Unicode
Chapter(22)
အဝတ်လဲခန်းထဲမှာပြတင်းပေါက်မရှိတာကြောင့်အလင်းပျောက်သွားသည်နှင့်ချက်ချင်းပင်မဲမှောင်လှတဲ့လှောင်အိမ်တစ်လုံးလိုဖြစ်သွားတော့သည်။ကော်ရစ်တာမှာပရမ်းပတာဖြစ်နေတဲ့အသံများလည်းရှိနေပြီး scene မှာတာဝန်ရှိတဲ့လူကကျယ်လောင်စွာအော်ဟစ်နေသည်။အသံကအလွန်ကြည်လင်ပြီးတံခါးကနေဖောက်ဝင်လာသည်။ကြည့်ရတာစတူဒီယိုတစ်ခုလုံးမီးပျက်သွားပုံပဲ
လူတွေဟာရုတ်တရက်မှောက်မိုက်မှုထဲကျရောက်သွားရင်အနားကအပူအရင်းအမြစ်ရှိရာကိုသတိလက်လွတ်နဲ့တိုးသွားတတ်ကြပြီးဖေးချောင်းကလည်းချွင်းချက်မဟုတ်လေဘူး။သူနားလည်လိုက်တဲ့အချိန်မှာသူနဲ့ချွင်ယွဲ့ယောင်တို့က,နှစ်ယောက်ကြားထဲကွာခြားမှုနည်းနည်းတောင်မရှိပဲတစ်ယောက်နဲ့တစ်ယောက်ပူးကပ်လုနီးပါးပင်ဖြစ်နေပြီ။
ဖေးချောင်း : "..."
အမှောင်ထဲမှာချွင်ယွဲ့ယောင်ကရုတ်တရက်စကားပြောလာသည်။
"ဖေးချောင်း,မင်းစကားကိုပြီးအောင်ပြော"
"...ဘာကို?"
"မင်းအခုလေးတင်ပြောလိုက်တာလေ'ကျွန်တော့အတွက်တော့,ခင်ဗျားက.....'ဆိုပြီး,ငါကျန်တဲ့စကားကိုနားထောင်ချင်တယ်"
ဖေးချောင်းသည်အမှောင်ထဲမှာပင်မျက်လုံးများပြုးကျယ်သွားမိပြီးအသံလာရာဦးတည်ဘက်ရှိသူ့စီနီယာအကိုရဲ့တည်နေရာကိုရှာဖွေမိသည်။အမှောင်ထုကလူတွေရဲ့အမြင်အာရုံကိုချို့ယွင်းစေပေမယ့်သူတို့ရဲ့အကြားအာရုံ၊အထိအတွေ့နဲ့ရနံ့အာရုံတို့ကိုတော့တိုးတက်သွားစေတယ်..
သူ့အနေနဲ့ချွင်ယွဲ့ယောင်ရဲ့အသက်ရှုသံနှေးနှေးလေးကိုလည်းကြားနိုင်တယ်၊သူ့စီနီယာအကိုရဲ့တောင့်တင်းပြီးချောမွေ့တဲ့အသားအရည်ကိုခံစားလို့ရသလိုသူ့ idol ရဲ့ခန္တာကိုယ်ပေါ်ကမွှေးရနံ့သင်းသင်းလေးကိုပါအနံ့ရနေသည်လေ။ဖေးချောင်းကစဉ်းစားမိသည်။
ဒီလောက်နီးနေတာချွင်ယွဲ့ယောင်တော့သူ့ရဲ့နှလုံးခုန်သံကိုကြားနိုင်နေမှာပဲဟု
"ဟင်?"
ချွင်ယွဲ့ယောင်ကမြန်မြန်လေးပြောဖို့လောဆော်နေသလိုမျိုးသူ့နှာခေါင်းကနေအသံတစ်ခုထွက်လာသည်။
ဖေးချောင်းကတံတွေးမျိုချလိုက်ပြီးသူ့စိတ်ကိုပြင်ဆင်လိုက်ကာသူ့စကားလုံးတွေကိုထိထိမိမိဖြစ်စေလိုက်သည်။
"အစောတုန်းကကျွန်တော်ပြောချင်တာကလေ,ကျွန်တော့အတွက်တော့ခင်ဗျားက...ကျွန်တော့အတွက်ခင်ဗျားက....."
"ဘာလဲ?"
"ကျွန်တော်တကယ့်ကိုလေးစားရတဲ့တစ်စုံတစ်ယောက်"
"..."
အမှောင်ထုထဲကအသက်ရှုသံကရုတ်တရက်တိတ်ဆိတ်သွားသည်။
"အဲ့ဒါကမင်းပြောချင်နေတဲ့စကားလား?"
"ဟုတ်တယ်,ဟုတ်တယ်."
"ဒါဆိုမင်းကငါ့ကိုဘာတွေလေးစားတာလဲ"
"အရာအားလုံးပဲ, အင်းးး."
"' အင်းးး.'?"
"အာ!အဲ့ဒါကလေ အာ!" ဖေးချောင်းက အလျင်အမြန်ပင်ဖြေရှင်းသည်။
"စီနီယာအကို,ကျွန်တော်ကအကို့ရဲ့အရာအားလုံးကိုလေးစားတာ!ကျွန်တော်မလေးစားတဲ့အရာကိုမရှိဘူး!"
သူ့စီနီယာအကိုပျော်ရွှင်စေရန်အတွက်ဖေးချောင်းကချွင်ယွဲ့ယောင်နဲ့ပတ်သတ်ပြီးသူသဘောကျသမျှတွေအားဟင်းပွဲမှာနေသလိုမျိုးစတင်ရွတ်ပြတော့သည်။
သူ့အက,ကကောင်းတယ်၊သူ့သီချင်းဆိုတာကောင်းတယ်၊သူ့ရဲ့စင်ကြယ်တဲ့စိတ်နေစိတ်ထားကကောင်းတယ်၊သူ့အသွင်အပြင်ကကောင်းတယ်၊သူ့အကျင့်စရိုက်ကကောင်းတယ်....စသဖြင့်,သူချွင်ယွဲ့ယောင်ကိုသဘောကျတာကဒီအတိုင်းဂျူနီယာတစ်ယောက်ကသူ့စီနီယာအပေါ်မှာလေးစားတာသက်သက်ပဲရှိသကဲ့သို့ပင်။
ဒါပေမဲ့အဲ့ဒီစကားတွေကချွင်ယွဲ့ယောင်ကြားချင်တဲ့အဖြေမဟုတ်ဘူး
ချွင်ယွဲ့ယောင်ကပြောလာသည်။
"မင်းလေးစားတဲ့အရာတွေကငါ့ရဲ့အပြင်ဘက်အပြုအမူတွေကြီးပဲ,တကယ်တမ်းတော့ငါကမင်းထင်ထားသလောက်မကောင်းဘူး"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!စီနီယာအကိုကလူတိုင်းထက်ပိုကောင်းတယ်"
"ဒါပေမဲ့ငါ့ဆီမှာလည်းငါ့ရဲ့အားနည်းချက်တွေရှိတယ်လေ...အဲ့ဒါကဒီအတိုင်းငါကဟန်ဆောင်တာကောင်းလို့ဘယ်သူမှမသိတာ"
ဖေးချောင်းကသူ့ကိုမယုံပေ
ချွင်ယွဲ့ယောင်ကဆက်ပြောသည်။
"ငါမင်းကိုမလိမ်ဘူး...မီဒီယာတွေကပြောကြတယ်ငါကချစ်သူကောင်လေးကောင်းတစ်ယောက်ဖြစ်နိုင်တဲ့အရည်အချင်းတွေမြင့်မားတယ်တဲ့,ဒါပေမဲ့တကယ်တမ်းကြတော့ငါကချစ်သူကောင်းကောင်းတစ်ယောက်ဖြစ်ဖို့အရည်အသွေးမပြည့်မှီဘူး..ဘာဖြစ်လို့လဲဆိုတော့ငါကအမှောင်ကြောက်တယ်လေ"
"...တကယ်လား?"
"တကယ်"
ချွင်ယွဲ့ယောင်ကယုံကြည်ချက်ရှိရှိပြန်ဖြေသည်။
"အကယ်၍မင်းမယုံရင်ငါ့ကိုထိကြည့်လေ,ငါတုန်နေတယ်"
ဖေးချောင်းကသူ့စီနီယာအကိုပြောသမျှအကုန်လုံးလုပ်သည်။
သူကအမှောင်ထုထဲကနေသူ့လက်ကိုဆန့်ထုတ်လိုက်ပြီးသူ့စီနီယာအကိုရှိရာဘက်သို့ဦးတည်သွားလိုက်သည်။သူတို့နှစ်ယောက်ကြားထဲကအကွာအဝေးကအရမ်းကိုနီးကပ်တာကြောင့်ဖေးချောင်းရဲ့လက်ကအချိန်တိုအတွင်းမှာချွင်ယွဲ့ယောင်ရဲ့ခန္တာကိုယ်ကိုထိသွားသည်။
မမျှော်လင့်ပဲမူလကချွင်ယွဲ့ယောင်ရဲ့ကိုယ်ပေါ်မှာတင်းတင်းကြပ်ကြပ်ထုတ်သိမ်းထားတဲ့
bathrobe ကအကြောင်းပြချက်တစ်ချို့ကြောင့်ကျယ်လောင်စွာပွင့်နေသည်လေ။အဲ့ဒီလိုနဲ့ပဲဖေးချောင်းရဲ့လက်ချောင်းတွေကသူ့စီနီယာအကိုရဲ့အပေါ်ပိုင်းဗလာကျင်းခန္တာကိုယ်ထိသွားတော့လေသည်။
ချွင်ယွဲ့ယောင်ကတုန်မနေဘူး
ဖေးချောင်းကသာတုန်နေတာ
လူငယ်လေးရဲ့လက်ကအလွန်ကြီးမားသည်။ချွင်ယွဲ့ယောင်ရဲ့ရင်အုပ်ကိုဖိလိုက်တဲ့အချိန်မှာသူ့လက်ကရင်ဘက်တစ်ခုလုံးနီးပါးကိုအုပ်သွားတော့၏။ဒါ့အပြင်သူ့လက်ဖဝါးရဲ့အောက်တည့်တည့်ကထိလွယ်ရှလွယ်တဲ့နို့သီးလေးကတုန်ယင်နေကာအပူကဖေးချောင်းရဲ့လက်ကိုတစ်ဆင့်တိုးဝင်လာသည်။
ချွင်ယွဲ့ယောင်ရဲ့အသံကတိုးဖျော့ဖျော့လေးသာကြားရသည်။အကြောင်းပြချက်တစ်ချို့ကြောင့်သူ့ကိုယ်ကဖေးချောင်းရဲ့ညာဘက်တည့်တည့်နားနားထိရောက်နေသည်။သူကမေးလိုက်၏။
"ထိလို့ကောင်းလား?"
အရပ်ရှည်ရှည်လူကစိတ်လှုပ်ရှားမှုကြောင့်တုန်ယင်နေပေမယ့်လည်းသူပြန်မတုန့်ပြန်နိုင်သေးခင်မှာပဲတံခါးကရုတ်တရက်ပွင့်သွားတယ်!
တစ်ချိန်တည်းမှာတောက်ပတဲ့အလင်းရောင်တန်းတစ်ခုကသူတို့နှစ်ယောက်ရှိရာကိုထိုးလာ၏!
"ယွီယောင်,ဖေးဖေး,အဆင်ပြေရဲ့လား?"
ဖြစ်ချင်တော့ကျင်းကျီရန်ကသူတို့နှစ်ယောက်ကိုလာကယ်တာဖြစ်နေသည်လေ။ပူးကပ်နေတဲ့နှစ်ယောက်သားကချက်ချင်းခွဲထွက်သွားတော့သည်။
ကျင်းကျီရန်ကသူတို့နှစ်ယောက်ကိုသံသယနဲ့ကြည့်လာသည်။
သူမြင်တဲ့တစ်ခုတည်းသောအရာကဖေးချောင်းဟာဆိုဖာပေါ်မှာမလှုပ်နိုင်မရှားနိုင်နဲ့လဲနေပြီးသူ့မျက်နှာကရဲနေကာသူ့ဝတ်ရုံကကျယ်လောင်စွာပွင့်နေသည်။သူ့မျက်လုံးများကလည်းဘယ်ရောက်လိုက်ညာရောက်လိုက်ဖြစ်နေသည်။
ကြည့်တာနဲ့တင်တစ်ခုခုဖြစ်သွားမှန်းသိသာတယ်!
သို့သော်လည်းချွင်ယွဲ့ယောင်ကတော့ထိခိုက်မှုမရှိပဲဆိုဖာဘေးမှာရပ်နေပြီးသူ့ကိုယ်ပေါ်ကအဝတ်တွေကိုဖြေးညှင်းစွာဖြင့်သပ်သပ်ရပ်ရပ်ပြန်လုပ်နေသည်။အထူးသဖြင့်သူ့ခါးပတ်ကြိုးကိုပတ်ဖို့ကြိုးစားနေတဲ့အချိန်မှာသူ့လှုပ်ရှားမှုတွေက 'ဖြစ်ရပ်မှန်ပြီးသည့်နောက်' ဆိုတဲ့ကိုယ်ဟန်အနေအထားရှိနေသည်လေ။
ကျင်းကျီရန်: "..."
အဲ့ဒါကမဖြစ်နိုင်လောက်ပါဘူးနော်ဟုတ်တယ်မှတ်လား?သူငါးမိနစ်လောက်ပဲနောက်ကျသွားတာကိုဖေးချောင်းကချွင်ယွဲ့ယောင်ဆီကနေဖျက်ဆီးခံလိုက်ရပြီလား?
====================
Zawgyi
Chapter(22)
အဝတ္လဲခန္းထဲမွာျပတင္းေပါက္မရွိတာေၾကာင့္အလင္းေပ်ာက္သြားသည္ႏွင့္ခ်က္ခ်င္းပင္မဲေမွာင္လွတဲ့ေလွာင္အိမ္တစ္လံုးလိုျဖစ္သြားေတာ့သည္။ေကာ္ရစ္တာမွာပရမ္းပတာျဖစ္ေနတဲ့အသံမ်ားလည္းရွိေနၿပီး scene မွာတာဝန္ရွိတဲ့လူကက်ယ္ေလာင္စြာေအာ္ဟစ္ေနသည္။အသံကအလြန္ၾကည္လင္ၿပီးတံခါးကေနေဖာက္ဝင္လာသည္။ၾကည့္ရတာစတူဒီယိုတစ္ခုလံုးမီးပ်က္သြားပံုပဲ
လူေတြဟာ႐ုတ္တရက္ေမွာက္မိုက္မႈထဲက်ေရာက္သြားရင္အနားကအပူအရင္းအျမစ္ရွိရာကိုသတိလက္လြတ္နဲ႔တိုးသြားတတ္ၾကၿပီးေဖးေခ်ာင္းကလည္းခၽြင္းခ်က္မဟုတ္ေလဘူး။သူနားလည္လိုက္တဲ့အခ်ိန္မွာသူနဲ႔ခၽြင္ယြဲ႔ေယာင္တို႔က,ႏွစ္ေယာက္ၾကားထဲကြာျခားမႈနည္းနည္းေတာင္မရွိပဲတစ္ေယာက္နဲ႔တစ္ေယာက္ပူးကပ္လုနီးပါးပင္ျဖစ္ေနၿပီ။
ေဖးေခ်ာင္း : "..."
အေမွာင္ထဲမွာခၽြင္ယြဲ႔ေယာင္က႐ုတ္တရက္စကားေျပာလာသည္။
"ေဖးေခ်ာင္း,မင္းစကားကိုၿပီးေအာင္ေျပာ"
"...ဘာကို?"
"မင္းအခုေလးတင္ေျပာလိုက္တာေလ'ကၽြန္ေတာ့အတြက္ေတာ့,ခင္ဗ်ားက.....'ဆိုၿပီး,ငါက်န္တဲ့စကားကိုနားေထာင္ခ်င္တယ္"
ေဖးေခ်ာင္းသည္အေမွာင္ထဲမွာပင္မ်က္လံုးမ်ားျပဳးက်ယ္သြားမိၿပီးအသံလာရာဦးတည္ဘက္ရွိသူ႔စီနီယာအကိုရဲ႔တည္ေနရာကိုရွာေဖြမိသည္။အေမွာင္ထုကလူေတြရဲ႔အျမင္အာရံုကိုခ်ိဳ႔ယြင္းေစေပမယ့္သူတို႔ရဲ႔အၾကားအာရံု၊အထိအေတြ႕နဲ႔ရနံ႔အာရံုတို႔ကိုေတာ့တိုးတက္သြားေစတယ္..
သူ႔အေနနဲ႔ခၽြင္ယြဲ႔ေယာင္ရဲ႔အသက္ရွဳသံေႏွးေႏွးေလးကိုလည္းၾကားႏိုင္တယ္၊သူ႔စီနီယာအကိုရဲ႔ေတာင့္တင္းၿပီးေခ်ာေမြ႕တဲ့အသားအရည္ကိုခံစားလို႔ရသလိုသူ႔ idol ရဲ႔ခႏာၱကိုယ္ေပၚကေမႊးရနံ႔သင္းသင္းေလးကိုပါအနံ႔ရေနသည္ေလ။ေဖးေခ်ာင္းကစဥ္းစားမိသည္။
ဒီေလာက္နီးေနတာခၽြင္ယြဲ႔ေယာင္ေတာ့သူ႔ရဲ႔ႏွလံုးခုန္သံကိုၾကားႏိုင္ေနမွာပဲဟု
"ဟင္?"
ခၽြင္ယြဲ႔ေယာင္ကျမန္ျမန္ေလးေျပာဖို႔ေလာေဆာ္ေနသလိုမ်ိဳးသူ႔ႏွာေခါင္းကေနအသံတစ္ခုထြက္လာသည္။
ေဖးေခ်ာင္းကတံေတြးမ်ိဳခ်လိုက္ၿပီးသူ႔စိတ္ကိုျပင္ဆင္လိုက္ကာသူ႔စကားလံုးေတြကိုထိထိမိမိျဖစ္ေစလိုက္သည္။
"အေစာတုန္းကကၽြန္ေတာ္ေျပာခ်င္တာကေလ,ကၽြန္ေတာ့အတြက္ေတာ့ခင္ဗ်ားက...ကၽြန္ေတာ့အတြက္ခင္ဗ်ားက....."
"ဘာလဲ?"
"ကၽြန္ေတာ္တကယ့္ကိုေလးစားရတဲ့တစ္စံုတစ္ေယာက္"
"..."
အေမွာင္ထုထဲကအသက္ရွဳသံက႐ုတ္တရက္တိတ္ဆိတ္သြားသည္။
"အဲ့ဒါကမင္းေျပာခ်င္ေနတဲ့စကားလား?"
"ဟုတ္တယ္,ဟုတ္တယ္."
"ဒါဆိုမင္းကငါ့ကိုဘာေတြေလးစားတာလဲ"
"အရာအားလံုးပဲ, အင္းးး."
"' အင္းးး.'?"
"အာ!အဲ့ဒါကေလ အာ!" ေဖးေခ်ာင္းက အလ်င္အျမန္ပင္ေျဖရွင္းသည္။
"စီနီယာအကို,ကၽြန္ေတာ္ကအကို႔ရဲ႔အရာအားလံုးကိုေလးစားတာ!ကၽြန္ေတာ္မေလးစားတဲ့အရာကိုမရွိဘူး!"
သူ႔စီနီယာအကိုေပ်ာ္ရႊင္ေစရန္အတြက္ေဖးေခ်ာင္းကခၽြင္ယြဲ႔ေယာင္နဲ႔ပတ္သတ္ၿပီးသူသေဘာက်သမွ်ေတြအားဟင္းပြဲမွာေနသလိုမ်ိဳးစတင္ရြတ္ျပေတာ့သည္။
သူ႔အက,ကေကာင္းတယ္၊သူ႔သီခ်င္းဆိုတာေကာင္းတယ္၊သူ႔ရဲ႔စင္ၾကယ္တဲ့စိတ္ေနစိတ္ထားကေကာင္းတယ္၊သူ႔အသြင္အျပင္ကေကာင္းတယ္၊သူ႔အက်င့္စ႐ိုက္ကေကာင္းတယ္....စသျဖင့္,သူခၽြင္ယြဲ႔ေယာင္ကိုသေဘာက်တာကဒီအတိုင္းဂ်ဴနီယာတစ္ေယာက္ကသူ႔စီနီယာအေပၚမွာေလးစားတာသက္သက္ပဲရွိသကဲ့သို႔ပင္။
ဒါေပမဲ့အဲ့ဒီစကားေတြကခၽြင္ယြဲ႔ေယာင္ၾကားခ်င္တဲ့အေျဖမဟုတ္ဘူး
ခၽြင္ယြဲ႔ေယာင္ကေျပာလာသည္။
"မင္းေလးစားတဲ့အရာေတြကငါ့ရဲ႔အျပင္ဘက္အျပဳအမူေတြႀကီးပဲ,တကယ္တမ္းေတာ့ငါကမင္းထင္ထားသေလာက္မေကာင္းဘူး"
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?!စီနီယာအကိုကလူတိုင္းထက္ပိုေကာင္းတယ္"
"ဒါေပမဲ့ငါ့ဆီမွာလည္းငါ့ရဲ႔အားနည္းခ်က္ေတြရွိတယ္ေလ...အဲ့ဒါကဒီအတိုင္းငါကဟန္ေဆာင္တာေကာင္းလို႔ဘယ္သူမွမသိတာ"
ေဖးေခ်ာင္းကသူ႔ကိုမယံုေပ
ခၽြင္ယြဲ႔ေယာင္ကဆက္ေျပာသည္။
"ငါမင္းကိုမလိမ္ဘူး...မီဒီယာေတြကေျပာၾကတယ္ငါကခ်စ္သူေကာင္ေလးေကာင္းတစ္ေယာက္ျဖစ္ႏိုင္တဲ့အရည္အခ်င္းေတြျမင့္မားတယ္တဲ့,ဒါေပမဲ့တကယ္တမ္းၾကေတာ့ငါကခ်စ္သူေကာင္းေကာင္းတစ္ေယာက္ျဖစ္ဖို႔အရည္အေသြးမျပည့္မွီဘူး..ဘာျဖစ္လို႔လဲဆိုေတာ့ငါကအေမွာင္ေၾကာက္တယ္ေလ"
"...တကယ္လား?"
"တကယ္"
ခၽြင္ယြဲ႔ေယာင္ကယံုၾကည္ခ်က္ရွိရွိျပန္ေျဖသည္။
"အကယ္၍မင္းမယံုရင္ငါ့ကိုထိၾကည့္ေလ,ငါတုန္ေနတယ္"
ေဖးေခ်ာင္းကသူ႔စီနီယာအကိုေျပာသမွ်အကုန္လံုးလုပ္သည္။
သူကအေမွာင္ထုထဲကေနသူ႔လက္ကိုဆန္႔ထုတ္လိုက္ၿပီးသူ႔စီနီယာအကိုရွိရာဘက္သို႔ဦးတည္သြားလိုက္သည္။သူတို႔ႏွစ္ေယာက္ၾကားထဲကအကြာအေဝးကအရမ္းကိုနီးကပ္တာေၾကာင့္ေဖးေခ်ာင္းရဲ႔လက္ကအခ်ိန္တိုအတြင္းမွာခၽြင္ယြဲ႔ေယာင္ရဲ႔ခႏာၱကိုယ္ကိုထိသြားသည္။
မေမွ်ာ္လင့္ပဲမူလကခၽြင္ယြဲ႔ေယာင္ရဲ႔ကိုယ္ေပၚမွာတင္းတင္းၾကပ္ၾကပ္ထုတ္သိမ္းထားတဲ့
bathrobe ကအေၾကာင္းျပခ်က္တစ္ခ်ိဳ႔ေၾကာင့္က်ယ္ေလာင္စြာပြင့္ေနသည္ေလ။အဲ့ဒီလိုနဲ႔ပဲေဖးေခ်ာင္းရဲ႔လက္ေခ်ာင္းေတြကသူ႔စီနီယာအကိုရဲ႔အေပၚပိုင္းဗလာက်င္းခႏာၱကိုယ္ထိသြားေတာ့ေလသည္။
ခၽြင္ယြဲ႔ေယာင္ကတုန္မေနဘူး
ေဖးေခ်ာင္းကသာတုန္ေနတာ
လူငယ္ေလးရဲ႔လက္ကအလြန္ႀကီးမားသည္။ခၽြင္ယြဲ႔ေယာင္ရဲ႔ရင္အုပ္ကိုဖိလိုက္တဲ့အခ်ိန္မွာသူ႔လက္ကရင္ဘက္တစ္ခုလံုးနီးပါးကိုအုပ္သြားေတာ့၏။ဒါ့အျပင္သူ႔လက္ဖဝါးရဲ႔ေအာက္တည့္တည့္ကထိလြယ္ရွလြယ္တဲ့ႏို႔သီးေလးကတုန္ယင္ေနကာအပူကေဖးေခ်ာင္းရဲ႔လက္ကိုတစ္ဆင့္တိုးဝင္လာသည္။
ခၽြင္ယြဲ႔ေယာင္ရဲ႔အသံကတိုးေဖ်ာ့ေဖ်ာ့ေလးသာၾကားရသည္။အေၾကာင္းျပခ်က္တစ္ခ်ိဳ႔ေၾကာင့္သူ႔ကိုယ္ကေဖးေခ်ာင္းရဲ႔ညာဘက္တည့္တည့္နားနားထိေရာက္ေနသည္။သူကေမးလိုက္၏။
"ထိလို႔ေကာင္းလား?"
အရပ္ရွည္ရွည္လူကစိတ္လႈပ္ရွားမႈေၾကာင့္တုန္ယင္ေနေပမယ့္လည္းသူျပန္မတုန္႔ျပန္ႏိုင္ေသးခင္မွာပဲတံခါးက႐ုတ္တရက္ပြင့္သြားတယ္!
တစ္ခ်ိန္တည္းမွာေတာက္ပတဲ့အလင္းေရာင္တန္းတစ္ခုကသူတို႔ႏွစ္ေယာက္ရွိရာကိုထိုးလာ၏!
"ယြီေယာင္,ေဖးေဖး,အဆင္ေျပရဲ႔လား?"
ျဖစ္ခ်င္ေတာ့က်င္းက်ီရန္ကသူတို႔ႏွစ္ေယာက္ကိုလာကယ္တာျဖစ္ေနသည္ေလ။ပူးကပ္ေနတဲ့ႏွစ္ေယာက္သားကခ်က္ခ်င္းခြဲထြက္သြားေတာ့သည္။
က်င္းက်ီရန္ကသူတို႔ႏွစ္ေယာက္ကိုသံသယနဲ႔ၾကည့္လာသည္။
သူျမင္တဲ့တစ္ခုတည္းေသာအရာကေဖးေခ်ာင္းဟာဆိုဖာေပၚမွာမလႈပ္ႏိုင္မရွားႏိုင္နဲ႔လဲေနၿပီးသူ႔မ်က္ႏွာကရဲေနကာသူ႔ဝတ္ရံုကက်ယ္ေလာင္စြာပြင့္ေနသည္။သူ႔မ်က္လံုးမ်ားကလည္းဘယ္ေရာက္လိုက္ညာေရာက္လိုက္ျဖစ္ေနသည္။
ၾကည့္တာနဲ႔တင္တစ္ခုခုျဖစ္သြားမွန္းသိသာတယ္!
သို႔ေသာ္လည္းခၽြင္ယြဲ႔ေယာင္ကေတာ့ထိခိုက္မႈမရွိပဲဆိုဖာေဘးမွာရပ္ေနၿပီးသူ႔ကိုယ္ေပၚကအဝတ္ေတြကိုေျဖးၫွင္းစြာျဖင့္သပ္သပ္ရပ္ရပ္ျပန္လုပ္ေနသည္။အထူးသျဖင့္သူ႔ခါးပတ္ႀကိဳးကိုပတ္ဖို႔ႀကိဳးစားေနတဲ့အခ်ိန္မွာသူ႔လႈပ္ရွားမႈေတြက 'ျဖစ္ရပ္မွန္ၿပီးသည့္ေနာက္' ဆိုတဲ့ကိုယ္ဟန္အေနအထားရွိေနသည္ေလ။
က်င္းက်ီရန္: "..."
အဲ့ဒါကမျဖစ္ႏိုင္ေလာက္ပါဘူးေနာ္ဟုတ္တယ္မွတ္လား?သူငါးမိနစ္ေလာက္ပဲေနာက္က်သြားတာကိုေဖးေခ်ာင္းကခၽြင္ယြဲ႔ေယာင္ဆီကေနဖ်က္ဆီးခံလိုက္ရၿပီလား?
====================