You had me at hello
Av Paing1001
281K 10.1K 302
လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကို... Mer
Greeting
Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70(final)
About Extra
Extra 1
Extra 2
Extra 3
Extra 4 🚨
Extra 5
Extra 6
Extra 7(the end)
Part 5
4.5K 180 0
Av Paing1001
Uni
ကားလေးဟာ ပြည်မြို့၏ လူဦးရေ ထူထပ်သော မြို့တည်း တစ်နေရာသို့ ရောက်ရှိလာပါသည်။
အထပ် ၃ ထပ်ဖြင့် ဆောက်လုပ်ထားသည့် ဆွဲဆောင်မှုရှိလှသော ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ပါသည်။
'သံသာ အထည်ဆိုင် '
"ညီမလေးလာ ဆိုင်ထဲဝင်မယ်"
ခွန်း ဆိုင်အား သေချာကြည့်နေမိပါသည်။
ဆိုင်ကို အထပ် ၃ ထပ်ဖြင့် ဆောက်လုပ်ထားသည်။
ဆိုင်အတွင်းတွင် အလင်းရောင် ကောင်းကောင်းရ၍ မှန်ချက်များဖြင့်သာ ကာထားသည့်အတွက် လမ်းသွားလမ်းလာများ ဆိုင်အတွင်းသို့ ကောင်းကောင်း မြင်နိုင်သည်။
ပထမထပ်တွင် ပုံမှန် အစမျိုးစုံ ပြသထားသည်။
ဒုတိယထပ်တွင် ချည်ထည်နှင့် ရက်ကန်းထည်အများအပြားကို ရောင်းချသည်။
တတိယ အပေါ်ဆုံး ထပ်တွင် ပိုးထည်နှင် ချိတ် ပွဲနေပွဲထိုင် အစများကိုသာ ထားရှိသည်။
ဦးတည်ချက်တစ်ခုတည်း သတ်မှတ်၍ လာဝယ်သော customer များသည် ကိုယ်လိုချင်သော အစ အမျိုးအစားရှိသည့် အထပ်သို့ တန်းသွားနိုင်သည်။
အထပ်တိုင်းတွင် အရောင်းဝန်းထမ်းမလေး ၂ ဦးစီ ထားရှိသည်။
ရေခဲသေတ္တာတစ်လုံးနှင့် ခုံတစ်ချို့အား အထပ်တိုင်း၏ ဘေးထောင့်တွင် ထားရှိသည်။
ဝယ်ယူသူနှင့်အတူပါလာသော လူများသည် ထိုနေရာများတွင် ထိုင်စောင့်နိုင်သညိ။
"အင်း ဆိုင်ရဲ့ဖွဲစည်းပုံလေးကလည်း မဆိုးဘူး
ခင်းကျင်းပြသထားတာတွေလည်း ရှင်းရှင်းလင်းလင်းနဲ့ ဆွဲဆောင်မှုရှိတယ်
wow မမတို့ တကယ်တော်တာပဲ
ဒါနဲ့ အရောင်းရော သွက်ရဲ့လား မမ"
"အရောင်းက အရမ်းကြီးသွက်တယ်လို့တော့လည်း မဟုတ်ဘူး ခွန်းရဲ့
ဒါပေမယ့် ပုံမှန်လာနေကျ ဖောက်သည်နဲ့ စျေးဝယ်သူတွေကတော့ နေ့တိုင်းမပျက်ပါဘူး
အရင်တုန်းက မမစက်ချုပ်ဆိုင်လေး ဖွင့်တုန်းက ဖောက်သည်တွေက အခုဆိုင်ဖွင့်တော့လည်း လာအားပေးကြပါတယ်
မမတို့လည်း လူ့ဘဝသက်တမ်းရဲ့ ၃ ပုံ ၂ ပုံ နီးပါးလောက်ကို အသုံးပြုပြီးသွားပြီလေ
ကျန်ရှိနေတဲ့ သက်တမ်းကိုတော့ ပုံမှန်ဝင်ငွေရတဲ့ ဒီဆိုင်လေးနဲ့ ဘုရားတရားလေးလုပ်ရင်းနဲ့ပဲ ကုန်ဆုံးတော့မယ်
အရမ်းကြီး ပင်ပန်းခံပြီး ကုန်းရုန်းပြီးတော့လည်း ရှာမနေချင်တော့ပါဘူး"
"အင်း ကောင်းပါတယ် စီးပွားရေးဆိုတာ အစတည်းက အပြိုင်အဆိုင် အရမ်းများတာ အမြင့်ဆုံးကို တက်ဖို့ကြိုးစားလေလေ ပိုပင်ပန်းလေလေပဲ
အဓိက ကတော့ မမတို့ မပင်ပန်းဖို့ပဲ"
ph ringtone သံကြားလို့ ကြည့်လိုက်တော့ အမရာပါ
"မမ ခွန်း အမရာနဲ့ ph ပြောလိုက်ဦးမယ်နော်"
"hello အမရာ"
"အင်း ခွန်း နင့်ကို ပြောစရာရှိလို့ အားလား"
"အားတယ်လေ ပြော"
"နင့်ကို project ကိစ္စမေးမလို့လေ ရန်ကုန်က ဘယ် company လဲ
ပြီးတော့ နင် ရန်ကုန်ကို ဘယ်တော့လာမလဲ ငါ့မှာ နင်လာမယ့်ရက် အားအောင်လုပ်ထားရဦးမှာ"
"လာတာကတော့ ၂၅ ရက်နေ့လောက် လာမလို့ စဥ်းစားထားတယ်
company နာမည်ကတော့ K Group construction company limited တဲ့
နင်သိလားဟင်
ငါလိုင်းပေါ်မှာ ရှာကြည့်ရသလောက်တော့ သေချာ အတွင်းကျကျကြီးတော့ မတွေ့ဘူး
ဒါပေမယ့် စည်းကမ်းကတော့ အတော်ကောင်းမယ်ပုံပဲဟ
သူ့အောက်မှာလည်း K Group အမည်ခံလုပ်ငန်းတွေ အများကြီး ထပ်ခွဲထားသေးတယ်နဲ့ တူတယ်"
"ဘာ K K Group ဟုတ်လား
ခွန်း နင့်ငါ့ကို လာနောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ဟင် ဘာလို့လဲ ဘာလို့ငါက နင့်ကို နောက်ရမှာလဲ"
"နင်ပြောနေတဲ့ K Group ဆိုတာ ငါအလုပ်လုပ်နေတဲ့ company လေ
company ရဲ့ အတွင်းရေးကို သေချာမသိရဘူး ဆိုတာက ငါတို့ company က privacy ကို အရမ်းအလေးထားတယ်
သတင်းတွေအပြင်ကို လုံးဝ ပေါက်ကြားခွင့်မရှိဘူး
စည်းကမ်းလည်း အရမ်းတင်းကျပ်တာ
သူဌေးရှေ့ဆို တစ်ယောက်မှ အသက်ပြင်းပြင်းမရှုရဲကြတော့ဘူး"
"အဲ့လောက်တောင်ပဲလား"
"အဲ့ထိထက်တောင်ဆိုးသေး ထားပါ ငါအသေးစိတ်ကို နင်ရန်ကုန်ရောက်မှရှင်းပြမယ် အခုတော့ နင်အဆင်ပြေရင် ၂၃ ရက်နေ့လာခဲ့ဟာ
၂၅ ရက်နေ့ကျ ငါအရေးကြီးတဲ့ စာရွက်စာတမ်းတွေတင်စရာ ရှိလို့ ဘယ်လိုမှမအားလို့"
"အေးပါ နင်အဆင်ပြေတဲ့နေ့ ငါလာခဲ့မယ်လေ"
"အေးအေး အဲ့ဒါဆို အဲ့နေ့လာခဲ့နော် လက်မှတ်ဖြတ်ပြီးမှ ph ဆက်လိုက် ငါဒါဆို ချလိုက်တော့မယ်
အလုပ်တွေ မပြတ်သေးလို့"
"အေး အေး"
အမရာကတော့ အမြဲတစေ အလုပ်ရှုပ်နေတတ်သည်။
'ဟင်း ကိုယ့်ကိုကိုယ်လည်း အချိန်ပေးရဲ့လားမသိ '
"ခွန်း ပြောပြီးသွားပြီလား"
"ဟုတ် မမကြီး ပြီးပြီ"
"အမရာက ဘာတဲ့လဲ ရန်ကုန်သွားဖို့ကိစ္စကရော"
"အဲ့ဒါက အဆင်ပြေပါတယ် ၂၃ ရက်နေ့ပဲ သွားလိုက်တော့မယ်
ဒါနဲ့လေ ခွန်း ညကပြောတဲ့ company လေ K Group အဲ့တာ အမရာအလုပ်လုပ်တဲ့ company တဲ့ မတိုက်ဆိုင်လွန်းဘူးလား"
"ဟုတ်လား ခွန်းရဲ့ မတော်တဆ တိုက်ဆိုင်တာဖြစ်မှာပါ အမရာ ပါရှိတော့ ကောင်းတာပေါ့ ခွန်းရဲ့"
"အင်းနော် တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ......."
*******************************
"ခွန်းရေ.. ငါ ဒီမှာ"
ခွန်း အမရာ ကို လှမ်းမြင်လိုက်ပါသည်။
ရှုပ်ထွေးလွန်းတဲ့ လူတွေကြားမှာ အမရာက ထင်းနေပါသည်။
အနက်ရောင် ရှပ်အင်္ကျီလက်ရှည်အား ဒူးလောက်ရှိမည့် မီးခိုးရောင် စကပ်အကျပ်ထဲသို့ ထည့်၍ ဝတ်ဆင်ထားသည်။
အညိုနှင့် ရွှေအိုရောင် တွဲဖက်၍ highlight ဖောက်ထားသော ဆံပင်တို့က အောက်နားတွင် အလိပ်​လေးများ ဖြစ်၍ ကျောလည်သို့ အိစက်၍ ကျဆင်းနေသည်။
ချွန်ထက်သော ဒေါက်မြင့်ဖိနပ်အားစီးကာ ခြေတစ်လှမ်းမယိုင်ပဲ ခွန်းဆီလို့ လျှင်မြန်စွာ လျှောက်လှမ်းလာပါသည်။
တကယ်တော်ပါပေသည်။
အနားသို့ ရောက်ရင်တော့ သူမ ရင်ခွင်ထဲ ဆွဲထည့်၍ ဖက်ထားတော့မည်။
အမှန်ပါပဲ။
"wow ခွန်း နင်တကယ်ကို အများကြီးလှလာတာပဲ
ငါမှာ့ နင့်ကို မနည်းရှာလိုက်ရတယ်"
"နင်လည်း လုံးဝ amazing ပဲနော် အရမ်းကို style က မိုက်နေတာ"
"ခွန်း ဘာစားချင်လဲပြော လက်ညိုးထိုးလိုက် အကုန်ရစေရမယ်"
"စားချင်တာပြော လုပ်မနေနဲ့ နင့်မှာ အချိန်ရောရှိလို့လား
နောက်ပြီး ငါ့မှာ တစ်ညလုံးကားစီးလာရတာ နင်က မနက်စောစော ဒီရောက်ရမယ်ဆိုလို့
နောက်ပြီး ဒီ style ကရော ဘာလဲ ဘယ်ကလာတာလဲ ဘယ်ကို သွားမှာလဲ"
"အော် တို့ ခွန်းလေးက အိပ်ရေးပျက်လို့ စူပုတ်ပုတ် ဖြစ်နေတာကို"
"တော်စမ်းပါ အပိုတွေပြောမနေနဲ့
နောက်ပြီး နင်က ငါ့ကို နင့် company ကလူနဲ့ ဒီနေ့ပဲ ဆွေးနွေးဖို့ စီစဥ်ထားတယ်ပေါ့ နင့်ကတော့ ငါ့ကို ခရီးရောက်မဆိုက် အသေ နှိပ်စက်နေတာပဲနော်
တစ်စက်ကလေးမှကို မနားရဘူး"
"ဟား ဟား ကဲပါ ငါ့ကို စိတ်မဆိုးပါနဲ့ ငါ့နင့်ကို တစ်ခုချင်းစီရှင်းပြမယ်"
"အရင်ဆုံး မနက်အစောကြီး လာခိုင်းတယ်ဆိုတာက ငါ့အလုပ်ချိန်က ၈ နာရီမှ စမှာလေ ခွင့်ယူဖို့လည်း မဖြစ်နိုင်သလို အလုပ်ချိန်လည်း ထိခိုက်လို့မရတော့ မနက်အစောကြီး လာခိုင်းရခြင်းပဲ
နောက်ပြီး ဒီဝတ်စုံ ဝတ်လာတာက ငါနင့်ကိုကြိုမယ် ပြီးရင် မနက်စာလိုက်ကျွေးမယ်
ပြီးရင် company ကို တန်းသွားမယ်
အဲ့ဒါကြောင့် တစ်ခါတည်းလဲလာလိုက်တာ အချိန် waste မဖြစ်တော့ပါဘူးပေါ့"
အမရာက ပြောနေရင်းနဲ့ မီးပ္ပိုင့်မိလို့ ကားကိုရပ်လိုက်သည်။
"မီးပ္ပိုင့်တွေလည်းများတယ် ကားတွေလည်းတော်တော်ကြပ်တယ်နော်
ငါတော့လေ ဒီလို ရှုပ်ရှက်ခက်ပြီး လူဦးရေ ထူထပ်တဲ့ နေရာကို မကြိုက်ဘူး"
"ဟုတ်တယ် ရန်ကုန်က ပြည်လောက်တော့ လမ်းမရှင်းဘူး
နောက်ပြီး ဒီလို လူဦးရေထူထပ်လို့လည်း စီးပွားရေး အချက်အချာမြို့ဖြစ်နေတာပေါ့ ကလေးမရဲ့"
"နင်ရော ဒီလိုနေရာမျိုးကို ကြိုက်လား"
"စီးပွားရေးလုပ်ဖို့အတွက် ဆိုရင်တော့ ကြိုက်တယ် အပန်းဖြေဖို့ အတွက်ဆိုရင်တော့ မကြိုက်ဘူး"
"....."
"ခုန စကားကိုပြန်ဆက်မယ် ငါနင့်ကို ဒီနေ့တစ်ခါတည်း ဆွေးနွေးခိုင်းတယ်ဆိုတာက ဒီနေ့ ငါတို့ company မှာ အပြင် ဧည့်သည် လာစရာမရှိဘူး
အဲ့တော့ သူဌေး အတွင်းရေးမှူး ကိုယ်တိုင် နင့်ကို သေချာရှင်းပြနိုင်မယ်
နောက်ပြီး ဒီ project ကို သူဌေးအပါအဝင် ရှယ်ယာရှင်အကုန်လုံးက စစေချင်နေပြီ
သူတို့က နင့်ကိုစောင့်နေတာ"
"အကြမ်းဖျင်းလောက်တော့ ငါသိထားပေမယ့် ဘာလို့ အဲ့လောက်ထိ အလျင်လိုနေတာလဲ"
"ဒီလိုလေ သူဌေးအပါအဝင် ရှယ်ယာရှင် အများစုရဲ့ ငွေတွေက ဒီ project ပြီးမှ ပြန်ပေါ်လာမှာလေ
တစ်နည်းအားဖြင့် သူတို့ငွေတွေက ဒီ မြေကွက်ထဲမှာပဲ ရင်းနှီးမြုပ်နှံထားကြတာ
နင်က အဲ့ဒီမြေကွက်ပေါ်မှာ design တွေဆွဲ အဆောက်အဦးတွေဆောက် ပြီး အဲ့ဒီ အခန်းတွေက လေလံပြန်ဆွဲ ရောင်းချ ငှားရမ်းပြီးမှ ငွေက ပြန်ပေါ်လာမှာလေ
အဲ့ဒီ့မြေကွက်ကလည်း ၂ နှစ်တောင် ပြည့်တော့မယ်လေ
ဆိုတော့ သူတို့ အလျင်လိုနေကြတာပေါ့"
"အော် အဲ့လိုကိုး"
"ကဲ ခွန်းရောက်ပြီ company ရဲ့ လည်ပတ်ပုံနဲ့ ဌာနတွေ အကြောင်း နေ့လည်ရောက်မှ ငါရှင်းပြမယ်
အခု နင်တွေ့ရမယ့်သူဆီ ငါလိုက်ပို့မယ်"
အမရာတို့ company သည်လည်း အလွန်ကြီးမားပါသည်။
အထပ်ပေါင်း မြောက်များစွာလည်း ရှိသည်။
အလွှာတစ်ခုချင်းစီမှာ အလုပ်အမျိုးအစားတစ်ခုခြင်း ခွဲထားပုံ ဖြစ်မည်။
အမရာက ကားပါကင်ထိုးပြီး ပထမဆုံး အထပ်၏ အတွင်းဘက် အနည်းငယ်အထိ လျှောက်သွားပါသည်။
ဤအထပ်တွင် စားပွဲနှင် ခုံများကို နေရာ အနည်းငယ်ခြား၍ စီစီရီရီ ချထားသည်။
ကြည့်ရတာ client တွေအား ထိုအထပ်၌ တွေ့ဆုံမည် ဖြစ်သည်။
ထောင့်တိုင်းတွင် cctv အပြည့် ဖြစ်သည်။
ပြောင်လတ်နေသော ကြမ်းပြင် စည်းစနစ်ကျသော အပြင်အဆင်နှင့် ဖော်ရွှေသော ဝန်းထမ်းတွေ၏ နှုတ်ခွန်းဆက်ပုံက သန်းရှင်းမှုနှင့် စည်းစနစ်ကျမှုအား ဘယ်လောက်ထိ အလေးထားမှန်း သိမြင်နိုင်သည်။
"မင်္ဂလာပါ ကိုသုတ
ဒါက ခွန်းသံသာချိုပါ
Golden star company ရဲ့ ကိုယ်စားလှယ်ပါ"
"ခွန်း ဒါက ကိုသုတတဲ့ သူဌေးရဲ့ secretary project ကိစ္စရော ခွန်းသိချင်တဲ့ တခြားအကြောင်းအရာတွေရော ကိုသုတကို မေးလို့ရတယ်
ကဲ ဒါဆို ၂ ယောက်သား အေးဆေးစကားပြောကြပါဦး ကျွန်မကို ခွင့်ပြုပါဦး"
"ကောင်းပါပြီ"
အမရာ မိတ်ဆက်ပေးပြီး နှုတ်ဆက်၍ ထွက်သွားလေသည်။
ကိုသုတဆိုသူကလည်း ခေါင်းတစ်ချက် ဆက်၍ အမရာအား ပြန်လည် အသိအမှတ်ပြုသည်။
အမရာက မသွားခင်တော့ အနားကပ်၍ တိုးတိုးလေး ပြောသွားသေးသည်။
ပြီးရင် message ပို့လိုက်တဲ့။
"တွေ့ရတာ ဝမ်းသာပါတယ် မခွန်းသံသာချို ထိုင်ပါဦး ခင်ဗျ"
"ဟုတ်ကဲ့ရှင့်"
"ဒါဆို ကျွန်တော်တို့ အလုပ်ကိစ္စအကြောင်းလေးဆွေးနွေးကြတာပေါ့"
ခွန်းခေါင်းတစ်ချက် ဆက်ပြ လိုက်သည်။
အချိန်အတော်ကြာ ဆွေးနွေးမှု အပြီးတွင်တော့ ခွန်းတကယ်ကို စိတ်ရှုပ်နေပြီ ဖြစ်သည်။
စိတ်လည်း အတော်တိုနေပြီ။
"ကျွန်တော်တို့ ဘက်ကတော့ စာချုပ် ပြန်ပြင်ဖို့က အဆင်မပြေဘူး
ဆိုတော့ မခွန်းသံသာချိုဘက်ကပဲ တစ်ချက်လောက် နားလည်ပေးစေချင်ပါတယ်"
"ဒီမှာ ရှင်တို့စာချုပ်က လူတစ်ဖက်သားကို မယုံကြည်လွန်းရာ ရောက်နေတယ်လို့ မထင်ဘူးလား"
"အဲ့လို ဖြစ်သွားရင်တော့ တကယ် အနူးအညွတ် တောင်းပန်ပါတယ်
ကျွန်တော်တို့သူဌေးကလည်း သူ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့ သူတွေ အများကြီး ကြုံဖူးတာမလို့ ယုံကြည်မှုကို ချိုးဖောက်မှာကို စိုးရိမ်လို့ပါ။"
"ယုံကြည်မှုဆိုတာ စာချုပ်တစ်ခုပေါ်မှာ မမူတည်ကြောင်းကို ရှင့်သူဌေး သိအောင် ကျွန်မ ပြောပြချင်ပါသေးတယ်"
တော်ပြီ လုံလောက်ပြီ ဘာမှဆက်မပြောချင်တော့ပါ။
"ခဏနေပါဦး မခွန်းသံသာချို ပြန်တော့မလို့လား ကျွန်တော်တို့အလုပ်ကိစ္စက"
"ဒီနေ့တော့ ဒီလောက်ပဲ ကျွန်မကို စဥ်းစားဖို့ အချ်န် အနည်းငယ်ပေးပါ"
"ဟာ ခွန်း ပြီးသွားပြီလား ဘယ်လို...
နင့်မျက်နှာမကောင်းပါလား"
"အင်း ငါအခုလောလောဆယ် ​စိတ်​အခြေအနေ မကောင်းဘူး
ဆိုတော့ ငါ အချိုဓာတ်များတဲ့ အစားအစာ ဒါမှမဟုတ်ရင် အစားကောင်းတစ်ခု စားဖို့လိုနေတယ် ဒီနားမှာ အစားအသောက်ကောင်းတဲ့ဆိုင် ရှိလား
နင်အချိန် ကုန်မှာစိုးရင်တော့ ဟိုရှေ့မှာ coffee ဆိုင်တစ်ဆိုင်တွေ့တယ် အဲ့ဆိုင်ကောင်းလား"
"ဟိုရှေ့က ဆိုင်လား
အင်း အဲ့ဒီဆိုင်က ဖွင့်တာ တစ်နှစ်လောက်တော့ ရှိပြီ မြေနေရာနဲ့ အဆောက်အဦးက ငါတို့ company ကပဲလေ
အမြဲလိုလိုတော့ လူတွေရှုပ်နေတတ်ပါတယ် မြို့လည်ခေါင်မှာ တောအုပ်ရအောင် အတင်းဖန်တီး ထားတာဆိုတော့လည်း တစ်မျိုး တစ်ပုံ ဆွဲဆောင်နေလို့ဖြသ်မှာပေါ့"
"အမရာ ငါနင့်ကို ကောင်းလား မကောင်းလား မေးတာလေ အဲ့ဒါတွေတစ်ခုမှ မမေးဘူး"
"ဟိုဟာ အဲ့တာက ငါလည်း သေချာမသိဘူးဟ ဟို ငါတစ်ခါမှ မသောက်ဖူးဘူး"
"ဘာ အဲ့တာ နင့် company ရှေ့ကနော်
အဲ့တော့ နင် ဘယ်က coffee သောက်လဲ"
"ငါတို့ ရုံးခန်းတွေထဲမှာ coffee ထုပ်တွေနဲ့ လိုအပ်တာ အကုန်ရှိတယ်လေဟာ"
"ထမင်းကရော"
"company က ကျွေးတယ်လေ ဟို ဟိုနားလေးမှာ"
"ကျစ် အမရာ နင်ကဟာ"
"ခွန်းရယ် ဒီလိုလေဟာ ငါ့ကို စိတ်မပျက်ပါနဲ့ဦး
နင်စဥ်းစားကြည့်ဟာ
ငါတို့ ထမင်းစာချိန်က မိနစ် ၆၀ ရတယ်
၁၂ ကနေ ၁နာရီထိ
ငါက အပေါ်ကဆင်းလာတဲ့အချိန် အပေါ်ကို ပြန်တက်တာက ၅ မိနစ်လောက် ရှိတယ်
ငါရဲ့ ထမင်းစားကြာချိန်က ၁၀ မိနစ် ပေါင်း၁၅ မိနစ် ​ တစ်ခါတစ်လေ အလွန်ဆုံးကြာ မိနစ် ၂၀ ပေါ့ဟာ
ငါ့မှာ အားလပ်ချိန် မိနစ် ၄၀ တောင်ရတယ်လေ"
ခွန်းက မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေသည်။အစပျိုးပြီး ဖြစ်သည့်အတွက် ပြောစရာရှိတာကတော့ ဆုံးအောင်ပြောရမည်။
"အဲ့ဒါကို ငါက ထမင်းစားပြီး coffee သွားသောက်ဦးမယ်ဆိုရင် ငါ အဲ့ဖက်လမ်းကူးရမှာနဲ့ ဒီဖက်ပြန်ကူးရမှာနှင့် coffee က စောင့်ရဦးမှာနဲ့ ၁၅ မိနစ်လောက်တော့ ကြာမှာပဲ
အဲ့တာတောင် ဝယ်နေရင်း အသိတွေဘာတွေ တွေ့လို့ စကားရပ်ပြောနေရင် ငါ့ရဲ့ မိနစ် ၄၀ သဲထဲ ရေသွန်ဖစ်သွားမှာဟ"
"နင်တို့ company ကလူတွေကတော့ တကယ်လက်လန်တယ် တော်ပြီ နင်အခု အချိန်မရဘူးမလား ငါပြန်တော့မယ်"
"ခဏနေပါဦး ခွန်းရဲ့ ငါရဲ့ အချိန်တွေက နင့်အတွက်ဆို ပေါပြီးသားပါ
ဟို coffee ဆိုင်မလား လာသွားမယ်"
coffee ဆိုင်လေးကအမရာတို့ company ရှေ့တွင် အထဲသို့ အနည်းငယ်ဝင်ရသည်။
လမ်းတစ်လျှောက် အပင်များစွာ စိုက်ပျိုးထားသည်။
အမရာပြောသလို မြို့လယ်ခေါင်မှာ တောအုပ်အတင်း ဖန်တီးထားပေမယ့် အထဲဝင်လျှင်တော့ လက်ဆက်မှုနှင့် အေး​မြမှုကို ခံစားရသည်။
"ကဲ ခွန်း ပြောပါဦး ဘယ်လိုဖြစ်တာလဲ"
"နင်စဥ်းစားကြည့်ဟာ ငါလည်း project တွေလုပ်ဖူးပါတယ်
company လက်အောက်ကရော တိုက်ရိုက်ရော
ငါတို့တွေစာချုပ်ချုပ်ကြတယ်ဟာ ဒါပေမယ့် စာချုပ်က ရိုးရိုးရှင်းရှင်းပဲဟာ
ငွေကိုလည်း စာချုပ်ချုပ်ရင်း တစ်ရစ်ချေ နောက်မှ တစ်ခါတည်း ပေးရင်ပေး ဒါမှမဟုတ် အရစ်ကျပေးရင်ပေးဟာ"
"အေး ငါနားလည်တယ် အဲ့တော့"
"အေး နင်တို့စာချုပ်ကဟာ ပေးထားတဲ့ ငွေ amount လည်းများပါတယ်
ချေတာကလည်း အခုလက်မှတ်ထိုးရင် တစ်ရစ်ချေ
နောက် ငါ project တွေဆွဲပြီး သွားရင် ကျန်တာ အကုန်ချေမယ်တဲ့"
"အင်း အဆင်မပြေတာက"
"ငါက အဲ့ဒီအလုပ်ကို တစ်ဝက်တစ်ပျက်နဲ့ ရပ်နားရင် ငါက ၁၀ ဆပြန်လျော်ပေးရမယ်တဲ့
တစ်ဖက်သားကို မစော်ကားလွန်းဘူးလားဟာ"
"နင်ပြောတာ ငါနားလည်ပြီ အဓိက က နင်ရဲ့ ဂုဏ်သိက္ခာကို ထိလိုက်စေတယ် အဲ့ဒါကြောင့်မလား အဲ့တော့ နင်ဘာဆက်လုပ်ဖို့ စိတ်ကူးလဲ"
"ဖြစ်နိုင်ရင် ငါတင်းခံကြည့်ချင်တယ် အဲ့စာချုပ်ကို ပြန်ပြင်ပေးတဲ့ အထိပေါ့ နင်ဘယ်လိုထင်လဲ"
"အင်း ငါနင့်ကို တစ်ခုပြောပြမယ် လွန်ခဲ့တဲ့ ၁ နှစ်လောက်ကလည်း ဒီလို ကိစ္စမျိုးဖြစ်ဘူးတယ်
ငါလည်းသေချာတော့ မသိဘူး
အဓိက က နင့်လိုပဲ တာဝန်ယူတဲ့သူက စာချုပ်ကို မကြိုက်လို့ အင်တင်တင်လုပ်တယ်ဟာ
အဲ့တော့ သူဌေးက သူနဲ့ငါတို့ company နဲ့ ဘယ်တော့မှ အလုပ်ဆက်တွဲမလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်
ငါတို့က ၂ ဖက်လုံးကလှည့်ပြီး စဥ်းစားဖို့လိုတယ်
စာချုပ်ပြန်ပြင် ပေးမှာလည်း ဖြစ်နိုင်သလို ခုနလိုကိစ္စမျိုးလည်း ဖြစ်နိုင်တယ် ဆိုတော့ အဲ့လိုဖြစ်သွားရင် နင်အဆင်ပြေလား"
"ဟူးးးး စိတ်ရှုပ်လိုက်တာ
Boss က အကူအညီတောင်းထားတာ
နောက်ပြီး ဒါက ငါရဲ့ နောက်ဆုံး တာဝန်
ငါ စိတ်မပျက်စေချင်ဘူး"
"အေး ငါနင့်ကို နားလည်တယ်
ဒါပေမယ့် ငါကတော့ နင့်ကို လက်ခံစေချင်တယ်
နင်လက်မှတ်ထိုးပြီးတာနဲ့ ဒီအလုပ်ကို အစအဆုံး တာဝန်ယူမှာ သေချာနေတာပဲလေ
နောက်ဆုံးအကြိမ်လို့ မှတ်ယူပြီးတော့ပဲ ဖြစ်ဖြစ်"
"နင်သိတယ် မလား
ငါဘယ်လို ရှင်သန်ခဲ့ရလဲ ဆိုတာ
ငါ အခုချိန်က စပြီးတော့ပဲဖြစ်ဖြစ်
ငါ ရှင်သန်ခဲ့တဲ့ ပုံစံနဲ့ ဆန့်ကျင့်ဘက်ပုံစံမျိုး ရှင်သန်ချင်တာ ရွေးချယ်ချင်တာ
ဒါပေမယ့် အခုထိ ငါ့ခံစားချက်ကို လျစ်လျူရှုနေရတုန်းပဲ......."
Paing
16.7.2021
1:59 AM
A/N- လုပ်ငန်းအကြောင်းက တက်သလောက်မှတ်သလောက်လေး ရေးထားတာဖြစ်လို့ အမှားအယွင်း တစ်စုံတစ်ရာ ပါခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုအပ်ပါတယ် ခင်ဗျ.......
Zawgyi
'သံသာ အထည်ဆိုင် '
ဒါပေမယ့် ပုံမှန်လာနေကျ ဖောက်သည်နဲ့ ဈေးဝယ်သူတွေကတော့ နေ့တိုင်းမပျက်ပါဘူး
"hello အမရာ"
"အားတယ်လေ ပြော"
နင်သိလားဟင်
"ဘာ K K Group ဟုတ်လား
"အဲ့လောက်တောင်ပဲလား"
"အေး အေး"
"ဟုတ် မမကြီး ပြီးပြီ"
*******************************
"ခွန်းရေ.. ငါ ဒီမှာ"
တကယ်တော်ပါပေသည်။
အမှန်ပါပဲ။
"....."
"အော် အဲ့လိုကိုး"
"မင်္ဂလာပါ ကိုသုတ
ဒါက ခွန်းသံသာချိုပါ
"ကောင်းပါပြီ"
"ဟုတ်ကဲ့ရှင့်"
"ဒီနေ့တော့ ဒီလောက်ပဲ ကျွန်မကို စဉ်းစားဖို့ အခ်ျန် အနည်းငယ်ပေးပါ"
"ဟိုရှေ့က ဆိုင်လား
"ထမင်းကရော"
"ကျစ် အမရာ နင်ကဟာ"
နင်စဉ်းစားကြည့်ဟာ
၁၂ ကနေ ၁နာရီထိ
"အင်း အဆင်မပြေတာက"
"နင်သိတယ် မလား
Paing
16.7.2021
1:59 AM
Fortsätt läs
Du kommer också att gilla
40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...