမ႐ွိရင္
မလည္ပတ္ႏိုင္ေလာက္ဘူးလို႔ ကို ေျပာလို႔ရတဲ့အထိဘဲ။
ဒီလိုေတြေတြးမိေတာ့ မမွ်တဘူးလို႔ ခံစားမိၿပီး သူမကိုယ္သူမေတာင္ သနားစိတ္ဝင္လာရတယ္။
ဒါေၾကာင့္ စိတ္ထိန္းထားတဲ့ ၾကားကေနကို မ်က္ရည္ေတြက ပိုးပိုးေပါက္ေပါက္က်လာေတာ့တယ္။
"ဒီေျမးမရဲ႕ ႀကိဳးစားမႈေတြကို အဘြားကနားလည္ေပးေနသေ႐ြ႕ ဒီပင္ပန္းမႈေလာက္က မေျပာပ့ေလာက္ပါဘူး။"
"ေကာင္းၿပီ ၊မငိုနဲ႔ေတာ့ မ်က္လုံးေတြ ထိခိုက္ကုန္မယ္၊ မင္းမွာ အခက္အခဲတစ္ခုခု႐ွိလာရင္ ဒီအဘြားဆီကို တိုက္႐ိုက္ လာေျပာလွည့္"
သခင္မက်ိဳးက ငိုေနတာကို မရပ္ႏိုင္ဘဲနဲ႔ သူမရဲ႕ မ်က္ရည္ေတြစိုေနတဲ့ မ်က္လုံးေတြနဲ႔ သခင္မႀကီးေဟးကို စိုက္ၾကည့္ေနမိတယ္" အဘြားက ဒီလိုေျပာလာမွေတာ့ ေျမးမက ထပ္ၿပီး ဖုံးကြယ္ထားမေနေတာ့ပါဘူး"
သခင္မႀကီးေဟးမွာ နည္းနည္းေတာင္ ၾကက္ေသေသသြားမိတယ္။ သခင္မက်ိဳးက ဒီစကားကို ခ်က္ခ်င္းအသူံးခ်မယ္လို႔ သူမ မေမွ်ာ္လင့္ထားမိဘူး။
"ဘာ ျပသာနာမ်ား ဖစ္ေနလို႔လဲ ၊ အခုတခါတည္းေျပာလိုက္ ၊ ငါ့ကို ဘာမွ ဖုံးကြယ္ထားမေနနဲ႔"
သခင္မက်ိဳးက ခ်ီတုံခ်တုံျဖစ္ေနၿပီးမွ အားအင္စုၿပီးေျပာလိုက္တယ္" အဘြား၊ အေမ့ရဲ႕ ေဆးဝါးစရိတ္ေတြက ....ဒီေျမးမ စိုးရိမ္ေနတာက အိမ္ေတာ္ရဲ႕ဝင္ေငြေတြက ေဆးစရိတ္ကိုအၾကာႀကီးေတာင့္ခံမထားႏိုင္မွာကိုဘဲ။"
က်င္းအန္ကေတာ္ရဲ႕ တစ္လစာေဆးစရိတ္က အနည္းဆုံးေငြျပား တစ္ေထာင္နီးပါးကုန္က်တယ္။
က်င္းအန္အိမ္ေတာ္ရဲ႕ လစဥ္ဝင္ေငြကလည္း ေငြျပား တစ္ေထာင္ကေန ႏွစ္ေထာင္အထိဘဲ ႐ွိတယ္။
ဒါ့အျပင္သခင္မက်ိဳးက စီမံခန္႔ခြဲရာမွာ မထူးခြၽန္ေလေတာ့ ဆိုင္ခန္းေတြနဲ႔ ေျမရာေတြရဲ႕ မန္ေနဂ်ာေတြက သူတို႔အတြက္ ေငြေၾကးအေထာက္အပံ့ကို ၾကားျဖတ္ယူထားၾကတာလည္း႐ွိေသးတယ္။ဒါေၾကာင့္ အိမ္ေတာ္ကို ေႂကြးၿမီကင္း႐ွင္းေအာင္ ထိန္းသိမ္းထားဖို႔က ခက္သထက္ ခက္ခဲလာတယ္။
အရင္တုန္းက က်င္းအန္ကေတာ္က သူမရဲ႕ေဆးစရိတ္ေတြကို ကိုယ္ပိုင္ဝင္ေငြထဲကေနေပးေခ်ခဲ့တာ ၊ဒါေပမယ့္ လြန္ခဲ့တဲ့ လကတင္ အဲ့ စရိတ္ေတြကို
အိမ္ေတာ္ေငြစာရင္းထဲကို ေပါင္းထည့္လိုက္တာ၊
ဒီေတာ့သုံးလနီးပါးၾကာလာတဲ့အခါ အိမ္ေတာ္ရဲ႕ ဝင္ေငြက တျဖည္းျဖည္း ဆုတ္ယုတ္လာတယ္။
သခင္မႀကီးေဟးက အိမ္ေတာ္ရဲ႕ ဝင္ေငြက ဒီေလာက္ျမန္ျမန္ေလ်ာ့သြားမယ္လို႔ တကယ္ကို မထင္ထားဘူး။
စိုးရိမ္စိတ္ေၾကာင့္ မ်က္ခုံးေတြပါတြန္႔ခ်ိဳးလာၿပီ။ ဒါနဲ႔ စကားစေျပာဖို႔ လုပ္ေနတုန္းမွာဘဲ အျပင္ကအေစခံေလးက တတိယသခင္မေလး ေရာက္႐ွိေနေၾကာင္း ေလွ်ာက္တင္လာတယ္။
သခင္မႀကီးေဟးက စိတ္မၾကည္မလင္ျဖစ္ေနေပမယ့္ စိတ္ဆိုးေနတာေတာ့ မဟုတ္ဘူး။ သူမရဲ႕ အမူအရာက ပိုၿပီး ႐ႊင္ျပလာတယ္။" ျမန္ျမန္ စန္းလန္ မိန္းမေလးကို အထဲဝင္ခိုင္းလိုက္ အျပင္မွာ အရမ္းေအးတယ္"
အျပင္ကအေစခံေလးက အပူေပးထားတဲ့ အခန္းရဲ႕လိုက္ကာစေလးကိုမတင္လိုက္တယ္ ။ခ်ဴးလ်န္ကလည္း ကုပ္ကုပ္ကေလးနဲ႔ အထဲကိုဝင္လာတယ္။
ခ်ဴးလ်န္ရဲ႕ ျမင့္ျမတ္တဲ့အမ်ိဳးသမီးဘြဲ႕က ဧကရာဇ္ကိုယ္တိုင္အပ္ႏွင္းထားတာျဖစ္လို႔ သူမကလည္း ေတာ္ဝင္မိသားစုရဲ႕ တစိတ္တပိုင္းလို႔ယူဆလို႔ရတယ္။
ဒါေၾကာင့္ နန္းေတာ္ အထည္အလိပ္ဌာနကေန ေတာ္ဝင္မိသားစုေတြအတြက္ ေဆာင္းရာသီဝတ္စုံႏွစ္စုံကို ခ်ဴးလ်န္ကိုပို႔ေပးလာတယ္။
အဲ့ဒါေတြက ခ်စ္စဖြယ္အနီေဖ်ာ့ေရာင္ တစ္ထည္နဲ႔ အလားတူ စိမ္းျပာေရာင္တစ္ထည္ျဖစ္တယ္။အထည္ေပၚမွာ အတိတ္နိမိတ္ေကာင္းေတြကို ပန္းထိုးေပးထားေသးတယ္။ဝတ္စုံတစ္ခုစီမွာ ပန္းပြင့္ဆယ္ႏွစ္ပြင့္ဆီ ခ်ည္ထိုးထားတယ္ ။ဒါေတြက ႐ႈပ္ေထြးေနၿပီး တခ်ိန္တည္းမွာဘဲ လွပေနျပန္တယ္။ဒီလက္ရာအဆင့္အတန္းက ေတာ္ဝင္မိသားစုရဲ႕ အပ္ခ်ဳပ္ဌာနက မွန္းသိသာေစတယ္။
ဒီေန႔ခ်ဴးလ်န္က စိမ္းျပာေရာင္ ဝတ္စုံေလးကို စကတ္အကားေလးနဲ႔ တြဲဖက္ဝတ္ဆင္ထားတယ္။
သူမရဲ႕သြယ္လ်တဲ့ လက္ကေလးေတြကို ျဖဴဆြတ္ေနတဲ့ ယုန္ေမႊးလက္အိတ္ထဲမွာ ထိုးထည့္ထားတယ္။ေခါင္းေပၚမွာလည္း ေက်ာက္စိမ္းျဖဴဆံထိုး တစ္ခုတည္းကိုဘဲ ပန္ထားတယ္။ သူမရဲ႕နက္ေမွာင္ေနတဲ့ ေဘးဘက္က ဆံပင္ေလးေတြက ေရတံခြန္ငယ္ေလးလိုဘဲ အေမႊးဖြာေနတဲ့ အက်ႌေကာ္လံေဘးကေန ျဖာဆင္းသြားတယ္။
အခုသူမပုံစံေလးက ခ်စ္စရာေကာင္းၿပီး နာခံတတ္တဲ့ ယုန္ျဖဴေလးလိုဘဲ။ သူမရဲ႕ဆံပင္ကို လက္ထပ္ၿပီးအမ်ိဳးသမီးေတြလို ထုံးဖြဲ႕ထားလို႔သာ မဟုတ္ရင္ လူတိုင္းက သူမကို အ႐ြယ္ေရာက္ခါစ ေတာ္ဝင္အမ်ိဳးသမီးငယ္ေလးလို႔ဘဲ ထင္ၾကမွာ အေသအခ်ာဘဲ။
"ဒီေျမးေခြၽးမငယ္က အဘြားကို ႏႈတ္ခြန္းဆက္ပါတယ္" ခ်ဴးလ်န္က ဝင္ဝင္လာခ်င္း ႐ႊင္႐ႊင္ျပျပနဲ႔ ႏႈတ္ဆက္လိုက္တယ္။
ခ်ဴးလ်န္ရဲ႕ ေႂကြ႐ုပ္ေလးလိုျပဳံး႐ႊင္ေနတဲ့ မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့ သခင္မႀကီးေဟးက ေပ်ာ္႐ႊင္သြားတယ္ "ဒီလိုေအးေနတဲ့ ေန႔ႀကီးမွာ ဘာလို႔အေစာႀကီးလာရတာလဲ ၊လာ လာ အဘြားနား လာထိုင္လွည့္"
ခ်ဴးလ်န္က သခင္မႀကီးေဟးေဘးနား ဝင္မထိုင္ခင္ သခင္မက်ိဴးကို အရင္ျဖတ္သြားရတယ္။
သခင္မႀကီးေဟးက အေစခံလ်ိဳကို ခ်ဴးလ်န္အတြက္ ပ်ားရည္ေႏြးေႏြးေလး တစ္ခြက္ ျပင္ခိုင္းလိုက္တယ္။
သူမရဲ႕ ေျမးေခြၽးမငယ္ေလးက အျခားသူေတြလို စန္ခ်ာကို မႏွစ္သက္ဘူးေလ။
သခင္မႀကီးေဟးရဲ႕ ခ်ဴးလ်န္အေပၚ ဂ႐ုစိုက္ခ်စ္ခင္မႈနဲ႔ စာနာေတြးေတာေပးတာေတြကို သခင္မက်ိဳးက ေအးစက္စက္နဲ႔ စိုက္ၾကည့္ေနတယ္။အေႏြးလက္အိတ္ထဲက သူမရဲ႕ လက္ေတြကိုလည္းတင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားမိတယ္။
သခင္မက်ိဳးက သူမရဲ႕ မနာလိုမႈေတြကို ခ်ိဴးႏွိမ္ၿပီးေတာ့ ခ်ဴးလ်န္အတြက္ ပ်ားရည္ေႏြး ေရာက္လာတဲ့အထိ ေစာင့္ဆိုင္းေနတယ္။ ၿပီးေတာ့စေျပာလိုက္တယ္
"အဘြား ဒီေျမးမ ေစာေစာကေျပာထားတဲ့ ျပသာနာနဲ႔ ပတ္သတ္ၿပီးေတာ့....."