A mysterious love story (Comp...

By MoCo555

90.4K 3.8K 63

ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... More

1.အတူနေရန် အစပြုခြင်း
2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
38.သူ့ပိုင်နက်ထဲ(2)
39.first kiss 2 times
40.ရှင် ဘာမှမဖြစ်ရဘူးနော်
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
48.ကြယ်ရောင်ပျောက်သောည
49.အိတ်ပုတ်မလေး
50. going to the playground
52.တကယ်ချစ်မိတော့မှာလား
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
58.
59.
60.
61.
62.
63.
64.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း

65.

1.9K 55 6
By MoCo555

ဘုန်းနဲ့သာတို့ရဲ့ အကြင်လင်မယားအဖြစ်မှာ ၁လပြည့်မြောက်သွားပြီး သာတို့ မြန်မာပြည်ပြန်ဖို့ရာဖြစ်လာသည်။

သာတို့ရဲ့ပထမဆုံး မင်္ဂလာဦးညကိုမှတ်မိနေသေးသည်။ ထိုနေ့က ပုံမှန်ပေါ့ပေါ့ပါးပါးနေ့တစ်နေ့ပဲဖြစ်ပြီး အဲ့လိုဖြစ်သွားမယ်လို့ သာမျှော်မလင့်ထားမိခဲ့ပါ။ ဒါတွေအားလုံး alcoholကြောင့်လို့ပြောလို့ရသလား။

သာတို့အနမ်းတွေပြင်းထန်ခဲ့ကြသည်။နီရဲနေသော သူ့မျက်နှာကိုကိုင်ကာ သာသူ့အောက်ကနေ ခေါင်းညိတ်ပြခဲ့သည်။ ထို့​နောက် သာမတွေ့ကြုံဖူးသော အတွေ့နယ်ထဲသို့ သူ့ဦးဆောင်မှုနဲ့ ညင်ညင်သာသာပဲ ရောက်ရှိသွားခဲ့သည်။

တကယ်တမ်းဖြစ်ပြီးတော့လည်း လင်မယားဆိုတယ့်အသိနဲ့ သူ့အပေါ်အရင်ကလောက် မစိမ်းသက်တော့တာ သာဝန်ခံသည်။ မောင့်ကိုချစ်နေတုန်းပဲလို့ထင်ပေမယ့် ဘုန်းကိုလည်းသာ ဘယ်လိုပြောရမှန်းမသိလောက်အောင်ခံစားချက်တချို့ဖြစ်သည်။ ဥပမာ ညဘက်တွေအလုပ်မပြီးသေးတယ့်သူ့ကြောင့် အိပ်မပျော်တာမျိုးတွေ ၊ အေးလှသော ရာသီဥတုမှာ အခန်းအပူချိန်ဖွင့်ထားရင်တောင် သူဖက်အိပ်တယ့်နေ့မျိုးနဲ့ဘာမှမဆိုင်လောက်အောင်နွေးထွေးမှုတွေ။ သူ့ရဲ့ နွေးထွေးမှုတွေနဲ့သာနေသားကျနေပြီ။ သူ့ရဲ့စိတ်တချို့ကိုသာသိနေပြီလို့ထင်မိသည်။ အလုပ်တွေရှုပ်နေတယ့်သူ့ကို ကော်ဖီဖျော်တိုက်လို့ရှိရင် သူကျေနပ်တာတွေ၊ သူ့အတွက် အဝတ်စားထုတ်ပေးရင် သာ့ကို ရေချိုးခန်းက ထွက်လာလည်းနမ်းတတ်သည်။

"သာ စိတ်အေးအေးထားနော် "

မကြာခင်လေယာဥ်ဆိုက်တော့မှာမို့ အဆင်းပိုင်းကြောက်သည့်သာ့လက်ကိုသူကဖျစ်ညစ်ပေးရင်းပြောသည်။

သာပြန်ရောက်ပြီ။ သာမြန်မာပြည်ပြန်ရောက်ပြီ။

__________

"သား နဲ့သမီးနဲ့နေဖို့"
ဆိုပြီး ဘုန်းဖေဖေက တိုက်နဲ့ခြံလက်ဖွဲ့ပေးသည်။ ဘုန်းကတော့ လက်မခံချင်ပါ။ သာတို့အရင်နေခဲ့တယ့်အိမ်မှာပဲနေချင်နေသည်။ သို့ပေမယ့် လင်မယားအခန်းအတွက်ကျတော့ အရင်အိမ်ကအခန်းတွေကကျဥ်းပါသည်။

ဒါ့ကြောင့် အဲ့အိမ်ကိုအမှတ်တရအဖြစ်ပဲ ထားလိုက်ပြီး ဘုန်းဖေဖေစီစဥ်ပေးတယ့် တိုက်မှာသာတို့ပြောင်းနေခဲ့ကြသည်။
အလောတကြီးနဲ့ လက်မှတ်ထိုးပြီးပြီးချင်းဂျပန်သွားလိုက်ရတာကြောင့် မင်္ဂလာပွဲမလုပ်လိုက်ရသော သာတို့၂ယောက်သည် အခုပြန်ရောက်တော့မှ ဘုန်းက မင်္ဂလာပွဲအတွက်အသည်းသန်ပြင်ဆင်နေသည်။

"ကိုယ်က သာ့ကိုခမ်းခမ်းနားနားနဲ့လူသိရှင်ကြား ဒါကိုယ့်ရဲ့ဇနီးပါလို့ ကြွေးကြော်ပြီးလက်ထပ်ချင်တာ "

သူကသာ့အား ၂ယောက်ထဲရှိတယ့်အချိန် ပခုံးပေါ်မေးတင်ပြီး ပြောလာသည်။

"ကိုကလည်းဘာမှမဖြစ်ပါဘူး ဒီတိုင်းလဲ သာကဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး ကိုကသာ သာ့ခင်ပွန်းပါ"

သာ့အပြောမှာ သူက သာ့အား နူးနူးညံ့ညံ့နမ်းရှိုက်ကာ

"ကိုယ့်ကိုရွေးချယ်လို့ ကျေးဇူးပါ"

လို့ပြောလာခဲ့တယ်။ ဒီလိုနဲ့ပျော်ရွှင်သလိုလို ဖြစ်နေတယ့် သာ့ဘဝထဲကို သတင်းဆိုးတခုဝင်လာတယ်။ ဒါကတော့

"သြဇာကောင်းဆုံးသွားပြီ သာ"

မင်္ဂလာဖိတ်စာ သွားပေးရင်း ရင့်ခက်စီကကြားရတယ့်စကား။ သာနားကြားမှားသလား။ မောင်က မောင်ကဒီအချိန်မှာ ဆရာဝန်မလေးနဲ့ပျော်နေသင့်တာလေ။

"ဟုတ်တယ်သာ ကောင်းဆုံးသွားပြီ ပြီးခဲ့တယ့် တစ်ပါတ်ကပဲရက်လည်တယ် ငါနင့်ကိုသူငယ်ချင်းမို့ စိတ်မတိုရက်ပေမယ့် စိတ်တိုတယ် နင်လုပ်ရက်တယ်ဟာ ကောင်း..ကောင်းကိုနင်မချစ်ရင်လည်း ဒီလိုတော့ မလုပ်သင့်ဘူး သူ့ခဗျာ နင့်ကိုနောက်လထဲလက်ထပ်ခွင့်တောင်းမလို့တောင်လုပ်နေရှာတာ "

".."

"ကောင်းက အအေးခံလို့မရဘူး နင်ဒီမှာလည်းမရှိတော့ဘူးဆိုတာသိရော သူသောင်းကျန်းပြီး နင်ဘယ်ထွက်သွားလည်းလိုက်ရှာခဲ့တယ် နင့်ယောက်ျားရဲ့ နောက်ခံကလည်းပေါ့သေးသေးမဟုတ်ဘူး အချက်လက်တွေအကုန်ပိတ်ထားတယ် ကောင်းကအစွဲလမ်းသိပ်ကြီးတယ် သူကတခုဆိုတခု တယောက်ဆိုတယောက်ပဲ  အရက်တွေဇွတ်သောက်ပြီး ရေချိုးပြီး Airconမပိတ်မိတော့ ဆုံးတာပဲ  "

သာ့ပါးပေါ်မျက်ရည်များတလှိမ့်လှိမ့်ကျလျက်။ ကိုပါမလာတာကောင်းတဟ်လို့ပထမဆုံးတွေးမိသွားတယ်။

"ရော့ ဒါနင့်အတွက် "

ရင့်ခက်က စက္ကူဗူးတခုယူလာပေးခဲ့တယ်။ သာမဖောက်ကြည့်ရဲဘူး။ သာဖောက်ကြည့်မှာလဲ မဟုတ်ပါဘူး။သာရင့်ခက်ကိုလည်းမရှင်းပြချင်တော့ပါ။

_________

"သာ ဘာဖြစ်လို့လဲဟင်" ပြန်လာတယ့်ကျွန်မကိုသူက ပွေ့ကာမေးသည်။ သာသူ့ပေါင်ပေါ်ကျသွားတာတောင်လက်ထဲဗူးကိုပိုက်ထားတုန်းပင်။

"ဘုန်း သူဆုံးသွားပြီ"

အဲ့နောက်မှာတော့သာဟာ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။ သူ့ရင်ခွင်ထဲမှာ အားရအောင်ငိုရှိုက်နေတုန်းသူကတော့ သာ့အား ဘာမှမပြောပဲ ကျောကိုပွတ်ပေးကာ နှစ်သိမ့်ပေးနေသည်။သာအငိုတိတ်သွားတော့သူက သာ့မျက်ရည် စီးကြောင်းလေးတွေကိုပွတ်ပေးပြီး သာ့ပါးပြင်၂ဖက်ကနေညှပ်ကိုင်ကာ သာ့အားတစ်ချက်ကြည့်သည်။ ထို့နောက် ရင်ခွင်ထဲပြန်ထည့်ကာ

"မင်းမဝသေးရင် ထပ်ငိုလို့ရပါတယ် ကိုယ်နားလည်ပေးနိုင်ပါတယ် မင်းကိုဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိပေမယ့် မင်းငိုလို့ရပါတယ်"

သူကသာ့ခေါင်းလေးအား ပွတ်ပေးရင်း သူ့ပါးနဲ့အပ်ထားကာ ပြောသည်။

"ကို့အတွက်သာမတရားဘူးဆိုတာသိပေမယ့် နောက်ဆုံးအနေနဲ့ သူချန်ထားပေးခဲ့တယ့် ဒီပစ္စည်းလေးတွေကိုတော့သိမ်းထားလို့ရလား ဒါမယ့်သာ ဘယ်တော့မှမဖွင့်ကြည့်ပါဘူး ကို့ကိုကတိပေးပါတယ် "

"ဒါပေါ့ သိမ်းထားသင့်ပါတယ် သူကသာချစ်တယ့်သူပဲလေ"

သူ့ပြောသံတွေအောက်မှာ သာတဆစ်တော့ နှလုံးသားထဲကအောင့်သက်သွားရသည်။ ဘာ့ကြောင့်မှန်းသာမသိပါ။

__________

သူနဲ့သာ့ရဲ့ မင်္ဂလာသက်တမ်း ၃နှစ်ပြည့်မှ သားဦးလေး မွေးဖွားခဲ့သည်။ ဒီကြားထဲမှာသူက ဒယ်ဒီ့ရဲ့ လုပ်ငန်းတွေအားလုံးကိုဦးစီးနေရကာ မအားလပ်နိုင်အောင်ဆိုပေမယ့်သာတို့အား အချိန်အပြည့်ဝပေးနိုင်အောင်ကြိုးစားတတ်သည့် ခင်ပွန်းကောင်း၊ဖခင်ကောင်းပင်။ ကိုယ်ဝန်ဆောင်စဥ်တစ်လျှောက်လုံးလည်းသူကပဲ ဆောင်ရန်ရှောင်ရန်တွေမှတ်သားတတ်တာဖြစ်သည်။

သာကတော့ ခုချိန်သူ့ကိုချစ်လားမေးရင် မဖြေတတ်ပေမယ့် သူနဲ့ရှိရင် လုံခြုံပြီးနွေးထွေးကာပျော်ရွှင်ရသည်။ ထို့အပြင် တချို့အချိန်များဆိုလျှင် ရင်တွေသေအောင်ခုန်ရသည်။

"ကိုရဲ့ပထမဆုံးသူကသာလား"

သူ့ရင်ခွင်ထဲလှဲလျောင်းနေရင်းသာမေးမိတော့ သူက သာ့အားငုံ့ကြည့်ကာ ခပ်ဖွဖွတစ်ချက်နမ်းပြီး

"အင်း ကိုယ့်ရဲ့ First love,first hug,first kiss,first time နဲ့ forever wifeက မင်းပဲ"

သူ့အပြောမှာသာက သူ့ပါးခွက်လေးကိုနမ်းလိုက်ရင်း

"သာရဲ့ First timeကလွဲပြီး တခြားပထမအရာတွေမပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်"

သာ့အပြောကိုသူက ဆံပင်တို့ကိုခပ်ဖွဖွသပ်ပေးရင်း

"သာ ကိုယ်ကကျေးဇူးတင်ရမယ့်သူပါ ကိုယ့်ကိုရွေးချယ်ခဲ့တဲ့အတွက်ရော ကိုယ့်အတွက် စောင့်ထိန်းပေးခဲ့တယ့်အတွက်ရော ပြီးတော့ ကိုယ့်အနားရှိနေတယ့်အတွက်ရော နောက်ခါအဲ့လိုထပ်မပြောနဲ့တော့နော်"

___

သားလေး ၂နှစ်သားအရွယ်မှာ နောက်ထပ်သမီးလေး တစ်ယောက်ကို မွေးဖွားခဲ့ပါသည်။ သမီးလေးလိုချင်တယ့်သူဟာ သာ့အားပြုံးစစနဲ့ နောက် ၁နှစ်ကျရင် အမြွှာနော် မိန်းမဟု ပြောင်စစပြောပါသေးသည်။

အခုဆို သူ့အဖေနဲ့လည်း မြေးတွေကြောင့် သူပြန်အဆင်ပြေနေပြီဖြစ်တယ်။

သာတို့မိသားစုဘဝလေးက ပျော်ရွှင်မှုအတိ။

________

"သားရေ ရေစိုထဲမပြေးနဲ့လေ ချော်လဲလိမ့်မယ် "

သာဘယ်လောက်ပြောပြောမရတာကြောင့်စိတ်တိုကာ

"သားကြီး ဘုန်းသြဘာ !မေမေပြောနေတယ်နော် ချော်လဲမယ်လို့ စကားနားမထောင်ဘူးလား ရိုက်မှာနော်"

သူကအချိန်ကိုက်ရောက်လာကာ ကလေးကိုချီရင်း

"မိန်းမရယ် ဆော့ပါစေ ကလေးကိုအဲ့လိုမဆူပါနဲ့ "သာ့ကိုလည်းပြော သူ့သားက်ုလည်းကြည့်ကာ "သား ဆော့တာဆော့နော် မပြေးရဘူးကြားတယ်နော် ချော်လဲလို့သားသားငိုရင် ဟောဒီက သားသားမေမေက စိတ်မကောင်းဖြစ်လိမ့်မယ် ဟုတ်ပြီလား"

"ဟုတ်"

သားလေးရဲ့ခေါင်းကိုပုတ်ပေးလိုက်တော့ သားက သူကစားနေတယ့်ဆီ ပြန်သွားလိုက်တော့ သူနဲ့သာ၂ယောက်ထဲကျန်ခဲ့သည်။

"သာကလည်း ကလေးတွေကိုမအော်နဲ့လေ "

သာကလက်ပိုက်ကာ သူ့ကလေးတွေကိုအော်ရုံနဲ့ဖြစ်ပျက်နေသောသူ့ကြောင့်စိတ်တိုသွားရပြီးစိတ်ကောက်နေလိုက်တော့သည်။ တွေ့မယ် ညကျမှ ဒင်းငါ့နားလာကပ်ကြည့်။

"သမီးရော မတွေ့ပါလား "

သူကသာ့ပုခုံးလေးကိုသိုင်းဖက်ကာ နဖူးကိုတစ်ချက်နမ်းပြီးအိမ်ထဲဝင်ဖို့လုပ်သည်။

"သမီးက အိပ်သွားပြီ"

"ဟား ကိုယ်တို့ရဲ့ သမီးလေးကတော့ Sleeping beautyလေးပဲဟေ့"

သူ့စကားမှာသာလိုက်ရယ်မိပါသည်။

___________

moco

ဘုန္းနဲ႔သာတို႔ရဲ့ အၾကင္လင္မယားအျဖစ္မွာ ၁လျပည့္ေျမာက္သြားၿပီး သာတို႔ ျမန္မာျပည္ျပန္ဖို႔ရာျဖစ္လာသည္။

သာတို႔ရဲ့ပထမဆံုး မဂၤလာၪီးညကိုမွတ္မိေနေသးသည္။ ထိုေန့က ပံုမွန္ေပါ့ေပါ့ပါးပါးေန့တစ္ေန့ပဲျဖစ္ၿပီး အဲ့လိုျဖစ္သြားမယ္လို႔ သာေမ်ွာ္မလင့္ထားမိခဲ့ပါ။ ဒါေတြအားလံုး alcoholေၾကာင့္လို႔ေျပာလို႔ရသလား။

သာတို႔အနမ္းေတျြပင္းထန္ခဲ့ၾကသည္။နီရဲေနေသာ သူ႔မ်က္ႏွာကိုကိုင္ကာ သာသူ႔ေအာက္ကေန ေခါင္းညိတ္ျပခဲ့သည္။ ထို႔​ေနာက္ သာမေတြ့ႀကံဳဖူးေသာ အေတြ့နယ္ထဲသို႔ သူ႔ၪီးေဆာင္မႈနဲ႔ ညင္ညင္သာသာပဲ ေရာက္ရိွသြားခဲ့သည္။

တကယ္တမ္းျဖစ္ၿပီးေတာ့လည္း လင္မယားဆိုတယ့္အသိနဲ႔ သူ႔အေပၚအရင္ကေလာက္ မစိမ္းသက္ေတာ့တာ သာဝန္ခံသည္။ ေမာင့္ကိုခ်စ္ေနတုန္းပဲလို႔ထင္ေပမယ့္ ဘုန္းကိုလည္းသာ ဘယ္လိုေျပာရမွန္းမသိေလာက္ေအာင္ခံစားခ်က္တခ်ိဳ႕ျဖစ္သည္။ ဥပမာ ညဘက္ေတြအလုပ္မၿပီးေသးတယ့္သူ႔ေၾကာင့္ အိပ္မေပ်ာ္တာမ်ိဳးေတြ ၊ ေအးလွေသာ ရာသီဥတုမွာ အခန္းအပူခ်ိန္ဖြင့္ထားရင္ေတာင္ သူဖက္အိပ္တယ့္ေန့မ်ိဳးနဲ႔ဘာမွမဆိုင္ေလာက္ေအာင္ေနြးေထြးမႈေတြ။ သူ႔ရဲ့ ေနြးေထြးမႈေတြနဲ႔သာေနသားက်ေနၿပီ။ သူ႔ရဲ့စိတ္တခ်ိဳ႕ကိုသာသိေနၿပီလို႔ထင္မိသည္။ အလုပ္ေတြရႈပ္ေနတယ့္သူ႔ကို ေကာ္ဖီေဖ်ာ္တိုက္လို႔ရိွရင္ သူေက်နပ္တာေတြ၊ သူ႔အတြက္ အဝတ္စားထုတ္ေပးရင္ သာ့ကို ေရခ်ိဳးခန္းက ထြက္လာလည္းနမ္းတတ္သည္။

"သာ စိတ္ေအးေအးထားေနာ္ "

မၾကာခင္ေလယာဥ္ဆိုက္ေတာ့မွာမို႔ အဆင္းပိုင္းေၾကာက္သည့္သာ့လက္ကိုသူကဖ်စ္ညစ္ေပးရင္းေျပာသည္။

သာျပန္ေရာက္ၿပီ။ သာျမန္မာျပည္ျပန္ေရာက္ၿပီ။

__________

"သား နဲ႔သမီးနဲ႔ေနဖို႔"
ဆိုၿပီး ဘုန္းေဖေဖက တိုက္နဲ႔ၿခံလက္ဖြဲ႔ေပးသည္။ ဘုန္းကေတာ့ လက္မခံခ်င္ပါ။ သာတို႔အရင္ေနခဲ့တယ့္အိမ္မွာပဲေနခ်င္ေနသည္။ သို႔ေပမယ့္ လင္မယားအခန္းအတြက္က်ေတာ့ အရင္အိမ္ကအခန္းေတြကက်ဥ္းပါသည္။

ဒါ့ေၾကာင့္ အဲ့အိမ္ကိုအမွတ္တရအျဖစ္ပဲ ထားလိုက္ၿပီး ဘုန္းေဖေဖစီစဥ္ေပးတယ့္ တိုက္မွာသာတို႔ေျပာင္းေနခဲ့ၾကသည္။
အေလာတႀကီးနဲ႔ လက္မွတ္ထိုးၿပီးၿပီးခ်င္းဂ်ပန္သြားလိုက္ရတာေၾကာင့္ မဂၤလာပြဲမလုပ္လိုက္ရေသာ သာတို႔၂ေယာက္သည္ အခုျပန္ေရာက္ေတာ့မွ ဘုန္းက မဂၤလာပြဲအတြက္အသည္းသန္ျပင္ဆင္ေနသည္။

"ကိုယ္က သာ့ကိုခမ္းခမ္းနားနားနဲ႔လူသိရွင္ၾကား ဒါကိုယ့္ရဲ့ဇနီးပါလို႔ ေႂကြးေၾကာ္ၿပီးလက္ထပ္ခ်င္တာ "

သူကသာ့အား ၂ေယာက္ထဲရိွတယ့္အခ်ိန္ ပခံုးေပၚေမးတင္ၿပီး ေျပာလာသည္။

"ကိုကလည္းဘာမွမျဖစ္ပါဘူး ဒီတိုင္းလဲ သာကဘယ္ေတာ့မွ ေျပာင္းလဲမွာမဟုတ္ပါဘူး ကိုကသာ သာ့ခင္ပြန္းပါ"

သာ့အေျပာမွာ သူက သာ့အား ႏူးႏူးညံ့ညံ့နမ္းရိႈက္ကာ

"ကိုယ့္ကိုေရြးခ်ယ္လို႔ ေက်းဇူးပါ"

လို႔ေျပာလာခဲ့တယ္။ ဒီလိုနဲ႔ေပ်ာ္ရႊင္သလိုလို ျဖစ္ေနတယ့္ သာ့ဘဝထဲကို သတင္းဆိုးတခုဝင္လာတယ္။ ဒါကေတာ့

"ၾသဇာေကာင္းဆံုးသြားၿပီ သာ"

မဂၤလာဖိတ္စာ သြားေပးရင္း ရင့္ခက္စီကၾကားရတယ့္စကား။ သာနားၾကားမွားသလား။ ေမာင္က ေမာင္ကဒီအခ်ိန္မွာ ဆရာဝန္မေလးနဲ႔ေပ်ာ္ေနသင့္တာေလ။

"ဟုတ္တယ္သာ ေကာင္းဆံုးသြားၿပီ ၿပီးခဲ့တယ့္ တစ္ပါတ္ကပဲရက္လည္တယ္ ငါနင့္ကိုသူငယ္ခ်င္းမို႔ စိတ္မတိုရက္ေပမယ့္ စိတ္တိုတယ္ နင္လုပ္ရက္တယ္ဟာ ေကာင္း..ေကာင္းကိုနင္မခ်စ္ရင္လည္း ဒီလိုေတာ့ မလုပ္သင့္ဘူး သူ႔ခဗ်ာ နင့္ကိုေနာက္လထဲလက္ထပ္ခြင့္ေတာင္းမလို႔ေတာင္လုပ္ေနရွာတာ "

".."

"ေကာင္းက အေအးခံလို႔မရဘူး နင္ဒီမွာလည္းမရိွေတာ့ဘူးဆိုတာသိေရာ သူေသာင္းက်န္းၿပီး နင္ဘယ္ထြက္သြားလည္းလိုက္ရွာခဲ့တယ္ နင့္ေယာက္်ားရဲ့ ေနာက္ခံကလည္းေပါ့ေသးေသးမဟုတ္ဘူး အခ်က္လက္ေတြအကုန္ပိတ္ထားတယ္ ေကာင္းကအစြဲလမ္းသိပ္ႀကီးတယ္ သူကတခုဆိုတခု တေယာက္ဆိုတေယာက္ပဲ  အရက္ေတြဇြတ္ေသာက္ၿပီး ေရခ်ိဳးၿပီး Airconမပိတ္မိေတာ့ ဆံုးတာပဲ  "

သာ့ပါးေပၚမ်က္ရည္မ်ားတလိွမ့္လိွမ့္က်လ်က္။ ကိုပါမလာတာေကာင္းတဟ္လို႔ပထမဆံုးေတြးမိသြားတယ္။

"ေရာ့ ဒါနင့္အတြက္ "

ရင့္ခက္က စကၠူဗူးတခုယူလာေပးခဲ့တယ္။ သာမေဖာက္ၾကည့္ရဲဘူး။ သာေဖာက္ၾကည့္မွာလဲ မဟုတ္ပါဘူး။သာရင့္ခက္ကိုလည္းမရွင္းျပခ်င္ေတာ့ပါ။

_________

"သာ ဘာျဖစ္လို႔လဲဟင္" ျပန္လာတယ့္ကြၽန္မကိုသူက ေပြ့ကာေမးသည္။ သာသူ႔ေပါင္ေပၚက်သြားတာေတာင္လက္ထဲဗူးကိုပိုက္ထားတုန္းပင္။

"ဘုန္း သူဆံုးသြားၿပီ"

အဲ့ေနာက္မွာေတာ့သာဟာ ရိႈက္ႀကီးတငင္ငိုေႂကြးေတာ့သည္။ သူ႔ရင္ခြင္ထဲမွာ အားရေအာင္ငိုရိႈက္ေနတုန္းသူကေတာ့ သာ့အား ဘာမွမေျပာပဲ ေက်ာကိုပြတ္ေပးကာ ႏွစ္သိမ့္ေပးေနသည္။သာအငိုတိတ္သြားေတာ့သူက သာ့မ်က္ရည္ စီးေၾကာင္းေလးေတြကိုပြတ္ေပးၿပီး သာ့ပါးျပင္၂ဖက္ကေနၫွပ္ကိုင္ကာ သာ့အားတစ္ခ်က္ၾကည့္သည္။ ထို႔ေနာက္ ရင္ခြင္ထဲျပန္ထည့္ကာ

"မင္းမဝေသးရင္ ထပ္ငိုလို႔ရပါတယ္ ကိုယ္နားလည္ေပးႏိုင္ပါတယ္ မင္းကိုဘယ္လိုႏွစ္သိမ့္ေပးရမွန္းမသိေပမယ့္ မင္းငိုလို႔ရပါတယ္"

သူကသာ့ေခါင္းေလးအား ပြတ္ေပးရင္း သူ႔ပါးနဲ႔အပ္ထားကာ ေျပာသည္။

"ကို႔အတြက္သာမတရားဘူးဆိုတာသိေပမယ့္ ေနာက္ဆံုးအေနနဲ႔ သူခ်န္ထားေပးခဲ့တယ့္ ဒီပစၥည္းေလးေတြကိုေတာ့သိမ္းထားလို႔ရလား ဒါမယ့္သာ ဘယ္ေတာ့မွမဖြင့္ၾကည့္ပါဘူး ကို႔ကိုကတိေပးပါတယ္ "

"ဒါေပါ့ သိမ္းထားသင့္ပါတယ္ သူကသာခ်စ္တယ့္သူပဲေလ"

သူ႔ေျပာသံေတြေအာက္မွာ သာတဆစ္ေတာ့ ႏွလံုးသားထဲကေအာင့္သက္သြားရသည္။ ဘာ့ေၾကာင့္မွန္းသာမသိပါ။

__________

သူနဲ႔သာ့ရဲ့ မဂၤလာသက္တမ္း ၃ႏွစ္ျပည့္မွ သားၪီးေလး ေမြးဖြားခဲ့သည္။ ဒီၾကားထဲမွာသူက ဒယ္ဒီ့ရဲ့ လုပ္ငန္းေတြအားလံုးကိုၪီးစီးေနရကာ မအားလပ္ႏိုင္ေအာင္ဆိုေပမယ့္သာတို႔အား အခ်ိန္အျပည့္ဝေပးႏိုင္ေအာင္ႀကိဳးစားတတ္သည့္ ခင္ပြန္းေကာင္း၊ဖခင္ေကာင္းပင္။ ကိုယ္ဝန္ေဆာင္စဥ္တစ္ေလ်ွာက္လံုးလည္းသူကပဲ ေဆာင္ရန္ေရွာင္ရန္ေတြမွတ္သားတတ္တာျဖစ္သည္။

သာကေတာ့ ခုခ်ိန္သူ႔ကိုခ်စ္လားေမးရင္ မေျဖတတ္ေပမယ့္ သူနဲ႔ရိွရင္ လံုၿခံဳၿပီးေနြးေထြးကာေပ်ာ္ရႊင္ရသည္။ ထို႔အျပင္ တခ်ိဳ႕အခ်ိန္မ်ားဆိုလ်ွင္ ရင္ေတြေသေအာင္ခုန္ရသည္။

"ကိုရဲ့ပထမဆံုးသူကသာလား"

သူ႔ရင္ခြင္ထဲလွဲေလ်ာင္းေနရင္းသာေမးမိေတာ့ သူက သာ့အားငံု႔ၾကည့္ကာ ခပ္ဖြဖြတစ္ခ်က္နမ္းၿပီး

"အင္း ကိုယ့္ရဲ့ First love,first hug,first kiss,first time နဲ႔ forever wifeက မင္းပဲ"

သူ႔အေျပာမွာသာက သူ႔ပါးခြက္ေလးကိုနမ္းလိုက္ရင္း

"သာရဲ့ First timeကလြဲၿပီး တျခားပထမအရာေတြမေပးႏိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္"

သာ့အေျပာကိုသူက ဆံပင္တို႔ကိုခပ္ဖြဖြသပ္ေပးရင္း

"သာ ကိုယ္ကေက်းဇူးတင္ရမယ့္သူပါ ကိုယ့္ကိုေရြးခ်ယ္ခဲ့တဲ့အတြက္ေရာ ကိုယ့္အတြက္ ေစာင့္ထိန္းေပးခဲ့တယ့္အတြက္ေရာ ၿပီးေတာ့ ကိုယ့္အနားရိွေနတယ့္အတြက္ေရာ ေနာက္ခါအဲ့လိုထပ္မေျပာနဲ႔ေတာ့ေနာ္"

___

သားေလး ၂ႏွစ္သားအရြယ္မွာ ေနာက္ထပ္သမီးေလး တစ္ေယာက္ကို ေမြးဖြားခဲ့ပါသည္။ သမီးေလးလိုခ်င္တယ့္သူဟာ သာ့အားၿပံဳးစစနဲ႔ ေနာက္ ၁ႏွစ္က်ရင္ အႁမြွာေနာ္ မိန္းမဟု ေျပာင္စစေျပာပါေသးသည္။

အခုဆို သူ႔အေဖနဲ႔လည္း ေျမးေတြေၾကာင့္ သူျပန္အဆင္ေျပေနၿပီျဖစ္တယ္။

သာတို႔မိသားစုဘဝေလးက ေပ်ာ္ရႊင္မႈအတိ။

________

"သားေရ ေရစိုထဲမေျပးနဲ႔ေလ ေခ်ာ္လဲလိမ့္မယ္ "

သာဘယ္ေလာက္ေျပာေျပာမရတာေၾကာင့္စိတ္တိုကာ

"သားႀကီး ဘုန္းၾသဘာ !ေမေမေျပာေနတယ္ေနာ္ ေခ်ာ္လဲမယ္လို႔ စကားနားမေထာင္ဘူးလား ရိုက္မွာေနာ္"

သူကအခ်ိန္ကိုက္ေရာက္လာကာ ကေလးကိုခ်ီရင္း

"မိန္းမရယ္ ေဆာ့ပါေစ ကေလးကိုအဲ့လိုမဆူပါနဲ႔ "သာ့ကိုလည္းေျပာ သူ႔သားက္ုလည္းၾကည့္ကာ "သား ေဆာ့တာေဆာ့ေနာ္ မေျပးရဘူးၾကားတယ္ေနာ္ ေခ်ာ္လဲလို႔သားသားငိုရင္ ေဟာဒီက သားသားေမေမက စိတ္မေကာင္းျဖစ္လိမ့္မယ္ ဟုတ္ၿပီလား"

"ဟုတ္"

သားေလးရဲ့ေခါင္းကိုပုတ္ေပးလိုက္ေတာ့ သားက သူကစားေနတယ့္ဆီ ျပန္သြားလိုက္ေတာ့ သူနဲ႔သာ၂ေယာက္ထဲက်န္ခဲ့သည္။

"သာကလည္း ကေလးေတြကိုမေအာ္နဲ႔ေလ "

သာကလက္ပိုက္ကာ သူ႔ကေလးေတြကိုေအာ္ရံုနဲ႔ျဖစ္ပ်က္ေနေသာသူ႔ေၾကာင့္စိတ္တိုသြားရၿပီးစိတ္ေကာက္ေနလိုက္ေတာ့သည္။ ေတြ့မယ္ ညက်မွ ဒင္းငါ့နားလာကပ္ၾကည့္။

"သမီးေရာ မေတြ့ပါလား "

သူကသာ့ပုခံုးေလးကိုသိုင္းဖက္ကာ နဖူးကိုတစ္ခ်က္နမ္းၿပီးအိမ္ထဲဝင္ဖို႔လုပ္သည္။

"သမီးက အိပ္သြားၿပီ"

"ဟား ကိုယ္တို႔ရဲ့ သမီးေလးကေတာ့ Sleeping beautyေလးပဲေဟ့"

သူ႔စကားမွာသာလိုက္ရယ္မိပါသည္။

___________

moco








Continue Reading

You'll Also Like

355K 4.8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1.2M 111K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
290K 19.5K 20
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...
1M 57.5K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...