(Completed )Thinking of Deer...

By Xiao_Yiii

159K 29.8K 1.3K

Total Chapter - 32 Author - Mo Li Eng Tran - Peony and Peach သင့္ရဲ႔လံုျခံဳေရးခါးပတ္ကိုျမန္ျမန္တပ္ၿပီးအႏုပညာအ... More

Description
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
Chapter(30)
Chapter(31)
Extra
Thank You

Chapter(16)

3.3K 800 59
By Xiao_Yiii

Unicode

Chapter(16)

ဖေးချောင်းကအိမ်ကိုစိတ်ရှုပ်ထွေးကြောင်အစွာဖြင့်ပြန်သွားမိပြီးတစ်ညလုံးလှဲကာစဉ်းစားနေသော်လည်းသူ့စီနီယာအကိုကဘာကိုဆိုလိုတာလဲဆိုတာကိုနားမလည်နိုင်ပေ။

သူကဘယ်သူ့လူလဲ?သူကတရုတ်လူမျိုးလေ...ဒါပေမဲ့သူ့စီနီယာအကိုကသူ့နိုင်ငံသားကိုမေးတာမဟုတ်ဘူးလို့ခံစားနေရတယ်

ထိုမေးခွန်းကသူ့ခေါင်းထဲမှာရက်အနည်းငယ်လောက်လှည့်ပတ်နေသည်မှာတစ်ပတ်ကြာပြီးနောက် @YangfanStudio ဆိုတဲ့ Weibo account ကနေ
 "Upstart Entertainment Company လက်အောက်မှအနုပညာရှင်ချွင်ယွဲ့ယောင်ရဲ့ Studio" မွေးဖွားလာခြင်း ဆိုတဲ့တရားဝင်လုပ်ဆောင်ချက်သတင်းများထွက်ပေါ်လာပြီးဆွဲဆောင်အားကောင်းလှသောစာလုံးရေတစ်ထောင်လောက်နဲ့မိတ်ဆက်စာတစ်စောင်ထွက်ပေါ်လာသည်အထိပင်။

ရိုးရိုးရှင်းရှင်းပြောရရင်တော့ထိုကြေညာချက်ကိုအကျဉ်းချုပ်လိုက်ရင်အချက်နှစ်ချက်ထွက်လာသည်။

ပထမတစ်ချက်,ချွင်ယွဲ့ယောင်က သူ့ကိုယ်ပိုင်နာမည်နဲ့စတူဒီယိုတစ်ခုကို တည်ထောင်လိုက်တယ်

ဒုတိယတစ်ချက်,ချွင်ယွဲ့ယောင်က သူ့အရင်ကုမ္ဗဏီကနေ trainees အနည်းငယ်ကိုပါလက်မှတ်ထိုးပြီး ယူဆောင်သွားတယ်

သူ့ Weibo ပေါ်တွင်သူ့ကုမ္ဗဏီအသစ် လက်အောက်မှာပါဝင်မည့်တွဲဖက် အသစ်များကိုပါတွဲတင်ထားသည်။ အကုန်လုံးကဖေးချောင်း တစ်လောလေးကမှအတူပူပေါင်း ရိုက်ကူးရေးလုပ်ခဲ့တဲ့ရင်းနှီးသော မျက်နှာများသာဖြစ်သည်။

 2.5 tier,3.8 tier နဲ့ 4.9 tier ပြီးတော့....... @DeerFeiFei.

တစ်ခြားလူတွေရဲ့ Weibo အကောင့်တွေကိုဖွင့်ကြည့်လိုက်ရင် အားလုံးကအလုပ် promotion
 တွေနဲ့ selfies များချည်းသာ

@DeerFeiFei ရဲ့  Weibo တစ်ခုတည်းကသာအကုန်လုံးက 
manhua, manhua, manhua, ချွင်ယွဲ့ယောင်ကို promote လုပ်တယ်ပြီးရင် manhua, manhua, manhua....ဒါ့အပြင် @DeerFeiFei ရဲ့တရားဝင်အချက်အလက်တွေကအနုပညာရှင်တစ်ယောက်မဟုတ်ပဲ "Chinese Manhua Grand Prix Champion, Short Story Category"
 ဖြစ်နေလေသည်။

Lu Feifei ရဲ့ ID ကစိတ်ဝင်စားနေတဲ့ netizens
 တွေဆီကနေရွေးချယ်ခြင်း ခံလိုက်ရတာကြောင့်ဖေးချောင်းက
 သေချင်ယောင်ဆောင်ခြင်း၊ အကောင့်အသစ်မှတ်ပုံတင်ခြင်းနှင့် အကောင့်ဟောင်းကိုလုံးဝ log in မဝင်ခြင်းဟူသောစည်းမျဉ်း စည်းကမ်းကိုကျင့်သုံးနေသည်။

သို့သော်လည်းဒီတစ်ခေါက် ကြေညာချက်ပြီးသည့်နောက်မှာ သူ့အကောင့်ကသူ့ရဲ့ 2D identity ကိုသတ်မှတ်၍တရားဝင်အကောင့် အဖြစ်ခတ်နှိပ်ခံလိုက်ရသည်။Netizens များကတော့သူ့အကောင့်အောက်မှာ ha ha တွေနဲ့သွားရောက်လွှမ်းခြုံပစ်လိုက်၏။

ချွင်ယွဲ့ယောင်ကထိုကြေညာချက်ကို သဘာဝကျကျပင်ပြန်တင်လိုက်ပြီး 'အနာဂတ်မှာလည်းကြိုးကြိုးစားစားအလုပ်လုပ်ပြီး fan တွေကိုစိတ်မပျက်စေရပါဘူး' ဆိုတဲ့စကားအနည်းငယ်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင်သူကသူ့ရဲ့ fan boy အသေးလေးအားသီးသန့်စာတိုပို့ပေးလိုက်သည်။

ချွင်ယွဲ့ယောင် : [အခုထိသက်တော်စောင့် ဖြစ်ချင်နေတုန်းပဲလား?]

ဖေးချောင်း : [...]

ချွင်ယွဲ့ယောင် : [ထပ်ပြီးငိုနေတာတော့ မဟုတ်ပါဘူးနော်,ဟုတ်လား?]

ဖေးချောင်း : [ဟုတ်တယ် QAQ] 

မျက်နှာပြင်မှတစ်ဆင့်မကျေနပ်ချက်များကိုသိသိသာသာမြင်နေရသည်။

ချွင်ယွဲ့ယောင်မှာတော့တကယ့်ကိုန ားမလည်နိုင်ပေ။ဖေးချောင်းက သိသိသာသာကိုအရပ်ရှည်ပြီး သန်မာပါရက်နဲ့ဘာဖြစ်လို့များ သူ့အတွင်းထဲမှလင်မေ့မေ့လေး ရှိနေလဲမသိဘူး?

(E/T/N - လင်မေ့မေ့(လင်ညီမလေး) ဆိုတာ A Dream of Red Mansions ထဲကရုပ်ပိုင်းဆိုင်ရာနူးညံ့သိမ်မွေ့ပြီးဖျားနာနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Lin Daiyu(လင်သိုက်ယွီ) ပါ)

ချွင်ယွဲ့ယောင် : [အမျိုးသမီးတွေကရေနဲ့လုပ်ထားတယ်လို့ ပြောကြတယ်,မင်းကဘာနဲ့လုပ်ထားတာလဲ?]

ဖေးချောင်း : [ကျွန်တော်က,ကျွန်တော်က,ကျွန်တော်က, ရေတာဝါနဲ့လုပ်ထားတာ QAQ]

ချွင်ယွဲ့ယောင် : [...]

ချွင်ယွဲ့ယောင်မှာမကျေမချမ်းနဲ့ပြုံးမိသည်။သူ့မိတ်ကပ်ကိုပြင်ပေးနေတဲ့  makeup artist ကတော့သူ့အပြုံးကြောင့် သူတို့နှလုံးသားတွေတုန်လှုပ်သွားပြီး သူတို့လက်ထဲက foundation brush များပင်တုန်ယင်လာသည်မှာကြက်မွေး တွေဖြစ်သွားသည်အထိပင်။

ဘယ်လိုများအပြုံးကအရမ်းကို ညှို့ငင်ဆွဲဆောင်နိုင်တဲ့ male star တစ်ယောက်ရှိနိုင်ရတာလဲ?

makeup artist ကမေးလာသည်။

"အကိုယောင်,ဘာကိုမြင်လိုက်လို့ ဒီလောက်ပျော်သွားရတာလဲ?"

ချွင်ယွဲ့ယောင်ကမျက်လုံးများကို မှိတ်လိုက်ပြီးပေါ့ပေါ့ပါးပါးပြန်ဖြေသည်။

"ရေတာဝါ"

ဖျံ?ချွင်ယွဲ့ယောင်က တိရိစ္ဆာန်ရုံဖွင့်ချင်လို့လား?

(T/N - ရေတာဝါက တာဝါ(塔)ဆိုတဲ့အသံထွက်နဲ့ ဖျံ(獭)ဆိုတဲ့အသံထွက်ကအတူတူပါပဲ)

...

ဖေးချောင်းရဲ့ပျက်ခါနီးစာချုပ်လေးကသူ့ စီနီယာအကိုဆီလွှဲပြောင်းသွားသည်။ သူသည်မူလကတော့စာချုပ်ထဲမှာ နှစ်ဝက်လောက်သာကျန်တော့တာပင်။ နောက်တစ်နေ့မှာတော့သူကသူ့ ID ကဒ်ကိုဆန္ဒအလျောက်ယူပြီးစာချုပ် အသစ်ချုပ်ရန်ရုံးခန်းဆီသို့ပြေးတော့သည်။

သူ့အတွက်သတ်မှတ်ပေးထားတဲ့ အေးဂျင့်အသစ်ကဒီအသိုင်းအဝိုင်းထဲမှာ နှစ်ပေါင်းများစွာပွတ်တိုက်လိုက်၊ တွားသွားလိုက်၊လှိမ့်လိုက်၊အရိုက်ခံလိုက်နဲ့ ရှင်သန်နေတဲ့ကျင်းကျီရန်ဖြစ်သည်။ ချွင်ယွဲ့ယောင်ကသူ့ဆီကထွက်လာခြင်းပင်။

ဖေးချောင်းကသူ့ကိုနာနာခံခံနဲ့ နှုတ်ဆက်သည်။

"မင်္ဂလာပါကျင်းကော"

ကျင်းကျီရန်ကပြောသည်။

"ထိုင်တော့,မင်းကိုကြည့်ရတာ ငါ့လည်ပင်းနာတယ်"

ဖေးချောင်းထိုင်ချပြီးနောက်ကျင်းကျီရန်ကသူ့ကိုသုံးပတ်မျှပတ်ကြည့်လိုက်အပေါ်အောက်ကိုတိုင်းလိုက်လုပ်နေသည်။

အမြင့်နဲ့အလေးချိန်၊တက္ကသိုလ်၊အလေ့အကျင့်နဲ့စိတ်ဝင်စားမှုအားလုံးကအချက်အလက်တွေထဲမှာပါပြီးသားပင်။ကျင်းကျီရန်ကအချက်အလက်ထဲမှာမပါတဲ့မေးခွန်းတစ်ချို့ကိုရွေးချယ်လိုက်သည်။သူကသူ့အနာဂတ်ဦးတည်ရာကိုဂရုတစိုက်စီစဉ်ပေးချင်သောကြောင့်ပင်။

"ရိုက်ကူးရေးလုပ်ရတာကိုကြိုက်လား?"

"ကျွန်တော်အရင်ကတစ်ခါမှ ရိုက်ကူးရေးမလုပ်ဘူးလို့မသိဘူး"

"ကြေညာရိုက်ရတာရောကြိုက်လား"

"ဘာကိုမှမရိုက်ဘူးလို့မသိပါဘူး

"အားကစားရောကြိုက်လား?"

"ကျွန်တော်ကအရပ်အရမ်းရှည်တာကြောင့်အဲ့ဒီလိုမကြည့်ပါနဲ့?ကျွန်တော့ဘဝမှာဘက်စကတ်ဘောကိုတစ်ခါမှတောင်မထိဘူးဘူး"

"သီချင်းဆိုတာနဲ့ကတာကိုရောကြိုက်လား?"

"trainee ဘဝမှာတုန်းကတော့လေ့ကျင့်ဘူးတယ် ...ကြိုက်တယ်လို့တော့ပြောလို့မရဘူး ဒါပေမဲ့ကျွန်တော်ခွဲပြီးတော့တော့ လုပ်လို့ရတယ်!"

ကျင်းကျီရန်ကအားလုံးကို notebook အသေးထဲမှာချရေးနေသည်။ သူရေးလို့ပြီးသည့်အချိန်မှာ notebook
 လေးအားသူ့အိတ်ကပ်ထဲထည့်လိုက်ပြီး ျဖးချောင်းရှေ့ကိုလျှောက်သွားကာ မတ်တပ်ရပ်လိုက်သည်။သူကသူ့ကို ဂရုတစိုက်ဖြင့်အချိန်အတော် ကြာသည်အထိစိုက်ကြည့်နေပြီးမှ ရုတ်တရက်မေးလိုက်၏။

"ယောကျာ်းလေးကိုကြိုက်လား?"

"..."

"ကြည့်,ငါ notebook ကိုသိမ်းလိုက်ပြီးသွားပြီ,ဒါကိုမမှတ်ဘူး"

"..."

"ငါကမင်းရဲ့အေးဂျင့်,ဒီကမ္ဘာမှာ မင်းအယုံကြည်သင့်ဆုံးလူတစ်ယောက် ..မင်းငါ့ကိုဘာမဆိုပြောလို့ရတယ်"

ဖေးချောင်းရဲ့လက်အကြီးကြီးနှစ်ဖက်က သူ့နောက်ကျောတွင်ကျောင်းသားကောင်လေးတစ်ယောက်လိုမျိုးထားထားသည်။သူ့လက်ချောင်းဆယ်ချောင်းလုံးကအနောက်ကထိုင်ခုံကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီးသံတံကိုကွေးအောင်လုပ်တော့မတတ်ပင်။

သူ့ Adam's apple ကလှုပ်ရှားသွားကာသူ့မျက်လုံးက တင်းကြပ်သွားသည်။

"ကျွန်တော်က heterosexual."

ကျင်းကျီရန်ကခေါင်းညိတ်ပြပြီး သူ့ပါးစပ်ကတော့ 'နားလည်ပြီ' ဟုပြောလိုက်ပေမယ့်သူ့နှလုံးသား ထဲမှာတော့တွေးလိုက်သည်။

"ကောင်းပြီ , နောက်ထပ်ဂေးတစ်ယောက်ပေါ့"

...

ကျင်းကျီရန်ကအနုပညာရှင်အားလုံးရဲ့ အချက်အလက်များကိုစီစစ်ပြီး ချွင်ယွဲ့ယောင်အားပြန်ကြည့်ဖို့ ပို့ပေးလိုက်သည်။

အခုချွင်ယွဲ့ယောင်ကကိုယ်ပိုင်စတူဒီယိုတစ်ခုရှိနေပြီဖြစ်တာကြောင့်သူ့အလုပ်တွေကတစ်ယောက်တည်းလုပ်တုန်းကနဲ့လုံးဝခြားနားနေပြီဖြစ်သည်။သူ့အနေနဲ့သူ့ကိုယ်သူသာဂရုစိုက်ရမှာမဟုတ်တော့ပေ။

သူကဆုံးဖြတ်ချက်ချသူတစ်ယောက်ဖြစ်လာပြီဖြစ်ပြီးသူ့အနုပညာရှင်များရဲ့ဖွံ့ုဖြိုးတိုးတက်မှုလမ်းကြောင်းကိုရွေးချယ်ရတော့ပေမည်။

ချွင်ယွဲ့ယောင်ကအရင်ဆုံးအားလုံးရဲ့အချက်အလက်များအားဖတ်ပြီးနောက်စကားအနည်းငယ်ပြောလိုက်သည်။ထို့နောက်မှာတော့သူ, နောက်ဆုံးမှဖေးချောင်းကိုကြည့်သည်။ ဟိုးတုန်းကတည်းက debute လုပ်ခဲ့တဲ့သူ့စီနီယာများနဲ့နှိင်းယှဉ်ရရင် ဖေးချောင်းရဲ့အချက်အလက်များက အလွန်တိုတောင်းသည်။

တိုလွန်းလို့စာရွက်ပိုင်းလေးတစ်ခုထဲမှာ အကုန်ရေးနိုင်သည်အထိတိုတောင်းသည်။ သူပါဝင်ခဲ့တဲ့ variety show အားလုံးပေါင်းရင်တောင် A4 နှစ်ရွက်မပြည့်ပေ။

ဒါပေမဲ့ချွင်ယွဲ့ယောင်ကတော့ အချိန်အတော်ကြာသည်အထိ ဖတ်နေသည်။နောက်ဆုံးမျဉ်းကြောင်းကို ဖတ်ပြီးနောက်မှာချွင်ယွဲ့ယောင်က folder ကိုပိတ်လိုက်ပြီးဗြောင်ပဲမေးလိုက်သည်။

"မင်းသူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကိုပါမေးလိုက်တာလား?"

ကျင်းကျီရန် ; "သူကမင်းရဲ့ fan boy လေ"

"ဆိုတော့?"

"မင်းရဲ့ fan တွေကြားထဲမှာ straight ရှိလို့လား?"

"..."

အမှန်ပဲ

ပြီးနောက်မှာတော့နှစ်ယောက်သားဖေးချောင်းရဲ့ဖွံ့ဖြိုးတိုးတက်နိုင်သောလမ်းကြောင်းကိုဆွေးနွေးကြတော့သည်။

ဖေးချောင်းကတကယ့်ကိုမျိုးစေ့ကောင်းလေးဖြစ်သည်။သူ့ရဲ့ယောကျာ်းပီသတဲ့အသွင်အပြင်ဒါမှမဟုတ်သူ့အသွင်အပြင်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့အလွန်အသိတရားရှိလှတဲ့အတွင်းစိတ်အားလုံးကအကုန်လုံးအောင်မြင်ကျော်ကြားနိုင်သည်။

သူသာကောင်းကောင်းလုပ်ဆောင်ပြီးကောင်းမွန်တဲ့ပုံသဏ္ဍာန်ရှိနေသ၍ဖေးချောင်းကသေချာပေါက် "red" ဖြစ်နိုင်သည်။

"Red" ဆိုတာလုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်သည်လေ။

သူ "hot" ဖြစ်လာနိုင်ပါ့မလားမဖြစ်နိုင်ဘူးလားဆိုတာကတော့ကံတရားကိုသာမှီတည်နေတာပင်။

ကျင်းကျီရန်ကပြောလာသည်။

"သူကအခုချိန်ထိ variety show နည်းနည်းလေးပဲအသံသွင်းဘူးတာ... ငါကတော့သူ့ကို variety shows star တစ်ယောက်အဖြစ်မထားချင်ဘူး...ငါသူ့ရဲ့တစ်ခြားအားသာချက်တစ်ချို့ကိုလည်းဖော်ထုတ်ချင်တယ်"

"ဘယ်လိုမျိုးလဲ?"

"ကြော်ညာ၊TV series တွေရဲ့ဧည့်သည်သရုပ်ဆောင်၊ ဂိမ်းလုပ်ဆောင်ချက်တွေ၊အဲ့ဒီ အရင်းအမြစ်တွေအားလုံးကသူနဲ့ အတော်လေးသင့်တော်တယ်"

ချွင်ယွဲ့ယောင်ကခဏမျှစဉ်းစားလိုက်သည်။ထို့နောက်တစ်ဖက်ကထိုင်ခုံပေါ်ကထူထဲလှတဲ့ဖိုင်တွေထဲကနေအလုပ်အော်ဒါများကိုဆွဲထုတ်လိုက်ကာကျင်းကျီရန်ဆီသို့ကမ်းပေးလိုက်သည်။

"ဟိုတစ်နေ့တုန်းကငါဝိုင်ဧည့်ခံပွဲတစ်ခုမှာအသိမိတ်ဆွေဟောင်းတစ်ချို့နဲ့တွေ့ခဲ့တယ်...သူတို့ကတရုတ်ပြည်မကြီးဒေသဘက်က XX အဝတ်အစားဒါရိုက်တာတစ်ယောက်ပဲ...အခုအုပ်စုတူအခြားကုန်အမှတ်တံဆိပ်တစ်ခုကိုပြောင်းရွှေ့ခံရပြီးအာရှဒေသရဲ့အကြီးအကဲရာထူးကိုတိုးမြှင့်ခံလိုက်ရတယ်...သူတို့ကဒီရာသီရဲ့ကြော်ညာရိုက်ကူးရေးအတွက်ငါ့ကိုဖိတ်ခေါ်ချင်နေတာငါကမျက်နှာသစ်တစ်ယောက်ကိုပါခေါ်လာမယ်လို့ပြောထားတယ်"

ကုမ္ဗဏီတစ်ခုတည်းကစီနီယာကဂျူနီယာကိုဂရုစိုက်ပေးပြီးအဆက်အသွယ်တွေအရင်းအမြစ်တွေပေးခြင်းသည်အလွန်အသုံးများသောအပေးအယူသဘောတူညီမှုနည်းလမ်းဖြစ်သည်။

ချွင်ယွဲ့ယောင်ကအခုချိန်မှာခွဲထွက်သွားပြီဖြစ်ကြောင်းသိပြီးသည့်နောက်အာရှဒေသကိုတာဝန်ယူတဲ့ဒါရိုက်တာကချက်ချင်းပင်သံလွင်ကိုင်းတစ်ခုပစ်ပေးလိုက်ပြီးချွင်ယွဲ့ယောင်အားဂျူနီယာတစ်ယောက်ပါခေါ်လာရန်အစပြုပြီးဖိတ်ကြားလာသည်။

(T/N - သံလွင်ကိုင်းပစ်ပေးတယ်ဆိုတာကငြိမ်းချမ်းရေးအတွက်ဆောင်ရွက်တာပါတဲ့အလံဖြူပြတယ်ဆိုတာနဲ့အဓိပ္ပါယ်အတူတူပါပဲ)

ထိုကြေညာဖိတ်ကြားချက်ကချွင်ယွဲ့ယောင်ဆီတိုက်ရိုက်လာတာဖြစ်သောကြောင့်ကျင်းကျီရန်ကမသိလိုက်ခြင်းပင်။သူကအလုပ်အော်ဒါကိုငုံ့ကြည့်လိုက်ပြီးအဝတ်အစား brand ကိုမြင်တဲ့အခါမှာတော့ဆွံ့အသွားရသည်။

ဒါကတကယ့်ကိုကမ္ဘာနာမည်ကြီး brand တစ်ခုဖြစ်တဲ့ BK men's underwear ပင်။

ချွင်ယွဲ့ယောင်,ဘာဖြစ်လို့များ မင်းနာမည်ကို Sima Zhao(စီမာကျောက်) လို့မပြောင်းလိုက်တာလဲ?

(E/T/N - စီမာကျောက်ဆိုတာသူ့ရဲ့ဖုန်းကွယ်ထားတဲ့ရည်ရွယ်တွေကအရမ်းကိုသိသာနေလို့ဖုန်းကွယ်လို့မရဘူးလို့ဆိုလိုတာပါ underwear ကြော်ညာမို့လို့လားတော့မသိဘူး)

===================
Zawgyi

Chapter(16)

ေဖးေခ်ာင္းကအိမ္ကိုစိတ္ရႈပ္ေထြးေၾကာင္အစြာျဖင့္ျပန္သြားမိၿပီးတစ္ညလံုးလွဲကာစဥ္းစားေနေသာ္လည္းသူ႔စီနီယာအကိုကဘာကိုဆိုလိုတာလဲဆိုတာကိုနားမလည္ႏိုင္ေပ။

သူကဘယ္သူ႔လူလဲ?သူကတ႐ုတ္လူမ်ိဳးေလ...ဒါေပမဲ့သူ႔စီနီယာအကိုကသူ႔ႏိုင္ငံသားကိုေမးတာမဟုတ္ဘူးလို႔ခံစားေနရတယ္

ထိုေမးခြန္းကသူ႔ေခါင္းထဲမွာရက္အနည္းငယ္ေလာက္လွည့္ပတ္ေနသည္မွာတစ္ပတ္ၾကာၿပီးေနာက္ @YangfanStudio ဆိုတဲ့ Weibo account ကေန
 "Upstart Entertainment Company လက္ေအာက္မွအႏုပညာရွင္ခၽြင္ယြဲ႔ေယာင္ရဲ႔ Studio" ေမြးဖြားလာျခင္း ဆိုတဲ့တရားဝင္လုပ္ေဆာင္ခ်က္သတင္းမ်ားထြက္ေပၚလာၿပီးဆြဲေဆာင္အားေကာင္းလွေသာစာလံုးေရတစ္ေထာင္ေလာက္နဲ႔မိတ္ဆက္စာတစ္ေစာင္ထြက္ေပၚလာသည္အထိပင္။

႐ိုး႐ိုးရွင္းရွင္းေျပာရရင္ေတာ့ထိုေၾကညာခ်က္ကိုအက်ဥ္းခ်ဳပ္လိုက္ရင္အခ်က္ႏွစ္ခ်က္ထြက္လာသည္။

ပထမတစ္ခ်က္,ခၽြင္ယြဲ႔ေယာင္က သူ႔ကိုယ္ပိုင္နာမည္နဲ႔စတူဒီယိုတစ္ခုကို တည္ေထာင္လိုက္တယ္

ဒုတိယတစ္ခ်က္,ခၽြင္ယြဲ႔ေယာင္က သူ႔အရင္ကုမၺဏီကေန trainees အနည္းငယ္ကိုပါလက္မွတ္ထိုးၿပီး ယူေဆာင္သြားတယ္

သူ႔ Weibo ေပၚတြင္သူ႔ကုမၺဏီအသစ္ လက္ေအာက္မွာပါဝင္မည့္တြဲဖက္ အသစ္မ်ားကိုပါတြဲတင္ထားသည္။ အကုန္လံုးကေဖးေခ်ာင္း တစ္ေလာေလးကမွအတူပူေပါင္း ႐ိုက္ကူးေရးလုပ္ခဲ့တဲ့ရင္းႏွီးေသာ မ်က္ႏွာမ်ားသာျဖစ္သည္။

 2.5 tier,3.8 tier နဲ႔ 4.9 tier ၿပီးေတာ့....... @DeerFeiFei.

တစ္ျခားလူေတြရဲ႔ Weibo အေကာင့္ေတြကိုဖြင့္ၾကည့္လိုက္ရင္ အားလံုးကအလုပ္ promotion
 ေတြနဲ႔ selfies မ်ားခ်ည္းသာ

@DeerFeiFei ရဲ႔  Weibo တစ္ခုတည္းကသာအကုန္လံုးက 
manhua, manhua, manhua, ခၽြင္ယြဲ႔ေယာင္ကို promote လုပ္တယ္ၿပီးရင္ manhua, manhua, manhua....ဒါ့အျပင္ @DeerFeiFei ရဲ႔တရားဝင္အခ်က္အလက္ေတြကအႏုပညာရွင္တစ္ေယာက္မဟုတ္ပဲ "Chinese Manhua Grand Prix Champion, Short Story Category"
 ျဖစ္ေနေလသည္။

Lu Feifei ရဲ႔ ID ကစိတ္ဝင္စားေနတဲ့ netizens
 ေတြဆီကေနေရြးခ်ယ္ျခင္း ခံလိုက္ရတာေၾကာင့္ေဖးေခ်ာင္းက
 ေသခ်င္ေယာင္ေဆာင္ျခင္း၊ အေကာင့္အသစ္မွတ္ပံုတင္ျခင္းႏွင့္ အေကာင့္ေဟာင္းကိုလံုးဝ log in မဝင္ျခင္းဟူေသာစည္းမ်ဥ္း စည္းကမ္းကိုက်င့္သံုးေနသည္။

သို႔ေသာ္လည္းဒီတစ္ေခါက္ ေၾကညာခ်က္ၿပီးသည့္ေနာက္မွာ သူ႔အေကာင့္ကသူ႔ရဲ႔ 2D identity ကိုသတ္မွတ္၍တရားဝင္အေကာင့္ အျဖစ္ခတ္ႏွိပ္ခံလိုက္ရသည္။Netizens မ်ားကေတာ့သူ႔အေကာင့္ေအာက္မွာ ha ha ေတြနဲ႔သြားေရာက္လႊမ္းျခံဳပစ္လိုက္၏။

ခၽြင္ယြဲ႔ေယာင္ကထိုေၾကညာခ်က္ကို သဘာဝက်က်ပင္ျပန္တင္လိုက္ၿပီး 'အနာဂတ္မွာလည္းႀကိဳးႀကိဳးစားစားအလုပ္လုပ္ၿပီး fan ေတြကိုစိတ္မပ်က္ေစရပါဘူး' ဆိုတဲ့စကားအနည္းငယ္ေျပာလိုက္သည္။

တစ္ခ်ိန္တည္းမွာပင္သူကသူ႔ရဲ႔ fan boy အေသးေလးအားသီးသန္႔စာတိုပို႔ေပးလိုက္သည္။

ခၽြင္ယြဲ႔ေယာင္ : [အခုထိသက္ေတာ္ေစာင့္ ျဖစ္ခ်င္ေနတုန္းပဲလား?]

ေဖးေခ်ာင္း : [...]

ခၽြင္ယြဲ႔ေယာင္ : [ထပ္ၿပီးငိုေနတာေတာ့ မဟုတ္ပါဘူးေနာ္,ဟုတ္လား?]

ေဖးေခ်ာင္း : [ဟုတ္တယ္ QAQ] 

မ်က္ႏွာျပင္မွတစ္ဆင့္မေက်နပ္ခ်က္မ်ားကိုသိသိသာသာျမင္ေနရသည္။

ခၽြင္ယြဲ႔ေယာင္မွာေတာ့တကယ့္ကိုန ားမလည္ႏိုင္ေပ။ေဖးေခ်ာင္းက သိသိသာသာကိုအရပ္ရွည္ၿပီး သန္မာပါရက္နဲ႔ဘာျဖစ္လို႔မ်ား သူ႔အတြင္းထဲမွလင္ေမ့ေမ့ေလး ရွိေနလဲမသိဘူး?

(E/T/N - လင္ေမ့ေမ့(လင္ညီမေလး) ဆိုတာ A Dream of Red Mansions ထဲက႐ုပ္ပိုင္းဆိုင္ရာႏူးညံ့သိမ္ေမြ႕ၿပီးဖ်ားနာေနတဲ့မိန္းကေလးတစ္ေယာက္ျဖစ္တဲ့ Lin Daiyu(လင္သိုက္ယြီ) ပါ)

ခၽြင္ယြဲ႔ေယာင္ : [အမ်ိဳးသမီးေတြကေရနဲ႔လုပ္ထားတယ္လို႔ ေျပာၾကတယ္,မင္းကဘာနဲ႔လုပ္ထားတာလဲ?]

ေဖးေခ်ာင္း : [ကၽြန္ေတာ္က,ကၽြန္ေတာ္က,ကၽြန္ေတာ္က, ေရတာဝါနဲ႔လုပ္ထားတာ QAQ]

ခၽြင္ယြဲ႔ေယာင္ : [...]

ခၽြင္ယြဲ႔ေယာင္မွာမေက်မခ်မ္းနဲ႔ျပံဳးမိသည္။သူ႔မိတ္ကပ္ကိုျပင္ေပးေနတဲ့  makeup artist ကေတာ့သူ႔အျပံဳးေၾကာင့္ သူတို႔ႏွလံုးသားေတြတုန္လႈပ္သြားၿပီး သူတို႔လက္ထဲက foundation brush မ်ားပင္တုန္ယင္လာသည္မွာၾကက္ေမြး ေတြျဖစ္သြားသည္အထိပင္။

ဘယ္လိုမ်ားအျပံဳးကအရမ္းကို ၫွိဳ႔ငင္ဆြဲေဆာင္ႏိုင္တဲ့ male star တစ္ေယာက္ရွိႏိုင္ရတာလဲ?

makeup artist ကေမးလာသည္။

"အကိုေယာင္,ဘာကိုျမင္လိုက္လို႔ ဒီေလာက္ေပ်ာ္သြားရတာလဲ?"

ခၽြင္ယြဲ႔ေယာင္ကမ်က္လံုးမ်ားကို မွိတ္လိုက္ၿပီးေပါ့ေပါ့ပါးပါးျပန္ေျဖသည္။

"ေရတာဝါ"

ဖ်ံ?ခၽြင္ယြဲ႔ေယာင္က တိရိစာၦန္ရံုဖြင့္ခ်င္လို႔လား?

(T/N - ေရတာဝါက တာဝါ(塔)ဆိုတဲ့အသံထြက္နဲ႔ ဖ်ံ(獭)ဆိုတဲ့အသံထြက္ကအတူတူပါပဲ)

...

ေဖးေခ်ာင္းရဲ႔ပ်က္ခါနီးစာခ်ဳပ္ေလးကသူ႔ စီနီယာအကိုဆီလႊဲေျပာင္းသြားသည္။ သူသည္မူလကေတာ့စာခ်ဳပ္ထဲမွာ ႏွစ္ဝက္ေလာက္သာက်န္ေတာ့တာပင္။ ေနာက္တစ္ေန႔မွာေတာ့သူကသူ႔ ID ကဒ္ကိုဆႏၵအေလ်ာက္ယူၿပီးစာခ်ဳပ္ အသစ္ခ်ဳပ္ရန္ရံုးခန္းဆီသို႔ေျပးေတာ့သည္။

သူ႔အတြက္သတ္မွတ္ေပးထားတဲ့ ေအးဂ်င့္အသစ္ကဒီအသိုင္းအဝိုင္းထဲမွာ ႏွစ္ေပါင္းမ်ားစြာပြတ္တိုက္လိုက္၊ တြားသြားလိုက္၊လွိမ့္လိုက္၊အ႐ိုက္ခံလိုက္နဲ႔ ရွင္သန္ေနတဲ့က်င္းက်ီရန္ျဖစ္သည္။ ခၽြင္ယြဲ႔ေယာင္ကသူ႔ဆီကထြက္လာျခင္းပင္။

ေဖးေခ်ာင္းကသူ႔ကိုနာနာခံခံနဲ႔ ႏႈတ္ဆက္သည္။

"မဂၤလာပါက်င္းေကာ"

က်င္းက်ီရန္ကေျပာသည္။

"ထိုင္ေတာ့,မင္းကိုၾကည့္ရတာ ငါ့လည္ပင္းနာတယ္"

ေဖးေခ်ာင္းထိုင္ခ်ၿပီးေနာက္က်င္းက်ီရန္ကသူ႔ကိုသံုးပတ္မွ်ပတ္ၾကည့္လိုက္အေပၚေအာက္ကိုတိုင္းလိုက္လုပ္ေနသည္။

အျမင့္နဲ႔အေလးခ်ိန္၊တကၠသိုလ္၊အေလ့အက်င့္နဲ႔စိတ္ဝင္စားမႈအားလံုးကအခ်က္အလက္ေတြထဲမွာပါၿပီးသားပင္။က်င္းက်ီရန္ကအခ်က္အလက္ထဲမွာမပါတဲ့ေမးခြန္းတစ္ခ်ိဳ႔ကိုေရြးခ်ယ္လိုက္သည္။သူကသူ႔အနာဂတ္ဦးတည္ရာကိုဂ႐ုတစိုက္စီစဥ္ေပးခ်င္ေသာေၾကာင့္ပင္။

"႐ိုက္ကူးေရးလုပ္ရတာကိုႀကိဳက္လား?"

"ကၽြန္ေတာ္အရင္ကတစ္ခါမွ ႐ိုက္ကူးေရးမလုပ္ဘူးလို႔မသိဘူး"

"ေၾကညာ႐ိုက္ရတာေရာႀကိဳက္လား"

"ဘာကိုမွမ႐ိုက္ဘူးလို႔မသိပါဘူး

"အားကစားေရာႀကိဳက္လား?"

"ကၽြန္ေတာ္ကအရပ္အရမ္းရွည္တာေၾကာင့္အဲ့ဒီလိုမၾကည့္ပါနဲ႔?ကၽြန္ေတာ့ဘဝမွာဘက္စကတ္ေဘာကိုတစ္ခါမွေတာင္မထိဘူးဘူး"

"သီခ်င္းဆိုတာနဲ႔ကတာကိုေရာႀကိဳက္လား?"

"trainee ဘဝမွာတုန္းကေတာ့ေလ့က်င့္ဘူးတယ္ ...ႀကိဳက္တယ္လို႔ေတာ့ေျပာလို႔မရဘူး ဒါေပမဲ့ကၽြန္ေတာ္ခြဲၿပီးေတာ့ေတာ့ လုပ္လို႔ရတယ္!"

က်င္းက်ီရန္ကအားလံုးကို notebook အေသးထဲမွာခ်ေရးေနသည္။ သူေရးလို႔ၿပီးသည့္အခ်ိန္မွာ notebook
 ေလးအားသူ႔အိတ္ကပ္ထဲထည့္လိုက္ၿပီး ်ဖးေခ်ာင္းေရွ႕ကိုေလွ်ာက္သြားကာ မတ္တပ္ရပ္လိုက္သည္။သူကသူ႔ကို ဂ႐ုတစိုက္ျဖင့္အခ်ိန္အေတာ္ ၾကာသည္အထိစိုက္ၾကည့္ေနၿပီးမွ ႐ုတ္တရက္ေမးလိုက္၏။

"ေယာက်ာ္းေလးကိုႀကိဳက္လား?"

"..."

"ၾကည့္,ငါ notebook ကိုသိမ္းလိုက္ၿပီးသြားၿပီ,ဒါကိုမမွတ္ဘူး"

"..."

"ငါကမင္းရဲ႔ေအးဂ်င့္,ဒီကမာၻမွာ မင္းအယံုၾကည္သင့္ဆံုးလူတစ္ေယာက္ ..မင္းငါ့ကိုဘာမဆိုေျပာလို႔ရတယ္"

ေဖးေခ်ာင္းရဲ႔လက္အႀကီးႀကီးႏွစ္ဖက္က သူ႔ေနာက္ေက်ာတြင္ေက်ာင္းသားေကာင္ေလးတစ္ေယာက္လိုမ်ိဳးထားထားသည္။သူ႔လက္ေခ်ာင္းဆယ္ေခ်ာင္းလံုးကအေနာက္ကထိုင္ခံုကိုတင္းၾကပ္စြာဆုပ္ကိုင္ထားၿပီးသံတံကိုေကြးေအာင္လုပ္ေတာ့မတတ္ပင္။

သူ႔ Adam's apple ကလႈပ္ရွားသြားကာသူ႔မ်က္လံုးက တင္းၾကပ္သြားသည္။

"ကၽြန္ေတာ္က heterosexual."

က်င္းက်ီရန္ကေခါင္းညိတ္ျပၿပီး သူ႔ပါးစပ္ကေတာ့ 'နားလည္ၿပီ' ဟုေျပာလိုက္ေပမယ့္သူ႔ႏွလံုးသား ထဲမွာေတာ့ေတြးလိုက္သည္။

"ေကာင္းၿပီ , ေနာက္ထပ္ေဂးတစ္ေယာက္ေပါ့"

...

က်င္းက်ီရန္ကအႏုပညာရွင္အားလံုးရဲ႔ အခ်က္အလက္မ်ားကိုစီစစ္ၿပီး ခၽြင္ယြဲ႔ေယာင္အားျပန္ၾကည့္ဖို႔ ပို႔ေပးလိုက္သည္။

အခုခၽြင္ယြဲ႔ေယာင္ကကိုယ္ပိုင္စတူဒီယိုတစ္ခုရွိေနၿပီျဖစ္တာေၾကာင့္သူ႔အလုပ္ေတြကတစ္ေယာက္တည္းလုပ္တုန္းကနဲ႔လံုးဝျခားနားေနၿပီျဖစ္သည္။သူ႔အေနနဲ႔သူ႔ကိုယ္သူသာဂ႐ုစိုက္ရမွာမဟုတ္ေတာ့ေပ။

သူကဆံုးျဖတ္ခ်က္ခ်သူတစ္ေယာက္ျဖစ္လာၿပီျဖစ္ၿပီးသူ႔အႏုပညာရွင္မ်ားရဲ႔ဖြံ႕ုျဖိဳးတိုးတက္မႈလမ္းေၾကာင္းကိုေရြးခ်ယ္ရေတာ့ေပမည္။

ခၽြင္ယြဲ႔ေယာင္ကအရင္ဆံုးအားလံုးရဲ႔အခ်က္အလက္မ်ားအားဖတ္ၿပီးေနာက္စကားအနည္းငယ္ေျပာလိုက္သည္။ထို႔ေနာက္မွာေတာ့သူ, ေနာက္ဆံုးမွေဖးေခ်ာင္းကိုၾကည့္သည္။ ဟိုးတုန္းကတည္းက debute လုပ္ခဲ့တဲ့သူ႔စီနီယာမ်ားနဲ႔ႏွိင္းယွဥ္ရရင္ ေဖးေခ်ာင္းရဲ႔အခ်က္အလက္မ်ားက အလြန္တိုေတာင္းသည္။

တိုလြန္းလို႔စာရြက္ပိုင္းေလးတစ္ခုထဲမွာ အကုန္ေရးႏိုင္သည္အထိတိုေတာင္းသည္။ သူပါဝင္ခဲ့တဲ့ variety show အားလံုးေပါင္းရင္ေတာင္ A4 ႏွစ္ရြက္မျပည့္ေပ။

ဒါေပမဲ့ခၽြင္ယြဲ႔ေယာင္ကေတာ့ အခ်ိန္အေတာ္ၾကာသည္အထိ ဖတ္ေနသည္။ေနာက္ဆံုးမ်ဥ္းေၾကာင္းကို ဖတ္ၿပီးေနာက္မွာခၽြင္ယြဲ႔ေယာင္က folder ကိုပိတ္လိုက္ၿပီးေျဗာင္ပဲေမးလိုက္သည္။

"မင္းသူ႔ရဲ႔လိင္စိတ္တိမ္းၫႊတ္မႈကိုပါေမးလိုက္တာလား?"

က်င္းက်ီရန္ ; "သူကမင္းရဲ႔ fan boy ေလ"

"ဆိုေတာ့?"

"မင္းရဲ႔ fan ေတြၾကားထဲမွာ straight ရွိလို႔လား?"

"..."

အမွန္ပဲ

ၿပီးေနာက္မွာေတာ့ႏွစ္ေယာက္သားေဖးေခ်ာင္းရဲ႔ဖြံ႔ၿဖိဳးတိုးတက္ႏိုင္ေသာလမ္းေၾကာင္းကိုေဆြးေႏြးၾကေတာ့သည္။

ေဖးေခ်ာင္းကတကယ့္ကိုမ်ိဳးေစ့ေကာင္းေလးျဖစ္သည္။သူ႔ရဲ႔ေယာက်ာ္းပီသတဲ့အသြင္အျပင္ဒါမွမဟုတ္သူ႔အသြင္အျပင္နဲ႔လံုးဝဆန္႔က်င္ဘက္ျဖစ္ေနတဲ့အလြန္အသိတရားရွိလွတဲ့အတြင္းစိတ္အားလံုးကအကုန္လံုးေအာင္ျမင္ေက်ာ္ၾကားႏိုင္သည္။

သူသာေကာင္းေကာင္းလုပ္ေဆာင္ၿပီးေကာင္းမြန္တဲ့ပံုသ႑ာန္ရွိေနသ၍ေဖးေခ်ာင္းကေသခ်ာေပါက္ "red" ျဖစ္ႏိုင္သည္။

"Red" ဆိုတာလုပ္ေဆာင္ႏိုင္စြမ္းအေပၚ မူတည္သည္ေလ။

သူ "hot" ျဖစ္လာႏိုင္ပါ့မလားမျဖစ္ႏိုင္ဘူးလားဆိုတာကေတာ့ကံတရားကိုသာမွီတည္ေနတာပင္။

က်င္းက်ီရန္ကေျပာလာသည္။

"သူကအခုခ်ိန္ထိ variety show နည္းနည္းေလးပဲအသံသြင္းဘူးတာ... ငါကေတာ့သူ႔ကို variety shows star တစ္ေယာက္အျဖစ္မထားခ်င္ဘူး...ငါသူ႔ရဲ႔တစ္ျခားအားသာခ်က္တစ္ခ်ိဳ႔ကိုလည္းေဖာ္ထုတ္ခ်င္တယ္"

"ဘယ္လိုမ်ိဳးလဲ?"

"ေၾကာ္ညာ၊TV series ေတြရဲ႔ဧည့္သည္သ႐ုပ္ေဆာင္၊ ဂိမ္းလုပ္ေဆာင္ခ်က္ေတြ၊အဲ့ဒီ အရင္းအျမစ္ေတြအားလံုးကသူနဲ႔ အေတာ္ေလးသင့္ေတာ္တယ္"

ခၽြင္ယြဲ႔ေယာင္ကခဏမွ်စဥ္းစားလိုက္သည္။ထို႔ေနာက္တစ္ဖက္ကထိုင္ခံုေပၚကထူထဲလွတဲ့ဖိုင္ေတြထဲကေနအလုပ္ေအာ္ဒါမ်ားကိုဆြဲထုတ္လိုက္ကာက်င္းက်ီရန္ဆီသို႔ကမ္းေပးလိုက္သည္။

"ဟိုတစ္ေန႔တုန္းကငါဝိုင္ဧည့္ခံပြဲတစ္ခုမွာအသိမိတ္ေဆြေဟာင္းတစ္ခ်ိဳ႔နဲ႔ေတြ႕ခဲ့တယ္...သူတို႔ကတ႐ုတ္ျပည္မႀကီးေဒသဘက္က XX အဝတ္အစားဒါ႐ိုက္တာတစ္ေယာက္ပဲ...အခုအုပ္စုတူအျခားကုန္အမွတ္တံဆိပ္တစ္ခုကိုေျပာင္းေရႊ႕ခံရၿပီးအာရွေဒသရဲ႔အႀကီးအကဲရာထူးကိုတိုးႁမွင့္ခံလိုက္ရတယ္...သူတို႔ကဒီရာသီရဲ႔ေၾကာ္ညာ႐ိုက္ကူးေရးအတြက္ငါ့ကိုဖိတ္ေခၚခ်င္ေနတာငါကမ်က္ႏွာသစ္တစ္ေယာက္ကိုပါေခၚလာမယ္လို႔ေျပာထားတယ္"

ကုမၺဏီတစ္ခုတည္းကစီနီယာကဂ်ဴနီယာကိုဂ႐ုစိုက္ေပးၿပီးအဆက္အသြယ္ေတြအရင္းအျမစ္ေတြေပးျခင္းသည္အလြန္အသုံးမ်ားေသာအေပးအယူသေဘာတူညီမႈနည္းလမ္းျဖစ္သည္။

ခၽြင္ယြဲ႔ေယာင္ကအခုခ်ိန္မွာခြဲထြက္သြားၿပီျဖစ္ေၾကာင္းသိၿပီးသည့္ေနာက္အာရွေဒသကိုတာဝန္ယူတဲ့ဒါ႐ိုက္တာကခ်က္ခ်င္းပင္သံလြင္ကိုင္းတစ္ခုပစ္ေပးလိုက္ၿပီးခၽြင္ယြဲ႔ေယာင္အားဂ်ဴနီယာတစ္ေယာက္ပါေခၚလာရန္အစျပဳၿပီးဖိတ္ၾကားလာသည္။

(T/N - သံလြင္ကိုင္းပစ္ေပးတယ္ဆိုတာကၿငိမ္းခ်မ္းေရးအတြက္ေဆာင္ရြက္တာပါတဲ့အလံျဖဴျပတယ္ဆိုတာနဲ႔အဓိပၸါယ္အတူတူပါပဲ)

ထိုေၾကညာဖိတ္ၾကားခ်က္ကခၽြင္ယြဲ႔ေယာင္ဆီတိုက္႐ိုက္လာတာျဖစ္ေသာေၾကာင့္က်င္းက်ီရန္ကမသိလိုက္ျခင္းပင္။သူကအလုပ္ေအာ္ဒါကိုငံု႔ၾကည့္လိုက္ၿပီးအဝတ္အစား brand ကိုျမင္တဲ့အခါမွာေတာ့ဆြံ႔အသြားရသည္။

ဒါကတကယ့္ကိုကမာၻနာမည္ႀကီး brand တစ္ခုျဖစ္တဲ့ BK men's underwear ပင္။

ခၽြင္ယြဲ႔ေယာင္,ဘာျဖစ္လို႔မ်ား မင္းနာမည္ကို Sima Zhao(စီမာေက်ာက္) လို႔မေျပာင္းလိုက္တာလဲ?

(E/T/N - စီမာေက်ာက္ဆိုတာသူ႔ရဲ႔ဖုန္းကြယ္ထားတဲ့ရည္ရြယ္ေတြကအရမ္းကိုသိသာေနလို႔ဖုန္းကြယ္လို႔မရဘူးလို႔ဆိုလိုတာပါ underwear ေၾကာ္ညာမို႔လို႔လားေတာ့မသိဘူး)

===================

Continue Reading

You'll Also Like

335K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
287K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
453K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."