(Completed )Thinking of Deer...

By Xiao_Yiii

159K 29.8K 1.3K

Total Chapter - 32 Author - Mo Li Eng Tran - Peony and Peach သင့္ရဲ႔လံုျခံဳေရးခါးပတ္ကိုျမန္ျမန္တပ္ၿပီးအႏုပညာအ... More

Description
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
Chapter(30)
Chapter(31)
Thank You

Extra

6.2K 978 43
By Xiao_Yiii

Unicode

🦒Extra🦌

ဒီနှစ်ကနွေးထွေးသည့်ဆောင်းရာသီပင်။

ကြည့်ရတာမြို့တစ်ခုလုံးကိုကြီးမားပြီးမမြင်ရတဲ့အရံအတားတစ်ခုနဲ့ကာပေးထားပုံရသည်။ပြီးခဲ့သည့်ဆောင်းဦးရာသီကနေစပြီးအခုချိန်ထိတစ်မြို့လုံးနှင်းတစ်ပွင့်ပင်မကျခဲ့ပေ။သို့သော်တစ်ခြားမြို့ကြီးတွေနဲ့အနီးအနားကမြို့ငယ်တွေကတော့အစောကတည်းကဆီးနှင်းများနဲ့ထပ်ခါထပ်ခါဖုံးလွှမ်းနေခဲ့သည်။

သစ်ကုလားအုတ်ကဲ့သို့အပူပိုင်းဒေသသတ္တဝါများအတွက်ရာသီဥတုအေးခြင်းသည်သူ၏တစ်ခုတည်းသောအားနည်းချက်ဖြစ်သည်။

ဖေးချောင်းကအအေးဓာတ်ကိုအရမ်းကြောက်သည်။ဆောင်းဦးရာသီရောက်တာနဲ့သူကအပူခံ underwear များဝတ်တတ်သည်။

တစ်ချိန်တုန်းကသူ variety show တစ်ခုမှာပါဝင်တဲ့အချိန်တစ်စုံတစ်ရာကိုကောက်ဖို့ခါးကိုင်းလိုက်တဲ့အချိန်မှာအနက်ရောင်အပူခံ underwear ရဲ့အစွန်းလေးကသူ့ဂျင်းဘောင်းဘီရဲ့ခါးပတ်နေရာကနေပေါ်လာသည်။အဲ့ဒါကိုကင်မရာကလည်းအတိအကျဖမ်းမိသွားပြီးအဲ့ဒီအချိန်တုန်းကဆို hot topic ပင်ဖြစ်သွား၏။

အမျိုးသမီး cast တစ်ယောက်ဆိုရင်သူ့ရဲ့ အအေးဒဏ်ကိုခုခံနိုင်မှုကသူမထက်တောင်ဆိုးဝါးသေးတယ်ဆိုပြီးဟာသလုပ်ခဲ့သည်။

ဖေးချောင်းသည်အရမ်းကိုမှန်ကန်စွာဖြင့်တုန့်ပြန်သည်။

"ပိုပြီးမြင့်လေလေအပူချိန်ပိုကျလေလေဆိုတာမသိဘူးလား?ကျွန်တော်ကခင်ဗျားထက်စင်တီမီတာ,လေးဆယ်လောက်နီးနီးပိုမြင့်တာလေ,သေချာပေါက်ကျွန်တော်ကအအေးပိုကြောက်တာပေါ့"

"..."

အမျိုးသမီး castမှာတော့ အလွန်ဒေါသထွက်ပြီးမျက်စောင်းသာ ပိတ်ထိုးနေတော့သည်။အကြောင်း ကတော့သူမရဲ့အေဂျင်စီကသူမရဲ့ တရားဝင်အမြင့်ကို၁.၆၂ မီတာ လို့ကြေညာခဲ့တယ်လေ။သူမက ပွဲဦးထွက်ကတည်းက(၈)စင်တီမီတာ ထက်နိမ့်တဲ့ဒေါက်ဖိနပ်တွေကိုမဝတ်ခဲ့ဘူး

........

ချွင်ယွဲ့ယောင်ကတော့ဆောင်းရာသီကိုသဘောကျသည်။တစ်ခြားလူတွေကတော့ဆောင်းရာသီကိုမှောင်မိုက်ပြီးအထီးကျန်တယ်လို့ခံစားရပေမယ့်သူကတော့ဆောင်းရာသီကကြည်လင်ပြီးရှင်းလင်းတယ်ဟုခံစားရသည်။

အေးစက်တဲ့လေတွေကအရိုးထဲစိမ့်ဝင်သွားပြီးကောင်းကင်ယံမှမြူခိုးများကိုတိုက်ခတ်ဖယ်ရှားသွားကာလမ်းလျှောက်သွားနေတဲ့သူတွေရဲ့မျက်နှာကိုအေးစိမ့်နေစေသည်။ဒါ့အပြင်အဲ့ဒါကကျင်းကျီရန်ရဲ့ပင်ပန်းနွမ်းနယ်မှုများကိုပါယူဆောင်သွားသည်။

ကျင်းကျီရန်ကအစောကြီးထပြီးကော်ဖီနှစ်ခွက်သောက်ထားတာတောင်အရမ်းပင်ပန်းနေသေးတာကြောင့်မတ်တပ်ရပ်နေရင်းနဲ့ပင်အိပ်ပျော်နိုင်သည်။

ဒီနေ့မှာ,ချွင်ယွဲ့ယောင်ကနောက်ဆုံးပေါ်ကြော်ညာထောက်ခံမှုတစ်ခုကိုရိုက်ဖို့ရှိသည်။ဒီတစ်ခေါက်ရိုက်ရမယ့်ထုတ်ကုန်ကအရှိန်အဟုန်ကောင်းလှတဲ့ mobile game တစ်ခုဖြစ်သည်။၎င်းသည် နာမည်ကြီးစိတ်ကူးယဉ် xianxia ပုံစံမျိုးဖြစ်ပြီးရှည်လျားတဲ့ဂုဏ်သတင်း တစ်ခုနဲ့လိုက်လျောညီထွေဖြစ်သော IP တစ်ခုဖြစ်သည်။

မနက်ခင်းသုံးနာရီလောက်မှာချွင်ယွဲ့ယောင်ကအိမ်ကထွက်ပြီးငါးနာရီမှာစတူဒီယိုကိုရောက်ရှိသည်။မျှော်လင့်ထားသလောက်တော့သူလေးနာရီလောက်ပြင်ရလိမ့်မည်။

ဒီလိုမျိုးရှေးခေတ်အဝတ်အစားပုံစံမျိုးလုပ်ရတာသူ့အတွက်ပထမဆုံးအကြိမ်ဖြစ်တာကြောင့်သူ့ရဲ့ဆံပင်ပုံစံနဲ့မိတ်ကပ်ပုံစံကိုချိန်ညှိဖို့လိုသည်လေ။အဲ့ဒါတွေထက်ကိုသူ့အဝတ်အစားတွေကအရမ်းရှုပ်ထွေးလွန်းတယ်...သံချပ်ကာအင်္ကျီမှာအလွှာခုနှစ်ခုရှစ်ခုလောက်ရှိပြီးအမတဝတ်စုံတွေကလည်းအပိုင်းငါးပိုင်းဒါမှမဟုတ်ခြောက်ပိုင်းလောက်ရှိသည်။လေးနာရီတောင်အပြီးသတ်ဖို့မလုံလောက်နိုင်ဘူး။

ကျင်းကျီရန်ကသူ့ကိုအဖော်ပြုပြီးတစ်မနက်လုံးအရှေ့ပြေးလိုက်အနောက်ပြေးလိုက်လုပ်ပြီးတဲ့အချိန်မှာသူ့ရဲ့မျက်ကွင်းညိုများကမေးစေ့ကိုတောင်ရောက်တော့မည်။

ချွင်ယွဲ့ယောင်ကလှမ်းပြောသည်။

"ကျင်းကော,ကားထဲကိုပြန်ပြီး သွားအနားယူလို့ရပြီလေ"

ကျင်းကျီရန်ကပြန်ပြောသည်။

"အကယ်၍ငါဒီမှာကြည့်မနေဘူးဆိုရင်မင်းကိုမိတ်ကပ်ပညာရှင်ကမိန်းကလေးဆန်အောင်လုပ်ပေးလိုက်ရင်ဘယ်လိုလုပ်မလဲ?"

ချွင်ယွဲ့ယောင်ကနှစ်ဆယ်ကိုတစ်ဝက်စွန်းလာတဲ့အချိန်မှာသူ့ပုံစံကသူပွဲဦးထွက်တုန်းကလိုမျိုးလိင်ခွဲခြားမရတဲ့ပုံစံမျိုးနဲ့မသင့်တော်တော့ပဲပိုမိုရင့်ကျက်ပြီးယောကျာ်းဆန်သည့်ဘက်သို့ဦးတည်တိုးတက်လာခဲ့သည်။

ဒီတစ်ခေါက်မှာသူက ad ထဲမှာဆွဲဆောင်မှုရှိတဲ့ evil boss အဖြစ်သရုပ်ဆောင်ရမှာဖြစ်သည်။မူလကတော့ကျင်းကျီရန်ကမလုပ်ချင်ပေမယ့်လည်းတစ်ဖက်လူကကမ်းလှမ်းလာတဲ့ဈေးနှုန်းကအတော်လေးမြင့်မားပြီးမူလအလုပ်ကလည်းလူသိများလှသည်။ပြန်စဉ်းစားပြီးနောက်မှာတော့ကျင်းကျီရန်ကချွင်ယွဲ့ယောင်အတွက်ထိုကြော်ညာကိုလက်ခံလိုက်တော့သည်။

နှစ်နာရီကြာပြီးနောက်မှာချွင်ယွဲ့ယောင်,မိတ်ကပ်လိမ်းလို့ပြီးသွားသည်။ကျင်းကျီရန်ကတစ်ချက်သာလှမ်းကြည့်လိုက်ပြီးမျက်ခုံးများတွန့်ချိုးသွားရ၏။

ထို boss ကပန်းနတ်ဆိုးဖြစ်ပြီး game model ကလည်းလှပသည်။ မိတ်ကပ်ပညာရှင်ကချွင်ယွဲ့ယောင်ရဲ့နှဖူးပေါ်မှာပန်းသေးသေးလေးတစ်ခုဆွဲပေးထားသည်။ပန်းရောင်ကနေအနီရောင်,အလွှာတစ်ခုစီတိုင်းကအလွန်ထူးကဲနေပြီးသူ့ရဲလှုံ့ဆော်မှုပေးနိုင်တဲ့မျက်လုံးတွေကိုအထူးသဖြင့်ပိုပြီးစိတ်အားထက်သန်ပုံပေါ်စေသည်။

လှတာတော့လှတယ်....အဲ့ဒါက ဒီအတိုင်းအရမ်းလှလွန်းနေတာ

ချွင်ယွဲ့ယောင်ရဲ့မိတ်ကပ်နဲ့ပတ်သတ်ပြီးကျင်းကျီရန်နဲ့လက်ထောက်သုံးယောက်ကလုံးဝကိုနှစ်ပိုင်းကွဲသွားသည်။တစ်ပိုင်းကတော့အဲ့ဒါကိုကောင်းတယ်လို့ခံစားရပြိးနောက်တစ်ပိုင်းကတော့ကြောက်မက်ဖွယ်ကောင်းတယ်လို့ခံစားရသည်။

ဘယ်ဘက်ကမှတစ်ဖက်ကိုစည်းရုံးသိမ်းသွင်းနိုင်ခြင်းမရှိပေ။

ကျင်းကျီရန်သည်မတတ်နိုင်တော့ပဲ ချွင်ယွဲ့ယောင်ရဲ့ဓာတ်ပုံအားမျက်လုံးမှိတ် ရိုက်လိုက်ပြီးကုမ္ဗဏီရဲ့ group chat ဆီပို့ပေးလိုက်တော့သည်။

ယွီယောင်စတူဒီယိုကအနုပညာရှင်အားလုံးက WeChat မှာ group တစ်ခုဖွဲ့ထားသည်။၎င်းကိုမူလက"We are fámù lè" ဟူသောနာမည်ပေးထား၏။

(T/N - fámùlèi ကတရုတ်စာလုံးမှာ'family' ဆိုတဲ့အသံထွက်ကိုရေးတာပါ။အဲ့ဒါက
Keep Running ဆိုတဲ့ variety show တစ်ခုမှာပါဝင်တဲ့သူတစ်ယောက်က အဲ့ဒီစကားကိုတရုတ်ဘာသာနဲ့ပြောခဲ့ပေမယ့်အင်္ဂလိပ်လိုအသံထွက်ကို 'family' ဆိုပြီးဆိုးဆိုးဝါးဝါးထွက်လိုက်တာကြောင့် အဲ့ဒီ meme ပေါ်လာတာပါ။ ုမြန်မာလို(ဖမ်မလီ)လို့ရေးသလိုမျိုးပေါ့)

ကျင်းကျီရန်ကပြောသည်။

"Fá ဘာကို fámù lèi လဲ,မင်းအသက်ကဘယ်လောက်ဖြစ်နေပြီ လဲ...ကုမ္ဗဏီကိုမင်းရဲ့မိသားစုလိုမဆက်ဆံနဲ့ ပြီးတော့ငါ့ကိုလည်းမင်းအမေလို့ မသတ်မှတ်နဲ့"

နောက်ပိုင်းမှာတော့သူက group name အား "we are fámù gōng" ဆိုပြီးအတင်းအကြပ်ပြောင်းခိုင်းခဲ့ကာ လူတိုင်းအား,သူတို့မှာလုပ်ခလစာ ဘယ်လောက်ပဲရှိနေပါစေအားလုံးက အုတ်ခဲထက်အဆင့်တစ်ခုသာတက်သောသစ်ခုတ်သမားများဖြစ်ကြောင်းသတိပေးခဲ့သည်။

(T/N - တရုတ်အင်တာနက် slang မှာ 'အုတ်ခဲသယ်' တဲ့လူဆိုတဲ့စကားလုံးက လစာနည်း၊ပင်ပန်းပြီးတော့၊လုပ်ရတာမတန်တဲ့အလုပ်မျိုးတွေကိုရည်ညွှန်းပြောတာပါ။အဲ့ဒါကြောင့်သူပြောချင်တာကယွဲ့ယောင်စတူဒီယိုကလူတွေက bān zhuān gōng(အုတ်သယ်သမား)ထက် တစ်ဆင့်ပဲမြင့်တဲ့ fámù gōng (သစ်ခုတ်သမား)တွေလို့ပြောချင်တာပါ)

["we are fámù gōng]
WeChat group

ကျင်းကျီရန် : [Shared Photos]

ကျင်းကျီ : အားလုံးပဲကျေးဇူးပြုပြီးကိုယ့်အမြင် ကိုယ်ပြောပြပေးကြပါ...ဒီမိတ်ကပ်ကို ဘယ်လိုမျိုးထင်ပါသလဲ? Dongfang Bubai(တုန်းဖန်းပုပိုက်)နဲ့တူမနေဘူးလား?

(T/N - နာမည်ကြီး wuxia novel တစ်ခုဖြစ်တဲ့ The Smiling, Proud Wanderer by Jin Yong ထဲမှာ Dongfang Bubai(တုန်းဖန်းပုပိုက်) က Sunflower Manual ဆိုတဲ့သိုင်းကျင့်စဉ်ကိုကျင့်ဖို့အတွက်သူ့ကိုယ်သူသင်းကွပ်ပစ်လိုက်တာပါ။ဒါပေမဲ့သူကအရမ်းကိုအင်အားကြီးတဲ့သိုင်းပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။နောက်ပိုင်းမှာတော့သူ့နာမည်ကတရုတ်ပြည်ရဲ့ homosexuality and LGBT sexual orientations မှာ popular culture တစ်ခုအနေနဲ့ပါဖြစ်လာခဲ့ပါတယ်။ သူ့ပုံစံကတော့ယောကျာ်းလေးကနေ မိန်းကလေးဆန်ဆန်နွဲ့နွဲ့နှောင်းနှောင်း ဖြစ်သွားရော။legend of fei ကြည့်ကြလားတော့မသိဘူးအဲ့ဒီထဲက အနီရောင်ဝတ်နဲ့တစ်ယောက်ပုံစံမျိုးပါပဲ)

ကုမ္ဗဏီရဲ့ 2.55 tiers နှစ်ယောက်၊ 3.8 tier တစ်ယောက်နဲ့ 4.19 tier တစ်ယောက်တို့ကစိတ်အားထက်သန်စွာဝင်ပြောကြသည်။တကယ်တော့လည်းသူတို့အကုန်လုံးကအနုပညာရှင်တွေဆိုတော့သူတို့အမြင်ကလည်းသာမာန်လူနဲ့ခြားနားကြသည်လေ။အကုန်လုံးကအဲ့ဒီပုံစံကိုသိပ်မကောင်းဘူးဟုထင်ကြသည်။အရမ်းကိုနတ်ဆိုးဆန်တဲ့ဆွဲဆောင်မှုရှိနေပြီးသြဇာအာဏာရှိတဲ့လေထုကိုလုံလုံလောက်လောက်မပေးစွမ်းနိုင်ဘူး...အဲ့ဒီတော့ချွင်ယွဲ့ယောင်ပင်ပင်ပန်းပန်းနဲ့ဖန်တီးထားတဲ့ယောကျာ်းဆန်မှုကအလွယ်တကူဖျတ်ဆီးခံလိုက်ရပြီးဟိုးတုန်းကသူ့ပုံစံဖြစ်တဲ့
sexy little demon ပုံစံပြန်ဖြစ်သွားလိမ့်မယ်ဟုအဆိုပြုလာကြသည်။

လူတိုင်းနဲ့ဆွေးနွေးတိုင်ပင်ပြီးနောက်မှာတော့ကျင်းကျီရန်ကမိတ်ကပ်ပညာရှင်အားသူတို့ရဲ့အကြံပြုချက်များကိုပြောပြပြီးချွင်ယွဲ့ယောင်ရဲ့မိတ်ကပ်ကိုပြန်ပြောင်းစေသည်။

သူ့မိတ်ကပ်ကိုပြင်လိုက်ဖျတ်လိုက်နဲ့နောက်တစ်ခါထပ်လုပ်ပြီးနောက်မှာတော့မျှော်လင့်ထားတဲ့အချိန်ထက်တစ်နာရီလောက်ပိုကျန့်ကြာသွားသည်။သူတို့တွေတရားဝင်ရိုက်ကူးရေးစတင်တဲ့အချိန်မှာမွန်းတည့်ချိန်ပင်ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်မှာပဲ WeChat group ကနောက်တစ်ခါအသံမည်လာသည်။

ဖေးချောင်း : !!!

ဖေးချောင်း : ကျွန်တော်ရိုက်ကူးရေးလုပ်နေလို့, အခုမှမြင်တယ်!!

ဖေးချောင်း : ကျွန်တော်ထင်တာတော့စီနီယာ အကိုကအရမ်းလှတယ်

ဖေးချောင်း : ပြောင်းစရာမလိုဘူး,ပြောင်းစရာမလိုဘူး!

ကျင်းကျီရန် ; ယောင်လျှန်ထင်း, မင်းစကားမပြောခင်မှာ fan filter ကိုအရင်ပိတ်ထားလိုက်

(T/N - ယောင်လျှန်ထင်း - အချစ်မှာကျရှုံးပြီးဘာကိုမှ မမြင်နိုင်တော့ပဲဇာတ်ကောင်တစ်ခုပါ)

ဖေးချောင်း : ....

ငိုကြွေး,မှားယွင်းခံရ

ချွင်ယွဲ့ယောင်ကနာမည်ကြီးအနုပညာရှင်,ပြီးတော့ဖေးချောင်းကနာမည်ကြီး......ကာတွန်းအနုပညာရှင်

နှစ်ယောက်ကမကြာခဏအလုပ်ချိန်တွေ တိုက်နေပြီးရှားရှားပါးပါးမှတွေ့ရကာ မကြာခဏခွဲခွာနေကြရသည်။

ဒီတစ်ခေါက်မှာဖေးချောင်းကဟာသဇာတ်လမ်းတွဲတစ်ခုကိုလက်ခံရထားသည်။ထုတ်လုပ်တဲ့ကုမ္ဗဏီကဟာသစာရေးဆရာများကိုငှားရမ်းလေသည်။ဇာတ်ကြောင်းကဟာသများနဲ့ရယ်ရွင်ဖွယ်ဖြစ်သည်။အပိုင်းတိုင်းမှာဆယ်မိနစ်စာပါဝင်ပြီးတစ်နေ့ကိုတစ်ပိုင်း,ရိုက်ကူးနေရင်းနဲ့ထုတ်လွှင့်သည်။

ပထမဦးဆုံးအကြိမ်စမ်းသပ်ထုတ်လုပ်တဲ့ထုတ်လုပ်မှုဖြစ်တာကြောင့်အောက်ခြေနိမ့်ပြီးကောင်းမွန်တဲ့ဂုဏ်သတင်းရှိသည်။အဲ့ဒါကပရိသတ်နှင့်အတူအလွန်ရေးပန်းစားလာပြီးလူအတော်များများအတွက်စားရင်းသောက်ရင်းကြည့်ဖို့အကောင်းဆုံးလူကြိုက်အများဆုံးပွဲတစ်ခုဖြစ်လာတော့လေသည်။

ရိုက်ကူးရေးဝန်ကအရမ်းလေးတာတစ်ခုပဲ။တစ်ပတ်လုံးသူအခုထိသူ့စီနီယာအကိုကိုမမြင်ရသေးဘူး

ငိုတယ်,ပိုပြီးတော့တောင် မှားယွင်းခံရသလိုခံစားရတယ်

သူက set ထဲမှလွတ်နေတဲ့ထောင့်လေးတစ်ခု ရှာလိုက်ပြီးသူ့ကိုယ်သူထူထဲလှတဲ့စစ်ရောင်ကုဒ်တစ်ခုနဲ့လွှမ်းခြုံလိုက်သည်။ပြီးတာနဲ့ချွင်ယွဲ့ယောင်ရဲ့ selfie ပုံတွေကိုအကျယ် ချဲ့လိုက်ချုံ့လိုက်နဲ့ကြည့်သည်။

ထို့နောက်မှာတော့အဲ့ဒီဓာတ်ပုံတွေနဲ့အတူ ခံစားချက်အပြည့်အရသာအပြည့်နဲ့နေ့လည်စာနှစ်ဗူးစားပစ်လိုက်တယ်လေ။

ရုတ်တရက်,ဓာတ်ပုံထဲမှပြတင်းပေါက်ရဲ့,အပြင်ဘက်မြင်ကွင်းကအရမ်းရင်းနှီးနေတယ်လို့ခံစားလိုက်ရသည်။အရင်တစ်ခေါက်ဓာတ်ပုံတွေကိုအလျင်အမြန်ရှာဖွေလိုက်ပြီးသူတို့ကိုဂရုတစိုက်နှိုင်းယှဉ်ကြည့်လိုက်သောအခါမှာသူကသူ့စီနီယာအကိုရှိနေတဲ့စတူဒီယိုကိုလွန်ခဲ့တဲ့လဝက်လောက်ကမှရောက်ဘူးခဲ့မှန်းရှာဖွေတွေ့ရှိသွားတယ်!!

အရေးကြီးဆုံးအရာကတော့အဲ့ဒီစတူဒီယိုကလောလောဆယ်ဖေးချောင်းရိုက်ကူးရေးလုပ်နေတဲ့နေရာနဲ့သိပ်မဝေးဘူးဆိုတာပဲ,သူအဲ့ဒီကိုသွားပြီးတစ်နာရီအတွင်းပြန်လာလို့ရတယ်!

သူ့နှလုံးသားကယားယံနေသည်။သူကချက်ချင်းပင်နေ့လည်ပိုင်းစီစဉ်မှုများအား stage မန်နေဂျာကိုသွားမေးသည်။

stage မန်နေဂျာကနေ ဖေးချောင်းရဲ့နောက် scene ကနှစ်နာရီမှဟုပြောလာ၏။ဖေးချောင်း ကတစ်ဖက်ကိုလှည့်ပြီးပြေးထွက် သွားသည်မှာသူ့နောက်တွင်ဖုန်လုံးလေ းသာချန်ရစ်ခဲ့သည်။

stage မန်နေဂျာကလှမ်းအော်သည်။

"ဖေးချောင်း,မင်းဘာသွားလုပ်ဦးမလို့လဲ!"

ဖေးချောင်းရဲ့အသံကအဝေးကနေ ထွက်ပေါ်လာသည်။

"ကျွန်တော့ရဲ့တုန်းဖန်းဂိုဏ်းချုပ်ကို သွားရှာမလို့~"

stage မန်နေဂျာ: "???"

...

ဖေးချောင်းကအပြင်ရောက်သည်နှင့်သူ့ကားကိုရှာလိုက်ပြီးဖေးချောင်းရဲ့စတူဒီယိုရှိရာကိုမောင်းတော့သည်။

သူကယဉ်မောင်းတဲ့နေရာမှာကျွမ်းကျင်ပေမယ့်လည်းအသုံးပြုတာရှားသည်။

သူ့ရဲ့တစ်ခြားကားမောင်းစွမ်းရည်ကတော့အရမ်းဆိုးဝါးလွန်းလို့အကြာကြီးလေ့ကျင့်နေတာတောင်သိပ်မတိုးတက်သေးဘူး။

(T/N - you know what he mean☻)

နာရီဝက်ကြာပြီးနောက်စတူဒီယိုရဲ့အပြင်ဘက်ကိုအချိန်ကိုက်ရောက်သွားသည်။သူကသူ့စီနီယာအကို,ကိုအကြီးကြီးအံ့အားသင့်စေချင်တာကြောင့်သူ့ရဲ့'ဝင်ရောက်စီးနင်း'တဲ့ကိစ္စကိုဘယ်သူ့ကိုမှမပြောပြထားပေ။

စတူဒီယိုကကြီးမားတဲ့ဧရိယာတစ်ခုလုံးကို သိမ်းပိုက်ထားသည်။အထဲမှာဒါဇင်ကျော်တဲ့ sound stages များရှိနေ၏။ဖေးချောင်းသွားနေတဲ့ တစ်ခုကအကြီးဆုံးတစ်ခုဖြစ်သည်။

ဂိတ်ကလုံခြုံရေးအစောင့်များကဖေးချောင်းကိုသိကြတာကြောင့်ဘာမှမမေးပဲဝင်ခွင့်ပြုလိုက်ကြသည်။

ဖေးချောင်းကဝင်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲသိပ်မဝေးတဲ့နေရာကကျယ်လောင်လှတဲ့ဆူညံသံများကိုကြားလိုက်ရသည်။သူကအသံလာရာကိုကြည့်လိုက်သောအခါမိန်းမငယ်အုပ်စုတစ်စုကတစ်ခြားတစ်ဖက်ကတံခါးဝမှာစုဝေးနေကြသည်ကိုမြင်လိုက်ရသည်။

ဒီနှစ်ကနွေးထွေးတဲ့ဆောင်းရာသီဆိုပေမယ့်လည်းဘယ်လိုပဲဖြစ်ဖြစ်ဆောင်းရာသီကဆောင်းရာသီပဲလေ

အပူချိန်က ဝ' အောက် ၃ကနေ၄ဒီဂရီလောက်သာရှိသည်။လေအေးတွေတိုက်ခတ်တဲ့အချိန်ဆိုထိုမိန်းကလေးအုပ်စုကအသိုက်ထဲကထွက်လာတဲ့စာငှက်လေးများလိုပင်။သူတို့ကတစ်ယောက်နဲ့တစ်ယောက်သနားဖွယ်တိုးကပ်နေကြပြီးအပြည့်အဝမပေါက်သေးတဲ့အတောင်ပံလေးများနဲ့တစ်ယောက်နဲ့တစ်ယောက်နွေးအောင်လုပ်နေကြရသည်။

ဒီလိုကျော်ကြားတဲ့စတူဒီယိုရဲ့အပြင်ဘက်မှာ celebrity fans တွေကသူတို့ရဲ့ကံကောင်းမှုကိုလာ ကြိုးစားကြသည်အားအမြဲတမ်းမြင်နိုင် သည်။အကယ်၍ကံကောင်းမယ်ဆိုရင် ကမ္ဘာမြေကိုဆင်းလာတဲ့အနုပညာရှင် များကသူတို့ဆီလာနှုတ်ဆက်ပြီး လက်မှတ်ထိုးပေးတာတွေဓာတ်ပုံ ရိုက်ပေးတာတွေလုပ်ပေးလိမ့်မည်။

အကယ်၍ကံမကောင်းဘူးဆိုရင် အနုပညာရှင်ကတစ်ခြားတစ်ခါး ပေါက်ကနေတိုက်ရိုက်ထွက်ခွာ သွားတာကြောင့်သူတို့တွေသူ့ရဲ့ အရိပ်လေးကိုတောင်တွေ့ခွင့် ရလိုက်မှာမဟုတ်ဘူး။

ဒီနေ့ကအားလပ်ရက်ဖြစ်တာကြောင့်အလုပ်ပဲဖြစ်ဖြစ်ကျောင်းပဲဖြစ်ဖြစ်သွားရမယ့်သူတွေကအားလပ်နေကြသည်။ထို့ကြောင့်ဒီနေ့မှာ celebrities တွေကိုတားဆီးဖို့လာတဲ့ fan အရေအတွက်ကအတော်လေးမြင့်မားနေသည်။ဖေးချောင်းပတ်ကြည့်လိုက်တော့အနည်းဆုံးသုံးဆယ်ဒါမှမဟုတ်လေးဆယ်လောက်ရှိလိမ့်မည်။

နောက်ထပ်လေတစ်ပွေ့ထပ်တိုက်တဲ့အချိန်မှာတော့မြေပြင်ပေါ်ကသစ်ရွက်ကြွေများနဲ့သစ်ကိုင်းခြောက်များကထိုမိန်းကလေးအုပ်စုလွင့်သွားကြသည်။

သူတို့ကအသံတိုးတိုးလေးတွေနဲ့အော်ဟစ်ကြပြီးတစ်ခြားတစ်ဖက်သို့အလျင်အမြန်ကျုံ့ဝင်သွားကြသည်။လေကအရမ်းပြင်းထန်နေပြီး မိန်းကလေးတစ်ယောက်က cardboard poster တစ်ခုအားကိုင်လိုက်ကာ သူမရှေ့မှာထား၍လေကိုကာလိုက်သည်။

poster ပေါ်မှာတော့ချွင်ယွဲ့ယောင်ကမျက်လွှာချကာပြုံးနေပြီးသူ့ရဲ့ sexy profile ကိုပြနေသည်။

ဖေးချောင်းရဲ့နှလုံးသားလေးကခုန်သွားရကာ ဂိတ်စောင့်အားအလျင်အမြန်မေးမိသည်။

"သူတို့ဒီကိုရောက်နေတာဘယ်လောက်ကြာသွားပြီလဲ?"

လုံခြုံရေးကပြန်ဖြေသည်။

"နှစ်နာရီဒါမှမဟုတ်သုံးနာရီလောက်တော့ရှိပြီ..ဒါပေမဲ့ယောင်ကောကနဂိုကတည်းကဒီတံခါးကနေဝင်သွားတာမှမဟုတ်တာ..သူတို့ဘယ်လောက်ပဲစောင့်နေပါစေသူကဒီကထွက်လာမှာမဟုတ်ဘူး"

အနုပညာရှင်တစ်ယောက်အနေနဲ့ဖေးချောင်းကဒီလိုအခြေအနေမျိုးကိုအကြိမ်ပေါင်းများစွာမြင်ဘူးသည်။စတူဒီယိုရဲ့အပြင်ဘက်မှာ၊ ရုပ်ရှင်မြို့တော်တွေမှာ၊ TV stations တွေမှာပြီးတော့အေဂျင်စီတွေရဲ့အပြင်ဘက်မှာတောင်ဒီလိုမျိုးသူတို့ idol ရောက်ရှိလာမှာကိုစောင့်နေကြတဲ့ fan တွေကိုမြင်တွေ့နိုင်သည်။

ဒီနေ့ကအရမ်းအေးရတဲ့အထဲသူတို့စောင့်နေတာအရမ်းကြာနေပြီဆိုတော့တကယ့်ကိုလွယ်ကူမှာမဟုတ်ဘူး....

ဖေးချောင်းကပြီးရင်သူချွင်ယွဲ့ယောင်နဲ့တွေ့တဲ့အခါမှာ fan တွေဒီဘက်တံခါးမှာ စောင့်နေတယ်ဆိုတာကိုသေချာပေါက်ပြောရမယ်လို့ဆုံးဖြတ်လိုက်သည်။ချွင်ယွဲယောင်ကမာနကြီးတဲ့အနုပညာရှင်မျိုးမဟုတ်ပေ။ အကယ်၍သူ့ fan club ဒီကိုရောက်နေမှန်းသိရင်သူသေချာပေါက် သူ့အလုပ်ပြီးတာနဲ့လူတိုင်းဆီလာနှုတ်ဆက်လိမ့်မယ်

ရုတ်တရက်,ခရစ်စတယ်အဖြူရောင်တစ်စက်ကကားတံခါးပေါ်ကျလာပြီးနောက်..ဒုတိယ,တတိယ,ပြီးတော့စတုတ္ထ....

"နှင်းကျနေပြီ!" မိန်းကလေးကအံ့အားသင့်စွာဖြင့်အော်သည်။

တကယ့်ကိုနှင်းကျနေပြီ

ဆောင်းလေကနှင်းပွင့်များအားလေထဲသို့ဖြေးညှင်းစွာထုတ်လိုက်သည်။

အထက်မိုးကောင်းကင်မှာကာထားပေးတဲ့ဖန်အကာကနောက်ဆုံးတော့ကျိုးပျက်သွားခဲ့လေပြီ။ရာသီရဲ့အစပိုင်းကတည်းကလပေါင်းများစွာအထီးကျန်နေခဲ့တဲ့ဆောင်းရာသီဟာနောက်ဆုံးတော့ပထမဆုံးနှင်းကျခဲ့ပြီ

နှင်းပွင့်များကထူထပ်ပြီးလှပသည်။

ဖေးချောင်းကကားပြတင်းပေါက်ကနေသူ့လက်ကိုဆန့်ထုတ်၍နှင်းပွင့်များအားသူ့လက်ဖဝါးပေါ်ကျဆင်းခွင့်ပြုလိုက်ကာအေးစက်တဲ့ဆောင်းရာသီရဲ့နမ်းရှိုက်မှုကိုလက်ခံလိုက်သည်။

လုံခြုံရေးအစောင့်ကပြောလာသည်။

"သတင်းမှာပြောသွားတယ်မိုးခေါင်ရေရှားမှုကနည်းနည်းကြာနေပြီမို့လို့သူတို့တွေတောင်စောင်းမှာအရေးပေါ်လူလုပ်နှင်းခဲတွေတင်နေကြတယ်တဲ့...ဒီညလယ်လောက်တော့နှင်းကျလိမ့်မယ်လို့မျှော်လင့်ထားကြတာ"

"အရမ်းကြီးလား?"

"အင်း,ကျုပ်ထင်တာတော့ဒီတစ်နေ့လည်ခင်းလုံးအေးသထက်အေးလာလိမ့်မယ်"

"..."

ဖေးချောင်းသည်အပြင်ဘက်မှာစောင့်ဆိုင်းနေကြတဲ့ fan များအားတစ်ချက်ကြည့်လိုက်သည်။

မိန်းမငယ်လေးများကသူတို့ရဲ့ idol ကိုတွေ့ဖို့လာတဲ့အချိန်မှာသူတို့ကသဘာဝကျကျပင်လှလှပပဝတ်ဆင်မယ်၊သူတို့ရဲ့ဆံပင်များကိုဖီးသင်ထားမယ်၊ကလစ်တွေခေါင်းစည်းကြိုးတွေစည်းပြီးမိတ်ကပ်ပြင်ထားကြမယ်။အများစုကစတိုင်အမှတ်များကိုသာလိုချင်တာဖြစ်ပြီးအပူချိန်အမှတ်တွေကိုလိုချင်တာမဟုတ်ပေ။ထို့ကြောင့်လူတော်တော်များများကသိုးမွှေးကုတ်နဲ့စကဒ်ရှည်များသာဝတ်ထား ကြပြီးလုံးဝဆောင်းရာသီအဝတ်များ မဟုတ်ကြဘူး

အကယ်၍သာသူတို့နှင်းတွေလေတွေကြားထဲဒီလောက်အကြာကြီးစောင့်နေမယ်ဆိုရင်...သေချာပေါက်ဖျားကုန်ကြလိမ့်မယ်

ဖေးချောင်းသည်သူ့ညာဘက်က စတူဒီယိုကိုကြည့်လိုက်သည်။ ထို့နောက်အပြင်မှာစောင့်နေတဲ့ fan များအားကြည့်လိုက်သည်။သူကသူ့နှလုံးသားအားမာကျောစေလိုက်ပြီးကားကိုလှည့်ကာမောင်းထွက်သွားတော့၏။

...

နာရီဝက်ကြာပြီးနောက်ဖေးချောင်းက'လင်းလင်းရှီ,နို့လက်ဖက်ရည်ဆိုင်'မှ signature နို့လက်ဖက်ရည်,ခွက်လေးဆယ်ဝယ်လာပြီး ဂိတ်တံခါးအပြင်မှာနောက်တစ်ခေါက်ရပ်တန့်လိုက်သည်။

ချွင်ယွဲ့ယောင်ရဲ့ fan များကအခုချိန်ထိ သွားချင်းရိုက်ပြီးဇွဲရှိရှိစောင့်နေကြတုန်းပင်။သူတို့ကအတူတကွရပ်နေကြပြီးသူတို့ခြေများကိုကြွကာလက်တွေကိုပွတ်သပ်နေကြသည်။သူတို့နှာခေါင်းများကအအေးဒဏ်ကြောင့်နီနေပြီးအဖြူရောင်နှင်းများကသူတို့ခေါင်းပေါ်မှာဖုန်းလွှမ်းနေသည်။အဝေးကကြည့်မယ်ဆိုရင်သူတို့ပုံစံကအဖြူရောင်မှိုသေးသေးလေးတွေလိုပဲ,အရမ်းသနားစရာကောင်းတယ်

တစ်စုံတစ်ယောက်ကနှာခေါင်းရှုံ့ရင်းဖြင့်စိတ်ဓာတ်ကျစွာပြောသည်။

"....ဒါကအရမ်းဘက်လိုက်တာပဲ...ဒီနေရာက delivery area လည်းမဟုတ်ဘူး...ဒီကိုပို့လို့ရမယ့် စတိုးဆိုင်လည်းဒီနားမှာမရှိဘူး.. နွေးနွေးထွေးထွေးသောက်စရာ တစ်ခုခုရဖို့ခက်ခဲလိုက်တာနော်"

သူတို့ပြောနေတဲ့အချိန်မှာပဲသူတို့ဘေးက လမ်းဘေးမှာကားတစ်စီးရုတ်တရက် ထိုးစိုက်လာသည်။

ကားတံခါးပွင့်သွားတဲ့အခါမှာတော့အရမ်းအရမ်းကိုရှည်လျားတဲ့ခြေထောက်တစ်စုံကမြင်ကွင်းထဲဝင်လာသည်။ပြီးနောက်မှာတော့ထိုခြေထောက်ရှည်များရဲ့ပိုင်ရှင်ကသွားရှစ်ချောင်းလောက်ပေါ်အောင်ပြုံးပြသည်။

"မင်းတို့တွေပင်ပန်းသွားပြီ"

ခြေထောက်ရှည်အမျိုးသားက,ကားနောက်တစ်ခါးကိုဖွင့်လိုက်ပြီး,နောက်ခန်းအပြည့်နို့လက်ဖက်ရည်များကသူတို့မျက်လုံးများကိုတစ်လက်လက်ဖြစ်သွားစေ၏။

"စီနီယာအကိုကမင်းတို့ဒီမှာစောင့်ရတာမလွယ်ဘူးဆိုတာသိလို့မင်းတို့သောက်ရအောင်နို့လက်ဖက်ရည်ပို့ခိုင်းလိုက်တယ်"

ချွင်ယွဲ့ယောင်ရဲ့ fan များကမိနစ်အပြည့် ကြောင်တောင်တောင်ဖြစ်နေကြသည်။သူတို့ကအင်အားသိပ်မရှိစွာဖြင့်သူတို့မျက်လုံးများကိုပွတ်သပ်နေကြတာကြောင့်သူတို့မျက်လုံးမှာတပ်ထားတဲ့ cosmetic contact lenses များကိုပင်ပွတ်ထုတ် မိတော့မတတ်ပင်။ပြီးမှသာသူတို့ရှေ့မှာ ရပ်နေတဲ့သူကတကယ်ကြီးဖေးချောင်းဆိုတာအတည်ပြုနိုင်သွားသည်!!

ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှာ comics ဆွဲတာအတော်ဆုံးလူ၊comics အသိုင်းအဝိုင်းထဲမှာအမြင့်ဆုံးအမြင်တွေနဲ့ မျိုးစုံအောင်ဆွဲနိုင်တဲ့သူ၊ပြီးတော့ variety shows တွေမှာအခန့်ညားဆုံးနဲ့ အရပ်ရှည်ဆုံးလူ--

ဖေးချောင်း!!

"..Wow!!!"

လူတိုင်းအနားကိုပျော်ရွှင်စွာကပ်လာကြသည်မှာမူကြိုမှာနေ့လည်ခင်းမုန့်ကြွေးတဲ့အချိန်သူငယ်ချင်းတွေအားလုံးတန်းစီနေသလိုမျိုးဖေးချောင်းနားမှာစုဝေးနေကြသည်။ပြီးတော့အရပ်ရှည်ပြီးကြီးမားတဲ့ဖေးချောင်းကမူကြိုကျောင်းအန်တီကြီးလိုပဲထို,ပုပြီးသေးငယ်တဲ့ပဲစေ့လေးတွေကိုတစ်ဖက်ကနှစ်သိမ့်ရင်းတစ်ဖက်ကနို့လက်ဖက်ရည်များဝေပေးနေသည်။

နို့လက်ဖက်ရည်များကလတ်လတ်ဆတ်ဆတ်လုပ်ထားခြင်းဖြစ်ပြီးကားထဲမှာလည်းအပူဖွင့်ထားတာကြောင့်အဲ့ဒါကမအေးသေးပေ။ကိုင်ထားရင်အရမ်းကိုနွေးထွေးမှုခံစားရသည်။

နို့လက်ဖက်ရည်များကချိုမြိန်ပြီးပူနွေးသည်။မူလကလေကြောင့်အေးခဲနေကြတဲ့နှလုံးသားလေးများသည်လည်းတစ်ဖန်ပြန်နွေးလာကြသည်။

ဖေးချောင်းက fan တိုင်းကိုတစ်ခွက်ဆီ ပေးယုံတင်မကပဲလုံခြုံရေးအစောင့်များကို ပါလည်ချောင်းသက်သာစေသည့် Sydney pear လက်ဖက်ရည်ကိုအထူး ဝယ်ပေးသည်။လုံခြုံရေးအစောင့်များက အလွန်ပျော်ရွှင်နေကြပြီးသူ့ကိုတစ်ကြိမ်ပြီးတစ်ကြိမ်ကျေးဇူးတင်နေကြတော့၏။

လုံခြုံရေးကဖေးချောင်းအတွက် တံခါးကိုအလျင်အမြန်ဖွင့်ပေးပြီး သူ့ကိုမြန်မြန်ဝင်ရန်အချက်ပြလာသည်။

မမျှော်လင့်ပဲထိုကြားကာလလေးမှာ တင်ဖေးချောင်းရဲ့ဖုန်းကမည်လာပြီး ဖန်သားပြင်ပေါ်မှာ 'ထုတ်လုပ်ရေးလက်ထောက်' ဆိုတဲ့စကားလုံးနှစ်ခုကလင်းနေလေသည်။

ဖေးချောင်း ; ..သေချာပေါက်ကောင်းတဲ့ အရာမဟုတ်လောက်ဘူး

မျှော်လင့်ထားသလိုပဲသေချာပေါက်ကောင်းတဲ့အရာမဟုတ်ဘူး

ထုတ်လုပ်ရေးလက်ထောက်ကပြောလာသည်မှာဒါရိုက်တာကသူ့ကို ASAP သို့အမြန်ဆုံးပြန်သွားရန်တိုက်တွန်းနေသည်ဟု။သူပြောတာတော့နှင်းကျတဲ့မြင်ကွင်းကိုသူတို့အခုရိုက်နိုင်မယ်ဆိုရင်နှင်းအတုလုပ်တဲ့ကုန်ကျစရိတ်ကိုသက်သာစေလိမ့်မယ်တဲ့

ကောင်းကင်ကကောင်းတယ်၊ကမ္ဘာမြေကြီးကလည်းကောင်းတယ်၊ပြီးတော့အလုပ်က တော့အကောင်းဆုံးပဲ

ဖေးချောင်းသည်အကွာအဝေးနည်းနည်းသာလိုတော့တဲ့စတူဒီယိုကိုတစ်ချက်ကြည့်လိုက်သည်။သူဒီနေ့ဒီကိုနာရီဝက်လောက်အမြန်ဆုံးနှုန်းနဲ့မောင်းလာခဲ့ရတာသူ့ချစ်သူကိုမြင်ရဖို့တစ်ခုတည်းပဲဒါပေမဲ့လည်းအချိုးအကွေ့တွေကြောင့်အဆုံးသတ်မှာသူတွေ့ချင်တဲ့သူကိုမတွေ့ရတော့ဘူး

ငိုကြွေးတယ်,မှားယွင်းသလိုခံစားရတယ်,,မှားယွင်းသလိုခံစားရတယ်

တစ်ရက်တည်းနဲ့တင်သူနောက်တစ်လလုံးစာလောက်မကျေနပ်ချက်တွေကိုခံစားလိုက်ရတယ်

ဒါပေမဲ့လည်း,သူလုပ်နိုင်တာဘာမှမရှိဘူးလေ။ဖေးချောင်းအနေနဲ့ပိုက်ဆံရှာဖို့လိုသေးတယ်...အကယ်၍သူ့မှာပိုက်ဆံရှိရင်အနာဂတ်မှာနို့လက်ဖက်ရည်သောက်ဖို့ fan တွေကိုပိုပြီးဖိတ်နိုင်လိမ့်မယ်

အဲ့ဒီလိုနဲ့ပဲဖေးချောင်းရဲ့ 'တစ်မိနစ်စတူဒီယိုခရီးစဉ်'က အဆုံးသတ်သွားလေသည်။

...

ဖေးချောင်းမသိလိုက်တာကသူ ထွက်သွားပြီးဆယ်မိနစ်အကြာမှာ သူတွေးနေခဲ့တဲ့လူကလေတွေ နှင်းတွေနဲ့လွှမ်းခြုံနေတဲ့ fan တွေရှေ့မှာပေါ်လာတယ်ဆိုတာကိုပဲ

ချွင်ယွဲ့ယောင်ကသူ့ရဲ့လည်ပင်းကနေခြေဆစ်ထိရှည်လျားတဲ့ဂျာကင်အင်္ကျီကိုဝတ်ထားပြီးသူ့ရဲ့ှရှည်လျားပျော့ပြောင်းတဲ့ဆံပင်များအားလျို့ဝှက်နိုင်ရန်အတွက်ခေါင်းစီးနဲ့အုပ်ထားသည်။သူကသူ့မျက်နှာလေးကိုသာဖော်ပြထားသော်လည်းနွေဦးလေပြေတိုက်ခတ်နိုင်ဖို့လုံလောက်လေသည်။

သူရယ်၊ကျင်းကျီရန်ရယ်လက်ထောက်လေးသုံးယောက်ရယ်ကသူတို့လက်ထဲမှာ
oden(ဂျပန် fish cake) များသယ်ထားသည်။အဲ့ဒါသည် ချွင်ယွဲ့ယောင်ကအပြင်မှာနှင်းကျနေ တယ်လို့ကြားတဲ့အချိန်မှာသူ့ လက်ထောက်ကိုဝယ်ခိုင်းလိုက်တာ များဖြစ်သည်။

သူတို့ idol ရောက်လာတာကိုမြင်တာနဲ့ fan တွေကလုံးဝကိုဆူပွက်ကုန်ကြတော့သည်။

ချွင်ယွဲ့ယောင်က oden အားလူတိုင်းကိုကိုယ်တိုင်ဝေပေးပြီး
group photo ရိုက်ပေးကာလက်မှတ်ထိုးပေးသည်။ ပြီးနောက်လူတိုင်းကိုအိမ်မြန်မြန်ပြန်ရန် အကြံပေး၏။အကယ်၍သာသူတို့တွေ နှင်းအများကြီးကျတဲ့အထိစောင့်နေရင် လမ်းကအန္တရယ်များလာလိမ့်မည်။ အခုချိန်မှာအေးခဲလောက်အောင် အေးနေပြီ။အကယ်၍သူတို့ အကြာကြီးစောင့်နေရင်သေချာပေါက် ဖျားကုန်ကြလိမ့်မည်ဟု

fan များကခံစားသွားကြရ ပြီးပြောလာသည်။

"ယွဲ့ယောင်,အကိုကအရမ်းကောင်းတာပဲ! ညီမတို့ကိုနို့လက်ဖက်ရည်ပေးယုံတင် မကဘူးစားဖို့ပါလာပေးတယ်"

ထိုအချိန်မှသာချွင်ယွဲ့ယောင်က လူတိုင်းရဲ့လက်ထဲကသောက်စရာ များကိုသတိပြုမိသွားသည်။

သူကကျင်းကျီရန်အားသူဝယ်ပေးတာလားဟုမေးသည့်ပုံဖြင့်လှမ်းကြည့်လိုက်သည်။ ကျင်းကျီရန်ကခေါင်းခါပြသည်။

အဆုံးမှာတော့ fan များကသာပဟေဋိကိုဖြေရှင်းပေးသည်။

"ဖေးဖေး,ကားထဲကနေထွက်လာတုန်းကဆိုညီမတို့လန့်သွားတာပဲ!ပထမတော့သူကအကို့ကိုလာတွေ့တယ်လို့ညီမတို့ထင်လိုက်တာဒါပေမဲ့သူကဂိတ်ကနေပြန်ထွက်သွားပြီးမှပြန်ရောက်လာတာ"

အဲ့ဒီလိုဖြစ်သွားတာကိုး

အဲ့ဒီငတုံးလေးဖြစ်နေတာကိုး

...

အဲ့ဒိနေ့အလုပ်ပြိးတော့ချွင်ယွဲ့ယောင်ကသူနဲ့ fan တွေရိုက်ထားတဲ့ group photo အားဖေးချောင်းဆီပို့ပေးလိုက်သည်။

စိတ်ဓာတ်ကျနေသောသစ်ကုလားအုတ်ပေါက်လေးသည်သူ့ရဲ့ခင်ပွန်းသည်ကိုရှာဖို့မိုင်ထောင်ချီခရီးနှင်ခဲ့ရသော်လည်းအလုပ်ကြောင့်အတားအဆီးခံလိုက်ရတဲ့ဝမ်းနည်းဖွယ်ပုံပြင်လေးအားပြန်ပြောကြရှာသည်။

တောင်ဆိတ်အကိုကြီးကတော့ဖုန်းထဲကနေတစ်ဆင့်သူ့ကိုပွေ့ဖက်မှုအနည်းငယ်နှင့်အနမ်းများပေးပြီးသူ့ကိုလေပေါ်မြောက်စေကာနောက်တစ်ခေါက်သူ့ဆီလာလည်မယ်လို့ကတိပေးလိုက်သည်။

ဖေးချောင်းသည်နောက်ဆုံးတော့ပြန်ပြီးပျော်ရွှင်စွာပြုံးပြနိုင်လေပြီ။

ချွင်ယွဲ့ယောင်ကသူ့ကိုမေးသည်။

"ဘာလိုလူတိုင်းကိုနို့လက်ဖက်ရည်သောက်ဖို့ဖိတ်တာငါ့နာမည်ကိုသုံးဖို့စဉ်းစားလိုက်ရတာလဲ?တကယ်တော့ဒီလိုအခြေအနေမျိုးမှာမင်းနာမည်နဲ့ဖိတ်မယ်ဆိုရင် fan တွေတိုးလာမှာပေါ့"

ဖေးချောင်းကပြန်ဖြေသည်။

"စီနီယာအကို,အကိုနားမလည်ပါဘူးဗျာ"

"အိုး?"

"သူတို့ကအကို့ရဲ့ fan တွေလေပြီးတော့ ကျွန်တော်ကလည်းအကို့ရဲ့ fan ပဲအဲ့ဒါကြောင့်သူတို့အချစ်တွေကို အကို့ထက်ပိုပြီးနားလည်တယ်"

"..."

ဖေးချောင်းကနက်နက်နဲနဲ ချစ်ခင်ကြင်နာစွာဖြင့်ဆက်ပြောသည်။

"ဒီလိုအေးစက်တဲ့ဆောင်းရာသီနေ့မျိုးမှာ အကယ်၍အကိုကကိုယ့် idol တိုက်တဲ့နို့လက်ဖက်ရည်လေးကို သောက်လိုက်ရရင် fan တွေအတွက်ကတော့သေချာပေါက် ဒီကမ္ဘာမှာအပျော်ရွှင်ရဆုံးကိစ္စပဲ!"

"တကယ်လား?"

ချွင်ယွဲ့ယောင်ကစိတ်ရှုပ်ထွေး စွာဖြင့်မေးသည်။

"ငါထင်တာတော့ကိုယ့် idol ကိုလက်ထပ်နိုင်တာကမှ fan တွေရဲ့နှလုံးသားထဲမှာအပျော်ရွှင်ရ ဆုံးမဟုတ်ဘူးလား"

"..."

ဖေး,နံပါတ်(၁) fanboy လေး,ချောင်း, ကလုံးဝကိုမငြင်းဆန်နိုင်ဘူး

...

ဒုတိယနေ့ကစပြီးနေ့တိုင်းနေ့လည်ခင်း (2:30)အချိန်တိုင်းမှာဖေးချောင်းရဲ့ crew ရှိရာကို'လင်းလင်းရှီ,နို့လက်ဖက်ရည်ဆိုင်'မှနို့လက်ဖက်ရည်ခွက်တစ်ရာအားလာပို့ပေးပြီးဝန်ထမ်းအားလုံးကိုတိုက်လေသည်။

ဆောင်းရာသီ၏ဆယ့်နှစ်လတွင်ချိုမြိန်တဲ့နို့လက်ဖက်ရည်လေးတစ်ခွက်ကအအေးဒဏ်ကိုဖယ်ရှားပြီးနှလုံးသားကိုနွေးထွေးစေသည်။

တစ်လကြာပြီးသွားရင်,ဒါရိုက်တာကနေသရုပ်ဆောင်ထိလူတိုင်းအနည်းဆုံးသုံး(catties)လောက်တော့ပိုဝကြလိမ့်မည်။

ဒီနှစ်ကတကယ့်ကိုနွေးထွေးတဲ့ ဆောင်းရာသီလေးပဲ

=======🦒End🦌=======

Extra

ဒီႏွစ္ကေႏြးေထြးသည့္ေဆာင္းရာသီေလးပင္

ၾကည့္ရတာၿမိဳ႔တစ္ခုလံုးကိုႀကီးမားၿပီးမျမင္ရတဲ့အရံအတားတစ္ခုနဲ႔ကာေပးထားပံုရသည္။ၿပီးခဲ့သည့္ေဆာင္းဦးရာသီကေနစၿပီးအခုခ်ိန္ထိတစ္ၿမိဳ႔လံုးႏွင္းတစ္ပြင့္ပင္မက်ခဲ့ေပ။သို႔ေသာ္တစ္ျခားၿမိဳ႔ႀကီးေတြနဲ႔အနီးအနားကၿမိဳ႔ငယ္ေတြကေတာ့အေစာကတည္းကဆီးႏွင္းမ်ားနဲ႔ထပ္ခါထပ္ခါဖံုးလႊမ္းေနခဲ့သည္။

သစ္ကုလားအုတ္ကဲ့သို႔အပူပိုင္းေဒသသတၱဝါမ်ားအတြက္ရာသီဥတုေအးျခင္းသည္သူ၏တစ္ခုတည္းေသာအားနည္းခ်က္ျဖစ္သည္။

ေဖးေခ်ာင္းကအေအးဓာတ္ကိုအရမ္းေၾကာက္သည္။ေဆာင္းဦးရာသီေရာက္တာနဲ႔သူကအပူခံ underwear မ်ားဝတ္တတ္သည္။

တစ္ခ်ိန္တုန္းကသူ variety show တစ္ခုမွာပါဝင္တဲ့အခ်ိန္တစ္စံုတစ္ရာကိုေကာက္ဖို႔ခါးကိုင္းလိုက္တဲ့အခ်ိန္မွာအနက္ေရာင္အပူခံ underwear ရဲ႔အစြန္းေလးကသူ႔ဂ်င္းေဘာင္းဘီရဲ႔ခါးပတ္ေနရာကေနေပၚလာသည္။အဲ့ဒါကိုကင္မရာကလည္းအတိအက်ဖမ္းမိသြားၿပီးအဲ့ဒီအခ်ိန္တုန္းကဆို hot topic ပင္ျဖစ္သြား၏။

အမ်ိဳးသမီး cast တစ္ေယာက္ဆိုရင္သူ႔ရဲ႔ အေအးဒဏ္ကိုခုခံႏိုင္မႈကသူမထက္ေတာင္ဆိုးဝါးေသးတယ္ဆိုၿပီးဟာသလုပ္ခဲ့သည္။

ေဖးေခ်ာင္းသည္အရမ္းကိုမွန္ကန္စြာျဖင့္တုန္႔ျပန္သည္။

"ပိုၿပီးျမင့္ေလေလအပူခ်ိန္ပိုက်ေလေလဆိုတာမသိဘူးလား?ကၽြန္ေတာ္ကခင္ဗ်ားထက္စင္တီမီတာ,ေလးဆယ္ေလာက္နီးနီးပိုျမင့္တာေလ,ေသခ်ာေပါက္ကၽြန္ေတာ္ကအေအးပိုေၾကာက္တာေပါ့"

"..."

အမ်ိဳးသမီး castမွာေတာ့ အလြန္ေဒါသထြက္ၿပီးမ်က္ေစာင္းသာ ပိတ္ထိုးေနေတာ့သည္။အေၾကာင္း ကေတာ့သူမရဲ႔ေအဂ်င္စီကသူမရဲ႔ တရားဝင္အျမင့္ကို၁.၆၂ မီတာ လို႔ေၾကညာခဲ့တယ္ေလ။သူမက ပြဲဦးထြက္ကတည္းက(၈)စင္တီမီတာ ထက္နိမ့္တဲ့ေဒါက္ဖိနပ္ေတြကိုမဝတ္ခဲ့ဘူး

........

ခၽြင္ယြဲ႔ေယာင္ကေတာ့ေဆာင္းရာသီကိုသေဘာက်သည္။တစ္ျခားလူေတြကေတာ့ေဆာင္းရာသီကိုေမွာင္မိုက္ၿပီးအထီးက်န္တယ္လို႔ခံစားရေပမယ့္သူကေတာ့ေဆာင္းရာသီကၾကည္လင္ၿပီးရွင္းလင္းတယ္ဟုခံစားရသည္။

ေအးစက္တဲ့ေလေတြကအ႐ိုးထဲစိမ့္ဝင္သြားၿပီးေကာင္းကင္ယံမွျမဴခိုးမ်ားကိုတိုက္ခတ္ဖယ္ရွားသြားကာလမ္းေလွ်ာက္သြားေနတဲ့သူေတြရဲ႔မ်က္ႏွာကိုေအးစိမ့္ေနေစသည္။ဒါ့အျပင္အဲ့ဒါကက်င္းက်ီရန္ရဲ႔ပင္ပန္းႏြမ္းနယ္မႈမ်ားကိုပါယူေဆာင္သြားသည္။

က်င္းက်ီရန္ကအေစာႀကီးထၿပီးေကာ္ဖီႏွစ္ခြက္ေသာက္ထားတာေတာင္အရမ္းပင္ပန္းေနေသးတာေၾကာင့္မတ္တပ္ရပ္ေနရင္းနဲ႔ပင္အိပ္ေပ်ာ္ႏိုင္သည္။

ဒီေန႔မွာ,ခၽြင္ယြဲ႔ေယာင္ကေနာက္ဆံုးေပၚေၾကာ္ညာေထာက္ခံမွဳတစ္ခုကို႐ိုက္ဖို႔ရွိသည္။ဒီတစ္ေခါက္႐ိုက္ရမယ့္ထုတ္ကုန္ကအရွိန္အဟုန္ေကာင္းလွတဲ့ mobile game တစ္ခုျဖစ္သည္။၎သည္ နာမည္ႀကီးစိတ္ကူးယဥ္ xianxia ပံုစံမ်ိဳးျဖစ္ၿပီးရွည္လ်ားတဲ့ဂုဏ္သတင္း တစ္ခုနဲ႔လိုက္ေလ်ာညီေထြျဖစ္ေသာ IP တစ္ခုျဖစ္သည္။

မနက္ခင္းသံုးနာရီေလာက္မွာခၽြင္ယြဲ႔ေယာင္ကအိမ္ကထြက္ၿပီးငါးနာရီမွာစတူဒီယိုကိုေရာက္ရွိသည္။ေမွ်ာ္လင့္ထားသေလာက္ေတာ့သူေလးနာရီေလာက္ျပင္ရလိမ့္မည္။

ဒီလိုမ်ိဳးေရွးေခတ္အဝတ္အစားပံုစံမ်ိဳးလုပ္ရတာသူ႔အတြက္ပထမဆံုးအႀကိမ္ျဖစ္တာေၾကာင့္သူ႔ရဲ႔ဆံပင္ပံုစံနဲ႔မိတ္ကပ္ပံုစံကိုခ်ိန္ၫွိဖို႔လိုသည္ေလ။အဲ့ဒါေတြထက္ကိုသူ႔အဝတ္အစားေတြကအရမ္းရႈပ္ေထြးလြန္းတယ္...သံခ်ပ္ကာအက်ႌမွာအလႊာခုႏွစ္ခုရွစ္ခုေလာက္ရွိၿပီးအမတဝတ္စံုေတြကလည္းအပိုင္းငါးပိုင္းဒါမွမဟုတ္ေျခာက္ပိုင္းေလာက္ရွိသည္။ေလးနာရီေတာင္အၿပီးသတ္ဖို႔မလံုေလာက္ႏိုင္ဘူး။

က်င္းက်ီရန္ကသူ႔ကိုအေဖာ္ျပဳၿပီးတစ္မနက္လံုးအေရွ႕ေျပးလိုက္အေနာက္ေျပးလိုက္လုပ္ၿပီးတဲ့အခ်ိန္မွာသူ႔ရဲ႔မ်က္ကြင္းညိဳမ်ားကေမးေစ့ကိုေတာင္ေရာက္ေတာ့မည္။

ခၽြင္ယြဲ႔ေယာင္ကလွမ္းေျပာသည္။

"က်င္းေကာ,ကားထဲကိုျပန္ၿပီး သြားအနားယူလို႔ရၿပီေလ"

က်င္းက်ီရန္ကျပန္ေျပာသည္။

"အကယ္၍ငါဒီမွာၾကည့္မေနဘူးဆိုရင္မင္းကိုမိတ္ကပ္ပညာရွင္ကမိန္းကေလးဆန္ေအာင္လုပ္ေပးလိုက္ရင္ဘယ္လိုလုပ္မလဲ?"

ခၽြင္ယြဲ႔ေယာင္ကႏွစ္ဆယ္ကိုတစ္ဝက္စြန္းလာတဲ့အခ်ိန္မွာသူ႔ပံုစံကသူပြဲဦးထြက္တုန္းကလိုမ်ိုးလိင္ခြဲျခားမရတဲ့ပံုစံမ်ိဳးနဲ႔မသင့္ေတာ္ေတာ့ပဲပိုမိုရင့္က်က္ၿပီးေယာက်ာ္းဆန္သည့္ဘက္သို႔ဦးတည္တိုးတက္လာခဲ့သည္။

ဒီတစ္ေခါက္မွာသူက ad ထဲမွာဆြဲေဆာင္မႈရွိတဲ့ evil boss အျဖစ္သ႐ုပ္ေဆာင္ရမွာျဖစ္သည္။မူလကေတာ့က်င္းက်ီရန္ကမလုပ္ခ်င္ေပမယ့္လည္းတစ္ဖက္လူကကမ္းလွမ္းလာတဲ့ေစ်းႏႈန္းကအေတာ္ေလးျမင့္မားၿပီးမူလအလုပ္ကလည္းလူသိမ်ားလွသည္။ျပန္စဥ္းစားၿပီးေနာက္မွာေတာ့က်င္းက်ီရန္ကခၽြင္ယြဲ႔ေယာင္အတြက္ထိုေၾကာ္ညာကိုလက္ခံလိုက္ေတာ့သည္။

ႏွစ္နာရီၾကာၿပီးေနာက္မွာခၽြင္ယြဲ႔ေယာင္,မိတ္ကပ္လိမ္းလို႔ၿပီးသြားသည္။က်င္းက်ီရန္ကတစ္ခ်က္သာလွမ္းၾကည့္လိုက္ၿပီးမ်က္ခံုးမ်ားတြန္႔ခ်ိဳးသြားရ၏။

ထို boss ကပန္းနတ္ဆိုးျဖစ္ၿပီး game model ကလည္းလွပသည္။ မိတ္ကပ္ပညာရွင္ကခၽြင္ယြဲ႔ေယာင္ရဲ႔ႏွဖူးေပၚမွာပန္းေသးေသးေလးတစ္ခုဆြဲေပးထားသည္။ပန္းေရာင္ကေနအနီေရာင္,အလႊာတစ္ခုစီတိုင္းကအလြန္ထူးကဲေနၿပီးသူ႔ရဲလွံဳ႔ေဆာ္မႈေပးႏိုင္တဲ့မ်က္လံုးေတြကိုအထူးသျဖင့္ပိုၿပီးစိတ္အားထက္သန္ပံုေပၚေစသည္။

လွတာေတာ့လွတယ္....အဲ့ဒါက ဒီအတိုင္းအရမ္းလွလြန္းေနတာ

ခၽြင္ယြဲ႔ေယာင္ရဲ႔မိတ္ကပ္နဲ႔ပတ္သတ္ၿပီးက်င္းက်ီရန္နဲ႔လက္ေထာက္သံုးေယာက္ကလံုးဝကိုႏွစ္ပိုင္းကြဲသြားသည္။တစ္ပိုင္းကေတာ့အဲ့ဒါကိုေကာင္းတယ္လို႔ခံစားရၿပိးေနာက္တစ္ပိုင္းကေတာ့ေၾကာက္မက္ဖြယ္ေကာင္းတယ္လို႔ခံစားရသည္။

ဘယ္ဘက္ကမွတစ္ဖက္ကိုစည္းရံုးသိမ္းသြင္းႏိုင္ျခင္းမရွိေပ။

က်င္းက်ီရန္သည္မတတ္ႏိုင္ေတာ့ပဲ ခၽြင္ယြဲ႔ေယာင္ရဲ႔ဓာတ္ပံုအားမ်က္လံုးမွိတ္ ႐ိုက္လိုက္ၿပီးကုမၺဏီရဲ႔ group chat ဆီပို႔ေပးလိုက္ေတာ့သည္။

ယြီေယာင္စတူဒီယိုကအႏုပညာရွင္အားလံုးက WeChat မွာ group တစ္ခုဖြဲ႔ထားသည္။၎ကိုမူလက"We are fámù lè" ဟူေသာနာမည္ေပးထား၏။

(T/N - fámùlèi ကတ႐ုတ္စာလံုးမွာ'family' ဆိုတဲ့အသံထြက္ကိုေရးတာပါ။အဲ့ဒါက
Keep Running ဆိုတဲ့ variety show တစ္ခုမွာပါဝင္တဲ့သူတစ္ေယာက္က အဲ့ဒီစကားကိုတ႐ုတ္ဘာသာနဲ႔ေျပာခဲ့ေပမယ့္အဂၤလိပ္လိုအသံထြက္ကို 'family' ဆိုၿပီးဆိုးဆိုးဝါးဝါးထြက္လိုက္တာေၾကာင့္ အဲ့ဒီ meme ေပၚလာတာပါ။ ုျမန္မာလို(ဖမ္မလီ)လို႔ေရးသလိုမ်ိဳးေပါ့)

က်င္းက်ီရန္ကေျပာသည္။

"Fá ဘာကို fámù lèi လဲ,မင္းအသက္ကဘယ္ေလာက္ျဖစ္ေနၿပီ လဲ...ကုမၺဏီကိုမင္းရဲ႔မိသားစုလိုမဆက္ဆံနဲ႔ ၿပီးေတာ့ငါ့ကိုလည္းမင္းအေမလို႔ မသတ္မွတ္နဲ႔"

ေနာက္ပိုင္းမွာေတာ့သူက group name အား "we are fámù gōng" ဆိုၿပီးအတင္းအၾကပ္ေျပာင္းခိုင္းခဲ့ကာ လူတိုင္းအား,သူတို႔မွာလုပ္ခလစာ ဘယ္ေလာက္ပဲရွိေနပါေစအားလံုးက အုတ္ခဲထက္အဆင့္တစ္ခုသာတက္ေသာသစ္ခုတ္သမားမ်ားျဖစ္ေၾကာင္းသတိေပးခဲ့သည္။

(T/N - တ႐ုတ္အင္တာနက္ slang မွာ 'အုတ္ခဲသယ္' တဲ့လူဆိုတဲ့စကားလံုးက လစာနည္း၊ပင္ပန္းျပီးေတာ့၊လုပ္ရတာမတန္တဲ့အလုပ္မ်ိဳးေတြကိုရည္ၫႊန္းေျပာတာပါ။အဲ့ဒါေၾကာင့္သူေျပာခ်င္တာကယြဲ႔ေယာင္စတူဒီယိုကလူေတြက bān zhuān gōng(အုတ္သယ္သမား)ထက္ တစ္ဆင့္ပဲျမင့္တဲ့ fámù gōng (သစ္ခုတ္သမား)ေတြလို႔ေျပာခ်င္တာပါ)

["we are fámù gōng]
WeChat group

က်င္းက်ီရန္ : [Shared Photos]

က်င္းက်ီ : အားလံုးပဲေက်းဇူးျပဳၿပီးကိုယ့္အျမင္ ကိုယ္ေျပာျပေပးၾကပါ...ဒီမိတ္ကပ္ကို ဘယ္လိုမ်ိဳးထင္ပါသလဲ? Dongfang Bubai(တုန္းဖန္းပုပိုက္)နဲ႔တူမေနဘူးလား?

(T/N - နာမည္ႀကီး wuxia novel တစ္ခုျဖစ္တဲ့ The Smiling, Proud Wanderer by Jin Yong ထဲမွာ Dongfang Bubai(တုန္းဖန္းပုပိုက္) က Sunflower Manual ဆိုတဲ့သိုင္းက်င့္စဥ္ကိုက်င့္ဖို႔အတြက္သူ႔ကိုယ္သူသင္းကြပ္ပစ္လိုက္တာပါ။ဒါေပမဲ့သူကအရမ္းကိုအင္အားႀကီးတဲ့သိုင္းပညာရွင္တစ္ေယာက္ျဖစ္လာခဲ့တယ္။ေနာက္ပိုင္းမွာေတာ့သူ႔နာမည္ကတ႐ုတ္ျပည္ရဲ႔ homosexuality and LGBT sexual orientations မွာ popular culture တစ္ခုအေနနဲ႔ပါျဖစ္လာခဲ့ပါတယ္။ သူ႔ပံုစံကေတာ့ေယာက်ာ္းေလးကေန မိန္းကေလးဆန္ဆန္ႏြဲ႔ႏြဲ႔ေႏွာင္းေႏွာင္း ျဖစ္သြားေရာ။legend of fei ၾကည့္ၾကလားေတာ့မသိဘူးအဲ့ဒီထဲက အနီေရာင္ဝတ္နဲ႔တစ္ေယာက္ပံုစံမ်ိဳးပါပဲ)

ကုမၺဏီရဲ႔ 2.55 tiers ႏွစ္ေယာက္၊ 3.8 tier တစ္ေယာက္နဲ႔ 4.19 tier တစ္ေယာက္တို႔ကစိတ္အားထက္သန္စြာဝင္ေျပာၾကသည္။တကယ္ေတာ့လည္းသူတို႔အကုန္လံုးကအႏုပညာရွင္ေတြဆိုေတာ့သူတို႔အျမင္ကလည္းသာမာန္လူနဲ႔ျခားနားၾကသည္ေလ။အကုန္လံုးကအဲ့ဒီပံုစံကိုသိပ္မေကာင္းဘူးဟုထင္ၾကသည္။အရမ္းကိုနတ္ဆိုးဆန္တဲ့ဆြဲေဆာင္မႈရွိေနၿပီးၾသဇာအာဏာရွိတဲ့ေလထုကိုလံုလံုေလာက္ေလာက္မေပးစြမ္းႏိုင္ဘူး...အဲ့ဒီေတာ့ခၽြင္ယြဲ႔ေယာင္ပင္ပင္ပန္းပန္းနဲ႔ဖန္တီးထားတဲ့ေယာက်ာ္းဆန္မႈကအလြယ္တကူဖ်တ္ဆီးခံလိုက္ရၿပီးဟိုးတုန္းကသူ႔ပံုစံျဖစ္တဲ့
sexy little demon ပံုစံျပန္ျဖစ္သြားလိမ့္မယ္ဟုအဆိုျပဳလာၾကသည္။

လူတိုင္းနဲ႔ေဆြးေႏြးတိုင္ပင္ၿပီးေနာက္မွာေတာ့က်င္းက်ီရန္ကမိတ္ကပ္ပညာရွင္အားသူတို႔ရဲ႔အၾကံျပဳခ်က္မ်ားကိုေျပာျပၿပီးခၽြင္ယြဲ႔ေယာင္ရဲ႔မိတ္ကပ္ကိုျပန္ေျပာင္းေစသည္။

သူ႔မိတ္ကပ္ကိုျပင္လိုက္ဖ်တ္လိုက္နဲ႔ေနာက္တစ္ခါထပ္လုပ္ၿပီးေနာက္မွာေတာ့ေမွ်ာ္လင့္ထားတဲ့အခ်ိန္ထက္တစ္နာရီေလာက္ပိုက်န္႔ၾကာသြားသည္။သူတို႔ေတြတရားဝင္႐ိုက္ကူးေရးစတင္တဲ့အခ်ိန္မွာမြန္းတည့္ခ်ိန္ပင္ျဖစ္ေနၿပီျဖစ္သည္။

ထိုအခ်ိန္မွာပဲ WeChat group ကေနာက္တစ္ခါအသံမည္လာသည္။

ေဖးေခ်ာင္း : !!!

ေဖးေခ်ာင္း : ကၽြန္ေတာ္႐ိုက္ကူးေရးလုပ္ေနလို႔, အခုမွျမင္တယ္!!

ေဖးေခ်ာင္း : ကၽြန္ေတာ္ထင္တာေတာ့စီနီယာ အကိုကအရမ္းလွတယ္

ေဖးေခ်ာင္း : ေျပာင္းစရာမလိုဘူး,ေျပာင္းစရာမလိုဘူး!

က်င္းက်ီရန္ ; ေယာင္လွ်န္ထင္း, မင္းစကားမေျပာခင္မွာ fan filter ကိုအရင္ပိတ္ထားလိုက္

(T/N - ေယာင္လွ်န္ထင္း - အခ်စ္မွာက်ရွံုးၿပီးဘာကိုမွ မျမင္ႏိုင္ေတာ့ပဲဇာတ္ေကာင္တစ္ခုပါ)

ေဖးေခ်ာင္း : ....

ငိုေႂကြး,မွားယြင္းခံရ

ခၽြင္ယြဲ႔ေယာင္ကနာမည္ႀကီးအႏုပညာရွင္,ၿပီးေတာ့ေဖးေခ်ာင္းကနာမည္ႀကီး......ကာတြန္းအႏုပညာရွင္

ႏွစ္ေယာက္ကမၾကာခဏအလုပ္ခ်ိန္ေတြ တိုက္ေနၿပီးရွားရွားပါးပါးမွေတြ႕ရကာ မၾကာခဏခြဲခြာေနၾကရသည္။

ဒီတစ္ေခါက္မွာေဖးေခ်ာင္းကဟာသဇာတ္လမ္းတြဲတစ္ခုကိုလက္ခံရထားသည္။ထုတ္လုပ္တဲ့ကုမၺဏီကဟာသစာေရးဆရာမ်ားကိုငွားရမ္းေလသည္။ဇာတ္ေၾကာင္းကဟာသမ်ားနဲ႔ရယ္ရြင္ဖြယ္ျဖစ္သည္။အပိုင္းတိုင္းမွာဆယ္မိနစ္စာပါဝင္ၿပီးတစ္ေန႔ကိုတစ္ပိုင္း,႐ိုက္ကူးေနရင္းနဲ႔ထုတ္လႊင့္သည္။

ပထမဦးဆံုးအႀကိမ္စမ္းသပ္ထုတ္လုပ္တဲ့ထုတ္လုပ္မႈျဖစ္တာေၾကာင့္ေအာက္ေျခနိမ့္ၿပီးေကာင္းမြန္တဲ့ဂုဏ္သတင္းရွိသည္။အဲ့ဒါကပရိသတ္ႏွင့္အတူအလြန္ေရးပန္းစားလာၿပီးလူအေတာ္မ်ားမ်ားအတြက္စားရင္းေသာက္ရင္းၾကည့္ဖို႔အေကာင္းဆုံးလူႀကိဳက္အမ်ားဆံုးပြဲတစ္ခုျဖစ္လာေတာ့ေလသည္။

႐ိုက္ကူးေရးဝန္ကအရမ္းေလးတာတစ္ခုပဲ။တစ္ပတ္လံုးသူအခုထိသူ႔စီနီယာအကိုကိုမျမင္ရေသးဘူး

ငိုတယ္,ပိုၿပီးေတာ့ေတာင္ မွားယြင္းခံရသလိုခံစားရတယ္

သူက set ထဲမွလြတ္ေနတဲ့ေထာင့္ေလးတစ္ခု ရွာလိုက္ၿပီးသူ႔ကိုယ္သူထူထဲလွတဲ့စစ္ေရာင္ကုဒ္တစ္ခုနဲ႔လႊမ္းျခံဳလိုက္သည္။ၿပီးတာနဲ႔ခၽြင္ယြဲ႔ေယာင္ရဲ႔ selfie ပံုေတြကိုအက်ယ္ ခ်ဲ႔လိုက္ခ်ံဳ႔လိုက္နဲ႔ၾကည့္သည္။

ထို႔ေနာက္မွာေတာ့အဲ့ဒီဓာတ္ပံုေတြနဲ႔အတူ ခံစားခ်က္အျပည့္အရသာအျပည့္နဲ႔ေန႔လည္စာႏွစ္ဗူးစားပစ္လိုက္တယ္ေလ။

႐ုတ္တရက္,ဓာတ္ပံုထဲမွျပတင္းေပါက္ရဲ႔,အျပင္ဘက္ျမင္ကြင္းကအရမ္းရင္းႏွီးေနတယ္လို႔ခံစားလိုက္ရသည္။အရင္တစ္ေခါက္ဓာတ္ပံုေတြကိုအလ်င္အျမန္ရွာေဖြလိုက္ၿပီးသူတို႔ကိုဂ႐ုတစိုက္ႏွိုင္းယွဥ္ၾကည့္လိုက္ေသာအခါမွာသူကသူ႔စီနီယာအကိုရွိေနတဲ့စတူဒီယိုကိုလြန္ခဲ့တဲ့လဝက္ေလာက္ကမွေရာက္ဘူးခဲ့မွန္းရွာေဖြေတြ႕ရွိသြားတယ္!!

အေရးႀကီးဆံုးအရာကေတာ့အဲ့ဒီစတူဒီယိုကေလာေလာဆယ္ေဖးေခ်ာင္း႐ိုက္ကူးေရးလုပ္ေနတဲ့ေနရာနဲ႔သိပ္မေဝးဘူးဆိုတာပဲ,သူအဲ့ဒီကိုသြားၿပီးတစ္နာရီအတြင္းျပန္လာလို႔ရတယ္!

သူ႔ႏွလံုးသားကယားယံေနသည္။သူကခ်က္ခ်င္းပင္ေန႔လည္ပိုင္းစီစဥ္မႈမ်ားအား stage မန္ေနဂ်ာကိုသြားေမးသည္။

stage မန္ေနဂ်ာကေန ေဖးေခ်ာင္းရဲ႔ေနာက္ scene ကႏွစ္နာရီမွဟုေျပာလာ၏။ေဖးေခ်ာင္း ကတစ္ဖက္ကိုလွည့္ၿပီးေျပးထြက္ သြားသည္မွာသူ႔ေနာက္တြင္ဖုန္လံုးေလ းသာခ်န္ရစ္ခဲ့သည္။

stage မန္ေနဂ်ာကလွမ္းေအာ္သည္။

"ေဖးေခ်ာင္း,မင္းဘာသြားလုပ္ဦးမလို႔လဲ!"

ေဖးေခ်ာင္းရဲ႔အသံကအေဝးကေန ထြက္ေပၚလာသည္။

"ကၽြန္ေတာ့ရဲ႔တုန္းဖန္းဂိုဏ္းခ်ဳပ္ကို သြားရွာမလို႔~"

stage မန္ေနဂ်ာ: "???"

...

ေဖးေခ်ာင္းကအျပင္ေရာက္သည္ႏွင့္သူ႔ကားကိုရွာလိုက္ၿပီးေဖးေခ်ာင္းရဲ႔စတူဒီယိုရွိရာကိုေမာင္းေတာ့သည္။

သူကယဥ္ေမာင္းတဲ့ေနရာမွာကၽြမ္းက်င္ေပမယ့္လည္းအသံုးျပဳတာရွားသည္။

သူ႔ရဲ႔တစ္ျခားကားေမာင္းစြမ္းရည္ကေတာ့အရမ္းဆိုးဝါးလြန္းလို႔အၾကာႀကီးေလ့က်င့္ေနတာေတာင္သိပ္မတိုးတက္ေသးဘူး။

(T/N - you know what he mean☻)

နာရီဝက္ၾကာၿပီးေနာက္စတူဒီယိုရဲ႔အျပင္ဘက္ကိုအခ်ိန္ကိုက္ေရာက္သြားသည္။သူကသူ႔စီနီယာအကို,ကိုအႀကီးႀကီးအံ့အားသင့္ေစခ်င္တာေၾကာင့္သူ႔ရဲ႔'ဝင္ေရာက္စီးနင္း'တဲ့ကိစၥကိုဘယ္သူ႔ကိုမွမေျပာျပထားေပ။

စတူဒီယိုကႀကီးမားတဲ့ဧရိယာတစ္ခုလံုးကို သိမ္းပိုက္ထားသည္။အထဲမွာဒါဇင္ေက်ာ္တဲ့ sound stages မ်ားရွိေန၏။ေဖးေခ်ာင္းသြားေနတဲ့ တစ္ခုကအႀကီးဆံုးတစ္ခုျဖစ္သည္။

ဂိတ္ကလံုျခံဳေရးအေစာင့္မ်ားကေဖးေခ်ာင္းကိုသိၾကတာေၾကာင့္ဘာမွမေမးပဲဝင္ခြင့္ျပဳလိုက္ၾကသည္။

ေဖးေခ်ာင္းကဝင္ဖို႔ျပင္လိုက္တဲ့အခ်ိန္မွာပဲသိပ္မေဝးတဲ့ေနရာကက်ယ္ေလာင္လွတဲ့ဆူညံသံမ်ားကိုၾကားလိုက္ရသည္။သူကအသံလာရာကိုၾကည့္လိုက္ေသာအခါမိန္းမငယ္အုပ္စုတစ္စုကတစ္ျခားတစ္ဖက္ကတံခါးဝမွာစုေဝးေနၾကသည္ကိုျမင္လိုက္ရသည္။

ဒီႏွစ္ကေႏြးေထြးတဲ့ေဆာင္းရာသီဆိုေပမယ့္လည္းဘယ္လိုပဲျဖစ္ျဖစ္ေဆာင္းရာသီကေဆာင္းရာသီပဲေလ

အပူခ်ိန္က ၀' ေအာက္ ၃ကေန၄ဒီဂရီေလာက္သာရွိသည္။ေလေအးေတြတိုက္ခတ္တဲ့အခ်ိန္ဆိုထိုမိန္းကေလးအုပ္စုကအသိုက္ထဲကထြက္လာတဲ့စာငွက္ေလးမ်ားလိုပင္။သူတို႔ကတစ္ေယာက္နဲ႔တစ္ေယာက္သနားဖြယ္တိုးကပ္ေနၾကၿပီးအျပည့္အဝမေပါက္ေသးတဲ့အေတာင္ပံေလးမ်ားနဲ႔တစ္ေယာက္နဲ႔တစ္ေယာက္ေႏြးေအာင္လုပ္ေနၾကရသည္။

ဒီလိုေက်ာ္ၾကားတဲ့စတူဒီယိုရဲ႔အျပင္ဘက္မွာ celebrity fans ေတြကသူတို႔ရဲ႔ကံေကာင္းမွဳကိုလာ ႀကိဳးစားၾကသည္အားအၿမဲတမ္းျမင္ႏိုင္ သည္။အကယ္၍ကံေကာင္းမယ္ဆိုရင္ ကမာၻေျမကိုဆင္းလာတဲ့အႏုပညာရွင္ မ်ားကသူတို႔ဆီလာႏႈတ္ဆက္ၿပီး လက္မွတ္ထိုးေပးတာေတြဓာတ္ပံု ႐ိုက္ေပးတာေတြလုပ္ေပးလိမ့္မည္။

အကယ္၍ကံမေကာင္းဘူးဆိုရင္ အႏုပညာရွင္ကတစ္ျခားတစ္ခါး ေပါက္ကေနတိုက္႐ိုက္ထြက္ခြာ သြားတာေၾကာင့္သူတို႔ေတြသူ႔ရဲ႔ အရိပ္ေလးကိုေတာင္ေတြ႕ခြင့္ ရလိုက္မွာမဟုတ္ဘူး။

ဒီေန႔ကအားလပ္ရက္ျဖစ္တာေၾကာင့္အလုပ္ပဲျဖစ္ျဖစ္ေက်ာင္းပဲျဖစ္ျဖစ္သြားရမယ့္သူေတြကအားလပ္ေနၾကသည္။ထို႔ေၾကာင့္ဒီေန႔မွာ celebrities ေတြကိုတားဆီးဖို႔လာတဲ့ fan အေရအတြက္ကအေတာ္ေလးျမင့္မားေနသည္။ေဖးေခ်ာင္းပတ္ၾကည့္လိုက္ေတာ့အနည္းဆံုးသံုးဆယ္ဒါမွမဟုတ္ေလးဆယ္ေလာက္ရွိလိမ့္မည္။

ေနာက္ထပ္ေလတစ္ေပြ႕ထပ္တိုက္တဲ့အခ်ိန္မွာေတာ့ေျမျပင္ေပၚကသစ္ရြက္ေႂကြမ်ားနဲ႔သစ္ကိုင္းေျခာက္မ်ားကထိုမိန္းကေလးအုပ္စုလြင့္သြားၾကသည္။

သူတို႔ကအသံတိုးတိုးေလးေတြနဲ႔ေအာ္ဟစ္ၾကၿပီးတစ္ျခားတစ္ဖက္သို႔အလ်င္အျမန္က်ံဳ႔ဝင္သြားၾကသည္။ေလကအရမ္းျပင္းထန္ေနၿပီး မိန္းကေလးတစ္ေယာက္က cardboard poster တစ္ခုအားကိုင္လိုက္ကာ သူမေရွ႕မွာထား၍ေလကိုကာလိုက္သည္။

poster ေပၚမွာေတာ့ခၽြင္ယြဲ႔ေယာင္ကမ်က္လႊာခ်ကာျပံဳးေနၿပီးသူ႔ရဲ႔ sexy profile ကိုျပေနသည္။

ေဖးေခ်ာင္းရဲ႔ႏွလံုးသားေလးကခုန္သြားရကာ ဂိတ္ေစာင့္အားအလ်င္အျမန္ေမးမိသည္။

"သူတို႔ဒီကိုေရာက္ေနတာဘယ္ေလာက္ၾကာသြားၿပီလဲ?"

လံုျခံဳေရးကျပန္ေျဖသည္။

"ႏွစ္နာရီဒါမွမဟုတ္သံုးနာရီေလာက္ေတာ့ရွိၿပီ..ဒါေပမဲ့ေယာင္ေကာကနဂိုကတည္းကဒီတံခါးကေနဝင္သြားတာမွမဟုတ္တာ..သူတို႔ဘယ္ေလာက္ပဲေစာင့္ေနပါေစသူကဒီကထြက္လာမွာမဟုတ္ဘူး"

အႏုပညာရွင္တစ္ေယာက္အေနနဲ႔ေဖးေခ်ာင္းကဒီလိုအေျခအေနမ်ိဳးကိုအႀကိမ္ေပါင္းမ်ားစြာျမင္ဘူးသည္။စတူဒီယိုရဲ႔အျပင္ဘက္မွာ၊ ႐ုပ္ရွင္ၿမိဳ႔ေတာ္ေတြမွာ၊ TV stations ေတြမွာၿပီးေတာ့ေအဂ်င္စီေတြရဲ႔အျပင္ဘက္မွာေတာင္ဒီလိုမ်ိဳးသူတို႔ idol ေရာက္ရွိလာမွာကိုေစာင့္ေနၾကတဲ့ fan ေတြကိုျမင္ေတြ႕ႏိုင္သည္။

ဒီေန႔ကအရမ္းေအးရတဲ့အထဲသူတို႔ေစာင့္ေနတာအရမ္းၾကာေနၿပီဆိုေတာ့တကယ့္ကိုလြယ္ကူမွာမဟုတ္ဘူး....

ေဖးေခ်ာင္းကၿပီးရင္သူခၽြင္ယြဲ႔ေယာင္နဲ႔ေတြ႕တဲ့အခါမွာ fan ေတြဒီဘက္တံခါးမွာ ေစာင့္ေနတယ္ဆိုတာကိုေသခ်ာေပါက္ေျပာရမယ္လို႔ဆံုးျဖတ္လိုက္သည္။ခၽြင္ယြဲေယာင္ကမာနႀကီးတဲ့အႏုပညာရွင္မ်ိဳးမဟုတ္ေပ။ အကယ္၍သူ႔ fan club ဒီကိုေရာက္ေနမွန္းသိရင္သူေသခ်ာေပါက္ သူ႔အလုပ္ၿပီးတာနဲ႔လူတိုင္းဆီလာႏႈတ္ဆက္လိမ့္မယ္

႐ုတ္တရက္,ခရစ္စတယ္အျဖဴေရာင္တစ္စက္ကကားတံခါးေပၚက်လာၿပီးေနာက္..ဒုတိယ,တတိယ,ၿပီးေတာ့စတုတၳ....

"ႏွင္းက်ေနၿပီ!" မိန္းကေလးကအံ့အားသင့္စြာျဖင့္ေအာ္သည္။

တကယ့္ကိုႏွင္းက်ေနၿပီ

ေဆာင္းေလကႏွင္းပြင့္မ်ားအားေလထဲသို႔ေျဖးၫွင္းစြာထုတ္လိုက္သည္။

အထက္မိုးေကာင္းကင္မွာကာထားေပးတဲ့ဖန္အကာကေနာက္ဆံုးေတာ့က်ိဳးပ်က္သြားခဲ့ေလၿပီ။ရာသီရဲ႔အစပိုင္းကတည္းကလေပါင္းမ်ားစြာအထီးက်န္ေနခဲ့တဲ့ေဆာင္းရာသီဟာေနာက္ဆံုးေတာ့ပထမဆံုးႏွင္းက်ခဲ့ၿပီ

ႏွင္းပြင့္မ်ားကထူထပ္ၿပီးလွပသည္။

ေဖးေခ်ာင္းကကားျပတင္းေပါက္ကေနသူ႔လက္ကိုဆန္႔ထုတ္၍ႏွင္းပြင့္မ်ားအားသူ႔လက္ဖဝါးေပၚက်ဆင္းခြင့္ျပဳလိုက္ကာေအးစက္တဲ့ေဆာင္းရာသီရဲ႔နမ္း႐ွိဳက္မွဳကိုလက္ခံလိုက္သည္။

လံုျခံဳေရးအေစာင့္ကေျပာလာသည္။

"သတင္းမွာေျပာသြားတယ္မိုးေခါင္ေရရွားမွဳကနည္းနည္းၾကာေနၿပီမို႔လို႔သူတို႔ေတြေတာင္ေစာင္းမွာအေရးေပၚလူလုပ္ႏွင္းခဲေတြတင္ေနၾကတယ္တဲ့...ဒီညလယ္ေလာက္ေတာ့ႏွင္းက်လိမ့္မယ္လို႔ေမွ်ာ္လင့္ထားၾကတာ"

"အရမ္းႀကီးလား?"

"အင္း,က်ဳပ္ထင္တာေတာ့ဒီတစ္ေန႔လည္ခင္းလံုးေအးသထက္ေအးလာလိမ့္မယ္"

"..."

ေဖးေခ်ာင္းသည္အျပင္ဘက္မွာေစာင့္ဆိုင္းေနၾကတဲ့ fan မ်ားအားတစ္ခ်က္ၾကည့္လိုက္သည္။

မိန္းမငယ္ေလးမ်ားကသူတို႔ရဲ႔ idol ကိုေတြ႕ဖို႔လာတဲ့အခ်ိန္မွာသူတို႔ကသဘာဝက်က်ပင္လွလွပပဝတ္ဆင္မယ္၊သူတို႔ရဲ႔ဆံပင္မ်ားကိုဖီးသင္ထားမယ္၊ကလစ္ေတြေခါင္းစည္းႀကိဳးေတြစည္းၿပီးမိတ္ကပ္ျပင္ထားၾကမယ္။အမ်ားစုကစတိုင္အမွတ္မ်ားကိုသာလိုခ်င္တာျဖစ္ၿပီးအပူခ်ိန္အမွတ္ေတြကိုလိုခ်င္တာမဟုတ္ေပ။ထို႔ေၾကာင့္လူေတာ္ေတာ္မ်ားမ်ားကသိုးေမႊးကုတ္နဲ႔စကဒ္ရွည္မ်ားသာဝတ္ထား ၾကၿပီးလံုးဝေဆာင္းရာသီအဝတ္မ်ား မဟုတ္ၾကဘူး

အကယ္၍သာသူတို႔ႏွင္းေတြေလေတြၾကားထဲဒီေလာက္အၾကာႀကီးေစာင့္ေနမယ္ဆိုရင္...ေသခ်ာေပါက္ဖ်ားကုန္ၾကလိမ့္မယ္

ေဖးေခ်ာင္းသည္သူ႔ညာဘက္က စတူဒီယိုကိုၾကည့္လိုက္သည္။ ထို႔ေနာက္အျပင္မွာေစာင့္ေနတဲ့ fan မ်ားအားၾကည့္လိုက္သည္။သူကသူ႔ႏွလံုးသားအားမာေက်ာေစလိုက္ၿပီးကားကိုလွည့္ကာေမာင္းထြက္သြားေတာ့၏။

...

နာရီဝက္ၾကာၿပီးေနာက္ေဖးေခ်ာင္းက'လင္းလင္းရွီ,ႏို႔လက္ဖက္ရည္ဆိုင္'မွ signature ႏို႔လက္ဖက္ရည္,ခြက္ေလးဆယ္ဝယ္လာၿပီး ဂိတ္တံခါးအျပင္မွာေနာက္တစ္ေခါက္ရပ္တန္႔လိုက္သည္။

ခၽြင္ယြဲ႔ေယာင္ရဲ႔ fan မ်ားကအခုခ်ိန္ထိ သြားခ်င္း႐ိုက္ၿပီးဇြဲရွိရွိေစာင့္ေနၾကတုန္းပင္။သူတို႔ကအတူတကြရပ္ေနၾကၿပီးသူတို႔ေျခမ်ားကိုႂကြကာလက္ေတြကိုပြတ္သပ္ေနၾကသည္။သူတို႔ႏွာေခါင္းမ်ားကအေအးဒဏ္ေၾကာင့္နီေနၿပီးအျဖဴေရာင္ႏွင္းမ်ားကသူတို႔ေခါင္းေပၚမွာဖုန္းလႊမ္းေနသည္။အေဝးကၾကည့္မယ္ဆိုရင္သူတို႔ပံုစံကအျဖဴေရာင္မွိုေသးေသးေလးေတြလိုပဲ,အရမ္းသနားစရာေကာင္းတယ္

တစ္စံုတစ္ေယာက္ကႏွာေခါင္းရွံဳ႔ရင္းျဖင့္စိတ္ဓာတ္က်စြာေျပာသည္။

"....ဒါကအရမ္းဘက္လိုက္တာပဲ...ဒီေနရာက delivery area လည္းမဟုတ္ဘူး...ဒီကိုပို႔လို႔ရမယ့္ စတိုးဆိုင္လည္းဒီနားမွာမရွိဘူး.. ေႏြးေႏြးေထြးေထြးေသာက္စရာ တစ္ခုခုရဖို႔ခက္ခဲလိုက္တာေနာ္"

သူတို႔ေျပာေနတဲ့အခ်ိန္မွာပဲသူတို႔ေဘးက လမ္းေဘးမွာကားတစ္စီး႐ုတ္တရက္ ထိုးစိုက္လာသည္။

ကားတံခါးပြင့္သြားတဲ့အခါမွာေတာ့အရမ္းအရမ္းကိုရွည္လ်ားတဲ့ေျခေထာက္တစ္စံုကျမင္ကြင္းထဲဝင္လာသည္။ၿပီးေနာက္မွာေတာ့ထိုေျခေထာက္ရွည္မ်ားရဲ႔ပိုင္ရွင္ကသြားရွစ္ေခ်ာင္းေလာက္ေပၚေအာင္ျပံဳးျပသည္။

"မင္းတို႔ေတြပင္ပန္းသြားၿပီ"

ေျခေထာက္ရွည္အမ်ိဳးသားက,ကားေနာက္တစ္ခါးကိုဖြင့္လိုက္ၿပီး,ေနာက္ခန္းအျပည့္ႏို႔လက္ဖက္ရည္မ်ားကသူတို႔မ်က္လံုးမ်ားကိုတစ္လက္လက္ျဖစ္သြားေစ၏။

"စီနီယာအကိုကမင္းတို႔ဒီမွာေစာင့္ရတာမလြယ္ဘူးဆိုတာသိလို႔မင္းတို႔ေသာက္ရေအာင္ႏို႔လက္ဖက္ရည္ပို႔ခိုင္းလိုက္တယ္"

ခၽြင္ယြဲ႔ေယာင္ရဲ႔ fan မ်ားကမိနစ္အျပည့္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနၾကသည္။သူတို႔ကအင္အားသိပ္မရွိစြာျဖင့္သူတို႔မ်က္လံုးမ်ားကိုပြတ္သပ္ေနၾကတာေၾကာင့္သူတို႔မ်က္လံုးမွာတပ္ထားတဲ့ cosmetic contact lenses မ်ားကိုပင္ပြတ္ထုတ္ မိေတာ့မတတ္ပင္။ၿပီးမွသာသူတို႔ေရွ႕မွာ ရပ္ေနတဲ့သူကတကယ္ႀကီးေဖးေခ်ာင္းဆိုတာအတည္ျပဳႏိုင္သြားသည္!!

ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းထဲမွာ comics ဆြဲတာအေတာ္ဆံုးလူ၊comics အသိုင္းအဝိုင္းထဲမွာအျမင့္ဆံုးအျမင္ေတြနဲ႔ မ်ိဳးစံုေအာင္ဆြဲႏိုင္တဲ့သူ၊ၿပီးေတာ့ variety shows ေတြမွာအခန္႔ညားဆံုးနဲ႔ အရပ္ရွည္ဆံုးလူ--

ေဖးေခ်ာင္း!!

"..Wow!!!"

လူတိုင္းအနားကိုေပ်ာ္ရႊင္စြာကပ္လာၾကသည္မွာမူႀကိဳမွာေန႔လည္ခင္းမုန္႔ေႂကြးတဲ့အခ်ိန္သူငယ္ခ်င္းေတြအားလံုးတန္းစီေနသလိုမ်ိဳးေဖးေခ်ာင္းနားမွာစုေဝးေနၾကသည္။ၿပီးေတာ့အရပ္ရွည္ၿပီးႀကီးမားတဲ့ေဖးေခ်ာင္းကမူႀကိဳေက်ာင္းအန္တီႀကီးလိုပဲထို,ပုၿပီးေသးငယ္တဲ့ပဲေစ့ေလးေတြကိုတစ္ဖက္ကႏွစ္သိမ့္ရင္းတစ္ဖက္ကႏို႔လက္ဖက္ရည္မ်ားေဝေပးေနသည္။

ႏို႔လက္ဖက္ရည္မ်ားကလတ္လတ္ဆတ္ဆတ္လုပ္ထားျခင္းျဖစ္ၿပီးကားထဲမွာလည္းအပူဖြင့္ထားတာေၾကာင့္အဲ့ဒါကမေအးေသးေပ။ကိုင္ထားရင္အရမ္းကိုေႏြးေထြးမႈခံစားရသည္။

ႏို႔လက္ဖက္ရည္မ်ားကခ်ိဳၿမိန္ၿပီးပူေႏြးသည္။မူလကေလေၾကာင့္ေအးခဲေနၾကတဲ့ႏွလံုးသားေလးမ်ားသည္လည္းတစ္ဖန္ျပန္ေႏြးလာၾကသည္။

ေဖးေခ်ာင္းက fan တိုင္းကိုတစ္ခြက္ဆီ ေပးယံုတင္မကပဲလံုျခံဳေရးအေစာင့္မ်ားကို ပါလည္ေခ်ာင္းသက္သာေစသည့္ Sydney pear လက္ဖက္ရည္ကိုအထူး ဝယ္ေပးသည္။လံုျခံဳေရးအေစာင့္မ်ားက အလြန္ေပ်ာ္ရႊင္ေနၾကၿပီးသူ႔ကိုတစ္ႀကိမ္ၿပီးတစ္ႀကိမ္ေက်းဇူးတင္ေနၾကေတာ့၏။

လံုျခံဳေရးကေဖးေခ်ာင္းအတြက္ တံခါးကိုအလ်င္အျမန္ဖြင့္ေပးၿပီး သူ႔ကိုျမန္ျမန္ဝင္ရန္အခ်က္ျပလာသည္။

မေမွ်ာ္လင့္ပဲထိုၾကားကာလေလးမွာ တင္ေဖးေခ်ာင္းရဲ႔ဖုန္းကမည္လာၿပီး ဖန္သားျပင္ေပၚမွာ 'ထုတ္လုပ္ေရးလက္ေထာက္' ဆိုတဲ့စကားလံုးႏွစ္ခုကလင္းေနေလသည္။

ေဖးေခ်ာင္း ; ..ေသခ်ာေပါက္ေကာင္းတဲ့ အရာမဟုတ္ေလာက္ဘူး

ေမွ်ာ္လင့္ထားသလိုပဲေသခ်ာေပါက္ေကာင္းတဲ့အရာမဟုတ္ဘူး

ထုတ္လုပ္ေရးလက္ေထာက္ကေျပာလာသည္မွာဒါ႐ိုက္တာကသူ႔ကို ASAP သို႔အျမန္ဆုံးျပန္သြားရန္တိုက္တြန္းေနသည္ဟု။သူေျပာတာေတာ့ႏွင္းက်တဲ့ျမင္ကြင္းကိုသူတို႔အခု႐ိုက္ႏိုင္မယ္ဆိုရင္ႏွင္းအတုလုပ္တဲ့ကုန္က်စရိတ္ကိုသက္သာေစလိမ့္မယ္တဲ့

ေကာင္းကင္ကေကာင္းတယ္၊ကမာၻေျမႀကီးကလည္းေကာင္းတယ္၊ၿပီးေတာ့အလုပ္က ေတာ့အေကာင္းဆံုးပဲ

ေဖးေခ်ာင္းသည္အကြာအေဝးနည္းနည္းသာလိုေတာ့တဲ့စတူဒီယိုကိုတစ္ခ်က္ၾကည့္လိုက္သည္။သူဒီေန႔ဒီကိုနာရီဝက္ေလာက္အျမန္ဆံုးႏွဳန္းနဲ႔ေမာင္းလာခဲ့ရတာသူ႔ခ်စ္သူကိုျမင္ရဖို႔တစ္ခုတည္းပဲဒါေပမဲ့လည္းအခ်ိဳးအေကြ႕ေတြေၾကာင့္အဆံုးသတ္မွာသူေတြ႕ခ်င္တဲ့သူကိုမေတြ႕ရေတာ့ဘူး

ငိုေႂကြးတယ္,မွားယြင္းသလိုခံစားရတယ္,,မွားယြင္းသလိုခံစားရတယ္

တစ္ရက္တည္းနဲ႔တင္သူေနာက္တစ္လလံုးစာေလာက္မေက်နပ္ခ်က္ေတြကိုခံစားလိုက္ရတယ္

ဒါေပမဲ့လည္း,သူလုပ္ႏိုင္တာဘာမွမရွိဘူးေလ။ေဖးေခ်ာင္းအေနနဲ႔ပိုက္ဆံရွာဖို႔လိုေသးတယ္...အကယ္၍သူ႔မွာပိုက္ဆံရွိရင္အနာဂတ္မွာႏို႔လက္ဖက္ရည္ေသာက္ဖို႔ fan ေတြကိုပိုၿပီးဖိတ္ႏိုင္လိမ့္မယ္

အဲ့ဒီလိုနဲ႔ပဲေဖးေခ်ာင္းရဲ႔ 'တစ္မိနစ္စတူဒီယိုခရီးစဥ္'က အဆံုးသတ္သြားေလသည္။

...

ေဖးေခ်ာင္းမသိလိုက္တာကသူ ထြက္သြားၿပီးဆယ္မိနစ္အၾကာမွာ သူေတြးေနခဲ့တဲ့လူကေလေတြ ႏွင္းေတြနဲ႔လႊမ္းျခံဳေနတဲ့ fan ေတြေရွ႕မွာေပၚလာတယ္ဆိုတာကိုပဲ

ခၽြင္ယြဲ႔ေယာင္ကသူ႔ရဲ႔လည္ပင္းကေနေျခဆစ္ထိရွည္လ်ားတဲ့ဂ်ာကင္အက်ႌကိုဝတ္ထားၿပီးသူ႔ရဲ႔ွရွည္လ်ားေပ်ာ့ေျပာင္းတဲ့ဆံပင္မ်ားအားလ်ိဳ႔ဝွက္ႏိုင္ရန္အတြက္ေခါင္းစီးနဲ႔အုပ္ထားသည္။သူကသူ႔မ်က္ႏွာေလးကိုသာေဖာ္ျပထားေသာ္လည္းေႏြဦးေလေျပတိုက္ခတ္ႏိုင္ဖို႔လံုေလာက္ေလသည္။

သူရယ္၊က်င္းက်ီရန္ရယ္လက္ေထာက္ေလးသံုးေယာက္ရယ္ကသူတို႔လက္ထဲမွာ
oden(ဂ်ပန္ fish cake) မ်ားသယ္ထားသည္။အဲ့ဒါသည္ ခၽြင္ယြဲ႔ေယာင္ကအျပင္မွာႏွင္းက်ေန တယ္လို႔ၾကားတဲ့အခ်ိန္မွာသူ႔ လက္ေထာက္ကိုဝယ္ခိုင္းလိုက္တာ မ်ားျဖစ္သည္။

သူတို႔ idol ေရာက္လာတာကိုျမင္တာနဲ႔ fan ေတြကလံုးဝကိုဆူပြက္ကုန္ၾကေတာ့သည္။

ခၽြင္ယြဲ႔ေယာင္က oden အားလူတိုင္းကိုကိုယ္တိုင္ေဝေပးၿပီး
group photo ႐ိုက္ေပးကာလက္မွတ္ထိုးေပးသည္။ ၿပီးေနာက္လူတိုင္းကိုအိမ္ျမန္ျမန္ျပန္ရန္ အၾကံေပး၏။အကယ္၍သာသူတို႔ေတြ ႏွင္းအမ်ားႀကီးက်တဲ့အထိေစာင့္ေနရင္ လမ္းကအႏၲရယ္မ်ားလာလိမ့္မည္။ အခုခ်ိန္မွာေအးခဲေလာက္ေအာင္ ေအးေနၿပီ။အကယ္၍သူတို႔ အၾကာႀကီးေစာင့္ေနရင္ေသခ်ာေပါက္ ဖ်ားကုန္ၾကလိမ့္မည္ဟု

fan မ်ားကခံစားသြားၾကရ ၿပီးေျပာလာသည္။

"ယြဲ႔ေယာင္,အကိုကအရမ္းေကာင္းတာပဲ! ညီမတို႔ကိုႏို႔လက္ဖက္ရည္ေပးယံုတင္ မကဘူးစားဖို႔ပါလာေပးတယ္"

ထိုအခ်ိန္မွသာခၽြင္ယြဲ႔ေယာင္က လူတိုင္းရဲ႔လက္ထဲကေသာက္စရာ မ်ားကိုသတိျပဳမိသြားသည္။

သူကက်င္းက်ီရန္အားသူဝယ္ေပးတာလားဟုေမးသည့္ပံုျဖင့္လွမ္းၾကည့္လိုက္သည္။ က်င္းက်ီရန္ကေခါင္းခါျပသည္။

အဆံုးမွာေတာ့ fan မ်ားကသာပေဟဋိကိုေျဖရွင္းေပးသည္။

"ေဖးေဖး,ကားထဲကေနထြက္လာတုန္းကဆိုညီမတို႔လန္႔သြားတာပဲ!ပထမေတာ့သူကအကို႔ကိုလာေတြ႕တယ္လို႔ညီမတို႔ထင္လိုက္တာဒါေပမဲ့သူကဂိတ္ကေနျပန္ထြက္သြားၿပီးမွျပန္ေရာက္လာတာ"

အဲ့ဒီလိုျဖစ္သြားတာကိုး

အဲ့ဒီငတံုးေလးျဖစ္ေနတာကိုး

...

အဲ့ဒိေန႔အလုပ္ၿပိးေတာ့ခၽြင္ယြဲ႔ေယာင္ကသူနဲ႔ fan ေတြ႐ိုက္ထားတဲ့ group photo အားေဖးေခ်ာင္းဆီပို႔ေပးလိုက္သည္။

စိတ္ဓာတ္က်ေနေသာသစ္ကုလားအုတ္ေပါက္ေလးသည္သူ႔ရဲ႔ခင္ပြန္းသည္ကိုရွာဖို႔မိုင္ေထာင္ခ်ီခရီးႏွင္ခဲ့ရေသာ္လည္းအလုပ္ေၾကာင့္အတားအဆီးခံလိုက္ရတဲ့ဝမ္းနည္းဖြယ္ပံုျပင္ေလးအားျပန္ေျပာၾကရွာသည္။

ေတာင္ဆိတ္အကိုႀကီးကေတာ့ဖုန္းထဲကေနတစ္ဆင့္သူ႔ကိုေပြ႕ဖက္မႈအနည္းငယ္ႏွင့္အနမ္းမ်ားေပးၿပီးသူ႔ကိုေလေပၚေျမာက္ေစကာေနာက္တစ္ေခါက္သူ႔ဆီလာလည္မယ္လို႔ကတိေပးလိုက္သည္။

ေဖးေခ်ာင္းသည္ေနာက္ဆံုးေတာ့ျပန္ၿပီးေပ်ာ္ရႊင္စြာျပံဳးျပႏိုင္ေလၿပီ။

ခၽြင္ယြဲ႔ေယာင္ကသူ႔ကိုေမးသည္။

"ဘာလိုလူတိုင္းကိုႏို႔လက္ဖက္ရည္ေသာက္ဖို႔ဖိတ္တာငါ့နာမည္ကိုသံုးဖို႔စဥ္းစားလိုက္ရတာလဲ?တကယ္ေတာ့ဒီလိုအေျခအေနမ်ိဳးမွာမင္းနာမည္နဲ႔ဖိတ္မယ္ဆိုရင္ fan ေတြတိုးလာမွာေပါ့"

ေဖးေခ်ာင္းကျပန္ေျဖသည္။

"စီနီယာအကို,အကိုနားမလည္ပါဘူးဗ်ာ"

"အိုး?"

"သူတို႔ကအကို႔ရဲ႔ fan ေတြေလၿပီးေတာ့ ကၽြန္ေတာ္ကလည္းအကို႔ရဲ႔ fan ပဲအဲ့ဒါေၾကာင့္သူတို႔အခ်စ္ေတြကို အကို႔ထက္ပိုၿပီးနားလည္တယ္"

"..."

ေဖးေခ်ာင္းကနက္နက္နဲနဲ ခ်စ္ခင္ၾကင္နာစြာျဖင့္ဆက္ေျပာသည္။

"ဒီလိုေအးစက္တဲ့ေဆာင္းရာသီေန႔မ်ိဳးမွာ အကယ္၍အကိုကကိုယ့္ idol တိုက္တဲ့ႏို႔လက္ဖက္ရည္ေလးကို ေသာက္လိုက္ရရင္ fan ေတြအတြက္ကေတာ့ေသခ်ာေပါက္ ဒီကမာၻမွာအေပ်ာ္ရႊင္ရဆံုးကိစၥပဲ!"

"တကယ္လား?"

ခၽြင္ယြဲ႔ေယာင္ကစိတ္ရႈပ္ေထြး စြာျဖင့္ေမးသည္။

"ငါထင္တာေတာ့ကိုယ့္ idol ကိုလက္ထပ္ႏိုင္တာကမွ fan ေတြရဲ႔ႏွလံုးသားထဲမွာအေပ်ာ္ရႊင္ရ ဆံုးမဟုတ္ဘူးလား"

"..."

ေဖး,နံပါတ္(၁) fanboy ေလး,ေခ်ာင္း, ကလံုးဝကိုမျငင္းဆန္ႏိုင္ဘူး

...

ဒုတိယေန႔ကစၿပီးေန႔တိုင္းေန႔လည္ခင္း (2:30)အခ်ိန္တိုင္းမွာေဖးေခ်ာင္းရဲ႔ crew ရွိရာကို'လင္းလင္းရွီ,ႏို႔လက္ဖက္ရည္ဆိုင္'မွႏို႔လက္ဖက္ရည္ခြက္တစ္ရာအားလာပို႔ေပးၿပီးဝန္ထမ္းအားလံုးကိုတိုက္ေလသည္။

ေဆာင္းရာသီ၏ဆယ့္ႏွစ္လတြင္ခ်ိဳၿမိန္တဲ့ႏို႔လက္ဖက္ရည္ေလးတစ္ခြက္ကအေအးဒဏ္ကိုဖယ္ရွားၿပီးႏွလံုးသားကိုေႏြးေထြးေစသည္။

တစ္လၾကာၿပီးသြားရင္,ဒါ႐ိုက္တာကေနသ႐ုပ္ေဆာင္ထိလူတိုင္းအနည္းဆံုးသံုး(catties)ေလာက္ေတာ့ပိုဝၾကလိမ့္မည္။

ဒီႏွစ္ကတကယ့္ကိုေႏြးေထြးတဲ့ ေဆာင္းရာသီေလးပဲ

==========🦒End🦌===========

Continue Reading

You'll Also Like

212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
181K 23.7K 45
Title ✿ Heart of Glass Original Author ✿ Jing Shui Eng Translator : Yundun, Cheshire Status : 11 chapters + 2 extras (Com...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
12.3K 782 11
Notice -- Just Translation Genre - rebirth, interesting, horror, comedy, supernatural, yaoi Completed ✅ ( 106 chapters + 7 extra) All Credit - origin...